ကမ္ဘာ့သတင်းများ 07/02/2012
နိုင်ငံတကာသတင်း
ပါလက်စတိုင်း ပြိုင်ဘက်နှစ်ဖွဲ့ ပူးပေါင်း အစိုးရဖွဲ့မည်
ညီညွတ်တဲ့ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမယ့်အကြောင်း ပါလက်စတိုင်း ပြိုင်ဘက်အဖွဲ့နှစ်ခုဖြစ်တဲ့ ဖာတာနဲ့ ဟားမက်စ် ခေါင်းဆောင်တွေက ကြေညာကြောင်းသိရသည်။်
ဖိလစ်ပိုင်ငလျင် ၄၀ ကျော် သေဆုံး
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့လို့ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။လုံခြုံရေးကြောင့် ဆီးရီးယားရှိ အမေရိကန် သံရုံးပိတ်
ဆီးရီးယားနိုင်ငံမှာ လုံခြုံရေး အခြေအနေပိုမို ဆိုးရွားလာတဲ့အတွက် ဒမက်စကတ်မြို့မှာ ရှိတဲ့ အမေရိကန် သံရုံးကို ပိတ်ပစ်လိုက်ကြောင်းသိရသည်။ဗြိတိန်ဘုရင်မကြီး နန်းတက်နှစ် (၆၀) ပြည့်
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ဟာ ဒီကနေ့ နန်းသက် အနှစ် (၆၀) ခဲ့ပြီဖြစ်သလို အထိမ်းအမှတ် အခမ်းအနားတွေကို စတင် ဆင်နွှဲခဲ့ကြောင်းသိရသည်။ဆီးရီးယားအရေး ဒီမိုကရေစီ တိုင်းပြည်တွေ ပူးပေါင်းဖို့ ၀န်ကြီးကလင်တန် တိုက်တွန်း
ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် တွန်းအားပေး လုပ်ဆောင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီမိုကရေစီနိုင်ငံတွေကို တိုက်တွန်းကြောင်းသိရသည်။အီဂျစ် ၄ ရက်မြောက် ဆန္ဒပြပွဲ ရွေးကောက်ပွဲ စောပြီးကျင်းပဖို့ တောင်းဆို
အီဂျစ်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးဖို့အတွက် ဆန္ဒပြပြည်သူတွေဟာ ကိုင်ရိုမြို့မှာ စတုတ္ထမြောက်နေ့ ဆက်လက် ဆန္ဒပြနေကြကြောင်းသိရသည်။ဆီးရီးယားအရေး ဗီတိုအာဏာသုံးမှု နိုင်ငံတကာ မကျေနပ်
ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မကျအာင် ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာက ဒေါသထွက်နေကြကြောင်းသိရသည်။ရီပက်ဘလီကန် သမ္မတလောင်းနေရာ Mitt Romney အခြေအနေကောင်း
အမေရိကန်ပြည်ထောင်စု နီဗားဒါး ပြည်နယ်မှာ စနေနေ့ကကျင်းပတဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ မစ်ရွန်မ်နီက အနိုင်ရသွားကြောင်းသိရသည်။ဆီးရီးယားအစိုးရက ဆန္ဒပြမှုများကို အင်အားသုံးနှိမ်နင်းမှုအပေါ် ရှုတ်ချသော ကုလသမဂ္ဂလုံခြုံရေး ကောင်စီကြေညာချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံရှိသည့် အနက် ၁၃ နိုင်ငံ ကထောက်ခံခဲ့သော်လည်း ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာသုံး ပယ်ချခဲ့ကြောင်း ဆီးရီးယားနိုင်ငံတွင်း အစိုးရ၏ အင်အားသုံးနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာကြောင်းသိရသည်။
ရုရှားဝန်ကြီးချုပ် ပူတင်ကို ထောက်ခံသူများနှင့် ရွေးကောက်ပွဲတွင် ပူတင်၏ အာဏာရပါတီက မဲမသာမှုပြုလုပ်ခဲ့သည်ဟု ယူဆသောကြောင့် ပူတင် ကို ကန့်ကွက်သူများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြို့တော်မော်စကို၌ အပြိုင်ဆန္ဒပြခဲ့ကြသည်။မော်စကိုရှိ အတိုက်အခံ လူစုလူဝေးတွင် ဆန္ဒပြသူ ၃၃၀၀၀ ခန့်ရှိပြီး အစိုးရကိုထောက်ခံသည့် လူစုတွင်မူ ပါဝင်သူ ၁၅၀၀၀၀ ခန့်ရှိကြောင်းရဲတပ်ဖွဲ့၏ စာရင်းများကို ကိုးကား၍ နိုင်ငံပိုင် ရီယာနိုဗော့စတီးသတင်း အေဂျင်စီကဖော်ပြခဲ့သည်။ သို့သော်လည်း အစိုးရဆန့်ကျင် ဆန္ဒပြသူများ၏ အရေအတွက်မှာ ၁၆၀၀၀၀ နီးပါး ရှိကြောင်း ပူတင်ဆန့်ကျင်ရေးစီစဉ် သူများက ပြောကြားခဲ့သည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment