မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၁၂
New NLD ပါတီဝင်များကို စတင်လက်ခံသွားမည်
ယနေ့ နံနက် ၉နာရီ ၀န်းကျင်ခန့်အချိန် ရွှေဂုံတိုင်၊အန်အယ်ဒီအဖွဲ့ချုပ်ရုံးတွင် ပါတီဆိုင်းဘုတ် အသစ် တင်မည်ဖြစ်ပြီး၊ ပါတီဝင်များကို စတင်လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ နောက်ဆက်တွဲသတင်းများကိုလည်း ဆက်လျက်ဖော်ပြပေးပါမည်။
Domestic Lwin Pwin
အာဏာပိုင်များရှေ့တွင် NLD အောင်နိုင်ရေးအစည်းအဝေး တာဝန်ခံကျင်းပ သူကို ထိုးကြိတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကော့မှုးမြို့ နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ငါးမြို့ နယ်ကွန်ယက် အစည်းအဝေးအားလက်ခံကျင်းပခဲ့သူ ဆိပ်ကြီးခနောင်တို မြို့ နယ်မှ ဦးသိန်းဦး အား အရပ်သားတဦးမှ ရဲဝန်ထမ်းများရှေ့တွင် ခြိမ်းခြောက်ထိုးနှက်ခဲ့ကြောင်း သိရပါတယ်။ကော့မှုး၊တွံ့ တေး၊ဒလ၊ကွမ်းခြံကုန်းနှင့် ဆိပ်ကြီးခနောင်တို မြို့ နယ်များမှ အန်အယ်ဒီပါတီဝင်များနှင့် အားပေးထောက်ခံသူများ၏ ပုံမှန် အစည်းအဝေးကို အလှည့်ကျသူ ဦးသိန်းသူ အိမ်တွင် ယနေ့ ဇန်န၀ါရီလ ၈ ရက် နေ့ လည်ပိုင်းက ကျင်းပ ခဲ့အပြီး အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အစည်းအဝေးအပြီးမှာ ဆိပ်ကြီးခနောင်တို မြို့ နယ်နယ်ထိန်းတာဝန်ခံမှာ ဆိုင်ကယ်ဖြင့် ဦးသိန်းဦးကို နေအိမ်မှ လာရောက်ခေါ်ယူသွားခဲ့ပြီး ဆိပ်ကြီးခနောင်တို မြို့ နယ်တရားရုံးအရှေ့ရှိ လဘက်ရည်ဆိုင်သို့ ခေါ်သွားခဲ့ပါတယ်။ ဆိုင်အရှေ့တွင် အခြားရဲဝန်ထမ်းလေးဦးနှင့် SB ရဲဝန်ထမ်းများရှေ့တွင် ကိုသန်းလွင် ဆိုသူက အစည်းအဝေးလက်ခံကျင်းပရခြင်းအတွက် ဖမ်းဆီးနိုင်ကြောင်း ခြိမ်းခြောက်ကြိမ်းမောင်းခဲ့ပြီး ထိုးနှက်ခဲ့တာပါ။ ရဲများက တစုံတရာ ၀င်ရောက်ပြောဆိုမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခု ဖြစ်ရပ်အတွက် ကျန်မြို့ နယ်များမှ လုပ်ဖော်ကိုင်ဖက်များကိုလည်း အကြောင်းကြားထားပြီး ရင်ဆိုင်ရန် စောင့်ဆိုင်းလျှက်ရှိကြောင်း သိရပါတယ်။ အသက် ၄၅ နှစ်ခန့် ရှိ ဦးသိန်းဦးမှာ အန်အယ်ဒီ ပါတီကို ထောက်ခံအားပေးသူ တဦးဖြစ်ပြီး ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန်မြစ်တဖက်ကမ်း သို့ ပြေးဆွဲနေသည့် ကူးတို့  စက်လှေမောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။
Domestic Lwin Pwin
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေ
ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များဖြစ်ကြသည့် အင်းစိန်မှုခင်းတပ်ဖွဲ့နှင့် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့သည် ယင်းတို့၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
ယင်း ဖြစ်ရပ်တို့၏အစမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်မောင်းနှင်လာသေ မော်တော်ယာဉ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာပြည်)၏ ဒုတိယမှုခင်းတပ်ဖွဲ့မှူးတို့ စီးနင်းလာသည့် မော်တော်ယာဉ်တို့ တိုက်မိရာမှ ဖြစ်ကြောင်း သိရသည်။
“တပ်ချုပ်ကြီးရဲ့မြေးကားနဲ့ တိုက်မိတယ်ဆိုပေမယ့် ကျွန်တော်တို့က ရဲမှူးကြီးကို ယာဉ်တိုက်မှုနဲ့ အရေးမယူပါဘူး။ ကားမှန်မှာ စတစ်ကာ ကပ်မှုနဲ့ပဲ အရေးယူလိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူလိုက်တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ ဆိုးလွန်းပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီးအား ယင်းသို့ အရေးယူခြင်းကြောင့် မှုခင်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများအား ပြစ်ချက်ရှာဖွေ၍ ဖမ်းဆီးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ယာဉ်ထိန်းနယ်မြေ(၁)မှ တပ်ဖွဲ့ဝင်လေးဦးနှင့် အခြားယာဉ်ထိန်းနယ်မြေမှ တပ်ဖွဲ့ဝင်သုံးဦးတို့မှာ တိုင်ကြားစာရောက်ရှိသည် ဆိုသည့် တိုင်တန်းချက်ဖြင့် ဒီဇင်ဘာ တတိယရက်သတ္တပတ်က ဖမ်းဆီးခံခဲ့ရကြာင်း သိရသည်။
“အင်းစိန်မှုခင်းတပ်ဖွဲ့က ယာဉ်ထိန်းကိုဖမ်းတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က သူ့လူတွေထိလို့ဆိုပြီး မြို့နယ်ရဲတွေ၊ တိုင်းရဲတွေ၊ ရဲထောက်လှမ်းရေးတွေ ဆိုင်ကယ်ရှိရင် ဖမ်းတယ်။ ဖြစ်ပုံက ဂျာအေးသူ့အမေရိုက်နေသလိုပဲ”ဟု ပန်းဘဲတန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြောင်း yangon chronicle က ဆိုသည်။
By: သစ်ထူးလွင်
"အနှိပ်ခန်းများကို ပိတ်ရန် အမိန့်ထုတ်”
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ပြည်သူများ၏ လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေ၀ပ် တည်ငြိမ်ရေး အတွက် အနှိပ်ခန်းများ ပပျောက်စေရေး တားမြစ်ပိတ်ပင်သည့်အမိန့်တစ်ရပ်
ဝင်းကိုကိုလတ်
တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၆၀ကျော်ရှိ လယ်သမားများကို ဆင်းရဲတွင်းမှကယ်တင်ရန် လယ်ယာခေတ်ပြောင်းတော်လှန်ရေး ဆောင်ရွက်ရမည်ဟု လယ်ဆည်ဝန်ကြီးပြောကြား
တိုင်းပြည်လူဦးရေ၏ ရာခိုင်နှုန်း ၆၀ကျော်ရှိသော လယ်သမားများအား ဆင်းရဲတွင်းမှကယ်ထုတ်ရန် လယ်ယာ ခေတ်ပြောင်းတော်လှန်ရေးကို ပြုလုပ်ရ မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဦး မြင့်လှိုင်က ထုတ်ဖော်ပြောကြားလိုက် သည်။ထိုသို့လယ်ယာခေတ်ပြောင်းတော် လှန်စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်း၊ မျိုးစေ့ပြောင်းလဲခြင်း စသဖြင့် နည်းစနစ် ၁၄ချက်ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ဧပြီ ၁၄ရက်တွင် ခေတ်မီ စက်မှုလယ်ယာစံပြစိုက်ပျိုးရေးအထူး ဇုန်တွင် ကျင်းပသော တစ်ဧကပန်းတိုင် အထွက်တိုးရေးဆွေးနွေးပွဲတွင် ၀န်ကြီး က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''လယ်သမားတွေရဲ့ လူနေမှုဘ၀ ကိုမြှင့်တင်ဖို့ ဆင်းရဲမှုကိုကျဆင်းအောင်၊ ဆင်းရဲတွင်းကလွတ်မြောက်အောင် လုပ် ပေးဖို့ဆိုရင် သူတို့ကို တွက်ခြေကိုက် အောင်လုပ်ပေးဖို့လိုပါတယ်''ဟု ၀န်ကြီး က ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင်မူ လယ်ယာများ သည် စပါးအထွက်တိုးခြင်းမရှိသော ကြောင့် လယ်သမားများသည် လယ်ယာ များကိုစွန့်ပစ်ကာ တိုင်းတစ်ပါးတွင်အ နှိမ်ခံ၍ အောက်ခြေသိမ်းအလုပ်များကို ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်နေရမှုများရှိ နေသည်မှာ အားလုံးသိကြသည့်အတိုင်း ပင်ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။
ထိုသို့ လယ်ယာခေတ်ပြောင်းတော် လှန်ရေးကို ဆောင်ရွက်ရာတွင် အထွက် တိုးစပါးမျိုး ပြောင်းလဲစိုက်ပျိုးရေး၊ စိုက် ပျိုးနည်းစနစ်ပြောင်းလဲရေး အစရှိသည် တို့ကို ဆောင်ရွက်ရာတွင် လယ်သမား များအား သတင်းအချက်အလက်များ ကို အမှန်အတိုင်း တိကျစွာရှင်းလင်းပြသနိုင်မှ သာအောင်မြင်မည်ဖြစ်ကြောင်း ယင်းပွဲသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ထပ်လောင်း ပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးချုပ်က စပါးအ ထွက်နှုန်းများအား တင်ပြရာတွင်လဲ ဖြစ်နိုင် သည်ထက် ပိုမိုစာရင်းပြနေသည်များရှိခဲ့ ကြောင်း ဆိုသည်။
''စာရင်းတွေမှာ အလယ်ပိုင်းပူပြင်း ခြောက်သွေ့တဲ့ဒေသတွေမှာတောင် တစ် ဧကတင်း ၉၀တွေ ဘာတွေကျော်နေတယ်။ တကယ်က ကိုယ့်နိုင်ငံမှာက သွင်းအားစု ကလဲမလုံလောက်နဲ့ မဖြစ်နိုင်တဲ့အနေအထား ပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာဆို တော်သေးတယ်။ တိုးတက်အောင်ဆောင် ရွက်ဖို့ဆိုရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါ တယ်''ဟု ၀န်ကြီးချုပ်က ဆက်လက်ပြော သည်။
ထို့နောက် ဆန်စပါးစိုက်ပျိုးထုတ်လုပ် မှုတိုးတက်ရေးအတွက် လုပ်ဆောင်သင့် သည်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန် စပါးအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ''တော်တော်လေးပြောနေကြတဲ့နည်းပညာ၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်တို့အပြင် မြေယာပြုပြင်ရေးကိုလဲ လုပ်ရမယ့်လူတစ် ယောက်မှာ ကျန်းမာရေးစစ်ဆေးသလိုပေါ့။ ဘာဓာတ်တွေချို့တဲ့နေသလဲ၊ လွန်ကဲနေ သလဲဆိုတာတွေ စစ်သလို မြေက ချဉ် ဖန် ဓာတ်နည်းနေသလား၊ များနေသလား ဒါတွေ ကိုပါစစ်ဖို့လိုပါတယ်။ မြေက ဘာဖြစ်နေလဲ ဆိုတာမသိရင် သွင်းအားစု ဘယ်လောက် သုံးသုံးအလကားပဲ။ နောက်ပြီး အခုက ရိတ်သိမ်းချိန်လွန် နည်းပညာတွေပြောနေ ကြတယ်။ အမှန်တော့ မစိုက်ခင်ကတည်း က စလုပ်ရမှာပါ''ဟု ပြောသည်။
ထို့နောက် ဆန်စပါးစိုက်ထုတ်လုပ်သူ တစ်ဦးက ''လယ်သမားတွေ အဓိကအခက် ကြုံနေရတာက စိုက်ပျိုးစရိတ်ပဲ။ နိုင်ငံတော် က အရင်က တစ်ဧက၈၀၀၀၊ အခု ၂၀၀၀၀ ထောက်ပံ့တယ်။ တကယ်ကုန်တာက ရှစ် သောင်းကနေ တစ်သိန်းခွဲကြား ရှိတယ်။ အခု အထူးပြုကုမ္ပဏီတွေထောက်ပံ့နေတာ ကလဲ လိုအပ်ချက်ရဲ့၁၀ရာခိုင်နှုန်းလောက် ပဲရှိတယ်။ လယ်သမားက စိုက်စရိတ်ကို အဓိက ရပ်ထဲရွာထဲက ငါးကျပ်ကနေ ၁၀တိုး လောက်အထိ ပေးပြီးချေးနေရတော့ ရတဲ့ အကျိုးအမြတ်တစ်ဝက်လောက်က အတိုး နဲ့ပဲကုန်နေတာ။ ဒါကြောင့် လယ်သမားတွေ ရဲ့ဘ၀ကို မြှင့်တင်ပေးချင်ရင် ဒီ့ပြင်ဟာတွေ ထက် စိုက်စရိတ်ကိစ္စကို အရင်စဉ်းစားပေး သင့်တယ်''ဟု အကြံပြုပြောသည်။၊
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ မိုးစပါး ဧက၁၇ဒသမ၂၇သန်း၊ နွေစပါးဧက၃ဒသမ ၁၆သန်းစိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်က စပါး တင်းသန်းပေါင်း ၁၅၀၀ထွက်ရှိကြောင်း သိ ရသည်။
''ကျွန်တော်တို့လုပ်ရမယ့်အလုပ်က ရှည်ရှည်ဝေးဝေးမဟုတ်ပါဘူး။ လက်တစ် ကမ်းမှာ ခူးဆွတ်ရုံ အဆင်သင့်ဖြစ်ပါတယ်။ လယ်သမားတွေဘ၀တိုးတက်လာရင် တိုင်း ပြည်လဲ တစ်ဟုန်ထိုးပြောင်းလဲသွားလိမ့်မယ်'' ဟု ၀န်ကြီးက ဆိုသည်။
မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း၆၀ ကျော်သည် လယ်ယာ သို့မဟုတ် ယင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများကို လုပ်ကိုင်နေ သူများဖြစ်ကြောင်း သိရသည်။
ဇော်ထိုက် ရန်ကုန်၊
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်တွင် စတင်လိုက်ပြီ ..
ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ “နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။ ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်...ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။
တနိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့တဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီး
နိုင်ငံရေးဆိုတာ ဘာလဲ
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးဆိုတာ လူ့ကိစ္စဖြစ်တယ်၊ လူတို့ရဲ့ သွားမှု လာမှု စားမှုသောက်မှု နေမှုထိုင်မှု ကိစ္စအ၀၀ဟာ နိုင်ငံရေးပဲလို့ ပြောခဲ့ဖူးပါတယ်။
ဒါဆို ဗမာပြေက လူတိုင်းလူတိုင်း (နံဘေးနိုင်ငံတွေက လူတွေလို) ဟန်းဖုန်းကိုင်နိုင်ရေး၊ ဟန်းဖုန်းကို (ဈေးအမှန်နဲ့) သက်သက်သာသာ ၀ယ်ယူနိုင်ရေး ဆောင်ရွက်တာဟာ နိုင်ငံရေးလုပ်တာပဲပေါ့။
ဒါစဉ်းစားရမယ့် အချက်နော်အခု ဂျီအက်စ်အမ်ဆင်းကဒ်ကို ဗမာငွေ ငါးထောင်နဲ့ ရောင်းပေးနိုင်တယ်တဲ့၊ရိုးရိုးဂျီအက်စ်အမ်မဟုတ် သရီးဂျီ ဂျီအက်စ်အမ်တဲ့၊ ဟန်းဆက်က ကင်မရာနဲ့ မျက်နှာချင်းဆိုင် ကြည့်ပြီးပြောလို့ရတယ်တဲ့၊လက်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနက (အင်ဖရာစရွက်ချာ) သုံးနေတဲ့ စက်ပစ္စည်းတွေကို အားမကိုးဘူးတဲ့၊ကိုယ်ပိုင် လုပ်မှာတဲ့၊လိုင်းမကျပ်စေရဘူးတဲ့၊အင်တာနက်လည်း တစ်ပါတည်းပါပြီးသားတဲ့၊
ဖုန်းပြောခက လက်ရှိဆက်သွယ်ရေးယူနေတာထက် တ၀က်ပဲယူမှာတဲ့၊လောလောဆယ် တစ်သန်းကို ချက်ချင်းပေးနိုင်တယ်တဲ့၊နောက်ထပ်လုပ်ခွင့်ရရင် လိုသလောက်ပေးနိုင်မယ်တဲ့၊အဲဒီခါ ဈေးလဲပိုပြီး သက်သာသွားမှာတဲ့၊အဲလို အများကြီးလုပ်ခွင့်ရရင် ဖုန်းပြောခက တစ်မိနစ်ကို ငါးကျပ်လောက်ပဲကျတော့မှာတဲ့၊ဒီလိုဖုန်းတွေ သက်သက်သာသာရမှ လူတွေစီပွားချောင်လည်ပြီး တိုင်းပြည်တိုးတက်မှာတဲ့၊ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတာ မစို့မပို့ပိုက်ဆံနဲနဲလေးကို ဟိုလိုက်ပေး ဒီလိုက်ပေးလုပ်ရုံနဲ့ မရဘူးတဲ့၊အခု ဗမာပြေရဲ့နယ်စပ်တွေမှာ ဘေးနိုင်ငံက ဟန်းဖုန်းတွေပဲသုံးနေကြတယ်တဲ့၊ဒီဗမာပြေ ဆက်သွယ်ရေးက ဟန်းဖုန်းတွေ မသုံးကြဘူးတဲ့၊ဈေးက မတရားကြီးကွာနေလို့ မသုံးကြတာတဲ့၊ဒီလို သူများနိုင်ငံက ဟန်းဖုန်းတွေကို ကိုယ်နိုင်ငံထဲယူသုံးနေရတယ်ဆိုတာ နယ်ချဲ့ခံနေရတာနဲ့အတူတူပဲတဲ့၊ဒါ ကျွန်ဖြစ်နေတာပဲတဲ့၊ဒါကြောင့် ဒီစီမံကိန်းကို သေချာရေးဆွဲပြီး သမ္မတကြီးဆီ တင်ပြထားတယ် တဲ့၊ဒီနေ့လုပ်ခွင့်ပေးရင် နက်ဖန်စလုပ်မှာတဲ့၊တစ်လ နှစ်လဆို အားလုံးသုံးလို့ရပြီတဲ့၊
ဂျာနယ်ဖတ်နေတဲ့ အဖွားတစ်ယောက်က ကဲ ကောင်းကြသေးရဲ့လားကွယ်တို့ရယ် လို့ ပြုံးပြုံးကြီးပြောပါတယ်၊မောင်မင်းကြီးသား အဲဒီကုမ္ပဏီပိုင်ရှင် ကျန်းမာပါစေ ချမ်းသာပါစေတောလို့ ပါးစပ်က ရေရွတ်သံလည်းကြားရတယ်ဗျ။
အင်း လုပ်ဇာတ်တွေတော့ ပေါ်ကုန်ပြီ၊ ငါတို့ သမ္မတကြီးကလည်း ရှက်မနေပါနဲ့တော့ သူကိုပဲလုပ်ခွင့်ပေးလိုက်ပါတော့၊ ငါမသေခင် သွားလေသူ စစ်ပြန်ကြီး ငါ့ယောကျားရဲ့ပင်စင်လစာလေးနဲ့ ငါ့မြေးတွေကို ဟန်းဖုန်းတွေ အယောက်စေ့ဝယ်ပေးချင်လို့ပါတော် လို့ဆက်ပြောပါတယ်။ သူစကားကို အားလုံးဝိုင်းရီကြလို့ သူလည်း တဟားဟားရီတာ မျက်ရည်တွေတောင်ထွက်ပါတယ်၊ တကယ်ပါ အသံကြားတာနဲ့တင် ပျော်လွန်းလို့ မျက်ရည်ကျရတဲ့ အဖြစ်တွေပါ။ ဟုတ်ပါတယ် ဒီကိစ္စကို သမ္မတ ခွင့်ပြုသင့်ပါတယ်၊ အမြန်ကို ခွင့်ပြုသင့်ပါတယ်။
တကယ်စဉ်းစားကြည့်တော့ ရှင်းရှင်းကြီးပေါ်လာတယ်၊
ဒါ ငါတို့ကို ကျွန်ဇာတ်သွင်းခဲ့တာပဲ၊
ဒါ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာပဲ၊
ဒါ တမျိုးသားလုံးရဲ့အနာဂတ်တွေကို မတရားရောင်းစာ ခဲ့ကြတာပဲ၊ဘုရားဘုရား သစ္စာဖောက် လောက်ကောင်တွေက အဝေးကြီးမှာမှမဟုတ်ပဲ၊
လက်စပ်သတ်တော့ သတင်းစာထဲခဏခဏပါနေတဲ့ နယ်ချဲ့ကိုလိုနီလက်သစ် ပုဆိန်ရိုးတွေဆိုတာ ဘယ်သူများလဲလို့ အဲဒီသတင်းစာ မျက်နှာဖုံးတွေမှာ ပါပါနေတဲ့ သူတွေပါလား ဟရို့
(ဂျာနယ်ဖတ်တဲ့ အဖွားနဲ့ သူ့မြေးတွေဆက်ပြောကြတာဖြစ်ပါတယ်)
အဲဒါ ကျနော်နဲ့ မဆိုင်ဘူးနော်
သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူးဦးဝင်းမော်ပါ ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ် ။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ် ။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့နိုဝင်ဘာ ၁၈ ရက် ၊ သမီးအသက် ၂ နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်းထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ် ။၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေနဲ့ သမီးတို့ မိသားစု ၅ နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစုထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ် ။ ဒီတစ်ခါတော့ န အ ဖ စစ်အစိုးရကဖေဖေ့ကို ထောင်ဒဏ် ၁၇ နှစ် ချလိုက်ပါတယ် ၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်းလမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ဆိုပါတယ်။ ဖေဖေ ဟာ ရတနာ ၃ ပါးကိုအရမ်း ရိုသေလေးစားသူဖြစ်ပါတယ် ။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်းတည်တံ့ခိုင်မြဲနေတာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ်ဆိုတာပါဘဲ ။ ၂၀၀၇ မှာ သံဃာတော်တွေဟာ ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်ကျခဲ့ရပါတယ် ။ အဲဒီတုန်းက ဖေဖေ ပြောတာက တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့ ။
၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အတည်ပြုပြီးတော့ ဖေဖေဟာ သူ့သူငယ်ချင်းတွေနဲ့အတူတူ အားလုံးအိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ် ။ သမီးဖေဖေ ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြတယ်တဲ့ ။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သူတို့လက်မခံနိုင်တဲ့ ဥပဒေ အချို့ကိုလွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ရွေးချယ်ဖို့ ၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူလက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆောင်ရွက်ကြဖို့ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဘူးတယ် ။ သက်ဆိုင်ရာ အာဏာပိုင်တွေတွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘာတစ်ခုမှတုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့ဖေဖေ တို့လွတ်မြောက်တော့မယ်လို့ သမီးတို့မျှော်လင့်ခဲ့ကြပါတယ် ။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး ။သမီးဖေဖေ ရဲ့ ဖခင် သမီးဖိုးဖိုးဟာ အသက် ၈၉ နှစ်ရှိပါပြီ ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်မျှော်နေဆဲပါ ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူအကျဉ်းထောင်မှာထောင်ဝင်စာသွားတွေ့
နေတုန်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်တာနဲ့ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င်ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှပါမလာကြပြန်ပါဘူး ။ ဖေဖေက ဘာပြောလဲဆိုတော့ သူ့ကျွန်ဘ၀မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ ကိုဆန့်ကျင်တဲ့သခင်နုတို့ ၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းရင်တောင် ၆ လ ဘဲထောင်ချခဲ့လို့သခင်ပေါက်စ ထောင်ခြောက်လ လို့တောင်ပြောစမှတ် ရှိခဲ့တယ်တဲ့ ၊ အခု ကိုယ့်လူမျိုး ဘာသာတူတစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရလက်ထက်မှာမှ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်ကြသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲကြသူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေ ၊ နှစ်ရှည်
ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ်တဲ့ ။ အခြေခံဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့ ၊ ဥပဒေကို စစ်တပ်ကလွှမ်းမိုးထားလို့ ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာတော့ ဖေဖေ တို့အားလုံးပြန်လွတ်မှာပါလို့ သမီးတို့လိုဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ ။ဖေဖေကဂီတသမားဆိုတော့ ဂီတပညာနဲ့ ပတ်သတ်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ် ။ ဂီတမှာ Timing ဟာအသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော ။ ထို့အတူဘဲဟင်းချက်ရာမှာဘဲဖြစ်ဖြစ် ၊ အားကစား လုပ်ရာမှာဘဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ် ။ သီချင်းတစ်ပုဒ် ၊ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ ၊ နိုင်ငံရေးမှာ Timingလွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ် ။ တစ်မျိုးသားလုံးဂုဏ်ထိခိုက်နစ်နာစေတယ် ။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ခြင်းပါဘဲ ။ ဖေဖေ တို့ကို လွှတ်မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်းမဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ၊ဖေဖေတို့အပေါ် သမ္မတကြီးက အာဃာတ တရားကြီးမားနေတာကိုဘဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ပြောပါတယ် ၊ ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ် ၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ် ၊တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီးတို့မောင်နှမတွေလေးစားဂုဏ်ယူနေမှာပါ ၊ ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသားဘဲဆိုဆို၊ လုံခြုံရေးအကျဉ်းသားဘဲပြောပြော ၊ နိုင်ငံရေးအကျဉ်းသားဘဲ ခေါ်ခေါ် ၊ သီးသန့်အကျဉ်းသားဘဲမှတ်မှတ် ၊ အဲဒီအမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး ။ သူတို့တွေဘာအတွက် ဘယ်သူ့အတွက်အသက်တွေဘ၀တွေကိုပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့သမီးထင်ပါတယ် ။ သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့အမုန်းတရားတွေအောက်မှာ တရားလက်လွတ်ဖိနှိပ်ခံနေရတာပါ ။
ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ် ၊ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုဘဲ သမီးတို့မျိုးဆက်သစ်လေးတွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ် ။ အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်ရပ်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ ။ ဂစ်တာလေးတီးသီချင်းဆိုရုံ ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ ၊ မေတ္တာပို့ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ သမီးတို့ တစ်နိုင်ငံဘဲ ရှိတယ်လို့ထင်ပါတယ် ။ သမိုင်းဟာ ဖေဖေ တို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး ။
သမ္မတကြီးနဲ့တကွတိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး ၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း ၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ် ။ဖေဖေအပါအ၀င် တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို
ကြိုဆိုမျှော်လင့်လျှက် . . . . .
သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
ခင်စုကြည်
ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ - ၈
ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ)
ပညာရေးမှာ ဘာတွေမှားခဲ့သလဲ
၂၀၁၂ ခုနှစ်ဟာ နှစ်ပေါင်းငါးဆယ်ကြာကာလအတွင်း ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကမ္ဘာ့လူသားအားလုံး ရရှိခံစား ပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့ ကောင်းမြတ်ခြင်းတရားတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ အပြိုးပြက်ဆုံး လင်းလက်တောက်ပမယ့် နှစ်တစ်နှစ်ဖြစ်ဖွယ် ရှိနေတာကြောင့် ဒီနှစ်အတွက် ကျွန်တော့်ရဲ့ ပထမဆုံးဆောင်းပါးကို လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ပညာအကြောင်းနဲ့ ဖွင့်လိုက်ချင်တယ်ဗျာ။
ပညာသည်တန်ခိုးအာနိသင်
ပညာသည် တန်ခိုးအာနိသင် (Knowledge is power) လို့ အလယ် ခေတ် ဗြိတိသျှလူမှုဗေဒပညာရှင်ကြီး ဆာဖရန်စစ်ဘေကွန်က ဆိုခဲ့ဖူးတယ်ဗျ။
ပညာဟာ ကမ္ဘာမှာ လူသားရယ်လို့ ပီပီပြင်ပြင်ဖြစ်ထွန်းပေါ်ပေါက်လာ ချိန်ကစလို့ ဒီကနေ့ တတိယထောင်စုနှစ်ထဲ ၀င်လာခဲ့တဲ့အချိန် အထိ လူသားရဲ့ အရေးအရာတွေမှာ ဘယ်တုန်းကမှ အောက်တန်းနောက်တန်း တစ်နေရာမှာ အထားခံခဲ့ရဖူးတာ မဟုတ်ဘူးဆိုပေမယ့် ဒီကနေ့ခေတ်လောက် ပညာကို လူ့အရေးကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာ အထူးဦးစားပေး အလေးထား အာရုံစိုက်နေကြတာမျိုးကတော့ လူ့ သမိုင်း တစ်ခုလုံးအနေနဲ့ ပြောရရင် ဒါပထမဆုံးဖြစ်တယ်လို့ဆိုရလိမ့်မယ် ထင်တယ်ဗျ။
၂၀၁၁ခုမှာ အထူးခြားဆုံး အာရပ်နွေဦး
နှစ်ဟောင်းအကုန် နှစ်သစ်အကူးကာလထုတ်ဝေတဲ့ ပြည်တွင်းပြည်ပဟာ စာနယ်ဇင်းအားလုံးလိုလိုမှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ အထူးခြား ဆုံး အခြင်းအရာတစ်ခုကို ဆန်းစစ်သုံးသပ်ခဲ့ကြရာမှာ အားလုံးဟာ အာရပ် ကမ္ဘာမှာ ရာစုနှစ်နဲ့ချီ အိပ်ပျော်နေခဲ့ကြတဲ့ ပြည်သူတွေ နိုးထလာကြပြီး ပြည်သူ့စွမ်းပကား (people's power) နဲ့ အာဏာရှင် အစိုးရတွေကို တွန်းလှဲဖြိုချ ဖယ်ရှားပစ်ခဲ့ကြမှုကို တင်စား သုံးနှုန်းတဲ့ ]အာရပ်နွေဦး} ကို တစ်ညီ တစ်ညွှတ် တည်း ရွေးချယ်ခဲ့ကြတယ်ဗျ။ တစ်ဆက်တည်းမှာ အဲဒီအာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုတွေရဲ့ ၀င်ရိုးဟာ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ ယူကျု၊ အိုင်ပက်၊ အိုင်ဖုန်း စတဲ့ ခေတ်မီဆက်သွယ်ရေးနည်းပညာနဲ့ နည်းပညာပစ္စည်းတွေ ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာပဲ ဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူ အားလုံးက မီးမောင်းထိုးပြခဲ့ကြတယ်ဗျာ။
ဗုဒ္ဓသည် ပညာအဓိကဘုရား
ကျွန်တော်တို့နိုင်ငံမှာ လူများစုကြီး ကိုးကွယ်ရာ ဗုဒ္ဓသာသနာကို ထူထောင်ခဲ့တဲ့ ဂေါတမမြတ်စွာဗုဒ္ဓဟာလည်း သဒ္ဓါအဓိက၊ ၀ိရိယအဓိက၊ ပညာအဓိကဆိုတဲ့ ဘုရားတွေအနက် ပညာအဓိက ဘုရားဖြစ်တယ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်း အသိဖြစ်တယ်ဗျ။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ နိုင်ငံဟာလည်း ပညာကို အထူးအလေးအမြတ်ထားဦးစားပေးတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတွေကို လေ့လာကြည့်ရင် အထင်အရှားမြင်တွေ့နိုင်တယ်ဗျ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အားလုံးကို လူတစ်ဦးတည်းက ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင် ပညာရှင်တွေ လူ့အဖွဲ့အစည်းရဲ့ ရှေ့ဆုံးတန်း ထိပ်ဆုံးတန်းမှာ နေရာပေးခြင်းခံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အများအပြားရှိခဲ့တာ သမိုင်း လေ့လာသူအားလုံး အသိဖြစ်တယ် ဗျ။
ပညာရဲ့နေရာ လျှောကျခဲ့ရ
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကာလအတွင်း အဲဒီအခြေအနေဟာ ယိုယွင်းယိမ်းယိုင်ခဲ့ရတယ်ဗျာ။ ]ပညာအခြေခံ လူ့အဖွဲ့အစည်း} ဆိုတဲ့ သဘော တရား အဲဒီကာလအတွင်း တရားဝင် ဖျက်သိမ်းခြင်းခံခဲ့ရတာ မဟုတ်ပေမယ့် လက်တွေ့အနှစ်သာရအရတော့ ပညာဟာ ဦးစားပေး အဆင့်ကနေ လျှောကျ ခဲ့ရ (ဒါထက် ပိုပြီး ပီပီပြင်ပြင်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပြောရရင်) ပညာဟာ သစ္စာခံမှုရဲ့ နောက်ကို ပို့ပစ်လိုက်ခြင်းခဲ့ရတာ ဖြစ်တယ်ဗျ။ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဲဒီခေတ်ရဲ့ ပထမ မျိုးဆက်ကာလမှာ နိုင်ငံဟာ ]ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ} (LDC) ဖြစ်သွားခဲ့ပြီ၊ ဒုတိယမျိုးဆက်ကာလမှာ ]ရှုံးနိမ့်သောနိုင်ငံ}( Failed State) တစ်ခုအဖြစ်ဆီသို့ တရွေ့ရွေ့လျှောကျနေတဲ့ နိုင်ငံတစ်ခုအဖြစ် ကျရောက်သွား ခဲ့တာပဲ ဖြစ်တယ်ဗျ။
သင်္ဘောကြီး ပြန်ပေါ်လာသလို
အခုတော့ တဖြည်းဖြည်းချင်း နစ်နေတဲ့ သင်္ဘောကြီးဟာ တစ်ချိန်က အတိုက်အခံဖြစ်သူတွေ အပါအ၀င် ပြည်သူတစ်ရပ်လုံး အားကြိုးမာန်တက် ခပ်ထုတ်နေတဲ့ရေတွေကြောင့် တဖြည်းဖြည်းချင်း ရေပေါ်ကို ပြန်ပေါ်စပြုနေ ပြီဗျာ။ အဲဒီဖြစ်စဉ်ရဲ့ အစမှတ်တစ်ခုကတော့ ]စတုတ္ထမဏ္ဍိုင်ကို အလေးထား ကြရမယ်}ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့စကား ဖြစ်တယ် လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။ သမ္မတကြီးရဲ့ အဲဒီစကားက လက်တွေ့ အနှစ်သာရအရ ပြောရရင် ရာစုတစ်ဝက်လောက် အမှိုက်ပုံးထဲရောက် နေခဲ့တဲ့ ]ပညာ}ကို ဆွဲထုတ်ဆေးကြောသန့်စင်တိုက်ချွတ်ပြီး သူ့ရဲ့နေရာမှန်ဖြစ်တဲ့ န၀ရတ်ကိုးပါး စီခြယ်ထားတဲ့ ကလပ်ပေါ် ပြန်တင်ပေးလိုက်တာဖြစ်တယ်ဗျာ။ ပညာလောကသားတစ်စုရဲ့ အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုကြဖို့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို ညွှန်ကြားလိုက်တာဖြစ်တယ်ဗျ။
ပုဂ္ဂလိကကျောင်းများထူထောင်ခွင့်
အဲဒီနောက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး နောက်ထပ်ပြုပြင် ပြောင်းလဲမှု တွေ အစိုးရက ဦးဆောင်ပြုလုပ်လာတာကို မြင်တွေ့ခဲ့ကြရတယ်ဗျ။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့် ဥပဒေ ထွက်ပေါ်လာခြင်းနဲ့ ၂၀၁၂ ပညာသစ်နှစ်က စပြီး တက္ကသိုလ်ပညာသင်နှစ်ကို တစ်နှစ်တိုးလိုက်တဲ့ အစီအစဉ်တို့ပဲ ဖြစ်တယ်ဗျ။
ကျွန်တော်က လွတ်လပ်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရေး အတွက် ပညာရေးဟာ အခရာဖြစ်တယ်ဆိုတဲ့ သဘောတရားကို နက်နက် ရှိုင်းရှိုင်း နှစ်နှစ်ကာကာ ယုံကြည်ထားသူဖြစ်တာမို့ ပညာရေးတိုးတက်ဖို့ အမှန်တကယ် ရည်ရွယ်တဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကို မဆို ယေဘုယျအားဖြင့် ကြိုဆိုချင်ပါတယ်ဗျ။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ အဲဒီကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုတယ်ဗျာ။
ဘာတွေမှားခဲ့သလဲ
ဒါပေမယ့် နှစ်ပေါင်းငါးဆယ်လောက် ယိုယွင်းယိုင်နဲ့နေခဲ့တဲ့ ပညာရေး ယန္တရားကြီး တစ်ခုလုံး အားကောင်းမောင်းသန် ဖြစ်လာဖို့ ဆိုရင် အဲဒီကာလမှာ ဘာတွေမှားခဲ့တာလဲဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်လေ့လာ ဖော်ထုတ်ပြီး အမှန်ရောက်အောင် အမှားပြင် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အသစ်ထပ်မံဖြည့်စွက်တာမျိုးတွေ မလုပ်ဘဲနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆတယ်ဗျ။
ဥပမာ ဒီမိုကရေစီပညာရေးစနစ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်သူ (ှStake holder) တစ်ဦးဖြစ်တဲ့ ကျောင်းသားတွေရဲ့ တကယ့်ရင်ထဲက အသံတွေ ကြားနိုင်ဖို့အရေးမှာ ပင်မအခြေခံဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသား ကိုယ်စား လှယ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ။ ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှနားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေး စနစ်ကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ။ အရွယ်မတိုင်ခင် စီးပွားရေးလုပ်ငန်းထဲ ရောက်နေကြတဲ့ ကလေးသူငယ်အားလုံး မဟုတ်တောင် အများစုကြီး စာသင်ခန်းထဲ ရောက်လာအောင် ဘယ်လိုလုပ်မလဲ။ တစ်နေ့ကို သုံးလေးနာရီလောက် ဘတ်စ်ကားပေါ်မှာ အလဟဿ အချိန်ဖြုန်းပြီးမှရောက်နိုင်တဲ့ မြို့စွန်မြို့ဖျားက နေရာတွေမှာ တက္ကသိုလ်တွေ ရောက်နေတာ ဘာကြောင့်လဲ။ အဲဒီလိုဖြစ်နေ တာ သဘာဝ ကျရဲ့လား။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရဲ့လား။ အကျိုးထက် အပြစ်က ပိုများနေသလား။ တက္ကသိုလ်ကြီးတွေဟာ ခမ်းနားကြီးကျယ် သလောက် ပညာရေးအနှစ်သာရ မယ်မယ်ရရမရှိတဲ့ ]အဆင်းလှဆန်း လူ့ပေါက်ပန်း}တွေလို ဖြစ်နေသလား။ ]တက္ကသိုလ်ရဲ့ အသက်ဟာ သုတေသန} ဆိုတဲ့စကားနဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကိုက်ညီရဲ့လား စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာအတွက် အမြန်ဆုံး အဖြေရှာ လုပ်ဆောင်ခြင်းမရှိဘဲနဲ့တော့ ကျွန်တော်တို့နိုင်ငံ ကမ္ဘာကြီး မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတချို့ကိုတောင် အမီလိုက်နိုင်ဖို့ မလွယ်သေးဘူးလို့ ကျွန်တော် ထင်တယ်ဗျာ။
ယခုအပတ်ထုတ် True News သစ္စာ ဂျာနယ်ပါ မှန်တာပြော သစ္စာ / မောင်ဝံသ ဆောင်းပါး။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment