မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၁၂ (Part-2)
ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီဖြစ်
ယနေ့နံက် (ဖေဖော်ဝါရီ ၆ ရက်) ၁၀ နာရီက သန်လျင်မြို့ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားမှုကို ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မိနစ် ၄၀ ခန့်အကြာ တွေ့ဆုံမေးမြန်း စိစစ်နေစဉ်။ ထိုတွေ့ဆုံစိစစ်မှုအပြီး ခရိုင်ကော်မရှင်ရုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်တင်သွင်းမှုကို အတည်ပြုလိုက်ပြီဖြစ်သည်။
ကချင်-ရှမ်း နဲ့ အစိုးရ ဆွေးနွေးပွဲများ
KIO (Kachin Independence Organization) ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ နေပြည်တော်အစိုးရတို့ လွန်ခဲ့တဲ့နှစ် ဇွန်လ (၉) ရက်နေ့က စတင်တိုက်ခိုက်ကြတာမို့ အခုဆိုရင် (၈) လနီးပါး ရှိနေပါပြီ။ (၁၇) နှစ်လောက် အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ပြန်လည်တိုက်ခိုက်ကြတာမို့ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင် အပစ်အခတ်ရပ်ရေးဟာ အချည်းနှီးဖြစ်နေကြောင်း ကချင်ပြဿနာက သက်သေပြနေပါတယ်။ နိုင်ငံရေး မပြေလည်လို့ စစ်ပွဲတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပြီး အဖြေရှာနိုင်ရင် ပစ်ခတ်မှုတွေ လျှော့နည်းလာပြီး ပျောက်ကွယ်သွားနိုင်တယ်လို့ KIO က မြင်ပါတယ်။
ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ (၁၈) နဲ့ (၁၉) ရက်နေ့က ယူနန်ပြည်နယ် ရွှေလီပြည်နယ် ရွှေလီမြို့ မှာ တွေ့ဆုံဆွေးနွေးပေမယ့် အပစ်အခတ်ရပ်စဲဖို့ မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ရွှေလီဆွေးနွေးပွဲကို အောင်မြင်မှုလို့ နှစ်ဘက်စလုံးက ယူဆကြပုံ ရပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အဓိက ရှေ့ တန်းတင်မထားဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုကို ဆက်လုပ်နိုင်ရင် တိုက်ပွဲတွေရပ်စဲသွားနိုင်တယ်လို့ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်မော် က ဒီဗွီဘီ ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောဆိုသွားပါတယ်။
သတင်းအကြောင်းအရာကို ဖော်ပြလေ့မရှိတဲ့ အစိုးရသတင်းစာတွေကလည်း အစိုးရနဲ့ ကေအိုင်အို ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကို ဇန်နဝါရီလ (၂၀) ရက်နေ့က ဖော်ပြပါတယ်။ ဒါကြောင့် ရွှေလီဆွေးနွေးပွဲကို အောင်ပွဲအဖြစ် ဦးအောင်သောင်း တို့ဘက်ကလည်း သတ်မှတ်ထားပုံ ရပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ စစ်ရေးအရှိန်အဟုန် ထိန်းသိမ်းရေး၊ ဆွေးနွေးတဲ့အကြောင်းအရာကို အမှန်အတိုင်း သတင်းထုတ်ပြန်ရေး စတဲ့အချက်တွေကို သဘောတူကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်မက်အရှိန်လျှော့ချနိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူနိုင်ကြတာကို ရွှေလီအစည်းအဝေးရဲ့  ထင်ရှားတဲ့ ဝိသေသလက္ခဏာအဖြစ် မှတ်ယူထားတာ တွေ့ရှိရပါတယ်။
ယုံကြည်မှုတည်ဆောက်ရေးနဲ့ စစ်မက်အရှိန်အဟုန် ကျဆင်းရေးမှာ နှစ်ဘက်က တပ်တွေနေရာချထားရေးကို မဆုံးဖြတ်နိုင်တဲ့အတွက် ကေအိုင်အိုအနေနဲ့ အစိုးရတပ်ရဲ့  လှုပ်ရှားမှုကို စောင့်ကြည့်ရမယ့်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ အစိုးရ ထိုးစစ်ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ သမ္မတ ဦးသိန်းစိန် က ညွှန်ကြားခဲ့ပေမယ့် အစိုးရတပ်က ဆက်လက်ပစ်ခတ်နေပါတယ်။ ရွှေလီဆွေးနွေးပွဲကျင်းပတဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ရွှေဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကချင်တပ်ရင်း (၈) ကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဝိုင်းမော်မြို့ နယ် စာမရွာအနီးမှာ အစိုးရတပ်က ခြုံခိုတိုက်ခိုက်တဲ့အတွက် ကချင်စစ်ဗိုလ်တဦးကျဆုံးကြောင်း ကချင်သတင်းဌာနက ဖော်ပြပါတယ်။
(၁၆) နှစ် အပစ်အခတ် ရပ်စဲခဲ့ပြီးမှ လွန်ခဲ့တဲ့ မတ်လကစပြီး ပြန်လည်ပစ်ခတ်နေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ။ ရှမ်းပြည်တပ်မတော်နဲ့ ဦးအောင်သောင်းအဖွဲ့ ဇန်နဝါရီ (၂၈) ရက်နေ့က ပဏာမ သဘောတူချက် ရယူနိုင်တာကို အစိုးရသတင်းစာတွေမှာ အသေးစိတ်ဖော်ပြပါတယ်။ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်အကြား အပစ်အခတ်ရပ်စဲပြီး ရှမ်းတပ်ဖွဲ့တွေ ဖြန့်ထားတဲ့နေရာကို အစိုးရက သဘောတူပါတယ်။ ဆက်ဆံရေးစခန်းဖွင့်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး၊ သွားရေးလာရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျလုပ်ကိုင် စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး၊ နယ်မြေအေးချမ်းဖွံ့ဖြိုးရေး၊ ရှမ်းတပ်ဖွဲ့ဝင်တွေ အခြေတကျ လုပ်ကိုင်စားသောက်နိုင်ရေး နဲ့ ထာဝရငြိမ်းချမ်းရေး စတာတွေကို ဆက်လက်ဆွေးနွေးဖို့ သဘောတူကြတယ်လို့ ဖော်ပြပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာ အာဏာတည်မြဲရေး စတဲ့ အရေး (၃) ပါးကို ပင်လုံစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ထူးခြားတာက ဇန်နဝါရီလ (၁၉) ရက်နေ့က ကေအိုင်အိုနဲ့ ဆွေးနွေးတုန်းကတော့ ပင်လုံဆိုတဲ့ ဝေါဟာရကို ဦးအောင်သောင်း တို့ဘက်က လိုလိုလားလား မရှိဘူးလို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ရှမ်းသံတော်ဆင့် သတင်းဌာနကို ပြောပါတယ်။ ပင်လုံကို အစိုးရဘက်က မသုံးချင်ဘူးလို့ ဆိုပါတယ်။ ကချင်အဖွဲ့နဲ့ ဆွေးနွေးစဉ်က ပင်လုံကို မသုံးဖို့ ရှောင်ရှားခဲ့တဲ့ ဦးအောင်သောင်းတို့အဖွဲ့ဟာ ရှမ်းအဖွဲ့နဲ့ ဆွေးနွေးတဲ့အခါမှာ ပင်လုံစိတ်ဓါတ်နဲ့ ဒို့တာဝန်အရေး (၃) ပါးကို အကောင်အထည်ဖော်ဖို့ သဘောတူကြောင်း အတိအလင်း ဖော်ပြပါတယ်။ နိုင်ငံရေး စေ့စပ်ဆွေးနွေးပွဲမှာ ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆိုပုံ ကွဲပြားခြားနားနေတာကို အရင်ဆုံး ညှိနှိုင်းဖို့လိုကြောင်း ပြသနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၁၂) ရက်နေ့က ကေအန်ယူ နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့တဲ့ ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဖေဖေါ်ဝါရီလဆန်းက မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲဖို့ ပဏာမ သဘောတူချက် ရယူနိုင်တဲ့အတွက် ရှေ့ ကပြေးနေပါတယ်။ ဒါပေမဲ့ အစိုးရသတင်း မီဒီယာမှာ ဦးအောင်မင်း အဖွဲ့ ရယူလိုက်တဲ့ ကေအန်ယူ သဘောတူချက်ပါ အကြောင်းအရာမဖော်ပြဘဲ ဦးအောင်သောင်းအဖွဲ့က ကချင်နဲ့ ရှမ်းအဖွဲ့တို့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ရင် သတင်းဖြန့်ချီရေးမှာတော့ ဦးအောင်သောင်းတို့အဖွဲ့က တပန်းသာသလို ဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည်
ဖေဖော်ဝါရီ ၁၂ရက်နေ့၌ ကျရောက်မည့် ၆၅နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် များမှ ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် တည်ရှိသည့် “ပြည်မတောင်တန်း ပူးပေါင်းစာချုပ်ကျောက်တိုင်”အား သွားရောက်အလေးပြု မည်ဟု NLD အဖွဲ့ ဝင် ဒေသခံများမှ သိရှိရသည်။
“အဲဒီ ကျောက်တိုင်ကို သွားရောက်ဂါရဝမပြုရသည်ဟု ၂၃နှစ်ရှိပြီ။ အခုနှစ်မှစပြီး အလေးပြုခွင့်ရတာဖြစ်တယ်။ အဲဒီကို ပင်လုံမြို့၊ လဲချား၊ လွိုင် လင်နဲ့ နမ့်စန်မြို့တွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက ဦးဆောင်ပြီး ပြုလုပ်မှာဖြစ်တယ်” ဟု NLD အဖွဲ့ဝင် ဒေသခံတစ်ဦးမှ ပြောကြားသည်။
ထိုသို့ သွားရောက်အလေးပြုခြင်း၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့် ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံတို့ကို မျိုးဆက်သစ်လူငယ်များ သိရှိစေရန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ရာစု ပင်လုံအား ဦးတည်ထားသောကြောင့် ဖြစ်သည်ဟုလည်း ၎င်းထံမှသိရှိရသည်။
ထိုကျောက်တိုင်အား သွားရောက်အလေးပြုရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ခ) ကျားဖြူ ပါတီတို့မှလည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယခုအချိန်ထိ ဆုံးဖြတ်ချက်မချရသေးကြောင်းကိုလည်း သိရသည်။
ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများဖြစ်ကြသည့် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များနှင့်အတူ နယ်မြေမခွဲခြားပဲ လွတ် လပ်ရေးအား အတူတကွရရန် ၁၉၄၇ခုနှစ်တွင် ချုပ်ဆိုသည့် စာချုပ်ဖြစ်ပြီး ထိုစာချုပ်ချုပ်ဆိုနိုင်ခြင်းအပေါ် အထိမ်းအမှတ်အဖြစ် ယင်း “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”အား စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။
ယင်းကျောက်တိုင်အား ၁၉၈၈ခုနှစ် အရေးခင်းပြီးသည့်နောက်ပိုင်း ၁၉၈၉ခုနှစ်တွင် နောက်ဆုံး အလေးပြုခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၂တွင် အလေးပြု ခွင့်အား ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
ATM

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုအစည်းအဝေး လူနည်းစေရန် တိုင်းအစိုးရမှ နည်းမျိုးစုံ ကြိုးပမ်း
ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ မဲအောင်နိုင်ရေး ခရီးစဉ်တွင် လူထုအင်အားလျော့နည်းစေရန် ကျောင်းများတွင် ပွဲတော်နှင့် စာမေးပွဲများ၊ ဘုရားစေတီတို့တွင် စတုဒီသာကျွေးမွေးခြင်း၊ နှစ်ကာလရှည်စွာထုတ်ပေးခြင်းမရှိခဲ့သည့် အိမ်ဂရန်ထုတ်ပေးရန် အိမ်ရှင်များအား အိမ်များတွင်စောင့်ဆိုင်းနေစေဖို့ နှိုးဆော်ခြင်း စသည့်နည်းများဖြင့် ပြုလုပ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။ပုသိမ်မြို့မှ ၇ တန်းကျောင်းသူတဦးက “ လာမယ့်အင်္ဂါနေ့မှာ ပြည်ထောင်စုနေ့ အကြို အခြေခံပညာ ကျောင်းပေါင်းစုံ ပဒေသာကပွဲလုပ်မယ်၊ အားလုံးလာရမယ်၊ တော်ရုံတန်ရုံ နေမကောင်းလည်း ကျောင်းခန်းထဲလာထိုင်နေပါတဲ့၊ အင်မတန်နေမကောင်းမှ ခွင့်ယူလို့ရမယ်၊ နေမကောင်းတဲ့အကြောင်း ပြန်တက်တဲ့အခါ မိဘကိုပါခေါ်လာပြီး ဆေးစာယူလာရမယ် လို့ပြောထားတယ်” ဟု ၀ိုင်ပီအိုင်သို့ပြောသည်။
အခြေခံပညာ ကျောင်းဆရာမ တဦးကလည်း ဆရာဆရာမများအနေဖြင့်လည်း ထိုနေ့တွင် ခွင့်မယူရ၊ ခွင့်ယူခဲ့ပါက မည်သည့်အကြောင်း၊ မည်သည့်နေရာရောက်ရှိနေခဲ့ကြောင်း ထုခြေလွှာတင်ရမည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။ ကျောင်းဆရာမတဦးက ယင်းနေ့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အကြိုပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားကာ ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြရန်လည်း ညွှန်ကြားထားသည်ဟု ဆိုသည်။
အလားတူ ဆယ်စုနှစ် ၃ ခုကျော် ဂရန်ထုတ်မပေးခဲ့သည့် ပုသိမ်မြို့ အမှတ် ၇ နှင့် ၁၂ ရပ်ကွက် (ကွက်သစ်) ရှိလူနေအိမ်များကိုလည်း ဂရန်ထုတ်ပေးမည်ဖြစ်၍ ယင်းနေ့နံနက် မိမိတို့၏ နေအိမ်တွင် စောင့်နေကြရန် ရပ်ကွက်တာဝန်ရှိသူတို့က အကြောင်းကြားထားသည်ဟု ရပ်ကွက်သားတဦးက ၀ိုင်ပီအိုင်သို့ ပြောသည်။
တကောင်းမင်္ဂလာစေတီတော်ကြီး ဘုရားတွင်လည်း ယခင်ကျင်းပလေ့မရှိသည့် ထမနဲထိုးပွဲနှင့် စတုဒီသာပွဲ ယင်းနေ့တွင် နံနက် ၈ နာရီမှ စတင်ကာ ကျင်းပမည်ဟု ကြေညာထားသည်ဟု ပုသိမ်မြို့ခံတဦးက ပြောသည်။ ထို့တူ ပုသိမ်ရပ်ကွက် ရုံးများတွင်လည်း ယင်းနေ့ နံနက် ၉နာရီ တွင်ပင် မုန့်ဟင်းခါး ပိသာချိန် ၆၀၀ ကျွေးမည့်ဟု ကြေညာထားကြောင်းလည်း ယင်းမြို့ခံကပြောသည်။
ယခုကဲ့သို့ ကျောင်းများ၊ ရပ်ကွက်များတွင် ကပွဲကျင်းပခြင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များ မပေါ်ထွက်မီ ရက်အနည်းငယ်က ပုသိမ်တက္ကသိုလ်မှ ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်လာမည့်နေ့တွင် စာမေးပွဲစစ်မည်ဟု ရုတ်တရက်ကြေညာခဲ့သည့် အဖြစ်လည်းကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်သို့ နေ့ချင်းပြန် သွားရောက်မည့် ခရီးစဉ်အတွင်း မြို့လူထုအား စကားပြောဆိုမည့်နေရာအဖြစ် ၉ သိန်းအားကစားကွင်းအား ငှားရမ်းခွင့်ပြုထားပြီဖြစ်သည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီရုံးမှာ တာဝန်ရှိသူက ပြောဆိုသည်။ ယခင်ရက်ပိုင်းက ကျောက်တိုင်ကွင်းအား ငှားရမ်းခွင့်ပြုထားရာမှ နောက်ပိုင်းတွင် ၉ သိန်းအားကစားကွင်းအား ပြောင်းလဲစီစဉ်ထားသည်ဟု အန်အယ်လ်ဒီမှ ထုတ်ပြန်သည့် လက်ကမ်းကြော်ငြာများတွင် တွေ့ရှိရသည်။ယခင်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မဲအောင်နိုင်ရေး နယ်ခရီးစဉ်ဖြစ်သည့် ထားဝယ်ခရီးစဉ်အတွင်း မြို့ခံ လူပရိတ်သတ် သောင်းနှင့် သိန်းနှင့်ချီစုဝေး အားပေးခဲ့ကြသည်ကို တွေ့ရသည်။
ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဖြစ်သည် ဦးသိန်းအောင် ( နအဖ အစိုးရလက်ထက် သစ်တောရေးရာ ၀န်ကြီးဟောင်း) သည် လက်ရှိ အစိုးရအဖွဲ့ဝင်များအနက် သဘောထားဟောင်းရှိသူ၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူအဖြစ် နေပြည်တော် အစိုးရအရာရှိ အသိုင်းအ၀ိုင်းတွင် သိရှိယူဆထားကြကြောင်း လယ်ဆည် ၀န်ကြီးဋ္ဌာနမှ အရာရှိကြီးတဦးက ပြောသည်။ ။
တိုင်းရင်းသားအရေး နိုင်ငံတကာ ကြားဝင်ဖို့ ဦးခွန်ထွန်းဦးအကြံပြု
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀လောက် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ဆောင်ရွက် နေပေမယ့် အကောင်အထည် မဖေါ်နိုင်ပဲ ဖြစ်နေတဲ့အတွက် တတိယ အင်အားစုက ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana နဲ့ တွေ့ဆုံစဉ်မှာ အကြံပြုခဲ့ တယ်လို့ SNLD ရှမ်း တိုင်းရင်းသားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာ ကိစ္စမှာ ကုလသမဂ္ဂဖြစ်ဖြစ် အာဆီယံ ဖြစ်ဖြစ် ကြားဝင် ဆောင်ရွက်ပေးနိုင်မှ လမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။
ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်တားနား ရန်ကုန်မြို့မှာ သောကြာနေ့က တွေ့ဆုံပြီး တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ အခုလို ပြောခဲ့တာပါ။
အကျဉ်းထောင်တွင်းက မကြာသေးခင်က ပြန်လွတ်လာခဲ့သူ ဦးခွန်ထွန်းဦးက သူရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မစ္စတာ ကင်တားနားကို အရှိအတိုင်း ပြောပြခဲ့ တယ်လို့ ဆိုပါတယ်။
မစ္စတာ ကင်တားနားအနေနဲ့ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား နယ်မြေမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အသေးစိတ် သိလိုပုံရတယ်လို့ ပြောပါတယ်။
၂၀၀၈ အခြေခံ ဥပဒေကို မပြင်ရင် တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စု အစိုးရ အကြား ပြဿနာတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ တာမျိုးမလုပ်ပဲ ရက်ပေါင်း ၆၀ ဒါမှမဟုတ် ရက်ပေါင်း ၉၀ အပစ် ရပ်စဲရေး ကာလ သတ်မှတ်ပြီးမှ အားလုံးနဲ့ တပြေးညီ ဆွေးနွေးပြီး ပင်လုံကဲ့သို့ ညီလာခံတခု ခေါ်ယူသင့်ကြောင်းကိုလည်း မစ္စတာ ကင်တားနားကို အကြံပြုခဲ့တယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
မစ္စတာ ကင်တားနား ဟာ စနေနေ့မှာ မော်လမြိုင်ထောင်ကို သွားရောက် ကြည့်ရှုခဲ့ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ by ကိုထွေး (DVB)
အရင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဘက်မှာ အစိုးရစစ်တပ်တွေ ရုပ်သိမ်းသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အရင်နေရာတွေမှာပဲ ရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“ကချင်ပြည်နယ်ကနေ ဆုတ်သွားတာတော့ မရှိသးဘူးဗျ။ အဲဒါက သတင်းမှားတာပဲ ဖြစ်ပါလိမ့်မယ်။ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေက အရင်နေရာမှာပဲ အကုန်ရှိနေတုန်းပါပဲ။ ဆုတ်သွားတာ မရှိသေးပါဘူး။ ၉၉ က နည်းဗျူဟာ တခုက အစကတည်းက ပြန်ဖို့ လုပ်နေတာလေ။ အရင် သူတို့လဲတဲ့ တပ်တွေ ရှိနေပြီးသားဆိုတော့ အရင်က ၉၉ တပ်တွေ ပြန်သွားတာပဲ ရှိတယ်။ တခြား သီးသန့်ပြန်သွားတဲ့ တပ်တွေ မရှိသေးဘူး။”
ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း လာမယ့် ၁၀ ရက်နေ့ တွေ့ဆုံဖို့ ရှိပေမယ့် တိကျတဲ့ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
“၁၀ ရက်နေ့မှာ စပြီး တွေ့ကြဖို့ အချင်းချင်း အပြန်အလှန် ရက်ကို ညှိနေတုန်းပါပဲ။ ၁၀ ရက်နေ့မှာ စတွေ့ဖို့ တိုင်ပင်နေကြပါတယ်။ ဒီတခါတော့ ပြည်တွင်းနေရာမှာ ဖြစ်ပါလိမ့်မယ်။ နေရာကိုလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ပြည်တွင်းဘက်မှာ တွေ့ဖို့ ကျနော်တို့ ဘက်ကနေ ဘယ်နေရာမှာ တွေ့ချင်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းဆီကို စာနဲ့ တင်ပြထားတာ ရှိပါတယ်။”
ကချင်မှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် အစိုးရတပ်တွေက အမြဲတမ်း ပုံမှန် လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိက္ခာထောက်တွေ၊ ကားတွေကတော့ ပုံမှန်ရောက်နေတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအားပေးတာ ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးတာနဲ့ အတူတူပဲ by-မင်းမင်းလတ်(ရွှေမြစ်မခ-မန္တလေး)/သစ်ထူးလွင်
၂၀၁၂ခုနှစ် ဖေဖ၀ါရီလ (၅)ရက်နေ့ ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာအောင်မြေမြို့နယ်ရုံးခွဲဖွင့်ပွဲအခမ်းအနားတွင် အန်အယ်ဒီအဖွဲ့ချုပ်၏ နာယကကြီးတဦးဖြစ်သော ၊ သတင်းစာဆရာကြီး ဦးဝင်းတင်မှ အမျိုးသားဒီမိုကရေစီကို အားပေးခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား အားပေးခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း မြို့ခံလူထုကိုပြောကြားခဲ့ပြီး အန်အယ်ဒီကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သတင်းစာဆရာကြီးဦးဝင်းတင်မှ လာရောက်ကြည့်ရှု့အားပေးသော
ပြည်သူလူထုအား နှုတ်ဆက်မိန့်ခွန်းပြောကြားပြီး မဟာအောင်မြေမြို့နယ်မှ
ဝင်ရောက်အရွေးခံမည့် ဦးအုန်းကြိုင်အား ပရိတ်သတ် နှင့် မိတ်ဆက်ပေးခဲ့သည်။
“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအားပေးရင်ဒေါ်အောင်ဆန်းစုကြည်ကိုအားပေးတာနဲ့ အတူတူပဲ ၊ ဦးအုန်းကြိုင်ကို မဲပေးရင်ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတာနဲ့ အတူတူပဲ။ ဦးအုန်းကြိုင်ဟာ
ထိုးစစ်ဆင်မဲ့ လူမျိုးဖြစ်တယ်” ဟု ဦးဝင်းတင်မှ လူထုကို ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းကို ၄၁လမ်း ၊ ၈၁လမ်းနှင့် ၈၂လမ်းကြားတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ မဟာအောင်မြေမြို့နယ်ကိုယ်စားပြုယှဉ်ပြိုင် အရွေးခံမည့်
ဒီလှိုင်းဂျာနယ်တာဝန်ခံ ဦးအုန်းကြိုင် ၊မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းတန်နှင့်မစိုးရိမ်တိုက်သစ်ကျောင်းမှ ဆရာတော် ဦးဝီရသူတို့တက်ရောက်ကာ
နံနက်(၉)နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
“ ကျွန်တော်ဟာ ဟိုးအရင်က ဟံသာဝတီသတင်းစာခေတ်ကတည်းက
ကျွန်တော့်ဆရာလဲ ဖြစ်တဲ့ဦးဝင်တင်နဲ့အတူ ကျွန်တော် မန္တလေးကိုရောက်ခဲ့တာပါ
၊ ၁၀နှစ်လောက်နေခဲ့တော့ မန္တလေးမြို့ကလူ တွေက ကျွန်တော့်ကို
မန္တလေးသားတစ်ယောက်လိုပဲမှတ်ထားတော့တယ်။ မဲဆွယ်စည်းရုံးရေးကာလကြရင်
ပြန်တွေ့ကြပါမယ် ” ဟုဦးအုန်းကြိုင်က ပြောကြားသည်။အဆိုပါမဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီရုံးခန်းဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီပါတီဝင်များနှင့်မန္တလေးမြို့သူမြို့သားများတက်ရောက်ခဲ့ကြသည်။
မင်းမင်းလတ်(ရွှေမြစ်မခ-မန္တလေး)
သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်မည်
ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံ၏ ဖိတ်ကြားချက် အရ မြန် မာ နိုင်ငံ သမ္မတ ဖြစ်သူ ဦးသိန်းစိန် သည် ဘင်္ဂလာ ဒေခ်ျ့သို့ လာရောက် လည်ပတ်ရန် အစီ အစဉ် ရှိကြောင်း ဘင်္ဂလာ ဒေခ်ျ့ နိုင်ငံခြား ရေး ၀န်ကြီး ဌာနမှ ထုတ်ဖေါ် ပြောကြား သည်။
သို့သော်လည်း လာရောက်လည်ပတ်မည့် နေ့ရက်အား မသတ်မှတ်ရသေးကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။
" သမ္မတ ဦးသိန်းစိန်ကို ကျွန်တော်တို့ ဘင်္ဂလာဒေခ်ျ့ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားတယ်။ ဒါပေမယ့် နေ့ရက်တော့ မသတ်မှတ် ရသေး" ဟု သူက ဆိုသည်။
မြန်မာသမ္မတ ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား နားလည်မူ စာချွန်လွှာ အများအပြားကို နှစ်နိုင်ငံ အကြား လက်မှတ် ရေးထိုး ဖွယ်ရှိ ကြောင်း သိရသည်။
ထိုအထဲတွင် နှစ်နိုင်ငံအကြား သင်္ဘောပြေးဆွဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း စစ်တကောင်း ကုန်သွယ်ရေးနှင့် စက်မူလက်မူ အဖွဲ့ ဒါရိုက်တာ Sheikh Mahfuz Hamid ပြောသည်။
Mr Hamid အပါအ၀င် ဘင်္ဂလာဒေခ်ျ့မှ ကုန်သွယ်ရေး အဖွဲ့သည် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် နှစ်နိုင်ငံ အကြား သဘောင်္ များ ပြေးဆွဲရေးကို မြန်မာ အရာရှိများနှင့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က နောက်ဆုံး အဆင့် သဘောတူညီမူ ရရှိခဲ့သည်။
အဆိုပါ သဘောတူညီမူကို မြန်မာသမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးမည် ဖြစ် ကြောင်း Hamid ထပ်လောင်းပြောကြားသည်။
အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့အကြား ရေကြောင်းလိုင်း ပြေးဆွဲမည် ဖြစ်ရာ မြန်မာဘက်မှ မောင်းတော၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်မြို့နှင့် ဘင်္ဂလာဒေခ်ျ့ဘက်မှာ တက်ကနက်၊ စစ်တကောင်း၊ ခူလနာ နှင့် နာရာယာဂန် အကြား သင်္ဘောများ အပြန်အလှန် ပြေးဆွဲတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ သစ်၊ ဆန်၊ ငါးများကို တိုက်ရိုက် ရေကြောင်းလိုင်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းနိုင်တော့မည် ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေး ရရှိရန်အတွက် ဘင်္ဂလာဒေခ်ျ့ အနေဖြင့် မြန်မာ အစိုးရ အရာရှိများနှင့် (၈) နှစ်ကြာ ချဉ်းကပ် ကြိုးစားခဲ့ရသည်ဟု Mr Hamid က ပြောသည်။

source :နိရဉ္စရာ
*****လူ့ကပ်ပါးကောင် တိုင်းပြည်ဘဏ္ဍာငွေခိုးပြီ မကောင်းမူကျူးလွန်နေသူ*****
မန္တလေးမှာ အမေစုပွဲ မဖြစ်အောင် နောက်ကွယ်က လှုပ်ရှား ကန့်ကွက်နေသူ ကတော့ အာဏာမရှိတော့ပေမယ့် ကျန်နေသေးတဲ့ အရှိန်နဲ့ လုပ်ဆောင်နေတဲ့ အမာဂိုဏ်း အုပ်စုဝင် ဒီပဲယင်းတရားခံ ဦးအောင်သောင်းပါ...။ ဒီတော့ အစွယ်ကိုလိုသူ၊ အသွားစေခိုင်းသူ ဆင်ကြံကြံနေတဲ့ ဦးအောင်တောင်းရဲ့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဆောက်ထားတဲ့ စံအိမ်တော်အကြောင်း ပြန်ဖော်ထုတ်ပါမယ်..။
၂၀၁၀ ဇူလိုင်လက ဒီမိုဝေယံနဲ့ GRW အဖွဲ့သားများ စုံစမ်းဖော်ထုတ်ခဲ့တဲ့
ဒီပဲယင်း တရားခံ ဦးအောင်သောင်း(ခ) အောင်တောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း စာဖတ်ပရိတ်သတ်များ သိရှိနိုင်ဖို့ ပြန်လည် တင်ပြအပ်ပါတယ်...။
ဓာတ်ပုံကတော့ ယခင်စက်မှုဝန်ကြီးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ် စက်မှုကိုယ်စားလှယ်အဖွဲ့
http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html
ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။ လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။
ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။
ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။ အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။
ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့ ဖြည့်စွက်လိုက်ပါတယ်။)
ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။
လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...
ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။ ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။
ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။
ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့ ဒီသတင်းတွေကိုတော့ မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့ ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင် ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။ ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း သူ့အိမ်အခြေအနေကို လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။ အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ် အသိဆုံးပါ...။ တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။ မြေအောက်မှာပဲ နေနေ မြေပေါ်အထပ် အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့ ပတ်သတ်ပြီး လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို မကျေနပ်တဲ့ အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။
လေးစားလျှက်
GRW
(Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)

*****အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ*****
Yangon Chatrium Hotel-ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။ ဂျပန် သံရုံးက စကာပြန်တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက် ကြာမှာ အမှု လာဖွင့်ရန်အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ် က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။ဟိုရောက် တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာ ရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့ သိရပါတယ်။မိန်းခလေး တစ်ယောက် ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလိုမေးချင်းခံရတာ ကြောင့် သြော်ငါ့တို့ နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလားလို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ရင်ထုမနာတွေးမိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာဆရာဝန်ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။.....................
ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိလက်ရောက်စော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထားတာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီဆို တဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်အလမ်းလည်း ပါဟန်မတူသေးပါဘူး။
ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့အကျင့်ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီး လေးတွေကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်..ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။
****အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊အလိုတော်ရိ တွေရဲ့မျိုးချစ် စိတ် မရှိမှု တွေ ကို ဒို့ တွေ ဘယ်လိုဖော်ထုတ်ပြီး၊ပြုပြင် ပြောင်းလည်းသင့်တယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြပါစို့ ......။
အေးမျိုးထွန်း
မှတ်ချက်။ အထက်ပါဖြစ်ရပ်သည် Yangon Chatrium Hotel တွင်ဖြစ်ပွားခဲ့ပါသည်။
ကာယကံရှင်သည်လည်းဖေ့စ်ဘွတ်၏တနေရာမှာရှိပါသည်။ ရဲရင့်ငယ်...

အမေရိကား ကို ရောက်ရှိနေထိုင်သူတွေဟာ ပုံသဏ္ဍန်အမျိုးမျိုး အလွှာအမျိုးမျိုးကွဲပါတယ်။ ပညာတတ်တာ၊ မတတ်တာ ရောက်တာ ကြာတာ၊စောတာ နဲ့ မဆိုင်ပါဘူး။ အဆင်ပြေတဲ့သူက မိုးပေါ်က ချပေးလိုက်သလို၊ နတ်ရေကန်ထဲ ဆင်းလိုက်သလို အဆင်ပြေသွားတဲ့ သူတွေ ရှိကြပြီးအဆင်မပြေတဲ့သူတွေကလည်း ရေသောက်တာတောင် သွားကြားညပ်တယ် လို့ ပြောနေကြရတဲ့ အခြေအနေပါ။ ကျနော့်ဝေါလ်ပေါ်မှာ တင်ပေးထားတဲ့ အမေရိကန်ပညာရေးအကြောင်းကို ရေးနေတဲ့ ကိုအေးကျော်ဇံရဲ့ စာတွေ၊ ဘ၀ကို ပင်ပင်ပန်းပန်းဖြတ်သန်းလာခဲ့တဲ့ ကိုမန်းကြိုင်ထွန်းရဲ့ စာတွေ ကိုလည်း ဖတ်ဖြစ်ကြရင် သိလောက်မှာပါ။ ကျနော်ရေးနေတာတွေဟာ ကျနော်တွေ့ခဲ့၊ မြင်ခဲ့ရသမျှ အားလုံးအပေါ်မှာ ခြုံငုံပြီးရေးနေတာ။ ဒီတော့ ကိုယ်ရောက် ရောက်တဲ့နေရာမှာ အဆင်ပြေနေတဲ့ သူတွေကတော့ နားလည်မှာ မဟုတ်ဘူး။ ဥပမာ ၀ါရှင်တန်ဒီစီ မှာ နေကြတဲ့သူအများစုဟာ အလုပ်အကိုင်ကောင်းကောင်း၊ ပါတ်ဝန်းကျင်ကောင်းကောင်းသန့်သန့်မှာ နေနေရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အမေရိကားကို မြင်တဲ့အမြင်ဟာ ဘတ်ဖဲလိုးတို့၊ အီသကာတို့မှာနေနေတဲ့ သူတွေမြင်သလို မြင်နိုင်မှာမဟုတ်ဘူး။ပြောရရင် ၀ါရှင်တန်ဒီစီ နဲ့ နယူးယောက်ခ်နဲ့ မြေအောက်ရထားချင်းတောင် မတူဘူးဗျ။ ၀ါရှင်တန်ဒီစီ က မြို့တော်ကြီးဆိုတော့ အတတ်နိုင်ဆုံး သန့်သန့်ပြန့်ပြန့် နဲ့ထိန်းထားတယ်။ နယူးယောက်ခ်ကတော့ဗျာ. တွဲထဲ ဟုမ်းလက်စ်ကြီးတွေ တဝေေ၀နဲ့၊ တနံနံနဲ့။ဖဲသုံးချပ်သမားတွေ(သူတို့ဆီမှာတော့ ခွက်ကလေးသုံးခွက်နဲ့ပေါ့)၊ အကော်ဒီယံတကျော်ကျော်နဲ့ ကလေးကျောပိုးထားတဲ့ မိန်းမက ဦးထုပ်ကလေးချွတ်ပြီးတောင်းကြရမ်းကြသူတွေ စုံလို့။ ဒါမျိုးတွေ ၀ါရှင်တန်ဒီစီသားတို့ ဘယ်သိမှာတုန်း။ နောက် နယူးယောက်ခ်မှာသွားလေရာ လမ်းဘေးဆိုင်တွန်းလှည်းဆိုင်လေးတွေက ပေါမှာပေါ။ သွားရေလာရေးကလည်း ရထားစီးမလား၊ ကားစီးမလာ၊ တက္ကစီတော့မစီးနဲ့ အင်မတန်ရိုင်း၊ အင်မတန်ကြမ်းပါသတဲ့။ ဒီလိုပဲ ဆန်ဖရန်စ္စကိုမှာ နေနေတဲ့သူတွေဟာလည်း ကိုယ့်ပါတ်ဝန်းကျင် ကိုယ့်အဆင့်အတန်းနဲ့ တကယ့် ရုန်းကန်နေရတဲ့ သူတွေရဲ့ ဘ၀ ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ အပြင်ကနေ အားလုံးကို မြင်နေရတဲ့သူလေ။ ရောက်လေရာရာမှာ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့တွေ့ခွင့်ဆုံခွင့် စကားပြောခွင့်တွေရခဲ့ သူတို့ဆီက သင်ကြားနာယူခဲ့ရတာတွေကို အခြေခံပြီး ဒီစာတွေကို ရေးပါတယ်။တချိန်တည်းမှာ မြင်တာလေးတွေကိုလည်း အကြံပြုပါတယ်။ ကျနော်ပေးတဲ့ အကြံဥာဏ်တွေဟာ မိတ်ဆွေတို့အပေါ်မှာ အကျိုးဖြစ်ထွန်း မယ် လို့ ယူဆရင် သုံးကြပေါ့။ ကျနော့်အနေနဲ့တော့ ကိုယ့်မိတ်ဆွေတွေအတွက် ကိုယ်တတ်နိုင်တဲ့ ဘက် က ရေးသားအကြံပြုခြင်းနဲ့ပဲပြန်ကျေးဇူးပြုတာပါ။ ဒီလိုရေးသားတာဟာ မိတ်ဆွေတို့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ဘာတခုမှ မရည်ရွယ်တဲ့အပြင်၊ မိတ်ဆွေတို့ကိုထိုးနှက်တိုက်ခိုက်တာလည်း မဟုတ်၊ မြှောက်ပင့်ရေးသားတာလည်း မဟုတ်ဆိုတာကိုတော့ မြင်စေ့ချင်တယ်။ယူတီကာမှာနေတဲ့ ကျနော့် ရဲဘော်ရဲဘက် ကိုအောင်ကျော်မြင့်က စကားတခွန်းကို ပြောတယ်။ “ ကိုဇော်ကြီး ကျနော်တို့ မြန်မာပြည်မှာ ဘ၀ ဆိုတာ ဘ နဲ့ ၀ နဲ့ နှစ်လုံးထဲ၊ ဒီမှာက L I F E လိုက်ဖ် လေးလုံးတောင်မှဗျ” တဲ့၊ ဒီစကားကိုနယူးယောက်ခ်မှာ ချောအိသိမ်းလည်း ပြောခဲ့ဖူးပါတယ်။ တကယ်ပဲ အမေရိကားမှာ ဘ၀ ကို ရုန်းကန်ရတာ ကြမ်းတမ်းလှတယ်။ဒီမှာ အဆင်ပြေနေတဲ့သူအနည်းစု ဟာ ကံကောင်းလွန်းမက ကောင်းလွန်းတဲ့ လူနည်းစု သာဖြစ်ပါတယ်။ အများစုကတော့ တော်တော့်ကိုခါးခါးသီးသီး ရုန်းကန်ရပါတယ်။ ဘတ်ဖဲလိုး မှာ ကျနော့်ကို အိမ်ရှင်အနေနဲ့ ဧည့်ခံခဲ့တဲ့ ကိုမြင့်ထွေးနဲ့ မသီသီရှိန်တို့လင်မယားကတော့ ရှားရှားပါးပါး သဘောကျစရာတွေ့ခဲ့တယ်။ ကိုမြင့်ထွေးက ညနေစောင်းကနေ မနက်သုံးနာရီခွဲလောက်မှ အိမ်ပြန်ရောက်တယ်။ သူ့အလုပ်က ညဆိုင်း။ မသီကတော့ မနက်အစောကြီကနေ ညနေစောင်းအထိ။ လင်မယားနှစ်ယောက်က တယောက်နဲ့တယောက်မျက်နှာချင်းမဆိုင်ရ၊ အိပ်တော့လည်း ခွဲအိပ်ရလေရဲ့။ တယောက်အရမ်းကို အိပ်မောကျတဲ့အချိန်မှာ တယောက်ပြန်လာရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ဗျာ။ ဒီကြားထဲက ကျနော့်ကို တကူးတကဖိတ် စာပေဟောပြောပွဲကို မရမကဖြစ်အောင် စီစဉ်ခဲ့တဲ့သူတွေပါ။ ကျနော့်ကို လာကြိုတော့ လင်ရော မယားရော အလုပ်ထဲရောက်နေကြလို့ ကိုဝမ်းကြီး(ကိုမောင်မောင်ဝမ်း) က လာကြိုတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တွေ့ခဲ့ဆုံခဲ့ကြတဲ့ သူတွေ ပြန်ဆုံကြရတာ. တယောက်ကိုတယောက် မနည်း ရုပ်ဖမ်းကြရပါသဗျာ။ တွေ့ခဲ့ဆုံခဲ့တုန်းကလည်း တကြိမ် နှစ်ကြိမ်လောက်ကိုး။ ကိုဝမ်းကြီးကတော့ စက်ရုံကနေ သူ့ဖါသာကို Lay Off ယူပစ်လိုက်တယ်၊ ရတဲ့ပင်စင်ကလေးနဲ့ သူ့အားသန်တဲ့ အင်္ဂလိပ်စာ သင်ကြားမှုလေးကို လုပ်နေတယ်။ သူလည်းသူ့နည်းသူ့ဟန်နဲ့ အမေရိကားမှာ လွတ်မြောက်နေတဲ့ ချမ်းသာရာရနေတဲ့သူပဲ။ ဘာလို့ ဒီလိုပြောရလည်း ဆိုရင် အများစုက အမေရိကားရဲ့ ယန္တရားကြီးထဲ ထည့်လှည့်ခံနေရတယ် လို့မြင်မိလို့ပါ။ ရပ်လို့မရပဲ နေ့စဉ်နဲ့အမျှ ပုန်းတောက်စက်ကြီးထဲ တဂျောင်းဂျောင်း အလှည့်ခံနေရ၊ လည်နေရတယ်။ “ပုန်းတောက်စက်ကြီး” ဆိုတာ ဓမ္မအသုံးအနှုန်းပါ။ ယဉ်ပါးတဲ့သူများ နားလည်ပြီးဖြစ်ပါလိမ့်မယ်။ သံသရာပုန်းတောင်းစက်ကြီး ဆိုတဲ့ အသုံးအနှုန်းကို။ ဒီက စက်ရုံတွေမှာ အောက်ခြေ အလုပ်လုပ်ကြရတဲ့ ဘ၀တွေကို မြင်သာအောင် ကိုမြင့်ထွေးကြီး ပြောတာကို ပြန်ပြောပြပါ့မယ်။ အလုပ်ချိန်စ ၀င် လိုက်တာနဲ့ တဂျောင်းဂျောင်းလည်နေတဲ့ အော်တိုမက်တစ်ရွေ့လျားစက်ခါးပတ်ထဲကနေ လာသမျှ ပစ္စည်းတွေကို တပ်ရမယ့်သူကတပ်၊ ဖြုတ်ရမယ့်သူကဖြုတ်၊ မနားတမ်း တပ်၊ မနားတမ်းဖြုတ်ပြီး လုပ်နေကြရတာ အလုပ်သိမ်းချိန်ထိပါပဲ။ ထိုင်လည်းမထိုင်ရ၊ ရပ်လည်းမရပ်ရ၊ ယားလို့တောင်ကုတ်လို့မရတဲ့ဘ၀ဗျ။ (ကြားမှာ နားချိန်တော့ပေးသပေါ့)၊ ကြည့်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ချာလီချက်ပလင် ကားတကားမှာပါတယ်။ စက်ခါးပတ်ကြီးက တဂျောင်းဂျောင်းလည်နေတာကို မူလီကျပ်ရတာ ကျပ်ရပါများလွန်းလို့ သူချောင်သွားရတာကို။ ဒီတော့ ပင်ပန်းသလားဆိုတော့ မပင်ပန်းဘူး၊ မပင်ပန်းဘူးလားဆိုတော့ ပင်ပန်းသပေါ့။ အဲဒီလို အလုပ်ဟာ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် နှစ်ချီပြီး လုပ်ရတာလေ။ ခင်ဗျား မလုပ်နိုင်ရင် ထုတ်မယ်။ ခင်ဗျားခွင့်ယူမယ်ဆိုတရက်ကထက် နှစ်ရက် လက်မခံဘူး။ အဲဒါ အရင်းရှင်စနစ်ရဲ့ အညှာအတာမဲ့တဲ့ သီဝရီပဲ။ ကိုမြင့်ထွေးတို့လင်မယားနေကြတဲ့ ဘတ်ဖဲလိုးမြို့ကလေး က အိမ်ဈေးတွေကလည်း ပေါတော့ သူတို့တွေဟာ အကြွေးကင်းစွာနဲ့ အိမ်ပိုင်အိုးပိုင် နေနိုင်ကြတယ်။ လင်နဲ့မယား ကားတယောက်တစီးစီနဲ့ အလုပ်ကိုသွားကြတယ်။ အံမယ် သူက ကျနော့်ကို ဒီလိုပြောပါသဗျ။“ကိုချိုတူးဇော်ရေ...ကျနော်က အောက်ခြေအလုပ်သမားပါဗျာ” တဲ့။ သူတညလုပ်ခက ဒေါ်လာ တရာအောက်ထစ်။ တရာ့နှစ်ဆယ်လောက်ထိ ရတတ်တယ်။ ဒီတော့ ကျနော်ကလည်း ပြန်ပြောသပေါ့။ “ ခင်ဗျားအောက်ခြေအလုပ်သမားက အိမ်ပိုင်(အကြွေးကင်း၊လုံးချင်းနော်) ကားပိုင် (လင်မယားနှစ်ယောက် တယောက်တစီးစီနဲ့) ရန်ကုန်မှာ တနေကုန်ခြေသလုံးတောင့်အောင် ဈေးရောင်းရတဲ့ ယုဇနပလာဇာက ဈေးကြိုလေးတွေ တလလုံးမှ ခင်ဗျာ့ တညလုပ်စာတ၀က် ရ တယ်. . .” လို့။ ဒီတော့ လည်း ပြုံးပြုံးကြီး။ ပြဿနာက အမေရိကားကလူတွေ ဘ၀ ပျောက်နေတယ် လို့ပြောလို့၊ ရန်ကုန်ကလူတွေ မြန်မာပြည်ကလူတွေကော လို့ မေးရင် အကုန်ပျောက်နေတယ်ဗျ။ တခါတခါ ရေပျောက်မီးပျောက်လို့ စိတ်ညစ်ရပါတယ်။ တခါတခါ ရထားပျောက်လို့၊ ကားပျောက်လို့စိတ်ညစ်ရပါတယ်။ တခါတခါ ဆန်အိုးထဲ ဆန်ပျောက်လို့၊ ဆီအိုးထဲ ဆီပျောက်လို့ စိတ်ညစ်ရပါသဗျာ။ဒါဆို မင်းက ဘာအထွန့်တက်ရေးနေရတာလဲ လို့မေးရင် ပြောပါ့မယ်။ ဘ၀ရဲ့အနှစ်သာရကလေး ကို ပျောက်ကုန်မှာစိုးလို့ပါ။ ဒီရောက်လာကြတဲ့သူတွေထဲမှာ တိုင်းရင်းသား ညီအကိုတော်တွေလည်း ပါတယ်။ သူတို့အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက်ကတော့ ပြဿနာသိပ်မကြီးလှဘူး။ သူတို့ဘာသာထွန်းကားရာမြေကိုး။ ကိုယ့်ဘာသာလေး ကိုယ် ရိုသေကိုင်းရှိုင်းနေကြရင် ပြီးတာပါပဲ။ ပြဿနာက ကျနော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။ ဒီမှာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ခဲယဉ်းစွာ ကိုယ့်ဘာသာအတွက် ရပ်တည်ရတယ်၊ ကိုယ်ကောင်းမှ ကိုယ်ခံအားကောင်းမှ . .။ ကိုမြင့်ထွေးတို့မသီတို့ကိုပဲ ဥပမာပေးရမယ်။ မနက်အစောကြီး မသီတယောက်က သူ့အလုပ်မသွားခင် တတွတ်တွတ်ရွတ်တော့တာပဲ၊ တီဗီကလည်း ဖွင့်၊ သူကလည်း ရွတ်တော့တာပဲ။ ကိုမြင့်ထွေးကတော့ တွေ့တွေ့ချင်းကို မျက်နှာက ကောင်းလှ၊ ကြည်လှတာ သတိထားမိတယ်။ နောက် စကားစပ်မိတော့မှ “နေ့တိုင်းကြီး ဆိုတော့ မခံနိုင်တော့ဘူး ဒီတော့ ကျနော်လည်း ထိတယ်၊ ကိုင်တယ်၊ မတယ်၊ ရွှေ့တယ်၊ ချတယ် နဲ့ အဲဒီအလုပ်ကို သတိလေးကပ်ပြီး အမှတ်လေးမှတ်ပြီး လုပ်လိုက်တယ်။ ၈ နာရီ ဘယ်လိုကုန်သွားမှန်းကို မသိပါဘူး” တဲ့။ ကောင်းလိုက်တာဗျာ။ ရာဇဂြိုဟ်မှာ နွားစာစဉ်းရင်း၊ လယ်ထွန်ရင်း၊ မြက်ရိတ်ရင်း သောတပန်တည်ပါသတဲ့။ မိတ်ဆွေတို့ရေ. . .ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအဖို့တော့ ဘ၀ရဲ့ တန်ဖိုးက ရှင်းပါ၊ စင်းပါသဗျ။
ဘာလဲ ဆိုတာ အကျယ်အကျယ်မပြောတော့ပါဘူး။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပြည့်စုံလှတဲ့ ထိန်းကျောင်းမှုတွေ၊ ဘုရားကျောင်းတွေ များလှလို့ သူတို့တွေမှာ အလိုအလျောက်လုံခြုံကြပေမယ့် ဒီနိုင်ငံရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သားတွေအဖို့ နေရာတိုင်းမှာ ဘုန်းကြီးကျောင်းလည်း မရှိ၊ ဘုရားရုပ်ပွားတော်တောင် ဖူးချင်တိုင်း မဖူးရတဲ့ ဘ၀ ပါ။ ပစ္စလက္ခတ်နေရင် ပစ္စလက္ခတ်ကို နေဖြစ်သွားမယ့် အနေအထားပါ။ ကျနော်ရှေ့မှာ ရေးခဲ့သလို အိုင်အိုဝါကြီးသာယာလှပေမယ့် “အဖြူ” လို့ ကျနော်တို့ ရွှေမြန်မာများကင်ပွန်းတပ်ထားကြတဲ့ အနောက်တိုင်းသားတို့အများစုနေထိုင်ရာဒေသဖြစ်သလို၊ မြန်မာလူမျိုးကလည်း ဆယ်ဂဏန်းလောက်သာ နေကြပါတယ။် ဒီတော့ အဲဒီ နတ်ဘုံနတ်နန်းကြီးနဲ့ တူတဲ့ အိုင်အိုဝါမှာ ကျနော် နေခဲ့တဲ့ ၃ လ လုံးလုံး ဘုရားမဖူးခဲ့ရဘူး။ ဆန်ဖရန်စ္စကို စာပေဟောပြောပွဲကိုရောက်လာမှ မေတ္တာနန္တကျောင်းတို့၊ မုဒိတာရွှေကျောင်းတို့မှာ ဘုရားကိုဖူးရ၊ တရားကို နာရ၊ သံဃာကို ဖူးရပါတော့တယ်။ ဒီတော့ ဒီတိုင်းပြည်မှာနေရတာ ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပါယ်ချမ်းသာကြွယ်ဝပေမယ့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ ရတနာသုံးပါး ခေါင်းပါးလှတယ်။ ဒီကြားထဲ ဒီရောက်လာတဲ့ မြန်မာအများစုက(စိတ်မရှိကြပါနဲ့) ဘာသာရေးအပေါ် လေးနက်တဲ့သူနည်းပါးတယ်။ ကျနော့် စာဖတ်နေကျ မိတ်ဆွေအမျိုးသမီးတယောက်က ကျနော်ရောက်နေတယ်ဆိုလို့
ဖုန်းဆက်ပြီး ရင်ဖွင့်လာပါတယ်။ သူ့သားသမီး၂ယောက်မှာ အငယ်လေးဖြစ်တဲ့ သမီးက မြန်မာစာလည်းမတတ်တော့ဘူး၊ နောက် ဘုရားကို ဆွမ်းတော်တင်တာကို ဘာလို့တင်တာလဲ လို့တောင် မေးနေတယ် တဲ့။ ကျနော် တချို့မြို့တွေမှာတကယ့်ကို အခြေခံလူထုအများ
စု နဲ့ ဆုံခဲ့ရပါတယ်။ သူတို့ထဲက အများစုဟာ မြန်မာပြည်မှာတုန်းက တောခုတ်၊ ယာလုပ်တကယ့် တောသူတောင်သား အခြေခံလူတန်း
စားတွေဖြစ်မယ်။ ဒီမှာတော့ ကားအသီးသီးနဲ့ အိမ်အသီးသီးနဲ့၊ တွေ့ရမြင်ရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တကယ်တမ်းသူတို့တွေ
ဟာ သူတို့အလုပ်လုပ်နေတဲ့ စက်ရုံမှာ အလုပ်ကြပ်နဲ့ တလုံးစ နှစ်လုံးစ အင်္ဂလိပ်လိုပြောတာကလွဲရင် မြန်မာပြည်သားတွေ အစုအဝေးကြီး
နေ၊ အစုအဝေးကြီးပေါင်းကြတာမို့ မြန်မာလိုသာ ရေလည်အောင်တတ်ပါတယ်။ ၁၀ နှစ်လောက်ကြာလာသည့်တိုင်လည်း အင်္ဂလိပ်လို
မကျွန်းကျင်ကြသေးပါဘူး။ အင်္ဂလိပ်လို မကျွမ်းကျင်တော့ မြန်မာမှု၊ မြန်မာဓလေ့ကို ထိန်းထားနိုင်ကြသလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊
တချို့နေရာတွေမှာ မကြားဝံ့မနာသာတွေဖြစ်ကြ ကြုံကြရတာတွေ ရှိလာနေပါတယ်။ ၂၁ နှစ်ပြည့်ပြီ လွတ်လပ်ပြီ ဆိုပြီး သမီးမိန်းကလေး
နေချင်သလိုနေ၊ ပြန်ချင်သလိုပြန်တော့၊ အဖေခေါ်စရာမရှိတဲ့ နီစပ်စပ်ကလေးတယောက်ကို မွေးလို့တဲ့။ ဒါမျိုးတွေကို ကြားရမြင်ရတဲ့အခါ
မှာ. . .။
ဒီလိုနဲ့ တနေကုန် အလုပ်တွေလုပ်၊ တချို့က တညလုံးလုပ် ဆိုပါတော့။ ကျနော်ရောက်ခဲ့တဲ့ ဘတ်ဖဲလိုးမြို့ကြီးမှာ မနက်ဆို မွန်းလွဲချိန်လောက်ထိ မြို့ကြီးဟာခြောက်ခြောက်သွေ့သွေ့ကြီး။ ကိုမြင့်ထွေးတို့ ကိုဝမ်းတို့ ချိန်းကြဆိုကြရင် အမြဲ နေ့ခင်း ၂ နာရီပဲ။
ဘာလို့များ မနက်ပိုင်းမချိန်းပါလိမ့်နော် လို့ တွေးမိခဲ့ရာကနေ သူတို့လည်ပတ်ပုံသိလာမှ..မနက်တပိုင်းက အိပ်ချိန်ကိုးဗျ။ စက်ရုံမြို့
ကြီးဆိုတော့ တမြို့လုံးကိုခြောက်နေ ငြိမ်နေတာပါပဲ။ မြို့ကြီးကဗျာ ၇၀ ၀န်းကျင်လောက်ကတော့ စက်မှုအရမ်းထွန်းကားခဲ့တယ် ထင်ပါတယ်။ အဆောက်အဦးတွေကလည်း တုံးတုံးကြီးတွေ။ The ugliest town in United States လို့ကျနော်က ပြောတော့ ကိုဝမ်းက
သူ့အမေရိကန်ဇာတိမြို့ကို ထပ်လောင်းဖြည့်စွက် ဂုဏ်လုပ်ပါတယ်။
“ ဒုတိယအဆင်းရဲဆုံး မြို့လေ. . .ကိုဇော်ကြီးရ” တဲ့။
ကျနော်ပြောချင်တာက အဲဒီလို တနေကုန်အလုပ်လုပ်၊ တညလုံးအလုပ်လုပ် ပြန်ရောက်တာနဲ့ ထိုးအိပ်၊ နောက် စနေ၊ တနင်္ဂနွေ မှာ ၀ယ်ရခြမ်းရ နဲ့ တပါတ်ပြီးတပါတ်၊ အချိန်တွေကုန်သွား၊ ကလေးတွေကြီးသွား။ ဒီအတိုင်းနေရင်းနဲ့ ဘ၀ဟာပြီးဆုံးသွားမှာကို စိတ်ပူပါ
တယ်။ ဒီတော့ ကိုမြင့်ထွေးကြီးတို့ မသီတို့လို မမေ့မလျော့မပေါ့သော သတိလေးတွေကပ်ပြီး နှလုံးသွင်းစေချင်ပါတယ်။
ဘတ်ဖဲလိုးမှာ အမေတချို့က ငိုနေတယ် ဆိုတော့ ကျနော်က ဘာလို့ငိုလဲ၊ ပြန်မလာနဲ့ လို့ ပြောခဲ့ပါတယ်။ ဘာလို့ဒီလိုပြောရလဲ ဆို
တော့ အမေရိကားကြီး ဒီလိုဖြစ်နေတယ် ဆိုပေမယ့် ကိုယ့်တိုင်းပြည်မှာ ဒီလိုပင်ပန်းတိုင်းလည်း စားဝတ်နေရေးက ပြေလည်တာမှ မဟုတ်
တာဗျာ..။ တနေကုန်မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတာ မြန်မာပြည်မှာလည်း လုပ်ရပါတယ်။ ပြီးရင် ပြန်တဲ့အခါ အမေရိကားမှာ ကိုယ့်ကားလေးကိုယ်မောင်းပြီးပြန်လာလို့ရပေမယ့်၊ ရန်ကုန်မှာတော့ တမေ့တမော ဘတ်စ်ကားပေါ်မှာ ဆက်ရပ်၊ ကြပ်ညပ်ရပါဦးမယ်။
အမေရိကားမှာလည်း နယူးယောက်ခ်က ရုံးတက်ရုံးဆင်းချိတ်တွေမှာ ရထားတွေလည်း ငပိငချဉ်သိပ်၊ ဘတ်စ်ကားတွေလည်း ငပိငချဉ်သိပ်
နော်။ ဒါပေမယ့် ဒီမှာက လု မတက်ကြဘူး။ ဒီမှာက မိုက်မိုက်ရိုင်းရိုင်းနဲ့ နင်ပဲငဆအော်မယ့် စပါယ်ယာမရှိဘူး။
ထားပါတော့ ဒီမှာလည်း ကျပ်၊ ဟိုမှာလည်း ကျပ်ကြတာခြင်းအတူတူ အမေရိကားကလူက ပြန်လာရင် ရေမီးအစုံနဲ့ စားသောက်ပြီး တီဗီလေးဖွင့်ပြီး နေ၊ မြန်မာပြည်ကလူက မီးမလာရင် မီးမွှေးရ၊ ရေမလာရင် ရေထွက်ဆွဲရ တခုခုကြံရ၊ ရှာရပါသေးသဗျ။
ဒီတော့ ဘယ်မှာနေနေဗျာ..နေရတာခြင်းအတူတူ လောလောဆည် မဆင်းရဲတာက (ပင်ပန်းတာလည်းတူတယ်ပဲထားပါ) အမေရိကားဆိုရင် “အမေတို့ရေ.. တရားကလေး မှတ်ကြဗျာ... မြန်မာပြည်က အမေတွေ အဲဒီအခွင့်အရေး မရကြရှာဘူး၊ ပြီးရင်. . မြန်မာပြည်ကြီးအတွက် မေတ္တာတွေပို့ကြ ဆုတွေတောင်းကြ. . အမေရိကန်တွေအတွက် ကမ္ဘာသူကမ္ဘာသားတွေအတွက် မေတ္တာတွေပွားကြပါ. . .” လို့ စာပေဟောပြောပွဲမှာတော့ ပြောခဲ့ပါလေရဲ့. . .။
ဆက်ပါဦးမယ်. . .
ချိုတူးဇော်
၅ထောင်တန်ဟန်းဖုန်းကိုဆက်သွယ်ရေးနည်းဥပဒေများအရလုပ်လိုမရသည့်အကြောင်းရင်အမှန်
ဇန်န၀ါရီ၂၆-ဖေဖော်ဝါရီ ၁ ၊ ၂၀၁၂ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်ပါ `တန်ဖိုးနည်းဂျီအက်စ်အမ်ဖုန်းခေါ်ခများ မပြောင်းလဲ ပါ´ စာမူတွင်ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၏ စကားပါ။ ဖတ်ရှုကြည့်ကြပါ။ ညစ်ပတ်စုတ်ပဲ့ ကိုယ်ကြိုးရှာ သမားတို့၏ ပြည်သူကိုမကြည့် ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်သောကြောင့် ၅၀၀၀တန်ဖုန်းများ မရောင်းခိုင်းကြောင်းထင်ရှားလှပေသည်။တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းလိုင်းသစ်များချိတ်ဆက်ခြင်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အထူးစီမံကိန်းအဖွဲ့၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၁၁)ညှိနှိုင်းအစည်းအဝေး၌ ဧပြီ ၂၂ရက်နေ့တွင်ရှင်းလင်းပြောကြား ခဲ့သောအစီအစဉ်ကြောင့်၅၀၀၀တန်ဖုန်းများ ရောင်းခွင့်မပြုနိုင်ခြင်းမှာ ၄င်းတို့အကျိုးစီးပွားထိခိုက်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
၎င်းအစီအစဉ်မှာ--- ကနဦးချပေးမည့် ဂျီအက်စ်အမ်ဖုန်းလေးသန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၂၂ခုမှ ရင်းနှီးမြှုပ်နှံရန် ငွေကျပ် ၅ ဘီလီယံစီ အချိုးကျ ထည့်ဝင်ထားကြောင်း၊ တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်း သန်း၃၀ချပေးမည့် စီမံကိန်းကို ၂၀၁၅ခုနှစ် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရ။´ ၄င်းသတင်းအရ ကုမ္ပဏီ တစ်ခုလျှင် ၅ဘီလီယံနှင့် ကုမ္ပဏီ ၂၂ခုအတွက် ၁၁၀ဘီလီယံ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
၎င်းတို့က ဖုန်းတစ်လုံးကို ၃၀၀၀၀၀နှင့် ပြန်ရောင်းစားသော် ဖုန်း ၄သန်းအတွက် 300000 x 4000000 = 1200,000,000,000 ( ကျပ်- ဘီလီယံ တစ်ထောင့်နှစ်ရာ တိတိ ) ပြန်ရမည်ဖြစ်သည်။ ၄င်းပမာဏကို ကုမ္ပတစ်ခုချင်းအချိုးကျပြန်ခွဲဝေလျှင် (ကျပ်- ငါးဆယ့်လေးဘီလီယံ) ကျော် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ၅၀၀၀ တန်ဖုန်းကိုသာခွင့်ပြုလိုက်ပါက ၄င်း ကုမ္ပဏီ ၂၂ ခု၏ အကျိုးအမြတ်နှင့် ဆက်သွယ်ရေး ၀န်ကြီးတို့၏ အကျိုးအမြတ်များ ထိခိုက်နစ်နာမည် ဖြစ်သဖြင့် အိုဟောင်းနေသော ဆက်သွယ်ရေး နည်းဥပဒေများကိုခုတုံးလုပ်ကာ ပြုလုပ်၍မဖြစ်နိုင်ကြောင်းတွင်တွင် ငြင်းဆိုနေကြခြင်း ဖြစ်ပေသည်။
ပြည်သူ့အကျိုးကို မျက်ကွယ်ပြုကာ တစ်ကိုယ်ရေကောင်းစားကို လုပ်စားနေကြသော နာယကဂုဏ် (၆)ပါးနှင့် မပြည့်စုံသည့် ၀န်ကြီးနှင့် အပေါင်းပါများကို ရာထူးမှ ဖြုတ်ချဖို့ လွှတ်တော်တွင် တောင်းဆိုကြပါဆို့။ ထို့ပြင် ပြည်သူတို့အပေါ် တိုင်းရင်းသားချင်း ဂုတ်သွေးစုတ်ချင်သော Elite အပါအ၀င် ကုမ္ပဏီ ၂၂ ခုအား ၄င်းတို့၏ ထုတ်ကုန်များကို မသုံးစွဲပဲ သပိတ်မှောက်ကြပါစို့။ ယခုအရေးကိစ္စကို နိုင်ငံတော်သမ္မတကြီးထံ လူထုအားဖြင့် ၀ိုင်းဝန်းတောင်းဆိုကြပါစို့။ စာနယ်ဇင်းများ၊ ဘလော့များ မှလည်း ပြည့်သူ့အကျိုးမကြည့် ကိုယ်ကျိုးသာ ကြည့်သော ကုမ္ပဏီများ ကို ၀ိုင်းဝန်း သပိတ်မှောက်ရန် ရေးသားကြပါစို့။
DrSoeWinAung
ထာဝရရဲဘော်သို့... တမ်းချင်း
ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်မှ စတင်ပြီး နေ့စဉ်ရက်ဆက် တတောဝင်တတောင်တက် မမောမပန်း ခရီးနှင်နေရသည်။ မြင့်မားမတ်စောက်လှသော တောင်တန်းကြီးများ ချိုင့်ဝှမ်းများနှင့် ရေချောင်းပေါင်းများစွာကို လည်း ဖြတ်သန်းရသည်။ အဓိကအခက်အခဲ အတားအဆီးမှာ သံလွင်မြစ်ကြီးပင်ဖြစ်သည်။ သံလွင်မြစ်သည် ရေစီးအလွန်ကြမ်းတမ်းပြီး ကျောက်ဆောင်ကျောက်ကမ်းပါးများကြား ကွေ့ကောက်စီးဆင်းရသောကြောင့် စုပ်ဝဲ၊မှုတ်ဝဲများ အလွန်ပေါများသလို မြစ်၏မြည်ဟီးသံမှာလည်း အတော်ပင်ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။သံလွင်မြစ်ကမ်းနဖူးသို့ ရောက်သောအခါ တဖက်ကမ်းသို့ကူးရန်အတွက် ရေမနေသစ်ပင်ကြီးတပင်ကို ခုတ်လှ လိုက်ရသည်။ ထိုခုတ်လှဲပြီးသား သစ်ပင်ကြီးကို သစ်လုံးလှေအဖြစ်ထွင်းရသည်။ ထိုထွင်းပြီးသား သစ်လုံးလှေ မှာ လူသုံးယောက်သာဆန့်သည်။ ရှေ့နောက် တယောက်စီ လှော်၍ အလယ်တွင်တယောက်ထိုင်လိုက်ရသည်။ လိုအပ်သော ပစ္စည်းများကို လှေဝမ်းအတွင်းထည့်ပြီး သုံးယောက်စလုံးမှာ အဝတ်အစားများ ချွတ်ထားရသည်။ အရေးအကြောင်းရှိလျှင် ရေကူး၍ထွက်နိုင်ရန်ဖြစ်သည်။ အလယ်တွင်ထိုင်သောသူမှာ လှေနံရံ နှစ်ဘက်ကိုကိုင် ပြီး ငြိမ်သက်စွာ လိုက်ပါရသည်။ လှုပ်ရှားယိမ်းယိုင်မှုမရှိရန် ခန္ဓာကိုယ်ကို ထိန်းသိမ်းရသည်။ လှေကို ရေဆန်သို့ အတော်ဝေးဝေးသို့ လှော်ခတ်သွားပြီး ဦးခေါင်းလှည့်ကာရေစီးကို တစောင်းဖြတ်၍မျှောဆင်းရသည်။ မှုတ်ဝဲစုပ်ဝဲ များကို ရှောင်ရှားရင်း အားသွန်ခွန်စိုက်လှော်ခတ်၍ နောက်ဆုံးတဖက်ကမ်းသို့ ရောက်ရှိရသည်။
အချို့ကံဆိုးသူများမှာ စုပ်ဝဲမှုတ်ဝဲတွေကြား လှေတိမ်းမှောက်၍ အသက်ဆုံးရှုံးကြရသည်လည်း ရှိသည်။ ကျနော်ကိုယ်တိုင်လည်း ၁၉၉၆ ခုနှစ်က တကြိမ် သံလွင်မြစ်ထဲမျောပါခဲ့ဖူးသည်။ သေကံမရောက် သက်မ ပျောက်ဟု ဆိုရမည်ပင်။ ထိုအကြောင်းကို “အထီးကျန် သံလွင်လမ်းခွဲ” ဟူသောခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ ပြီးဖြစ်ပါသည်။ သံလွင်မြစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိင်ပြီးနောက် သုံးရက်ခန့်ခရီးဆက်သွားသောအခါ ပွန်ချောင်းသို့ ထပ်မံရောက်ရှိခဲ့ပါသည်။
နွေရာသီတွင် ပွန်ချောင်းကို သစ်ပင်များခုတ်လှဲပြီး လမ်းခင်း၍သွားနိုင်သော်လည်း မိုးရာသီတွင် ဖောင်ဖွဲ့၍ကူး ကြရသည်။ တချို့က ပစ္စည်းပစ္စယအားလုံးကို မိုးကာထဲစုထုပ်ပြီး ရေထဲတွင် ချိန်ဆချကြည့်ပြီး မိုးကာထုပ်ကို ဖက်၍ခက်ခက်ခဲခဲ ဖြတ်ကူးကြရသည်။ ထိုသို့အခက်အခဲများကို ကျော်ဖြတ်ရင်း နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ကယန်းပြည်သစ်ပါတီ တည်ရှိရာ ဆီးဘူးမြို့လေးသို့ ရောက်ရှိခဲ့ပါသည်။
ပြည်ရန်အေး စခန်းပေါ်သို့ ရောက်သောအခါ စတင်ထိတွေ့ဆက်ဆံခွင့်ရခဲ့သူမှာ နိုင်ငံရေးမှူး ကိုစောလွင် (ကုလားလေး ဌေးအောင်)ပင်ဖြစ်သည်။ ကိုစောလွင်က အရပ် ၅ပေ ၆/၇ လောက်ရှိပြီး အစ္စလာမ်လူမျိုး ဖြစ်ကြောင်း သိရပါသည်။ စခန်း ပေါ်တွင် သူ့ဇနီး၊သားလေးတဦးနှင့် ရဲဘော်တချို့သာရှိသည်။ သူ့မျက်နှာမှာ အမြဲတမ်းတည်ငြိမ်အေးချမ်းနေပြီး အရာရာကို တွေးတောချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်ပါသည်။
ညနေပိုင်း ကျနော်တို့နှစ်ယောက်စကားပြောဖြစ်သောအခါ ကိုစောလွင်မှာ ဆီးဘူးမြို့မှကျော်၍ အခြားဒေသသို့ သွားလာခွင့်မရှိ။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) ကိုထောက်ခံသောကြောင့် စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် စခန်းကုန်းပေါ်၌သာနေစေခဲ့ကြောင်း သိရသည်။ ကိုစောလွင်မှာ နိုင်ငံရေးသမားစစ်စစ်တဦး ဖြစ်ပေသည်။ ၁၉၇၄ ဦးသန့်အရေးအခင်း၌ဦးဆောင်ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။
တနေ့ သူနဲ့ကျနော် ထမင်းစားနေခိုက်မှာ သူက-
“ငါဟာ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်နဲ့လူမျိုးကိုတော့ အသက်မကချစ်မြတ်နိုး တယ်။ အကြမ်းဖက် သမားလည်း မဟုတ်ဘူး။ စနစ်ဆိုးကို မျိုးဆက်သစ်တွေ မခံစားရဖို့အတွက် အသက် သေတဲ့အထိ တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်။ ငါဟာဆိုရင် စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်တွေကို အလူးအလဲနဲ့ ခံစားခဲ့ရတယ်။ အခု ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ကျနော့်ပါးစပ်ထဲမှာ သွားဆိုလို့တချောင်းမှ မရှိတော့ဘူး။ ဒီကြားထဲ လည်ပင်းမှာလည်း သားရေပတ်ကြီးခံပြီး သွားရည်တွေကို သုတ်သင်နေခဲ့ရတယ်။ လူမျိုးခြားဆိုပြီး စစ်ကြောရေးက ငါ့ကိုပိုပြီးတော့ နှိပ်စက်ကြတယ်။ ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် ငါဒူးထောက်အညံ့မခံခဲ့ဘူး။ စနစ်ဆိုး ချုပ်ငြိမ်းတဲ့အထိတော့ ရပ်နိုင်သလောက် ရပ်တည်နေမှာပဲ။ ဒီနေ့ချိန်ထိ ဘာအခွင့်အရေးမှလည်း မတောင်းဆိုဖူးဘူး။ ခင်ဗျားလည်း ကျနော်နဲ့ထမင်းအတူစားနေတာပဲ။ ဟင်းဆိုတာ ဘယ်မှာလည်းဗျာ..။ အဲဒီအပေါ်မှာ ဘယ်တော့မှ နောင်တမရ ခဲ့ပါဘူး။ ကိုယ်ကျိုးမရှာခဲ့ပါဘူး။ ”
“နိုင်ငံရေးသမားတွေမှာ သဘောထားသေးသိမ်သူက သူတပါးအပြစ်ကိုသာ မြင်တတ်ပြီး ကိုယ့်အပြစ်ကိုတော့ မမြင်နိုင်ဖြစ်နေတယ်။ နိုင်ငံရေးသဘောထားကြီးသူက သူတပါးအပြစ်ကိုမြင်တတ်သလို ကိုယ့်အပြစ်ကိုလည်း ပြန်မြင်တတ်တယ်။ နိုင်ငံရေးသဘောတရားပြည့်ဝသူက ဘယ်သူ့ကိုမှ အပြစ်မမြင် အပြစ်မတင်တတ်တော့ဘူး။ ဖြစ်နိုင်ရင် ကိုယ်နဲ့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရန်သူအပေါ်မှာတောင် ပုဂ္ဂိုလ်ရေးအရ အမုန်းတရား မရှိအပ်ပါဘူး”
“နိုင်ငံရေးအရ ခွင့်လွှတ်တယ်ဆိုတာကလည်း အရှုံးပေးတာမဟုတ်သလို အနိုင်ယူတာလည်း မဟုတ်ဘူး။ နာကျည်းစရာ အတိတ် ဖြစ်ရပ်တွေက ရုန်းထွက်နိုင်ဖို့ဖြစ်တယ်။ နှစ်ဘက်စလုံးမှာလည်း ပြင်ဆင်ခွင့်ရှိဖို့လိုပါ တယ်။ နိုင်ငံရေးသမားဆိုတာ အခြေအနေ၊အချိန်အခါလိုက်ပြီး ကိုယ့်ရဲ့အယူအဆ၊ အတွေးအခေါ်တွေကို ပြောင်းလဲပြင်ဆင်ခွင့်ရှိတယ်။ ပြင်လည်း ပြင်နိုင်ရမယ်။ အဲဒါကိုဖောက်ပြန်တယ်လို့ မယူဆနိုင်ဘူး။ ”
“မင်းအနေနဲ့ မှန်တယ်၊ အများအတွက်အကျိုးရှိမယ်လို့ ယုံကြည်ထားတဲ့အရာတွေမှာ ဘယ်သူတွေကပဲ ကိုယ့်ကို ဆန့်ကျင်ပါစေ။ ကိုယ်ယုံကြည်တဲ့တိုင်း ရပ်တည်ချက်ကို ခိုင်ခိုင်မြဲမြဲ တောင့်ထားနိုင်ရမယ်။ တို့တတွေ ဝေးသွားပါစေ။ ဘယ်နေရာပဲရောက်ရောက် ယုံကြည်ချက်အတိုင်း ဆက်လက်ချီတက်ကြမယ်။ အဲဒါဟာ တို့နှစ် ယောက်အကြားက သစ္စာတရားပဲ..”
သူနှစ်ကျနော် နောက်ထပ်မဆုံဖြစ်တော့ပါ။ ယခု ဆယ်စုနှစ်တခုကျော်ကြာမြင့်ပြီးသည့် အချိန်မှာ သူ့အကြောင်း ပြန်စဉ်းစားမိတော့ သူ့အပေါ် လေးစားဂုဏ်ယူမှုတွေ ဆထက်တိုးလာမိပါသည်။ သူဟာ ယနေ့တိုင် တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ကောင်းစားရေးအတွက် သူ့ဘဝကို သံတိုင်တွေကြားမှာ စတေးကာ တိုက်ပွဲဝင်နေဆဲ။ သူပြောခဲ့သည့်အတိုင်း သူ့အသက်နှင့်ခန္ဓာတည်မြဲနေသရွေ့ သူချစ်မြတ်နိုးလှသော ပြည်သူလူထု အတွက် ယုံကြည်ချက်ကို မဆုပ်မနစ်ဆက်လက်ကိုင်စွဲသွားမည့်သူဟု ကျနော် အကြွင်းမဲ့ ယုံကြည်နေမိပါသည်။
သူကိုယ်တိုင် အကျဉ်းထောင်အတွင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနှင့်အတူ အေးအတူပူအမျှ နေထိုင်ကာ တိုင်းပြည်တည်ဆောက်ရေးတွင် ဆက်လက်ပါဝင်နိုင်ပါစေ။
အာဖရိကတိုက်သား တစ်ဦးတီထွင်သည့် သင်ပုန်းကွန်ပျူတာ စတင်ရောင်းချ
အက်ပဲလ်၏ အိုင်ပက်နှင့် အခြားအနောက်တိုင်းမှ သင်ပုန်းကွန်ပျူတာများကို ယှဉ်ပြိုင်မည့် အာဖရိကတိုက်သားတစ်ဦး တီထွင်သည့် ပထမဆုံး သင်ပုန်းကွန်ပျူတာကို ကွန်ဂိုနိုင်ငံသားတစ်ဦးက တီထွင်ခဲ့ပြီး စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီသင်ပုန်းကွန်ပျူတာကို စတင်ရောင်းချဖို့ အဖွဲ့ဖွဲ့ပြီး လိုအပ်တာတွေလုပ်ပြီးပါပြီ။ ဒီကနေ့ပဲ စတင်ဝယ်ယူနိုင်ပါပြီ”ဟု အသက် ၂၆ နှစ်သာ ရှိသေးသည့် တီထွင်သူ ဗီရိုနီမန်ကိုက ပြောကြားခဲ့သည်။ ကွန်ဂိုမြောက်ပိုင်းသုံး ဘာသာစကားအရ ကြယ်များ၏အလင်းရောင်ဟု အဓိပ္ပာယ်ရသော စကားလုံး၏ အသံထွက်အတိုင်း Way-C ဟု အမည်ပေးထားသော သင်ပုန်းကွန်ပျူတာကို ကွန်ဂိုသမ္မတနိုင်ငံ မြို့တော် ဘရက်ဇ်ဇာဗီးလ်နှင့် အခြားမြို့ကြီးများတွင် စတင်ရောင်းချနေပြီဟု သိရသည်။
Way-C ကို ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလကတည်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလကုန်တွင်မှ စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်း အခက်အခဲနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
အလျား ၇ ဒသမ ၄ လက်မ၊ အနံ ၆ ဒသမ ၇ လက်မ၊ အထူ လက်မ၀က်သာရှိသည့် ယင်းသင်ပုန်းကွန်ပျူတာမှာ အင်တာနက်ကို Wi-fi စနစ်ဖြင့် သုံးနိုင်မည်ဖြစ်ပြီး အချက်အလက် သိုမှီးနိုင်စွမ်းမှာ ၄ ဂီဂါဘိုက်ရှိသည်ဟု သိရသည်။
ဈေးနှုန်းမှာ ကွန်ဂိုဖရန့်ငွေအရ တစ်သိန်းခွဲကျသင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဖြင့် တွက်ပါက ၃၀၀ မျှ ကျသင့်မည် ဖြစ်သည်။ ယင်းသင်ပုန်းကွန်ပျူတာကို အနောက်အာဖရိက ၁၀ နိုင်ငံတွင် ရောင်းချသွား မည်ဖြစ်သလို ဘယ်လ်ဂျီယမ်၊ အိန္ဒိယ နှင့် ပြင်သစ်တို့ကိုပါ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြန့်ဖြူးကာ အနောက်တိုင်းမှ ထုတ်လုပ်သည့် သင်ပုန်းကွန်ပျူတာများနှင့် ယှဉ်ပြိုင်စေမည်ဖြစ်သည်။
Ref: AFP
ချစ်သူများနေ့(Valentine's Day)
ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး…
ချစ်သူများနေ့ ပေါ်ပေါက်လာပုံ
St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့(Valentine's Day)ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
သမိုင်းကြောင်း
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။
ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။
လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။
ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။
ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။
အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။
သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။ချစ်ကြသူတိုင်းချစ်မြတ်နိုးတတ်ကြပါစေ…။
ချစ်ခင်လေးစားသော

သင်ရိုးညွန်းတမ်းနှင့် Hidden Curriculum
ဒီနေ့ စီဒီစီ အထက်တန်းကျောင်းမှာ တနှစ်တာအတွင်း သင်ကြားခဲ့တဲ့ သင်ရိုးညွန်းတမ်းနှင့် ဆိုင်တဲ့ ဆွေးနွေးမှုလေး တခုကို စီဒီစီ ကျောင်းနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေရဲ့ ပညာရေးအကြံပေးပုဂ္ဂိုလ် ဆရာသိန်းနိုင်က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သင်ရိုးညွန်းတမ်း သင်ကြားပြီးမြောက်မှု၊ ကျောင်းသားများ၏ ကျောင်းသင်ခန်းစာ အပေါ် စိတ်ဝင်စားမှုနှင့် ဆရာတွေရဲ့ သင်ကြားမှု ပိုင်းဆိုင်ရာကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ကျောင်းတွင်း ဒီမိုကရေစီနဲ့၊ ကျောင်းသားဗဟိုပြု သင်ကြားရေးကို စတင်ပျိုးထောင်နေတဲ့ ရွှေ့ပြောင်းပညာရေးရဲ့ အနေအထားက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လွတ်လပ်တဲ့ ပညာသင်ကြားရေး စနစ်နဲ့အတူ ပါလာတဲ့ ကောင်းကျိုး ဆိုးကျိုးကလည်း၊ လာမည့်နှစ်တွေ အတွင်း မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာဖွယ်ရှိတဲ့ ကျောင်းသားဗဟိုပြု ပညာသင်ကြားအတွက် ရှေ့ဆောင်လမ်း ပြလို့တောင် ပြောလို့ရပါတယ်။
ရွှေ့ပြောင်းကျောင်းတွေမှာ သင်ကြားတဲ့ ပညာရေးနဲ့ ပတ်သတ်ပြီး နည်းနည်း တင်ပြချင်ပါတယ်။ ဆရာ တယောက်က စာသင်နှစ်အစမှာ တနှစ်အတွင်း၊ တလအတွင်း၊ တပတ်အတွင်း သင်ကြားမယ့် တနှစ်လုံးဆိုင်ရာ သင်ခန်းစာကို ကျောင်းအုပ်ချုပ်ရေးတွေဆီကို တင်ရပါတယ်။ ဆရာတွေ တင်လိုက်တဲ့ သင်ရိုးက ကျောင်းသားတွေ လိုက်နိုင်မှု၊ အခက်အခဲ စတာတွေကို ကျောင်းတာဝန်ရှိ သူတွေနဲ့ လစဉ် (သို့) နှစ်လ တကြိမ်ဆွေးနွေး ရပါတယ်။
သင်ကြားရေးမှာလည်း အချို့သင်ရိုးညွန်းတမ်းတွေက မြန်မာနိုင်ငံမှာ သုံးနေတဲ့ သင်ရိုးညွန်းတမ်းတွေကို သင်ကြားနေပေမယ့် မတူတဲ့ နည်းစနစ်၊ ချဉ်းကပ်မှုတွေနဲ့ ကျောင်းသားဗဟိုပြုကို စမ်းသပ်လုပ် ဆောင်နေကြတာ နှစ်မနည်းတော့ဘူးလို့ ပြောလို့ရပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာကလေးတွေဘက်က ကြည့်ရင် အားနည်းချက်တွေ အများအပြားရှိသလို အားသားချက်တွေလည်း ရှိပါတယ်။ ဆရာတွေဘက်ကလည်း အားနည်းချက်တွေရှိသလို အားသာချက်တွေ အများအပြားရှိတာကို တွေ့ရပါတယ်။ ဒီနေ့ တွေ့လိုက်ရတဲ့ အားနည်းချက်က ကလေးတွေဟာ အင်္ဂလိပ် ဘာသာ စကားကို မြန်မာစာထက် ပိုမိုအားသန်ပြီးလေ့လာတာကို တွေ့ရပါတယ်။
လွတ်လပ်တဲ့ ပညာရေးစနစ်နဲ့ အတူပါလာတဲ့ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့်က မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ထက် အားသာချက်ရှိတာကို တွေ့ရပါတယ်။ ပြည်ပရောက်နေတဲ့ ကျနော်တို့တွေရဲ့ ဘ၀ကိုယ်တိုင်က အားနည်းချက်များစွာနှင့် ဖွဲ့စည်းထားတဲ့ ဘ၀တွေပါ။ အချို့ကလေးတွေက စနစ်ကျတဲ့ မိဘအုပ်ထိမ်းမှု အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေမဟုတ်တော့ အပြုအမူ ဆိုင်ရာ ယဉ်ကျေးမှုမှာ အားနည်းချက်ရှိတာကို တော်တော် တွေ့ရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ကျောင်းသားတွေရဲ့ အပြုအမူဆိုင်ရာကို ဆွေးနွေးကြတော့ လွတ်လပ်ပါတယ်ဆိုတဲ့ ကျောင်းတွေရဲ့ ပြဌာန်းချက်တွေမှာ ကလေးတွေကို သင်ပေးရမယ့် ပြည်သူ့နီတိ ဆိုတာ ပျောက်ကွယ်နေတာ တွေ့ရပါတယ်။ ပြည်သူ့နီတိ ဆိုင်ရာ ပြဌာန်းချက်များ မရှိတော့ ဆရာတွေက သင်ရိုးညွန်းတမ်း အပြင် သင်ခန်းစာ ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေ ဖြစ်လာပါတယ်။
ဆရာတဦးရဲ့ တာဝန်က သင်ရိုးညွန်းတမ်း အပြင် ကျယ်ပြန့်တဲ့ ဗဟုသုတ ရှိဖို့လိုအပ်လာပါတယ်။ ဥပမာ (Exploration and Trade) ဥရောပသားတွေရဲ့ စူးစမ်းရှာဖွေမှုနှင့် ကုန်သွယ်ရေး အကြောင်း သင်တော့မယ်ဆိုရင် အာရှကို ဥရောပ သားတွေ ဘယ်လို အကြောင်းတွေကြောင့် စိတ်ဝင်စားလာရ တာလဲဆိုတဲ့ အချက်အပြင်၊ ဘယ်အချိန်၊ ဘယ်လို အကြောင်း အရာတွေကြောင့် စိတ်ဝင်စားလာရသလဲ ဆိုတာ ဆရာအနေနဲ့ သိသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။
ဥရောပသားတွေ အရှေ့အိန္ဒိယကျွန်းစု ကိုဘာကြောင့် စိတ်ဝင်စားလာရတာလဲ အပြင် ခရူးဆိတ်စစ်ပွဲ (ဘာသာရေး စစ်ပွဲ ပေါ်ပေါက်ပုံ) စတာတွေကို ဆရာက သိဖို့လိုအပ်လာပါတယ်။ ဒီအကြောင်း အရာတွေက ဆက်စပ်ဖြစ်ပေါ်နေတာတွေ ဖြစ်ပါတယ်။ ဒါတွေက ဆရာ တဦးအနေဖြင့် သိကိုသိရမယ့် အချက်တွေ ဖြစ်ပါ။ ဥရောပသားတွေရဲ့ ကုန်သွယ်ရေးနှင့်အတူပါလာမယ့် သာသနာပြုမှု၊ အာရှမှာ ယဉ်ကျေးမှု ဘယ်လို ဖြစ်ပေါ်ခဲ့ပုံ၊ စတာတွေက သမိုင်းဆရာ သိရမယ့်အချက်အလက်တွေ ဖြစ်ပါတယ်။
အမှန်တကယ်ဆိုရင် ဆရာဆိုတာ တာဝန်အကြီးဆုံး ပြည်သူ့ဝန်ထမ်းတွေ ဖြစ်သင့်ပါတယ်။
ပြည်သူ့နီတီဆိုင်ရာ ပြဌာန်းချက်များ သီးသန့်မရှိတော့ ဆရာတွေ အားလုံးဟာ ကလေးတွေ အနာဂတ်မှာ နိုင်ငံ့သားကောင်း တွေဖြစ်လာဖို့၊ ပြည်သူ့နဲ့ဆိုင်တဲ့ သိသင့်တဲ့အချက်တွေ၊ လူတဦးချင်းစီရဲ့ တာဝန်နဲ့ ၀တ္တရားတွေကို ဆရာတွေက တာဝန်ယူ သင်ကြားပေးသင့်ပါတယ်။ မြန်မာနိုင်ငံက ပြဌာန်း သင်ရိုး ညွန်းတမ်းတွေထက် ရှေ့လျှောက်ရမယ့် ဘ၀ခရီးတွေ အတွက်ပြင်ဆင် ပေးသင့်တယ်လို့ ယူဆမိပါတယ်။
မြန်မာနိုင်ငံ ကလေးတွေက အထက်တန်း အောင်မြင်ပြီးရင် ဆေး၊ စက်မှု၊ ကွန်ပျူတာ၊ ဘာသာဗေဒ၊ ၀ိဇ္ဖာဘာသာရပ်၊ ဥပဒေ စတာတွေကို လေ့လာဖို့ ရည်မှန်းချက်တွေ ထားနိုင်ပေမယ့် ရွေ့ပြောင်းမြန်မာ ကလေးတွေက အထက်တန်း အောင်ပြီး ရှေ့လျှောက်ရမယ့် ခရီးက စက်ရုံလုပ်သား၊ ဒါမှမဟုတ်၊ တော်လှန်ရေးနဲ့ နီးစပ်တဲ့ ကလေးတွေက တော်လှန်ရေးထဲကို ၀င်ရာက်ကြပါတော့တယ်။
မိမိနိုင်ငံထဲမှာ ပညာသင်ကြားခွင့် မရခဲ့တဲ့ ကလေးတွေကို မိမိတို့လူမျိုးနဲ့ သက်ဆိုင်တဲ့ ဓလေ့ထုံးတမ်း စဉ်လာတွေ၊ အယူအဆတွေ၊ စကားပုံတွေ၊ သဘာဝ ရေမြေ တောတောင် စတဲ့အကြောင်းတွေကို ဆရာတွေ အနေဖြင့် စာသင်ခန်းတွင်းမှာ အချိန်ရသလောက် ပြောဆိုပေးသင့်ပါတယ်။ လူသားတယောက် အဖြစ်ကျင်လည်ရတဲ့အခါ လိုအပ်မယ်ထင်တဲ့ လူသားတဦးရဲ့ တာဝန်နဲ့ ၀တ္တရား၊ လူ့အဖွဲ့အစည်း၊ မိမိလူမျိုးစုနှင့် နိုင်ငံအပေါ် စောင့်သိရမယ့် တာဝန်တွေကို ကျောင်းသင်ခန်းစာနဲ့ အပြိုင် သင်သင့်တယ်လို မြင်မိပါတယ်။
ဆရာတဦးက ကလေးတွေ မယဉ်ကျေးတာ ကျောင်းရဲ့ အဖြပဲလို့ ပြောဖူးပါတယ်။ ဆရာပြောတဲ့ အချက်က ကလေးတွေ မယဉ်ကျေး တာဟာ ငယ်ငယ်ကတည်းက တနှစ်မှာ ရက်ပေါင်း ၂၀၀ လောက်သင် ကြားနေရတဲ့ ဆရာတွေမှာ တာဝန်ရှိတယ်လို့ ထောက်ပြလိုက်တဲ့ သဘောတွေ့ရပါတယ်။
ဆရာတွေဟာ ကျောင်းသင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ အပြင်၊ နိုင်ငံသားကောင်း တဦးနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရား တွေကို ယေဘူယအား ဖြင့်သိသင့်တဲ့ အချက်တွေလို့ မြင်မိပါတယ်။
ကျနော်တို့ဆရာတွေ အများစုက အတုယူဆရာအကြောင်း ကလေးတွေကို ပြောကြမယ်ဆိုရင် ခေတ်ဟောင်းစာပေ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်တွေ အကြောင်းပဲ ပြောကြတာများပါတယ်။ ဒါအပြင် အညတရ လူမသိသူမသိတဲ့ အကြောင်းအရာတွေကကော ကလေးတွေအတွက် အတူယူစရာ မဖြစ်နိုင်ဘူးလား စတဲ့အချက်တွေ ကိုလည်း ဆရာတွေနေနဲ့ စဉ်းစားသင့်ပါတယ်။
အတုယူစရာ အကြောင်းတွေ ကိုပြောရင်းနဲ့ လူ့အဖွဲ့ အစည်းမှာ မိမိတာဝန်ယူနိုင်တဲ့ နေရာက တာဝန်ယူတတ်အောင် အကြောင်းအရာ လေးတခုကို ပြောဖူးပါတယ်။ ဘန်ကောက်မှာ အထက်တန်း တက်နေတဲ့ ကလေး တယောက်အကြောင်း ပြောဖူးပါတယ်။ သိပ်ကြီးကျယ်တဲ့ အကြောင်းအရာ မဟုတ်ပေမယ့် ကလေးတွေရဲ့ စိတ်ဓါတ်ခွန် အားကို အားပေးနိုင်တဲ့ အတုယူစရာ လို့ထင်မြင်ကြောင်း ကလေးတွေဘက်က မှတ်ချက် ပေးခဲ့ကြပါတယ်။
ဘန်ကောက်မြို့တော်ဆိုတာ ယဉ်အသွားအလာ အရမ်းများတဲ့၊ ကမ္ဘာပေါ်မှာ လူနေထူထပ်မှု အများဆုံး မြို့တော်တခု ဖြစ်ပါတယ်။ ဆူခွန်ဆိုတဲ့ အထက်တန်း ကျောင်းသားလေးဟာ မိသားစုဝင်တွေဆီက သူမုန့်ဖိုးရတဲ့ ပိုက်ဆံကို စုပြီး စက်ဘီး တစီးနဲ့ အရေးပေါ် သူနာပြုမှု အတွက် လိုအပ်တဲ့ ဆက်စပ် ပစ္စည်းတွေကို ၀ယ်ယူပြီး ညနေကျောင်းဆင်းချိန်းမှာ သူနေထိုင်ရာ မြို့နယ်ထဲက ကားလမ်းပေါ် အဝေးပြေးလမ်းပေါ်မှာ တနေ့ကို လေးနာရီ အလုပ်လုပ်ပါတယ်။
မတော်တဆမှုဖြစ်တဲ့နေရာကို သူနာပြုဆေးရုံကားတွေ မရောက်မီ အရောက်သွားပြီး ရှေးဦးသူနာ ပြုမှုတွေနဲ့ ကူညီပေးနေတဲ့ အထက်တန်း ကျောင်းသား ကလေးဖြစ်ပါတယ်။ ဆူခွန်ဟာ ဒီအလုပ်ကို မလုပ်မီကတည်းက သူ့ရဲ့ မြို့နယ်ထဲမှာရှိတဲ့ ဆေးခန်း၊ ဆေးရုံ၊ အရေးပေါ်ဌာန၊ ရဲစခန်း စတာတွေနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို စာအုပ်တအုပ်နဲ့ မှတ်သားထားပါတယ်။
ကျောင်းဆင်းချိန် စက်ဘီးလေးကိုစီး၊ စက်ဘီးနောက်က ကယ်ရီယာပေါ်မှာ ရှေးဦးသူနာပြု ပစ္စည်းတွေ တင်ပြီး အလုပ်ရှုပ်နေတာကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ထိုင်းနိုင်ငံက နာမည်ကျော် ရုပ်သံလှိုင်းတခုမှာ တိုက်ရိုက် ထုတ်လွှင့်သွားတာ လူကြိုက်အများဆုံး တိုက်ရိုက်ထုတ်လွှင့်မှု အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေ ထားလို့မရနိုင်တဲ့ ကျနော်တို့ရဲ့ ရွှေ့ပြောင်းကလေးတွေ အတွက် ဒီလိုအညတရ ကလေးတွေရဲ့ သူနေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ယူ လုပ်ဆောင်ချက် လေးတွေဟာ သင်ရိုးညွန်းတမ်း အပြင် နောက်ကွယ်က ဖုံးကွယ်နေတဲ့ သင်ရိုးအဖြစ် သင်ကြားမသင့် ဘူးလားလို့ တွေးမိပါတယ်။
လှရွှေ
ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။
၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။
၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။
၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။
၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။
၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။
၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။
၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။
Sources; The 10 Most Educated Countries in the World
သုတေသနစာတမ်း ပြုစုခြင်းဆိုင်ရာ အခြေခံလမ်းညွှန် (မူကြမ်း)
သုတေသနလုပ်ငန်း
ပြဿနာတရပ်၊ အကြောင်းရပ်တခုခုကို ထဲထဲဝင်ဝင်စနစ်တကျလေ့လာကာ ဆန္ဒစွဲ ( Subjectivism ) ကိုအခြေမခံဘဲ အချက်အလက် သို့မဟုတ် အကြောင်းအရာအရ ပကတိတွေ့ရှိချက် (Objective Factors ) အပေါ်အခြေခံလျှက် ကျိုးကြောင်းကျကျ သုံးသပ် ( Analysis) ကာ နိဂုံးချုပ်အဖြေတရပ်ရပ်ကို ရှာဖွေ ဖေါ်ထုတ်သည့် လုပ်ငန်းဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများအားလုံးမှာပင် သုတေသနလုပ်ငန်းများကို လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးအတွက် လုပ်ဆောင်လျှက်ရှိသည်။ လူ့ အဖွဲ့အစည်းကို လက်ရှိအဆင့် တဆင့်မှနောက်တဆင့်သို့ တိုးတက်သွားစေနိုင်ရန်မှာ သုတေသနလုပ်ငန်းသည် နှလုံးသည်းပွတ်သဖွယ် အရေးပါလှပေသည်။သုတေသနလုပ်ခြင်း၏ အကျိုးရလာဒ်
သုတေသနပြုသူအနေဖြင့် အကြောင်းရပ်တခုခုကို စူးစိုက်လေ့လာတတ်သည့်အလေ့အထကို ရသွားစေသည်။
မိမိတသက်တာဘ၀တွင် မည်သည့်အကြောင်းရပ်တခုခုကိုဖြစ်စေ အသေအချာ၊ ပြည့် ပြည့်စုံစုံ၊ စနစ်တကျ လေ့လာပြီးမှ ရေး၊ ပြော၊ သုံးသပ်၊ အဖြေထုတ်သည့် အကျင့်ကောင်းကို ပြုစုပျိုးထောင်သည့် သဘောသက် ရောက်သည်။ ရှုဒေါင့်အသွယ်သွယ်မှ လေ့လသုံးသပ်ရခြင်းမျိုးဖြစ်သဖြင့် ဗဟုသုတတိုးပွားရုံသာမက အမြင် ကျယ်စေသည့်အပြင် ရင့်ကျက်တည်ငြိမ်မှုကို ရရှိစေသဖြင့် သုတေသနပြုသူအတွက် အကျိုးရှိသည်။ ထို့အပြင် သုတေသနပြု၍ရရှိသော ရလာဒ်ကို လူ့အဖွဲ့အစည်းအတွက် အသုံးချနိုင်သောကြောင့် အများအတွက်လည်း အကျိုးရှိသည်။
ယုံကြည်မှု
အကြောင်းရပ်တခုခုကို သုတေသနပြုလုပ် နိုင်စွမ်းရှိသည်ဟူ၍ မိမိကိုယ်ကိုမိမိ ယုံကြည်မှုတည်ဆောက်ရန် လိုသည်။ မြန်မာနိုင်ငံ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကို စနစ်တကျအဆင့်ရှိရှိ တိုးမြှင့်သွား
စေနိုင်ရန်မှာလည်း သုတေသနလုပ်ငန်းမှာ လိုအပ်ချက်တရပ်ဖြစ်လာကြောင်း တွေ့ မြင်နိုင်ပေသည်။ လူထု ရင်ဆိုင်ကြုံတွေ့နေရသော ပြသနာများမှာ မည်သည့်အခြေခံကစပြီး ပေါ်ပေါက်လာသည်။ မည်သည့်အကြောင်း ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သည့်လူမှုပတ်ဝန်းကျင် အခြေခံအချက်များက ချုပ်ကိုင်လွှမ်းမိုး ချယ်လှယ်လျှက်ရှိသည်။ မည်ကဲ့သို့ သော ဥပဒေပြဌာန်းချက်များ၊ နိုင်ငံရေးအကြောင်းခံများက လူထု၏ မည်သည့် ပြဿနာကို မည်သို့ ကြီးထွားလာစေသည်။ မည်သို့ လျော့ပါးသွားစေသည်။ စသည့်အချက်များကို ထဲထဲဝင်ဝင် သိမြင်လာအောင် လူထုကိုယ်တိုင်က ကြိုးစားရန် လိုအပ်လာသည်။
သို့ ဖြစ်၍ အခြေခံသုတေသနလုပ်ငန်းများ လုပ်ကိုင်ကာ လူထုရင်ဆိုင်နေရသော ပြသနာများကို စနစ်တကျ သိရှိဖေါ်ထုတ်နိုင်အောင် ကြိုးစားခြင်း၊ ဖေါ်ထုတ်နိုင်လာသော တွေ့ရှိချက် အမှန်တရားများကို ပြည်တွင်းနှင့် နိုင်ငံတကာက လက်ခံလာအောင်ဖြန့်ဝေခြင်းများဖြင့် လက်ရှိဝိုင်းဝန်းကြိုးပမ်းနေကြသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကို အရှိန်တိုးမြှင့်ပေးသွားစေရန်တို့ဖြစ်သည်။ တိုးတက်ဖွံ့ ဖြိုးသော အနာဂါတ် ပြည်ထောင်စုနိုင်ငံကို မြှော်မှန်း၍လည်း လူထုအကြားတွင် အခြေခံအုတ်မြစ်ကောင်းကို ချမှတ်နိုင်စေရန်ဖြစ် သည်။ ငါတို့ နိုင်ငံ ဒီမိုကရေစီရရင် အားလုံးပြေလည်သွားလိမ့်မည်ဟူ၍ ခပ်လွယ်လွယ်သုံးသပ်သော စိတ်ကူး အိပ်မက်များမှ နိုးထရန်လိုအပ်လာသည်။ မိမိတို့လူ့အဖွဲ့အစည်း၏ အရင်းခံပြဿနာများ၊ ယင်းပြဿနာများကို ပြေလည်စေနိုင်မည့် အနေအထားများအကြောင်းကို စနစ်တကျသိရှိအောင် မိမိတို့ကိုယ်တိုင် ကြိုးစားကြရ တော့မည်ဖြစ်သည်။
သို့ ဖြစ်လျှင် လူထုအတွင်းမှ တစုံတရာအခြေခံကောင်းပြီး လူထု၏ပြဿနာများကို ဖြေရှင်းရန်စိတ်ဝင်စါးမှု ရှိသော ပုဂ္ဂိုလ်များအနေဖြင့် အခြေခံသုတေသနလုပ်ငန်းများကို လေ့လာလုပ်ဆောင်လာကြမည်ဆိုလျှင် လူ့ အဖွဲ့အစည်းအတွက် အကျိုးရှိနိုင်မည်ဖြစ်သည်ဟူသည့် အချက်အပေါ်ယုံကြည်မှုရှိရန် လိုအပ်ပေသည်။
သုတေသနအလုပ်ဟာ ပညာရှင်တွေအလုပ်ဘဲ၊ ငါလုပ်လို့ မဖြစ်ဘူးထင်တယ်ဟု မိမိကိုယ်ကိုမိမိ ယုံကြည်မှု ကင်းမဲ့နေသမျှကာလပတ်လုံး အောင်မြင်မှုရနိုင်မည် မဟုတ်ပါ။ ဖြစ်မှဖြစ်ပါ့မလားဟု ချီတုံချတုံ မ၀ံ့မရဲ ဖြစ်
နေမည့်အစား၊ ဖြစ်ကိုဖြစ်ရမည်၊ ဖြစ်အောင်ကြိုးစါးမည်၊ ငါ့ဘ၀အတွက်၊ လူ့အခွင့်အရေးလှုပ်ရှားမှုကြီးအတွက် မှတ်တိုင်တခု ဖြစ်စေရမည်ဟုပိုင်းဖြတ်ကာ ဇွဲလုံးလကြီးကြီးထား၍ ဇောက်ချလုပ်ဆောင်သွားမည်ဆိုလျှင် မုချ အောင်မြင်နိုင်ပေသည်။
လေ့လာမှု
ယုံကြည်မှုရှိသော်လည်း ပြင်းပြင်းထန်ထန်လေ့လာမှုမရှိလျှင် သုတေသနလုပ်ငန်းသည် မအောင်မြင်နိုင်ပါ။ မိမိ သုတေသနပြုရန်ရွေးချယ်ထားသည့် အကြောင်းရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းမှန်သမျှကို ရှာဖွေဖတ်ရှုခြင်း၊ တတ်ကျွမ်းနားလည်နိုင်မည့် ပုဂ္ဂိုလ်များထံမှာမေးမြန်းခြင်း၊ မိတ်ဆွေများထံမှ အကြံဥာဏ်တောင်းခံရယူခြင်း၊ မိမိ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်လေ့လာခြင်း၊ စသဖြင့်နည်းလမ်းမျိုးစုံကို အသုံးချကာ သုတေသနလုပ်ငန်း မစတင်မီ မှာပင် မိမိသုတေသနပြုမည့် အကြောင်းရပ်သက်သက်နှင့်သက်ဆိုင်သည့် ( Conceptual Framework ) အခြေ ခံအမြင်အယူအဆကို ရှာဖွေထားရန် သို့မဟုတ် (Hypothesis) တွေးမြင်ပုံဖေါ်မှု ပြုထားရန်လိုပါမည်။
အခြေခံ အမြင်အယူအဆနှင့် တွေးမြင်ပုံဖေါ်မှု
သာဓကအားဖြင့်  ကျေးရွာတရွာ သို့မဟုတ် ဒေသတခု၏ တိုးတက်ဖွံ့ ဖြိုးမှုကို လေ့လာသုံးသပ် သုတေသနပြု မည်ဆိုကြပါစို့။ အဆိုပါကျေးရွာ သို့ မဟုတ် ဒေသကို လက်တွေ့မလေ့လာမှီ တိုးတက်ဖွံ့ ဖြိုးမှုဟူသော ဝေါဟာရ နှင့် သက်ဆိုင်နိုင်သည့် ရှင်းလင်းဆွေးနွေးချက်မှန်သမျှကို လေ့လာရန်လိုအပ်လာသည်။ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ
ဘာလဲ။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်စာတမ်းများ၊ ဥပဒေများမှာ တိုးတက်ဖွံ့ ဖြိုးမှုနှင့် ပတ်သက်၍ မည်သို့ ပါရှိသလဲ။ တိုးတက်ဖွံ့ ဖြိုးမှုကို မည်သည့်ပညာရှင်များက မည်သို့အဓိပါယ် ဖွင့်ဆိုကြသလဲ။ မည်သို့ သော အခြေအနေရောက်မှ တိုးတက်ဖွံ့ ဖြိုးတယ်လို့ ဆိုနိုင်မလဲ။ တိုးတက်ဖွံ့ ဖြိုးမှုကို လုပ်ဆောင်တဲ့ နည်းလမ်း တွေက ဘာတွေလဲ။ ဘယ်သူတွေက လုပ်ဆောင်ခွင့်ရမှသာ တိုးတက်တယ်လို့ ပြောနိုင်မလဲ။ ဘာကြောင့်လဲ။ စီးပွားရေးအရ တိုးတက်မှုဆိုတာဘာကို ပြောတာလဲ။ အခွင့်အလန်းနှင့် အခွင့်အရေးများအရ တိုးတက်မှုမရှိဘဲ စီးပွားရေးတိုးတက်ရုံနဲ့  လူ့ အဖွဲ့အစည်းတရပ်ကို တိုးတက်တယ်လို့ ပြောနိုင်ပါ့မလား။ တိုးတက်ဖွံ့ ဖြိုးရေးကိစ္စ
မှာမြန်မာနိင်ငံရဲ့  တည်ဆဲဥပဒေတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ။ လူမှုဓလေ့ထုံးတမ်း ပတ်ဝန်းကျင်တွေ က တိုးတက်ဖွံ့ ဖြိုးမှုကို အဟန့်အတားပြုတာရှိသလား။ နိုင်ငံရေးစနစ်ပြောင်းသွားပြီဆိုရင် တိုးတက်နိုင်ပြီလား။ စသည်ဖြင့် တိုးတက်ဖွံ့ ဖြိုးမှုနှင့်စပ်ဆိုင်မည့် အကြောင်းအရာမှန်သမျှကို ကြိုတင်လေ့လာ ဖတ်ရှုထားရန်၊ မိမိ၏ အမြင်ကိုရှင်းအောင် ပြုလုပ်ထားရန်၊ တိုးတက်ဖွံ့ ဖြိုးမှုနှင့်စပ်လျှဉ်း၍ မိမိလက်ခံနိုင်မည့် အခြေခံအမြင်အယူအဆ ကို ရှာဖွေထားရန် ဖြစ်ပါသည်။
သုတေသနလုပ်ငန်း မစတင်မီမှာပင် လူ့အဖွဲ့အစည်း၌ မည်သို့သော အခြေအနေများတည်ရှိလာလျှင် တိုးတက်ဖွံ့ဖြိုးမှုရှိနိုင်မည်ဟူ၍ မိမိကိုယ်တိုင် လက်ခံနိုင်မည့်တွေးမြင်ပုံဖေါ်မှုကို ပြုထားရန်လိုပါမည်။ ယင်း အမြင်အယူအဆ သို့ မဟုတ် တွေးမြင်ပုံဖေါ်ထားမှုအခြေခံဖြင့် မိမိရွေးချယ်ထားသောကျေးရွာ သို့ မဟုတ် ဒေသ၏ တိုးတက်ဖွံ့ ဖြိုးမှုကို သုတေသနပြုသွားရန်ဖြစ်သည်။ ယင်းမှာ လူ့ အဖွဲ့ အစည်းကို လေ့လာသော လူမှုဗေဒသုတေသန(Sociological Research )လုပ်ငန်းများတွင် အခြေခံအားဖြင့် လုပ်ဆောင်လေ့ရှိကြသော နည်းနာဖြစ်ပါသည်။
သိပြီးသားအကြောင်းအရာကို ခိုင်မာစေရေးအတွက် သက်သေအထောက်အထားရှာဖွေခြင်း
သာဓကအားဖြင့် သုတေသနစာတမ်းခေါင်းစဉ်မှာ “မြန်မာနိုင်ငံ …. မြို့နယ်အတွင်း အေအိုင်ဒီအက်စ်ရောဂါ ပြန့်
ပွားရသည့် နောက်ခံအကြောင်းခြင်းရာများကို လေ့လာသုတေသနပြုခြင်း” ဖြစ်သည်ဆိုကြပါစို့။ ယင်းကို လေ့ လာ သုတေသနပြုရာ၌ အထောက်အပံ့ရစေမည့် သုတေသနမေးခွန်း ( Research Question ) တရပ်မှာ အေအိုင် ဒီအက်စ်ရောဂါ ပြန့် ပွားမှုကို အားပေးသည့်၊ လွှမ်းမိုးချုပ်ကိုင်သည့် လူမှုစီးပွားရေးပတ်ဝန်းကျင်များမှာ အဘယ်နည်းဟူသော မေးခွန်းဖြစ်နိုင်ပါသည်။ အဆိုပါ သုတေသနမေးခွန်း၏ အဖြေကိုရှာဖွေခြင်းမှာ လူမှုဗေဒသုတေသနလုပ်ငန်း ဖြစ်ပါသည်။
“အာဏာရှင်စနစ်၏ လွှမ်းမိုးချူပ်ကိုင်မှုအောက်တွင် ပေါ်ပေါက်လာသည့် လူမှုစီးပွားရေး အကြပ်အတည်းများ
ကြောင့် အမျိုးသမီးငယ်များမှ မိမိကိုယ်ကို နည်းလမ်းမျိုးစုံဖြင့် ရောင်းစားကြရသဖြင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်
ပွားရခြင်းဖြစ်သည်” ဟူသည့်အဖြေကို ကြိုတင်၍ မိမိဦးခေါင်းထဲတွင် မှန်းဆထည့်ထားကာ ယင်းကိုအထောက်
အပံ့ ဖြစ်စေမည့် အချက်အလက်များကို လိုက်လံရှာဖွေလေ့လာသူများကို တွေ့ဖူးပါမည်။ ယင်းမှာ သုတေသန လုပ်ငန်းမဟုတ်ပါ။ ယင်းလုပ်ငန်းမှပေါ်ထွက်လာသည့် စာတမ်းတစောင်မှာ အစီရင်ခံစာတော့ ဖြစ်နိုင်ပါသည်။ သုတေသန စာတမ်းတစောင်တော့ မဖြစ်နိုင်ပါ
မသိရှိသေးသော အကြောင်းအရာတရပ်ရပ်ကို ရှာဖွေဖေါ်ထုတ်ခြင်း
သုတေသန လုပ်ငန်း၏သဘောမှာ မသိသေးသောအကြောင်းအရာကို ရှာဖွေဖေါ်ထုတ်ခြင်း (Explore) ဖြစ် ပါသည်။ အထက်ပါစာတမ်း၌ အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားရသည့် နောက်ခံအကြောင်းများကို အခြားပုဂ္ဂိုလ် များ၊ လေ့လာသူများက မှန်းဆအဖြေထုတ်ရေးသားထားသော စာတမ်းများ၊ အစီရင်ခံချက်များ ရှိနိုင်ပါသည်။ မိမိ၏ သုသေသနလုပ်ငန်းတွင် အထောက်အပံ့ ရစေရေးအတွက် အဆိုပါစာတမ်းများကို လေ့လာဖတ်ရှုနိုင်ပါ သည်။ သို့ရာတွင်အဆိုပါစာတမ်းများ၌ ထောက်ပြထားသောအဖြေများကို သုတေသနပြုသူအနေဖြင့် မိမိ၏ဦး ခေါင်းထဲတွင် ကြိုတင်မထည့်ထားရန်အရေးကြီးပါသည်။ အဖြေကို ကြိုတင်ထည့်ထားပြီး ယင်းအဖြေမှန်ကန် ကြောင်း အထောက်အထားလိုက်လံ ရှာဖွေနေသမျှကာလပတ်လုံး ယင်းမှာ သုတေသနလုပ်ငန်း မဟုတ်နိုင် တော့ပါ။
သုတေသနပြုသူအနေဖြင့် မိမိသိလိုသော သုတေသနမေးခွန်းအတွက် အဖြေသဘောဆောင်သည့် နိဂုံး ချုပ်ချက်မှန်သမျှကို မိမိ၏ဦးခေါင်းထဲမှ ထုတ်ထားရပါမည်။ မိမိသိလိုသော သုတေသနမေးခွန်းနှင့် စပ်လျှဉ်း၍ ဘာမျှမသိသေးဟူ၍ မိမိ၏တွေးခေါ်စဉ်းစားမှုကို အဖြူထည်သက်သက်ထားရှိရန် လိုပါမည်။ ယင်းအကြောင်း အရာကို စူးစိုက်လေ့လာကာ တစုံတခုကို တွေ့ရှိဖေါ်ထုတ်ခြင်းသည်သာ သုတေသနလုပ်ငန်းဖြစ်ပါသည်။
ဆန္ဒစွဲကင်းခြင်း
သုတေသနလုပ်ငန်း စတင်ပြီဆိုလျှင်ပင် သုတေသနပြုသူမှာ ဆန္ဒစွဲကင်းရန်လိုပါသည်။ မိမိသုတေသနပြုမည့် အကြောင်းအရာများ၊ ယင်းနှင့်စပ်ဆိုင်သောပုဂိုလ်များ၊ အချက်အလက်များ အားလုံးအပေါ်တွင် ဆန္ဒစွဲကင်းစွာ အရှိကိုအရှိအတိုင်း လက်ခံရန်လိုပါမည်။ ကြိုတင်ရှိထားသော အာဃာတများ၊ မလိုမုန်းထားမှုများ (Prejudice) ကို မိမိ၏ဦးခေါင်းထဲမှ ဖယ်ထားရပါမည်။ အေအိုင်ဒီအက်စ်ရောဂါ ဘာ့ကြောင့်ပြန့်ပွားရသလဲဟူသော သုတေ သနမေးခွန်း အတွက်အဖြေကို လိုက်လံရှာဖွေရာ၌ စစ်အာဏာရှင်စနစ်ကြီးစိုးလွှမ်းမိုးနေသမျှ ဒီလိုရောဂါတွေ ရှိနေမှာဘဲ ဟူ၍ သုတေသနမပြုမီမှာပင် စစ်အာဏာရှင်စနစ်အပေါ်ကြိုတင်၍ အာဃာတများ၊ မလိုမုန်းထားမှု များရှိနေမည်ဆိုလျှင် ဆန္ဒစွဲရှိနေပြီဟုပြောနိုင်ပါသည်။ ဆန္ဒစွဲဖြင့် လေ့လာရေးလုပ်ငန်းကို ဆက်လုပ်သွားမည် ဆိုလျှင် သုတေသန လုပ်ငန်းမဖြစ်နိုင်တော့ပါ။
ဆိုလိုသည်မှာ မိမိလိုလားမြတ်နိုးလက်ခံနိုင်သူက လုပ်ဆောင်လျှင်ကောင်းမွန်သည့်လုပ်ငန်းဟုယူဆပြီး၊ မိမိမုန်းတီးရွံရှာသူက လုပ်ဆောင်သည့်လုပ်ငန်းမှန်သမျှကို မကောင်းသည့်လုပ်ငန်းဟု ယူဆခြင်းမှာ ဆန္ဒစွဲဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်သော သတင်းအချက်အလက်များကိုသာ လက်ခံပြီး၊ မိမိသဘောဆန္ဒနှင့် မကိုက်ညီသော သတင်းအချက်အလက်များကို လက်ခံရန်ငြင်းပယ်ခြင်းမှာ ဆန္ဒစွဲဖြစ်ပါသည်။ သတင်းအချက်အလက် များနှင့်စပ်လျှဉ်း၍ ဆန္ဒစွဲကင်းစွာ အရှိကိုအရှိအတိုင်း ပကတိကို ပကတိအတိုင်း လက်ခံရန်လိုပါသည်။ ယင်းသို့ လက်ခံရရှိသော ခိုင်မာသည့်သတင်းအချက်အလက်များကိုအခြေခံကာ ကျိုးကြောင်းဆီလျော်မှုရှိစွာ သုံးသပ်နိုင် မှသာလျှင် သုတေသနလုပ်ငန်း ဖြစ်နိုင်ပါသည်။
သုတေသနပြုသူ၏ ကိုယ်ကျင့်တရား (Morality)
သုတသနပြုသူတိုင်းသည် မိမိ၏သုတေသနလုပ်ငန်းနှင့် စပ်လျှဉ်း၍ ရိုးသားဖြောင့်မတ်မှုရှိရန် တနည်းအားဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ရန် လိုအပ်ပါသည်။ ဆိုလိုသည်မှာ မိမိသုတေသနပြုနေသော အကြောင်းအရာနှင့် စပ်လျှဉ်း၍ အခြားပုဂ္ဂိုလ်တဦးဦးက စုဆောင်းထားသောသတင်းအချက်အလက်၊ ရေးသားထားသော စာအုပ် စာတမ်းမှ ကိုးကားရယူထားသည်ဆိုလျှင် ယင်းသို့ကိုးကားထားကြောင်းကို မိမိ၏သုတေသနစာတမ်းတွင် အညွှန်း အတိအကျဖြင့် ရည်ညွှန်းဖေါ်ပြရန်လိုအပ်ပါသည်။ ယင်းသို့ မဟုတ်ဘဲ ကူးချထားခြင်းမှာ ခိုးချသည့် သဘော (Plagiarism) သက်ရောက်သဖြင့် သုတေသနပြုသူအနေဖြင့် ကိုယ်ကျင့်တရားပျက်ယွင်းရာ ရောက် ပါသည်။ မည်သည့်အခါတွင်မျှ ယင်းသို့ မလုပ်ဆောင်သင့်ပါ။
သတင်းအချက်အလက်များ
သုတေသနစာတမ်းတိုင်းတွင် ယေဘုယျအားဖြင့် မူရင်းသတင်းအချက်အလက်ကို ဖေါ်ပြရေးသားထားသော စာကြောင်းများ မုချပါရှိပါမည်။ ယင်းသို့ ပါရှိသည်ဆိုလျှင် ယင်းသတင်းအချက်ကို မည်သည့်နေရာမှရရှိသည် (Source of Information ) ဟူသည်ကို အောက်ခြေမှတ်စု(Foot Note) သို့မဟုတ် အဆုံးသတ်မှတ်စု (End Note) တွင် ဖေါ်ပြရပါမည်။ တွေ့ဆုံမေးမြန်းခြင်းများမှ ရရှိ သည်ဆိုလျှင် မည်သည့်နေ့က၊ မည်သူ့ကို၊ မည်သည့် နေရာတွင် တွေ့ဆုံမေးမြန်း ပြီးရရှိကြောင်း ဖေါ်ပြရပါမည်။ အခြားစာစောင်၊ စာအုပ်စာတမ်းများမှ ရရှိသည် ဆိုလျှင် အဆိုပါစာစောင်၊ စာအုပ် စာတမ်းနှင့်ပတ်သက်၍ ရည်ညွှန်းချက်အပြည့်အစုံကို ဖေါ်ပြရပါမည်။
သတင်းအချက်အလက်များအပေါ် ခိုင်လုံမှုကိုစစ်ဆေးခြင်း
ဖြစ်ရပ်တခုကို ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကြုံတွေ့ ရသူများထံမှ တိုက်ရိုက်ရရှိသော သတင်း အချက်အလက်များမှာ မူရင်းသတင်းအချက်များဖြစ်ပါသည်။ သုတေသနစာတမ်း၏ ခိုင်လုံမှုမှာ မူရင်းသတင်း အချက်များကို မည်မျှအထိ တိကျမှန်ကန်စွာ စုဆောင်းနိုင်သည်ဟူသည့်အပေါ် ရာနုန်းအများစုမူတည်ပါသည်။ မိမိတွေ့ဆုံမေးမြန်းလိုက်သော ပုဂ္ဂိုလ်တဦးတည်းထံမှ မူရင်းသတင်းအချက်အလက် တခုတည်းရရှိရုံဖြင့်လည်း ယင်းသတင်းကို ခိုင်လုံပြီဟုယူဆလက်ခံရန် မဖြစ်နိုင်သေးပါ။ အခြားသတင်းရင်းမြစ်များမှ ရရှိနိုင်မည့်သတင်း များနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ခိုင်လုံမှုရှိမရှိ ဆုံးဖြတ်ရန်ဖြစ်သည်။ ခိုင်လုံမှုရှိသည်ဟု သုံးသပ်လက်ခံထား ပြီးသော သတင်းအချက်အလက်များကိုသာ သုတေသနစာတမ်းတွင် ထည့်သွင်းဖေါ်ပြရန်ဖြစ်ပါသည်။
စာတမ်းအမှတ်အသားများမှာလည်း မူရင်းသတင်းအချက်အလက်များ ရနိုင်ပါသည်။ သာဓကအားဖြင့် “ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ အမျိုးသားရေးလှုပ်ရှားမှုများကို လေ့လာသုတေသနပြုမည်” ဆိုပါစို့။ ၄င်းကိုယ်တိုင်ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းဒိုင်ယာရီ၊ ၄င်း၏ပေးစာများ၊ ပြောကြားခဲ့သော မိန့်ခွန်းများ၊ ကိုယ်တိုင်ရေး အတ္တုပတ္တိပါ အကြောင်းအရာများသည် မူရင်းသတင်းအချက်အလက်များဖြစ်ပါသည်။ စောဘဦး ကြီးအကြောင်း အခြားပုဂ္ဂိုလ်များကရေးသားခဲ့သော အကြောင်းအရာများသည် ဒုတိယ အဆင့်သတင်းအချက် အလက်များ ဖြစ်သည်။ သုတေသန ပြုရာတွင်မူရင်း သတင်းအချက်အလက်များကို ရနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ မူရင်းသတင်းအချက်အလက်ကို လုံးဝမရနိုင်သည့်အခါမှသာ ဒုတိယအဆင့် သတင်းအချက်အ လက်များကို ကိုးကားသင့်သည်။
နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းတရပ်ရပ်နှင့် ပတ်သက်သောအကြောင်းအရာတခုခုကို သုတေသနပြုမည်ဆိုလျှင် ထိုအကြောင်းအရာနှင့်စပ်လျှဉ်း၍ အဆိုပါ ပါတီအဖွဲ့ အစည်းခေါင်းဆောင်များ ပြောကြားသွားခဲ့ သည့် မိန့် ခွန်းများ၊ ၄င်းပါတီ အဖွဲ့ အစည်းမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းများ၊ တွေ့ဆုံမေးမြန်းဖြေကြားမှုများသည် မူရင်းသတင်းအချက် အလက်များဖြစ်သည်။
ကျေးရွာများအတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုကို သုတေသနပြုမည်ဆိုလျှင် ရွှေ့ပြောင်းခံရသောရွာတွင် နေထိုင်ခဲ့သည့် ရွာသားများနှင့် တွေ့ ဆုံမေးမြန်းရရှိသော သတင်းအချက်အလက်များ၊ ထိုသို့ ရွာများရွှေ့ ပြောင်းပေးရန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သောအမိန့်စာများ၊ ရွာများရွှေ့ပြောင်းစဉ်က အကြောင်းကိစ္စ တရပ်ရပ်ဖြင့် အဆိုပါရွာသို့ ရောက်ရှိသွားပြီး မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရသူများ၏ ပြောကြားချက်များသည် မူရင်းသတင်းအချက်အလက်များဖြစ်သည်။ ထိုသို့ရွာရွှေ့ပြောင်းသည့်ကိစ္စကို ဓါတ်ပုံနှင့်တကွ သတင်းစာ တွင် ဖေါ်ပြပါရှိသောသတင်းများ၊သတင်းထောက်များကရေးသားကြသော ဆောင်းပါးများသည် ဒုတိယအဆင့်သတင်း အချက်အလက်များ ဖြစ်သည်။
မြန်မာနိုင်ငံ၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းဟူသောခေါင်းစဉ်ဖြင့် သုတေသန ပြုမည်ဆို လျှင် သတင်းစာဆရာတဦးနှင့် တွေ့ဆုံမေးမြန်းရရှိချက်များသည် မူရင်းသတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများဆိုင်ရာ ဥပဒေသည် မူရင်းသတင်းဖြစ်သည်။ ယင်းဥပဒေကိုကိုးကား၍ နိုင်ငံသားတဦးကို အရေးယူလိုက်သော တရားရုံး၏ဆုံးဖြတ်ချက်သည် မူရင်းသတင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် နှင့် စပ်လျှဉ်း၍ နိုင်ငံအာဏာပိုင်များ၏ ပြောကြားချက်များသည် မူရင်းသတင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ သတင်း စာ အယ်ဒီတာအာဘော်အခန်းတွင် ဝေဘန်ရေးသားချက်များသည် မူရင်းသတင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းနှင့်စပ်လျှဉ်း၍ နိုင်ငံခြားသတင်းထောက်တဦး က ၄င်း၏ထင်မြင်ယူဆချက်ကို ပြောဆိုမည်ဆိုလျှင် ဒုတိယအဆင့် သတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများဆိုင်ရာ ဥပဒေနှင့်စပ်လျှဉ်း၍ ပညာရှင်တဦးက ဝေဘန်ရေးသားသောဆောင်းပါးသည် ဒုတိယ အဆင့် သတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများဆိုင်ရာ ဥပဒေကိုကိုးကား၍ နိုင်ငံသားတဦးကို တရားရုံးကအရေးယူလိုက်ကြောင်း သတင်းစာတွင်ဖေါ်ပြပါရှိသော သတင်းသည် ဒုတိယအဆင့်သတင်း ဖြစ် သည်။ မြန်မာနိင်ငံအတွင်း၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့် ဆုံးရှူံးလျှက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေငြာချက်သည် ဒုတိယအဆင့် သတင်းဖြစ်သည်။ မြန်မာနိုင်ငံ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင်မှုများသည် မြန်မာနိုင်ငံပြည်သူများ၏ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ထိပါးလျှက်ရှိကြောင်း ထိုင်းနိုင်ငံဘန်ကောက်ပို့ စ် သတင်းစာကြီးတွင် ဖေါ်ပြပါရှိလာလျှင် ယင်းမှာ ဒုတိယ အဆင့်သတင်းဖြစ်သည်။
စပ်ဆိုင်ခြင်း ( Relevancy )
သုတေသနပြုရန်အတွက် စတင်သတင်းအချက်အလက် စုဆောင်းကထဲကပင် မိမိသုတေသနပြုသည့် အကြောင်းအရာနှင့် တိုက်ရိုက်စပ်ဆိုင်မည့် အချက်အလက်များကိုသာ စုဆောင်းရန်လိုပါမည်။ ပို၍ အရေး ကြီးသည်မှာ မိမိသိရှိလိုသောသုတေသနမေးခွန်းအတွက် အဖြေကိုရရှိနိုင်ရန် စဉ်းစားရာတွင် အထောက်အပံ့ ဖြစ်စေမည့်သတင်းအချက်အလက်များကိုသာ စုဆောင်းရန်၊ ယင်းသတင်း အချက်အလက်များကိုသာ မိမိ၏ သုတေသနစာတမ်းတွင် ဖေါ်ပြရန်အရေးကြီးပါသည်။ မဆိုင်သော သတင်းအချက်အလက်များကို လိုက်လံရှာ ဖွေ စုဆောင်းနေမည်ဆိုလျှင် အချိန်ကုန်လူပမ်းဖြစ်ရုံသာမက သုတေသနစာတမ်းတွင် အရေးအသားဖေါင်းပွ သည်မှလွဲ၍ မည်သို့မျှ အကျိုးမရှိနိုင်ပါ။
သုံးသပ်ဖေါ်ပြချက်များ ( Analysis )
သုတေသနစာတမ်းတွင် ဖေါ်ပြချက်များမှာ မူရင်းသတင်းအချက်အလက်များ မဟုတ်လျှင် သုံးသပ်ဖေါ်ပြချက် များ ဖြစ်ပါမည်။ သုံးသပ်ဖေါ်ပြချက်များမှာ မိမိကိုယ်တိုင်က သုံးသပ်ထားချက်များ ဖြစ်ရန်လိုပါမည်။ အခြားသူ များ၏အာဘော်ကို တပ်မံဖေါ်ပြချက်များ မဖြစ်သင့်ပါ။ ဆိုလိုသည်မှာ သတင်းအချက်အလက်များအပေါ် အခြေ ခံ၍ မိမိကိုယ်တိုင်၏ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ထားမှုများကိုသာ မိမိ၏သုတေသနစာတမ်းတွင် ထည့်သွင်းရေး သားရန်ဖြစ်ပါသည်။
သို့ ဖြစ်၍ မိမိ၏သုတေသနစာတမ်း (မူကြမ်း) တွင် ရေးသားထားသောစာကြောင်းတိုင်းကို အသေအချာထပ်မံ စီစစ်ရန် လိုအပ်ပါသည်။ စာကြောင်းတခုခြင်းစီမှာ မူရင်းသတင်းအချက်အလက်များ ဖြစ်သလား၊ သို့ မဟုတ် မိမိကိုယ်တိုင် သုံးသပ်ဖေါ်ပြထားသော သုံးသပ်ချက်များဖြစ်သလား ဟူ၍ ဖြစ်သည်။
တက္ကဗေဒ ( Logic ) အမှား
သတင်းအချက်အလက်များအပေါ် အခြေခံ၍ စနစ်တကျသုံးသပ်မှုများ လုပ်ဆောင်မှသာလျှင် သုတေသန ပြုသည့်လမ်းကြောင်းကို စတင်လျှောက်လှမ်းရာ ရောက်ပါသည်။ မည်သို့သုံးသပ်မည်နည်းဟူသည်မှာ အရေး ကြီးလာပါသည်။ ဤနေရာ၌ တက္ကဗေဒအမှားမျိုးကို ရှောင်ရှားရန်လိုလာပါသည်။ ဥပမာ အားဖြင့်ဆိုပါမည်။ လောကတွင် ကျီးကန်းအကောင်ပေါင်း သန်းနှင့်ချီ၍ ရှိနိုင်ပါသည်။ သုတေသနသမားက ကျီးကန်းများမှာ မည် သည့်အရောင်ရှိကြကြောင်း လေ့လာသည်ဆိုကြပါစို့ ။ ပထမတနေရာတွင် ရောက်ရှိသောအခါကျီးကန်း တ ကောင်ကို အဖြူရောင်အဖြစ်တွေ့ရသည်။ ဒုတိယ တနေရာကိုရောက်ရှိသောအခါတွင်လည်း နောက်ထပ် ကျီး ကန်းတကောင်ကို အဖြူရောင်အဖြစ်ပင် ထပ်မံတွေ့ရှိရပါသည်။ တတိယ တနေရာကိုရောက်ရှိသောအခါတွင် လည်းအလားတူ ကျီးကန်းမျိုးကိုပင် အဖြူရောင်အဖြစ် ထပ်မံတွေ့ ရှိရပြန်ပါသည်။ သုံးနေရာတွင် ကျီးကန်းသုံး ကောင်လုံးကို အဖြူရောင်အဖြစ်တွေ့ရှိလိုက်သောအခါ လောကတွင်ရှိသော ကျီးကန်းအားလုံးမှာ ဖြူသည်ဟူ၍ သုတေသနသမားက နိဂုံးချုပ်လိုက်ပါသည်။ ဤသည်ကို တက္ကဗေဒအမှားဟု ပညာရှင်များက ထောက်ပြပါ သည်။
ဤ တက္ကဗေဒအမှား ဥပမာကလေးမှာ ရိုးရိုးလွယ်လွယ်နှင့် လူတိုင်းသိကြပါသည်။ သို့ ရာတွင် တကယ့် လူ အများစုကြီးမှာ လက်တွေ့ လောက၌ သတင်းအချက်အလက်များအပေါ် အခြေခံ၍သုံးသပ်ရာတွင် အကြိမ် ပေါင်းများစွာပင် တက္ကဗေဒအမှားကို ထပ်ခါထပ်ခါ ကျူးလွန်ကြလေ့ရှိသည်။ သုတေသနစာတမ်းသည် တက္က ဗေဒအမှားပေါင်းများစွာကို ကျူးလွန်၍ရေးသားထားသော စာကြောင်းများကိုစုစည်းထားသည့် စာတမ်းတစောင် မဖြစ်သင့်ပါ။ ယင်းသို့ ဖြစ်လျှင် မည်မျှပင်ဖေါင်းပွ၍ ရှည်လျားစွာရေးသားထားသော်လည်း စာတမ်းမှာ လုံးဝပင် တန်ဘိုးမရှိနိုင်ပါ။
ကျီးကန်းအကောင်ရေ သန်းနှင့်ချီ၍ရှိသည့်အနက် ကျီးကန်းပေါင်းမည်မျှကို လေ့လာပြီးနောက်မှသာ ကျီးကန်းဆိုသည်မှာ အဖြူရောင်ရှိကြောင်း သို့ မဟုတ် အနက်ရောင်ရှိကြောင်း သုံးသပ်သင့်သည်ဟူသော အချက်မှာ ပုံသေမရှိနိုင်ပါ။ သုတသနပြုသူ၏ ထိုးထွင်းဥာဏ်ဖြင့်သာ ဆုံးဖြတ်ရပါမည်။
အချို့ကိစ္စများတွင် အရည်အတွက်ကိုကြည့်ပြီးမှ အဖြေကိုဖေါ်ထုတ်ရသော ( Qualitative Method ) သုတေ သနပြုနည်းများရှိသကဲ့သို့  အချို့ကိစ္စများတွင် အရည်အချင်းကိုလေ့လာပြီး ( Qualitative Method ) အဖြေ ထုတ်ရသည်များ လည်းရှိပါသည်။ အရည် အတွက်နှင့် အရည်အချင်းနှစ်ခုလုံးပေါင်းပြီး သုတေသနပြုသည်များ လည်းရှိပါသည်။ ဤအကြောင်းကို တနေရာတွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။
စာကြည့်တိုက်နှင့် စာစောင်စာတမ်းများ၊ ရှေးပေစာ ပရပိုက်များ၊ သမိုင်းမှတ်တမ်းမှတ်ရာများ၊ မျက်မှောက် နိုင်ငံ တကာ စာချုပ်စာတမ်းများ၊ အထောက်အထားများကို အသုံးချကာ သုတေသန စာတမ်းပြုစုကြ သူများလည်း ရှိ သည်။ ယင်းကို စာတမ်းအမှတ်အသား အခြေပြုသုတေသန ( Documentary Research )ဟုလည်း သတ်မှတ် ကြသည်။ စာတမ်းအမှတ်အသားများကိုအခြေပြု၍ သတင်းအချက်အလက်များ စုဆောင်းရာတွင် မိမိတို့ကိုးကား လေ့လာသည့် စာစောင်စာအုပ် သို့မဟုတ် စာတမ်းအမှတ်အသား၏ အားကောင်းခိုင်လုံမှုအပေါ် များစွာမူတည် ပါသည်။ မိမိတို့ကိုးကားလေ့လာသည့် စာစောင်စာအုပ် သို့ မဟုတ် စာတမ်းအမှတ်အသားမှာ အားကောင်း ခိုင် လုံမှုရှိ လျှင် လူများစွာကို တွေ့ဆုံမေးမြန်းသော်လည်း ရနိုင်ရန်ခဲယဉ်းသည့်သတင်းအချက်အလက်များကို ၄င်းစာတမ်း အမှတ်အသား များမှ ရရှိနိုင်ပါသည်။ မည်ကဲ့သို့သော စာစေါင်စာအုပ် သို့မဟုတ် စာတမ်းအမှတ် အသားမှာ အားကောင်း ခိုင်လုံမှုရှိသည်ကို သုတေသန ပြုသူကသာ မိမိသုတေသနပြုလိုသော အကြောင်းအရာ နှင့် ဆက်စပ်စဉ်းစားကာ ဆုံးဖြတ်ရန်ဖြစ်သည်။
အချို့သောအကြောင်းအရာများ မျက်မှောက်လောလောဆယ်အချိန်တွင် ဖြစ်ပွားနေသော အကြောင်းအရာ များ၊ စာတမ်းအမှတ်အသားအဖြစ် မှတ်တမ်းမတင်ရသေးသော အကြောင်းအရာများ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းတင်ခွင့်မရသေးသော အကြောင်းအရာများဖြစ်နေတတ်ပါသည်။ ယင်းသို့ ဖြစ်နေလျှင် စာ စောင်၊ စာအုပ် သို့ မဟုတ် စာတမ်းအမှတ်အသားအား လိုက်လံရှာဖွေနေလျှင် အချိန်ကုန်ရုံသာရှိနိုင်သည်။ လိုအပ်သောသတင်းအချက်အလက် ရရှိရန်မဖြစ်နိုင်ပါ။ လူအများအား တွေ့ဆုံမေးမြန်းခြင်းအားဖြင့် သတင်း အချက်အလက် စုဆောင်းနိုင်သည့်နည်းလမ်းသာ ကျန်ရှိပါတော့ သည်။ မည်သို့ သော နည်းလမ်းဖြင့် သတင်း အချက်အလက်များစုဆောင်းလျှင် ထိထိရောက်ရောက်ရနိုင် မည်ဟူသည်ကို သက်ဆိုင်ရာ သုတေသန ပြုသူက သာ ဆုံးဖြတ်ဆောင်ရွက်သွားရန်ဖြစ်သည်။
တွေးမြင်သုံးသပ်မှုများကို စုစည်းခြင်း
သတင်းအချက်အလက်များ အတော်များများ ရရှိလာပြီးသည့်အခါတွင် မိမိတွင် မူလကထဲက တည်ဆောက် ထားပြ၊ီးဖြစ်သော ( အခြေခံအမြင်အယူအဆ သို့မဟုတ် တွေးမြင်ပုံဖေါ်မှု ) ကိုအခြေခံကာမိမိစုဆောင်းရရှိ သော သတင်းအချက်အလက်များကို သုံးသပ်ရပါသည်။ အကြိမ်ပေါင်းများစွာမှာပင် မိမိမူလက တွေးမြင်ပုံဖေါ် မြှော်မှန်းထားသည်ကတမျိုး၊ တကယ့်လက်တွေ့ သတင်းအချက်အလက်များ ရရှိလာ သောအခါ နိဂုံးချူပ်အဖြေက တခြားလည်း ဖြစ်တတ်ပါသည်။ ကိစ္စမရှိပါ။ တကယ့်လက်တွေ့ သတင်းအချက်အလက်များအပေါ် အခြေခံ၍ သာ သုံးသပ်ချက်များ ထုတ်ရပါမည်။
သုံးသပ်ချက်များ ချနိုင်လာသောအခါ မိမိ၏ သုတေသနစာတမ်းကို စတင်ရေးသားရန် ပြင်ဆင်ရပါမည်။ ယင်းသို့ စတင်ရေးသားနိုင်ရေးအတွက် ပထမဆုံးလိုအပ်ချက်မှာ မိမိ၏တွေးမြင်မှုများကို စုစည်းခြင်းဖြစ်သည်။ မိမိတွေးမြင်သုံးသပ်နိုင်မှုများကို စနစ်တကျစုစည်းရန် (Organizing Ideas) လိုအပ်လာပါသည်။ မိမိ၏တွေးမြင် သုံးသပ်နိုင်မှုများမှာ ပျံ့ ကြဲနေလျှင် အဖြေတခုခုကို ဦးတည်ပြီး ထုတ်ဖေါ်နိုင်ခြင်းမရှိလျှင် မည်သို့ မျှသုတေသန စာတမ်းကောင်းတခု မဖြစ်နိုင်ပါ။ တွေးမြင်သုံးသပ်မှုများကို စနစ်တကျစုစည်းပြီးမှသာ မိမိစာတမ်းအတွက် လမ်းကြောင်းများ ( Outlines ) ချမှတ်ရပါမည်။
သုတေသနအကြောင်းအရာကို ချဉ်းကပ်ရန် နည်းလမ်းငါးသွယ်
(က) စစ်ဆေး သို့မဟုတ် သုံးသပ်သည်။ (Examine or Analyze)
(ခ) အကဲဖြတ် သို့မဟုတ် ဝေဘန်သည်။ (Evaluate or Criticize)
(ဂ) တူညီမှုများကို နိုင်းယှဉ်ဖေါ်ပြသည်၊ သို့မဟုတ် ကွဲပြားမှုများကို ချိန်ထိုးပြသည်။
(Compare and Contrast)
(ဃ) ဆက်စပ်မှုများကို ဖေါ်ညွှန်းသည်။ (Establish Relationships)
(င) ဆန့်ကျင်သည့်အမြင်မှ ငြင်းခုံဆွေးနွေးသည်၊ သို့မဟုတ် ထောက်ခံမှုရှိလာစေရန် ဆွဲဆောင်သည်။
(Argue for or against something or try to persuade readers to agree with you.)
(က) အဖြစ်အပျက် အသေးအမွှားလေးတခုမှ ဖြစ်စဉ်ကြီးတရပ်လုံးအထိကို စစ်ဆေးသုံးသပ်သွားရန် ဖြစ်သည်။
(ခ) ဖြစ်ရပ်အပေါ်တွင် အကောင်းဘက်မှရော အဆိုးဘက်မှပါ အရည်အသွေးအရအကဲဖြတ်ရန် ဝေဘန်ရန်
ဖြစ်သည်။
(ဂ) နှစ်အပိုင်းအခြားအရ၊ လုပ်နည်းလုပ်ဟန်အရ၊ အတွေးအခေါ် အယူအဆအရ၊ ဖြစ်ရပ်များအရ နိုင်းယှဉ် ဖေါ်ပြရန် ချိန်ထိုးရန်ဖြစ်သည်။
(ဃ) အများပြည်သူသိရှိပြီးသော အကြောင်းအရာများနှင့် မသိရှိသေးသောအကြောင်းအရာများကို ဆက်စပ် ဖေါ်ပြသွားရန် ဖြစ်သည်။
(င) ရပ်တည်မှုတရပ်အပေါ်တွင် ခုခံကာကွယ်ခြင်း ( Defend a position )၊ လုပ်ဆောင်မှုတရပ်ကို မှန်ကန် ကြောင်း အကျိုးကြောင်းပြခြင်း ( Justify and action )၊ ယုံကြည်မှုတခုခုကို ထောက်ခံခြင်း၊ သက်သေပြခြင်း
(Prove or support a belief) နည်းလမ်းများဖြင့် ငြင်းခုံဆွေးနွေးရန် ဆွဲဆောင်ရန်ဖြစ်သည်။
ရပ်တည်မှုတရပ်အပေါ်တွင် ခုခံကာကွယ်ခြင်း
သာဓကအားဖြင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းသည်သာလျှင် အနာဂါတ်လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံး ဖြစ်ပေမည်။
လုပ်ဆောင်မှုတရပ်ကို မှန်ကန်ကြောင်း ကျိုးကြောင်းပြခြင်း
သာဓကအားဖြင့်အနာဂါတ်လူ့အဖွဲ့အစည်း၌ လွတ်လပ်၍အားကောင်းသော လူထုအသင်းအဖွဲ့များတည်ရှိလာမည်ဆိုလျှင် အစိုးရ၏အာဏာကို ဟန်ချက်ပြုထားနိုင်မည်ဖြစ်သဖြင့် အာဏာရှင်စနစ် ထပ်မံမပေါ်ပေါက်အောင် ကာကွယ် ဟန့် တားထားနိုင်မည်ဖြစ်ပေသည်။
ယုံကြည်မှုတခုခုကို ထောက်ခံခြင်း၊ သက်သေပြခြင်း
သာဓကအားဖြင့်လူ့ အခွင့်အရေးကို ဦးစားပေးစဉ်းစားလာသော ယနေ့ခေတ်ကာလကြီးတွင် တရားမျှတသော တရားစီရင် စစ်ဆေးမှု လူတိုင်းရရှိစေရန်အတွက် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို ဖမ်းဆီးချုပ်နှောင်ပြီး ဖြောင့်ချက်ရယူသည့် လုပ်ထုံးလုပ်နည်းကိုလုပ်ဆောင်ရန် မလိုအပ်တော့ပါ။
ဦးအောင်ထူး
နားလည်မိသော အပြုံးများ
ရှက်ပြုံး၊ မဲ့ပြုံး၊ ပီတိအပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ နွမ်းလျလျအပြုံး၊ ကျက်သရေရှိတဲအပြုံး၊ မိုနာလီဇာအပြုံး၊ မာယာအပြုံး စသဖြင့်ပါ။ အငိုမျက်လုံး အပြုံးမျက်နှာ-ဆိုတဲ့ စကားကလည်း ရှိသေးတာပါ။ ဘယ်လောက်ပဲများပါစေ အပြုံးကို လူတိုင်း ခင်မင်တွယ်တာကြသလို အပြုံး ပိုင်ရှင်တွေဟာလည်း လူချစ်လူခင် ပေါများလှတာကတော့ အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံကြည်မိပြန်တယ်။ ခပ်တည်တည်ကြီးနဲ့ဆိုတော့လဲ “ဘယ်လို လူကြီးလဲ” ဖြစ်မှာပါ။
ရောက်ခဲ့ဘူးတဲ့နိုင်ငံတွေမှာတော့ သီဟိုလ်သူများ ပိုလို့များ ပြုံးကြသလား မသိပါ။ မြန်မာ့ အပြုံးများကတော့ မိုနာလီဇာအပြုံးလား နွမ်းလျလျဆန်နေသလားဆိုတာတော့ ဝေခွဲဖို့ ခက်ပါသေးတယ်။
တစ်နေတာမှာ အမျိုးသားများထက် အမျိုးသမီးများက ပိုလို့ ရယ်ကြတယ်လို့ သုတေသနတစ်ခုက ဆိုထားပြန်တော့ ဘာ့ကြောင့် ပိုလို့ ရယ်ပါသလဲဆိုတာတော့ မေ့ခဲ့ပြီးဖြစ်တဲ့ အဖြေတစ်ခုပါ။
အိန္ဒိယနိုင်ငံမှာတော့ လူအများစုပေါင်းပြီး ရယ်ပွဲကျြီးများကို သီးသန့်ကျင်းပ
ကြတယ်လို့ သိရှိရပြန်တယ်။ ဒါကတော့ စိတ်လွတ်ကိုယ်လွတ် ရယ်ချင်သလို ရယ်ချလိုက်တော့ စိတ်ထဲမှာလေးလံနေတာတွေ ပေါ့ပါးသွားအောင်ပါ။
ဒီလိုဆိုတော့ပြုံးဖို့ရယ်မောဖို့ဟာပျော်ရွှင်မှုအတွက်၊ကျန်းမာရေးအတွက်လိုအပ်နေတယ်လို့ပြောရမှာပါ။အခြားတစ်ဖက်မှာလည်း ပြုံးခြင်းကို ဒီလို ပြောကြပြန်တယ်။ သူပြုံးနေသည် ညာတော့မယ်-တဲ့။ မျက်နှာများ တယ်-တဲ့။
သင် - ဒီလို အားရပါးရ ပြုံးဖူးပါသလား
Body language စာအုပ်မှာ နှုတ်ခမ်းက အောက်ကွေးပြုံးနေယင် ရက်စက်တတ်တယ်။ အစစ်အမှန်ပြုံးခြင်းကတော့မျက်လုံးကော မျက်နှာကော ပြုံးနေတယ်။ အတုအယောင်ပြုံးခြင်းမှာတော့ မျက်နှာပဲ ပြုံးပြီး မျက်လုံးကတော့ မပြုံးဘူးလို့ ဆိုပါတယ်။
ရဟန်းတော်များမှာတော့ ပြုံးရွှင်တတ်ဖို့ကို ဘိက္ခုပါတိမောက်၊ ပါစိတ္တိယပါဠိ၊ မုသာဝါဒ၀ဂ်၊ သြမသ၀ါဒသိက္ခာပုဒ်မှာ မိန့်ကြားထာပါတယ်။ အဲသလိုအပြုံးရဲ့အဆိုးအကောင်းများကိုအမျိုးမျိုး ပြောဆိုကြတာဆိုတော့ပြုံးတတ်ဖို့လိုပါလိမ့်မယ် လို့ထင်မြင်မိပြန်တယ်။
နိုင်ငံခြားတိုင်းပြည်တွေက အင်တာဗျူးလုပ်ကြတဲ့နေရာတွေမှာ လူကဲခတ်ကျွမ်းကျင်တဲ့ တစ်နည်းတော့ body language ကို ကျွမ်းကျင်တဲ့သူများက အင်တာဗျူးကြတယ်လို့ ဆိုပါတယ်။ ဒီတော့ စာရေးသူလဲ လူကဲခတ်မညံ့အောင် body language စာအုပ်လေးငါးအုပ်လောက်တော့ဖတ်ထားဖူးပေမယ့်လဲညံ့ဆဲပါပဲ။
သုတေသနတစ်ခုကတောဒီလို ဆိုပါတယ်။ အချို့ကျွမ်းကျင်သူပညာရှင်များက လူတိုင်းရဲ့မျက်နှာမှာ ခြားနားတဲ့ ဖော်ပြချက် ခုနှစ်ထောင်ထက်မကများစွာကို ထုတ်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။
( In fact, some experts believe that your face can produce more than seven thousand different expressions!) အကြောင်းကတော့ မျက်နှာပေါ်မှ muscles-တွေကြောင့်ပါ။
ဒီmuscles-များဟာ မျက်နှာပြင် တစ်ဝိုက် အရေ ဖျားအောက် ပါးတဲ့အလွှာအထပ်မှာ တည်ရှိနေပါတယ်။ တစ်ချိန်တည်းမှာ muscles-တွေဟာ တစ်ခု ဒါမှမဟုတ် အများအပြား ရွေ့လျားနိုင်ပါတယ်။ ဒီ muscles-များ အသီးသီး ပေါင်းစပ်ခြင်းများက ခြားနားတဲ့ မျက်နှာ ဆိုင်ရာကို ဖော်ပြပါတယ်။
ကျွမ်းကျင်သူသုသေသနသမားများကတော့ ကမ္ဘာပေါ်မှာ လူတိုင်း သတိထားနိုင်တဲ့ မျက်နှာထားအမူအရာ အနည်းဆုံး ခြောက်ခုရှိတယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်လန့်မှု၊ အံသြမှုနှင့် စပ်ဆုပ်ရွံရှာမှုတို့ ဖြစ်ပါတယ်။
But experts say there are at least six facial expressions that everyone on earth can recognize. These expressions are happiness, sadness, anger, fear, surprise and disgust. သုတေသနသမားများဟာ အာရုံခံ ကိရိယာများနဲ့ ကင်မရာများ အသုံးပြုပြီး ကလေးငယ်များကို စမ်းသပ်ကြည့်ကြခြင်း ဖြစ်ပါတယ်။ ဒီအလိုအရ ပြုံးတယ်ဆိုတာ muscles များရဲ့ ရွေ့  လျားခြင်း ပုံစံတစ်မျိုးပါ။
မျက်နှာဖတ်ခြင်းအတတ်မှာ တော်တဲ့သူများအတွက် ဆက်သွယ်မှုတည်ဆောက်ရာမှာ အကောင်းဆုံး အခွင့် အရေးများ၊ အလုပ်များနှင့် အခြားသော အကျိုးများစွာကို ရရှိစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် မျက်နှာထားဟာ လှုမှုအဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ကူညီသလို တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပေါင်းကူးပေးတဲ့အရာလည်းဖြစ်ပါတယ်။
ပါဠိစာပေများမှာတော့ စိတ်ကို သိပုံအခြင်းအရာ လေးမျိုးကို ပြဆိုတားပါတယ်။ (၁) နိမိတ်ကောက်၍ သိခြင်း (၂) အသံကြား၍ သိခြင်း (၃) ယောင်ယမ်းမြည်တမ်းသံကို ကြား၍သိခြင်း (၄) စေတောပရိယအဘိညာဉ်ဖြင့် သိခြင်းတို့ပါ။ ဒါကိုတော့ ပါထိက၀၀္ဂ၊ သမ္ပသာဒနီယသုတ်မှာ တွေ့ရှိရပါတယ်။ (၄)နံပါတ်မှတစ်ပါး ကျန်တဲ့ (၃) ခုက body language မှာ အကြုံးဝင်နိုင်ပါတယ်။
ဒီလို မဲ့ပြုံး - သရော်ပြုံးမျိုးကတော့ အကျိုးရှိမည် မထင်အဘိဓမ္မာအလို ရယ်ရွှင်ချင်းကို ဖြစ်စေတဲ့စိတ်များက လောဘမူ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ မဟာကုသိုလ် - သောမနဿသဟဂုတ်စိတ် ၄-ပါး၊
မဟာကြိယာ - သောမနဿသဟဂုတ်စိတ် ၄-ပါး၊ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ် ၁-ပါး ပေါင်း ၁၃-ပါး ဖြစ်ပါတယ်။ အဲဒီအထဲကမှ ပုထုဇဉ်ပုဂ္ဂိုလ်မှာ အစဉ်အတိုင်း ပထမ ၈-ပါး၊ သေက္ခပုဂ္ဂိုလ်ကျတော့ အဲဒီ ၈-ပါးထဲကမှ ဒိဋ္ဌိဂတသဟဂုတ်စိတ် ၂-ပါးကို ချန်ထား ကျန် ၆-ပါးနဲ့ ပြုံးရယ်ကြပါတယ်။ အသေက္ခပုဂ္ဂိုလ်ကျတော့ ပုထုဇဉ်ပုဂ္ဂိုလ်နဲ့သေက္ခပုဂ္ဂိုလ်မှအခြား နောက် ၅-ပါးနဲ့ ပြုံးရယ် ပါတယ်။ မြတ်ဗုဒ္ဓကတော့ အဲဒီ ၅-ပါးထဲကမှ အဟိတ်မဟာကြိယာ - ဟသိတုပ္ပါဒ်စိတ်ကို ချန်ထား ကျန် ၄-ပါးနဲ့ ပြုံးတော်မူပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ အတိတ်, အနာဂါတ်, ပစ္စုပ္ပန်နဲ့ ကာယကံ, ၀စီကံ, မနောကံ တို့မှာ ညဏ်နဲ့ အမြဲ ယှဉ်နေပါတယ်။ ဒါကတော့ သင်္ဂဟ၊ ရုပ်ပိုင်းနဲ့ ဋီကာကျော်များမှာ ကြည့်ရှု့နိုင်ပါတယ်။
အဘိဓာနပ္ပဒီပိကာမှာတော့ ရယ်ခြင်း-ဟသနံ၊ ဟသိတ၊ ဟာသ။ ပြုံးခြင်း-မိဟိတ၊ သိတ။ ပြင်းစွာရယ်ခြင်း- အဋဟာသ၊ မဟာဟာသ-လို့ ဖွင့်ဆိုထားပါတယ်။ ရယ်တာနဲ့ပြုံးတာဟာ အဆင့်တစ်ဆင့်အနေနဲ့ ကွာခြားတယ် ထူးခြားတယ်လို့ ပြောနိုင်ပေမယ့် အတိအကျ တိုင်းတာဖို့တော့ ခက်ပါလိမ့်မယ်။
ရယ်ခြင်း ခြောက်မျိုးကိုတော့ ဒီအတိုင်း မှတ်နိုင်ပါတယ်။
(၁) သိတ- ပြုံးသည်မည်ရုံမျှ ပြုံးခြင်း
(၂) ဟသိတ-သွားပေါ်ရုံမျှ-နှုတ်ခမ်းလှုပ်ရုံမျှရယ်ခြင်း
(၃) ၀ိဟသိတ-ညင်သာသော အသံထွက်အောင်ရယ်ခြင်း
(၄) ဥပဟသိတ-ဦးခေါင်း-ပခုံး-လက်ရုံးများ လှုပ်အောင် ရယ်ခြင်း
(၅) အပဟသိတ-မျက်ရည်ထွက်အောင် ရယ်ခြင်း
(၆) အတိဟသိတ-ခြေရော-လက်ပါ တစ်ကိုယ်လုံး လှုပ်ခါ၍ ရယ်ခြင်းတို့ပါ။ ဒီရယ်ခြင်းအသွင်များကပဲ လူ့ယဉ်ကျေးမှုရဲ့ အဆင့် ဒါမှမဟုတ် လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုအဆင့်ကို ဖော်ပြနေတယ်ဆိုယင်လဲဆိုခွင့်ရှိမှာပါ။
ကလေးတို့ ငိုခြင်း ရယ်ခြင်းသဘောနဲ့ပတ်သက်လို့ -
ဒုဂ္ဂတိဘ၀မှလာတဲ့ကလေးက မပြတ်ငိုတတ်ကြောင်း၊ လန့်၍ အော်တတ်ကြောင်းကို ပြဆိုထားပါတယ်။ သုဂတိဘ၀မှလာတဲ့ ကလေးကတော့ အမြဲလိုလို ပြုံးရွှင် နေတတ်ကြကြောင်း ဖွင့်ပြထားပါတယ်။ သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ၊ ခန္ဓ၀ဂ္ဂသံယုတ္တအဋ္ဌကထာ၊ မဇ္ဓျိမပဏ္ဏာသ အဋ္ဌကထာ-တို့မှာ လေ့လာနိုင်ပါတယ်။ ဒါကတော့ ယတိပြတ်အဆိုထက် ယေဘုယျသဘောကို ရည်ညွန်းကောင်း ရည်ညွန်တာလဲဖြစ်နိုင်ပါတယ်။
စာရေးသူ ငယ်ငယ်ကတည်းက ကြားဖူးထားတာက “ဘုရားရှင်သည် ပြုံးတော်မူ၏” ဆိုတာပါ။
ဘုရားရှင် ပြုံး တော်မူခြင်းဟာ ထူးခြားတဲ့ အကြောင်းတစ်ခု ရှိလို့ပါ။ မြတ်စွာဘုရားရှင်တို့၏ ဘ၀တစ်သက်တာမှာ အကြိမ် ဘယ်လောက်ပြုံးခဲ့တယ် ဆိုတာကိုတော့ လေ့လာနေဆဲပါ။ ဘုရားရှင်တို့ရဲ့ အပြုံးဟာ လူသာမန်တို့ရဲ့အပြုံးနဲ့ အဓိပ္ပါယ်မတူထူးခြားတဲ့အတွက် နှိုင်းယှဉ်မမိရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။
ဘဂ၀ါဂုဏ်တော်မှာပါရှိတဲ့ သိရီဘုန်းတော်မှာ “ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စ၍မကြွင်း၊ ပင်လုံးဝန်းသည်၊ ပန်းမာန်အနေ၊ ကျက်သရေမင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပါယ်တော်မူသော၊ သိရီဘုန်းတော်” ဆိုထားတဲ့အတွက် မပြုံးခဲ့သည့်တိုင် အမြဲကျက်သရေရှိနေတာကတော့ဘုရားရှင်တို့ရဲ့အနှိုင်းမဲ့ဂုဏ်ပုဒ်ပါ။
အရိယာတို့ရဲ့နယ်ပယ်မှာတော့ လူကြီးလူကောင်းဆန်တဲ့ ပြုံးရယ်ခြင်းမျိုးပဲ ရှိပါတော့တယ်။ ဒါကိုပဲ ညင်သာ သိမ်မွေ့တဲ့ ပြုံးခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ရုဏ္ဏသုတ်၊ တတိယပဏ္ဏာသ၊ တိကနိပါတ်။ အင်္ဂုတ္တရနိကာယ-မှာ မိန့်ဆိုထားတာက သက်သေတစ်ခုလို့ ယူဆနိုင်ပါတယ်။ အဲဒါကတော့“ ရဟန်းတို့အပိုင်းအခြားကိုလွန်၍သွားပေါ်အောင်ပြင်းစွာရယ်ခြင်းသည်အရိယာ၏အဆုံးအမ၌ကလေးသူငယ်တို့ပြုအပ်သောအလုပ်မည်၏”လို့မိန့်ထားလို့ပါပဲ။
ဒီနေရာမှာ ပြောကြည့်ချင်တာတစ်ခုက အချို့အရာတွေမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေ ဒါမှမဟုတ် ဘာသာရေး နယ်ပယ်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လူသာမန်တို့အတွက် နှိုင်းယှဉ်ပြီး သုံးသပ်သင့်, မသင့်နဲ့ အတုယူ လိုက်နာကျင့်ကြံဖို့ သင့်, မသင့်ကို စဉ်းစားမိခြင်းပါ။ ဘာသာရေးနယ်ပယ်မှာ ထားရမယ့်အရာနဲ့ လူမှုနယ်ပယ်မှာ ထားရမယ့်အရာတွေကို သီးခြားခွဲထုတ်ကြည့်ခြင်းကသာ ပိုလို့ အပြုသဘောဆောင်နိုင်ပြီး ဘ၀ကို ပိုလို့နေပျော်စေမယ် ထင်မိလို့ပါ။
ဘာသာရေးနယ်ပယ်မှာ ချမှတ်ထားတာတွေကို လူမှုအသိုင်းအ၀ိုင်း မှာ ကျင့်သုံးနေမယ်ဆိုယင် ဘ၀ကို ပျင်းရိခြောက်သွေ့စေပြီး ပျော်ရွှင်ဖွယ်တွေနဲ့ ဆိတ်သုဉ်းနေမှာလားလို့ပါ။ ဘာသာတရားနယ်ပယ်က စကားလုံးဝေါဟာရတွေနဲ့ လူမှုနယ်ပယ်မှာ ချမှတ်ကျင့်သုံးနေတဲ့စံတွေကို ခွဲခြား မထားခြင်းဟာမြတ်ဗုဒ္ဓရဲ့ဝါဒကို အဆိုးမြင်ဝါဒ(pessimism)အဖြစ် တွန်းပို့နေသလား ဆိုတာပါ။
( Some critics argue that Buddhism is morbid, cynical, hovering on the dark and shadowy side of life, an enemy of harmless pleasures, and an unfeeling trampler on the innocent joys of life. They see Buddhism as being pessimistic, as fostering an attitude of hopelessness towards life, as encouraging a vague, general feeling that pain and evil predominate in human affairs.) လောကဟိတာယ၊ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ-ဆိုတဲ့ သတ္တ၀ါအများ ချမ်းသာစေဖို့ဆိုတာမှာ နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ရဲ့ ချမ်းသာများကိုသာ ရည်ညွန်းထားတာမဟုတ်ဘဲ လက်ရှိလူ့ဘ၀ ချမ်းသာကိုလည်း ပစ်ပယ်မထားဘူးဆိုတာကိုပါ။
ဒါနဲ့စပ်ဆက်လို့ ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီးကို မေးတဲ့မေးခွန်းလေးတစ်ခုကို သွားလို့ သတိရ မိတယ်။ အဲဒါကတော့ ဆရာတော်ဘုရားကြီးကို နိုင်ငံခြားမှာနေတဲ့ အမျိုးသားတစ်ယောက်က “ နိဗ္ဗာန်ချမ်းသာ-ဆိုတာ ဘယ်လိုဟာမျိုးလဲ”လို့ မေးပါတယ်။ ဒီအခါမှာ ဆရာတော်ဘုရားကြီးက- မင်း နိုင်ငံခြားမှာ စီးပွါးလာရှာတာ ချမ်းသာချင်လို့မဟုတ်လား။ အဲဒီ မင်း လိုချင်တဲ့အရာတွေရလို့ ချမ်းသာပြီးတဲ့ တစ်နေ့မှာတော့ နိဗ္ဗာန် ချမ်းသာအကြောင်း ဆက်ဆွေးနွေးကြတာပေါ့-တဲ့။ ဆရာတော်ဘုရားကြီးကတော့ ခပ်မြင့်မြင့်စကားတွေ မမိန့်ပါဘူး။ နိဗ္ဗာန်ချမ်းသာဆိုတာတွေထက် လက်ရှိတိုင်းပြည်နဲ့လူမျိုး ချမ်းသာနေယင် ကျေနပ်တော်မူနေတာပါ။
ဒီတော့ နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ လိုအပ်နေမှာပါ။ ဘယ်လို ကြည့် မလဲ-ဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပေမဲ့ စာရေးသူနှစ်သက်တဲ့ ဆရာတော် ဒေါက်တာ K.Sri dhammananda ရေးသားထားတဲ့ what Buddhists believe စာအုပ်လာ စာသားလေးကတော့ ဒီလိုပါ။
“ The world is like a mirror and if you look at the mirror with a smiling face, you can see your own, beautiful smiling face. On the other hand, if you look at it with a long face, you will invariably see ugliness. Similarly, if you treat the world kindly the world will also certainly treat you kindly. Learn to be peaceful with yourself and the world will Also be peaceful with you.”ဆိုခဲ့ပြီးတဲ့စကားများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-က ဗုဒ္ဓမိန့်ခဲ့တဲ့၊ တပည့်သာဝကတွေ ပြောခဲ့တဲ့ အပြုံးနဲ့ ပတ်သက်တာတွေကို ယနေ့ခေတ် ပြောနေတဲ့ “အပြုံး၊ ရယ်မောခြင်း” ဆိုတဲ့ ဝေါဟာရတွေပေါ်မှာ ခံစားနှိုင်းယှဉ်ပြောဆိုမိခဲ့ခြင်းပါ။
ဘုရားရှင်ရဲ့တရားဓမ္မလာစကားလေးတွေ သိရပြန်တော့ “မြတ်ဗုဒ္ဓတရားကို သိလေလေ မြတ်ဗုဒ္ဓကို ကြည်ညိုလေလေ” ဆိုသလိုပါပဲ ပိုလို့သာ ကြည်ညိုမိပြန်တာပါ။ အဲဒီစာပေများရဲ့ အခြား တစ်ဖက်မှာကြပြန်တော့ အပြုံးရဲ့ ရလဒ်ကလေးတွေကို စိုးစဉ်းမျှ နားလည်ထားမိခြင်းကပဲ “အပြုံးရဲ့တန်ဖိုးကို နားလည်လေလေ အားလုံးကို ပြုံးစေချင်လာလေလေ”လို့ ဆန္ဒဖြစ်မိတာကကော
အပြစ်တစ်ခုလို့များဆိုနေကြမလားစဉ်းစားမိခြင်းပါ။
ပြုံးပျော်နိုင်ကြပါစေဟု ဆန္ဒပြုရင်း----------မောင်တင့်ယဉ် ခံစားရေးဖွဲ့သည်။
Ref; .....ဓမ္မဂီရိ
သွေးပေါင်ချိန်ကို လက်နှစ်ဖက်စလုံးတွင် ပုံမှန်တိုင်းသင့်
သွေးပေါင်ချိန်တိုင်းရာတွင် လက်နှစ်ဖက်စလုံးကို ပုံမှန်တိုင်းသင့် ကြောင်း၊ ဘယ်လက်နှင့်ညာလက် အကြား ခြားနားချက်သည်ကျန်းမား ရေးပြဿနာရှိနေခြင်းကို ဖော်ပြနိုင် ၍ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
Lancet သုတေသနဂျာနယ်တွင် ဖော်ပြချက်အရ နှစ်ဖက်သွေးပေါင်ချိန် သိသိသာသာခြားနားနေခြင်းသည် သွေးကြောဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်ခြေမြင့်မားခြင်းနှင့် သေဆုံးနိုင်ခြေမြင့်မားခြင်းကို ဖော်ပြနေကြောင်း သိရသည်။ လက်ရှိလမ်းညွှန်ချက်များတွင်လည်း သွေးပေါင်ချိန်ကို လက်နှစ်ဖက်စလုံးတွင် တိုင်းသင့်ကြောင်းပါရှိသော်လည်း ရံဖန်ရံခါသာ လိုအပ်မှ တိုင်းသင့်ကြောင်းဖော်ပြထားပြီး ယခုတွေ့ရှိချက်တွင်မူ မကြာခဏ နှစ်ဖက်စလုံးတိုင်းသင့်ကြောင်း ဖော် ပြထားသည်။
သို့ရာတွင် တွေ့ရှိချက်မှာ ထပ်မံလေ့လာရန် လိုအပ်နေသည်ဟု ဆိုသည်။ တစ်ဦးတစ်ယောက်ချင်းစီတွင် သွေးပေါင်ချိန် အမျိုးမျိုးကွဲပြားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်သော်လည်း တစ်ဦးတည်းတွင် လက်နှစ်ဖက်သွေးပေါင်ချိန် သိသိသာသာကွာနေခြင်းမှာမူ သတိပြုရမည့်ကိစ္စဖြစ်သည်ဟု ဆိုသည်။
University of Exeter ၏ Pennisula College of Medicine and Dentistry မှ ဒေါက်တာခရစ္စတိုဖာကလာ့ခ်နှင့်အဖွဲ့က ယခင်လေ့လာပြီး သုတေသန ၂၈ ခုကို ပြန်လည်စုပေါင်း လေ့လာခဲ့ခြင်းဖြစ်သည်။
လက်နှစ်ဖက်ကြားတွင် အပေါ်သွေး ၁၀ (10 mm Hg) မျှကွာနေပါက ယင်းလူနာသည် အသေးစား သွေးကြောဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေမြင့်သည်ဟု ဆိုနိုင်သည်။ ၁၅ အထိ ကွာနေပါက ဦးနှောက်သွေး ကြော ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေမြင့်ကာ နှလုံးသွေးကြောရောဂါဖြင့် သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းမြင့်တက်ပြီး သွေးကြောနှင့်ဆိုင်သော ရောဂါအားလုံးဖြင့် သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားစေသည်ဟု တွေ့ရှိခဲ့သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ် Primary Care Health Science ဌာန မှ ပါမောက္ခရစ်ချက်ဂျေမက်မာနပ်စ်နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ် Public Health and Primary Care ဌာနမှ ပါမောက္ခ ဂျိုနသန်မန့်တို့က ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာရန်လိုအပ် သော်လည်း အများစုလိုက်နာခြင်းမရှိသော နှစ်ဖက်သွေးပေါင်ချိန်ကို နှိုင်းယှဉ်ချိန်ထိုးရေးမှာ လိုအပ်သည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ စံပြုကျန်းမာရေး စောင့်ရှောက်မှုစည်းမျဉ်းများထဲထည့်သွင်းရန်မူ စောလွန်းနေသေးသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment