ကမ္ဘာ့သတင်းများ  04/02/2012

နိုင်ငံတကာသတင်း

ဒဏ်ခတ်မှု၊ တိုက်ခိုက်မှု အီရန် လက်တုံ့ပြန်မည်

အနောက်နိုင်ငံတွေရဲ့ အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုတွေနဲ့ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို အီရန်ဘက်က လက်တုံ့ပြန်သွားမယ်လို့ ဆိုကြောင်းသိရသည်။

ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား

တရုတ်နိုင်ငံဟာ ဂျာမဏီနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ စိတ်အား ထက်သန်နေတယ်လို့ တရုတ်သမ္မတ ပြောကြားလိုက်ကာင်းသိရသည်။

ခမာနီထောင်မှူး ထောင်ဒဏ် တစ်သက်ကျ

ခမာနီအစိုးရလက်ထက် ထောင်အကြီးအကဲကို လူ့သမိုင်းမှာ အဆုံးရွားဆုံးပြစ်မှုတွေကို ကျူလွန်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါကြောင်းသိရသည်။

ဥရောပမှာ အအေးလှိုင်းဒဏ် ရှိနေဆဲ

ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အအေးလှိုင်းကြောင့် ရာသီဥတု ဆိုးရွားနေမှုဟာ ချက်ချင်း ပြန်ကောင်းသွားဦးမယ့် အခြေအနေ မရှိသေးကြောင်းသိရသည်။

ဘောလုံးရန်ပွဲ မတားနိုင်မှု အီဂျစ်လူထုရှုတ်ချ

အားကစားရာဇဝင်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် အီဂျစ်ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ ကို အစိုးရက အလုပ်ဖြုတ်လိုက်ကြောင်းသိရသည်။

ပါကစ္စတန်ဝန်ကြီးချုပ် အမှုရင်ဆိုင်ရမည်

သမ္မတအပါအဝင် ထောင်ပေါင်းများစွာရဲ့ လာဘ်စားမှုတွေကို ပြန်စစ်ဆေးဖို့ ပျက်ကွက်မှုနဲ့ ဝန်ကြီးချုပ်ကို တရားရုံးကသမ္မန်စာထုတ်ပြီး ဆင့်ခေါ်ခဲ့ကြောင်းသိရသည်။

ဗွီအိုအေ နှစ် ၇၀ ပြည့်

ဖော်ဖော်ဝါရီလ ၁ ရက်နေ့ဟာ ဗွီအိုအေ အမေရိကန် အသံလွှင့်ဌာနရဲ့ နှစ် ၇၀ ပြည့် မွေးနေ့ဖြစ်ပါကြာင်းသိရသည်။

အီဂျစ်ဘောလုံးပွဲ အများအပြား သေဆုံး
အီဂျစ်နိုင်ငံ မြောက်ပိုင်းက ဘောလုံးပွဲတခုမှာ အဓိကရုဏ်း ဖြစ်ပွားပြီး လူ ၇၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ

မစ္စတာကင်တားနားက အစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပြီး တခြား လူမှုအဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိကြောင်းသိရသည်။

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment