မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၁၂
Eleven Media Group
နည်းပညာတကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက 'အမေစုကို အပြင်မှာ မျက်လုံးနဲ့တောင် နှစ် ၂၀ ကျော် မမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းတက်တဲ့အချိ န်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီလိုထွက်ပြီး ကြိုဆိုချင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အ၀ ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလို ကြိုဆိုနေတာ ဘယ်ပုဂိုလ်၊ အဖွဲ့အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်းမရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။
*****ဓါးအိမ်မှ ဓါးဆွဲထုတ်ရန်အချိန်ရောက်လာပြီးလား? **********သတိ.... သတိ..... သတိ..... ဒီမိုလိုလားသူ အားလုံး...သတိ......*****
*****သတိ...... သတိ.... အမေစုအား ကာကွယ်ထား ...*****
မြန်မာပြည်တိုးတက်ပြီး အေးချမ်းသာယာတာကို မမြင်တွေ့လို့တဲ့ ကောက်ကျစ်ပြီး ယုတ်မာတဲ့ ......ယခင် ဒီပဲယင်းတရားခံ- ဦးအောင်သောင်း လူထုအုံကြွမူဖြစ်အောင် ဖန်တီးနေ
ဦးအောင်သောင်း ဦဆောင်တဲ့ အကြမ်းဖက်သမားတစ်စု ပြည်တွင်း ဒီမိုအင်အားစုတွေကို ပြန်လည်ခြိမ်းခြောက် လာနေပါတယ်။
ကိုမင်းကိုနိုင်ပြောသလို ဓါးအိမ်ပြလို့မှ နောက်မဆုတ်သွားသူကို ဓါးဆွဲထုတ်ကာခုတ်ဖို့ သတ္တိပြရန် အချိန်ရောက်လာပြီးဖြစ်ကြောင်း......
ဒီမိုလိုလားသူ တပ်မတော်သားများ ခင်ဗျာ အာဏာရူး နေသူတွေကို တိုက်ထုတ်ရန် ညီအကိုတို့မှာလည်း တာဝန်ရှိပါကြောင်း..... နိုးဆော်လိုက်ပါတယ်
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ(မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက်
၁။ " ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ " ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
"ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်းနှင့် ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း"ဆက်ပြောပြန်သည်ဆို၏။
အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။
ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော...။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။
သာဓု... သာဓု... သာဓု ။ ။
မန္တလေးမှ ပန်းချီချစ်သူတစ်ဦး
မြန်မာ ၈၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးထား
ထိုင်းနိုင်ငံ စူရတ်ဌာနီမှာ မနေ့ညပိုင်းက မြန်မာ အလုပ်သမားတွေနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ ကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာမှာ မြန်မာ ၈၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးထားပါတယ်၊ သူတို့ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ည သန်းခေါင်ယံ မတိုင်ခင်ကတည်းက အချုပ်ခန်းထဲ ရောက်နေတာဖြစ်ပေမယ့် အကူအညီ တစုံတရာ မရရှိဘဲဖြစ်နေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။ လက်ရှိ သမတ အစိုးရ လက်ထက် အထိ မြန်မာပြည်မှာ စီးပွားရေး ကြပ်တည်းပြီး အလုပ်အကိုင်ရှား လုပ်ခနဲနေဆဲ ဖြစ်တာမို့ ထိုင်းနိုင်ငံထဲကို ကူးပြောင်း အလုပ်လုပ်ကိုင်နေကြသူ မြန်မာ ၂ သန်းကျော် ရှိနေပါတယ်ခင်ဗျာ။
PNLO ကို ဆက်ကြေးပေးသည့် ဒေသခံနှစ်ဦးကို အစိုးရစစ်တပ်ကဖမ်းဆီး
ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သို့ ဆက်ကြေးပေးပြီးပြန်လာသော ဒေသခံရွာသားနှစ်ဦးအား အစိုးရစစ်တပ်မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တစ်ဦးအား ပုဒ်မ ၁၇/၁ ဖြင့် အရေးယူရန် တရားရုံးသို့ပို့ဆောင်ခဲ့သည်။တောင်ရှေ့ကျေးရွာအုပ်စု၊ စိန်ဖြီးနာကျေးရွာမှ ခွန်မောင်လယ်နှင့် ဦးအောင် ဆိုသူတို့ ဇန်န၀ါရီ ၇ ရက်က PNLO ထံသို့ ဆက်ကြေးပေးပြီး ပြန်အလာလမ်းတွင် အစိုးရစစ်တပ် ၄၂၄ နှင့် တွေ့ဆုံပြီး ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့ နှစ်ဦးအား စစ်တပ်ကစစ်ဆေးသည့်အခါ ဦးအောင်က သစ်ဝယ်ရန်ဟုထွက်ဆိုခဲ့ပြီး ခွန်မောင်လယ်က ဆက်ကြေး ပေးရန်ဟုထွက်ဆိုခဲ့သည်။ ရိုက်နှက်စစ်ဆေးသောအခါတွင် ဦးအောင်ကဆက်ကြေးပေးရန်ဟုပြန်လည် ထွက်ဆိုခဲ့သည်ဟု စိန်ဖီးနာ ရွာသားတစ်ဦး ကပြောသည်။ ခွန်မောင်လယ်က “ကျနော်တို့က(PNLO)ကို ထောက်ပံ့ အားပေးတယ်လို့ဆိုပြီးဖမ်းတယ်။ လက်ကို နောက်ဘက်လှန်ပြီးချည်တယ်။ ကျနော်ကိုစစ်ဆေးတော့ ပါးတွေရိုက်တယ်။ ခွန်အောင်ကို တစ်ခြားတစ်နေရာမှာစစ်ဆေးတယ်။ စစ်တပ်ရိုက်တာ မခံနိုင်လို့ အော်တာကိုကြားရတယ်” ဟုပြောသည်။
ခွန်မောင်လယ်နှင့်ပန်သခွါးရွာသားတစ်ဦး၊ ထီဖွရွာသားလေးဦး အားလုံး(၆) ဦး တစ်ပတ်တိတိ စစ်တပ်နှင့် အတူစစ်ကြောင်းလိုက်ရသည်ဟု ခွန်မောင်လယ်ကပြောသည်။
စစ်တပ်ကစစ်ဆေးရာတွင် လက်နောက်ပြန်ကြိုးချည်ကာ ရေနှင့်လောင်းခြင်း သေနတ်နှင့်ဆောင့်ခြင်း၊ ခြေထောက်နှင့်ကန်ခြင်းတို့အပြင် မျက်နှာကိုလက်သီးနှင့်ထိုး၊ အင်္ကျီချွတ်ပြီး ကြိုးဖြင့်ရိုက်ခြင်းတို့ပါ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ဦးအောင်ကပြောကြောင်း ၎င်းကိုသွားရောက်တွေ့ဆုံခဲ့သည် ဒေသခံရွာသားတစ်ဦးကပြောသည်။
“ဦးအောင်ကို လက်ပြောင်းပြန်လှန်ချည်ထားတယ်။ ထော်လာဂျီပေါ်ရောက်တော့ ခေါင်းကို ဂုံနီအိတ်နဲ့ စွပ်လိုက်ပြီး စစ်တပ်စခန်းထဲကိုခေါ်သွားတယ်။ ရွာသားတွေက စခန်းထဲသွားကြည့်ရင် 'နင်တို့လည်း အချုပ်ထဲဝင်ချင်လား။ နင်တို့လည်းပါလား' လို့ခြိမ်းခြောက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။
ဇန်န၀ါရီ ၂၄ ရက်က ဆီဆိုင်တရားရုံးတွင် အမိန့်ချမှတ်ရန် ရုံးချိန်းထားသော်လည်း ဆီဆိုင်မြို့နယ် ပအိုဝ်းဒေသဦးစီးအဖွဲ့ဝင် ဦးခွန်လှသိန်းက ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သို့ တိုင်ကြားပေးခဲ့ပြီး ရုံးချိန်းကို ဖေဖေါ်ဝါရီ ၈ ရက်သို့ ချိန်းဆိုထားသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိ တောင်ရှေ့ကျေးရွာအုပ်စု၊ တောရကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာ အုပ်စုများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) သို့ တစ်အိမ်ထောင်ဆန်တစ်ပုံးနှင့် ငွေကျပ် (၆၀၀၀) တစ်နှစ် နှစ်ခေါက် နှစ်စဉ်ဆက်ကြေးပေးရလေ့ရှိပြီး အစိုးရစစ်တပ်ကိုပါ ထောက်ပံ့မှုပြုရသည်ဟု ဒေသခံများကပြောသည်။ PNLO အဖွဲ့သည် ကရင်လွတ်မြောက်ရေး အစည်းအရုံးနှင့် KNU အဖွဲ့နှင့်အတူ စတင်ပေါ်ပေါက်ခဲ့ကာ ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံး၊ မောက်မယ်နယ်မြေများတွင် လှုပ်ရှားကာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်နှင့် ဆန့်ကျင်ဘက် ထိုင်းမြန်မာနယ်စပ်တနေရာတွင် ဋ္ဌာနချုပ်ထားရှိသည့် အဖွဲ့ဖြစ်သည်။
ယခုလပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးကြသည့်အထဲတွင် PNLO နှင့်လည်း ဒီဇင်ဘာ ၂၉ ရက်နေ့တွင် တကြိမ် ယမန်နေ့ (ဖေဖေါ်ဝါရီ ၅ ရက်) တွင်တကြိမ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့တို့ ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းကျေးရွာအုပ်စုများသည် ဆီဆိုင်မြို့မှ အရှေ့ဘက်၁၃ မိုင်ခန့်ကွာဝေးပြီး မောက်မယ်မြို့ နယ်အစပ်တွင်တည်ရှိသည်။
တပ်မတော်က ဗိုလ်ချုပ်ကို ချောင်မထိုးခဲ့ပါဟု ယူဆနေသူများအားလုံးအတွက်
ဗိုလ်ချုပ်ကို တပ်မတော်နှင့် အစိုးရမှ မပစ်ပယ်ခဲ့ပါဟု ပြန်လည်ဆွေးနွေးသူများ ဖတ်ရန်...။(၁) တပ်မတော်အစိုးရစတင်အုပ်ချုပ်ခဲ့သည့် ပထမဆုံး အာဇာနည်နေ့ဖြစ်သော ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ဆယ်နာရီ သုံးဆယ့်ခုနစ် (ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့်အချိန်) မှ စတင်ပြီး အလေးပြု သတိတရရှိရန် ပြည်သူအား ရေဒီယိုမှဥသြစွဲ တပ်လှန့်သော နှစ်ပေါင်းလေးဆယ်တိုင်တိုင်ကျင့်သုံးခဲ့သည့် ဓလေ့ စတင်ပျက်ပြယ်ခဲ့ပါသည်။
(၂) တပ်မတော်အစိုးရစတင်အုပ်ချုပ်ခဲ့သည့် နှစ်အနည်းငယ်အကြာ ၁၉၉၀ ကျော်မှ စတင်ပြီး ဗိုလ်ချုပ်ပုံပါ ငွေကြေး အသစ် အဟောင်းများ ဆက်လက်မထုတ်တော့သလို သခင်ဖိုးလှကြီး၏ လေးဆယ်င့ါးကျပ်တန်၊ ဆရာစံ ၏ ကိုးဆယ်ကျပ်တန်များကိုလည်း တဖြေးဖြေးချင်း တိမ်ကောခဲ့သည်။ မှတ်ချက် စစ်အစိုးရလက်ထက်တွင် ငွေးကြေးတွင်မက ကဏ္ဍပေါင်းစုံသည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်သဖြင့် ပိုက်ဆံ၏ ဒီဇိုင်းမှာ လက်တစ်ဆုပ်စာ ထိပ်ဆုံးခေါင်းဆောင်များ၏ ညွှန်ကြားချက်ဖြင့်သာ ထုတ်ဝေရသည်။ ဗဟိုဘဏ်၏ တာဝန်မဟုတ်ပါ။
(၃) တပ်မတော်အစိုးရ စတင်အုပ်ချုပ်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း အခြားသော သမိုင်းသူရဲကောင်းများ ၏ အမည်များဖြင့် တံတားကြီးများ လမ်းများ ဆည်များ တိုင်းပြည်အနှံ့တွင် ဆောက်လုပ်ခဲ့ပြီး ရေယာဉ်များကို အမည်ပေးခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် တံတားကြီးတစ်စင်း သို့မဟုတ် ဆည် တစ်ခု ..မပြောနှင့် သာမန် စာကြည့်တိုက်ကလေး တစ်လုံးကို ပင် ဗိုလ်ချုပ် အမည်ပေးတည်ဆောက်ခဲ့တာ ရှိပါသလား။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်ပြီး အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့သည်များ ရှိခဲ့ပါသလား..။ နှစ်ပေါင်းများစွာ ဒီအတိုင်းထား မပြင်ဆင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုပင်၂၀၁၁ ဇွန်လကျမှ အဘယ့်ကြောင့် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသနည်း။ ကမ္ဘာပေါ်တွင် အနီးစပ်ဆုံး ဥပမာပေးရလျှင် တရုတ်ပြည် တွင် မော်စီတုန်းအား မည်ကဲ့သို့ အထိမ်းအမှတ်ထားသည်ကိုလည်း သတိထားလေ့လာကြပါ။
(၄) တပ်မတော်အစိုးရ စတင်အုပ်ချုပ်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း တပ်မတော်တွင်း ရုံးများ ကျောင်းများနှင့် အစိုးရဌာန ရုံးများ ကျောင်းများတွင် ဗိုလ်ချုပ်ပုံများကို ၁၉၉၂ ခုနှစ်မှ စတင်ပြီး ရုံးစာထုတ်ကာ အဘယ့်ကြောင့် ဖြုတ်ပစ်ကြပါသနည်း။ ကမ္ဘာပေါ်ရှိ အာဇာနည်ရှိသော နိုင်ငံများကို ဥပမာပေးလျှင် အိန္ဒိယနှင့် တရုတ် ကို ကြည့်ပါ။ ဂန္ဓီပုံနှင့် မော်စီတုံးပုံကို ယနေ့ထက်တိုင် ရုံးများကျောင်းများတွင် ချိတ်ဆွဲလေ့ရှိပါသည်။
တပ်မတော်အစိုးရ မအုပ်ချုပ်ခင်က သတင်းစာ ရှေ့ဆုံးစာမျက်နှာများတွင် အာဇာနည်နေ့နှင့် တပ်မတော်နေ့ မတိုင်ခင် တစ်ပတ်ဆယ်ရက် ကတည်းက ပါရှိခဲ့သည့် ဗိုလ်ချုပ်မိန့်ခွန်းကောက်နှုတ်ချက်များအစား ဥိးသန်းရွှေ၏ မိန့်ခွန်းများ တပ်မတော်နေ့နှင့် အာဇာနည်နေ့နီးမှ အဘယ့်ကြောင့် ထည့်သွင်းပါဝင်လေ့ရှိသနည်း။
(၅) တပ်မတော်အစိုးရအုပ်ချုပ်တဲ့ နှစ်နှစ်ဆယ်ကျော်အတွင်းမှာ အာဇာနည်ဗီမာန်ဘေးမှာ သွေးဆေးကန်နဲ့ သူရဲကောင်းစစ်သည်ဗိမာန်ကို ချက်ချင်းတည်ဆောက်ပြီး နိုင်ငံတကာ ဧည့်သည်ကြီးတွေ လာခဲ့ရင် ၄င်းတို့ မတောင်းဆိုလျှင် အာဇာနည်ဗိမာန်ကို လိုက်ပို့လေ့ရှိတော့ပဲ ပုံမှန်အနေဖြင့် သူရဲကောင်းစစ်သည်ဗိမာန်ကိုသာ လိုက်ပို့လေ့ရှိတာ ဘာ့ြေ၊ကာင့်ပါလဲ....။ နှစ်ပေါင်းများစွာ အမှတ်တရ ထားခဲ့သော ၀န်ကြီးများရုံးမှ ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် အစည်းအဝေးခန်းမသည်ပင်လျှင် ၁၉၈၈ မတိုင်မီနှင့် တပ်မတော်အစိုးရတက်ပြီး ယခုအချိန် ဘယ်လောက်ဟောင်နွမ်းဆွေးမြေ့နေသလဲ ဆိုတာ သွားကြည့်ကြပါ။
(၆) နောက်ဆုံးတစ်ချက်ကို ပြောရလျှင် ... ၁၉၈၉ နောက်ပိုင်းမှာ တပ်မတော်သစ္စာအဓိဌာန်လေးချက်ထဲက အချက် (၂) မှာ ယခင်က ``ငါတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်`` ဆိုတဲ့ အချက်ကနေ ``ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်`` ဆိုပြီး ပြောင်းလဲ လိုက်တာကို အခုခေတ် တပ်မတော်သားဆိုသူတွေ သတိထားမိကြပါသလား..။
အဲဒီလောက် အချက်တွေနဲ့တင် သဘောပေါက်ကြဖို့ပါဗျာ...။ တကယ် တပ်မတော်ထဲမှာ ဗိုလ်ချုပ်ကိုချစ်တဲ့သူတွေရှိရင် အဲဒီအချက်တွေကို ပြန်လည်ဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်။ တပ်မတော်က ဗိုလ်ချုပ်ကို ချောင်မထိုးခဲ့ဖူးဆိုလျှင်လည်း အရင်က တပ်မတော်အစိုးရဆိုပြီး တပ်မတော်ကို ခုတုံးလုပ်နာမည်ခံထားတဲ့ စစ်အာဏာရှင်လူတစ်စုကြောင့်လို့ နားလည်ပေးလိုက်ပါ့မယ်..။
ပိတ်ဆို့ အရေးယူထားမှု တချို့ အမေရိကန်က ပြန်ရုပ်သိမ်းမယ်
မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ကြိုဆို အားပေးတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူထားတာတွေထဲက တချို့ကို ပြန်လည် ရုပ်သိမ်းတော့မယ်လို့ အေပီသတင်းက ဖော်ပြလိုက်ပါတယ်။မြန်မာအစိုးရ အပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေတွေ အများအပြားရှိပါတယ်။ အခု ပြန်လည် ရုပ်သိမ်းမှုတချို့ ပြုလုပ်မှာက ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများနှင့် အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အက်ဥပဒေထဲက မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတချို့ ဖြစ်ပါတယ်။
အဲဒီလို ရုပ်သိမ်းဖို့ သမ္မတ အိုဘားမားက သောကြာနေ့က အတည်ပြုလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအချိန် အင်္ဂါနေ့ မနက်၊ အမေရိကအချိန် တနင်္လာနေ့ ညနေပိုင်းမှာ လက်မှတ် ရေးထိုးဖို့ရှိတယ်လို့ အေပီသတင်းက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကဏ္ဍမှာ အဆင့် ၃ ပဲ ရှိနေတာပါ။ အဓိပ္ပာယ်က မြန်မာအစိုးရဟာ လူကုန်ကူးမှုကို နိုင်နိုင်နင်းနင်း ထိထိရောက်ရောက် မတိုက်ဖျက်နိုင်သေးဘူးလို့ ဆိုတာပါပဲ။ ဒါကြောင့် အခုလို မြန်မာကို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးတာဟာ တကယ်တော့ လူကုန်ကူးမှု တိုက်ဖျက်ရေး စွမ်းဆောင်ချက်တွေကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တစ်စုံတစ်ရာ ပွင့်လင်း လာတဲ့အပေါ် အိုဘားမားအစိုးရက ဆုပေးဖို့ ရည်ရွယ်တဲ့သဘော ဖြစ်ပုံရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။
အခုလို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးမယ် ဆိုပေမယ့် ကျန်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ရုပ်သိမ်း ပေးလိုက်တာတွေရဲ့အကျိုးဆက် အနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းနိုင်ဖို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေမှာ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး လိုအပ်နေသေးတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။ ဒီအတွက် လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ အဓိက အရေးပါတဲ့ စမ်းသပ်မှုတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒါရိုက်တာဝိုင်းက အကယ်ဒမီပွဲကို သပိတ်မှောက်
မကြာသေးခင်ကမှ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်မှာ ပရိသတ်နှစ်ခြိုက်ဆုံး ဇာတ်ကားဆု ရရှိခဲ့တဲ့ အဲဒီအခန်းဖြတ် (Ban That Scene) ဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ၀ိုင်းက ဒီနှစ်မှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို အယုံအကြည်မရှိတဲ့အတွက် မတက်ရောက်တော့ဘူးလို့ ဆိုလိုက်ပါ တယ်။
“ကျနော် သရုပ်ဆောင် ဘ၀ကတည်းက နှစ်တော်တော်များများ အကယ်ဒမီပေးပွဲကို မတက်ဘူး။ အယုံအကြည်လည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ဟိုလူနဲ့သိရင် ပေးလိုက်တာပဲ၊ ဒီလူနဲ့သိရင် ပေးလိုက်တာပဲ။ အဲဒီလိုမျိုးတွေပဲ မြန်မာ့ ရုပ်ရှင်လောကမှာ အုပ်စိုးနေတော့ နည်းနည်းတော့ ရွံစရာကောင်းလာတယ်။ အကယ်ဒမီဆိုတာကို ဆီတွေ ဆန်တွေလို ခွဲတမ်းချပြီးပေးနေတာကိုလည်း သိပ်ဘ၀င်မကျဘူး။ တကယ့်တကယ့်မှာ တန်ဖိုးဆိုတဲ့အရာကို မေးခွန်းထုတ်စရာရှိပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်အကြောင်းကို ဘာမှ နားမလည်ဘဲ သူတို့နဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းတွေသာ ပေါင်းစပ်ဖွဲ့စည်းထားတာက တကြောင်း၊ အဲဒီကမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကလည်း အုပ်စီးထားတာက တကြောင်း၊ အကယ်ဒမီပေးပွဲအတွက် သတ်မှတ်ထားတဲ့ ဘာမှန်းမသိတဲ့ စည်းမျဉ်းဘောင်တွေ သတ်မှတ်ထားတာတွေကြောင့် တကြောင်း အကြောင်းကြောင်းကြောင့် အကယ်ဒမီပေးပွဲကို မတက်ခြင်းဖြစ်တယ် လို့လည်း ဆိုပြန်ပါတယ်။
ယခုနှစ် အကယ်ဒမီပေးပွဲမှာ ပေးအပ်မယ့် ၂၀၁၀ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲမှာ ဒါရိုက်တာ ၀ိုင်းရဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားဟာ ပရိသတ် ထင်ကြေးပေးခံရဆုံး ဇာတ်ကားထဲမှာ ပါဝင်နေပါတယ်။
ဒါရိုက်တာ ၀ိုင်းဟာ ပြီးခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာလည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါ်ထင်ထင် ဝေဖန်အပြစ်တင်ထားတဲ့ အဲဒီအခန်းဖြတ် ဇာတ်ကားကို ရိုက်ကူးခဲ့သူလည်းဖြစ်လေတော့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒဿရယ် ဇာတ်ကားကိုသာ အကယ်ဒမီ ပေးခဲ့မယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကို စပြီးမြင်ရပြီလို့ ပြောနိုင်ကြောင်း ၀ိုင်းက ဆိုပါတယ်။
“သေချာပြောရရင် လူကြီလူကောင်းပဲ ဆန်မလား၊ ကလေးစိတ်ပဲ မွေးမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သူက ဆိုလိုက်ပါတယ်။
သူ့အနေနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာသမားတွေကို သွားရောက်အားမပေးနိုင်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်းလည်း ပြောပါတယ်။
“လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျနော်တို့ တောင်းဆိုခဲ့တယ်။ နောက် သူ့ရဲ့ ဖွဲ့စည်းပုံမှာကတည်းက နှစ်နှစ်တခါ ပြောင်းလဲဖွဲ့စည်းရမယ်ဆိုတဲ့ ရုပ်ရှင်အစည်းအရုံး ပြောင်းလဲဖွဲ့စည်းရေးပေါ့။ အဲ့ဒါကို ဘာမှပြောင်းလဲ မဖွဲ့စည်းပေးဘဲနဲ့ သူတို့လူတွေနဲ့သူတို့ ဖွဲ့စည်းပြီး ရုပ်ရှင်လောကကို စိတ်ကြိုက် ခြယ်လှယ်နေတဲ့အတွက် ရုပ်ရှင် လောကက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ” လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။
***ဒလ မြို့ တော်ကြီးကို တည်ဆောက်တာဟာ နိုင်ငံတကာကို ယှဉ်ပြိုင်ရေးမှာ မဖြစ်မနေ လှမ်းရမဲ့ ခြေလှမ်းဖြစ်တယ်*** ***အချိန်တိုအတွင်းမှာကို အာရှရဲ့  ကျားဆိုတာထက် ဆင်ကြီးဖြစ်လာစေရပါမယ်***
ဒလအကြောင်း ရေးစရာတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ပေါ့ မြို့တော်တည်ထောင်ထာ မြန်မာနိုင်ငံရဲ့ အကြီိးဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး မြို့တော်ကြီးကို ကျနော်တို့ မြန်မာတွေ ကိုယ်တိုင် စိတ်ထိုင်းကျကျ တည်ဆောက်နိုင် တည်ဆောက်တဲ့ မြို့တော်ကြီးအဖြစ် သမိုင်းမှတ်တမ်း ထိုးနိုင်မယ့် မြို့တော်ကြီးဘဲ ဖြစ်ပါတယ်။ တနည်းလဲ ဒီလိုစီးပွားရေးအရ အလွန်အချက်အခြာ ကျပြီး အလွန်ကြီးမားလာမဲ့ မြို့တော်ကြီးကို စစ်အစိုးရ အဆက်ဆက် မတည်ဆောက်နိုင်ခဲ့ဘူး ဆိုတာလဲ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့ပါပြီ။
INFRASTRUCTURE အခြေခံ အဆောက်အဥိး တည်ဆောက်တာ စံနစ်ကျဖို့က စီမံကိန်းဌာန အရေးပါသလို နိုင်ငံတော် လူကြီးတွေကလည်း အမျှော်အမြင်ကြီးမားဖို့ အထူးလိုအပ်နေပါတယ်။ ရောက်လေရာ လက်ညိုးထိုးတဲ့ အာဏာရှင် ဘ၀င်စိတ်နဲ့ မြို့တော်ကြီး တည်ဆောက်လို့ မရပါဘူး။ အာဏာရှင်စိတ်ဓါတ်နဲ့ တည်ဆောက်လို့ နည်းပညာ တတ်သူတွေ ရှိရင်တောင် မြောက်ကိုးရီးယားလိုဘဲ ဖြစ်နေပါမယ်။ မြို့တော်ကြီးကို နိုင်ငံတကာက ပညာရှင်တွေ ဆီက အကြံဥာဏ်တွေ အများကြီး ရယူရပါမယ်။ ယခင်ကလို အိမ်ရှိမယ်၊ လမ်းရှိမယ်၊ သောက်ရေ ရှိမယ်ဆိုတာလောက်နဲ့ ဒီဘက်ခေတ်မှာ မလုံလောက်တော့ပါဘူး။ မီးပွုင့်တွေ လမ်းတွေကိုက နည်းပညာ ယူစရာတွေ တပုံတပင်ကြီး လိုအပ်နေပါတယ်။ ဥကမာ တိုးတက်နေတယ် အမေရိကန်နဲ့ ကပ်လျှက်ရှိနေတဲ့ မက္ကစီကိုနိုင်ငံမြို တော်အတွက် လမ်းမီးပွုင့်တွေကို ဆစ်ဒနီက နည်းပညာကိုရယူထားပါတယ် ။
ဒီလိုဘဲ တရုတ်ပြည်ကမြို့ တခုအတွက်လဲ ဆစ်ဒနီက မီးပွုင့်နဲ့  လမ်းတွေကို နမူနာယူပါတယ် ကျနော်တို့က ဒါလေးလောက်များ အလွယ်လေးပါလို့  မထင်မိဖို့ လိုပါတယ်ခင်ဗျာ။ နည်းပညာတွေအများကြိး သူများဆီက ၀ယ်ယူတန် ၀ယ်ယူတာ လုပ်ရပါမယ်။
နောက်ဒလ မြို့တော်မှာ ငွေအကုန်အကျ ခံနိုင်မယ်ဆိုရင်ပေါ့ မြေအောက်ရထားလမ်း လုပ်သင့်ပါတယ်။ တချိန်မှာ လူဦးရေ တိုးတက်လာမယ် စက်မှုလုပ်ငန်းတွေ တိုးတက်လာရင် မြို့နေလူထုအတွက် အကောင်းဆုံးသော ပို့ဆောင်ရေး စံနစ်ကတော့ မြေအောက်ရထားသာလျှင် ဖြစ်ပါတယ်ခင်ဗျာ။ မြေပေါ် မိုးပျံလမ်းတွေက တကယ် လူဦးရေးတိုးတက်လာရင် သိပ်မနိုင်လှပါဘူး။ အထူးသဖြင့် ရုံးဆင်း ရုံးတက်ချိန် (Rush hours) ပေါ့လေ မှာ မိုးပျံရထားဆိုတာ တွဲနည်းနည်းလေး။ ရထားလမ်းက နှစ်ခုလေးနဲ့ ဘာမှ သိပ်မနိုင်ပါဘူး။ မြေအောက် ရထားကတော့ တွဲများများ နှစ်ထပ် ရထားစတာတွေနဲ့ လူများများ သယ်နိုင်ပါတယ်။
ဒလမြို့တော်မှာ ၉၄-ခုနှစ်က လာတဲ့ သူတွေ ရေးဆွဲထားသလို မိလ္လာပိုက်တွေကို အဆင်ဆင့် နေရာ-၃ / ၄ နေရာမှာ မိလ္လာကိုပြန်လည် ခွဲထုတ် ရေကို စိုက်ပျိုးရေး သန့်စင်ရေးတွေအတွက် ပြန်လည်အသုံးပြုပြီး မိလ္လာကို မီသိန်းဓါတ်ငွေ့ထုတ်။ စွမ်းအင်ထုတ် အသုံးပြု ကျန်တဲ့မိလ္လာကို မြေသြဇာ လုပ်တဲ အဆင့်မျိုးအထိ ချိန်ဆထားရပါမယ်။ လက်ရှိ ရန်ကုန်စည်ပင်က လုပ်နေသလို မိလ္လာကို ကားနဲ့ စုပ်ထုတ် ရန်ကုန်မြစ်ထဲ (ပုဇွန်တောင်ချောင်းထဲ ဖေါက်ချတာကတော့ မလုပ်သင့်တော့ပါဘူး။ လုပ်နေသေးတုံးဆိုရင် ဗွီဒီယိုမှတ်တမ်းတွေ လုပ် ကမ္ဘာကိုသိအောင် ဖေါ်ထုတ်တာ လုပ်ပေးရပါမယ်)။
ယခင်က ရေးခဲ့သလိုပါဘဲ ဥပမာ ဆစ်ဒနီမြို့ တော်မှာ မြို့တခုလုံး ကစားကွင်းတွေ ကလေးကစားကွင်းတွေ ပန်းခြံတွေ အများကြီး လုပ်ထားပါတယ်။ မြို့နယ်တခုနဲ့ တခု ကြားမှာလဲ တောအုပ်ကြီးတွေ ချန်ထားပါတယ်။ ကားမောင်းသွားရင် မေမြို့တောင်တက် လမ်းလေးတွေကို ဖြတ်သန်းနေရသလို ရှူခင်းလှလှ လေးတွေ ရှိနေပါတယ်။ ပြည်သူတွေ အေးအေးလူလူ အနားလွယ်လွယ် ကူကူယူလို့ ရအောင် စီမံထားတာပါ။ ပြည်သူတွေ စိတ်စွမ်းအား ကောင်းမွန်နေစေဖို့ အမြော်အမြင် ရှိရှိ လုပ်ထားတာပါ။ ပြည်သူပြည်သားတွေ စိတ်ရွှင်လန်းဆန်း နေခြင်းဟာ တီထွင်မှု ကုန်ထုတ်လုပ်မှု တွေနဲ့ဆက်စပ်နေတော့ ပြည်သူတွေ စိတ်အပန်းဖြေချင်ရင် လွယ်လွယ်ကူကူ အပန်းဖြေစရာ နေရာတွေ အများကြီိး ဖန်တီး ပေးထားတာပါ ။
အခုဒလ မြို့တော်ကြီးမှာ ယခင်က ရေးထားသလို အင်းယားကန်ထက် နှစ်ဆ သုံးဆ ကြီးတဲ့ ရေကန်ကြီးတွေ ၃/၄ ခုလောက် လုပ်ထားမယ်ဆိုရင် ရေကန်၊ ရေပြင်အကျယ်နဲ့ ရေထုအားကြောင့် ရာသီဥတု မျှတတာလဲ ရမယ်။ အင်းယားကန် ဘေးမှာ ထိုင်ကြည့်ရင် လေအေးအေးလေး တိုက်ခတ်နေတာ အလွန်ထူးခြား အေးဆေး နေစေပါတယ်။ ဒီနိုင်ငံတွေမှာ ရေပြင်နဲ့ နီးတဲ့အိမ်တွေ ဈေးကောင်းရနေတာ အိမ်ကြော်ငြာရင် ရေပြင်နဲ့ နီးတာ ကြော်ငြာနေကြတာ ဒါပါဘဲ။
ပြည်သူလူထု စိတ်အနား ယူစရာနေရာလဲ ဖြစ်ပါမယ်။ ကန်တွေ လုပ်လို့ တူးထုတ်လိုက်တဲ့ မြေသားတွေဟာ ဒလဘက် မြေနိမ့်နေမှုကို ဖို့ပေးရာမှာလဲ သုံးလို့ရပါမယ်။ ပြည်သူလူထု အတွက် ရေကန်နဲ့ နီးစပ်မှုဟာ အပန်းဖြေမှု တခုပါဘဲ။ ဘေးပတ်လည်မှာ ကလေးကစားဖို့ ကွင်းတွေပါ ဖြည့်စွက်ထားမယ်ဆိုရင် အလုပ်အကိုင်သစ်တွေပါ ပေါ်လာပါမယ်။ ပြည်သူတွေ ကိုယ်ကျန်းမာရေး အတွက် အကျိုးရှိစေသလို စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးထက်ကို အရေးကြီးပါတယ်။တခုတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ မြို့ တော်ကို ကြပ်ပြေးကို ပြောင်းထားတာက ၂၀၀၆- နှစ်အစက ဆိုတော့ အခု ဒလဘက်ကို ပြောင်းရပြန်တော့ ဆယ်နှစ်အတွင်းမှာ မြို့တော်ပြောင်းရတာ နှစ်ခါဖြစ်နေတော့ တိုင်းပြည်ဟာ နှစ်ခါပန်းနေပါပြီ။ မတတ်သာဘူး။ တိုးတက်ဖို့အတွက် ဦးစားပေး၊ စဉ်းစားပြီ ဆိုရင် ပန်းတာ ခနဖယ်ထား။ လှမ်းစရာရှိတာ လှမ်းရပါတော့မယ်။ ကမ္ဘာကြီးမှာ စီးပွားရေးချိန်ခွင် လျှာပြောင်းနေချိန် ကိုယ်က ပိုအမြင်ကျယ်ကျယ် လှမ်းထားရပါမယ်။ ခေါင်းဆောင် တစ်ဦးရဲ့ အမျှော်အမြင်ပေါ် ကျနော်တို့နိုင်ငံ ခြေလှမ်းဘယ်လောက် ရောက်တယ် ဆိုတာ သမိုင်းက မှတ်တမ်း ထိုးပေးလာပါမယ်။
သမ္မတကြီးဦးသိန်းစိန် ရဲ့ အမျှော်အမြင်အား ဘယ်လောက်ဆိုတာ သမိုင်းက မှတ်တမ်းထိုးမှာပါ။ ငါလုပ်တာ မှန်တယ်ဆိုပေမဲ့ ဥပမာ စာမေးပွဲတော့ အောင်တယ်။ အမှတ်ဘယ်လောက် ရသလဲကလည်း အရေးကြီးသေးတယ်လေ။ အခုဘဲ အမေရိကန် ကိုကြည့်ပါ။ ကျနော်ကတော့ ၂၀၀၀-နှစ်သမတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အယ်ဂိုးလ်ကို အကြိုက်ဆုံးပေါ့။ ဘွတ်တို့က ညစ်လိုက်တယ်လို့ ပြသနာရှိခဲ့တယ်။
ဒီဘွတ် ဆိုသူကို ကျနော်က တစက်လေးမှ မကြိုက်ဖူး။ သမ္မတကလင်တန် မိန့်ခွန်းတွေဆို ကျနော်သိပ်ကြိုက်လို့ တကူးတက ကူးထား နားထောင်တယ်။ ဘွတ်ဆိုရင် သူ့အသံကိုက သမ္မတ လေသံနဲ့မတူဘူး။ သမ္မတလေသံ မဟုတ်တော့ နဲနဲလေးမှ နားထောင်မရဘူး။ သူ့လက်ထက် အမေရိကန်ကြီး စီးပွားပျက်တော့တာပါဘဲ။ ဘယ်လောက်ညံ့တဲ့ သူလဲဆိုရင် စီးပွားပျက်စ ပြုနေတာတောင် မသိ သတိမထားမိသူပါ။ ဘာကြောင့် ပျက်ရတယ်ဆိုတာကို သိဖို့ကတော့ ဝေလာဝေးပေါ့။
အခု အိုဘားမား တက်လာတယ်။ စီးပွားရေးကို အတက်ဘက် ပြန်လှဲ့အောင် လုပ်နိုင်ခဲ့ပါပြီ။ တနေ့က နှစ်သစ်မိန့်ခွန်းပေါ့ Speech of the Union Address မှာ သူ့ရဲ့ အမျှော်အမြင်တွေကို လှစ်ဟ ပြလိုက်ပါတယ်။ ခက်တာကတော့ လွှတ်တော်နှစ်ရပ်လုံးမှာ အတိုက်အခံ ရီပတ်ပလစ်ကန်တွေ စီးထားတာပါဘဲ။ အများစုဖြစ်နေတော့ စိတ်ထင်တိုင်းလုပ်လို့မရ ဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမျှော်အမြင်ကိုတော့ သိခွင့်ရလိုက်ပါတယ်။
ဒီလိုဘဲ ကျနော်တို့ နိုင်ငံတော်ကြီးဟာ အနုတ်လက္ခဏာ ကနေ အပေါင်းဘက် ပြန်ပြလာအောင် သမ္မတကြီး ဘယ်လောက် အမျှော်အမြင်ရှိတယ် ဆိုတာထက် ဘယ်လောက် လုပ်ပိုင်ခွင့်ရှိတယ် ကလည်း စကားပြောနေရပါတယ်။ ခက်တာက နေပြည်တော် စီမံကိန်းကြီးဟာ နိုင်ငံတကာနဲ့ စီးပွားရေး ယှဉ်ပြိုင်တဲ့ အခါမှာ အနုတ်လက္ခဏာဆိုတာကို ထုတ်ဖေါ်ပြောဆိုဖို့  ဘယ်သမ္မတ မှ ပါးစပ်မဟရဲကြပါဘူး။
ဒလမြို့တော်ကြီးကို တံတားလေးထိုး ဟိုနားတစ်ကွက် ဒီနားတကွက်တိုးချဲ့ နေလို့မရပါဘူး။ တောမြို့လေးသာသာ ဖြစ်သွားပါမယ်။ နိုင်ငံတော်ကနေ စီမံကိန်းကို စံနစ်တကျ ရေးဆွဲပြီး ခေတ်မှီပညာရှင်တွေရဲ့ အကြံဥာဏ်တွေ ရယူပြီး ဖေါ်ဆောင်မယ်ဆိုရင် ကျနော်တို့ဟာ အာရှမှာ တခြားအာဆီယံ နိုင်ငံမြို့တော်တွေထက် အဘက်ဘက်က သာလွန်တဲ့ မြို့တော်လည်း ရှိလာမယ် ပြည်သူလူထု ကလည်း ကမ္ဘာကကြိုက်ရတဲ့ လူစားမျိုးတွေ ဖြစ်နေတယ်။ သယံဇာတကလည်း ပေါကြွယ်တယ်။ ရေအား အရင်းအမြစ်ကလဲ ကောင်းမွန်တယ်ဆိုတော့ မကြာခင် အချိန်တိုအတွင်းမှာကို အာရှရဲ့  ကျားဆိုတာထက် ဆင်ကြီးဖြစ်လာစေရပါမယ်။
အချုပ်အားဖြင့်တော့ ဒလ မြို့ တော်ကြီးကို တည်ဆောက်တာဟာ နိုင်ငံတကာကို ယှဉ်ပြိုင်ရေးမှာ မဖြစ်မနေ လှမ်းရမဲ့ ခြေလှမ်းဖြစ်တယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲများ Forum တခုလုပ်ဆွေးနွေး စကားဝိုင်းတခု လုပ်သင့်တယ်လို့ဘဲ တင်ပြလိုပါတယ်။ Forum သာလုပ်လိုက်ရင် စီမံကိန်းဆွဲတာရဲ့ ခြေလှမ်းအစ ပါလှမ်းမိသား ဖြစ်သွားပါပြီ။ သမ္မတကြီး တစ်ဦးတည်း အနေနဲ့လဲ နေပြည်တော်ကြီး ကနေ ပြန်ပြောင်းတယ်ဆိုတဲ့ ခေါင်းပေါ် အလွန်ကြီးလေးတဲ့ တာဝန်ကြီး မကျနိုင်တော့ပါဘူး။ ဒီကိစ္စဟာ ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ အားလုံးမှာ Team Work အသင်းလိုက် တာဝန်ယူ သလိုလည်း ဖြစ်သွားစေပါမယ်။
တိုင်းပြည်တိုးတက်ရေး တံခါးတွေ ဖွင့်ပေးလာလေ ဘယ်မလဲ ခေတ်မှီလေယာဉ်ကွင်း ဘယ်မလဲ ဆိပ်ကမ်းတွေ။ ဘယ်မလဲ နိုင်ငံခြားသားတွေ ဈေးသင့်တင့်တဲ့ အိမ်ငှားစရာ ရင်နှီးလုပ်ကိုင်စရာ မြေ(ဈေးသင့်တင့်တဲ့မြေ)။ ဇန္န၀ါရီလထုတ် ဂျာနယ်တခုမှာ ရန်ကုန်မြေဈေးတွေဟာ ရင်းနှီးမြုပ်နှံ မှုတွေကို ကန်ထုတ်နေတယ်လို့ ပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။ အဓိပါယ် မရှိဖြစ်နေပါမယ်။ ဖွင့်ကားဖွင့်၏ တံခါးကတော့ဖွင့်ပါရဲ့ အထဲမှာ မွန်းကြပ်သိပ်နေတော့ ၀င်လို့မရတဲ့ အခန်းတခုနဲ့ တူနေတာလေးကို စဉ်းစားကြပါလို့ တာဝန်ရှိ လူကြီးမင်းများကို တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို လေးစားလျှက်နှင့် ခြေလျှမ်းသွက်သွက် လှမ်းကြဖို့ ဒလစီမံကိန်းကြီးကို နားစွင့်ထားကြပါလို့
လှိုင်မြင့်
“အပြောင်းအလဲများ၊ လူငယ်များနှင့်အနာဂတ်”
အပြောင်းအလဲများအပြောင်းအလဲဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ပြောင်းလဲတိုးတက်မှုတွေ စဉ်ဆက်မပြတ် ဖြစ်ထွန်းနေတဲ့ ဒီနေ့ခေတ် ကမ္ဘာ့ရေစီးနဲ့အတူ ဆယ်စုနှစ် ၅ ခု ကျော် အိပ်မွေ့ချထားခံခဲ့ရတဲ့ ကျနော်တို့ မြန်မာပြည်မှာလဲ အပြောင်းအလဲရဲ့ အငွေ့အသက်တွေ ဟိုတစ ဒီတစ တွေ့မြင်လာနေရပါတယ်။ ဒီနေရာမှာ အထူးသတိပြုလေ့လာဖို့ လိုတာကတော့ ဘယ်နေရာတွေမှာ ဘာတွေ ပြောင်းလဲလာခဲ့သလဲဆိုတာ ပဲဖြစ်ပါတယ်။
တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အုပ်ချုပ်သူအစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်ကြိုးပမ်းဖို့ တာဝန်ရှိသလို ပြည်သူလူထုကလည်း ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြဖို့လိုပါတယ်။ ပြည်သူလူထုက တိုင်းပြည်အရေးမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရဲ့ အခြေခံဥပဒေမှာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် လမ်းဖွင့်ပေးထားဖို့လိုပါတယ်။ ဒါကြောင့်မို့ လက်ရှိမြန်မာပြည်ရဲ့  ပြောင်းလဲမှုတွေထဲမှာ ပြည်သူလူထုရဲ့  နိုင်ငံရေးအခွင့်အရေးတွေက အရင်စစ်အာဏာရှင် အစိုးရလက်ထက်ကထက် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာခဲ့သလဲဆိုတာ အဓိကကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရအောင် ညှိနှိုင်းခဲ့တာ၊ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေးစည်းရုံးရေး လုပ်ငန်းတွေလုပ်ဆောင်ခွင့်ပြန်ရလာတာ၊ နိုင်ငံရေးတက်ကြွသူအစုအဖွဲ့တွေ လှုပ်ရှားခွင့်တစုံတရာ ရရှိလာတာတွေဟာ အသိအမှတ်ပြုကြိုဆိုရမယ့် တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တခြားတဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်စေတဲ့ ထိုးစစ်ဆင်မှုတွေ မကြာသေးခင်ကအထိ ရှိနေတာ၊ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲဆိုမှုတွေ ရှိနေသေးတာ အစရှိတဲ့ အပြုသဘောမဆောင်တဲ့ ကိစ္စရပ်တွေကိုလည်း ဖြေရှင်းဆောင်ရွက်ဖို့လိုပါသေးတယ်။
အပြောင်းအလဲတွေနဲ့ပက်သက်လို့ ကောက်ချက်ဆွဲပြောရရင် တိုးတက်မှုလို့ဆိုနိုင်မယ့် အပြောင်းအလဲတချို့ ရှိခဲ့သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ လိုအပ်ချက်တွေလည်း အများကြီးကျန်ရှိနေပါသေးတယ်။
လူငယ်များနှင့်အနာဂတ်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဝန်းကျင် အပြောင်းအလဲ အကျိုးရလဒ်တွေနဲ့အတူ ဒီနေ့ခေတ် မြန်မာလူငယ်ထုအနေနဲ့ ထမ်းဆောင်ရမယ့်သမိုင်းတာဝန်တွေလည်း တိတိကျကျ ပူးတွဲပါရှိလာပါတယ်။ အရင်စစ်အာဏာရှင် အစိုးရလက်ထက်မှာ နိုင်ငံရေးဖိနှိပ်မှုတွေ ပြင်းထန်းကြီးမားလွန်းခဲ့တဲ့အတွက် မြန်မာပြည်သူတွေနဲ့ မြန်မာလူငယ်ထုဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်မရခဲ့တဲ့အပြင် နိုင်ငံရေးဆိုတာ ကြောက်ရွံ့ ထိတ်လန့်စရာ ကိစ္စရပ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီခေတ်ရဲ့ အကြောက်တရားအရှိန်က ဒီနေ့အချိန်ထိ အချို့အချို့ သော လူငယ်များရဲ့ ရင်ထဲမှာ ကိန်းဝပ်ငြိတွယ်နေဆဲလည်း ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့အပြောင်းအလဲများ အရ ပြည်သူလူထုရဲ့  နိုင်ငံရေးအခွင့်အရေးတွေဟာ တစုံတရာ လွတ်လပ် ပွင့်လင်းလာပြီဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ တက်တက်ကြွကြွ ရဲရဲဝံ့ဝံ့ ဆောင်ရွက်လှုပ်ရှားဖို့ တာဝန်ရှိလာပြီ ဖြစ်ပါတယ်။ တာဝန်လို့ ခေါ်ဆိုသုံးနှုန်းရခြင်းအတွက် ခိုင်လုံတဲ့ အကြောင်းကိစ္စတစ်ရပ်လည်း ရှိပါတယ်။ နိုင်ငံပြောင်းလဲဖို့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ လက်ရှိနိုင်ငံအခြေအနေမှာ လိုအပ်ချက်တွေရှိနေသေးလို့ (သို့မဟုတ်) ပိုကောင်းတဲ့ အခြေအနေတွေဆီ ရောက်ရှိဖို့၊ အနာဂတ်အကျိုးကိုမျှော်မှန်းပြီး လှုပ်ရှားဆောင်ရွက် ကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ အနာဂတ်ဆိုတဲ့ကိစ္စက အဓိကအကျဆုံးဖြစ်ပါတယ်။ အနာဂတ်တချိန်မှာ ဒီနေ့ခေတ်လူငယ်တွေဟာ တိုင်းပြည်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေ၊ လူကြီးတွေ မလွဲမသွေ ဖြစ်လာကြရမှာပါ။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ လူငယ်တွေရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။ တနည်းပြန်ကြည့်ရမယ်ဆိုရင် အနာဂတ်မြန်မာပြည်ဟာ ဒီနေ့ခေတ်လူငယ်တွေရဲ့  လက်ထဲမှာပဲရှိနေပါတယ်။ ဒီနေ့လူငယ်တွေက ဒီနိုင်ငံရဲ့  တရားမျှတ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းကြမယ်ဆိုရင် အနာဂတ်မြန်မာပြည်ဟာ အဲ့ဒီအတိုင်းပဲ ဖြစ်လာမှာပါ။ ဒါကိုမေ့လျော့ပြီး မဆိုင်သလိုနေကြရင်လည်း တချိန်မှာ ဆိုးကျိုးတွေကို ခံစားရမှာလည်း ဒီနေ့ခေတ်လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေ နိုင်ငံ့အရေးမှာ ပါဝင် လှုပ်ရှားရေးဟာ မဖြစ်မနေထမ်းဆောင်ရမယ့် သမိုင်းတာဝန်ဖြစ်တယ်လို့ ဆိုရတာပါပဲ။
နိဂုံးချုပ်အနေနဲ့ တင်ပြရရင် လက်ရှိတိုင်းပြည်အခြေအနေမှာ အပြောင်းအလဲ တချို့ ရှိလာပါတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်နက်ရှိုင်းတဲ့ ပြောင်းလဲမှုတွေလည်း ဖော်ဆောင်နိုင်ဖို့လိုအပ်နေပါသေးတယ်။ ဒီအခြေအနေမှာ လူငယ်တွေရဲ့ အင်အားဟာ အရာအားလုံးထက် အရေးကြီးပါတယ်။ အတိအကျပြောရရင် လူငယ်တွေဟာ အနာဂတ်အတွက် တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်ဆိုတာ လူငယ်တွေ အတွက်ဖြစ်နေလို့ပါပဲ။
လူသားတို့ နေထိုင်နိုင်မည့် ဂြိုလ်သစ်တစ်လုံး တွေ့ရှိ
အာကာသအတွင်း လူသားတို့ အသက်ရှင်နေထိုင်နိုင်မည့် ဂြိုလ်သစ်တစ်လုံးကို ကြယ်တာရာတစ်ခု၏ အနီးတွင် ရှာဖွေတွေ့ရှိကြောင်း၊ ယင်းဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် ရေကဲ့သို့သော အရာများကို တွေ့ရှိရကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်များက ဖေဖော်ဝါရီလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ ၄င်းဂြိုလ်၏ မျက်နှာပြင်အပူချိန်သည် အပူလွန်ကဲမှုနှင့် အအေးလွန်ကဲမှုများ မရှိကြောင်း၊ မျက်နှာပြင်ပေါ်တွင် တွေ့ရှိရသည့် အရည်များမှာ ရေများဖြစ်၊ မဖြစ် လေ့လာသုတေသန ပြုရမည်ဖြစ်ကြောင်း အမေရိကန်သုတေသန ပညာရှင်များက ပြောကြားသည်။ အဆိုပါဂြိုလ်ကို နာဆာ၏ ဟိုလီဂရေးလ် အာကာသလေ့လာရေးယာဉ်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုလ်၏ အနီးတွင် ကြယ်တာရာတစ်လုံးလည်း ရှိနေကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ စတီဗင်ဗို့က ပြောကြားသည်။ ယခု တွေ့ရှိရသော ဂြိုလ်သစ်သည် လူသားနှင့် သက်ရှိသတ္တဝါတို့ အသက်ရှင်နေထိုင်နိုင်မည့် အပူချိန်၊ ရာသီဥတုနှင့် မြေမျက်နှာပြင်အနေအထားတို့ရှိကြောင်း၊ ၄င်းဂြိုလ်ကို ဂျီဂျေ ၆၆၇ Cc ဟု အမည်ပေးထားကြောင်း၊ ကမ္ဘာဂြိုလ်မှ အလင်းနှစ် ၂၂ နှစ်ခန့်တွင် တည်ရှိကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)ပညာတတ်များ-အနုပညာရှင်များနဲ့နိုင်ငံရေးလူမှုရေး (တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း၊ မြသန်းတင့်နှင့် မောင်သာမည)
ဆရာမြသန်းတင့်နဲ့မောင်သာမညတို့ဘာသာပြန်ခဲ့တဲ့ (တွိုင်ဘီ-အီကေဒါဆွေးနွေးခန်း) စာအုပ်ပါ အသိပညာကဏ္ဍထဲ က (ပညာတတ်များ-အနုပညာရှင်များနဲ့နိုင်ငံရေးလူမှုရေး) အခန်းဖြစ်ပါတယ်။(တွိုင်ဘီကိုယ်ရေးအကျဉ်း- အာနိုး၊ ဂျေ၊ တွိုင်ဘီ။ ၁၈၈၉ လန်ဒန်မြို့ဖွား။ အောက်စဖို့နဲ့ဝင်ချက်စတာတို့က ရှေးဂရိနှင့် ရောမစာပေအနုပညာဘွဲ့ရ။ ၁၉၁၉-၁၉၂၄ ထိ လန်ဒန်တက္ကသိုလ် သမိုင်းပါမေက္ခ။ ၁၉၁၂-၁၉၉၅ ထိ တော်ဝင် တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဋ္ဌာန ညွှန်မှူး၊ ၁၉၃၄-၁၉၆၁ အတွင်း ၁၂ တွဲရှိ သမိုင်းလေ့လာခြင်း ကျမ်းကြီး ထုတ်ဝေ။ အထူးကျော်ကြား။ ဘာသာပေါင်းမြောက်များစွာဖြင့်ဘာသာပြန်ခံရ။း ၁၉၇၅ အသက် ၈၆ အရွယ်တွင် ကွယ်လွန်)
(အီကေဒါကိုယ်ရေးအကျဉ်း- ဒိုင်စကု အီကေဒါ၊ ၁၉၂၈ တိုကျိုဖွား။ ဒဿနိက၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ ဘောဂဗေဒ၊ ဥပဒေ၊ ဓာတုဗေဒနှင့်အခြားပညာရပ်များလေ့လာ။ ၁၉၆၀ ဆိုကာဂက်ကိုင်း(ဂျပန်ဗုဒ္ဓဘာသာအဖွဲ့ချုပ်) ဥက္ကဋ္ဌ။ တက္ကသိုလ်တခုအပါအဝင် အထက်တန်းကျောင်းပေါင်းများစွာ တည်ထောင်ခဲ့သူ။ ဖူဂျီအနုပညာပြတိုက် ထူထောင်သူ။ ပညာရေးသုတေသနအရှေ့တိုင်းဋ္ဌာန၊ မီနန်အကအဖွဲ့နှင့် ဆေကျိုထုတ်ဝေရေးလုပ်ငန်းထူထောင်သူ။ ကဗျာ၊ သိပ္ဗံ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့်ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့။ ခြောက်တွဲရှိ ဗုဒ္ဓအဘိဓမ္မာစွယ်စုံကျမ်း ထုတ်ဝေရေးကြီးကြပ်သူ။ သူ့ကျမ်းများအား ဘာသာပေါင်းမြောက်များစွာ ဘာသာပြန်ခံရ)
အီကေဒါ- တချို့လူတွေက လက်ရှိလူမှုရေးနိုင်ငံရေးပြဿနာတွေထဲမှာ တက်တက်ကြွကြွစိတ်ပါဝင်စားတဲ့ ပညာတတ်တွေ၊ စာရေးဆရာတွေ၊ အနုပညာသည်တွေကိုသဘောမကျကြဘူး။ ပညာတတ်ပညာရှင်တွေ၊ အနုပညာ ရှင်တွေဟာ နိုင်ငံရေးပြဿနာတွေထဲမှာ ပါဝင်ပတ်သက်လာရင် သူတို့ရဲသန့်ရှင်းစင်ကြယ်မှုနဲ့ ရိုးသားဖြောင့်မတ်မှုတွေ ဆုံးရှူံးသွားတတ်တယ်ဆိုတဲ့အယူအဆထဲမှာ အမှန်တရားတချို့ရှိတာ ဟုတ်ပါတယ်။ ဒါပေမယ့် လူဆိုတာလူ့အဖွဲ့အစည်းနဲ့ သီးခြားခွဲပြီးမနေနိုင်တဲ့အတွက်ကြောင့် ကျနော်တို့အားလုံးဟာ နိုင်ငံရေးနဲ့တနည်းနည်း ပတ်သက်နေရတာချည်းပါပဲ။ မပတ်သက်ပဲနေလို့မရပါဘူး။ တောမှီရသေ့တပါးလို တကိုယ်တော်နေထိုင်လို့မရတဲ့အဖြစ်ဟာ ခေတ်သစ် လူသားရဲ့ကံကြမ္မပဲဖြစ်ပါတယ်။ ဆင်စွယ်နန်းမြင့်မှာနေထိုင်တဲ့ ဒါမှမဟုတ် ပြင်ပကမ္ဘာနဲ့အဆက်ပြတ်နေတဲ့အလုပ်ခန်း တခုထဲမှာနေထိုင်တဲ့ ပညာတတ်တွေနဲ့အနုပညာရှင်တွေဟာ တကယ်အရေးပါတဲ့အလုပ်ကို လုပ်နိုင်မှာမဟုတ်ပါဘူး။
တွိုင်ဘီ- ပညာတတ်တယောက် ဒါမှမဟုတ် အနုပညာရှင်တယောက်မဖြစ်ခင်မ ပထမဆုံးအနေနဲ့ လူသား တယောက်ဖြစ်ရပါမယ်။ လူသားမဟုတ်ပဲ ပညာတတ်ဖြစ်လို့မရဘူး။ လူမဟုတ်ပဲ အနုပညာရှင်ဖြစ်လို့မရဘူး။ လူဆိုတာ လူအချင်းချင်းအပြန်အလှန်ဆက်ဆံမှုပြုတဲ့ လူမှုရေးသတ္တဝါတစ်မျိုးပါ။ လူသားဟာ လူ့ဘဝရဲ့ပြဿနာတွေထဲမှာ ပါဝင်ပတ်သက်နေရသလို ကိုယ့်ခေတ်ကာလ ကိုယ့်နေရာဒေသနဲ့သာ သီးခြားသက်ဆိုင်တဲ့ပြဿနာတွေထဲမှာလည်း ပါဝင်ပတ်သက်နေရပါတယ်။ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ ရေရှည်ပြဿနာတွေကို မသိကျိုးကျွံပြုတဲ့ပညာတတ်တယောက် ဒါမှမဟုတ် အနုပညာရှင်တယောက်ဟာ ကိုယ့်ကိုယ်ကို ရှင်လျှက်နဲ့သေစေမှာပဲ။ ဘယ်လို အတွေးအမြင်သစ် အယူအဆသစ်ကိုမှ တွေးခေါ်ကြံစည်နိုင်မှမဟုတ်တော့ဘူး။ သည်လို မသိကျိုးကျွံလုပ်မိတာဟာ စိတ်ဝင်စားမှုမရှိလို့လုပ်မိတာဖြစ်ဖြစ် သူဟာ စိတ်ကူးညာဏ်ကွန့်မြူးဝေဆာခြင်း မရှိတော့ပါဘူး။ လူသားစွမ်းအားတွေကိုစုပုံထားပြီး ကိုယ့်ခေတ်ကာလ ကိုယ့်နေရာဒေသရဲ့ပြဿနာတွေကိုတော့ လျစ်လျူထားတဲ့တွေးခေါ်ရှင်ကြီးတွေ အနုပညာရှင်ကြီးတွေရှိခဲ့ပါတယ်။ ပလေတိုဟာ သူ့ဇာတိအေသင်မြို့မှာနေထိုင်ရတာကို သဘောမတွေ့ခဲ့ပါဘူး။ ဒါကြောင့် သူစိမ်းလို ခတ်ခွာခွာနေခဲ့ပါတယ်။ ဂျာမနီနဲ့နပိုလီယန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဂျာမနီနိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းတခုဖြစ်တယ်ဆိုတာ ဂျာမန်သားကဗျာဆရာကြီးဂိုထေ သိမြင်ခဲ့ပေမယ့် သည်ထိပ်တိုက်တိုးမှုထဲမှာ နိုင်ငံရေးအရရော စိတ်ခံစားမှုအရပါ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ သူတို့နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်သူတွေကတော့ မာ့က်စ်နဲ့ လီနင်တို့ပဲဖြစ်ပါတယ်။ မာ့က်စ်နဲ့လီနင်တို့ဟာ ကိုယ့်ခေတ်ကိုယ့်ဒေသရဲ့ပြဿနာတွေအပေါ် ပြင်းပြင်းပြပြ စိတ်ပါဝင်စား ခဲ့ကြပါတယ်။ ထက်ထက်သန်သန်ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ မာက်စ်ဆိုရင် သူ့ရဲ့ဒဿနအတွေးအခေါ်ကို နိုင်ငံရေးမှာလက်တွေ့အသုံးချဖို့အတွက် စီမံချက်တခုအဖြစ်ပြောင်းလဲခဲ့တဲ့အထိပါပဲ။ လီနင်ဆိုရင်လည်း ရုရှားနိုင်ငံရဲ့ အာဏာကိုအရသိမ်းပြီး အဲဒီအာဏာကိုရုရှတော်လှန်ရေးကြီးဖြစ်အောင် အသုံးချခြင်းအားဖြင့် မာက်စ်ရဲ့စီမံချက်ကို ရုရှပြည်မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့အထိပါပဲ။
အီကေဒါ- ဆော့ခရတ္တိ၊ ပလေတို၊ ရူးဆိုး၊ ဂိုထေ၊ မာက်စ်၊ လီနင်နဲ့ ဒိုစတောယက်စကီးတို့လို အလွန်ထူးချွန်ပြောင် မြောက်တဲ့တွေးခေါ်ရှင်တွေ၊ စာရေးဆရာတွေဟာ သူတို့ရဲ့အယူအဆအိုင်ဒီယာတွေနဲ့ လူ့သမိုင်းရဲ့အကြောင်းကို ပြောင်းလဲပစ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ လူ့ပြဿနာတွေထဲမှာ တက်တက်ကြွကြွပါဝင်ပတ်သက်ခဲ့ကြတာကိုး။ သူတို့ဟာ သူတို့ခေတ်မှာကြီးစိုးနေတဲ့ အတွေးအခေါ်အယူအဆတွေကို ဝေဖန်ခဲ့ကြတယ်။ အဲဒီအတွေးအခေါ်အယူအဆတွေထက် သာလွန်တဲ့အတွေးအခေါ်အယူအဆတွေကို ဖော်ထုတ်ပြခဲ့ကြတယ်။ ပညာရှင်တွေကစာတမ်းရေးပြီး ကျောင်းသားတွေကို ဟောပြောပို့ချတဲ့အခါ ဒါမှမဟုတ် စာရေးဆရာတွေက သူတို့ရေးသားချက်တွေကို ထုတ်ဝေတဲ့အခါ ဒါမှမဟုတ် အနုပညာရှင်တွေက သူတို့လက်ရာတွေကို ထုတ်ဖော်တင်ပြတဲ့အခါ ဘဝတူလူသားတွေကို သူတို့ရဲ့အတွေးအခေါ်အယူအဆနဲ့ ရည်ရွယ်ချက်တွေ ပေးဆက်နေတာပါ။ သည်နည်းနဲ့သူတို့ဟာ လူ့အဖွဲ့အစည်း နဲ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်နေပါတယ်။ အနုပညာလက်ရာတခု ဒါမှမဟုတ် စာတမ်းတခုဟာ ကြီးကျယ်လာတာနဲ့အမျှ သူ့ခေတ်ကာလအပေါ်မှာ သက်ရောက်တဲ့သြဇာကလည်း ပိုကြီးပါတယ်။ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှုအတွက် ပိုပြီး လမ်းခင်းပြင်ဆင်ပေးနိုင်ပါတယ်။ ပညာတတ်တွေ အနုပညာရှင်တွေအနေနဲ့ နိုင်ငံရေးကိုစိတ်ဝင်စားပြီး ကိုယ့်ခေတ်ရဲ့အခြေအနေတွေကိုပြုပြင်ရေးမှာ တက်တက်ကြွကြွပါဝင်ပတ်သက်ခြင်းဟာ မမှားယွင်းပါဘူး။ ဒါပေမယ့် အာဏာနဲ့ကျူးလွန်တတ်တဲ့မကောင်းမှုတွေထဲမှာ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုအဆုံးရှူံးခံပြီး ကိုယ့်ကိုယ်ကိုရောတခြားသူတွေကိုပါ ဖျက်ဆီးမိလိုက်တဲ့အထိနိုင်ငံရေးမှာ အတွင်းကျကျပါဝင်ပတ်သက်မှုမျိုးကိုလည်း ရှောင်ရှားဖို့ကတော့ အရေးအကြီးဆုံးပါပဲ။
တွိုင်ဘီ- ပညာတတ်တွေအနုပညာရှင်တွေဟာ ကိုယ့်ခေတ်ကိုယ့်ဒေသရဲ့ပြဿနာတွေနဲ့ပတ်သက်ရာမှာ မှန်ကန်တဲ့လမ်းကတော့ အလယ်အလတ်လမ်းဖြစ်တယ်ဆိုတာကို ကျနော်သဘောတူပါတယ်။ သည်ပြဿနာတွေနဲ့ လုံးလုံးကင်းကွာရမှာမဟုတ်သလို သည်ပြဿနာတွေထဲမှာ လုံးလုံးပါဝင်ပတ်သက်ရမှာလည်း မဟုတ်ပါဘူး။ သည်လို အလယ်အလတ်လမ်းကိုတွေ့ရှိသွားတဲ့ စာပေသမားတွေကို ပုံစံထုတ်ပြရမယ်ဆိုရင် ကျနော်ကတော့ ၁၉ ရာစု ရုရှစာရေးဆရာကြီးများဖြစ်တဲ့ တာဂီနက်၊ ဒေ့စတိုယက်စကီးနဲ့တော်စတွိုင်းတို့ကို ရွေးထုတ်ပါမယ်။ အလယ်အလတ်လမ်းကိုတွေ့ခဲ့တဲ့ တွေးခေါ်ရှင်တွေအနေနဲ့ကတော့ စတိုးယစ်ဒဿနဂိုဏ်းကိုတည်ထောင်သူ ဇင်နိုနဲ့ဧပီကျူးရပ်စ်ကို ရွေးထုတ်ပါမယ်။ မြို့ပြနိုင်ငံတွေက ဂရိလူမျိုးတွေရဲ့ဘဝအတွက် လူမှုရေးနဲ့ကိုယ်ကျင့်တရားအရ ကျေနပ်အောင်မလုပ်ပေးနိုင်တဲ့ခေတ်ကာလမှာ သည် ဂရိတွေးခေါ်ရှင်နှစ်ဦး ပေါ်ထွန်းခဲ့တာပါ။ ဂရိတွေဟာ ကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့အခါ စိတ်ဓါတ်ရေးရာ ချွတ်ခြုံကျနေကြောင်း သိခဲ့ကြပါတယ်။ ဇင်နိုနဲ့ဧပီကျူးရပ်တို့က သူတို့ခေတ်ပြိုင်ဂရိလူမျိုးတွေ အတွက် အမြင်သစ်အတွေးသစ်တွေ ဖော်ထုတ်ဖန်တီးခဲ့ကြတယ်။ သည်လိုနဲ့ ဂရိလူမျိုးတို့ရဲ့ရိုးရာအဖွဲအစည်းဖြစ်တဲ့ မြို့ပြနိုင်ငံပြိုကွဲပျက်စီးသွားပြီးတဲ့နောက်မှာ ဂရိလူမျိုးတို့ရဲ့ဘဝကို ဆက်လက်ရှင်သန်နိုင်အောင် လုပ်ပေးခဲ့တယ်။
အီကေဒါ- အလယ်အလတ်လမ်းဟာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်တွေ့ကျင့်သုံးတဲ့အခါ အလယ်အလတ်လမ်းဟာ လျှောက်ဖို့အလွန်ခက်ပါတယ်။ အလယ်အလတ်လမ်းကို မလျှောက်နိုင်ခဲ့တဲ့ ပညာတတ်တွေအနုပညာရှင်တွေဟာ အာဏာရဲ့သားကောင်အဖြစ်ကို မကြာခဏကျရောက်သွားကြပါတယ်။ ဒီလိုနဲ့ အကျိုးဆက်အားဖြင့် ကိုယ့်ရဲ့ ဖန်တီးမှုအလုပ်တွေမပေါက်ဖွားလာအောင် ကိုယ့်ဘာသာတားဆီးပိတ်ပင်မိသွားကြတယ်။ သည်လိုအဖြစ်မျိုးတွေ သိတ်များလွန်းတာကြောင့် နိုင်ငံရေးနဲ့အာဏာကြားကဆက်စပ်မှုအပေါ် စိုးရိမ်စိတ်တွေ ဖြစ်ပွားလာရတာပါ။ နိုင်ငံရေး အတွင်းပါဝင်နေကြတဲ့ပညာတတ်တွေအနုပညာရှင်တွေအနေနဲ့ သည်လိုအခက်အခဲတွေကြားမှာ ဘယ်လိုခြေလှမ်းမျိုး တွေလှမ်းသင့်တယ်လို့ ဆရာကြီးထင်ပါသလဲ။
တွိုင်ဘီ- (အထက်တန်းစားမှန်လျှင် သူတပါးကိုကူညီရမည်)ဆိုတဲ့ ပြင်သစ်စကားပုံဟာ ပညာတတ်တွေ အနုပညာရှင်တွေအတွက် အလွန်မှန်ကန်တဲ့ ကျင့်ဝတ်စည်းမျဉ်းတခုလို့ ကျနော်မြင်ပါတယ်။ တခုတော့ရှိတယ်။ အထက်တန်းစားဆိုတာ မင်းစိုးရာဇာမျိုးရိုးကို ဆိုလိုတာမဟုတ်ပဲ လူသားဆန်တဲ့စိတ်ဓါတ်ကို ဆိုလိုတာတော့ ဖြစ်ရပါမယ်။ လူသားတယောက်ရဲ့အတွင်းမှာ အစိတ်အပိုင်းတရပ်အနေနဲ့ပါဝင်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဝတ္တရားတွေကိုပြောတာပါ။ သာမန်မျိုးရိုးကပေါက်ဖွားတဲ့ ဆော့ခရတ္တိဟာ မှူးမတ်မျိုးရိုးကဆင်းသက်လာတဲ့ သူ့တပည့်ပလေတိုလိုပဲ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ ရေရှည်ပြဿနာကြီးတွေကို အဓိကအာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပလေတိုနဲ့မတူတာက ဆော့ခရတ္တိဟာ သူနေထိုင်ရာအေသင်မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးဘဝအတွင်းမှာလည်း ပါဝင်ခဲ့တဲ့အချက်ပါပဲ။ ဆော့ခရတ္တိဟာ အငြင်းပွားမှုဖြစ်စေတဲ့နိုင်ငံရေးကိစ္စတွေထဲ ပါဝင်ပတ်သက်တာမျိုး လုပ်လေ့လုပ်ထမရှိပေမယ့် လူကြိုက်မများလှတဲ့နိုင်ငံရေးလမ်းစဉ်တခုကို ကိုင်စွဲဖို့လိုအပ်လာပြီလို့သူထင်ရင်တော့ သည်လိုလုပ်ရပ်မျိုးကို သူရဲ့နိုင်ငံရေးတာဝန်တရပ်အဖြစ်စဉ်းစားဖို့ ဝန်လေးခြင်းမရှိပါဘူး။ တခါကဆိုရင် လူကြိုက်သိတ်မများပေမယ့် ကိုယ်ကျင့်တရားအရမှားယွင်းတဲ့လှုပ်ရှားမှုတခုကို အေသင်လူထုအစည်းအဝေးမှာ လူသိရှင်ကြားဆန့်ကျင်မဲပေးခဲ့ပါတယ်။ ကိုယ့်ဟောပြောချက်တွေက စာရိတ္တပျက်ယွင်းတဲ့ဟောပြောချက်တွေပါလို့ ကိုယ့်ယုံကြည်ချက်နဲ့ အမှန်တရားကိုဆန့်ကျင်ပြီးဝန်ခံမယ့်အစား သေဒဏ်ကျခံဖို့ပဲ သူရွေးချယ်ခဲ့ပါတယ်။ သူ့အပေါ်သေဒဏ်ချမှတ်ပြီးတဲ့နောက်မှာ နိုင်ငံရပ်ခြားမှာသွားရောက်ခိုက်မို့ အခွင့်အရေးကိုရယူဖို့လည်း သူပြင်းထန်ခဲ့ပါတယ်။ နိုင်ငံရေးထဲပါဝင်ဖို့ ကြိုးစားနေတာလည်းမဟုတ် ရှောင်ရှားဖို့ကြိုးစားနေတာလည်းမဟုတ်တဲ့ ဆော့ခရတ္တိရဲ့အကျင့်အကြံဟာ ပညာတတ်တယောက် အနုပညာရှင်တယောက်အတွက် မှန်ကန်တဲ့အကျင့်အကြံလို့ ကျနော်ထင်ပါတယ်။
အီကေဒါ- ဆော့ခရတ္တိရွေးချယ်တဲ့အလယ်အမလတ်လမ်းနဲ့ ဂေါတမဗုဒ္ဓရွေးချယ်တဲ့အလယ်အလတ်လမ်းကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘဝရှင်သန်နည်းတခုအနေနဲ့ဆိုရင် ဆော့ခရတ္တိရဲ့နည်းကို ကျနော်သဘောမကျပါဘူး။ မင်းညီမင်းသားတပါးအဖြစ်မွေးဖွားလာခဲ့တဲ့ သိဒ္ဓတ္ထဂေါတမဟာ အလွန်ခံစားမှုပြင်းထန်ထက်မြက်တဲ့ လူငယ်တယောက်ဖြစ်တာကြောင့် နိုင်ငံရေးလုပ်မယ်ဆိုရင် မဟာဂရုဏာတွေနဲ့ပြည့်နေတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့တခုကို တည်ထောင်နိုင်ခဲ့ပါမယ်။ ဒါပေမယ့် လူ့လောကကြီးကို ဆင်းရဲဒုက္ခမှကင်းလွတ်အောင် နိုင်ငံရေးကရော စီးပွားရေးကပါ မတတ်နိုင်ဘူးဆိုတဲ့အချက်ကို လင်းလင်းရှင်းရှင်း သဘောပေါက်သွားတဲ့အတွက်ကြောင့် ရဟန်းသာမဏေတို့ရဲ့ လမ်းစဉ်နောက်ကိုပဲလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဟာ နိုင်ငံရေးကို စိတ်မဝင်စားတာယမဟုတ်ပါဘူး။ ဗောဓိညာဏ်ရရှိပြီးတဲ့နောက်မှာပင် သူ့ရဲ့ဆွေမျိုးသားချင်း မင်းစိုးရာဇာများနဲ့သူကြွယ်တွေကို ဆက်လက်ဟောကြားနေခဲ့ပါတယ်။ သည်လူတွေဟာ ရှေးဟောင်းအိန္ဒိယဒေသရဲ့ မြို့ပြနိုင်ငံများအတွင်းမှာ သြဇာအာဏာရှိကြသူများ ဖြစ်ပါတယ်။ ဗုဒ္ဓဟာ သူ့ရဲ့တရားဓမ္မတွေကို နိုင်ငံရေးလုပ်ငန်းတွေရဲ့ သဘောတရားရေးအခြေခံအဖြစ်ချမှတ်ဖို့ ရည်ရွယ်မျှော်မှန်းပြီး သည်လူတွေကို ဟောကြားခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ နိုင်ငံရေးကိုကျော်လွန်ပြီး လူ့လောကကို သုခချမ်းသာဆီပို့ဆောင်ပေးမယ့် လမ်းတလမ်းထူထောင်ရေးပဲဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ဘဝသက်တမ်းတလျှောက်နဲ့ ဗုဒ္ဓဘာသာရဲ့သမိုင်းတလျှောက်လုံးမှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေအပေါ် နှိပ်ကွပ်ခဲ့တာမရှိပါဘူး။ ထူးခြားတာက ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံရေးအာဏာရှင်တွေနဲ့ ပတ်သက်ရတဲ့အခါမျိုးမှာ နိုင်ငံရေးအာဏာကိုရည်မှန်းတဲ့အဆင့်ကနေပတ်သက်တာမျိုးမဟုတ်ပဲ သည့်ထက်ပိုမိုမြင့်မားတဲ့အဆင့်ကနေပတ်သက်တာဖြစ်ပါတယ်။
ဆော့ခရတ္တိကတော့ ဗုဒ္ဓနဲ့မတူပါဘူး။ သူ့ရဲ့အယူအဆတွေကို ခုခံကာကွယ်ရာမှာ မြို့ပြနိုင်ငံကအာဏာရှိသူတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အညံ့ခံအလျှော့မပေးပဲ သေခြင်းတရားကိုရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ သေဆုံးပုံကြောင့်ပဲ နောက်ပိုင်းရာစုနှစ်များအပေါ်မှာ သူ့အတွေးအခေါ်တွေရဲ့သြဇာဟာ ပိုမိုကြီးမားလာတာဖြစ်နိုင်ပါတယ်။ ဗုဒ္ဓကတော့ ဆိုးဝါးလှတဲ့သေဆုံးပုံမျိုးကို ရင်ဆိုင်တွေ့ရအောင်ကိုယ့်ကိုယ်ကိုမလုပ်ခဲ့ပေမယ့် ဆော့ခရတ္တိရဲ့သြဇာလိုပဲ ကြီးမားတဲ့သြဇာတရပ်ကို ရရှိခဲ့ပါတယ်။ ကျနော်ကတော့ ဆိုဆိုးရွားရွားသေဆုံးရဖို့ တမင်ရွေးချယ်လိုက်တာမျိုးကို အမှန်တရားအဖြစ်လက်မခံနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သည်လိုလုပ်ရပ်မျိုးက လူတွေအပေါ် နိုင်ငံရေးကိုမုန်သွားအောင် လှုံ့ဆော်ပေးလို့ပါပဲ။ နောက်ပြီး သည်လိုသေဆုံးမှုဖြစ်အောင် အဓိကလုပ်ဆောင်ခဲ့တဲ့လူတွေအပေါ် မုန်းတီးအောင်လှုံ့ဆော်ပေးတာကြောင့်ပါ။ ဆော့ခရတ္တိနဲ့ဗုဒ္ဓကို ကျနော် ယှဉ်ကြည့်တဲ့အခါတွေ့ရတဲ့အချက်ကတော့ ဆော့ခရတ္တိဟာ သူ့ကိုသေဒဏ်ပေးတဲ့ နိုင်ငံရေးအာာသားတွေကိုရင်ဆိုင်ရာမှာ အဆင့်တူအနေအထားနဲ့ရင်ဆိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဗုဒ္ဓရဲ့ချဉ်းကပ်နည်းကတော့ ကိုယ့်ကိုရန်လုပ်ဒုက္ခပေးမယ့်သူကို ပိုမိုမြင့်မားတဲ့ အဆင့်ကိုရောက်အောင် မြှင့်တင်ဖို့ကြိုးစားတဲ့နည်းဖြစ်ပါတယ်။ လောကီနယ်ထက်မြင့်တဲ့ လောကုတ္တရာနယ်ကိုရောက်အောင် မြှင့်တင်တဲ့နည်းပါ။ လောကုတ္တရာနယ်ပယ်မှာက ဆိုးရွားလှတဲ့ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေ ပဋိပက္ခရန်ပွဲတွေဖြစ်ဖို့ မလိုအပ်ဘူးလေ။ ဗုဒ္ဓရဲ့ချဉ်းကပ်နည်းကို ကျနော်ပိုပြီးသဘောကျပါတယ်။
(အခြေအနေပေးလျှင် အခြားအခန်းများလည်း စာရိုက်တင်ပေးပါမယ်)
မျိုးမြင့်ချို
အမေရိကန်လွတ်လပ်ရေး ကြေညာချက်မှ ကောက်နုတ်ချက်
အောက်ပါအချက်အလက်များ မှန်ကန်ကြောင်း ထင်ရှားပါသည်။လူတိုင်းသည် တန်းတူညီမျှစွာဖန်ဆင်းခြင်းခံရပါသည်။
သူတို့၏ ဖန်ဆင်းရှင်က အခြားသူများလုယူမသွားနိုင်သောအခွင့်အရေးများ ပေးထားသည်။
ဤအခွင့်အရေးများ အနက် အသက်ရှင်ခြင်း၊လွတ်လပ်ခြင်းနှင့် ပျော်ရွှင်မှုကိုရှာဖွေနိုင်ခြင်း များ ပါဝင်သည်။
ဤအခွင့်အရေးများ ရရှိခံစားမှု မပျောက်ပျက်သွားရန်အတွက် လူများဖြင့် အစိုးရကိုဖွဲ့စည်းထားသည်။
ထိုအစိုးရသည် အအုပ်ချုပ်ခံ ပြည်သူများ၏ သဘောတူညီချက်ဖြင့်တရားမျှတသော အာဏာကို ရရှိမည် ဖြစ်သည်။
ဘယ်အစိုးရမျိုးမဆို ဤရည်ရွယ်ချက်များကိုဖျက်ဆီးပါက ထိုအစိုးရကို ပြောင်းပစ်ရန် သို့မဟုတ် ဖြုတ်ချပြီး
အစိုးရအသစ်တင်မြှောက်ရန် ပြည်သူများမှာ အခွင့်အရေးရှိသည်။ ထိုအစိုးရသည် အထက်ပါအခြေခံမူပေါ်တည်ဆောက်ပြီး အထက်ပါနည်းအတိုင်း အာဏာရရှိရမည်။ ပြည်သူများ၏လုံခြုံရေးနှင့် ပျော်ရွှင်မှုများ မထိခိုက်ရန် ဖြစ်သည်။
အမျှော်အမြင်ရှိရန်ကားလိုအပ်ပါသည်။ သို့သော် ကြာရှည်ရှိနေပြီးသော အစိုးရကိုမူ ပေါ့ပါးသောအကြောင်းရင်းနှင့်ယာယီအကြောင်းရင်း များကြောင့် မပြောင်းသင့်ပါ။
အတွေ့အကြုံများမှ သိရှိရသည်မှာ လူသားများသည် သူတို့အကျင့်ပါပြီး အသားကျပြီးစနစ်များကို ဖျက်သိမ်းပြီး ကောင်းအောင်ပြုလုပ်ခြင်းထက် ဝေဒနာကို ခံစားလိုစိတ်၊အနိဌာရုံများကို ခံစားနိုင်သည့် အဆင့်မှာရှိတတ်သည်။ သို့သော်အာဏာအလွဲသုံးစားမှု၊မတရားအာဏာရယူမှု ကြာရှည်စွာ တည်ရှိ၍ ကြမ်းတန်းသော အာဏာရှင်ကဆက်လက်အုပ်ချုပ်ရန် ရည်ရွယ်ချက် ထင်ရှားစွာ ရှိပါကပြည်သူလူထုသည် ထိုကဲ့သို့သောအစိုးရကို ဖြုတ်ချရန်နှင့် သူတို့၏ ရှေ့ဘ၀ကို လုံခြုံအောင် စောင့်ပေမည့်အစိုးရကို တင်မြှောက်ရန်အခွင့်အရေးနှင့် တာဝန်ရှိသည်။
Ref: အမေရိကန်လွတ်လပ်ရေး ကြေညာချက်
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment