မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ၊ ၂ ရက်၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်... မကြာမီ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း
ပုဂံညောင်ဦးလေဆိပ်သို့  ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီဖြစ်ကြောင်း... မကြာမီ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ မီဒီယာသမား ၁၈ ဦး၊ UK Funded Project အဖွဲ့ ဝင် များအပါအ၀င် စုစုပေါင်း ၃၀ ကျော်လိုက်ပါသွားကြောင်း သိရှိရပြီး ညနေ ၆ နာရီ ၂၀ ခန့် တွင်ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရ။

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုဟောပြောပွဲ ဗထူးကွင်းမှာ ကိုဇော်ဇော် ခွင့်မပြုတာနဲ့ မိုင်တာကွင်းကို ပြောင်းရွှေ့ ပြောင်းပြု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ သွားရောက်မယ့် မန္တလေးခရီးစဉ်အတွင်း လူထုဟောပြောပွဲကို မန္တလေးမြို့ရှိ မိုင်တာကွင်းမှာ ကျင်းပပြုလုပ်ဖို့ ကော်မရှင်ကို တင်ပြထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
အရင်က ဗထူးအားကစားကွင်းမှာ ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ခွင့်မပြုတာကြောင့် ပြောင်းရွှေ့ကျင်းပပြုလုပ်ဖို့ စီစဉ်ရတာလို့ ဒီခရီးစဉ်ကို စီစဉ်ပေးနေတဲ့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ဗထူးကွင်းမှာဟောပြောခွင့်မပြုတဲ့ ဇော်ဇော် ဒေါ်အောင်ဆန်းစုကြည် ဘေးမှာကပ်ထိုင်နေသူ
“ဗထူး ကွင်းက ကျနော်တို့သိတာက အားကစားဝန်ကြီးဌာနကနေ သူတို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို နှစ်ချုပ်နဲ့ ငှားထားပြီးသားတဲ့။ အဲဒီ ကိုဇော်ဇော်က မပေးတာဗျာ။ အကြောင်းအမျိုးမျိုး ပြပြီးတော့ပေါ့။ ၄ ရက်နေ့ ကျနော်တို့ အဲဒီမှာ လုပ်ခွင့်မရဘူး။ ကျနော်တို့က အခု မန္တလေးတောင်ခြေပေါ့။ မိုင်တာကွင်းကို လက်ခံကျင်းပဖို့ စာတင်ထားတယ်။”
အန်အယ်လ်ဒီ ပါတီအနေနဲ့ အခုလို လူထုဟောပြောပွဲလုပ်ဖို့ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ တိုင်းကော်မရှင်ကို ၁၀ ရက် ကြိုတင် လျှောက်ထားခဲ့တာဖြစ်ပြီး ခွင့်ပြု မပြုကို ကော်မရှင်က ဟောပြောပွဲမလုပ်ခင် ၄၈ နာရီ ကြိုတင် အကြောင်းကြားမယ်လို့ ပြောကြားထားကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ပြီးခဲ့ ရက်ပိုင်းတွေကလည်း အစိုးရပိုင်သတင်းစာတွေမှာ နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအတိုင်း လိုက်နာပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို ထုတ်ပြန်ကြေညာလာတဲ့အပေါ်ကို အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“အခုပါတဲ့ သတင်းစာတွေမှာ မကဘူး။ ကျနော်တို့ ခဏခဏလည်း သတင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုရင် ဘာပါရမယ် ဆိုတာမျိုး သူတို့ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့အစီရင်ခံထဲမှာ ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က ဆောင်ရွက်တဲ့လုပ်ငန်းမှာ ကျနော်တို့ကြိုဆိုပါတယ်။ ကျနော်တို့ ဘယ်လိုမှ ကျနော်တို့ကို လုပ်တယ်မထင်ပါဘူး။ ဒါက ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က သတိပေးတဲ့သဘောနဲ့ ထုတ်နေတာလို့ ကျနော်တို့ အဲ့လိုပဲ နားလည်တယ်။”
ဒါ့အပြင် အန်အယ်လ်ဒီပါတီအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီ ဥပဒေတွေနဲ့အညီသာ ဆောင်ရွက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ ကလည်း ချို့ယွင်းချက် မရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်။ ဥပမာ မန္တလေး ခရီးစဉ်ရှိတယ်။ ကျနော်တို့ ဟောပြောမယ့် အများပြည်သူနေရာကို တင်ပြတောင်းဆိုထားတယ်။ ခွင့်ပြုချက် မရရင် ကျနော်တို့ မလုပ်ပါဘူး။ အဲဒါမျိုးပေါ့။ တတ်နိုင်သမျှ ဥပဒေနဲ့ ညီညွတ်အောင် ကြိုးစားပါတယ်။ ဥပဒေနဲ့အညီ ကြိုးစားပေမယ့်လို့ ကျနော်တို့ မရခဲ့ရင်လည်း နောက်မှ ရက်တွေရွှေ့ပြီး ပြန်လုပ်ရမှာပေါ့။”
ဒေါ် အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်အတွင်းမှာတော့ လူထု ဟောပြောပွဲပြုလုပ်မှာ အပါအဝင် မဟာအောင်မြေမြို့နယ် ရုံးခန်းနဲ့ ဓမ္မသာလာမှာ ကျင်းပမယ့် ဓာတ်ပုံပြပွဲတွေကို ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။
ဒီဗွီဘီ

ကချင်တိုင်းရင်းသူ စစ်တပ်ဖမ်းဆီးမှု နေပြည်တော်၌ ကြားနာမည်
 ကချင်တိုင်းရင်းသူတဦးကို အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဆိုသော အမှုနှင့်ပတ်သက်၍ နေပြည်တော် ပြည် ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင်လာမည့် ဖေဖော်ဝါရီ ၉ ရက်၌ နှစ်ဘက်သက်ဆိုင်သူများ လျှောက်လဲ ကြားနာမည် ဖြစ်သည်။
ဖမ်းဆီးခံထားရသည်ဟု ဆိုသော ကချင်အမျိုးသမီး၏ ခင်ပွန်း ဖြစ်သူနှင့် အစိုးရ ခြေမြန်တပ်ရင်း(ခမရ-၃၂၁)တို့ လျှောက်လဲကြ မည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လွယ်လုံတောင် အခြေစိုက် ခမရ ၃၂၁ မှ တပ်သား ၃ ဦးက ကချင်အမျိုးသမီး မဆွမ်လွတ်ရွယ်ဂျာ ဆိုသူအား ပြီး ခဲ့သည့်နှစ် အောက်တိုဘာ၂၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တိုင် ပျောက်ဆုံးနေ၍ စုံစမ်းစစ်ဆေးပေးရန် ခင်ပွန်း ဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားခဲ့ရာ တရားလွှတ်တော် ချုပ် က နှစ်ဘက်လျှောက်လဲရန် ရက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“တပ်ရင်းဘက်ကလည်း လာရမှာပါ။ တရားလွှတ်တော်ချုပ်က သမ္မန်စာ (ဆင့်ခေါ်စာ) တပ်ကို ပေးပို့ ထားပါတယ်”ဟု ယင်းအမှုကို လိုက်ပါကူညီပေးနေသူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ရှေ့နေ ဦးမာခါးက ဧရာဝတီကို ပြောသည်။
နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက ပြည်ထောင်စုတရားလွှတ်တော်  ချုပ် မှ စာချွန်တော် အမိန့်ဆင့်ထုတ်၍ စုံစမ်းစစ်ဆေးရန် အာဏာရှိကြောင်း၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၇၈ တွင် ဖော်ပြထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှု ခေါ် စသည့် စာချွန်တော်အမိန့် ၅ မျိုး ဆင့်ထုတ်နိုင်သည့် အာဏာရှိသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခိုင်ပန်ကျေးရွာမှ အသက်၂၈ နှစ်အရွယ် မဆွမ်လွတ်ရွယ်ဂျာအပါအ၀င် တောင်ယာ ပြောင်းဖူး ခင်းအတွင်း ခင်ပွန်း ဦးမရူလွန်းဒေါင်၊ ယောက္ခမ ဦးဇဲဒေါင်တို့ အတူအလုပ်လုပ်နေစဉ် ၎င်းတို့သုံးဦးအား ခမရ ၃၂၁ မှ တပ်သားများ က ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဦးမရူလွန်းဒေါင် က ပြောသည်။
ခင်ပွန်းနှင့်ယောက္ခမ ဖြစ်သူတို့က ထိုနေ့တွင် ပြန်လည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကလေး တယောက်မိခင် မဆွမ်လွတ် ရွယ်ဂျာမှာ အစိုးရတပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။
“မရွယ်ဂျာရဲ့ ကလေးလေးက အခု အသက် တနှစ်နဲ့ သုံးလ ပဲရှိသေးတယ်။ ကလေးကို သူ့ အဘိုးနဲ့ အဘွားက စောင့်ရှောက် ထား ရတယ်”ဟု ဦးမာခါးက ဆိုသည်။
ကချင်တိုင်းရင်းသား ဦးဘရန်ဆိုင်းနှင့် ဦးဇော်ဆိုင်းတို့သည်လည်း အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းခံနေရသဖြင့် စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ ရှေ့တော်သွင်းစာချွန်လွှာ လျှောက်ထားကြောင်း သိရသည်။
ဦးဘရန်ဆိုင်းမှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့၊ ဦးဇော်ဆိုင်းမှာ ယခုလ ဇန်န၀ါရီ ၅ ရက်နေ့တို့တွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ-၃၇) တပ်၏ ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်ဟု ဦးမာခါးက ပြောပြသည်။

လာမည့် ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင်စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး မျက်နှာစာများကို မျိုးဆက်သစ်များ သိရှိနိုင်ရန် လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ သင်ကြားပေးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ Private Sector အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ပါဝင်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ “အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အကုန်လုံးမှာ စိုက်ပျိုးရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာပါ။ ဘာသာရပ်တစ်ခုအနေနဲ့တော့ မဟုတ်ပါဘူး။ တခြားသော ပညာရပ်တွေဖြစ်တဲ့ အားကစားဝိုင်း၊ အိုင်တီပညာရပ်ပိုင်းတွေကို သင်ကြားပေးတဲ့ ဖွံ့ဖြိုးရေး အချိန်တွေမှာ ထည့်သွင်းသင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းသို့ စိုက်ပျိုးရေးပညာရပ်ကို ထည့်သွင်းပြောကြားပေးရခြင်းမှာ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးပညာရပ်များကို သားသမီးများမှတစ်ဆင့် လက်ဆင့်ကမ်းပြီး တောင်သူ၊ လယ်သမားများ လက်တွေ့ အသုံးချနိုင်ရန်၊ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူလေးများ မိမိနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အကြောင်းကို သိရှိနားလည် အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ထည့်သွင်းသင်ကြားပးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကက်သရင်းအက်ရှ်တန်၏ သမိုင်းဝင် ပထမဆုံး ခရီးစဉ်အပြီး ပိတ်ဆို့မှု အားလုံး ပယ်ဖျက်မည်ဟု ယူဆ

EU ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စကက်သရင်း အက်ရှ်တန် အနေဖြင့် သူ၏ သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ လာမည့် ဧပြီလတွင် လာရောက်မည်ဖြစ်ကာ  ယင်းအလည်အပတ် ခရီးစဉ်တွင် ပိတ်ဆို့မှု ပယ်ဖျက်ပေးရေး အတွက် သေချာပေါက်နီးပါး ဖြစ်ပေါ်လာလိမ့်မည်ဟု ယူဆကြောင်း ပြည်တွင်းမှ နိုင်ငံရေးနှင့် စီးပွားရေး လောကမှ ထင်ရှားသူအချို့က ၂၄-၁-၂၀၁၂ ရက်တွင် သုံးသပ် ပြောကြားသည်။
ကက်သရင်း အက်ရှ်တန်အနေဖြင့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲ အနေအထားကို လာရောက် လေ့လာရန်နှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ပယ်ဖျက်ရန် လာရောက် လေ့လာခြင်းဖြစ်ကြောင်း သိရသည်။ “လက်တွေ့မြင်မှ ယုံကြည်မယ် ဆိုသလိုပဲ။ အနီးကပ်လာကြည့်မှ ယုံကြည်မှုတွေ တိုးပွားစေမှာပါပဲ။ မြန်မာအစိုးရအပေါ် လာရောက် လေ့လာတာ ဖြစ်သလို မြန်မာက အသင်း အဖွဲ့အစည်းကြီးတွေကိုလည်း ဝင်ရောက် လေ့လာ တွေ့ဆုံသွားပါလိမ့်မယ်။ အသင်းချုပ် အနေနဲ့ကတော့ လက်ရှိအနေအထား အရှိကို အရှိအတိုင်း ရှင်းပြသွားမှာပါပဲ။ ပိတ်ဆို့မှုတွေ ပယ်ဖျက်သွားလိမ့်မယ်လို့ တွက်ဆထားသလို အစိုးရနဲ့ ပြည်သူလူထုက အလုပ်စွမ်းအား (Capacity) ထိန်းညှိပြီး လုပ်ဆောင်သွားဖို့ လိုတယ်” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
“မြန်မာနဲ့ EU ရဲ့ ဆက်ဆံရေးက ဧပြီလမှာတော့ အရေးကြီးဆုံး ကာလတစ်ခု ဖြစ်လာပါပြီ။ ဧပြီလမှာ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ကိစ္စနဲ့ ကက်သရင်းအက်ရှ်တန်ရဲ့ ခရီးစဉ်က အများကြီး ဆက်စပ်နေတယ်။ ဧပြီမှာ သူတို့က ပြန်လည် ဆွေးနွေးကြမှာဖြစ်ပြီး မြန်မာပြည်ကို လာရောက်ခြင်းက ကောင်းသော ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ အနေအထားကို မြင်တွေ့ပြီး ပိတ်ဆို့မှု ပယ်ဖျက်ဖို့ ဆွေးနွေးကြပါလိမ့်မယ်” ဟု သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားသည်။
“EU အကြီးအကဲအနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေကို အချက်သုံးချက်အရ လာတွေ့တာ ဖြစ်နိုင်တယ်။ ပိတ်ဆို့မှုတွေ ပယ်ဖျက်ဖို့၊ မြန်မာအစိုးရသစ် တက်ပြီးကတည်းက EU အကြီးအကဲအနေနဲ့ သူ့ကိုယ်သူ နိုင်ငံအားလုံး ကိုယ်စားပြု မိတ်ဆက်ဖို့နဲ့ မြန်မာနိုင်ငံမှာ EU ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လာတာဖြစ်မှာပါ။ အဖွဲ့အစည်းတွေကို လာတွေ့တဲ့ အချိန်မှာတော့ ပြောလို့ရသမျှ တိုက်တွန်းလို့ ရသမျှကို တိုက်တွန်း ပြောကြားသွားမှာပါ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြောကြားသည်။ EU အနေဖြင့် မြန်မာတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မည်ဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း ဝင်ရောက် ရင်းနှီးမြှုပ်နှံသွားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။

ဘားကမ့်ရန်ကုန်ဆွေးနွေးမည့် အကြောင်းအရာများ ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာတွင် လွှင့်တင်မည်

နည်းပညာဆိုင်ရာ အကြောင်းအရာများကို လွတ်လပ်စွာဟောပြောဆွေးနွေးလိုသည့် ဘားကမ့် ရန်ကုန် (Barcamp Yangon 2012) ကို တတိယအကြိမ်မြောက် ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ နည်းပညာဖလှယ်ပွဲတွင် ဆွေးနွေးဟောပြောမည့် အကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာဆိုက်များတွင် ထပ်ဆင့်လွှင့်တင်ခြင်းကိုပါ ယခင်နှစ်များကဲ့သို့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘားကမ့်ရန်ကုန် ၂၀၁၂ တွင် ပါဝင်လာမည့် ပြည်တွင်း၊ ပြည်ပမှ ကွန်ပျူတာပညာရှင်ဦးရေမှာ ယခင်ကျင်းပပြီးစီးသော အကြိမ်များထက် ပိုမိုများပြားလာမည်ဖြစ်ကြောင်း ထိုပွဲကို စီစဉ်သူမြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးဟောပြောကြမည့် အိုင်စီတီဆိုင်ရာ ထုတ်ကုန်များနှင့် နည်းပညာဆိုင်ရာ အကြောင်းအရာများမှာလည်း ဆန်းသစ်များပြားလာနိုင်ဖွယ်ရှိကြောင်း အထက်ပါ စီစဉ်သူအဖွဲ့မှ တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ဦးစီးကျင်းပသည့် အဆိုပါ ဘားကမ့်ကို လာမည့်ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်များတွင်ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာအင်ဖိုတက်ခ်၌ ကျင်းပမည်ဖြစ်သည်။ ၂၀၁၀ ဖေဖော်ဝါရီလမှ စတင်ကာကျင်းပခဲ့သည့် ဘားကမ့်ရန်ကုန်သည် ပထမဆုံးကျင်းပခဲ့သည့် အကြိမ်တွင် တက်ရောက်သူဦးရေ နှစ်ထောင်ကျော်ခဲ့သည်။ ဒုတိယအကြိမ် ကျင်းပသည့်ပွဲတွင် တက်ရောက်သူ ဦးရေမှာ လေးထောင်ဝန်းကျင်ရှိခဲ့ပြီး နိုင်ငံတကာမှ Barcamper ဦးရေ နှစ်ဆယ်နီးပါး တက်ရောက်ခဲ့ကြကြောင်း ၂၀၁၂ ခုနှစ်  ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပစ္စည်းအချို့အား အကျဉ်းထောင်အတွင်းယူဆောင်ရန် ကြိုးပမ်းမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားစွဲဆိုခြင်းခံထားရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား အမှုမှ တရားသေလွှတ်ရန် အင်းစိန်မြို့နယ်တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။
’ တရားသူကြီးက ဗိုလ်ချုပ်ပုံကို တရားမ၀င်ပစ္စည်းအဖြစ်အကျဉ်းထောင်ထဲမှာ ပြဋ္ဌာန်းမထားဘူးဆိုပြီး ပြည်ထဲရေးရဲ့ စွဲချက်တွေအားလုံးကို ပယ်ဖျက်ပစ်ခဲ့တယ်။ ကျွန်တော့်ကို အမှုကနေတရားသေလွှတ်ခဲ့တယ်။’’ ဟု ဦးနေမျိုးဇင်က ပြောသည်။
၎င်းအား ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်၊ စတေကာနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တွေ့ဆုံသည့်ပုံပါ ဂျာနယ်တစ်စောင်တို့အား အကျဉ်းထောင်တွင်းယူဆောင်ရန် ကြိုးပမ်းမှုအတွက် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ပင် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂  (အကျဉ်းထောင်အတွင်းသို့ တရားမ၀င်ပစ္စည်း သွင်းယူမှု) အရ  စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
 ထိုသို့ အမှုရင်ဆိုင်နေချိန်တွင် ၎င်းအားထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်များကို ၀တ်ဆင်၍ တရားရုံးအထိ လိုက်ပါခဲ့ကြကြောင်း ၎င်းကပြောသည်။
 ဦးနေမျိုးဇင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သည်။ ၎င်းအား ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက အီလက်ထရွန်းနစ်ပုဒ်မဖြင့် ထောင်ဒဏ်၁၀ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ ပြန်လည် လွတ်မြောက်လာကာ လွတ်မြောက်လာသည့်နေတွင်ပင် ယခုအမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။      ။

အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling စနစ် စတင်အသုံးပြုနိုင်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း ဝန်ဆောင်မှုပေးမယ့် အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု Ytalk Calling စနစ်ကို  အခုလ ၇ ရက်က စတင်ပြီး အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရတယ်။ အဲဒီ Ytalk Calling စနစ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မည်သည့်ဖုန်း အမျိုးအစားကိုမဆို ချိတ်ဆက် ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ပြည်တွင်း ဖုန်းတွေကိုတော့ ချိတ်ဆက် ခေါ်ဆိုလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲ့ဒါအပြင် အများပြည်သူသုံး အင်တာနက်ဆိုင်တွေမှာသာ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
 “ကျွန်တော်တို့ အနေနဲ့ Soft Phone နံပါတ် (ID) နဲ့ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို အများပြည်သူသုံး အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေနဲ့ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး။ နောက်ပြီး အာမခံနိုင်တာကတော့ အင်တာနက်လိုင်း သိပ်နှေးနေရင်တောင် Ytalk ကို အသုံးပြုလို့ရတယ်။ ပြည်တွင်းကနေ တိုက်ရိုက်သွားတာဖြစ်လို့ အသံကြည်လင်မှုကလည်း ကောင်းပါတယ်” လို့ ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 Ytalk Calling စနစ်ကို စတင် အသုံးပြုမယ့်သူတွေ အနေနဲ့ Soft Phone နံပါတ် (ID) တစ်ခု လိုအပ်ပြီး အဲဒီ Soft Phone နံပါတ် (ID) အတွက် VoIP account card ကို ကျပ်ငွေ တစ်သောင်းနဲ့ ဝယ်ယူနိုင်တယ်လို့ သိရတယ်။ Soft Phone နံပါတ် (ID) နဲ့ အတူ အသုံးပြုနိုင်ဖို့အတွက် ငွေဖြည့်ကဒ် (Recharge via Voucher Card ) လည်း ဝယ်ယူထားရမှာ ဖြစ်ပါတယ်။ ငွေဖြည့်ကဒ် (Recharge via Voucher Card) ကိုတော့ 10 FEC, 30 FEC, 50 FEC ဆိုပြီး ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုတယ်။ ဝဘ်လိပ်စာ http://voip.yatanarpon.com.mm မှာ ငွေကျပ် တစ်သောင်းနဲ့ ဝယ်ယူထားတဲ့ VoIP account card ပါ Soft Phone နံပါတ် (ID) နဲ့ Password အတိုင်းဝင်၊ Activate လုပ်ပြီး၊ မိမိဝယ်ယူထားတဲ့ ငွေဖြည့်ကဒ် (Recharge via Voucher Card) နဲ့ ငွေဖြည့်သွင်း အသုံးပြုရမှာ ဖြစ်တယ်လို့ သိရတယ်။ မိမိခေါ်ဆိုတဲ့ နိုင်ငံအလိုက် ငွေဖြည့်ကဒ် (Recharge via Voucher Card) ထဲကနေ တစ်မိနစ်ကို 0.15 FEC ၊ 0.35 FEC နှုန်းနဲ့ ငွေနှုတ်ယူသွားမယ်လို့ ဆိုတယ်။ အဲဒီ VoIP account card နဲ့ Recharge via Voucher Card တွေကို အများပြည်သူသုံး အင်တာနက်ဆိုင်တွေနဲ့ City Mart ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။
 ရတနာပုံသတင်း

အခြေခံပညာ သင်ရိုးကို ပြည်နယ်နှင့် တိုင်းအလိုက် ရေးဆွဲရမည်

 အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာကို ပြည်နယ်နှင့်တိုင်း အလိုက်  ရေးဆွဲ ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဋ္ဌနှင့်  မြန်မာနိုင်ငံပညာရေးသုတေသန ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့် ကပြောသည်။ဇန်န၀ါရီ ၂၃ ရက် ည ၈း၁၅ နာရီတွင် သံတွဲမြို့၊ မြို့မအလယ်တန်းကျောင်း၌ ပြုလုပ်သည့် ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
 “ ဒီစကားကို အထပ်ထပ်ပြောခဲ့ပါတယ်၊  မိဘရော ဆရာရော အားလုံး သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ ကိုဆွဲဆောင်နိုင်အောင် ကြိုးစားပါလို့ပြောပါတယ် ”  ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမ တစ်ဦးကပြောသည်။သို့သော် ရေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်များကိုမူ ပြောကြားခဲ့ခြင်း မရှိကြောင်းနှင့် ဤသတင်းကို ထိုနေ့ကျမှ  သိရကြောင်း တက်ရောက်ခဲ့သူများက ပြောသည်။
 ပညာရေးကဏ္ဍနိမ့်ကျနေခြင်းကိုလည်း ညွှန်းကြားရေးမှူးချုပ် ဦးအုန်းမြင့်က ၀န်ခံပြောဆိုခဲ့ကာ ယင်းကဲ့သို့နိမ့်ကျရခြင်းမှာ  ပညာရေးဌာန တစ်ခုတည်းနှင့် လုပ်ဆောင်၍မရပဲ တစ်မျိုးသားလုံး ပါဝင်ရမည်ဟု ပြောသည်။အထက်တန်းကျောင်းအုပ် တစ်ဦးက “သင်ရိုးညွှန်းတမ်းပြောင်းသင့်နေပါပြီ၊ ပြည်နယ်၊ တိုင်းအလိုက်ဆွဲရတော့ မယ်ဆိုတော့ အသက်မွေးဝမ်းကျောင်းပညာကို အခြေခံတဲ့ လက်တွေ့ဘ၀ အခြေအနေနဲ့ အပ်စပ်တဲ့ သင်ရိုး ဖြစ်သင့်ပါတယ် ” ဟု ပြောသည်။
 ဒါက မြေစမ်းခရမ်းပျိုးအနေနဲ့ လုပ်တာဖြစ်လိမ့်မယ်။ ပညာရေးကဏ္ဍနိမ့်ကျနေတာနဲ့ ပတ်သက်ပြီး လူကြီးတွေ သုံးသပ်မှုအရ ချမှတ်တဲ့အစီအစဉ်ပေါ့။ ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ subject centre (ဘာသာရပ်ဗဟိုပြုသင်ကြားခြင်း) ကနေ child centre (ကလေးဗဟိုပြုသင်ကြားခြင်း) ဖြစ်မှ အောင်မြင်မှာပါ´´ ဟု အငြိမ်းစားပြည်နယ်ပညာရေးမှူး တစ်ဦးက သုံးသပ်သည်။ ကျောင်းအုပ်ကြီးတစ်ဦးက `` သင်ရိုးညွှန်းတမ်းပြောင်းရုံနဲ့တော့ ဘာမှဖြစ်မလာနိုင်သေးဘူး။ ဆရာတွေရဲ့ သင်ကြားမှုစွမ်းရည် ၊ ပညာရေးဌာနဖွဲ့စည်းပုံ ၊ ဘတ်ဂျက်နဲ့တတ်မြောက်မှုစစ်ဆေးခြင်းပုံစံတွေကိုပါပြောင်းလဲရမယ်´´ ဟု ပြောသည်။
 လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအသုံးစရိတ်မှာ GDP ၏ ၀.၇၇% သာရှိပြီး မကြာခင်တွင် ၆.၈ % ခန့်ဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း ဦးအုန်းမြင့်က ပြောသည်။  ယူနက်စကို၏ ထုတ်ပြန်မှုအရ GDP ၏ ၇% ရှိရမည်ဖြစ်သည်။

ရွှေတိဂုံ စက်လှေကား အသစ်လဲမည်

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော် ကတည်းက တပ်ဆင် ထားခဲ့သော အနောက်ဘက် စောင်းတန်းမှ စက်လှေကား များကို အသစ် ပြောင်းလဲ တပ်ဆင်တော့ မည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
စုစုပေါင်း စက်လှေကား ခြောက်စင်း တပ်ဆင်မည် ဖြစ်ပြီး ကန် ဒေါ်လာ ၅၂၅ဝဝဝ ကုန်ကျမည် ဖြစ်ကြောင်း တင်ဒါ တင်သွင်းသည့် ကုမ္ပဏီလေးခု အနက်မှ ELEVATORS ကုမ္ပဏီမှ တင်သွင်း သော စက်လှေကား များကို တပ်ဆင်သွားမည် ဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။
စက်လှေကား တပ်ဆင်ရန် အတွက် အနည်းဆုံး အချိန် တစ်နှစ်ခန့် ယူရဦးမည်ဖြစ်ပြီး လက်ရှိ အသုံးပြုနေသော စက်လှေကားများ ကို တတ်နိုင်သမျှ အန္တရာယ် ကင်းကင်းဖြင့် အသုံးပြုနေခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စက်လှေကား တပ်ဆင်ရန် ထုတ်လုပ်သည့် ကာလ ခုနစ်လ၊ တင်သွင်းသည့် ကာလ တစ်လနှင့် တပ်ဆင်ချိန်ကာလ လေးလခန့်ကြာ မြင့် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်လှေကားများ ကို နံနက် ၇ နာရီမှ ၁၂ နာရီ အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
လက်ရှိ တပ်ဆင်ထားသော စက်လှေကား များသည် ၁၉၉ဝ ခုနှစ် ကတည်းက တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
မေဇင်ဝင်း  
http://popularmyanmar.com/mpaper/archives/36227
အေဝိုင်အီး
 နိုင်ငံတော်အသုံးစရိတ်အဆိုပြုချက် လွှတ်တော်မှာ တင်သွင်း
လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို တင်သွင်းခဲ့ပါတယ်
မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားကြွေးမြီစာရင်း ဒေါ်လာသန်းပေါင်း တသောင်းနှစ်ထောင်ကျော် တင်ရှိနေပြီး၊ နိုင်ငံခြားအရန်ငွေ ဒေါ်လာသန်းပေါင်း ၇ထောင်ကျော်ရှိတယ်လို့ အစိုးရကိန်းဂဏန်းတွေမှာ ဖော်ပြလိုက်ပါတယ်။ လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွေ ကျင်းပနေရာမှာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေါ်ယူပြီး၊ ၁၉၈၈ မတိုင်ခင်နဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်မှာ တင်ကျန် နေတဲ့ နိုင်ငံခြားကြွေးမြီစာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်သွင်းသွားတာဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အတွင်းက နိုင်ငံတော်ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေကို အသိပေးတင်သွင်းထားတာတွေကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
နိုင်ငံတော်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီပမာဏ၊ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံခြားအရန်ငွေပမာဏာနဲ့ ဘတ်ဂျက်အသုံးစရိတ် အဆိုပြုချက်မူကြမ်းတွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တင်သွင်းခဲ့ပြီး၊ ဆွေးနွေးတဲ့အဆင့်တော့ မရောက်သေးပါဘူး။
အခု လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်ဘတ်ဂျက်ကိစ္စကို အဓိကထား ဆွေးနွေးမှာမို့လို့လည်း ဖွဲ့စည်းပုံအရ နိုင်ငံတော်ဘတ်ဂျက်ကိစ္စမှာ အဆုံးအဖြတ်ပေးရမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍက အခု လွှတ်တော်အစည်းအဝေးတွေမှာ ပို အရေးကြီး နေပါတယ်။ ဒီကနေ့ တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြားကြွေးမြီစာရင်းဟာ ဒေါ်လာသန်းပေါင်း တသောင်းနှစ်ထောင်ကျော်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
“ ၈၈ မတိုင်ခင်က ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာသန်း ၈၄၀၈.၃၄၈ ရှိတယ်ဗျ။ အဲဒီထဲမှာ ဂျပန်က အများဆုံး၊ ၆၃၈၈.၃၂၀ သန်း နဲ့ ဒုတိယအများဆုံးက IDA ချေးငွေက ၈၀၁.၅၉၁ ပါ။ ဂျာမနီက ၅၈၁.၇၂၈။ ADP ကတော့ ၃၅၆.၉၃၅။ နောက်များတာက နော်ဝေးက ၃၇.၁၂၆။ သြစတြီးယားက ၃၀.၀၂၇၊ အင်္ဂလန်က ၃၆.၅၅၂။ အီတလီကတော့ ၆.၁၉၀ ပါ။ စုစုပေါင်း ၈၄၀၈.၃၄၈ သန်းက ၈၈မတိုင်ခင်ကပါ။”
“၈၈ နောက်ပိုင်းမှာ ချေးတဲ့ ပိုက်ဆံက ဒေါ်လာ ၂၆၁၄.၉၅၀ သန်းရှိတယ်။ အဲဒီမှာ အများဆုံးက တရုတ်နိုင်ငံက ချေးတာပါ။ ၂၁၃၈.၇၄၄ သန်းရှိတယ်။ နောက် ဒုတိယလိုက်တာက မလေးရှားပါ။ သန်း ၁၅၀ ရှိတယ်။ အိန္ဒိယကတော့ ၁၁၀.၃၈၉ သန်း ရှိပါတယ်။ စုစုပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ သန်း ချေးငွေနှစ်ရပ်အတွက် ပေးဆပ်ဖို့ အကြွေးရှိပါတယ်။ တဆက်တည်းမှာလည်း Foreign Reserve ဘယ်လောက်ရှိလဲဆိုတာလည်း သူတို့ ပြောသွားပါတယ်။ စုစုပေါင်း ၇၁၉၆.၄၅၄သန်း ရှိတယ်တဲ့။ ရှိတာအကုန်ဆပ်ရင် ၄၀၀လောက်တော့ ကျန်မှာပေါ့။”
နိုင်ငံခြားကြွေးမြီတွေနဲ့ပတ်သက်လို့တော့ ဂျပန်နဲ့အီတလီအစိုးရပိုင်းတွေကို ကြွေးမြီလျော့ပေါ့ပေးရေးကိစ္စ ဆွေးနွေးထားတယ်လို့ သိရတဲ့အကြောင်း ဦးအေးမောင်က ရှင်းပြပါတယ်။ အခုလို နိုင်ငံခြားကြွေးမြီ စာရင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တာမို့၊ မြန်မာလူထုအနေနဲ့ ဒါဟာ တရားဝင် ပထမဆုံးသိခွင့်ရတာလို့ ပြောနိုင်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတဲ့အထဲ အခုနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးလိုအပ်ချက်ထပ်တိုးအဆိုပြုချက်မူကြမ်း၊ ၂၀၁၂-၂၀၁၃ နိုင်ငံတော်ဘတ်ဂျက်အဆိုမူကြမ်းတွေကိုလည်း တင်သွင်းခဲ့ပါတယ်။ ၀န်ကြီးဌာနအလိုက် အသုံးပြုမယ့်၊ အသုံးပြုခဲ့တဲ့ စာရင်းဇယားအသေးစိတ်တွေကို တင်သွင်းထားပြီး ဒီအပေါ်မှာတော့ သူတို့အနေနဲ့ ဆွေးနွေးစရာတွေရှိမယ်လို့ ဦးအေးမောင်က ပြောပါတယ်။
၂၀၁၁-၂၀၁၂ ဘတ်ဂျတ်မူကြမ်းအဆိုကို လာမယ့်ဖေဖ၀ါရီလ ၆ ရက်နေ့မှာ ဆွေးနွေးမှာဖြစ်ပြီး၊ ၁၀ရက်နေ့မှာ ၀န်ကြီးဌာနတခုချင်းအလိုက် အသုံးစရိတ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မူကြမ်းအဆိုကိုတော့ ဖေဖ၀ါရီလ ၁၇ ရက်နေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဘတ်ဂျက် အဆိုပြုချက်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်အဆိုပြုချက်က အများဆုံး ဖြစ်ပါတယ်။ ဒါတောင်မှ အရင်အသုံးစရိတ်ထက် လျှော့သွားတာတယ်။ ဒါပေမယ့်လည်း အခြားအရပ်ဖက်ဝန်ကြီးဌာနအောက် အသုံးစရိတ်တွေကတဆင့်၊ ကာကွယ်ရေးနဲ့ဆိုင်တဲ့ အသုံးစရိတ်တွေဆီကို သွားမယ့် အခြေအနေကိုတော့ ရှင်းလင်းကွဲပြားအောင်လုပ်ရလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြောပါတယ်။
“ တခုပဲ ရှိတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်လို့ ။ ခုကာလမှာ ၀န်ကြီးဌာနတွေ နှစ်ခုလောက် ရှိတယ်။ ဥပမာ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုတာ ပေါ်လာတယ်။ ဥပမာ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရှိတယ်။ သူ့ရဲ့ အောက်မှာ Atomic Energy နဲ့ ပတ်သက်တဲ့ ဌာနလေးရှိတယ်။ ခုနပြောသလို  သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနအောက်မှာ ရှိသလို နယ်စပ်ဒေသ၀န်ကြီးဌာန အောက် မှာလည်း တချို့အသုံးစရိတ်တွေ ရှိပါတယ်။ အဲသလိုပဲ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ကြီးမားကျယ်ပြန့်တဲ့ Project ကြီးတွေ ရှိတယ်။ အဲဒီမှာ ရုရှကလာတဲ့ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေလည်း အငြိမ်းစားပြီးကာမှ ၀င်ကောင်းဝင်နိုင်တယ်။ အဲတော့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနဲ့ တပ်မတော်ပိုင်းနဲ့ ပြန်ပြီးချိတ်ဆက်မှု ရှိမရှိဆိုတာ ကျွန်တော်တို့ မသိဘူး။ မရှိအောင် ထိန်းကွပ်ပေးဖို့ရယ်၊ သူ့လိုင်းနဲ့သူ သွားပြီး ဘတ်ဂျက်ကို သုံးနိုင်အောင် လုပ်ဖို့ရယ်ကတော့ ကျွန်တော်တို့မှာ တာဝန်အများကြီး ရှိလာပါလိမ့်မယ်။ ခုမှလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖြန့်ခွဲတဲ့ ရာခိုင်နှုန်းကို တွေ့တာကိုး။ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်စုစုပေါင်း ၂၀% လောက်တော့ သုံးမယ်ထင်တယ်။ အခုကတော့ ၁၅%လောက်သုံးထားတာအကြမ်းတွေ့တယ်။ ကောလဟလဖြစ်နေတာကတော့ ရာခိုင်နှုန်း တ၀က်လောက်သုံးတယ်ပေါ့”
တကယ်တော့ နိုင်ငံတော်ဘဏ္ဍာငွေ ဘယ်လောက်ရှိတယ်၊ ဘယ်လို ခွဲဝေသုံးစွဲသွားမယ်ဆိုတာကို လူသိရှင်ကြား အသိပေး ဆွေးနွေးကြမယ့်ကိစ္စဟာ၊ ဆယ်စုနှစ်တွေအတွင်း ဒါဟာ ပထမဆုံးအကြိမ်လို့ ပြောနိုင်ပါတယ်။ အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေရဲ့ အဆိုပြုချက်တွေကို နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲတဲ့ နေရာမှာ ပြည်သူလူထုအတွက် အကျိုးဘယ်လောက်ရှိမလဲဆိုတာတွေကို စီစစ်ပြီး ထောက်ခံ အကြံပြု ပြောင်းလဲသုံးစွဲမှုတွေကို ကြိုးစားလုပ်သွားမယ်ဆိုပြီးတော့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဖွင့်ပွဲမှာ ပြောသွားခဲ့ပါတယ်။
ဦးခင်ရွှေကြီး ဆရာမွေးခြင်း၏နောက်ကွယ်
မြန်မာ့နိုင်ငံရေးတွင် ဆရာမွေး တပည့်မွေးသည့် အလေ့အကျင့်မှာ အစဉ်အလာဟုပင် ဆိုရလောက်ပါသည်။ ယခုလည်း ထိုအစဉ်အလာကို လိုက်၍ ဇေကမ္ဘာဦးခင်ရွှေက ၎င်းတည်ထောင်ထားသော ဖောင်ဒေးရှင်း၏ နာယကရာထူးအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တစ်လလျှင် ဒေါ်လာငါးထောင်ဖြင့် အလုပ်ပေးကမ်းလှမ်းလိုက်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦးထက်များပြီး ဒုတိယသမ္မတများနှင့် တန်းတူ ဖြစ်ကာ နိုင်ငံတော်သမ္မတ အောက် အနည်းငယ်သာလျော့သည့် လစာမျိုးပင်ဖြစ်သည်။ ဦးခင်ရွှေအနေဖြင့် တရံရောအခါက  မြန်မာ့နိုင်ငံရေးတွင် ဘုန်းမီးနေလ တောက်ပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းကို လစာအမြောက်အများပေးထားပြီး မည်သည့်နေရာတွင် အသုံးချမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးခင်ရွှေအနေဖြင့် နိုင်ငံရေးတွင် ပိုမိုလှုပ်ရှားနိုင်ရန်အတွက် ဝန်ကြီးချုပ်ဟောင်းကို အိမ်ဦးခန်းပင့်၍ နိုင်ငံရေး ကျူရှင်ယူခြင်းလော၊ သို့တည်းမဟုတ် ယခင်က ဦးခင်ညွန့် တရားမဝင်ထူထောင်ခဲ့သည့် လုပ်ငန်းများနှင့် ငွေကြေးများ ဦးခင်ရွှေထံတွင် ရှိနေ၍လော စသည်ဖြင့် အကြောင်းအရာများကို စဉ်းစားကြည့်လျှင်
နိုင်ငံရေးမှာ ဦးခင်ရွှေက ချာတိတ်ပါ
 တစ်ချိန်က ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသော ထောက်လှမ်းရေးအကြီးအကဲကို အိမ်ဦးခန်းတွင်ထား၊ ၎င်းကို သစ္စာခံသော ထောက်လှမ်းရေးဟောင်းတွေကို တဖြည်းဖြည်း ပြန်လည်စုစည်း၍ ဦးခင်ရွှေ၏ မြရိပ်ညိုဖောင်ဒေးရှင်းကြီးကို  ဂိုဏ်းကြီးတစ်ဂိုဏ်းအသွင် ဖန်တီးကာ အခါတော်ပေးသည့် တစ်နေ့ အာဏာသိမ်းမည်ဟူသည့် အကြံအစည်ကြီးမျိုးကို အတွေးတိမ်သည့် ဦးခင်ရွှေ ကြံစည်နိုင်လိမ့်မည်မဟုတ်ပေ။ ဦးခင်ညွန့် ပြန်လည်ကောင်းစားသည့်တစ်နေ့ ဦးခင်ရွှေလည်း ဒုတိယဦးတေဇ၊ ဒုတိယဦးထွန်းမြင့်နိုင်ဖြစ်ပြီဟု အိပ်မက်မက်မှုမျိုး ဦးခင်ရွှေထံတွင် မရှိနိုင်ပေ။ ထိုအတွေးမျိုးရှိလျှင် ၎င်းနှင့် ခမည်းခမက်တော်သူ သူရဦးရွှေမန်းကို အသုံးချရန် ကြိုးစားမည်ဖြစ်သည်။ သို့ရာတွင် သူရဦးရွှေမန်းမှာ လူမှန်ဖြစ်နေ သောကြောင့် အသုံးချရန် မလွယ်ကူသည့် အချက်ကြောင့် ဦးခင်ညွန့်ကို ပြန်လည်စင်တင်ရန် ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါသည်။  သို့သော် နိုင်ငံရေးတွင် ချာတိတ်တစ်ဦးသာဖြစ်သူ ဦးခင်ရွှေမှာ ထိုမျှလောက် နိုင်ငံရေးအမြင် ရှိပုံလည်း မပေါ်ပေ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ခမည်းခမက် မျက်နှာကြောင့်ရော၊ ဓနအင်အားကြောင့်သာ နိုင်ငံရေးထဲ အုတ်ရောရော ကျောက်ရောရောပါလာသူ ဦးခင်ရွှေမှာ  လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် အခွင့်အရေး တစုံတရာ ရမည်ဆိုသည့် အတွေးထက် ပိုခဲ့ပုံမရ။ ထိုအကြံအစည်ဖြင့်ပင် လယ်သမားတွေထံမှ လယ်တွေကို ခပ်တည်တည် သိမ်းဖို့ လုပ်ရင်း၊ နိုင်ငံပိုင် ပစ္စည်းတွေကို လက်ဝါးကြီး အုပ်ဖို့ကြံရင်း တစ်နေ့တစ်ခြား အပုပ်နံ့တွေ ထွက်လာသည်။ သူရဦးရွှေမန်းကလည်း ကယ်မည့်ပုံ မပုံ၊ သမ္မတကလည်း ပြည်သူကို အနိုင်ပေးသည့်အနေဖြင့် ဝန်ကြီးများရုံးကို ဦးခင်ရွှေလက်ထဲ မထည့်ခဲ့။ ၎င်းပိုင်ဆိုင်ထားသည့် ဓနအင်အားမှာလည်း ကော်မတီတစ်ခုနှစ်ခုလောက်ကို ဝယ်နိုင်ရုံမျှထက် မပိုပေ။ ထို့ကြောင့် နိုင်ငံရေးပါးမဝသူ ဦးခင်ရွှေနှင့် လက်ရှိအစိုးရက မျက်စေ့ဒေါက်ထောက် ကြည့်နေမည်ဖြစ်သည့် အစွယ်ကျိုးပြီး အဆိပ်မရှိတော့သော ဝန်ကြီးချုပ်ဟောင်းတို့၏ အကြောင်းဆက် ပေါင်းဖက်မှုမှာ မြန်မာ့နိုင်ငံရေးအတွက် စိုးရိမ်ဖွယ်ရာ မရှိပါဟု ဆိုနိုင်သည်။ အကယ်၍များ မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်ဟူသည့် ကိစ္စရပ်မျိုးသာရှိခဲ့ပါမူ မြန်မာ့နိုင်ငံရေးတွင် ဒေဝဒတ်နှင့် အဇာတသတ် ပေါင်းမိကြ၍ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဟူ၍ ကံကိုပင် ယိုးမယ်ဖွဲ့ရတော့မည်ဖြစ်သည်။
 စီးပွားရေးတွင်လည်း အလယ်တန်းဆင့်မအောင်
 ဇေကမ္ဘာသူဌေးကြီးဆိုသည့် ဂုဏ်ပုဒ်မှာ လူကြားသူကြားထဲ အာကျယ်ကောင်းရုံ တောသူဌေးအဆင့်မျိုးထက် မပိုပေ။ ဦးခင်ရွှေမှာ စိန်နားကပ်ရောင်ဖြင့် ပါးပြောင်ခဲ့သော်လည်း သူ၏စီးပွားရေးအပေါ် ပါးနပ်မှုမျိုးမှာ ယုနဇဦးဌေးမြင့် တစ်ဝက်မျှပင်မရှိ၊ ဒုသမ္မတ အားကိုးသော ဦးထွန်းမြင့်နိုင်နှင့်ဆိုလျှင် ဟဲဗီး ဝိတ်နှင့် ဖလိုက်ဝိတ်၊ ဦးတေဇနှင့် ဆိုပါကလည်း ဆင်နှင့်ဆိတ်နီးပါး ကွာသည်။ ဦးခင်ရွှေမှာ  သူရဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဆွေမျိုးစပ်နိုင်ခဲ့၍သာ ယနေ့အခြေအနေမျိုး ရှိလာခဲ့ခြင်းဖြစ်သည်။ အထက်က စီးပွားရေးသမားများနှင့် အရည်အချင်း ကွာသည့်အချက်ကို ထင်သာမြင်သာအောင် ပြရလျှင် ဦးထွန်းမြင့်နိုင်မှာ ဂလိုဘယ်စီးပွားရေးနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်မှုမျိုး ရှိသည်။ ၎င်း၏ ကုမ္ပဏီခွဲတွေမှာ ဟောင်ကောင်၊ စင်္ကာပူနှင့် တရုတ်ပြည်တွင် ရှိနေသည်။ အထူးသဖြင့် တရုတ်အစိုးရ၏ နောက်ကွယ်မှ ထောက်ပံ့မှုကို ရနေသည်ဖြစ်ရာ ဦးခင်ရွှေကဲ့သို့ ဇနပုဒ်တွင် သူဌေးဘွဲ့ခံနေသည့် သူမျိုးကို ပြိုင်ဘက်ဟုပင် သဘောထားပုံမရပေ။ ထို့ကြောင့် ဦးခင်ရွှေအနေဖြင့် ထိုကဲ့သို့ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်နိုင်ရန် ဝန်ကြီးချုပ်ဟောင်း ကို ဆရာတင်လိုခြင်း (သို့မဟုတ်) စီးပွားရေး ကျူရှင်ယူခြင်းက ပို၍ ဖြစ်နိုင်ခြေရှိသည်။
ဦးခင်ညွန့်၏ သားဖြစ်သူ ကိုရဲနိုင်ဝင်းမှာ အရည်အချင်းရှိပြီး စီးပွားရေးအမြင်လည်း ရှိသူဟု ဆိုရမည်ဖြစ်သည်။ ၎င်း၏ ဖခင်ဝန်ကြီးချုပ်ဖြစ်နေ၍ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုစေကာမူ ထိုကဲ့သို့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် လူငယ်လေး တစ်ဦး၏ အရည်အချင်းကို အသိအမှတ် ပြုရပေလိမ့်မည်။ ယိုးဒယားမှ သက်ဆိုင်ပိုင်ဆိုင်သော CP ကုမ္ပဏီကဲ့သို့ ကုမ္ပဏီမျိုးကို မြန်မာနိုင်ငံသို့ ခေါ် ဆောင်လာသူမှာ ကိုရဲနိုင်ဝင်း ဖြစ်သည်။ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားမှုတွေ ရှိနေသည့်အတွက် မက်ဒေါ်နယ်ကဲ့သို့ ဆိုင်မျိုးမရှိခဲ့စေကာမူ ယနေ့တွေ့နေရသည့် Café Aroma ကဲ့သို့ ဆိုင်မျိုးများ ဖြစ်အောင်လုပ်နိုင်ခဲ့သည့် အိုင်ဒီယာလည်း ရှိပြန်သည်။ ထို့ကြောင့် ကိုရဲနိုင်ဝင်း၏ လှုပ်ရှားမှု၊ ဖခင်ဖြစ်သူ ဦးခင်ညွန့်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးမှုများဖြင့် ဇေကမ္ဘာကုမ္ပဏီကို ကမ္ဘာ့ဈေးကွက်အတွင်း ထိုးဖောက်၍ မြန်မာပြည်မှ ဒိတ်ဒိတ်ကျဲ စီးပွားရေးသမားများနှင့် တန်းချင်းယှဉ်ရန် ကြိုးပမ်းခြင်းဆိုသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။ နှိုင်းယှဉ်ပြရလျှင် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာကို ပရိုတွန်ကားကုမ္ပဏီက စီအီးအိုခန့်သည့် သဘောမျိုးဖြစ်သည်။ ဘုန်းမီးနေလတောက်ပစဉ်က အတွင်းရေးမှူး(၁)ဟု လူသိများခဲ့သည့် ဦးခင်ညွန့်မှာ ဌာနပေါင်း၊ ကော်မတီပေါင်း မြောက်များစွာ၏ နာယက၊ ဥက္ကဋ္ဌ တာဝန်များကို ယူခဲ့သည်ဖြစ်ရာ စီမံခန့်ခွဲမှုတွင် အရည်အချင်း မညံ့လှသည်ကတော့ ဝန်ခံရမည်ပင် ဖြစ်သည်။  ဦးခင်ညွန့်တို့သားအဖ၏ အကူအညီ၊ တစ်ဖက်တွင်လည်း ကိုတိုးနိုင်မန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ အရည် အချင်းနှင့် အရှိန်အဝါလည်း ရှိနေသည်ဖြစ်ရာ စီးပွားရေးတွင် အလယ်တန်းမအောင်သူ တောသူဌေး ဦးခင်ရွှေမှာ မာစတာဘရိန်းတွေကို ငွေပေး၍ အလုပ်ခန့်သည့် သဘောမျိုးဖြစ်သည်။ ဦးခင်ညွန့် ကိုယ်တိုင်ကပင်လျှင် မိသားစုစားဝတ်နေရေးကိုသာ ကြိုးပမ်းတော့မည်ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှု ပြုတော့မည်မဟုတ်ဟု ဆိုထားခဲ့ရာ ဦးခင်ရွှေ ဦးခင်ညွန့်ကို ဆရာမွေးခြင်းမှာ စီးပွားရေး အတွက်သာ ဖြစ်နိုင်ပါသည်။
 ပြည်သူ့မေတ္တာ ခံယူဦးမည်
 တစ်ချိန်က မည်မျှပင် ကမ်းကုန်အောင် အာဏာပြခဲ့စေကာမူ ခွင့်လွှတ်လွယ်၊ သနားလွယ်သော မြန်မာပြည်သူတွေမှာ ဝန်ကြီးချုပ်ဟောင်း အကျယ်ချုပ်က လွတ်ပြီဆိုသည်နှင့် ဝမ်းသားအားရ ဖြစ်ခဲ့ကြပြီး ဦးခင်ညွန့်မှာ ယခင်က ကဲ့သို့ပင် ကျော့ကျော့မော့မော့ မရှိတော့ဘဲ ဇရာ၏ အထုထောင်းကို ခံနေရပြီဟု ဂရုဏာပင် ဖြစ်လိုက်ကြသေးသည်။ ထိုသသို့ ပြည်သူတွေ၏ ဝန်ကြီးချုပ်ဟောင်းအပေါ် သက်နေသည့် ဂရုဏာတွေမှာ ဟောင်ဖွာဟောင်ဖွာနှင့် ဓနဂုဏ်၊ ရာထူးဂုဏ်မောက်၍ ရမ်းကားမှုတွေကြောင့် နာမည်ပျက်နေရသူ ဦးခင်ရွှေကြောင့် မကြာမီပင် ပျောက်ကွယ်သွားနိုင်သည်။ ယခုပင်လျှင်  ပြည်သူက စောင့်ကြည့်နေကြပြီဖြစ်သည်။ ဆိုရလျှင် ဦးခင်ရွှေ ဆရာမွေးခြင်းမှာ ရိုးရိုးသားသား အကြံအစည်ဖြင့် စီးပွားရေးအတွက် တရားမျှတစွာ ပညာသင်ယူဖို့ သက်သက်ဆိုပါက ထွန်းသစ်စ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဈေးကွက်ကို ဝင်ရောက် ကစားနိုင်သော စီးပွားရေးသမား တစ်ဦးတိုးလာခြင်းအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။ သို့သော် စီးပွားရေးတွင်လည်း ယခုထက် ပိုမိုရမ်းကားပြီး နိုင်ငံရေးအာဏာဘက်ပါ မျက်စောင်းထိုးလာခဲ့လျှင် ပြည်သူ့မေတ္တာ ရဦးမည်ဖြစ်သလို  အစိုးရ၏ မေတ္တာကိုပါ ခံယူရင်း ဦးခင်ရွှေကိုယ်တိုင်ပင်လျှင် နိုင်ငံရေးအကျဉ်းသား ဟူသည့် ဂုဏ်ဒြပ်ကြီးကြီးကိုသာ ပိုင်ဆိုင်ရဖွယ် ရှိတော့မည် ဖြစ်သည်။
 ( မှတ်ချက်ပေးလိုပါ၏ ) အောင်မောင်း
မိုးသီးဇွန်ဟာ သူ့ကို ပြည်ထဲရေးဝန်ကြီးက ဖိတ်ခေါ်တယ်လို့ ယူဆတဲ့အတွက် ရန်ကုန်ပြန်ဖို့ ဘန်ကောက်မှာ စောင့်နေ
မိုးသီးဇွန်ဟာ သူ့ကို ပြည်ထဲရေးဝန်ကြီးက ဖိတ်ခေါ်တယ်လို့ ယူဆတဲ့အတွက် ရန်ကုန်ပြန်ဖို့ ဘန်ကောက်မှာ စောင့်နေတာ ဖြစ်တယ်။ မီးရထားဝန်ကြီး အောင်မင်းနဲ့ မိုးသီးဇွန် ဘန်ကောက်မှာ တွေ့ဖို့ NLD-LA အဖွဲ့ဝင်တဦးက ကြားပွဲစားလုပ်ပေးတယ်လို့ ဘန်ကောက်မြန်မာသံရုံးဝန်ထမ်းတဦးက ပြောတယ်။ မိုးသိးဇွန်ရဲ့အစီအစဉ်က ၀န်ကြီးအောင်မင်းထံ ၀န်ခံချက်တွေ လက်မှတ်ထိုးပြီးရင် ရန်ကုန်ပြန်မယ်။ မိုးသီးဇွန်ဟာ အမေရိကန်နိုင်ငံသားခံယူထားပြီး အမေရိကန် passport ကိုင်ထားတယ်။ ဒေါ်စုနာမယ်ကြီးနေတဲ့အတွက် ရန်ကုန် NLD ပါတီမှာ အတွင်းရေးမှူးရာထူးနေရာ ဒါမှမဟုတ် NLD ထိပ်တန်းခေါင်းဆောင်ပိုင်းနေရာ တခုခုပေးဖို့ မိုးသီးဇွန်က ဒေါ်စုကို တောင်းထားတယ်။ NLD ခေါင်းဆောင်ပိုင်းက မိုးသီးဇွန်ကို ခေါင်းဆောင်အဖြစ် လက်ခံမခံ မသိရသေးပါ။ (Anguli News Agency)

ဆွမ်းကျွေး အမျှဝေ ကုသိုလ် ပြု ဆု တောင်း ပွဲ (ကို ထွန်း အောင် ကျော် (Mandalay) နှင့် ကျောင်း သား အား လုံး အ တွက် )

ဆွမ်းကျွေး    အမျှဝေ ကုသိုလ်  ပြု  ဆု တောင်း  ပွဲ  (ကို ထွန်း အောင် ကျော် (Mandalay) နှင့်  တ ကွ အ ကြွေ စော ခဲ့ ရှာ သော ကျောင်း သား   အား လုံး အ တွက်  )
1992 , ABSDF မြောက်ပိုင်းမှာ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံ ရတဲ့ အပြစ် မဲ့ ကျောင်းသား    ကို ထွန်း အောင် ကျော် (Mandalay) နှင့်  တ ကွ အ ကြွေ စော ခဲ့ ရှာ သော ကျောင်း သား   အား လုံး ကို ရည် စူး ပြီး     ပေး   ရေ ဆက် ချ  ကုသိုလ် ပွဲ ကို February 13, 2012 မှာ ပဏိတရာမတရားစခန်း ၈၀ (က) သံလွင်လမ်း
ရွေဂုံတိုင် ဗဟန်းမြို.နယ်  မှာ ကျင်း ပ မှာ ဖြစ် ပါ တယ်…. ကျဆုံးသွားသူတို.  အ တွက်  
ထိုက် တန်  တဲ့   ကုသိုလ်  ပြု  အ မျှ ပေး ဆု ကုသိုလ်  ပြု  အ မျှ ပေး ဆု တောင်း  ဖြစ် ပါ တယ်….  
ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့်  ABSDF north camp မှာ 1992 က ကျဆုံ: သွား သူ တို့ အ တွက်  သူတို.၏ မိဘများဆွေမျိုးများသည် သူတို.၏သားသမိးများအတွက် လွတ်လပ်စွာ အမျှဝေ ကုသိုလ်လုပ်ခွင့်မရခဲ့ရှာပါ။ ဗုဒ္ဒဘာသာ အစဉ်အလာအရ ကျဆုံးသွားသော သူများကို စိတ်ဝယ်ထားပြီး အမျှဝေ ကုသိုလ်ကေါင်းမှုပြုလုပ်ခြင်းသည် မွန်မြတ်သောအလုပ်ဖြစ်ပါသည်။ ကျဆုံးသွုားသော ကျောင်းသားများသည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သော်လည်း သူတို၏ သတ္တိ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာတို.အတွက် ထိုက်တန်စွာ ဂုဏ်ပြုနိုင်ရန် အလို.ငှာ ( ၀ိပသနာတရားကို နေ.နေ.ညည ကျင့်ကြံအားထုတ်နေသော သူတော်စင်ယောဂိများ၏ တရားစခန်းတွင်) ကျဆုံးသွားသူများအား ရည်ရွယ်ရွေ. ဆွမ်းကျွေးအမျှဝေ ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။   
Date:  နေ.စွဲ ဖေဖေါ်ဝါရီလ ၁၃ ရက် တနင်္လာနေ. မနက် ၁၁ နာရီ February 13, 2012          Time:  11 AM  ဆွမ်းကျွေး    12:15 PM အမျှဝေ
 Place:  ပဏိတရာမတရားစခန်း (ရွေတောင်ကြား)
          ၈၀ (က) သံလွင်လမ်း
          ရွေဂုံတိုင်နယ်
  ဆက်သွယ်ရန်ဖုံးနံပါတ်.. တရားစခန်း (၉၅၁) ၅၃၅ ၄၄၈….မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း
Contact: April Oo  ..(951) 579538 မဧပရယ်ဦး ..ရန်ကုန်
မိုးအောင် (၆၅၁) ၂၆၁ ၉၂၉၂ USA
ဒေါ်အေး (347) 393-0848  USA , ကိုကျော်စွာ (ရန်ကုန်) (၀) ၉၇၃၀၅၃၁၄၀

ယုံကြည်မှု တည်ဆေက်ခြင်း

အမှန်တကယ် ရှိခဲ့တဲ့ သားအဖအကြောင်း ရေးပြီးနောက်ပိုင်းမှာ… ဟိုးအရင်ကကြားဘူးတဲ့ သားအဖ အကြောင်းလေးတစ်ခု ကျွန်တော့ခေါင်းထဲ ၀င်လာပါတယ်…။
ဖခင်ဖြစ်သူက သူ့သားကို သင်ကြားပေးတာပါပဲ..။လူ အတော်များများလည်း ကြားဘူးကြမှာပါ..။
ဖခင်ဖြစ်သူက ၅နှစ်အရွယ်ခန့် သားဖြစ်သူကို လူတစ်၇ပ် မရှိတရှိ ဗီရိုပေါ် တင်ထားလိုက်ပြီး ခုန်ချခိုင်းပါတယ်..။လက်ကိုဆန့်တန်းထားပြီး အောက်ကနေ ဆီး ဖမ်းမဲ့ ပုံမျိုးနဲ့ပေါ့..။
သားဖြစ်သူကကြောက်နေပါတယ်..။မခုန်ချရဲ ဘူးပေါ့..။ဒါပေမဲ့ ဖခင်က အတင်း သူ့ဆီ ခုန်ချဖို့ကိုသာ တွင်တွင်ပြောနေပါတယ်..။ သားဖြစ်သူကလည်း အောက်မှာ ဆီးဖမ်းမဲ့သူဟာ ဖခင်ပဲ(ယုံကြည်ရမည့်သူ) ဆိုတဲ့အသိနဲ့ ခုန်ချလိုက်ပါသတဲ့…။ အဲ့သည်အချိန်မှာ ဖခင်ဖြစ်သူဟာ ဆန့်တန်းထားတဲ့ လက်ကို ရုတ်သိမ်းပြီး မဖမ်းပဲ လွှတ်ပေးလိုက်ပါတယ်..။
သားဖြစ်သူကတော့ ကြမ်းပေါ်ကို ဘုတ်ကနဲ မည်အောင်ကို ကျသွားတာပေါ့..။
နာလည်းနာကျင်သွားပါတယ်..။နာကျင်မှုကြောင့် ဖြစ်တည်လာတဲ့မျက်ရည်၊ ဖခင်က လာပွေ့ချီမလားဆိုပြီး မျှော်လင့်နေတဲ့မျက်လုံးနဲ့ ဖခင်ကို မော့ကြည့်လိုက်ပါတယ်..။
ဖခင်လုပ်သူဟာ သူ့ကိုလာမထူပဲ ခပ်စိမ်းစိမ်း စိုက်ကြည့် နေပြီး ...
“မှတ်ထား မင်းကိုယ်မင်းကလွဲပြီး ဘယ်သူ့ကိုမှ မယုံနဲ့” ဆိုတဲ့… ..စကားတစ်ခွန်းပဲ ပြောဆိုကာ ထွက်သွားပါသတဲ့..။ ဒါပါပဲ…။
တချို့ကတော့ ဒါအမှန်ပဲလို့ ဆိုကြပါတယ်..။ ကျွန်တော်ကတော့ လက္မခံပါဘူး..။ စဉ်းစားမိတာက … မည်သူ့ကိုမှ မယုံကြည်ရဘူး ဆိုလျှင် သူ ဘယ်လိုရပ်တည်ရှင်သန်မလဲ…?
သူတင်မဟုတ်၊ကျွန်တော်တို့ လူအဖွဲ့ အစည်းပင် ရပ်တည်ရှင်သန်နိုင်မည်မဟုတ်ပေ…။ အခြေခံ ကျကျ စဉ်းစားကြည့်ရင် လူတစ်ယောက် လူ့လောကမှာ ပျော်ရွှင်စွာ ရပ်တည်ရှင်သန်ဖို့ သူ့ကို၊ သူ့ခံစားချက်ကို စာနာနားလည်ပေးနိုင်မဲ့.. သူ ယုံကြည်ရသူတစ်ဦး  မဖြစ်မနေ လိုအပ်ပါတယ်..။ ကျွန်တော်တို့ ၇ှင်သန်ကျင်လည်နေကြတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ တည်ဆောက်ကြရမဲ့ စီးပွားရေး ၊လူမှုရေး အစ… ကမ္ဘာလောကငြိမ်းချမ်းလှပရေး တည်ဆောက်ဖို့အဆုံး… ကျွန်တော်တို့တစ်ဦးချင်းကြားမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်..။
 ဆေးကုသနေချိန်မှာ လူနာဟာ ဆရာဝန်ကို အသက်နဲ့ရင်းပြီး ယုံကြည်နေရမှာ ဖြစ်သလို ၊တရားခွင်မှာ တ၇ားခံဟာ သူ့ကိုကာကွယ်ပေးနေတဲ့ေ၇ှ့နေကို ဘ၀နဲ့ရင်းပြီး ယုံကြည်နေရမှာ ဖြစ်ပါတယ်..။ နောက်ဆုံးပြောရရင် နေ့စဉ် ခရီးသွားလာရာမှာတောင် ယာဉ်မောင်းတွေအပေါ်မှာ အသက်ကိုဝကွက်အပ် ယုံကြည်မှုထားပြီး ခ၇ီးသွားလာနေ၇တာဖြစ်ပါတယ်..။ဒီယာဉ်မောင်းတွေကိုမှ မယုံကြည်ရင်လည်း ကျွန်တော်တို့ လိုရာခရီးကို ရောက်နိုင်စရာမရှိပါဘူး..။ တစ်စုံတစ်ဦးနှင့် ယုံကြည်မှုပျက်စီးပြီ ဆိုလျှင် အရာရာပျက်ဆီးဖို့သာ ရှိပါတယ်…။
ဒီနေရာမှာ မေးစရာရှိလာတာက ကျွန်တော်တို့ ဘယ်လိုလူတွေကို ယုံကြည်မှုထားမလဲ….?   ဆိုတာပါပဲ..။ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူတွေ၊ ရရှိတဲ့အခွင့်အာဏာတွေကို အလွဲသုံးစား ပြုမူသူတွေ ရှိနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ  အပြည့်အ၀ယုံကြည်နိုင်မှာမဟုတ်ပါဘူး…။ ဒီလိုလူတွေကလည်း လူ့အဖွဲအစည်းအတွင်း နေရာစုံ အလွှာစုံမှာ ရှိနေဦးမှာပါပဲ…။
ဒီလူတွေကြောင့်ပဲ ကျွန်တော်တို့လူ့အဖွဲအစည်းကြားမှာ ယုံကြည်မှု မတည်ဆောက်တော့ပဲ နေသွားကြရတော့မှာလား….? ဒီလူတွေကြောင့် လူ့အဖွဲအစည်း ငြိမ်းချမ်းလှပမှု ပျက်ဆီးကြရတော့မှာလား…?
 မဖြစ်နိုင်ပါဘူး…။ အဖြစ်မခံနိုင်ပါဘူး..။
ကျွန်တော်တို့လူ့အဖွဲအစည်း ငြိမ်းချမ်းလှပအောင် မရှိမဖြစ်လိုအပ်နေတဲ့ ယုံကြည်မှုတည်ဆောက်ြခင်းကို ပြုလုပ်ကြရပါလိမ့်မယ်..။
ယုံကြည်မှုကို ဘယ်လိုတည်ဆောက်မလဲ…?
ကျွန်တော်တို့က အခြားသူတွေကို မယုံကြည်ရဲဘူး၊ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို အလွဲသုံးစား အလုပ်မခံနိုင်ဘူးဆိုရင်……. အခြားသူတွေက ကျွန်တော်တို့ကို ယုံကြည်လာအောင်၊ ယုံကြည်မှုထားချင်လာအောင် လုပ်ကြရပါလိမ့်မယ်..။
အဲ့ဒီအတွက် ကျွန်တော်တို့ကိုယ်၌က ပုံပြင်ထဲကဖခင်လို မဖြစ်ဖို့ အရေးကြီးပါတယ်..။ကလေးကိုခုန်ချခိုင်းပြီး မဖမ်းဆီးတဲ့(တာဝန်မယူတတ်တဲ့) ဖခင်မျိုး မဖြစ်ဖို့လိုပါတယ်..။ ပြောရရင် ကလေးရဲ့ ယုံကြည်မှုကို မဖောက်ဖျက်တတ်တဲ့သူ ဖြစ်နေရမှာပါ..။
ကျွန်တော်တို့ တစ်ဦးချင်းသည် (redemption)ကတိပေးထားသည့်အတိုင်းပြုလုပ်တတ်သော၊ (obligation)တာဝန်သိစိတ်၊(responsibility)တာဝန်ယူစိတ်ရှိသော သူမျိုး ဖြစ်နေရမှာပါ…။
ကျွန်တော်တို့ ကိုယ်တိုင်သည်ပင် ထိုစိတ်ဓာတ်မျိုးမွေးမြူနိုင်သည်…ဟု မိမိကိုယ်မိမိ ယုံကြည်နေရမည်ဖြစ်ပါသည်..။
ကိုယ်နဲ့ နှိုင်း မရိုင်း …ဟု မြန်မာစကားပုံရှိပါသည်..။ မိမိကိုယ် မိမိ ယုံကြည်မှုမရှိသောသူသည် အခြားသူများနှင့် ယုံကြည်မှု တည်ဆောက်နိုင်မည်မဟုတ်ပေ....။ မိမိကိုယ်မိမိ ယုံကြည်မှသာ အခြားသူများကိုပါ ယုံကြည်နိုင်မည် ဖြစ်သည်..။
ယုံကြည်မှုကို အရင်းတည်ထားသော နွေးထွေးသည့် ဆက်ဆံမှုဖြင့်သာ ကျွန်တော်တို့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကို သာယာလှပအောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း လေးနက်စွာယုံကြည်မိပါတော့သည်..။
(မြန်မာ့ အရေး)­­­­

ပစ္စက္ခမြန်မာ့နိုင်ငံရေးမှာ လမ်းစဉ် (၂) ရပ်အားပြိုင်ဆဲ

ပစ္စုပ္ပန်မြန်မာ့နိုင်ငံရေးဆိုတာက၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ် ကာလ အပိုင်းအခြားကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ (၂) နှစ်အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ ထူးခြားချက်တွေ ရှိခဲ့ပါတယ်။
၁/ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေတို့ကို ပြဌာန်းပေးခဲ့တယ်။ ဒါ့ကြောင့်မို့ ဦးသုဝေ ဒေါ်သန်းသန်းနုတို့ ခေါင်းဆောင်တဲ့ ဒီမိုကရေစီပါတီ (မြန်မာပြည်) နဲ့ ဒေါက်တာသန်းငြိမ်း ဦးခင်မောင်ဆွေတို့ ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီတို့ဖွဲ့စည်း ပေါ်ပေါက်လာကြတယ်။ ၂၀၁၀နိုဝင်ဘာ (၇) ရက် အထွေထွေ ရွေးကောက်ပွဲ မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ကြံ့ဖွံ့ပါတီကို အကြောင်းမျိုးစုံကြောင့် အပြတ်အသတ် ရှုံးသွားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီ/ချုပ်ပါတီ) က ပါတီ မှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်သလို ရွေးကောက်ပွဲ ကိုလဲ သပိတ်မှောက်လိုက်ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ ဦးတင်ဦးနဲ့ဒေါ်စုတို့ကို အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်ပါတယ်။
၂/ (၃၀.၃.၁၁) နေ့မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အစိုးရ အာဏာရပါတယ်။ လွတ်ငြိမ်းခွင့် အမိန့်နဲ့ ရာဇ၀တ် အကျဉ်းသားတချို့နဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်တို့ကို လွှတ်ပေးခဲ့တယ်။
၃/အစိုးရ သစ်ကကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာ သံတမန် ဆက်ဆံရေးတွေ တိုးချဲ့လိုက်ပါတယ်။ နိုင်ငံတကာ အစိုးရ တစ်ချို့ကလဲ အပြုသဘော ချဉ်းကပ်ပြီး ထောက်ခံခဲ့ကြတယ်။
၎/စာနယ်ဇင်းလွတ်လပ်ခွင့်တစ်ချို့ကိုလဲ ဖြေလျှော့ပေးခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ မီဒီယာ လွတ်လပ်မှု တစ်ချို့ ရလာတာကြောင့် ဒေါ်စုကလဲ သူမရဲ့ မူဝါဒ လမ်းစဉ်သစ်ကိုကမ္ဘာသိ ကျေညာခဲ့ပါတယ်။ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်မှာ ဖြစ်သလို ပြုပြင်ပြောင်းလဲမှုတွေ သွက်လက်စွာ ဖေါ်ဆောင်ပေးဖို့ တောင်းဆို တိုက်တွန်းသွားမယ်လို့ ကျေညာခဲ့ပါတယ်။

နှစ်နှစ်တာအတွင်းမြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်များကို ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၁၀နှစ်လည်ပိုင်းရောက်တော့ ဒေါ်စုဟာ သမတကြီးနဲ့ နေပြည်တော်မှာ တစ်ကြိမ် တွေ့ဆုံခဲ့တယ်။ ရန်ကုန်မှာ ၀န်ကြီး ဦးအောင်ကြည်နဲ့ (၄) ကြီမ် တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေါ်စုကသူမရဲ့ မူလ နိုင်ငံရေး သဘောထား (၂) မျိုးကိုစွန့်ပစ် လိုက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံပြန်တင်ရမယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ကျေညာလိုက်ပါတယ်။ သူမရဲ့ သဘောထားသစ်က နည်းဗျူဟာ လမ်းစဉ်သစ် ပြောင်းလဲမှုလို့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

ဆိုခဲ့ပါထူးခြားချက်တွေအပြောင်းအလဲတွေကြောင့်၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူတွေ မှားသလား? မှန်သလား? အမေးပုစ္ဆာ ပေါ်ထွက်လာပါတယ်။

ထို့အတူ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ဆင်နွှဲလိုသူတွေကကော မှားသလား? မှန်သလား? ဒုတိယပုစ္ဆာ ထွက်လာပါတယ်။ အမှန်အတိုင်း သုံးသပ်ရရင် ရွေးကောက်ပွဲတွေ ဆိုတာ ပါတီစုံ ဒီမိုကရေစီစနစ် နိုင်ငံတွေမှာ အခြေခံကျတဲ့ နိုင်ငံရေး စင်မြင့် တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် နည်းဗျူဟာ လမ်းစဉ် မူဘောင် အတွင်းမှာ ရှိပါတယ်။

ဒီကနေ့မြန်မာ့နိုင်ငံရေးမှာဖြစ်နိုင်ခြေ (၃) မျိုး ရှိနေပါတယ်။
၁/ဒေါ်စုရဲ့ လွှတ်တော်နိုင်ငံရေးမှ ၂၀၀၈ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်တယ်။ ဥပဒေသစ်တွေကို တင်သွင်းရာမှာ အောင်မြင်မှုတွေ ရလာတယ်။ ဆိုရင်တော့ နည်းဗျူဟာလမ်းစဉ်သစ် အောင်မြင်တယ်လို့ လက်ခံကြရမှာဖြစ်ပါတယ်။
၂/ဒေါ်စုဟာ ကြံ့ဖွံ့အစိုးရ ရဲ့ လိုလားချက်တွေကို လိုက်လံ အကောင်အထည် ဖေါ်နေရင်း ဦးသိန်းစိန်ရဲ့ နောက်လိုက် နောက်မြီးဆွဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို ဖြစ်သွားခဲ့ရင်တော့ လူထုကြီးနဲ့ ကင်းကွာသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်စု ဆိုတာက သခင်အောင်ဆန်းရဲ့ သမီး ဖြစ်ပါတယ်။ ဒီအချက်ကိုလဲ သတိချပ်စေလိုပါတယ်။
၃/သမတ၊ ဒုတိယသမတ (၂) ဦးနဲ့လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးတို့ရဲ့ အခွင့် အာဏာတွေကို ကြည်းတပ်မတော် ဗိုလ်ချုပ်ကြီးများက သိမ်းပိုက်လိုက်ရင် လောလောဆယ် ဖေါ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုင်ပြောင်းလဲမှုတွေ ရပ်စဲသွားနိုင်ပါတယ်။ အာဏာရှင်စနစ် ပြန်လည် ရှင်သန်လာနိုင်ပါတယ်။ ဒီမိုကရေစီ နောက်ကြောင်းပြန်ခရီး ဖြစ်ပါလိမ့်မယ်။ ဖိနှိပ်မှုတွေ ပြင်းထန်လာရင် မြန်မာနိုင်ငံရေးဟာ အဆိုး သံသရာ လည်သွားပါလိမ့်မယ်။ ဖြစ်နိုင်ခြေများကို ခန့်မှန်းကြည့်ခြင်းမျှသာ ဖြစ်ပါတယ်။

သမတဦးသိန်းစိန်အစိုးရ သစ်ကလောလောဆယ် အကောင်အထည် ဖေါ်ပေးရမဲ့ ရှေ့တန်းရောက် ပြဿနာကြီး (၂) မျိုးလဲ ရှိနေပါသေးတယ်။ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယပြဿနာကြီးကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခပ် ရပ်စဲလိုက်ပြီး စားပွဲဝိုင်း ဆွေးနွေးပွဲတွေ ဆက်တိုက် ကျင်းပဖို့ ဖြစ်ပါတယ်။ အဲဒီ (၂) ချက်ကို ခြေမြန် လက်မြန် ဆောင်ရွက်နိုင်ခဲ့ရင် လာမဲ့ (၂) နှစ်တာ အတွင်းမှာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့က မြန်မာ့ စီးပွားရေးမှာ ပါဝင် ကူညီပေးနိုင်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှုတွေလဲ အမေရိကန်ဒေါ်လာဘီလီယံ တချို့ ၀င်ရောက်နိုင်ပါတယ်။ ဆိုခဲ့ပါ အရေး ကိစ္စတွေကို လက်တွေ့ဖေါ်ဆောင်ရမှာက ကြံ့ဖွံ့အစိုးရသာ ဖြစ်ပါတယ်။ အာဏာ (၃) ရပ်ကို ဆုတ်ကိုင်ထားတဲ့ လက်ရှိအစိုးရ မှာ အဓိက တာဝန်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးသုဝေ ဒေါက်တာသန်းငြိမ်း ဦးခင်မောင်ဆွေတို့ရဲ့ လမ်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်တို့ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လမ်းစဉ်တို့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆို တာလောလောဆယ် အဖြေ မထွက်သေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒုတိယ လမ်းစဉ်ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် ပြီးနောက် တက်ရောက်လာတဲ့ အစိုးရသစ်နဲ့သာ စားပွဲဝိုင်း ဆွေးနွေးပွဲတွေကို ခေါ်ဆောင်နိုင်တယ် ဆိုတဲ့ လမ်းစဉ် ဖြစ်ပါတယ်။ စားပွဲဝိုင်း ဆွေးနွေးပွဲတွေက အတုအယောင်လား အစစ်အမှန်လား ဆိုတာလဲ လူထုထဲမှာ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။

(၁၃.၁.၁၂) နေ့မှာနိုင်ငံရေးအကျဉ်းသား အများစုကြီးကို လွှတ်ပေးလိုက်တဲ့ အတွက် မြန်မာ့ နိုင်ငံရေး အကောင်း ဘက်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ် ဖြေရှင်းရမဲ့ ပြဿနာကတော့ ကချင်ပြည်နယ်က ထိုးစစ်တွေ လုံးဝ ရပ်စဲပေးဖို့ ဖြစ်ပါတယ်။ စားပွဲဝိုင်း ဆွေးနွေးပွဲတွေကနေ နောက်ထပ် နိုင်ငံရေး ပြဿနာတွေကို ဆက်တိုက် ဖြေရှင်းသင့်ကြပါတယ်။

ကိုးကိုးကျွန်းပြန်တစ်ဦး

ကျွန်တော်နဲ့ လမ်းဘေးဈေးသည်များ

ဒီကိစ္စက ပြောချင်တာတော့ ကြာပြီ။ ဘယ်လို ပုံစံပြောရမလဲ စဉ်းစားနေတာ။
ဒီလိုပါ။
မနေ့ညက ၃၁-၁-၂၀၁၂ ရက် ညကပေါ့။ အချိန်က ညသန်းခေါင်ကြီး ၁၂နာရီကျော်ကျော်လောက်မှာပါ။ ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ညကြီးမင်းကြီး ဆိုတဲ့ အတိုင်း လူတွေ အိပ်ချိန်၊ မအိပ်သေးတဲ့ လူတွေက ထုံးစံအတိုင်း လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးတွေ၊ ထမင်းကြော်ဆိုင်လေးတွေမှာ ထိုင်ကာ စားရင်းသောက်ရင်း၊ စကားတွေ ပြောကြ၊ ဆွေးနွေးကြပေါ့။ ရန်ကုန်မှာကလည်း ညသန်းခေါင် ဗိုက်ဆာရင် ဒီလမ်းဘေးဈေးဆိုင်တွေပဲ အားကိုးရတာ မဟုတ်လားဗျ။ ဈေးနှုန်းအရလည်း မဆိုးဘူး။ ဆိုင်ကြီးတွေမှာ လေးငါးထောင်ကနေ တစ်သောင်းလောက် အကုန်ခံစားဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျ။ ကျုပ်တို့ရတဲ့ လစာလေးတွေနဲ့။ ဒီလိုပါပဲဗျာ ထားလိုက်ပါတော့။ ကျွန်တော်တို့  လူလတ်တန်းစားခေါ်မလား၊ အဲလိုလူတန်းစားတွေတောင် အမြဲချောင်ချောင်လည်လည် နေရ စားရတယ်လို့ မရှိပါဘူး။ အဲတော့လည်း ဒီလို လမ်းဘေးက ဈေးဆိုင်လေးမှာ စားရတော့တာပေါ့။ ထမင်းဆီစမ်းနဲ့ ကြက်ဥမွှေကြော် တစ်ပွဲကို ငါးရာ၊ တစ်ချို့ဆိုင် ခြောက်ရာနဲ့ အရသာလည်း မဆိုးဘူး၊ ဈေးနှုန်းလည်း မဆိုးဘူး။

ပြောချင်တာက ညက ကျွန်တော်တို့တတွေ ၃၅လမ်းထောင့်က လမ်းဘေးဆိုင်လေးမှာ ထိုင်နေတုန်း ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ (အားလုံး ဆယ်စီးလောက်ရှိမယ်) ရောက်လာပါလေရော။ ဘာတွေလဲ သိလား။ ရဲတွေနဲ့ စည်ပင်တွေပါ။ လမ်းလေးဆိုင်တွေကို လိုက်ဖမ်းတဲ့ စည်ပင်တွေပေါ့။ အားလုံးလည်း ရုတ်ရုတ်သဲသဲ ဖစ်ကုန်တယ်။ ဈေးသည်တွေလည်း ပြာယာခတ်လို့။ အဲဒီအချိန်မှာပဲ ကားပေါ်က စည်ပင်တွေ၊ ရဲတွေက ၀ုန်းဆို အများကြီးပဲ ဆင်းလာပြီး လမ်းဘေးဈေးသည်တွေရဲ့ ပစ္စည်းတွေ သိမ်းကြတယ်။ ဖမ်းဆီးကြတယ်။
သူတို့ဖမ်းနေကျအချိန်လည်း မဟုတ်တော့ ဈေးသည်တွေကလည်း ဘာမှ ကြိုတင်မပြင်ဆင်လိုက်ကြဘူးနဲ့ တူပါတယ်ဗျာ။ အဖမ်းခံရတဲ့ ဈေးသည်တွေကို ကြည့်ပြန်တော့ ဘာမှ မတတ်နိုင်တဲ့ မျက်နှာလေးတွေနဲ့ တစ်ဖက်မှာလည်း မကျေနပ်ကြဘူးပေါ့။ သူတို့ဘ၀မှာ ဒါတွေက ရိုးသင့်သလောက်တော့ ရိုးနေလောက်ပေမယ့် ဒီလို အကြမ်းကြီးဖမ်းတဲ့ ပုံစံမျိုးတော့ ကြုံဖူးသေးဟန်မတူဘူး။ အကုန်လုံးက ဘာပြောရမှန်း မသိ။ ဘာလုပ်ရမှန်းမသိနဲ့။
 ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါ။ ဒီလို လမ်းဘေးဈေးသည်တွေမှာ ထိုင်နေကျဆိုတော့ ဆိုင်ရှင်တွေနဲ့လည်း အတော်အတန် ရင်းနှီးနေပါပြီ။ ဒီတော့ သူတို့ဘက်က ကျွန်တော် စိတ်တိုမကျေနပ်ဖြစ်မိတာ အမှန်။ မကျေနပ်လို့ကော ကျွန်တော် ဘာလုပ်နိုင်မှာလဲဗျ။ ၀တ္တရားနှောင့်ယှက်မှုနဲ့တောင် ကျွန်တော့်ကို တရားစွဲလို့ ရတာကိုးဗျ။ ဒီတော့ ကျွန်တော် စိတ်မကောင်းစွာနဲ့ ကြည့်နေရတော့တယ်။
 တစ်ဖက်က ပြန်ကြည့်ပြန်တော့ စည်ပင်သာယာနဲ့ ရဲတွေဟာ သူတို့ လုပ်ချင်လွန်းလို့ လုပ်ကြတာလား။ သူတို့နဲ့ လမ်းဘေးဈေးသည်တွေနဲ့ ရန်ငြိုးရန်စရှိလို့ ပြန်ဖမ်းနေတာလား။ အနိုင်ကျင့်နေတာလား။ မဟုတ်ပါဘူး။ အဲလို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
 သူတို့ အမြဲပြောတာက သူတို့ဟာ တာဝန်အရလုပ်တာပါတဲ့။ ဒါဟာ ၀န်ထမ်းတွေ တော်တော်များများရဲ့ လက်သုံးစကားမို့ ခင်ဗျားတို့လည်း ကြားဖူးကြလိမ့်မယ်ထင်တယ်။ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒီ စကားကို ကျွန်တော်တော့ သိပ်မနှစ်သက်လှဘူး။ တာဝန်အရ လုပ်တယ်ဆိုတဲ့ စကားကိုက တာဝန်ပေးတိုင်း အကုန် လိုက်လုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ ပေးလိုက်တဲ့ တာဝန်ဟာ ကောင်းတာကို လုပ်ခိုင်းတာလား၊ ဆိုးတာကို လုပ်ခိုင်းတာလား ဆိုတာ မစဉ်းစားတော့ဘူးလို့ သဘောသက်ရောက်နေတယ်။ ပြီးတော့ တာဝန်ကို တာဝန်အတိုင်းပဲ လုပ်မယ်။ ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းကို မရွေးတော့ဘူးလို့လဲ သဘောပါနေတယ်။
 ဒီတော့ ဘာတွေဖြစ်လာသလဲ။ ဖမ်းဆိုတဲ့ တာဝန်ကြီးကို သူတို့ သယ်လာတယ်။ ဖမ်းတယ်လေ။ မဖွင့်ရမယ့် နေရာမှာ ဈေးဆိုင်တွေ ဖွင့်ရင် ဖမ်းမယ်။ မှန်ပါတယ်။ ဒီအထိ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာတွေ၊ နှုတ်အမူအရာတွေဟာ ရိုင်းစိုင်းစွာ ဖမ်းပါလို့တော့ တာဝန်ပေးလိုက်မယ် မထင်ဘူး။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ မခါးရအောင်ဆိုတဲ့ ကလေးတုန်းက ကဗျာကို သူတို့ ကျော်ဖတ်ခဲ့ပုံရပါတယ်။
မနေ့ညကတော့ ဆဲဆိုသံတွေကြားခဲ့ရတယ်။ စားပွဲခုံတွေနဲ့ ထိုင်ခုံတွေကို ခြေထောက်နဲ့ ကန်တယ်ဗျာ။ ထီးတွေကို လဲချပစ်တယ်။ ပန်းကန်တွေဆိုတာ ကွဲလို့ကွဲ။ ဒီကြားထဲ ကျွန်တော်သေချာ စပ်စုကြည့်တော့ သူတို့ထဲက တစ်ချို့ဝန်ထမ်းတွေက (တစ်ချို့ပဲနော်) အရက်မူးလာတဲ့ ပုံစံတွေ။ မျက်လုံးကြီးတွေက နီရဲလို့။ သြော်.. တာဝန်အရလုပ်တယ်ဆိုရင် တာဝန်ချိန်မှာ အရက်မူးလာလို့ ရပါသလား။ ပြီးတော့ သူတို့တွေဟာ သာမန်ဝန်ထမ်းတွေလား။ မဟုတ်ပါဘူး။ တိုင်းပြည်ကို လှပသာယာအောင်၊ စည်းကမ်းရှိအောင် လုပ်ဆောင်ကြမယ့် ၀န်ထမ်းတွေက တာဝန်ချိန်မှာ အရက်သောက်နေရင်ဖြင့် ….။ အင်း။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရင်လေးစရာ။
 ပြီးတော့ လမ်းဘေးက ဆိုင်လေးတွေကို ဖမ်းဖို့အတွက် သူတို့ကို သူတို့ cover ယူတဲ့ အနေနဲ့ အင်အားပြရဲတွေနဲ့ စည်ပင်တွေက အယောက် ၁၀၀ နီးပါး၊ ကားတွေက ဆယ်စီးလောက်နဲ့ ဆိုတော့။ စဉ်းစားကြည့်၊ ညသန်းခေါင်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ ဆဲဆို၊ ကြိမ်းမောင်း၊ ရိုင်းစိုင်းစွာ ဆက်ဆံကြ။ သူတို့ပုံစံက သူတို့ပိုင်ဆိုင်တဲ့ အိမ်ထဲကို သူခိုးတစ်ယောက်ကျူးကျော်ဝင်လာလို့ ဒေါသထွက်နေတဲ့ ပုံစံထက် ပိုဆိုးနေတယ်။ ဒါဟာ ဖြစ်သင့်ပါသလား။ ဖြစ်သင့်ပါသလား။ ကျွန်တော် စဉ်းစားရပြီပေါ့။
 တိုင်းပြည်ပဲဖြစ်ဖြစ်၊ မြို့ပဲ ဖြစ်ဖြစ်၊ ရွာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီဆိုရင် စည်းကမ်းဆိုတာတော့ ရှိရပါတယ်။ တိုင်းပြည်အထိရောက်လာတော့ ပိုအရေးကြီးတာ တရားဥပဒေပေါ့။ ဒီစကားလုံးကိုပဲ သေချာပြန်စဉ်းစားကြည့်တော့ တရားဥပဒေနော်။ မတရားတဲ့ ဥပဒေ မဟုတ်ဘူး။ တရားတယ်ဆိုတာ မှန်ကန်တာ၊ မျှတတာ၊ သင့်လျော်တာ၊ ဖြောင့်မတ်တာ။ တစ်ခါ တရားဥပဒေ စိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်လို့ မရဘူးဆိုတာ သူတို့ သိသင့်တယ်။
 အခုတော့ သူတို့ဟာ တရားဥပဒေစိုးမိုးဖို့ မတရားစွာ အကောင်အထည်ဖေါ်နေသလိုပဲ။
Law and Order ဆိုတဲ့ စကားရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လိုဘယ်ပုံနဲ့ စိုးမိုးအောင် လုပ်ကြမှာလဲ။ Law-abiding ဆိုတဲ့ တရားဥပဒေဘောင်အတွင်းကပဲ တရားဥပဒေကို စိုးမိုးအောင် လုပ်လို့ ရပါတယ်။ တရားဥပဒေကို Out of Law ကနေ စိုးမိုးအောင် လုပ်လို့ ရပါသလား။
 Rules and Regulation ဆိုတဲ့ စကားလုံးလည်း ရှိတယ်။ ဘာကြောင့် Rules ရဲ့ နောက်မှာ Regulation ထည့်ထားပါသလဲ။ စည်းကမ်းရဲ့ နောက်မှာ regulation ဆိုတဲ့ စည်းမျဉ်းဆိုတာရှိပါတယ်။ စည်းမျဉ်းဆိုတဲ့ regulation ကို ပုံမှန်အတိုင်းဖြစ်တည်ခြင်းလို့လဲ ဘာသာပြန်လို့ ရပါတယ်။ ပုံမှန်အတိုင်းဖြစ်တည်တာပါ။ ပုံမှန်နဲ့ သဘာဝနဲ့ သွေဖီပြီး စည်းမျဉ်းကို ရေးဆွဲလို့ မရပါဘူး။
စည်းကမ်းရှိဖို့ အကောင်အထည်ဖေါ်ဆောင်တဲ့ သူတွေကိုယ်တိုင်က စည်းကမ်းရှိပြရပါမယ်။ စည်းကမ်းကို စည်မျဉ်းအတွင်းက အကောင်အထည်ဖေါ်ရပါမယ်။
 ကျွန်တော်ကတော့ ဖြစ်နိုင်ရင်၊ မေးပိုင်ခွင့်ရှိရင် မေးချင်ပါတယ်။
ခင်ဗျားတို့ ဘာလို့ဖမ်းတာလဲ။
“လူတွေကို စည်းကမ်းရှိစေချင်လို့ ဖမ်းတာလား။ဒါမှမဟုတ်
ခင်ဗျားတို့ ချမှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာလို့ ဖမ်းနေတာလား” လို့။
ဒီမေးခွန်း နှစ်ခုကို သူတို့ ကွဲပြားသင့်ပါတယ်။ စည်းကမ်းရှိစေချင်တယ်ဆိုတာ စေတနာသဘော၊ မေတ္တာသဘောပါ။ လူတွေကို စည်းကမ်းရှိရှိနဲ့ ဘ၀ကို ဖြတ်သန်းစေချင်တာပါ။ သိပ်ကောင်းတဲ့ အမူအကျင့်လေးပါ။
 ဒါပေမယ့် ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေက အဲလို မဟုတ်ခဲ့ဘူး။ ညဉ့်နက်သန်းခေါင်ကြီး၊ အချိန်မတော်ကြီးမှာ လူတွေ အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ အိပ်နေသူတွေလည်း ၀ုန်း၊ ဒိုင်းအသံတွေ ကြားတော့ လန့်နိုးလာကြ။ လာဖမ်းတာက မှုခင်းတစ်ခုခုကို လာဖမ်းသလို၊ (ဥပမာ၊ မူးယစ်ဆေးဝါးမှုခင်းတစ်ခုကို လာဖမ်းသလို)။ ဖမ်းတယ်ဆိုရင် ဆဲဆိုပြီး၊ ရိုင်းစိုင်းပြီးပဲ ဖမ်းရမယ်လို့ ပြဌာန်းထားတဲ့ ပုံစံမျိုးတွေနဲ့။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖေါက်လို့ သူတို့ စိတ်တိုနေတာ။ လူတွေကို စည်းကမ်းရှိစေချင်လို့ စံပြဖမ်းပြနေတာ မဟုတ်ဘူး။ အဆိုးဆုံးက သူတို့မဖမ်းတဲ့ ဆိုင်တွေ တစ်ချို့ကိုတော့ ချန်လှပ်ထားခဲ့တာပဲ။ အဂတိလိုက်စားခြင်းဆိုတာ အခြေခံအားဖြင့် အမြစ်ကနေ နှုတ်ယူပြီးမှ တိုင်းပြည်ကို ဆက်လက် တည်ဆောက်လို့ ရပါမယ်။
 ကျွန်တော် နောက်ဆုံးစဉ်းစားမိတာလေး တစ်ခုရှိပါတယ်။
Rules and Regulation ဒါမှမဟုတ် discipline ဆိုတဲ့ အနောက်မှာ ကပ်လျက်ပါလာသင့်တာက system ပါ။ စည်းကမ်းဆိုတာ ဘာလုပ်ဖို့လဲဆိုတော့ အဖွဲ့အစည်းတစ်ခုကနေ တိုင်းပြည်အထိ တိုးတက်အောင်လို့ပါ။ စည်းကမ်းပဲ ရှိမယ်။ အလုပ်မလုပ်လို့ ဖြစ်မလား။ ဘယ်ဖြစ်မလဲဗျ။

Never approach to Who or Whom? Just Why and How.
 တကယ်ပဲ သူတို့ရဲ့ attitude လေးသာ ကောင်းခဲ့ရင် လမ်းဘေးဈေးသည်တွေရဲ့ ဘ၀ကို ကြည့်သင့်တာပေါ့။ ခုတော့ ဘယ်သူလုပ်တာလဲ။ ငါ့စည်းကမ်းကို ဘယ်သူဖေါက်တာလဲဖြစ်နေတယ်။ သူတို့ ဘာလို့ ဖေါက်ကြတာလဲ။ Why ဆိုတာလေးကို သူတို့ မေ့လို့များနေသလား။
 ဖြစ်သင့်တာက လမ်းဘေးဈေးသည်ပါဆို လမ်းဘေးဈေးရောင်းမှ စားနိုင် သောက်နိုင်မှာပေါ့။ ပြီးတော့ သူတို့ဟာ စည်းကမ်းအသေးလေး တစ်ခုကို သူတို့ ၀မ်းစာတစ်ခုအတွက် ချိုးဖေါက်နေကြတဲ့ လက်လုပ်လက်စား ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူတွေပါ။ ပြည်သူဆိုတာလေး မေ့မှာ စိုးလို့ပါ။
သူများတွေလို တိုက်ခန်းငှား၊ ဘာငှားနဲ့ ဆိုင်မဖွင့်နိုင်သေးသရွေ့တော့ လမ်းဘေးမှာပဲ ရောင်းရဦးမှာ။ မရောင်းရရင် သူတို့ကို ဘယ်သူ ကျွေးထားမှာလဲ။ သူတို့သားသမီးတွေကို ဘယ်သူ ကျောင်းထားပေးမှာလဲ။ ဒါဆို မဖမ်းရတော့ဘူးလား။ မြို့ပြအင်္ဂါရပ်နဲ့ မညီတာကို သိသိနဲ့ လွတ်ပေးထားရမှာလားလို့ မေးစရာ ရှိလာတယ်။ သူတို့ကို အဆင်ပြေတဲ့ ရောင်းလို့လည်း ရောင်းကောင်းနိုင်မယ့်၊ လာရောက်စားသုံးသူတွေလည်း အဆင်ပြေမယ့် နေရာတစ်ခုခု ပြန်စီစဉ်ပေးသင့်တယ်။
 ကျွန်တော် ထပ်ပြောချင်ပါတယ်။ ကျွန်တော်ဟာ သာမန် ပြည်သူထဲက ပြည်သူတစ်ဦးပါ။
အဖွဲ့အစည်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ရပ်ကွက်မှာပဲ ဖြစ်ဖြစ်၊ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စည်းကမ်းဆိုတာ ရှိရပါမယ်။ စည်းကမ်းကို စည်းမျဉ်းအတွင်းက တရားဥပဒေကို တရားမျှတခြင်းဘောင်အတွင်းက အကောင်အထည်ဖေါ်ဆောင်ပေးကြပါ။ ပြည်သူတွေရဲ့ ဘ၀ကို အရင် စာနာပေးကြည့်ပါဦး။ စဉ်းစားပေးကြည့်ပါဦးလို့ ပြောကြားရင်း။
 လေးစားစွာဖြင့်
ရင်နင့်အောင်
တိဘက် အရေး လုံခြုံရေး တွေ ထပ်တိုးချထား
တိဘက် မှာ မငြိမ်သက်မှု တွေ မကြာခဏ ဖြစ်လေ့ရှိ
တရုတ်နိုင်ငံ၊ တိဘက်မှာ ဆူပူ မငြိမ် သက်မှု တွေ ဖြစ်မလာဖို့အတွက် အာဏာပိုင်တွေက တိဘက် ဘုန်းကြီးကျောင်း တွေနဲ့ အဓိက လမ်းမတွေ ပေါ်မှာ လုံခြုံရေးကို တိုးမြှင့် ချထား လိုက်ပါတယ်။
တကယ်လို့ ပြဿနာဖြစ်လာရင် တရားဟော ဘုန်းကြီးတွေကို နေရာ က ဖယ်ရှား အရေးယူ မယ် လို့ လည်း တိဘက် ဒေသ က တရုတ် ကွန်မြူနစ်ပါတီ အတွင်း ရေးမှူး က ပြောပါတယ်။
တိဘက်က တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ချီ ကျားလာ က အစိုးရ ရဲ့ သတင်း အေဂျင်စီ ရှင်ဟွာ ထဲကနေ အခုလို တိဘက် ဘုန်းကြီးတွေကို သတိပေး ပြောကြား တာကို ကြည့်မယ် ဆိုရင်တော့ တိဘက် အရေး နဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေ ဆက်လက် ပြန့်ပွား လာမှာကို တရုတ် အစိုးရက ပိုပြီး စိုးရိမ်လာပုံ ရ ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိဘက် ဒေသ နဲ့ ကပ်ရက် ပြည်နယ် ဖြစ်တဲ့ စီချွမ်း ပြည်နယ် တွင်းက တိဘက် အများစု နေတဲ့ နေရာတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ ပါတယ်။ဆန္ဒပြမှု သုံးကြိမ် ဖြစ်ပွားရာမှာ အာဏာပိုင်တွေ အပြောအရတော့ လူ ၂ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် တိဘက်အရေး တက်ကြွ လှုပ်ရှားသူ တွေ ပြောတာကတော့ သေဆုံးသူ အရေအတွက်က ဒီထက် ပိုများ နိုင်တယ်လို့ ဆိုပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တယ်လို့ တက်ကြွ လှုပ်ရှားသူ တွေ ဘက်က ပြောသလို အာဏာပိုင် တွေဘက်က ပြောတာကလည်း ဆန္ဒပြ လူအုပ်က ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လူသေဆုံးတဲ့အထိ ဆန္ဒပြ အဓိကရုဏ်း ဖြစ်တဲ့ အရေး ဟာ တရုတ်နိုင်ငံမှာ ၄နှစ် အတွင်း အပြင်းထန်ဆုံးဖြစ်ပါတယ်။
စီချွမ်းက ဆန္ဒပြသူတွေကို တရုတ် အစိုးရက ပစ်ခတ် နှိမ်နင်းတဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာ မျက်နှာစာ မှာလည်း အကျည်းတန် စေခဲ့ ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
တရုတ်မှာ နိုင်ငံရေး ခေါင်းဆောင်သစ်တွေ အပြောင်းအလဲ လုပ်မယ့်နှစ် မှာ အာဏာပိုင်တွေ ဘက်ကတော့ တည်ငြိမ်မှု ရှိဖို့ ဆိုတာကို အလေးပေး ပြောနေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လနောက်ပိုင်းကတည်းက တိဘက်ဘုန်းကြီး အပါအဝင် တိဘက်အရေး လှုပ်ရှားသူ အနည်းဆုံး ၁၆ ဦးဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး ထုံးတမ်းတွေကို တရုတ်အစိုးရက ဟန့်တား ဖျက်ဆီးနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။
အခု လောလောဆယ် စီချွမ်းပြည်နယ် အတွင်းကို နိုင်ငံခြား သတင်းထောက်တွေ ကိုတော့ ဝင်ခွင့် ပိတ်ပင်ထား ပါတယ်။
 တာလီဘန်တွေကို အမေရိကန်က လေကြောင်း ထိုးစစ်ဆင်
ယီမင် ကလာတဲ့ သတင်းတွေအရ အမေရိကန် လေကြောင်းတိုက်ခိုက်မှု တခု ကြောင့် အာဘရန် ပြည်နယ် တောင်ပိုင်း မှာ အယ်လ်ခိုင်းဒါး စစ်သွေးကြွ အနည်းဆုံး ၁၃ ဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ သူအများစုဟာ အစည်းအဝေး လုပ်နေတုန်း မှာ အခုလို တိုက်ခိုက် ခံခဲ့ရတာလို့ ဒေသခံ အာဏာပိုင်တွေ က ပြောကြား ခဲ့ ပါတယ်။ နောက်ထပ် လေကြောင်းပစ်ခတ်မှု တခုမှာတော့ အယ်လ်ခိုင်းဒါး မော်တော်ယာဉ် တစ်စီးကို လည်း ထိမှန်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန်က မောင်းသူမဲ့ လေယာဉ် များကိုလဲ အသုံးပြုခဲ့တယ် လို့ ယီမင် လုံခြုံရေးဌာန က ပြောပါတယ်။ နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာ စစ်သွေးကြွ တွေက အာဘရန် ပြည်နယ် အတော်များများ ကို ထိန်းချုပ်ထားပါတယ်။
 ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆွေးနွေး
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ တင်ပြဖို့ရှိပြီး အနောက်နိုင်ငံ တွေက ထောက်ခံထားတဲ့ ဆီးရီးယား အရေး ဆုံးဖြတ်ချက် မူကြမ်း ဟာ ဆီးရီးယား ပြည်တွင်းစစ် ကို ဖြစ်စေနိုင် တယ် လို့ ရုရှားနိုင်ငံ က သတိပေးပြောကြားလိုက်ပြီး ဗီတို အာဏာ သုံးပြီး ပယ်ချ မယ် လို့ ခြိမ်းခြောက်ထားပါတယ်။
အာရပ်အဖွဲ့ချုပ် ရဲ့ အဆိုပြုချက်ကို အခြေခံ ထားတဲ့ ဒီ ဆုံးဖြတ်ချက် မူကြမ်း အဆိုပြုချက် ကို ထောက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း က တိုက်တွန်း ပြောကြားထားပြီး အင်္ဂါနေ့ ညနေပိုင်းမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် ကို ရာထူးက ဖြုတ်ချ ရုံ နဲ့ ညှိနှိုင်း အဖြေရှာနိုင်မှာ မဟုတ်ဘူး လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂန်နဒီ ဂတ်တီလို က ရုရှား သတင်းဌာန Interfax ကိုပြောကြားခဲ့ပါတယ်။
ဆီးရီးယားမှာ အကြမ်းဖက်စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၃ ရက်ကြာ တိုက်ပွဲ အပြီးမှာတော့ ဆီးရီးယားမြို့တော် ဒမားစကတ် ရဲ့ မြို့စွန်မှာ ခြေကုတ် ယူထား တဲ့ သူပုန်တွေ ကို ရှင်းလင်း လိုက်နိုင်ပြီလို့ ဆီးရီးယား အစိုးရ က ပြောကြား လိုက်ပါတယ်။
ဒါပေမဲ့ ဒါဟာ နည်းဗျူဟာ အရ ဆုတ်ခွာ မှုသာ ဖြစ်ပြီး ပြောက်ကျား တိုက်ခိုက်မှု တွေ လုပ်ဆောင်သွားမယ် လို့ ဆန့်ကျင် တိုက်ခိုက်သူတွေဖက် က ပြောကြားခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူ တဦးကတော့ အစိုးရတပ်တွေဟာ မြို့ စွန်ဖက်အိမ်တွေမှာ လုယူမှုတွေ လုပ်ပြီး လူ ရာပေါင်း များစွာ ကို လည်းဖမ်းဆီးခဲ့တယ် လို့ ပြောပါတယ်။
အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ တွေ ကတော့ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဟုမ်းစ် မြို့ဖက်မှာ လည်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွား နေပါတယ်။
 ဆီးရီးယား အရေး လုံခြုံရေး ကောင်စီ ဆွေးနွေး
ဆီးရီးယား မြို့တော် ဒမတ်စကတ် မြို့ရပ်ကွက် တခု လက်ရှိ အခြေအနေဆီးရီးယားကို အာရပ် အဖွဲ့ချုပ်ရဲ့ ငြိမ်း ချမ်းရေး အစီအစဉ်ကို လက်ခံဖို့ လုံခြုံရေး ကောင်စီကနေ ကြိုးပမ်းနေပါတယ်။
အာရပ် အဖွဲ့ချုပ် ဥက္ကဌက ဆီးရီးယားမှာ အ ကြမ်းဖက်မှုတွေ ဆက်ရှိနေတဲ့ အတွက် အ ခြေအနေ ပိုဆိုး လာတယ်လို့ ပြောလိုက်ပါ တယ်။
ဆီးရီးယားမှ လက်ရှိ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ စတင် ဖြစ်ပွားချိန်ကနေ ကနေ့ထိ သေဆုံးသူ ငါးထောင်ကျော် ရှိသွားပြီလို့ ခန့်မှန်း ရပါတယ်။
ဒီအဖြစ်ဆိုးတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး အတွက် အာရပ် အဖွဲ့ချုပ်ရဲ့ အစီအစဉ်ကို လက်ခံဖို့ ပြဌာန်း ဆုံးဖြတ်ချက်ကို လောလောဆယ် အခြေအတင် ဆွေးနွေး နေပါတယ်။
ဒီပြဌာန်း ဆုံးဖြတ်ချက်ထဲမှာ ဆီးရီးယား အစိုးရကို ပြစ်တင် ရှုံ့ချဖို့ပါ ပါဝင်တယ်လို့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်က နယူးယောက်ကနေ သတင်း ပေးပို့ပါတယ်။
ပြဌာန်း ဆုံးဖြတ်ချက်ထဲမှာ ဆီးရီးယား အစိုးရရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု၊ အကြမ်း ဖက် နှိမ်နင်းမှုတွေကို ပြစ်တင် ရှုံချ ထားပြီး ဒါတွေကို ရပ်ဖို့ တောင်းဆို ထားတယ်။
လက်နက် တင်ပို့ ရောင်းချမှု မပိတ်ပင်ပေမယ့် ဆီးရီးယားကို လက်နက်တွေ မပို့ဖို့တော့ တောင်းဆိုပါတယ်။
ဒါတွေကို ဆီးရီးယား အစိုးရက လက်မခံလျင် အရေးယူ လုပ်ဆောင်မယ်လို့ ချိမ်းခြောက် ထားပါတယ်။ အားလုံးထဲမှာ အဓိက အချက်ကတော့ အာရပ် အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လက်ခံဖို့ပါ။ အဲဒိထဲမှာ ဆီးရီးယား သမ္မတ အာဆတ်က ဒုတိယ သမ္မတကို အာဏာ လွှဲဖို့ အပါအဝင် နိုင်ငံရေး အသွင်း ကူးပြောင်းရေး အစီအစဉ်တွေ ပါပါတယ်။
ဒီပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို အမြဲတန်း အဖွဲ့ဝင် ဆယ့်ငါး နိုင်ငံမှာ ဆယ်နိုင်ငံက ဒီမူကြမ်းကို ထောက်ခံတယ်ဆိုပြီး အနောက် နိုင်ငံတွေရဲ့ သံတမန်တွေက ပြောပါတယ်။
ရုရှက ဒီမူကြမ်းကို အဓိက ဆန့်ကျင်သူ ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိကနဲ့ ပါကစ္စတန်တို့ကလည်း ဒီဆုံးဖြတ်ချက် မူကြမ်းကို သံသယ ရှိကြပါတယ်။
မနေ့က နိုင်ငံခြားရေး ဝန်ကြီးတွေ ကိုယ်တိုင် ဆွေးနွေးပြီးနောက်မှာ ရုရှ အစိုးရ လက်ခံ နိုင်လောက်တဲ့ အနေအထား ရောက်အောင် မူကြမ်းကို ပြင်ဆင် တည်းဖြတ်နိုင်မယ်လို့ တချို့က မျှော်လင့်နေပါတယ်။
ရုရှက ဗီတို သုံးပြီဆိုလျင် မတိုးသာ မဆုတ်သာ အနေအထား ပြန်ရောက် သွားမှာပါ။
ခု ပြဌာန်း ဆုံးဖြတ်ချက်က ဆီးရီးယားနဲ့ ပတ်သက်ပြီး ဒုတိယ ဆုံးဖြတ်ချက်ပါ။
အရင် တကြိမ်နဲ့ ကွာတာက အရင် ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းက ဥရောပ နိုင်ငံတွေက တင်တာ ဖြစ်ပြီး ခုတခေါက်က အာရပ် နိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေ ပေါင်းလုပ်တာပါ။
အာရပ် နိုင်ငံတွေဆီက တိုက်ရိုက် လာတာမို့ ရုရှရဲ့ ဆန့်ကျင်မှုကို ကျော်လွှားနိုင်မယ်လို့ အနောက် နိုင်ငံတွေက ယူဆနေပါတယ်။
ဒါပေမယ့် ဗီတို သုံးလာလျင်တော့ ပြောခဲ့သလို ရှေ့ဆက်လို့ မရတဲ့ အနေအထား ရောက် သွားမှာ ဖြစ်ပြီး ဆီးရီးယား ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီထဲမှာ ဘယ်လိုမှ ညှိလို့ မရဘူးဆိုတဲ့ အချက်ကိုလည်း ပြသရာ ရောက်လိမ့်မယ်လို့ ဘာဘရာ ပလက်က နယူး ယောက်ကနေ သတင်းပေးပို့ထားပါတယ်။
တမူးမှာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတစ်ဦးသေ
နယ်စပ် တမူးမြို့ဟာ မဏိပူ ကသည်း သူပုန်တွေ သွားလာ လှုပ်ရှားနေတဲ့ မြို့ဖြစ်
အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့မှာ ဇန်နဝါရီလ ၃၁ရက် ညနေက ပေါက်ကွဲမှု တခုဖြစ်ခဲ့ရာမှာ ကလေးငယ်တဦး သေဆုံး ပြီး နောက်ကလေးငယ်တဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။
စန္ဒကူးမြို့ အမှတ်၂ ရပ်ကွက်နေ ဒေါ်မသက် ရဲ့အိမ်မှာ ဗုံးလို့ ယူဆရတဲ့ အရာတခု ပေါက်ကွဲ ခဲ့ရာမှာ ဒေါ်မသက်ရဲ့သား အသက် ၃နှစ်အရွယ် မောင်ဝင်းကျော် နေရာမှာတင် ပွဲချင်းပြီး သေ ဆုံးသွားခဲ့ပါတယ်။
အသက် ၅နှစ်အရွယ် သမီး မဝင်းဝင်းခိုင်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် တမူးမြို့ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ သိရပါတယ်။
ဗုံးကွဲတဲ့အိမ်ဘေး ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ အဆိုအရ မြန်မာ ဘက်ခြမ်းမှာ ခိုလှုံ နေတဲ့ အိန္ဒိယ ခွဲထွက်ရေး မဏိပူ ကသည်းသူပုန်တွေနဲ့ ဆက်စပ်နေသူ တဦး အဲဒီအိမ်ကို လာအပြီး မကြာခင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာမို့ သူ့ကို နယ်မြေခံရဲတွေက လိုက်လံ ရှာဖွေ နေပြီး အိမ်ရှင်ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ မဏိပူ ကသည်းသူပုန်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံ အများစုက ယူဆနေကြတယ်လို့ တမူး ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
တမူးနဲ့ ကလေးမြို့ ပတ်ဝန်းကျင်မှာ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို မြန်မာ အာဏာပိုင် တွေက တရားဝင် နီးပါး ခိုလှုံခွင့် ပေးထားတာတကြောင်း၊ လက်နက်ကိုင် သူပုန်တွေ အမြဲတမ်း သွားလာလှုပ်ရှားနေတဲ့ နယ်စပ်မြို့ ဖြစ်တာမို့ သူတို့အချင်းချင်းကြား ပစ်ခတ်မှု၊ ဖေါက်ခွဲမှုတွေ ရံဖန်ရံခါ ဖြစ်တတ်တာကြောင့် တကြောင်း ဒေသခံတွေအနေနဲ့ လုံခြုံရေး အတွက် ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
 ပြည်ပထွက်မယ့် သံဃာတော်တွေကို စိစစ်နေ
၂၀၀၇ သံဃာ့ လှုပ်ရှားမှုကြီးအတွင်း ရဟန်းသံဃာ အများအပြား ပါဝင်ခဲ့ကြမြန်မာနိုင်ငံမှာ ရှိတဲ့ ရဟန်းတော်တွေ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လုပ်တဲ့အခါမှာရော၊ သံရုံးတွေမှာ ဗီဇာ သွားလျှောက်တဲ့ အခါမှာပါ ပါတီနိုင်ငံရေး ကင်းရှင်းတယ် ဆိုတဲ့ သာသနာရေး ဦးစီးဌာနက ထောက်ခံချက်တွေ တောင်းခံ နေတဲ့အတွက် ရဟန်းတော်တွေ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
အထူးသဖြင့် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေ က သံရုံးတွေမှာ ဗီဇာ သွားလျှောက်ရင် ရဟန်းတော်တွေအနေနဲ့ ပါတီနိုင်ငံရေး ကင်းရှင်း ကြောင်း ကတိ ဝန်ခံချက်တွေ ရေးရတယ်လို့ ရန်ကုန်မြို့မှာ သီတင်းသုံးနေတဲ့ ဦးဇင်း တပါးက ဘီဘီစီကို မိန့်ကြားပါတယ်။
နိုင်ငံကူးလက်မှတ် လျှောက်တဲ့ အခါမှာလည်း ပါတီ နိုင်ငံရေးနဲ့ ကင်းရှင်းကြောင်း မြို့နယ် ရပ်ကွက်နဲ့ သံဃာ့ကောင်စီရဲ့ ထောက်ခံချက်၊ ကျောင်းထိုင် ဘုန်းကြီးရဲ့ ထောက်ခံချက်၊ ရဲစခန်းရဲ့ ထောက်ခံချက်နဲ့ သာသနာ ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ်ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ သံဃာတော်တွေကို အခုလို တင်းကျပ် ကန့်သတ်မှုမျိုး မလုပ်သင့်ဘူးလို့လည်း အဲဒီဦးဇင်းက ပြောပါတယ်။
ကျန်းမာရေး အခြေအနေကြောင့် ပြည်ပထွက် ဆေးကုသခံမယ့် သံဃာတော်တွေအတွက် မလိုအပ်ပဲ နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။
၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီး ပြီးကတည်းက သံဃာတော်တွေအပေါ် အခုလို တင်းကျပ် ကန့်သတ်မှုတွေ လုပ်လာနေတာလို့ သိရပါတယ်။
 မြန်မာ့မီဒီယာ တိုးတက်ရေး ဆွေးနွေးပွဲ ပြီးဆုံး
မြန်မာ့မီဒီယာ ပိုပြီး လွတ်လပ် လာဖို့ ဆွေးနွေး သူတွေက အကြံပေး
မြန်မာ နိုင်ငံမှာ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ပတ်သက်တဲ့ ၂ ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို ရန်ကုန်မြို့ အင်းယားကန် ဟိုတယ်မှာ ဒီကနေ့ ကျင်းပ ပြီးစီး ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ အစည်းဝေး ကို မြန်မာ အစိုးရရဲ့ အစီအစဉ်နဲ့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ဌာနတွေ၊ မီဒီယာ အကြောင်း ကျွမ်းကျင် သူတွေ တက်ရောက် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေး ပွဲမှာ အားလုံး ကိုယ့်အမြင် အယူအဆ တွေကို လွတ်လွတ် လပ်လပ် အပြန်အလှန် ဆွေးနွေးခွင့် ရခဲ့ပြီး၊ နိုင်ငံခြား သတင်းဌာန အကြီး အကဲ တွေနဲ့ မြန်မာ နိုင်ငံ စာပေ စိစစ်ရေးက အရာရှိတွေ အတူ ယှဉ်တွဲပြီး ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အစည်းဝေးမှာ စာတမ်း တစောင် တင်သွင်း ဖတ်ကြားခဲ့တဲ့ Living Colour Media က ဒုတိယ အယ်ဒီတာချုပ် ဦးဇေယျသူ က ပြောပါတယ်။
တကယ်တမ်းမြန်မာနိုင်ငံမှာမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက် မီဒီယာဥပဒေ တရပ်ရှိဖို့ လိုသလား ဆိုတာနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာ ဒီအကြောင်း အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ ကြတာတွေ ရှိတယ်လို့ ဦးဇေယျသူ ဆိုပါတယ်။
အခု ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ကနေ ဒီထက်ပိုပြီး လွတ်လပ်တဲ့ နောက်ထပ် ဆွေးနွေးပွဲ မျိုးတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်း လည်း သူက ပြောပါတယ်။
ဆွေးနွေးပွဲ ရဲ့ ရလာဒ်တွေကို မြန်မာ နိုင်ငံမှာ မီဒီယာ ဥပဒေ ရေးဆွဲတဲ့ အခါ ထည့်သွင်း စဉ်းစားမယ် လို့လည်း ဆိုပါတယ်။
၆၃ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ ကျင်းပ
ဇန်နဝါရီလ ၃၁ ရက်နေ့ဟာ KNU ကရင်အမျိုးသားအစည်းအရုံးက မြန်မာ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ၆၃ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော က မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးပဏာမသဘော တူညီချက်ကို လက်မှတ်ထိုး နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ဒါဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဆီကို ဦးတည် ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အတွက် ခြေလှမ်းငယ်လေးမျှသာ ဖြစ်တယ် လို့ ကရင်တော်လှန်ရေး နေ့ အခမ်းအနား ကို ပေးပို့ တဲ့ သဝဏ်လွှာ မှာ ထဲမှာ ဆိုလိုက်ပါတယ်။
KNU နဲ့ မြန်မာအစိုးရ ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ က အပစ်အခတ် ရပ်စဲရေး သဘော တူညီ ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းမှာ ၂ ဘက်ကြား တိုက်ပွဲ ငယ်တွေ ဆက်လက် ဖြစ်ပွား နေပါသေး တယ် လို့ KNU ဒုဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ က ဘီဘီစီ ကို ပြောပြ ပါတယ်။
အစိုးရ တပ်ဖွဲ့တွေ ရှေ့တန်း စခန်းထိုင် တွေ အတွက် ရိက္ခာ တင်ပို့တဲ့ စစ်ကြောင်း ဖြတ်သန်း မှု တွေ ကို တော့ KNU ထိန်းချုပ်ရာ နယ်မြေတွေ ထဲမှာ ခွင့်ပြု ထားကြောင်း သူ က ပြော ပါတယ်။
KNU ဖက်ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲမှု ကို အရင်တည်ဆောက်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆက်လက်ဖြေရှင်း ဆွေးနွေးသွားချင်တယ် လို့ ပြော ပါတယ်။
စင်္ကာပူ အောင်မြင်မှုနောက်ကွယ်မှ ပညာရေး စွမ်းဆောင်မှု (၇) ချက်
by-၀င့်ထန်း(မောက္ခနိုင်ငံတကာသတင်း)

မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။

စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။

စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။

ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။

၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။

အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။

(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု

(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။

ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်

ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။

ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်ဖို့ ပုံအောအားပေးသည်။ ပညာရေးကို အရည်အသွေးမြင့်အောင် အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။

နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိတာကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။

တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။

စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။

ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။

ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချနိုင်ခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။

အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟု ပညာရှင်များက သုံးသပ်ကြသည်။

ဝင့်ထန်း
ရည်ညွှန်း; The Nation
မိခင် အသက်ကို ကယ်ပေးသော တမလွန်မှ သမီးငယ်လေး

myamyawin61@gmail.com မှ ပေးပို့သော အီးမေးလ်လေးပါ။
နှစ်သက်လွန်းလို့ ပြန်လည် မျှဝေလိုက်တာပါ။

ဒီဇာတ်လမ်းလေးကတော့မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် 12.3.2011
ဆေးခန်းပိတ်ပြီးအိမ်ပြန်ဖို့ စီစဉ်နေတုန်း ည၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီးကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှမကြားခဲ့ဖူးပါဘူး..

“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်..
အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..

“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါးဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး

အမေ့ကို ကုပေးပါနော်…”
“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်..

“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေသေရပါတော့မယ်..

သမီးကိုသနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီးတောင်းပန်ပါတယ်နော်.. ”

ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်းအဆက်မပြတ်တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်.. ကျွန်တော့် နှလုံးသားထဲက ကြင်နာသနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်..

ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ဝမ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်းလျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို အရင်ဝင်စေပါတယ်..

ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာလှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက် ရပါတယ်.. တော်တော်လေးကို နေမကောင်းဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး.. ဒါပေမဲ့ လူနာရဲ့မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကိုဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ အတိုင်းသား မြင်နေရပါတယ်..

ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက်
ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကိုတောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး…

တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော်မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင်လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားကအတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါးကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာစိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကိုအိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက်ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်… ပြီးတော့ ဆေးအိတ်ကို ဆွဲပြီးအိမ်ပြန်လာခဲ့ပါတယ်..

ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို
လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကိုကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..

“ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့သနားစရာ တောင်းပန်မှု ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ
အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ ကလေးလေးပါဘဲဗျာ.. မိဘအပေါ် သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ ဂုဏ်ယူလိုက်မလဲနော် ”

ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့
အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်..
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..

“ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့
ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”

ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး
သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ
မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင်
ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ..

ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီး
ရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ..

သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာမရှိပါ..

အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ်
ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်..

အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး..
တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ
ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…

ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်.. မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိလေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်..

ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့
သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ
သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေး လိုက်ပါတယ်..
တိုင်းပြည် တည်ငြိမ်မှုရအောင် ကြိုးပမ်းနေတယ်လို့ ဦးသိန်းစိန်ပြော


နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီလွှတ်ပေးခဲ့တာ၊ သတင်းမီဒီယာ ထိန်းချုပ်မှု လျှော့ချပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ အပါအ၀င် ပြုပြင် ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားထံက နျူကလီးယား လက်နက်ရရှိဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ Mt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရတယ်လို့ ဆိုပါ တယ်။
by RFA
အမျိုးသမီးတစ်ထောင်ကျော်အား အဓမ္မပြုကျင့်သူ ဖမ်းဆီးခံရ

လန်ဒန်၊ စက်တင်ဘာ ၂၉ - ဤအမှုသည် အမျိုးသမီးပေါင်း ၁၀၀၀ ကျော်အား မတရား ပြုကျင့်ခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ကိုယ်ထိလက်ရောက် ပြုကျင့်ခဲ့သော ဥရောပ၏ အကြီးမားဆုံးနှင့် မကောင်းဆိုးဝါးသဖွယ် ပြုကျင့်ခဲ့သူ၊ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့သူ တရားခံ ဂျိုးရဂ်အား ယခုမတ်လတွင် ဒီအင်န်အေနှင့် တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီး ရမိခဲ့ပြီးနောက် စီရင်ချက်ချမှတ်ရန် ရုံးချိန် ပေါ်ထားသော အမှုတစ်ခု ဖြစ်သည်။
၎င်းသည် အမျိုးသမီး ၁၀၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ၎င်း၏ နောက်ဆုံးအမည်အား ဂျာမန်ဥပဒေအရ ထုတ်ဖော် ပြောကြားခွင့် မရှိကြောင်းသိရသည်။ ၎င်းသည် The Silence Of The Lambs ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်လိုက်ကဲ့သို့ ဒဏ်ရာရရှိထားသော ဒုက္ခသည်တစ်ဦးပမာ ဟန်ဆောင်ကာ သားကောင်ရှိရာ အိမ်တစ်အိမ်အား တံခါးခေါက်ကာ အိမ်သာ အသုံးပြုခွင့်တောင်းသည်။

ထို့နောက် အဓမ္မပြုကျင့်မှုကို ကျူးလွန်တော့သည်။ ၎င်းသည် ဟော်လန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်များတွင် ကျူးလွန်ခဲ့သော မုဒိမ်းမှု ၂၀ မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဂျိုးရဂ်သည် သူ၏ ဇနီး၊ သူ၏ ကလေး နှစ်ယောက်နှင့်အတူ ဂျာမနီတောင်ပိုင်းရှိ ကွန်စတန်ကန်သို့ အားလပ်ရက်ခရီးထွက်စဉ် မိသားစုထံမှ ခဏလစ်ထွက်သွားခဲ့ပြီး ရာဇဝတ်မှုကျူးလွန်ပြီးနောက် မိသားစုထံ ဘာမှမလုပ်ခဲ့သောပုံစံမျိုးနှင့် ပြန်လာတတ်သူဖြစ်သည်။
၎င်းသည် ထိုကဲ့သို့သော မုဒိမ်းမှုကိုးမှုအား ကရီဖီးလ်၊ ကိုလိုဂန်နှင့် အေချိန်တို့တွင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ သူသည် မိန်းမပျက်များထံသွား၍ ထိုအကျင့်ကို ဖျောက်ပစ်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားခံ၏ ဖြောင့်ချက်နှင့် ပြစ်မှုထင်ရှားသဖြင့် ၎င်းအား နောက်လတွင် စီရင်ချက်ချမှတ်ရန် ရုံးချိန်းပေးထားပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်
ဘိန်း သံသရာ

“ကျနော်တို့အတွက်ကဘိန်းဆိုတာ အန္တရာယ်၊ လူသားမျိုးနွယ် အညွန့်တုံးစေမယ့် မူးယစ်ဆေး။ ဒါပေမယ့် တောင်သူတွေအတွက်ကတော့ဒါဟာ ရွှေ။ သူတို့သိတာ သူတို့စားဝတ်နေရေးအတွက် ရွှေ၊ စားစရာပေးမယ့်ငွေ”

ဒါကတော့ မြန်မာနိုင်ငံမူးယစ်အထူးတိုက်ဖျက်ရေးအဖွဲ့က အငြိမ်းစား ရဲအရာရှိတယောက် ပေးတဲ့မှတ်ချက်ပါ။

ရှမ်းပြည်နယ်နမ့်ဆမ်မြို့နယ်က ဘိန်းစိုက်တောင်သူ ဦးစိုင်းလုံ (အမည်ရင်းမဟုတ်)က “ဘိန်းစိုက်ရင် အချိန် ၄ လပဲ ပေးရတယ်။ ၄ လနဲ့တင် အစေးယူလို့ရပြီ။ ဘိန်းစိမ်းတပိဿာကို အနည်းဆုံးကောက်ဈေး ၆ သိန်းကနေ ပြန်ရောင်းဈေးက ၁၅ သိန်း၊ ၁၆ သိန်းအထိ အရည်အသွေးအလိုက်ဈေးပေါက်တယ်။ အဲဒီတော့ ဒီတပိဿာတည်းနဲ့ တနှစ်လုံး ထိုင်စားလို့ရတာကိုး။ အချိန်အကြာကြီးစောင့်ပြီးအဝေးကြီး၊ အများကြီးသယ်သွားပြီး ရောင်းမှရမယ့် သနပ်ဖက်တို့၊ အာလူးတို့၊ သီးနှံတို့ ဘယ်စိုက်တော့မတုန်း” ပြောပြပါတယ်။

ဘိန်းပင်တွေစိုက်တဲ့အခါထွေထွေထူးထူး ထိန်းသိမ်းပြုပြင်ဖို့ မလိုသလို ဘိန်းသီးကိုခြစ်လို့ ထွက်လာတဲ့ အစေးတွေကိုနောက်တနေ့မှာ ပြန်သိမ်းယူရတာဟာ လက်ဝင်တဲ့အလုပ်ဆိုပေမယ့် ဘိန်းတဧကကို ဘိန်းစိမ်း တပိဿာခွဲကနေ ၃ ပိဿာအထိရတာကြောင့် အခြားသီးနှံတွေ စိုက်တာထက်စာရင် အကျိုးအမြတ်ပိုရနေတယ်လို့ သိရပါတယ်။

အစေးခြစ်ယူတဲ့နည်းအပြင်ဘိန်းပင်စိုက်တဲ့အခါ အဖူးလေးတွေ ထွက်လာတာနဲ့ အပင်ကိုနှုတ်၊ ရေနည်းနည်းနဲ့ ပြုတ်ပြီးတော့အဆီထုတ်ယူတာကနေ ရတဲ့ဘိန်းဆီဟာလည်း ဈေးကောင်းရတယ်လို့ ဆိုပါတယ်။
ရာသီဥတု အပြောင်းအလဲ၊မြေဆီအခြေအနေ စတာတွေကြောင့် တခြားစိုက်ပျိုးသီးနှံတွေ မအောင်မြင်လို့ တခြားတောင်သူတွေစားဝတ်နေရေးပြဿနာ ရင်ဆိုင်ရပေမယ့် ဘိန်းစိုက်တောင်သူတွေ အဖို့ကတော့ ဘိန်းစိုက်တာ တနှစ်အောင်မြင်သွားရင်ပဲနောက် ၂ နှစ် ၃ နှစ်အထိ စားဝတ်နေရေး ပြေလည်ကြပါတယ်။
ဒါကြောင့်လည်းရှမ်းတောင်တန်းတွေမှာ အရင်က ဝေစည်နေခဲ့ဖူးတဲ့ သနပ်ဖက်စိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေနေရာမှာငွေဖြစ်လွယ်တဲ့ ဘိန်းခင်းတွေက အစားထိုးဝင်လာနေတာပါ။
ဘိန်းစိုက်တာအပြင်မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေပါ ရှိနေတယ်။ နယ်မြေခံအာဏာပိုင်တွေ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့တို့ ပါဝင်ပတ်သက်တာတွေလည်း ရှိနေတယ်လို့သိရပါတယ်။

“သူတို့ကို ဘိန်းခွန်ပေးရတယ်။ ဘိန်းဆယ်ပိဿာထွက်ရင် အရည်အသွေးအလိုက် ဘိန်းခွန် တပိဿာ၊ နှစ်ပိဿာ၊ နောက်ပြီး ဘယ်အဖွဲ့ကိုငွေဘယ်လောက် ဆိုတာမျိုး ဘိန်းခွန်ပေးရတာ။ တချို့ကျတော့လည်း သူတို့ကိုယ်တိုင် တောင်သူတွေကိုစည်းရုံးပြီးစိုက်ခိုင်း၊ ပြီးရင် သူတို့ကပဲ ပြန်ဝယ်တယ်။ ပြီးရင် တရုတ်ပြည်ကို ရောင်းတာရောင်း၊ဘိန်းဖြူပြန်ချက်တာတွေ လုပ်ကြတယ်” လို့ ဦးစိုင်းလုံက ပြောပါတယ်။
ပလောင်အမျိုးသမီးများအဖွဲ့(PWO) ကထုတ်တဲ့ အစီရင်ခံစာတရပ်မှာတော့ ရှမ်းပြည်နယ် ပလောင်ဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာတွေဟာ၂၀၁၀ နိုဝင်ဘာ နောက်ပိုင်းကနေ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ ၇၈ ရာနှုန်း တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာတနှစ်အတွင်းမှာ ၂၀ ရာနှုန်း မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်ဘက်တင်မကအိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းမှာဆိုရင်လည်း၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ဘိန်းကို တိုးပြီး စိုက်လာကြတာဟာ ၂၀၁၁ နှစ်ကုန်ပိုင်းမှာဆိုရင်ဧက ၅၀၀ ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“အများစုက ဒီဖက်မှာလာနေတဲ့ကသည်းလူမျိုးတွေ စိုက်ကြတယ်။ သူတို့ကို ဒီက အာဏာပိုင်တွေက နေထိုင်ခွင့် ပေးထားပြီး အဲဒီဘိန်းစိုက်တာကိုလည်းငွေယူပြီးတော့ ခွင့်ပြုထားတာ။ ထွက်လာတဲ့ ဘိန်းစိမ်းတွေကို တရုတ်ကိုပို့တယ်။ အိန္ဒိယဘက်ကိုပြန်ပို့တာလည်း ရှိတယ်” လို့ အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်သူတဦးက ပြောပြပါတယ်။
ကချင်ပြည်နယ်မှာလည်းဘိန်းစိုက်ပျိုးမှု တိုးတက်လာတာရဲ့ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ တစတစ များလာလို့ဖားကန့်၊ လုံးခင် စတဲ့ ကျောက်တူးရာ မှော်ထဲတွေမှာ မူးယစ်ဆေးဝါးပြဿနာတွေ၊ အမှုအခင်းတွေမကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နယ်မြေခံရဲတွေကလည်းလိုင်းကြေးတွေယူပြီး လွှတ်ထားတော့ မှော်ထဲမှာဆိုရင် ဒီဆေးပြားတွေ၊ ဘိန်းတွေက လွတ်လွတ်လပ်လပ်ကိုရောင်းဝယ်ဖောက်ကားနေသလို ဖြစ်နေတယ်။ မြို့ပေါ်မှာတောင် တက္ကစီသမားတွေ၊ ကျောင်းသားတွေဘိန်းစွဲနေတာ၊ ဆေးပြားသုံးနေတာတွေ အများကြီး တွေ့လာရတယ်” လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး ပပျောက်ရေးအတွက်ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှုတွေ လုပ်နေတယ်ဆိုပေမယ့် မထိရောက်တာတွေအပြင် အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့်အခုလို ဘိန်းစိုက်ပျိုးမှုတွေ ပြန်တိုးလာရတယ်လို့ အငြိမ်းစား မူးယစ်တိုက်ဖျက်ရေး အရာရှိဟောင်းက သုံးသပ်ပါတယ်။
၁၉၉၅-၉၆ ခုနှစ်လောက်မှာမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းတရပ်အနေနဲ့ ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးဖို့အတွက် ဂျပန်နိုင်ငံက မျိုးစေ့နဲ့ နည်းပညာ အထောက်အကူတွေ ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ကတောင်တန်းဒေသတွေရဲ့ မြေဆီမြေလွှာ အနေအထားအရ ပန်းဂျုံ စိုက်ပျိုးအောင်မြင်ရမှာ ဖြစ်ပေမယ့်တကယ်တမ်း လက်တွေ့မှာတော့ အောင်မြင်မှုမရခဲ့ဘူးလို့ သူက ဆိုပါတယ်။
“မျိုးစေ့တွေပေးတယ်၊ရောင်းစားတယ်။ မြေသြဇာတွေ၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေ အထက်က ချပေးတယ်။ ရွာသားတွေဆီမရောက်ဘူး။ ပေါက်တူးကအစ၊ တူရွင်းကအစ ၀န်ထမ်းတွေက ရောင်းစားတယ်။ ရွာသားဆီကိုကျတော့ မကောင်းတဲ့မျိုးစေ့၊မကောင်းတဲ့ပစ္စည်းပေး၊ မြေသြဇာက မလုံမလောက်နဲ့ဆိုတော့ အထွက်မကောင်းတာနဲ့ မစိုက်ချင်ကြတော့ဘူး။ပန်းဂျုံဆိုတာ မူးယစ်ပြတိုက်မှာပဲ ရှိတော့တယ်” လို့ သူက ဆက်လက်ပြောပြပါတယ်။
ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးဖို့တောင်သူတွေကို ပညာပေး၊ စိုက်ပျိုးရေးသင်တန်းတွေ ပေးပြီး မျိုးစေ့တွေ၊ အပင်တွေ ပေးလိုက်ပေမယ့်လည်းတောင်သူတွေက မျိုးစေ့တွေ၊ အပင်တွေကို လမ်းမှာတင် ပစ်ခဲ့တာမျိုးလည်း ကြုံတွေ့ရဖူးတယ်လို့ဆိုပါတယ်။
“ဘာလို့တုန်းမေးတော့ ဒါတွေစိုက်ရင် အနည်းဆုံး ၂ နှစ် ၃ နှစ်နေမှ အကျိုးခံစားရမယ်၊ ဒီကြားထဲမှာ ကျနော်တို့ဘာသွားစားရမလဲ၊ ငတ် သေမှာပေါ့တဲ့။ ပြီးတော့ ဒါတွေ ပြန်ရောင်းမယ်ဆိုရင် အများကြီးလည်းထမ်းရတယ်။ အမြတ်ရရင်လည်း အလွန်ဆုံးမှ အချိန် တဆယ်လောက်ကိုမှ လေးငါးထောင်။ ဘိန်းတပိဿာဆိုအသာလေးသယ်သွား၊ တနှစ်မက ထိုင်စားလို့ရတယ်လို့ ပြန်ပြောတာဗျာ” လို့ သူကပြောပါတယ်။
ဘိန်းခင်းတွေဖျက်ဆီးရှင်းလင်းရေး လုပ်တဲ့အခါ နယ်မြေခံ အာဏာပိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းမှုတွေလုပ်ထားတာကြောင့်ဓာတ်ပုံရိုက်ရုံ၊ ဗီဒီယိုသတင်းရိုက်ရုံသာ ဖျက်ဆီးကြလို့ ရှိနေတဲ့ဘိန်းခင်းဧရိယာရဲ့၅ ပုံတပုံကိုသာ ဖျက်နိုင်တာလို့ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရေးမှာလည်း အဓိက ကုန်သည်ကြီးတွေ၊ ထုတ်လုပ်သူတွေဟာ အာဏာပိုင်တွေကိုလာဘ်ထိုးထားတာကြောင့် အမြဲတစေ လွတ်မြောက်လေ့ရှိတယ်။ လာဘ်ထိုးတဲ့အခါ ငွေကြေးအပြင်၊ မူးယစ်ဆေး၊နေအိမ်၊ ကားစတာတွေ လာဘ်ထိုးလေ့ရှိတယ်လို့ သူကဆိုပါတယ်။
သူက “တရားခွင်ပေါ် ရောက်သွားတဲ့လူတွေဟာလက်လီပြန်ရောင်းသူတွေ၊ ဆေးသုံးသူတွေပဲ များတယ်။ အဓိက ကုန်သည်တွေ၊ ထုတ်လုပ်သူတွေရဲ့ အမှုတွေဟာတရားခွင်ပေါ်ရောက်လာတာ သိပ်ရှားတယ်။ အချုပ်မှာတင် လာဘ်ထိုးပြီး အာမခံနဲ့ လွှတ်တယ်ဆိုတာမျိုးကြောင့်တခါ လိုက်ပြန်ဖမ်းရတာမျိုး ခဏခဏကြုံဖူးတယ်။ ဖမ်းတဲ့ နေရာတင် ဆရာတို့ ဒီဟာတွေ ယူသွားပါ ကျနော်တို့ကိုတော့လွှတ်ပေးပါဆိုတော့ ဖမ်းတဲ့သူတွေက ပစ္စည်းတွေကို သိမ်း၊ လူကိုတော့ ပြေးခိုင်း၊ ပြီးတော့သူတို့ဘာသာ ပြန်ရောင်းတယ်။ ဒီလို အကျင့်ပျက်ဝန်ထမ်းတွေကို အဖွဲ့လိုက် ဖမ်းခဲ့ရဖူးတယ်” လို့ ပြောပြပါတယ်။
မြန်မာအစိုးရကကတော့ ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကုန်ပိုင်း ဘိန်းစိုက်ပျိုးရာသီဖြစ်တဲ့ စက်တင်ဘာကနေ နိုဝင်ဘာအထိမှာရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းကိုင်၊ မောက်မယ်၊လွိုင်လင်မြို့နယ်တွေနဲ့ ကယားပြည်နယ်ဖရူးဆိုး၊ဒီမောဆိုးမြို့နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတွေက ဘိန်းခင်း၂၄၁၆၉ဒဿမ ၃၃ ဧကကို ဖျက်ဆီးနိုင်ခဲ့တယ်၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၂၂၉ ယောက်ကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်၊ စိတ်ကြွဆေးပြား၇ သိန်းကျော်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သူတို့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဘိန်းအဓိက စိုက်ပျိုးနေတဲ့ဒေသတွေဟာတခြားနေရာဒေသတွေထက်စာရင် အစစ၊ အရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ နေရာတွေဖြစ်နေတာကြောင့်ငွေရလွယ်မှုတခုအတွက် ဒေသခံတွေ လမ်းမှားမလိုက်အောင် ပညာပေးနေရုံသက်သက်မဟုတ်ဘဲ ဒီဒေသတွေဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား လုပ်ရမှာဖြစ်သလို တဘက်ကလည်း အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကိုထိထိရောက်ရောက် ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ရဲအရာရှိဟောင်းက ဆိုပါတယ်။
“ဘိန်းစိုက်တာဟာဟိုးအရင်ကတည်းက ဒီဒေသတွေမှာ အရိုးစွဲ အမြစ်တွယ်နေသလို ဒီကရတဲ့ အကျိုးအမြတ်ကို အလွဲသုံးစား လုပ်နေတာတွေဟာလည်းအာဏာပိုင်တွေဆီမှာ အရိုးစွဲနေတယ်။ ဒါတွေ မပျောက်ပျက်သရွေ့ မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးဆိုတာဟာပြတိုက်ထဲထည့်ထားရတဲ့ ပုံပြင်ပြကွက်တခုလိုပဲ ဖြစ်နေဦးမှာပဲ။ ဒီဘိန်းသံသရာကြီး ရှည်ကြာနေဦးမှာပဲ” လို့ သူက ပြောပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသည့် အသက်အရွယ် ပိုမိုငယ်လာ

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ကင်ဆာရောဂါများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိအချိန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသည့် အသက်အရွယ် ပိုမိုငယ်လာပြီး အသက်၂၅ နှစ်မှ ၃၀ နှစ်အတွင်းရှိ အမျိုးသမီးများတွင်လည်း ရောဂါဖြစ်ပွားမှုများတွေ့ရှိလာရကြောင်း ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)၊သားဖွားနှင့်မီးယပ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်ကဆိုပါသည်။

အဆိုပါ ကင်ဆာရောဂါကို ယခင်က အသက် ၄၀၊ ၅၀ ကျော်သူများတွင်သာ ဖြစ်ပွားမှုနှုန်းများ ပြားသည်ကိုတွေ့ရှိရပြီး နည်းပညာများတိုးတက်လာသည့်နည်းတူ လူငယ်များအနေဖြင့် Sex နှင့် ပတ်သက်သည့်အသိအမြင်များ ပိုမိုပွင့် လင်းလာရာ လိင်ဆက်ဆံသည့် အသက်အရွယ်အပိုင်းအခြား ယခင်ကထက် ပိုမိုစောလာခြင်း၊ လိင်ဆက်ဆံဖက် များပြားခြင်းများကြောင့် အသက် ၂၅၊ ၃၀ ၀န်းကျင်အတွင်းရှိ အမျိုးသမီးများတွင် ဖြစ်မှုနှုန်းမြင့်တက် လာခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။မြန်မာကျေးလက်နေ အမျိုးသမီး အများစုတွင် သားအိမ်ခေါင်းစစ်ဆေးမှုအား ခံယူခဲ့ဖူးခြင်းမရှိကြောင်း ''မြို့ပြနှင့် ကျေးလက်တောရွာနေ အိမ်ထောင်သည် အမျိုးသမီးများ၏ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနား လည်မှုအား လေ့လာခြင်းသုတေသန'' စာတမ်းအရ သိရသည်။ အဆိုပါ စာတမ်းကို နေပြည်တော်ရှိ မြို့ပြနှင့်ကျေးလက်တောရွာနေ အိမ်ထောင်သည်အမျိုးသမီးများအတွင်း မျိုးဆက်ပွားကျန်းမာရေး စရိုက်လက္ခဏာများနှင့် သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနားလည်မှုအား ဖော်ထုတ်သုတေသနပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် သုတေသနတွင် မြို့ပြနေ ၁၀၂ ဦးနှင့် ကျေးလက်တောရွာနေ ၁၂၅ ဦး အိမ်ထောင်သည် အမျိုးသမီးစုစုပေါင်း ၂၂၇ ဦး ပါဝင်ခဲ့ကြောင်း သိရှိရပါ သည်။

ထို့အပြင် မြို့ပြနေ အိမ်ထောင်သည်အမျိုးသမီးများ၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်းသည် သားအိမ်ခေါင်း ကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးမှုအား ခံယူခဲ့ဖူးသော်လည်း ကျေးလက်တောရွာနေ အိမ်ထောင်သည် အမျိုးသမီးများတွင်မူ သားအိမ်ခေါင်း စစ်ဆေးမှုအား ခံယူခဲ့ဖူးခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် အိမ်ထောင်သည် အမျိုးသမီး၏ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ သားအိမ်ခေါင်းစစ်ဆေးခြင်းအပေါ် သိရှိနားလည်မှု အားနည်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကာကွယ်ဆေးထိုးတာ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ရှိ၊ မရှိ စစ်ဆေးတာ Cervical smear စတဲ့ ကာကွယ်နည်းတွေရှိပေမယ့် ငွေကြေးတတ်နိုင်သူတွေအတွက်ပဲ ထိရောက်ပါသေးတယ် ..
''အခြေခံလူတန်းစားတွေမှာ ဒီရောဂါကိုပိုတွေ့လာတယ်။ သူတို့က ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာတွေ၊ ကြိုတင်ကာကွယ်နိုင်တဲ့နည်းတွေကို သိရှိမှု နည်းပါးပါတယ်။ ကာကွယ်ဆေးထိုးတာ၊သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့်ရှိ၊ မရှိစစ်ဆေးတာ Cervical smear စတဲ့ ကာကွယ်နည်းတွေ ရှိပေမယ့် ငွေကြေးတတ်နိုင်သူတွေအတွက်ပဲ ထိရောက်ပါသေးတယ်'' ဟု ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) သားဖွားနှင့်မီးယပ်ဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ဆိုပါသည်။ကမ္ဘာပေါ်ရှိ အမျိုးသမီးများ တွင် တစ်နှစ်လျှင် သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၂၇၀၀၀၀ ကျော်ရှိပြီး သေဆုံး မှု၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြောင်း သိရသည်။


EMG
လေးဖြူကြီး သီချင်း ပါ ဖွင့်ပေးလိုက်ပေါ့ဗျာ
“ ရူးချင်ယောင်ဆောင် မနေနဲ့”


We are Asean

သို့

မြန်မာ့ဆက်သွယ်ရေး (MPT)

အကြောင်းအရာ ။ ။ ဖုန်းငှားရမ်းခနှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြခြင်း

ကျွန်တော်သည် မိုဘိုင်းလ်ဖုန်း(နံပါတ်xxxxxxx) ကို xxxxခုနှစ်မှစတင်ကာ
ငွေကျပ် ၂၅သိန်းဖြင့် တရာဝင်ငှားရမ်းသုံးစွဲခွင့်ရရှိထားခဲ့ပါသည်။
သို့သော် ယနေ့ခေတ်အခါတွင် မြန်မာ့ဆက်သွယ်ရေးဌာနကြီး၏ စေတနာရှေ့ထားကာ
မိုဘိုင်းလ်ဖုန်းဈေးများကို ငွေကျပ် ၅သိန်းထိလျော့ချထားပေးပြီးဖြစ်သလို မကြာမီတင်တွင်လည်း အဆိုပါ နှုန်းထားငှားရမ်းခ...များအား ထပ်မံ၍ လျော့ချပေးသွားဦးမည်ဟု သိရှိရသဖြင့် ကျွန်တော့်လက်ရှိ သုံးစွဲနေသောဖုန်း(နံပါတ်xxxxxxx) ကို ဆက်လက်ငှားရမ်းလိုခြင်းမရှိတော့ဘဲ လူကြီးမင်းတို့ထံမှ ဆက်လက်ငှားရမ်းပေးရန်ရှိသည် ငှားရမ်းခံသက်သာသည့် မိုဘိုင်းလ်ဖုန်းများကိုသာ သုံးစွဲရန် အကြံဖြစ်မိပါသည်..။

သို့ပါ၍ လက်ရှိ ငွေကျပ်၂၅သိန်းဖြင့် ငှားရမ်းထားရသည့် မိုဘိုင်းလ်ဖုန်း(နံပါတ်-xxxxxxx) ကိုပြန်လည်အပ်နှံကာ ပေးသွင်းထားသော ငှားရမ်းခများကို ပြန်လည်ထုတ်ယူလိုပါသည်..။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ လူကြီးမင်းတို့ဌာနမှ မည်သို့ဖြေရှင်းပေးမည်ဟု အကြောင်းပြန်လာမည်ကိုလည်း မျှော်လင့်လျက်ရှိပါသည်..။

လေးစားစွာဖြင့်..
ဦး/ဒေါ်________

တော်လှန်သော အတွေးအခေါ် (ပါရဂူ)

အမှန်တရားသည် လူအား သူတပါးအကျိုးကို သည်ပိုးဆောင်ရွက်ရန် အကြီးမားဆုံးသော စွမ်းအားကို ပေးလေသည်။ အမှန်တရားသည် ဓားလည်းဖြစ်သည်။ ဒိုင်းလွှားလည်းဖြစ်သည်။ အမှန်တရားသည် နှလုံး၏ စင်ကြယ်မြင့်မြတ်သော အလင်းရောင်ဖြစ်သည်။

အမှန်တရား တစ်ခုခုကို ရှာဖွေစူးစမ်းသူသည် အမိုက်မှောင်တွင်း၌ အလင်းရောင်ဖြန့်သူပင် ဖြစ်လေသည်။အမှန်တရားကို ရှာဖွေစူးစမ်းခြင်းဖြင့် ရရှိနိုင်သည်။ အတွေ့အကြုံဖြင့် ရရှိနိုင်သည်။ ဆင်ခြင်စဉ်းစားခြင်းဖြင့် ရရှိနိုင်သည်။
လူတိုင်းလူတိုင်းသည် သူ၏အလိုဆန္ဒအရ၊ သူ၏အရည်အချင်းအရ ရှာဖွေစူးစမ်းမှု ပြုလုပ်ရာ၌ လွတ်လပ်မှု ရှိသင့်လေသည်။ ကမ္ဘာလောက၏ အကြောင်းအရာသည် သူ့ရှေ့မှောက်၌ ပွင့်နေရမည်။ မည်သည့်အကြောင်းအရာကိုမျှ တားဆီးပိတ်ပင် မထားသင့်ပေ။ ဖုံးကွယ် မထားသင့်ပေ။ မည်သည့်အကြောင်းအရာကိုမျှ သိရှိနားလည်ဖို့ရန်အတွက် မကြိုးစားသင့် မကြိုးစားအပ်ဟူ၍ ယူဆရလောက်အောင် "မြင့်မြတ်သည်" ဟူ၍ မထင်မှတ်သင့်ပေ။ လူတိုင်းလူတိုင်းသည် မိမိ၏ လွတ်လပ်သော အကျိုးတရားသို့ အထိရောက်ရှိသင့်ပြီး ထိုအကျိုးတရားကို ရိုးသားစွာတင်ပြရာ၌ လွတ်လပ်မှု ရှိရမည်ဖြစ်လေသည်။

လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ

ကွန်မြူနစ်ကမ္ဘာပြိုကျသွားပြီးတဲ့အချိန်မှာ ဟန်ဂေရီ နိုင်ငံဟာ လွပ်လပ်တဲ့ရွေးကောက်ပွဲတွေနဲ့အတူ နိုင်ငံတကာ လူနေမှုအဆင့် အတန်းကို ပုခုံးချင်းယှဉ်နိုင်ခဲ့တယ်။ ပြဿနာက ဟန်ဂေရီနိုင်ငံဟာ နိုင်ငံတကာရဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့  ငွေကြေးစံနစ်တွေအပေါ်မှာ မှီခိုနေရတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်နဲ့အတူ လူတွေရဲ့အတွေးအခေါ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ မိမိရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ကို သံသယ နဲ့ ပြန်သုံးသပ်ကြည့်နေကြတယ်။ တကယ်တော့  “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။
ဒီ တပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဟန်ဂေရီနိုင်ငံ ဆီက သင်ခန်းစာတွေကို ဆွေးနွေးထား ပါတယ်။
သောတရှင်များခင်ဗျား
လွန်ခဲတဲ့ နှစ်တုံးက ၁၉၅၆ ဟန်ဂေရီတော်လှန်ရေးအကြောင်းတင်ပြခဲ့တယ်။ ဒီတပတ်မှာတော့ ဟန်ဂေရီ နိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကာလများနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို တင်ပြချင်ပါတယ်။
၁၉၅၆ ဟန်ဂေရီ တော်လှန်ရေးဟာ လူနှစ်သိန်းသေဆုံး၊ နှစ်သိန်းခွဲကျော်ထွက်ပြေးခဲ့ရမှုတွေနဲ့ ကျဆုံးခဲ့ရတယ်။  ဂျန်နော့ ကတာ လက်ထက်မှာလည်း ဆိုဗီယက်ဆန့်ကျင်သူများကို ချေမှုန်းခဲ့၊ တိုင်းပြည်ရဲ့တရားင် ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျ ( Imre Nage) ဟာ သေဒဏ်ပေးခံရ ပါတယ်။ သူ့လက်ထက်မှာ  ဒီမိုကရက်တစ်၊ လစ်ဘရယ်၊ ပြုပြင်ပြောင်းလဲရေးသမားပေါင်း ၂၁၆၀၀ ကျော်ဖမ်းခံရ၊  ၄၀၀ ကျော်အသတ်ခံရတယ်။ ရာချီပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးယန္ဓာရားအသစ် စီမံကိန်း နဲ့အတူ ဈေးကွက်စီးပွားရေးကို စတင် ကျင့်သုံးလာခဲ့တယ်။ ၁၉၆၀ မှ ၁၉၈၀ အတွင်း ဟန်ဂေရီနိုင်ငံကို “ အရှေ့အုပ်စု အတွင်းက ပျော်ရွှင်စရာ အကောင်းဆုံးစစ်တန်းလျား” အဖြစ်လူသိများခဲ့တယ်။ တိုင်းပြည်ဟာ ဖိနှိပ်မှုတွေနည်းသထက်နည်းလာပြီး၊ ခရီးသွားလာခွင့်တွေအပေါ်ပိတ်ပင်တားဆီးမှုတွေ ကိုလည်း လျော့ပေါ့ခဲ့ပါတယ်။ လစ်ဘရယ်စီးပွားရေးစံနစ်နဲ့အတူ၊ လူနေမှုအဆင့်အတန်းတွေ မြင့်တက်လာခဲ့ပါတယ်။
၁၉၈၈ ကာလမှာ ဆိုဗီယက်တွေဦးဆောင်တဲ့အရှေ့အုပ်စုဟာ စတင်အက်ကွဲစပြုလာပြီ။ အောစတြီးယား မှာ ဆန္ဒပြပွဲတွေရဲ့ ရိုက်ခပ်မှုတွေကလည်း ဟန်ဂေရီနိုင်ငံကို ပြုပြင်ပြောင်းလဲရေး  လုပ်ဖို့ သတိပေးနေခဲ့တယ်။ အစိုးရဟာ ၁၈၄၈ တော်လှန်ရေးကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့တဲ့အတွက်၊ လူ ၇၅၀၀၀ ကျော်လောက်ဟာ ဘူဒါပက်စ်ရဲ့လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ ကြတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့က ဟန်ဂေရီနိုင်ငံရဲ့အနာဂတ်ကို ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ဂတိပေးခဲ့တယ်။  ဟန်ဂေရီ အစိုးရရဲ့ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံတွေနဲ့ စတင်စကားပြောဆွေးနွေးကြတယ်။ပါတီစုံစံနစ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ် ကို ဦးတည်ပြီးသွားမယ်ဆိုတဲ့အပေါ်မှာ သဘောတူခဲ့ကြတယ် အောစကြီးယားနဲ့ ဟန်ဂေရီကြားက ပိတ်ဆို့ထားတဲ့ နန်းကြိုးတွေကို ဖယ်ရှားပြီး သံမဏိကန့်လန့်ကာကို ဖြိုချပစ်တဲ့ ပထမဆုံး နိုင်ငံတခုဖြစ်လာခဲ့တယ်။ ၁၉၅၆ ခုနှစ် တုံးက အပြစ်ပေး အသတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် အင်မရေ နာ့ဂ်ျရဲ့ ဈာပနကို ပြန်လည်မြှုပ်နှံတဲ့ပွဲလုပ်ခဲ့တယ်။ လူ နှစ်သိန်းခွဲကျော် ဟာ သူရဲကောင်းရင်ပြင်ဆီကို ချီတက်ပြီးအလေးပြုခဲ့ကြတယ်။ ၁၉၉၀ မှာ ပါတီစုံရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့တဲ့အခါ၊ ဟန်ဂေရီယံ ဒီမိုကရက်တစ်ဖိုရမ် က အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ မှာ ကွန်မြူနစ်ဟောင်းတွေဦးဆောင်တဲ့ ဟန်ဂေရီ ဆိုရှယ်လစ်ပါတီက အနိုင်ရခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဂေရီ အာဏာရပါတီဟာ အနောက်အုပ်စုနဲ့အဆင်ပြေပြေ ပေါင်းသင်းခဲ့တဲ့ပါတီတွေဖြစ်ခဲ့ကြပြီး ၂၀၀၄ မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။
“ ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဟောင်းတွေအနက် လူနေမှုစံနစ်မြင့်မားပြီး၊ ပြည်သူတွေ တယောက်ချင်းစီ ဝင်ငွေအမြင့်ဆုံး ရတဲ့နိုင်ငံတခုအဖြစ် ဂုဏ်သိက္ခာကျော်ကြားခဲ့တယ်။ ဒါပေမဲ့ ဟန်ဂေရီနိုင်ငံဆိုတာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နဲ့ နိုင်ငံတကာ ငွေကြေးအဆောက်အဦ စည်းမျဉ်းစည်းကမ်းပေါ်မှာ မှီခိုနေရတဲ့နိုင်ငံတခုဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်တဲ့အခါ၊  တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေစတင်ကြုံတွေ့လာခဲ့တယ်။ အစိုးရကလည်း ကြွေးမှီပြဿနာတွေကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။  ဥပဒေတွေကလည်း ဆင့်ကဲဆင့်ကဲ အသစ်ရေးဆွဲခဲ့တာ (၃၈၅) ခုကျော်ရှိနေပြီလေ။”
ဂျန်နဝါရီ (၂) ရက်နေ့ကတည်းက စပြီး စတင်အသွက်သွင်းခဲ့တဲ့ ဥပဒေသစ်အပေါ်မှာ ပြည်သူတွေဟာ မကျေမနပ်ဖြစ်ခဲ့ ကြပါတယ်။ ဥပဒေသစ်ဟာ မီဒီယာ၊ တရားရေးဆိုင်ရာစီရင်ခွင့်နဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းလွတ်လပ်ခွင့်တွေအပေါ်မှာ စတင်စိန်ခေါ်လာခဲ့ပါတယ်။ အတိုက်အခံပါတီကိုယ်စားလှယ်တွေရဲ့ အမတ်တွေဟာ ပါလီမန်ထဲမှာ အသံမဲ့လို ဖြစ်နေတဲ့ကိစ္စတွေ၊ တရားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲတဲ့အခါ ဘေးမှာ ဖယ်ထားခြင်းခံရတာတွေကို မြင်နေတဲ့ ပြည်သူတွေဟာ ဟန်ဂေရီနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ အသုံးမဝင်တော့ဘူး။ စစ်တမ်းတခုရဲ့အဆိုအရ ဟန်ဂေရီ ပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ခုချိန်မှာ ရွေးကောက်ပွဲကျင်းပပေးရင်လည်း မဲပေးမှာ မဟုတ်ဘူး လို့ သဘောထားပေးခဲ့ကြပါတယ်။
“ကွန်မြူနစ်အစိုးရ ကျဆုံးသွားပြီးတဲ့နောက် လွန်ခဲ့တဲ့ အနှစ် (၂၀) ကိုပြန်သုံးသပ်ကြည့်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး နဲ့ ပါတီစုံရွေးကောက်ပွဲတွေကို ဖြတ်သန်းနေစဉ်ကာမှာ လူထုလှုပ်ရှားမှုတွေကို လုပ်မယ်ဆိုရင်၊ ဒီမိုကရက်တစ်စံနှုန်းတွေကို မတည်ငြိမ်မှုဖြစ် ထိခိုက်နိုင်တယ် ဆိုတဲ့ အယူအဆတွေရှိခဲ့ကြတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ ပြည်သူတွေဟာ မဲပေးယုံပဲဖြစ်တယ်  ဆိုတဲ့အယူအဆကို ဆွဲကိုင်ထားခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား တွေကို သူတို့လုပ်ချင်ရာလုပ် ဆိုတဲ့အခွင့်အရေးကို ပေးမိလိုက်ရင် အဲ့ဒီနိုင်ငံရေးသမားတွေဟာ သူတို့အလိုရှိရာကို အာသာငမ်းငမ်း လုပ်ကြတော့မယ် ဆိုတာ သဘောပေါက်လာခဲ့တယ်။ သူတို့တင်မြောက်ခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေအားလုံးက သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ကြတယ်။ ပါတီနိုင်ငံရေး ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်လာခဲ့ကြတယ်။ လူထုပါဝင်နိုင်တဲ့ နိုင်ငံရေးစံနစ်တခုကို ပြန်လည်ဖေါ်ဆောင်ဖို့ ကြိုးစား လာကြတယ်”လို့ ဟန်ဂေရီနိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဆိုခဲ့ပါတယ်။တကယ်တော့ ဟန်ဂေရီ နိုင်ငံဆိုတာ နိုင်ငံတကာစံနှုန်းအရ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်တဲ့ ဒီမိုကရေစီ အစစ်အမှန်နိုင်ငံတခုတော့ မဟုတ်သေးပါဘူး။ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရိုပ်ခပ်ခံလိုက်ရတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ကြွေးမှီပြဿနာတွေ၊ ငွေကြေးအကြပ်အတည်းတွေဟာ ဟန်ဂေရီပြည်သူတွေအားလုံးကို သူတို့နိုင်ငံရဲ့ နိုင်ငံရေးစံနစ်အပေါ် သံသယဖြစ်စေခဲ့ပါတယ်။ တရားမျှတတဲ့ လူမှုဖူလုံရေး နဲ့ ဘဝလုံခြုံမှုအတွက်တောင်းဆိုခဲ့ကြပါတယ်။ တချို့က ဆန္ဒပြပွဲမှာ အိုးအိမ်မဲ့ နေတဲ့လူတယောက်ရဲ့ ပုံစံလို ဝတ်ဆင်ထားတဲ့ လူတယောက်ကတော့ ဟန်ဂေရီ နိုင်ငံရဲ့ စီးပွားရေးကွာဟမှုတွေ အကြောင်း လစ်ဟ ပြနေခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စု အကြီးအကဲတွေ အလည်ရောက်ရှိလာခဲ့ကြပါတယ်။
 “ သူတို့က ကျနော်တို့ပြည်သူ့လှုပ်ရှားမှုတွေထက် ဗဟိုဘဏ် ကို ကယ်တင်ဖို့ပဲ စိတ်ဝင်စားနေတာလေ” လို့ ဝေဖန်ထောက်ပြ ကြပါတယ်။ ဒါဟာလည်း ကွဲလွဲတဲ့နိုင်ငံရေးချဉ်းကပ်မှုတွေဖြစ်နေခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာဘဏ်အဖွဲ့တွေက တိုင်းပြည်ရဲ့ အပေါ်ထပ်အဆောက်အဦတွေကို ပြုပြင်ဖို့ကြိုးစားနေချိန်မှာ၊ လူထုပါဝါကို အားသန်တဲ့အုပ်စုတွေကတော့ ပြည်သူတွေ နိုင်ငံရေးထဲ ပါဝင်လာနိုင်မဲ့ နည်းလမ်းကိုသာ စဉ်းစားနေခဲ့ကြပါတယ်။
သောတရှင်များ
စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ဟန်ဂေရီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပေမဲ့ နိုင်ငံရေးစိတ်ဝင်စားမှုလျော့ပါး ခဲ့ခြင်းတွေကြောင့် ပါလီမန်ထဲမှာ အာဏာရနိုင်ငံရေးသမားတွေရဲ့ ချယ်လှယ်လက်ဝါးကြီးအုပ်ပိုင်ခွင့်တွေရရှိခဲ့ကြပါတယ်။ “လူထုဆန္ဒ နဲ့ နိုင်ငံရေးပါဝါ နှစ်ခုဟာ နီးစပ်သွားတဲ့အခါ ပြည်သူတွေဟာ ရုန်းထဖို့မလိုတော့ပါဘူး” တဲ့။ သောတရှင်တို့လည်း ပွင့်လင်းလွတ်လပ်တဲ့လူထုအဖွဲ့အစည်းတွေက တဆင့် တိုင်းပြည်ရဲ့ နိုင်ငံရေးကို မျက်ခြေမပြတ် အကဲခပ်နိုင်ကြပါစေ။
http://khinmamamyo.blogspot.com/2010/12/blog-post_03.html

ကျေးဇူးစကား၏အခြားမဲ့ကို ဆင်ခြင်မိခြင်း (မျိုးမြင့်ချို)

         သည်လထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများလွတ်လာကြ၏။ လွှတ်ပေးလိုက်သည့်အထဲတွင် လူမျိုးစုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်၊ သံဃာတော်တချို့နှင့်အတူ အခြားလူသိနည်းသည့် နိုင်/ကျဉ်းတွေလည်းပါလာ၏။ လွှတ်ပေးလိုက်သည့်အပေါ် အမြင်တွေလည်း အထွေထွေအပြားပြားရှိ၏။ ထွေပြားလို့လည်းဖြစ်၏။ အပြစ် မဆိုသာ။ အမြင်ဆိုသည်က ပြောသူ၏နောက်ခံနှင့်ဆိုင်၏။ သံတမန်သည် သံခင်းတမန်ခင်း၊ ပညာရှင်သည် ပညာရှင်စကား၊ နိုင်ငံရေးသမားသည် နိုင်ငံရေးအရပြောကြမည်ဖြစ်၏။ ဤနေရာတွင် နယ်ပယ်ကိုသိခြင်း အရေးကြီးမည်ယူဆ၏။ နိုင်ငံရေးသမားသည်လည်း တခါတရံတွင် သံခင်းတမန်ခင်းတွေ ဆိုရတတ်ပြန်၏။ သူ့နယ်ပယ်အလိုက် သူ့စကား သူပြောကြတာ ပြဿနာမဟုတ်။ ပြဿနာက လွှတ်ပေးသည့်ကိစ္စအပေါ် လူတချို့က ကိုယ်တိုင်ကျေးဇူးတင်ရုံနှင့်အားမရ။ အခြားသူတို့ကိုပါ ကျေးဇူးတင်ပေးစေချင်သည့်နှယ် ပြောသံဆိုသံတွေထွက်လာခြင်း။ ဦးသိန်းစိန်အစိုးရကို ကျေးဇူးမတင်လျှင် နိုင်ငံရေးအဝါးမဝသလိုလို၊ အဆိုးမြင်ဝါဒီလိုလို ယိုးကြတာတော့ မဟုတ်သေးဟုထင်၏။ ထို့ထက်ဆိုးသည်က ကျေးဇူးတင်စကားမဆိုသူအား ကျေးဇူးတရားနားမလည်သူ၊ ကျေးစွပ်တတ်သူနှယ် ပြောဆိုခြင်းပင်။

         အခု နောက်ဆုံးအသုတ် မလွတ်ခင်တရက်ကပဲ ပုဒ်မ ၄၀၁ အပိုဒ် ၁ နှင့်စပ်၍ ဆောင်းပါးတပုဒ်ရေးဖြစ်၏။ သူတို့လွတ်သည့်နေ့မှာပဲ ဘလော့ဂ်ပေါ်တင်ဖြစ်၏။ တိုက်ဆိုင်မှုမဟုတ်။ တိုက်ဆိုင်အောင် တမင်လုပ်ယူရခြင်းဖြစ်၏။  ၄၀၁ ကိုသိသူတွေရှိသလို မသိသူတွေလည်းရှိ၏။ သိသူများမှာပင် တချို့ကဗူးလုံးနားမထွင်း ဖြစ်နေတာလေးတွေလည်းရှိ၏။ ထို့ကြောင့် ထိုဆောင်းပါးရေးဖြစ်ခြင်းဖြစ်၏။ သည်တုန်းက (ဘယ်လိုပဲလွတ်လွတ်၊ လွတ်ဖို့သာအဓိကဆိုတဲ့ အကောက်အယူနဲ့ပတ်သက်လို့တော့ လောလောဆယ်မှာ ဘာသဘောထားမှတ်ချက်မှ မပေးလိုသေးပါဘူး။ နောင်တော့ ပြောချင်ပါတယ်) ဆိုထားခဲ့ပြီး မပြောဖြစ်။ ပြောစရာမလိုလောက်တော့ဟု ထင်မိလိုက်တာလည်းပါ၏။ ခုတော့ ပြောစရာပေါ်လာ၏။ ပြောချင်လာ၏။ ထို့ကြောင့် ပြော၏။
 အရင်ဆုံးဝေါဟာရအကြောင်း ပြောကြည့်မည်တွေး၏။ ကျနော်တို့ ထောင်ထဲရှိတုန်းက "နိုင်ငံရေးအကျဉ်းသား" (နိုင်/ကျဉ်း) နှင့် "ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ"(ယုံ/ကျဉ်း) ဟူ၍ ဝေါဟာရအနက်ပေါ် အငြင်းအခုံ ယခုလောက်မပြင်းသေး။ သို့နှင့်တိုင် ပြောတော့ပြောဖြစ်ကြ၏။ တချို့က နိုင်/ကျဉ်းဆိုသည်ကိုနှစ်ခြိုက်ပြီး တချို့က ယုံ/ကျဉ်းဆိုသည်ကို ဘဝင်ကျကြ၏။ နိုင်ငံတကာမှာပင် မည်သည့်အချက်အလက်၊ အခြေအနေနှင့်ကိုက်ညီမှ နိုင်/ကျဉ်းဖြစ်သည်ဟုသတ်မှတ်ရာ၌ မသိမသာကွဲလွဲတာတွေလည်းရှိနေ၏။ ထို့ထက် ပိုဆိုးသည်က ဗမာပြည်။ ဗမာပြည်တွင် ထိုသတ်မှတ်ချက်က ခုချိန်ထိသတ်သတ်မှတ်မှတ်မရှိ။ နိုင်ငံရေးကိစ္စတွင်ပါဝင်ပြီး အခြားပုဒ်မမျိုးစုံဖြင့် ထောင်ချခံထားရသူတွေလည်း တပုံကြီး။ နိုင်ငံရေးနှင့်မဆိုင်သော်လည်း ဆိုင်သယောင်ဆွဲထည့်လို့ရပြီး နိုင်/ကျဉ်းတွေလွှတ်သည့်အခါ ရောင်တော်ပြန်လွတ်သူတွေလည်း အများကြီး။ ထားတော့။ ပြောရလျှင် များလိမ့်မည်။
 ယုံ/ကျဉ်းနှင့်ပတ်သက်၍လည်း သတ်မှတ်ချက်တွေ တပုံတခေါင်း။ ထိုအထဲမှ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ကတော့ ယုံ/ကျဉ်းဆိုသည်မှာ --Amnesty International campaigns for the release of prisoners of conscience – people who have been jailed because of their political, religious or other conscientiously-held beliefs, ethnic origin, sex, color, language, national or social origin, economic status, birth, sexual orientation or other status -- ဟု ဆိုထား၏။ ထိုအထဲတွင် နိုင်ငံရေးကြောင့် ထောင်သွင်းအကျဉ်းချခံရသူလည်း အကြုံးဝင်၏။ ကျနော်က ရှေးနည်းနည်းဆန်သည်လား၊ သတင်းစာဆန်ဆန်ဝေါဟာရ အတီအထွင်အချို့ကို မနှစ်သက်တတ်တာလား၊ သံခင်းတမန်ခင်းဆန်လွန်းသည်ကို ဘဝင်မကျတတ်တာလား ဘာလားညာလားတော့မပြောတတ်။ နိုင်/ကျဉ်းဆိုသည်ကိုသာ နှစ်ခြိုက်၏။ ပြောရလျှင် စာရှည်မှာစိုး၏။ ထားတော့။
 ယခု ပြန်လွှတ်ပေးလိုက်သူများတွင် နိုင်ငံရေးလုပ်ပြီး၊ နိုင်ငံရေးစွဲချက်တွေနှင့် ထောင်ချခံရပြီးမှပြန်လွတ်လာသူ တွေချည်းမဟုတ်။ ရောင်တော်ပြန်တွေလည်းပါ၏။ ဤနေရာတွင် ရောင်တော်ပြန်တွေအကြောင်း ပြောလိုရင်းမဟုတ်။ နိုင်/ကျဉ်းတွေကိစ္စသာ ကွက်ပြောပါမည်။ နိုင်/ကျဉ်းတွေကိုဖမ်းစဉ်ကတည်းက နိုင်ငံရေးသမားလိုဖမ်းသည်မဟုတ်။ နိုင်ငံရေးသမားလို ဆက်ဆံသည်မဟုတ်။ စစ်ကြောရေးစခန်းနှင့်နှိပ်စက်ညှင်းပမ်းမှုများ ဘယ်သူမှမလွတ်။ အပြင်းနှင့် အပျော့သာကွာ၏။ တခါ ရုံးတင်တရားစွဲတော့ရော နိုင်ငံရေးနှင့်မဆိုင်သည့်ပုဒ်မတွေ တသီကြီးအပိုဆောင်းတပ်သေး၏။ တချို့မှာ ရှေ့နေငှားဖို့မဆိုနှင့် ကိုယ်တိုင်ထုချေလျှောက်လဲခွင့်ပင် မရကြ။ အကျဉ်းရုံးစစ်ဆေးအပြစ်ပေးခြင်းဆိုပြီး မမြင်ကွယ်ရာတွင် ထင်သလိုတရားစီရင်မှု။ ထောင်ထဲရောက်ပြန်တော့လည်း နိုင်/ကျဉ်းဟု တရားဝင်သတ်မှတ်ပြီး သီးခြားခံစားခွင့်ရပိုင်ခွင့်က မရှိသလောက်။ တခါ နိုင်/ကျဉ်းခြင်းအတူတူမှာတောင် နိုင်ငံရေးအရအရေးပါမှုအလိုက် အဆင့်သတ်မှတ် ဆက်ဆံပြန်၏။ လွတ်ရက်စေ့ဖြင့်လွတ်သည့်တိုင်(ကျနော်တို့လွတ်သည့်အချိန်က) အပြင်ရောက်တော့လည်း လွတ်လွတ်ကျွတ်ကျွတ်မဟုတ်။ သတင်းပို့ရတာ၊ သန်းကောင်စာရင်းအစစ်ခံရတာ၊ လက်မှတ်သွားသွား ထိုးရတာတွေရှိသေး၏။ လွတ်ရက်စေ့မဟုတ်ပဲ နိုင်ငံရေးအမြတ်ထုတ်လို၍ လွှတ်သည့်အခါများတွင်လည်း နိုင်/ကျဉ်းတွေဆီက ရသမျှထပ်အမြတ်ထုတ်သေး၏။ ခံဝန်ထိုးခိုင်းခြင်း၊ ခြေချုပ်သဘောထားခြင်း၊ ၄၀၁ အပိုဒ် (၁) ဖြင့်လွှတ် ခြင်း။ စသည်များဖြစ်၏။ ယခုကား ၄၀၁ အပိုဒ်(၁)ဖြင့်လွှတ်ခြင်းဖြစ်၏။
 ဆိုတော့ စဖမ်းစဉ်မှ လွှတ်ရသည့်တိုင်အောင် နိုင်/ကျဉ်းသည် နိုင်/ကျဉ်းအဖြစ် အသိအမှတ်အပြုမခံကြရ။ အသိအမှတ်မပြုကြ။ တည်ဆဲဥပဒေတခုခုကို ချိုးဖေါက်သဖြင့် အပြစ်ပေးခံထားရသူများဟုသာ တွင်တွင်ဆို၏။ ထိုသူများသည် တိုင်းပြည်မငြိမ်သက်အောင် ဆူပူလှုံ့ဆော်သူများ ဘာများညာများဟု အသမုတ်လည်းခံရပြန်၏။ ထိုအပြောအဆိုများ၊ အပြုအမူများ မဟုတ်မှန်ကြောင်း လူတိုင်းသိ၏။ လူထုရော နိုင်ငံတကာကပါ လက်မခံ။ ဒါ့ကြောင့် "သူတို့ဘာပြောပြော ကိုယ်မဟုတ်ပြီးတာပဲ၊ အချိန်တန်တော့လည်း လွှတ်ရတာပဲမဟုတ်လား" ဆိုပြီး နေလိုက်ရုံဖြင့် မလုံလောက်ဟုမြင်၏။ မုဒိန်းလူသတ်အား ထိုအမှုဖြင့်ဖမ်း၊ ထိုအမှုဖြင့်တရားစွဲ၊ ထိုစွဲချက်ဖြင့်ထောင်ချ၊ ပြန်လွတ်လျှင်လည်း ထိုအမှုစေ့သဖြင့်သာ လွှတ်ရ၊ လွတ်ရသည်ဖြစ်၏။ သို့မှသာ တော်တည့်မှန်ကန်မည်ဖြစ်၏။

         အလားတူပင် နိုင်/ကျဉ်းတွေအား နိုင်/ကျဉ်းတွေအဖြစ်သာ တရားဝင်ဖမ်းခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် ဥပဒေပါခံစားခွင့်တွေ တရားဝင်အပြည့်အဝ ပေးခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်အသိအမှတ်ပြု ဆက်ဆံခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်လက်ခံပြီး လွှတ်ပေးခဲ့ရမည်ဖြစ်၏။ ယခု ထိုသို့မဟုတ်။ တရားဝင်မှု ဘာတခုမျှ ဘယ်နေရာမှမှမရှိ။ "မရှိ/ရှိရှိ လွတ် ပြီးတာပဲ၊ လွှတ်ပေးတာပဲ ကျေးဇူးတင်ပါဦး" ဟုဆိုပြီး ခဲခဲကပ်ကပ်ပြောခြင်းမှာ ပင်းနေသလားဟုတောင် ထင်ချင်စရာဖြစ်နေ၏။ ကျနော့်အနေဖြင့် လွတ်လာသူများနှင့် သူတို့မိသားစုများအတွက် ဝမ်းသာ၏။ ပျော်ရွှင်၏။ ကျန်နေခဲ့သူများနှင့် သူတို့မိသားစုများအတွက် ဝမ်းနည်း၏။ စိတ်ထိခိုက်၏။ လွတ်သည့်တိုင် ထိုက်ထိုက်တန်တန်မဖြစ်ခဲ့ရမှုများအတွက် နာသာခံခက်ဖြစ်၏။ ကြေကြေကွဲကွဲဖြစ်၏။
 တခါ လွတ်လာပြီးသည့်တိုင် ဗမာ့နိုင်ငံရေး၏ မည်သည့်အဆင့်များတွင် ထိုသူတို့ပါဝင်ခွင့် ရမည်/မရမည် ဆိုသည်ကလည်း ရှိသေး၏။ ၂၀၁၀ ရွေးကောက်ပွဲမှာပင်လျှင် "နိုင်ငံတော်ပုန်ကန်လို့"ဆိုကာ တချို့ကွင်းထဲပင် ပေးအဝင် မခံခဲ့ကြရ။ သူတို့ယုံကြည်ရာ နိုင်ငံရေးသဏ္ဍန်များတွင် သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်အာမခံချက်  ဘယ် အတိုင်းအတာထိရှိမည်လဲ။ ဒါလည်း အလွန်အရေးကြီးသည့်ကိစ္စဖြစ်၏။ လွတ်လာသော်လည်း နိုင်ငံရေးထဲဝင်မပါရ လုပ်မထားတော့ဟု မည်သူက ကံသေကံမ ပြောနိုင်မည်နည်း။ ဤသို့ဆိုလျှင် လွှတ်ခြင်း၌မည်သည့်အဓိပ္ဗါယ်ရှိမည် နည်း။ နောက်တခါ နိုင်ငံရေးလုပ်လို့ ထပ်မဖမ်းတော့ပါဟု မည်သူကရော တထစ်ချပြောနိုင်မည်နည်း။ ပြန်ဖမ်းလျှင်ရော နိုင်/ကျဉ်းတွေကို နိုင်/ကျဉ်းတွေအဖြစ် ဖမ်းတာ၊ ဆက်ဆံတာ၊ အသိအမှတ်ပြုတာ၊ ပြန်လွှတ်တာမျိုးရော ဖြစ်မှာလား။ ဖမ်းလိုက် လွှတ်လိုက်သံသရာနှင့် ပြီးနေဦးမှာလား။ မေးစရာတွေ ရှိပါသေးသည်။ တွေးစရာတွေ များပါသေးသည်။ ရှေ့လျှောက်လုပ်စရာတွေ တပုံကြီးကျန်ပါသေးသည်။ ကျေးဇူးတင်ရန် လိုပါသေးသည်။
 ကျနော်ကား ကျေးဇူးတင်လို့မရသေး။ ကျေးဇူးလည်း အတင်မစောချင်သေး။ ကျနော့်အဖို့ ကျေးဇူးတင်ချိန် မဟုတ်သေး။ မရောက်သေး။
မျိုးမြင့်ချို ဇန်နဝါရီ ၃၁၊ ၂၀၁၂
(ပထမဆောင်းပါးကို ဤနေရာများတွင်ဖတ်နိုင်ပါသည်) http://www.naytthit.net/?p=23363
http://myo-myo-myintcho.blogspot.com/2012/01/blog-post_550.html
***တရုတ်ကတော့ သဘာဝပတ်ဝန်းပျက်စီးစေတဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေကို အရေးယူပြီ
ရေမြေ တောတောင် ချောင်မြောင်အားလုံး ပြုန်းတီးနေတဲ့ မြန်မာပြည်မှာဘယ်တော့လည်း***


တရုတ်တောင်ပိုင်း မြစ်ရေ ဓာတုအဆိပ်သင့်မှု လူ ခုနစ်ဦးကို ဖမ်းဆီး

တရုတ်ပြည်တောင်ပိုင်းက မြစ်တစ်မြစ်ထဲမှာ စက်မှုလုပ်ငန်းတွေက အဆိပ်သင့် ဓာတုပစ္စည်း Cadmium စီးဝင်ခဲ့တာကြောင့် တာဝန်ရှိတဲ့ ကုမ္ပဏီတွေက အလုပ်အမှုဆောင် အရာရှိ ၇ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်က ပြောပါတယ်။ ခု ဖြစ်ရပ်ကြောင့် ဒေသခံ ပြည်သူ သန်းပေါင်းများစွာ အနေနဲ့ ရေသုံးစွဲမှု အန္တရာယ် ကြုံတွေ့နေရပါတယ်။

Liujiang မြစ်အတွင်း မှာ ဓာတုပစ္စည်း အဆိပ်သင့်တဲ့အတွက် ငါးတွေ သေကြတယ်လို့ တရုတ်နိုင်ငံ အစိုးရမီဒီယာတွေက သတင်းရေးသားခဲ့ကြပြီးတဲ့နောက် ၂ ပတ် အကြာ Guangxi ဒေသမှာ ခုလို ဖမ်းဆီးလိုက်တာပါ။
မြစ်ကြောင်းတလျှောက် မိုင် ၆၀ လောက် အဆိပ်သင့်စေခဲ့တဲ့ ဓာတုပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်ခဲ့ပါဘူး။
ခုလို အဆိပ်သင့်ခဲ့တာကြောင့် ဒေသခံတွေဟာ ရေပုလင်း၊ ရေဗူးတွေကို ထိတ်လန့်တကြား ၀ယ်ယူကြရတဲ့အဖြစ် ရောက်ခဲ့ရပါတယ်။ အဖမ်းခံလိုက်ရတဲ့ သူ ၇ ယောက်လုံး ဟာ Guangxi ဒေသ ဓာတုကုမ္ပဏီက တာဝန်ရှိသူတွေ ဖြစ်တယ်လို့ တရုတ်နေ့စဉ် သတင်းစာက အင်္ဂါနေ့က ဆိုပါတယ်။
ဓာတု ပစ္စည်း Cadmium ကို ဘက်ထရီတွေ လုပ်ရာမှာ အသုံးပြုပါတယ်။
အခြေအနေကို ထိန်းနိုင်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ရေမှာ cadmium ဓာတု ပစ္စည်း ပါဝင်မှုက ဒေသခံ ရေအားလျှပ်စစ် စက်ရုံနားမှာရှိတဲ့ ရေလှောင်ကန်ရဲ့ အောက်ပိုင်း မြစ်ရေမှာ ၂၅ ဆ မြင့်မားနေမြဲ ဖြစ်နေပါတယ်။ ဓာတုပစ္စည်းပါဝင်မှုကို အဲဒီ ရေလှောင်ကန်မှာ စတွေ့ခဲ့တာပါ။
လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး
ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ သုံးသပ် by EMG


၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရှိခဲ့သော မြန်မာ့စီးပွားရေး သည်လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အိုင်အမ်အက်ဖ် (အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့)မှ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင် Meral Karasulu က ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် သုံးသပ်ပြောကြားခဲ့ပါသည်။

“မြန်မာ့စီးပွားရေးအနေနဲ့ ကာလရှည် ကျဆင်းနေတဲ့ အခြေအနေ ကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှာ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးလာမယ့် ဘဏ္ဍာရေးနှစ်မှာ ခြောက်ရာခိုင်နှုန်း တိုးတက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်နိုင်ခြေ အလွန် မြင့်မားနေပြီး အာရှဒေသမှာ နောက်ထပ် စီးပွားရေး မျက်နှာစာသစ် နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်”ဟု ၁၉၉၉ ခုနှစ် နောက်ပိုင်းထုတ်ပြန်သည့် မြန်မာ့ စီးပွာရေးဆိုင်ရာ စစ်တမ်းတွင် Meral Karasulu က ပြောကြားပါသည်။

လက်ရှိ မြန်မာအစိုးရအနေဖြင့် နိုင်ငံ၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံသားတို့၏ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီး သမိုင်းမှတ်တိုင် ထင်ကျန်နိုင်သည့် အခွင့်အလမ်းကို ရရှိနေပြီဖြစ်ကြောင်း၊ အခြေအနေများအရ ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာ အမြင့်မားဆုံး ရှိနေပြီး သယံဇာတရင်းမြစ်များ၊ လူငယ်လုပ်သားများနှင့် စီးပွားရေး အင်အားကြီးနိုင်ငံအချို့ နီးစပ်သည့် အနေအထားများကို လျော်ညီအောင်ဆောင်ရွက်နိုင်ပါက အာရှဒေသ၏ အရေးပါသော နောက်ထပ်စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း ထည့်သွင်းသုံးသပ်ခဲ့ပါသည်။

အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကို တစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မက်ခရိုစီးပွာရေး ပတ်ဝန်းကျင် တည်ငြိမ်စေရန်အတွက်လည်း စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲသွားရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မူဝါဒများကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ပေးရန် တိုက်တွန်းထားပါသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မက်ခရိုစီးပွာရေး ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိသော်လည်း စိန်ခေါ်မှုများ ရှိနေသေးကြောင်း၊ ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံများ၏ ၀ယ်လိုအား လျော့နည်းနေခြင်းကြောင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းများ တင်ပို့နိုင်မှုကျဆင်းနိုင်ခြင်း၊ လုပ်သားများ အလုပ်အကိုင်ရရှိမှု နည်းပါးသောကြောင့် အလုပ်လက်မဲ့ဦးရေ များပြားနိုင်ခြင်း နှင့် ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းအား နည်းနေခြင်းကဲ့သို့ အချက်များကို သတိပြုရမည်ဖြစ်ကြောင်း ထည့်သွင်း သုံးသပ်ထားပါသည်။

Meral Karasulu က “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကောင်းတာတွေ ပြောရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တားဆီးမှုတွေ လျှော့ချလာတာတွေ့ရတယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဘဏ်တွေရဲ့ချေးငှားနိုင်စွမ်း တိုးတက်လာတယ်။ အတိုးနှုန်းလည်း ကျလာတယ်။ ဒါပေမယ့် ငွေဖောင်းပွမှုနှုန်းထက် မနည်းအောင်တော့ သတိပြုဆောင်ရွက်ဖို့ လိုတယ်။ အတိုးနှုန်း လျော့တဲ့အတွက် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု များလာတာ တွေ့ရတယ်။ လုပ်ငန်းလုပ်ရာမှာ ကုန်ကျစရိတ် လျော့စေလို့ ကောင်းတယ်။ ဘဏ္ဍာရေးပိုင်းမှာလည်း အစိုးရအနေနဲ့ ပိုပြီးသတိရှိလာတယ်။ ကျစ်ကျစ်လစ်လစ် လုပ်လာတယ်လို့ ယူဆပါတယ်။ ဘတ်ဂျက်ရေးဆွဲရာမှာ ဦးစားပေးသင့်တာ ဦးစားပေးဖို့လိုတယ်။ အများပြည်သူ သိအောင် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်”ဟု ပြောကြားပါသည်။

အိုင်အမ်အက်ဖ် အနေဖြင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒကို မှန်ကန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် တိုက်တွန်းထားပြီး ဘဏ္ဍာရေးမူဝါဒကို ရေရှည်ဖွံ့ဖြိုးစေရန် ဦးတည်ဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်း သိရပါသည်။ အိုင်အမ်အက်ဖ် အနေဖြင့် မြန်မာနိုင်ငံကို ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ လာရောက်ခဲ့ပြီး ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးစစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေရေးရှင်ရေး ကျန်းမာရေးကို ကတော့အမြန်ဆုံးအများဆုံးတိုးသင့်ဆုံးပါပဲ ဆေးပစ္စည်းမလုံလောက်လို့မျက်နှာငယ်ဖြင့် နိုင်ငံခြားသွားမကုနိုင်လို ဒီအတိုင်းအခြောက်တိုက်မြန်မာပြည်သူတွေသေနေရတာ နေ့ဓဒူဝပဲလေဗျာ။ ကင်ဆာရောဂါသည်တွေဆို ရန်ကုန်ပြည့်သူဆေးရုံကြီးက နောက်၆လ တနှစ်နေမှ အရိုးဆွေးလောက်မှဓါတ်လာကင်ဖို့ကိုချိန်းတာ။
*အခွန်ဝန်ကြီးကတော့ ဒီ ကာကွယ်ရေးစရိတ်ကို အာဆီယံနိုင်ငံတွေမှာ မများဘူးဆိုတဲ့ သဘောမျိုး ရှုထောင့်ကနေ သူကပြတာဗျာ။ ဒါပေမယ့် ကျနော်တို့ ကိုယ်စားလှယ်တွေ ပြောတာက ထိုင်းထက် တဝက်သာသာ နည်းတယ်ဆိုပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဝင်ငွေထက် ထိုင်းနိုင်ငံရဲ့ ဝင်ငွေက ဘယ်နှဆလောက် ရှိတယ်ဆိုတာ သူက ယှဉ်မပြနိုင်သေးဘူး*

ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များ တိုးမြှင့် by အံ့ဘုန်းမြတ်(DVB)

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ပညာရေး အသုံးစရိတ်ကို ၂ ဆနဲ့ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်ကို ၄ ဆ တိုးမြှင့်သုံးစွဲဖို့ အစိုးရက လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တတိယပုံမှန် အစည်းအဝေးမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနဲ့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနတွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းမှာ အခုလို တိုးမြှင့်တင်သွင်းလိုက်တာပါ။

အရင်က အမျိုးသားဝင်ငွေ (GDP) ရဲ့ ၁.၃ ရာခိုင်နှုန်းလောက်ရရှိတဲ့ ကျန်းမာရေး ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်းလောက်အထိ၊ အရင်က GDP ရဲ့ ၄.၁၃ ရာခိုင်နှုန်း ရရှိတဲ့ ပညာရေးကဏ္ဍအတွက် ၈.၂၆ ရာခိုင်နှုန်းကျော်လောက် အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလို ရာခိုင်နှုန်းအားဖြင့် တိုးပြီးရရှိလာမယ့် ငွေပမာဏ ကိန်းဂဏန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီလိုတိုးမြှင့် သတ်မှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ ထပ်မံဆွေးနွေး အတည်ပြုဖို့ ရှိနေသေးတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။

“၂၀၁၂ နဲ့ ၂၀၁၃ မှာ ကျနော်တို့ ပညာရေး အသုံးစရိတ်ကိုတော့ လာမယ့်နှစ် ဘတ်ဂျက်ကို ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်ထက် ၂ ဆ တိုးသုံးပါမယ်တဲ့။ ကျန်းမာရေးကိုလည်း ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်ထက် ၄ ဆ တိုးသုံးပါမယ်။ အခုက စီမံကိန်းနဲ့ ဘတ်ဂျက်တော့ ချပြပြီဆိုတော့ နောက်ထပ် ဝန်ကြီးဌာနတွေ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ပြောလို့ရှိရင် ဆွေးနွေးချင်တဲ့အကြောင်းနဲ့ ဆွေးနွေးချင်တဲ့ ဝန်ကြီးဌာနနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက ခေါင်းချင်းတိုက်ပြီးတော့ မေးတာပေါ့။ ဆွေးနွေးချင်တဲ့ အစိုးရ ဝန်ကြီးဌာနနဲ့ ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာကိုတော့ ရှေ့အပတ်ထဲမှာ စာရင်းတွေ သေချာ ပေးထားပေါ့ဗျာ။”

ဒီလို တိုးမြှင့်သတ်မှတ်ဖို့ လျာထားလိုက်တဲ့အထဲမှာတော့ အရင်က GDP ရဲ့ ၂၃.၆ ရာခိုင်နှုန်း သုံးစွဲနေတဲ့ ကာကွယ်ရေး ကဏ္ဍအတွက်ကိုလည်း ၁.၅ ရာခိုင်နှုန်း ထက်မံတိုးမြှင့်လိုက်တဲ့အတွက် ၂၅.၁ ရခိုင်နှုန်းလောက်အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလိုတိုးမြှင့်သတ်မှတ်ရတဲ့ အပေါ်ကိုလည်း ဘဏ္ဍာရေးဝန်ကြီးက အိမ်နီးနိုင်ငံတွေနဲ့ နိုင်းယှဉ်ရင် ကာကွယ်ရေးအသုံးစရိတ်ဟာ နည်းပါးနေကြောင်း လွှတ်တော်အတွင်းမှာ ပြောကြားခဲ့တယ်လို့ ဦးဘုန်းမြင့်အောင်က ဆိုပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်က အမေရိကန် ဒေါ်လာနဲ့ တွက်ကြည့်လို့ရှိရင် ဘီလီယံ နှစ်ထောင်ကျော်လောက် ကျပါတယ်။ သူကတော့ ဘာကို ယှဉ်ပြလဲဆိုတော့ စင်ကာပူမှာဆိုရင် ဘီလီယံ ရှစ်ထောင်ကျော် ရှိတယ်။ ထိုင်းက ဘီလီလျံ ငါးထောင်ကျော် ရှိတယ်။ ကျန်တဲ့ အင်ဒို၊ မလေး၊ ဗီယက်နမ်ပေါ့ အာဆီယံနိုင်ငံတွေမှာ ကျနော်တို့ နိုင်ငံထက် ကာကွယ်ရေး အသုံးစရိတ်များတဲ့ နိုင်ငံတွေကို ထောက်ပြတာပေါ့။ အမှန်ကတော့ အခွန်ဝန်ကြီးကတော့ ဒီ ကာကွယ်ရေးစရိတ်ကို အာဆီယံနိုင်ငံတွေမှာ မများဘူးဆိုတဲ့ သဘောမျိုး ရှုထောင့်ကနေ သူကပြတာဗျာ။ ဒါပေမယ့် ကျနော်တို့ ကိုယ်စားလှယ်တွေ ပြောတာက ထိုင်းထက် တဝက်သာသာ နည်းတယ်ဆိုပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဝင်ငွေထက် ထိုင်းနိုင်ငံရဲ့ ဝင်ငွေက ဘယ်နှဆလောက် ရှိတယ်ဆိုတာ သူက ယှဉ်မပြနိုင်သေးဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ တင်နေတဲ့ နိုင်ငံတကာရဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း ၁၉၈၈ ခုနှစ်မတိုင်က ချေးငွေဟာ အမေရိကန် ဒေါ်လာ ၈.၄ ဘီလီယံရှိပြီး ၁၉၈၈ ကနေ ပြီးခဲ့တဲ့ အစိုးရ လက်ထက်အထိ ၂.၆ ဘီလီယံကျော် ရှိခဲ့တာကြောင့် စုစုပေါင်း အကြွေးဟာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ နီးပါးလောက် ရှိနေတယ်လို့လည်း ဘဏ္ဍာအခွန်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အရန်ငွေကတော့ အမေရိကန်ဒေါ်လာ ၇ ဘီလျံလောက် ရှိနေတယ်လို့လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် ရာထူးမှ အနားယူတာကို သမ္မတက ခွင့်ပြုကြောင်းနဲ့ တနင်္လာရီတိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးခင်ဇော်အစား ဦးမြတ်ကို ကို ပြောင်းလဲ တာဝန်ပေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။

Myanmar Navy Pirate သို့မဟုတ် သမတနဲ့ အစိုးရမျက်နှာကို အိုးမည်းသုတ်နေတဲ့ သတ်မတော်သားတစ်ချို့
အရပ်သား အစိုးရလက်ထက်တွင်လည်း ရေတပ်က ရခိုင်လူထုကို အနိုင်ကျင့်
ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာသည်မှာ တနှစ် နီးပါး ရှိလာပြီ ဖြစ်သော်လည်း စစ်အစိုးရ လက်ထက်ကလို ဗမာ ရေတပ်က ရခိုင်လူထု အပေါ် အနိုင်ကျင့်နေဆဲ ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။
" ဟုတ်ကဲ့။ အခုလည်း သူတို့က လူထုကို နှိပ်စက်နေတုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က လူတွေ၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်က လူတွေ ဘယ်သူ့ကို အားကိုးရမှန်း မသိ ဖြစ်နေကြပါပြီ။ တိုင်တန်းရင်လည်း ဘယ်သူ့မှ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ အခု ကျွန်တော်တို့ ဘယ်သူ့ကို အဖေ ခေါ်ရမှန်း မသိ ဖြစ်နေပါပြီ" ဟု ဒေသခံ စက်လှေပိုင်ရှင် တစ်ဦးကပြောသည်။
ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် ဌာနချုပ်မှ စစ်သင်္ဘောများသည် ကျောက်ဖြူ အရှေ့ဘက် (၁၀)မိုင်ခန့် အကွာတွင် တည်ရှိသော အုန်းဂျွိန် ဆိပ်ကမ်းတွင် စခန်းချထားပြီး လာသမျှသော စက် လှေများကို နိုင်ထက် စီးနှင်း ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။
" ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကပါ။ ကျောက်ဖြူမြို့နယ်အပိုင် အုန်းဂျွိန်ဆိုတဲ့ ဆိပ်ရှိပါတယ်။ အဲဒီဆိပ်က နေပြီးတော့ မြို့ချောင်းကျွန်း၊ မဇရိုင်းကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်က လာတဲ့ စက်လှေတွေကို အတင်း တန့်ခိုင်းပြီး လိုတဲ့ မြို့က ပစ္စည်းတွေကို ၀ယ်ခိုင်းပါတယ်။ မြို့က ပြန်လာရရင် စက်လှေပိုင်ရှင်တွေကို အရက်၊ ဘီယာ၊ ဆေးလိပ်၊ သကြားနဲ့ နို့ဆီတွေကို ၀ယ်ယူ လာရမယ်ဆိုပြီး အတင်း ခိုင်းပါတယ်။ မ၀ယ်လာရင် စက်လှေကို အချိန်ကြာကြီးရပ်ထားပြီး တချို့ စက်လှေသမားတွေကို နေပူလှန်းပြီး ရိုက်ပုတ်တာတွေ ပြုလုပ်နေပါတယ်။ အခုလို လုပ်နေတာကြောင့် တော်တော်ကို ဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။"
ယခုကဲ့သို့ ဗမာရေတပ်မှ ပြုလုပ်နေသဖြင့် ခရီးသွားပြည်သူများ ဒုက္ခ ရောက်နေကြရပုံကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။
" ဒေသခံ စက်လှေတွေက လုပ်စားမရဖြစ်နေပါတယ်။ အုန်းဂျွိန်ဆိုတဲ့ နေရာကို မ၀င်လို့ မရပါ။ သူတို့က သူတို့ မကြိုက်တဲ့ စက်လှေ ပိုင်ရှင်တွေ ဆိုရင် အချိန်အကြာကြီး ရပ်ခိုင်ထားပါတယ်။ ဟိုတလောက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင် စီးလာတဲ့ စက်လှေကိုတောင် ဒီလို လုပ်တဲ့ အတွက် ဦးကျော်လွှင်က ဒီကိစ္စကို ပြည်နယ် အစိုးရထိ တိုင်တယ်လို့ ကြားရပါတယ်။ ပစ္စည်းတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ လူတွေ တော်တော့ကို ဒုက္ခရောက်နေကြရပါတယ်။ သူဆီကို မ၀င်လို့ရှိရင် သူတို့က ဟွန်ဒါစက်လှေနဲ့ လိုက်ပြီးတော့ စက်လှေပိုင်ရှင်တွေကို ရိုက်တာတွေရှိပါတယ်" ဟု ပြောသည်။
၎င်းပြင် နောင်တော် အနီးရှိ အစိုင်းကြီး ရွာနားတွင် တပ်စွဲထားသော အမြောက် တပ်မှလည်း အနီးအနားမှ သွားလာသော စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ် များအား အမြောက်တပ်ပိုင် ဟွန်ဒါစက် လှေများနှင့် လိုက်လံပြီး အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောနှင့် အမြောက်တပ်များက ပြည်သူများကို အနိုင်ကျင့် နေကြသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကပင် ဖြစ်ပြီး ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြေအနေ ပိုမိုးဆိုးရွား လာသည်ဟု သိရသည်။
ယခုကဲ့သို့ ရေတပ်နှင့် အမြောက်တပ်ရင်းများ၏ အနိုင်ကျင့်ခံနေရသော ရခိုင်ပြည်သူများ၏ ဘ၀မှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် တစုံတရာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။
News Date:1/29/2012 နိရဉ္စရာ သတင်းဌာန
http://www.narinjara.com/detailsbur.asp?id=3763

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း(ခင်မမမျိုး )

နိဒါန်း
ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။
ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါတယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရားတွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါတယ်။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါတယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ် ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။

လုပ်ကြံမှု သီအိုရီ
 လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင်တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံသူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject selection)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် လေ့လာပါတယ် (surveillance)။ ပစ်မှတ်သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ၀န်းကျင်အနေအထားတွေကို သုံးသပ်ပါတယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelligence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှု ကို ပြုလုပ်ပါတယ် (execution)။
 ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန်ယူထားသူများဟာ
 (၁) ခေါင်းဆောင်ရဲ့ ၀န်းကျင်အခြေအနေကို သိရပါမယ်
(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်
(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)
(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်
(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန် နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသောခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protection အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။
Close Protection အဖွဲ့
ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။
(၁) personal escort team
(၂) advance team
(၃) ယာဉ်မောင်းအဖွဲ့
(၄) mobile support team
(၅) Command team
 (၁) personal escort team
 ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာအေကို ပြန်ရောက်ချိန် အထိ အရေးပါ ပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန်ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ ( tail), ဗယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင်ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂ္ဂိုလ် အနီးမှာ အချိန်ပြည့် ရှိနေရမယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော်စောင့်ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဗယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ်ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက် ပါ ထပ်ထည့်ပြီး များသောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။

(၂) advance team
အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စတာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်ရောက်လာချိန်မှာ ၀န်းကျင်လုံခြုံရေး၊ လူအ၀င်အထွက်အခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါမယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလဲ ရှိတတ်တာကြောင့် ယာဉ်မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။
 (၄) mobile support team
တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။
 (၅) Operation Commander and administrative team
ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေးလက်ထောက်များ ပါဝင်ပါတယ်။
 Close Protection အဖွဲ့ဝင်
 အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ်လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြားကို ၀င်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။ တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ၀တ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံမှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည်ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ၀န်းရံမှုကို ခံနေရတဲ့ အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ်ဆိုရင် လူထုကို အေးဆေးစွာနဲ့ပဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။
 နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအ၀ိုင်းမှာတော့ close protection အဖွဲ့ဝင်တယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
 (၁) P- Personal
close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာတတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါမယ်။
 (၂) P- Physical
close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ၀တ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။
 (၃) S- Social
close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည်အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့်တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသောစကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကားပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။ အရေးပါတဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေး တက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေးပါ ဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။
 (၄) S- Skills
ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ်ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။
 နိဂုံး
ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်းလိုအပ်ချက်မျာကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ VIP/ Close Protection နဲ့ ပတ်သက်ပြီး အခြား သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades protection၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသားဖော်ပြပါမည်။
 ခင်မမမျိုး
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment