မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၂၉ ရက်၊ ၂၀၁၂
၅၀၀၀ တန် ဖုန်းရရှိရေး လှုပ်ရှားသူများ အာဏာပိုင်များ ခေါ်သွား
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်ဘက်တွင် ၅၀၀၀ တန် ဖုန်းရရှိရေး စတစ်ကာများ ကပ်သူ ၁၁ ဦးကို အာဏာပိုင်များက ခေါ်ယူသွား ကြောင်း သိရသည်။ မည်သိနေရာသို့ ခေါ်သွားကြောင်းကိုမူ မသိရှိရသေးပေ။ ယင်း ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချအသုံးပြုနိုင်ရေး အတွက် ရွှေပြည်တံခွန်ကုမ္ပဏီက ကြိုးပမ်းနေပြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက လောလောဆယ် ဖြစ်နိုင်ခြေမရှိသေးကြောင်း သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ချင်းအမျိုးသားနေ့ ကျင်းပခွင့်မရသေး
မြန်မာပြည်တွင်း၌ လက်ရှိ ချင်းပြည်နယ်နေ့ အဖြစ်ကျင်းပနေရသည့် နှစ်စဉ် ဖေဖော်ဝါရီလ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အနေ နှင့် ကျင်းပခွင့်ပြုရန် ချင်းအမျိုးသားပါတီ(CNP)၏ အဆိုကို ပြည်နယ် လွှတ်တော်က ပယ်ချကြောင်း သိရသည်။ ချင်း ပြည် နယ် ဟားခါးမြို့တွင် ဖေဖော်ဝါရီ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသော လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ရေးရာ ကော်မတီ က လွှတ်တော်အတွင်း ဆွေးနွေးခွင့်မပေးဘဲ ပယ်ချခဲ့ကြောင်း CNP ပါတီ က ပြောကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ ဖွံ့ဖြိုးရေးလုပ်ငန်းများ ယာယီ ရပ်နား
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က လုပ်ကိုင်နေသော လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း အပါအ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များတွင် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်သည်ဟု ပြောဆိုထင်မြင် မခံရစေရန် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို လိုက်နာသောအားဖြင့် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ဆိုကြောင်း သိရသည်။
အာဏာပြလွန်းသည့် အထက်အရာရှိကို ရတနာပုံဝန်ထမ်းများ တိုင်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ၀န်ထမ်း ၈၄ ဦးက ဌာနအကြီးအကဲ တဦး၏ ရိုင်းပျစွာ ပြောဆိုဆက်ဆံမှုနှင့်အာဏာသုံး အလုပ်ရွှေ့ပြောင်း မှုများကို မကျေနပ်သည့် အတွက် ၀န်ကြီးဦးသိန်းထွန်း ထံသို့ ယမန်နေ့က စုပေါင်း လက်မှတ်ရေးထိုး တိုင်ကြား ထားကြောင်း သတင်းရရှိသည်။PDD ဌာနကြီးမှူး ဦးမျိုးညွန့်အောင်သည် ကာကွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး (ကက ဆက်) မှ ဒု ဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများက ဦးမျိုးညွန့်အောင်ကို အရေးယူပေးရန် လိုလားလျက်ရှိပြီး အရေးယူမှုမရှိလျှင် ၀န်ထမ်းများအနေဖြင့် လက်ရှိအလုပ်မှ နုတ်ထွက်မည်ဟု ညှိနှိုင်းထားကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီသည် မြန်မာဆက်သွယ်ရေးနှင့် Bagan Net ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရှိ အိုင်တီကုမ္ပဏီများကိုလည်း အစုရှယ်ယာများကို ထည့်ဝင်စေပြီး ဖွဲ့စည်းထားကြောင်း၊ လက်ရှိ ကုမ္ပဏီ ဥက္ကဋ္ဌမှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်းဖြစ်ကြောင်း သိရသည်။သမ္မတရုံး ဘတ်ဂျက်လျှော့ချရေး လွှတ်တော်၌ ဆွေးနွေးမည်
နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုမည့် ကျပ်ဘီလီယံ ၆၀၀ ကျော် ဘတ်ဂျက်ငွေ ကန့်သတ် လျှော့ချနိုင်ရေးနှင့် အစိုးရ အသုံးစရိတ်ဆိုင်ရာများကို ပြည်ထောင်စု လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။
သမ္မတ၏ အထူးဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် သုံးစွဲရန်လျာထားငွေသည် ကျပ် ၆၁၁ ဒသမ ၀၅ ဘီလီယံ တောင်းခံထားကြောင်း၊ သမ္မတရုံးသည် တခြားသော ၀န်ကြီးဌာနများအား ကြီးကြပ်သည့် နေရာသာ ဖြစ်၍ ငွေလုံး ငွေရင်း သုံးစွဲမှု လျှော့ချရေး တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်ရီ စက်ရုံ အလုပ်သမား သမဂ္ဂ ဖွဲ့
အလုပ်သမား အခွင့်အရေးကိုကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင်စည်းရုံး၍ စုစည်းခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ(တိုင်ရီ ဖိနပ်စက်ရုံ)ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။
ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆို ပယ်ချခံရ
သတင်းထောက် အလိုရှိသည်
ဧရာဝတီ သတင်းဌာန အတွက် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် အလုပ်လုပ်ရန် သတင်းထောက်များ အလိုရှိသည်။ အချိန်ပြည့် (Full Time)ခန့်ထားရန်ဖြစ်ပြီး စာနယ်ဇင်း အတွေ့အကြုံရှိသူကို ဦးစားပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းကို အချိန်နှင့် တပြေးညီ ရေးသားတင်ပြ နိုင်ရမည်။ ဆောင်းပါးများလည်း ရေးသားနိုင်သူ ဖြစ်ရမည်။ လူမှုဆက်ဆံရေး ပြေပြစ်ရမည်။ အလုပ်ကိစ္စနှင့် ပတ်သက်၍ အချိန်မရွေး ခရီးသွားလာနိုင်သူ ဖြစ်ရမည်။ လစာကောင်းကောင်းပေးမည်။စိတ်ဝင်စားသူများသည် ကိုယ်ရေး အချက်အလက်၊ ဆက်သွယ်ရမည့် လိပ်စာ (အီးမေးလ်၊ ဖုန်းနံပါတ် စသည်)၊ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံတို့နှင့် အတူ နမူနာသတင်း ၂ ပုဒ်ကို မန်နေဂျာ ကိုဝင်းသူ (winthu@irrawaddy.org) ထံသို့ ပေးပို့နိုင်သည်။
ရွေးချယ်ထားသူများကို ပြန်လည် ဆက်သွယ်ပါမည်။ လိုအပ်လျှင် လူတွေ့မေးမြန်းပါဖြစ်ကြောင်း သိရသည်။
မြစ်ဆုံ တန်ဖရဲရွာသားများကို မူရင်းရွာ ပြန်မနေဖို့ ဖိအားပေး
ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် မြစ်ဆုံ အနီး တန်ဖရဲ ရွာသားများအား စီမံကိန်း ရပ်ဆိုင်းလိုက်သော်လည်း နေရပ်ရွာသို့ ပြန်လည်နေထိုင်ခွင့် မပြုကြောင်း
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက တန်ဖရဲရွာသားများအား မိမိရွာသို့ ပြန်လည်
နေထိုင်ခြင်း မပြုတော့ရန် အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး နောက်တနေ့တွင် ဝန်ခံလက်မှတ် ထိုးခိုင်းကြောင်း ဒေသခံတဦး က ပြောကြောင်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က တန်ဖရဲရွာတွင် မြစ်ဆုံ ဆုတောင်းပွဲကျင်းပခဲ့ပြီး ဒေသခံများအပြင် စာရေးဆရာများ၊ ပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြကြောင်း ထိုဆုတောင်းပွဲမှ စီမံကိန်း ရပ်တန့်သည့်အပေါ် ကျေးဇူးတင်ကြောင်းနှင့် စီမံကိန်း လုံးဝရပ်ဆိုင်းသွားရန် ဆက်လက်ကြိုးပမ်းကြမည်ဟု တက်ရောက်သူများက ပြောဆိုခဲ့ကြကြောင်း
ထို့နောက်တရက်တွင် ဤကဲ့သို့ ဝန်ခံကတိတောင်းသည့် လုပ်ရပ်များကို အာဏာပိုင်ဘက်မှ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းက သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် စီမံကိန်းအား ရပ်တန့်စေလိုက်ပြီးနောက် တန်ဖရဲရွာသားများက မိမိတို့နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။ မူလ တန်ဖရဲရွာတွင် အိမ်ခြေပေါင်း ၁၈၇ အိမ်ရှိပြီး လူဦးရေ ၁၁ဝဝ နီးပါး ရှိကာ မြစ်ကြီးနား အထက် ၂၆ မိုင်အကွာ တွင် တည်ရှိသည်။ ကျေးရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးသည့် လုပ်ငန်းများ၊ အပန်းဖြေ လာရောက် သူ ခရီးသွားများကို ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် တန်ဖရဲရွာအစွန်တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း
၂ဝ၁ဝ ခုနစ်မှစ၍ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့လိုက်ရသည့် ရွာများကို စုပေါင်းပြီး အောင်မြင်သာ ကျေးရွာသစ် ကို မူလနေထိုင်သည့် ရွာများမှ ၁ဝ မိုင်ကျော်ဝေးသည့် နေရာတွင် တည်ပေးခဲ့သည်။
အောင်မြင်သာကျေးရွာသစ်သို့ မပြောင်းရွှေ့ဘဲ တန်ဖရဲ၌ ချန်ရစ်နေထိုင်ခဲ့သည့် အိမ်ထောင်စု ၄ စုရှိသည်။ အိမ်အများစုမှာ သော့ခတ်ထားကာ လူမနေကြောင်း မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများ က တည်ပေးသည့် ၎င်းရွာသစ်မှာ တောင်ယာလယ်လုပ် စိုက်ပျိုး စားသောက် မရသည့် မြေရိုင်းဖြစ်ပြီး အောက်ခံမြေမှာ ကျောက်ဖြုန်းလွှာ ဖြစ်ကြောင်း နေအိမ်အသစ်များကိုလည်း တောသစ်အစိမ်းများကို ဖြတ်တောက် ဆောက်လုပ်ပေးထားအတွက် လက်ရှိတွင် ပျဉ်ချောင်းများမှာ ကောက်ကွေးနေကြောင်း
အောင်မြင်သာကျေးရွာ၏ အောက်ဘက်တွင် မြစ်ဆုံစီမံကိန်းမှ တရုတ်လုပ်သားများ ယခုချိန်ထိ ဆက်လက် နေထိုင်ဆဲဖြစ်ပြီး အေးရှားဝေါကုမ္မဏီမှ ဝန်ထမ်းများလည်း ယခင်အတိုင်း ဆက်လက်နေထိုင်ဆဲဖြစ်ကြောင်း
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍ “မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့် ဖြစ်သည်”ဟု တရုတ်ပြည် အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကို အား ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပီကင်းမြို့၎င်း တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း
မစ္စတာဝူဘန်ကို ကလည်း အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများ ကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု ဦးရွှေမန်းအား ပြန်လည် သတိပေး ပြောဆိုခဲ့်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက တန်ဖရဲရွာသားများအား မိမိရွာသို့ ပြန်လည်
နေထိုင်ခြင်း မပြုတော့ရန် အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး နောက်တနေ့တွင် ဝန်ခံလက်မှတ် ထိုးခိုင်းကြောင်း ဒေသခံတဦး က ပြောကြောင်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က တန်ဖရဲရွာတွင် မြစ်ဆုံ ဆုတောင်းပွဲကျင်းပခဲ့ပြီး ဒေသခံများအပြင် စာရေးဆရာများ၊ ပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြကြောင်း ထိုဆုတောင်းပွဲမှ စီမံကိန်း ရပ်တန့်သည့်အပေါ် ကျေးဇူးတင်ကြောင်းနှင့် စီမံကိန်း လုံးဝရပ်ဆိုင်းသွားရန် ဆက်လက်ကြိုးပမ်းကြမည်ဟု တက်ရောက်သူများက ပြောဆိုခဲ့ကြကြောင်း
ထို့နောက်တရက်တွင် ဤကဲ့သို့ ဝန်ခံကတိတောင်းသည့် လုပ်ရပ်များကို အာဏာပိုင်ဘက်မှ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းက သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် စီမံကိန်းအား ရပ်တန့်စေလိုက်ပြီးနောက် တန်ဖရဲရွာသားများက မိမိတို့နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။ မူလ တန်ဖရဲရွာတွင် အိမ်ခြေပေါင်း ၁၈၇ အိမ်ရှိပြီး လူဦးရေ ၁၁ဝဝ နီးပါး ရှိကာ မြစ်ကြီးနား အထက် ၂၆ မိုင်အကွာ တွင် တည်ရှိသည်။ ကျေးရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးသည့် လုပ်ငန်းများ၊ အပန်းဖြေ လာရောက် သူ ခရီးသွားများကို ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် တန်ဖရဲရွာအစွန်တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း
၂ဝ၁ဝ ခုနစ်မှစ၍ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့လိုက်ရသည့် ရွာများကို စုပေါင်းပြီး အောင်မြင်သာ ကျေးရွာသစ် ကို မူလနေထိုင်သည့် ရွာများမှ ၁ဝ မိုင်ကျော်ဝေးသည့် နေရာတွင် တည်ပေးခဲ့သည်။
အောင်မြင်သာကျေးရွာသစ်သို့ မပြောင်းရွှေ့ဘဲ တန်ဖရဲ၌ ချန်ရစ်နေထိုင်ခဲ့သည့် အိမ်ထောင်စု ၄ စုရှိသည်။ အိမ်အများစုမှာ သော့ခတ်ထားကာ လူမနေကြောင်း မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများ က တည်ပေးသည့် ၎င်းရွာသစ်မှာ တောင်ယာလယ်လုပ် စိုက်ပျိုး စားသောက် မရသည့် မြေရိုင်းဖြစ်ပြီး အောက်ခံမြေမှာ ကျောက်ဖြုန်းလွှာ ဖြစ်ကြောင်း နေအိမ်အသစ်များကိုလည်း တောသစ်အစိမ်းများကို ဖြတ်တောက် ဆောက်လုပ်ပေးထားအတွက် လက်ရှိတွင် ပျဉ်ချောင်းများမှာ ကောက်ကွေးနေကြောင်း
အောင်မြင်သာကျေးရွာ၏ အောက်ဘက်တွင် မြစ်ဆုံစီမံကိန်းမှ တရုတ်လုပ်သားများ ယခုချိန်ထိ ဆက်လက် နေထိုင်ဆဲဖြစ်ပြီး အေးရှားဝေါကုမ္မဏီမှ ဝန်ထမ်းများလည်း ယခင်အတိုင်း ဆက်လက်နေထိုင်ဆဲဖြစ်ကြောင်း
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍ “မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့် ဖြစ်သည်”ဟု တရုတ်ပြည် အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကို အား ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပီကင်းမြို့၎င်း တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း
မစ္စတာဝူဘန်ကို ကလည်း အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများ ကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု ဦးရွှေမန်းအား ပြန်လည် သတိပေး ပြောဆိုခဲ့်ကြောင်း သိရသည်။
ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး
ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း
NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ စည်းရုံးဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း
ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောကြောင်းပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက်ရိုတ်ကူးရမည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက်ဟောပြောရမည် ဖြစ်ကြောင်း အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ လူထုပရိသတ်လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရကြောင်း
ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်
ဥရောပ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါကြောင်း ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ အဖွဲ့ဝင်(၁၁)ဦးပါ၊ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ၊ မနက်ဖန် ဗုဒ္ဓဟူးနေ့ ဖေဖေါ်ဝါရီ (၂၉) ရက်မှာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီးတော့၊ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဥရောပပါလီမန်အဖွဲ့ရဲ့တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတာလည်း ဖြစ်ကြောင်း
အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျာမန်ခရစ်ယန်ဒီမိုကရက်ပါတီရဲ့ ဥရောပပါလီမန်အမတ် ဒေါက်တာ ၀ါနာလယ်န်ဂင် (Dr. Waener langen) ကိုယ်တိုင် ခေါင်းဆောင်လာတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တခြားသော မြန်မာ့ နိုင်ငံရေးအတိုက်အခံတွေ၊ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း ဒီအဖွဲ့ဟာ ရန်ကုန်မြို့အနီးက ဥရောပ သမဂ္ဂရဲ့ အကူအညီနဲ့လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ရပ်ကိုလည်း သွားရောက်ကြည့်ရှုကြမှာဖြစ်ပြီးတော့၊ မတ်လ (၁)ရက်နေ့ ညနေမှာတော့ ရန်ကုန်မြို့က Chatrium Hotel မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့လည်း၊ ဘန်ကောက်မြို့ ဥရောပသမဂ္ဂရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထားကြောင်း
ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံက မကြာသေးခင်က စတင်ပေါ်ပေါက်လာခဲ့တဲ့ အပြုသဘောဆောင်ဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုဆိုလိုက်ပြီးတော့၊ ဥရောပပါလီမန်က ချီးမြှင့်တဲ့ Sakharov ဆုကို ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့၊ ဥရောပပါလီမန်မှာ လာရောက် မိန့်ခွန်းပြောကြားပေးဖို့၊ ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဒေါက်တာမာတင်ရှုလ်ဇ် Dr Martin Schulz ရဲ့ဖိတ်ကြားလွှာကိုလည်း၊ အခုလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ၀ါနာ လယ်န်ဂင်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာ ဖြစ်တယ်လို့လည်း၊ ဥရောပပါလီမန်သတင်းမှာ ဖေါ်ပြထားကြောင်းသိရသည်။
ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်
ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောကြောင်း ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်ကြောင်း
ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေကြောင်း EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့ကြောင်း
သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေကြောင်း EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့ကြောင်း
သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဘူးဆိုပြီး အတိုင်ကြားထားတာကို တိုင်းဒေသကြီးကော်မရှင်ရုံးက ဒီကနေ့ အမိန့်ချပြီး ပယ်ချခဲ့တာလည်းဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိဘူး ဆိုပြီး တိုင်းဒေသကြီးကော်မရှင်ရုံးကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက အယူခံ ၀င် ကန့်ကွက်ထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့နေ့လယ်မှုာ တိုင်းဒေသကြီးကော်မရှင်ရုံးက ပယ်ချခဲ့တာဖြစ်ကြောင်း သိရသည်။
ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် မြန်မာနိုင်ငံကို ကူစေလို
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးအဆင့်မှာ ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် အကူအညီတွေ ပိုမိုပေးဖို့ လိုအပ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (INCB)ရဲ့ ၂၀၁၁ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားကြောင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ် ဆေးဝါးနှိမ်နင်းရေး အေဂျင်စီရုံးမှာ ဒီကနေ့မနက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် Mr. Gary Lewis က “မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ ဒေသတွင်းမှာ သိသာထင်ရှားတဲ့ ပမာဏဖြစ်တဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးအဖြစ် ဆက်လက်ရှိနေတဲ့ နှစ်နိုင်ငံဖြစ်ကြောင်း ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးး ထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကို ဦးတည် ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို ဆက်လက်စိုက်ပျိုးနေပါကြောင်း
ကမ္ဘာ့ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)နဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ (INCB)ရဲ့ အစီရင်ခံစာမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ လေးနှစ်တာ ကာလအတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဆက်လက် တိုးပွားလာနေတယ်လို့ ဖော်ပြထားကြောင်း
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ၂၀၀၉ ခုနှစ်မှာ တန် ၃၃၀ ရှိရာကနေ ၂၀၁၀ မှာ တန် ၅၈၀ အထိ တိုးမြင့်ရတာဟာ ဘိန်းစိုက်ပျိုးရာ အစွန်အဖျား ကျေးလက်ဒေသတွေမှာ စားဝတ်နေရေး ဖူလုံမှုမရှိတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါကြောင်း ဒါ့အပြင် မြန်မာနိုင်ငံဟာ မက်သာဖတ်တမင်း ဆေးပြား အများအပြား ထွက်ရှိရာဖြစ်ပြီး အဓိကအားဖြင့် တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ လာအို လေးနိုင်ငံထိစပ်ရာ နယ်စပ်ဒေသတွေမှာ အများဆုံးဖြစ်တယ်လို့လည်း ဖော်ပြထားကြောင်း ဒါပေမယ့် မြန်မာအစိုးရဟာ ဧက၂၁၀၀၀ ရှိတဲ့ ဘိန်းစိုက်ပျိုး ဧရိယာတွေနဲ့ ဖမ်းဆီးရမီတဲ့ မူးယစ်ဆေ၀ါးတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း Mr gary ကဆိုကြောင်း INCB အဖွဲ့ကြီးရဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တဦးဖြစ်တဲ့ Dr Virooj Sumyai ဗီရော့ ဆူမြိုင်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြောင်းလဲ တိုးတက်မှုတချို့ ရှိလာတဲ့အတွက် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မြန်မာကို ပိုမိုကူညီဖို့ လိုတယ်လို့ ဆိုကြောင်း
“ကျွန်တော်တို့ အနေနဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို တောင်းဆိုလိုတာကတော့ ဒီဘိန်းစိုက်ပျိုးမှု ပြဿနာကို ဖြေရှင်းဖို့ မြန်မာပြည်ကို ပိုမို ကူညီပေးစေလိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လိုအပ်တဲ့ အရင်းအမြစ်တွေ မဲ့နေလို့ပါ” လို့ INCB အဖွဲ့ကြီးရဲ့ ဗဟို ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Dr Virooj Sumyai ပြောဆိုသွားပါကြောင်း သိရသည်။
ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က အချက်လေးချက်ပါတဲ့ “မြစ်ကြီးနား ပဲ့တင်သံ” ကြေညာချက် ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း
နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်အောင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ လိုအပ်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောကြောင်း
မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးအကြီးအကဲ ခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အသင်းအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေကို တွေ့ဆုံအပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ကြောင်း
စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကိုလည်း ဒီကြေညာချက်မှာ တောင်းဆိုထားကြောင်း
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိခဲ့ကြောင်း ၂၄ ရက်မှာ မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံ စီမံကိန်းတည်ရှိရာ တန်ဖရဲကျေးရွာမှာ ကျင်းပတဲ့ မြစ်ဆုံကျေးဇူး ပဲ့တင်သံဆိုတဲ့ပွဲကို တက်ရောက်ခဲ့ကြပြီးနောက် ကိုမင်းကိုနိုင်နဲ့ တချို့ မန္တလေးမြို့ကို ထွက်ခွာသွားကြောင်း သိရသည်။
ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို
တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက ပြောသည်။
“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။
ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။
ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊ ထို့ကြောင့် တိုင်ကြားစာတွင် တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။ ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။
“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့်ရက်မှန်ကြေးအားတစ်လလျှင်၆၀၀၀ကျပ်မှ၈၀၀၀ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။ တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း ၁၈၆၂ ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။
ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။ ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင် ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။
ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။ ၀ါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။
ကချင်စစ်ဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းမည်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးစီး၍ ကချင်စစ်ဘေးဒဏ်သင့်ပြည်သူများအတွက် ရံပုံငွေဈေးရောင်းပွဲ ရောင်းချလျက်ရှိသည်။ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ် သွေးဆေးကန်အနီး အဖြူရောင်တွဲလက်များ ရံပုံငွေဆိုင်တွင် တစ်ထည်လျှင် ၂၅၀၀ ကျပ်ဖြင့် ဗကသ အင်္ကျီများ ၀ယ်ယူနိုင်သည်။ ကချင် ထမီ၊ ပုဆိုးနှင့် သော့ချိတ်၊ ဖုန်းချိတ်များလည်း ရရှိနိုင်ပါသည်။ စာအုပ်မျိုးစုံကို တိုက်ဈေးအတိုင်း ရောင်းချပေးလျက်ရှိသည်။ ပစ္စည်းလည်းရ ကုသိုလ်လည်းယူရင်း ၀ယ်ယူနိုင်ပါသည်။ ရရှိသမျှ အကျိုးအမြတ်များကို ကချင်စစ်ဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။
သမိုင်းဝင် NLD အလံ ပုံမပျက်စေချင်
တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို အရေးတကြီး စောင့်ကြည့်၊ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနေချိန်မှာ ဒီပန်းချီ ဆရာကလည်း တမှောင့်လို့ ပြောလာရင်လည်းခံရမှာပါ။ ဒါပေမယ့် မပြောလို့ကလည်း မဖြစ်တော့ ပြောစရာရှိတာလေး ပြောပါရစေ။ ပြောချိန်လည်း တန်နေလို့ပါ။ တခြားတော့ မဟုတ်ပါဘူး။ NLD အလံဒီဇိုင်းကိစ္စပါ။
အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက် နဝတက အာဏာသိမ်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်လို့ ကြေညာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတယ်။ ကျနော်တို့က အရေးတော်ပုံကာလအတွင်း “စာပေနဲ့အနုပညာရှင်များ” ဆိုင်းဘုတ်အောက်မှာ လက်တွဲခဲ့တဲ့ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဦးသော်က၊ ဦးအောင်လွင်တို့နဲ့အတူတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ဦးဆောင်တဲ့ NLD ကို ဝန်းရံခဲ့ကြတယ်။
အဲဒီကာလမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကိုပဲ အာရုံစူးစိုက်နေကြချိန်ဆိုတော့ အဓိကအတိုက်အခံ အင်အားကြီးဖြစ်တဲ့ NLD မှာပဲ အနုပညာသမား တော်တော်များများ စုရုံးခဲ့ကြတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ကိုယ်လုပ်နိုင်တာမှန်သမျှနဲ့ ဖြည့်ဆည်းပေးခဲ့ကြတယ်။ ကျနော်တို့လို ထဲထဲဝင်ဝင် လုပ်နေသူတွေရှိသလို မလှမ်းမကမ်းကနေ လိုအပ်တာကို ပံ့ပိုးပေးကြတဲ့ အနုပညာသမားတွေလည်း ရှိခဲ့ကြတယ်။
မိတ်ဆွေကြီး ကဗျာဆရာ ကိုအောင်ဝေးက “အရေးတော်ပုံ ရင်ခုန်သူများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၈၈ နောက်ကြောင်းပြန် မှတ်တမ်းသဘောမျိုးလေး မိုးမခမှာ အခန်းဆက်ရေးတော့ ကျနော့်အကြောင်း တစွန်းတစ ထည့်ရေးပါတယ်။ အဲဒီအတွက် ကိုအောင်ဝေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြဿနာက NLD အလံကို ကျနော် (ပန်းချီမျိုးမြင့်) ရေးဆွဲခဲ့တာပါလို့ မှတ်တမ်းပြုထားတာပါပဲ။ ကျနော် ကိုအောင်ဝေးဆီ ချက်ချင်းစာရေးပါတယ်။ NLD အလံကို ရေးဆွဲခဲ့သူဟာ ကျနော် မဟုတ်ကြောင်း၊ ပန်းချီကိုမောင်မောင်သိုက်ဖြစ်ကြာင်း၊ နောက်ပိုင်းလူငယ်တွေ အမှတ်မမှားအောင်နဲ့ သမိုင်းအမှန်ဖြစ်အောင် ပြန်ပြင်သင့်ကြောင်း ကျနော်ပြောပါတယ်။
ဒါပေမယ့် ခက်နေတာက အဲဒီအချိန် ပြည်တွင်းမှာကလည်း အဖမ်းအဆီးတွေ ခပ်ကြမ်းကြမ်း ဖြစ်နေချိန်ဆိုတော့ ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြောဖို့ သူရောကျနော်ရော လက်တွန့်နေခဲ့ကြတယ်။ ကျနော်တို့ရဲ့ မဆင်ခြင်မှုကြောင့် ကိုမောင်မောင်သိုက် ဒုက္ခမရောက်စေချင်ဘူးလေ။ အနိမ့်ဆုံးအဆင့် သူ့ရဲ့အနုပညာလုပ်ကိုင်ခွင့်လေး ပိတ်ပင်သွားရင်တောင် ကျနော်တို့ တသက်လုံး စိတ်မကောင်းဖြစ်ကြရမှာ။ အခုတော့ ကိုမောင်မောင်သိုက်ခမျာလည်း ဆုံးပါးရှာပါပြီ။
အမှန်တော့ ကိုအောင်ဝေးကလည်း သေသေချာချာမသိဘဲ ရမ်းတုပ်လိုက်တာတော့ မဟုတ်ပါဘူး။ သူရောထွေးပြီး အမှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ မှားချင်စရာကလည်း ဖြစ်ခဲ့တာကိုး။ ဖြစ်ပုံက ၂၀၀၇ ဝန်းကျင်မှာ NLD အလံကို ကျနော်ပြန်လည်ကူးယူ ရေးဆွဲခဲ့ပါတယ်။
ပန်းချီကိုမောင်မောင်သိုက်ဟာ ကျနော့်ရဲ့ အစ်ကိုဆရာပါ။ အစ်ကိုလိုရင်းနှီးသလို ဆရာလိုလည်း ကျေးဇူးရှိသူပါ။ ဒီလိုပဲ NLD ဟာလည်း အခုထက်ထိ ကျနော်သံယောဇဉ်ရှိနေဆဲ ပါတီပါ။ စပြီး တည်ထောင်စဉ်ကတည်းက တထောင့်တနေရာကနေ မထင်မရှား ပါဝင်ခဲ့ရလို့ပါ။ အဲဒီအတွက်ကြောင့် ကိုမောင်မောင်သိုက် ရေးဆွဲပေးခဲ့တဲ့ NLD အလံကို ကျနော် သိပ်ကိုတန်ဖိုးထားခဲ့ပါတယ်။
ကျနော်တို့က ဘယ်လိုပဲ တန်ဖိုးထားထား နှစ်တွေကြာလာတော့ NLD အလံဟာ တဖြည်းဖြည်း ပုံပျက်လာပါတယ်။ အဆင့်ဆင့် ပြန်ကူးပြန်ဆွဲ လုပ်ကြရတော့ မူရင်းနဲ့ မတူတော့ဘဲ အချိုးအစားမကျ ဖြစ်လာပါတယ်။ နောက်ခံအနီရောင်မှာ ကြယ်ဖြူရယ် အဝါရောင်ခွပ်ဒေါင်းရယ် ပါတာမှန်ပေမယ့် ကြယ်ဖြုက အရွယ်ကြီးနေတာ၊ ဒါမှမဟုတ် သေးနေတာမျိုး၊ ခွပ်ဒေါင်းက အချိုးအဆက် မမှန်တာမျိုး၊ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ နီးတဲ့အခါနီး၊ ဝေးတဲ့အခါဝေး အမျိုးစုံ တွေ့လာရတယ်။
ရင်ထဲမကောင်းပေမယ့် ကိုယ်သိသလောက် ကိုယ်တတ်သလောက်လေးနဲ့ ကူးယူရေးဆွဲခဲ့တဲ့လူတွေကိုလည်း အပြစ်မတင်ရက်ဘူး။ အဲဒီမှာ ကျနော် မူရင်းအချိုးအစားအတိုင်း ပြန်ရေးဆွဲဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။ မူရင်းလည်း ပျောက်ပျက်မသွားအောင်၊ အလံကို အသုံးပြုဖော်ပြတဲ့အခါတိုင်းမှာလည်း စံတမျိုးတည်း (Standardise) ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်တာပါ။ ကိုမောင်မောင်သိုက် ရေးဆွဲစဉ် ၁၉၈၈-၈၉ အချိန်က ကွန်ပျူတာ မရှိသေးပါဘူး။ စက္ကူပေါ်မှာ လက်နဲ့ပဲရေးဆွဲခဲ့တာပါ။ ကျနော့်ကျတော့ ကွန်ပျူတာခေတ် အိုင်တီခေတ်နဲ့လည်း လျော်ညီအောင်၊ အလွယ်တကူလည်း ဖြန့်ဝေပေးလို့ရအောင်၊ အကြီးချဲ့ အသေးချုံ့ လုပ်ချင်သလို လုပ်လို့ရအောင်၊ ဒစ်ဂျစ်တယ်ပုံရိပ် (Digitize) အဖြစ် လုပ်ရမှာပါ။
ကိုထွန်းမြတ်ဦး (ပန်းသီး) အကူအညီနဲ့ ဦးမိုးသူ(ဘကြီးမိုး) ကို ဆက်သွယ်ပြီး ပုံနှိပ်ထားတဲ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းအလံဒီဇိုင်းကို ပြည်တွင်းကနေ ရအောင်မှာယူခဲ့ပါတယ်။ ရလာတော့ Scan လုပ်၊ Computer ထဲမှာ Vector image ရအောင် Adobe Illustrator Software ကိုအသုံးပြုပြီး အတိအကျ Trace လုပ်ယူပါတယ်။ အဲဒီလိုလုပ်လိုက်တော့ ပုံကြီးပဲချဲ့ချဲ့ ပုံသေးပဲချုံ့ချုံ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းဒီဇိုင်း အချိုးအစားအတိုင်း အတိအကျ ထွက်ပါတယ်။ မမှားနိုင်တော့ပါဘူး။ တကယ်တော့ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ လိုအပ်မယ်ထင်လို့ ကျနော့်ဖာသာ လုပ်လိုက်တာပါ။ ကျနော့်လုပ်ရပ်ဟာ နငယ်ကို အမြီးတပ်တဲ့၊ အရေးမပါတဲ့အလုပ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တန်ဖိုးထားတဲ့ NLD အလံကို အခုလို Standardise လုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ဖာသာကိုယ်တော့ ကျေနပ်ပါတယ်။
ပြောစရာတခုရှိလာတာက ကျနော့်ဆီမှာ မူရင်းအတိုင်း ဒစ်ဂျစ်တယ်ပုံရိပ်အဖြစ် ပြန်ဆွဲထားတာ ရှိနေတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိကြတာပါပဲ။ သိတဲ့လူတချို့ရှိပေမယ့် သိပ်နည်းပါတယ်။ မဏ္ဍပ်တိုင်တက်ရမှာကို အလကားနေရင်း စိုးရွံ့နေတတ်တဲ့ ကျနော့်အကျင့် အားနည်းချက်ကြောင့်လည်း ပါပါတယ်။ တဖက်ကလည်း ဒီလိုနဲ့ကြာလာရင် သမိုင်းဝင် မူရင်းအလံ ပျောက်ပျက်သွားမှာကိုလည်း စိုးမိပါတယ်။ ဒါကြောင့် အခုလို အများပြည်သူကို မီဒီယာကနေ အသိပေးရခြင်းပါ။
ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ခါတိုင်းဖော်ပြနေကျ မူရင်းမဟုတ်တဲ့ NLD အလံကို မူရင်းအတိုင်း ကူးယူရေးဆွဲထားတဲ့အလံနဲ့ အစားထိုးအသုံးပြုပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။
NLD ရုံးချုပ်နဲ့ ရုံးခွဲများအနေနဲ့လည်း စာရွက်စာတမ်း၊ စာအိတ်၊ ရင်ထိုးမှအစ ဆိုင်းဘုတ်အလယ် အခမ်းအနား နောက်ခံတွေမှာသုံးတဲ့ အလံအဆုံး တညီတညွတ်တည်း တပုံစံတည်း အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုအချိန်က ရံပုံငွေအတွက် ပြက္ခဒိန်၊ ပိုစတာ၊ ပို့စကတ်၊ တီရှပ်၊ ဦးထုပ်တွေ မှိုလိုပေါက်အောင် ထုတ်လုပ် ရောင်းချနေချိန်ဆိုတော့ NLD က တာဝန်ရှိပုဂ္ဂိုလ်များကလည်း အလံအမှန်ဖြစ်အောင် ထိန်းကွပ်ပေးကြစေချင်ပါတယ်။
jpeg, tiff, png, ai, psd စသဖြင့် အလိုရှိရာ Format ကို ကျနော့်ဆီ (artistmyomyint@gmail.com) စာရေးမှာကြား တောင်းဆိုနိုင်ပါတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပို့ပေးပါမယ်။ ရလာရင်လည်း တခြားလိုအပ်တဲ့သူတွေဆီကို လက်ဆင့်ကမ်းပြီး ဖြန့်ပေးကြပါ။ အလံပိုင်ရှင် NLD ကို လေးစားတဲ့အနေနဲ့၊ ဖန်တီးရေးဆွဲပေးခဲ့တဲ့ (ကွယ်လွန်သူ) ပန်းချီကိုမောင်မောင်သိုက်ကို တန်ဖိုးထားတဲ့အနေနဲ့၊ မူရင်းအလံဒီဇိုင်းကိုပဲ မူရင်းမပျက် အသုံးပြုပေးကြပါခင်ဗျား။
သမိုင်းကို ရေးသူတွေက ရေးသွားကြပါပြီ။ တချို့လည်း ရေးနေကြဆဲပါ။ အဲဒီသမိုင်းတွေ မမှားမယွင်း မပျောက်မပျက်အောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြရပါမယ်။ ဒါကိုလဲ “သမိုင်း” လို့ဆိုရင် ရကောင်းလေမလား။
၈၈ မျိုးဆက်ကျောင်းသားများ မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း
28.2.2012 (Tuesday) ၂၈.၂.၂၀၁၂ နံနက် ၉ နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုမင်းဇေယျာ၊ ကိုအောင်သူ၊ ကိုအောင်နိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မသက်သက်အောင် အစရှိသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်သို့ရောက်ရှိပြီး မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးအားရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အလှူရှင် ကိုမြဇော်၏ အလှူငွေ ကျပ် (၈)သောင်းအား လက်ခံခြင်း၊ လက်ခံထားသည့် အလှူငွေ (၈)သောင်းကျပ်အား မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ဝင်းအတွင်းစိုက်ပျိုးခါစ သစ်ပင်များ ရှင်သန်စေရန် ရေရရှိရေးအတွက် ပြန်လည်လှူဒါန်းခြင်း၊ ဗိမာန်ဝင်းအတွင်း သစ်ပင်စိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၄င်းနောက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။ ညိုကြီး
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment