ကမ္ဘာ့သတင်းများ 16/02/2012
နိုင်ငံတကာသတင်း
အဆင်မြင့် နျူကလီးယားစွမ်းရည် အီရန်ပိုင်ဆိုင်
အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေမှာ ထူးထူးခြားခြား တိုးတက်မှု ရနေတဲ့အကြောင်း ကြေငြာလိုက်ပါတယ်။ ယူရေနီယံ သန့်စင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်နိုင်မယ့် ဗဟိုခွာအားစက် အမျိုးအစားသစ်နဲ့ ပြည်တွင်းမှာ ပထမဆုံးအကြိမ် နျူကလီးယား လောင်စာချောင်းတွေ ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက် နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Natanz က စက်ရုံမှာ ကာဗွန်ဖိုင်ဘာ ဗဟိုခွာအားစက်သစ်ကို တပ်ဆင်ပြီး ဖြစ်ကြောင်းနဲ့ ယူရေနီယံ သန့်စင်မှုတွေလည်း စတင်ဆောင်ရွက် နေပြီဆိုပြီး အစိုးရနဲ့ နီးစပ်တဲ့ Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်လို့ သိရပါတယ်။
အဟာရချို့တဲ့လို့ ကလေးသူငယ် နှစ်စဉ် သန်းချီသေဆုံး
ကမ္ဘာတ၀ှမ်း နှစ်စဉ် ကလေးငယ်ပေါင်း ၂ သန်း ကျော် သေဆုံးနေရတဲ့ အဓိက အကြောင်းရင်းဟာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပါတယ်လို့ သိရပါတယ်။ဆီးရီယားဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ရက်သတ်မှတ်
ဖွဲ့စည်းပုံအခြေခံသစ်ဖြစ်လာတဲ့အခါ ပါတီစုံစနစ်ကို အာရုံစိုက်သွားမယ်လို့ သမ္မတ အာဆတ်ဒ်က ကတိပေးထားပါတယ်လို့ သိရပါတယ်။လူ့အခွင့်အရေးကိစ္စဆွေးနွေးဖို့ တရုတ်အဆင်သင့်ရှိ
အမေရိကန်ကိုရောက်နေတဲ့ တရုတ်ဒုသမ္မတ ရှီကျင်းပင်က လူ့အခွင့်အရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်လို့ သိရပါတယ်။ရှားပါးတိရစ္ဆာန်မှောင်ခိုကူးမှုတိုက်ဖျက်ရေး အာရှ ၁၃ နိုင်ငံ သဘောတူ
ကျားနဲ့ တခြားမျိုးတုန်းခါနီး ရှားပါးတိရစ္ဆာန်တွေကို တရားမဝင် သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက်ဖို့ အာရှတိုက် ၁၃ နိုင်ငံ သဘောတူညီမှု ရခဲ့ပါပြီလို့ သိရပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ အီရန် နိုင်ငံသားတစ်ဦးက ဗုံးဖြင့် တိုက်ခိုက် ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ်အပါအ၀င် မကြာသေးမီက အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင် အစ္စရေး သံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် အဇာဘိုင်ဂျန်နိုင်ငံရှိ အစ္စရေးသံအမတ်အားလုပ်ကြံရန် ကြိုးပမ်းမှုများအပါအ၀င် ဇန်န၀ါရီလမှ စတင်ခဲ့သည့် ကြိုတင်ကြံစည်ထားသော အစဉ်လိုက်တိုက်ခိုက်မှုများ နောက်ကွယ်တွင် အီရန်ကြိုးကိုင်နေကြောင်း အစ္စရေးတာဝန်ရှိသူများက စွပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment