ကမ္ဘာ့သတင်းများ  29/02/2012

 

နိုင်ငံတကာသတင်း


ဆီးရီးယားမှာ အပစ်ရပ်ဖို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

ဆီးရီးယားနိုင်ငံမှာ သမ္မတဘက်ရှာအယ်လ် အာဆဒ်ကိုသစ္စာခံတဲ့တပ်တွေက အစိုးရဆန့်ကျင်သူတွေ ရှိရာနေရာမှာ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးနေချိန်မှာပဲ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ဆီးရီးယားနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို ချက်ခြင်းလုပ်ဖို့ အတွက် တောင်းဆိုလိုက်ကြောင်း
အစိုးရတပ်တွေက အင်္ဂါနေ့ တနေ့တည်းမှာတင် ဆီးရီးယားနိုင်ငံတဝှမ်း လူပေါင်း ၄၁ ဦးထက် မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြောင်း ဟယ်လ်ဖာရာ(Helfaya)  က ဆန္ဒပြပွဲမှာတော့ လူ ၂၀ လောက် အသတ်ခံခဲ့ရတာပါ။ သမ္မတအာဆဒ်ရဲ့ ညီအကိုတော်သူ မဟာ (Maher) ဦးဆောင်တဲ့ ဆီးရီးယားစစ်တပ်ရဲ့ အထူး တပ်မဟာ အမှတ် (၄) က သံချပ်ကာကားတွေဟာ လမ်းတွေထဲကို ရောက်လာခဲ့တယ်လို့ ရိုက်တား (Reuters) သတင်းဌာနကို အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ဟုမ်းစ် (Homs) မြို့က တက်ကြွလှုပ်ရှားသူတွေက ပြောကြောင်း
ဆီးရီးယားစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ချေမှုန်းနေတာကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မစ္စနာဗီပီလေးက ဂျနီဗာက ကုသလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကတော့ အခုလို ဆွေးနွေးနေချိန်မှာပဲ အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားခဲ့ကြောင်း
အရပ်သားတွေ နေထိုင်ရာ ရပ်ကွက်တွေမှာ လက်နက်ကြီးတွေကို သုံးပြီး ပစ်ခတ်သတ်ဖြတ်နေတာဟာ ရက်စက်ကြမ်းကြုတ်ကြောင်း ရှုတ်ချစာ ထုတ်ပြန်ဖို့အတွက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေကြားမှာ သဘောတူညီမှု ရလုနီးဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။

ရီပတ်ဘလီကန်သမ္မတလောင်းအတွက် မီချီဂန်မှာ အကြိတ်အနယ် ယှဉ်ပြိုင်

အမေရိကန်ပြည်ထောင်စုရဲ့ ရီပတ်ဘလီကင်ပါတီအတွင်း သမ္မတလောင်းရွေးချယ်ပွဲ ဆက်လက် ကျင်းပနေရာမှာ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ Mitt Romney ရဲ့ ဇာတိမြို့လည်းဖြစ်ပြီး အရေးပါတဲ့ မဲဆန္ဒနယ်လည်းဖြစ်တဲ့ မီချီဂန် (Michigan) ပြည်နယ်မှာ အင်္ဂါနေ့က ယှဉ်ပြိုင်နေကြကြောင်း
ဒီတကြိမ် သမ္မတလောင်းရွေးပွဲဟာ ဘယ်သူအနိုင်ရလိမ့်မယ်ဆိုတာကို ကြိုတင်နမိတ်ဖတ်လို့ မရနိုင်ဲ့ ကြောင်း တချိန်က ရော်မနီဟာ မီချီဂန်ကို ဦးဆောင်တဲ့နေရာမှာ ရှိခဲ့ကြောင်း ရော်မနီရဲ့ အဖေဟာ မီချီဂန်မှာ လူသိများထင်ရှားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်ကြောင်း အခုအချိန်မှာတော့ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ရစ် ဆန်တိုရမ် (Rick Santorum) ကို အသေအလဲ ခုခံယှဉ်ပြိုင် နေရကြောင်း
ပင်ဆဲလ်ဗေးနီးယားပြည်နယ်က အထက်လွှတ်တော်အမတ်ဟောင်းတဦး ဖြစ်ခဲ့သူ Mr. Santorum ဟာ အခုလစောစောပိုင်း ကော်လိုရာဒို၊ မဲန်နီဆိုတားနဲ့ မစ်ဇူရီ စတဲ့ ပြည်နယ် ၃ ပြည်နယ်မှာ ဆက်တိုက် အောင်ပွဲခံခဲ့သူဖြစ်ကြောင်းအရီဇိုးနားပြည်နယ်မှာလည်း မဲဆန္ဒရှင်တွေဟာ ရီပတ်ဘလစ်ကင်ပါတီအတွက် အင်္ဂါနေ့မှာ မဲပေးကြဖို့ ရှိပါကြောင်း နောက်ဆုံး ရီပတ်ဘလစ်ကင် ပါတီကနေ ရွေးချယ်လိုက်မယ့် သမ္မတလောင်းဟာ ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိသမ္မတ ဘရက်အိုဘားမားနဲ့ လာမယ့်နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကြီးမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း နောက်ဆုံးပိတ်ရရှိထားတဲ့ သဘောထားစစ်တမ်းတွေအရ မစ်ချီဂန်ပြည်နယ်အတွင်းက သမ္မတလောင်းရွေးပွဲမှာ Romney ကော Santorum တို့ ၂ ဦးစလုံး သူတင်ကိုယ်တင် ဖြစ်နေကြပြီး အရီဇိုးနားမှာတော့ Romney က သိသိသာသာ အသာရနေတယ်လို့ ကြိုတင် သဘောထား စစ်တမ်းတွေက ပြသနေကြောင်း
မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Romney ဟာ ရှေးရိုးစွဲအယူအဆရှိသူတွေထံက မဲရဖို့ တော်တော်ခက်ခဲနေကြောင်း သူတို့ဟာ Santorum ကို ထောက်ခံနေကြတာဖြစ်ကြောင်း
သမ္မတလောင်းတွေဖြစ်ကြတဲ့ တက္ကဆတ်ပြည်နယ်က Ron Paul နဲ့ လွှတ်တော် သဘာပတိဟောင်း Newt Gingrich တို့ကတော့ ယှဉ်ပြိုင်ရွေးချယ်ခံနေရာမှာ တောာ်တော် နောက်မှာ ပြတ်ကျန်ရစ်နေကြောင်း သိရသည်။

ကုလလူ့အခွင့်ရေးကောင်စီ ဆီရီးယာအစိုးရကို ပြစ်တင်ရှုတ်ချဖို့ ပြင်ဆင်

ဒီကနေ့ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးကနေ ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချရေး ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စဉ်းစားသုံးသပ်နေကြပကြောင်း
ဒီကနေ့ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးကနေ ဆီးရီးယားအစိုးရကို ပြစ်တင်ရှုတ်ချရေး ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် စဉ်းစားသုံးသပ်နေကြကြောင်း လူ့အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖေါက်နေမှု၊ အစိုးရနဲ့သဘောထားကွဲသတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ် စက်ညှင်းပန်းနေမှု၊ လူနေထူထပ်တဲ့ဒေသတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်မှု၊ စတာတွေနဲ့ ဆီးရီးယားအစိုးရကို စွပ်စွဲထားတဲ့ ပြစ်တင်ရှုတ်ချရေး ဆုံး ဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးကနေ ချမှတ်ဖို့ရှိနေကြောင်းဒီဆုံးဖြတ်ချက်ထဲမှာ၊ အစိုးရရဲ့ပစ်ခတ်မှုဒဏ်ကို အပြင်းအထန် ခံနေရတဲ့ နေရာတွေမှာ၊ လူသားချင်းစာနာတဲ့ အကူအညီ ပေးရေးအဖွဲ့တွေက၊ စားနပ်ရိက္ခာ ဆေးဝါး လောင်စာဆီနဲ့ တခြားအရေးတကြီးလိုအပ်နေတာတွေ ကို သွားရောက်ပေးပို့ခွင့်ပြုဖို့ကိုလည်း၊ ဆီးရီးယားအစိုးရကို တိုက်တွန်းထားကြောင်း ဒီဆုံးဖြတ်ချက်မူကြမ်းကိုရေးဆွဲရာမှာ ပါဝင်ကူညီကြတဲ့ ကာတာ၊ ဆော်ဒီ အာရေးဘီးယား၊ ကူဝိတ်နဲ့ တူရကီနိုင်ငံတွေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ခေါ်ယူပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း အဂါင်္နေ့မှာတော့ ဆီးရီးယားနိုင်ငံတ၀ှမ်း အစိုးရတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၄၁ဦး သေဆုံးခဲ့ကြောင်း နိုင်ငံအလယ်ပိုင်းက ဟယ်လာပါယ မြို့ကို အစိုးရရဲ့ ချေမှုန်းရေးတပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးရတဲ့ လူ အယောက် ၂၀ဟာလည်း အပါအ၀င်ဖြစ်ကြောင်း အစိုးရရဲ့ အထူးတပ်ဖြစ်တဲ့ တပ်မ ၄ကတော့ Homs မြို့ကို အမြောက်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေကြတယ်လို့လည်း ဆိုကြောင်း နောက်ထပ် ဆီးရီးယားသတင်းတပုဒ်မှာတော့ ဟုမ်းစ် (Homs) မြို့ ဘာဘာအမ်မရာ (Mama Amr) အရပ်က ဒဏ်ရာရသူတွေကို ကယ်ထုတ်ရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ မြို့တွင်းကို သွားရောက် ပို့ ဆောင်နိုင်ရေးတို့အတွက်၊  ICRC ဟာ သမ္မတ ဘာရှာအယ်လ်အာဆဒ် (Bashar al-Assad) ရဲ့ အစိုးရတပ်တွေနဲ့ရော အတိုက်အခံတပ်ဖွဲ့တွေနဲ့ပါ ဆွေးနွေးညှိနှိုင်းနေကြောင်း ဆီးရီးယားနိုင်ငံ ဟုမ်းစ်(Homs) မြို့က ဘာဘာအမ်မရာ (Mama Amr) အရပ်မှာ ဒဏ်ရာရပြီး ပိတ်မိနေခဲ့တဲ့ ဗြိတိန်နိုင်ငံ က The Sunday Times သတင်းစာရဲ့ ဓါတ်ပုံသတင်းထောက် Paul Conroy ကို၊ အတိုက်အခံတွေရဲ့ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့ အကူအညီနဲ့ ဒီက နေ့ ကယ်ထုတ်နိုင်ခဲ့ပြီးတော့၊ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း နောက်ထပ် ဒဏ်ရာရနေတဲ့ ပြင်သစ်သတင်းထောက် မစ္စအီးဒစ်သ် ဘိုဗီယာ(Edith Bouvier)ရဲ့ သတင်း ကိုတော့ မရရှိရသေးကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ သတင်းစာရှင်းလင်းပွဲ ဆန္ဒပြသူ နှောင့်ယှက်

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ် (Robert Zoellick) ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတစ်ယောက် က ၀င်ရောက် နှောက်ယှက် ခဲ့ကြောင်း
ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုးလစ် (Robert Zoellick) ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတစ်ယောက် က ၀င်ရောက် နှောက်ယှက် ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ကမ်းလှမ်းတင်ပြထားတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကို မကျေမနပ်ဖြစ်နေတဲ့ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသူ ဒူဂျင်ဂေါင်း (Du Jianguo) အမည်ရှိ တရုတ်အမျိုးသားတစ်ဦးက မစ္စတာ ဇိုးလစ် စတင်စကားပြောချိန်မှာ ပရိဿတ် ထဲကနေ ခုန်ထွက် လာပြီး ဒေါသနဲ့ မကျေမနပ်အော်ဟစ်ပြောဆိုရင်း ကမ္ဘာ့ဘဏ်ရဲ့ တရုတ်နိုင်ငံအတွက် အစီအစဉ်တွေဟာ အဆိပ်အတောက်တွေဖြစ်တယ် လို့ ရေးသားထားတဲ့ လက်ကမ်းစာရွက်တွေကိုလည်း ဝေငှပေးခဲ့ကြောင်း
ကမ္ဘာ့ဘဏ်က တောင်းဆိုထားတဲ့ တရုတ်ရဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိက ပိုင်လုပ်ရေးဆိုတာဟာ ဒီလုပ်ငန်းတွေမှာ အနောက်နိုင်ငံကုမ္ပဏီကြီးတွေကို ကမ္ဘာ့ဘဏ်က ပါဝင်လာစေချင်လို့ဖြစ်ပြီးတော့၊ တရုတ်ကုမ္ပဏီတွေကို တရုတ် စီးပွားရေးနယ်ပယ်ကနေ ဖယ်ရှင်းထုတ်ရေးမှာ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေကို ကမ္ဘာ့ဘဏ်က ကူညီချင်လို့ ဖြစ်တယ်လို့ သူက စွပ်စွဲ ပြောဆိုခဲ့ကြောင်း သိရသည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment