နိုင်ငံတကာသတင်း
ဗွီအိုအေ နှစ် ၇၀ ပြည့်
ဖော်ဖော်ဝါရီလ ၁ ရက်နေ့ဟာ ဗွီအိုအေ အမေရိကန် အသံလွှင့်ဌာနရဲ့ နှစ် ၇၀ ပြည့် မွေးနေ့ဖြစ်ကြောင်းသိရသည်။
အီဂျစ်ဘောလုံးပွဲ အများအပြား သေဆုံး
အီဂျစ်နိုင်ငံ မြောက်ပိုင်းက ဘောလုံးပွဲတခုမှာ အဓိကရုဏ်း ဖြစ်ပွားပြီး လူ ၇၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ
မစ္စတာကင်တားနားက အစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပြီး တခြား လူမှုအဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိကြောင်းသိရသည်။ဖလော်ရီဒါမှာ Mitt Romney အနိုင်ရ
ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ Republican Party တွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာ Mitt Romney က အခိုင်အမာ အနိုင်ရခဲ့ကြောင်းသိရသည်။မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှု အမေရိကန်လမ်းဖွင့်
အငြင်းပွားစရာ မြောက်ကိုရီးယား နျူကလီယားရေး ဆွေးနွေးဖို့ သံတမန်လမ်းကြောင်းဖွင့်ထားတယ်လို့ အမေရိကန်က ပြောလိုက်ကြောင်းသိရသည်။
ဖလော်ရီဒါ အကြိုရွေးကောက်ပွဲတွင် မစ်ရွမ်နေ အနိုင်ရရီပတ်ဘလီကန်ပါတီ၏ ဖလော်ရီဒါပြည်နယ် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းမစ်ရွမ်နေ အနိုင်ရခဲ့ကြောင်း စီအင်န်အင်န် သတင်းဌာန၏ အကြိုတွက်ချက်မှု များအရ သိရသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အကြိုရွေးကောက်ပွဲပြုလုပ်သည့် စတုတ္ထမြောက်ပြည်နယ် ဖလော်ရီဒါတွင် အနိုင်ရခဲ့ခြင်းနှင့်အတူ သမ္မတလောင်းများထဲတွင် အခြေအနေ အကောင်းဆုံးအနေအထားကို ရွမ်နေက ဆက်လက် ရယူနိုင်ခဲ့သည်။
မတ်လသမ္မတရွေးကောက်ပွဲတွင် ဒုတိယအကျော့အထိ ယှဉ်ပြိုင်ရနိုင်ကြောင်း ပူတင်ပြောကြား
ရုရှားဝန်ကြီးချုပ်ပူတင်က မတ်လ သမ္မတရွေးကောက်ပွဲတွင် ဒုတိယအကျော့အထိ
ယှဉ်ပြိုင်ရနိုင်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသိအမှတ်ပြု ပြောကြားခဲ့သည်။ မတ်လ ၄ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် ရုရှားသမ္မတအဖြစ် တတိယအကြိမ်ထမ်းဆောင်ရန် ကြိုးပမ်းမည့် ပူတင်က ဒုတိယအကျော့အထိ ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း
ပါကစ္စတန်တွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုနေကြောင်း အိုဘားမား ပထမဆုံးအကြိမ်ဝန်ခံ
ပါကစ္စတန်တွင် အမေရိကန်က မောင်းသူမဲ့လေယာဉ်များအသုံးပြုကာ အယ်လ်ကေးဒါးများကို တိုက်ခိုက်နေကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါကစ္စတန်ရှိ အယ်လ်ကေးဒါးများကို အမေရိကန်က မောင်းသူမဲ့လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဆိုသော သတင်းပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဂူးဂဲလ်၏ လူမှုရေးကွန်ရက် Google+ ကိုအသုံးပြုပြီးပြုလုပ်သော အွန်လိုင်းအမေးအဖြေအစီအစဉ်တွင် အိုဘားမားက စီအိုင်အေ၏ လူတိုင်းသိနေသော လျို့ဝှက်ချက်ကို တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သော ကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။
အစ္စရေး အထွေထွေရွေးကောက်ပွဲကို ၂၀၁၃ ခုနှစ်၊ ဆောင်းဦးတွင် ကျင်းပရန်ရှိသော်လည်း နေတန်ယာဟုသည် ၎င်းအပေါ်ထောက်ခံမှု မြင့်မားနေချိန်ကိုအသုံးချ၍ ရွေးကောက်ပွဲကို စောပြုလုပ်ကာ ဒုတိယသက်တမ်း အတွက် အနိုင်ယူသွားဖွယ်ရှိသည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ခဲ့သည်။ မဲများရေတွက်ခဲ့ပြီးနောက် နေတန်ယာဟုသည် မဲအားလုံး၏ ၇၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်းနှင့်အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သူ ပါတီတွင်း တက်ကြွလှုပ်ရှားသူ Moshe Feiglin မှာ မဲ ၂၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အစ္စရေးအသံလွှင့်ဌာနက ထုတ်ပြန်ခဲ့သည်။ အတိုက်အခံ ကာဒီမာပါတီခေါင်းဆောင်ရွေးကောက်ပွဲကို မတ်လတွင် ပြုလုပ်မည်ဖြစ်သည်။
ဆီးရီးယားအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို ဗီတိုသုံးကာ ကန့်ကွက်မည်ဟု ရုရှားပြောကြား
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို အာရပ်နှင့်အနောက်နိုင်ငံ သံတမန်များက ထောက်ခံကြောင်း ပြောကြားခဲ့သော်လည်း ရုရှားနှင့် တရုတ်ကိုယ်စားလှယ်များက ဆုံးဖြတ်ချက်ကို လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားကို အရေးယူရန်ဆုံးဖြတ်ချက်သည် လက်ခံနိုင်ဖွယ်ရာမရှိပါက ဗီတိုအာဏာအသုံးပြုကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါ ရီလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment