ကမ္ဘာ့သတင်းများ  15/02/2012

 

နိုင်ငံတကာသတင်း 

 

လူ့အခွင့်အရေးကိစ္စဆွေးနွေးဖို့ တရုတ်အဆင်သင့်ရှိ

 

အမေရိကန်ကိုရောက်နေတဲ့ တရုတ်ဒုသမ္မတ ရှီကျင်းပင်က လူ့အခွင့်အရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ကြောင်းသိရသည်။

ရှားပါးတိရစ္ဆာန်မှောင်ခိုကူးမှုတိုက်ဖျက်ရေး အာရှ ၁၃ နိုင်ငံ သဘောတူ


ကျားနဲ့ တခြားမျိုးတုန်းခါနီး ရှားပါးတိရစ္ဆာန်တွေကို တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ဖို့ အာရှတိုက် ၁၃ နိုင်ငံ သဘောတူညီမှု ရခဲ့ပကြောင်းသိရသည်။

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ


ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားကြောင်းသိရသည်။

ပြင်းထန်သောအအေးလှိုင်းဖြတ်၍ လူများသေဆုံး


ဝါဆော - ဥရောပနိုင်ငံများ၌ ဆယ်စုနှစ်များစွာအတွင်း အအေးဆုံး ရာသီဥတု ကြုံရ၍ လူ့အသက်ပေါင်းများစွာ သေဆုံးပြီး ကားလမ်း၊ ရထားလမ်းများ ရှင်းလင်းခြင်းများ လုပ်ဆောင်နေရကြောင်းသိရသည်။

အာဖဂန်တပ်များ ၂၀၁၃ တွင်ခေါင်းဆောင်မှု ယူစေချင်


၁၀ နှစ်ကြာ အချိန်ဆွဲပြီးဖြစ်နေသည့် အများမကြိုက်သော စစ်ပွဲကို တစ်စ တစ်စလျှော့ချရန် ကြိုးပမ်းသည့် အနေဖြင့် နေတိုးမဟာမိတ် နိုင်ငံများသည် အာဖဂန်တပ်ဖွဲ့များအား နောင်နှစ်တွင် စစ်မြေပြင်၌ ဦးဆောင်မှုကို လွှဲအပ်ရန် ဖေဖော်ဝါရီလ ၂ ရက်နေ့၌ အစီအစဉ်များကို စတင်စီစဉ်နေကြသည်ဟု သိရသည်။ 




ဆိုးလ်- မြောက်ကိုရီးယားသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ် ကွယ်လွန်ပြီးနောက် ယခုနှစ်ဦးပိုင်း၌ ပြုလုပ်မည့် နှစ်ပတ်လည် အခမ်းအနား များအတွက် ဒုံးလက်နက်များနှင့် အခြား လက်နက်မျိုးစုံပါဝင်သည့် ကြီးမားသော စစ်ရေးပြပွဲတစ်ခု ပြုလုပ်ရန် စိုင်းပြင်း လျက်ရှိသည်ဟု ယွန်ဟက် တောင်ကိုရီးယားသတင်းဌာနက ဇန်န၀ါရီလ ၃၀ ရက်တွင် ရေးသားဖော်ပြ ကြောင်းသိရသည်။

ထောင့်သန်းနာ ပါသည့် အထုပ် ၀န်ကြီးချုပ်အိမ်ပို့


အစ္စလမ္မာဘတ် - ယခင်လက အစ္စလမ္မာဘတ်မြို့တော်ရှိ ၀န်ကြီးချုပ် တရားဝင်နေထိုင်သည့် နေအိမ်သို့ ထောင့်သန်းနာ (Anthrax) ပါရှိသည့် အထုပ်တစ်ထုပ်အား မည်သူက မည်သည့်အကြောင်းကြောင့် ပို့လိုက်သည်ကို စုံစမ်းလျက်ရှိကြောင်း ပါကစ္စ တန် ရဲအဖွဲ့က ဖေဖော်ဝါရီလ ၁ ရက် နေ့၌ ပြောကြောင်းသိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ ထင်ရှားသည့် ဆိုမာလီယာခရီး



မိုဂါဒစ်ရှူး - နှစ်ပေါင်း ၂၀ အတွင်း ဗြိတိန်နိုင်ငံသည် ပထမဆုံးအကြိမ် ဆိုမာ လီယာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကို ဖေဖော်ဝါရီလ ၂ ရက် နေ့ကခန့်အပ်လိုက်ပြီး ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး ၀ီလျံ ဟေ့ဂ်အား ယင်း အရပ်သို့ စေလွှတ်ခဲ့ကြောင်းသိရသည်။

အသက် ၆၅ နှစ်ကျော်များ စိတ်လွတ် ကိုယ်လွတ် အရက်သောက်တတ်


ဝါရှင်တန်- အမေရိကန်တွင် စိတ်လွတ် ကိုယ်လွတ် အရက်သောက်သူများ ယခင် က ထင်ထားသည်ထက် ပိုများသည်ကို အဓိက အားဖြင့် လူရွယ်ပိုင်းတွင် တွေ့ရှိ ရပြီး မကြာခဏ စည်းဖောက်သူများမှာ အသက် ၆၅ နှစ်အထက် လူကြီးများ ဖြစ်ကြောင်း အမေရိကန်အစိုးရ၏ သုံးသပ်ချက်တစ်ခုက ဇန်န၀ါရီလ ၁၇ ရက်၌ ဖော်ပြလိုက်ကြောင်းသိရသည်။




ဆစ်ဒ်နီ- ပြင်းအား ၆ ဒသမ ၉ ရှိ ငလျင်တစ်ခုသည် တောင်ပစိဖိတ်ကျွန်း တစ်ခုဖြစ်သော ဗာနူအားတူး နိုင်ငံ ကမ်းလွန်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နှောင်းပိုင်း၌ လှုပ်သွားခဲ့သည်ဟု အမေရိကန် ဘူမိဗေဒတိုင်းထွာရေး ဌာနက ဆိုကြာင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment