ကမ္ဘာ့သတင်းများ  06/02/2012

 

နိုင်ငံတကာသတင်း


ဆီးရီးယားအစိုးရက ဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းမှုအပေါ် ရှုတ်ချသော ကုလသမဂ္ဂလုံခြုံရေး ကောင်စီကြေညာချက်ကို အဖွဲ့ဝင်  ၁၅ နိုင်ငံရှိသည့် အနက် ၁၃ နိုင်ငံ ကထောက်ခံခဲ့သော်လည်း ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံး ပယ်ချခဲ့ကြောင်းသိရသည်။

ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် တွန်းအားပေး လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီနိုင်ငံတွေကို တိုက်တွန်းကြောင်း သိရသည်။


ကမ္ဘောဒီးယား ခမာနီအစိုးရ လက်ထက်က စစ်ရာဇ၀တ်မှု၊ လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု အပါအ၀င် စွဲချက်များစွာ စွဲဆိုခံရသော  ထောင်မှူး Duch  က ၎င်းအပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၃၅ နှစ် အပေါ် အယူခံဝင်ခဲ့ရာ ကမ္ဘောဒီးယား စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပယ်ချခဲ့ ပြီး ယင်းပြစ်ဒဏ်အစား ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ ပြင်ဆင်ချမှတ်ခဲ့ကြောင်း သိရသည်။


ပြီးခဲ့သောနှစ်တွင် ဒေသ အာဏာပိုင်များကို ဆန္ဒပြခဲ့သော တရုတ် ရှိ ရွာတစ်ရွာတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ကို ဖေဖော်ဝါ ရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


တရားရုံးအား မထီမဲ့မြင်ပြုမှု ဖြင့် တရားစွဲမှု ခံယူရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တရားရုံးသို့ လာရောက်ရန် ၀န်ကြီးချုပ်ဂီလာနီအား ပါကစ္စတန် တရားရုံးချုပ်က ဆင့်ခေါ်ထားကြောင်း ၎င်း၏ရှေ့နေက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။


ဥရောပအရှေ့ပိုင်းတွင် ယခုနှစ် ဆောင်းရာသီ၌ အပူချိန် ရေခဲမှတ်အောက် ကျဆင်းပြီး အအေးဆုံး အခြေအနေများကြောင့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ခိုက်ခိုက်တုန်အောင် အေးချမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြင်းထန်သည့် နှင်းကျရောက်မှုများကြောင့် လူသေဆုံးမှုများ၊ နှင်းကိုက်မှုများနှင့် ခရီးသွားလာမှုများ အဟန့်အတား ဖြစ်ခဲ့ရကြောင်း ယူကရိန်းနှင့် ပိုလန်နိုင်ငံတို့သည် အအေးဒဏ်ခံဆိုးရွားစွာ ခံစားရသည့် နိုင်ငံများထဲတွင်ပါဝင်ပြီး ကိယက်ဗ်နှင့် ၀ါဆောမြို့များတွင် အပူချိန်သည် အနုတ် ၁၇ နှင့် ၁၆ ဒီဂရီ ဆဲလ်စီယပ်ထိရှိပြီး ယခုနှစ်ပျမ်းမျှ နှုန်းထက် နိမ့်ကျခဲ့ကြောင်း အအေးဒဏ် ဆိုးရွားစွာခံစားရမှုကြောင့် ဇန်န၀ါရီ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ယူကရိန်း၌ လူ ၃၀ သေဆုံးခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း အအေးဒဏ်ခံရမှုကြောင့် ကိယက်ဗ်ရှိ စာသင်ကျောင်းနှင့် ကောလိပ်များကို ဖေဖော်ဝါရီ ၆ ရက်နေ့ မတိုင်ခင် အထိပိတ်ထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ပိုလန်နိုင်ငံတွင်လည်း သီတင်းတစ်ပတ်အတွင်း အပူချိန်ထပ်မံ ကျဆင်းလာမှုများကြောင့် လူထုအနေဖြင့် သက်ကြီးရွယ်အိုများနှင့် အိမ်ခြေမဲ့များကို ကြည့်ရှုစောင့်ရှောက်ရန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်း
ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် အအေးဒဏ်ခံရမှုနှင့် နှင်းပြင်းထန်စွာ ကျရောက်မှု ပထမဆုံး သက်ရောက်သည့် ဥရောပ အရှေ့ပိုင်းနိုင်ငံများထဲတွင် ပါဝင် ကြောင်း စီအင်န်အင်န်မှ မိုးလေ၀သ ပညာရှင်မာရီရာမို့စ်က ပြောကြားခဲ့သည်။ အလွန်အေးသောလေများသည် ဥရောပကိုဖြတ်သန်းပြီး အနောက်ဘက်သို့ ရွေ့လျားနေမှုများကြောင့် သီတင်းတစ်ပတ်အကုန်ထိ အအေးဒဏ်ခံရမည်ဖြစ်သည်။ ဥရောပ အရှေ့ပိုင်းတွင် အပူချိန်သည် ဇန်န ၀ါရီ ၂၇ ရက်နေ့မှစတင်ပြီး သုည အောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း
ရေခဲသည်အထိ အေးစက်မှုများကြောင့် ဆလိုဗေးကီးယားမှ လူတစ်ဦး၊ ဆားဘီးယားနိုင်ငံမှ လူတစ်ဦး သေဆုံးခဲ့သည်။ တူရကီ၊ ဂရိ၊ အယ်လ်ဘေးနီးယား၊ မက်စီဒိုးနီးယားနိုင်ငံ များတွင်လည်း နှင်းများထူထပ်စွာ ကျရောက်ပြီး အပူချိန်သည် ရေခဲမှတ်အောက် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

အီဂျစ် ၄ ရက်မြောက် ဆန္ဒပြပွဲ ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆို

အီဂျစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးဖို့အတွက် ဆန္ဒပြပြည်သူတွေဟာ ကိုင်ရိုမြို့မှာ စတုတ္ထမြောက်နေ့ ဆက်လက် ဆန္ဒပြနေကြကြောင်း သိရသည်။

ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မကျအာင် ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာက ဒေါသထွက်နေကြကြောင်း သိရသည်။

ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း

အမေရိကန်ပြည်ထောင်စု နီဗားဒါး ပြည်နယ်မှာ စနေနေ့ကကျင်းပတဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ မစ်ရွန်မ်နီက အနိုင်ရသွားကြောင်း သိရသည်။

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ

ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်း သိရသည်။

"အာရပ်နွေဦး" လှုပ်ရှားမှုမျိုး တရုတ်မှာ ဖြစ်လာနိုင်

အာရပ်နွေဦး လို ဒီမိုကရေစီရေး လှုပ်ရှားမှုမျိုး တရုတ်နိုင်ငံမှာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက သတိပေးပြောဆိုကြောင်း သိရသည်။

လွှတ်တော်အားလပ်ရက်မတိုင်ခင် အခွန်လျော့ကောက်ရေး ဥပဒေ သက်တမ်းတိုး

အခွန်လျော့ကောက်ရေး ဥပဒေကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင် လွှတ်တော်က သက်တမ်းတိုးနိုင်လိုက်ပါကြောင်း သိရသည်။

စီးပွားရေးဦးမော့ဖို့ စိတ်ရှည်ကြရန် သမ္မတအိုဘား မေတ္တာရပ်ခံ

အမေရိကန်စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ကိစ္စဟာ နှစ်နဲ့ချီကြာနိုင်တယ်လို့ သမ္မတအိုဘားမားက သတိပေးကြောင်း သိရသည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment