မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်းများ ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ၂၀၁၂
 
ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရခြင်းနှင့် ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး... (သတင်း) 

ရွှေညဝါဆရာတော်အား တိုင်းသံဃနာယကမှ ကျောင်းတိုက်မှ အတင်းအကြပ်ဖယ်ရှားရန် လက်မှတ် ရေးထိုးစဉ်က သွားရောက် အားပေးခဲ့တဲ့ အရှင်ဂမ္ဘီရအား တွေ့ရစဉ် (ဓာတ်ပုံ ဒီမိုဝေယံ) ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရ ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့ မနက်(၂)နာရီက ရဲအထူးသတင်း တပ်ဖွဲ့မှ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ လယ်တီဝိပဿနာ ကျောင်းတိုက်မှ လာရောက်ခေါ်ယူ သွားကြောင်း သိရှိရပါတယ်...။ မနေ့က အရှင်ဂမ္ဘီရအား ခေတ္တတွေ့ဆုံခွင့်ရခဲ့တဲ့ သူတစ်ဦးမှ ပြောဆိုရာမှာတော့ မဂ္ဂင်ကျောင်းတိုက်အား ပြန်လည်ဖွင့်လှစ် သီတင်းသုံးနေထိုင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက မနေ့က ခေါ်ယူထားကြောင်း ယင်းအတွက် လာရောက် ခေါ်ဆောင်မည့် သူအား စောင့်မျှော်နေသော်လည်း ၎င်းသွားရောက် တွေ့ဆုံသည့် အချိန်အထိ လာရောက် ခေါ်ဆောင်ခြင်း မရှိသည့်အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်...။ ထို့အတွက်ကြောင့် မဟနရဲ့ သြဝါဒပေးမယ့်ပွဲ ပျက်သွားတာ ဖြစ်နိုင်ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ တဦးမှဆိုပါတယ်..။ ယခုလာရောက် ခေါ်ဆောင်သွားမှုဟာ အထက်ပါ ကိစ္စနဲ့ ပတ်သက်နေခြင်း ရှိမရှိကိုတော့ သိရှိရခြင်း မရှိသေးပါဘူး...။ ပြီးခဲ့ ဇန္နဝါရီလ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး လွတ်မြောက်လာတဲ့ သံဃာတော်များဟာ ပြန်လည်လွတ်မြောက် လာချိန်မှာ သီတင်းသုံးနေထိုင်ဖို့ ကျောင်းတိုက်များ မရှိတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်..။ ထို့အတွက်ကြောင့် ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း အာဏာပိုင်များ မတရားဝင်ရောက် ဖျက်ဆီးချိတ်ပိတ်ခံထားရတဲ့ မိမိတို့ကိုယ်ပိုင် ကျောင်းများအား ပြန်လည်ဖွင့်လှစ် ဝင်ရောက်သီတင်းသုံး နေထိုင်ကြရပါတယ်...။ ထိုကဲ့သို့ ဖျက်ဆီးဝင်ရောက်စဉ်က မည်သည့် တရားဥပဒေ အကြောင်းပြချက်များ မပါရှိပဲ မတရား စီးနင်းဝင်ရောက် ချိတ်ပိတ်ခဲ့ပြီး သံဃာတော်များ ပြန်လည်ဝင်ရောက် သီတင်းသုံးချိန်မှာတော့ ဥပဒေနဲ့အညီဆိုတဲ့ စကားကို အသုံးပြုကာ ပြန်လည်ချိတ်ပိတ်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့လက ပြန်လည် လွတ်မြောက်လာတဲ့ ရွှေဝါရောင်ဦးဆောင် သံဃာဆရာတော် ဦးဂမ္ဘီရဟာ သီတင်းသုံးနေထိုင်ရန် ကျောင်းတိုက်အခက်အခဲ၊ အခြားသောအခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် ဆရာတော်အား လေးစားကြည်ညိုကြတဲ့ ဂျပန်နိုင်ငံရောက် စေတနာရှင်များမှ မနေ့က နဝကမ္မ ဝတ္ထုငွေသုံးသိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်..။ ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး... ရွှေည၀ါဆရာတော် တရားဟောခွင့် ပိတ်ပင်တာ (၁)နှစ် ပြည့်ပြီဖြစ်သော်လည်း တရားဟောခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်.. "မနေ့က တာချီလိတ်က တပည့်တစ်ယောက် ဖုန်းဆက်ပြောတယ် ဘုန်းဘုန်းတရားဟောမယ်ဆိုတာကို တာချီလိတ် သာသနာရေးဝန်ကြီးက လက်မခံဘူးတဲ့ ...တရားဟောခွင့် ပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့တဲ့ အဲဒါကြောင့် ခွင့်ပြုမိန့်လိုတယ်ဆိုပြီး လှမ်းတောင်းတယ်.. ဒါပေမဲ့ .. ဖေဖော်ဝါရီ ၁၀ရက်နေ့ ဆို တရာဟောခွင့် တစ်နှစ်ပိတ်တာ ပြည့်ပြီ ၊ ဒါပေမဲ့ ပိတ်ရက်ပြည့်ပြီဆိုရင် နောက်ရက် ဟောပြောခွင့် အတွက်ဆို ဘယ်သူ့ ဆီမှ ခွင့်ပြုချက် တောင်းစရာမလိုဘူး" ဟု ရွှေည၀ါဆရာတော် အရှင်ပညာသီဟမှ မိန့်ပါတယ်.... ဆက်လက်ပြီး ဆရာတော်က .... " နိုင်ငံရေး အခြေအနေက ရွှေလျားနေတယ် အောက်ခြေကတော့ ဒီအတိုင်းပဲ နိုင်ငံတော် သမ္မတသစ်တက်လာတော့ အထက်ပိုင်းမှာ ပြောင်းလဲစပြုလာတာတော့ ၀မ်းသာပါတယ်.. ဒါပေမဲ့ အောက်ခြေမှာ ခေါက်ရိုးကျိုးနေတဲ့ မူဝါဒတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို အရမ်းဝမ်းနည်းတယ် သာသနာရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် မိစိတ်၊ ဖစိတ် ၊ တရားစိတ်၊ ဆရာတပည့်စိတ်ထားပြီး ဆက်ဆံရေးမှာ ညီညွတ်ဖို့ လိုတယ် "ဟု ဆရာတော်မှ မိန့် ကြားခဲ့ပါတယ်... ယခုကဲ့သို့ နိုင်ငံတော် သံဃမဟာနာယက အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ တရားဟောပြောခွင့်အား သာသနာရေး ဦးစီးဋ္ဌာနမှ ပြန်လည်ပိတ်ပင်ခြင်းဟာ ဗန်းမော်ဆရာတော်ကြီးအား မထေမဲ့မြင် ပြုလုပ်ခြင်းဖြစ်ကြောင်း အများမှ ထင်မြင်ယူဆနေကြပါတယ်..။ လက်ရှိကမ္ဘာ့ တရားဥပဒေ စိုးမိုးမှုအနည်းဆုံး နိုင်ငံ(၁၀)နိုင်ငံမှာ ထိပ်ဆုံးက ပါဝင်တဲ့မြန်မာနိုင်ငံမှာ သံဃာတော်များအား ဆက်လက်ဖိနှိပ်မှုများအား ပြုလုပ်နေသည့် နောက်ကွယ်၌ လက်ရှိဖြစ်ပေါ် တိုးတက်နေသော ပြည်တွင်းရေး အခြေအနေများအား ပျက်ပြားစေရန် .ယခင်အာဏာရှင် စံနစ်ကို ပြန်လည်တမ်းတ ယစ်မူးနေကြသော လူပုဂ္ဂိုလ် တစုမှ နောက်ကွယ်မှ လှုပ်ရှားကြိုးကိုင်မှုများ ရှိနေကြောင်း အများက ထင်မြင်သုံးသပ်နေကြပါတယ်..။ သတင်း... ဒီမိုဝေယံ

ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး သွားရောက်မည်

 ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (စနေနေ့) တွင် ကော့မှူးမြို့နယ်သို့ နေ့ချင်းပြန်ခရီး သွားရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ကော့မှူးခရီးစဉ်တွင် ငှက်အော်စမ်းကျေးရွာနှင့် [မယ်ဇယ်ဆိပ်] ကျေးရွာများတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ ဒေါက်တာစိုးမင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးတွင် စစ်မြေပြင် ဆေးတပ်ရင်းမှူးအဖြစ် လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ခရိုင်ကျန်းမာရေး အရာရှိအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဝင်ငွေရှာချင်တာလား? လုံခြုံစေချင်တာလား? 

ရန်ကုန်မြို့မှာ ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ(၁)ရက်နေ့ ကစပြီး လူကူးမျဉ်းကြားကမကူးဘဲ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေကို ရဲတပ်ဖွဲ့ကအရေးယူနေပါပြီ။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အရှိန်ယူတည်ဆောက်နေတဲ့ကာလမှာ ပြည်သူတွေကလည်း စည်းကမ်းရှိကြဖို့ လိုတယ်လေ။လမ်းအသုံးပြုသူတွေမှာ မော်တော်ယာဉ်မောင်းနှင်သူတွေ၊ပလက်ဖောင်းအသုံးပြုသူတွေ စသည်ဖြင့်ရှိကြတဲ့နေရာမှာ ပြည်သူတွေ ယာဉ်မတော်တဆအန္တရာယ်က ကင်းဝေးစေဖို့ လိုအပ်တဲ့ဥပဒေတွေ ၊စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ရပါတယ်။ လိုအပ်ရင်ပညာပေးတာတို့ အရေးယူတာတို့ နဲ့ တားဆီးရတာပေါ့၊ ဒါ ပြည်သူတွေအတွက်ပဲလေ။ကိုယ်အန္တရာယ်ကင်းဖို့ တာဝန်ရှိသူတွေကဖမ်းရဆီးရတာကို နားလည်ပေးရမယ်။ အရေးယူမခံချင်ရင် စည်းကမ်းအတိုင်း လူကူးမျဉ်းကြားက ကူးကြရမယ်။ဒီနေရာမှာ ပြောစရာပေါ်လာပြီ။ စည်းကမ်းလိုက်နာပြီးအရေးယူမခံချင်လို့လူကူးမျဉ်းကြားက လမ်းဖြတ်ကူးသူတွေအတွက် တာဝန်ရှိသူများက ဘယ်လိုများ အကူအညီပေးကြပါသလဲ။ ဘယ်လိုလုံခြုံအောင်စီစဉ်ပေးထားပါသလဲ။ လမ်းဖြတ်ကူးသူတွေကို လူလို့တောင်မထင်ဘဲ အလုအယက် အရှိန်နဲ့မောင်းနေကြတဲ့ မော်တော်ယာဉ်တွေအများကြီးကြားမှာ လမ်းဖြတ်ကူးရသူတွေဟာ မျဉ်းကြားကမဟုတ်ဘဲ ကားရှင်းတဲ့နေရာမှာ အဆင်ပြေသလိုလမ်းဖြတ်ကူးနေကြသူတွေထက် ပိုအန္တရာယ်များနေတယ်ဆိုတာ တာဝန်ရှိသူလူကြီးမင်းတို့သိကြပါသလား။လူကူးမျဉ်းကြားတွေမှာလမ်းဖြတ်ကူးသူတွေအတွက် ဘယ်တာဝန်ရှိသူမှ ကူညီမပေးကြလို့ အသက်လုပြီး ပြေးရတာတွေ တာဝန်ရှိသူလူကြီးမင်းတို့သိကြပါသလား။ ပြည်သူတွေကို လုံခြုံစေချင် စည်းကမ်းရှိစေချင်တာထက် ၀င်ငွေရှာဖို့သက်သက်အတွက် ဖမ်းဆီးနေတာလားလို့ မြင်နေကြပါပြီ။စည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာစေချင်ရင် လေးစားလိုက်နာချင်စရာကောင်းတဲ့အခြေအနေမျိုး၊ပတ်ဝန်းကျင်မျိုးဖန်တီးပေးရမယ်ဆိုတာ တာဝန်ရှိသူလူကြီးမင်းတို့သိကြပါသလား။ ကဲ မေးလိုက်ပြီဗျာ။ ဖြေနိုင်အောင်ကြိုးစားပါလူကြီးမင်းတို့ ၀င်ငွေရှာချင်တာလား? လုံခြုံစေချင်တာလား? ဗျာ By: Ko Win Naing".

ငါးရဖို့က အဓိက

ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း
မာဂျေ အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။ နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။ မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။

ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။ သို့သော် ပြည်သူများ သတိမထားမိသည့်အချက်မှာ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ၂၃ ခုက အဆိုပါ ကျပ် ၅,၀၀၀ ဈေးဖြင့် သူတို့လည်း ရောင်းချပေးပါမည်။ သို့မဟုတ် လူတိုင်း ဖုန်းကိုင်နိုင်ရန် မည်မျှအထိ ဈေးလျှော့ ရောင်းနိုင်ပါသည်ဟူသော အသံလုံးဝ ထွက်မလာခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီများက ကျပ် ၅,၀၀၀ ဖြင့်ပင် ရောင်းနိုင်သော ဖုန်းကတ်ကို ကျပ် ငါးသိန်းအထိ ဈေးတင်ပြီး ဖုန်းတစ်လုံး ရောင်းရတိုင်း ရောင်းသင့်ရောင်းထိုက်သောဈေးထက် အဆ ၁၀၀ ကျော် အမြတ်အစွန်း ရယူရောင်းချခဲ့ပြီးဖြစ်သည်။ပြည်သူများဆန္ဒမှာ မြန်မာ့ဆက်သွယ်ရေးက ရောင်းသည်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီး ၂၃ ခုက ရောင်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကျပ် ၅,၀၀၀ ဖြင့် ဖုန်းကတ်ရောင်းနိုင်သည်ဟု ကြေညာလိုက်သော ရွှေပြည်တံခွန်က ရောင်းသည်ဖြစ်စေ၊ ၀ယ်ယူသုံးစွဲကြမည့် သူချည်း ဖြစ်သည်။

ထို့ကြောင့်လည်း ယခုရေးသည့်စာ၏ ခေါင်းစဉ်ကို ငါးရဖို့က အဓိကဟု ရေးလိုက်ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးနှင့် လက်ရှိတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများသည် အခြားသူများနှင့် ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ရနေ ခြင်းမဟုတ်သည်ကတော့ သေချာသည်။
နိုင်ငံတော်သည် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့်အတူ စီးပွားရေးစနစ်လည်း ပြောင်းလဲနေပြီဖြစ်သည်။
လက်သင့်ရာ ခေါ်ပြီး စားတော်ခေါ်စေသည့်အခြေ အနေမျိုးလည်း ယခုကျင့်သုံးနေသည့် စနစ်နှင့် မကိုက်ညီတော့ပြီဖြစ်သည်။ ထို့ကြောင့်လည်း တယ်လီဖုန်း ကတ်ကိစ္စ နှင့်ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။ ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာ ပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ်လုပ် စရိတ်သည် ကျပ် ၁,၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။

အစိုးရဌာနများသည် သူတို့၏ ၀န်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့် ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိနေပြီ၊ နိုင်ငံတ်ာအနေဖြင့် မည်မျှအရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။ သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။

ဆက်သွယ်ရေးကို တစ်နှစ်လျှင် အမြတ်ငွေ မည်မျှအထိ ရှာပေးရမည်ဟု သတ်မှတ်ပေးခြင်းအစား ကုန်ကျစရိတ်ကာမိစေရန်၊အရှုံးမပေါ်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်သင့်ချိန် ရောက်နေပြီဖြစ်သည်။နိုင်ငံတကာတွင် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စများ၌ ပြည်သူများ ၀န်မပိစေရန် အစိုးရက ထောက်ပံ့ ကျားကန်ပေးသည့် အစဉ်အလာများ ရှိပါသည်။

ထိုသို့ဆိုရသော် ၀န်ထမ်းများလစာနှင့် အခြားအစိုးရ အသုံးစရိတ်များကို မည်သည့်ငွေဖြင့် ပေးချေမည်နည်းဟု အထွန့်တက်စရာ ရှိလာသည်။နိုင်ငံတော်၏ များပြားလှသော သဘာဝသယံ ဇာတများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှရသည့်ငွေသည် နှစ်စဉ်အများ အပြား ရှိပါသည်။ထိုသို့သော သယံဇာတများကို ထုတ်ယူရောင်းချခွင့်ရနေသော ကုမ္ပဏီကြီးများထံမှ အထူးအမြတ်ခွန် (Super Tax) ကောက်ခံပြီးဝန်ထမ်းများလစာနှင့်အစိုးရအသုံးစရိတ်ကို ဖြေရှင်းနိုင်ပါသည်။

အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားသဖြင့် စားအုန်းဆီ ဈေးမှာ အလွန်မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။ ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့်ရသည့်ကာလတွင် အဆိုပါ ကုပ္မဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။ တယ်လီဖုန်းသည် ယခုခေတ်အခါတွင် ဇိမ်ခံပစ္စည်းမဟုတ်တော့ဘဲ နေ့စဉ် လူမှုဘ၀အတွက် မရှိမဖြစ်သုံးနေရသည့် ပစ္စည်းဖြစ် ပါသည်။

ထို့ကြောင့်တယ်လီဖုန်းကိစ္စကိုအပြိုင်အဆိုင်လုပ်ပိုင်ခွင့်ပေးခြင်းဖြင့်တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲ ခွင့်ရမည်ဖြစ်သည်။ အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများအရ ချက်ချင်းပြောင်းလဲမရသေးလျှင်လည်း ယခုမြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသင့်ပါသည်။

ကုမ္ပဏီများကတော့ ဈေးကွက်တွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်၊ စိတ်ကြိုက်ဈေးသတ်မှတ်ရောင်းချခွင့်ရနေသည့် အရသာကို စွန့်လွှတ်မည်မဟုတ်ပါ။ ထို့ကြောင့် အစိုးရမှ ကြားဝင် ဆောင်ရွက်ပေးသင့်ပါသည်။လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီအကြား ပြည်သူများ ဗျာများနေရပြီး တကယ်တမ်း အကျိုးအမြတ်ကို နင့်နေအောင် ရယူနေသော ကုမ္ပဏီကြီးများမှာ သူတို့နှင့် မဆိုင်သယောင် မသိယောင် ဆောင်နေကြပါသည်။

ကြားသိရသော သတင်းများအရ သုံးသိန်းတန်တယ်လီဖုန်းကတ်ကို အချိန်တိုအတွင်း အများဆုံးရောင်းချနေရန်သာ လုပ်ဆောင်နေ ကြသည်ဟု သိရသည်။ ကုမ္ပဏီ ၂၃ ခု၏ အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း၏ အကျိုးစီးပွား မည်သည့်ဘက်ဆိုသည်မှာ ရေးစရာပင် မလိုပါ။
ပြည်သူများကတော့ကိုယ်တိုင်ဖမ်းလို့ရသည်ဖြစ်စေ၊သူများပေးလို့ရသည်ဖြစ်စေ၊ လှေပေါ်ခုန်တက်လာသည်ပဲဖြစ်စေ ငါးရဖို့က အဓိကဖြစ်ပါသည်။


ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့်မျက်လုံးများ

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်မြို့တော်အတွင်းနှင့် ပဲခူး၊ ထားဝယ်၊ညောင်ဦး၊ပခုကူ၊မြိုင်၊ပုသိမ်၊စသည်မြို့များသို့ သွားရောက်ကာ လူထုနှင့်မျက်မြင်ထိတွေ့လျှက် ပါတီအတွက် စည်းရုံးရေးဆင်းနေသည်ကို သတင်း အင်တာနက်၊ ဂျာနယ်၊စာစောင်များတွင် ဝေေ၀ဆာဆာဖော်ပြ ရေးသားနေသည်ကို တွေ့မြင် နေရသည်။ ထိုသို့သတင်းဓာတ်ပုံများကို မြင်တွေ့ရသည့်အခါ လူထုလူတန်းစားမရွေး ဒေသခံ ပြည်သူများက လမ်းခရီးတစ်လျှောက်နှင့် သတ်မှတ်ဟောပြောသည့်နေရာများတွင်ပင် သိုက်သိုက်မြိုက် မြိုက် စည်းလုံးညီညွှတ်စွာဖြင့် တခဲနက်ထောက်ခံအားပေးနေကြပေသည်။
                 ထိုသို့ထောက်ခံအားပေးနေကြရာတွင် အချို့သောပါတီအဖွဲ့အစည်းများ၊ မလိုတမာ ရှိသူတို့ကား နည်းလမ်းအမျိုးမျိုးနှင့် ဟန့်တား နှောက်ယှက်မှု ပြုလုပ်မည့်အရေးသည် တွေးပူစရာပင် ကောင်းလှသည်။   (၇-၂-၂၀၁၂)ရက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ပါတီစည်းရုံးအတွက် သွားရောက်ဟောပြောရာတွင်  နည်းပညာတကသိုလ်(ပုသိမ်)မှာ အချိန်ကိုက် စာမေးပွဲဖြေဆိုခိုင်းခြင်း၊ အခြားအဖွဲ့အစည်းက အချိန်ကိုက် မုန်ဟင်းခါး ပိသာချိန်(၆၀၀)ကျွေးမွေးခြင်း ဆိုသည့်သတင်းအားဖတ်ရှု့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကို အားပေးထောက်ခံသူများကလည်း မုန်ဟင်းခါးစားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကိုလည်း သွားရောက် နားထောင်ကြကြောင်း ဖတ်လိုက်ရသည့်အခါ ထိုမုန့်ဟင်းခါးကျွေးခြင်းသည် သာမန်လုပ်ရိုးလုပ်စဉ်သဘော မဟုတ်သည်ကို နားလည် ရပေသည်။ ၄င်းလုပ်ရပ်သည် နိုင်ငံရေးတွင် လွန်စွာအရေးကြီးသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်သူ လူထုအကြား အဆက်ဖြတ်ခြင်းပင် ဖြစ်သည်။
                 နိုင်ငံရေးတွင် အဆက်ဖြတ်ခြင်းနည်းလမ်း အမျိုးမျိုးရှိသည်။ အနုနည်းနှင့်အဆက်ဖြတ်ခြင်း ရှိသကဲ့သို့ အကြမ်းနည်းဖြင့်အဆက်ဖြတ်ခြင်းများ၊ ခေါင်ကိုအဆက်ဖြတ်ခြင်းရှိသကဲ့သို့ အမြှီးကိုအဆက်ဖြတ်ခြင်းများ၊ အချိန်ကာလကြာမြင့်စွာ အဆက်ဖြတ်ခြင်းရှိသကဲ့သို့ လက်တလော အဆက်ဖြတ်ခြင်းများ၊ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များဖြင့် အဆက်ဖြတ်ခြင်းရှိသကဲ့သို့ ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များသဖွယ်  အဆက်ဖြတ်ခြင်းများ စသည်ဖြင့် နိုင်ငံရေးတွင် နည်းအမျိုးမျိုးကို ကျင့်သုံးလုပ်ဆောင်လေ့ရှိကြသည်။ ဥပမာအားဖြင့် ၂၀၀၃ခုနှစ်တွင် ဖြစ်ခဲ့ရသော ဒီပဲယင်းအရေးအခင်း သည် နောက်လိုက် သို့တည်းမဟုတ် အမြှီးကို အဆက်ဖြတ်ခြင်း၊ အကြမ်းနည်းဖြင့် အဆက်ဖြတ်ခြင်းမျိုး ဖြစ်သည်။ လူထုအကြား အားပေးသယောင် အယောင်ဆောင် ၀င်ရောက်ကာ ဆိုင်းပုဒ်များကိုရိုက်နှက် တွန်းလှဲခြင်း မော်တော်ပီကယ်ဂိတ်တဲများကိုခဲနှင့်ပေါက်ခြင်း ၊လမ်းပေါ်တွင် အတားအဆီးများ နောက်ပြောင် ချထားခဲ့ခြင်း စသည့်အဖျက်အမှောက်များဝင်ရောက်လုပ်ကိုင်ပြီးနောက် ထိုသို့စည်းရုံးရေး လုပ်ခြင်းကြောင့်အဖျက်အမှောက်များ ဖြစ်ပေါ်လာရသည်။ ထိုအခါ  လူထုစည်းရုံးရေးသည် စည်းကမ်းပျက်စေသဖြင့် တာဝန်ခံရခြင်း၊ သတ်မှတ်နေရာ၊ အချိန်၊ရက်စွဲ၊အင်အားများကို ကြိုတင် တင်ပြရခြင်း စသောဥပဒေစည်းမျဉ်းများသည် ဖြစ်ပေါ်လာခဲ့ရသည်။ ထိုသို့ အဖျက်အမှောက် လုပ်ငန်းတို့ကြောင့် စည်းရုံးသူအတွက်များစွာနစ်နာသော  ဥပဒေအရ အမိန့်များထုတ်ပြန်လာခြင်းသည် ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်ဖြင့် အဆက်ဖြတ်ခြင်းနည်းမျိုးဖြစ်သည်။ စည်းရုံး ခေါင်းဆောင်သူကို ဥပဒေကြောင်းအရ အရေးယူလျှက် အကျယ်ချုပ်ဖြင့်ထိန်းသိမ်းလိုက် ပြီးနောက် ပြန်လွတ်ပေးလိုက် နောက်တခါပြန်ဖမ်းလိုက် ထိုသို့လုပ်နည်းမျိုးကား အချိန်ကြာမြင့်စွာအဆက် ဖြတ်ခြင်း  သို့မဟုတ် ခေါင်ကို အဆက်ဖြတ်ခြင်း မျိုးဖြစ်သည်။ လူထုဟောပြောမည့်နေရာတွင် အချိန်ကိုက် ဗုံးတွေတွေ့ပါသည် သို့တည်းမဟုတ် ဗုံးဖောက်ခွဲခံရသည်ဆိုလျင်သော်လည်းကောင်း၊ အချိန်နှင့်တိုက်ဆိုင်ပြီး မုန့်ဟင်းခါးကျွေးသည် ဆိုလျှင်သော်လည်းကောင်း၊ အချိန်ကိုက် စာမေးပွဲဖြေဆိုစေခြင်းသည် လည်းကောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမျိုးမှာ လက်တလော အဆက်ဖြတ်ခြင်းဖြစ်သည်။ “နင်တို့တွေက၀န်ထမ်းတွေလေ သွားနားမထောင်နဲ့ ဓာတ်ပုံရိုက်လို့နင်တို့ပုံတွေပါလာရင် အလုပ်ပြုတ်သွား လိမ့်မယ်“ စသည်ဖြင့် စည်းရုံးမှုအကြားသွားရောက် နားမထောင်ရန် ကြီးကြပ်သူ(သို့မဟုတ်) အုပ်ချုပ်သူက ဟန့်တားပြောဆိုခြင်း၊မှာကြားရေးသားခြင်း၊ထုတ်ပြန်ခြင်း ဖြစ်သော ထိုလုပ်နည်းမျိုးသည် ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များသဖွယ် အဆက်ဖြတ်ခြင်း မျိုးလည်းရှိသည်။
                   နောက်တစ်ခုက အချိန်ကိုက် စည်းရုံးသူနှင့်အပြိုင် အများအကြိုက်လိုက်ကာ လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ ထိုလုပ်ဆောင်ခြင်းမှာ ညင်သာခြင်း ပါးနပ်ခြင်းမျိုး အသွင်သဏ္ဍန်ရှိပါသည်။ ဥပမာ အလုပ်သမားများ၊၀န်ထမ်းများကို ရုံးပိတ်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ စည်းရုံးရေးမိန့်ခွန်းပြောမည်ဆိုပါစို့။ ထိုနေ့ထိုအချိန် ထိုနေရာတွင် ၀န်ထမ်းများအား ပျော်ပွဲရွှင်ပွဲများ၊ ကံစမ်းမဲဖောက်ပွဲ၊  ထောက်ပံ့ကြေးသော်လည်းကောင်းပေးကာ ထိန်းသိမ်းထားနိုင်ပါသည်။ ယခုဆိုလျင် မဲမပေးမီ  ရက်ပိုင်းအလိုတွင် နိုင်ငံဝန်ထမ်းများအား အချိန်ကိုက်လစာတိုးပေးခြင်း နည်းလမ်းများ ကျင့်သုံးလာကြပြန်သည်။ စည်းရုံးဟောပြောမည့်ရွာသို့သွားမည်ဆိုလျှင် ထိုအချိန် ထိုရွာတွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း ငွေစုငွေချေးသမ၀ါယမအသင်းများမှ ငွေထုတ်ချေးခြင်း မျိုးစေ့များ အလကားဖြန့်ဝေပေးခြင်း စသည့်လုပ်ဆောင် နည်းများလည်း ရှိနိုင်ပါသည်။
                 နိုင်ငံရေး အာရုံလှည့်စားခြင်းမျိုးလည်း ရှိခဲ့ဘူးပါသည်။ ဥပမာ ဒီပဲယင်းကဲ့သို့ အရေးအခင်းကြီး ဖြစ်နေချိန်တွင် ရန်ကုန်မြို့တော်တွင် အာစီယံနိုင်ငံများနှင့် ဘော်လုံးပွဲကျင်းပချိန်၊ ထိုအချိန်က အာလုံးသိကြပါသည် မြန်မာ့လက်ရွေးစင်အသင်းက ဗိုလ်စွဲခဲ့ပြီး မြန်မာ့လက်ရွေးစဉ် မာလ တို့ခေတ်၊ ဦးခင်ညွှန့် (ယခင်ဗိုလ်ချုပ်ကြီးဟောင်း)ကိုယ်တိုင် မာလ မာလ နှင့်ကြွေးကြော်ခဲ့သော အချိန်တွင် ဒီပဲယင်းသတင်းသည် ဘော်လုံးပွဲ သတင်းအောက်တွင် အရှင်လတ်လတ် မြေမြှုပ်သွားခဲ့သည့် သာဓက ရှိခဲ့ဘူးပါသည်။ လူထုကို လူထုနှင့် ထိပ်တိုက် ရင်ဆိုင်နည်းဆိုသည်လည်း ရှိပါသေးသည်။ ထိုအချိန် ထိုနေရာတွင် လူထုစည်းရုံးရေးလုပ်မည်ဆိုလျှင် ထိုနေရာနှင့် အနီးတွင် ဆန့်ကျင်မည့်အဖွဲ့အစည်းကို စည်းရုံးဟောပြော စေခြင်းဖြင့် ထိပ်တိုက်ရင်ဆိုင်စေခြင်း နည်းလမ်းးဖြစ်ပါသည်။
                 မည်သို့ပင်ဆိုစေကာမူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏NLDပါတီ အောင်နိုင်ရေးအတွက် ကျန်ရှိသော တစ်လကျော်ကာလအတွင်း ပြည်သူလူထုနှင့် နီးကပ်စွာ တစ်သားတည်း ဖြစ်အောင် စည်းရုံးဟောပြောရပေဦးမည်။ သူမ၏ ပါတီစည်းရုံးရေး ခရီးစဉ်များကိုလည်း အရွယ်နှင့်မလိုက်အောင် သွက်လက်မြန်ဆန်စွာ မမောမပမ်း ဆက်လက်တက်လှမ်းပါဦးမည်။ ထိုအခါ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ပြည်သူချစ်သော  ပြည်သူအားထားယုံကြည်ရသော ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ စောင့်ရှောက်ခြင်းသာမက စည်းကမ်းပြည့်ဝခြင်း ၊ ညီညွှတ်ခြင်း၊ စည်းလုံးခြင်းဖြင့် ထောက်ခံအားပေးကာ အထက်ဖော်ပြပါကဲ့သို့ အဆက်ဖြတ်ခြင်း၊ တစ်ဖက်မှ အများအကြိုက်လိုက်ကာ သွေးဆောင်ဖြားယောင်းခြင်း၊ နိုင်ငံရေး အာရုံလှည့်စားခြင်း၊ လူထုကိုလူထုနည်းဖြင့် ထိပ်တိုက် ရင်ဆိုင်ခြင်းများနှင့် ဆွမ်းဆန်အကြား ကြွက်ချေးရော ကာ အဖျက်အမှောက်လုပ်ဆောင်ခြင်း မခံကြရလေအောင် သတိထား လိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ ဖန်ဆင်းရှင်တို့က အဝေးမှ ကျွနှ်ပ်တို့ထံ မမောမပမ်း ခရီးနှင်လျှောက်လှမ်းလာသောသူမ၏ကိုယ်ပေါ်သို့လည်းကောင်း၊ စောင့်ကြိုနေကြသောကျွနှ်ပ်တို့၏ ကိုယ်ပေါ်သို့လည်းကောင်း အေးချမ်းသယောင် လွှမ်းမောသယောင် ခံစားနိုင်ရန် မြူမှုန်ဖွေးဖွေးများကျဆင်းပေးသော်လည်း ၄င်းမြူမှုန်သည်အေးချမ်းသည် လွှမ်းမောသည်ထက် တစ်ဦးနှင့်တစ်ဦး ကြည်လင်ပြတ်သားစွာ မမြင်ရလေအောင် ကာရံထားသော ရည်ရွယ်ချက်များ ရှိနေမည်ဆိုလျင် ပြည်သူတို့အနေနှင့် မြူမှုန်ကြားက ထိုးဖောက်ကြည့်မြင်နိုင်သော တောက်ပသည့် မျက်လုံးများဖြင့် အစဉ် သတိရှိရှိ ကြည့်ရှု့ လုပ်ဆောင်သွားကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။
စည်တော်ကြီး    



EC ကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည် By ၀င်းမင်း | ၀ါရှင်တန် ဒီစီ


EU ဥရောပသမဂ္ဂမှာ မူဝါဒတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်တဲ့ EC ကော်မရှင်နာမင်းကြီးဟာ ပထမဆုံးအကြိမ် မြန်မာသမတနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ကော်မရှင်မင်းကြီး Andris Piebalgs သွားမယ် ရှေ့သတင်းပတ် မြန်မာခရီးစဉ်ထဲမှာ မြန်မာနိုင်ငံဖွံဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွေအတွက် အကူအညီသစ်တွေကို ကြေညာဖို့ရှိပြီး၊ နောက်ထပ်ပြီး ပေးမယ့် အကူအညီတွေအတွက်လည်း လေ့လာသုံးသပ်သွားဖို့ရှိပါတယ်။ ကိုဝင်းမင်းက စုံစမ်းမေးမြန်းထားပါတယ်။

EU ဥရောပသမဂ္ဂမှာ မူဝါဒတွေကို အကောင်အထည်ဖော်ပေးရတဲ့ EC ဥရောပကော်မရှင်က ကော်မရှင်မင်းကြီးဟာ ပထမဆုံးအကြိမ် မြန်မာ သမ္မတနဲ့ တွေ့ဖို့ရှိပါတယ်။
ကော်မရှင်မင်းကြီး Andris Piebalgs ရဲ. ရှေ.အပတ်ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံ ဖွံဖြိုးရေးနဲ့ ဆင်းရဲမှု့ပပျောက်ရေး လုပ်ငန်းတွေအတွက် ပေးမဲ့ အကူအညီသစ်တွေကို ကြေငြာပြီး၊ နောင် ထပ်ပေးနိုင်မှာတွေအတွက်လဲ လေ့လာသုံးသပ်သွားမယ်လို့ EC ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီအကူအညီတွေဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်လာတာကို ထောက်ခံပေးဖို့ ဖြစ်တယ်လို့လဲ ဒီ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

ဥရောပကော်မရှင်မင်းကြီး Piebalgs ဟာ ဖေဖေါ်ဝါရီ ၁၂ ကနေ ၁၄ အတွင်း မြန်မာနိုင်ငံကို သွားပြီး မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ပထမဆုံးအကြိမ်တွေ့ရာမှာ တိုင်းပြည်ထဲမှာ အပြောင်းအလဲစလုပ်လာတာတွေကို ထောက်ခံကြောင်းပြောဖို့နဲ့ ရှေ.ဆက်ပူးပေါင်းဆောင်ရွက်နိုင်တာတွေနဲ့ အကူအညီထပ်ပေးနိုင်တာတွေကို အသေးစိတ်ဆွေးနွေးဖို့ရှိပါတယ်။
EC ဥရောပကော်မရှင်ရဲ. ဖွံဖြိုးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Catherine Ray က ဒီခရီးစဉ်ရဲ. ရည်ရွယ်ချက်နဲ့ ကူညီပေးမဲ့ အစီအစဉ်ကို ခုလိုရှင်းပြပါတယ်။
“ဒီနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ရှိတာကို ကျွန်မတို့အနေနဲ့ ထောက်ခံကြောင်းပြောပြချင်ပါတယ်။ နောက်နိုင်ငံရဲ. စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဏတွေအတွက် ယူယိုငွေသန်းပေါင်း ၁၅၀ နောက်ထပ်ထပ်ပြီး အကူအညီပေးမယ်ဆိုတာကိုလဲ ကြေညာဖို့ရှိပါတယ်။”
ဥရောပကော်မရှင်ရဲ. ပြောခွင့်ရ Mrs. Ray ကပဲ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲရေးစလုပ်လာတာနဲ့ ဆက်လုပ်ဖို့ ပြောထားတာတွေက ချီးကြူးစရာကောင်းတဲ့အတွက် ခုလို ဆင်းရဲမှု့ပပျောက်ရေးနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ အတွက် အကူအညီထပ်ပေးဖို့ လုပ်လာတာဖြစ်တယ်လို့ဆိုပါတယ်။
Mrs. Ray ကပဲ ခုလို အကူအညီတွေကို ၁၉၉၆ ထဲက စပေးလာတာဖြစ်ပြီး ယူယိုငွေသန်းပေါင်း ၁၇၀ ကျော်ပေးပြီးသွားပြီ၊ အခုပေးမှာက အခုလာမဲ့ ၂ နှစ်အတွက် နောက်ထပ်အသစ် ဖြစ်တယ်လို့ဆိုပါတယ်။
Mrs. Ray က ဒီကိစ္စတွေကို သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ရာမှာ အဓိကဆွေးနွေးသွားမှာဖြစ်တယ်၊ ဒါ့အပြင် လာမဲ့ ၂၀၁၃မှာ ကဏ္ဏသစ်တွေမှာ တိုးချဲ.ပြီး နောက်ထပ် အကူအညီပေးနိုင်ဖို့လဲ လေ့လာသုံးသပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“လာမဲ့ ၂၀၁၃ ခုနှစ်မှလဲ ကျွန်မတို့ရဲ. အကူအညီတွေကို စွမ်းအင်မြှင့်တင်ရေးလိုမျိုးမှာ ထပ်တိုးချဲ.မလားဆိုတာကို စဉ်းစားသွားမှာပါ။ အဓိက ကတော့ နိုင်ငံထဲမှာ ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေကို ကူညီပေးနိုင်ဖို့ပါ။ ဒါတွေကို လာမဲ့ လပိုင်း နှစ်ပိုင်းတွေအတွင်းမှာ သုံးသပ်သွားမှာပါ။”
ခုလိုသုံးသပ်မှု့ဆက်လုပ်သွားရာမှာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီးတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအတိုင်အခံတွေ၊ NGOတွေ၊ လူထုအဖွဲ့တွေနဲ့ ကုလသမဂ္ဂ အဖွဲ့တွေနဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးပြီးမှ လုပ်မှဖြစ်တယ်လို့ Mrs. Ray က ဆက်ပြောပါတယ်။
Mrs. Ray ကပဲ ခုလိုသုံးသပ်ရာမှာ အစိုးရက ပြောထားတဲ့ ပြုပြင်ပြောင်းလဲမှု့တွေ ဆက်လုပ်ပြတာနဲ့ လာမဲ့ရွေးကောက်ပွဲမှာ ကတိပေးထားသလို လွတ်လပ်တရားမျှတမှု့ရှိဖို့တွေကို မျှော်လင့်ထားတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင်ဒီခရီးစဉ်ထဲမှာ EC ကနေ အရင် ထောက်ပံပေးလာခဲ့တဲ့ NGO အဖွဲ့တွေနဲ့လဲ တွေ့ဖို့ရှိတယ်၊ နောက် တနင်္လာနေ့မှာ နေပြည်တော်မှာလုပ်မဲ့ ဖွံဖြိုးရေးပေါ်လစီရွေးချယ်မှု့ဆိုင်ရာ ဆွေးနွေးပွဲကိုလဲ တက်ရောက်ဖို့ရှိတာမို့ ဒီခရီးစဉ်က ပြီးပြည့်စုံပြီး အရေးပါတယ်လို့ Mrs. Ray က ဆိုပါတယ်။
EC ဥရောပကော်မရှင် အနေနဲ့ ၁၉၉၆ ကစပြီး Multi-Trust Fund ခေါ် နိုင်ငံအများပါဝင်တဲ့ ရံပုံငွေအဖွဲ့ တခုကို ထူထောင်ပြီး ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ သြစတျေးလျနဲ့ ကုလသမ္မဂတို့က ငွေစိုက်ထုတ်ကူညီပေးလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် EC အနေနဲ့ မြန်မာနိုင်ငံမှာ 3-D Fund ခေါ် ရောဂါ ၃ခု တိုက်ဖျက်ရေး အဖွဲ့ဖွဲ့ပြီး AIDS၊ ဌက်ဖျားနဲ့ တီဘီ အဆုတ်နာရောဂါတွေ အတွက်လဲ ရံပုံငွေများစွာ ထောက်ပံ့ပေးလာခဲ့ပါတယ်။


ပြည်ပတွင် ကချင်တော်လှန်ရေးနေ့ အလေးအနက်

လန်ဒန်တွင်ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနား။
အမိနိုင်ငံတွင် ပြည်တွင်းစစ်ကာလ ၈ လကျော်ချိန် ဖေဖော်ဝါရီလ ၅ ရက်တွင် ကျရောက်သော (၅၁) ကြိမ်မြောက် ကချင်လက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားကို ပြည်ပနိုင်ငံ (၉) ခုတွင် ကချင်အမျိုးသားများ အလေးအနက်ထား ကျင်းပခဲ့ကြသည်။

[B]ဂျပန်နိုင်ငံ တိုကျိုမြို့၊ နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့၊ ဒိန်းမတ်နိုင်ငံ နိုက်ဘတ်မြို့၊ နယ်တာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ အမေရိကန်နိုင်ငံ တက်ဆက်၊ ဆန်ဖရန်စစ်စကို၊ ဝါရှင်တန်ဒီစီမြို့များတွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။[/B]

အခမ်းအနားအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများလည်း တက်ရောက်ကြသည်။ ထူးခြားချက်မှာ တော်လှန်ရေးနေ့အကြို သောကြာနေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့ ၌ ၂၄ နာရီ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ဖေဖော်ဝါရီလ ၄ ရက် ဥရောပနိုင်ငံ ၇ ခုမှ ကချင်လူမျိုးများသည် ဒိန်းမတ်နိုင်ငံ နိုက်ဘတ်မြို့တွင် ထိုအထိမ်းအမှတ်နေ့အဖြစ် ရိုးရာမနောပွဲပါ ပါဝင်ကခုန်ခဲ့သည်။
[IMG]/images/stories/KIOKIA/tokyo_kia_51.jpg[/IMG]
ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပတဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနား။
မလေးရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံမှ ပူးပေါင်း၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ KIO/KIA ၏ “Padang Hkrunlam Majan Masing (အောင်စစ်ပွဲပန်းတိုင်)” ကို နိုင်ငံရေးပန်းတိုင်း အပြည့်အ၀ ရရှိသည်အထိ ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်း ထောက်ခံထားသည်။

ထိုကြေညာချက်အား ထိုနှစ်နိုင်ငံနှစ်ခုရှိ ကချင်အမျိုးသား ၁၀၀၀ ခန့် လက်မှတ်ရေးထိုး သဘောတူ ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ ဇန်န၀ါရီလ ၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကချင်အမျိုးသားများ ထုတ်ပြန်ကြေညာချက်ကိုလည်း လုံးဝ ထောက်ခံသည်ဟုဆိုသည်။

[B]၎င်းတွင် ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကိုလိုလားကြောင်းနှင့် မြန်မာအစိုးရမှ ထိုဖယ်ဒရယ်မူကို လက်မခံလျှင် ခွဲထွက်ရေးမူကို လေးလေးနက်နက်လိုလားကြောင်း ဆန္ဒဖော်ထုတ်ထားသည်။[/B]
ကချင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်ဆင်နွှဲနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ယခုချိန်ထိ နိုင်ငံရေး အခွင့်အရေး မရရှိသေးပါ။

KIO ဗဟိုကော်မတီ သဘာပတိ၏ မိန့်ခွန်းတွင် စစ်မှန်သောပြည်ထောင်စု ထူထောင်ရန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟုဆိုသည်။သို့သော် မြန်မာအစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်မှ ဆွေးနွေးကာ KIO က ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံ၍ ဆွေးနွေးနေကြသည်။

နှစ်ဖက်ကြား ပြီးခဲ့သည့်လ ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သော်လည်း စစ်ရေးအရှိန်များသာ ထိန်းသိမ်းသွားမည်ဟုဆိုကာ တိကျခိုင်မာသော နိုင်ငံရေး သဘောတူညီချက် မရရှိခဲ့ပါ။

တချိန်ထဲတွင် ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီမြို့တွင် ၃ ရက်ကြာ မယ်ကမ္ဘာ (ကချင်) ရွေးချယ်ပွဲနှင့် အတူ ကချင်ရိုးရာမနောပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပနေသည်။

တဆက်တည်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်၌ အိန္ဒိယနိုင်ငံ အရူနာရှာပရာဒေ့ရှ်ပြည်နယ်တွင် ဌာနေကချင်လူမျိုးများ မနောပွဲကျင်းပသွားရန်ရှိ သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၌် ဇန်နဝါရီလ ၁၀ ရက်တွင်ကျရောက်သော ၆၄ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များကဲ့သို့ ယခုနှစ်တွင် ရိုးရာမနောပွဲများဖြင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ၆ ရက်ကြာခရီးစဉ်အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တော်မတ်အိုးဟေး ကင်တားနားက [B]"ကချင်ပြည်သူများ တိုက်ခိုက် သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ ရပ်ရွာပြောင်းရွှေ့ခံရခြင်း၊ မြေယာသိမ်းပိုက်ခံရခြင်း၊ လူသားဒိုင်းများအသုံးပြုနေခြင်း၊ ကလေးစစ်သား စုဆောင်းခြင်း၊ အတင်းအဓမ္မလုပ်အားခိုင်းစေ ပေါ်တာဆွဲခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြီးများ ရှိနေသည်"[/B] ဟု ဆိုသည်။


ယခင်တစ်လမ်းမောင်း အဖြစ်သာ ယာဉ်သွားလာမှု ခွင့်ပြုခဲ့သည့် ရွှေတိဂုံဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)အား နှစ်လမ်းမောင်းအဖြစ် ခွင့်ပြု

နှစ်လမ်းမောင်းအဖြစ် ခွင့်ပြုခဲ့သည့် ရွှေတိဂုံဘုရားလမ်း (အနော်ရအထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)အား တွေ့ရစဉ် ယခင်က ယာဉ်သွားလာမှုအား တစ်လမ်းမောင်းဖြင့်သာ ခွင့်ပြုခဲ့သည့် ရွှေတိဂုံဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) အား ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်၍ နှစ်လမ်းမောင်းအဖြစ် သွားလာမှု ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်သွားလာမှု လွယ်ကူမြန်ဆန်စေရန်အတွက် ယင်းကဲ့သို့ နှစ်လမ်းမောင်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်လမ်းမောင်းစနစ် အတွက် လိုအပ်သော အချက်ပြမီးများ တပ်ဆင်ခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် လမ်းအမှတ်အသားများ ရေးဆွဲခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရ ပါသည်။

“ဒီလိုခွင့်ပြုလိုက်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ရွှေတိဂုံဘုရားဘက်ကနေ သိမ်ကြီးဈေးဘေးကို သွားချင်ရင် လသာလမ်းဘက်နေ ပတ်ပြီးသွားရတယ်။ အခုတော့ သွားလို့ရပြီ။ ဒါပေမယ့် လမ်းထဲမှာတော့ ကားပိုကြပ်သွားတယ်”ဟု အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောပြသည်။ ယင်းလမ်းပိုင်းတွင် ၂၂၆၊ ၂၀၄ စသော ခရီးသည်တင်ယာဉ်လိုင်း လိုင်းအချို့လည်း ဖြတ်သန်းသွား လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။





လေးဝတီ ရခိုင် ယဉ်ကျေးမှု အဖွဲ့အား ပြည်ထောင်စုနေ့တွင် တင်ဆက်ကပြရန် နိုင်ငံတော်အစိုးရမှ ဖိတ်ခေါ်

နေပြည်တော်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ပွဲတော်တွင် လေးဝတီ ရခိုင်ယဉ်ကျေးမူ အဖွဲ့အား ရခိုင်ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက် ဖြေဖျော်ရန် နိုင်ငံတော် အစိုးရက ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။

" ဒီနှစ် နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့ ပွဲတော်မှာ ရခိုင် ရိုးရာ ယဉ်ကျေးမူ အကတွေနဲ့ တင်ဆက် ကပြဖို့ လေးဝတီအဖွဲ့က ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို နိုင်ငံတော်က ဖိတ်ခေါ်ထား ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဇန်န၀ါရီ ၁၀ ရက်နေ့ နံနက် ၅ နာရီကားနဲ့ နေပြည်တော်ကို သွားဖို့အတွက် ခုကတည်း ကနေ လူတွေကို စီစဉ်နေပါတယ်" ဟု လေးဝတီ အဖွဲ့ဝင် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ နေပြည်တော် ပြည်ထောင်စုနေ့တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ၁၂ ရက်နေ့ထိ သုံးရက်တိုင်တိုင် ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများဖြင့် ဖြေဖျော် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ဗဟို အဆင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့တွင် ပြည်နယ် အလိုက် ရိုးရာ ယဉ်ကျေးမူအဖွဲ့များကို ခေါ်ယူပြီး တင်ဆက်ကပြလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်နယ် ရိုးရာ အဖွဲ့များကို ခေါ်ယူခြင်း မရှိဘဲ နိုင်ငံတော် အနုပညာ ဦးစီးဌာန တင်ဆက် ကပြဖြေဖျော်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

"ထူးခြားတာတခုက တခြားနှစ်တွေကဆိုတော့ ပြည်နယ်တိုင်းက ယဉ်ကျေးမှု အဖွဲ့တွေကို ဖိတ်တာရှိပါတယ် ။ ပြည်နယ်တိုင်းက သူ့ယဉ်ကျေးမှုနဲ့သူ ကပြခွင့်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ တိုင်းရင်းသားတွေက ယဉ်ကျေး မှု အဖွဲ့တွေကို မဖိတ်ဘဲနဲ့ နိုင်ငံတော် အနုပညာ အဖွဲ့က ဦးစီးပြီးတော့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ ထူးခြားတာကတော့ ကျွန်တော်တို့ ရန်ကုန် အခြေစိုက် လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို ဖိတ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် အရမ်းဝမ်းသာ ပီတိ ဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟုဆိုသည်။ လေးဝတီ ယဉ်ကျေးမူ အဖွဲ့အနေဖြင့် လူပေါင်း (၅၀) ခန့်ဖြင့် တက်ညီ လက်ညီ သွားရောက် ဖြေဖျော်ကြမည် ဖြစ်ကြောင်း သိရသည်။

မဂ္ဂင်ကျောင်း ချိတ်ပိတ်ပြီးနောက် ကတိအတိုင်းပြန်ဖွင့်လှစ်ပေး

 ယခုလ ၄ ရက်နေ့က ချိတ်ပိတ်ခဲ့သည့် မဂ္ဂင်ကျောင်းအား ယနေ့နေ့လည် ၁ နာရီက ရန်ကုန်တိုင်း သာသနာရေးဦးစီးမှူးနှင့် တိုင်းလူမှုဝန်ထမ်း ၀န်ကြီးတို့က ကတိပေးထားသည့်အတိုင်း လာရောက်ကာ ပြန်လည်ဖွင့်လှစ်ပေးသွားခဲ့သည်။  
 နေ့လည် ၁ နာရီတွင် လာရောက်ဖွင့်လှစ်ပေးမည်ဆိုသည့် အကြောင်းကြားချက်ကြောင့် မဂ္ဂင်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအိန္ဒကနှင့် ဦးဣဿရိယတို့ ကျောင်းရှေ့တွင် စောင့်ဆိုင်းနေကြရာ နေ့ခင်း တနာရီတိတိတွင်ပင် လာရောက်ကာ ဖွင့်လှစ်ပေးသွားသည်ကို တွေ့ရသည်။ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက က“ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွားတယ်၊ အခုလိုဖွင့်ပေးတာ ကောင်းတယ်၊ ဒါတိုင်းပြည်အတွက်၊ အနာဂတ်အတွက် ကောင်းမယ်လို့ မျှော်လင့်တယ်၊ ဒီလိုပြန်ဖွင့်ပေးလိုက်လို့ တရားဥပဒေ စိုးမိုးရေးလည်း ရတဲ့သဘောပဲ” ဟု YPI သို့မိန့်ကြားသည်။ သာသနာရေး ဦးစီးဋ္ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဖြစ်သူတို့ကို ဦးဣဿရိယက ကျောင်းအနီးတ၀ိုက်စောင့်ကြည့်နေသည့် အရပ်ဝတ်ရဲထောက်လှမ်းရေးများ စောင့်ကြည့်နေသည့် အဖြစ်ကိုမလုပ်သင့်ကြောင်း အသိပေး ပြောကြားလိုက်သည်ဟု ဦးဇင်းက YPI သို့မိန့်ကြားသည်။
မဂ္ဂင်ကျောင်းမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့ အရေးအခင်းမတိုင်မီ အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်များ အားနေရာပေး နေခွင့်ပြုထားခြင်း၊ ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ပါဝင်ခြင်းတို့ကြောင့် သံဃာအချို့အဖမ်းခံရကာ ကျောင်းကိုလည်း ချိတ်ပိတ်ခဲ့သည်။ ယခင်လက နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် အထဲတွင်ရွှေဝါရောင် သံဃာ့အရေးအခင်းကြောင့် အကျဉ်းကျသံဃာများလည်း ပါဝင်လာခဲ့သည်။ ယင်းရွှေဝါရောင် သံဃာများအနက် တပါးအပါအ၀င်ဖြစ်သည့် အရှင် ဂမ္ဘီရက ချိတ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းကို ဖွင့်လှစ်သီတင်းသုံးခဲ့သည်။
 ရန်ကုန်တိုင်း သာသနာရေး ဦးစီးဋ္ဌာနက ယင်းကဲ့သို့ မိမိသဘောဖြင့် ဖွင့်လှစ်သီတင်းသုံးခြင်းမှာ တရားမ၀င်ဟု ဆိုကာ ပြန်လည်ဖွင့်ပေးပါမည် ကတိက၀တ်ဖြစ် ယခင်သီတင်းပတ်က ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ မဂ္ဂင်ကျောင်းနှင့် အတူ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ ရွှေတောင်ကျောင်းတိုက် အတွင်းမှ ပြည်ကျော်ကျောင်းဆောင်ကိုလည်း ချိတ်ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု သတင်းဖေါ်ပြချက်များအရ သိရသည်။ 
 

၅ ထောင်တန်ဖုန်း ချထားပေးရန် ဒေသစုံအလွှာစုံမှ ပြည်သူ့ဆန္ဒများ ကောက်ခံကာ သမ္မတထံ တင်ပြသွားမည်

ရွှေပြည်တံခွန်မှ အကောင်အထည်ဖော်မည့် ၅၀၀၀ တန်ဖုန်းအား အများပြည်သူသို့ အမြန်ချပေးသွားရေးအတွက် ဒေသစုံအလွှာစုံမှ ပြည်သူများ၏ ဆန္ဒလက်မှတ် ရေးထိုးထားသော စာရင်းဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ရွှေလက်ချောင်းများ သာရေးကူညီအသင်းဥက္ကဋ္ဌ စာရေးဆရာ ဗအုပ်ခိုင်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောသည်။  အဆိုပါ ဖုန်းကိစ္စနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပြည်သူများ၏ ဆန္ဒလက်မှတ်များအား ဇန်န၀ါရီ ၂၀ ရက် မတိုင်ခင်ကတည်းက ကောက်ခံခဲ့ရာ နိုင်ငံတစ်ဝန်းဒေသပေါင်းစုံမှ ပြည်သူများ၏ စုပေါင်းလက်မှတ်ရေးထိုးကာ ပေးပို့ချက်များရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်အထိ ဦးရေ တစ်သောင်းဝန်းကျင်၏ ဆန္ဒလက်မှတ်များ စုပေါင်းရရှိထားပြီးဖြစ်သည်ဟုလည်း သိရသည်။ “၅ ထောင်တန်ဖုန်းသတင်းက ပြည်သူတွေကြား ရေပန်းစားနေသလို လိုအပ်ချက်မြင့်မားနေတဲ့ ကိစ္စပါ။ ဒါကို ဆက်သွယ်ရေးက ဥပဒေအရ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စအပေါ် ကျွန်တော်တို့က ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ ဥပဒေကို ပြင်ဆင်သွားဖို့ အများပြည်သူ ဈေးသက်သက်သာသာနဲ့ အမြန်ဆုံး ကိုင်သွားနိုင်ဖို့အတွက် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေ လက်မှတ်ထိုးပြီးတဲ့ မှတ်တမ်းတွေကို ဖေဖော်ဝါရီ ၂၀ ရက်လောက်မှာ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။ အဆိုပါ လက်မှတ်ရေးထိုးထားမှုတွင် စာရေးဆရာနှင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များလည်း ပါဝင်နေပြီး ဆက်လက် ပါဝင်တောင်းဆိုလိုသူများ အနေဖြင့်လည်း ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်း ဖုန်း ၆၄၄၀၉၀ မင်းစေတီလမ်း အင်းစိန်သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။

အစိုးရဆရာဝန်တွေ နေ့ခင်းမှာ ပြင်ပဆေးခန်း မထိုင်ရ

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစိုးရ၀န်ထမ်းဆရာဝန်တွေကို အလုပ်ချိန်မနက် ၈ နာရီကနေ ညနေ ၄ နာရီ အတွင်း ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာဆေးကုသခြင်း၊ အခြားလုပ်ငန်းတွေလုပ်ကိုင်ခြင်းတွေ မပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်ပိုင်း အတွင်း သတိပေးတားမြစ်လိုက်ပါတယ်။ ´ဒီနေ့ (၆)ရက်ပဲ ဒါတွေကို မလုပ်ဖို့တားမြစ်တာသိရှိကြောင်း လက်မှတ်ထိုးလိုက်ရတယ်။ ကျန်းမာရေးဝန်ထမ်းမှန်သမျှ အကုန်လုံး အောက်ခြေအဆင့် အထိ အကုန်ပါတယ်´´လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပါဝင် အစိုးရ၀န်ထမ်းတွေဟာ တစ်နေ့ကိုအလုပ်ချိန် ၈နာရီသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဌာနတစ်ချို့က ၀န်ထမ်းတွေဟာ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုလုပ်ကိုင်နေရတာတွေရှိပေမယ့် အချိန်ပိုအတွက် အကျိုးခံစားခွင့်မရကြဘူးလို့ဆိုပါတယ်။
အထူးကုဆရာဝန်ကြီးကပဲ ဆက်ပြီး´´နိုင်ငံဝန်ထမ်းမို့လို့  ၈ နာရီအလုပ်လုပ်ရတာကိုမပြောပါဘူး။ ဒါပေမဲ့ အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ် ခွဲစိတ်တာ၊ ကုသပေးတာတွေကို သတ်မှတ်အလုပ်ချိန်မဟုတ်လည်း လုပ်ရတာပါပဲ၊ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်မယ်ဆိုရင်လည်း ခံစားခွင့်တွေ ပါ ပေးရမယ်၊ အခုဟာ ဒုတ်ဘဲပေးပြီးတော့ မုန့်တော့မပေးဘူး ဖြစ်နေတယ်´´လို့ပြောပါတယ်။ အစိုးရဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေဟာ နေ့ခင်းထမင်းစားချိန်အတွင်း ပြည်ပပုဂ္ဂလိကဆေးခန်းတွေမှာ အချိန်ပိုင်းထိုင်ပေးရတာတွေရှိပါတယ်၊
အခုလိုမျိုးသတိပေးတားမြစ်လိုက်တဲ့အတွက် ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းတွေမှာ အထူးကုဆရာဝန်တွေနဲ့ ဆေးကုသဖို့ အခွင့်အလမ်းနည်းပါးလာနိုင်ပြီးအစိုးရဆေးရုံဆေးပေးခန်းတွေမှာ လူနာအရေအတွက် ပိုများလာနိုင်ကာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ဆရာဝန်အများစုကသုံးသပ်ကြ ပါတယ်။
 အမည်မဖော်လိုတဲ့ဆရာဝန်ကြီးတစ်ဦကး´´တားမြစ်ချက်အရ ကျွန်တော်တို့ဟာ အလုပ်ချိန်အတွင်း အပြင်မှာဆေးခန်းထိုင်လို့မရတော့ဘူး။ အပြင်မှာ ထိုင်လို့မရတော့ လူနာတွေက အထူးကုဆရာဝန်တွေရှိမယ့် အစိုးရဆေးရုံတွေပဲ အားကိုးလာမယ်။ အဲဒီခါကျရင် အစိုးရဆေးရုံတွေမှာoverload (လူနာများ)ဖြစ် လာနိုင်မယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတိုးတက်အောင်လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မလဲ´´လို့မေးခွန်းထုတ်ရင်းပြောပါတယ်။
အဲဒီိဆရာဝန်ကြီးဟာ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ အချိန်ပိုင်းထိုင်သူတစ်ဦးဖြစ်ပြီး ဆေးခန်းကလူနာကြည့်ပေးဖို့ ဖုန်းဆက်ခေါ်ပေ မယ့် ပြင်ပဆေးခန်း မှာ ဆေးမကုရဘူးလို့ တားမြစ်ထားသောကြောင့် ထမင်းစားနားချိန်ဖြစ်ပေမယ့် သွားရောက်ကြည့်ရှုမပေးနိုင်တာကို တွေ့ရပါတယ်။
 ပုဂ္ဂလိကဆေးခန်းကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ´´နေ့ခင်းဘက်အရေးပေါ်ကိစ္စပေါ်လာလို့ အထူးကုဆရာဝန်ကြီးတွေမရှိရင်တော့ လိုအပ် တဲ့(investigation )လုပ်ပြီး ဖုန်းနဲ့ (treatment ) ယူရမှာပဲ၊ ဒါကိုလူနာရှင်ကမကျေနပ်ရင် ဆေးရုံကြီးကိုပဲ ပြန်(refer )လုပ်ရမှာပဲ´´လို့ရှင်းပြပါတယ်။
အစိုးရ၀န်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေကို သတ်မှတ်အလုပ်ချိန်အတွင်း ပြင်ပဆေးခန်းကုသခွင့်၊ အလုပ်လုပ်ခွင့် တားမြစ်ထား တာကြောင့် ဆရာဝန်တွေကို အစိုးရ၀န်ထမ်းအဖြစ်ကထွက်ဖို့ တွန်းအားပေးသလိုဖြစ်နိုင်ပြီး လူနာရှင်တွေအနေနဲ့လည်း ပြင်ပပုဂ္ဂလိကဆေးခန်း ကုသမှုစရိတ်တွေလည်း မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်ကြီးအချို့က မှတ်ချက်ပေးကြပါတယ်။
စန်းယု ( မော်ဒန် သတင်း ဂျာနယ် )


ဒေါ်အောင်ဆန်းစုကြည်အား UNESCO မှ (Trophy Of the UNESCO-Madanjeet Singh Prize) ဆု လာရောက်ချီးမြှင့်

ယူနက်စကိုက the Trophy of the UNESCO-Madanjeet Singh Prize for the Promotion of Tolerance and Non-Violence ဆုပေးတယ်။ ဒီဆုကို ၂၀၀၂ ခုနှစ်က ပေးဖို့ ကြေငြာခဲ့တာ ဖြစ်ပြီး အခုမှ လာရောက်ပေးအပ်နိုင်တာပါ။ ဆုတံဆိပ်နှင့်အတူ USD 100,000 ကိုပါ ပေးအပ်ခဲ့ပါတယ်။
အန်တီက အဲဒီ USD 100,000 ကို လူမှုရေးရန်ပုံငွေ အတွက် ပြန်လှူဒါန်းခဲ့ပါတယ်။
Info by Soe Zeya Tun





မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်

ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။

Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 
မနေ့နေ့လည်က ဈေးချို ဈေးပွဲတော်လုပ်တဲ့အခါ

မနေ့နေ့လည်က ဈေးချို ဈေးပွဲတော်လုပ်တဲ့အခါ မန်းမြန်မာပလာဇာက သူတို့ဈေးရှေ့မှာ မလုပ်ဘို့ရန် ဈေးဌာနမှူးကိုတင်ပြတဲ့အတွက် ဈေးဌာနမှူးရုံးမှာ ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ နဲ့ မန်းမြန်မာပလာဇာဈေးအကျိုးတော်ဆောင်အဖွဲ့တို့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးကြပါသည်။
ဈေးချိုတော်ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌက အကျိုးအမြတ်ကို ခွဲဝေပေး ပါမည်ဟုညှိနှိုင်းသော်လည်း မန်းမြန်မာ ပလာဇာ အတွင်းရေးမှူးဦးသက်တင်မှ ၄င်းတို့သည် ဈေးသူဈေးသားများက ရွေးချယ်တင်မြောက်ထားသူများဖြစ်သည့်အတွက် ဈေးပွဲတော်လုပ်ခြင်းကို ဈေးသူဈေးသားများ မကြိုက်သည့်အတွက် မိမိတို့ဈေးရှေ့တွင်မလုပ်ရန် ကန့်ကွက်ခြင်း ဖြစ်ပါကြောင်း ၊ ငွေရေးကြေးရေးအတွက် ကန့်ကွက်ခြင်းမဟုတ်ကြောင်း၊လူကြီးမင်းတို့ နှင့် ပုဂ္ဂိုလ်ရေးအရများစွာခင်မင်ရင်းနှီးသော်လည်း၊ယခုကိစ္စသည်ဈေးသူဈေးသားများ၏ဆန္ဒဖြစ်သဖြင့် မိမိတို့ဈေးရှေ့တွင် ဈေးပွဲတော်လာရောက် ပြုလုပ်ခြင်းကိုခွင့်မပြုနိုင်ပါကြောင်းပြောကြားခဲ့သည်။
ဦးသက်တင်သည် မန်းမြန်မာပလာဇာတွင် လျပ်စစ်မီးခ များ ပိုမိုပေးရမှုကို
ဝန်ကြီးချုပ်အားတင်ပြပြီး ညီးမျှအောင်ဆောင်ရွက်ပေးဘူးခဲ့သူဖြစ်သည်။


ဇူလိုင်၇ရက် ကျောင်းသားအရေးတော်ပုံကိုယ်တွေ့ကြုံခဲ့သူ ကျောင်းသားဟောင်းများရဲ့ ပြောပြချက်

၁၉၆၂ ခုနှစ် ဇူလိုင် ( ၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက်ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်း အာခံ ဆန့်ကျင်တဲ့ ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေကို စစ်တပ်က ရက်ရက်စက်စက် မောင်းပြန် လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
ဒဂုံတာရာ ရဲ့ ဇူလိုင် ၇ ရက် ကိုယ်တွေ့ အသက် ၉၃ နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုံတာရာဟာ ၁၉၃၈ ခုနှစ် ၀န်းကျင်က ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့နဲ့ အတူ ကျောင်းသား သမဂ္ဂ ထိပ်ပိုင်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီး ဒဂုံတာရာဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်း စစ်အစိုးရရဲ့ လက်နက်ကိုင် စစ်သားတွေက ကျောင်းသားတွေကို ပစ်ခတ်ခဲ့ အပြီး အချိန်ပိုင်း အတွင်းမှာဘဲ ရုပ်ရှင် သရုပ်ဆောင် ကောလိပ်ဂျင် နေ၀င်းနဲ့ အတူ အင်းယားလမ်းက တဆင့် တက္ကသိုလ် ကျောင်းဝင်း အတွင်း ကားတစီးနဲ့ ရောက်ရှိသွားခဲ့ပုံ၊ ကျောင်းသား ၁၀၀ ကျော်လောက် သတ်ဖြတ်ခံခဲ့ရတဲ့ အတွက် ဗကသ ကျောင်းသား ခေါင်းဆောင် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းနဲ့ ဆုံတွေ့ခဲ့ရာမှာ တယောက်နဲ့ တယောက် စကားမပြောနိုင်တဲ့ အထိ စိတ်ထိခိုက်ခဲ့ရပုံ၊ နောက်တနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ ယမ်းငွေ့တွေ သန်းနေဆဲ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ၀မ်းနည်းစွာ မြင်တွေ့ခဲ့ရပုံ၊ သမဂ္ဂ အဆောက်အဦကြီး အတွင်း ချိတ်ဆွဲထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားချပ်တွေနဲ့ ပတ်သက်လို့ နှမြောတသ ဖြစ်ရပုံတွေကို ပြန်ပြောင်း ပြောပြထားပါတယ်။

အစိုးရက ဘာလို့သုံးရသလဲ မောင်ရန်ပြေ

အစိုးရက ဘာလို့သုံးရသလဲ
        အစိုးရရဲ့ အသုံးစရိတ်တွေ ဘာလို့ သုံးစွဲနေရသလဲဆိုတဲ့ မေးခွန်းကို သုံးစွဲစရာအကြောင်း ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီး ပထမဆုံး ဖြေရမှာ ဖြစ်တယ်။
ဒီလောက်သုံးဖို့ လိုမယ်မထင်
          ဥပမာ- ပြည်တွင်းမှာ မတည်မငြိမ် ဖြစ်တာတွေ များနေတဲ့အချိန်၊ ပြည်ပအန္တရာယ်တွေ များနေတဲ့ အချိန်မျိုးမှာ စစ်ရေးအသုံးစရိတ်တွေ များနေနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီး ပြည်ပအန္တရာယ်တွေ လျော့ပါးသွားပြီဆိုရင်တော့ ဒီလောက်သုံးဖို့ လိုမယ် မထင်ပါဘူး။
          ပြီးတော့ ပုဂ္ဂလိကကဏ္ဍကို ထိန်းချုပ်တဲ့ခေတ်က ထိန်းချုပ်တဲ့ဌာနတွေ၊ နယ်ပယ်တွေမှာ စွမ်းအားတွေ၊ ဝန်ထမ်းအင်အားတွေ အများကြီး သုံးခဲ့ရပေမယ့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုကို အားပေးတဲ့အချိန်မှာ ပုဂ္ဂလိကကဏ္ဍ လုပ်လို့ကိုင်လို့ အဆင်ပြေအောင် အထောက်အကူပေး၊ ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ငွေအား၊ လူအား ပိုသုံးဖို့ လိုလာပါမယ်။
          အဲသလိုပါပဲ လုံခြုံရေးအတွက် အခြေခံသုံးစွဲထားတဲ့၊ သုံးစွဲမှုပုံစံနဲ့ စွမ်းဆောင်ရည် မြင့်မားရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲတဲ့ပုံစံချင်းတူမှာ မဟုတ်ပါဘူး။ တစ်ချိန်တုန်းကဆို စက်ရုံအလုပ်ရုံတွေ တည်ဆောက်ရေးအတွက် နိုင်ငံတော်အစိုးရက ငွေလုံးငွေရင်း အသုံးစရိတ်တွေ အများကြီး အကုန်အကျခံခဲ့ရတယ်။ အခုလို ပုဂ္ဂလိကကဏ္ဍ အရေးပါလာတဲ့အချိန်မှာ ဟိုတုန်းကလို စီးပွားရေးလုပ်ငန်းတွေ အတွက် ငွေလုံးငွေရင်း အများကြီးသုံးဖို့ လိုမှာ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေ အရှုံးပြလို့ ကျခံနေရတာတွေ၊ သာမန်အသုံးစရိတ်တွေလည်း သိသိသာသာ လျော့ပါးနိုင်ပါတယ်။
ဘာအတွက် သုံးမှာလဲ
        ဒုတိယစဉ်းစားစရာ မေးခွန်းကတော့ ဘာအတွက် သုံးမှာလဲ၊ ဘယ်နေရာတွေမှာ လိုအပ်နေသလဲ ဆိုတဲ့ မေးခွန်းပါ။ သေသေချာချာ ထပ်မေးဖို့ လိုတာက လိုအပ်တာလား၊ လိုချင်တာလား ဆိုတာပါ။ လိုချင်တာတွေကတော့ အတောမသတ်နိုင်တာမို့ ဘယ်နေရာတွေ၊ ဘယ်သူတွေ လိုအပ်သလဲဆိုတာ မေးရတာပါ။
          ဒီ့အပြင် ခါတိုင်း ဘောဂဗေဒနယ်ပယ်မှာ မေးနေကျဖြစ်တဲ့ အခြေခံမေးခွန်းတွေကို မေးကြည့်၊ ဖြေကြည့်ဖို့လည်း လိုလာပါတယ်။ အဲဒါတွေက အစိုးရ (သို့) ပြည်သူပိုင်ကဏ္ဍက ဘာတွေထုတ်လုပ်ကြမှာလဲ..? အများပြည်သူ သုံးဖို့အတွက် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေလား..? မော်တော်ကားတွေ၊ ကက်ဆက်တွေ၊ ရုပ်မြင်သံကြားတွေလို၊ ပုဂ္ဂလိက အသုံးအဆောင်တွေ၊ တစ်ကိုယ်ရေ အသုံးအဆောင်တွေလား..? လက်ရှိ ငွေအား၊ လူအား၊ နည်းပညာတွေနဲ့ အများပြည်သူ သုံးဖို့က ဘယ်အချိုး၊ ပုဂ္ဂလိက သုံးနိုင်ဖို့က ဘယ်အချိုး ထုတ်လုပ်ကြမှာလဲ..? အများပြည်သူ သုံးဖို့အတွက် ဦးစားပေး ထုတ်လုပ်မယ် ဆိုရင်တော့ ပုဂ္ဂလိက သုံးစွဲစရာတွေလျှော့ပြီး ထုတ်လုပ်ရမှာပါ။ ဒီနေရာမှာလည်း ဖြစ်ချင်၊ လိုချင်သလောက် မထုတ်လုပ်နိုင်တာ၊ စွမ်းအားရှိသလောက် မထုတ်လုပ်နိုင်တာဆိုတဲ့ အပိုအလိုတွေ ရှိနေမှာပါ။ တစ်ပြိုင်နက်တည်း အများပြည်သူသုံးဖို့ရော၊ တစ်ဦးချင်းသုံးဖို့ရော၊ အပြည့်အဝ ထုတ်လုပ်ဖို့ ဆိုတာကတော့ လက်တွေ့မကျပါဘူး။
ဘယ်လိုထုတ်လုပ်ကြမှာလဲ
          တတိယမေးခွန်းက ဘယ်လိုထုတ်လုပ်ကြမှာလဲ..? ပုဂ္ဂလိကက ထုတ်လုပ်မှာလား..? အစိုးရ ဒါမှမဟုတ် ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်၊ အရင်းအနှီးများများသုံးပြီး ထုတ်လုပ်မှာလား..? လုပ်အားများများသုံးပြီး ထုတ်လုပ်မှာလား..? အလုပ်လက်မဲ့တွေ များနေတဲ့နေရာ၊ များနေတဲ့အချိန်ဆို လုပ်အားများများ သုံးတတ်ကြပေမယ့် ခေတ်မီတဲ့ နည်းပညာတွေ၊ စံချိန်စံညွှန်းတွေ လိုချင်တယ်ဆိုရင်တော့ အရင်းအနှီးများများ သုံးရပါမယ်။
          ဒီနေရာမှာ ဘယ်လောက်သုံးမှာလဲဆိုတဲ့ မေးခွန်းက အရေးတကြီး ဖြစ်လာပါပြီ။ နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုက ဘယ်သူ့အတွက် ထုတ်လုပ်မှာလဲ..? ဝင်ငွေခွဲဝေ ဖြန့်ဖြူးပုံတွေက မတူညီ၊ ဝင်ငွေ အနိမ့်အမြင့် ကွာခြားမှုတွေ ရှိနေလေတော့ အစိုးရက အခွန်ကောက်တာပဲဖြစ်ဖြစ်၊ လူမှုဖူလုံရေး လုပ်တာပဲဖြစ်ဖြစ်၊ အုပ်စုအမျိုးမျိုးပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ သူတို့စံငွေ သုံးစွဲနိုင်မှုအပေါ် ဂယက်ရိုက်ခတ်မှု ရှိပါတယ်။ ဒီလိုပါပဲ အများပြည်သူသုံးဖို့ ကုန်စည်နှင့် ဝန်ဆောင်မှုတွေ ထုတ်လုပ်ရာမှာ အကျိုးရှိတဲ့ အုပ်စုတွေ ရှိသလို၊ အကျိုးမဲ့သွားတဲ့ အုပ်စုတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- ထုတ်ကုန်တစ်ခုကို ပြည်သူပိုင်ကဏ္ဍက ထုတ်လုပ်လိုက်တဲ့အတွက် စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ပေမယ့် အဲဒီကုန်စည်ကို မူလက လက်ဝါးကြီးအုပ်ပြီး ထုတ်လုပ်ရောင်းချသူတွေအတွက်တော့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။
ဘယ်လိုရွေးချယ် ဆုံးဖြတ်မှာလဲ
          ကျန်တဲ့မေးခွန်းတစ်ခုက ဘယ်လိုရွေးချယ်၊ ဆုံးဖြတ်ကြမှာလဲ..? ပြည်သူပိုင်လုပ်ငန်းတွေမှာ စုပေါင်းပြီး ဆုံးဖြတ်ကြ၊ ရွေးချယ်ကြတယ်။ တစ်နည်းပြောရရင် လူ့အဖွဲ့အစည်းက ဆုံးဖြတ်တယ်။ ဥပမာ- တရားဥပဒေရဲ့ ပုံစံတွေ၊ စစ်ရေးအသုံးစရိတ်တွေ၊ အများပြည်သူ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်၍ စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်။ လူတစ်ဦးချင်းရဲ့ စားသုံးမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် စားသုံးသူတွေ လိုအပ်တဲ့ ပစ္စည်းတွေကို စီးပွားရေးလုပ်ငန်းတွေက သေချာပေါက် ထုတ်လုပ်ပေးဖို့ ဈေးကွက်ယန္တရားက အလုပ်လုပ်ရာမှာဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေဟာ အတော်လေး ခက်ခဲရှုပ်ထွေးပါတယ်။
          စုပေါင်းပြီး ဆုံးဖြတ်ချက်ချတယ်ဆိုတဲ့ အခါကျတော့ ပိုပြီးခက်ခဲပါတယ်။ ရှုပ်လဲ ရှုပ်ထွေးတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာ၊ သဘောတူသင့် တူထိုက်တာတွေကိုတောင်မှ သဘောမတူတာတွေ၊ သဘောမတူသူတွေ ရှိနေတာကို။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း၊ ဦးစားပေးပုံချင်း၊ ကုန်စည်တွေနဲ့ ပတ်သက်လာရင် စုပေါင်းပြီး ဆုံးဖြတ်ကြရပါတယ်။ တကယ်တော့ မိသားစုတစ်စုတည်းမှာတောင် သားကတစ်မျိုး၊ အဖေကတစ်မျိုး၊ ဇနီးနဲ့ သမီးကတစ်မျိုး ဖြစ်တတ်လေတော့ စုပေါင်းဆုံးဖြတ်ဖို့ဆိုတာ သိပ်လွယ်လှတာ မဟုတ်ဘူး။
သတိပြုမိဖို့ လိုပါတယ်
          ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း၊ ရှုထောင့်ချင်း ကွာခြားတတ်တယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ အထူးသဖြင့် ငါနဲ့မတူ၊ ငါ့ရန်သူ သဘောထားတတ်ကြ၊ ကိုယ့်ဘက်မပါရင် သူ့ဘက်လို့ မြင်တတ်၊ ဘယ်ဘက်မှ မလိုက်တဲ့သူကို နှစ်ဖက်စလုံးက ရန်သူအဖြစ် သတ်မှတ်ခံရတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ ပိုပြီး အရေးကြီးပါတယ်။ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာတော့ အများနဲ့ဆိုင်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေ လုပ်ကိုလုပ်ရပါမယ်။
          ပြီးတော့ “အများပြည်သူရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာ။ လူ့အဖွဲ့အစည်းကောင်းဖို့၊ အများကောင်းဖို့ လုပ်နေတာ” ဆိုတဲ့ အသုံးအနှုန်းများကို သတိထား ရှောင်ရှားဖို့ လိုပါတယ်။ ကိုယ်လုပ်တာမှ အများအကျိုး၊ သူလုပ်တာက အများအကျိုး မဟုတ်ဘူးလို့ ဝါးလုံးရှည်နဲ့သိမ်းပြီး ရမ်းလို့မဖြစ်ပါဘူး။ ကိုယ်ပြောချင်တဲ့ အများပြည်သူနဲ့ သူပြောတဲ့ အများပြည်သူဆိုတာ တူချင်မှ တူပါမယ်။ မူဝါဒတွေ မတူတဲ့အခါ၊ အကျိုးရှိတဲ့အုပ်စု၊ အကျိုးမရှိတဲ့အုပ်စုတွေ ရှိမယ်။ နည်းနည်းအကျိုးရှိတဲ့သူ၊ များများအကျိုးရှိတဲ့သူ ရှိမယ်။ မူဝါဒတစ်ခု ချလိုက်ရင် ဘယ်သူ့အတွက် အကျိုးရှိမယ်၊ ဘယ်သူတွေ အကျိုးယုတ်မယ်ဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုပါတယ်။
""Rush to Reform Creates Myanmar Burn-Out” by Prof. Dr. Hla Myin စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲ ၁၁၊ ဖေဖော်ဝါရီလ၊ ၂၀၁၂ (စနေနေ့) @ UMFCCI
ဆရာကြီးလှမြင့်မှာ ဖွံ့ဖြိုးရေး ဘာသာရပ် နယ်ပယ်တွင် H Myint အမည်ဖြင့် ထင်ရှားကျော်ကြားပြီး၊ ကမ္ဘာ့စီးပွားရေးပညာရှင်များကြားတွင် H Myint ၏ ဖွံ့ဖြိုးရေး သီအိုရီမှာ လူသိများသည်။ ဒေါက်တာလှမြင့်ကို ဧရာဝတီမြစ်ဝကျွန်းဒေသတွင် ၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်ဖြစ်ခါစ အသက် ၂၀ ကျော်အရွယ်တွင် အော့စဖို့ဒ်တက္ကသိုလ်ကို ပညာတော်သင် သွားရောက်ခဲ့သည်။ နာမည်ကျော် LSE (London School of Economics) တက္ကသိုလ်မှ Theories of Welfare Economics စာတမ်းဖြင့် PhD ဘွဲ့ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ၄င်းစာတမ်းသည် ထင်ရှားသော စာအုပ်ဖြစ်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်ထိ ဘောဂဗေဒပါမောက္ခ လုပ်ခဲ့ပြီး၊ ၁၉၅၈ မှ ၁၉၆၂ အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရ အမျိုးသားစီမံကိန်းဌာနနှင့် နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ကော်မတီ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ဒေါက်တာလှမြင့်က မြန်မာနိုင်ငံအတွက် တံခါးဖွင့် ဈေးကွက်စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအမြင်များ ရေးဆွဲတင်ပြခဲ့သောကြောင့်၊ သွင်းကုန် အစားထိုး ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးလိုစိတ် လွန်ကဲသော ဦးကျော်ငြိမ်း အပါအ၀င် မြန်မာခေါင်းဆောင်ပိုင်းက ပယ်ချခဲ့သည်။ လန်ဒန် LSE တက္ကသိုလ်ကိုပြန်ပြီး ဘောဂဗေဒဌာနတွင် ဖွံ့ဖြိုးရေးဘာသာရပ် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အထိ သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်အတွက် အရေးကြီးဆုံးစာအုပ် Southeast Asia's economy: Development Policy in the 1970s ကို ရေးသားပေးခဲ့သည်။ ၄င်းစာအုပ်သည် အာရှဒေသ တစ်ခုလုံး ပို့ကုန် ဦးစားပေး မဟာဗျူဟာ ဖော်ဆောင်နိုင်ရေးအတွက် အလွန်အရေးပါခဲ့သည်။ ဂျပန်နှင့် အာရှကျားနိုင်ငံများ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပို့ကုန်ဈေးကွက် လမ်းညွန်မှုများစွာ ပေးနိုင်ခဲ့သည်။ ဒေါက်တာလှမြင့်သည် မိခင်ကြီးကွယ်လွန်ချိန် မြန်မာနိုင်ငံ ပြန်ခွင့်ရဖို့ ဗီဇာလျှောက်ထားခဲ့ရာ ဦးနေ၀င်း အစိုးရ၏ ငြင်းပယ်ခြင်း ခံခဲ့ရသည်။ ယခု နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂ်လစ်နှင့်အတူ ရန်ကုန်တက္ကသိုလ် ပါမောက္ခဟောင်း ကမ္ဘာကျော် စီးပွားရေးပညာရှင် နှစ်ဦး၏ ပြည်တော်ပြန် ဟောပြောပွဲကို သမ္မတဦးသိန်းစိန် ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်မှ ကြီးမှူးဆောင်ရွက်မည် ဖြစ်သည်။ (Source: http://www.maukkha.org)
Hla Myint (born 1920) was a Burmese professor of economics noted as one of the pioneers of development economics. He stressed, long before it became popular, the importance export-orientation as the most useful "engine of growth". After obtaining a Ph.D. in economics at the London School of Economics (with a thesis on the Theories of Welfare Economics), he taught as an economics professor at the University of Rangoon, from 1945 to 1952. He also served as the university's rector from 1958 to 1962. He was an Economic Adviser to the post-independent Burmese government's National Planning Department and the State Agricultural Bank's committee in the 1950s. Hla Myint was influential in the National Planning Committee's drafting of an outward-looking economic development plan for the country, which was rejected in favor of an insular, inward-looking plan. Hla Myint served as as Emeritus Professor Of Economics, teaching development economics, at the London School of Economics from 1966 to 1985. As an example, in 1972 he authored an important study supported by the Asian Development Bank, Southeast Asia's economy: Development Policy in the 1970s, which emphasised the importance of an export-oriented development strategy for the region. In that study, he argued that the existing import substitution policies commonly followed in Southeast Asia should be replaced by a new industrialization policy based on the expansion of manufactured exports. Major works Theories of Welfare Economics, Longmans Green, 1948. Economic Theory and the Underdeveloped Countries, 1971 Southeast Asia's Economy: Development Policies in the 1970s (Penguin Modern Economics Texts) Penguin Books, 1972 (Source: Wikipedia.org)".

(နစက)များမှ လူသေအလောင်းများသင်ဂြိုတ်ခြင်းမပြုရန်တားမြစ်



(မောင်တော)။ ။မောင်တောမြို့နယ်၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှု ဌာန (နစက) နယ်မြေ အမှတ် ၈ အတွင်း မြင်းလွှတ်ကျေးရွာ အုပ်စုအနီးရှိ နတ်မြတ် တလျှောက်တွင် ၁၀ ဦးထက်များ သော လူသေ အလောင်းများ ပေါလောပေါ်နေသည့်ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှ စ၍ တွေ့နေရကြောင်း မြင်းလွှတ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။

၎င်းလူသေ အလောင်းများ ကို သယ်ယူခြင်းနှင့် သင်ဂြိုတ်ခြင်းမပြုရန် နစက နယ်မြေ ၈ ၏ နယ်မြေမှူးမှ တားမြစ် ထားကြောင်းသိရသည်။ ၎င်း လူသေ အလောင်းများ မှာ လွန်ခဲ့သော လေးရက်နေ့တွင် နယ်မြေ ၈ နစက များမှ လူတဦးလျှင် ငွေ ၅၀၀၀၀ ယူ၍ ခွင့်ပြုထားသော မလေးရှာသွား ရိုဟင်ဂျာ စက်လှေစီးသမားများဖြစ်နိုင်ကြောင်း၊ ၎င်းစက်လှေမှာ ဘင်္ဂါလာ ပင်လယ်အော် တွင် ပျက်စီးနှစ်မြှုပ်သွားသည့်အတွက် သေဆုံးသူများဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပြသည်။

နစကများသည် လှေလူကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည့်ကို ဖုံးကွယ်ရန် အတွက် နတ်မြစ်ထဲမှ လူသေ အလောင်းများကို သယ်ယူ၊ သင်ဂြိုတ်ခွင့် မပေးခြင်းဖြစ်သည့်ဟု ၎င်း ကျေးရွာနေ ကျောင်းဆရာတဦး၏ ပြောပြချက်အရ သိရသည်။ လူသေ အလောင်းများ မြစ်ကမ်းနားသို့ကပ်လာပါက မြစ်အတွင်းသို့ တွန်းချပေးရန် နစက မှ ရွာသားများကို ညွန့်ကြား ထားကြောင်း သိရသည်။

နစကများသည် လူသေ အလောင်းများကို ပျက်စီး ပျောက်ကွယ်ချင်သောလည်း လွန်ခဲ့သောနှစ် နိုဝင်ဘောလ ၂၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော နယ်မြေ ၇ နစကများမှ ငွေယူပြီး မလေးရှာ သွားရန် ခွင့်ပြုမှု၊ လူ ၁၃၈ ပျောက်သွားမှု၊ အလောင်း ပျောက်မှု စသည့်တို့ကို စစ်ဆေးရန် လူကုန်ကူးမှု အဖွဲ့ လာရောက်ခဲ့သည်များကို ကြောက် ၍ မလုပ်ကြောင်း နစက အကျိုးတော်ဆောင် တဦး မှ ပြောပြသည်။ ဘင်္ဂါလာဒေးရှ် နှင့် မြန်မာနိုင်ငံ မှ မလေးရှာသို့သွားသည် ပင်လယ်ခရီးသည် ကြမ်းတမ်း၍ အန္တရာယ်အများဆုံး ခရီးဖြစ်ကြောင်း၊ ၎င်းခရီးတွင် စက်လှေ မှောက်ပြီး လူ အမြောက်အများ သေဆုံးသည့် အပြင် ထိုင်း နှင့် မြန်မာ အစိုးရ များ၏ ဖမ်းဆီးခြင်းလည်း ခံရကို မကြောက်၍ ယနေတိုင် ၎င်းခရီးကို ဆက်လက် သွားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးတို့သည် ယခင်နည်းတူ ဖိနှိပ်ချုပ်ချယ်မှုများသော ခရီးသွားလာမှု၊ ထိမ်းမြားမှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးများ ဆက်လက်ခံနေရကြောင်း သိရသည်။ နစကများသည် ရိုဟင်ဂျာ လူမျိုးများ ထံမှ ငွေယူပြီး နိုင်ငံခြားသို့ ထွက်ခွါ ခွင့်ပြု ခြင်းသည် ခဲတလုံးဖြင့် ငှက် နှစ်ကောင် ပစ်နည်းကို သုံးနေခြင်းဖြစ်ကြောင်း၊ နစက စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူဦးရေး လျှော့ချရေး အတွက် အသုံးဝင်သလို ငွေ လည်း ရနေသည်ဟု ဆိုလိုသည်။
Source : ကုလားတန်သတင်း


အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လူတွေပဲ လုပ်ပိုင်ခွင့်အားလုံးကို လက်သိပ်ထိုးပေးခြင်း


"ရုရှားမှာ ကွန်မြူနစ်စနစ်ကနေ လစ်ဘရယ် ဒီမိုကရေစီကို စတင်ကျင့်သုံးတဲ့ အချိန်မှာ အရင် ဆိုရှယ်လစ် စီးပွားရေး စနစ်ရဲ့ အဓိကကျတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တယ်။ အဲ့အချိန်မှာ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ လူတွေပဲ လုပ်ပိုင်ခွင့်အားလုံးကို လက်သိပ်ထိုးပေးခြင်းခံရတယ်။ အဲ့လိုနဲ့ ရုရှားမှာ ခေတ်သစ် ကုဋေကြွယ် သူဌေး လူတန်းစား တစ်ရပ်ပေါ်လာတယ်။ စီးပွားလုပ်တဲ့ နေရာမှာ လက်ဝါးကြီးအုပ်၊ မားဖီးယား ဆန်ဆန် လုပ်မှုတွေ ကြောင့် ရုရှား မားဖီးယား ဆိုပြီး စီးပွားရေးအုပ်စုတွေရဲ့ ပုံရိပ်တွေဟာ ရုပ်ရှင်တွေထဲအထိ ပေါ်ပြူလာ ကာလ်ချာ အနေနဲ့ နေရာယူလာတယ်။ သူတို့နဲက ပတ်သက်တဲ့ ဟာသတွေလည်း ရေပန်းစားလာတယ်။ မားစီးဒီး ကား ဆီကုန်သွားလို့ ကားအသစ်မှာတာတို့ ဘာတို့ ပေါ့။ မျက်စိထဲ မြင်သာမယ့် ပုဂ္ဂိုလ်ပြရမယ်ဆိုရင် ချယ်လ်ဆီးဘောလုံးကလပ်ပိုင်ရှင် အီဗရာမိုဗစ်ခ်ျ လို ပုဂ္ဂိုလ်တွေပေါ့။ ဒါပေမဲ့ တိုင်းပြည်အတွက်တော့ အဲ့သလို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့ဒဏ်ကိ ခုထိ (ရုရှားမှာ) ခံနေရတုန်းပဲဆိုပြီး ဘောဂဗေဒပညာ ရှုဒေါင့်ကနေ သုံးသပ်ကြတယ်။ ဗမာပြည်မှာလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ ပုဂ္ဂလိကပိုင်တွေ လုပ်တော့ ဘယ်လို ပုဂ္ဂိုလ်တွေ၊ ဘယ်လို နည်းနဲ့ရခဲ့ကြတယ်ဆိုတာ လူတိုင်းသိကြတယ်။ စစ်အစိုးရ အဆက်ဆက်ကနေ ခု စစ်တပိုင်း အစိုးရအထိလည်း တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လက်သင့်ရာ စားတော်ခေါ်၊ ပြီးတော့ ဝေစားမျှစားလုပ်တဲ့ စီးပွားရေးစနစ်ပဲ ကြီးစိုးခဲ့ (နေ) တယ်။ အဲ့တော့ ခုတလော စကားအလှနဲ့ မစားရဝကမန်းတွေ ပြောနေတဲ့ ဗိုလ်ရွှေမန်း အပါအဝင် ဗိုလ်သိန်းစိန် အစိုးရ အဖွဲ့ကို ပြောချင်တယ်။ တိုင်းပြည်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးစနစ်ကို တည်ထောင်ချင်ရင် အရင်ဆုံး လက်သိပ်ထိုး၊ လက်ဝါးရိုက်နဲ့ အဆင်ပြေနေတဲ့ စီးပွားရေးလုပ်ခွင့်ရနေတဲ့ ပုံစံကို အရင်ပြင်ပါ။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်နဲ့ လုပ်နေကြတဲ့ အချောင်စား ခရိုနီတွေကို အရင်ပပျောက်အောင်လုပ်ပါ။ ဗိုလ်ရွှေမန်းအပါအဝင် အရင်စစ်အစိုးရအဖွဲ့ဝင်ဟောင်း၊ လက်ရှိ အစိုးရအဖွဲ့ဝင်၊ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို တိုင်းပြည်ကို ချပြပါ။ အခွင့်အာဏာသုံးပြီး မတရားနည်းနဲ့ ရယူထားတဲ့ လုပ်ပိုင်ခွင့်တွေ၊ ပိုင်ဆိုင်မူပစ္စည်းတွေ၊ ငွေကြေးတွေကို တိုင်းပြည်ကို ပြန်အပ်ပါ။ တိုင်းပြည်ကို တကယ်တိုးတက်စေချင်ရင် အပြောနဲ့ မလုပ်ဘဲ လက်တွေ့ ကိုယ်ကစပြီး လုပ်ဖို့ ဗိုလ်ရွှေမန်းကို တိုက်တွန်းလိုတယ်။ အဲ့လိုလုပ်ရင် လက်ငင်းရလဒ်အနေနဲ့ တိုင်းပြည်ဘတ်ဂျက်လိုငွေပြနေတွေ ချက်ချင်း သိသိသာသာ လျော့ချနိုင်မယ်။ ရေရှည်မှာလည်း ပွင့်လင်းမြင်သာမျှတတဲ့ စီးပွားရေးစနစ်တစ်ခုဖေါ်ဆောင်နိုင်ဖို့ အခြေခံဖြစ်မယ်။ ဝန်ထမ်းတွေ လစာနဲ့ မလောက်ဘူးဆိုတာ ခုမှ အရှက်မရှိဝန်ခံပြောတာကို ဘာဘဲဖြစ်ဖြစ် ဝန်ခံတဲ့အတွက် ကြိဆိုတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ ဆူရင်ပူရင်ဝင်ပါမှာ ကြောက်လို့ လစာတိုးပေးတဲ့နည်းဟာ စစ်အစိုးရအဆက်ဆက်သုံးခဲ့တဲ့နည်းပါ။ လစာတိုးပေးလည်း ကုန်ဈေးနှုန်းတည်ငြိမ်အောင်မလုပ်နိုင်ရင်၊ ငွေကြေးဖောင်းပွမှု မထိန်းနိုင်ရင် အလကားပဲဆိုတာ ဘောဂဗေဒပညာသိဖို့မလို အခြေခံဝန်ထမ်းဖြစ်တဲ့ ရုံးအကူကအစ ဘဝပေးတဲ့အသိနဲ့ သိတယ်။ ဝါဇီက ရိုက်လို့ရတိုင်း ထုတ်ပြီး လုပ်ချင်တိုင်းလုပ်ခဲ့လို့ တိုင်းပြည်လည်း မွဲချင်တိုင်း မွဲနေတာကို သင်ခန်းစာ ယူပါ။ အပြောကတော့ ဖိုးစိန် (ရွှေမန်း)၊ ကတော့ ချိုမိုင်မိုင်လုပ်နေရင် ရွှေပြည်တော် မျှော်တိုင်းဝေး နေမှာပါ။ မြှားဆိပ်ပြေ၊ ရွှေအိုးထမ်း၊ မျက်ကန်းမြင် ပြီး သာယာတဲ့ ရွှေပြည်တော်ဝင်နိုင်ဖို့ စဉ်းစားဆင်ခြင်သုံးသပ်ပြီး အသိကပ်စေချင်တယ်။ ငြိမ်းချမ်းအေး ၁၀၊ ဖေဖေါ်ဝါရီ၊ ၂၀၁၂ နောက်ဆက်တွဲ (တပါတည်း ပြည်သူချစ်ရတဲ့ လူထုခေါင်းဆောင်ကိုလည်း ပြောပါရစေ။ "မြန်မာ့အားကစား ကမ္ဘာ ကိုလွှမ်းရမည်။" ဆိုသလိုမျိုး နအဖလေသံတော့ မလုပ်လိုက်ပနဲ့။ တောင်းပန်ပါရစေ။".

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment