မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၁၂

ဒဏ်ခတ်မှု ရုပ်သိမ်းရေး အမေရိကန် အစိုးရနဲ့လွှတ်တော် ဆွေးနွေး

မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းသင့် မသင့် အမေရိကန် အစိုးရနဲ့ ဥပဒေပြု လွှတ်တော်တို့ ဆွေးနွေးနေကြကြောင်းသိရသည်။

ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကော်မရှင် စိစစ်

ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ နာမည်စာရင်း သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်က ဒီကနေ့ တွေ့ဆုံ စိစစ်ခဲ့ကြောင်းသိရသည်။

လူ့အခွင့်အရေးကော်မရှင် သီးခြားရပ်တည်ဖို့ ကင်တားနား တိုက်တွန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးဘူးလို့ မစ္စတာ ကင်တားနားက ထောက်ပြလိုက်ကြောင်းသိရသည်။

Taiyi ဖိနပ်စက်ရုံ လုပ်သား ၂,၀၀၀ ကျော် ဆန္ဒပြ

ရန်ကုန် လှိုင်သာယာ စက်မူဇုံ (၃) တိုင်ယီ ဖိနပ်စက်ရုံက မြန်မာ အလုပ်သမား ၂,၀၀၀ ကျော်ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

လှိုင်သာယာ အလုပ်သမား ၂၀၀၀ ဆန္ဒပြ

ရသင့်တဲ့ လစာငွေတွေ မရလို့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၀၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်း အလုပ်ဆင်းချိန်ကစပြီး အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးကော်မတီ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အပါအ၀င် မီဒီယာ အဖွဲ့တွေနဲ့ပါ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြောင်းသိရသည်။

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်

မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ၀န်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ကြောင်းသိရသည်။

အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ

အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ကြောင်းသိရသည်။

တပြည်လုံး အပစ်ရပ်ရေး ကြေညာပေးဖို့ ပအို့ဝ်အဖွဲ့ တောင်းဆို

ပင်လုံစာချုပ်ပါအတိုင်း အမျိုးသား တန်းတူရေးနဲ့ ပြည်ထောင်စု တည်ဆောက်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကို ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO က တောင်းဆိုခဲ့တယ်လို့ PNLO က RFA ကို ဒီကနေ့ ပြောကြားကြောင်းသိရသည်။

အရေးတကြီး ဖြေရှင်းစရာ လူ့အခွင့်အရေးအခြေအနေတွေ ကျန်နေဆဲ

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတာကို ကြိုဆိုပေမယ့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အတွက် အရေးတကြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒီကနေ့ ညနေပိုင်း ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ကြောင်းသိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ နှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်အတွက် ရုံးသစ်တစ်ရုံးကို မနက်ဖြန် တနင်္ဂနွေနေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းသိရသည်။

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက် ကြောင်းသိရသည်။

စင်ကာပူနိုင်ငံမှ ဘဏ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည်

စင်ကာပူနိုင်ငံမှ ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၆၀ ကျော် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
စင်ကာပူကုမ္ပဏီ ၆၀ ကျော် အားSingapore Business Federation(SBF)မှ ဥက္ကဋ္ဌ Mr.Tony Chew ဦးဆောင်လာရောက်မည် ဖြစ်ပြီး လုပ်ငန်းရှင် ၁၂၀ ပါဝင်လာမည် ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ် အစည်းအဝေးခန်းမတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံကာ ကုန်သွယ်မှုများအတွက် ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC ၌ စင်ကာပူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု (Singapore- Myanmar Investment Conference) ကို ကျင်းပကာ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု သိရှိရ သည်။

၂၀၁၀ အကယ်ဒမီ ပေးပွဲ နေပြည်တော်၌ ကျင်းပမည်

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ပေးပွဲကို၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီတွင် နေပြည် တော်၌ ကျင်းပမည် ဖြစ်သည်။ ယင်း အကယ်ဒမီပေးပွဲ စင်မြင့်ကို နိုင်ငံတကာအဆင့်မီ IT နည်းပညာများ အသုံးပြု၍ ယခင်နှစ်များထက်ပိုမို ထူးခြား ဆန်းသစ်စေရန် စီစဉ်ထားကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက မကြာသေးခင်က ပြောဆိုထား ကြောင်းသိရသည်။

နိုင်ငံတကာလေ့လာသူများ ခွင့်ပြုရန် ရွေးကောက်ပွဲ ကော်မရှင် စဉ်းစား

ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအား လာရောက်လေ့လာမည့် နိုင်ငံတကာအဖွဲ့များကို ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ပြောဆိုလိုက် ကြောင်းယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာစဉ် ရန်ကုန် နိုင်ငံတကာ လေဆိပ်၌ ကျင်း ပ သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လွတ်လပ် သည့် အဖွဲ့အစည်းတရပ် မဟုတ်ကြောင်းနှင့် တရားရေး စနစ်သည်လည်း လွတ်လပ်မှု မရှိကြောင်း ကင်တာနာ ပြောဆိုခဲ့သည်ဟု လည်း သိရသည်။

နိုင်/ကျဉ်းဟောင်း မိသားစုဝင်များကို ဒေါ်အောင်ဆန်းစုကြည် ညစာဖြင့် ဧည့်ခံ

မကြာခင်က အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက် လာကြသော ရွှေသံစဉ်တေးဂီတအဖွဲ့မှ ကိုဝင်းမော် နှင့်သူ၏ သမီး ငယ် မခင်စုကြည်၊ ကိုမင်းဇေယျနှင့်ဇနီး၊ ကိုပြုံးချို နှင့်ဇနီး၊ ကိုဂျင်မီနှင့်ဇနီး မနီလာသိန်း သမီးငယ်လေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ ညနေ ၅း၀၀ နာရီက တက္ကသိုလ် ရိပ်သာလမ်းနေအိမ်တွင် ညစာဖြင့် ဧည့်ခံပြီး ၃ နာရီကြာ တွေ့ဆုံစကားပြော ကြောင်းသိရသည်။

ဟံသာဝတီ ဦးဝင်းတင် မန္တလေး၌ ဟောပြောပွဲ ကျင်းပ

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ မန္တလေးမြို့ခံ လူငယ်များအား အသိပညာပေး ဟောပြောပွဲတရပ်ကို ယနေ့နံနက် ၁၀ နာရီက မန္တလေးမြို့မဟာအောင်မြေ မြို့နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ပြုလုပ်ကြောင်း ဦးဝင်းတင်သည် NLD ၏ နာယက တဦးလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ မန္တလေးနှင့် စစ်ကိုင်းတိုင်း စည်းရုံးရေးအတွက် အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်နှင့်အတူ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ရောက်ရှိနေခြင်း ဖြစ် ကြောင်း သိရသည်။
 
အာဆီယံ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည် 

အာဆီယံအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်ဖြစ်သည့် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်သည်
မြန်မာနိုင်ငံသို့ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့တွင် နှစ်ရက်ကြာ လာရောက်မည် ဖြစ်ကြောင်း
မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂ဝ၁၄ ခုနှစ်တွင် ခန့်အပ်ခံရရန် ထောက်ခံ အားပေးခဲ့သူ တဦးဖြစ်သည့် ဒေါက်တာဆူရင်ပစ်ဆူဝမ် သည်  မြန်မာအစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံ၏ပြောင်းလဲလာမှုများကို လေ့လာမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ထားကြောင်းသိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူများ ခွင့်ပြုသင့်ဟု ပါတီများပြော

ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့် ကြည့်ရေး အဖွဲ့များကို လာရောက်လေ့လာခွင့်ပြုမည် ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း နိုင်ငံရေးပါတီများ  က ပြောကြောင်းသိရသည်။

ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည်


ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ စာနယ်ဇင်းသမားတဦး အနေဖြင့် သွားရောက်မည်ဖြစ်ကြောင်းကိုအောင်ဇော်သည် စာနယ်ဇင်းသမား ဗီဇာ (Journalist Visa) ဖြင့် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၂၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခြင်းဖြစ်ကြောင်းသိရသည်။

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ် 

ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်းပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်ကြောင်း
ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောကြောင်းသိရသည်။
KIO နှင့် အစိုးရ ဆွေးနွေးပွဲနေရာ ညှိဆဲ
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း KIO နှင့် နီးစပ်သူ တဦးကပြောသည်။ သို့သော် အခက်အခဲများစွာ ဖြေရှင်းရန် ရှိနေကြောင်း
မူလက တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ပြင်ရှိ KIO တပ်ရင်း ၁၆ နယ်မြေတွင် တွေ့ဆုံရန် ညှိနှိုင်းခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ်ဘက်မှ လက်မခံသဖြင့် မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည့် အချက်တွင် ယခုအထိ သဘောတူညီချက် မရသေးကြောင်း
တနလာင်္နေ့တွင် အစိုးရဘက်မှ ရှမ်းပြည်နယ် မူဆယ်မြို့တွင် နှစ်ဘက် တွေ့ဆုံရန် အဆိုပြုခဲ့သည်ကိုလည်း KIO ဘက်မှ သဘောမတူသဖြင့် အခက်အခဲများ ဖြစ်နေကြခြင်းဖြစ် ကြောင်းသိရသည်။

ဥပဒေမဲ့ ဖမ်းဆီးမှုဖြင့် ခမရ ၃၂၁ အား တရားစွဲမှု စတင်ကြားနာတော့မည် 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ မဆွမ်လွတ် ရွယ်ဂျာ အား ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထားသည့်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ အား ခင်ပွန်းဖြစ်သူက တရားစွဲဆိုထားသည့်အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ကြာသပတေးနေ့တွင် စတင် ကြားနာစစ်ဆေး မည် ဖြစ်ကြောင်း
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရသည့် မရွယ်ဂျာ၏ ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရားလွှတ်တော်ချုပ်ရုံးသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ခမရ ၃၂၁ အား တရားစွဲဆို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးတော့မည်ဟု ဇောင်းခေါင်၏ ရှေ့နေ ဦးမာခါး က ပြောကြောင်းသိရသည်။

ပအိုးဝ် PNLO နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူညီမှု မရသေး 

ဦးအောင်မင်း ခေါင်းဆောင်သော သမ္မတကိုယ်စားလှယ် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပအိုးဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တို့ တနင်္ဂနွေနေ့က အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရသေးဘဲ ရှိနေကြောင်း PNLO ဘက်မှ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံတွင်းရှိ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သော စုပေါင်းတွေ့ဆုံမှုမျိုး လုပ်ဆောင်ပေးဖို့ အပါအဝင် အချက် ၁၁ ချက်ကို တောင်ဆိုခဲ့သော်လည်း အချက်အချို့ကို ချက်ချင်း သဘောတူ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိတာကြောင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတထံ  တင်ပြရဦးမည် ဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် KNPP အပစ်ရပ်ရေး ဆွေးနွေး

 အစိုးရ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အပစ်အခတ် ရပ်စဲရေး အတွက် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) မှ ဗိုလ်ချုပ် ဘီထူး အပါအ၀င် ခေါင်းဆောင် တချို့ နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ယင်းသို့တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အဓိကထားပြီး ဆွေးနွေးကြကြောင်း KNPP အတွင်းရေးမှူး (၁) ခူး ဦးရယ်က ပြောကြောင်းသိရသည်။

လှိုင်သာယာမီး အိမ် ၃၀၀ ကျော် လောင်ကျွမ်း 

တနင်္လာနေ့ မွန်းတည့် ၁၂ နာရီခန့်က ပေါ့ဆမီးကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်းလှိုင်သာယာ၊ အလယ်စုကျေးရွာတွင် မီးကြွင်းမီးကျန်ကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ အရာထမ်းတဦးက ပြောကြောင်းသိရသည်။

ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ချွင်းချက်မရှိ မဆိုင်းမတွ လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီ လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက်တစ်စောင် ထုတ်ပြန်ဖတ်ကြားရာတွင် ဖိတ်ကြားခဲ့ရုံသာမက ခရီးစဉ်အတွင်း အဆင်ပြေချောမွေ့အောင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း၊ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နေပြည်တော် တွေ့ဆုံမှုများအတွင်း နိုင်ငံတော်သမ္မတ အကြံပေးများ၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့ကြောင်း ဦးစွာပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ အကျိုးရှိလှသည့် အမြင်များကို ဖလှယ်ခဲ့ကြောင်း၊ မကြာသေးမီက တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံကာ လူ့အခွင့်အရေးကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နှစ်ဦးနှင့် အချုပ်သားတစ်ဦးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့ သုံးဦးမှာ ဖြိုးဝေအောင်၊ အောင်နိုင်၊ နိုင်ယက္ခ တို့ဖြစ်ကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ကရင်နှင့် မွန်ပြည်နယ်သို့လည်း သွားရောက်ခဲ့ကြောင်း၊ အဆိုပါပြည်နယ်များတွင် သက်ဆိုင်ရာ ၀န်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်များမှ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ခရီးစဉ်အဆုံးတွင် သံတမန်အသိုင်းအ၀ိုင်းကို ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားသည်။

နောက်ဆုံးခရီးစဉ်ဖြစ်သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ခရီးစဉ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုလှိုင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြောင်းလဲမှုအရှိန်က ပြည်တွင်းရှိ လူအများနှင့် နိုင်ငံတကာလေ့လာသူများကို အံ့အားသင့်စေခဲ့ကြောင်း၊ ဥပဒေပြုရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆင်ဆာဖျက်သိမ်းရုံသာမက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အာမခံမည့် မီဒီယာဥပဒေကြမ်းသစ်အကြောင်းကိုလည်း ကျွန်တော့်ကို ပြောပြခဲ့ကြောင်း၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲများအတွက် စည်းရုံးလှုပ်ရှားမှုများ အားတက်သရော စတင်နေပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မီဒီယာများက ဖော်ပြကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပဏာမသဘောတူညီမှုရရှိမှုများ၊ အခြားအဖွဲ့များနှင့် ဆက်လက်ဆွေးနွေးမှုများ ရှိနေကြောင်း၊ ကျွန်တော်၏ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီသို့ ၂၀၁၂ ခုနှစ် မတ်လတွင် တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရေးကြီးသည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား လွတ်မြောက်လာမှုဖြစ်ကြောင်း၊ ဒီအတွက် မြန်မာအစိုးရကို ကြိုဆိုခဲ့ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာသူများနှင့် တွေ့ဆုံရာတွင် ၎င်းတို့က ဒီမိုကရက်တစ်အကူးအပြောင်း ပိုမိုဖြစ်ထွန်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်စွာ ပါဝင်ဆောင်ရွက်ရေး ဆန္ဒရှိကြောင်းကို ပြသခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော့်အနေနဲ့ ကျန်ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို ချွင်းချက်မရှိ  မဆိုင်းမတွ လွှတ်ပေးရန် မြန်မာအစိုးရကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိကကျပြီး လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လို့ပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့်ရလဒ်များ ပေါ်ထွန်းခဲ့ကြောင်း၊ သို့ရာတွင် အရေးကြီးသည့် စိန်ခေါ်မှုများ ကျန်ရှိနေသေးပြီး ဖြေရှင်းရန် လိုအပ်နေကြောင်း၊ လက်ရှိအချိန်ထိ ရရှိခဲ့သည့်တိုးတက်မှုများ လာလမ်းအတိုင်းပြန်သွားနိုင်သည့်အန္တရာယ်လည်း ရှိနေကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် အစီရင်ခံစာ နောက်တစ်စောင် မတင်သွင်းခင် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။  Tomas Ojea Quintana နောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဖြစ်သည်။

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  



0 comments:

Post a Comment