မြန်မာသတင်းများ ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ပြင် နိုင်ငံရေးခရီးစဉ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇန်န၀ါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက်နေ့တွင် နိုင်ငံရေးခရီးစဉ် စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ထားဝယ် နေ့ချင်းပြန် စည်းရုံးရေးဆင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသွားသည်။ ယခု ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ် ဖြစ်သည်ဟု သိရသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီးဖြစ်သည်။အနီးတ၀ိုက်ရှိ မြို့နယ်များသို့လည်း ခဏတာ သွားရောက်မည်ဟု သိရသည်
အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက် ပေါက်ဈေးဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲသတ်မှတ်မှု ကိုလာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အစတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လတ်တလောတွင်မူ နိုင်ငံစီးပွားရေးတည်ငြိမ်စေရန် ရှုပ်ထွေးသည့် နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကို ဦးစားပေးပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင် လည်း မက်ခရိုစီးပွားရေး တည်ငြိမ် မှုကို ထိန်းထားနိုင်ရန်အတွက် ပြုပြင် ပြောင်းလဲရမည်ဖြစ်ကြောင်း IMF မှ ထုတ်ပြန်သော စာတမ်းတွင် ဖော်ပြ ထားကြောင်းသိရသည်။
ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့နှင့်ထိတွေ့ ဆွေးနွေးညှိနှိုင်းပြီး ထာဝရငြိမ်း ချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီလ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ ထံပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အစိုးရရည်မှန်း
တနိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ အစိုးရက ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းက ပြောကြောင်းသိရသည်။
ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး
မြန်မာအစိုးရနဲ့ ရှမ်း (မြောက်) တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ
လွှတ်တော် တတိယပုံမှန် အစည်းအဝေးများအနက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဓိက ကျလာမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ၂၀၁၁-၂၀၁၂ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း နှင့် ၂၀၁၂-၂၀၁၃ ပြည်ထောင်စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးသွားမည်ဟု သတင်းရရှိ ပါသည်။
ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းချိန် တန် မတန်
၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment