ကမ္ဘာ့သတင်းများ 19/02/2012
နိုင်ငံတကာသတင်း
အီဂျစ် ဒီမိုကရေစီရေး လှုပ်ရှားသူများကို စစ်ဆေးမယ့်ရက် သတ်မှတ်
အီဂျစ်နိုင်ငံမှာ ပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို တရားမ၀င် ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ဆက်နွယ်ပြီး အမေရိကန် နိုင်ငံသား ၁၉ ယောက် အပါအ၀င် နိုင်ငံခြားသား ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၃ ယောက်ရဲ့ အမှုကို ဒီလ ၂၆ ရက်နေ့မှာ စတင်ကြားနာမယ်လို့ အစိုးရက ကြေညာလိုက်ကြောင်း၊ သူတို့အားလုံးကိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ခွင့်ပြုချက် လိုင်စင်မရဘဲ ဆောင်ရွက်နေကြပြီး ပြည်ပကနေ ထောက်ပံ့ငွေတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရေးယူ ထားတယ်လို့လည်း နိုင်ငံပိုင် MENA သတင်းဌာနက စနေနေ့မှာ ကြေညာသွားကြောင်း၊
သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) ကို ရာထူးက ဖယ်ရှားပြီး အာဏာရလာတဲ့ အီဂျစ်စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အမေရိကန်က ကြိုးပမ်းနေချိန်မှာပဲ နှစ်ဘက်အကြား ရှိနှင့်ပြီးသား တင်းမာမှုတွေဟာ ဒီကြေညာချက်ကြောင့် ပိုပြီး ကြီးထွားလာကြောင်း၊ စွပ်စွဲခံထားရတဲ့ အမေရိကန် နိုင်ငံသားတွေထဲက တချို့ဟာ အီဂျစ်နိုင်ငံ ထွက်ခွာခဲ့ကြသလို တချို့လည်း ကိုင်ရိုမြို့တော်က အမေရိကန် သံရုံးမှာ ခိုလှုံခဲ့ကြပြီးနောက်မှာတော့ ကျန်သူတွေကို တိုင်းပြည်က ထွက်ခွာခွင့် မပေးဖို့ တားမြစ်ခဲ့ကြောင်း၊
စွပ်စွဲခံထားရသူတွေထဲမှာ အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Ray LaHood ရဲ့ သားဖြစ်သူ၊ International Republican Institute (IRI) ရဲ့ အီဂျစ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Sam LaHood လည်း ပါဝင်ကြောင်း၊ ကျန်နိုင်ငံခြားသား ၂၄ ယောက်ကတော့ ဂျာမန်၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံသားတွေပါ။ အမေရိကန်ကတော့ တရားခွင်ကို ဆက်လုပ်မယ်ဆိုရင် နှစ်စဉ် အီဂျစ်ကို ပေးအပ်နေတဲ့ စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၁,၃၀၀ ကို ဖြတ်တောက်မယ်လို့ သတိပေးထားတာ ဖြစ်ပါကြောင်း သိရ ပါ သည်။
ဟောလိဝုဒ်ရုပ်ရှင်တွေ တရုတ်ဈေးကွက် ပိုဝင်နိုင်တော့မည်
အမေရိကန်က ရုပ်ရှင်တွေကို တရုတ်နိုင်ငံ ဈေးကွက်ထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခွင့်ရမယ့် သဘောတူညီချက် တစ်ရပ်ကို တရုတ်နိုင်ငံက လက်ခံလိုက်တဲ့အပေါ် သမ္မတ ဘရက်အိုဘားမား အစိုးရနဲ့ အမေရိကန် ရုပ်ရှင် ထုတ်လုပ်သူတွေက ချီးကျူး လိုက်ကြောင်း၊ သဘောတူညီချက်ကိုတော့ တရုတ် ဒုသမ္မတ ရှီကျင်ပင်း (Xi Jinping) ရဲ့ ၄ ရက်ကြာ အမေရိကန် ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ကြေညာလိုက်ကြောင်း၊
တရုတ် ဒုသမ္မတနဲ့အတူ လိုက်ပါသွားတဲ့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကတော့ ဒီသဘောတူညီချက်ကြောင့် အမေရိကန် ရုပ်ရှင်လုပ်ငန်းက လူတွေ အနေနဲ့ ကြီးထွားလာနေတဲ့ တရုတ်ပရိသတ်ကို အရင်ကထက် ပိုပြီး လက်လှမ်းမီနိုင်တော့မှာ ဖြစ်တဲ့အကြောင်း ပြောသွားကြောင်း၊ အမေရိကန် ရုပ်ရှင်လုပ်ငန်းအသင်း (MPAA) ရဲ့ အကြီးအကဲ အထက်လွှတ်တော် အမတ်ဟောင်း ခရစ်ဒေါ့ (Chris Dodd) ကတော့ တရုတ်နိုင်ငံက ပရိသတ်တွေဟာ အမေရိကန် ရုပ်ရှင်တွေကို နောက်ထက် ၅၀% တိုးပြီး ကြည့်ရှုလာလိမ့်မယ်လို့ ခန့်မှန်းကြောင်း
တရုတ်နိုင်ငံဟာ နိုင်ငံခြားရုပ်ရှင် ပြသခွင့်ကို ခွဲတမ်းစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး နှစ်စဉ် နိုင်ငံခြားရုပ်ရှင်ကား ၂၀ သာ တင်သွင်းခွင့် ပြုထားတာ ဖြစ်ကြောင်း၊ တရုတ် ဒုသမ္မတ အမေရိကန်ကနေ နောက်ထပ် ခရီးဆက်ခဲ့တဲ့ အိုင်ယာလန်မှာလည်း ၃ ရက်ကြာ ခရီးစဉ်အတွင်း နှစ်ဘက်အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အများအပြား ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း သိရ ပါ သည်။
အဆိုတော် Whitney Houston ဈာပန
ကွယ်လွန်သူ ဂရမ်မီ ဂီတဆုရှင် ၀စ်တ်နီဟူစတန် (Whitney Houston) ရဲ့ဆွေမျိုး မိတ်သင်္ဂဟတွေပဲ တက်ရောက်မယ့် သီးသန့် ဈာပနအခမ်းအနားကို သူ့ရဲ့မွေးရပ်မြေ Newark မြို့က ဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ စနေနေ့ ဒေသစံတော်ချိန် မွန်းတည့်မှာ ကျင်းပမှာဖြစ်ကြောင်း၊ သူ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ အသုဘယာဉ်က ဘုရားရှိခိုးကျောင်းကို အခုပဲ ဆိုက်ရောက်လာတာကို ရုပ်မြင်သံကြားသတင်းမှာ တွေ့ရကြောင်း၊
သူ ဆယ်ကျော်သက်တုန်းက ၀စ်တ်နီဟူစတန် ဓမ္မတေးသီဆိုခဲ့တဲ့ New Hope Baptist ဘုရားကျောင်းမှာ ကျင်းပမယ့် ဇာပနအခမ်းအနားကို ဂီတအကျော်အမော်တွေ အပါအဝင် နံမည်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ Newark က အသုဘဂေဟာမှာ မနေ့ ညနေကကျင်းပတဲ့ အသုဘရှုအခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း၊ သူ့ရဲ့မိခင်ဖြစ်သူ Cissy Houston ၊ သူ့သမီးဖြစ်တဲ့ Bobbi Kristina Brown တို့နဲ့ ဆွေမျိုးတွေအပြင် သူ့ရဲ့ ဝမ်းကွဲအစ်မ တော်စပ်သူ အဆိုတော် Dionne Warwick နဲ့ သူ့ရဲ့ ဂီတဆရာလည်းဖြစ်၊ တေးဂီတထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Clive Davis လည်း တက်ရောက်ခဲ့ကြောင်း၊
အသက် ၄၈ နှစ်အရွယ် ၀စ်တ်နီဟူစတန် ကို လော့စ်အိန်ဂျဲလိစ် မြို့Beverly Hilton hotel က သူ့အခန်းရဲ့ ရေချိုးကန်ထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပြီး တစ်ပတ်အကြာ ဒီကနေ့ စနေနေ့မှာပဲ သူ့အတွက် ဇာပန အခမ်းအနား ကျင်းပကြမှာ ဖြစ်ကြောင်း၊ ဖိတ်ကြားခံရသူပဲ တက်ရောက်ခွင့်ရမယ့် ဒီဈာပန အခမ်းအနားမှာ ဂီတလောကမှာ တကယ်သမိုင်းဝင်သူတွေ ဖြစ်ကြတဲ့ Stevie Wonder နဲ့ Aretha Franklin တို့ သီချင်းသီဆို ဖျော်ဖြေကြကြောင်း၊
သူ့ရဲ့ ခင်ပွန်းဟောင်း အဆိုတော် Bobby Brown လည်း ဒီအခမ်းအနားးကို တက်ရောက်ဖို့ရှိပ ကြောင်း၊ ဒီဈာပန အခမ်းအနားက သီးသန့် ကျင်းပမှာဖြစ်ပေမဲ့ အများပြည်သူကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာဖြစ်ကြောင်း၊သူ့ရဲ့ ရုပ်အလောင်းကို နယူးဂျာဇီ သုဿန်မှာ သူ့ရဲ့ဖခင် ရဲ့ ရုပ်အလောင်းဘေးမှာ မြှုပ်နှံမှာဖြစ်ကြောင်း၊ သူ ဘာကြောင့် သေဆုံးရလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ နောက်သီတင်းပတ် အတော်ကြာတဲ့အထိ သိနိုင်ဦးမှာ မဟုတ်ကြောင်း သိရ ပါ သည်။
ဆီးရီးယားမြို့တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်
ဆီးရီးယားမြို့တော် ဒမတ်စကက်စ်က ဈာပနအခမ်းအနားတစ်ခုမှာ ဆန္ဒပြသူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြောင်း၊ ဒီကနေ့ ဖြစ်ပွားတဲ့ အဲဒီပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်ဆိုပေမဲ့ ဘယ်နှစ်ဦးရှိသလဲ ဆိုတာတော့ အတိအကျ မသိရသေးကြောင်း၊
ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်ခွင့်ပေးဖို့ အစိုးရဘက်ရော အတိုက်အခံ ဘက်ရော ဘက်ပေါင်းဆုံက ၀ိုင်းလုပ်ကြဖို့ တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဇိုင်အီ ဂျွန်းက တိုက်တွန်းလိုက်ကြောင်း၊ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် နဲ့ တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေး ၀န်ကြီးတို့ မြို့တော် ဒမတ်စကက်စ်မှာ တွေ့ဆုံခဲ့ကြပြီး အခုလို ပြောခဲ့ကြောင်း၊
မစ္စတာ ဇိုင်အီဂျွန်းက ဆီးရီးယားက အကြမ်းဖက်မှုတွေ အားလုံးကို ချက်ချင်း ရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ လူထုဆန္ဒခံယူပွဲတွေ ပေါ်လာမယ်၊လွှတ်တော် ရွေးကောက်ပွဲတွေလည်း အေးအေးချမ်းချမ်း ဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ဆိုကြောင်း၊ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဖြစ်ပွားနေခဲ့တဲ့ ဆီးရီးယားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အစိုးရဘက်က နှိမ်နင်းမှုတွေကြောင့် လူပေါင်း ခြောက်ထောင်ကျော် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကရော ရုရှား နိုင်ငံဘက်ကပါ ဆီးရီးယားအစိုးရကို အပြစ်တင် ရှုတ်ချဖို့ ငြင်းဆန်နေခဲ့ကြကြောင်း၊
မနေ့တုန်းကလည်း ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့က သူပုန်တွေရှိတဲ့နေရာကို အစိုးရတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောကြောင်း၊ ဆီးရီးယား အစိုးရက လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး အစိုးရ ဆန့်ကျင်သူတွေကို နှိမ်နင်းနေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြစ်တင်ရှုတ်ချလိုက်ပြီး နောက်တစ်ရက်မှာပဲ ဟုမ်းစ်မြို့မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ မနေ့က ဖြစ်ပွားနေခဲ့ကြောင်း၊ အစိုးရတပ်ဖွဲ့တွေဘက်က တင့်ကားတွေနဲ့ရော အမြောက်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ဟုမ်းစ်မြို့က ရပ်ကွက်လေးခုကို ထိမှန်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြောင်းသိရသည်။
တရုတ်နိုင်ငံ အလယ်ပိုင်း ကျောက်မီးသွေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ရာဒေသတွင် လုပ်ငန်းရှင်များသည် အကျိုးအမြတ်ရရှိရေးသာ ရှေ့တန်းတင်၍ ကျောက်မီးသွေးလုပ်သားများ၏ လုံခြုံရေးအား အလေးအနက်မထားမှုများကြောင့် ဤကဲ့သို့သော မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
အလုပ်သမားများ အခွင့်အရေးအဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ ကျောက်မီးသွေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ စီးပွားရေးထိခိုက်နစ်နာမှုနှင့် ပြစ်ဒဏ်များအား တိမ်းရှောင်လို၍ လုပ်သားများ၏ မတော်တဆဖြစ်မှုများအား ဖုံးကွယ်ထားမှုများအပါ အ၀င် အခြားသောအကြောင်းအရာများကြောင့် ကျောက်မီးသွေးလုပ်သားများ၏ သေဆုံးမှုနှုန်းသည် နှစ်စဉ်တိုးမြှင့်လျှက်ရှိသည်။ ၂၀၁၀ တွင် လုပ်သားပေါင်း ၂၄၃၃ ဦး သေဆုံးခဲ့သည်။ အစိုးရ စာရင်းဇယားများ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် ကျောက်မီးသွေးလုပ်သားများသည် ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ခြောက်ယောက်နှုန်းမျှ သေဆုံးနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျှင်မြန်စွာတိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်များသည်လည်း တစ်ဟုန်ထိုး တိုးတက်လျှက်ရှိသည်။ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအား ကမ္ဘာပေါ်တွင် ကျောက်မီးသွေးအများဆုံးထုတ်နိုင်သော အာရှနိုင်ငံများပေါ် တွင် မှီခိုလျှက်ရှိသည်။
ကွယ်လွန်သူ ကင်ဂျုံအီလ် အနှစ် ၇၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းတွင် ဖေဖော်ဝါရီလ၁၆ရက်ကစစ်ရေးပြပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်လုပ်ကြံခံရပြီး သေဆုံးသွားပြီဟုသတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်က ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။ လူထောင်ပေါင်းများစွာ ပြည့်နှက်နေသောရင်ပြင်ကို ကြည့်ရှုနေသော ကင်ဂျုံအီလ်အငယ်ဆုံးသား ကင်ဂျုံအွန်နှင့် အကြီးတန်းတာဝန်ရှိသူများပုံကို နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့သည်။ ပြုံးနေသော ကင်ဂျုံအီလ် ပုံတူရုပ်ကြီးကို ချိတ်ဆွဲထားပြီး စစ်သားများက ကင်ဂျုံအီလ်နှင့် ၎င်း၏ ဖခင်ကင်အီဆွန်းတို့ကို အလေးပြုခဲ့သည်။
သေဆုံးခဲ့ပြီးဖြစ်သော ကင်အီဆွန်းနှင့် ကင်ဂျုံအီလ်တို့ကို စစ်သားများက လေးစားမှုရှိကြောင်း၊ လက်ရှိခေါင်းဆောင်ကင်ဂျုံအွန်ကို သစ္စာရှိမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် ဗဟိုသတင်းဌာနအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင်မူ မြောက်ကိုရီးယားမှထွက်ပြေးလာသူ နှစ်ဒါဇင်ခန့်သည် ပန်းခြံတစ်ခုတွင် တွေ့ဆုံခဲ့ပြီး ကင်ဂျုံအီလ်ကို ဝေဖန်ထားသည့်စာများ၊ ကင်ဂျုံအီလ်သည် ပြည်သူသုံးသန်းခန့်ကို ငတ်ပြတ်သေဆုံးစေကြောင်း ရေးထားသောစာများ၊ ဒီဗီဒီများ ပါဝင်သည့် ပူဖောင်းများအား လွှတ်တင်ခဲ့ကြောင်းလုပ်ကြံခံရပြီး သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန် ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့ခြင်းလည်းဖြစ် ကြောင်း၂၀၁၂ခုနှစ်တွင် နျူလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၌ နိုင်ငံထူထောင်သူ ကင်အီဆွန်းမွေးနေ့ ရာပြည့်ကို ဧပြီလ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး ယခုဖေဖော်ဝါရီလ ၁၆ ရက်မှာ ကင်ဂျုံအီလ်၏ အနှစ် ၇၀ ပြည့်မွေးနေ့ ဖြစ်သည်။ ကင်ဂျုံအီလ်နေရာ ဆက်ခံခဲ့သော ကင်ဂျုံအွန်လက်ထက်တွင် မြောက်ကိုရီးယားမူဝါဒများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြုံယမ်းက သတိပေးခဲ့ပြီး တောင်ကိုရီးယား လက်ရှိသမ္မတ လီမြောင်ဘတ် အစိုးရကို ဝေဖန်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများဖြစ်နေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်ဖြစ်လာသူ ကင်ဂျုံအွန်ကလည်း ဆိုးလ်၏ လက်ရှိအစိုးရနှင့် သဘောတူညီမှုများ ပြုလုပ်သွားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြောက်ကိုရီးယားမှ ရေငုပ်သင်္ဘောများဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို တန်ပြန်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လာမည့်အပတ်တွင် မြစ်ဝါမြစ်အတွင်း စတင်မည်ဖြစ်ကြောင်း ဖေ ဖော်ရီလ ၁၆ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်မှ Aegis အမျိုးအစား သင်္ဘောနှစ်စီးနှင့် တောင်ကိုရီးယား တစ်စီးအပါအ၀င် စုစုပေါင်းသင်္ဘော အစီး၂၀ နှင့် Lynx ရဟတ်ယာဉ်များ၊ P3-C ရေငုပ်သင်္ဘောဖျက် လေယာဉ်များလည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါပူးပေါင်းစစ်ရေး လေ့ကျင့်မှုသည် အကြီးမားဆုံး မဟာမိတ်နိုင်ငံများအချင်းချင်းပူးပေါင်းကာ ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။၂၀၁၀ခုနှစ်မတ်လက မြစ်ဝါမြစ်ထဲတွင် မြောက်ကိုရီးယားမှ တောင်ကိုရီးယားစစ်သင်္ဘောတစ်စီးအား တော်ပီဒိုဖြင့် ပစ်ခတ်၍ လူပေါင်း ၄၆ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုးလ်ဘက်မှ စွပ်စွဲခဲ့သည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် တောင်ကိုရီးယားသည် အမေရိကန်နှင့်ပူးပေါင်း၍ ရေငုပ်သင်္ဘောများဖျက်စီးရန် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါစွပ်စွဲချက်အား မြောက်ကိုရီးယားမှငြင်းဆန်ခဲ့သောလည်း နှစ်နိုင်ငံနယ်စပ်ရှိ ကျွန်းတစ်ကျွန်းအား ယင်းနှစ်နိုဝင်ဘာလတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ တောင်ကိုရီးယား လူလေးဦး သေဆုံးခဲ့ရသည်။ အဓိက စစ်ရေးလေ့ကျင့်ခြင်းသည် ဖေဖော်ရီလ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ပြီးမတ်လ ၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ Foal Eagle ဟု အမည်ပေးထားသော နှစ်နိုင်ငံ လေတပ်၊ရေတပ်နှင့် ကြည်းတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းသည် မတ်လ ၁ ရက်နေ့တွင်စတင်၍ ဧပြီလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။အဆိုပါစစ်ရေးလေ့ကျင့်မှုများသည်စစ်ဖြစ်စေရန်လှုံ့ဆော်မှုများသာဖြစ်သည်ဟု မြောက်ကိုရီးယားက ထုတ်ပြန်ထားသည်။ |
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် ယခုသီတင်းပတ်အတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့်အဖွဲ့သည် အစ္စရေးသံတမန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း၊ အိန္ဒိယ၊ ဂျော်ဂျီယာတို့တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အစ္စရေးနှင့်အီရန်အကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး တင်းမာမှုမြင့်တက်ခဲ့သည်။
ယင်းအဖွဲ့၏ပစ်မှတ်မှာ အစ္စရေးသံတမန်များဖြစ်သည်ဟု ပြောနိုင်ကြောင်း ထိုင်းရဲဗိုလ်ချုပ်ကြီး Priew-pan Damapong က ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် စီအင်န်အင်န်နှင့်အင်တာဗျူး၌ ပြောကြားခဲ့သည်။ ဘန်ကောက်ဗုံးခွဲမှုများနှင့် အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင် အစ္စရေးသံတမန်များကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုများအကြား ဆက်နွှယ်မှုများရှိကြောင်း၊ ယင်းဖြစ်စဉ်များတွင် အသုံးပြုသော ဖောက်ခွဲရေးပစ္စည်းများမှာ တူညီနေကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီးဖြစ်သည်။
ဘန်ကောက်ဗုံးခွဲမှုများနှင့် အိန္ဒိယနှင့်ဂျော်ဂျီယာတို့တွင် | အစ္စရေးသံတမန်များကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုများအကြား ဆက်နွှယ်မှုများရှိ |
ဘန်ကောက်ဗုံးခွဲမှုများနှင့်ပတ်သက်၍ လူနှစ်ဦးကိုဖမ်းဆီးထားပြီး စွဲချက်တင်ထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မလေးရှားတွင် တတိယမြောက် သံသယဖြစ်ဖွယ် လူတစ်ဦးကို ဖမ်းထားပြီး ၎င်းကိုလွှဲပေးရန်အတွက် ထိုင်းနိုင်ငံက တောင်းဆိုထားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Piya Uthayo က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံမှထွက်ခွာသွားသည့် အမျိုးသမီးတစ်ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
စစ်တပ်က တမီလ်ကျားသူပုန်များကို နှိမ်နင်းရာတွင် တမီလ်အရပ်သားတစ်ဦးကိုမျှ သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းစုံစမ်းစစ်ဆေးမှု၏ အကျိုးဆက်အဖြစ် စစ်ခုံရုံးများ ပေါ်ပေါက်လာနိုင်ပြီး သေဒဏ်အထိ အပြစ်ပေးမှုများ ဖြစ်ပေါ်နိုင်သည်။ ယခုအစီအစဉ်မှာ နိုင်ငံတကာ၏ ဖိအားပေးမှုကြောင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း သီရိလင်္ကာစစ်တပ်က ထုတ်ပြန်ခဲ့သည်။ အဖွဲ့ဝင်ငါးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ် Jagath Jayasuriya က ၎င်းတို့အဖွဲ့သည် သမ္မတကိုယ်တိုင် ခန့်အပ်ခဲ့သော Lessons Learnt and Reconciliation Commission (LLRC)၏ အစီရင်ခံစာနှင့် ဗြိတိန်ရုပ်သံ Channel 4 က ထုတ်ပြန်ခဲ့သော ဗီဒီယိုမှတ်တမ်းတစ်ခုကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းဗီဒီယိုမှာ အတုဖြစ်သည်ဟု သီရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့သော်လည်း ယင်းဗီဒီယိုကို စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဟု သီရိလင်္ကာစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သောနှစ်၊ ဇွန်လတွင်ထုတ်လွှင့်ခဲ့သော ယင်းဗီဒီယို၌ သီရိလင်္ကာစစ်သားများက ဖမ်းထားသော တမီလ်ကျားသူပုန်များကို ကွပ်မျက်နေပုံအား ရိုက်ကူးထားသည်။ ပြီးခဲ့သော ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော (LLRC) ၏အစီရင်ခံစာတွင် အရပ်သားများ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။ တမီလ်ကျားသူပုန်များရှိသော ဒေသများတွင် နို့မှုန့်ရရန် တန်းစီနေသူများကို အစိုးရတပ်များက အမြောက်များဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်များ ပါဝင်ကြောင်း သိရပါသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment