မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၄ ရက်၊ ၂၀၁၂
ရွေးကောက်ပွဲတွင် နိုင်ငံတကာ သတ်မှတ်ချက်များ လိုက်နာရမည်ဟု ကင်တားနားပြော
ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၏ အခြေခံ ချမှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်း သတ်မှတ်ချက်များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့ညနေ တွေ့ဆုံအပြီး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားခြင်း ဖြစ်ကြောင်းသိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတစေမည်ဟု ဦးရွှေမန်း ပြော
ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည်၊ အပြောမဟုတ် အလုပ်ဖြစ်၍ စောင့်ကြည့်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသို့ ပြောကြောင်း သိရသည်။ ယမန်နေ့ နေ့လည်က နေပြည်တော်တွင် ဦးရွှေမန်းနှင့် မစ္စတာ ကင်တာနားတို့ တွေ့ဆုံရာတွင် ယင်းသို့ ကတိပေးခြင်းဖြစ်ကြောင်း ပေါ်ပြူလာမြန်မာ သတင်းဂျာနယ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာ ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည်တွင် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး စည်းရုံးရေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုသို့ မိန့်ခွန်းပြောမည့် ဗထူးဘောလုံးကွင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ငှားရမ်းမှုမရှိခြင်း၊ မန္တလေးတောင်ခြေရှိ အားကစားကွင်းကို ထပ်မံငှားရမ်းသော်လည်း တိုင်းဒေသအာဏာပိုင်များက အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက်ဖြစ်ကြောင်းသိရသည်။
စစ်တပ်နှင့်ရဲ မြေသိမ်းမည့်အစီအစဉ် သမ္မတထံ တိုင်ကြား
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ရွာ ၄ ရွာမှ တောင်သူ ၁၅၀ ကျော်၏ ခြံမြေ ဧက ၇၀၀ ကျော်အား ရဲ သင်တန်းကျောင်း ဆောက်ရန်နှင့် တပ်မြေအဖြစ် သိမ်းယူရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက သမ္မတ ဦးသိန်းစိန် ထံသို့ ဇန်န၀ါရီလ ၃၀ ရက် က စာရေးသားပေးပို့ တိုင်ကြားလိုက်ကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မျာ၊ ဗကသကျောင်းသားခေါင်းဆောင်များနှ င့် တွေ့ဆုံ....
အလားတူ တိုင်းရင်သားခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကိုတို့နှင့်လည်း ယနေ့ (၃.၂.၁၂) ညနေ ၆း၀၀ တွင်တွေ့ဆုံ ခဲ့ကြကြောင်း သိရှိရပါသည်..
လူ့အခွင့်အရေးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်းသိရသည်။
မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွတ်ပေးရေး တောင်းဆို
မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက် ကြောင်းသိရသည်။အသားဈေး ကျဆင်းရေး ပုသိမ်စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ
သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါသည်။မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ကြောင်းသိရသည်။ကင်တားနား မြန်မာ့ လူ့အခွင့်အရေး အကဲခတ် ကိုင်တွယ်မည်
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ မြန်မာအစိုးရ ချမှတ်နေတာ တွေ့နေရတယ်လို့ မစ္စတာကင်တားနားက ပြောကြောင်းသိရသည်။
မြန်မာအပြောင်းအလဲ စိတ်မချရသေး
“လုံးလုံးလျားလျား ပြောင်းလဲနေပြီလို့ ကျနော် မပြောနိုင်ဘူး။ ပြောင်းလဲမှုရဲ့ အစပျိုးနေတုန်းပဲ ရှိသေးတယ်။ ရောင်နီသန်း လာစလေးပဲ။” (ဇာဂနာ)“ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါ ဆရာတော်မိန့်
တရားဟောခွင့် ပိတ်ပင်ထားခြင်းကာလ ကုန်ဆုံးတော့မည်ဖြစ်၍ မိမိပါးစပ် လွတ်လပ်တော့ မည် ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်ကြောင်းသိရသည်။
ရွှေညဝါဆရာတော်သည် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထားရာမှဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကန့်သတ်ပိတ်ပင်မှု ကုန်ဆုံးတော့မည် ဖြစ်၍ တရားဟောပုလ္လင်ပေါ်တွင် ပထမဆုံး မိန့်ကြားချင်သည့် စကားနှင့် ပတ်သက်၍ "ကျုပ် ပထမဆုံး ပြောချင်တဲ့စကားကတော့ ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ လို့ပဲ ပြောရမှာပေါ့" ဟု ဆရာတော်က အမိန့်ရှိကြောင်းသိရသည်။
ရွှေညဝါဆရာတော်သည် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထားရာမှဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကန့်သတ်ပိတ်ပင်မှု ကုန်ဆုံးတော့မည် ဖြစ်၍ တရားဟောပုလ္လင်ပေါ်တွင် ပထမဆုံး မိန့်ကြားချင်သည့် စကားနှင့် ပတ်သက်၍ "ကျုပ် ပထမဆုံး ပြောချင်တဲ့စကားကတော့ ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ လို့ပဲ ပြောရမှာပေါ့" ဟု ဆရာတော်က အမိန့်ရှိကြောင်းသိရသည်။
Ytalk Calling စနစ်နဲ့ နိုင်ငံတကာမှာရှိတဲ့ မည်သည့်ဖုန်း အမျိုးအစားကိုမဆို ချိတ်ဆက် ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ပြည်တွင်း ဖုန်းတွေကိုတော့ ချိတ်ဆက် ခေါ်ဆိုလို့ရမှာ မဟုတ်ဘူးလို့” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှာ တာဝန်ရှိသူတစ်ဦးကဆိုသည်။အင်တာနက်သုံး ဖုန်းခေါ်ဆိုမှု (Y talk Calling) စနစ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင်ဟုသိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို
မြန်မာနိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိ မရှိ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကို စောင့်ကြည့်ခွင့်ပေးဖို့ မြန်မာအစိုးရကို အမရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်ဟုသိရှိရသည်။
"ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင်ရမယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီ တိုင်း၊ ထားဝယ် မြို့နှင့်လောင်းလုံမြို့များသို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က သွားရောက်ရာတွင် မြို့ခံပြည်သူလူထုထောင်ပေါင်းများစွာက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြဟုသိရှိရသည်။မြန်မာနိုင်ငံသို့ အနောက်တိုင်းကုမ္ပဏီများ လှိမ့်ဝင်လာရန် တာစူနေကြစဉ် မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် ရှစ်နှစ် အခွန်ကင်းလွတ်ခွင့် ပေးရန်စီစဉ်လျက်ရှိသည်ဟုသိရှိရသည်။
ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)အပေါ် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ချက်ထုတ်ပြန်
မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတိုဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ပရဆေးများ၊ ဓာတုဗေဒပစ္စည်းများ၊ ယင်းနှင့် ဆက်စပ်သည့် ပစ္စည်းများကြောင့် ပေါက်ကွဲမှု ပြင်းထန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူပြုစုရေးသားလျက်ရှိသော ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်ရယူနိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။ လတ်တလောအခြေအနေများအရ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပရဆေးများ သိုလှောင်ရာ ဂိုဒေါင်များမှ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း၊ ရွှေသန့်စင်ရာတွင် အသုံးပြုသော တားမြစ်ထားသည့် ဆိုင်ယာနိုက် ဒြပ်ပေါင်းသုံးစွဲသဖြင့် ပတ်ဝန်းကျင်တွင် အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်၍ ထိန်းချုပ်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် လိုအပ်မှုရှိသည်ဟုဆိုသည်။ သို့ပါ၍ ပြည့်စုံသော ဥပဒေကြမ်းတစ်ရပ် ဖြစ်လာစေရေးအတွက် ဥပဒေပညာရှင်၊ ဓာတုဗေဒပညာရှင်၊ ကျန်းမာရေးပညာရှင်၊ ဆေးဝါးပညာရှင်၊ မူးယစ်ဆေးဝါး ကျွမ်းကျင်ပညာရှင်နှင့် အင်ဂျင်နီယာပညာရှင်စသည်တို့ ပေါင်းစပ်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း၍ ပြင်ဆင်ဖြည့်စွက်ကာ မူကြမ်းတင်ပြရန် လမ်းညွှန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment