ကမ္ဘာ့သတင်းများ 26/02/2012
နိုင်ငံတကာသတင်း
ဆီးရီးယား ဒဏ်ရာရသူများကို ကြက်ခြေနီအဖွဲ့ မကယ်နိုင်
ဆီးရီးယားနိုင်ငံ ဟုမ်းစ် (Homs) မြို့မှာ ပိတ်မိနေကြတဲ့ ဒဏ်ရာရ ဒုက္ခသည်တွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ စနေနေ့မှာ ပြန်စနိုင်ခြင်း မရှိဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ပြောကြောင်း
အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးမှုက သိသာတဲ့ ရလဒ်တွေ ထွက်မလာဘူးလို့ ICRC ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း ဟုမ်းစ်မြို့ထဲဝင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ရေးအတွက် ဆွေးနွေးမှုတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်သွားမယ်လို့ ICRC ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း
မြို့တွင်းမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ရေးအတွက် ဆီးရီးယား အစိုးရဘက်က တနေ့မှာ ၂ နာရီလောက် အပစ်အခတ် ရပ်စဲပေးဖို့ သူတို့အနေနဲ့ တောင်းဆိုနေတာ ဖြစ်တဲ့အကြောင်း ICRC ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း
သောကြာနေ့တုန်းကတော့ ဟုမ်းစ်မြို့ Baba Amr အရပ်ကနေ ဒဏ်ရာရ ကလေးငယ်နဲ့ အမျိုးသမီး ၂၀ လောက်ကို ICRC နဲ့ ဆီးရီးယား အာရပ် လခြမ်းနီအဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသူတို့အနေနဲ့ ဒဏ်ရာရနေကြတဲ့ အနောက်တိုင်း သတင်းထောက် ၂ ယောက်နဲ့ သေဆုံးသွားကြတဲ့ အနောက်တိုင်းသတင်းထောက် ၂ ယောက်တို့ကို အခုချိန်ထိ အပြင်ကို ကယ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း
ဆီးရီးယားအစိုးရက စနေနေ့မှာ ဟုမ်းမြို့ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အထဲမှာ ပိတ်မိနေကြတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အပြင်ကို မထွက်နိုင်ဘဲ ဖြစ်နေကြကြောင်း သိရသည်။
ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး
ပါကစ္စတန်နိုင်ငံ Abbottabad မြို့က အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့ အိမ်ကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စတင် ဖြိုချနေပြီလို့ ပါကစ္စတန်ကလာတဲ့ သတင်းတွေက ဆိုကြောင်း အဲဒီအိမ်ဟာ အမေရိကန် အထူးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ် မေလတုန်းက ၀င်ရောက် မသုတ်သင်ခင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့အိမ် ဖြစ်ပကြောင်း လုံခြုံရေးတွေ အတင်းအကျပ်ချထားတဲ့ အဲဒီအိမ်ကို ပါကစ္စတန်အစိုးရက စနေနေ့မှာ ယန္တယား အကြီးကြီးတွေ ပို့ပြီး ဖြိုချနေတာလို့ မြို့ခံတွေက ပြောကြောင်းဒီအိမ်ကို ဘာကြောင့် ဖြိုချပစ်တယ်ဆိုတဲ့ အကြောင်းပြချက်တော့ အစိုးရဘက်က မပေးကြောင်း ဘင်လာဒင် နေခဲ့တဲ့ အဲဒီ ၃ ထပ်အိမ်ကို ကာထားတဲ့ တံတိုင်းတွေကို ပါကစ္စတန်စစ်တပ် အင်ဂျင်နီယာတပ်ဖွဲ့က ဖြိုချနေပြီး အရပ်သား ဆောက်လုပ်ရေး ပညာရှင်တွေက ကြီးကြပ် ကွပ်ကဲနေတယ်လို့ ဒေသခံ သတင်းထောက်တစ်ဦးကို ပြောပြခဲ့ကြောင်း
၂၀၁၁ ခုနှစ် မေလတုန်းက အမေရိကန် အထူးတပ်ဖွဲ့တွေ အဲဒီအိမ်ထဲ ၀င်စီးပြီး ဘင်လာဒင်ကို သုတ်သင်လိုက်ပြီးတဲ့နောက် ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးဘဲ အဲဒီအိမ်ကို စစ်တပ်က အစောင့်အကြပ်တွေ တင်းကျပ်စွာ ချထားခဲ့ကြောင်း အမေရိကန်တို့ အဲဒီလို ၀င်ရောက်တိုက်ခိုက်မယ့် အစီအစဉ်ကို ကြိုတင် သိရှိခြင်းမရှိတဲ့အတွက် ပါကစ္စတန် အစိုးရအတွက် အရှက်ရစရာ ဖြစ်စေခဲ့ကြောင်း သိရသည်။
ယီမင်မှာ အသေခံတိုက်ခိုက်မှုကြောင့် ၂၆ ဦး သေဆုံး
တောင်ပိုင်းယီမင်မှာရှိတဲ့ သမ္မတ အိမ်တော်ဝန်းအပြင်ဘက်မှာ ကားထောင်ဗုံးတစ်လုံးပေါက်ကွဲတာကြောင့် လူပေါင်း ၂၆ ဦး သေဆုံးသွားပါတယ်။ နှစ်ပေါင်းများစွာ ယီမန်နိုင်ငံ သမ္မတဖြစ်ခဲ့တဲ့ အက်ဒ်ရာဘူ မန်ဆော် ဟာဒီ (Abd-Rabbu Mansour Hadi) ဟာ ယီမန်နိုင်ငံ ခေါင်းဆောင်သစ်အဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ နာရီပိုင်းအတွင်းမှာ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသေဆုံးတဲ့အရေအတွက်ဟာ တိုးလာနိုင်တယ်လို့ ယီမင် လုံခြုံရေး တာဝန်ရှိသူတွေက ပြောကြောင်းအဲဒီအရပ်ဟာ မြို့တော် ဆာနား ကနေ မိုင် ၂၅၀ လောက် အကွာမှာ တည်ရှိကြောင်း
ဒါဟာ နိုင်ငံအတွင်း တောင်ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေ၊ မြောက်ပိုင်းမှာ ရှီးအိုက် သူပုန်တွေနဲ့ အယ်လ်ခိုင်းဒါးတွေ ရှိနေတယ်ဆိုတာ သမ္မတအသစ်ကို သတိပေးလိုက်တာလည်း ဖြစ်ကြောင်း
မစ္စတာ Hadi သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ပါလီမန်လွှတ်တော်မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ သူက နိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ အယ်လ်ခိုင်းဒါး အဖွဲ့ကို ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်ဖို့နဲ့ နေအိမ်တွေကနေ ထွက်ပြေး တိမ်းရှောင်နေရသူတွေ၊ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ ဆောင်ရွက်မယ် ဆိုပြီးတော့ ကတိပြုလိုက်ကြောင်း
မစ္စတာ Hadi ဟာ အခုသီတင်းပတ်အတွင်း တကိုယ်တော် သမ္မတရွေးကောက်ပွဲမှာ ဆန္ဒမဲ ၉၉ % ကျော်နဲ့ ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။ ဒါဟာ သူ့ကို ၂ နှစ်တာ နိုင်ငံရဲ့ အသွင်ကူးပြောင်းမှုကာလကို ကြီးကြပ်ဖို့ တာဝန် ပေးအပ်လိုက်တာလည်း ဖြစ်ကြောင်း သိရသည်။
ကိုရမ်ကျမ်းစာ မီးရှို့မှုအပေါ် အာဖဂန်မှာ ၅ ရက်မြောက် ဆန္ဒပြ
အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရမ်ကျမ်းစာမီးရှို့တာကို ဆန္ဒပြမှုတွေ ၅ ရက်မြောက် ဆက်ဖြစ်နေချိန်မှာ သေနတ်သမားတွေက အနောက်နိုင်ငံသား ၂ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦးထဲမှာ ပစ်သတ်လိုက်တယ်လို့ အာဖဂန် အရာရှိတွေက ဆိုကြောင်း
နိုင်ငံမြောက်ပိုင်းက ရာနဲ့ချီတဲ့ နိုင်ငံသားတွေက ကုလသမဂ္ဂ ဝန်းထဲကို ခဲတွေနဲ့ပစ်ပေါက် ဆန္ဒပြခဲ့ကြပါတယ်။ အရာရှိတွေကတော့ Kanduz ဒေသမှာ ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာတွေ ရသွားကြတယ်လို့ ဆိုကြောင်း
ဒီအရာရှိတွေကပဲ မူစလင် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ကိုရမ်ကျမ်းစာအုပ်တွေကို ကဘူးမြို့နားက Bagram လေတပ်စခန်းမှာရှိတဲ့ နေတိုးတပ်ဖွဲ့က မီးရှို့ခဲ့တာကြောင့် ဆန္ဒပြပွဲတွေ စဖြစ်လာတဲ့ အင်္ဂါနေ့ကတည်းကဆိုရင် သေဆုံးရသူ စုစုပေါင်းက ၂၇ ဦးတောင် ရှိသွားပြီလို့ ဆက်ပြောကြောင်း
အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ အခြား အရာရှိတွေဘက်က မူစလင် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် စာအုပ်တွေကို မီးရှို့ခဲ့တဲ့အပေါ် တောင်းပန်လာခဲ့ပေမဲ့ အာဖဂန်နိုင်ငံနဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတွေက ဒေါသူပုန်ထမှုတွေကိုတော့ ဖြေလျော့ပေးနိုင်ခြင်း မရှိသေးကြောင်း
တချိန်တည်းမှာပဲ အာဖဂန်ကာကွယ်ရေး ဝန်ကြီးဌာနက လမ်းဘေးထောင်ဗုံးတစ်ခုကို စနက်တန်ဖြုတ်ပစ်ဖို့ ကြိုးပမ်းခဲ့စဉ်မှာ အာဖဂန်စစ်သား ၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၆ ဦးလည်း ဒီနေ့ စနေနေ့မှာပဲ ဒဏ်ရာတွေ ရသွားကြတယ်လို့ ဆိုကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment