ကမ္ဘာ့သတင်းများ  21/02/2012

နိုင်ငံတကာသတင်း

ထိုင်းတောင်ပိုင်း သူပုန်အရေး မလေးရှား ကူညီဖြေရှင်းမည်

ထိုင်းနဲ့မလေးရှား ထိစပ်နေတဲ့ မူစလင်အများစုနေထိုင်ရာ နယ်စပ်ဒေသက သူပုန်တွေကို နှိမ်နင်းတဲ့နေရာမှာ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့ နှစ်နိုင်ငံ ၀န်ကြီးချုပ်တွေက ကတိပြုလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်ရဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ တစ်ရက်ကြာ ခရီးစဉ်အတွင်း ၀န်ကြီးချုပ် နှစ်ယောက် တွေ့ဆုံပြီးတော့ အခုလို ကတိပြုသွားတာ
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် ကလည်း ထိုင်းတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ မူစလင် သူပုန်ထမှု ဖြေရှင်းရေးမှာ အပြည့်အဝ အကူအညီ ပေးပါမယ်လို့ အလည်အပတ် ရောက်လာတဲ့ မစ္စယင်းလပ် ကို ကတိပေးသွားကြောင်း ဒီလို ထိုင်းတောင်ပိုင်း ပြဿနာကို ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေပေးမယ်လို့ ပြောသွားတဲ့ တချိန်းတည်းမှာပဲ သူပုန်တွေအနေနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့  မစ္စတာ နာဂျစ်က တိုက်တွန်းသွားကြောင်း
ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မူစလင်ခွဲထွက်ရေး သမားတွေအနေနဲ့ အကြမ်းဖက်တဲ့ကိစ္စတွေကို မလုပ်ဆောင်ကြဖို့ နိုင်ငံရေး အစွန်းရောက်မှုကို မစွဲကိုင်ဖို့ တိုက်တွန်းနေတဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှ မဲခေါင်ဒေသ ဖွံ့ဖြိုးမည်

လာမယ့် ဆယ်စုနှစ်အတွင်း မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေထဲမှာ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင် အရင်းအမြစ် ဆိုင်ရာ စီမံခန့်ခွဲမှုဟာ အတိမ်းအစောင်း မခံတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့   တနင်္လာနေ့ မဲခေါင်ဒေသ အနာဂတ်အရေး ဆွေးနွေးပွဲမှာ ABD အာရှ ဖွံ့ဖြိုးမှု ဘဏ်က ပြောကြားလိုက်ကြောင်းမဲခေါင်ဒေသတွင်းမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ အလုပ်ကိုင်သစ်တွေ ဖန်တီးပေးတာနဲ့ တချိန်တည်းမှာပဲ စွမ်းအင် အရင်းအမြစ် သုံးစွဲမှုကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ အရေးဟာ စိန်ခေါ်နေတဲ့ ပြဿနာလို့ မဲခေါင်ဒေသ ညီလာခံမှာ အာရှဖွံ့ဖြိုးမှု ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ စတီဖင် ဂရော့ဖ် (Stephen Groff) က ပြောကြောင်းထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကို တနင်္လာနေ့က စတင်ခဲ့ကြောင်းမြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက  မဲခေါင်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံတွေ တက်ရောက်ခဲ့ကြသလို ပညာရှင်တွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ချေတွေကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment