မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၁၅ ရက်၊ ၂၀၁၂

 

တိုင်းရင်းသားဒုက္ခသည် ကူညီရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ကုလတိုက်တွန်း

 

တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဆီ အကူအညီ ပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ အထူးအကြံပေး တိုက်တွန်းကြောင်းသိရသည်။

ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ ဥရောပ တိုက်တွန်း


EU ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး ၊ ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံဖြိုးရေး ဆိုင်ရာ ၀န်ကြီး မြန်မာပြည်ရောက်ရှိုံခဲ့ကြောင်းသိရသည်။

နိုင်ငံရေး၁၄ပါတီ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲ ၀င်မယ့် နိုင်ငံရေးပါတီ ၁၄ ပါတီနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အီးယူတုံ့ပြန်မည်


လာမယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုနဲ့ ရလဒ်ကို ကြည့်ပြီး မြန်မာအစိုးရကို တုံ့ပြန်သွားမယ်လို့ အီးယူအရာရှိတစ်ဦးက ပြောကြောင်းသိရသည်။

ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်


ဒီကနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ် ရုပ်ရှင်ထုတ်လုပ်ရေး ရုံးခန်းကို ဒီကနေ့ ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ဝန်ကြီးတားမြစ်သော ဒေါ်စုဟောပြောပွဲ ကော်မရှင်မှ ပြန်လည်ခွင့်ပြု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ်
သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက်ကြောင်းအားကစားဝန်ကြီး ဦးတင့်ဆန်း ကိုယ်စား ရုံးအဖွဲ့မှူး လက်မှတ် ရေးထိုးထားသည့် ဖေဖေါ်ဝါရီ ၁၄ ရက်စွဲပါ တားမြစ်စာ တွင် “အားကစားကိစ္စမှ လွဲ၍ အခြားကိစ္စများကို အသုံးပြုခွင့် မပြု” ဟု ပါရှိကြောင်း NLD လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို ပြောကြောင်း
အဆိုပါ တားမြစ်မှုနှင့် ပတ်သက်၍ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား အကူအညီတောင်းခံရာမှ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီး အားကစားဝန်ကြီး၏ တားမြစ်မှုကိုလည်း ပယ်ဖျက်ပေး လိုက်ကြောင်းသိရသည်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့်
လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်ကြောင်း
အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိကြောင်းသိရသည်။

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့ကြောင်း GHRE အဖွဲ့ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်သမားများအား မည်သို့ ကူညီနိုင်မည်ကိုမူ ဆက်လက် လေ့လာသွားရဦးမည်ဟု အန်ထော်နီ အဲရစ်က ပြောကြောင်းသိရသည်။

ကရင်ပြည်နယ် ခနောက်စိမ်းတူး ကုမ္ပဏီအချို့ ရပ်နားထားရ

အကျိုးအမြတ် တွက်ခြေမကိုက်သဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခနောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ ၃ ခုထက်မနည်း ရပ်နားထားရကြောင်း
ခနောက်စိမ်းဈေး ကျဆင်းခြင်းနှင့် အကောက်အခွန် ပေးဆောင်ရမှု များခြင်းကြောင့် သပြုသတ္ထုမိုင်းအတွင်း တူးဖော်နေသည့် နဝရတ်၊ အောင်မြေ၊ မြပန်း၊ ထူးအောင်မြတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများအနက် ယခုနှစ်တွင် နဝရတ်နှင့် အောင်မြေ ကုမ္ပဏီ နှစ်ခုသာ ဆက်လက်တူးဖော်ကြပြီး ကျန်ကုမ္ပဏီများ ရပ်နားထားရကြောင်းသိရသည်။

ခမရ ၃၂၁ အား တရားစွဲဆိုမှု ရုံးချိန်းရွှေ့ဆိုင်း

မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား
ခြင်းနှင့် ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သုံးရက်တာကြားနာအပြီးဖေဖေါ်ဝါရီလ၂၃ရက်နေ့သို့ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်းမဆွမ်လွတ်ရွယ်ဂျာ အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းအား တရားစွဲဆိုထားခြင်း ဖြစ်ကြောင်းအမှုအား ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ စတင်ကြားနာခဲ့သော်လည်း တဖက်မှ ပြင်ဆင်မှု အဆင်သင့် မဖြစ်သေးသည့် အတွက် ဤသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဇောင်းခေါင် ၏ ရှေ့နေ ဦးဇော်ဆမ် က ပြောကြောင်းသိရသည်။


ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမည်ဟု ဦးရွှေမန်းပြော

လာမည့် ဧပြီ ကြားဖြတ်ရေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဥရောပ ကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ မဟာမင်းကြီး Mr. Andris Piebalgs နှင့် အဖွဲ့အား နေပြည်တော်၌ ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ဖေဖော်ဝါရီလ အစောပိုင်းက တွေ့ဆုံစဉ်ကလည်း ဦးရွှေမန်းက ယင်းသို့ ကတိပေး ပြောကြားဖူးကြောင်းသိရသည်။

 

အင်းလေးဒေသသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၅၀ ရာခိုင်နှုန်း မြင့်တက်

ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ၂၀၁၁ ဧပြီလမှ ဒီဇင်ဘာလအတွက်း ကမ္ဘာလှည့်ခရီးသွား တသိန်းကျော် အင်းလေးဒေသသို့ လာရောက်ခဲ့ကြောင်း မြို့နယ် တာဝန်ရှိသူတဦးကို ကိုးကား၍ အစိုးရသတင်းစာတွင် ဖော်ပြထားကြောင်းသိရသည်။

 

လယ်သမားများ ဆန္ဒပြရန် အာဏာပိုင်များ ခွင့်မပြု


ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ တောင်သူများက စပါးဈေး၊ ပဲဈေးကျဆင်းနေခြင်းကြောင့် နစ်နာနေမှုများနှင့် ပတ်သက်ပြီး ယနေ့ ဆန္ဒပြ တောင်းဆိုရန် စီစဉ်မှုကိုဒေသအာဏာပိုင်များက ခွင့်ပြုခြင်းမရှိကြောင်းယခုနှစ်တွင် စပါးအထွက်နှုန်းကျဆင်းသည့် အပြင် ဈေးနှုန်လည်း ကျဆင်းကြောင်း၊ ပဲတီစိမ်းမှာလည်း မူလပေါက်ဈေးထက် တ၀က်ကျော်ခန့် ကျဆင်းနေရာ တောင်သူများ အလွန်အမင်းနစ်နာနေပြီး စိုက်ပျိုးစရိတ်အကြွေးများကို ပြန်ဆပ်ရန် မတတ်နိုင်ကြောင်း၊ ထို့အတွက် ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းလယ်သမားများ ဆန္ဒပြရန် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ခွင့်တောင်းသော်လည်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ပြသခွင့်မရှိကြောင်း ဆန္ဒပြရာတွင် အနည်းဆုံး လူ ၂၀၀၀ ခန့် ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ခရမ်းမြို့နယ် အမှတ် ၆ ရပ်ကွက် သံတံတားဈေး အနီးတွင် ဆန္ဒပြရန် စီစဉ်ထားကြောင်း၊ ကျဆင်းနေသည့် စပါးဈေးနှင့် ပဲဈေးကို မြှင့်တင်ပေးရေး၊ ဈေးနှုန်းနှင့် ဈေးကွက်တည်ငြိမ်စေရေး စသည့် အချက်များကို တောင်းဆိုရန် စီစဉ်ခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲ သန့်ရှင်းလျှင် ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့မနက် ၁၁ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ယနေ့ ပြောဆိုလိုက်ကြောင်းသိရသည်။

မဏိပူရ်ရှိ မြန်မာပိုင် ရက်ကန်းရုံများ ပိတ်သိမ်းခံရဖွယ်ရှိ


ဒေသခံပိုင် ရက်ကန်းရုံများကို အကာအကွယ်ပေးရေးနှင့် နိုင်ငံခြားသားများ တရားဝင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပိုင်ခွင့် မရှိခြင်းတို့ကြောင့် မြန်မာပိုင် ရက်ကန်းရုံများကို ပိတ်သိမ်းရန် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ကျူရာကျန်ပူမြို့မှ ဒေသခံ ရက်ကန်းလုပ်ငန်းရှင်များနှင့် ဒေသခံအာဏာပိုင်များ ပူးပေါင်း စီစဉ်နေသည်ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး တွေ့

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဖေဖော်ဝါရီ ၁၄ ရက် နေ့ တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်

 

တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်ဟု သတင်းရရှိသည်။

လှည်းကူး အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ်

 

ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်းက ဒီကနေ့ စောစောပိုင်းမှာ စာထုတ်ပြန် တားမြစ်ခဲ့ပေမယ့် မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက် လှည်းကူးမြို့အားကစားကွင်း လူထု ဟောပြောပွဲမှာ မူလ အစီအစဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

 

ဥရောပ သမဂ္ဂနိုင်ငံများအဖွဲ့ အီးယူအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် မြန်မြန်ထက်ထက် တုံ့ပြန်သင့်တယ်လို့ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အီးယူ ကော်မရှင်နာမင်းကြီး မစ္စတာ Andris Piebalgs က ပြောလိုက်သည်ဟု သတင်းရရှိသည်။

ရွှေည၀ါ ဆရာတော်ရဲ့ နှုတ်ဆက်ပွဲ ၁၅ ရက် စတင်မည်

 

လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ မထွက်ခွာခင် ဆွမ်း ဒါယကာ ဒါယိကာမအပေါင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆွမ်းခံကြွရင်း နှုတ်ဆက်ဖို့ စီစဉ်ထားပါသည်ဟု သတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် လှူဒါန်းပွဲများကျင်းပ

 

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ငှားရမ်းထားတဲ့ ရုံးခန်းတစ်ခုကို ရန်ကုန် ဓမ္မစေတီလမ်း ခြံအမှတ် (၁၀၁) မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇ နှစ်မြောက်မွေးနေ့ ဒီကနေ့ စဖွင့်လိုက်ပြီး ရုပ်ရှင်ကားအတွက် လှူဒါန်းတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား

 

မြန်မာနိုင်ငံတွင်  မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ငါးဖွဲ့ ထိုင်းနိုင်ငံသို့ ဝင်ရောက် ဆောင်ရွက်ခွင့် နှစ်နိုင်ငံ သဘောတူညီ ချက် ရရှိ

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သ မားများအတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ငါးဖွဲ့ ထိုင်းနိုင်ငံသို့ ၀င်ရောက် လာရေး နှစ် နိုင်ငံ သဘောတူ ညီချက်ရရှိထားပြီး ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အ ကိုင်ရှာဖွေရေး အေဂျင်စီမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးအောင် ကပြောကြားသည်။
ယခုကဲ့သို့ ယာယီ နိုင်ငံကူးလက် မှတ်ထုတ် ပေးရေးအဖွဲ့ငါးဖွဲ့ ထိုင်း နိုင်ငံသို့ ၀င်ရောက်ရန် သဘောတူ ထား ပြီးဖြစ်၍ အဆိုပါအဖွဲ့ ငါးဖွဲ့ကို မ ကြာမီ စေလွှတ်သွား မည်ဖြစ်ကြောင်း၊ ယာယီနိုင်ငံ ကူးလက်မှတ် ပုံစံအသစ် ဖြစ်သည့် အရောင်ပါ စာအုပ်များကို ပြောင်းလဲ ထုတ်ပေးရန်ကိုလည်း သဘောတူ ထားကြောင်း၊ ယာယီနိုင်ငံ ကူး လက်မှတ်သက်တမ်းတိုးဆောင် ရွက်ရာတွင် ယခင်က ဘတ် ၂,၀၀၀ ကျသင့်သော်လည်း ယခုဘတ် ၅၀၀ ကောက်ခံ သွားရေးကို သဘောတူ ထားပြီးဖြစ်ကြောင်း ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးမျိုးအောင် က ဆို သည်။ ”ဒီအဖွဲ့ငါးဖွဲ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ဘာ အထောက်အ ထာမှမရှိတဲ့ မြန်မာ အလုပ်သမား တွေကို တရားဝင် အထောက်အထား တစ်ခုရှိအောင် ယာယီနိုင်ငံကူးလက် မှတ်တွေထုတ် ပေးသွားမှာပါ။ မြန်မာ အလုပ် သမားတွေအနေနဲ့ တရားဝင် အထောက်အထားမရှိဘူးဆိုရင် တ ရားဝင် အလုပ်သမားမဟုတ်တဲ့အ တွက် အချိန် မရွေးအဖမ်းခံရနိုင်ပါ တယ်။ ဒီအလုပ် သမားတွေရဲ့အကျိုး ကို ကာကွယ်ပေးဖို့အတွက် အခုလို အဖွဲ့တွေ စေလွှတ်ဖို့ ထိုင်းအစိုးရကို တင်ပြ ထားတာ အခု နှစ်နိုင်ငံ သဘော တူညီချက် ရရှိထားပြီးဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ဆိုသည်။
အဆိုပါ ယာယီနိုင်ငံကူး လက် မှတ်ထုတ်ပေးရေး အဖွဲ့တစ်ဖွဲ့လျှင် ရှစ်ဦးခန့်ပါဝင်ပြီး အလုပ်သမားဝန် ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ ပါဝင်ကြောင်း၊ မြန်မာ အလုပ်သမား များ အများဆုံး အလုပ်လုပ်ကိုင်နေ သော ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ မဟာ ချိုင်၊ ဘန်ကောက်၊ ဆွန်ထွက်ပရာ တန်နှင့် ဆူရက်ဌာနီမြို့တို့တွင် အ ခြေစိုက်၍ မြန်မာနိုင်ငံသားဖြစ် ကြောင်း အထောက်အထား တစ်စုံ တစ်ခုရှိသူ မည်သည့်အလုပ်သမား ကိုမဆို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိ ရသည်။
“အလုပ် သမားတွေကို မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား တစ်ခုခုပေါ့၊ ဥပမာမှတ်ပုံ တင် မိတ္တူဖြစ်ဖြစ်ပေါ့၊ နောက်ဆုံး ဘာမျှ မရှိရင်တောင် မြန်မာ စကား ပြောတတ် တာနဲ့ အကဲဖြတ်ပေးပြီး ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ် ပေးသွားဖို့ စီစဉ်နေပါတယ်”ဟု ဦးမျိုး အောင်က ဆိုသည်။
လက်ရှိတွင် နယ်စပ်ဒေသများ ဖြစ်သော တာချီလိတ်၊ ရနှောင်း၊ မြ၀ တီတို့မှတစ်ဆင့် မြန်မာအလုပ်သမား များ ထိုင်းနိုင်ငံ သို့သွားရောက် အလုပ် လုပ်နေမှုများ ရှိကြောင်း၊ အလုပ်လုပ် ရာတွင် အခက်အခဲများ မကြုံတွေ့စေ ရေးအတွက် ယာယီ နိုင်ငံကူး လက်မှတ် များ ထုတ်ပေး မည်ဖြစ်သည်။ ယာယီ နိုင်ငံကူး လက်မှတ်များ လျှောက်ထား ရာတွင် လိုအပ်မည့် မှတ်ပုံတင်မိတ္တူ၊ နိုင်ငံသား ဖြစ်ကြောင် အထောက်အ ထားတစ်ခုခု ကို ယူဆောင် သွားကြ ရန်လိုကြောင်း၊ ထိုင်းနိုင်ငံသို့ သွား ရောက် အလုပ်လုပ်ကိုင်ရာတွင် လေ ကြောင်းမှ တစ်ဆင့် တရားဝင် သွား ရောက်ကြရန်လိုကြောင်း၊ ထိုင်း နိုင်ငံတွင် နိုင်ငံကူး လက်မှတ်မရှိသူ မြန်မာအလုပ် သမားနှစ်သန်းကျော်ရှိ သည်ဟု ခန့်မှန်းထားကြောင်းအထက် ပါပုဂ္ဂိုလ်ထံမှ သိရသည်။ 
 _____________________________________________________________

 

လူထုဟောပြောပွဲအတွက် လှည်းကူးအားကစားကွင်း သုံးခွင့် ပြန်ရ

ဒေါ်အောင်ဆန်းစုကြည်၏ နက်ဖြန်ခါ လှည်းကူးခရီးစဉ် အတွင်း လူထုဟောပြောပွဲတွက် ဘောလုံးအားကစားကွင်း အသုံးပြုခွင့် ပြန်လည်ရရှိပြီဟု ယနေ့ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ် အာဏာပိုင်များက အန်အယ်လ်ဒီပါတီသို့ အသိပေးလိုက်သည်။
 ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ယင်း ဘောလုံးကွင်း အသုံးပြုခွင့်ကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သော်လည်း လှည်းကူးမြို့နယ် အားကစားဋ္ဌာနက  မြို့နယ်အားကစားကွင်းကို နိုင်ငံရေး ကိစ္စရပ်များတွင်သုံးစွဲခွင့်မပြုနိုင်ကြောင်း ယနေ့နေ့လည် ၁၂နာရီခွဲတွင် အကြောင်းကြားခဲ့သည်။
 ယင်းအကြောင်းကြားစာကို ရရှိပြီးနောက်တွင် အန်အလ်လ်ဒီပါတီမှ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ တင်ပြခဲ့ကြသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းကိစ္စကို ပြန်လည်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို မည်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဆုံးဖြတ်ကာ အကြောင်းပြန်ကြားခဲ့သည်။
 ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်အားကစား ဋ္ဌာနကခွင့်ပြုကြောင်း အကြောင်းပြန်ချက်ကို အန်အယ်လ်ဒီပါတီသို့ အသိပေးခဲ့ကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

သရုပ်ဆောင်ရဲတိုက် အန်အယ်လ်ဒီပါတီဝင်မည်

 သရုပ်ဆောင်ရဲတိုက်က အန်အယ်လ်ဒီပါတီကို ၀င်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မီဒီယာ ကို ယနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ ၀င်ဖို့ဆုံးဖြတ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးYPI က ဆက်သွယ် မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။
 YPI။  ။ကိုရဲတိုက်ကပါတီဝင်မယ်ဆိုတော့ ပါတီဝင်ပြီး NLD ကို ထောက်ခံတာနဲ့ မဝင်ဘဲနဲ့ထောက်ခံတာနဲ့ ဒီတိုင်းဘယ်အရာက ထူးခြားမယ်ထင်လို့ အစ်ကိုဝင်တာလဲ။
 ရဲတိုက်။      ။ပထမဦးဆုံးအမေစုပြောတဲ့စကားတစ်ခွန်းကိုသတိရမိပါတယ်။ အနုပညာရှင်တွေလဲ တာဝန်ရှိတယ်လို့ Freedome (Freedom film festival) မှာအမေ ပြောသွားတာ။ အဲ့ဒီတာဝန်ကို ကျွန်တော် အရင် ကျေအောင် ကြိုးစားရင်းနဲ့ ကျန်တာတွေကိုပါ တာဝန်ယူချင်လာတယ်။ အပြင်အနုပညာ ရှင်အနေနဲ့ အားပေးတာထက် ပါတီဝင်ပြီးတော့ အားပေးတာပိုပြီးတော့ အားကိုးရမယ် မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ပါတီဝင်ဖြစ်တာပါ။
 YPI။  ။ ရှမ်းပြည်နယ်ဘက်ကိုသွားဖို့ရှိတယ်ဆိုတော့ အောင်နိုင်ရေးတွေအတွက် ကူညီဖို့တွေရှိ လား၊ အခြားဘာတွေ ကူညီဖို့ရှိသေးလဲ။
 ရဲတိုက်။      ။ ကျွန်တော်တတ်နိုင်တဲ့ဘက် ၊တတ်နိုင်တဲ့နေရာကနေ အကုန်လုံး ကူညီသွားမှာပါ။ ရှမ်းပြည်နယ်မှ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား ကျွန်တော်တို့ အနုပညာရှင်တွေကို လိုက်သင့်တယ်၊ လိုက်ခဲ့ဖို့ခေါ်ရင် လိုက်မှာပါ။
 YPI။  ။ NLD ပါတီကို အခုလက်ရှိအခြေအနေမျိုးမှာ ဘာလို့ဝင်ချင်စိတ်ပေါက်ရတာလဲ။ အစ်ကို့အနေနဲ့ နိုင်ငံရေးကိုပို စိတ်ဝင်စားလားလို့လား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကြောင့်လား။
 ရဲတိုက်။      ။ နှစ်ခုစလုံး မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန်မှ လေးစားမိပါတယ်။ လက်တလောမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေအားလုံးကိုလည်း ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းလည်းဝမ်းသာမိတယ်၊ မုဒိတာလည်းပွားမိပါတယ်၊ ကျေလည်းကျေနပ်မိပါတယ်၊ အားလည်းတက်မိတယ်။
 YPI။  ။ အနုပညာရှင်တစ်ယောက်က ပါတီနိုင်ငံရေး လုပ်မယ်ဆိုတော့လေ အဲ့ဒီလုပ်ငန်း နှစ်ခုမှာ ရောထွေးမှု မရှိနိင်ဘူးလား။
 ရဲတိုက်။      ။ မရှိနိုင်ပါဘူးလို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာနဲ့ ၊ပရဟိတကိုတွဲလုပ်တုန်းကလည်း ရောထွေးမှု မရှိခဲ့ပါဘူး။ အချိန်ပိုင်းခြားပြီး သူအလုပ်နဲ့ သူလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံရေးဆိုတာ တကယ်တော့ ကျွန်တော် ရင်ထဲမှာ ခံယူထားတာက နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ အင်အားကို တောင်းဆိုတဲ့အတွက် ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ အားဖြည့်ပေးပါဆိုတဲ့ စကားကို ယုံယုံကြည် ကြည်နဲ့ အားဖြည့်ပေးတာပါ။
 YPI။  ။ အစ်ကို့ကို နောက်ပိုင်းမှာ နိုင်ငံရေးသမားလို့မြင်စေချင်သလား။ အနုပညာရှင် မင်းသားတစ်ယောက်လို့မြင်စေချင်သလား။
 ရဲတိုက်။      ။ ကျွန်တော့်ကို မြန်မာနိုင်ငံသားတစ်ယောက် လိုမြင်ပေးရင်ရပါပြီ။
 YPI။  ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုတာ တစ်ခုတည်းနဲ့ ဝင်တာလား။ အစ်ကိုရဲ့ ယုံကြည်ချက်ကြောင့်လား။ အစ်ကိုရဲ့ နောက်ဆုံးယုံကြည်ချက်တစ်ခုကို ပြောပြပေးပါ။
 ရဲတိုက်။      ။ ကျွန်တော်ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။  ပြီး//

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှာ မြို့ခံများစိုးရိမ်

ကော့သောင်းမြို့ ရွှေပြည်သာတိုးချဲ့ရပ်ကွက်၌ ဆောက်လုပ်နေသော (၈) မီဂါဝပ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ လူနေအိမ်များ နှင့် ခြံဝင်းချင်းထိစပ်သည်အထိ နီးကပ်နေသောကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ကော့သောင်းမြိ့ခံများက ပြောသည်။
ယမန်ုနှစ် နှစ်ဦးပိုင်းက စတင်ဆောက်လုပ်သည့် ၎င်းကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံမှာ ကော့သောင်းမြို့ မြောက်ဘက်စွန်ရပ်ကွက်ဖြစ်သည့် ရွှေပြည်သာ တိုးချဲ့ ရပ်ကွက်ရှိ ရေခဲစက်ဟောင်းဝင်းအတွင်းဖြစ်ပြီး လူနေအိမ်များနှင့် ပေသုံးဆယ်ခန့် သာကွာသည် အထိနီးကပ်ကာ မီးခိုးခေါင်းတိုင်မှာလည်း ပေ (၄၀) ခန့် အမြင့်သာရှိသဖြင့် အနီးဆုံးရွှေပြည်သာ ရပ်ကွက်တွင်နေထိုင်သူအချို့က စက်ရုံစတင်လည်ပတ်ပါက ရွှေ့ပြောင်းရန် အဆင်သင့်ပြင်ထားကြသည်ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကဆိုသည်။
စက်ရုံနဘေးတွင် ထိုင်းနိုင်ငံဘက်အခြမ်းနှင့် နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်တည်ရှိကာ ပါချန်မြစ်ရေကို ယူသုံးမည်ဟု စီစဉ်ထားသည်။ ထို့ပြင် စက်ရုံနှင့် တမိုင်မပြည့်သည့် အကွာအဝေးတွင် ကော့သောင်းမြို့မှ သုံးရေအဖြစ် ရယူနေသည့် ရေကန်လည်းရှိသည့်အချက်ကြောင့်လည်း မြို့ခံများအနေဖြင့် စိုးရိမ်နေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ ကော့သောင်းမြို့ခံတဦးက YPI သို့ပြောသည်။
“ စွန့်ပစ်ပစ္စည်းတွေကြောင့် အနီးက ရေကန်တေ၊ွ မြစ်ရေတွေ ညစ်ညမ်းကုန်မှာ စိုးရိမ်တယ် “ ဟု ၎င်းကပြောသည်။
ဓါတ်အား ၈ မီဂါဝပ် ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးသုံး စက်ရုံကို လာမည့်ဧပြီလတွင် လည်ပတ်ရန် ရည်ရွယ်ထားသည်ဟု မြို့ခံများကပြောသည်။ ယင်းစက်ရုံဆောက်လုပ်ရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ စက်ရုံဆောက်လုပ်ခွင့်ကို တနင်္သာရီတိုင်းဒေသကြီး၏ ယခင် ၀န်ကြီးချုပ် ဦးခင်ဇော်လက်ထက်က ခွင့်ပြုချက်ရရှိကာ ဆောက်လုပ်ခဲ့သည်။
စက်ရုံကို သန်းဖြိုးသူ သတ္တုတူးဖေါ်ရေး ကုမ္ပဏီကပိုင်ဆိုင်ပြီး ကော့သောင်းမြို့ကို လျှပ်စစ်ဓါတ်အား ပေးဝေရန်ရည်ရွယ် ဆောက်လုပ်ခြင်းဖြစ်သည်။
ယခုလက်ရှိကော့သောင်းမြို့ကိုပေးဝေလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားခမှာ တစ်ယူနစ်လျင် ကျပ် ၄၀၀ ဖြစ်၍ ကျောက်မီးသွေး စက်ရုံမှ လျှပ်စစ်ဓါတ်အားပေးဝေလျင် တယူနစ် ၂၀၀ ကျပ်သာကျသင့်မည်ဟု တိုင်းအစိုးရထံ အသိပေးတင်ပြထားသည်။ ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ ရနောင်းမြို့အခြေစိုက် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ၎င်းကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ လည်ပါတ်မည်ဆိုပါလျှင် စတင်ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယခင်လအတွင်းက ထုတ်လွှင့်ခဲ့သော Thai TBBS ရုပ်သံလိုင်း အစီအစဉ်တစ်ခုတွင် ပြောကြားသွားသည်ဟု ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ နှင့် လျာထားသောက် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ပေါင်း (၇) ခုရှိပြီး တနင်္သာရီတိုင်းအတွင်း မော့တောင်နှင့် သိမ်တောင်တို့တွင် ကျောက်မီးသွေး သတ္တုသိုက်နှစ်ခုကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ ထုတ်ဝေသော ကျောက်မီးသွေးစက်ရုံများဆိုင်ရာ အဆိပ်သင့်မိုးတိမ်များ သုတေသန စာတမ်းတွင်ဖော်ပြထားသည်။
တနင်္သာရီတိုင်းတွင် ကော့သောင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ကျောက်မီးသွေးသုံးဓါတ်အားပေး စက်ရုံတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း အကောင်အထည်ဖော်သူဖြစ်သော Italian Thai Development Public Co.ltd ၏ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စု လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာနက ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်နိုင်သဖြင့် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောက်လုပ်မည့် အစီအစဉ်ကို ခွင့်မပြုကြောင်း မကြာမီက မီဒီယာများသို့ပြောကြားခဲ့သည်။ 


နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကောလဟာလများနှင့် ပတ်သက်၍ ငြင်းချက်ထုတ်ပြန်.

နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကောလဟာလများနှင့် ပတ်သက်၍ ငြင်းချက်ထုတ်ပြန် [By cherrymyodaw ] (တစ်လောတုံးက အင်တာနက်မှာ ဦးခင်ရွှေက ဦးခင်ညွှန့်ကို တစ်လ ဒေါ်လာငါးထောင်နဲ့ မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက ခန့်တယ်ဆိုတဲ့ သတင်းတွေ ပြန့်လာပြီး နှစ်ဦးလုံးအပေါ် ဝေဖန်ပုတ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ထုတ်၊ လျှပ်တစ်ပြက် ဂျာနယ် မှာတော့ ဦးခင်ညွှန့်က ဒီသတင်း မဟုတ်ကြောင်း တရားဝင် ငြင်းတဲ့ သတင်းကို ဖော်ပြထားပါတယ်။ အွန်လိုင်းမီဒီယာတွေ အားကောင်းနေတဲ့ အချိန်မှာ ဒီလို သတင်းမှားတွေ မကြာခဏ တင်တာ တွေ့လာရတာကတော့ စိုးရိမ်စရာပါပဲ။) နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့်၊ နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သားမတ်နှင့် မြေးဖြစ်သူတို့ ပြန်လည် လွတ်မြောက် လာခဲ့ရာ သတင်း မီဒီယာများမှ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၏ သတင်းများကို ဖော်ပြ နိုင်ရေးအတွက် သတင်းမီဒီယာများမှ ကြိုးပမ်း အားထုတ်မှုများ တွေ့ရှိလာရသည်။ ထိုသို့ ကြိုးပမ်းအားထုတ် ကြရာတွင် အချက်အလက်များ လွဲချော်မှုများလည်း တွေ့လာရသည်။ ထိုသို့ အချက်အလက် လွဲချော် မှားယွင်းမှုများ ထဲတွင် အချို့သော သတင်း အချက်အလက် များထဲတွင် အွန်လိုင်းမီဒီယာ များပေါ်တွင် ပျံ့နှံ့ခဲ့သည့် မြရိပ်ညို ပညာရေး ဖောင်ဒေးရှင်း နာယက အဖြစ် တင်မြှောက်၍ နာယက ချီးမြှင့်ငွေ ဒေါ်လာ (၅၀၀၀) ပေးသွားမည် ဆိုသော သတင်းအချက် အလက်များလည်း ပါဝင်ခဲ့သည်။ ထိုသို့ အွန်လိုင်း မီဒီယာများတွင် ပျံ့နှံ့လာခဲ့သော အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်မှ တရားဝင် ငြင်းဆိုလာခဲ့သည်။ “ကျွန်တော် တိုင်းပြည်အတွက် ကောင်းရာ ကောင်းကြောင်း လုပ်သွားတယ်။ အဲသည်လို လုပ်ရာမှာ ဘယ်သူ့ရဲ့ လက်ကိုင် တုတ် ကြေးစားလုပ်ငန်းမျိုး အဖြစ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး” ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်မှ ဆက်လက် ပြောကြားရာတွင် “ကျွန်တော့်ကို အခု ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ တွေ၊ သင်္ဂဟတွေ၊ တပည့်တပန်းတွေက လာရောက်တွေ့ဆုံပြီး အားပေးကြတာ။ သူတို့ တတ်နိုင်တာ လေးတွေနဲ့ ကူညီ ကြတာ၊ ကန်တော့ကြတာ လေးတွေ ရှိပါတယ်။ ဒါဟာ လူမှုရေး၊ စာနာမှုအရ၊ ခင်မင်ရင်းနှီးမှုအရ မိတ်ဆွေစစ် မိတ်ဆွေမှန် သဘောထားနဲ့ မေတ္တာထားပြီး လာရောက်ကြ ဖြစ်တဲ့အတွက် မလွဲမကင်းသာလို့ ကျွန်တော် လက်ခံရတာတွေ ရှိပါတယ်” ဟု ဆိုသည်။ “ဒါပေမဲ့ ကျွန်တော် သူများပေးစာ ကမ်းစာကို စောင့်ပြီး လုပ်စားမယ့်သူ မဟုတ်ဘူး။ ကြေးစား အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်တော် တိုင်းပြည်ကောင်းရာ ကောင်းကြောင်း ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ တစ်ထောင့် တစ်နေရာကနေ ကြိုးစားပြီးတော့ ဆောင်ရွက် ပေးသွားဖို့ ခံယူချက်မျိုး ကျွန်တော့် ရင်ထဲမှာ အမြဲတမ်း ရှိနေပါတယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးခင်ညွှန့်သည် သူ၏ လတ်တလော လုပ်ဆောင်လိုသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် “ကျွန်တော် အခု လောလောဆယ်တော့ ပျက်စီး ယိုယွင်းနေတဲ့ ဘုရားကျောင်းကန် စေတီပုထိုးတွေ ပြုပြင်မွမ်းမံ သွားဖို့ကို စိတ်ဝင်စား နေပါတယ်။ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ လက်ရှိ အနေအထားမှာ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ဘယ်လို ကဏ္ဍမျိုးကနေ ဆောင်ရွက် ပေးနိုင်မလဲ ဆိုတာကိုလည်း လေ့လာ နေပါတယ်။ နောက်တစ်ချက် အနေနဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့အတွက် ကျွန်တော့် အနေနဲ့ ဘယ်လို ပါဝင်ဆောင်ရွက် ပေးနိုင်မလဲ ဆိုတာကိုလည်း စိတ်ဝင်စား နေပါတယ်”ဟု ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း လက်တွေ့ ကိုယ်တိုင် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးဖြစ်သည့် ဦးခင်ညွန့်မှ ပြောကြားရာတွင် “တိုင်းပြည်မှာ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ထွန်းရေး အတွက်လည်း ကျွန်တော့် စိတ်ထဲမှာ အာသီသ ဖြစ်နေပါတယ်”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆက်လက် ပြောဆိုရာတွင် “ရန်သူဆိုတာ မရှိစေရဘူး။ အားလုံးပဲ မိတ်ဆွေတွေပဲ ဖြစ်ရမယ်။ တစ်တိုင်းပြည် လုံးမှာရှိတဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ အားလုံးဟာ ထာဝရ မိတ်ဆွေတွေပဲ ဖြစ်ရမယ်။ တကယ်လုပ်နိုင်တဲ့ အချိန်မှာ အဲသည့်အတိုင်း ဖြစ်နေရမယ်” ဟုလည်း သူ၏ အယူအဆကို ထုတ်ဖော် ပြောဆိုခဲ့သည်။ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဟောင်း တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်း နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်သည် “ကျွန်တော့်မှာ အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ နှလုံးသား ထဲမှာ အမြဲရှိတယ်။ အဲသည့် စိတ်ဓာတ်ကို အခြေခံပြီး တိုင်းသူ ပြည်သားတွေအတွက် ပရဟိတ လုပ်ငန်းတွေကို အမြဲ လုပ်ပေး သွားချင်တယ်ဗျာ” ဟုလည်း သူ၏ သဘောထားကို ဖွင့်ဆိုခဲ့သည်။ သူနှင့် ပတ်သက်၍ အွန်လိုင်းပေါ်မှ တစ်ဆင့် ပျံ့နှံ့နေသည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍လည်း “အဲသည့် သတင်းတွေ အပေါ်မှာတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောချင်တော့ပါဘူး။ စောစောက ရှင်းပြပြီးပါပြီ။ အဲသည် လောက်ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံတော် ဝန်ကြီးချုပ်သည် နေအိမ်တွင် အကျယ်ချုပ် အထိန်းသိမ်း ခံထားရာမှ လွတ်မြောက် လာပြီးနောက် ပြောစရာ ရှိတာတွေကို သတင်းမီဒီယာ များမှတစ်ဆင့် ပြောကြားသွားမည်ဟု တရားဝင် ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။ ပြည်ပသတင်း ဌာနများနှင့်မူ ယခု သတင်း ရေးချိန်အထိ လက်ခံတွေ့ဆုံရန် ငြင်းဆန်ထားသူ ဖြစ်သည်။ ပြည်ပ သတင်းဌာန များမှလည်း နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်အား တွေ့ဆုံနိုင်ရန် ကြိုးပမ်း အားထုတ်လျက် ရှိကြသည်။ (ပိတောက်မြေ)
တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ)( ရေးသူ-စည်သူကျော်ထင် ၊ Monday, February 13, 2012 ) [By Ko Thaung] တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ကလေးဘဝ) ရေးသူ-စည်သူကျော်ထင် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ်ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုတ်ဂူရှိရာ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ ဖခင်၏ အုတ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖယောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေအကြောင်းကို လူအများ ဒဏ္ဍာရီသဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေဟူ၍ မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီးခဲ့လေပြီ။ ယခုဆောင်းပါး၌ “ပွဲမဝင်ခင် အပြင်က ကျင်းပ” ဟူဘိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝနှင့် သခင်ဘဝတို့တွင် မြန်မာလွပ်လပ်ရေးတိုက်ပွဲအတွက် မည်သို့ တာစူခဲ့သည်တို့ကို စာဖတ်သူများ အကဲခတ်နိုင်ရန် တင်ပြပါအံ့။ တုံးတိုက်ကျားကိုက် “တောက်ချင်တဲ့မီး စဖိုနဲ့ရဲရဲ” ဟူသော မြန်မာစကားပုံသည် ဗိုလ်ချုပ်အောင်ဆန်းအတွက် သက်သက် တီထွင်ဖန်တီးထားလေရော့သလားဟုပင် ထင်ရလောက်အောင် သူ၏ ကြိုးပမ်းမှု၊ စွန့်စားမှုများကို တွေ့ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းကပင် တစုံတခုကို ပြုလုပ်ရန် စွဲလန်းမိလျှင် ထိုကိစ္စကို မဖြစ်မနေ အနာခံ၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဖြစ်မြောက် အောင်မြင်သည်အထိ ပြုလုပ်တတ်သော ဇွဲသတ္တိမျိုး ရှိလေသည်။ ထိုဇွဲသတ္တိပင်လျှင် ကိုအောင်ဆန်းအား မြန်မာလွပ်လပ်ရေးဗိသုကာ အာဇာနည်သူရဲကောင်းဘဝသို့တိုင် ရောက်အောင် ပို့ဆောင်ပေးခဲ့သည်ဟုဆိုသော် ရကောင်းအံ့ဟု ထင်ပါသည်။ ကိုအောင်ဆန်း၏ အချို့သော အဖြစ်အပျက်များသည် အနစ်နာခံ စွန့်စားခြင်းဖြင့် ရင်းနှီးရယူခဲ့သည် ဖြစ်ရကား ကိုအောင်ဆန်း၏ မိတ်ဆွေသူငယ်ချင်းများ မဆိုထားဘိ၊ သူ၏ မွေးချင်းများပင်လျှင် သိခွင့်မကြုံခဲ့ချေ။ ကိုအောင်ဆန်းသည် ထိုအချိန်က ခလေးသူငယ် လူမမယ်အရွယ်မှ လွန်မြောက်ပြီဖြစ်ရကား ကိုယ်စီကိုယ်ငှ တာဝန်အသီးသီး ဆောင်ရွက်နေကြသော သူ၏ မွေးချင်းမိဘများသည်လည်း သူပြုလုပ်သော ကိစ္စများဟူသမျှကို မသိနိုင်သည်မှာ အဆန်းမဟုတ်ပါ ဓမ္မတာပင် ဖြစ်ပါသည်။ ကိုအောင်ဆန်းကလည်း သူ၏ စွန့်စားမှုကိစ္စအဝဝကို သူ၏ ဆွေးမျိုးညာတကာများအား မည်သည့်အခါမျှ ပြောလေ့ပြောထ မရှိခဲ့ပါ။ သူ ပြုလုပ်ဆောင်ရွက်နေစဉ်တွင် ကြုံတောင့်ကြုံခဲ တစေ့တစောင်းမှ မျက်ဝါးထင်ထင် တွေ့မြင်ကြည့်ရှုခွင့် ရ၍သာလျှင် သူ၏ ဖြစ်ပုံပျက်ပုံအလုံးစုံကို အမှန်အတိုင်း သိခွင့်ကြုံခဲ့ရပေသည်။ ပွဲကြီး ပွဲကောင်း ဤစာရေးသူကိုယ်တိုင် တွေ့မြင်မှတ်မိလိုက်သော အဖြစ်အပျက်တခုသည်ကား အလွန်ထူးခြားသည့် ကိုအောင်ဆန်း၏ အံ့မခန်း ဇွဲသတ္တိပြလိုက်သော ပွဲကြီးပွဲကောင်းတခုဟု ဆိုရပေမည်။ အချိန်ကား ၁၉၃၂ ခုနှစ် ကိုအောင်ဆန်း ကောလိပ်ကျောင်းသား ဖရက်ရှာဘဝ ဖြစ်ပါသည်။ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း နတ်မောက်တွင် ရောက်ရှိနေသော ကိုအောင်ဆန်းသည် သူဝတ်ဆင်ထားသော ချည်လုံချည်ကို ခါးတောင်းမြှောင်အောင်ကျိုက်ပြီးနောက် သူ့အိမ်ဝိုင်းအတွင်းမှ အရှေ့ဘက် နယ်နိမိတ်ဖြစ်သော ဝင်းထရံတွင် ကန့်လန့်တန်း၍ထားသော ဝါးလုံးတန်းတတန်းကို လွတ်အောင် အခုံလေ့ကျင့်နေသည်ကို တွေ့ရပါသည်။ ဤနေရာတွင် ဝါးလုံးတန်း၏ တည်နေဟန်ကို အမြွက်မျှ ဖော်ပြရန် လိုပါလိမ့်မည်။ ကိုအောင်ဆန်းတို့ အိမ်ဝိုင်းကြီးအတွင်း နေအိမ်၏ အရှေ့ဘက်တွင် ဆီလှောင်သော ရာဝင်စဥ့်အိုးကြီးများ ထားရှိရာ အုတ်ဂိုဒေါင်နှင့် မြေပဲများ နှမ်းအိတ်များ သိုလှောင်ရာ သစ်သားဂိုဒေါင်တလုံး၊ ပေါင်း ဂိုဒေါင်နှစ်လုံးရှိရာ အုတ်ဂိုဒေါင်သည် သစ်သားဂိုဒေါင်၏ မြောက်ဘက်တွင် တည်ရှိပါသည်။ ယင်းဂိုဒေါင်နှစ်လုံးအကြားတွင် လော်ရီကားကြီးတစီး ဝင်နိုင်လောက်သော မြေကွက်လပ် (မြေလွတ်) ရှိပါသည်။ အိမ်ဝင်းကြီး၏ အရှေ့ဘက်နယ်နမိတ်ဖြစ်သော ခြံစီးရိုးသည် ယင်းဂိုဒေါင်နှစ်လုံး၏ အရှေ့ဘက်မှ ကပ်လျက် တောင်မြောက်သွယ်တန်းလျက် ရှိနေပါသည်။ ထိုခြံစီးရိုးကို ဝါးလုံးများ လေးစိတ် စိတ်ကာ ခွဲစိတ်ပြီးထားသော ဝါးခြမ်းများဖြင့် ရက်လုပ်ထားပါသည်၊ ထိုသို့ရက်လုပ်ရာတွင် သစ်သားတိုင်များ စိုက်ထူကာ ဝါးလုံးများကို သစ်သားတိုင်များတွင် ကန့်လန့်စွပ်ထားပြီးမှ ဝါးခြမ်းစိတ်များဖြင့် အခန်းလိုက် အခန်းလိုက် ရက်လုပ်ထားခြင်း ဖြစ်ပါသည်။ ထိုခြံစည်းရိုးကို မြေလတ်ဒေသတွင် ဝင်းထရံဟု ခေါ်လေ့ရှိပါသည်။ အမြင့်ခုန်ကျင့် အထက်ပါ ဂိုဒေါင်နှစ်လုံး၏ ကြားတည့်တည့်လောက်၌ ဝင်းထရံအခန်းတခန်းတွင် ဝါးခြမ်းများနှင့် ဝါးလုံးတန်းအချို့တို့မှာ ကျောင်းသားသူငယ်များ ဘောလုံးကစားရင်း ကျော်တက်ပြီး ဖယ်ရှားဖန်များသဖြင့် ဝါးခြမ်းများ ကျွတ်လွတ်နေပြီး ဝါးလုံးတတန်းသာလျှင် ကျန်နေပါသည်။ ထိုဝါးလုံးတန်း၏ အမြင့်သည်လည်း ရင်စို့လောက် ရှိမည်ထင်ပါသည်။ ကိုအောင်ဆန်းကား ထိုသို့ကျန်ရှိနေသော ဝါးလုံးတန်းကို အမြင့်ခုန် လေ့ကျင့်နေခြင်း ဖြစ်ပါတော့သည်။ ကိုအောင်ဆန်းသည် ပထမတချီ ပြေး၍ ခုန်လိုက်ရာ ဝါးလုံးတန်းနှင့် နောက်ခြေထောက် ထိသွားပါသည်။ မလွတ်။ ဒုတိယအချီတွင် ပို၍ဝေးသောနေရာမှ အရှိန်ယူပြေးလာပြီး ခုန်ပြန်သည်။ ဤတကြိမ်လည်း မရသေး။ တတိယအချီ ကြိုးစားရန်အတွက် ခါးတောင်းကျိုက်ကို ပြင်၍ ကျိုက်ကာ အထူးချိန်ဆ၍ ခုန်လိုက်ပြန်သည်။ အရှုံးမပေး ထိုအချီတွင် အမြင့်ခုန်ချန်ပီယံမဖြစ်သေးသော ကိုအောင်ဆန်း၏ ရှေ့ခြေမှ ဒူးခေါင်းသည် ဝါးလုံးတန်းနှင့် တိုက်မိကာ ရှေ့သို့ ဒူးထောက်ရက်သား လဲကျသွားပြီး ဒူးပွန်းပဲ့ကာ သွေးများယိုကျလာပါသည်။ သို့ဖြစ်ရာ အနိုင်မခံ အရှုံးမပေးလိုသော ကိုအောင်ဆန်းသည် သူ့အား ကြံ့ကြံ့ခံ၍ ခံတပ်သဖွယ် တားဆီးထားသော အနှီဝါးလုံးတန်းကို လက်သီးဖြင့် လေးငါးချက်မျှ ဆင့်ကာဆင့်ကာ ထိုးပါလေတော့သည်။ သို့သော်လည်း ခံတပ်ကား မပေါက်မကျိုး၊ အင်အားတောင့်တင်းလှပါဘိတောင်း။ ကိုအောင်ဆန်းကား အရှုံးမပေး ဇွဲလည်းမလျှော့၊ သွေးထွက်နေသော ဒဏ်ရာကို ရေဖြင့်ဆေးပြီး နဖူးမှ ခြေမအထိ တဒီးဒီးကျနေသော ချွေးများကို အင်္ကျီချွတ်၍ သုတ်ပါလေ၏။ ထို့နောက် အနည်းငယ်မျှ အနားယူပြီး ခုန်နည်းစနစ် တမျိုးပြောင်းကာ ခုန်ပါလေတော့သည်။ ဤစတုတ္ထအချီ ခုန်သောအခါတွင်မူကား ကိုအောင်ဆန်း အောင်ပန်းဆင်မြန်းလိုက်ပါပြီ။ ဤတချီ ခုန်သည့်နည်းမှာ အဝေးမှ အရှိန်ယူ၍ ပြေးလာပြီးနောက် ဝါးလုံးတန်းနှင့် အကွာအဝေး အနေတော်လောက် ရောက်လျှင် အနည်းငယ် အရှိန်သတ်ပြီး သူ၏ကိုယ်ကို လေထဲသို့ အစွန်းပင့်တင့်ကာ တကိုယ်လုံး လွတ်အောင် ကြိုးစား၍ ကျော်လွှားလိုက်သည့်နည်းပင် ဖြစ်ပါသည်။ ဤသို့ လွတ်အောင် ခုန်ပြီးသောအခါ ကိုအောင်ဆန်းသည် သူ့ဦးလေးဆီသို့ ပြုံးပြုံးကြီး လျှောက်လာပြီး အနာဆေးထည့်ရန် သူ့အဒေါ်ထံမှ လိမ်းဆေးတောင်းယူ၍ ဆေးလိမ်းပေတော့သည်။ ဤအဖြစ်သနစ်ကို တွေ့မြင်ရသော စာရေးသူသည် သူ့အား ကြည့်ရှု၍ ခွက်ထိုးခွက်လန် ရယ်ခဲ့ရရုံမျှမက သူ၏ မလျှော့သော လုံ့လ၊ ဝီရိယ၊ ဇွဲသတ္တိကိုလည်း ဝမ်းထဲ၌ ကြိတ်၍ ချီးကျူးမိခဲ့တော့၏။ မြင်ယောင်မိခဲ့ နောင်အခါ ရဲဘော်သုံးကျိပ်ဝင် ပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားနေစဉ် လှံစွပ်တိုက်ပွဲ လေ့ကျင့်ခန်းကို လေ့ကျင့်ရာ တပ်စုခေါင်းဆောင်အဖြစ် လေ့ကျင့်နေဆဲ အမောဆို့လုမတတ် မောပန်းနွမ်းခွေ သွားသော်လည်း မလျှော့သော ဇွဲသတ္တိကြောင့် ထိုတိုက်ပွဲလေ့ကျင့်ခန်းမှာ ကောင်းစွာ အောင်မြင် ထမြောက်သွားခဲ့သည်ဟူသော သတင်းကို ဤစာရေးသူ ကြားရသောအခါ၊ ကျောင်းသားဘဝက ဒူးအပြဲခံပြီး ဝါးလုံးတန်းကို မလွတ်မချင်း ခုန်လာခဲ့သော ကိုအောင်ဆန်း၏ ဇွဲသတ္တိကို ထင်းကနဲ မြင်ယောင်မိပါတော့သည်။ ထို့အပြင် ကိုအောင်ဆန်း သခင်ဘဝရောက်ပြီးမှ ထူးခြားသော အဖြစ်တခုကို တွေ့ခဲ့ရပါသေးသည်။ ထိုအဖြစ်အပျက်မှာ ကိုအောင်ဆန်း ဒို့ဗမာအစည်းအရုံးဝင်ပြီးနောက် သခင်အောင်ဆန်း အမည်ခံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းသားအဖွဲ့အစည်းများ၊ အတွင်းဝင်များရုံးကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြရန် တက္ကသိုလ်သမဂ္ဂခေါင်းဆောင်များ အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် စီစဉ်ပြုလုပ်ခဲ့ပြီးနောက် သခင်အောင်ဆန်းသည် မိခင်ကြီးရှိရာ နတ်မောက်မြို့သို့ ခေတ္တခဏ အနားယူရန် ပြန်ရောက်လာသောအချိန်က ဖြစ်၏။ အေးမြသော ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလ တတိယပတ်အတွင်း သာယာလှသော နေ့တနေ့၌ နံနက်ခင်း ရှစ်နာရီခန့်တွင် ဘုံဘိုင်ရေခြေညှပ်ဖိနပ်၊ ပလေကပ်လုံချည် အကွက်ကြဲကြဲ၊ ကော်လာမပါသော တပတ်နွမ်း ရှပ်လက်ရှည်အဖြူနှင့် အညာဖျင်အဖြူ ခပ်ပွပွရှည်ရှည်ကို ဝတ်ဆင်ပြီးထားပါသည်။ ချည်ထည်မာဖလာ လည်စီးပုဝါကို တပတ်ရစ်လျက် အမြိတ်စနှစ်ဘက်ကို ရင်ဘတ်ပေါ်တွင် တွဲလဲချကာ ဆင်မြန်းထားပြီး ကတုံးဆံတောက် (ခေါ်) ကတုံး ဘိုကေ ညှပ်ထားသော သခင်အောင်ဆန်းသည် သူ၏ ဦးလေးကြီး ဦးဖိုးသင့်၏ တဦးတည်းသော သမီး မကံဆယ်၊ ဦးလေးငယ်၊ ဦးလေးညိုတုတ် (ဦးငွေဆိုင်း)၏ သမီးများဖြစ်သော မမောက်နှင့် မထွေး အသက်အရွယ်အားဖြင့် ခြောက်နှစ်ကျော်ကျော်၊ ခုနစ်နှစ်ခန့်မျှ ရှိကြသေးသော ညီအစ်မသုံးယောက်အား “ညီမတို့ ကိုလေးဆန်း ပြောစရာရှိတယ်၊ ခဏလာကြအုံး” ဟု လှမ်း၍ ခေါ်သည်ကို ကြားလိုက်ရပါသည်။ ထို့နောက် နေအိမ်ကြီးနှင့် ဆီဂိုဒေါင်အကြားရှိ မြေကွက်လပ်တွင် ညီအစ်မ သုံးဖော်အား တန်းစီစေပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတရားကို လက်သီးလက်မောင်းတန်းကာ ဟောပါလေတော့သည်။ တဝါးဝါးနှင့် အနည်းငယ် ဟောမိလျှင်ပင် ကလေးသုံးယောင်သည် တဝါးဝါးနှင့် အူလိုက်အသည်းလိုက် ရယ်လေသော်ဟူ၏။ သူ့တရားပွဲ ပြီးဆုံးသွားသောအခါ “သခင်မျိုးဟေ့ … ဒို့ဗမာ” “အရေးတော်ပုံ အောင်ပါစေ” ဟူသော ကြွေးကြော်သံနှစ်ရပ်ကို သူက သုံးကြိမ်တိတိ တိုင်ပေးပြီး ကလေးသုံးယောက်အား လိုက်၍ အော်ဟစ် ကြွေးကြော်စေပါသည်။ ထိုသို့ ကြွေးကြော်ပြီးသည့် ခဏ၌ “ညီမလေးက လိမ္မာတယ်ဟေ့၊ ကိုလေးဆန်း မုန့်ဝယ်ကျွေးမယ်” ဟု ပြောပြောဆိုဆို တဟားဟား ကျယ်လောင်စွာ ရယ်မောကာ ညီမကလေးသုံးယောက်အား မုန့်ဝယ်ကျွေးပါတော့သည်။ ဤတရားပွဲကို မလှမ်းမကမ်းမှ မြင့်တွေ့နေရသော သူ့ဦးလေးတဦးက “အောင်ဆန်းတယောက်တော့ တံတားကလေးဆေးရုံကို ပို့နေရဦးမလား မသိဘူး” ဟူ၍ ခပ်တိုးတိုး မှတ်ချက်ချသည်ကို ဤစာရေးသူပင် ကြားလိုက်ရပါသည်။ သို့သော်လည်း ယင်းသို့သောလုပ်ရပ်ကို သေချာစွာ ဆန်းစစ်ကြည့်သည်ရှိသော် သခင်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူး အဖြစ်ဖြင့် နောင်သောအခါတွင် အပွဲပွဲနွဲရန် ရှိနေသည့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး တရားပွဲများ၊ အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေး တရားပွဲများအတွက် အလေ့အကျင့်ရရန် ကြိုတင်ပြင်ဆင်ကာ နယ်ချဲ့အစိုးရ တိုက်ထုတ်ရေးအတွက် မောင်းတင်လိုက်ခြင်းဖြစ်သည်ဟု ဆိုက ဆိုနိုင်ပေသည်။ ကြေးနန်းရစဉ် ထိုနေ့ ညနေပိုင်းတွင်းပင် ရန်ကုန်မြို့အတွင်းဝန်များရုံးသို့ ဝိုင်းဝန်းဆန္ဒပြကြသော ကျောင်းသူကျောင်းသားများအား ပုလိပ်များက မြင်းနှင့်တိုက် ဒုတ်နှင့် ရိုက်သဖြင့် သွေးထွက်သံယို ဖြစ်ကြသောကြောင့် ရှေ့ခြေတဆင့် တိုး၍ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်သို့ အမြန်ပြန်လာပါရန် ဒို့ဗမာအစည်းအရုံးဋ္ဌာနချုပ်မှ ပေးပို့သော ကြေးနန်းစာကို သခင်အောင်ဆန်း ရရှိသဖြင့် ကြေးနန်းလက်ခံရလျှင် ရချင်း နတ်မောက်မြို့ အထက်တန်းကျောင်းမှ ကျောင်းသားသမဂ္ဂအမှုဆောင်များကို သာသနာ့ဟိတ စာကြည့်တိုက်တွင် ချက်ချင်း အစည်းအဝေးခေါ်ကာ ရန်ကုန်မှ အဖြစ်အပျက်များကို ရှင်းပြပြီး ရှေ့ဖို့တွင် ရန်ကုန်ရှိ ဗမာလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြရန် ညွှန်ပြပြောဆိုပြီးလျှင် နောက်တနေ့ နံနက်စောစော မီးရထားဖြင့် နတ်မောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပါတော့သည်။ ဤကား သခင်အောင်ဆန်းအဖြစ်ဖြင့် နတ်မောက်မြို့သို့ နောက်ဆုံးလာခဲ့ခြင်း ဖြစ်ပေသတည်း။ မှတ်ချက် ။ ။ ဤဆောင်းပါးရှင် စည်သူကျော်ထင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ညီအစ်ကိုတဝမ်းကွဲတော်သူ ဖြစ်ပါသည်။ (အယ်ဒီတာ) (အိုးဝေဂျာနယ်-အမှတ် ၈၀၊ စာမျက်နှာ ၁၇-၁၈) ၁၃၃၃ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၁ ရက်၊ ၁၂ လ၊ ၁၉၇၁ (ဟေသီမိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)


မန္တလေးမြို့ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲ

မန္တလေးမြို့ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မနေ့ညနေ (၅)နာရီမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ နေရာအသုံးခွင့် မရလို့ ပွဲပျက်သွားခဲ့ပြီး လမ်းဘေးမှာ အကျဉ်းရုံး ကျင်းပခဲ့ရ ကြောင်းသိရပါတယ်။
ဆုတောင်းပွဲအတွက် မန္တလေးဈေးချိုဟိုတယ် မင်္ဂလာခန်းမ ကိုငှားရမ်းခဲ့ရာမှာ ဟိုတယ်က သဘောတြူပီး စရံ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကျင်းပဖို့ ရက်အနည်းငယ် အလိုမှာ မန္တလေးမြို့တော်ဝန်က လက်မခံဖို့ ဟိုတယ် တာဝန်ခံကို ဖုန်းဆက ပြောဆိုလိုက်တဲ့ အတွက် ဆုတောင်းပွဲ ပျက်သွားခဲ့ရတယ်လို့ ပွဲစီစဉ်သူ မြန်မာမူဆလင် အသင်းက ကိုမောင်မောင်က အာအက်ဖ်အေကိုပြောပါတယ်။ ဒီဆုတောင်းပွဲကို မကြာသေးခင်ကမှ သမ္မတလွတ်ငြိမ်းခွှင့်နဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဆရာတော် ဦးဝိရသူ နဲ့ တိုင်ပင်ပြီး အခုလို ဘာသာပေါင်း စုံချစ်ကြည်ရေး ဆုတောင်းပွဲကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ် မန်နေဂျာက တိုင်းအစိုးရ ဝန်ကြီးရုံး က ခွင့်ပြုအမိန့်စာ ပြနိုင်ရင် ငှားရမ်းမယ် ဆိုတဲ့အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ခွင့်ပြုအမိန့် ရရှိခဲ့ပြီး ဖြစ်ကြောင်းလည်း ကိုမောင်မောင် က ပြောပါတယ်။ သတ်မှတ်ထားတဲ့ နေ့ရက်မှာ ဈေးချိုဟိုတယ်ကို သွားတဲ့အချိန်မှာတော့ ဟိုတယ် ဝန်ထမ်းတွေက အဝင်တံခါးကို သော့ခတ်လိုက်တဲ့အတွက် ဆရာတော် ဦးဝိရသူ ကြွရောက်လာတဲ့အခါ ဈေးချိုဟိုတယ်ရှေ့က ပလက်ဖေါင်း ပေါ်မှာပဲ ဝတ်ပြု ဆုတောင်းပွဲကို အကျဉ်းရုံး ကျင်းပခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီ ဆုတောင်းဝတ်ပြုပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာဝင်စုစုပေါင်း လူဦးရေ ၁၀၀ နီးပါးနဲ့ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်။

မန္တလေးမြို့ ယခင် ရတနာပုံဈေး ပထမထပ် ရှိ စကိုင်းဝေါ့ခ် ရှော့ပင် စင်တာ မှဆိုင်ခန်းရှင်များသက်သာသောနှုံးနဲ့ ဆိုင်ခန်းပြန်ရလို

မန္တလေးမြို့ ယခင် ရတနာပုံဈေး ပထမထပ် ရှိ စကိုင်းဝေါ့ခ် ရှော့ပင် စင်တာ မှဆိုင်ခန်းရှင်များမှာ ရတနာပုံဈေး မီးကြောင့် မိမိတို့ဆိုင်ခန်းများ ပိတ်သိမ်းခဲ့မှုမှာ အချိန်ကြာမြင့် ပြီဖြစ်၍ လက်ရှိတွင် မိမိပိုင်ဆိုင်ခန်းများ ပြန်ဖွင့်နိုင်ရေး အတွက် သက်သာသောဆိုင်ခန်းဈေးနှုန်းဖြင့် ပြန်လည် ရရှိရန် ဆန္ဒရှိနေကြကြောင်း ဆိုင်ခန်းရှင်များထံမှသိရသည်။
ထိုဆိုင်ခန်းရှင်များသည် မိမိတို့၏ ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဈေးနှုန်း အဆိုပြုလွှာများနှင့် လျှောက်ထားမှုများကိုလည်း ဆောင်ရွက်ထား ကြောင်း ဆိုင်ခန်းရှင် တစ်ဦးက ဆိုသည်။
"ကျွန်တော်တို့ ရတနာပုံဈေးကြီးနေရာမှာ အခုဆိုရင် အားလုံးနီးပါး လောက်ကို ဖွင့်နေကြပြီ။ ဒိုင်းမွန်းပလာဇာနဲ့ ရတနာပုံ ဈေးဆိုရင် တော်တော်လေးကို အရှိန်ရနေပြီလေ။ ကျွန်တော်တို့ စကိုင်းဝေါ့ခ် ရှော့ပင်းစင်တာက ဆိုင်ခန်းရှင်တွေကလည်း ဆိုင်ခန်းတွေကိုပြန်ပြီး ဖွင့်ချင်တဲ့အတွက် မန်း ရတနာကုမ္ပဏီနဲ့ ဆိုင်ခန်းရှင်တွေစုပြီး စည်ပင်သာယာဈေးနှင့် သားသတ်ဌာန ဌာနမှူးဆီကို ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက် က ပထမဦးဆုံးအနေနဲ့ တစ်စတုရန်း ပေကို တစ်သောင်းခွဲကျပ်နှုန်းဖြင့် ပြန်လည်ချပေးရန် စာတင်လိုက်တယ်။ ထူးခြားမှု မရှိတာနဲ့ ထပ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့ ဒုတိယ အကြိမ် မြို့တော်ဝန်ဆီကို တစ်စတုရန်းပေ ကျပ် နှစ်သောင်းနှုန်းနဲ့ ဈေးနှုန်း အဆိုပြုလွှာကို ထပ်ပြီးတင်တယ်။အကြောင်းပြန်ကြားမှုမရှိလို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့ကပဲ မြို့တော်ဝန်ဆီကို တစ်စတုရန်းပေကို သုံးသောင်းနဲ့ ထပ်ပြီးပို့တယ်။မထူး ခြားတဲ့အဆုံး ဆိုင်ခန်းရှင်တွေတိုင်ပင်ပြီး နောက်ဆုံးအနေနဲ့ လေးသောင်းနဲ့ပေးမယ်လို့ ဆုံးဖြတ်လိုက်တော့ အဆင်ပြေအောင် ညှိနှိုင်းပေးမယ်လို့တော့ စကားရ လာတယ်"ဟု ရှော့ပင်းစင်တာ ပြန်ဖွင့်နိုင်ရေး ဆိုင်ခန်းရှင်များ ကိုယ်စားဆောင် ရွက်ပေးနေသော ကိုအောင်အောင်ဦး က ပြောသည်။
ယခင် ရတနာပုံဈေးရှိ ပထမထပ်ကို စကိုင်းဝေါ့ခ် ရှော့ပင်းစင်တာအဖြစ် အကောင်အထည်ဖော်ရန် မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီ ထံမှ အပျောက်စနစ်ဖြင့် မန်းရတနာ ဟိုးလ်ဒင်းအင်တာပရိုက်က စာချုပ် ချုပ်ဆို ၀ယ်ယူခဲ့ပြီး ဆိုင်ခန်း ရှင်များအား တစ်ဆင့်ပြန်လည်ရောင်း ချနိုင်ခဲ့သည်။
ဆိုင်ခန်းရှင်များအတွက် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ ဈေးနှင့် သားသတ်ဌာနမှ ဆိုင်ခန်းပေါင်း ၁၃၆ ခန်းအတွက် စည်ပင် ဆိုင်ခန်းစာ အုပ်များထုတ်ပေးခဲ့သည်။
"ကျွန်မတို့မှာ ပိုင်ဆိုင်မှု စာအုပ်တွေ လည်းရှိပါတယ်။အခု ဆိုင်တွေကိုပြန်ဖွင့် ချင်တဲ့အတွက် သက်ဆိုင်ရာကိုလည်း ဈေးနှုန်း အဆို တင်သွင်းတာတွေလည်း အကြိမ်ကြိမ်လုပ်ထားပါတယ်။ စည်ပင်သာယာက တစ်စတုရန်းပေကို နှစ်သိန်း ငါးသောင်းသတ်မှတ် လိုက်တယ်။ ကျွန်မ တို့ပေးနိုင်တဲ့ဈေးနဲ့က တော်တော်လေး ကွာနေတယ်။ ခုနောက်ဆုံးတင်ထားတာ ကတော့ လေးသောင်းနဲ့ပါ။ အဆင်ပြေ အောင်ဆောင်ရွက်ပေးမယ်လို့တော့ ပြောတယ်။ လေးသောင်း ဆိုရင်တော့ ကျွန်မတို့ဆိုင်ခန်းတွေအတွက် အသင့် ဖွင့်နိုင်အောင် ပြုပြင်မှုတွေလုပ်ရဦးမယ်၊ လူသွားလမ်းတွေ အဲကွန်းစနစ်တွေ လှေကားတွေကိုလည်း လုပ်ပေးရအုံးမယ်။ ဆိုင်ဖွင့်ဖို့ အတွက် ပြင်ဆင်ချိန်တွေကလည်းထပ်ပြီး စောင့်ရအုံးမယ်။ အပိုထပ် ကုန်ရမှာတွေလည်း အများကြီးပဲ ရှိသေးတယ်။ ဆိုင်ခန်းတွေပြန် ဖွင့်လို့ရမယ် ဆိုရင်တောင် အရင်တုန်းက ဆိုင်ခန်း အကျယ်ကိုပြန် မရတော့ဘူး။ စကိုင်း ဝေါ့ခ်အတွက် ၅၀ ရာခိုင်နှုန်းကျော် လောက်ပဲ နေရာရတော့တာ"ဟု ဆိုင်ခန်း ပိုင်ရှင်တစ်ဦးဖြစ်သော မစောလှမူက ပြောသည်။
မန္တလေးမြို့ရှိစကိုင်းဝေါ့ခ် ရှော့ပင်း စင်တာကြီးကို ၂၀၀၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရတနာပုံဈေးကြီးတစ်ခုလုံး မီးလောင် ကျွမ်းခဲ့မှုကြောင့် ဆိုင်ခန်းရှင်များလည်း ဆုံးရှုံးနစ်နာခဲ့ရသည်။
မီးလောင်ကျွမ်းပြီး နောက်ရက်တွင် မန္တလေးမြို့ နန်းတွင်းတွင် သက် ဆိုင်ရာ တာဝန်ရှိသူများက အစည်းအဝေးခေါ် ခဲ့ပြီး ရတနာပုံ ဈေးကြီး ပြန်လည်တည် ဆောက်မည်ဖြစ်ကြောင်း၊ တည်ဆောက် ပြီးစီးပါက မူလဆိုင်ခန်းရှင်များကို အမြတ်မယူဘဲ ဈေးနှုန်း သက်သာစွာဖြင့် ပြန်လည်ချထားပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောပြထားခဲ့သည်ဟု ဆိုင်ခန်းရှင်များက ဆိုသည်။
စည်သူလွင်                                                  အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

လူထု ဒေါ်အမာ ခံယူတဲ့ စာရေးဆရာ ဆိုတာ

 ‘စာပေနဲ့ ပတ်သက်ပြီးတော့ အခုလို စုရ၊ ဝေးရတာပါ။ စာပေ သမားတွေ တရင်းတနှီး၊ ညီအစ်ကို မောင်နှမ သားအမိ၊ သားအဖတွေလို တွေ့ရဆုံ ရတယ် ဆိုတာ သိပ်ပြီးတော့ ဝမ်းသာစရာ ကောင်းပါတယ်။ မင်္ဂလာလည်း ရှိပါတယ်။ ကျွန်မတို့ အချင်းချင်း ဘယ်လောက်  ချစ်ခင်တယ်၊ ဘယ်လောက် ရင်းနှီးတယ်၊ တိုင်တိုင်ပင်ပင် ဘယ်လို နေကြထိုင်ကြတယ် ဆိုတာ အဲဒီ လိုဟာမျိုး လုပ်ရတာကို ဝမ်းသာပါတယ်”
သြော်.. အသက် ၉ဝ အထိတောင် လေးလုံးကျောင်းမှာ လုပ်ခဲ့တဲ့ စာရေး ဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ပွဲတွေ ဟာ လွမ်းမောစရာ ကောင်းလှပါတယ်။ ၁၉၈၅ နိုဝင်ဘာ ၂၉ ရက် အသက် ၇ဝ ပြည့်က စတင် ကျင်းပခဲ့တဲ့ လူထု ဒေါ်အမာ မွေးနေ့ပွဲတွေဟာ သြော် …အခုတော့ ဒေါ်ဒေါ် လူထုဒေါ်အမာ ဆုံးပါးကွယ်ပ သွားရှာပြီ ဆိုတော့ လွမ်းမော စရာတွေပေါ့။
လွမ်းစရာ ကောင်းလှတဲ့ တောင်သမန် ရဲ့ အလွမ်း ဇာတ်ထဲကနေ ဒေါ်ဒေါ်လူထု ဒေါ်အမာရဲ့ စာစကားတွေကလည်း လွမ်း မော ဆွတ်ပျံ့ဖွယ်ရာ ကောင်းလှပါတယ်။
”အနုပညာဈာန် ဆိုတာကလည်း စိတ် ကောင်းနှလုံးကောင်း ရှိမှ ဝင်စားလို့ ရပါတယ်”
”စိတ်ယုတ်မာ ရှိတဲ့လူမျိုး ဒီအလုပ်မှာ မသိနိုင် မကပ်နိုင်ပါဘူး”
အနုပညာ သမား စစ်စစ်တွေရဲ့ စိတ်ထား မွန်မြတ်ပုံကို ဖော်ပြရုံမက၊ အယောင်ဆောင် အရေခြုံ၊ အတုတွေရဲ့ စိတ်ရုပ်ပုံလွှာ ကို ထင်ဟပ်ပြီး အစစ်နဲ့ အတု ခွဲခြားပြ လိုက်တဲ့ စာရေးဆရာမကြီး သတင်းစာ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကားက ကျွန်တော်တို့ နှလုံးသားပေါ်မှာ ထွင်းထု ထားရမယ့် စကားဖြစ်နေ ပါရော လား ။ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ အထိမ်းအမှတ်၊ အမှတ်တရ မော်ကွန်းတိုင်များ စိုက်ထူခဲ့ရင် ကျွန်တော်က ဒီစကားကို ထွင်းထု စိုက်ထူလို့ အလွမ်းပြေ မော်ကွန်း ထိုးထားမှာဖြစ် ပါတယ်။ အဲဒီ စာပိုဒ်ကလေးကို ဒုတိယအကြိမ်သာ စိတ်ဝင်တစားနဲ့ ဖတ်ကြည့် လိုက်စမ်းပါ စာချစ်သူ၊ အနုပညာ ချစ်သူများ ခင်ဗျား။
တောင်သမန်ရဲ့ အာကာသ ဓာတ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ဟင်းလင်းပြင် ကောင်း ကင်ကြီးပေါ်မှာ တောင်သမန် အလှဗေဒ က မယ်ဇယ် ရနံတွေသင်းလို့ မယ်ဇယ် ရနံ့ လို၊ မဉ္ဇူသက နတ်ပန်းပွင့်လို ရွှန်းတင့်နေတဲ့ စကားတွေက ရင်ခုန်သံ မြန်လာပြန်ပါပြီ။
”အလွန် ရှည်လျားလှတဲ့ သံသရာ ကြီးမှာ ဘဝပေါင်းများစွာ ကျွန်မတို့က ကျင်လည်လာခဲ့တာ ဆိုတော့ ကိုယ့်အဝိဇ္ဇာ၊ ကိုယ့်တဏှာနဲ့ ငါမသေသေးပါဘူးလို့ ထင် တာ ချည်းပဲ” လို့ ကိုယ့်အတ္တနဲ့ ကိုယ်နေပြီး၊ အတ္တ စက်ဝိုင်းထဲမှာ ချာချာလည်နေ တဲ့သူတွေကို
”သေခြင်းတရားကို မေ့ချင်ယောင် ဆောင်နေတာ။ ဒီလိုနေနေတဲ့ အချိန်မှာပဲ နောက်တီးနောက်တောက်နဲ့ မွေးနေ့ပွဲသွား လုပ်မိတယ်လေ။ လုပ်မိတော့ အသက်က ကြီးလှပြီမို့ ဆိုတာကို တိုးပြီးတော့ သတိပေးတဲ့ဟာ ၈ ခုဖြစ်လာတယ်လေ” လို့ သတိ ပေး စကား ဆိုသလို ကိုယ့်ကိုယ်ကိုယ် ဝေဖန် သွားတဲ့ စကားက မှတ်သားစရာပါ။
စာဖတ်တဲ့ ပြည်သူလူထုတွေ အပေါ် ထားတဲ့ ဒေါ်ဒေါ်ရဲ့သဘောထားကလည်း လေးစား အတုယူဖွယ်ရာ။
”ဘာပဲဖြစ်ဖြစ်၊ ကျွန်မအနေနဲ့ ကျန်းမာ နေသေးရင် ဘာလုပ်နိုင်သလဲ။ လုပ်နိုင်တာ ကိုတော့ လူတွေအတွက် မေတ္တာ စေတနာ ထားပြီး ရေးသားနေရမှာပါ”
စာရေး ဆရာမကြီး လူထုဒေါ်အမာ ဟာ အမှန်တရားလို့ သူယုံကြည်ရာ ဘက်ကနေ ဘဝတစ်လျှောက်လုံး သေတစ်ပန်သက်ဆုံး ရပ်တည်သွားတဲ့ သူ တစ်ယောက်ဖြစ် ပါတယ်။
”စာရေးဆရာဟာနော် ဒေါ်ဒေါ်တစ် သက်လုံးခံယူထားတဲ့မူ ဖတ်တဲ့လူအပေါ်ကို ကိုယ်ကစေတနာအကြီးကြီးထားရမယ်။ အဲဒါမှ စာကောင်းထွက်မယ်”
 မောင်နွေထက်




မီဒီယာဆိုတာ အစိုးရမိတ်ဆွေ...


( ဧရာဝတီ ၊ Monday, February 13, 2012 )
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မှာ တွေ့ရတဲ့ ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း နဲ့
ဧရာဝတီ သတင်းဌာန အယ်ဒီတာ အောင်ဇော်
"အကျင့်ပျက်ခြစားမှုနဲ့ အာဏာ အလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ တရားဥပဒေ စိုးမိုးရေး ခိုင်မာဖို့အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာ ဆိုတာ အစိုးရအတွက် အထူး အားထားရတဲ့ မိတ်ဆွေဖြစ်တယ်။ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ်ဖော်ပြနေတာကြောင့် အစိုးရများအတွက် အများကြီး အထောက်အကူရစေတယ်"
ယခုတပတ်ထုတ် The Street View ဂျာနယ်မှာ ဖော်ပြထားတဲ့ လူထုစိန်ဝင်းရဲ့ "လောကရဲ့ အမှန်ဆုံးဓမ္မတရား" ဆောင်းပါးမှ ကောက်နှုတ်ချက်    ညွှန်း - လူထုစိန်ဝင်း/Facebook


သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် စည်ပင်ဝန်ထမ်းများအား ဆွေးနွေးပွဲကျင်းပ

ယခုလ ၁ဝ ရက်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီ၊ မြို့တော် ခန်းမရှိ ခန်းမကြီး၌ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ ခေါင်းဆောင်   ဦးကိုကို လှိုင်က စည်ပင်သာယာ အမှု ထမ်း၊ အရာထမ်းများအား ”ကောင်းမွန်သည့် အဖွဲ့အစည်း အနေနဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ” ဟူသည့် ခေါင်းစဉ်ဖြင့်   ဆွေးနွေးပွဲ ကျင်း ပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၄င်းက ပြောင်းလဲလာသည့် ခေတ်စနစ်တွင် အစိုးရ၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး မူဝါဒဟောင်းမှ သဘာထားများ ပြောင်း လဲ ရန် ဆွေးနွေးဟောပြောခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတိုင်း မြို့တော်ဝန် ဦးလှမြင့်က ကျေးဇူးတင်စကား ပြန် လည် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အားကိုယ်စားလှယ်လောင်းကန့်ကွယ်လွှာတင်ခြင်းအပေါ် နိုင်ငံရေးနယ်ပယ်မှ သဘောထားထုတ်ပြန်ချက်

ကော့မှူးမြို့နယ်မဲနယ်ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ယင်းမဲဆန္ဒနယ်မှ ညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီကိုယ်စားပြုဝင်ရောက်အရွေးခံမည့် ဦးတင်ရီကဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာကိုရွေးကောက်ပွဲကော်မရှင် သို့ကန့်ကွက်လွှာတင်ခြင်းအပေါ် နိုင်ငံ ရေးနယ်ပယ်မှ ဆောင်ရွက်လှုပ်ရှားနေသူ များ၏ သဘောထား မှတ်ချက်များအား စုစည်းတင်ပြပါသည်။
ဦးဉာဏ်ဝင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေး မှူးအဖွဲ့ဝင်
ကျွန်တော်တို့ကန့်ကွက်လွှာကိုဖြေ ရှင်းလွှာတင်ပြီးပါပြီ။ ခရိုင်ကော်မရှင်ကပဲ ဆုံးဖြတ်ပေးဖို့ရှိပါတယ်။သူတို့ကန့်ကွက် လွှာမှာ အချက်တွေကလည်း ကြုံရာတွေ ထည့်ထားတာ။ တစ်ခုက ဒေါ်အောင် ဆန်းစုကြည်က ဗြိတိန်နိုင်ငံရဲ့ အမြဲတမ်း နေထိုင်ခွင့်ရထားတယ်တဲ့။ အဲဒါဟာ ဗြိ တိန်နိုင်ငံမှာလုံးဝမကျင့်သုံးဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်း ကမှလည်း နိုင်ငံခြားသားမဖြစ်ခဲ့ဘူး။ နောက်တစ်ခုက နိုင်ငံခြားမှာ ပစ္စည်းတွေ ရှိတယ်တဲ့။ အဲဒါကလည်း အထောက် အထားမရှိဘဲနဲ့ စွပ်စွဲတယ်။ ခင်ပွန်းဆုံး တုန်းကလည်း ခင်ပွန်းရဲ့အမွေမှာ ဒေါ် အောင်ဆန်းစုကြည်အတွက် ဘာမှမပါ ဘူး။ အဲဒါရှင်းတယ်။ နောက်တစ်ခုက ဆု ကြေးငွေတွေရတဲ့ဟာကို အစိုးရဆီကို မပေးဘဲနဲ့ နိုင်ငံခြားမှာသိမ်းထားတယ် တဲ့။ အဲဒါလည်း အထောက်အထားမရှိ ဘဲနဲ့ စွပ်စွဲတာ။ ဒေါ်အောင်ဆန်းစုကြည် က ရသမျှဆုငွေကို ဖောင်ဒေးရှင်းတွေကို တစ်ခါတည်း ထည့်လိုက်တယ်။ သူ့ကိုယ် ပိုင် အကောင့်လည်း ဘဏ်မှာငွေမရှိဘူး။ ကျွန်တော်တို့အဲဒါတွေဖြေရှင်းပြီး ကော် မရှင်တင်လိုက်ပါတယ်။ အဲဒီဖြေရှင်းချက် တွေအားလုံးဟာဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်တွေပါပဲ။
ဦးခင်မောင်ဆွေ
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင်
ကျွန်တော်တို့အနေနဲ့ဆိုမကန့်ကွက် ဘူး။ ကျွန်တော်တို့ပါတီအနေနဲ့ဆိုကန့် ကွက်ဖို့အစီအစဉ်မရှိဘူး။ ဥပဒေဆိုတာက နိုင်ငံသားတွေက ကြိုက်နေလို့ရှိရင်ဖြစ်တဲ့ ကိစ္စပဲ။ ဥပဒေတစ်ရပ်ကို အသေကိုင်ပြီး လုပ်တဲ့ကိစ္စတွေက တစ်ချို့နေရာတွေမှာ ကောင်းတာရှိသလို၊ တစ်ချို့နေရာတွေမှာ မကောင်းဘူးပေါ့။  NDF အနေနဲ့ဆိုရင် ကန့်ကွက်မှာမဟုတ်ဘူး။ ဒီကန့်ကွက်တဲ့ ကိစ္စဟာသူတို့ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ပါတီ တစ်ပါတီတည်းနဲ့ဆိုရင်တော့ကိစ္စ မရှိဘူး။ ဒါက သူ့ကိစ္စပေါ့။ ဒါပေမဲ့သူက ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီထဲမှာ ပါ နေတဲ့အခါကြတော့ (၁၀)ပါတီက ဒီကိစ္စ ကိုလေ့လာပြီး မှတ်ချက်ပေးကောင်းပေး ပါလိမ့်မယ်။ ခုလိုကန့်ကွက်လိုက်လို့ပြည်သူ အတွက် အကျိုးရှိရဲ့လား။ ဘာကြောင့် ကန့်ကွက်ရတာလဲဆိုတဲ့ မေးခွန်းကိုအဖြေ  ပေးဖို့သမိုင်းက တောင်းဆိုသွားမှာဖြစ်ပါ တယ်။
ဦးသုဝေ
ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
ဒီကိစ္စက သူတို့ပါတီက ဦးတင်ရီဆို တာဝင်ပြိုင်တော့ ယှဉ်ပြိုင်ဘက်ပေါ့။ ဥ ပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ ဒီကန့်ကွက် လွှာထဲမှာပါတဲ့အချက်တွေက တရားရုံး ကဆုံးဖြတ်မှာပေါ့။ စွပ်စွဲတဲ့လူလည်းရှိ မှာပေါ့။ ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ။ ဒီမိုကရေစီလမ်းစဉ်အရလုပ်ချင်တဲ့သူက လုပ်ပိုင်ခွင့်ရှိတာပဲ။ ကျွန်တော်ဒီမိုကရေစီ မိတ်ဆွေ (၁၀)ပါတီနဲ့တော့မဆိုင်ဘူးပေါ့။ လုပ်ပိုင်ခွင့်ရှိသူက လုပ်တာပဲ။
ဦးစောဝင်း
ဗဟိုအလုပ်အမှုဆောင်
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
အဲဒီကိစ္စဟာ ကျွန်တော်ဒီမိုကရေစီ မိတ်ဆွေ(၁၀)ပါတီနဲ့မဆိုင်ပါဘူး။ ကျွန် တော်တို့က အားလုံးအပေါ်မှာ ရန်သူ မထားဘူးလေ။ အားလုံးဟာ မိတ်ဆွေ တွေချည်းပဲ။ အားလုံးက မိတ်မပျက်ပူး ပေါင်းဆောင်ရွက်မယ်။ တို့ကတော့ကြို ဆိုတယ်။ လူကြီးတွေကလည်းကြိုဆိုနေ တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင် တာကို ၀မ်းလည်းဝမ်းသာတယ်။ထောက် လည်းထောက်ခံပါတယ်။
ဦးသိန်းညွန့်
ဥက္ကဋ္ဌ
ဒီမိုကရေစီပါတီသစ်
ကျွန်တော်တို့ကတော့ ရွေးကောက် ပွဲမှာ ဥပဒေနဲ့ညီညွတ်တဲ့သူမှန်သမျှကို ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ကြိုဆိုတယ်။ ကန့်ကွက်လွှာကတော့ ဥပဒေနဲ့ညီရင် ကောင်းတာပေါ့။ နိုင်ငံရေးရည်မှန်းချက် နဲ့ ကန့်ကွက်တယ်ဆိုရင်မကောင်းဘူး။ ကျန်တာတွေကတော့ရွေးကောက်ပွဲဥပဒေ နဲ့အညီကော်မရှင်က စိစစ်ဆောင်ရွက်မှာ ပေါ့။ ရွေးကောက်ပွဲဥပဒေမှာ ဘယ်လို အချက်တွေနဲ့ညီရင် ရွေးကောက်တင် မြောက်ခွင့်ရှိတယ်လို့ ပါပြီးသားပဲ။
ဦးသိန်းထွန်း
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ဒီကိစ္စကိုကျွန်တော်တို့တော့မသိဘူး။ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း သတ်မှတ်ချက်ကို ကော်မရှင်ကကြေညာ ထားတာရှိတာပါ။အဲဒီအချက်တွေနဲ့အညီ ကော်မရှင်ကအဆုံးအဖြတ်ပြုမှာပေါ့။ ကျွန်တော်တို့ပါတီအပါအ၀င်အားလုံးကို ရွေးကောက်ပွဲဝင်မယ်ဆို ကိုယ်စားလှယ် လောင်းအရည်အချင်းနဲ့ ကိုက်ညီရင် ကော်မရှင်က ခွင့်ပြုမှာပါပဲ။
ဒေါက်တာအေးမောင်(အမျိုးသားလွှတ် တော်ကိုယ်စားလှယ်)
ဥက္ကဋ္ဌ
ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ
ဒီကိစ္စကတော်တော်တော့စဉ်းစားရ ကြပ်တယ်။ တစ်ခုရှိတာက သူတို့ဘယ် လမ်းလွှဲနေသလဲပေါ့။ ကန့်ကွက်လွှာတင် တဲ့ပါတီရဲ့နောက်ခံအကြောင်းအရင်းက ဘာလဲ။ ဒါအရေးကြီးတယ်။ကန့်ကွက်တဲ့ ရည်ရွယ်ချက်က ဘယ်သူ့အတွက်လည်း၊ ဘာကြောင့်လည်းဆိုတာ သိဖို့လိုတယ်။ ဘာကြောင့်၊ဘာရည်ရွယ်ချက်နဲ့ညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးပါတီထောင်ခဲ့သလဲ။ သူတို့ရဲ့နောက်ကြောင်း၊ သူတို့ဘယ်လဲ၊ ဘာလဲဆိုတာမေးရတော့မယ်။ အဲဒီပါတီ ရဲ့ သွားမယ့်လမ်းကြောင်းကဘာလဲ၊ ဘယ်လဲဆိုတာမေးရတော့မယ်။ ကန့် ကွက်တဲ့ပုဂိ္ဂုလ်တွေ ဘယ်လမ်းရွေးသလဲ ဆိုတာကလည်း ကျွန်တော်တို့သုံးသပ်ရ မယ်။ ဒါပုဂိ္ဂုလ်ရေးတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်။လူထုသဘောထားကိုကြည့် ရမှာပေါ့။ လက်ရှိရွေးကောက်ပွဲဥပဒေဆို တာလည်း အကောင်းဆုံးဖြစ်အောင် တော့လုပ်တာပဲ။ ဒါပေမဲ့ ပြည့်စုံတယ်လို့ ကျွန်တော်တို့သတ်မှတ်လို့မရဘူး။ ဒီကန့် ကွက်လွှာကိစ္စဟာကျွန်တော်တို့တော့ အသေးစိတ်မသိဘူး။ ဒါပေမဲ့လို့ ကန့် ကွက်တဲ့လူရဲ့ရည်ရွယ်ချက်က အင်မတန် ကြောက်စရာကောင်းတယ်။ ဒါက လူထု သတိထားဖို့လိုမယ်။ ဒီအချိန်၊ ဒီကာလ မှာ ဒါမျိုးပြောတယ်ဆိုကတည်းကိုက ကျွန်တော်တို့သတိထားဖို့လိုတယ်။ ဒီမို ကရေစီမိတ်ဆွေ (၁၀)ပါတီ အနေနဲ့ ဒီကိစ္စကိုလုပ်တဲ့ပါတီအပေါ် ပြန်သုံးသပ် ဖို့လိုမယ်။ လင်းယုန်


စုဆောင်းရေးဆွဲခံရသည့် အမျိုးသမီး (၄) ဦးအား KIA က အဓမ္မပြုကျင့်


ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ တာလောကြီး ကျေးရွာမှ လူငယ်များအား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA ၏ ဒေသခံ တပ်ဖွဲ့က စုဆောင်းရေး ခေါ်ယူသွားပြီး အမျိုးသမီး (၄) ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။ ကျေးရွာအပြင်ဖက်ရှိ မုံညှင်းစိုက်ခင်းမှ ပြန်လာသည့် လူငယ် ၁၂ ဦးအား ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယခုလ (၈) ရက်နေ့က အမျိုးသမီးများ ပြန်လည်လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ ရွာသားတဦးက အခုလို ပြောသည်။

“မနက်မိုးလင်းတော့ မုံ့ညှင်း သွားနုတ်ကြတယ်။ ညနေ လေးခွဲ ငါးနာရီဆိုရင် အိမ်ပြန်ကြတာပေါ့။ အဲဒါ လမ်းမှာဆီးပြီးတော့ ဖမ်းသွားတယ်။ ရွာက (၁၂) ယောက်ပါသွားတယ်လေ။ အဲဒါ မိန်းခလေး (၄) ယောက်တော့ ပြန်လွတ်လာပြီ။ အဓမ္မ ပြုကျင့်ခံခဲ့ရတယ်လို့ ပြောတယ်။”

အသက် (၁၅) နှစ် အရွယ်ခန့် မိန်းခလေး နှစ်ဦးနှင့် အိမ်ထောင်သည် မိန်းကလေး နှစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့အား တာလောကြီးကျေးရွာ တိုက်နယ် ဆေးရုံ၌ ကုသမှု ခံခဲ့ရသည်။ ယခုအခါ နေအိမ်ပြင်ပသို့ မထွက်ရဲကြကြောင်းနှင့် စိတ်ဖိစီးမှု ဝေဒနာ ခံစားနေပုံရကြောင်း ဆက်လက် ပြောဆိုသည်။

“သူတို့ အခန်းထဲမှာပဲ အောင်းနေကြတယ်။ ကြောင်တောင်တောင်လေးတွေနဲ့ ဘယ်ကိုမှလည်း မထွက် ကြတော့ဘူး။ အဲဒါ တခုခု ဖြစ်မှာစိုးလို့ သူတို့ကို စောင့်ကြည့်နေရတယ်။ ကြောက်လည်း အရမ်း ကြောက်နေကြပုံပဲ။”
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း စုဆောင်းရေးဆွဲသည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် တပ်ဖွဲ့က စီစစ်နေဆဲ ဖြစ်ကြောင်း KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အခုလိုပြောသည်။
“စုဆောင်းရေးဆိုတာကတော့ တခါတလေမှာ အစိုးရတပ်က ဖမ်းမှာ စိုးလို့ရှိရင် အဲဒီလူတွေက၊ မိဘတွေကပေါ့နော်။ KIO က အတင်းအဓမ္မ ခေါ်သွားတာပါဆိုပြီးမှ ထွက်ဆိုတတ်ပါတယ်။ ဒါ အရင်တုန်းက ဗီယက်နမ်တို့ ဘာတို့မှာလည်း ဖြစ်ခဲ့တာပါပဲ။ အဲဒီတော့ ဒီအခြေအနေ မှန်တွေ ကတော့ ကာယကံရှင်တွေက ပြောတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့လည်း စိစစ်နေတုန်းပါပဲ။”
ထို့အပြင် KIA တပ်ဖွဲ့ဝင်များက ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်သည့် ကိစ္စနှင့် ပတ်သက်၍လည်း “ကျနော်တို့လည်း အဲဒါအခု ရှေ့တန်းကို လှမ်းပြီးမှ စစ်နေတယ်ခင်ဗျ။ သတင်းတွေ ထွက်လာလို့လေ။ တခါတလေမှာ ရှေ့တန်းမှာ အဲလိုမျိုး ဖြစ်တတ်တာမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ ရဲဘော်တွေ မူးပြီိးတော့ ဖြစ်တာတို့ တခါတလေမှာ စိတ်လိုက် မာန်ပါ လုပ်တာတို့ အမှား အယွင်းတွေ ရှိတတ်ပါတယ်။ ကျနော်တို့လည်း ဒါကို အခု စိစစ်နေတုန်းပါပဲခင်ဗျ။” ဟု ဆက်လက် ပြောဆိုသည်။ တပ်ဖွဲ့ဝင်များ အနေဖြင့် ယခုလို ပြစ်မှုမျိုး ကျူးလွန်ပါက KIA က ချမှတ်ထားသည့် စည်းကမ်းအတိုင်း အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး လောလောဆယ် ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိကိုလည်း စစ်ဆေး နေဆဲ ဟုဆိုသည်။

ယခုကိစ္စအပေါ် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့မှ တာဝန်ခံ မွန်းနေလီက မည်သည့် တပ်ဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင် ကန့်ကွက်ကြောင်း အခုလို ပြောသည်။

“ကျမတို့ အမျိုးသမီးတွေကို အမျိုးသားတွေ တစုံတဦး ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ အဲလိုမျိုး အဓမ္မ ပြုကျင့်တယ် ဆိုတာကိုတော့ ကျမတို့ အမျိုးသမီး အသင်းအနေနဲ့တော့ လုံးဝကို ရှုံ့ချတယ်ပေါ့နော်။ (Against) လုပ်တယ်။ ဆန့်ကျင် ကန့်ကွက်တယ်။”

ဒေသခံများ အနေဖြင့် KIA တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာပါက အစိုးရတပ်ဖွဲ့၏ ခေါ်ယူ စစ်ဆေးမှုများ ခံကြရသလို မင်္ကာမှုဖြင့် ဖမ်းဆီးခံရသည့် ဖြစ်ရပ်များ ယခင်က ဖြစ်ပွားခဲ့သည့် အပေါ် ဘက်နှစ်ဘက်စလုံးကို ကြောက်ရွံ့နေရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။ အလားတူ ယခု တကြိမ်တွင်လည်း ကာယကံရှင်များအား အစိုးရစစ်တပ်မှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ် လာနိုင်သလို KIA ဖက်မှ ရန်ပြုလာမည်ကိုလည်း ကြောက်ရွံ့နေသည့်အတွက် ဖြစ်ရပ်မှန်ကို ထုတ်ဖော် ပြောဆိုရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO တို့ (၈) လကျော် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်တို့ (၆) ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးပြီး သော်လည်း တစုံတရာ သဘောတူညီမှု မရသေးပါ။

တိုက်ပွဲကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော်နှင့် ဗန်းမော်မြို့နယ်များ အပါအ၀င် တရုတ်မြန်မာ နယ်စပ်ဒေသ များသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်ပေါင်း ခြောက်သောင်းခန့် ရှိပြီဟု လွန်ခဲ့သည့် လ (၁၇) ရက်နေ့ KIO ကထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။


ပင်စင် လစာတိုးစာရင်း ကိုယ်တိုင် ရှာဖွေရ၍ အငြိမ်းစားတို့ အခက်တွေ့

ပင်စင် အငြိမ်းစားများ လစာတိုး စာရင်းတွင် မိမိတို့ ထုတ်ယူရမည့် လကို ကိုယ်တိုင်ကိုယ်ကျ စာရင်းစာအုပ်များတွင် ရှာဖွေ ကြည့်ရှုရခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း  အစိုးရ ဝန်ထမ်း ပင်စင် အငြိမ်းစားများ၏ ပြောပြချက်အရ သိရသည်။ “လစာတိုးတဲ့ အထဲမှာ မိမိနာမည်ပါလား ဆိုတာကို စာအုပ်မှာ တစ်ရွက်ချင်း လှန်ကြည့်ရတယ်။ လျှောက်လွှာ စာရွက်အကြီးကို စာအုပ်ပုံစံ ချုပ်ထားပြီး အဲဒီလို ပုံစံတူ စာအုပ်တွေကလည်း အများကြီးပဲ။ တစ်ယောက်ပြီး တစ်ယောက် လှန်ကြည့်တော့ စာရွက်တွေက စုတ်ပြဲနေရော။ အသက်ကြီးတဲ့ ပင်စင်စားချည်းပဲဆိုတော့ စာရွက်တွေကို လှန်ကြည့်ရတာ အဆင်မပြေဘူး။ မျက်စိက မှုန်ရတဲ့အထဲ စာရွက်တွေက စုတ်ပြဲညစ်ပေနေတော့ ရှာရတာ ခေါင်းတောင်ကိုက်တယ်” ဟု အစိုးရဝန်ထမ်း အဖြစ် အနှစ် ၄၀ တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးက ဆိုသည်။ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ ၁ တွင် လာရောက်ကြည့်ရှုသူ ပင်စင်စား အများစုမှာ အသက် ၆၀ ကျော် ၇၀ ကျော်များသာ ဖြစ်၍ စာအုပ်များကို လှန်ကြည့်ရခြင်းကြောင့် အဆင်မပြေဖြစ်ရပြီး အချိန်ကြာညောင်းကာ စိတ်ဒုက္ခရောက်ရကြောင်း၊ နာမည်စာရင်းများအား ရှာရ လွယ်ကူစေရန် ကြော်ငြာသင်ပုန်းတွင် ကပ်ထားပေးပါက ပိုအဆင်ပြေမည် ဖြစ်ကြောင်းကို ၎င်းက ထပ်မံပြောသည်။ “လူကလည်း တိုးပိတ်နေတဲ့အထဲ စာရွက်တွေက စုတ်ပြဲနေတော့ အဆင်မပြေဘူး။ စာအုပ်ကလည်း အုပ် ၈၀ လောက်ရှိတယ်။ အဘဆို အသက်က ၈၀ နား နီးပြီဆိုတော့ မြေးလေးကို ရှာခိုင်းရတယ်။ သူတောင် ခေါင်းတော်တော်ကိုက်သွားတယ်။ တချို့ဆို တစ်ယောက်တည်းလာတော့ အဖော်ပြန်ခေါ်ရတယ်” ဟု သုဝဏ္ဏတွင် နေထိုင်သော အသက် ၈၀ အရွယ် ပင်စင်စား တစ်ယောက်က ပြောသည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံများ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံး အမိန့်ကြေညာစာ အမှတ် (၁၀၆/၂၀၁၁) ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်စွဲပါ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့် သတ်မှတ်ခြင်း၊ ထုတ်ပြန်ချက်များအရ သက်ဆိုင်ရာ အစိုးရဘဏ် အသီးသီးတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ထုတ်ယူရကြောင်း သိရသည်။
 မေမြန်မာ


ပြုပြင်ပြောင်းလဲရဦးမည့် အတွေးအခေါ်နှင့် စိတ်ဓာတ်များ


မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် အဓိကအပြောင်းအလဲသည် ပြည်တွင်းမှာသာရှိပြီး လူထုအင်အားသည် အခရာဖြစ်ပေသည် ။ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ အနုပညာရှင် ကိုဇာဂနာ၊ ကိုကျော်သူ တို့အပါအ၀င် ဒေါ်နော်အုန်းလှ နှင့် မစုစုနွေးလို နိုင်ငံရေးတက်ကြွသူမျာ့း၏ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး လူမှုရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေမှုများက အားရကျေနပ်စရာကောင်းလှပါသည် ။ပြည်တွင်း ပြည်ပမှ တိုင်းချစ်ပြည်ချစ်စိတ် ရှိသော မြန်မာပြည်သူပြည်သား အားလုံးမှ ပြည်တွင်းအင်အားစုများကို တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်းပံ့ပိုးပြီး ညီညွတ်ရေးတည်ဆောက်ကြရမည်ဖြစ်သည် ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများသည် တိကျသော မဟာမိတ်မူနှင့် အချင်းချင်းလက်တွဲကြရမည်ဖြစ်သည်။ အဖွဲ့စွဲ ၊ ၀ါဒစွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ကင်းစင်ပြီး လက်ရှိအစိုးရကို အမှန်တစ်ကယ် ပြုပြင်ပြောင်းလဲဖို့ ပြည်တွင်း ပြည်ပ လူထုအင်အားနဲ့ ဖိအားပေးရဦးမှာဖြစ်ပါသည် ။ နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် အတိအကျ ပြောင်းလဲမည်ဟု စောဒက တက်နိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံမှ လူထုအပေါ် မတရားဥပဒေများအား လူထုအားဖြင့် ပြင်ဆင်ရမည်ကို မမေ့သင့်ပေ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ သုံးသပ်ပြောဆိုသလို လတ်တလောဖြစ်ပေါ်နေသော အပြောင်းအလဲ အဖြစ်အပျက်များသည် သူ့အလိုလို ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ ( ၂၃ )နှစ်ကျော်ဖြတ်သန်းခဲ့သော ဘ၀အသက်ပေါင်းများစွာ၏ပေးဆပ်စွန့်လွှတ်မှုများကြောင့်ဖြစ်ပါသည်။ဗိုလ်ချုပ်အောင်ဆန်းပြောသလို လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးတက်လှမ်းမည့် အပြုအမူများကို သတိကြီးစွာ ရှောင်ကျဉ်ရပေမည် ။ လက်ရှိအစိုးရအနေဖြင့် ၂၀၁၂ ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီး အတိုက်အခံအင်အားစုကြား၌ ရွေးကောက်ပွဲဝင်မည့်သူနှင့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်သူများကြား အကွဲအပြဲဖန်တီးခြင်းအပြင် ပါတီစွဲများ ဖြစ်ပေါ်စေရန်ဖန်တီးခြင်းလား၊ တခြားတစ်ဖက်တွင်လည်း စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို ဖန်တီးခြင်းထက် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများကြား အုပ်စုကွဲများဖြစ်စေရန်ဖန်တီးခြင်းလား ၊စစ်အုပ်စု၏ အတိုက်အခံ အင်အားစုများကြားတွင် အတိတ်မှသပ်လျှိုဖြိုခွဲမှုများက ကျနော့်အား ယခုအတွေးကို ဖြစ်ပေါ်စေပါသည် ။ယခု အဖြစ်အပျက်များသည် ၁၉၈၈ စက်တင်ဘာကာလ စစ်တပ်မှ အာဏာမသိမ်းခင် အဖြစ်အပျက်များနှင့် ခပ်ဆင်ဆင်တူသလို ၁၉၉၀ ရွေးကောက်ပွဲကာလ အဖြစ်အပျက်များနှင့်လည်း အထိုက်အလျောက် အသွင်တူနေသည်ကို တွေ့ရပါသည် ။လွတ်လပ်မှုကို အတိုင်းအတာတစ်ခုထိ ဖွင့်ပေးပြီး အတိုက်အခံအင်အားစုများ၏ မညီညွတ်မှုကို အခွင့်ကောင်းယူကာ နောက်တစ်ကြိမ် စစ်တပ်မှ အာဏာမသိမ်းနိုင်ဘူးဟု အိုဘားမားအပါအ၀င် ဘယ်သူမှ တပ်အပ်မပြောနိုင်ပါ ။ အခုလို သုံးသပ်မှုသည် ကြောက်ရွံ့ တုန်လှုပ်စရာ မလိုပေမဲ့ ပြင်ဆင်သင့်သည်ကို ပြင်ဆင်ရန် သတိဆိုတာ ပိုသည်မရှိပါ ။ မုန်တိုင်းမလာခင် တည်ငြိမ်မှုမျိုး အတိတ်မှာ ကျနော်တို့ ဖြတ်သန်း တွေ့ကြုံခဲ့ဖူးသည် ။ ယခုလို ပြန်ပြောင်း ပြောဆို သုံးသပ်ရသည်မှာ မျိုးဆက်သစ်လူငယ်များမှ အတိတ်သမိုင်းကို သိရှိကာ ဆင်ခြင်မှု အသိတရားရနိုင်ရန်ဖြစ်ပါသည် ။
အဖွဲ့စွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ပြင်းထန်ခဲ့သော အတိတ်မြန်မာပြည်၏ အမြို့မြို့ အနယ်နယ်တွင် ( ၈.၈.၈.၈ )လူထုအုံကြွမှုကြီးကို စစ်တပ်မှအကြမ်းဖက် ပစ်ခတ်နှိမ်နှင်းခဲ့သော်လည်း တတိုင်းပြည်လုံး အတိုင်းအတာဖြင့် လူထု၏ညီညွတ်မှုအားနှင့် နေ့စဉ်ဆန္ဒပြပွဲများကို ဆင်နွှဲခဲ့ရာ နောက်ဆုံး၌ ဦးနေ၀င်း ၊ ဦးစိန်လွင် ၊ ဦးမောင်မောင် သမတ္တ ( ၃ )ဆက်တို့ တရားဝင်နှုတ်ထွက်ပြီး လူထုမှ အောင်ပွဲခံ ခဲ့ပေသည် ။ထိုအချိန်တွင် အရေးအခင်းကာလ မြို့ပေါ်၌ ကင်းချထားသော စစ်တပ်များသည်လည်း မြို့ပေါ်မှ ပျောက်ချင်းမလှ ပျောက်သွားပြီး ကိုယ့်မြို့ကိုယ့်ရပ်ကွက် ကိုယ့်လမ်း လုံခြုံရေးကို ပြည်သူလူထုမှ ကိုယ့်ဖာသာ တာဝန်ယူနေရချိန်လည်း ဖြစ်သည် ။ ကျနော်တို့သည် စစ်တပ်၏လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး စစ်အာဏာသိမ်းနိုင်ကြောင်း အခုလို ကောလဟာလများ အထူးရေပမ်းစားနေခဲ့ချိန်လည်းဖြစ်သည် ။
ကျနော်တို့သည်လည်းအနာဂတ်နိုင်ငံရေးကိုမည်သို့ဆောင်ရွက်ရမည်ကိုနိုင်ငံရေးသမားဟောင်းများနှင့်တိုင်ပင်ရသလို ( ၈.၈.၈၈ ) လုပ်ဖော်ကိုင်ဖက်များဖြင့်ဆွေးနွေးရသည်လည်းရှိသည် ။ကျနော်တို့ ပုသိမ်မြို့တွင် အရေးအခင်း ကာလ၌သပိတ်စခန်းဖွင့်ထားပြီး တက်ကြွသော ကျောင်းသား လူငယ်များ သပိတ်စခန်းတွင် အတူနေထိုင်နေချိန်လည်းဖြစ်သည် ။
( ၂၆ ) နှစ်ကြာ မဆလ တစ်ပါတီ စနစ်အောက်တွင် နား မျက်စိ ပိတ်ခံထားရသဖြင့် အခုလို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားနေမှုများသည် ကျေနပ်ဖွယ်ရာဖြစ်သည် ။ ကျနော်တို့မြို့နယ်တွင်လည်း အရေးအခင်းကာလ တွင် တက်ကြွစွာလှုပ်ရှားခဲ့သူများ စုစည်းပြီး ဧရာဝတီတိုင်းမျိုးချစ်လူငယ်များ တပ်ဦးအဖွဲ့ချုပ်ကို တည်ထောင်ပြီးကာစဖြစ်သည် ။ အသင်းတစ်ခုတည်ထောင်ဖွဲ့စည်းလျှင် အားလုံးပါဝင်နိုင်သော ခေါင်းစည်းဖြစ်ရေးသည် လွန်စွာမှ အရေးကြီးကြောင်း ယင်းအခါမှ သိရှိလာရသည် ။ ထိုအချိန်က ကျောင်းသား သမဂ္ဂလည်းမရှိသေးသဖြင့် ကျောင်းသား ၊ အလုပ်သမား ၊ လယ်သမား အရပ်သား လူငယ်အားလုံးပါဝင် နိုင်သော ဧရာဝတီတိုင်းမျိုးချစ်လူငယ်များ တပ်ဦးအဖွဲ့ချုပ်ကို အများဆန္ဒနှင့်အညီ ဖွဲ့စည်းခဲ့သည်လည်းဖြစ်သည် ။
ထိုအခါ အဖွဲ့ဝင်လုပ်မည့်သူများ ပေါ်ပေါက်လာပေရာ လူထုကိုစည်းရုံးသိမ်းသွင်းမှုသည် အထူးလိုအပ်ပါသည် ။ အဖွဲ့ဝင်လာလျှောက်သူများတွင် လူထုလူတန်းစားပေါင်းစုံမှ ဖြစ်ပေရာ ယခင် မဆလပါတီဝင်များ ၊ အစိုးရ၀န်ထမ်းများ ၊ ကျောင်းသားလူငယ်များ အပါအ၀င် အရပ်သားလူငယ်များ ပါဝင်ပါသည် ။ ထိုအခါ၌ ကျနော်တို့အနေဖြင့် တစ်စုံယောက်အား (၈.၈.၈၈) အရေးအခင်းကာလ သေနတ်များပစ်နေစဉ် သူတို့ ပါဝင်လှုပ်ရှားမှုမရှိပဲ အခုမှ ဘာလာလုပ်သလဲဟုပြောဆိုပိုင်ခွင့်မရှိပါ ၊ ရန်သူမိတ်ဆွေမခွဲခြားပဲလူကိုတိုက်နေတာမဟုတ်ဘူးမဆလလမ်းစဉ်မူကိုတိုက်နေတာဖြစ်ခြင်းကြောင့် အားလုံးကို သဘောထားကြီးစွာထားပြီးစည်းရုံးရပါသည် ။ ထိုအချိန်၌ ( ၈.၈.၈၈ ) အရေးအခင်းကာလတွင် အသက်အသေခံကာ ဦးဆောင်သူများဖြင့် ဖွဲ့စည်းခဲ့သဖြင့် စည်းလုံးညီညွတ်မှုရှိခဲ့ပါသည် ။ ထိုအချိန်က ကျနော်သည် အဖွဲ့အစည်း၏ စည်းရုံးရေးတာဝန်ခံ အဖြစ် မြို့ပေါ်တရားဟောပွဲများကို လိုက်လံဟောပြောခဲ့ရသည် ။မှတ်မှတ်ရရ ပုသိမ်မြို့ပေါ်တရားပွဲများတွင် ၁၉၇၆ မှိုင်းရာပြည့်၌ ခေါင်းဆောင်ကာ ပါဝင်လှုပ်ရှားခဲ့သော ကိုအောင်စောဦးကိုလည်း ထောင်ဝတ်စုံဖြူကို ၀တ်ပြီးတရားဟောသည်ကို မကြာမကြာတွေ့ခဲ့ရသည် ။
ထို့နောက် ကျနော်တို့သည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ အစည်းအဝေးလုပ်မည်ကို သိရှိပြီး ပုသိမ်မြို့နယ်ကိုယ်စား တက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည် ။ အာအိုင်တီ တွင်ဖြစ်ပွားခဲ့သော ဖုန်းမော်အရေးအခင်းတွင် တက်ကြွစွာ လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသော ကိုထွန်းဝင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်၊အမရဆောင်များသို့ရောက်ခဲ့သည် ။ မှတ်မှတ်ရရ ဆိုရလျှင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းသည့်နေ့ ၁၉၈၈ သြဂုတ်လ ( ၂၈ )နေ့ဖြစ်မည်ထင်သည် ။တက္ကသိုလ် ၀န်းကျင်တွင် ကျောင်းသားအများစုသည် တက်ကြွသော စိတ်ဓာတ်များဖြင့် အသင်းအဖွဲ့များအတွက်အစည်းအဝေးလုပ်နေသူများရှိသလို သမဂ္ဂအဖွဲ့ဝင်ရန်စည်းရုံးလှုပ်ရှားနေသည်ကိုလည်း တွေ့ရှိခဲ့ရသည် ။
သို့သော် ရန်ကုန်တက္ကသိုလ်နယ်မြေတွင် ရကသ ( ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ မကသ ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ၊ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ ကျောင်းသားသမဂ္ဂများမှိုလို ပေါက်နေသည်ကိုတွေ့ရပါသည် ။ ကျနော်တို့ ( ၄ ) ယောက် ( ကျနော် ၊ ကိုထွန်းဝင်း ၊ ရဲဌေး( ညီနိုင် ) ၊ ချိုတူး ( ဆောင်းယွန်းလ ) သည် ထိုအချိန်က လက်နက်ကိုင်တော်လှန်ရေးအတွက်တောခို ရန် အဆက်အသွယ် ရရှိပြီးဖြစ်သဖြင့် ရန်ကုန်တက္ကသိုလ်ရှိ ဗကသ ညီလာခံသို့ ခဏ တဖြုတ်ဝင်ရောက် လေ့လာခြင်းဖြစ်သည် ။ သို့သော် တခြားတဖက်တွင်လည်း မိမိတို့ တောခိုမည့်အရေးကို မည်သူမှ မသိအောင် လျှို့ဝှက်နေရချိန်လည်းဖြစ်သည် ။ထို့ကြောင့် တောခိုမည့်အရေးကို လူများမရိပ်မိစေရန် ကျနော်တို့ထံလာရောက်စည်းရုံးရေးစကားပြောသော အဖွဲ့အစည်းမှန်သမျှသို့ဝင်ခဲ့သည် ။ ထိုကဲ့သို့ ၀င်ခဲ့သော အဖွဲ့တွင် မကသ ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ တို့ပါဝင်သည် ။ ကျနော်တို့ ပုသိမ်မှလာသော သူငယ်ချင်း ( ၄ ) ယောက်မှာ ပုသိမ်မြို့နယ်ဆိုင်ရာ မကသ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခဲ့သည် ။ ပုသိမ်တွင် ပုသိမ် အရှေ့ မြို့နယ် ၊ ပုသိမ်အနောက်မြို့နယ် ( ၂ )မြို့နယ်သာရှိသော်လည်း ကျနော်တို့( ၄ ) ယောက်မှာအခုလို အကွဲကွဲ အပြားပြား အဖွဲ့ပေါင်းစုံကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်မိပေရာ ပုသိမ် အရှေ့ အနောက် တောင် မြောက်ဆိုပြီး ( ၄ ) နေရာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူလိုက်သည် ။ အမှန်တစ်ကယ်တွင် ကျနော်တို့မှာ တောခိုဖို့ ဆုံးဖြတ်ပြီး ဖြစ်သဖြင့်သမဂ္ဂ ကိုယ်စားလှယ်အဖြစ်လုပ်ဆောင်ရန် ဆန္ဒမရှိပါ ။ ကျနော်နှင့် ရဲဌေးမှာလည်း ဘွဲ့ရပြီး အထက်တန်းပြဆရာများ ဖြစ်နေပေရာ မကသ အပြင် ဘွဲ့ရကျောင်းသားများ သမဂ္ဂ သို့လည်းဝင်ရောက်လိုက်ကြသည် ။ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ) ကလာစည်းရုံးလျှင်လည်း ဗကသ ကို ၀င်ဖြစ်မှာသေချာသည် ။ သေချာတာတစ်ခုကတော့ အဲဒီအချိန်ကကျနော်တို့သည် ပုဂ္ဂိုလ်စွဲ ၊အဖွဲ့စွဲ မရှိခြင်းကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မည့် မည်သည့်အဖွဲ့ကို မဆိုဝင်ဖြစ်ပေလိမ့်မည် ။
တခြားတစ်ဖက်တွင်လည်း ဦးအောင်ကြီး ၊ ဦးနု ၊ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိတ်သမိုင်းမှ အကွဲအပြဲများ၏ စေ့ဆော်မှုကြောင့် ကြားဖြတ်အစိုးရကိုအချိန်မီ မဖွဲ့လိုက်နိုင်ခြင်းသည်လည်း စစ်အုပ်စု၏လက်ဦးမှုရပြီး အာဏာသိမ်းလိုက်နိုင်ခြင်းဟု နောက်ပိုင်းတွင် သုံးသပ်ဝေဖန်မှုများရှိခဲ့သည်
စစ်တပ်မှအာဏာသိမ်းပြီးနောက် ကျနော်တို့သည် နယ်စပ်ဒေသို့ တောခိုရန် ရောက်ရှိလာကြသောအခါ အကြောင်းအမျိုးမျိုးကြောင့် မတူညီသောလက်နက်ကိုင် အဖွဲ့အစည်းများသို့ရော့က်ရှိခဲ့ရသည် ။ ကျနော်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေဆိုက်သော ဒညတ ချုံဖွန်စခန်းသို့ ရောက်ရှိခဲ့ပြီး ရဲဌေးနှင့်ချိုတူးမှာ ABSDF ၀င်ရောက်ခဲ့ကြသည် ။ တချို့ ကျောင်းသားများမှာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုသို့ ၀င်ရောက်ခဲ့ကြသည် ။ ကျနော်တို့သည် အဖွဲ့အစည်း အမည်နာမများ ကွဲပြားသော်လည်း မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး မဟာဗျူဟာမှာ အတူတူပင်ဖြစ်ပါသည် ။
၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ရာပေါင်းများစွာသော ပါတီများ ပေါ်ပေါက်ခဲ့ပြီး ပါတီစွဲ ၊အဖွဲ့စွဲ ၊ ၀ါဒစွဲ များပြင်းထန်ခဲ့သည် ။ စစ်အစိုးရ၏ သပ်လျှိဖြိုခွဲမှုကိုပင်မမြင်ကြတော့ပဲ အတိုက်အခံအချင်းချင်း ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ထိုးနှက်တိုက်ခိုက်မှုများရှိခဲ့ပေသည် ။အတိုက်အခံများ ညီညွတ်ရေး ပြိုကွဲလေလေ စစ်အစိုးရမှ ကြိုက်လေလေ ဖြစ်သည် ။
လူထုအင်အားသည် မည်သည့်အရာကို မဆိုပြောင်းလဲနိုင်သည် ယခုအချိန်ကာလတွင်လည်း အထိုက်အလျောက် လွတ်လပ်ခွင့်များရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ ရွေးကောက်ပွဲဝင်ခြင်းအပေါ် အစပိုင်းတွင် တိုက်ခိုက်ဝေဖန်မှုများရှိနေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် နေရာတိုင်းတွင် ထောင်သောင်းများစွာသော လူထုမှ တခဲနက် ကြိုဆိုရာ ဝေဖန်သံများတိတ်သွားကြပြန်သည် ။ ထို့နောက် ရွေးကောက်ပွဲတွင် အနိုင်ရပြီး လွှတ်တော်ထဲတွင် နေရာရလျှင်ပင် စစ်တပ်မှ လွှမ်းမိုးထားပေရာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်မဖြစ်နိုင်ဟုဝေဖန်ကြပြန်သည်။ကျနော်အနေဖြင့်ဆိုလျှင်ဒေါ်အောင်ဆန်းစုကြည်တစ်ဦးထဲကို တာဝန်ယူခိုင်းနေခြင်းသည် သဘာဝမကျပဲ ဒေါ်အောင်တန်းစုကြည်ကို ၀ိုင်းရံသည့် လူထုအင်အားသည် မည်သည့်အရာကို မဆိုပြောင်းလဲနိုင်သည် ဟု မမှိတ်မသုန်ယုံကြည်မိသည် ။
ABSDF ၏ မြောက်ပိုင်းကိစ္စလို အလွန်နူးည့သိမ်မွေ့ပြီး ကိုင်တွယ် ဖြေရှင်းမှုမှားယွင်းလျှင် မီးခိုးကြွက်လျှောက် အတိုက်အခံအင်အားစုများ တစစီပြိုကွဲနိုင်ပေသည် ။ လက်ရှိအစိုးရသည် ဒီမိုကရေစီအစိုးရ မဟုတ်သေးသဖြင့် ကျနော်တို့ ပြိုကွဲလျှင် လက်ခမောင်းခတ်နေမှာ သေချာပေသည် ။ ကျနော်တို့အနေနဲ့မတရားအသတ်အဖြတ်ခံသည့် ကျောင်းသူကျောင်းသားတွေကို တော်လှန်ရေး အာဇာနည်လို့သတ်မှတ်ပါသည်။ရဲဘော်ရဲဖက်ခြင်း ကိုယ်ချင်းစာပြီး ဖြစ်နိုင်လျှင် အနာဂတ်တွင် တော်လှန်ရေး အာဇာနည် ဗိမာန်တည်ဆောက်ကာ သူတို့၏ အပြစ်မဲ့ ၀ိညာဉ်ကို အနားပေးချင်ပြီး အမြဲတမ်း အလေးပြုချင်ပါသည် ။တစ်ချိန်ထဲမှာပဲ လက်ရှိအစိုးရရဲ့လူထုအပေါ် ဖိနှိပ်မှုတွေကိုလည်းမျက်ခြေမပြတ်ဖို့တော့လိုပါသည် ။.တစ်ချိန်ချိန်မှာ လူထုရှေ့မှောက်မှာဖြေရှင်းရမဲ့ အရာများစွာ ကျန်ရှိနေပါသေးသည်။ဟန်ပြဒီမိုကရေစီအောက်မှာ အတိုက်အခံအင်အားစုတွေ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမှာကိုတော့ အမှန်တစ်ကယ် မလိုလားပါ။ ဒီတစ်ချီ စစ်တပ်ကအာဏာမသိမ်းဘူးလို့ ဘယ်သူအာမခံမလဲ၊ညီညီညွတ်ညွတ်မရှိရင်တော့ အောင်ပွဲနဲ့ဝေးနေဦးမှာပါ၊အခုလို မြောက်ပိုင်းကိစ္စတွင် ပါဝင် ပါတ်သတ်သူများ နောင်အနာဂတ်နိုင်ငံရေးမှာ ပါသင့်မပါသင့် လူထုကဆုံးဖြတ်ပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးမရှိလို့ အခုလို မတရားမှုတွေ ပြည်တွင်းပြည်ပ နေရာတိုင်းမှာတွေ့နေရပါသည်။ဒီကိစ္စကို အားလုံးသတိ ၀ိရိယကြီးစွာဖြင့် ကိုင်တွယ်ကြဖို့ တိုက်တွန်းပါသည်။
ကျနော်တို့သည် ယနေ့ခေတ်စားနေသော face book စာမျက်နှာ များမှ ပြည်တွင်းပြည်ပမှခေတ်အဆက်ဆက် မျိုးဆက်သစ် မျိုးဆက်ဟောင်းများပေါင်းပြီး အာရပ်နွေဦးလို လူထုလှုပ်ရှားမှုကို ဖန်တီးနိုင်သလို အချင်းချင်းညီညွတ်ရေး ပြိုကွဲနေမှုကို ရန်သူအပါအ၀င် တကမ္ဘာလုံးအားချပြနေသလိုလည်းဖြစ်တတ်ပါသည်။
ကျနော်တို့သည် စစ်အုပ်စု၏ ထောင်ခြောက်ကို မရိပ်မိပဲ ပါတီစွဲ ၊အဖွဲ့စွဲ ၊ ၀ါဒစွဲ ၊ ဒေသစွဲ ၊ အတ္တစွဲများ ပြင်းထန်ခဲ့သော အတိတ်မှ သင်ခန်းစာကို ရယူကာ အချင်းချင်းကြားတွင် သွေးစည်း ညီညွတ်မှုများ ဖြင့် စစ်အုပ်စု၏ သပ်လျှိဖြိုခွဲမှုကို ထပ်မံ မခံ စားချင်တော့ပါ ။
တတိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးယခုအချိန်တွင်မကသ၊ဗကသကျောင်းသားခေါင်းဆောင်အားလုံးကို တည်ငြိမ်လေးနက်စွာဖြင့် ၈၈၈၈ မျိုးဆက်ကျောင်းသားများ ခေါင်းစဉ်အောက်တွင် ညီညီညွတ်ညွတ် စည်းစည်း လုံးလုံး တွေ့ရသဖြင့် ကျနော်တို့အားလုံး ၀မ်းမြောက်ကြည်နူးရပါသည် ။ တဆက်တည်းတွင်ကိုမင်းကိုနိုင်အပါအ၀င်ကျနော်တို့(၈.၈.၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုပြောကြားလိုသည်မှာလူထုထောက်ခံမှုကိုအပြည့်အ၀ရရှိထားသောကျောင်းသားခေါင်းဆောင်များ၏ နောက်လိုက်ဖို့ရန်ဝန်မလေးပါ၊ ( ၈.၈.၈၈ ) မျိုးဆက်သစ်များကို တည်ထောင်ခြင်းအဓိက ရည်ရွယ်ချက်မှာစစ်အစိုးရအနေဖြင့်(၈.၈.၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုဖမ်းဆီးထားလျှင် ၈၈၈၈ မျိုးဆက်သစ်များက ငြိမ်ခံနေမည် မဟုတ်ပဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းပြသရင်း နောင်တော်ကျောင်းသားခေါင်းဆောင်များနှင့် ပြတ်သားစွာ တသားထဲရပ်တည်ခဲ့ပါသည် ။
မကြာသေးမီကာလက ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များ တွေ့ဆုံကာ ညီညွတ်ရေးကို တည်ဆောက်မှုက ကျနော်တို့ ခွပ်ဒေါင်းစိတ်ဓာတ်ကို ပိုမိုမြင့်တင်ရာရောက်စေခဲ့ပါသည် ။
မြန်မာပြည်တွင် ဒီမိုကရေစီပေါ်ထွန်းရေးကို လိုလားသူအချင်းချင်း တစ်ဦးနှင့်တစ်ဦးအသိအမှတ်ပြုမှုများ အပြန်အလှန်လေးစားမှုများနှင့်အတူ လက်တွေ့လုပ်ဆောင်ရမည့် ကိစ္စရပ်များအား တူတာတွဲလုပ်ပြီး မတူညီမှုများကို ညှိနှိုင်းလုပ်ဆောင်ကြရမည်ဟု ထင်မြင်ယူဆမိပါသည် ။ ကျနော်ဆိုလိုသည်မှာ အစိုးရနှင့် အတိုက်အခံကြားတွင်သာမက ဒီမိုကရေစီတိုက်ပွဲဝင်သူအချင်းချင်း၏ ညီညွတ်ရေးကိုလည်းဆိုလိုပါသည် ။
ယနေ့ မြန်မာ့အရေး အပြောင်းအလဲများသည် ကမ္ဘာ့နိုင်ငံရေး ၊ စီးပွားရေး ရေစီးကြောင်း၏ အပြောင်းအလဲ ပေါ်တွင်လည်း တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်နွယ်ပတ်သက်နေပါသည် ။အမှန်တစ်ကယ်မှာ အစစအရာရာတွင် အောက်ကျနောက်ကျဖြစ်နေသော တိုင်းပြည်ကို ကမ္ဘာ့အလယ်၌ ပြန်လည်ဦးမော့လာစေရန်အတွက် အစိုးရ ၊ အတိုက်အခံနှငိ့ ပြည်တွင်းပြည်ပမှမြန်မာပြည်သူပြည်သားအားလုံးတွင် တာဝန်ရှိပါသည် ။
အောင်ခိုင်မြင့်


ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဆောက်လုပ်ရေး လောကသို့ ဦးစွာ ဝင်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထား

ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ မကြာမီ ဝင်ရောက်တော့မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ၏ အရင်းအမြစ်ဖြစ်သော ဆောက်လုပ်ရေးကဏ္ဍကို ကြိုတင် ပြင်ဆင်ထားကြပါရန်  ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်ရွှေက ၇-၂-၂၀၁၂ ရက်တွင် သတိပေး ပြောကြားလိုက်သည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်တော့မည် ဆိုပါက အခြေခံ အဆောက်အအုံများမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စတစ်ခုဖြစ်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလားအလာမှာ ပြန်လည်ကောင်းမွန်လာမည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။ “နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစဉ်အဆက်ကို ကြည့်လိုက်ရင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကပဲ ထိပ်တန်းနေရာမှာ နေရာယူထားတာ တွေ့ရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ ခေတ်ကလည်း ပြန်လည်ရောက်ရှိလာတော့မှာဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းစုတွေကပဲ စပြီး လုပ်ရမှာဆိုတော့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။
 “ဆောက်လုပ်ရေး လုပ်ငန်းစုတွေရဲ့လောကမှာ ကျွမ်းကျင်တဲ့ လုပ်သားစွမ်းအားစုတွေ အများကြီး လိုအပ်တယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ လာရင် ဒီလို လုပ်သားတွေရှိမှ ဖြစ်မှာ” ဟု အသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ တော်ဝင်ဆောက်လုပ်ရေးမှ ဦးကိုကိုထွေးက ဖြည့်စွက် ပြောကြားသည်။ “ဆောက်လုပ်ရေး လောကထဲကို ပြည်ပက ရင်းနှီးမြှုပ်နှံတွေ ဝင်ချင်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အကျိုးတူလုပ်ဖို့ လာပြီး ဆွေးနွေးတဲ့ နိုင်ငံတွေ ရှိလာပါတယ်။ နိုင်ငံတွေကိုတော့ မပြောလို့တော့ပါဘူး။ ဒါပေမဲ့ မသေချာသေးလို့ သူတို့ကို လေ့လာနေဆဲပဲ ရှိသေးတယ်” ဟု ACE ဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းစုများ၏ အလားအလာမှာ လာမည့်ကာလများတွင် ပြန်လည်ဦးမော့လာမည်ဖြစ်ပြီး လုပ်သားရင်းမြစ်များလည်း ပိုမို တိုးပွားလာဖွယ် ရှိနေကြောင်း သိရသည်။
အေဝိုင်အီး


ဆယ့်ငါးသိန်းတန် GSM ဖုန်းနှင့် ကြိုးဖုန်းများ prepaid စနစ်သို့ ယခုနှစ်အတွင်း ပြောင်းမည်

ယခင်က ကျပ်ဆယ့်ငါးသိန်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချခဲ့သော GSM ဖုန်းလိုင်းနှင့် ယခင်က တပ်ဆင်ခဲ့သော ကြိုးဖုန်းများကို postpaid စနစ်မှ prepaid စနစ်သို့  ယခုနှစ်အတွင်း ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို postpaid သုံး GSM ဖုန်းများ အားလုံးကို ယခုနှစ်တွင် စတင်၍ prepaid စနစ်သို့ စတင်ပြောင်းလဲ သုံးစွဲမည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက "အရင်က Postpaid သုံးခဲ့တဲ့ သူတွေကို ဒီလထဲမှာ prepaid စပြောင်းပါမယ်။ ပြောင်းချင်တဲ့သူ ပြောင်းလို့ရတယ်။ မပြောင်းချင်တဲ့သူလည်း မပြောင်းရင် ရပါတယ်" ဟု ပြောသည်။ ယခင် Postpaid သုံး GSM ဖုန်းသုံးစွဲသူ တစ်ဦးက "ကျွန်တော်တို့ဆီကို မြန်မာ့ဆက်သွယ်ရေးကနေ ဖုန်းဝင်လာပါတယ်။ စက်တင်ဘာ လကုန်ပိုင်းလောက်ပါ။ ကျန်နေတဲ့ ဖုန်းကြွေးတွေ အကုန်လုံးကို စက်တင်ဘာလကုန်မှာ အပြီးလာရောက် သွင်းခိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုပြီး မေးကြည့်လိုက်တော့ စနစ်ပြောင်းတော့မှာမို့လို့ ပြန်လည်သွင်းပေးဖို့ ပြောထားပါတယ်" ဟု ပြောသည်။
 ယခင် ၁၅ သိန်းတန် GSM ဖုန်းများနှင့် ကြိုးဖုန်း အားလုံးအား Prepaid စနစ် ပြောင်းလဲပြီးပါက ယခုငွေကြေး ကောက်ခံလျက် ရှိသော ငွေသွင်းကောင်တာများ အားလုံးအား ပိတ်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "ယခု လက်ခံပေးသော ငွေသွင်း ကောင်တာကို အရင် Postpaid ဖုန်းများ အားလုံးကို Prepaid စနစ် ပြောင်းလဲပြီးပါက ပိတ်သွားမှာ ဖြစ်ပါတယ်။ အရင်စနစ်နဲ့ သွားချင်တဲ့ သူတွေကတော့ online phone billing စနစ်နဲ့ သွားရမှာ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ Prepaid စနစ်နဲ့ သွားမှာပါ" ဟု ၎င်းက ထပ်မံ ပြောကြားသည်။ Postpaid ဖုန်းများဖြစ်သော GSM နဲ့ ကြိုးဖုန်းများ အားလုံးသည် အရင်စနစ်ဖြစ်သော Postpaid မှ Prepaid စနစ်သို့ ယခု အောက်တိုဘာလတွင် စတင်ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ပြီး ထိုသို့ ပြောင်းလဲသုံးစွဲမည် ဖြစ်သောကြောင့် ဖုန်းဘီလ် ငွေပေးဆောင်ရာတွင် စောင့်ဆိုင်းရခြင်းများ သက်သာမည်ဟု သုံးစွဲသူများက ဆိုသည်။
 ဦးသာ


လေအားလျှပ်စစ်မှ ရသော လျှပ်စစ်မဂ္ဂါဝပ် ၇၀၀၀ ကို ထိုင်းနှင့်မြန်မာ မျှဝေသုံးစွဲသွားမည်ဟု ဆို

မဂ္ဂါဝပ် ၇၀၀၀ ရှိသော လေအားလျှပ်စစ် စီမံကိန်းအတွက် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံက အချိုးကျ မျှဝေ သုံးစွဲသွားမည်ဖြစ်ပြီး  မြန်မာဘက်မှ မလိုအပ်ပါက ထိုင်းနိုင်ငံက ပြန်လည် ဝယ်ယူသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ Gunkul Engineering မှ M.D Mrs. Sopacha Dhumrong Piyawut က ၈-၂-၂၀၁၂ ရက်တွင် ပြောကြားသည်။ မြန်မာနိုင်ငံမှ နေရာသုံးခုဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်တွင် လုပ်ဆောင်သွားမည်ဖြစ်သော လေအားလျှပ်စစ် စီမံကိန်းအတွက် ပြီးခဲ့သော နှစ်ကတည်းက မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ဖက်စပ်ကုမ္ပဏီတစ်ခုလည်း ယင်းစီမံကိန်းတွင် ပူးပေါင်းပါဝင်သည်ဟု သိရသည်။ “ကျွန်မတို့ ရခဲ့တာက နေရာသုံးခုမှာ စီမံကိန်း သုံးခုပါ။ အဲဒီမှာ လေ့လာသုတေသနပြုမှုတွေ ပြုလုပ်နေပါပြီဟု  Mrs. Sopacha က ပြောကြားသည်။
 “အဲဒီ ဧရိယာတွေမှာ ရထားလမ်းတွေ သယ်ယူပို့ဆောင်ရေးစနစ်တွေ မရှိပါဘူး။ အခု လေ့လာစမ်းသပ်နေတဲ့ လုပ်ငန်းစဉ်ရဲ့အောက်မှာ ဒီအတိုင်း လုပ်နေကြတာပါ။ မြန်မာနိုင်ငံက Zeya & Associated နဲ့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီနေရာ စီမံကိန်းတွေက လုပ်လို့ကောင်းမယ့် နေရာတွေ ဖြစ်နေပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။ “လေရဲ့တိုက်နှုန်း စွမ်းအားတွေကို မတ်လမှာပဲ လေ့လာပြီး စီးစေမှာဖြစ်ပြီး လေအားလျှပ်စစ်တာဝါတိုင်တွေ ထောင်သွားမှာ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ၁၀ မဂ္ဂါဝပ်ကို စတင် လည်ပတ်ဖို့ တပ်ဆင်ကြည့်မှာဖြစ်ပြီး သူနဲ့အပြိုင် တစ်ခုပြီးတစ်ခု တပ်ဆင်သွားမှာပါ” ဟု သူက ဆက်လက် ပြောကြားသည်။ “ဒီကရတဲ့ လျှပ်စစ် စွမ်းအားတွေကို ထိုင်းအစိုးရကို ပြန်လည် ရောင်းချပေးသွားမှာဖြစ်သလို မြန်မာကအသုံးမလိုရင် အကုန်လုံး ထိုင်းကဝယ်မှာပါ။ ထိုင်းမှာ ဒီစီမံကိန်း မလုပ်ရသေးတာက လေအားလျှပ်စစ် ထုတ်လို့ရမယ့် နေရာကောင်းတွေ မရနိုင်တော့လို့ပါ။ ဒါပေမဲ့ မြန်မာမှာတော့ ဒါမျိုးတွေ ရနိုင်တယ်လေ” ဟု ယင်းက လျှပ်စစ်ဓာတ်အားခွဲဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြသည်။
အေဝိုင်အီး

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment