မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၁၂
နိုင်ငံတကာ စောင့်ကြည့်ခွင့်ပြုရေး ရွေးကောက်ပွဲ ကော်မရှင်စဉ်းစား
ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့် အကဲခတ်သူတွေ ခွင့်ပြုဖို့ မြန်မာရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားနေတယ်လို့ ဆိုကြောင်း သိရသည်။
မြန်မာ့လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုပေမဲ့ လူ့အခွင့်အရေး အခြေအနေက စိုးရိမ်ရတုန်းပဲလို့ မစ္စတာ ကင်တားနားက ပြောလိုက်ကြောင်း သိရသည်။ဝန်ကြီး ဦးအောင်မင်း နယ်စပ်အခြေစိုက်အဖွဲ့ တချို့နဲ့တွေ့
ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ၀န်ကြီး ဦးအောင်မင်း ဒီကနေ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံကြောင်း သိရသည်။အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ
အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ကျင်းပပါကြောင်း သိရသည်။မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ကြောင်း သိရသည်။တပြည်လုံး အပစ်ရပ်ရေး ကြေညာပေးဖို့ ပအို့ဝ်အဖွဲ့ တောင်းဆို
ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား တန်းတူရေးနဲ့ ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO က တောင်းဆိုခဲ့တယ်လို့ PNLO က RFA ကို ဒီကနေ့ ပြောကြားကြောင်း သိရသည်။ဖေဖော်ဝါရီ ၄ မှာ မဂ္ဂင်ကျောင်းမှ အကျဉ်းလွတ်သံဃာများ ပြန်လည်ထွက်ခွာပေးရ
အစိုးရ၏ အကျဉ်းချထားမှုမှ လွတ်မြောက်လာသော ရွှေဝါရောင်သံဃာတော်များသည် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံကာလအတွင်း အာဏာပိုင်းတို့ သိမ်းပိုက်ထားသော မူလမဂ္ဂင်ကျောင်းတိုက်တွင် ဇန်န၀ါရီ ၁၃ ရက်နောက်ပိုင်းမှ ယမန်နေ့အထိ ၀င်ရောက် သီတင်းသုံးနေခြဲ့ကရာမှ ယခုအခါတွင် သာသနာရေးဝန်ကြီးဌာနနှင့် သံဃာမဟနအဖွဲ့၏ ထုတ်ပြန်ချက်များအရ မဂ္ဂင်ကျောင်းမှ ပြန်လည် ထွက်ခွာပေးရကြောင်း သိရှိရသည်။ စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခံရမှ လွတ်မြောက်လာသော သံဃာတော်များကို မဟနအဖွဲ့ကြီးက အပြစ်ရှိသူများအဖြစ် သဘောထားသည်ဟု ထုတ်ပြန်စာတွင် ရေးသားထားကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆွေးနွေးပွဲပြုလုပ်မည်
Ministry of Commerce နှင့် Fiscal Policy Research Institute Foundation တို့ကြီးမှူး၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုရင်းနှီး မြှပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ စီးပွားရေးဖိုရမ်နှင့်တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စည်းကမ်းမဲ့မောင်းနှင်သည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်ပိုင်ရှင်များကိုအိမ်တိုင်ယာရောက် အကြောင်းကြားကာ ဒဏ်ငွေချက်ချင်းပေးဆောင်စေသည့်စနစ်ကျင့်သုံး
စည်းကမ်းမဲ့မောင်းနှင်သည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်ပိုင်ရှင်များကို အိမ်တိုင်ယာရောက် အကြောင်းကြားကာ ဒဏ်ငွေချက်ချင်းပေးဆောင်စေသည့် စနစ်ကျင့်သုံးနေကြောင်း မထသ(ဗဟို)မှသိရသည်။
ငမိုးရိပ်ရေပေးဝေရေးစီမံကန်း(ဒုတိယအဆင့်)မှ
ရန်ကုန်မြို့သို့ရေပေးဝေရန်ပိုက်လိုင်းများစတင်သွယ်တန်း
ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း (ဒုတိယအဆင့်)မှ ရန်ကုန်မြို့ရှိမြို့ နယ်များသို့ ရေပေးဝေရန်အတွက် ပိုက်လိုင်းများကို စတင်သွယ်တန်း နေပြီဖြစ်ကြောင်း သတင်းရရှိသည်
ဖေဖော်ဝါရီလ၃ရက်နေ့မှစ၍
အခေါက်ရွှေတစ်ကျပ်သားကျပ်ခုနှစ်သိန်းသုံးသောင်းငါးထောင်ဝန်းကျင်ဖြင့် သိသာစွာမြင့်တက်လာ
နိုင်ငံတကာဈေးကွက်တွင် ယခုလက်ရှိ၌ ရွှေဈေးနှုန်းများ မြင့်တက်နေသည့်နည်းတူ ပြည်တွင်းဈေးကွက်တွင်လည်း အခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်းသုံးသောင်းငါးထောင်ဝန်းကျင်ဖြင့် ဖေဖော်ဝါရီလ၃ရက်နေ့မှစ၍ သိသာစွာမြင့်တက်မှု ရှိလာကြောင်းသိရသည်။
Lwin PwinWeb-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment