မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၂
ရွေးကောက်ပွဲဝင်ခြင်းအဓိက ရည်ရွယ်ချက်မှာအခြေခံဥပဒေကို ပြင်ဆင်ရန်ဟု ဟု ဒေါ်အောင်ဆန်းစုကြည်ကဆို
Yangon Press International — အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အဖြစ် ထားဝယ် မြို့သို့ရောက်ရှိစဉ်အတွင်း ပြောကြားသည့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည့် အဓိကဦးတည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအထဲမှ ပြည်သူများအကျိုးမဖြစ်စေသည့် အပိုင်းများအား ပြုပြင်ရန် ဖြစ်ကြောင်း ပြောကြားသွားသည်။ဒေါ်အောင်ဆန်းစုကြည်က “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲဝင်တဲ့ အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီးတော့ သတ်မှတ် ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပဲ။ ဒါကျမတို့ လုပ်ကို လုပ်ရမယ်လို့ရင်ဆိုင်နေရပါတယ်” ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍ NLD ၏ သဘောထားကို ထားဝယ်မြို့၌ ပြောကြားသွားသည်။
ထို့ပြင် နိုင်ငံရေးပါတီတရပ်အနေဖြင့် ပြည်သူ့နှင့် နီးနီးစပ်စပ်နေနိုင်မှ အရည်အချင်းရှိသည့် ပါတီတရပ်ဖြစ်မည်ဟုလည်း ပြောဆိုသွားသည်။ “ ကျမတို့အခု တနင်္သာရီကို ဆင်းလာရတဲ့ အကြောင်းရင်းကတော့ ပြည်သူနဲ့ပြန်ပြီးနီးစပ်ဖို့ပဲဖြစ်တယ် “” ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ယနေ့ လာရောက်သော ခရီးစဉ်တွင် ထားဝယ်မြို့သာမက လောင်းလုံမြို့၊ မောင်းမကန် ကမ်းခြေတို့အထိ သွားရောက်ခဲ့ရာ လေဆိပ်မှ ထားဝယ်မြို့တွင်း၊ လောင်းလုံမြို့ နှင့် မောင်းမကန်ကမ်းခြေသို့ ခရီးစဉ် တစ်လျှောက် ပြည်သူ သောင်းနှင့်ချီ၍ စုဝေး၍ လိုက်ပါခဲ့ကြသည်ကိုတွေ့ရသည်။ လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၅၀ ကျော်ရှိ လစ်လပ်နေရာ ၄၈အနက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမဲဆန္ဒနယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းနှင့် ပက်သက်၍ “ လုပ်ပေးချင်တဲ့စေတနာရှိရုံနဲ့ မပြီးပါဘူး။ လုပ်တတ်ကိုင်တတ်မှ ဒီစေတနာကို အကောင်အထည်ဖော်နိုင်မှာပါ “ ဟု ထားဝယ် NLD ရုံးခွဲတွင် ပြောကြားသောမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသွားသည်။
“ အခုလိုမျိုးလာလိုက်တော့ လူတွေရင်ထဲမှာ ရင်းရင်းနှီးနှီးရှိသွားတာပေါ့။ နောက် Generation တွေက တစ်ခါမှ မတွေ့ဖူးဘူးလေ။ အဓိက ကတော့ မဲဆွယ် ဖို့လာတာပေါ့လေ။ ခုလိုမျိုး လူထုအားပေးမှုနဲ့ဆိုရင်တော့ နိုင်မယ်ထင်ပါတယ်။ ” ဟု ထားဝယ်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်နှင့် ပက်သက်၍ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ခရီးစဉ်တွင် ထားဝယ်မှ တဆင့် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာ၊ ထိုမှ မောင်းမကန်သို့ နေ့လည်တစ်နာရီခန့်တွင် ရောက်ရှိပြီး ညနေ (၃) ခွဲ ၀န်းကျင်ခန့်တွင် ထားဝယ်မြို့ သို့ရောက်ရှိကာ ဗိုလ်ချုပ်လမ်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက်တွင် ညနေလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာပြီးနောက် ပဲခူးမြို့ခရီးစဉ်သည် ရန်ကုန်မြို့ပြင်ပ သို့ပထမဆုံး သွားရောက်သည့် ခရီးစဉ်ဖြစ်၍ ယခုထားဝယ်ခရီးစဉ်သည် နယ်လူထုနှင့်ထိတွေ့သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။
ကျမ သမ္မတမဖြစ်ချင်ပါဘူး ဒါပေမဲ့ကျမသမ္မတဖြစ်ချင်သ လားမဖြစ်ချင်ဘူးလားဆိုတာ နဲ့ပတ်သက်ပြီးလွတ်လပ်စွာဆုံး ဖြတ်ခွင့်ကိုတော့လိုချင်ပါတယ်
True News Journal — ၀ါရှင်တန်ပို့စ်ရဲ့ အကြီးတန်းအယ်ဒီတာ Lally Wey-mouthနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်န၀ါရီ ၁၈ ရက်က သူမ၏နေအိမ် မှာတွှေဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကျမ သမ္မတမဖြစ်ချင်ပါဘူး ဒါပေမဲ့ ကျမသမ္မတဖြစ်ချင်သလား၊ မဖြစ်ချင်ဘူးလားဆိုတာနဲ့ပတ်သက်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကိုတော့လိုချင်ပါတယ်ဟု ပြောဆိုခဲ့ပါတယ်။ဝါရှင်တန်ပို့စ်ရဲ့ အကြီးတန်းအယ်ဒီိတာ Llly Wey-mouth က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းစဉ် သူမအား တစ်နေ့မှာ သူမမှာနိုင်ငံရဲ့ သမ္မတဖြစ်ချင်တဲ့ဆန္ဒရှိပါသလားဆိုသည့် မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲပါတယ်။
ယင်းအပြင် သူမပါဝင်ယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရပါက လွှတ်တော်တွင် တရားဝင်ပြောဆိုနိုင်ခွင့်ရှိလာနိုင်မည်လား မေးမြန်းချက်အပေါ် သူမက ဒါဟာသိပ်မှန်ကန်တဲ့အချက်ပဲ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွှန်မတို့ယှဉ်ပြိုင်မှာ ၄၈ နေရာပဲရှိပါတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ် ၆၀၀ ရှိနေတော့ ဒီ ၄၈ နေရာက အားလုံးအနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်အတွင်း မှာ ကောင်းကောင်းပြော ဆိုလုပ်ကိုင်နိုင်မယ်လို့ဆိုပါတယ်။
ညိုမီသင်း( Ref: Washington post )
ရွေးကောက်ပွဲဝင်ရခြင်းအ ကြောင်းရင်းကိုထားဝယ်လူထု အားဒေါ်အောင်ဆန်းစုကြည် ပြောကြား
7Day News Journal — နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံရေးခရီးစဉ် ထွက်ခွာသောဒေါ်အောင်ဆန်းစုကြည်က လူထုသို့ ရွေးကောက်ပွဲဝင်ရခြင်း၏အကြောင်းအရင်းကို ပြောကြားခဲ့သည်။“ ဒီမိုကရေစီကိုထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ၊ ကျွန်မတို့ကရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေးမယ်လို့မပြောဘူး ။ ပြည်သူတွေကို လုပ်ပိုင်ခွင့်ရအောင်ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတိုင်းအတွက်တိုးတက်အောင်၊ ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် ၊ ပြည်သူတွေအကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက် ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင်လုပ်ဖို့အတွက်ရွေးကောက်ပွဲဝင်တာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က လောင်းလုံး တွင်ကြိုဆိုနေသော ဒေသခံပြည်သူများသို့ပြောကြားခဲ့သည်။
ထားဝယ်မြို့မှ လောင်းလုံး သို့သွားသောလမ်းတစ်လျှောက် နေရာလပ်မရှိရအောင် ကြိုဆိုသူများဖြင့် ကြက်ပျံမကျစည်ကားနေသည် ။ကျေးရွာများမှ ဒေသခံများမှာလည်း ကားစီးလုံးပြတ်များ ငှားရမ်းကာ လိုက်ပါ အားပေးနေကြပြီး ၊ရာနှင့်ချီသော ဆိုင်ကယ်များမှာလည်း ယာဉ်တန်းနောက်မှလိုက်ပါလျှက်ရှိသည်။
ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ကောက်နှုတ်ချက်များ
by The Voice Weekly - ဟန်ထက် ပေးပို့သည်
မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)
" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "
" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "
" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "
" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "
" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "
" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "
" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
" အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
7Day News သတင်းထောက်များက ထားဝယ်မှ တိုက်ရိုက်သတင်းပေးပို့သည်။
အမျိုးသားမြေယော မူဝါဒလမ်းစဉ်ချမှတ်ရေး
မြေယာမူဝါဒ ဟုဆိုရာတွင် လက်ရှိ စိုက်ပျိုးလျှက်ရှိသော လယ်ယာမြေနှင့် တိုးချဲ့စိုက်ပျိုးနိုင်သော မြေလွတ်မြေရိုင်း များကို စီမံခန့်ခွဲခြင်းဆိုင်ရာမူဝါဒချမှတ်ရန် မဟုတ်ဘဲ နိုင်ငံတော်ရှိမြေသယံဇာတအား လုံး၊ တနည်းအားဖြင့် ဧရိယာ(၁၆၇.၁၉) သန်းဧကခန့်အကျယ်အ၀န်းရှိသော နိုင်ငံ တော်အချုပ်အခြာအာဏာပိုင်နက်အတွင်း ရှိအမျိုးအစားအလိုက်အသုံးချလျှက်ရှိသော မြေများအားလုံးကို စီမံခန့်ခွဲမှုဆိုင်ရာ မြေယာမူဝါဒ လမ်းစဉ်တစ်ရပ်ချမှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်းပင်ဖြစ်ပါ သည်။ ယနေ့ကမ္ဘာတွင် လူဦးရေတိုးပွား လာသည်ထက်တိုးပွားလျှက်ရှိသော်လည်း ကမ္ဘာမြေကြီးနှင့် ပို၍ကြီးထွားကျယ်ပြန့် လာခြင်းမရှိဘဲမြေသယံဇာတများအသုံး ချမှုဆိုင်ရာပို၍ တိုးပွားလျှက်သာရှိနေပါ သည်။အိမ်နီးချင်းနိုင်ငံများ၏ မြေယာမူဝါဒ ပြောင်းလဲမှုအခြေအနေကို လေ့လာကြည့် ပါက ထိုင်းနိုင်ငံသည်ပုဂ္ဂလိက အခန်းက ဏ္ဍပိုမို အားကောင်းပြီးလုပ်ငန်းတည်မြဲခိုင် မာကြောင်းတွေ့ရပါသည်။ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင်မူ အစိုးရကထိန်းချုပ် ဆောင်ရွက်သော်လည်း မြေအသုံးချမှုများ ကို ဥပေဒအရ အကာအကွယ်ပြုထား သဖြင့် လုပ်ခွင်တည်မြဲခိုင်မာမှုရှိကြောင်း တွေ့ရှိရပါသည်။ ကျန်နိုင်ငံများအနေဖြင့် လုပ်ခွင့်တည်မြဲအားနည်းနေဆဲဖြစ်ပါသည်။ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကမြေ (Private Land) နှင့်အစိုးရမြေ (Public or govern ment Land) ဟူ၍မြေအမျိုးအစား(၂) မျိုးသာသတ်မှတ်ထားရှိပါသည်။ ၁၉၅၄ ခုနှစ် မြေယာဥပဒေ (The Land Code of 1954) ၌သစ်တောမြေမဟုတ် သည့်မြေများ တွင်အမည်ပေါက်ပိုင် ဆိုင်ခွင့် (Title of Land) နှင့် မြေစာရင်းထိန်းသိမ်းမှု ဆိုင်ရာလုပ်ငန်းစဉ်များ (maintenarce of the land register) ပါရှိပါသည်။အစိုးရ မြေများအတွင်းကျူးလွန်စိုက်ပျိုးမှုများ အတွက် ဖြေရှင်းပေးသကဲ့သို့မြေယာမဲ့ အိမ်ထောင်စုများနှင့် သီးစားလုပ်ကိုင်သူ များကို တိုးတက်များပြားလာမှုပြဿနာကို ဖြေရှင်းရန် ၁၉၇၅ခုနှစ်တွင်မြေယာပြုပြင် ပြောင်းလဲရေးအက်ဥပဒေ (The Agicult ural Land Reform Act of 1975) ကိုပြဋ္ဌာန်း ပြီးအစိုးရမြေ၊ မြေပိုင်ရှင်များထံမှ ပြန်လည် ၀ယ်ယူသည့်မြေ၊ မြေပိုင်ရှင်များမှစိုက် ပျိုးလုပ်ကိုင်မှု မရှိ၍သော်လည်းကောင်း၊ သတ်မှတ်ဧရိယာထက်ပိုနေ၍သော်လည်း ကောင်း၊ ပြန်လည်သိမ်းဆည်းရရှိသည့် မြေများကို မြေယာမဲ့မြေယာချို့တဲ့သူ များကို ဝေငှကာပေးခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံတွင်မြေအသုံးချမှု အပေါ်မူတည်၍စိုက်ပျိုးမြေ (Agicultural Land)၊ သစ်တောမြေ (Forestry Land)၊ ကျေးလက်လူနေထိုင်သည့်မြေ (Rural Residential Land)၊ မြို့ပြလူနေထိုင်သည့် မြေ (Urban Land) အထူးကိစ္စရပ်တွင် အသုံးပြုမည့်မြေ (Land for specialized Use) အသုံးမပြုရသေးသည့်မြေ (Unused Land)ဟူ၍မြေအမျိုးအစား (၆)မျိုးခွဲခြား သတ်မှတ်ထားရှိပါသည်။ မြေအမျိုးအစား အလိုက်မြေ၏တန်ဖိုးကို နိုင်ငံတော်က သတ်မှတ်ပါသည်။ ယင်းတန်ဖိုးအပေါ် မူတည်၍ အခွန်ကောက်ခံပါသည်။ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ရေလုပ် ငန်းနှင့်ဆားချက်လုပ်ငန်းများအတွက် မြေချထားပေးခြင်းခံရပါကမြေအသုံးပြုခ (Land use fee) ကောက်ခံမှုမပြုဘဲအခြား ကိစ္စရပ်များဆောင်ရွက်ရန် ချထားခြင်းဖြစ် ပါက မြေအသုံးပြုကကောက်ခံကြောင်း တွေ့ရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ၁၉၆၀ ခုနှစ်ဖွဲ့စည်း ပုံအခြေခံဥပဒေအရမြေပိုင်ဆိုင်မှုကို နိုင်ငံ ပိုင်၊ ပုဂ္ဂလိကပိုင်နှင့် သမ၀ါယမပိုင်ဟူ၍ ပိုင်ဆိုင်မှု (၃)မျိုးပြဋ္ဌာန်းခဲ့သည်။ ၀င်ငွေရရှိ စေသည့်ကျေးလက်ဒေသအတွင်းရှိမြေများ နှင့် မြို့မြေများအတွက် ပုဂ္ဂလိကပိုင်ဆိုင် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင်မူ နိုင်ငံပိုင်သိမ်းဆည်းခြင်း နှင့် သမ၀ါယမအဖြစ် ပြောင်းလဲဆောင် ရွက်ခြင်းသာရှိခဲ့ပါသည်။
၁၉၈၀ အခြေခံဥပဒေတွင် မြေနှင့် ဆိုင်သည့် အခွင့်အရေးအားလုံးကို နိုင်ငံ တော်မှ လွှဲပြောင်းရယူခဲ့သည်။ ထိုမှတ ဆင့် ၁၉၉၂ အခြေခံဥပဒေတွင် မြေ အတွက် ပိုင်ဆိုင်မှုအားလုံးကို ပြည်သူ တစ်ရပ်လုံးသို့ အပ်နှင်းထားပြီး စီမံခန့်ခွဲ မှုကို နိုင်ငံတော်မှ ချုပ်ပိုင်ရန် ပြဋ္ဌာန်းခဲ့ ပါသည်။ ၁၉၉၂ အခြေခံ ဥပဒေကို အမှီ ပြု၍ ၁၉၉၃ ခုနှစ် မြေယာဥပဒေတွင် မြေနှင့် ပတ်သက်၍ မြေအားလုံးကို ပြည်သူတစ်ရပ်လုံးပိုင်ပစ္စည်းအဖြစ်သတ် မှတ်ရေး၊ နိုင်ငံတော်မှ တပြေးညီကိုင်တွယ် ၍ စီမံဆောင်ရွက်ရေး၊ မြေကို အကျိုးရှိ ထိရောက်စွာစီးပွားဖြစ်အသုံးချနိုင်ရေးမြှင့် တင် ဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုး မြေကို နိုင်ငံတော်မှ ကာကွယ်ထိန်းသိမ်း ရေး၊ အရင်းအနှီးစိုက်ထုတ်၍ မြေယာ မြှင့်တင်မှုကို အားပေးရေး၊ မြေတန်ဖိုး သတ်မှတ်ရေးစသည့် အဓိကျသည့် အချက် (၆) ချက်ကို ပြဋ္ဌာန်းထားပါသည်။
ဗဟိုအစိုးရအနေဖြင့် မူဝါဒနှင့် ဥပဒေ ကို ချုပ်ကိုင်ထားသော်လည်း မြေယာစီမံ ခန့်ခွဲမှုကိစ္စအ၀၀ကို ပြည်သူ့တော်မတီ (People,s Committees) အဆင့်ဆင့်သို့ လွှဲအပ်ထားခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ ၁၉၉၃ ခုနှစ်၊ မြေယာဥပဒေသစ်အရ မြေ အသုံးချမှုများ၏ အကျိုးစီးပွားဥပဒေအရ အခွင့်အရေးများကို နိုင်ငံတော်မှ အကာ အကွယ်ပေးပါသည်။ ခွင့်ပြုချထားသော မြေအား အလွဲသုံးစားပြုခြင်း၊ တရားမ၀င် လွှဲပြောင်းလက်ခံခြင်း၊ သတ်မှတ်နည်း လမ်းအတိုင်းအသုံးမပြုခြင်းနှင့် မြေကို ပျက်စီးထိခိုက်စေခြင်းများ မပြုလုပ်ရန် ကန့်သတ်ထားပါသည်။
လယ်ယာမြေပေါ်တွင် ဥယျာဉ်သီး ပင်စိုက်းပျိုးလုပ်ကိုင်ခွင့်ကို ဆိုင်ရာနယ် မြေပြည်သူ့ကော်မတီ၏ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိပါသည်။ ပေါ်ထွန်းပြီး မြေနုကျွန်းလုပ်ပိုင်ခွင့်ချထားမှုမှာလည်း အလားတူပင်ဖြစ်ပါသည်။ မြေနုကျွန်း အသစ်အတွက် အသုံးပြုခွင့်ချထားပေးမှု ကို အစိုးရက တိုက်ရိုက်ကိုင်တွယ်ပါသည်။
ဓာတ်သတ္ထုရှာဖွေတူးဖော်ခြင်းနှင့် သဲကျောက်တူးဖော်ခွင့်တို့အတွက် အစိုး ရမှ တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်း မှ ပါမစ်ထုတ်ပေးပါသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်မညစ်ညမ်းမပျက် စီးရေး၊ ပတ်ဝန်းကျင်ရှိ မြေအသုံးချသူများ အား ထိခိုက်မှုမရှိစေရေးကို ထိန်းသိမ်း ဆောင်ရွက်ရပါသည်။ အိုးဖုတ်ခြင်း၊ အုတ် ဖုတ်ခြင်းလုပ်ငန်းများအတွက်လည်း အလားတူပင်ဖြစ်ပါသည်။
စပါးထုတ်လုပ်ရန်မြေနေရာများကို အစိုးရမှ ကာကွယ်ထိန်းသိမ်းထားပြီး အရည်အသွေးကောင်းများ ထုတ်လုပ်မှုမှာ တိုင်းသူပြည်သားများအတွက် လိုအပ် ချက်ဖြစ်သဖြင့် အစိုးရမှာ အထူးအားပေး မှု ပြုကြောင်းတွေ့ရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ် မေလ (၁) ရက်နေ့တွင် အာဏာတည် သည့် ကျေးလက်ဒေသမြေကန်ထရိုက်ချ ထားသည့် ဥပဒေ (Rural Land Contract law) ကို ပြဋ္ဌာန်းခဲ့ပါသည်။ ယင်း ဥပဒေအရ အိမ်ထောင်စုအလိုက်ကာလ ရှည်ပိုင်ဆိုင်မှုအခွင့်အရေးကို အာမခံပေး ပါသည်။
အဆိုပါဥပဒေအရ ကျေးလက်ဒေသ မြေ (Land in Rural Areas) ကို စိုက်ပျိုး နိုင်သည့်မြေ (Arable Land)၊ သစ်တော မြေ (Forest Land)၊ ကျေးရွာဘုံပိုင်မြက် ခင်းမြေ (Grass Land)၊ အခြားစိုက်ပျိုး မြေ (Other Lands Used For Agriculture) ဟူ၍ (၄) မျိုးသတ်မှတ်ထားပါ သည်။
ကျေးရွာဘုံပိုင်မြေများကို ကန်ထရိုက် ချထားရန်အတွက် ကျေးရွာသားများပါ ၀င်သည့် ကော်မတီတစ်ရပ်ကဆောင်ရွက် ပြီး ကန်ထရိုက်ချထားပေးသည့် သက်တမ်း ကာလမှာ စိုက်ပျိုးနိုင်သည့် မြေအတွက် နှစ်ပေါင်း (၃၀)ဖြစ်၍ မြက်ခင်းမြေအတွက် (၃၀နှစ်မှ ၅၀နှစ်)၊ သစ်တော်မြေအတွက် (၃၀နှစ်မှ ၇၀နှစ်)ဖြစ်ပါသည်။ ကန်ထရိုက် ချထားသောမြေကို ပြန်မသိမ်းရန်၊ ကန်ထရိုက်ချထားချက်ကို ပြင်ဆင်ခြင်း မပြုရန် ဥပဒေပြဋ္ဌာန်းပါရှိပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ မြေအသုံးချ မှုရှိနေမှု အခြေအနေကို ကြည့်လျှင် စိုက်ပျိုးမြေဧရိယာအနေဖြင့် တစ်နိုင်ငံလုံး အကျယ်အ၀န်း၏ (၁၈ ရာခိုင်နှုန်း) ခန့် လည်းကောင်း၊ မြေရိုင်း၊ ဧရိယာအနေဖြင့် တစ်နိုင်ငံလုံးအကျယ်အ၀န်း၏ (၈ ရာခိုင် နှုန်း)ခန့်လည်းကောင်း၊ တောရိုင်းဧရိယာ အနေဖြင့် တစ်နိုင်ငံလုံးအကျယ်အ၀န်း၏ (၂၃ ရာခိုင်နှုန်း)လည်းကောင်း၊ သစ်တော ဧရိယာအနေဖြင့် တစ်နိုင်ငံလုံးအကျယ် အ၀န်း၏ (၂၇ ရာခိုင်နှုန်း)ခန့်လည်းကောင်း ကျန်အခြားနည်းလမ်းအသုံးပြုဧရိယာများ အနေဖြင့် တစ်နိုင်ငံလုံးအကျယ်အ၀န်း၏ (၂၄ ရာခိုင်နှုန်း)ခန့်လည်းကောင်းရှိနေပါ သည်။
အခြားနည်းအသုံးပြုဧရိယာများတွင် ဥပမာအနေဖြင့် လက်ရှိမြို့တွင်း လူနေ ထိုင်သည့် မြေများ၊ ကျေးရွာလူနေထိုင် သည့် မြေများအပါအ၀င်စက်ရုံအလုပ်ရုံ တည်ရှိသည့်မြေ၊ လေယာဉ်ပျံကွင်းမြေ၊ သာသနာသုဿန်မြေ၊ သတ္ထုတွင်းမြေ၊ ဆည်မြောင်းကန်တာတမံမြေ၊ လမ်းမြေ၊ တပ်မြေ၊ စားကျက်မြေ၊ မြစ်ချောင်းရေ အောက်မြေ အစရှိသည်တို့ပါဝင်ပါသည်။
အထက်ပါနိုင်ငံတော်၏ လက်ရှိမြေ အသုံးချမှုအရ မြေရိုင်း၊ တောရိုင်းနှင့် သစ်တောဧရိယာမှာ နိုင်ငံတော်အကျယ် အ၀န်း၏ (၅၈) ရာခိုင်နှုန်းခန့်ရှိနေသဖြင့် တဖက်တွင် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များဆောင် ရွက်ရန်အတွက် နိုင်ငံအကျယ်အ၀န်းထက် ၀က်ကျော်ရှိနေသကဲ့သို့ အခြားတဖက် တွက်လည်း တိုးတက်လာသော လူဦးရေ ပေါ်မူတည်၍ နေထိုင်မှုဆိုင်ရာ မြေနေ ရာတိုးချဲ့ခြင်း စားသောက်မှုဆိုင်ရာစိုက် ပျိုးမြေတိုးချဲ့ခြင်းနှင့် လူတို့၏ အသုံးလို အပ်မှုအရ ရွှေသတ္ထုတူးဖော်ခြင်း၊ ရေနံ အစရှိသည့် မြေအောက်သယံဇာတများ တူးဖော်ခြင်းတို့ လက်ရှိတွင် ရှိနေပါသည်။
သို့ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ တိုးတက်လာသော လူဦးရေနှင့် တိုးတက် လာသော နည်းပညာဆိုင်ရာဖွံ့ဖြိုးမှုတို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် တစ်နိုင်ငံ လုံးအတိုင်းအတာအရ မြေသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာဗဟိုအဆင့် (National Land Policy) အမျိုးသား မြေယာမူဝါဒ လမ်းစဉ်တစ်ရပ်ချမှတ် ဆောင်ရွက်သင့်ပါ ကြောင်း အကြံပြုအပ်ပါသည်။
မန်း(ကြေး/မြေ)
ဘုရင့်နောင်ဈေးကြီး၏ယာဉ်ရပ် နားဝင်းအတွင်းဆိုင်ခန်းအသစ် များဆောက်လုပ်မည့်အပေါ်ဈေး သူဈေးသားများ၏သဘောထား ဆန္ဒမဲကောက်ခံရာကန့်ကွက်မဲ
Eleven Media Group — ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ဈေးကြီး၏ ယာဉ်ရပ်နားဝင်းအတွင်း ဆိုင်ခန်းအသစ်များ ဆောက် လုပ် မှုအပေါ်တွင် ဈေးသူဈေးသားများ၏ သဘောထားဆန္ဒမဲကောက်ခံခြင်းကို ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ယင်းအစီအစဉ်ကို ကန့်ကွက် သည့်မဲ က ထောက်ခံသည့်မဲထက် ပိုမိုများပြားခဲ့ကြောင်း သတင်းရရှိသည်။ဘုရင့်နောင်ဈေးကြီး၏ ယာဉ် ရပ်နားသည့်နေရာ၏ အကျယ် ၂၈၀ ပေx၁၂၀ပေနေရာတွင် ဆိုင်ခန်း ၄၀ ပါဝင်သော အဆောက်အအုံတစ်ခု ကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဂမုန်းပွင့်ကုမ္ပဏီ တို့အကျိုးတူပူးပေါင်း၍ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ အဆောက်အအုံဆောက် လုပ်မည့်နေရာမှာ ဈေးအတွင်းသို့ လာရောက်သည့်ယာဉ်များသာမက ဈေးအတွင်းမှ ပစ္စည်းတင်ယာဉ်များပါ ရပ်နားအသုံးပြုနေသည့် အတွက် ဈေးသူဈေး သားများက အဆောက်အအုံ ဆောက်လုပ်မည့်အစီအစဉ်ကို ကန့်ကွက်ခဲ့ကြ ကြောင်း သိရသည်။
ယင်းကဲ့သို့ ကန့်ကွက်မှုများကြောင့် အဆောက်အအုံ ဖောင်ဒေးရှင်းပြုလုပ်နေစဉ်မှာပင် ရပ်ဆိုင်းခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ဈေးများဌာနမှ အဆိုပါဆောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ဈေးသူဈေးများကို မဲပေးသည့်စနစ်ဖြင့် ဆုံးဖြတ်ခဲ့မည်ဟု ကန့်ကွက်မဲ က ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မဲပေးရာတွင် ဆိုင်ခန်းတစ်ခုလျှင် မဲတစ်မဲထည့်ရပြီး ဘုရင့်နောင်ဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၂၅၃၃ ခန်းရှိသည့်အနက် မဲလာရောက်ပေးသူဦးရေမှာ ၁၈၁၈ ဦးရှိခဲ့ပြီး ယင်းအထဲတွင် ထောက်ခံမဲမှာ ၂၆၈ မဲရှိခဲ့ပြီး ကန့်ကွက်မဲမှာ ၁၄၇၉ မဲဖြစ် ခဲ့ပြီး ပယ်မဲ ၇၁ မဲရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်အောင်လုပ်ရင် GSM တပ်ဆင်ပြီးသားမြို့ကြီးတွေမှာ ဖြစ်နိုင်တယ်
Eric Moe GSM SIM Card ကို ဈေးသက်သက်သာသာရဖို့ရာက SIM Card လေး တစ်ခုတန်ဖိုးနဲ့ တွက်လို့မရပါဘူး။ GSM ရဲ့ Infrastructure တွေ ဖြစ်တဲ့ BSC Station၊ MSC station၊ နောက်ပြီး Trunk Line လို့ ခေါ်တဲ့ အဝေးလိုင်း၊ ပြီးတော့ Transit Exchanges တွေရဲ့ အဝေးလိုင်းပေးနိုင်မှုတွေပေါ်မူတည်ပါတယ်။ အပေါ်က သတင်းအရ ဖြစ်နိုင်ခြေရှိမှု မရှိမှုကို စဉ်းစားရင် ဖြစ်အောင်လုပ်ရင် GSM တပ်ဆင်ပြီးသားမြို့ကြီးတွေမှာ ဖြစ်နိုင်တယ်။ စီးပွားရေးဆန်ဆန် ဈေးကွက်ဆန်ဆန် လုပ်ရင် ဖြစ်တယ်။တစ်နှစ်အတွင်းကို ဖြစ်တယ်။ အဲကုမ္ပဏီကသာ ငွေကြေးစိုက်ထုတ်နိုင်ရင်ဖြစ်ဖြစ် MPT က project တစ်ခုအနေနဲ့ဖြစ်ဖြစ် ချက်ချင်းကောက်လုပ်ရင် ချက်ချင်းရတယ်။ Tower & BSC station ဆိုလို့ အရမ်းအထင်မကြီးနဲ့ တာဝါတစ်ချောင်းကောက်ထောင်တာ တစ်ရက်နှစ်ရက်ဆိုပြီးတယ်။ ငြမ်းဆင်သလိုပဲ BOLT & NET နဲ့ ကောက်ဆင်တာ။ BSC station ဆိုတဲ့ အဆောက်အဦးက ဆယ်ပေပတ်လည်ပဲ ရှိတယ်။ စက်တွေအတွက် အဲကွန်းအသေးတစ်လုံးပဲလိုမယ်။ MSC က ရှိပြီးသားကို သုံးလို့ရတယ်။ အဝေးလိုင်း FOC (Fabre Optic Cable) က ရှိပြီးသား အထဲကပါတဲ့ 1Core ဆို Trunk line ပေါင်းများစွာခွဲယူလို့ရတယ် သုံးပါလေ့။ အဲတော့ နောက်ဆုံး စက်မှုပိုင်းပြသာနာကဘာလဲဆိုတော့ Transit exchange/Gateway တွေ အဝေးလိုင်းပေးနိုင်မှု ဆိုတာပါပဲ။ အဲဒါကတော့ MPT Mobile CE ကို သေနတ်နဲ့ထောက် ခင်ဗျားအလုပ်မပြုတ်ချင်ရင် အဲကိစ္စရအောင်လုပ်လို့ပြော။ သူ့အလိုလိုဖြစ်လာလိမ့်မယ်။ နောက်ဆုံးအဖြေတစ်ခုပေးလိုက်မယ်။ ပရိသတ်ကြီးရေ။ ခင်ဗျားတို့ ပြည်သူလူထု telecommunication တွေကောင်းလာတာကို MPT က လူကြီးတွေ အရာရှိတွေ လိုလားမယ်ထင်သလား။ ခင်ဗျားတို့ SIM CARD တစ်ကဒ်ကို ၅၀၀၀ ကျပ်နဲ့ လမ်းဘေးကွမ်းယာဆိုင်တိုင်းမှာ ၀ယ်လို့ရနေရင် သူတို့ ဘာနဲ့ သွားစားကြမလဲ။ပြသာနာပဲ တော်တော်ထူတဲ့လူတွေပဲ။ အဲတော့ အဖြေတစ်ခုပဲ ထွက်တယ် ခု MPT ပြည်ထောင်စုဝန်ကြီးကို ဖိအားပေး ဆန္ဒပြ လမ်းပေါ်ထွက်လိုက်ကြ။ နောက်နေ့ စိတ်ချ သတင်းထဲပါရမယ်။ မဖြစ်နိုင်သေးဘူးဆိုတာကရင် ကြိုးစားပါ့မယ်ပေါ့။ ဟဟ သနားတယ်.. MPT ရေ။နိုင်ငံခြားဧည့်သည်တွေ တစ်ယောက်ဝင်တစ်ယောက်ထွက် ၀င်လာမစဲ တဖွဲဖွဲဖြစ်နေတာကိုကြည့်ပြီး မြန်မာနိုင်ငံသားအားလုံး ၀မ်းသာအား ရဖြစ်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်း ငါးဆယ်ကျော်ခပ်စိမ်းစိမ်းနေခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်စ တဲ့ အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင် ရောက်လာကြတာကို ပိုပြီးသဘောတွေ့ကြတယ်။
ကိုယ်ထူကိုယ်ထပင်ပန်းလှပြီ
ရောက်လာသမျှ ဧည့်သည်တိုင်းကလည်း အားတက်စရာစကားတွေ ပြောသွားကြတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ နီးစပ်လာပြီ၊ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေလည်း ပြန်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာကြမယ်စတဲ့ စတဲ့ စကားတွေကို မစားရ၀ခမန်း ပြောကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး အရာရာတိုင်း ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထချည်း လုပ်နေကြရလို့ ပင်ပန်းလှပြီဖြစ်တဲ့ တိုင်းသူပြည်သားများအဖို့တော့ ကူညီထောက်ပံ့မှုတွေ လာတော့မယ်ဆိုတဲ့စကားဟာ မင်္ဂ လာအရှိဆုံး ဖြစ်နေပါတော့တယ်။
အားခဲနေကြတယ်ဒါ့အပြင်
မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲမှာကျိတ်ပြီး မခံချိမခံသာဖြစ် နေရတာတွေကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ဟိုအရင်က ကိုယ့်ကိုမော့ကြည့်နေခဲ့ရတဲ့ နိုင်ငံတွေက အခုကိုယ့်ကိုမတူသလို မတန်သလို ဆက်ဆံနေကြတာတွေ မ နည်း အောင့်အီးသည်းခံနေခဲ့ကြရတာ ကြာနေပြီ။ အထူးသဖြင့် ကိုယ့်ဆီက သယံဇာတတွေကိုယူပြီး သူတို့သူဌေးဖြစ်နေကြတာတွေကို မခံချင်ဘူး။ ဒါပေမဲ့ ကိုယ်လည်း ဘာမှ မတတ်နိုင်လို့'နေသေးသပချုံထဲက ချိုသွေးသမျှတမြမြ' ပဲလုပ်နေခဲ့ကြရတယ်။ အခုလိုကူညီထောက်ပံ့မှုတွေ အလုံးအရင်းနဲ့ ၀င်လာမယ်ဆိုတော့ လုပ်လိုက်မဟဲ့ဆိုပြီး အားခဲနေကြတယ်။ ၀မ်းသာအားရ စောင့်ကြိုနေကြတယ်။
ပြင်စရာရှိတာပြင်ဆင်ဖို့
ကိုယ်တိုင်လည်းဝမ်းသာကျေ နပ်ဖြစ်ပါတယ်။ ကူညီထောက်ပံ့မှုတွေ ၀င်ရောက်လာတဲ့အခါကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့လည်း စဉ်းစားမိပါတယ်။ စီးပွားရေးသမား မဟုတ်ဘဲသတင်းစာသမားဖြစ်တော့ တစ်ချိန်ချိန်မှာ ရရှိလာမယ့်နေ့စဉ် သတင်းစာထုတ် ဝေခွင့်အတွက်ပဲ ဦးဆုံးစဉ်းစားမိတယ်။ စာပေစိစစ်ရေး ဆက်ပြီး ရှိနေဦးမှာလား။ ဘယ်တစ်ချိန်မှာ လုံးဝရုပ်သိမ်းမှာလဲဆိုတာက ကိုယ့်ကိစ္စမဟုတ်တော့ ဒီအကြောင်း စဉ်းစားမနေချင်ဘူး။ ကိုယ့် ကိစ္စပဲ ကိုယ်စဉ်းစားတော့မယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရတဲ့အခါ ကိုယ့်ဆီမှာလုံလောက်တဲ့အင်အား အမှန်တကယ်ရှိနေပြီလားဆိုတာ သုံးသပ်ဖို့လိုတယ်။ သတင်းရှာတတ်၊ လိုက်တတ်၊ နှိုက်တတ်တဲ့ သတင်းထောက်တွေ အလုံအလောက်ရှိရဲ့ လားဆိုတာဆန်းစစ်ရမယ်။ အင်တာဗျူးလုပ်ရာမှာ မေးခွန်းမေးတတ်ရဲ့လားဆိုတာလည်း ကြည့်ရမယ်။ အယ်ဒီတာတွေကလည်း သတင်းထောက်တွေကို ဦးဆောင်လမ်းညွှန်မှုပြုနိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေကိုလည်း နောကျေအောင်သိထားမှဖြစ်မယ်။ ဒီအချက်တွေကိုစဉ်းစားပြီး ပြင်ဆင်ထားကြဖို့ ဂျာနယ်သမားလူငယ်တွေကို တိုက်တွန်းပါတယ်။
စီးပွားရေးသမားစစ်စစ်ပေါ်ထွက်ဖို့
စီးပွားရေးစာမျက်နှာမှာလည်း ပြင်ဆင်စရာတွေအများကြီးရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စီးပွားရေးသမားစစ်စစ်တွေ ပေါ်ထွက်လာဖို့ ဖြစ်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး ဈေးကွက်စီးပွားရေး စတင်ခဲ့တယ်ဆိုပေမယ့် အုပ်ချုပ်ရေးစနစ်က တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်စနစ်ဖြစ်နေတာကြောင့် ပီပြင်တဲ့ဈေးကွက်စီးပွားရေး ဖြစ်မလာခဲ့ဘူး။ လုပ်ပိုင်ခွင့်အာဏာလက်ကိုင်ရှိသူက မီးစိမ်းမပြရင် ဘာမှ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်ရှိသူဆီက ပါမစ်ရဖို့သိပ်အရေးကြီးတယ်။ ရိုးရိုးသားသားစီးပွားရေး လုပ်တဲ့သူတွေက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဘယ်နီးစပ်မှာလဲ။ ဒီတော့အများစုက မိရိုးဖလာလုပ်လာတဲ့လုပ်ငန်းကို စွန့်ပြီး ဘေးထွက်ထိုင်နေလိုက်ကြတယ်။
လက်သင့်ရာစားတော်ခေါ်
တချို့ကတော့ ထွက်မသွားဘဲ ကုပ်ကပ်ပြီးနေရင်းနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်ခင်မင်ရာတွေကို လိုက်ရှာကြတယ်။ ရှာတော့လည်းတွေ့တာပေါ့။ ဒီလိုနဲ့ပဲ ကြားပွဲစား၊ ပါမစ်ပွဲစားဆိုတာတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတယ်။ ကြာ လာတော့ ဈေးကွက်စီးပွားရေးဆိုတာလည်း မြန်မာ့ဆိုရှယ်လစ်ခေတ်ကလို 'လက်သင့်ရာစားတော်ခေါ်' တဲ့ စီးပွားရေးဖြစ်သွားပြီး စီးပွားရေးသမားစစ်စစ်တွေက လုံးဝဘေးကို ရောက်သွားကြတော့တယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာလူများစုဖြစ်တဲ့ လူလတ်တန်းစားဆိုတာလည်း တဖြည်းဖြည်းပျောက်သွားပြီး သိပ်ချမ်းသာသူနဲ့ သိပ်ဆင်းရဲသူဆိုတဲ့ လူတန်းစားနှစ်ရပ်ပဲ ကျန်တော့သလို ဖြစ်သွားတယ်။
မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေ မကြာမီရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလိုမဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်းဖယ်ရှားထားဖို့ လိုပါတယ်။ ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေကျပ် ၅၀၀ ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီး ရေစုန်မျောသလို ဖြစ်သွားနိုင်ပါတယ် ... |
အာဖရိကသင်ခန်းစာ
ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံ မှန်သမျှမှာ ချမ်းသာသူနဲ့ ဆင်းရဲသူများရဲ့ကြားက ကွာခြားချက်ဟာ သိပ်ကိုကြီးမားကြတယ်။ ဒီကွာခြားချက် သိပ်ကြီးမားမှုဟာအင်မတန် ကြောက်စရာကောင်းတယ်။ ဒါကို အထူး သတိထားဖို့လိုတယ်။ နောက်တစ်ခု သတိထားဖို့ လိုတာကတော့ အာဖရိကတိုက်ကြီးလို မဖြစ်စေဖို့ပဲ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အာဖရိကတိုက်ကြီးကို ဆင်းရဲမွဲတေခြင်းက လွတ်ကင်းအောင် လုပ်ဆောင်ဖို့ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ချမ်းသာတဲ့ အနောက်နိုင်ငံတွေက နှစ်စဉ် နှစ် တိုင်းကူညီထောက်ပံ့မှုတွေ ချေးငွေတွေ ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်လာတဲ့အထိ အာဖရိကတိုက်ကြီးဟာ ဆင်းရဲမွဲတေသူ အများဆုံး၊ ရောဂါအထူပြောဆုံး၊ စစ်ပွဲတွေအများဆုံးအဖြစ် ရှိနေသေးတယ်။
ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံ မှန်သမျှမှာ ချမ်းသာသူနဲ့ ဆင်းရဲသူများရဲ့ကြားက ကွာခြားချက်ဟာ သိပ်ကိုကြီးမားကြတယ်။ ဒီကွာခြားချက် သိပ်ကြီးမားမှုဟာအင်မတန် ကြောက်စရာကောင်းတယ်။ ဒါကို အထူး သတိထားဖို့လိုတယ်။ နောက်တစ်ခု သတိထားဖို့ လိုတာကတော့ အာဖရိကတိုက်ကြီးလို မဖြစ်စေဖို့ပဲ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အာဖရိကတိုက်ကြီးကို ဆင်းရဲမွဲတေခြင်းက လွတ်ကင်းအောင် လုပ်ဆောင်ဖို့ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ချမ်းသာတဲ့ အနောက်နိုင်ငံတွေက နှစ်စဉ် နှစ် တိုင်းကူညီထောက်ပံ့မှုတွေ ချေးငွေတွေ ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်လာတဲ့အထိ အာဖရိကတိုက်ကြီးဟာ ဆင်းရဲမွဲတေသူ အများဆုံး၊ ရောဂါအထူပြောဆုံး၊ စစ်ပွဲတွေအများဆုံးအဖြစ် ရှိနေသေးတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်
ဒီလိုဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အာဏာရအသိုင်းအ၀ိုင်းနဲ့ အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်ခြစားမှုတွေ ထိန်းမနိုင်သိမ်းမရ ကြီးထွားနေမှုလည်း အဓိကနေရာကပါနေတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့အစည်းများရဲ့ ထောက် ပြမှုတွေအရ သိရတယ်။ မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေမကြာမီ ရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလိုမဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်းဖယ်ရှားထားဖို့ လိုပါတယ်။ ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က လူတစ်ကိုယ်တိုက် တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေ ကျပ် ၅၀၀ ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီး ရေစုန်မျောသလို ဖြစ်သွားနိုင် ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အာဏာရအသိုင်းအ၀ိုင်းနဲ့ အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်ခြစားမှုတွေ ထိန်းမနိုင်သိမ်းမရ ကြီးထွားနေမှုလည်း အဓိကနေရာကပါနေတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့အစည်းများရဲ့ ထောက် ပြမှုတွေအရ သိရတယ်။ မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေမကြာမီ ရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလိုမဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်းဖယ်ရှားထားဖို့ လိုပါတယ်။ ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က လူတစ်ကိုယ်တိုက် တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေ ကျပ် ၅၀၀ ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီး ရေစုန်မျောသလို ဖြစ်သွားနိုင် ပါတယ်။
လွတ်လပ်စွာရေးခွင့်ရှိဖို့
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့အတွက် စာနယ်ဇင်းတွေက လွတ်လွတ်လပ်လပ် ရေးသားတင်ပြခွင့်ရှိဖို့ အထူးရှိဖို့လိုတယ်။ ဒါ့အပြင်တရားစီရင်ရေး အဖွဲ့အစည်းကလည်း လုံးဝသန့်ရှင်းပြီး ကျင့်ဝတ်သိက္ခာကို အပြည့်အ၀ စောင့်ထိန်းဖို့ လိုအပ်ကြောင်း ထောက်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
လူထုစိန်ဝင်း ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် စီစဉ်သည့် ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူများအကြား အမျိုးသားရေးအားမာန်များ တက်ကြွစေသည့် သီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန်စီစဉ် by Eleven
ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူလုထုအတွက် အမျိုးသားရေးစိတ်ဓါတ်များနှင့် အားမာန်များတက်ကြွစေမည့် တေးသီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန် စီစဉ်နေကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် စီစဉ်သည့် အဆိုပါတေးအယ်လ်ဘမ်တွင် ငြိမ်းချမ်းရေး၊ ကလေးသူငယ်များနှင့်အနာဂတ်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးနှင့် ထိန်းသိမ်းရေး၊ စာရိတ္တပိုင်းဆိုင်ရာနှင့် အားမာန်နှင့် မျှော်လင့်ချက်များ မွေးဖွားပေးနိုင်မည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
''ဒီတေးစီးရီးဖြစ်မြောက်ရေးအတွက်အဓိက ဦးဆောင်တာက အစ်ကိုအပါအ၀င် ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ညီညီသွင်၊ နောင်နောင်(SF)၊ စီစဉ်သူ ကိုမိချော၊ ကိုသားထွေးနဲ့ ထူးအိမ်သင်ရဲ့ညီ အောင်အောင်တို့အပြင် လူငယ်တွေဖြစ်တဲ့ လင်းလင်း၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့ကလည်း ၀ိုင်းဝန်းကူညီကြတယ်။ နောက်ထပ် အဓိကပံ့ပိုးတာကတော့ Metal Zone က ဦးဇော်ဝင်းပါ။ အခုစီစဉ်နေတဲ့ စီးရီးမှာပါဝင်ချင်တဲ့ အဆိုတော်တွေ လိုက်စည်းရုံးထားရတာမဟုတ်ပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် ပါ ၀င်ချင်ကြတဲ့သူတွေချည်းပါပဲ။ သီချင်းအများစုက Group လိုက်ဆိုတဲ့ သီချင်းတွေပဲများတယ်။ နောက်ပြီး ဒီခွေကိုစပြီးစီစဉ်တဲ့အချိန်က Show ပွဲတွေ ကျင်းပမှုများတဲ့ အချိန်ဖြစ်တာကြောင့် ဒီစီးရီးလေးက အချိန်နည်း နည်းကြာသွားတာ''ဟု တေးရေး ရွှေဂျော်ဂျော်က ဆိုပါသည်။ ယင်းတေးစီးရီးတွင် ပါဝင်မည့် တေးသီချင်းများကို ရွှေတိုင်ညွန့်၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ညီညီသွင်၊ နောင်နောင် (SF)၊ ရွှေဂျော်ဂျော်၊ ကေအေတီ၊ဇော်ဝင်းထွဋ်၊ဆောင်းဦး လှိုင်၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူ၊ ရယ်ဂျီ၊ ဇ၀ါ၊ Rခိုင်၊ လင်းလင်း၊ မြတ်မင်း၊ လင်းနစ်၊ ကျားပေါက်၊တိုးလွင်(ဥတ္တရအလင်း)၊ အောင်အောင်၊ မိုးမိုး၊ ရသ၊ အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချမ်းတို့အပါအ၀င် တေးရေးအများအပြား ပါဝင်ထားကြောင်း သိရသည်။
ထို့ပြင် 'နဂါးနီ'၊ 'အကျင့်ဆိုး'၊ 'ချစ်သောကမ္ဘာမြေ' နှင့် 'ခွန်အားဖြည့်မိငယ်' စသည့် သီချင်းဟောင်းများလည်း ယင်းစီးရီးတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လယ်ယာမြေသိမ်းယူနိုင်သည့် ဥပဒေပုဒ်မအား ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လယ်သမားများ၏ ဆန္ဒမပါဘဲ လယ်ယာမြေများကို အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ သိမ်းယူနိုင်သည့် ဥပဒေပုဒ်မ (၂၅) အား ဖျက်သိမ်းရန်အတွက် ဆွေးနွေးခဲ့ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် မြေပုံမြို့နယ် မှလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။ယင်းဥပဒေပုဒ်မ ၂၅ မှာ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေတွင်ပါရှိပြီး အဆိုပါပုဒ်မအရ မြေလွတ်မြေရိုင်း တနေရာရာတွင် စိုက်ပျိုးလျက်ရှိသော လယ်သမား၏ ဆန္ဒမပါဘဲ ယင်းလယ်မြေကို လျော်ကြေးပေးသိမ်းယူနိုင်မည့် ဥပဒေ ဖြစ်သည်။ ယင်းဥပဒေနှင့် ပတ်သက်၍ ဦးဖေသန်းက “ ဥပဒေပုဒ်မ ၂၅(က) မှာ လျော်ကြေးပေးပြီးသိမ်းလို့ ရတယ်ဆိုတာပါတယ်။
အမှန်က လျော်ကြေးလည်းပေးစရာမလိုဘူး။ သိမ်းဖို့ကိုမလိုဘူး။ ငွေပေးပြီးသိမ်းလည်း တစ်ဖက်သားက မပေးချင်ရင် ဘယ်လိုလုပ်မလဲ။ လယ်သမားတွေရဲ့ ဂုဏ်သိက္ခာ၊ ခံစားချက်တွေကို ထည့်တွက်သင့်တယ်” ဟု ၀ိုင်ပီအိုင်သို့ပြောကြားသည်။
ယင်း ဥပဒေ ပုဒ်မ ၂၅ (က) တွင်မူ ဤမြေဧရိယာပေါ်တွင် ယခင်က လက်ရှိလက်ငုတ် လုပ်ကိုင်နေသော ဒေသခံလုပ်ငန်းရှင် ကြီးငယ်များပါရှိပါက ယင်းတို့အား နစ်နာမှုမရှိစေရန် ဒေသခံပေါက်ဈေးနှုန်း အတိုင်းလျော်ကြေးပေးရမည်ဟု ပါရှိကြောင်း ဦးဖေသန်းကဆိုသည်။
“ ဒီဥပဒေပုဒ်မကိုက လယ်သိမ်းတာ ခွင့်ပြုထားသလိုဖြစ်နေတယ်လေ။ ဒီလယ်မြေတွေကို သူတို့ယူပိုင်ခွင့်ရှိတယ်လို့ ပြောနေသလိုဖြစ်နေတယ်။” ဟု ၎င်းကဆိုသည်။
လယ်သမားအရေးဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဖိုးဖြူကလည်း မြေလွတ်မြေရိုင်းဆိုသည်မှာ တိုင်းပြည်တွင် အမှန်တကယ်ရှိသင့်ကြောင်း၊ သို့သော် လက်တွေ့တွင် အဆိုပါမြေလွတ် မြေရိုင်းများအား လယ်သမားများမှ အသုံးချနေရကြောင်း၊ ယင်းမြေလွတ်မြေရိုင်းများအား အသုံးပြုလိုပါက ဒေသခံလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း ရှင်သန်ရေးအတွက် လုံလောက်သော မြေယာပြန်လည် ချထားပေးသင့်ကြောင်းပြောကြားသည်။
ဇေကမ္ဘာကုမ္ပဏီက ၎င်းပိုင်လယ်ယာမြေအား သိမ်းယူသွားခြင်းခံခဲ့ရသော မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ စံပြကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးကျော်စိန်ကလည်း “ဦးလေးတို့သဘောအရပြောရရင်တော့ လယ်ကိုမရောင်းပဲ နေပိုင်ခွင့်ပဲလိုချင်တယ်။ အခြားနေရာပြန်ပေးလဲ မလိုချင်ဘူး။ ပိုက်ဆံလည်းမလိုချင်ဘူး။ လယ်သမားက လယ်ပဲလုပ်တတ်တာလေ” ဟု သူ၏ ခံစားချက်ကိုပြောဆိုသည်။
ယင်းမြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ယနေ့ပြီးပြတ်အောင်မဆွေးနွေးနိုင်သဖြင့် ယနေ့ပါဝင်ဆွေးနွေးကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီများအား လာမည့် စနေ တနင်္ဂနွေတွင် ပြီးပြတ်အောင် ဆွေးနွေးထားရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားထားသည်။
ထိုသို့ဆွေးနွေးရာတွင် ပါဝင်မည့်သူများမှာ မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ သီပေါမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၊ ရေဖြူမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးနှင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းစိစစ်ရေးကော်မတီနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ဖြစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်တပ်ရင်းများ တည်ဆောက်ရန်၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများ၏ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် သို့မဟုတ် နိုင်ငံခြားကုမ္ပဏီကြီးများ၏ စီမံကိန်းများအတွက် လယ်ယာမြေ ဧက ရာထောင်မှ သောင်းဂဏန်းအထိ သိမ်းယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
လယ်ယာမြေ သိမ်းယူမှုများတွင် လယ်သမားများမှာ ထိုက်သင့်သည့် လျှော်ကြေး မရရှိခြင်း၊ အခြားအစားထိုး သက်မွေးဝမ်းကျောင်း လုပ်ငန်းမရှိခြင်းတို့ကြောင့် အခက်အခဲကြုံနေကြရပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်သို့ တိုင်ကြားမှုများ မကြာခဏပေါ်ထွက်လျှက်ရှိသည်။ ။
တပ်မတော်အကြီးအကဲတစ်ဦး၏ အမည်ကိုသုံးကာဥက္ကလာဂေါက် ကွင်းမြေကိုရောင်းချသူအားအမှု ဖွင့်တိုင်ကြား
The Flower News Journal — နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲများနာမည်ကိုအသုံးပြုကာ တောင်ဥက္ကလာပမြို့နယ်ရှိ တပ်မတော်ပိုင် ဥက္ကလာဂေါက်ကွင်းမြေကို အလွဲသုံးစားပြုလုပ်ရောင်းချကာ သိန်း ၁၅၀ လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို တပ်မတော်မှ အရာရှိကြီးတစ်ဦး က ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။ယင်းကိစ္စကို အမှတ်(၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျောက်တံတားမြို့နယ် ၆ ရပ်ကွက် ၃၈လမ်း၊ (ပ)ထပ်နေ၊ မောင်မောင်သန်းဆိုသူသည် နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲများ၏နာမည်များအသုံးပြုကာ ရန်ကုန်တိုင်းဒေ သကြီး တောင်ဥက္ကလာ ပမြို့နယ်ရှိ တပ်မတော်ပိုင် ဥက္ကလာဂေါက်ကွင်းမြေ ၂၁၀ ဒဿမ ၆ ဧကအား ရောင်းမည်ဆိုကာ တောင်ဥက္ကလာပ မြင်သာတွင်နေထိုင်သူတစ်ဦးထံမှ ကျပ်သိန်း ၁၅၀ ကို မကြာသေးမီက ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
“ငွေလိမ်လည်ထွက်ပြေးတဲ့သူက အခုတိမ်းရှောင်နေတယ်။ သက်ဆိုင်ရာအနေနဲ့ သူကို ဥပဒေအရအရေးယူနိုင်အောင် ဆေင်ရွက်နေပါတယ်။ သူနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေ အရေးကြီးတဲ့ကွင်းဆက်တွေကို လိုက်လံစုံစမ်းနေပါတယ်” ဟု အဆိုပါအမှုနှင့်သက်ဆိုင်သည့် ရဲအရာရှိတစ်ဦး ကပြောသည်။
ထိုအမှုအား တပ်မတော်(ကြည်း) မှ ဗိုလ်မှူးမြင့်သူနိုင်က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျောက်တံတားရဲစခန်းမှ (ပ) ၁၉/၁၂ ပုဒ်မ၄၂၀ ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
ကျော်မြတ်စံ
ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင်ယာဉ်ကြောကြပ်တောက်ပိတ် ဆို့မှုများပိုမိုဖြစ်ပွားလာ
Eleven Media Group — ရန်ကုန်မြို့တော်နှင့် မန္တလေး မြို့ကြီးတို့တွင် လမ်းအသုံးပြုမှု အများဆုံးအချိန်(Working Hours) များ၌ ယာဉ်ကြော ကျပ် တောက်ပိတ်ဆို့မှုများ သိသိသာသာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ယာဉ်ကြောကျပ် တောက်ပိတ်ဆို့မှုများမှာ လမ်းအသုံးပြုမှု အများဆုံးရှိရာ လမ်းဆုံလမ်းခွများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာများဖြစ်သည့် ဈေးဝယ် စင်တာကြီးများ၊ ဈေးများ၊ ကျောင်းများအစိုးရရုံးများနှင့် နီးစပ်နေသည့် နေရာများတွင် လေးဆယ့်ငါးမိနစ် တစ်နာရီနီးပါးမျှကြာအောင် ယာဉ်ကြောပိတ်ဆို့နေမှုမှာ ကြာမြင့်နေတတ်ပြီး ဟွန်းမတီးရ ဧရိယာများတွင်ပင် ဟွန်းရှည်သံများဆူညံစွာ ကြားနေရကြောင်း ရန်ကုန်မြို့ခံများက ပြောကြားခဲ့ကြသည်။“ရန်ကုန်မြို့မှာတော့ ရုံးချိန် ကျောင်းချိန်ရယ်မှ မဟုတ်တော့ပါဘူး။ တစ်နေ့ကုန် ယာဉ်ကြောက ပိတ်နေတာပဲ။ ကျွန်တော်တို့ မင်္ဂလာဈေး တစ်ဝိုက်ဆို တစ်နေ့ကုန်ယာဉ်ကြော ကျပ်နေလို့ လိုင်းကားကြီးတွေရဲ့ ဟွန်း သံတွေဆူညံနေတာပါပဲ။ ဗညားဒလ လမ်းမကြီးပေါ်က မင်္ဂလာဈေးရှေ့ မှတ်တိုင်မှာဆိုရင် မြို့ထဲဘက်ကို ထွက်မယ့်ကားနဲ့ မြို့ထဲက နေလာတဲ့ လိုင်းကားတွေရော ကိုယ်ပိုင်ကားတွေ ရော အမြဲပဲ စုပြုံပိတ်မိနေတတ်တယ်။ ဟွန်းမတီးရ နယ်မြေဖြစ်ပေမယ့် ယာဉ်တွေ ပိတ်နေတော့ လမ်းတောင်းတဲ့ ကားဟွန်းသံတွေအမြဲလို ပြန်ကြားနေရတယ်”ဟု မင်္ဂလာဈေးတွင် ဈေးဝယ်လေ့ရှိသူတစ်ဦးက ဆိုပါသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်ကြောကျပ် တောက်ပိတ်ဆို့မှုများဖြစ် ပေါ်နေရခြင်းမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလခန့်က ယာဉ်အိုယာဉ်ဟောင်းများ လဲလှယ်ရေးစီမံချက်အရ မော်တော်ယာဉ်သစ်များ ၀င်ရောက်လာမှုကြောင့်ဟု သုံးသပ်မှုများ ရှိနေသော်လည်း ရန်ကုန်မြို့တော်ရှိလမ်းများ၏ အကျယ်အ၀န်း၊ မြို့တော်ရှိလမ်းများပေါ်တွင် သွားလာနေသည့် ယာဉ်စီးရေမှာ အခြားမြို့ကြီး များနှင့် နှိုင်းယှဉ်ပါက ပြောပလောက်အောင် များပြားခြင်းမရှိသေးဟု လည်း ထောက်ပြသူများလည်း ရှိသည်။
“အခု ကားအသစ်တွေ ရောက်လာတယ်ဆိုတာ အရင်တုန်းကရှိပြီးသား ယာဉ်အိုယာဉ်ဟောင်းတွေကို ပြန်ပြီး အစားထိုးတာဖြစ်လို့ ယာဉ်တွေ တိုးလာတယ်လို့ ပြောလို့ မရပါဘူး။ အစီးရေကလည်း တစ်သောင်းကျော်သာ ရှိပါသေးတယ်။ နောက်ထပ် ဒီအစီအစဉ်အတိုင်းသာ ကားတွေထပ် တိုးလာဦးမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့ မှုက ပိုထူထပ်လာဦးမှာပဲ။ ဒီပြဿနာကို ရှင်းဖို့ကတော့ ကျွန်တော်တို့ မကြာ မကြာပဲ မီဒီယာတွေထဲကနေ တင်ပြနေပါတယ်။ စီမံခန့်ခွဲမှုကိစ္စပါ။ ကားပါကင်ကိစ္စပါပဲ။ လုံလောက်တဲ့ ကား ပါကင်မရှိဘဲ အထပ်မြင့်အိမ်ရာတွေ ဈေးဝယ်စင်တာကြီးတွေ၊ အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေ၊ ဟိုတယ် ကြီးတွေမြို့လယ်မှာ လမ်းဆုံလမ်းခွမှာ တည်ဆောက်ခွင့်ပေးထားတယ်။ ကားထားစရာ နေရာမရှိတော့ လမ်းပေါ်ရပ်ထားရတယ်။ မြို့ထဲကလမ်း အများစုက နှစ်လမ်းသွား၊ ယာဉ်ကြော လေးခုပဲ ရှိတယ်။ အဲဒီမှာ ယာဉ်ကြော ၂ ခုကို ကားပါကင် ပေးလိုက်တော့ ယာဉ်ကြော ၂ ခုလောက်ပဲ ကားတွေ စုပြုံသုံးနေတယ်။ ခရီးသည်တင်ကား တွေရဲ့ ယာဉ်ရပ်မှတ်တိုင်တွေက ခပ်စိပ်စိပ်ကလေးရှိနေတယ်။ အဲဒီမှာ ခရီးသည်တင် လိုင်းကားတွေက အနည်း ဆုံးသုံးစီးကနေ ငါးစီးလောက်အထိ အချိန်ကြာကြာရပ်ပြီး ခရီးသည် အတင်အချ လုပ်နေကြတယ်။ ဒီလိုနေရာမှာ ယာဉ်မပိတ်ရင် ဘယ်နေရာမှာ ယာဉ်ပိတ်မလဲ။ အဓိက စီမံခန့်ခွဲမှု၊ ပြီးတော့ ကားပါကင်ကိစ္စပါပဲ”ဟု ရန်ကုန်မြို့နေ အငြိမ်းစား ဒုတိယ ရဲမှူးကြီးမျိုးအောင်က ဆိုပါသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ် ဆို့မှုများကြောင့် ခရီးသည်တင်ယာဉ် များကို အဓိက အားထားနေရသည့် ခရီးသွားများအတွက် ယာဉ်ပေါ်တွင် အချိန်ကြာမြင့်စွာ အချိန်ပေးနေရခြင်း များရှိလာကြောင်းလည်း သိရသည်။ ယင်းသို့ အချိန်ပေးနေရမှုများမှာ ယာဉ်နှင့် လူစည်ကားသည့် နေရာများ တွင်သာမက တစ်မြို့လုံးဖြန့်၍ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ယာဉ်အစီးရေစုစုပေါင်းမှာ နှစ်သိန်းခွဲကျော်ခန့်သာရှိနေပြီး၊ နိုင်ငံတကာ မြို့ပြများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကများစွာ ကွာခြား နေသေးသော်လည်း မဟာဗန္ဓုလ လမ်းမကြီး၊ အနော်ရထာလမ်းမကြီး တွင်သာ ခရီးသည်တင်ယာဉ်လိုင်းများ စုပြုံပြေးဆွဲနေခြင်း၊ ရန်ကုန်မြို့တော်ရှိ မြို့ပတ်နှင့် မြို့ပြင်မြို့နယ် များမှ ယာဉ်လိုင်းအသီးသီးအနေဖြင့် မြို့လယ်ဆူးလေကိုသာ ဦးတည်ပြေး ဆွဲသည့်စနစ်ကို ဆက်လက်ကျင့်သုံး နေခြင်းနှင့်အဓိကလမ်းမကြီးများပေါ် တွင် ယာဉ်များအား အချိန်ကြာမြင့်စွာ ရပ်နားခွင့်ပြုထားခြင်းတို့ကြောင့် ယာဉ်ကျပ်တောက်ပိတ်ဆို့မှုများ ဖြစ်လာရကြောင်း သုတေသီအချို့ သုံးသပ်ထားပါသည်။
“ကျွန်တော်က တောင်ဒဂုံကပါ အလုပ်ကမြို့ထဲမှာရှိတဲ့ ကုမ္ပဏီတစ်ခု က ယာဉ်မောင်းတစ်ယောက်ပါ။ အလုပ် တက်ချိန်က ၉ နာရီဆိုတော့ အိမ်က နေမနက်ပိုင်းဆိုရင် ၆ နာရီခွဲလောက်စ ထွက်ရတယ်။ မှတ်တိုင်မှာ ကားစောင့်ရင် အနည်းဆုံး နာရီဝက်လောက် ကြာပါတယ်။ ပြီးတော့လမ်းမှာ ကားပိတ်တာတွေနဲ့ ကားကျပ်တာတွေက နေ့ တိုင်းလိုလိုရှိနေတော့ တစ်နေ့ကိုကား ပေါ်မှာအသွားအပြန် ၄ နာရီလောက် က အချိန်ကုန်တယ်။ ကျွန်တော်တို့လို လက်လုပ်လက်စားတွေက အဓိက လိုင်းကားကိုဘဲ အားကိုးနေရတာ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း၊ ယာဉ်လိုင်းတွေကို စိစစ်ပြီး လိုအပ်တဲ့ နေရာတွေကို တိုးချဲ့ ပြေးဆွဲပေးသင့်ပါတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်သူ ကိုဇော်ထွန်း က နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများအား ပြောပြခဲ့သည်။
ယင်းအပြင် ယခင်က ခရီးသည်တင် ယာဉ်လိုင်းများအား ကန့်သတ်ထားသည့် ကန့်သတ်ချက်ကို ဖြေလျော့ပေးခဲ့သည့်အတွက် ခရီးသည်တင်လိုင်း အချို့ကို အားပြုစီးနင်းနေရသည့် ခရီး သည်များအတွက် ယာဉ်အခက်အခဲများ ဖြစ်ပေါ်နေရခြင်းများလည်း ရှိလာပြီး၊ ၀င်ငွေများများရနိုင်သည့် ယာဉ်လိုင်းအတွင်းသို့ ၀င်ငွေနည်းသည့် ယာဉ်လိုင်းမှ ယာဉ်အချို့ပြောင်း ရွှေ့မှုများရှိလာခြင်းကလည်း လမ်းကြောင်း တစ်ခုတည်းပေါ်တွင် ယာဉ်အစီးရေ များပြားနေမှုကြောင့်လည်း စည်းမဲ့ကမ်းမဲ့ ရပ်တန့်ခြင်းများ မောင်းနှင်သွားလာမှုများကြောင့် ယာဉ်ကြောပိတ်ဆို့ ရှုတ်ထွေးမှုများကို ဖြစ်လာစေကြောင်း သိရသည်။
“တချို့ယာဉ်လိုင်းတွေက ခရီးလမ်းကြောင်း ရှည်ပေမယ့် စီးနင်းတဲ့ သူများတယ်။ ဒါပေမယ့် ခရီးလမ်း ကြောင်းရှည်တဲ့အတွက် အခြားယာဉ်လိုင်းတွေနဲ့ လမ်းကြောင်းတစ်ထပ် တည်းကျတဲ့နေရာကလည်းရှည်နေတဲ့ အတွက် အဲဒီယာဉ်လိုင်းမှာ ၀င်ငွေကလျော့တာမျိုး ရှိတယ်။ ဒါမျိုးဆိုရင် ယာဉ်ပိုင်ရှင်တွေက လမ်းကြောင်းရှည်ပေမယ့် အခြားယာဉ်လိုင်းတွေနဲ့ လမ်းကြောင်းသိပ်မထပ်ဘဲ ၀င်ငွေများများ ရမယ့် လိုင်းမျိုးကို ပြောင်းလာကြတယ်။ အဲဒီတော့ ယာဉ်လိုင်းတွေဘက် က အဆင်ပြေပေမယ့် စီးတဲ့သူကျတော့ အဆင်မပြေတော့ဘူး။ တစ်ဘက်မှာလည်း လမ်းကြောတစ်ခုတည်းမှာ ပြေးနေတဲ့ ယာဉ်တွေများလာရင် ခရီးသည် လုတင်မောင်းပြေးတာတွေ၊ နောက် ကားမလာမချင်းစောင့်ပြီး အချိန်ဆွဲပြီး ထောက်ထားတွေ လုပ်လာတဲ့အခါ မလိုအပ်ဘဲ လမ်းပေါ်မှာ ယာဉ်တွေ ထပ်ပြီး အကြာကြီးရပ်နေတာ။ လမ်း ကြောပြောင်းပြီး အတင်းဝင်အတင်း ထွက်လုပ်တာကြောင့် လမ်းပိတ်မှုတွေ ဖြစ်လာတဲ့အတွက် ဒီလို လိုင်းပြောင်းတာမျိုးကိုလည်း ကြပ်မတ်သင့်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။
ကားဟောင်းလဲလှယ်ရေး အစီအစဉ်အရ တင်သွင်းသည့် ယာဉ်အစီးရေမှာ လက်ရှိတွင် အစီးရေတစ်သောင်းကျော်သာ ရန်ကုန်၊ မန္တလေးလမ်းမပေါ်သို့ ရောက်ရှိပြီး အဆိုပါအစီးရေမှာလည်း အသစ်ထပ်တိုးသည့် ယာဉ်အစီးရေမဟုတ်ဘဲ ယခင်ရှိနှင့်ပြီး ကားဟောင်းများနေရာသို့ ၀င်ရောက်လာခြင်းသာ ဖြစ်ကြောင်း သိရသည်။
ကားသစ်အစီးရေ ပြောပလောက်သည့် ပမာဏတိုးလာခြင်း မဟုတ်သေးသော ယခုကာလ၌ပင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားရပ်နားရန်နေရာအတွက် အကျပ်အတည်းကြုံနေရသော် ထပ်မံ ၍ကားသစ်များ ၀င်ရောက်လာပါကပိုမို ဆိုးရွားသည့် အနေအထားရှိလာမည် ဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။
“ကားဟောင်းလဲလှယ်တဲ့ အစီအစဉ်အရ ရန်ကုန်၊ မန္တလေးလမ်းပေါ် ကိုရောက်လာတာ အစီးရေတစ်သောင်းကျော်ပဲ ရှိသေးတယ်။ ဒီအစီးရေထဲမှာ တစ်ဝက်လောက်က အရင်ကတည်းက လမ်းပေါ်မှာ သွားနေတဲ့ကားတွေပဲ အသစ်တိုးတာက အစီးရေထောင် ဂဏန်းပဲရှိသေးတာ။ ဒီလိုအချိန်မှာ တောင် ဒီလောက်ယာဉ်ကြောပိတ်ရင် နောက်ထပ်အစီးရေ လေးငါးသောင်းသာဝင်ရင် အခုထက်ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင်ပြဿနာကြုံရမယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
“ကားတင်သွင်းတဲ့ မူဝါဒကလည်း ကိုယ့်မှာရှိတဲ့ အခြေခံ အဆောက်အအုံ၊ ကိုယ်လုပ်နိုင်တဲ့ အခြေခံအဆောက်အအုံနဲ့ လိုက်လျောညီထွေတဲ့ တိကျတဲ့ မူဝါဒရှိဖို့ လိုတယ်။ ဥပမာ-ကားတင်သွင်းခွင့်ကို ဘယ်လိုခွင့်ပြုမယ်၊ လမ်းပိုင်းပြင်ဆင်မှုကို ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ ဒီနှစ်ချက်က ညီနေဖို့လိုတယ်။ လမ်းပြင်ဆင်မှုဘာမှမရှိဘဲ ကားကိုချည်းပဲ သွင်းနေရင်လည်း အများပြည်သူနိစ္စဓူဝ ဒုက္ခတွေ့နေမှာပဲ”ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
“ယာဉ်ဟောင်းလဲလှယ်တဲ့ အစီအစဉ် အရ တင်သွင်းလာတဲ့ကားထဲမှာ Hatchback နဲ့ Wagon သတ်မှတ်ချက်လွဲပြီး မော်ဒယ်မြင့်သွားလို့ ပေးဆောင်လိုက်ရတဲ့အထဲမှာ အနိမ့်ဆုံး ၂၆၅ ရာ ခိုင်နှုန်းကနေ အမြင့်ဆုံး ၄၆၅ ရာခိုင် နှုန်းအထိရှိခဲ့တယ်။ ဒါက မြန်မာနိုင်ငံ မှာ ယာဉ်တင်သွင်းမှုအပေါ် အပြင်းထန်ဆုံး ဒဏ်တပ်ရိုက်တဲ့ အမြင့်ဆုံးအခွန်နှုန်းပဲ။ ဒေသတွင်း နိုင်ငံအချို့မှာတော့ ထိုင်းမှာဆိုရင် Luxury ကားတွေကို တင်သွင်းစီးရင် ၂၀၀ ရာခိုင်နှုန်းလောက် အခွန်ကျသင့်တယ်။ မလေးရှားမှာဆိုရင် အင်ဂျင်ပါဝါအလိုက်ခွဲ ထားတယ်။ ၂၅၀၀ စီစီအထက်ဆိုရင် ၁၀၀ ကနေ ၃၀၀ ရာခိုင်နှုန်းလောက် ကျသင့်တယ်။ ဒါက Duty နဲ့ Local Tax အပါအ၀င်ပေါ့။ စင်ကာပူမှာဆိုရင် ၄၀၀ ကနေ ၅၀၀ ရာခိုင်နှုန်း လောက်အထိတောင် ရှိတယ်။ ဒီမှာ အများပြည်သူ စီးတဲ့ကားကို ဦးစားပေးဖို့အတွက် အခွန်လျှော့ပြီး ဇိမ်ခံကားတွေမှာမြှင့်မယ်ဆိုရင် အင်ဂျင် ပါဝါ ၂၅၀၀ စီစီအထက်ကို အမြင့်ဆုံး ၂၅၀ ရာခိုင်နှုန်းလောက် အထိတော့ သတ်မှတ်လို့ရမှာပေါ့။ ကျွန်တော်တို့ ယာဉ်ဟောင်းတွေ လဲလှယ်တဲ့သူတွေတောင် အင်ဂျင်ပါဝါနိမ့်တာတောင်မှ ၁၆၅ ရာခိုင်နှုန်းအထိ ပေးဆောင်နေရတာပဲ နိုင်ငံတကာဈေးနဲ့ သုံးဖို့ဆိုတာ ကတော့ လမ်းအနေအထား၊ ခုံးကျော်တွေ အနေအထားတွေက အဓိကအကျဆုံး ဖြစ်မှာပါ”ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြ ခဲ့သည်။
အခြေခံ အဆောက်အအုံပိုင်း ပြည့်စုံသည့် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများတွင် ၀ယ်ယူစီးနင်း နေရသည့် ဈေးနှုန်းမျိုးဖြင့် ၀ယ်ယူရ ရှိနိုင်ရန်မှာ လတ်တလော ပြည်တွင်းရှိ အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ လိုအပ်ချက် အခြေအနေများကြောင့် မဖြစ်နိုင်သေးကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
“ကျွန်တော်တို့နိုင်ငံမှာ ခရီးသည်တင်ယာဉ်ကို နေ့စဉ် အသုံးပြုနေကြရတဲ့ လူဦးရေပမာဏနဲ့ လက်ရှိပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်အရေအတွက် က လိုအပ်ချက်တွေအများကြီးပါ။ အခု ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်နဲ့ လဲလှယ်ခွင့်ပြုတဲ့ အထဲမှာ လူအများစု အသုံးပြုစီနင်းနိုင်တဲ့ ခရီးသည်တင် ယာဉ်တွေ၊ Pick-up ယာဉ်တွေ၊ Taxi ယာဉ်တွေ တင်သွင်းမှု အရမ်းနည်းပါးနေပါတယ်။ ဒါကြောင့် လူအများစုစီးရမယ့် ကားတွေကို အခွန်နှုန်းထား သက်သာစွာနဲ့ များများ တင်သွင်းခွင့်ရနိုင်အောင် စီစဉ်ဆောင်ရွက်ပေး သင့်ပါတယ်။ လက်ရှိအနေအထားအရ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်တွေ အများကြီး ရှိနေတဲ့အချိန်မှာ လူနည်းစုသာ စီးနင်းနိုင်တဲ့ Luxury အမျိုးအစား ကားတွေထက် လူအများစုစီးနိုင်တဲ့ ကားတွေတင်သွင်းနိုင်အောင် လုပ်ဆောင်ပေးရမှာပါ။ အမှန်တော့ ဘတ်စကား အပ်မှ ဘတ်စကား၊ Truck ကားအပ် မှ Truck ကားသွင်းခွင့်ပေးတဲ့စနစ် အစား အများစုအသုံးပြုလို့ရတဲ့ ကားတွေ တင်သွင်းခွင့်ကိုတော့ ကန့်သတ် မထားသင့်ဘူး။ ကားဟောင်းလဲလှယ်ရေး အစီအစဉ်အရ ကားတင်သွင်းခွင့်ပေးတဲ့ မူဝါဒတွေမှာ တည်ငြိမ်မှုမရှိတာကို တွေ့ရတယ်။ မူဝါဒက တစ်သတ်မတ်တည်း မဟုတ်ဘူးဖြစ်နေတယ်။ လက်ရှိခြောက်လမ်းသွားဆို ပေမယ့် အပြည့်အ၀မသုံးနိုင်တဲ့ လမ်း တွေ၊ လိုအပ်ချက်ရှိနေတဲ့ ကားပါကင် ပြဿနာတွေ၊ ပြည်သူတွေ ပြောနေကြတဲ့ လေထဲရောက်နေသေးတယ် ဆိုတဲ့ ခုံးကျော်တံတား အစီအစဉ်တွေအတိုင်း ဆိုရင် ၆ လ၊ တစ်နှစ်အတွင်း ကား အစီးရေ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ၀န်း ကျင်အထိသာ ၀င်လာရင်တော့ ဒီထက် ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ သေချာပေါက်ကြုံရမှာပါ။ အခု ၁၅ မိနစ် လောက်စောင့်ရတဲ့ ပွိုင့်တွေမှာ နာရီဝက် ၄၅မိနစ်လောက် စောင့်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
“ထိုင်းနိုင်ငံမှာဆိုင်ရင် Luxury ကားတွေကို အခွန် ၂၀၀ ရာခိုင်နှုန်း လောက် ကောက်ခံတာကို တွေ့ရပါတယ်။ ဒီမှာလည်း ၂၅၀၀ စီစီ အထက်ယာဉ်တွေကို လိုက်လျောညီထွေ ထိရောက်တဲ့ အခွန်နှုန်းထားတွေ ကောက်ခံရမှာပါ။ တစ်ဖက်မှာလည်း ၁၅၀၀ စီစီကနေ ၂၀၀၀ စီစီ လောက် အထိ ကားတွေကို Taxi အဖြစ် အသုံးပြုနိုင်အောင် အခွန်နှုန်းထား လျှော့ပေါ့ ပေးသင့်ပါတယ်။ ခရီးသည်တင်ယာဉ် တွေ၊ အငှားယာဉ်တွေဆိုရင် အခွန် ၀ ရာခိုင်နှုန်းနဲ့တောင် ပေးသင့်တယ်လို့ ထင်တယ်။ ဒါမှခရီးသည်တွေအတွက် ကားလည်းပေါမယ်၊ အပြိုင်အဆိုင် မောင်းစရာမလိုတော့လို့ အန္တရာယ်လည်း ကင်းသွားလိမ့်မယ်။ ဘတ်စကားနဲ့ အငှားယာဉ်တွေကို တကယ်လုပ်မယ့် ကုမ္ပဏီတွေက တာဝန်ယူ တင်သွင်းနိုင်အောင် ဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်။ လူ ၃၀ စီးနိုင်တဲ့ အင်ဂျင် ပါဝါလည်းမကြီးတဲ့ ယာဉ်တစ်စီးတင် သွင်းခွင့်ပြုတာနဲ့ လူသုံးလေးယောက် စီးနိုင်တဲ့ အင်ဂျင်ပါဝါမြင့်ဆလွန်း ကား ၁၀ စီးကိုသွင်းခွင့်ပြုတာ လတ်တလောမှာ ဘယ်ဟာပိုသင့်တော်လဲ ချိန်ဆစဉ်းစားစေချင်ပါတယ်။ လောလောဆယ် အနေအထားတွေအရတော့ လူအများစုစီးနိုင်တဲ့ အမျိုးအစားကို ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်” ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
ဒေသတွင်းနိုင်ငံ အချို့၏ (Luxury) ကားဝယ်ယူမှု အပေါ် ကောက်ခံသည့် အခွန်နှုန်းများ
စင်ကာပူ - စင်ကာပူနိုင်ငံတွင် ကားဝယ်ယူပါက ၀ယ်ယူခွင့် ပါမစ်တန်ဖိုးအပါအ၀င် ကားတန်ဖိုး၏ ၄၀၀ ရာခိုင်နှုန်း ၀န်းကျင်မှ ၅၀၀ ရာခိုင်နှုန်းအထိ ကုန်ကျမည်ဖြစ်သည်။ အဆိုပါ ကုန်ကျစရိတ်တွင် လမ်းအသုံးပြု ခမပါဝင်ဘဲ သီးသန့် ထပ်မံပေးဆောင်ရသည်။
ထိုင်း - ထိုင်းနိုင်ငံတွင် ဇိမ်ခံကားဆိုပါက မည်သည့် အမျိုးအစားမဆို အကောက်ခွန်မှ အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံသည်။ အဆိုပါ ၂၀၀ ရာခိုင်နှုန်းမှာ အကောက်ခွန်မှ ကောက်ခံသည့် နှုန်းသာဖြစ်ပြီး ပြည်တွင်းအခွန်၊ လမ်း အသုံးပြုခွန်၊ အာမခံကြေးများမပါဝင်ပါ။
မလေးရှား – မလေးရှားနိုင်ငံတွင် ကားဝယ်ယူမည်ဆိုပါက အကောက်ခွန်မှ ၎င်းတို့ သတ်မှတ်သည့် ကားတန်ဖိုး၏ အခွန်နှုန်း ၁၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်းထိ ကောက်ခံသည်။ သက်တမ်းငါးနှစ်နှင့် အထက် ကားများကို မလေး ရှားနိုင်ငံတွင် တင်သွင်းခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင်း မော်တော်ယာဉ်ဆိုင်ရာ အချက်အလက်များ
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ကားစီးရေ – ၈၀၀၀ ၀န်းကျင်
ရန်ကုန်တိုင်း ဒေသကြီးရှိ ယာဉ်အစီးရေ – ၂ ဒသမ ၅ သိန်းဝန်းကျင်
ရန်ကုန်တိုင်းဒေသကြီးရှိ အငှားယာဉ်စီးရေ – ၂၀၀၀၀ ၀န်းကျင်
ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ အများဆုံး ဖြတ်သန်းနေသည့် လမ်းမကြီးများ
လမ်းအမည် အကျယ် ကမ္ဘာအေးဘုရားလမ်း ၇၂ ပေ ပြည်လမ်း ၇၂ ပေ အနော်ရထာလမ်း ၅၀ ပေ ဗိုလ်ချုပ်လမ်း ၆၀ ပေ ကုန်သည်လမ်း ၅၀ ပေ မဟာဗန္ဓုလလမ်း ၅၀ ပေ ကမ်းနားလမ်း ၇၂ ပေ ဘုရင့်နောင်လမ်း ၇၂ ပေ ပါရမီလမ်း ၅၀ ပေ အင်းစိန်လမ်း ၇၂ ပေ ဗညားဒလလမ်း (တာမွေအ၀ိုင်း) ၇၂ ပေ ဗားကရာလမ်း ၇၂ ပေ
Eleven Media Group
ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂
ဒီမိုကရေစီဒီလှိုင်း
ဒီရေ
ဒီအရေး
ဒီစကား တွေကတော့
အများကြီးပါပဲ။
ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)
(kratos) အင်အား ၊ အာဏကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ ဒီမိုကို ပြည်သူလို့အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံး
နေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။
ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့
လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သား
လူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ'' လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေ
ဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။ ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ
''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော်ဟစ်ပြီး ပြောရာတာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာ
တွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့
ယူဆမိပါတယ်။
ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်
သား လူအများတို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသားတွေက ဘယ်အစိုးရတက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊မျှော်လင့်ချက် စွန့်လွှတ်ထားသူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။
ဒီနေ့တော့ဒီမျှသာ… အောင်ဆန်းစုကြည်
မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ်အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော်မျိုးတော်ကို ကြည့်ရှုစောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေတပ်မတော်သားတွေ နိုင်ထက်စီးနင်းပြုလုပ်ခဲ့တယ်။ ရာထူးတက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော်အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက်ရောက်တော့လည်း နအဖ(ပယက)ဥက္ကဌ လက်ထက်မှာပင် အောက်ခြေအရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။
အစည်းအဝေးခန်းမမှာပင် အစည်းအဝေးလုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီးပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်းဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့  ကြားရသည်မှာ နားမဆန့်နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေးဝန်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏကွဲတယ်နော်။ ၀န်ကြီးချုပ်ရေနွေး ဘယ်လိုသောက်လည်းမသိဘူးလို့  ရီစရာဟာသစကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ်လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက်နေရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့်တိုက်ပွဲများဖြစ်ခဲ့ရသလို သူ့ကြောင့် လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း ၀န်ကြီးချုပ်ဦးဇော်မင်း ကြောင့် မကြာမီပျက်ဆီးသွားနိုင်ပါတယ်။ KNU , KNLA , DKBA နှင့် မွန် အစရှိသည့် အဖွဲ့အစည်းတွေကလည်း သူ့ကိုသဘောမကျကြဘူး။ သူ့ကို သဘောကျတာ နယ်ခြားစောင့်တပ်ဖြစ်သွားတဲ့ ဗိုလ်မှူး စောချစ်သူ (ယခင် ဒီကေဘီအေ ၉၉၉ တပ်မှူး ) တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်စောချစ်သူ ဟာ လက်နက်အားကိုးနဲ့ ကရင်ပြည်နယ်က သဘာဝတွင်းထွက်များ၊ ကျွန်းသစ်များကို တစ်ဖက်ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတယ်။ တဖက်နိုင်ငံမှ တရားမ၀င်ကားများ၊ အခွန်လွတ် စက်သုံးဆီများ တင်သွင်း ပို့ဆောင်ခြင်းကို ကရင်ပြည်နယ် ၀န်ကြီးချုပ်က လာဘ်ငွေ တိတ်တဆိတ်ယူပြီး လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ ဗိုလ်စောချစ်သူ လာတယ်ဆိုတာနဲ့ အစည်းအဝေး လုပ်နေရင်ကနေတောင် ချက်ချင်းထ ကြိုဆိုနေရပါတယ်။ ဒါအပြင် မြ၀တီမြို့မှာရှိတဲ့ မြေဧက တော်တော်များများကို လန(၃၉) ဈေးကြီးကြီးဖြင့် လက်သိတ်ထိုး လပ်ယူကာ မိမိကိုယ်ကျိုးအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာနန်းမြေကွက် အချို့ကိုလည်း ၎င်း၏ညီဖြစ်သူနံမည်နဲ့ အကွက်များလည်း ရယူထားပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် စက်မှုဇုန်ထူထောင်ရေးတွင် ကမ်းလှမ်းလာလို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံ မြန်မာလူမျိုး(ထိုင်းနိုင်ငံ နေထိုင်သူ)များကို ဦးဇော်မင်းက ခင်ဗျားတို့ ထိုင်းလီးကို ကောင်းကောင်း စုတ်နေတဲ့ ကောင်တွေဆိုပြီး မိုက်ရိုင်းစွာ ပြောဆိုဆက်ဆံပါတယ်။ ယခုလည်း ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အား လုပ်ငန်းကို ဘားအံမြို့နှင့် မော်လမြိုင် နေထိုင်သူ ငွေမိုးဟော်တယ်၊ ဟော်တယ်ဇွဲကပင် ပိုင်ရှင် နှင့် ပူးပေါင်းရှယ်ယာ ပြုလုပ်ကာ လျှပ်စစ်ဓာတ်အားလုပ်ငန်းကို အာဏာနှင့် အတင်းရယူ လုပ်ကိုင်ခွင့် ရရှိသွားပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူတွေ လုပ်ကိုင်ခွင့်မရကြပါဘူး။ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးခင်ဇော်နှင့် ပင်ကိုယ်စရိုက်ချင်း အတူတူဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း မဖွံ့ဖြိုးသေးတဲ့ မြို့များနဲ့ ကျေးရွာများကို လုံခြုံရေးအကြောင်းပြကာ သွားလာကြည့်ရှု အထောက်အကူပေးချင်းမရှိပဲ နယ်စပ် မြ၀တီမြို့ကို ၄င်းတို့ အကျိုးရရှိရေးအတွက် မကြာခဏလာလို့ ၀န်ထမ်းများလည်း စိတ်ညစ်နေကြရပါတယ်။ မြ၀တီမြို့ကို ၀န်ကြီးချုပ်က ဓာတ်ကျအလွန်ကျနေပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူလူထုဟာ စီးပွားရေးမကောင်းလို့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတဲ့ ကြားကပင် “သူကြီးဘုရား ရွာသားကောင်းမှု “ ဆိုသလို စွယ်တော်ပွား စေတီဘုရားကို နိုင်ငံတော်ဘုရား အမည်တတ်ကာ ပြည်သူလူထုထံမှ မတရားအလှူငွေ ကောက်ခံနေပါတယ်။ ဘုန်းကြီးတွေကိုပင် အတင်းတရားပွဲ လုပ်ခိုင်းကာ တရားဟောခိုင်းပြီး ရလာတဲ့အလှူငွေကို ဘုရားအတွက် ရှာခိုင်းပါတယ်။ သူတို့ကိုယ်တိုင်တော့ အလှူငွေ တစ်ပြားတစ်ချပ် ထည့်ဝင်ခြင်းမရှိပါဘူး။
ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းက မတရားကြိတ်ပုန်း လပ်စားနေတာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ် ၀န်ကြီးအချို့ဟာ ဌာနဆိုင်ရာတွေအပေါ် ဖြစ်ညှစ်ပြီး အမှီးရအမှီး၊ ခေါင်းရခေါင်း လုပ်ကိုင်စားသောက်နေသော ပြည်နယ် ၀န်ကြီးများကို မပြောရဲမဆိုရဲပဲ မသိချင်ရောင်ဆောင် နေရသော ဘ၀ကို ရောက်နေရပါတယ်။ ယခုလည်း ကော့ကရိတ်-မြ၀တီ ကားလမ်းအသစ်ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာ မြေကွက်များ လန(၃၉)ချပေးဖို့အတွက် အဆီတ၀င်းဝင်းနဲ့ ကတွင်းနေပြီးဖြစ်ပါတယ်။ ဒီလို အဂတိလိုက်စားလွန်းလို့ ကရင်ပြည်နယ်အစိုးရတစ်ဖွဲ့လုံးကို ကြည်ညိုခြင်း မရှိသလို လေးစားခြင်းလည်းမရှိကြပါ။ ဘာမှ ကောင်းအောင် လုပ်မပေးနိုင်တဲ့ အစိုးရလို့  အသိအမှတ် ပြုကြပါတယ်။ ငပေါအစိုးရလို့တောင် ပြောနေကြပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်များနှင့် ပြည်နယ်ဝန်ကြီးများတို့မှ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မတရားကြိတ်ပုန်းခုတ်လပ်စားနေတာကို လေ့လာ စောင့်ကြည့်ကာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စု အစိုးရသိရှိအောင် ဖော်ထုတ်တိုင်ကြားနိုင်ရန် တင်ပြတောင်းဆိုပါတယ်။
(နောက်ဆက်တွဲ ဖော်ပြပါမည်)။ စောဖိုးခွါး
ဦးခင်ညွန့်ညွှန်ကြားချက်အရ မြရိပ်ညိုပညာရေးနာယကလုပ်မည့်သတင်း မှားကြောင်းပြော
မြရိပ်ညိုပညာရေးနာယကလုပ်မည့်သတင်း မှန် ၊ မမှန် သတင်းယူဖို့ သွားသူကို ဦးခင်ညွှန့်နေအိမ်မှ ဦးကျော်ဝင်းဆိုသူက ဖုန်းနံပါတ်တစ်ခုကို ပေးကာ ယင်းဖုန်းနံပါတ်အား ဖြေဆိုသူ(အမည်မဖော်ပြလိုသူ)က ဦးခင်ညွှန့်၏ ညွှန်ကြားချက်အရ ဒီသတင်းဟာ သတင်းမှား ဖြစ်နိုင်ကြောင်း ၊ ၎င်းသတင်းမှာ မဟုတ် မမှန်ပါကြောင်း ငြင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။သတင်းအပြည့်အစုံဖတ်လိုပါက
thithtoolwin.com
ပုံရိပ်(burmesehearts.com)
သတ်မှတ်ဈေးနှင့် အညီရောင်းချကြရန် အချိန်တန်ပါပြီ
ထီလက်မှတ်များကို ဈေး နှုန်းချိုသာစွာဖြင့် နိုင်ငံတော်အစိုးရက ရောင်းချပေးလျက်ရှိပါသည်။ သို့ပါသော် လည်း ပြန်လည်ရောင်းချသူများမှ အပို ကြေးပေးဆောင်မည်ဟု မက်လုံးပေးကာ အဆမတန်ဈေးတင်ရောင်းနေခြင်းမှာ ဥပဒေနှင့်မညီကြောင်းပြည်သူ့လွှတ်တော် ၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့သလို ဂျာနယ်များတွင်ပညာပေး ရေးသားမှုရှိခဲ့သော်လည်း ထီရောင်းချသူ များမှ ပြည်သူများအပေါ် ကိုယ်ချင်းစာ မှုမရှိကြသေးသည့်အပြင် နိုင်ငံတော်အစိုး ရမှ တရားဥပဒေစိုးမိုးရေးအား ဆောင် ရွက်နေသည်ကို လေးစားလိုက်နာမှုမရှိ ဘဲ ယနေ့အထိ ဈေးတင်ရောင်းချနေပါ ကြောင်း သိလိုက်ရ၍ဖြစ်ပါသည်။ နိုင်ငံ တော်အစိုးရက သက်သာသောဈေးနှုန်း ဖြင့် ပြည်သူတိုင်းကံစမ်းခွင့်ရစေရန် ဆောင်ရွက်ပေးထားပါသည်။ သို့သော် ပြန်လည်ရောင်းချသောလူများက အဆ မတန်ဈေးတင်၍ရောင်းချနေသဖြင့် လူတိုင်းထီထိုး၍မရဖြစ်နေပါသည်။ ထီ တစ်အုပ်တွင် ထီ (၁၁)စောင့်ထည့်ထား ကာ (၁၀)စောင်၏တန်ဖိုးကိုသာပေးသွင်း စေပြီး တဆင့်ပြန်လည်ရောင်းချသူများ အတွက် နိုင်ငံတော်အစိုးရက အပိုထည့် ပေးထားပြီးဖြစ်ပါသည်။ သို့သော်လည်း ထီရောင်းချသူများကစိတ်ကြိုက်ဈေးတင် ပြီး ရောင်းနေသည်မှာ ရာဇသတ်ကြီး အက်ဥပဒေ (ပြစ်မှုဆိုင်ရာဥပဒေ)ပုဒ်မ- ၂၉၄-(က)အရ ငြိစွန်းနေသည့်အပြင် လောင်းကစားဥပဒေနှင့်လည်းအကြုံးဝင် နေတာသိစေလိုပါသည်။ ယင်းမူရင်းဥပ ဒေအား ပြည်သူများက ဗဟုသုတအနေ ဖြင့် သိစေလို၍ တင်ပြရပါလျှင်-ရာဇသတ်ကြီးအက်ဥပဒေပုဒ်မ ၂၉၄(က) မည်သူမဆို အစိုးရ၏ အခွင့်အမိန့်မရရှိဘဲ ထီဖွင့်အရန်အလို့ငှာ၊ သို့တည်းမဟုတ် ထီပွဲကိုအားပေးအားမြှောက်ပြုရန်အလို့ငှာ ရုံတစ်ခုခုကိုသော်လည်းကောင်း၊ နေရာ တစ်ခုခုကိုသော်လည်းကောင်း ထားရှိလျှင် ထိုသူကို ခြောက်လထိထောင်ဒဏ်တစ်မျိုး မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
မည်သူမဆို ထီပွဲတစ်ခုခုတွင် ထီလက် မှတ်များ သို့တည်းမဟုတ် ကံစမ်းခွင့်များ ကို ထီလက်မှတ်အပေါ်တွင်ဖော်ပြထား သည့်အတိုင်းရောင်းရင်းတန်ဖိုးအပြည်ရရှိ ၍ ရောင်းခြင်းမဟုတ်ဘဲ၊ အခြားနည်း ထုတ်ဝေလျှင်၊ သို့တည်းမဟုတ်၊ ထုတ် ဝေရန်ကမ်းလှမ်းလျှင်၊ သို့တည်းမဟုတ် ထုတ်ဝေရန် ကြော်ငြာလျှင် ထိုသူကိုကျပ် တစ်ထောင်ထိ ငွေဒဏ်ချမှတ်ရမည်””ဟု ပြဋ္ဌာန်းထားပါသည်။
ထီလက်မှတ်များအား ဆိုင်ဖြင့် လည်းကောင်း၊ မော်တော်ယာဉ်၊ လက် တွန်းလှည်း၊ စက်ဘီး၊ ဆိုင်ကယ်နှင့်လက် ပွေ့ရောင်းချသူများ၊ ယင်းဆိုင်တွင်လုပ် ကိုင်နေသော ၀န်ထမ်းများသည် သတ် မှတ်ဈေးနှုန်းထက်ပို၍ကြော်ငြာခြင်း၊ ပြောဆိုစည်းရုံးခြင်းများဖြင့် ရောင်းချနေ လျှင်ရာဇသတ်ကြီးအက်ဥပဒေအရတရား စွဲဆိုခံရပါမည်။ တချို့ထီရောင်းချနေသူ များနှင့်ဝန်ထမ်းများမှာ ဘာမျှမသိနား မလည်ကြသည့်အပြင် သိရအောင်လည်း ဥပဒေများကိုလေ့လာမှုအားနည်းကြပါ သည်။
မည်သို့ပင် ဆိုစေကာမူ သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ မိမိ၏ဆောင် ရွက်မှုသည်ဥပဒေပါအကြောင်းအရာများ နှင့် အကျုံးဝင်နေပါက တရားစွဲဆိုခံရ မည်ဖြစ်ပါသည်။ ယခုအခါအစိုးရက ပြည်သူများအပေါ်စေတနာထားပြီးလာ မည့် (၂၇၇)ကြိမ်မြောက် ဖေဖော်ဝါရီလ (၁)ရက်တွင်ဖွင့်လှစ်မည့် အောင်ဘာလေ ထီ အထူးဆု ကျပ်သိန်း ၁၅၀၀ ထည့် သွင်းဖွင့်လှစ်ပေးမည်ကို အသုံးချ၍ အဆ မတန်ဈေးတင်ရောင်းချနေသည်မှာအရုပ် ဆိုးလှပါသည်။
ထီရောင်းသူများအနေဖြင့် မိမိအသိ တရားဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းသင့်ပါသည်။ ထီကံစမ်းသူများက လည်း သတ်မှတ်ဈေးထက်တင်၍ရောင်း နေသည်ကို တွေ့ရပါက သက်ဆိုင်ရာသို့ တိုင်ကြားရမည်ဖြစ်ပါသည်။ လူသိရှင် ကြားကြော်ငြာ၍ သတ်မှတ်ဈေးထက် ဈေးတင်၍ရောင်းနေသောဆိုင်နှင့်ရောင်း ချနေသူများအပေါ်သက်ဆိုင်ရာအဖွဲ့ အစည်းများကလည်း အရေးယူဆောင် ရွက်ပေးရန် လိုအပ်နေပါသည်။ ထိုကဲ့သို့ ထီလက်မှတ်များအား ဈေးတင်၍ရောင်း ချနေမှုများ ယနေ့ထိဆက်လက်ရှိနေခြင်း မှာ ထီရောင်းသူ၊ ထီကံစမ်းသောပြည်သူ များနှင့် သက်ဆိုင်ရာများတွင် တာဝန် ကိုယ်စီရှိကြပါသည်ဟု သိစေလိုပါသည်။
““နိုင်ငံတော်မှရောင်းချသောထီလက် မှတ်များအား ကြိုက်သလိုဈေးတင်၍ ရောင်းချနေကြတာ တရားဝင်လိုင်စင်ပေး ထားလို့လား။ ၎င်းတို့ကိုဘာဖြစ်လို့အရေး မယူကြတာလဲဟုအခြေခံလူတန်းစားများ က ပြောဆိုနေကြပါတယ်””ဟုကြားသိနေ ရပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရမှ သတ်မှတ်ဈေးနှုန်းနှင့်အညီ ထီလက်မှတ် များအားရောင်းချကြရန် အချိန်တန်ပါပြီ ဟု အကြံပြုလိုက်ရပါသည်။
ဖိုးသိကြား
တရားသေ စွဲမှတ်ယူမှုမှာ IQ နိမ့်ခြင်းကြောင့်ဟု လေ့လာ သူများ ပြောကြား
ယခုနှစ် အစောပိုင်းတွင် ထုတ်ဝေ ခဲ့သည့် Psychological Science ဂျာနယ်တွင် ဖော်ပြသည့် အငြင်းပွားဖွယ်ရာ လေ့လာ တွေ့ရှိမှု အသစ်တစ်ရပ် အရ ဗြိတိန် နိုင်ငံရှိ ကလေးငယ်များ အတွင်း ဉာဏ်ရည် အဆင့်အတန်း (IQ) နိမ့်ပါးသူများမှာ လူမျိုးရေး ဘာသာရေး ခွဲခြားမှုများနှင့် ပတ်သက်ပြီး လူကြီးများ ကဲ့သို့ တရားသေ စွဲမှတ်ယူသူများ ဖြစ်လာနိုင်ကြောင်းကို ရေးသား ခဲ့ကြောင်း သိရသည်။ကြာသပတေး နေ့က ဖော်ပြခဲ့သည့် ယင်း သုတေသန ပြုလုပ်ချက်တွင် ရေးသား ထားရာ၌ ရှေးရိုးစွဲသော အယူရှိ သူများနှင့် အယူသီး သူများ အနေဖြင့် ဉာဏ်ရည် အဆင့်အတန်း နိမ့်ပါး နိုင်သည့် ကိစ္စတို့မှာ ဆက်စပ်မှုများ ရှိနေကြောင်း အွန်တေရီအိုတွင် ရှိသည့် Brock တက္ကသိုလ်မှ စိတ်ပညာရှင် Gordon Hodson မှပြောကြား ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လူမှုရေး အရ ရှေးရိုးစွဲ ဆန်သူများ၏ အတွေးအခေါ် များမှာ ပုံစံခွက် ထဲသို့ ဝင်နေပြီး ထုံးစံများ အတိုင်းသာ သွားလေ့ ရှိကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ကာ ကံမကောင်းစွာပင် ယင်းကိစ္စများမှာ အယူသီးမှုကို ဖြစ်စေခြင်း ဖြစ်ကြောင်း Hodson မှပြောခဲ့သည်။ သို့ရာတွင် ယခု လေ့လာချက်မှာ လူမှုရေး နှင့်ဆိုင်သည့် အယူသီးမှု များကိုသာ လေ့လာခြင်း ဖြစ်ပြီး နိုင်ငံရေး အယူသီးမှုများ မပါဝင်ကြောင်း ကိုလည်း ယင်းမှ ထပ်လောင်း ပြောကြား သွားခဲ့သည်။
source: Yahoo news
တပ်မတော်သားလည်း ပြည်သူပါပဲ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့ မြန်မာပြည် အပြောင်းအလဲကိစ္စမှာ တပ်မတော်သားတွေ အင်တိုက်အားတိုက်ပါဝင်ဖို့လိုတယ်၊ တပ်မတော်ကို စည်းရုံးဖို့ လိုကိုလိုတယ် ဆိုတဲ့စကားကို အတိအလင်းထုတ်ဖော် ပြောဆိုလာတာ ကြားရတော့ ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာအားတက်မိပါတယ်။
ပြည်ပအသံလွှင့်မီဒီယာတွေမှာလည်း ဒီကိစ္စအပေါ်မူတည်ပြီး ဆွေးနွေးတာတွေကို ကြားသိနေပါတယ်။ VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဆွေးနွေးသူတစ်ဦးက အန်တီစုရဲ့သဘောထားကို ထောက်ခံပြီး တပ်ကိုစည်းရုံးဖို့ လိုကြောင်း၊ အဲဒီလိုလုပ်ရာမှာ အန်တီစုအနေနဲ့ လိုအပ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်တောင်းသင့်ကြောင်း အကြံပြု ဆွေးနွေးသွားတာကို ကြားလိုက် ရပါတယ်။သူက စေတနာနဲ့ အပြုသဘောဆောင် ဆွေးနွေးသွားတာဖြစ်ပေမဲ့ လက်ရှိအနေအထားအရ တပ်ခေါင်းဆောင် တွေနဲ့ အန်တီစု လူသိရှင်ကြားတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ မဖြစ်နိုင်သေးပါဘူး။ အစိုးရအတွင်းမှာရော တပ်တွင်းမှာပါ အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်လွန်ဆွဲမှုတွေ ရှိနေနိုင် ပါတယ်။ ပုံမှန်အခြေအနေမှာတောင်မှ တပ်ဆိုတာ အရပ်ဘက်အဖွဲ့အစည်းတွေထက် လျှို့ဝှက်တဲ့သဘော၊ စည်းကမ်းတင်းကျပ်တဲ့သဘော ရှိတတ်တာပါ။
ဒီအတွက်ကြောင့် အန်တီစုဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တပ်မတော်သားတွေ ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အလမ်းမရှိနိုင်တာတော့ မဟုတ်ပါ။ လွှတ်တော်တွင်းကို ရောက်တဲ့အခါ ၂၅ ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များနဲ့ ညှိနှိုင်းလုပ်ဆောင်တာတွေ လုပ်နိုင်ပါတယ်။ တပ်မတော်သားဟောင်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ အန်တီစုအနေနဲ့ ရောက်လေရာ လူထုဟောပြောပွဲတိုင်းမှာ တပ်မတော်နဲ့ပတ်သက်တဲ့ Message တွေများများပေးပါ။ အဲဒီအသံဟာ တပ်ခြံစည်းရိုးတွေကို ကျော်ဖြတ်ပြီး တပ်မတော်သား မိသားစုတွေထံ ရောက်ရှိသွားမှာပါ။
တပ်ဆိုတာ Signal နဲ့လှုပ်ရှားဆောင်ရွက်တတ်တဲ့ သဘာဝရှိတာမို့ သူတို့သဘောပေါက် လွယ်မယ့် အချက်ပြ ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ တပ်လှန့်နှိုးဆော်နိုင်ပါလိမ့်မယ်။
ကျနော်တို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် စစ်မှုထမ်းဆောင်ဖူးသူတွေ များပြား လှပါတယ်။ ခုချိန်မှာ မြန်မာပြည်ရဲ့ လက်ရှိစစ်မှုထမ်းဦးရေ ၄ သိန်းရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီအတိုင်းဆိုရင် စစ်မှုထမ်းဟောင်း ဦးရေဟာ ၅ သိန်းအထက်မှာ ကျိန်းသေရှိနေနိုင်ပါတယ်။ ကျနော့်စစ်မှုထမ်းသက် ကာလတလျှောက် အတွေ့အကြုံအရ တပ်မတော်(ရေ) ရဲ့ လက်ရှိစစ်မှုထမ်းဦးရေဟာ နောက်ဆုံးရောက်နေတဲ့ ကိုယ်ပိုင်နံပတ်ကို ၃ နဲ့စားလို့ရတဲ့ ရလဒ်နဲ့ အနီးစပ်ဆုံးရှိပါတယ်။ ဥပမာ- မှတ်တမ်းရုံးမှာရှိတဲ့စာရင်းအရ နောက်အကျဆုံးစစ်သည်ရဲ့ ကိုယ်ပိုင်နံပတ်ဟာ ၃၀၀၀၀ (သုံးသောင်း) ဖြစ်တယ်ဆိုရင် တပ်အင်အားစာရင်း ဟာ ၁သောင်းပတ်ဝန်းကျင်ပဲ ရှိတာတွေ့ရပါတယ်။ ကျနော်တို့ တပ်ထဲဝင်စအချိန်မှာ ကိုယ်ပိုင်နံပတ် နှစ်သောင်း ရှစ်ထောင်လောက်ရှိတဲ့အချိန် တပ်အင်အားက ကိုးထောင်ခုနှစ်ရာဝန်းကျင်ရှိပါတယ်။ (အဲဒီအချိန်က ကြည်းတပ်မှာ ကိုယ်ပိုင်နံပတ် တစ်သန်းကျော်နေပါပြီ။ ကျနော်တို့နဲ့ သင်တန်းအတူတက်ရောက်တဲ့ ကြည်းတပ်က ရဲဘော်တွေဟာ ကိုယ်ပိုင်နံပတ် တ/၉၀+++ တွေများပါတယ်။)
ဒါကြောင့် နှစ်သောင်းနီးပါးသော ရေတပ်စစ်မှုထမ်းဟောင်းများဟာ သေဆုံးသူ အနည်းအကျဉ်းသာ ရှိနိုင်ပြီး အများစုက သူလိုကိုယ်လို သာမန်အရပ်သားတွေအဖြစ် ပြည်သူလူထုအကြားနေထိုင်သူတွေ ဖြစ်ပါတယ်။ တပ်ရဲ့သဘောသဘာဝနဲ့ တပ်ထဲကလူတွေရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်ဖို့ စစ်မှုထမ်းဟောင်း တွေကတဆင့် ချဉ်းကပ်လေ့လာလို့ ရနိုင်ပါတယ်။ သူတို့အထဲမှာ တပ်ကနေလုပ်သက်ပြည့်ပင်စင် ယူထားသူတွေသာမက တိုက်ပွဲဒဏ်ရာ၊ ရောဂါဝေဒနာ(သို့)မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဆေးဘုတ်နဲ့ ထွက်ခဲ့ရသူတွေ၊ တပ်ထဲမှာ မပျော်ပိုက်လို့ ငွေကြေးအကုန်အကျခံပြီး ဆေးဘုတ်နဲ့မရရအောင် ထွက်လာခဲ့ သူတွေ ယုတ်စွအဆုံး တပ်ပြေးတွေလည်း အများစု ရှိနေပါတယ်။ စစ်မှုထမ်းဟောင်း အတော်များများ လူမှုရေးအကျိုးဆောင် လုပ်ငန်းတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတာ တွေကို တွေ့မြင်ကြရမှာပါ။ တချို့က ထင်ထင်ရှားရှား လုပ်ဆောင်နေသူတွေရှိသလို မထင်မရှားလုပ်နေသူ တွေလည်း ရှိပါတယ်။
တပ်မတော်အစိုးရလက်ထက်မှာကို စစ်ခေါင်းဆောင်ကြီးတွေက “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဆောင်ပုဒ်နဲ့ တပ်မတော်ကို အထင်ကြီးကိုးကွယ်လာအောင် ဝါဒဖြန့် စည်းရုံးသွေးဆောင်ခဲ့ပေမဲ့ တကယ့်လက် တွေ့ဘဝမှာ တပ်မတော်ဆိုတာ တပ်မတော်သားများအတွက် ယာယီခိုနားရာသာဖြစ်ပါတယ်။ မိမိတာဝန် ထမ်းဆောင်ဆဲကာလမှာသာ အဖွဲ့အစည်း သဘောအရ ဆက်နွယ်ပတ်သက်တာဖြစ်ပြီး တပ်ကအနားယူချိန်မှာ သာမန်ပြည်သူတဦးအဖြစ် ကိုယ့်ဘဝကိုယ် တာဝန်ယူရပ်တည်ရတာပါပဲ။ ထိပ်တန်းစစ်ခေါင်းဆောင် အချို့က လွဲပြီး တပ်မတော်သားအများစုရဲ့ ဘဝတသက်တာအတွက် လုံလောက်တဲ့နေထိုင်စားသောက်စရိတ်ကို တပ်မတော်က တာဝန်ယူတာမရှိပါဘူး။ ဒါတွေကို တပ်မတော်သားဖြစ်ဖူးသူတိုင်း ဘဝနဲ့ရင်းပြီးနားလည် ထားကြပါတယ်။ ဒါကြောင့် “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ တပ်မတော်ရဲ့ မူလဆောင်ပုဒ်ကိုသာ စွဲစွဲမြဲမြဲ ခံယူထားဖို့လိုပါမယ်။
သို့သော် တပ်ထဲမှာကိုက လူအမျိုးမျိုး စရိုက်အထွေထွေ ရှိတဲ့အတိုင်း တချို့သူတွေဟာ တပ်ကထွက်လာ တဲ့တိုင် တပ်မှာကျင့်သုံးခဲ့တဲ့ အမူအကျင့်တွေကို မဖျောက်ဖျက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားသူတွေ ရှိနိုင်ပါတယ်။ အားလုံးတော့ မဟုတ်နိုင်ပါ။ စစ်မှုထမ်းဖူးတဲ့ လူတယောက်အဖို့ တပ်ထဲမှာ ကောင်းတဲ့ အလေ့အထ အမူအကျင့်တွေ ရခဲ့တာရှိသလို အရပ်ဘက်လူ့အသိုင်းအဝိုင်းမှာ ကျင့်သုံးဖို့ မသင့်လျော်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင် ယဉ်ပါးခဲ့ရတာတွေရှိပါတယ်။ တပ်ထဲမှာသာ ကျင့်သုံးနိုင်တဲ့ အမူအကျင့်တွေကို ကိုယ်တပ်ကထွက်လာချိန်၊ တပ်ခြံစည်းရိုးအတွင်း ထားခဲ့ရပါမယ်။ တပ်မတော်သားဆိုတာ ပြည်သူတွေက မွေးဖွားလာသူ တွေဖြစ်သလို တနေ့ပြည်သူကြားထဲကို ပြန်သွားကြရတာပါ။
တပ်ထဲကအမူအကျင့် မပျောက်တဲ့ တပ်မတော်သားဟောင်းတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ တပ်မတော်သားတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ပြည်သူတွေအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ရတာကို နားလည်ခံစားမိပါတယ်။ သို့ပေမဲ့ လည်း သူတို့နဲ့ဆက်ဆံရေးကို မူသေယူပြီး တပ်မတော်တခုလုံး ဒီအတိုင်း ဖြစ်မှာဘဲလို့ တိုင်းတာသတ်မှတ်မှုမျိုး မဖြစ်စေချင်ပါဘူး။ အဖွဲ့အစည်းတခုလုံးနဲ့အဖွဲ့ဝင်တဦးချင်းအကြား သရုပ်သကန် တူညီမှုတွေရှိသလို ကွဲပြားတာ တွေလည်း ရှိပါတယ်။ အဖွဲ့အစည်း သဘာဝနဲ့ တဦးချင်းလူ့သဘာဝ နေရာတကာ ထပ်တူမကျနိုင်ပါ။
ကျနော်ရေးသားနေတာတွေဟာ တပ်မတော်နဲ့ပြည်သူလူထုအကြား အပြန်အလှန်နားလည်မှု တိုးပွားလာပြီး လက်တွဲညီညွှတ်စေချင်တဲ့ စေတနာသက်သက်ပါ။ ကျနော်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင်တချို့ရဲ့ ငြိုးမာန်ဖွဲ့ ခံနေရသူပါ။ ဒီအတွက် ပြဿနာမရှိပါ။ တပ်ထဲမှာ မနေချင်လို့ထွက်လာပေမဲ့ လုပ်ဖော်ကိုင်ဘက်ကောင်းတွေ၊ တပ်မှူးကောင်းတွေကို ယနေ့တိုင်အသိအမှတ်ပြုနေဆဲဖြစ်သလို အဲဒီလိုတပ်မတော်သားကောင်းတွေနဲ့ ပြည်သူ လူထု နီးစပ်ရင်းနှီးမှု ရှိစေချင်ပါတယ်။ စစ်အာဏာရှင်စနစ် မကောင်းပါဘူး။ သို့သော် တိုင်းပြည်ကာကွယ်ဖို့ တပ်မတော်ဆိုတာ ဆက်ပြီးရှိနေမှာပါ။ ပြောင်းလဲလာတဲ့ ခေါင်းဆောင်မျိုးဆက်သစ်တွေက ပြည်သူလူထုကြား တပ်မတော်ရဲ့ ဂုဏ်ရောင်ပြန်လည်ထွန်းပြောင်လာဖို့ ကြိုးစားလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
တပ်မတော်သားများအနေနဲ့လည်း တပ်မတော်ရဲ့ပင်မလုပ်ငန်းတာဝန်ကြီး (၃) ရပ်ဖြစ်တဲ့- စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် ၊လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဆောင်ရန် ဆိုတဲ့တာဝန်တွေ ထဲမှာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စစ်ပြေငြိမ်းရေးစာချုပ်တွေ ချုပ်ဆိုပြီးနောက်ပိုင်း စစ်မက်ဇုံတွေ မရှိတော့တဲ့အခါ လေ့ကျင့်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုပဲ ဦးစားပေးလုပ်ဖို့ ရှိပါတော့တယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်လုပ်ဆောင်ရင်း ပြည်သူလူထုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။
တပ်နဲ့ပြည်သူ အမြန်ဆုံး ကြည်ဖြူလက်တွဲနိုင်ပါစေ။
နေမင်းသူ
ရာထူးတိုးပြီ ကဲ ဘာလုပ်ချင်သလဲ...တဲ့
ကျမခင်ပွန်းရဲ့ အမျိုးအိမ်ကို ကျမတို့ ဒီနေ့သွားဖြစ်ခဲ့ပါတယ်။ လူမမာသွားမေးရင်း ရောက်ခဲ့ကြတာပါ။ အဲဒီမှာ ကျမခင်ပွန်းရဲ့အကိုနဲ့ မထင်မှတ်ဘဲ ဆုံခဲ့ပါတယ်။သူက မကြာခင်ကမှ မိထ္တီလာကနေ ပြန်လာတာ မကြာသေးပါဘူး။ကျမ အမျိုးသားက မိထ္တီလာဇာတိပါ။ကျမရဲ့ ခဲအိုက မိထ္ထီလာမှာ ငယ်သူငယ်ချင်း မောင်...နဲ့ တွေ့ခဲ့ကြောင်း၊ မောင်...က ငယ်စဉ်တုန်းက ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြီးပြင်းခဲ့ရပေမဲ့ ခုတော့ သူက အခု နေပြည်တော်က်.... ဌာနမှ ညွှန်ကြားရေးမှူး အဖြစ် ရာထူးရရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီထိ ကျမတို့တွေ ၀မ်းသာအားရနားထောင်ခဲ့ကြတယ်။ငယ်ငယ်တုန်းက ဆင်းရဲပေမဲ့ ကြိုးစားတယ်၊စာတော်တယ်၊ပြီးတော့ဘ၀ကို နားလည်ပြီး နေထိုင်ခဲ့တယ်၊ ၀န်ကြီးဌာနကြီး တခုမှာအလုပ်ဝင်ခဲ့တယ်။ခုချိန်မှာတော့ အဆင့်မြင့်အရာရှိ ဖြစ်နေတာ ၀မ်းသာစရာပါ။ဒါပေမဲ့ သူ ဆက်ပြောလိုက်တဲ့ စကားတွေက ကျမနားထဲ အတောင့်လိုက်ကျသွားသလိုပါပဲ။ တော်တော်လေးလည်း စိတ်ပျက်သွားမိပါတယ်။
`သူက ပြောတယ်၊ သူက အခု နေပြည်တော်မှာတဲ့.....ဌာနက ညွှန်ကြားရေးမှူးလေ။ အဲဒါ ငါ့ကို ပြောတယ် မင်းဘာလုပ်ချင်သလဲ၊ မင်း စီးပွားရေလုပ်ငန်းတခုခု လုပ်ချင်လား လုပ်ချင်တာလုပ်လို့ရတယ် ပြောတဲ့ကွ သိလား။ သူတောင် ......ခြံ ဧက ၂၀ ကျော် ရှိနေပြီ တဲ့ ကွ ဒီကောင် ထောနေပြီ`တဲ့...။ ကျမ နားထဲကို ထောင်လိုက်ပြေးဝင်လာတဲ့ စကားသံပါပဲ။
အဆင့်မြင့် ရာထူးတခု ရတာ ဆွေစဉ်မျိုးဆက်သာမက သူငယ်ချင်းအပေါင်းသင်တွေအတွက်ပါ ခိုးပေးလို့ရပြီလို့ ဆိုလိုက်သလိုပါပဲ။ ဘယ်သူကတော့ ဘယ်အဆင့်မှာ ဘယ်လောက် ထောနေပြီ၊ပင်စင်ယူရင် နေဖို့ အိမ်နဲ့ ကား ဘယ်နှစ်စီးရှိနေပြီ။ ဘယ်သူရဲ့ ဆွေမျိုးတွေကိုတော့ ဘာလုပ်ပေးလိုက်ပြီ ဆိုတဲ့သတင်းတွေက အဆင့်မြင့်အရာရှိတွေရဲ့ အသိုင်းအ၀ိုင်းကနေ အမြဲ ကြားနေရတဲ့ စကားတွေပါပဲ။
ရာထူးတိုးတယ်ဆိုတာကို ယနေ့ ခေတ် ၀န်ထမ်းတွေ ဘယ်လိုနားလည်ထားပါသလဲ။ ရာထူးအဆင့်တိုးခြင်းဟာ တာဝန်ကြီးကြီး ယူရခြင်းလို့ ကျမကတော့ နားလည်ထားတဲ့သူပါ။ ရာထူးတဆင့်တက်လေ ၊ တာဝန်ကြီး ကြီး ပိုတခု ယူရလေ၊ ပြည်သူ့အပေါ် ပိုပြီး တာဝန်ယူရလေလို့၊ ပြည်သူ့အတွက် ပိုပြီး တာဝန်ကျေဖို့ လိုအပ်လေလို့ပဲ နားလည်ထားပါတယ်။
အစိုးရ၀န်ထမ်းအချို့က ကုန်းကောက်စရာမရှိအောင် ဆင်းရဲပါတယ်။ပင်စင်ယူတဲ့အခါ နေစရာ အိမ်မပြောနဲ့ အိမ်လေးတလုံ ငှားနေရလောက်အောင် မရှိရှာပါဘူး။ ဒါပေမဲ့ အချို့ကတော့ ညွှန်ကြားရေးမှူး အဆင့်ရောက်ရုံနဲ့တင် သနပ်ခါးခြံ ဧက ၂၀ ကျော် ပိုင်သတဲ့။
အစိုးရ၀န်ထမ်းဘ၀မှာ လစာနဲ့ မလုံလောက်တဲ့ ပြသနာက ၀န်ထမ်းတွေကို ချစားစေတဲ့ ပြဿနာလား။ အဆင့်မြင့်လာလေ ခိုးဖို့ ပိုလွယ်လာလေ၊ ခိုးဖို့အတွက် တွန်းအားပေးမှု တွေ များလာလေ ဆိုတဲ့ ပြဿနာလား။ လစာနဲ့မလောက်လို့ဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပါ။
`အများမိုးခါးရေသောက်နေကြတာ ငါမသောက်ရင် ငါညံ့တာပေါ့`ဆိုတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ စကားတွေကိုလည်း ကျမရွံ့မုန်းလှတာ မရှိတော့ဘူး။ဒါ့အပြင် သတိပြုမိတာက အစိုးရ၀န်ထမ်းအချို့ရဲ့ ကိုယ်ကျင့်သိက္ခာဟာ ရစရာမရှိအောင် ပျက်ပြားနေကြတာကိုပါပဲ။
ပြည်သူနဲတိုက်ရိုက်ထိတွေ့ရသော ၀န်ကြီးဌာနတွေမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကလည်း သေးသိမ်လှပါတယ်၊ တာဝန်လည်း မသိဘူး၊ တာဝန်လည်း မကျေပွန်ဘူး၊ အလုပ်လည်း မလုပ်ကြပါဘူး။ သူတို့လုပ်တတ်တဲ့အလုပ်တခုတည်းက ပြည်သူတွေဆီက လည်ပင်ညှစ်မယ်၊ ရာထူးတိုးအောင် ဖားမယ် ဆိုတာပဲ လုပ်တတ်ကြတာ တွေ့ရပါတယ်။
သူတို့မှာ ပြည်သူ့အပေါ် ကျေပွန်ရမဲ့ တာဝန်ဆိုတာ မရှိဘူး။ ပြည်သူဆီကပဲ လည်ပင်းညှစ်ဖို့အတွက် ရာထူးတိုးတယ်လို့ ယူဆလက်ခံနေကြတာလဲ တွေ့ရပါတယ်။ အစိုးရ၀န်ထမ်းအချို့က ပြည်သူတွေအတွက် အလုပ်လုပ်စရာမလိုဘူး ၊ကိုယ့်အထက်အရာရှိကို ဖားဖို့အလုပ်ကသာ ကိုယ့်အလုပ်၊ ပြည်သူတွေကို လည်ပင်းညှစ်ပြီး ရတဲ့ငွေနဲ့ အထက်အရာရှိကိုဖားတယ်။ ပြည်သူ့အတွက် တိုင်းပြည်အတွက်ဆိုတဲ့ စိတ်ဓါတ်တွေ ပျောက်ဆုံးကုန်ကြတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။
ကျမတို့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲ ရေးမှာ ဒီလူတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဒီလို လူတွေရဲ့ စိတ်တွေ၊ ဒီလိုလူတွေရဲ့ အတွေးအမြင်တွေ အားလုံးကို ပြောင်းဖို့အတွက်ကလည်း အရေးတကြီးလိုအပ်နေတဲ့ကိစ္စကြီးပါ။
ဒီလို ရေးလိုက်တဲ့ ကျမကို အချို့က စိတ်ဆိုးချင်ဆိုးပါမယ်၊ ရန်လုပ်ချင်လုပ်ပါမယ်။ ကျမ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်လုံးဝ မရှိပါဘူး။
ကျမတို့ တိုင်းပြည်ကို၊ ကျမတို့ မြန်မာတွေကို အရာရာမှာ အဆင့်တန်းရှိသော အဆင့်အတန်းမြင့်သော တိုင်းပြည်တခု ဖြစ်စေချင်ပါတယ်။
အုပ်ချုပ်ရေးရဲ့ တစိတ်တဒေသဖြစ်နေတဲ့ အစိုးရ၀န်ထမ်းတွေကိုလည်း ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း တိုင်းပြည်အတွက် ပြည်သူအတွက် စိတ်စေတနာနဲ့ လုပ်ဆောင်နေကြသော ဂုဏ်သိက္ခာရှိသော ၀န်ထမ်းတွေပဲ ဖြစ်စေချင်ပါတယ်။
အဲဒီအတွက် အားလုံးကလည်း ၀ိုင်းဝန်းပြုပြင်သင့်တယ်လို့မြင်မိပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ
မေသင်္ကြန်ဟိန်
ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )
တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက်စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။ အဖေက " တော်လှန်ရေးဆိုတာ သေတတ်တယ်နော် ငါ့သား" " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်းမှတ်မိလား။အဖေပြောတဲ့ အတိုင်း တော်လှန်ရေးက သေတတ်တယ်ဆိုတာ တကယ်ပဲ။ မြောက်ပိုင်းက ကျောင်းသား ရဲဘော်တွေ တော်တော် ဆိုးဆိုးဝါးဝါးကို ကြူံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျှိုဆိုပြီ စွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။
ငါကတော့ ကိုထွန်းအောင်ကျော်တို့ကို အလေးပြုတယ်။ နောက်ပြီး ခံခဲ့ရတဲ့သူတွေကို သတ္တိခဲတွေလို့ သတ်မှတ်တယ်။ ငါဆို သူတို့လောက်သတ္တိ မရှိလောက်ဘူးထင်တယ်။
သံခဲရေ ... မင်းလည်း သတိဝီရိယနဲ့တော့နေအုံးနော်။ မင်းလဲ အသတ်ခံနေရအုံးမယ်။ ညီအကိုဆိုတော့လည်း တာဝန်ရှိလို့ ငါကတော့ သတိပေးတာပါ။ ငါကတော့ ဗြောင်ပဲ။ ငါကိုလည်း သတ်ချင်တဲ့ကောင်တွေက ချောင်းရင်လဲ ချောင်းနေမှာပဲ။
မင်းနဲ့ မြောက်ပိုင်းသွားတဲ့ကောင်တွေကတော့ ငါကို အမေရိကားကနေ သတိတော့ပေးရှာတယ်။ အကိုတဲ့ အဲဒီကောင်တွေက လက်ယဉ် တယ်ဆိုပဲ။ မင်းသိတဲ့ အတိုင်းပဲ မဲဆောက်မှာ ငါကတော့ မင်းတို့ အဖွဲ့အစည်းလောက် အင်အားမရှိပါဘူး။ နေတာလဲ ကိုယ်ဖါသာကိုနေတာပဲ။
မင်းတို့ အဖွဲ့အစည်းကပါပဲ။ လ္ဘက်ရည်ဆိုင်မှာ ဗြောင်လာပြီး မင်းကောင်းကြောင်းပြောသလို မင်းကို ထောက်ခံသလိုပြောရင်း လာဆော်ကားလို့ ငါကပြောလိုက်တယ် သံခဲဆိုတဲကောင်က အချောင်းသမားလို့ ပြောပစ်လိုက်တယ်။ ဒါမျိုးတော့ လာမလုပ်နဲ့လေကွာ။
မင်းမိန်းမ ခင်ရွှေလှိုင်ကလည်း ငါဖေစ်ဘွတ်တွေထဲက ကိုယ်တွေ့ ဖြစ်ရပ်ထဲမှာ ဘာလဲ မြောက်ပိုင်းကျောင်းသားတွေကို သတ်တဲ့အချိန်က သွားကြည့်တယ်ဆိုလား ကြားရတယ်။ ဒါဆိုလဲ အဲဒီအမှုမှာတော့ မျက်မြင်သက်သေပေါ့။ သူကဘယ်ဘက်က သက်သေထွက်မလဲတော့ မသိဘူး။ သမိုင်းဝင် စိတ်ဝင်စားစရာတခုပဲ။
မြောက်ပိုင်းမှာ မင်းနဲ့ ငါရယ် စတောခိုတော့ အတူတူသွားကြတဲ့ မြတ်ကိုကြီးက ပထမဆုံး အသတ်ခံလိုက်ရတာလို့ သိရတယ်။
ကြားရတဲ့ သတင်းတွေကတော့ ကြောက်စရာပဲကွာ။ အုပ်စုတွေဖွဲ့ ဂိုဏ်ဖွဲ့ပြီးကို လုပ်ခဲ့ကြတာပဲ။ အဲဒီ ဂိုဏ်တွေ အုပ်စုတွေက မင်းတို့ အေဘီထဲမှာ ရှိသေးလားတော့ မသိဘူး။ မင်းကတော့သိမှာပဲ။
ငါကတော့ အကိုကြီးသဘောမျိုး အသိပေးတာပဲ။ နောက်မှ ငါသတိမပေးဘူးမလုပ်နဲ့။ ငါကတော့ ဗြောင်ပဲ။ သူများကိုလည်း မတရား မလုပ်ခဲ့ဘူး၊ ကိုယ့်ကို လုပ်တာလဲ ခံချင်တဲ့ကောင် မဟုတ်ဘူး။ ဘယ်သူမဆို အများနဲ့ တယောက် လက်နက်ရှိသူနဲ့ လက်နဲ့မဲ့သူကတော့ ခံရတာပေါ့ကွာ။
သတိနဲ့ အလုပ်လုပ်ပေါ့ကွာ ခေါင်းဖြတ် အသတ်ခံနေရအုံးမယ်။ ကိုယ်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ချင်းကို ဆောင့်ရှောင့် ကာကွယ်ပါကွာ။
အာဏာတော့ မရှုးနဲ့ဟ။ အဲဒီအာဏာရှုတွေကြောင့်ပဲ ငါတို့တောခိုခဲ့ရ မိဘတွေဒုက္ခ ရော့က်ကြ။ လူတွေမှာ ဆင်းရဲမွဲတေနေတာ မင်းအမြင်ပဲ။
အမှန်တကယ်တော့ အမှန်တရားကပဲ ဆောင့်ရှောက်မှာပဲ။ လူများတိုင်းလဲ မှန်တာမဟုတ်ဘူး။ တချို့ကိစ္စတွေက ညီအကိုချင်းလဲ မရဘူး။ သူ့တရားနဲ့ သူစီရင်သွားမှာပဲ။
ဒါပါပဲကွာ။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက်ကွာ။ ငါကတော့ ရေးသင့်တယ်ထင်ရင် ရေးရမှာပဲ။
မင်းရဲ့ အကိုကြီး သံဒုတ်
မြစိမ်းတောင်ဆရာတော်၏ စင်္ကာပူ တရားပွဲ ၂၉၊ ၃၀ ဇန်နဝါရီ ၂၀၁၂(Details listed. LIVE BROADCAST-)
ဓမ္မမိတ်ဆွေအပေါင်းတို့ ...
မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
တရားပွဲ (၁)
နေ့ရက်။ ။ ၂၉ ဇန်နဝါရီ ၂၀၁၁ (တနင်္ဂနွေနေ့) အချိန်။ ။ ညနေ ၇း၀၀နာရီမှ ၉ နာရီ
နေရာ။ ။Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488
http://www.streetdirectory.com/asia_travel/travel/travel_id_4613/travel_site_144238/2/
လမ်းညွှန်။ ။ Pasir Panjang (CC26) Circle line MRT မှ လမ်း အနည်းငယ်ခန့်လျှောက်လျှင် ရောက်ပါမည်။
တရားပွဲ (၂)
နေ့ရက်။ ။ ၃၀ ဇန်နဝါရီ ၂၀၁၁ (တနင်္လာနေ့) အချိန်။ ။ ညနေ ၇း၃၀ နာရီမှ ၉း၃၀ နာရီ
နေရာ။ ။Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488 http://www.streetdirectory.com/asia_travel/travel/travel_id_4613/travel_site_144238/2/
လမ်းညွှန်။ ။ Pasir Panjang (CC26) Circle line MRT မှ လမ်း အနည်းငယ်ခန့်လျှောက်လျှင် ရောက်ပါမည်။
အောက်ပါ websiteများမှရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပေးပါမည်။
http://www.myaseintaung.net/live/
http:// www.dhammadownload.com/live1.htm
အမြတ်ဆုံး တရားအလှူ ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။သာဓု... သာဓု... သာဓု...။
* Metta (Loving, Kindness) Prayers to All Friends around the Globe....
အားလုံးသောဓမ္မမိတ်ဆွေများ -
( and အလုံးစုံသော သတ္တ၀ါတွေ ) - ကိုယ်၏ကျန်းမာခြင်း၊ စိတ်နှလုံးအေးမြခြင်းနှင့်ပြည့်စုံကြပါစေ။ ချမ်းသာကိုယ်စိတ်မြဲပ်ါစေ.ရန်ဘေးကင်ဝေးငြိမ်းအေးကြပါစေ။ လူ/သတ္တ၀ါတွေူအချင်းချင်း လှည့်ပတ်ခြင်း/အထင်သေးခြင်း/ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ မိမိတို့ခန္ဓာဝန်ကို ချမ်းသာစွာနဲ့ ရွက်ဆောင်နိုင်ကြပါစေ။
တန်ဖိုးကြီးမြတ်တရာ်းမြတ်ကို လေ့လာမှတ်သား နာကြားခွင့်ရခိုက် လေ့လာမှတ်သား နာကြားရ၍, လေ့လာမှတ်သား နာကြားသည့်အလျောက် သိမြင်နားလည်ခွင့်ရပြီး, သိမြင်နားလည်သည့်အလျောက် ဆောင်ယူနှလုံးသွင်း၍, မိမိတို့ရထားတဲ့ဒုက္ခမှလွတ်မြောက်နိုင်ကြပါစေ.သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာ ကြပါစေ
with METTA;
Mimi
ဖထီး ဖတ်မိတဲ့ ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်များ
ဖထီးက ကျောင်းဆရာ။ ကျောင်းဆရာ ဆိုတော့ တခုခုကို လေ့လာရင် သသေးစိတ် လေ့လာတတ်တဲ့ အကျင့်ရနေတယ်။ ကျောင်းသားတွေ တွက်ချက်တဲ့ သင်္ချာတို့၊ အင်္ဂလိပ်စာတို့ အမြဲစစ်နေရတော့ အမှားဆို ချက်ချင်း သိတဲ့အကျင့်ရလာတယ်။ ပုဒ်ထီးကို ဘယ်နေရာချရမယ်၊ ပုဒ်မကို ဘယ်နေရာ သုံးရမယ် စတာတွေက မူလတန်း ကျောင်းအုပ်ကြီး ဖထီးကျွမ်းကျင်တဲ့ အတတ်ပါဘဲ။ ဖထီး လုပ်သက် ၃၀ ကျောင်ရင်းပြီး ရလာတဲ့ မဟာအတတ်ပညာဘဲ။ခုတလော ကလေးတွေကို စာသင်ရင် ကိုယ်နဲ့ စိတ်နဲ့ မကပ်တော့ တခါတလေ တယောက်ထဲ ပြုံးမိတယ်။ ဖထီး ကျောင်းမှာ စာသင်နေတဲ့ ဆရာမ ခပ်ချောချောကတောင် “အခုတလော ဖထီး တယောက် ပြုံးစိစိဖြစ်နေတယ်၊ နောက်ထပ် ကလေးတယောက် မွေးတော့မလား” လို့ နောက်နေသေးတယ်။ ဖထီးက ပြန်မဖြေလိုက်မိဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ပြုံးနေတာ အလကားတော့ ဘယ်ဟုတ်ပါ့ မလဲ။ ဖထီးတို့ ဇွဲကပင်မြေမှာ စစ်ပွဲဖြစ်နေတာ နှစ်ခြောက်ဆယ်ကျော်ပြီ။
KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက် ရသွားတော့ ပိုပျော်တာပေါ့။ နှစ်ပေါင်း ၂၀ လောက် စစ်ပြေးဒုက္ခသည် အနေနဲ့ နေထိုင်နေတဲ့ ညီမတွေနဲ့ ပြန်တွေ့ရတော့မယ်လို့ တွေးမိတယ်။ မနက်ဆို လူမနိုးခင် ရေဒီယိုကို တရှဲရှဲ ဖွင့်ထားတော့ ဖထီးကို တခါမှ ပြန်မပြောတဲ့ မိန်းမက အခုတလော ဘာတွေ ဖြစ်နေမှန်း မသိဘူးတဲ့။ ဖထီးရဲ့ အနေအထားကလည်း ပြောချင်စရာကို ဖြစ်နေတယ်။
မဲဆောက်မှာ အင်္ဂလိပ်စာသင်တန်း တက်နေတဲ့ တူတော်မောင်ကို ဖုန်းဆက်ပြီး KNU နှင့် မြန်မာစစ်အစိုးရ ဘာတွေပြောကြလဲ၊ ဘယ်လိုစာချုပ်တွေ ချုပ်ကြလဲ သိချင်တယ်။ ဒီအပတ် ကျောင်းပိတ်ရင် ရွာကိုပြန်လာတဲ့အခါ ငြိမ်းချမ်းရေး စာချုပ် ( ပဏာမ) တွေကို ရအောင်ရှာလာဖို့ မှာထားလိုက်တယ်။
ပြည်ပ အသံလွင့်ဌာန ဆိုတာကလည်း မြန်မာသတင်းက နည်းနည်း နိုင်ငံတကာ သတင်းကများများ။ မြန်မာသတင်းရပြန်ရင်လည်း တိတိပပ တင်ပြသွားတဲ့ သတင်းမျိုးမရှိဘူး။ ဟိုစပ်စပ် ဒီစပ်စပ်ဘဲ လွှင့်နေကြတာ အားမရလို့ မဲဆောက်မှာ အောက်စဖို့ဒ်တက္ကသိုလ် တက်နေတဲ့ တူတော်မောင်ကို အပူကပ်ရ ရှာတယ်။ တူတော်မောင်ကလည်း သိတယ်၊ ဒီလောက် အရေးတကြီးမှာရင် သူ့အတွက် မုန်းဖိုးတွက်ခြေ ကိုက်မယ်ဆိုတာလေ။
သောကြာနေ့ ညနေ တူတော်မောင် ရောက်လာတော့ အင်တာနက်ဆိုလား ၊ သစ်ထူးလွင် ဆိုလား ဒေါင်းတယ်လို့ ပြောတယ်။ ဖထီးက အဲဒါတွေကို နားမလည်တော့ သူပြောချင်တာပြောပစေ၊ ဖတ်ရရင် ပြီးရော။ အဲဒါကြောင်း တူတော်မောင် ဘာပြောပြော ပြုံးပြုံးလေး နားထောင် ပေးလိုက်တယ်။
တူတော်မောင် ယူလာတဲ့ ပဏာမ သဘောတူညီချက်တွေက သရေကျစရာ ဖြစ်နေတယ်။ ကရင်၊ ချင်း၊ ရှမ်း တွေရဲ့ သဘောတူညီချက် သုံးခုတောင်။ ထမင်းစာပြီးတာနဲ့ တူတော်မောင် ယူလာတဲ့ စာရွက်ကို ယူပြီး အိပ်ခန်းထဲဝင်လိုက်ပြီး လေ့လာဖြစ်တယ်။ ဖထီးက ကရင်ဆိုတော့ ကရင်နဲ့ မြန်မာအစိုးရ သဘောတူညီချက်ကို အရင် ကောက်ကိုင်လိုက်တယ်။
အားပါး ပါး။ နှစ်ပေါင်း ၃၀ ကျော် ကျောင်းဆရာလုပ်လာတဲ့ ဖထီး မြန်မာလို ရေးထားတာ နားမလည်လို့ သတ်ပုံကျမ်းကို တောင်လိုက်ရှာနေရသေးတယ်။ ပထမ အပိုဒ်ကို စာကြောင်း (၅) ကြောင်းတ၀က် ပုဒ်ထီး ပုဒ်မ မပါဘဲ ရေးသွားလိုက်တာ အံ့သြရော။ အဲဒီ တပိုဒ်ကို နားလည် အောင် ဖတ်တာ သုံးနာရီလောက် ကြာတယ်။
ဒီလိုပါ “ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ နိုင်ငံတော် အစိုးရသို့ ကမ်းလှမ်းလာသော ကရင်အမျိုးသား အစည်းအရုံးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက်” လို့ရေးထားတော့ ဖထီး နားမလည်တော့တာ အမှန်ဘဲ။ ဘယ်လို အထူးပြုပြီး ရေးထားတာလဲ မသိလို့ ချန်ထားပြီး ဆက်ဖတ် ပြန်တယ်။
ဘီဘီစီက လွှင့်တဲ့ အဆိုကျော် မာမာအေးရဲ့ ပြောစရာတွေလဲ တပုံကြီး ဆိုသလို ဖြစ်နေတယ်။ ဘယ်နေ့မှာ လက်မှတ် ထိုးသလဲလို့ လိုက်ရှာတာ မတွေ့ဘူးဖြစ်နေတယ်။ ဖထီးတို့ ငယ်ငယ် အလယ်တန်းကျောင်းသား ဘ၀တုန်းက ကျောင်းပျက်ရင် ခွင့်တိုင်ဖို့ ခွင့်ရေးနည်းကို အတန်းပိုင်ဆရာက သင်ပေးတယ်။ ခွင့်တိုင်စာရေးရင် ရက်စွဲကို အပေါ်ဆုံးမှာ တပ်ရတယ်။ အဲဒီတော့မှ အကြောင်းအရာကို အောက်က ရေးချတယ်။ ဒါကခွင့်တိုင်စာကို ပြောတာ။
အခုစာချုပ်က ကော်သူလဲ ကိုယ်စားပြုတဲ့ အဖွဲ့ကြီးနှင့် ပခုံးပေါ်အပွင့်တွေကို ခြွေပြီး အရပ်သား လုပ်လာတဲ့ အဖွဲ့ကြီးနှစ်ခု လုပ်ထည့်လိုက်တာ ဖထီးတောင်ရွာလည်သွားတယ်။ နေ့စွဲကို ရှာမတွေ့လို့။ တွေ့ပြန်တော့ ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ရဲ့လက်မှတ်အောက်မှာ သွားတွေ့တယ်။ မြန်မာအစိုးရဘက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းရဲ့ လက်မှတ်အောက်မှာတွေ့တယ်။ ဖထီး ကတော့ တော်တော်လေး ထူးဆန်းတယ်လို့ တွေးမိတယ်။
ပြည်တွင်းစစ်ဖြစ်လာတာနှစ်ပေါင်း ခြောက်ဆယ်လောက်ကို ငြိမ်းသတ်ဖို့ကြိုးစားနေတာ လောကြီးလို့ ကျန်ခဲ့တာဖြစ်မယ်လို့ ဖြည့်စွက် တွေးလိုက်တယ်။ (က) ကနေ (ဋ) အထိ တစ်ခုချင်း လေ့လာလိုက်တာ တော်တော်လေး အချိန်ယူရတယ်။
အထူးသဖြင့် (ဈ) ကတော့ ဖတ်ရတာ၊ နားလည်ရတာ အခက်ဆုံးဘဲ။
“စေ့စပ်ညှိနှိုင်းမှု စားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်၊ သက်ဆိုင်သည့် နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် ညှိနှိုင်းတိုင်ပင်မှု ပြုချိန်ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများထားရှိရန်” တဲ့ဗျာ။ ဘယ်လို ဘယ်အကြောင်းအရာကို ရည်ညွန်းတာလဲ တော့မသိ။
မြန်မာအစိုးရမှာ ဥပဒေပညာရှင်တွေ အများအပြားရှိတယ်လို့ကြားတယ်။ အင်မတန်မှ တော်တဲ့ ဒေါက်တာ တင်အောင်အေးတို့လို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှိတယ်လို့ ဖထီး ကြားဖူးတယ်။ ဥပဒေကျွမ်းကျင်တဲ့၊ စာချုပ် စာတမ်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အများပြားရှိမှာပါ။ ဒီလိုသဘော တူညီချက်တွေကို ဘာကြောင့် ဖြစ်ကတတ်ဆန်း လုပ်သလဲလို့ ဖထီးတွေးတယ်။
ကော်သူလေးနဲ့ မြန်မာအစိုးရကြားက သဘောတူညီချက်တွေကို ဖတ်ပြီးတာနဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ် အစိုးရတို့ ချုပ်ဆိုတဲ့ ပဏာမ သဘောတူညီချက်ကို လေ့လာဖြစ်တယ်။ အားပါးပါး လန့်သွားတာဘဲ။ ဒီလောက် ရှည်တဲ့ စာချုပ်မျိုး ဖထီး မတွေ့ဖူးဘူး။
၁၉၄၇ မှာချုပ်ဆိုတဲ့ ပင်လုံစာချုပ်ဆိုတာ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးပဲ။ ဘယ်လောက်ရှည်သလဲ လေ့လာသင့်တယ်။ အချက် ကိုးချက်ကို တမျက်နှာထဲနဲ့ ရေးသွားတာ ခေတ်စကားနဲ့ ပြောရရင် ခပ်ပါးပါးလေးပဲ။ နိဒါန်း စာကြောင်းက လေးကြောင်းထဲပဲ။ လေးကြောင်းကို ကော်မာ လေးခု၊ ဟိုက်ဖင် ခံထားတာ တခု၊ ရှေ့စကားနောက်စကား ညွန်းသွားတာ အပိုအလိုမရှိ။
ချင်းအမျိုးသားတပ်ဦးနဲ့ ချုပ်ဆိုတဲ့ စာချုပ်နိဒါန်းက တမျက်နှာနီးနီးရှိတယ်။ လက်မှတ်ထိုးတဲ့ သူတွေပါဆို အဲဒီသဘောတူညီချက်က ခြောက်မျက်နှာမှာရှိတယ်။ ဖထီး ဖတ်ရင်းနဲ့ အကုန်လုံးမေ့ကုန်တယ်။ နောက်တော့ ခဲတံကိုယူ၊ စာရွက်တစ်ချပ် ကိုဖြဲပြီး ဆိုလိုချက်ကို အတိုချုပ်ချရေး အဲဒါမှာ သဘောပေါက်လာတယ်။ အားပါးပါး။ ချင်းအမျိုးသားတပ်ဦးရဲ့ စာချုပ်မှာလည်း လက်မှတ်ထိုးတဲ့ ရက်ကိုရှာတာ နောက်ဆုံး အပိုဒ်မှာ တွေ့တယ်။ လက်မှတ်ထိုးတဲ့ သူတွေရဲ့ နာမည်တွေကို လေ့လာလိုက်တာ ဟာ ချ ပါ။ ဒေါက်တာတွေက မနည်းကိုး။ ပင်လုံစာချုပ်ကို ချုပ်စဉ်က ဒေါက်တာတွေ တယောက်မှ မပါဘူး။ ဒါကြောင့် စာချုပ်တိုသွားတာ ဖြစ်မယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ချုပ်ဆိုတဲ့ စာချုပ်ကလည်း သိပ်မထူးဘူး။ အတူတူဘဲ။ ပြည်ပကလွှင့်တဲ့ သတင်းတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒေါက်တာဘွဲ့ရတွေ ၊ ပညာရှင်တွေ ပါတယ်လို့ ကြေငြာတာကို ကြားနေရတယ်။ အင်္ဂလိပ်လို ရေးဖန်များတော့ မြန်မာစာကို သဒ္ဒါအနေအထား မှန်မှန် မရေးတတ်တော့ဘူးလား မသိ။ ဖထီးသာ ကူညီခွင့်ရရင် ဒီလိုသမိုင်းတွင်မယ့် စာချုပ်မျိုးမှာ စာပြင်သမား တယောက်အဖြစ် ပါလိုက်ချင်သေးတယ်။ ဖထီးက ပညာရှင်တော့မဟုတ်။ ဒါပေမယ့် လူတွေ နားလည်အောင်တော့ ရေးတတ်ပါတယ် လို့အာမခံတယ်။
(အဓွန့်ရှည်သော ငြိမ်းချမ်းရေးကို မျှော်ကိုးလျက်)
ဖထီး (ကျောင်းဆရာ-ကော်သူလဲ)
ပြည်တွင်းအင်တာနက် . . . ခေတ်မပြောင်းသေးပါ
ရေအောက်အင်တာနက် ဆက်ကြောင်း SEA-ME-WE 3 (South-East Asia - Middle East - Western Europe 3) ချို့ယွင်းမှုမှာ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဖြစ်ပေါ်ခဲ့သည်ဟု ရတနာပုံ တယ်လီပို့မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော အင်တာနက်မြန်နှုန်း နှေးကွေးမှုနှင့် ယာယီပြတ်တောက်မှုများမှာ အောက်တိုဘာလ၂၅ ရက်နေ့သို့ ရောက်ရှိချိန် အထိ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း မရှိသေးပေ။ ယခုဖြစ်ပေါ်နေသော အင်တာနက် ယာယီပြတ်တောက်မှုမှာ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြားSEA-ME-WE 3 ရေအောက်ဆက်ကြောင်းအပိုင်း၌ ချို့ယွင်းခဲ့သဖြင့်ဟု ဆိုပါသည်။
“SEA-ME-WE 3 ချို့ယွင်းတာ ကို ပြင်ဆင်ဖို့အတွက် သွားနေတဲ့ သင်္ဘောက အောက်တိုဘာလ ၂၅ရက် နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့ သိရပါတယ်”ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ပြောဆိုခဲ့သည်။
လုပ်ငန်းတိုင်း အင်တာနက်နှင့် မကင်းနိုင်
“အင်တာနက်က လုပ်ငန်းတိုင်း နဲ့ မကင်းနိုင်တော့ဘူး။ အခုလို အင်တာနက် ယာယီ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးရှုံးမှု ဘယ်လောက် ရှိတယ်ဆိုတဲ့ အတိုင်းအတာ ပမာဏကို အတိအကျမပြောနိုင် သေးပေမယ့် အခက်အခဲကတော့ ကြုံလာရတယ်။ လုပ်ငန်းကိစ္စတွေအတွက် ချိတ်ဆက်တာတွေကအစ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အခက် အခဲရှိလာတယ်”ဟု စင်ကာပူအခြေစိုက် Kelvin Cha ဥပဒေအကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။
“ထင်သာမြင်သာ ရှိနေတဲ့ အခက်အခဲကတော့ လေယာဉ်လက်မှတ် ရောင်းတဲ့ ကုမ္ပဏီတွေ ဖြစ်နေတယ်။ e-Ticket စနစ်ကို အသုံးပြုသူတွေ အကုန်လုံး အချိန်မီ မရကြတော့တာပါပဲ။ ဒီအချက် တစ်ခုတည်းနဲ့တင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ ကလူတွေ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ် ဆိုတာ သာဓကပါ။ ဆုံးရှုံးတာတွေကို မတွက်ချက်သေးလို့ ဂဏန်းတစ်ခု ထွက်မလာသေးတာပါ။ ဆုံးရှုံးမှုတွေ ရှိနေမှာတော့ သေချာပါတယ်” ဟု Myanmars.net မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။
အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာလည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း မြင့်မားနေဆဲဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့် ရရှိခဲ့သော်လည်း လူတိုင်း အင်တာနက်သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ် . . |
အင်တာနက်ဆက်ကြောင်း လေးလိုင်း
မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်းရှိပါသည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ချိတ်ဆက် ထားသော ကုန်းတွင်းဆက်ကြောင်းလိုင်းတို့ ဖြစ်သည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံကို ချိတ်ဆက်ထားသော နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းလိုင်းဖြစ်ပြီး ကုန်းတွင်း ဆက်ကြောင်းလိုင်း သုံးလိုင်းမှာမူ မြန်မာနိုင်ငံနှင့် သီးခြားဆက်သွယ် ထားခြင်းဖြစ်သည်။
SEA-ME-WE 3 နှင့် အင်တာနက် ယာယီပြတ်တောက်မှု
မြန်မာနိုင်ငံ၌ အင်တာနက်ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်သည့်အချိန် အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှSEA-ME-WE 3 ချို့ယွင်းမှု သို့မဟုတ် National Backbone ချို့ယွင်းမှုကြောင့် ဟု ပြောဆိုလေ့ရှိပါသည်။ သုံးစွဲသူများဘက်တွင်မူ မြန်မာနိုင်ငံ၌ အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်း ရှိနေပြီး ဆက်ကြောင်းလိုင်း တစ်လိုင်း ပျက်ရုံဖြင့် အင်တာနက် ပြတ်တောက်မှု မဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်သည့်အခါတိုင်း နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်စဉ်းစား လေ့ရှိသည်မှာ အင်တာနက်သုံးစွဲသူများအကြား အစဉ်အလာအားဖြင့် ရှိခဲ့ပြီ ဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ စုစုပေါင်း အင်တာနက်သုံးစွဲမှု Bandwidth ပမာဏ မှာ 3.596Gbps ၀န်းကျင် ရှိပါတယ်။SEA-ME-WE 3 ကနေ 1.7 Gbps ရပါတယ်။ ကုန်းတွင်းဆက်ကြောင်း တွေက 2 Gbps လောက်ရပါတယ်။ ဒါကြောင့်မို့ SEA-ME-WE 3 ချို့ယွင်းတာနဲ့ အင်တာနက် ယာယီပြတ်တောက်မှုတွေ ဖြစ်တာပါ”ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပါသည်။
အင်တာနက် ဆက်ကြောင်း ချို့ယွင်းပါက အစားထိုးနိုင်ပေးမည့် နည်းလမ်းမရှိသေး
“အင်တာနက် ဆက်ကြောင်းလိုင်းတစ်လိုင်း ချို့ယွင်းသွားရင် အစားထိုး နိုင်မည့် နည်းလမ်းရှာဖွေထားသင့်တယ် ဆိုတာထက် လုပ်နေတယ်လို့ ကြားထားပါတယ်။ ကုန်းတွင်းဆက်ကြောင်း လိုင်းတွေကတစ်ဆင့် on damand ပေါ် မူတည်ပြီး ထပ်တိုးဖို့ လုပ်နေတယ်လို့ ကြားပါတယ်”ဟု Myanmar Gateway Technology ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောပြသည်။
“ဆက်ကြောင်းလေးကြောင်း ရှိနေတာတော့ မှန်တယ်။ ဒါပေမယ့် ဒီဆက်ကြောင်းတွေက ဆက်သွယ်ထားတာပဲ ရှိတယ်။ တစ်ဖက်မှာကလည်း နိုင်ငံတကာ ဆက်ကြောင်းလိုင်းတွေဆီက အင်တာနက် Bandwidth ယူပြီဆိုတာ နဲ့ယူသလောက် ပိုက်ဆံပေးရပါပြီ။ SEA-ME-WE 3 ကတော့ တည်ဆောက်မှုမှာ မြန်မာနိုင်ငံ ပါတဲ့အတွက် အင်တာနက် Bandwidth ဖိုးက သက်သာပါတယ်။ တခြားကုန်းတွင်း ဆက်ကြောင်းမှာ ယူမယ်ဆိုရင်တော့ 55 Mbps ရှိတဲ့ STN-1 link တစ်ခုကို ၀ယ်မယ်ဆိုရင် အနည်းဆုံး တစ်လ အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ နဲ့ ၅၀၀၀ ကြားလောက် ပေးရပါတယ်။ on damand ပေါ်မူတည်ပြီး ကုန်းတွင်း ဆက်ကြောင်းတွေဆီက ပိုယူမယ်ဆိုရင် ဟိုကပေးနိုင်မယ့် ပမာဏနဲ့ ဒီကယူနိုင်မယ့် ပမာဏကို ချိန်ဆရတာတွေ ရှိနေမှာပါ။SEA-ME-WE 3 ကနေ ထပ်ယူဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ သူတို့ပေးထားတဲ့ ပမာဏ အပြည့်ယူ ထားလို့ပါ”ဟု Myanmar Gateway Technology မှ ဦးဇော်မင်းဦးက ဆက်လက်ပြောပြပါသည်။
သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကမူ ရေအောက် ဆက်ကြောင်းလိုင်း မှာ လက်ရှိအချိန်တွင် ဈေးအသက်သာဆုံး ဖြစ်နေသည့်အတွက် ကုန်းတွင်း ဆက်ကြောင်းလိုင်းထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။
အင်တာနက် ပြတ်တောက်မှုနှင့် ဖြေရှင်းပေးနိုင်မှု
အင်တာနက်မြန်နှုန်း နှေးကွေးခြင်းကြောင့်ဖြစ်စေ၊ အင်တာနက်လိုင်း ယာယီ ပြတ်တောက်ခြင်းကြောင့် ဖြစ်စေ ဖြစ်ပေါ်လာသော ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ မေးမြန်းရာတွင်လည်း Customer Sales Services ကင်းမဲ့သော တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရလေ့ရှိကြောင်း အင်တာနက် လိုင်း တပ်ဆင်အသုံးပြုတိုင်းက ဆိုသည်။
“ဘယ်လိုဖြစ်နေသလဲဆိုရင် ရပ်ကွက်တစ်ခုမှာ မီးကြိုးတွေတော့ သွယ်ထားတယ်။ လျှပ်စစ်ဓာတ်အားက အပြည့်မရတဲ့သဘော ဖြစ်နေတယ်။ ဒီကြားထဲမှာ ဓာတ်တိုင်တွေလဲပြီး လျှပ်စစ်ဓာတ်အား ပြတ်သွားရင် အမှောင်ထဲ မှာပဲနေ ဆိုတဲ့ပုံစံဖြစ်နေတယ်။ ဒါပေမယ့် မီတာကြေးကတော့ ကြိုယူထားတယ်။ မီတာကြေး ပုံမှန်မပေးရင် မီးလာဖြတ်တယ်”ဟု အင်တာနက်ကဖေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောပြပါသည်။
မြန်မာနိုင်ငံ၏ အင်တာနက် တပ်ဆင်အသုံးပြုခများ အခြားနိုင်ငံများထက် များပြားလျက်ရှိနေပြီး ၀န်ဆောင် မှုမှာမူ အခြားနိုင်ငံများထက် နည်းပါး လျက်ရှိနေပါသည်။
“ကျွန်တော်တို့ သိထားသလောက်ကတော့SEA-ME-WE 3 မှာ မြန်မာနိုင်ငံက consortium ဖြစ်တဲ့အတွက် Bandwidth ဖိုးက အခုအချိန်မှာ အများကြီးမပေးရဘဲ အလကားလောက်နီးနီး ရထားပါတယ်။ တကယ်လို့ ဒီအချိန်မှာ ကုန်းတွင်းဆက်ကြောင်းကနေယူလို့ Bandwidth ပမာဏ 1Gbps ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးပြီး ၀ယ်မယ်ဆိုရင် 3Gbps လောက်ကို အလွန်ဆုံး အမေရိကန်ဒေါ်လာ ၉၀၀၀၀ လောက်ပဲ ကျမှာပါ။ မြန်မာ နိုင်ငံမှာ 512Mbps လိုင်းကို တပ်ဆင်တဲ့သူ ၁၀၀၀၀ ပဲ ရှိတယ်ထားဦးတော့ တစ်ဦးချင်းစီက ပေးရတဲ့ လစဉ်ကြေး တစ်လစာကို အမေရိကန်ဒေါ်လာ ပျမ်းမျှ ၅၀ ကျော်နဲ့မြှောက်ရင် ၀င်ငွေ က အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ရှိနေပါတယ်။ ဒါတောင်ကျပ်ငွေ သိန်းဂဏန်းပေးနေရတဲ့ ကနဦးတပ် ဆင်ခတွေ၊ တခြားဝန်ဆောင်ကြေးတွေ မပါသေးပါဘူး” ဟု ကွန်ပျူတာ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူ ၄၀၀၀၀၀ ကျော်ရှိနေပြီး အင်တာနက် တပ်ဆင် အသုံးပြုသူ အရေအတွက်မှာ ADSL တပ်ဆင်သူများ အပါအ၀င် ၄၀၀၀၀ ကျော် ခန့် ရှိသည်။
ကုန်းတွင်းပိုင်း ဆက်ကြောင်းလိုင်း အဆင့်မြှင့်တင်ရန် စီစဉ်
လက်ရှိအချိန်၌SEA-ME-WE 3 ချို့ယွင်းမှုအား ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသည့် နည်းတူ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြင့်ချိတ် ဆက်ထားသော ကုန်းတွင်းပိုင်းဆက်ကြောင်းလိုင်းများ ကို အဆင့်မြှင့်တင်သွား မည်ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောပါသည်။
“အခုချိန်မှာတော့ ထိုင်း နဲ့ချိတ်ဆက် ထားတဲ့ ကုန်းတွင်း ဆက်ကြောင်းကနေ STN-1 11link ၊ တရုတ်နဲ့ ချိတ်ထားတဲ့ STN-1 2link ကို ထပ်ယူဖို့ စီစဉ်နေပါတယ်။ ငွေကြေးပိုင်းမှာ အားလုံး ပြီးသွားပါပြီ။ နည်းပညာပိုင်း တချို့ပဲ ကျန်နေပါတယ်။ အမြန်ဆုံး လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောပြသည်။
STN-1 link တစ်ခုလျှင် Bandwidth Speed ပမာဏ 155Mbps ရှိသဖြင့် စုစုပေါင်း Bandwidth ပမာဏ 2Gps ရရှိနိုင်ကြောင်း သိရသည်။ ကုန်းတွင်းပိုင်း ချိတ်ဆက်မှုမှ စုစုပေါင်း Bandwidth ပမာဏ 4Gps အထိရှိမည်ဖြစ်ကာ ရေအောက် ဆက်ကြောင်းလိုင်းမှ 1.7Gps ရမည် ဆိုပါက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwidth ပမာဏ 5.7Gps အထိ ရှိလာနိုင်ပါသည်။
ထိုပမာဏအတိုင်း အမှန်တကယ် ရရှိပါက မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများ လက်ရှိ အသုံးပြုနေသော Bandwidth ပမာဏ 3.596Gps အတွက် လုံလောက်မည့် အခြေအနေ ရှိသော်လည်း မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth သုံးစွဲမှု ပမာဏမှာ တစ်နှစ်လျှင် ၃၀ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
ခေတ်မပြောင်းသေးသည့် ပြည်တွင်းအင်တာနက်
အစိုးရနှင့်သက်ဆိုင်သော လုပ်ငန်းနယ်ပယ်များ၌ ပြုပြင်ပြောင်းလဲမှု ဟူသော လုပ်ဆောင်မှုများ ဆောင်ရွက်လာချိန်၌ ပြည်တွင်းအင်တာနက် ထိန်းချုပ်မှုအပိုင်းမှာမူ သတင်းဝက်ဘ်ဆိုက်အချို့အား ကြည့်ရှုခွင့် ပိတ်ပင် ထားခြင်းကို ပြန်ဖွင့်ပေးခဲ့သည်မှ လွဲ၍ အခြားထင်ရှားသော ပြောင်းလဲမှုများ မရှိခဲ့ပေ။ အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာ လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့သော်လည်း လူတိုင်းအင်တာနက် သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ်သည်။
e-Govermentစနစ်နှင့် စတော့ ဈေးကွက်ကို ပုံဖော်မည့်အစီအစဉ်များ မှာလည်း အနာဂတ်ကာလ၌ အကောင်အထည်ဖော်မည့် ကိစ္စများ ဖြစ်နေပါ သည်။ လက်တွေ့အခြေအနေ၌မူ နိုင်ငံ အများစုတွင် အသုံးမပြုတော့သည့် နည်းလမ်းဖြစ်သော်လည်း e-Government စနစ်အတွက်ရှေ့ပြေးစမ်းသပ်မှု တစ်ခု အဖြစ် လုပ်ဆောင်ထားသည့် ပြည်ပထွက်ခွာခွင့် fh e-D Form လျှောက်ထားရာ၌ပင် အခက်အခဲများစွာ ရှိနေခဲ့သည်။
“အရင်တုန်းကတော့ နည်းပညာ သုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ကြောင့် တိုင်းပြည်မှာ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးတာတွေ ဖြစ်တယ်။ အခုချိန်မှာတော့ Digital Divide အဆင့်ကနေ Brodband Divide ခေတ် ဖြစ်လာပြီ။ နည်းပညာ အသစ်တွေသုံးစွဲမှုက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်နိုင်သလို ကုန်ကျစရိတ်တွေကိုလည်း သက်သာစေတယ်။ မြန်မာနိုင်ငံမှာတော့ Digital Divide ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်တဲ့ အနေအထား မရောက်သေးပါဘူး”ဟုဦးဇော်ထွဋ်က ပြောပြသည်။
“ISP (Internet Service Providers) ကိုယ်တိုင်က Clustering Gateway မဖြစ်ဘဲ တစ်ပေါက်တည်း ပေးထားတဲ့အတွက် သုံးတဲ့သူများလာရင် အဲဒီအပေါက်က ကျပ်လာမှာပဲ။ ယူထားတဲ့ Bandwidth အတိုင်း အပြည့်သုံးခွင့် မပေးတာကြောင့် လေလွင့် နေတာ အများကြီးပဲ။ ဒီနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေအပြင် အင်တာနက်ဆက်သွယ်မှု ကောင်းကောင်း မရှိရင် မတိုးတက်နိုင်ဘူး”ဟု စင်ကာပူ ရောက် မြန်မာကွန်ပျူတာ ပညာရှင်တစ်ဦးက ပြောပြပါသည်။
Network Design ပိုင်း၌ ပြဿနာရှိနိုင်
အင်တာနက်လိုင်း နှေးကွေးမှုနှင့် အင်တာနက်လိုင်း ဆက်ကြောင်းတစ်ခု ပျက်ရုံဖြင့် အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်ရသည့်အပိုင်း၌ Network Design ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
“မလိုလားအပ်တာတွေကို ပိတ်ထားတာတွေ၊ speed ကိုသတ်မှတ်ထားတဲ့ အတိုင်းမပေးဘဲ လျှော့ချထား တာတွေ အစရှိသဖြင့် Network Design မှာ ပြဿနာကြောင့်လည်း နှေးတာတွေ၊ ယာယီ ပြတ်တောက်တာ တွေ ဖြစ်နိုင်ပါတယ်။ Network Design ပိုင်းကို Improve လုပ်ရင် ကောင်းပြီလို့ ထင်ပါတယ်”ဟု ဦးဇော်ထွဋ်က ပြောပြပါသည်။
“အင်တာနက် ဆက်သွယ်မှုနှေး တာ၊ ယာယီပြတ်တောက်တယ်ဆိုတဲ့ ကိစ္စမှာ Local Content အားနည်းချက်ကြောင့်လည်း အခက်အခဲ ပိုတွေ့ကြတာပါ။ စင်ကာပူမှာဆိုရင် Google ၊ Facebook စတဲ့ကုမ္ပဏီတွေက စင်ကာပူမှာတင် data တွေရှိနေတဲ့အတွက် နိုင်ငံတကာ အင်တာနက်ဆက်ကြောင်း လိုင်း ချို့ယွင်းမှုရှိရင်တောင် အခက်အခဲ မတွေ့နိုင်ဘူး”ဟု Myanmar Gateway Technology ကုမ္ပဏီမှ ဦးဇော်မင်းဦးက ပြောပါသည်။
Kelvin Cha ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်ကမူ ယခုကဲ့သို့ အင်တာနက် မြန်နှုန်းနှေးကွေးမှု၊ ယာယီပြတ်တောက်မှုများဖြင့်သာ ဆက်တိုက်ကြုံ တွေ့နေရမည် ဆိုပါက e-Government စနစ်သို့ ကူးပြောင်းရာတွင် ပီပီပြင်ပြင် ဖြစ်လာမည် မဟုတ်ကြောင်း သုံးသပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ၌ပုဂ္ဂလိကလုပ်ငန်း များသို့စိုက်ပျိုးရေးခေါင်းစဉ်ဖြင့်လုပ် ခွင့်ပေးထားသည့်မြေဧက ၁ ဒသမ ၇၅ သန်းရှိ၊ ၂၀ ရာခိုင်နှုန်း ကိုသာအမှန်စိုက်ပျိုးပြီးကျန်မြေ များကိုမြေဈေးကစားခြင်း၊သစ် ထုတ်ခြင်းနှင့်လက်ဝယ်ရယူထား ခြင်းများ ပြုလုပ်ဟု သိရ
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ၂၁၆ ခုမှ တရားဝင်လုပ်ကိုင်ရန် အတွက် ရယူထားသော မြေဧရိယာ ဧက ၁ ဒသမ ၇၅ သန်းဝန်းကျင် ရှိသော်လည်း အမှန်တကယ် ရယူထားသည့် ဧရိယာ၏ ၂၀ ရာခိုင်နှုန်းဝန်းကျင် ကိုသာ စိုက်ပျိုးထုတ်လုပ်မှု ရှိသည့်အတွက် စိုက်ပျိုးမြေများအဖြစ် ဖွံ့ဖြိုးလာခြင်း မရှိကြောင်းလည်း သိရသည်။
မြေရယူထားသည့် ကုမ္ပဏီအချို့မှာ စိုက်ပျိုးခြင်းထက် သစ်ခုတ်ခြင်းကိုသာ ပြုလုပ်မှုရှိကြောင်း၊ သီးနှံများစိုက်ပျိုးခြင်း မရှိဘဲ မြေကိုသာ ရယူထားခြင်းဖြစ်သည့် အတွက် မြေဈေးကစားခြင်း၊ မြေကိုသာ လက်ဝယ်အရ ယူထားခြင်းများ ပြုလုပ်နေကြောင်းကိုလည်း အဆိုပါအချက်များမှာ ပေါ်လွင်စေသည်ဟုလည်း သိရှိရသည်။
ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ရယူထားသည့် မြေများမှာ ထွန်ယက်စိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်းများဟု ဆိုသော်လည်း အချို့နေရာများမှာ ကျေးရွာများ၏ တောင်ယာမြေ သို့မဟုတ် စားကျက်များ ဖြစ်နေသည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း သိရသည်။
ပုဂ္ဂလိကလုပ်ငန်းများ(ပုဂ္ဂလိ ကုမ္ပဏီများ)သို့ လုပ်ကိုင်ခွင့်ပြုထားသော မြေလွတ်မြေရိုင်းဧရိယာ စုစုပေါင်း၏ ထက်ဝက်ခန့်မှာ တနင်္သာရီတိုင်း ဒေသကြီးတွင်ရှိပြီး ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်တွင် ဖြစ်ကြောင်းလည်းသိရသည်။
“ကျွန်တော်တို့ဆီမှာကတော့ ကျောက်တူးဖို့ ယူထားတဲ့နေရာရယ်၊ ကချင်ပြည်နယ်မြောက်ပိုင်းအစွန် တွေကတော့ စိုက်ပျိုးရေးအတွက် ယူထားတာတွေရယ် များတယ်။ လယ်စိုက်တာကတော့ သူ့ဟာနဲ့သူ လောက်ပဲရှိကြတာ။ စိုက်ပျိုးရေးအတွက်လား ဘာလားတော့ မသိဘူးယူထားတဲ့သူ တွေကတော့ အဓိကက အားလုံးသိပြီးသားပါ။ သစ်ခုတ်တာပေါ့ဗျာ။ ဒါကတော့ရှိတယ်”ဟု ကချင်ပြည်နယ်တွင် နေထိုင်သူဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြေယာ ဥပဒေများပြုပြင်ပြောင်းလဲမှု၊ မြေယာ ပြုပြောင်းလဲရေးများနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ထုတ်ပြန်သည့် အချက်အလက်များ ထဲ၌ ဒေါက်တာ ဦးမြင့်၏ သုံးသပ်ပြောကြားချက်ကို ထည့်သွင်းထားပြီး ကျေးရွာများမှ အများပိုင်မြေများကို ပုဂ္ဂလိကများသို့ လုပ်ပိုင်ခွင့် ပေးအပ်ခြင်းကြောင့် လယ်သမားများမှာ ယင်းမြေများကို အသုံးပြုခွင့်မရရှိတော့ဘဲ ဖြစ်မည်ကို စိုးရိမ်ပူပန်ဖွယ်ရာ ရှိကြောင်း ယင်းကိစ္စများမှာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ကျဆင်းရေး မဟာဗျူဟာအတွက် လုပ်ငန်းစီမံချက်ချမှတ်ရာတွင် အာရုံ စူးစိုက်သင့်သော ကိစ္စများဖြစ်ကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့ နယ်မှာတော့ စားကျက်မြေတွေကို ပုဂ္ဂလိကကို လုပ်ခွင့်ပေးထားတာရှိတယ်။ ပုဂ္ဂလိ ကကုမ္ပဏီဆိုတာက အခုမှမြင်ဖူးတာ။ ကျွန်တော်တို့က ဇာတိချက်ကြွေ လုပ်ကိုင်လာတဲ့သူတွေပါ။ ဒါ ပေမယ့် တကယ်လုပ်ခွင့်ပေးတော့ ကျွန်တော်တို့မရဘူး။ ကုမ္ပဏီတွေ ကပဲရတာပေါ့။ အခုကတော့ အစိုး ရဆီကနေ ငှားလုပ်ရပါတယ်။ တစ်ရာသီတစ်ခါ သီးစားတင်ပြီးလုပ်ရတာပါ။ အစိုးရပဲပိုင်တဲ့ သဘောပေါ့။ တကယ်လို့ လယ်ယာမြေကိုသာ ရောင်းချခွင့်ပြုတယ်။ ပုဂ္ဂလိက တစ်ဦးချင်းကိုလည်း လုပ်ကိုင်ခွင့်ပြုတယ် ဆိုရင်တော့ သူတို့က ငွေအားကောင်းတဲ့အတွက် ကျွန်တော်တို့လို လယ်လေးငါးကွက်လောက် ပိုင်တဲ့ သူတွေဆီက နည်းမျိုးစုံနဲ့ ၀ယ်လာမှာပဲ။ ဒါဆိုရင်တော့ ဧကနည်းနည်းပဲပိုင်တဲ့ ကျွန်တော်တို့လို တောင်သူတွေလယ် မရှိဘူးဖြစ်သွားမယ်။ လယ်မပိုင်တဲ့ သူများသွားမှာပေါ့။ ကျွန်တော်တို့ တွေက ငွေရှားပါးတယ်။ ဘယ်သူမှ လည်း များများစားစားထုတ်ချေး ပေးမှာ မဟုတ်ဘူးလေ။ အားနည်းတော့ အားများတဲ့ သူကို ဘယ်ကြာရှည် တောင့်ခံနိုင်မလဲ ဒီအခက်အခဲတော့ ရှိမှာပေါ့။ ကျွန်တော်တို့ လိုချင်တာကတော့ စိုက်စရိတ်လုံလုံလောက် လောက်ထုတ်ပေးတာ နှစ်ရှည်ချေး ငွေလေးဘာလေး ထုတ်ချေးပေးတာ။ နည်းပညာနဲ့ စက်ကိရိယာ အကူအညီ ပေးတာမျိုးတွေပဲ လိုချင်တယ်။ ကျန်တာတော့ သိပ်နားမလည်ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အတွင်းရှိ တောင်သူကြီးဦးတင်အောင်က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ အခြေအနေ လေ့လာချက် တစ်ရပ်အရ မြေနိမ့်ဒေသများတွင် ကျေးလက်နေ လူဦးရေ၏ ၃၅ ရာခိုင်နှုန်းမှ ၅၃ ရာခိုင်နှုန်းမှာ မြေယာ မပိုင်ဆိုင်ကြသော အိမ်ထောင်စုများ ဖြစ်သည်ဟု ဖော်ပြထားပြီး တိုင်းရင်းသားများ နေထိုင်သော တောင်ပေါ်ဒေသများတွင် မြေယာမပိုင်ဆိုင်မှုနှင့် လယ်လုပ်ခွင့်မရေရာ မသေချာ မှုတို့မှာ ပို၍ဆိုးရွားတတ်ကြောင်း ဖော်ပြထားသည်။ ဥပမာ-ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် မြေယာမပိုင်ဆိုင်သော အိမ်ထောင်စု အရေအတွက်မှာ အိမ်ထောင်စုအားလုံး၏ ထက်ဝက်ကျော် ရှိကြောင်း အဆိုပါ လေ့လာချက်များအရ သိရသည်။
Eleven Media Group
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး' ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊ အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100 စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။
ဖြေ - အဓိကအချက်ကတော့ သုံးမှုပေါ့ ။ သုံးမှုမှာ ထင်တာ မြင်သာရှိတဲ့ အမှုကတော့ မျှော်စင်ကျွန်းက သီးလေးသီး အငြိမ့်ပေါ့။ သီးလေးသီး အငြိမ့်ခွေကို ကိုဇာ(ဇာဂနာ)ကြီးက ပေးကြည့်တယ်။ ပေးကြည့်တာကို ကျွန်တော်က ကျွန်တော့် သူ ငယ်ချင်း၊ ကျွန်တော်နဲ့ အမှုတွဲ မသင်းဂျူလိုင်ကို တစ်ခွေ ကူးပေးလိုက်တယ်။ ဒါက ထင်သာမြင်သာ၊ ကျွန်တော်တို့ကို မိတာ အဲဒီအခွေတွေနဲ့ မိတာ။ သီးလေးသီး အခွေနှစ်ခွေနဲ့ မိတာပေါ့။ အဲဒီမှာ ကျွန်တော့်ကို လက် ၀ယ်တွေ့ရှိမှုနဲ့ ခြောက်လ၊ ပုဒ်မ ၃၆၊ ၃၂(ခ)ကကျတော့ ဖြန့်ချိမှုပေါ့၊ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော်တစ်ခွေ ပေးလိုက်တဲ့ အတွက်ကြောင့် ဖြန့်ချိမှုဆိုပြီး သုံးနှစ်ပေါ့၊ စစ်ရင်း စစ်ရင်းနဲ့ ဘလောဂါ နေဘုန်းလတ်ဆိုပြီး သူငယ်ချင်းတွေကလည်း ၀ိုင်း အော်ကြတာကိုး၊ အပြင်မှာ ဖြစ်တဲ့ အခါကျတော့ သူတို့က လိုက်ရင်း၊ လိုက်ရင်းနဲ့ ဘလော့အကြောင်းတွေပါ သူတို့နည်းနည်း သိလာတယ်။ အိုင်တီမှာ ဘလော့ ဆိုတာမျိုးက တော်တော်ပြန့် နှံ့နေပြီး အများကြီးရှိတာကိုးဗျ။ ပုံမှန်ဆိုရင် ကျွန်တော့် ဘလော့မှာ အစိုးရနဲ့ပတ်သက်တာတွေ ဝေဖန်တာတွေ သိပ်မရေးဘူး။ ကျွန်တော့် အနုပညာဗျာ၊ ၀တ္ထုလေးတွေရေးမယ်၊ ဆောင်းပါးလေးတွေ၊ ကဗျာတွေ၊ အတွေ့အကြုံတွေ ရေးတယ်ပေါ့ဗျာ။ ဒါပဲရေးတာ။ ဒါပေမယ့် သူတို့က ကျွန်တော့်ဘလော့ဆိုတာထက် ဘလော့တွေအားလုံးကို ရှာကြည့်တာ။ ဘလော့တွေကလည်း အဲဒီအချိန်မှာ ၂၀၀၇ မှာသိတဲ့အတိုင်းပဲ။ ဘလော့တွေက ပလူပျံနေတာပဲ။ အဲဒီခါကျတော့ ဘလော့နဲ့ ဆွဲမယ်ဆိုရင် ဆွဲလို့မရဘူး။
နောက်တစ်ခု ဆွဲလို့ရတဲ့အမှုက ဘာသွားတွေ့လဲဆိုတော့ ကျွန်တော့် အီးမေးလ် password ပေးလိုက်ရတယ်ဗျာ။ ဘာ သွားတွေ့လဲဆိုတော့ အ၀င်ပေါ့၊ Inbox ထဲမှာ နိုင်ငံတော် အကြီးအကဲပုံ ရုပ်ပြောင်တွေ၊ ကာတွန်းတွေ၊ စက်တင်ဘာနဲ့ ပတ်သက်တဲ့ပုံတွေ အဲတာတွေက အဲဒီအချိန်မှာ ပျံ့နှံ့နေတာ။ အဲတာတွေက ကျွန်တော့်မေးလ် Inbox ထဲကိုဝင်နေတယ်။ အဲတာကို သူတို့က အတိအကျ ခေါင်းစဉ်တပ်တာက Gmail Inbox တွင် နိုင်ငံတော် အကြီးအကဲများ၏ ရုပ်ပြောင်ပုံကို တရားမ၀င် သိမ်းဆည်းမှု၊ ၃၃(က)က အဲဒီခေါင်းစဉ်နဲ့ တပ်တာ၊ ကျွန်တော်ကတော့ ရှင်းပြတာပေါ့၊ Inbox ဆိုတဲ့ သဘောတရားကို၊ Inbox ဆိုတာက အိမ်ရှေ့မှာ စာတိုက်ပုံးလေးတစ်ခု ထားထားသလိုပဲလို့၊ တွေ့ရာလူက ၀င်ထည့်သွားလို့ရတာပဲ၊ ဒီဟာက အိမ်ရှင်နဲ့ မပတ်သက်ဘူးလေ၊ Inbox ထဲကဟာတွေက သူ့ဟာသူ ၀င်နေတာက၊ ကျွန်တော် ဖွင့်ဖတ်ထားတာလည်း မရှိဘူးဗျာ။ အိုင်တီနဲ့ ပတ်သက်ပြီး ရှင်းပြ တယ်။ ဘလော့ဆိုတာ ဘယ်လို ဆိုတာလည်း ရှင်းပြတယ်။ ကျွန်တော့် ဘလော့ကို ၀င်ကြည့်၊ ကျွန်တော် ရေးထားတာတွေအတွက် တာဝန်ယူတယ်။ အဲတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဆွဲမယ်ဆိုရင် ဆွဲ၊ အဲလိုလည်း မဟုတ်ဘူး၊ အဲဒီ Inbox ကဟာကိုပဲ ပြဿနာ ရှာပြီးတော့ အဲဒီမှာ ၁၅နှစ် ပေါ့။ အမြင့်ဆုံးပဲ။ သူက ၇နှစ်က နေ ၁၅နှစ်အထိ ချလို့ရတယ်။ အဲမှာမှ အမြင့်ဆုံး ၁၅နှစ်ကို ချတယ်။ နောက် ၅၀၅(ခ) ကျတော့ စက်တင်ဘာမှာ ပါလားလို့ ကျွန်တော့်ကို မေးတယ်။ အဲတာကျတော့ ကျွန်တော် ငြင်းစရာ အကြောင်းမရှိဘူး။ ပါတယ်။ စက်တင်ဘာမှာ ဘုန်းကြီးတွေနဲ့ အတူ ဘေးကနေ လမ်းလျှောက်ပြီး ပါတယ်လို့ ပြောလိုက်တယ်။ အဲတာက ၅၀၅(ခ)နဲ့ နှစ်နှစ်။ အားလုံးပေါင်း အနှစ်နှစ်ဆယ်နဲ့ ခြောက်လပေါ့။
မေး - အမိန့် ချမှတ်ခံရပြီးတဲ့နောက်မှာ သတင်းတစ်ချို့ ထွက်ခဲ့ပါတယ်။ တစ်ခုက ကိုနေဘုန်းလတ်ဟာ NLD လူငယ် ဖြစ်နေတယ်ဆိုတာ တစ်ချက်၊ နောက်ပြီး ကိုဇာဂနာရဲ့ ဘလော့ အတွက် ကူညီပေးခဲ့တယ်ဆိုတာ တစ်ချက်၊ ဒီနှစ်ချက်ကြောင့် နှစ်တွေ အများကြီး ကျသွားခဲ့တာလား ဆိုတဲ့ မေးခွန်းတွေပါ။ အဲတာရော ဟုတ်ပါသလား။
ဖြေ - အဲတာတွေက effect တွေတော့ ရှိမှာပေါ့ဗျာ။ ကိုဇာဂနာ ဘလော့ကို လုပ်ပေးတာတော့ မဟုတ်ပါဘူး။ အဲဒီ အချိန်တုန်းက ကိုဇာဂနာနဲ့ ကျွန်တော် ရင်းနှီးတဲ့ အခါကျတော့ သူက သူ့ဘလော့မှာ မြန်မာလို မပေါ်လို့ဆိုပြီး ကျွန်တော် သွားလုပ်ပေးဖူးတယ်။ အဲတာ လေးပါပဲ။ နောက်ပြီးတော့ NLD လူငယ် တာဝန်ခံလည်း ဖြစ်တယ်။ အဲဒီတုန်းက ၈၈ က၊ မနီလာသိန်းတို့ ကိုထွန်းမြင့်အောင်တို့က ပုန်းနေရတဲ့ အချိန်လေ၊ အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ပစ္စည်းလေးတွေ လှမ်းမှာရင် ပို့ပေးတာလေးတွေရှိတယ်။ အခွေတွေဘာတွေရှိရင်လည်း သူတို့ကို လူကြုံနဲ့ချိတ်ပြီး ပေးတာတွေရှိတယ်။ အားလုံးက ပုဂ္ဂိုလ်ရေးအရ ကူညီခဲ့တာတွေပဲ ရှိတယ်။ မနီလာသိန်းတို့ ဆိုရင်လည်း ၀ရမ်းပြေးဖြစ် တယ်ဆိုရင် တရားဝင် ကြေညာလေ။ ကြေညာတာလည်း မရှိဘူး၊ ဆက်သွယ်ရင် ဘာညာလည်း ပြောမထားဘူး။ မရှိတော့ ဒီလူတွေကို လူမှုရေးအရ ကူညီတာပဲ ရှိတယ်။ NLD အဖွဲ့ဆိုတာလည်း တရားဝင်ပါတီလေဗျာ။ လူငယ်အဖွဲ့နဲ့ တရားဝင်ပါတီ ၀င်လုပ်ထားတာလည်း ပြဿနာမရှိဘူး။ သေချာတာကတော့ ဇာဂနာ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ နီလာသိန်းနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ NLD လူငယ်မို့လို့လည်း ဖမ်းလို့မရဘူး။ ဒါပေမယ့် ဒီဟာတွေရဲ့ effect ပေါ့နော်။ နောက်ပြီး ဘလောဂါ ဆိုတာကလည်း ၂၀၀၇နောက်ပိုင်းမှာ ဘလော့တို့၊ ဘလောဂါတို့ကို နည်းနည်း မျက်စိစပါးမွှေးစူးတဲ့ သဘောရှိပါတယ်။
မေး - ၂၀၀၄ ခုနှစ်မှာ ရန်ကုန် နည်းပညာတက္ကသိုလ်ကနေ B.E(Civil) နဲ့ ကျောင်းပြီးခဲ့တယ်။ အဲဒီအချိန် နောက်ပိုင်းမှာ စင်ကာပူကို သွားခဲ့တယ်။ ကိုနေဘုန်းလတ် စင်ကာပူကို သွားတဲ့ အချိန်က ဘာပဲပြောပြော စင်ကာပူမှာ မြန်မာတွေ ခေတ်ကောင်းတဲ့ အချိန် ဖြစ်နေတယ်။ စင်ကာပူကနေ မြန်မာနိုင်ငံကို ဘာကြောင့် ပြန်လာခဲ့တာပါလဲ။
ဖြေ - ကျွန်တော် စင်ကာပူ သွားတာ က Visit နဲ့ထွက်ပြီး အလုပ်ရှာတယ်။ ဟိုမှာ အလုပ်လုပ်တယ်။ တစ်နှစ် လောက်လုပ်တယ်။ ပြီးတော့ ကျွန်တော်အိမ်ကို ပြန်လာတယ်။ တခါတလေကျတော့လည်း ပြန်သွားတယ်ပေါ့။ အဓိကက ကျွန်တော့် အဘိုး နေမကောင်းဖြစ်လို့ တစ်ခေါက် ပြန်လာတယ်။ စင်ကာပူမှာ အလုပ် လုပ်နေတုန်းပဲ။ အဖမ်းခံရတဲ့အထိ စင်ကာပူ အလုပ်ကဒ်နဲ့ပဲ။ ကျွန်တော်ကတော့ အမှန်အတိုင်း ပြောရရင် နိုင်ငံတကာမှာ သွားပြီး နေနေရတာ ဘယ်လိုမှ ခံစားလို့ မရဘူးဗျ။ မိသားစု ပေါ်မှာလည်း တွယ်တာတယ်ဗျာ။ ပြီးတော့ ကိုယ့်မြေ ကိုယ့်ရေ ပေါ်မှာလည်း ချစ်တဲ့စိတ်ပေါ့။ အဲတာတွေကလေ လူတိုင်းမှာတော့ မတူနိုင်ဘူး သိလား။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ ကျွန်တော် စင်ကာပူမှာ နေနေရတာနဲ့ မြန်မာနိုင်ငံ အတွင်းမှာပဲ၊ ကျွန်တော် ထောင်ထဲမှာ နေနေရတဲ့ ခံစားချက်က မတူဘူး။ ထောင်ထဲမှာ ကျွန်တော် အဲလောက် စိတ်မညစ်ဘူး။ စင်ကာပူမှာ ကျွန်တော် စိတ်ညစ်တယ်။ ကျွန်တော် မနေနိုင်ဘူး။ အဲတာကတော့ ဘယ်လို ဖြစ်လဲဆိုတော့ လူတိုင်းကို ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မျှော်လင့်လို့ မရဘူးဗျ။ ဒါကတော့ ကျွန်တော် တစ်ဦးတည်းရဲ့ ခံစားချက်ပေါ့။
မေး - ထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာ ကိုနေဘုန်းလတ် ပြန် လွတ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ http://freenpl.blogspot.com/ ဘလော့တစ်ခု ပေါ်လာခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာတော့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပေးတဲ့ဆုကို ကိုဇာဂနာနဲ့အတူ ကိုနေဘုန်းလတ် ရခဲ့ပါတယ်။ တစ်ခါ ၂၀၁၀ပြည့်နှစ်မှာတော PEN American အဖွဲ့ကပေးတဲ့ PEN ဆုကို မြန်မာနိုင်ငံက ဘလောဂါအနေနဲ့ ရခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ ပိုပြီး ထူးခြားသွားတာက ၂၀၁၀ပြည့်နှစ် အတွက် Time မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ ဟီးရိုး ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တာပါပဲ။ ရွေးချယ်ခံရတဲ့ ကိုနေဘုန်းလတ် အကြောင်းကို ၁၉၈၁ခုနှစ်မှာ Midnight's Children စာအုပ်နဲ့ ဘွတ်ကာ စာပေဆု ရခဲ့တဲ့ စာရေးဆရာ Salman Rushdie က ရေးခဲ့ပါတယ်။ ဒီရွေးချယ်မှုတွေမှာ အဓိက ထည့်ပြောခဲ့တာက မြန်မာလူငယ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မှာ ကိုနေဘုန်းလတ်က တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတယ်လို့ မှတ်ချက်ပြု ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာလူငယ်ထုရဲ့ ကိုယ်စားပြု ပြယုဂ်အဖြစ် တင်စားခဲ့တာပါ။ ဒီလို သတ်မှတ်မှုတွေအတွက် ဘယ်လို ထင်မြင်မိပါသလဲ။
ဖြေ - အဲတာက ကိုယ်စားပြုပြီး ပေးတဲ့သဘောပဲဗျ။ နောက်ပြီး တစ်ဦး တစ်ယောက်တည်း အပေါ်ကို ရည်ရွယ်ပြီး ပေးတာတော့ မဟုတ်ဘူး။ အဲတာတော့ သေချာတယ်။ သဘောကတော့ လှိုင်းပါပဲ။ လူငယ်တွေရဲ့ လှိုင်းပါပဲ။ ဘလော့တွေ ရေးကြ တယ်။ အိုင်တီ နည်းပညာတွေကို ကျွမ်းကျင်တဲ့သူတွေက လှိုင်းတစ်ခု ဖန်တီးခဲ့ကြတယ်။ အဲဒီလှိုင်းကြောင့် ၂၀၀၇ခုနှစ်မှာ၊ အရင်တုန်းက တစ်ခုခုဖြစ်တယ်ဆိုရင် သိပ်မသိလိုက်ရပဲ ပြီးသွားကြတာရှိတယ်။ ၂၀၀၇မှာတော့ ဘလောဂါတွေ၊ အိုင် တီစိတ်ဝင်စားတဲ့ လူငယ်တွေ၊ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူးနော်၊ ကိုယ့်ရှေ့မှာ ဘာဖြစ်နေလဲ၊ ဘာတွေ မတရားဖြစ်နေလဲ၊ ဓာတ်ပုံရိုက်လိုက်တယ်၊ အွန်လိုင်းပေါ် တင်လိုက်တယ်၊ ဒီပုံစံနဲ့ပဲ ကျွန်တော်တို့ သွားခဲ့ကြတယ်။ ကျွန်တော့်ကို စစ်ကြောရေး လုပ်တုန်းကလည်း မေးတယ်။ မင်းတို့ စက်တင်ဘာမှာ ဘာလို့ဝင်ပါတာလဲ။ ဘယ်သူက ခိုင်းလို့လဲ သူတို့ အဲတာတွေ မေးခဲ့ကြတယ်ဗျ။ ဘယ်သူမှ မခိုင်းဘူး။ လူငယ်တွေကို ဘယ်သူမှ ခိုင်းစရာမလိုဘူး။ လူငယ်တွေရှေ့မှာ မတရားတာတော့ မလုပ်နဲ့၊ ပြောမှာပဲ၊ သူပြောလို့ရတဲ့ နေရာက ပြောမှာပဲ။ ဘလော့ရှိရင် ဘလော့ကပြောမှာပဲ၊ မီဒီယာရှိရင် မီဒီယာက ပြောမှာပဲ။ သူတတ်နိုင်တဲ့ ဘက်က ဆန့်ကျင်မှာပဲ။ ဒါကလူငယ်ရဲ့ သဘာဝပဲ။
အဲဒီမှာ ဘလော့တို့ အိုင်တီနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုကြောင့် ဒီဟာက လှိုင်းတစ်ခုဖြစ်သွားတယ်။ အဲဒီတော့ ဒီလူငယ်တွေအားလုံးကို သူကရည်ရွယ်တာပဲ။ ကျွန်တော်ကတော့ ထောင်ကျ သွားတယ်ပေါ့ဗျာ။ အမှန်အတိုင်း ပြောရင် ဒီဟာတွေရဲ့ effect တွေပါတယ်ဗျာ။ ကျွန်တော့် ဘလော့ကြောင့် ဆိုတာထက်ကို ဘလော့တွေ ကြောင့်ပေါ့နော်။ ကျွန်တော်ဟာ ဘလောဂါ တစ်ဦးလည်းဖြစ်တယ်။ ကျွန်တော့် ဘလော့မှာ ဘာမှ မရေးပေမယ့် အခြား ဘလော့တွေနဲ့ ဆက်စပ်နေတယ်။ ဆိုတဲ့ အခါကျတော့ ကျွန်တော့်ကိုများ စံပြအနေနဲ့ ဟန့်လိုက်ရင် နောက်လူတွေ တန့်သွားမယ်ဆိုတဲ့ စဉ်းစားမှုမျိုး အစိုးရဘက်က စဉ်းစားသလိုပဲ ဟိုဘက်က ကျတော့လည်း ဘလောဂါတွေ အားလုံးကို ဂုဏ်ပြုချင်တာ၊ အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဂုဏ်ပြုချင်တာ၊ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုမှာ အတိုင်းအတာ တစ်ခုအထိ အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်တဲ့ အိုင်တီသမားတွေ၊ ဘလောဂါတွေကို ဂုဏ်ပြုချင်တာ၊ အဲလို ဂုဏ်ပြုဖို့အတွက်ကို ကျွန်တော်က ထောင်ကျသွားတဲ့အခါ ကျွန်တော့်ကို ဆွဲထုတ်လိုက်ပြီးတော့ ဆုတွေပေးတယ်ပေါ့ ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူထားတယ်။
မေး - ထောင်ထဲ ရောက်သွားပေမယ့်လို့ ကိုနေဘုန်းလတ် ထောင်ထဲမှာရေးထားတဲ့ စာတွေက အွန်လိုင်းပေါ်မှာ ရှိနေခဲ့တယ်။ သိရသလောက်ကတော့ တစ်ချို့နေရာတွေမှာ၊ ထောင်ထဲမှာ စာရေးခွင့်မရှိပါဘူး။ ကိုနေဘုန်းလတ်အနေနဲ့ ထောင်ထဲမှာ ဘယ်လိုနည်းနဲ့ စာရေးခဲ့ပါသလဲ။
ဖြေ - အိမ်ကို စာရေးလို့ရတယ်ဗျ။ ထောင်တစ်ခုနဲ့ တစ်ခု မတူဘူးဗျာ။ တစ်ချို့တွေ ကျတော့လည်း စာရွက် အပိုင်းလေးတစ်ခုပေးပြီး အဲတာပဲ ရေးရမယ်။ အဲထက် ပိုမရေးရဘူး။ ကန့်သတ်တာတွေ ရှိတယ်။ တစ်ချို့တွေကျတော့လည်း မိသားစုတွေဆီပဲ ရေးရမယ်ဆိုတာ ကန့်သတ်တာ ရှိတယ်။ လုံးဝရေးခွင့် မပေးတာမျိုးတွေ ရှိတယ်ပေါ့။ ထောင်ထဲမှာ ကျွန်တော် အမြဲစဉ်းစားတယ်လေ။ အိုင်တီသမားဆိုတော့ ပိုဆိုးတယ်။ ကျွန်တော်တို့က connection နဲ့ အလုပ်လုပ်နေရတာ။ ချိတ်ဆက်မှုမရှိရင် လူက သပ်သပ် ဘေးရောက်သွားရောလေ။ တတ်နိုင်သမျှ အပြင်လောကနဲ့ ချိတ်ဆက်နိုင်အောင် နည်းမျိုးစုံနဲ့ ကျွန်တော် စဉ်းစားတယ်ပေါ့။ ဘယ်လို ချိတ်ဆက်မလဲပေါ့။ အဲဒီမှာ စာရေးတဲ့ လမ်းကြောင်းကို ကျွန်တော်ဖွင့်တယ်။ စမ်းတယ်ပေါ့။ ပထမကတော့ အမေကိုရေး၊ အဖေကိုရေး၊ ညီကိုရေး၊ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေဆီကိုရေး၊ နိုင်ငံခြားက လူတွေဆီကိုပါရေး၊ ပထမတော့ ပေးစာလေးတွေရေး၊ နောက်တော့ ကဗျာတွေပါ ထည့်ရေး၊ အဲလိုမျိုးနဲ့၊ အခု လွတ်ခါနီးဆို တော်တော်လေးကို အဆင်ပြေတယ်။ နိုင်ငံရေးအကြောင်းတွေလည်း ရေးတာပဲ။
မေး - အဲဒီလို ရေးခဲ့တဲ့အထဲမှာ သတိထားမိတာတစ်ခုရှိပါတယ်။ ၂၀၀၉ ခုနှစ်လောက်တုန်းကရေးခဲ့ပြီး သံလွင်အိပ်မက်မှာ ဖော်ပြထားခဲ့ 'ညီလေးရေ' ဆိုတဲ့ပေးစာပါ။ ဒီစာကိုဖတ်ရင်းက (ကို) ထူးအိမ်သင်ကို ကြိုက်တဲ့ ကိုနေဘုန်းလတ်ရဲ့ အရေးအသားတွေကဟာ (ကို) ထူးအိမ်သင် ဆိုထားတဲ့ ညီလေးရေ သီချင်းကို ပြန်ပြီး အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်ရဲ့ အစောပိုင်း စာတွေကို နှစ်ခြိုက်သူ ဖြစ်တာကြောင့်လည်း ရေးသားတဲ့ပုံစံက သူတို့ရဲ့ပုံစံနဲ့ဆင်နေတာ တွေ့ရပါတယ်။ အဲဒီမှာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဗန်းမော်တင်အောင်ရဲ့ ပြောစကား။ 'လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်း တာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ'ဆိုတဲ့ စာသားကို ထည့်သုံးခဲ့ပါတယ်။ ဒုတိယ တစ်ချက်ကတော့ equation တစ်ခုကို သုံးခဲ့ပါ တယ်။ Event + Ego =Emotion ၊ Emotion + Exit = Effect ဆိုတဲ့ ညီမျှခြင်းတစ်ခုပါ။ ဒီအချက်နှစ်ချက် ထည့်သုံးခဲ့တာနဲ့ပတ်သက်လို့ အခုချိန်မှာ ပြောချင်တာ တစ်ခုခုရှိနေမလား။
ဖြေ - ကျွန်တော်က စာအစုံဖတ်တယ်လေ။ ဖတ်ရင်းက တစ်ချို့ဟာတွေကို notes ထုတ်ထားတာတွေရှိတယ်။ ထုတ်ထားပြီး စာရေးဆရာတွေ ပြောတဲ့ စကားတွေထဲမှာမှ ကျွန်တော် ဆင့်ပွားပြီး ထပ်တွေးထားတာ တွေရှိတယ်ပေါ့နော်။ ဆရာ ဗန်းမော်တင်အောင် စကားကတော့ ကြိုက်တာကိုး၊ ကိုယ်လည်း ကြိုက်တော့ ပြန်မျှဝေတာပေါ့။ ကျွန်တော်က ကျွန်တော့် ညီအတွက် ရေးတာမှန်ပေမယ့် အထဲမှာကတည်းက အားလုံးအတွက် ပြန်မျှဝေပြီး ရေးတာလေ။ လူငယ်ထုအားလုံးအတွက် ရည်ရွယ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်ရေးခဲ့တာ။ ပေးစာသဘောပေါ့နော်။ ဘောင်ကျဉ်းကျဉ်းနဲ့တော့ ကျွန်တော်ရေးတာ မဟုတ်ဘူး။
E ခြောက်လုံးကို ရေးခဲ့တာကတော့ ဒီလိုပါ။ ညီမျှခြင်းနှစ်ခုလုံး မှာတွေပါတော့ E ခြောက်လုံး သီအိုရီပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ်(Ego) နဲ့ ပေါင်းမကြည့်ရင် ဘာမှ မဖြစ်ဘူး။ ပေါင်းမိပြီဆိုရင် စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက်(Exit) နဲ့ တွေ့ရင်တော့ အပြင် ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေ သက်ရောက်တော့တာပဲ။ အဲဒါလေးပါ။
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကို ခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလိုက်ရှာပြီး မတွေ့မချင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ၊ အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ၊ ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသောထွက်ပေါက်ကိုပဲ ရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို အတ္တနည်းသထက်နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံး ကတော့ အဖြစ်အပျက်တွေတိုင်းကို အတ္တထည့်မပေါင်းဘဲ သူ့အတိုင်းမြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါက ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။ တချို့တွေ ပြောကြတယ်။ အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ Exit ကို လိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဥာဏ်ပညာ (Wisdom) ကိုထည့်ပေးလိုက်နိုင်မယ်ဆိုရင် အကျိုးဆက်(Effect)တွေ ကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဒီကိစ္စက အခုလက်ရှိ နိုင်ငံရေးအတွက်လည်း အရေးကြီးတယ်။ Event တွေကို ကျွန်တော်တို့က Ego တွေဝင်ပြီးတော့ စဉ်းစား နေကြတယ်လေ။ Event ကြီးပဲ သပ်သပ်မမြင်နိုင်ဘူး ဖြစ်နေတယ်။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကျွန်တော်က လစ်ဗာပူး ပရိသတ်ဆိုတော့ ငါ့အသင်းကို အားပေးတာနဲ့ အခြားအသင်းနှစ်သင်း ကန်ပြီး ပရိသတ်တစ် ယောက်အနေနဲ့ အားပေးတာ မတူဘူးလေ။ အဲလိုပဲ Event တွေကို မြင်တဲ့အခါမှာ အတ္တစိတ်ကို ထည့်ပြီးစဉ်းစားတဲ့ အခါကျတော့ အမြင်တွေက တစ်မျိုး ဖြစ်ကုန်တယ်။ တတ်နိုင်သမျှ ဖယ်ပြီး Event တစ်ခုကို Event အဖြစ် မြင်နိုင်အောင် စဉ်းစားရမှာ ပေါ့။ အဲတာမှ bird's-eye view ပေါ့။ အပေါ်စီးက ကြည့်သလို မြင်ရမှာ။ ကိုယ့်အတ္တပါရင် ကိုယ်ကပါ Event ထဲရောက်သွားပြီးတော့ မြင်ကွင်းမ ရှင်းတော့ဘူးဗျာ။ အပေါ်စီးကကြည့်တာ မဖြစ်တော့ဘူး။ ပိုပြီးတော့ ရှေ့ဆက်သွားစရာလမ်းကြောင်းက ဘာလဲ။ ဘယ်သွားရင် ဘာဖြစ်မလဲဆိုတာ အပေါ်စီးက ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရတယ်။
စိတ်ခံစားမှု သဘောကတော့ အန်တီလည်း ပြောတယ် ထင်တယ်။ နိုင်ငံရေးက စိတ်ခံစားမှုနဲ့ မလုပ်ရဘူးဆိုတာ။ စိတ်ခံစားမှု လုံးဝမပါလို့လည်း မဖြစ်ဘူးဗျ။ စိတ်ခံစားမှုတွေက ရှိကြတာပဲ။ ဒီမှာက Wisdom လေးကို ထည့်ဖို့ပါပဲ။ စိတ်ခံစားမှုလည်း ရှိမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ ဒီစိတ်ခံစားမှုလေးကို ကြည့်နေပေါ့။ စကားတစ်ခွန်း ပြောရင်တောင်မှ ဒေါသနဲ့ ပြောလိုက်တာလားပေါ့နော်။ အဲတာလေးတွေက ကိုယ်သတိထားပြီး ကြည့်နေရင် မြင်တယ်လေ။ အိုင်တီမှာတော့ တစ်ခွန်းပြောဖူးတယ်။ think again ပေါ့လေ။ before you hit enter ပေါ့နော်။ enter မခေါက်ခင် ပြန်စဉ်းစားပါပေါ့လေ။
မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊ အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100 စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။
ဖြေ - အဓိကအချက်ကတော့ သုံးမှုပေါ့ ။ သုံးမှုမှာ ထင်တာ မြင်သာရှိတဲ့ အမှုကတော့ မျှော်စင်ကျွန်းက သီးလေးသီး အငြိမ့်ပေါ့။ သီးလေးသီး အငြိမ့်ခွေကို ကိုဇာ(ဇာဂနာ)ကြီးက ပေးကြည့်တယ်။ ပေးကြည့်တာကို ကျွန်တော်က ကျွန်တော့် သူ ငယ်ချင်း၊ ကျွန်တော်နဲ့ အမှုတွဲ မသင်းဂျူလိုင်ကို တစ်ခွေ ကူးပေးလိုက်တယ်။ ဒါက ထင်သာမြင်သာ၊ ကျွန်တော်တို့ကို မိတာ အဲဒီအခွေတွေနဲ့ မိတာ။ သီးလေးသီး အခွေနှစ်ခွေနဲ့ မိတာပေါ့။ အဲဒီမှာ ကျွန်တော့်ကို လက် ၀ယ်တွေ့ရှိမှုနဲ့ ခြောက်လ၊ ပုဒ်မ ၃၆၊ ၃၂(ခ)ကကျတော့ ဖြန့်ချိမှုပေါ့၊ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော်တစ်ခွေ ပေးလိုက်တဲ့ အတွက်ကြောင့် ဖြန့်ချိမှုဆိုပြီး သုံးနှစ်ပေါ့၊ စစ်ရင်း စစ်ရင်းနဲ့ ဘလောဂါ နေဘုန်းလတ်ဆိုပြီး သူငယ်ချင်းတွေကလည်း ၀ိုင်း အော်ကြတာကိုး၊ အပြင်မှာ ဖြစ်တဲ့ အခါကျတော့ သူတို့က လိုက်ရင်း၊ လိုက်ရင်းနဲ့ ဘလော့အကြောင်းတွေပါ သူတို့နည်းနည်း သိလာတယ်။ အိုင်တီမှာ ဘလော့ ဆိုတာမျိုးက တော်တော်ပြန့် နှံ့နေပြီး အများကြီးရှိတာကိုးဗျ။ ပုံမှန်ဆိုရင် ကျွန်တော့် ဘလော့မှာ အစိုးရနဲ့ပတ်သက်တာတွေ ဝေဖန်တာတွေ သိပ်မရေးဘူး။ ကျွန်တော့် အနုပညာဗျာ၊ ၀တ္ထုလေးတွေရေးမယ်၊ ဆောင်းပါးလေးတွေ၊ ကဗျာတွေ၊ အတွေ့အကြုံတွေ ရေးတယ်ပေါ့ဗျာ။ ဒါပဲရေးတာ။ ဒါပေမယ့် သူတို့က ကျွန်တော့်ဘလော့ဆိုတာထက် ဘလော့တွေအားလုံးကို ရှာကြည့်တာ။ ဘလော့တွေကလည်း အဲဒီအချိန်မှာ ၂၀၀၇ မှာသိတဲ့အတိုင်းပဲ။ ဘလော့တွေက ပလူပျံနေတာပဲ။ အဲဒီခါကျတော့ ဘလော့နဲ့ ဆွဲမယ်ဆိုရင် ဆွဲလို့မရဘူး။
နောက်တစ်ခု ဆွဲလို့ရတဲ့အမှုက ဘာသွားတွေ့လဲဆိုတော့ ကျွန်တော့် အီးမေးလ် password ပေးလိုက်ရတယ်ဗျာ။ ဘာ သွားတွေ့လဲဆိုတော့ အ၀င်ပေါ့၊ Inbox ထဲမှာ နိုင်ငံတော် အကြီးအကဲပုံ ရုပ်ပြောင်တွေ၊ ကာတွန်းတွေ၊ စက်တင်ဘာနဲ့ ပတ်သက်တဲ့ပုံတွေ အဲတာတွေက အဲဒီအချိန်မှာ ပျံ့နှံ့နေတာ။ အဲတာတွေက ကျွန်တော့်မေးလ် Inbox ထဲကိုဝင်နေတယ်။ အဲတာကို သူတို့က အတိအကျ ခေါင်းစဉ်တပ်တာက Gmail Inbox တွင် နိုင်ငံတော် အကြီးအကဲများ၏ ရုပ်ပြောင်ပုံကို တရားမ၀င် သိမ်းဆည်းမှု၊ ၃၃(က)က အဲဒီခေါင်းစဉ်နဲ့ တပ်တာ၊ ကျွန်တော်ကတော့ ရှင်းပြတာပေါ့၊ Inbox ဆိုတဲ့ သဘောတရားကို၊ Inbox ဆိုတာက အိမ်ရှေ့မှာ စာတိုက်ပုံးလေးတစ်ခု ထားထားသလိုပဲလို့၊ တွေ့ရာလူက ၀င်ထည့်သွားလို့ရတာပဲ၊ ဒီဟာက အိမ်ရှင်နဲ့ မပတ်သက်ဘူးလေ၊ Inbox ထဲကဟာတွေက သူ့ဟာသူ ၀င်နေတာက၊ ကျွန်တော် ဖွင့်ဖတ်ထားတာလည်း မရှိဘူးဗျာ။ အိုင်တီနဲ့ ပတ်သက်ပြီး ရှင်းပြ တယ်။ ဘလော့ဆိုတာ ဘယ်လို ဆိုတာလည်း ရှင်းပြတယ်။ ကျွန်တော့် ဘလော့ကို ၀င်ကြည့်၊ ကျွန်တော် ရေးထားတာတွေအတွက် တာဝန်ယူတယ်။ အဲတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဆွဲမယ်ဆိုရင် ဆွဲ၊ အဲလိုလည်း မဟုတ်ဘူး၊ အဲဒီ Inbox ကဟာကိုပဲ ပြဿနာ ရှာပြီးတော့ အဲဒီမှာ ၁၅နှစ် ပေါ့။ အမြင့်ဆုံးပဲ။ သူက ၇နှစ်က နေ ၁၅နှစ်အထိ ချလို့ရတယ်။ အဲမှာမှ အမြင့်ဆုံး ၁၅နှစ်ကို ချတယ်။ နောက် ၅၀၅(ခ) ကျတော့ စက်တင်ဘာမှာ ပါလားလို့ ကျွန်တော့်ကို မေးတယ်။ အဲတာကျတော့ ကျွန်တော် ငြင်းစရာ အကြောင်းမရှိဘူး။ ပါတယ်။ စက်တင်ဘာမှာ ဘုန်းကြီးတွေနဲ့ အတူ ဘေးကနေ လမ်းလျှောက်ပြီး ပါတယ်လို့ ပြောလိုက်တယ်။ အဲတာက ၅၀၅(ခ)နဲ့ နှစ်နှစ်။ အားလုံးပေါင်း အနှစ်နှစ်ဆယ်နဲ့ ခြောက်လပေါ့။
မေး - အမိန့် ချမှတ်ခံရပြီးတဲ့နောက်မှာ သတင်းတစ်ချို့ ထွက်ခဲ့ပါတယ်။ တစ်ခုက ကိုနေဘုန်းလတ်ဟာ NLD လူငယ် ဖြစ်နေတယ်ဆိုတာ တစ်ချက်၊ နောက်ပြီး ကိုဇာဂနာရဲ့ ဘလော့ အတွက် ကူညီပေးခဲ့တယ်ဆိုတာ တစ်ချက်၊ ဒီနှစ်ချက်ကြောင့် နှစ်တွေ အများကြီး ကျသွားခဲ့တာလား ဆိုတဲ့ မေးခွန်းတွေပါ။ အဲတာရော ဟုတ်ပါသလား။
ဖြေ - အဲတာတွေက effect တွေတော့ ရှိမှာပေါ့ဗျာ။ ကိုဇာဂနာ ဘလော့ကို လုပ်ပေးတာတော့ မဟုတ်ပါဘူး။ အဲဒီ အချိန်တုန်းက ကိုဇာဂနာနဲ့ ကျွန်တော် ရင်းနှီးတဲ့ အခါကျတော့ သူက သူ့ဘလော့မှာ မြန်မာလို မပေါ်လို့ဆိုပြီး ကျွန်တော် သွားလုပ်ပေးဖူးတယ်။ အဲတာ လေးပါပဲ။ နောက်ပြီးတော့ NLD လူငယ် တာဝန်ခံလည်း ဖြစ်တယ်။ အဲဒီတုန်းက ၈၈ က၊ မနီလာသိန်းတို့ ကိုထွန်းမြင့်အောင်တို့က ပုန်းနေရတဲ့ အချိန်လေ၊ အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ပစ္စည်းလေးတွေ လှမ်းမှာရင် ပို့ပေးတာလေးတွေရှိတယ်။ အခွေတွေဘာတွေရှိရင်လည်း သူတို့ကို လူကြုံနဲ့ချိတ်ပြီး ပေးတာတွေရှိတယ်။ အားလုံးက ပုဂ္ဂိုလ်ရေးအရ ကူညီခဲ့တာတွေပဲ ရှိတယ်။ မနီလာသိန်းတို့ ဆိုရင်လည်း ၀ရမ်းပြေးဖြစ် တယ်ဆိုရင် တရားဝင် ကြေညာလေ။ ကြေညာတာလည်း မရှိဘူး၊ ဆက်သွယ်ရင် ဘာညာလည်း ပြောမထားဘူး။ မရှိတော့ ဒီလူတွေကို လူမှုရေးအရ ကူညီတာပဲ ရှိတယ်။ NLD အဖွဲ့ဆိုတာလည်း တရားဝင်ပါတီလေဗျာ။ လူငယ်အဖွဲ့နဲ့ တရားဝင်ပါတီ ၀င်လုပ်ထားတာလည်း ပြဿနာမရှိဘူး။ သေချာတာကတော့ ဇာဂနာ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ နီလာသိန်းနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ NLD လူငယ်မို့လို့လည်း ဖမ်းလို့မရဘူး။ ဒါပေမယ့် ဒီဟာတွေရဲ့ effect ပေါ့နော်။ နောက်ပြီး ဘလောဂါ ဆိုတာကလည်း ၂၀၀၇နောက်ပိုင်းမှာ ဘလော့တို့၊ ဘလောဂါတို့ကို နည်းနည်း မျက်စိစပါးမွှေးစူးတဲ့ သဘောရှိပါတယ်။
မေး - ၂၀၀၄ ခုနှစ်မှာ ရန်ကုန် နည်းပညာတက္ကသိုလ်ကနေ B.E(Civil) နဲ့ ကျောင်းပြီးခဲ့တယ်။ အဲဒီအချိန် နောက်ပိုင်းမှာ စင်ကာပူကို သွားခဲ့တယ်။ ကိုနေဘုန်းလတ် စင်ကာပူကို သွားတဲ့ အချိန်က ဘာပဲပြောပြော စင်ကာပူမှာ မြန်မာတွေ ခေတ်ကောင်းတဲ့ အချိန် ဖြစ်နေတယ်။ စင်ကာပူကနေ မြန်မာနိုင်ငံကို ဘာကြောင့် ပြန်လာခဲ့တာပါလဲ။
ဖြေ - ကျွန်တော် စင်ကာပူ သွားတာ က Visit နဲ့ထွက်ပြီး အလုပ်ရှာတယ်။ ဟိုမှာ အလုပ်လုပ်တယ်။ တစ်နှစ် လောက်လုပ်တယ်။ ပြီးတော့ ကျွန်တော်အိမ်ကို ပြန်လာတယ်။ တခါတလေကျတော့လည်း ပြန်သွားတယ်ပေါ့။ အဓိကက ကျွန်တော့် အဘိုး နေမကောင်းဖြစ်လို့ တစ်ခေါက် ပြန်လာတယ်။ စင်ကာပူမှာ အလုပ် လုပ်နေတုန်းပဲ။ အဖမ်းခံရတဲ့အထိ စင်ကာပူ အလုပ်ကဒ်နဲ့ပဲ။ ကျွန်တော်ကတော့ အမှန်အတိုင်း ပြောရရင် နိုင်ငံတကာမှာ သွားပြီး နေနေရတာ ဘယ်လိုမှ ခံစားလို့ မရဘူးဗျ။ မိသားစု ပေါ်မှာလည်း တွယ်တာတယ်ဗျာ။ ပြီးတော့ ကိုယ့်မြေ ကိုယ့်ရေ ပေါ်မှာလည်း ချစ်တဲ့စိတ်ပေါ့။ အဲတာတွေကလေ လူတိုင်းမှာတော့ မတူနိုင်ဘူး သိလား။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ ကျွန်တော် စင်ကာပူမှာ နေနေရတာနဲ့ မြန်မာနိုင်ငံ အတွင်းမှာပဲ၊ ကျွန်တော် ထောင်ထဲမှာ နေနေရတဲ့ ခံစားချက်က မတူဘူး။ ထောင်ထဲမှာ ကျွန်တော် အဲလောက် စိတ်မညစ်ဘူး။ စင်ကာပူမှာ ကျွန်တော် စိတ်ညစ်တယ်။ ကျွန်တော် မနေနိုင်ဘူး။ အဲတာကတော့ ဘယ်လို ဖြစ်လဲဆိုတော့ လူတိုင်းကို ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မျှော်လင့်လို့ မရဘူးဗျ။ ဒါကတော့ ကျွန်တော် တစ်ဦးတည်းရဲ့ ခံစားချက်ပေါ့။
မေး - ထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာ ကိုနေဘုန်းလတ် ပြန် လွတ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ http://freenpl.blogspot.com/ ဘလော့တစ်ခု ပေါ်လာခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာတော့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပေးတဲ့ဆုကို ကိုဇာဂနာနဲ့အတူ ကိုနေဘုန်းလတ် ရခဲ့ပါတယ်။ တစ်ခါ ၂၀၁၀ပြည့်နှစ်မှာတော PEN American အဖွဲ့ကပေးတဲ့ PEN ဆုကို မြန်မာနိုင်ငံက ဘလောဂါအနေနဲ့ ရခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ ပိုပြီး ထူးခြားသွားတာက ၂၀၁၀ပြည့်နှစ် အတွက် Time မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ ဟီးရိုး ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တာပါပဲ။ ရွေးချယ်ခံရတဲ့ ကိုနေဘုန်းလတ် အကြောင်းကို ၁၉၈၁ခုနှစ်မှာ Midnight's Children စာအုပ်နဲ့ ဘွတ်ကာ စာပေဆု ရခဲ့တဲ့ စာရေးဆရာ Salman Rushdie က ရေးခဲ့ပါတယ်။ ဒီရွေးချယ်မှုတွေမှာ အဓိက ထည့်ပြောခဲ့တာက မြန်မာလူငယ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မှာ ကိုနေဘုန်းလတ်က တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတယ်လို့ မှတ်ချက်ပြု ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာလူငယ်ထုရဲ့ ကိုယ်စားပြု ပြယုဂ်အဖြစ် တင်စားခဲ့တာပါ။ ဒီလို သတ်မှတ်မှုတွေအတွက် ဘယ်လို ထင်မြင်မိပါသလဲ။
ဖြေ - အဲတာက ကိုယ်စားပြုပြီး ပေးတဲ့သဘောပဲဗျ။ နောက်ပြီး တစ်ဦး တစ်ယောက်တည်း အပေါ်ကို ရည်ရွယ်ပြီး ပေးတာတော့ မဟုတ်ဘူး။ အဲတာတော့ သေချာတယ်။ သဘောကတော့ လှိုင်းပါပဲ။ လူငယ်တွေရဲ့ လှိုင်းပါပဲ။ ဘလော့တွေ ရေးကြ တယ်။ အိုင်တီ နည်းပညာတွေကို ကျွမ်းကျင်တဲ့သူတွေက လှိုင်းတစ်ခု ဖန်တီးခဲ့ကြတယ်။ အဲဒီလှိုင်းကြောင့် ၂၀၀၇ခုနှစ်မှာ၊ အရင်တုန်းက တစ်ခုခုဖြစ်တယ်ဆိုရင် သိပ်မသိလိုက်ရပဲ ပြီးသွားကြတာရှိတယ်။ ၂၀၀၇မှာတော့ ဘလောဂါတွေ၊ အိုင် တီစိတ်ဝင်စားတဲ့ လူငယ်တွေ၊ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူးနော်၊ ကိုယ့်ရှေ့မှာ ဘာဖြစ်နေလဲ၊ ဘာတွေ မတရားဖြစ်နေလဲ၊ ဓာတ်ပုံရိုက်လိုက်တယ်၊ အွန်လိုင်းပေါ် တင်လိုက်တယ်၊ ဒီပုံစံနဲ့ပဲ ကျွန်တော်တို့ သွားခဲ့ကြတယ်။ ကျွန်တော့်ကို စစ်ကြောရေး လုပ်တုန်းကလည်း မေးတယ်။ မင်းတို့ စက်တင်ဘာမှာ ဘာလို့ဝင်ပါတာလဲ။ ဘယ်သူက ခိုင်းလို့လဲ သူတို့ အဲတာတွေ မေးခဲ့ကြတယ်ဗျ။ ဘယ်သူမှ မခိုင်းဘူး။ လူငယ်တွေကို ဘယ်သူမှ ခိုင်းစရာမလိုဘူး။ လူငယ်တွေရှေ့မှာ မတရားတာတော့ မလုပ်နဲ့၊ ပြောမှာပဲ၊ သူပြောလို့ရတဲ့ နေရာက ပြောမှာပဲ။ ဘလော့ရှိရင် ဘလော့ကပြောမှာပဲ၊ မီဒီယာရှိရင် မီဒီယာက ပြောမှာပဲ။ သူတတ်နိုင်တဲ့ ဘက်က ဆန့်ကျင်မှာပဲ။ ဒါကလူငယ်ရဲ့ သဘာဝပဲ။
အဲဒီမှာ ဘလော့တို့ အိုင်တီနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုကြောင့် ဒီဟာက လှိုင်းတစ်ခုဖြစ်သွားတယ်။ အဲဒီတော့ ဒီလူငယ်တွေအားလုံးကို သူကရည်ရွယ်တာပဲ။ ကျွန်တော်ကတော့ ထောင်ကျ သွားတယ်ပေါ့ဗျာ။ အမှန်အတိုင်း ပြောရင် ဒီဟာတွေရဲ့ effect တွေပါတယ်ဗျာ။ ကျွန်တော့် ဘလော့ကြောင့် ဆိုတာထက်ကို ဘလော့တွေ ကြောင့်ပေါ့နော်။ ကျွန်တော်ဟာ ဘလောဂါ တစ်ဦးလည်းဖြစ်တယ်။ ကျွန်တော့် ဘလော့မှာ ဘာမှ မရေးပေမယ့် အခြား ဘလော့တွေနဲ့ ဆက်စပ်နေတယ်။ ဆိုတဲ့ အခါကျတော့ ကျွန်တော့်ကိုများ စံပြအနေနဲ့ ဟန့်လိုက်ရင် နောက်လူတွေ တန့်သွားမယ်ဆိုတဲ့ စဉ်းစားမှုမျိုး အစိုးရဘက်က စဉ်းစားသလိုပဲ ဟိုဘက်က ကျတော့လည်း ဘလောဂါတွေ အားလုံးကို ဂုဏ်ပြုချင်တာ၊ အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဂုဏ်ပြုချင်တာ၊ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုမှာ အတိုင်းအတာ တစ်ခုအထိ အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်တဲ့ အိုင်တီသမားတွေ၊ ဘလောဂါတွေကို ဂုဏ်ပြုချင်တာ၊ အဲလို ဂုဏ်ပြုဖို့အတွက်ကို ကျွန်တော်က ထောင်ကျသွားတဲ့အခါ ကျွန်တော့်ကို ဆွဲထုတ်လိုက်ပြီးတော့ ဆုတွေပေးတယ်ပေါ့ ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူထားတယ်။
မေး - ထောင်ထဲ ရောက်သွားပေမယ့်လို့ ကိုနေဘုန်းလတ် ထောင်ထဲမှာရေးထားတဲ့ စာတွေက အွန်လိုင်းပေါ်မှာ ရှိနေခဲ့တယ်။ သိရသလောက်ကတော့ တစ်ချို့နေရာတွေမှာ၊ ထောင်ထဲမှာ စာရေးခွင့်မရှိပါဘူး။ ကိုနေဘုန်းလတ်အနေနဲ့ ထောင်ထဲမှာ ဘယ်လိုနည်းနဲ့ စာရေးခဲ့ပါသလဲ။
ဖြေ - အိမ်ကို စာရေးလို့ရတယ်ဗျ။ ထောင်တစ်ခုနဲ့ တစ်ခု မတူဘူးဗျာ။ တစ်ချို့တွေ ကျတော့လည်း စာရွက် အပိုင်းလေးတစ်ခုပေးပြီး အဲတာပဲ ရေးရမယ်။ အဲထက် ပိုမရေးရဘူး။ ကန့်သတ်တာတွေ ရှိတယ်။ တစ်ချို့တွေကျတော့လည်း မိသားစုတွေဆီပဲ ရေးရမယ်ဆိုတာ ကန့်သတ်တာ ရှိတယ်။ လုံးဝရေးခွင့် မပေးတာမျိုးတွေ ရှိတယ်ပေါ့။ ထောင်ထဲမှာ ကျွန်တော် အမြဲစဉ်းစားတယ်လေ။ အိုင်တီသမားဆိုတော့ ပိုဆိုးတယ်။ ကျွန်တော်တို့က connection နဲ့ အလုပ်လုပ်နေရတာ။ ချိတ်ဆက်မှုမရှိရင် လူက သပ်သပ် ဘေးရောက်သွားရောလေ။ တတ်နိုင်သမျှ အပြင်လောကနဲ့ ချိတ်ဆက်နိုင်အောင် နည်းမျိုးစုံနဲ့ ကျွန်တော် စဉ်းစားတယ်ပေါ့။ ဘယ်လို ချိတ်ဆက်မလဲပေါ့။ အဲဒီမှာ စာရေးတဲ့ လမ်းကြောင်းကို ကျွန်တော်ဖွင့်တယ်။ စမ်းတယ်ပေါ့။ ပထမကတော့ အမေကိုရေး၊ အဖေကိုရေး၊ ညီကိုရေး၊ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေဆီကိုရေး၊ နိုင်ငံခြားက လူတွေဆီကိုပါရေး၊ ပထမတော့ ပေးစာလေးတွေရေး၊ နောက်တော့ ကဗျာတွေပါ ထည့်ရေး၊ အဲလိုမျိုးနဲ့၊ အခု လွတ်ခါနီးဆို တော်တော်လေးကို အဆင်ပြေတယ်။ နိုင်ငံရေးအကြောင်းတွေလည်း ရေးတာပဲ။
မေး - အဲဒီလို ရေးခဲ့တဲ့အထဲမှာ သတိထားမိတာတစ်ခုရှိပါတယ်။ ၂၀၀၉ ခုနှစ်လောက်တုန်းကရေးခဲ့ပြီး သံလွင်အိပ်မက်မှာ ဖော်ပြထားခဲ့ 'ညီလေးရေ' ဆိုတဲ့ပေးစာပါ။ ဒီစာကိုဖတ်ရင်းက (ကို) ထူးအိမ်သင်ကို ကြိုက်တဲ့ ကိုနေဘုန်းလတ်ရဲ့ အရေးအသားတွေကဟာ (ကို) ထူးအိမ်သင် ဆိုထားတဲ့ ညီလေးရေ သီချင်းကို ပြန်ပြီး အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်ရဲ့ အစောပိုင်း စာတွေကို နှစ်ခြိုက်သူ ဖြစ်တာကြောင့်လည်း ရေးသားတဲ့ပုံစံက သူတို့ရဲ့ပုံစံနဲ့ဆင်နေတာ တွေ့ရပါတယ်။ အဲဒီမှာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဗန်းမော်တင်အောင်ရဲ့ ပြောစကား။ 'လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်း တာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ'ဆိုတဲ့ စာသားကို ထည့်သုံးခဲ့ပါတယ်။ ဒုတိယ တစ်ချက်ကတော့ equation တစ်ခုကို သုံးခဲ့ပါ တယ်။ Event + Ego =Emotion ၊ Emotion + Exit = Effect ဆိုတဲ့ ညီမျှခြင်းတစ်ခုပါ။ ဒီအချက်နှစ်ချက် ထည့်သုံးခဲ့တာနဲ့ပတ်သက်လို့ အခုချိန်မှာ ပြောချင်တာ တစ်ခုခုရှိနေမလား။
ဖြေ - ကျွန်တော်က စာအစုံဖတ်တယ်လေ။ ဖတ်ရင်းက တစ်ချို့ဟာတွေကို notes ထုတ်ထားတာတွေရှိတယ်။ ထုတ်ထားပြီး စာရေးဆရာတွေ ပြောတဲ့ စကားတွေထဲမှာမှ ကျွန်တော် ဆင့်ပွားပြီး ထပ်တွေးထားတာ တွေရှိတယ်ပေါ့နော်။ ဆရာ ဗန်းမော်တင်အောင် စကားကတော့ ကြိုက်တာကိုး၊ ကိုယ်လည်း ကြိုက်တော့ ပြန်မျှဝေတာပေါ့။ ကျွန်တော်က ကျွန်တော့် ညီအတွက် ရေးတာမှန်ပေမယ့် အထဲမှာကတည်းက အားလုံးအတွက် ပြန်မျှဝေပြီး ရေးတာလေ။ လူငယ်ထုအားလုံးအတွက် ရည်ရွယ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်ရေးခဲ့တာ။ ပေးစာသဘောပေါ့နော်။ ဘောင်ကျဉ်းကျဉ်းနဲ့တော့ ကျွန်တော်ရေးတာ မဟုတ်ဘူး။
E ခြောက်လုံးကို ရေးခဲ့တာကတော့ ဒီလိုပါ။ ညီမျှခြင်းနှစ်ခုလုံး မှာတွေပါတော့ E ခြောက်လုံး သီအိုရီပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ်(Ego) နဲ့ ပေါင်းမကြည့်ရင် ဘာမှ မဖြစ်ဘူး။ ပေါင်းမိပြီဆိုရင် စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက်(Exit) နဲ့ တွေ့ရင်တော့ အပြင် ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေ သက်ရောက်တော့တာပဲ။ အဲဒါလေးပါ။
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကို ခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလိုက်ရှာပြီး မတွေ့မချင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ၊ အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ၊ ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသောထွက်ပေါက်ကိုပဲ ရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို အတ္တနည်းသထက်နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံး ကတော့ အဖြစ်အပျက်တွေတိုင်းကို အတ္တထည့်မပေါင်းဘဲ သူ့အတိုင်းမြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါက ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။ တချို့တွေ ပြောကြတယ်။ အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ Exit ကို လိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဥာဏ်ပညာ (Wisdom) ကိုထည့်ပေးလိုက်နိုင်မယ်ဆိုရင် အကျိုးဆက်(Effect)တွေ ကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဒီကိစ္စက အခုလက်ရှိ နိုင်ငံရေးအတွက်လည်း အရေးကြီးတယ်။ Event တွေကို ကျွန်တော်တို့က Ego တွေဝင်ပြီးတော့ စဉ်းစား နေကြတယ်လေ။ Event ကြီးပဲ သပ်သပ်မမြင်နိုင်ဘူး ဖြစ်နေတယ်။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကျွန်တော်က လစ်ဗာပူး ပရိသတ်ဆိုတော့ ငါ့အသင်းကို အားပေးတာနဲ့ အခြားအသင်းနှစ်သင်း ကန်ပြီး ပရိသတ်တစ် ယောက်အနေနဲ့ အားပေးတာ မတူဘူးလေ။ အဲလိုပဲ Event တွေကို မြင်တဲ့အခါမှာ အတ္တစိတ်ကို ထည့်ပြီးစဉ်းစားတဲ့ အခါကျတော့ အမြင်တွေက တစ်မျိုး ဖြစ်ကုန်တယ်။ တတ်နိုင်သမျှ ဖယ်ပြီး Event တစ်ခုကို Event အဖြစ် မြင်နိုင်အောင် စဉ်းစားရမှာ ပေါ့။ အဲတာမှ bird's-eye view ပေါ့။ အပေါ်စီးက ကြည့်သလို မြင်ရမှာ။ ကိုယ့်အတ္တပါရင် ကိုယ်ကပါ Event ထဲရောက်သွားပြီးတော့ မြင်ကွင်းမ ရှင်းတော့ဘူးဗျာ။ အပေါ်စီးကကြည့်တာ မဖြစ်တော့ဘူး။ ပိုပြီးတော့ ရှေ့ဆက်သွားစရာလမ်းကြောင်းက ဘာလဲ။ ဘယ်သွားရင် ဘာဖြစ်မလဲဆိုတာ အပေါ်စီးက ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရတယ်။
စိတ်ခံစားမှု သဘောကတော့ အန်တီလည်း ပြောတယ် ထင်တယ်။ နိုင်ငံရေးက စိတ်ခံစားမှုနဲ့ မလုပ်ရဘူးဆိုတာ။ စိတ်ခံစားမှု လုံးဝမပါလို့လည်း မဖြစ်ဘူးဗျ။ စိတ်ခံစားမှုတွေက ရှိကြတာပဲ။ ဒီမှာက Wisdom လေးကို ထည့်ဖို့ပါပဲ။ စိတ်ခံစားမှုလည်း ရှိမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ ဒီစိတ်ခံစားမှုလေးကို ကြည့်နေပေါ့။ စကားတစ်ခွန်း ပြောရင်တောင်မှ ဒေါသနဲ့ ပြောလိုက်တာလားပေါ့နော်။ အဲတာလေးတွေက ကိုယ်သတိထားပြီး ကြည့်နေရင် မြင်တယ်လေ။ အိုင်တီမှာတော့ တစ်ခွန်းပြောဖူးတယ်။ think again ပေါ့လေ။ before you hit enter ပေါ့နော်။ enter မခေါက်ခင် ပြန်စဉ်းစားပါပေါ့လေ။
နိုင်ငံရေးအကျဉ်းသားဟောင်း(စီအာရ်ပီပီ)အဖွဲ့ဝင် ဦးကျော်မင်းနှင့်တွေ့ဆုံမေးမြန်းခြင်း။
ဦးကျော်မင်းနှင့်မိသားစုဝင်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင်ဖြင့် မြင်းခြံအကျဉ်း ထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ဦးကျော်မင်းသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြောက်ခံခဲ့ရသော အမတ်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (စီအာရ်ပီပီ) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင်ဖမ်းဆီးခဲ့ပါသည်။ ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၄၇ နှစ်နှင့် ဒဏ်ငွေ ၅ သောင်းချမှတ်ခဲ့သည်။ ဦးကျော်မင်း၏ မိသားစုဝင်များကို ၂၀၀၅ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့ပါသည်။
ဦးကျော်မင်းကိုဖမ်းဆီးအကျဉ်းချခဲ့ခြင်း အဓိကအကြောင်းရင်းနှစ်ရပ်မှာ (၁) ၂၀၀၅ ခုနှစ် ပြည်ထောင်စုနေ့တွင် စီအာရ်ပီပီ၏သဘောထားကျေညာချက်ထုတ်ပြန်ရာတွင် အဓိကပါဝင်ကူညီခဲ့ခြင်း (၂) ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း တို့ကြောင့်ဖြစ်သည်။
ဦးကျော်မင်းသည် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၆၉ ခုနှစ်မှစတင်ပြီး စစ်တွေမြို့တွင် ကျောင်းဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပညာရေးဒီပလိုမာကိုရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ်အမှုထမ်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ၈၈ အရေးအခင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ဘူးသီးတောင်မြို့နယ်ကျောင်းဆရာများသမဂ္ဂတို့တွင်ပါဝင်လှုပ်ရှားမှုများကြောင့် အလုပ်မှထုတ်ပယ် ခြင်းခံခဲ့ရသည်။
ဦးကျော်မင်းသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြောက်ခံခဲ့ရသော အမတ်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (စီအာရ်ပီပီ) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင်ဖမ်းဆီးခဲ့ပါသည်။ ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၄၇ နှစ်နှင့် ဒဏ်ငွေ ၅ သောင်းချမှတ်ခဲ့သည်။ ဦးကျော်မင်း၏ မိသားစုဝင်များကို ၂၀၀၅ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့ပါသည်။
ဦးကျော်မင်းကိုဖမ်းဆီးအကျဉ်းချခဲ့ခြင်း အဓိကအကြောင်းရင်းနှစ်ရပ်မှာ (၁) ၂၀၀၅ ခုနှစ် ပြည်ထောင်စုနေ့တွင် စီအာရ်ပီပီ၏သဘောထားကျေညာချက်ထုတ်ပြန်ရာတွင် အဓိကပါဝင်ကူညီခဲ့ခြင်း (၂) ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း တို့ကြောင့်ဖြစ်သည်။
ဦးကျော်မင်းသည် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၆၉ ခုနှစ်မှစတင်ပြီး စစ်တွေမြို့တွင် ကျောင်းဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပညာရေးဒီပလိုမာကိုရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ်အမှုထမ်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ၈၈ အရေးအခင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ဘူးသီးတောင်မြို့နယ်ကျောင်းဆရာများသမဂ္ဂတို့တွင်ပါဝင်လှုပ်ရှားမှုများကြောင့် အလုပ်မှထုတ်ပယ် ခြင်းခံခဲ့ရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment