မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၁၆ ရက်၊ ၂၀၁၂

 

လှည်းကူးပြည်သူ ထောင်ပေါင်းများစွာ ဒေါ်စုကို ကြိုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ဒီကနေ့ မနက်က ပါတီစည်းရုံးရေးခရီး ထွက်ခဲ့ပြီး အန်အယ်လ်ဒီပါတီ အနိုင်ရခဲ့ရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ အလုပ်အကိုင် အမြန်ရရှိနိုင်ရေးတွေ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ မရမ်းကုန်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း သိရပါတယ်။

ဒေါက်တာတူးဂျာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ကျပြီ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာတူးဂျားဟာ အခုအခါ မှတ်ပုံတင် ကျပြီဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရွှေညဝါ ဆရာတော် ဆွမ်းခံကြွ အလှူငွေ သိန်းချီရ

လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ ဒါယကာ ဒါယိကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဒီကနေ့ ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွခဲ့ပါတယ်။ ဆွမ်းခံကြွရာက ရရှိတဲ့ ၀တ္ထုပစ္စည်းတွေနဲ့ ဆွမ်းထမင်းဟင်းတွေကို လှိုင်သာယာ မီးဘေးဒုက္ခသည်တွေထံ ရွှေည၀ါ ဆရာတော်ကိုယ်တိုင် ဒီကနေ့ပဲ ကြွရောက်ပြီး ဝေငှလှုဒါန်းခဲ့တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်လို့ သိရပါတယ်။

ဆန္ဒပြ အလုပ်သမားများ တနာရီလုပ်ခ ၂၅ ကျပ် တိုးရ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကစပြီး ဆန္ဒပြနေတဲ့ လှိုင်သာယာ စက်မှုဇုံ ၃ က တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေကို မူလပေးထားတဲ့ လစာကနေ တစ်နာရီကို ၂၅ ကျပ် တိုးပေးခဲ့တယ်လို့ ဒီကနေ့ အလုပ်ရှင်နဲ့ သွားရောက် ဆွေးနွေးတဲ့ အလုပ်သမားတွေက အာအက်ဖ်အေကို ပြောပါတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြန်မာအတွက်ရော အာဆီယံအတွက်ပါ အကျိုးမရှိတဲ့အတွက် ရုပ်သိမ်းပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်လို့ သိရပါတယ်။

စီမံကိန်းသစ်များကို စီးပွားရေးတွက်ခြေကိုက်မှု ရှိ၊ မရှိ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုး ရှိ၊ မရှိ အသေးစိတ်စစ်ဆေးပြီးမှ ရေးဆွဲဆောင်ရွက်ရန်နှင့် စီမံကိန်းများအလိုက် ပွင့်လင်းမြင်သာမှုရှိစေရန် ခွင့်ပြုသည့်တန်ဖိုးများကို သတင်းမီဒီယာမှတစ်ဆင့် ပြည်သူလူထုသို့ချပြပေးရန် တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

ပို့ဆောင်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သော အမျိုးသားပို့ဆောင်ရေးကွန်ရက် မူဝါဒချမှတ်ရေးဆွဲဆောင်ရွက်ရန်၊ စီမံကိန်းသစ်များကို စီးပွားရေးတွက် ခြေကိုက်မှုရှိ၊ မရှိ၊ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးကျေးဇူး ရှိ မရှိ၊ ရည်မှန်းချက်များ ပြည့်မီနိုင်ခြင်း ရှိ မရှိ အသေးစိတ်စစ်ဆေးပြီးမှသာ ရေးဆွဲဆောင်ရွက်ရန်နှင့် စီမံကိန်းများအလိုက် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ခွင့်ပြုသည့် တန်ဖိုးငွေများကို သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ချပြအသိပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

စင်ကာပူသို့တင်ပို့နေသော အရည်အသွေးရှိသည့် မြန်မာနိုင်ငံ၊ ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်အား တရုတ်နိုင်ငံမှ ၎င်းတို့၏ ကန့်သတ်စံနှုန်းထက် ပိုးပါဝင်မှုနှုန်းမြင့်မားနေဟု အကြောင်းကြားလာ တရုတ်နိုင်ငံမှ ၀င်ရောက်နေသည့် စားသောက်ကုန်၊ ဆေးဝါးများ၏ အရည်အသွေးကိုလည်း မြန်မာနိုင်ငံမှ တိကျစွာစစ်ဆေးသင့်

စင်ကာပူနိုင်ငံသို့ တင်ပို့နေသည့် အရည်အသွေးစံနှုန်းများအတိုင်း ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့သော ရသာချိုစက်မှုလုပ်ငန်းလီမိတက်မှထုတ်လုပ်သည့် ခေါက်ဆွဲခြောက်တစ်မျိုးအား တရုတ်နိုင်ငံမှ ၎င်းတို့ သတ်မှတ်ထားသည့် ကန့်သတ်စံနှုန်းထက် ပိုးပါဝင်မှုနှုန်း မြင့်မားနေ သည်ဟုဆိုကာ အကြောင်းကြားလာကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကြက်သားမှိုခေါက်ဆွဲခြောက်တွင် တရုတ်နိုင်ငံမှ ကန့်သတ်ထားသည့် စံနှုန်းထက် ပိုးပါဝင်မှုမြင့်မားနေကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းလာခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့် ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားလာခဲ့ကြောင်း သိရသည်။

OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်

OSS အဖွဲ့၏ ကား CIF ဈေး နှုန်းများသတ်မှတ်မှုမှာ လွဲချော်မှုများ ရှိနေကြောင်းနှင့် Alphard အမျိုးအစား ကားတစ်မျိုးတည်း သတ်မှတ်သည့်အပေါ် အခြေခံတွက်ချက်လျှင်ပင် ကျပ် ၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွား မည်ဖြစ်ကြောင်း လုပ်ငန်း ရှင်များက သုံးသပ်ခဲ့ကြကြောင်း သိရသည်။

ပန်းပညာရှင် အစည်းအရုံးဝင်များ လွှတ်တော်ရုံးသို့ တိုင်ကြား 

မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး၏ နှစ်ချုပ် ငွေစာရင်း ရှင်းတမ်းများကို စိစစ်အရေးယူ ထုတ်ပြန်ပေးပါရန် အဖွဲ့ဝင် ပန်းချီဆရာများက ပြည်သူ့လွှတ်တော်ရုံးသို့ လက်မှတ်ထိုး တိုင်ကြားထား
ကြောင်း တိုင်ကြားရာတွင် ပါဝင်သူ ပန်းချီစံဦးက ပြော
ကြောင်း ၁၉၉၂ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် အစည်းအရုံး တာဝန်ရှိသူများက နှစ်ပေါင်း ၂၀ အတွင်း အဖွဲ့ဝင် အများ သိသာရန် ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း ပန်းချီစံဦး က မဇ္ဈိမကို ပြောသည်။ထို့ပြင် အစည်းအရုံး ဗဟိုအမှုဆောင်အဖွဲ့ကိုလည်း အသစ် ပြင်ဆင်ဖွဲ့စည်းပေးရန် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က တောင်ငူ၊ မန္တလေး၊ ရန်ကုန်တို့မှ ပန်းချီဆရာများ၊ ပန်းချီပြခန်းပိုင်ရှင်များ စုစုပေါင်း ၇၀၀ ကျော်က လက်မှတ်ထိုး တိုင်ကြားထားကြောင်း ဦးဆောင် လက်မှတ်ထိုး တိုင်ကြားသူ ၁၂ ဦးထဲတွင် ပန်းချီစံဦး အပြင် အစည်းအရုံး နာယက ဦးစတားမြသန်း လည်း ပါဝင်ကြောင်း လက်မှတ်ထိုးသူ ပန်းချီဆရာ ၇၀၀ ကျော်တွင် နာမည်ရ ပန်းချီစိုးမိုး၊ ပန်းချီမင်းဝေအောင်၊ ပန်းချီအေးကို တို့လည်း ပါဝင်ကြောင်း
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးမှာ ယခင် ပန်းချီပန်းပုကောင်စီအား ပြင်ဆင်၍ ၁၉၉၂ ခုတွင် ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းရံ၊ ပန်းယွန်းပညာရှင်များဖြင့် စုဖွဲ့ထားပြီး အများစုမှာ ပန်းချီပညာရှင်များဖြစ်ကြကြောင်း သိရသည်။
တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရကြောင်း  တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာစု ပါခါ ကျေးရွာရှိ မသင်္ကာဖွယ် အိမ်သုံးလုံးကို မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်လုံခြုံရေး-စရဖ အဖွဲ့များက ပူးပေါင်း စီးနင်းရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော် အပါအဝင် သေနက် ၄ လက်နှင့် ထိုဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

ဒေါ်မေ၀င်းမြင့်၊ ဦးဖြိုးမင်းသိန်းတို့အတွက် ဒေါ်စု မဲဆွယ်

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မရမ်းကုန်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ဒေါ်မေ၀င်းမြင့်၊ လှည်းကူးတွင် ၀င်ပြိုင်မည့် ဦးဖြိုးမင်းသိန်းတို့အတွက် ထိုဒေသများသို့ သွားရောက် မဲဆွယ် စည်းရုံးခဲ့ကြောင်း သိရသည်။

တိုင်ရီ အလုပ်သမားများ ဆန္ဒပြမှု ရပ်ဆိုင်း

ရက်သတ္တတပတ်ကျော်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ စက်ရုံအလုပ်သမား ၁၈၀၀ ကျော် ၏  တောင်းဆိုချက်များထဲမှ တချို့ကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့၍ အလုပ်သမားသပိတ်ကို ရပ်ဆိုင်းလိုက်ပြီး မနက်ဖြန် မှ စတင်ကာ အလုပ်ပြန်ဆင်းကြတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မဲခေါင်ဒေသ လူကုန်ကူးမှု တိုက်ဖျက်ရေး အစည်းအဝေးကျင်းပ

မဲခေါင်ဒေသတွင်း နိုင်ငံများ၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အဋ္ဌမအကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေး (SOM-8) ကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည်။ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ကြောင်း သိရသည်။ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

အမျိုးသမီး သီးသန့်ယာဉ်လိုင်း စမ်းသပ် ပြေးဆွဲ

ရန်ကုန်မြို့တွင် ပါရမီ အဓိပတိကားလိုင်းက ယမန်နေ့မှစတင်၍ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်းကို စတင်စမ်းသပ်ပြေးဆွဲကြောင်း သတင်းရရှိသည်။ နံနက် ၇ နာရီနှင့် ၁၀ နာရီအတွင်း တကြိမ်၊ ညနေပိုင်းတွင် ၄ နာရီမှ ၇ နာရီအထိတကြိမ် ၄ ရက် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရလဒ်ကို ကြည့်၍ အဆိုပါယာဉ်လိုင်းကို ဆက်လက်ထားရှိသင့် မထားရှိသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း 7Day သတင်းဂျာနယ်က ရေးသားထားကြောင်း သိရသည်။

စစ်ဘေး ဒုက္ခသည်များ ကူညီရန် နမ်ဘီယာ တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက တိုင်းရင်း သား ဒေသ စစ်ဘေး ဒုက္ခသည်များ အတွက် အကူအညီများ ပေးရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာ သည် တနင်္လာနေ့က စတင်သည့် ၎င်း၏ မြန်မာနိုင်ငံ ၅ ကြာခရီးစဉ်အတွင်း နေပြည်တော်၌ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ထို့သို့တိုက်တွန်းခြင်း ဖြစ်ကြောင်း ၎င်း သည် အစိုးရ အဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများကိုလည်း တွေ့ဆုံသွားရန် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားကြောင်း သိရသည်။

ဒေါက်တာ တူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခွင့်ရ

KIO ခေါင်းဆောင် ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာသည်ကြားဖြတ် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အနေနှင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က ခွင့်ပြုလိုက်ကြောင်းဒေါက်တာ တူးဂျာသည် KSPP ပါတီ ကိုယ်စားလှယ်အဖြစ်အပါအ၀င် တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့်ပါ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံခွင့်မရခဲ့ပေ။ KSPP ပါတီအနေနှင့်လည်း ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခွင့်မရကြောင်း KSPPကို ၂၀၀၉ ခုနှစ် မတ်လ တွင် စတင် ဖွဲ့စည်းခဲ့ပြီး KIO ခေါင်းဆောင်ဟောင်းတချို့လည်း ပါဝင်ကြောင်း သိရသည်။

စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး


တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။

ဦးသိန်းစိန် ဦးဆောင်ပြောင်းလဲမှု EU အားရ

သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှုနှင့် ပြုလုပ်နေသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုများကို အားရကြောင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်းဥရောပ သမဂ္ဂ(EU)က ပြောကြောင်း သိရသည်။

ဒေါ်စု မရမ်းကုန်းနဲ့လှည်းကူး မဲဆွယ် စည်းရုံးရေးဆင်း

လှည်းကူးစည်းရုံးရေးခရီးအတွင်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးအတွက် ကြိုးစားသွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။

ကုလအကြံပေး ကရင် နဲ့ မွန်ပြည်နယ် သွားရောက်

တချို့ နေစရာအခက်အခဲရှိသူတွေကိုတော့ သူတို့ဆန္ဒရှိတဲ့နေရာတွေမှာ နေရာချထားပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာ (ကရင်ဝန်ကြီးချုပ်ဦးဇော်မင်း)   ပြောကြောင်း သိရသည်။

ကချင်လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်စုံစမ်းဖို့ ခက်ခဲ

ကချင်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အခုအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောပြောကြောင်း သိရသည်။

မြန်မာနိုင်ငံဖွံဖြိုးရေး ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့လို

မြန်မာပြည်မှာ ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲဖို့လိုနေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒညီလာခံမှာ ကျွမ်းကျင်သူပညာရှင်တွေသုံးသပ်ကြောင်း သိရသည်။

တိုင်းရင်းသားဒုက္ခသည် ကူညီရေး ထိရောက်စွာ ဆောင်ရွက်ဖို့ ကုလတိုက်တွန်း

တိုင်းရင်းသားဒေသတွေမှာ စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဆီ အကူအညီ ပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ အထူးအကြံပေး တိုက်တွန်းကြောင်း သိရသည်။

ကိုဇာဂနာနဲ့ မြန်မာတို့ မိတ်ဆုံပွဲတော် ဒေါ်မာမာအေး တက်ရောက်ချီးမြှင့်မည်

ဆန်ဖရန်ဘေးဧရိယာမှာ ကိုဇာဂနာနဲ့ မြန်မာတို့ မိတ်ဆုံပွဲတော် ဒေါ်မာမာအေး တက်ရောက်ချီးမြှင့် ခဲ့ပြီး ဖြစ်ကြောင်းလကုန်ပတ်က အမေရိကန်ပြည်သို့ ခရီးယာယီထွက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စွယ်စုံအနုပညာရှင် ကိုဇာဂနာသည် ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့တော်တို့တွင် အဝေးရောက်မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ မြန်မာပြည်လွတ်လပ်ရေးနေ့ ရုပ်ရှင်ပွဲတော်ပြိုင်ပွဲဝင်ကားများနှင့် မိတ်ဆက်ပေးခြင်းနှင့် မြန်မာတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိသည်။ ယမန်နေ့တွင် ကိုဇာဂနာသည် အမေရိကန်အနောက်ခြမ်း လော့စ်အိန်ဂျလိ့စ်သို့ ခရီးဆက်လာခဲ့ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဝေးကွာနေခဲ့သည့် မိသားစုတို့နှင့် စတင်တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

မြန်မာ့စီးပွားရေးနှင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်


မြန်မာနိုင်ငံတွင် အထူးစီးပွားရေး ဇုန်များ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊ စက်ရုံများ၊ ပြည်တွင်းဝင်လာမည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၅ သိန်းကျော် အစရှိသည်ဖြင့်အောင်မြင်သော စီးပွားရေးတခုစီသို့ အရောက် လှမ်းမည့်အရေး တွင်တွင် ကျယ်ကျယ် ဆွေးနွေးပြောဆို နေကြချိန်တွင် အလွန်အရေးကြီးသော အရာတခု ကျန်နေသေးသည်။ ထိုအရာသည်ကား လျှပ်စစ်စွမ်းအင်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေသည် ထိုင်းနိုင်ငံ လူဦးရေနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုမှာတွင် ထိုင်း၏ ၁၃ ရာခိုင်နှုန်းထက် ပိုနည်းနေကြောင်း သိရသည်။

ပြည်တွင်း အင်တာနက်သုံးစွဲမှုတွင် ၀က်ဘ်ဆိုက်ကြည့်ရှုခြင်းနှင့် Chatting အသုံးပြုမှုမှာ ၈၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ

ပြည်တွင်း အင်တာနက် အသုံးပြုမှုများတွင် ၀က်ဘ်ဆိုက်များ ကြည့်ရှုခြင်းနှင့် Chatting အသုံးပြုခြင်း တို့မှာ ၈၂ ရာခိုင်နှုန်းဖြင့် အသုံးပြုမှု အများဆုံးဖြစ်နေကြောင်း အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ ပြုလုပ်ခဲ့သော စစ်တမ်းအရ ၀က်ဘ်ဆိုက်များကြည့်ရှုခြင်း နှင့် Chatting အသုံးပြုခြင်းတို့မှာ ၈၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဂိမ်းကစားခြင်းမှာ ၁၅ ရာခိုင်နှုန်း၊ ဗီဒီယိုကြည့်ခြင်းနှင့် အခြားအသုံးပြုခြင်းများမှာ ၃ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

လယ်ယာမြေနှင့် ဆက်စပ်သော အမှုအခင်းများ ဖြစ်ပွားမှု များပြားလာ

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အတွင်းနှင့် လတ်တလောကာလ၌ လယ်ယာမြေနှင့် ဆက်စပ်သော အမှုအခင်းများ ဖြစ်ပွားမှုများပြားလာကြောင်း တောင်သူလယ်သမားများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း အချို့ အကြားဖြစ်ပေါ်နေသော အမှုအခင်း များအနက် အများစုသည် လယ်ယာမြေပိုင်ဆိုင်မှု၊လယ်ယာမြေများတွင်လုပ်ပိုင်ခွင့်၊လယ်ယာမြေများပေါ်စီးပွားရေးလုပ်ငန်းအချို့က၀င်ရောက်လုပ်ကိုင်ရင်းနှီးမှုစသည်တို့နှင့်ဆက်စပ်လျက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းတောင်သူလယ်သမားများ နှင့် ဥပဒေပညာရှင်များထံမှ သတင်း ရရှိပါသည်။

အစိုးရနှင့် လူမှုရေးအဖွဲ့အစည်း အချို့ပူးပေါင်း၍ စရိတ်မြင့်မားသည့် ခွဲစိတ်မှုများကို အခမဲ့ဆောင်ရွက်လာ

အစိုးရဆေးရုံကြီးများနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းအချို့ ပူးပေါင်းကာ ကုန်ကျစရိတ်မြင့်မားသည့် ခွဲစိတ်မှုများကို အခမဲ့ ဆောင်ရွက်လာကြောင်း အဆိုပါ ခွဲစိတ်မှုများကို အစိုးရဆေးရုံကြီးများနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေးအဖွဲ့အစည်းများမှ ငွေကြေး အကုန်အကျခံကာ ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်း၌ခွဲစိတ်ရန် ခက်ခဲသည့်ခွဲစိတ်မှုများကို နိုင်ငံတကာ မှ ဆေးပညာဆိုင်ရာ ဆရာဝန်ကြီး များအား ဖိတ်ကြားကာ ကုသပေးခြင်းများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ယခုအခါ မွေးရာပါ ခါးရိုးကောက်ခြင်း၊ ခြေလက်တင်ပါးဆုံ အဆစ်ကောင်းမွန်ခြင်း မရှိသည့် အသက် ၁၈ နှစ်အောက်ကလေးများကို မြန်မာနိုင်ငံမှ အရိုးအထူးကု ဆရာဝန်များအဖွဲ့နှင့် ပြင်သစ်မှ ပါမောက္ခ ဆရာဝန်များပါဝင်သည့် AMFA အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

 
မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၁၆ ရက်၊ ၂၀၁၂

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရုံးခန်းတည်ရှိရာ အမှတ် ၁၀၁ ဘီ ဓမ္မစေတီလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာတော်အရှင်ဆန္ဒာဓိက၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုအံ့ဖွယ်ကျော်၊ ကိုကဏ္ဍိပ်ထွန်း၊ ကိုမင်းဇေယျ၊ မနီလာသိန်းစသည့် ၈၈ မျိုးဆက်ကျောင်းသားအချို့၊ စာပေနှင့်ရုပ်ရှင်နယ်ပယ်မှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာမှုအပြီးတွင် ကျဆုံးသွားခဲ့သော လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းအတွက် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းမှုပြုလုပ်သည့် အစီအစဉ်ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားမှူးအဖြစ် ထွန်းအိန္ဒြာဗိုက ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်မိုးသူက ပြောကြားခဲ့သည်။ အဖွင့်စကားတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောပြခဲ့သည်။
ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကြံပြုအားပေးစကားပြောကြားရာတွင် ယခုဇာတ်ကားသည် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နိုင်ငံရေးလှုပ် ရှားမှုများကို ပြန်လည်ခံစားမြင်တွေ့နိုင်သည့် အခွင့်ထူးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


သမိုင်းကိုမသိတဲ့လူတွေဟာ အနာဂတ်ကို မှန်မှန်ကန်ကန် မတည်ဆောက်နိုင်ဘူး။ သမိုင်းအမြင်မရှိတဲ့သူတွေဟာ ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘူး။ ဒါကြောင့် သမိုင်းဆိုတာ အင်မတန် အရေးကြီးပါတယ်။


ကိုမင်းကိုနိုင်၏ အကြံပြုအားပေးစကားအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသည့် အလှူရှင်များကို ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဆရာတော်အရှင်ဆန္ဒာဓိကမှ ဒုတိယအကြိမ်မြောက် အလှူငွေကျပ်  ၃၂ သိန်း၊ ဖိုးချစ်ဇာတ်အဖွဲ့မှ အလှူငွေကျပ် သိန်း ၄၀ ၊ ကျော်သူ၏ မိဘများဖြစ်သည့် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးစိန်တင်မိသားစုမှ မိမိတို့ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည်သို့ အပြီးအပိုင်လှူဒါန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနား၏ နိဂုံးချုပ်အမှာ စကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၏ နာယကဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''ပထမဦးဆုံး ဒီနေရာကျဉ်းကျဉ်းလေးရတာကို သိပ်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ့ရဲ့ဇာတိအစ အညာက နတ်မောက်ဆိုတဲ့မြို့လေးကနေ ပြည်ထောင်စုအကျိုး ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ် လာတာပါ။ ဒါကြောင့် ကျဉ်းမြောင်းတဲ့ ဒီရုံးခန်းလေးကနေအစပြုပြီး ကမ္ဘာကျော်သွားမယ့် ရုပ်ရှင်တစ်ခုကို ထုတ်လုပ်သွားစေချင်ပါတယ်။ ဒီရုပ်ရှင်ကို ထုတ်လုပ်စေချင်တဲ့အကြောင်းမှာ ရိုးရိုးဝန်ခံရရင် ကျွန်မရဲ့ ဖေဖေ့အကြောင်း ပိုပြီးသိချင်တဲ့ဆန္ဒပါတယ်ဆိုတာတော့ ပြောရပါလိမ့်မယ့်။ ဒီအပြင် ကျွန်မရဲ့ပုဂ္ဂိုလ်ရေးအရမဟုတ်ဘဲ ပိုအရေးကြီးတဲ့ နိုင်ငံရေးအရအမြင်မှာတော့ ကျွန်မတို့နိုင်ငံမှာ သမိုင်းကို မှန်မှန်ကန်ကန်မြင်နိုင်တဲ့အနေအထား၊ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ အတတ်ပညာတွေ ရှိစေချင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ အနာဂတ်မျိုးဆက်တွေအတွက်လည်း အများကြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကိုမသိတဲ့လူတွေဟာ အနာဂတ်ကို မှန်မှန်ကန်ကန် မတည်ဆောက်နိုင်ဘူး။ သမိုင်းအမြင်မရှိတဲ့သူတွေဟာ ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘူး။ ဒါကြောင့် သမိုင်းဆိုတာ အင်မတန် အရေးကြီးပါတယ်။
သမိုင်းဆိုတာ အတိတ်မှာကျန်ရစ်ခဲ့တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီသမိုင်းကြောင်းကြောင့် ကျွန်မတို့ အခုပစ္စုပ္ပန်ဟာ ဒီပုံစံထွက်နေတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ ဒီတော့ကျွန်မတို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားရိုက်ကူးတဲ့ နေရာမှာ ဘာဖြစ်လို့ဗိုလ်ချုပ်အောင်ဆန်းလို့ အများကခေါ်ခဲ့သလဲဆိုတာကိုလည်း ပြန်သုံးသပ်စေချင်ပါတယ်။ ဗိုလ်ဆိုတဲ့အဓိပ္ပာယ်။ ဗိုလ်ဆိုတာ ဗလ ကလာတာ၊ အင်အားပေါ့။ ဒီအင်အား ဆိုတာကလည်း မှန်ကန်တဲ့အင်အား ဖြစ်ရမယ်။ ဒီလိုမှန်မှန်ကန်ကန် အင် အားသုံးခဲ့တာကို အလေးအနက်ထား၊ အသိအမှတ်ပြုပြီးတော့ ဖေဖေ့ကို ဗိုလ်ချုပ်လို့ပြည်သူတွေက ခေါ်ခဲ့ပြီး ချစ်ခင်ခဲ့တယ်လို့ပဲ ကျွန်မ ထင်ပါတယ်။  ဒါကြောင့် ကျွန်မပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းလို့ ပြည်သူတွေက ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုး ခေါ်ရတဲ့ အကြောင်းရင်းဟာ ပြည်သူကိုအင်အားပေးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကိုရိုက်တဲ့အခါမှာ ဘယ်လိုနာမည်ရွေးမယ်ဆိုတာ ကျွန်မတို့ဆုံးဖြတ်ရဦးမှာပါ။ နောက်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကုမ္ပဏီကို လှူပေးလိုက်တဲ့ ဘဘဦးစိန်တင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုကုမ္ပဏီမရှိလို့ကတော့ ရုပ်ရှင်ရိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ကျွန်မတို့ဖြစ်မြောက်ရေးအတွက် စပေးလိုက်လို့ ကျေးဇူးတင်ပါတယ်။ စပေးရ ကျိုးနပ်အောင်လည်း လုပ်ဆောင်သွားမှာပါ။  ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် ပါဝင်တဲ့သူတွေအားလုံးဟာ မှန်ကန်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်နဲ့ အောင်မြင်အောင်လုပ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးနေစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ဟာ ဘာလဲဆိုတာ နားလည်ဖို့လိုတယ်။ အဲဒီအခြေခံနားလည်မှုရှိမှလည်း ဒီရုပ်ရှင်ဟာ အောင်မြင်နိုင်မှာပါ။ အဲဒီတော့ ကျွန်မတို့ အင်အားပြည့်ပြည့်၀၀၊ စိတ်ဓာတ်မှန်မှန်ကန်ကန်နဲ့ အားလုံးဝိုင်းဝန်းပြီး ဒီရုပ်ရှင်ကို အောင်မြင်အောင်လုပ်ရင်းနဲ့ ကျွန်မတို့နိုင်ငံရဲ့အကျိုးပြုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်'' ဟု ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင်  ဆရာတော်အရှင်ဆန္ဒာဓိကသို့ ဒေါ်အောင်ဆန်းစုကြည်မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။  

 

အသစ်ထွက်ရှိလာမည့် Window 8 တွင် မြန်မာစာဖောင့် ပါဝင်လာတော့မည်

Microsoft မှ ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် အသစ်ထွက်ရှိလာတော့မည့် Windows 8 OS အသစ်တွင် မြန်မာစာဖောင့်အဖြစ် မြန်မာစာယူနီကုတ်ဖောင့် built-in အဖြစ် ပါဝင်လာတော့မည် ဖြစ်ကြောင်း Microsoft မှ အသစ်ထုတ်ပြန်လိုက်သည့် Window 8 OS အသစ်တွင် Windows 8 Developer Preview တွင် ပါရှိကြောင်း အွန်လိုင်သတင်းစာ မျက်နှာများနှင့် Facebook ရှိ Htoo tay zar ၏ Note စာမျက်နှာတို့၏ ဖော်ပြချက်အရ သိရသည်။

Microscoft မှ အသစ်ထွက်ရှိလာမည့် Windows 8 ၏ UI (User Interface) မှာ Microsoft မှ ထုတ်လုပ်ထားသည့် Windows Phone 7 နှင့် ပုံစံဆင်တူဖြစ်ပြီး icon များကို လေးထောင့်ကွက်လေးများဖြင့် ပုံဖော်ထားကြောင်း အင်တာနက်၏ Leave အွန်လိုင်း စာမျက်နှာများတွင် ဖော်ပြချက်များအရ စိတ်ဝင်စားသူ အများအပြား ရှိလျက်ရှိကြောင်း အင်တာနက် အသုံးပြုသူများထဲမှ သိရသည်။

Window 8 ကို 64 bits နှင့် 32 bits developer preview များကို Microsoft မှ ထုတ်လုပ်ပေးထားပြီး အခမဲ့ စမ်းသပ်သုံးစွဲနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။ Windows 8 OS တွင် built-in အဖြစ် Myanmar text Regular အမည်ဖြင့် မြန်မာစာဖောင့် ပါဝင်လာခြင်းဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားဖောင့်များလည်း ပါဝင်ကြောင်း သိရသည်။

ကွန်ပြူတာ အသုံးပြု OS စနစ်များအဖြစ် မြန်မာစာ ယူနီကုတ်စနစ်ကို Apple ၏ မကြာမီက အသစ်ထွက်ရှိထားသည့် Lion OS တွင် ပါဝင်ခဲ့ပြီး ယခုအခါ Microsoft ၏ Windows 8 တွင် ထပ်မံပါဝင်လာခြင်း ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း၌ မြန်မာစာ ယူနီကုတ် စနစ်များမှာ အမျိုးအစားမျိုးစုံ ကွဲပြားလျက်ရှိပြီး ပြည်တွင်းထုတ် ယူနီကုတ်စနစ်များ မဟုတ်ပဲ သူတို့ ကုမ္ပဏီမှ developer များ တီထွင် ဖန်တီးထားသည့် ဖောင့်စနစ်များလည်း ဖြစ်သည်။ အဆိုပါ Myanmar text Regular ကို font cerator တစ်ဦးဖြစ်သူ John Hudson က တီထွင်ထားခြင်း ဖြစ်သည်။
လယ်ယာမြေဧက ၁၀၀ နီးပါးကိုဖြတ်၍ လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ လယ်ပိုင်ရှင်နှင့် လယ်သမား ၄၉ ဦးတို့က ကန့်ကွက်စာတွင် လက်မှတ်ထိုးထာ
by Kyaw Aye on Wednesday, February 15, 2012 at 9:35pm ·

လယ်ယာမြေဧက ၁၀၀ နီးပါးကိုဖြတ်၍ လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ လယ်ပိုင်ရှင်နှင့် လယ်သမား ၄၉ ဦးတို့က ကန့်ကွက်စာတွင် လက်မှတ်ထိုးထား

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်ယာမြေ ဧက ၁၀၀ နီးပါး ကို ဖြတ်၍ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာနှင့် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတို့ ဆက်သွယ်မည့် လမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ခရမ်းမြို့နယ်အတွင်းရှိ လယ်ပိုင်ရှင်နှင့် လယ်သမား ၄၉ ဦးတို့က ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရှေ့တွင်ကန့်ကွက်စာ၌ လက်မှတ်ရေး ထိုးထားကြောင်း လယ်သမားများ ထံမှ သိရှိရသည်။

အဆိုပါ ကန့်ကွက်ကြောင်းကို လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(နေပြည်တော်)၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ထံ တိုင်ကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ လမ်းဖောက်လုပ်ခြင်းအားဖြင့် လယ်ဧက ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးမည် ဖြစ်သောကြောင့် လယ်သမားများ လုပ်ကိုင်စားသောက်ရန် အခက်အခဲများနှင့် ကြုံတွေ့လာရနိုင်သောကြောင့် ထိုသို့ ကန့်ကွက်စာ လက်မှတ်ရေးထိုး တိုင်ကြားရခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။

“ပိန်းကန်နဲ့ ပုဂံတောင်ကြားမှာ အေးရွာကျေးရွာနဲ့ စွယ်ကတော့ရွာတွေ ရှိတယ်။ အဲဒီရွာ နှစ်ရွာက လယ်တွေဟာ လမ်းဖောက်မယ့် လမ်းအူကြောင်းထဲမှာ အများကြီးပါနေတယ်။ သူတို့ကတော့ ဒီလမ်းဖောက်ရင် ရွာသားတွေအတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုပြီး ပြောတယ်။ တကယ် က ကျွန်တော်တို့ရွာတွေက နေ ခရမ်းကို သွားချင်တာပဲဖြစ်ဖြစ်၊ ရန်ကုန်ကို သွားချင်တာပဲဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေးက အဆင်ပြေပြီးသားပါ။ အရင် လမ်းဟောင်း ၃၂ တာလမ်းဆိုတာလည်း ရှိပြီးသားပါ။ တကယ်ဆိုရင် ဒီလမ်းက ကျွန်တော်တို့အတွက် မဖြစ်မနေ လိုအပ်တဲ့လမ်း မဟုတ်ပါဘူး။ ဒီလမ်းဖောက်မယ်ဆိုရင် ကျွန်တော်တို့ နှစ်ရွာပေါင်းရင် လယ်မြေ ဧက ၁၀၀ လောက် ဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ လယ်သမားတွေနဲ့ လယ်ပိုင်ရှင်တွေ စုပေါင်းလက်မှတ်ထိုးပြီး ကန့်ကွက်စာမှာ လက်မှတ်ရေး ထိုးထားပါတယ်။ အဲဒီစာကို လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုင်ကြား သွားမှာဖြစ်ပါတယ်”ဟု အေးရွာ ကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဖောက်လုပ်မည့်လမ်း မှာ လမ်းမျက်နှာဝ ပေ ၃၀၊ လမ်း ပုခုံးတစ်ဖက် ၁၅ ပေရှိမည် ဖြစ်သောကြောင့် စုစုပေါင်း ပေ ၆၀ ဖောက်လုပ်ရမည် ဖြစ်ကြောင်းနှင့် လယ်ဧက ၁၀၀ နီးပါး ဆုံးရှုံးမည်ဟု သိရသည်။

ဘုရားသုံးဆူ လူလေးဦး ပြန်ပေးမှု
လူ ၄ ဦးကို ဖမ်းဆီးပြီး ထိုင်းဘတ်ငွေ သုံးသိန်းဖြင့် ရွေးယူရန် ပြန်ပေးဆွဲ ခေါ်ဆောင်သွား သည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၇ နာရီကျော်တွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

ပြောက်ကျားဝတ်စုံဖြင့် လက်နက်ကိုယ်စီ ကိုင်ထားသည့် ၇ ဦးပါ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ရပ်ကွက် ၁ ဓမ္မဂီရိဘုရား တောင်ခြေတွင် နေထိုင်သည့် အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဝတုတ် (ခ) ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူ အသက် ၃၅ နှစ်ရှိ မိစုတို့အပြင် ဘုရားဖူး လူငယ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ကို ဖမ်းဆီးသွားခြင်း
ဖြစ်သည်။

“မနက်ကတည်းက ညှိနှိုင်းနေတယ်၊ ပြေလည်သွားပြီ၊ ဒါပေမယ့် အခုထိတော့ အိမ်မရောက်သေးဘူး” ဟု ဦးသိန်းမြင့်
နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်ပေးများက ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူကို ဘတ်ငွေ နှစ်သိန်း၊ အခြားနှစ်ဦးကို တသိန်းဖြင့် ပြန်ရွေးရန် တောင်းထား ပြီး ညှိနှိုင်းရာမှ ဦးသိန်းမြင့်တို့ကို ဘတ်ငွေတသိန်းနှင့် အခြားနှစ်ဦးကို ခြောက်သောင်းဖြင့် ပြေလည်ခဲ့သည်ဟု သူက
ပြောသည်။

အဖမ်းခံရသူ ဦးသိန်းမြင့်နှင့် တူမဖြစ်သူတို့မှာ သစ်ခွဲခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အသက်မွေးသူများ ဖြစ်ပြီး၊ အခြား
နှစ်ဦးမှာ ဖိနပ်ချုပ်စက်ရုံ အလုပ်သမားများ ဖြစ်ကြသည်။

၂ဝ၁၁ ခုနှစ်က ဘုရားသုံးဆူမြို့နယ်အတွင်း မွန်ပြည်ပြန်လည် ထူထောင်ရေးတပ် အမည်ဖြင့် ပြန်ပေးဆွဲအဖွဲ့ တဖွဲ့
ပေါ်ပေါက်ခဲ့ပြီး ရွှေဆိုင် အပါအဝင် စီးပွားရေး ချောင်လည်သူများနှင့် ရာဘာခြံရှင်များထံမှ ဆက်ကြေးကောက်ခြင်း
နှင့် ပြန်ပေးဆွဲခြင်းတို့ကို ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးသည်။

ယခုပြန်ပေးဆွဲသည့်အဖွဲ့မှာ ယခင်အဖွဲ့ မဖြစ်နိုင်ကြောင်း ဘုရားသုံးဆူ မြို့နယ်အနီး ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီမှ စစ်ဘက်အရာရှိတဦးက ပြောသည်။

“အခုပြန်ပေးဆွဲတဲ့နေရာနဲ့ အရင်က ပြန်ပေးဆွဲတဲ့အဖွဲ့ လှုပ်ရှားတဲ့ဂွင်နဲ့က တော်တော် အလှမ်းဝေးတယ်။ အခုနေရာမှာ သူတို့ ပြန်ပေးဆွဲမယ်ဆိုရင် ကျနော်တို့နယ်ကို ဖြတ်၊ ထိုင်းဘက်ကို ဝင်ပြီး ကားလမ်းကို ဖြတ်ပြီးမှ အခု ပြန်ပေးဆွဲတဲ့နေရာကို ရောက်မယ်၊ စစ်ရေးအမြင်နဲ့ ကြည့်ရင် အရင်ကအဖွဲ့ လုံးဝ မဖြစ်နိုင်ဘူး” ဟု သူက
ပြောသည်။

ပြန်ပေးရန်ကို ကာကွယ်ရန်အတွက် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ဒေသခံ ရာဘာခြံရှင် ၆ဝ ခန့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စက်တင်ဘာ လကုန်ပိုင်းတွင် ပြန်ပေး ဆွဲလေ့ရှိသော လက်နက်ကိုင်နှင့် ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် လူ ခုနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် ဘုရားသုံးဆူသည် ကရင်အမျိုးသား အစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ လှုပ်ရှားရာ ဒေသတခု ဖြစ်သည်။
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment