ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တွင် ပါဝင်လာဖွယ်ရှိ
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက အမည်ခံအရပ်သားအစိုးရတွင် တာဝန်ပေးခံရနိုင်သည်ဟု သမ္မတအကြံပေးတဦးက တနင်္ဂနွေနေ့တွင် ပြောဆိုလိုက်ကြောင်း လွှတ်တော်ကို ယခုအခါ စစ်တပ်နှင့် စစ်တပ်၏ပါတီက ကြီးစိုးထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် “သင့်လျော်သည့်” နေရာတခု ရဖွယ်ရှိသည်ဟု ဦးနေဇင်လတ်က AFP သတင်းဌာနကို ပြောပြကြောင်းသိရသည်။တိုင်းရင်းသားခေါင်းဆောင်တွေ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့
သမ္မတဦးသိန်းစိန် အစိုးရကို ဖိအားပေး ပြောဆိုဖို့ “နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ အကုန်လုံး ရပ်စဲပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း စစ်ဆေးရပ်စဲ ဖို့၊ တတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ ဦးသိန်းစိန်အစိုးရရယ်၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မယ့် အချိန်တစ်ခု သတ်မှတ်ပြီး တော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့” အချက် ၃ ချက်ပါ အိပ်ဖွင့် ပေးစာတစ်စောင်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီးမွန်းထံ ပေးပို့လိုက်ကြောင်းသိရသည်။NLD အမတ်လောင်းတွေ ရွေးနေပြီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်အဖွဲ့တွေ စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ တာမွေမြို့နယ်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း ဒီ လှုပ်ရှားမှုကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး မမီမီလွင်က ပြောကြောင်းသိရသည်။ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား
ထားဝယ်ရေနက်စီမံကိန်းတွင်း ထိုင်းနိုင်ငံဘက်ကနေ တည်ဆောက်မယ့် စက်ရုံတွေဟာ ဒေသခံတွေအတွက် ကျန်းမာရေး ထိခိုက်မှုနဲ့အတူ သဘာဝပတ်ဝင်းကျင် ပျက်ဆီးမှုတွေပါ ဖြစ်စေတာမို့ ကန့်ကွက်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက် ကြောင်းထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံကျေးရွာတချို့ ရွေ့ပြောင်း ပေးနေရတာမျိုးတွေလည်း ရှိသလို နစ်နာမှုတွေလည်း ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုကြောင်းသိရသည်။
နိုင်ငံရေး အကျဉ်းသားတွေကို ရည်စူးရိုက်ကူးခဲ့တဲ့ “ကြိုး” ဇာတ်ကား
ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတိုဆု ဆွတ်ခူးသွားတဲ့ “ကြိုး” ဇာတ်ကားဟာ မြန်မာနိုင်ငံမှာ မတရား ချုပ်နှောင်ခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်စူး ရိုက်ကူးခဲ့တာလို့ ဒါရိုက်တာမင်းသိုက်က ပြောကြောင်းသိရသည်။အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ် အချို့ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်
အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပြည်တွင်းဘဏ် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။ “Standard Chartered ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဘဏ်လုပ်ငန်းဆောင်ရွက် ဖူးပါတယ်။ တကယ်လို့သာ အဲဒီမှာပြန်ပြီး လုပ်ခွင့်ရမယ်ဆိုရင် အလွန် ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါ” ဟုStandard Charteredဘဏ် ၏ အာရှဒေသဆိုင်ရာ စီအီးအို Mr Jaspal Bindra က ဟောင်ကောင် ဂျာနယ်လစ်များနှင့် တွေ့ဆုံပွဲတွင်ထည့်သွင်းပြောကြားခဲ့ပြီး Bloomberg သတင်းတွင်ဖော်ပြခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ပဲခူးရိုးမအတွင်းရှိ မြောက်ဇာမရီ သစ်တောကြိုးဝိုင်းနယ်မြေကို တောဆင်ရိုင်းများအတွက် ဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားရှိရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည်။
| |||||||
| ၂၀၁၁ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို ဒီဇင်ဘာလ ၂၅ ရက်မှဇန်န၀ါရီလ ၃ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပ ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။ |
မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုး
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းလှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်ကို ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပေးခဲ့ကာ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha ကလက်ခံရယူခဲ့ကြောင်း သိရသည်။
အဝေးပြေးကားဝင်းအ၀င်လမ်း၌ အုပ်စုဖွဲ့၍ မသမာမှုများ လုပ်ဆောင်လျက်ရှိနေကြ
မန္တလေးမြို့ အနောက်ဘက်ရှိ သီရိမန္တလာအဝေးပြေး ကားဝင်း အ၀င်လမ်း ဖြစ်သော ၈၉ လမ်းနှင့် ၂၆ လမ်းဆုံရာ တစ်ဝိုက်တွင် အုပ်စုဖွဲ့ကာ ပုံမှားရိုက် အရောဝင်ပြီး မသမာမှုများလုပ်ဆောင်မှုများ ရှိနေ ကြောင်း ကိုယ်တွေ့ကြုံရသူများ ပြောကြားချက်အရ သိရသည်။ထိုင်းတွင်သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား လေကြောင်းလိုင်းဖြင့် တိုက်ရိုက် စေလွှတ်နိုင်ရန် စီစဉ်နေ
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်သော အလုပ်သမားများအား ကုန်ကျစရိတ် သက်သာရေးအတွက် ရန်ကုန်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက် လေကြောင်းလမ်းဖြင့် သွားလာနိုင်ရန် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ် ရေးကော်မတီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန က ဒီဇင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။၂၀၁၂ မှာ ပိုကောင်းလာနိုင်တဲ့ မန္တလေးအိမ်ခြံမြေဈေးကွက်
မန္တလေးမြို့ရဲ့ အိမ်ခြံမြေအရောင်း အ၀ယ်ဈေးကွက်ဟာ အခု ၂၀၁၂ ခုနှစ် အတွင်းမှာ ပိုမိုသွက်လက်လာ နိုင်တယ်လို့ မန္တလေးမြို့က ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက သုံးသပ်ကြောင်းသိရသည်။
တောင်သမန်အင်းမှ ငှက်လှေစီးရန် ဧည့်သည်များစောင့်ဆိုင်းရ
ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ တောင်သမန်အင်းတွင် လာရောက်လေ့လာမှု များပြားလာသော ကြောင့် ငှက်လှေစီးရန်ကိုပင် စောင့်ဆိုင်းနေကြရကြောင်း ငှက်လှေအသင်းထံမှ သိရသည်။ဟိမ၀န္တာတောင်တန်း၏ ဗြဟ္မပုတ္တရ-သံလွင်မြစ်ဒေသအတွင်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့် နယ်နိမိတ် ဆက်စပ်နိုင်ငံများအကြား ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများအတွက် သုံး နိုင်ငံ ပူးပေါင်းထိန်းသိမ်းရေး အစီအစဉ် မူဘောင်ကြမ်းတစ်ရပ် ချမှတ်နိုင် ခဲ့ပြီဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနထံမှ သိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment