မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၁၀ ရက် ၊ ၂၀၁၂

 

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည် 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့်
ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်
ကြောင်းသိရသည်။

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက် 

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု
ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိ
ကြောင်းလုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ
တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြ
ကြောင်းသိရသည်။

မကွေးတိုင်း စာပေဟောပြောပွဲ ၇ ပွဲ ပိတ်ပင်ခံရ 

မကွေးတိုင်းအတွင်း စာပေဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပိတ်ပင်တားဆီးနေကြောင်း ဟောပြောကြမည့် စာရေးဆရာများက ပြောကြောင်း ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အထိ တလအတွင်း မကွေးတိုင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပရန်ရှိသည့် စာပေဟောပြောပွဲ ၇ ပွဲလုံးကို ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အထက်အမိန့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့် မပေးခြင်းဟုလည်း စာရေးဆရာများက ပြောကြောင်းသိရသည်။

တရုတ်မြန်မာနယ်စပ်မီးလောင်၊ ဆိုင်ကယ် တထောင်ထက်မနည်း ဆုံးရှုံး

ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင်တန်းတွင် ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြောင်းမီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်းယခုမီးလောင်ကျွမ်းမှုသည် ဂျယ်ဂေါင်မြို့တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင်မှုဖြစ်သည်ဟု သိရှိ အသက် ၆၀ အရွယ် ဂျယ်ဂေါင်မြို့တွင်နေထိုင်သူတဦးက ပြောသည်။ ယခုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် ပမာဏ မသိရှိရသေးကြောင်း မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသည့် တရုတ်နိုင်ငံဖြစ် ဆိုင်ကယ်အများစုမှာ တရုတ်မြန်မာနယ်စပ်ဖြစ်သည့် ဂျယ်ဂေါင်မူဆယ်မှ တဆင့်တင်သွင်းလျှက်ရှိခြင်းကြောင့် ဂျယ်ဂေါင်မြို့တွင် ဆိုင်ကယ် အရောင်းဆိုင်နှင့် ဂိုဒေါင် အများအပြား ဖွင့်လှစ်ထားရှိကြ ကြောင်းသိရသည်။

ဇာဂနာနှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ

နိုင်ငံကျော် လူရွှင်တော် ဇာဂနာ နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် တို့ ယမန်နေ့က ၀ါရှင်တ်မြို့၌ တွေ့ဆုံကြောင်း သိရသည်။ ဇာဂနာသည် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်၍ အလည်အပတ်ခရီးအနေနှင့် ရောက်ရှိနေခြင်း ဖြစ်သည်။ ဇာဂနာနှင့် အတူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာနှင့် NLD မှ ဒေါ်ခင်သန်းမြင့်တို့ကိုလည်း မစ္စ ဟီလာရီက တွေ့ဆုံ နှုတ်ဆက်သည်ဟု AFP သတင်း၌ ရေးသားထားကြောင်းသိရသည်။

ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ ကလင်တန်နှင့်တွေ့ဆုံ


ဖေဖော်ဝါရီ၈၊ နေ့ခင်း၊၀ါရှင်တန်ဒီစီအစိုးရရုံးတော်တွင် မြန်မာပြည်က ခေတ္တလာရောက်သူ နိုင်ငံအရေး နိုးကြားလှုပ်ရှားသူများဖြစ်သည် ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တို့ကို အစိုးရနိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။


မိလ္လာကန်အတွင်း ဆင်းရာမှ လူ ၄ ဦးသေဆုံး

မကွေးတိုင်း ပွင့်ဖြူ မြို့နယ်ရှိ လယ်မကျေးရွာ၌ ရေဆိုးထုတ်ရန် မိလ္လာ ကန်အတွင်း ဆင်းသူ ၄ ဦး သေဆုံးမှု တခု ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့က လွန်ခဲ့သော ၁၀ ခန့်ကတည်းက အသုံးပြုခဲ့သည့် ယင်းမိလ္လာကန်အတွင်းသို့ အိမ်ရှင် ဦးတင်ငွေ ဆိုသူနှင့် အဖော် ၅ ဦး ဆင်းသက်ခဲ့ရာ ကန်အတွင်းရှိ ပြင်းထန်သော အနံ့ဆိုးများကြောင့် အောက်ဆီဂျင်ပြတ်လပ်၍ ဦးတင်ငွေ အပါအ၀င် ၄ ဦး သေဆုံးပြီး ကျန်၂ ဦးမှာ ဆေးကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြ သည်။ မိလ္လာကန်ထွက် ဘိုင်ဂက်စ်မှာ ပြင်းထန်သော အဆိပ် ဓာတ်ငွေ့ဖြစ်သည်ဟုလည်း ဆိုကြောင်းသိရသည်။


မွန် အမျိုးသားနေ့ ရန်ကုန်၌ ပြန်ကျင်းပခွင့်ရ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယမန်နေ့က ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပသည်။ မွန်အမျိုးသားနေ့ ကျင်းပခွင့်ကို ၁၉၉၇ ခုနှစ်မှ စတင်၍ ၁၅ နှစ်ခန့် တားမြစ်ခံထားရပြီး ယခု ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခွင့်ရခြင်း ဖြစ်ကြောင်းသိရသည်။

အစိုးရနှင့် ABSDF ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ပြုလုပ်ကြောင်းအစိုးရဘက်မှ ဗိုလ်မှူးကြီးစောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါအ၀င် ခေါင်းဆောင်တချို့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယခုဆွေးနွေးပွဲမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး အတွက် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဦးမျိုးဝင်းကပြောကြောင်းသိရသည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုကြောင်းသိရသည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးရန် မင်းကိုနိုင်ပြော


အာဏာရှင်ဟောင်း ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီလက်ထက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်း ၀င်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြား လိုက်ကြောင်းသိရသည်။

ကချင် ဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတပွဲ ကျင်းပမည်


ကချင်စစ်ပြေး ဒုက္ခသည်များအတွက် နာမည်ကျော် ကချင်အဆိုတော်များ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ကြောင်းသိရသည်။

အရှင်ဂမ္ဘီရ ပြန်အဖမ်းခံရ

 

ရွေှ့ဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ မနက် ၂ နာရီလောက်က လာရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင် 

 

မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ကြောင်းသိရသည်။

နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

 

နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ လူငယ်တွေကို တိုက်တွန်း ပြောဆိုလိုက်ကြောင်းသိရသည်။

မီဒီယာ ဥပဒေအသစ်ကို မြန်မာ့သတင်းသမဂ္ဂ ဝေဖန်

 

မြန်မာနိုင်ငံမှာ အသစ် ပြဋ္ဌာန်းမယ်ဆိုတဲ့ မီဒီယာ ဥပဒေဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံနိုင်ဖွယ် မရှိဘူးလို့  BMA ခေါ် မြန်မာ့သတင်း သမဂ္ဂက ထုတ်ဖေါ်ပြောဆိုလိုက်ကြောင်းသိရသည်။

ကျောင်းပြန်တက်ခွင့်ရရေး ဥပဒေ နည်းလမ်းနဲ့လုပ်ဖို့ အကြံပြု

 

ကျောင်းပြန်တက်ခွင့် ရရေးကို ဥပဒေနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းကြည်က နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားတွေကို ဒီကနေ့ အကြံပေးလိုက်ကြောင်းသိရသည်။

ကျန်နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ရင် ပိတ်ဆို့မှု ရုပ်မှာမဟုတ်

 

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မချင်း အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က ပြောကြားလိုက်ကြောင်းသိရသည်။

မြန်မာ့ လေကြောင်းကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခံရ

 

အခုလ ၈ ရက်နဲ့ ၉ ရက်အတွင်း မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း MAI ကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက် ရေးသားထားတဲ့စာကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် လက်ခံရရှိခဲ့တယ်လို့ MAI ပြောခွင့်ရအမျိုးသမီးက အာအက်ဖ်အေကို ပြောကြောင်းသိရသည်။

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

 

ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ မြန်မာစစ်တပ် တရုတ်စေ့စပ်ပေး

 

တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး တရုတ်က ကမကထလုပ်နေတာဟာ စီးပွားရေး အမြင်နဲ့ ဖြစ်တယ်လို့ မြန်မာ့အရေး အကဲခတ် ဦးအောင်ကျော်ဇောက မြင်ကြောင်းသိရသည်။

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

 

ရန်ကုန်လေဆိပ်ကို ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တိုက်ခိုက်မယ်လို့ ဖော်ပြထားပေမယ့် စစ်ဆေးကြည့်တဲ့အခါ အစစ်မဟုတ်ဘူးလို့ ဆိုကြောင်းသိရသည်။

EC ကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည်

 

မြန်မာပြည်ကို ပေးတဲ့ ဥရောပသမဂ္ဂရဲ့ ဖွံဖြိုးရေး အကူအညီတွေကို သုံးသပ်လေ့လာဖို့အတွက် EC ကော်မရှင်နာမင်းကြီး မြန်မာပြည်ကို သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အမေရိကန်ကူညီမှုထိရောက်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်း

 

အမေရိကန်က မြန်မာကိုပေးမယ့် အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အမေရိကန်နိုင်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တိုက်တွန်းကြောင်းသိရသည်။




ဧရာဝတီတိုင်း ဒေသကြီးအတွင်း မှ နိုင်ငံတော်အရန်ဆန် အတွက် ၀ယ်ယူရန် ဧည့်မထ စပါးတင်းတစ်ရာလျှင် ၄၆ပေါင်ကိုက်ဖြင့် တင်းတစ်ရာလျှင်ကျပ် ၃၃၀၀၀၀ နှုန်းဖြင့် ငွေကြေး ပမာဏ ကျပ်သိန်းပေါင်း ၃၉၅၀၀ ဖိုး ၀ယ်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကော်မတီ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ဝယ်ယူခြင်းဖြစ်ပြီး စပါးစိုက်တောင်သူများထံမှသာ အဓိကထားဝယ်ယူရန် ညွှန်ကြားထားကြောင်းသိရသည်။




မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မတ်လအတွင်း ချပေးဖွယ်ရှိသည့် ဂျီအက်စ်အမ်ဖုန်းများနှင့် ပတ်သက်၍ ကျပ်တစ်သိန်းခွဲခန့်ဖြင့်သာ ရောင်းချမည်ဟု သတင်းအချို့ ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းမှာမဖြစ်နိုင်ကြောင်း၊ ဈေးနှုန်းအတိအကျ မသတ်မှတ်ရသေး သော်လည်း ကျပ်နှစ်သိန်းနှင့် ကျပ်သုံးသိန်းကြားတွင်သာ ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။




ပြည်တွင်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့ စာရင်းတွင်ရှိသော နိုင်ငံခြားငွေများကို ဘဏ်စာရင်းပြောင်းနည်း (Account Transfer) ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစကာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ထားကြောင်း ရောင်းဝယ်ရာတွင် နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုဖြင့် ဆက်သွယ်ကာ ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း  နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ထုတ်ပေးထားသည့် ဘဏ် ၁၁ ခုမှာ သမ၀ါယမဘဏ်၊ မြ၀တီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ ဧရာဝတီဘဏ်တို့ဖြစ်ကြောင်း သိရသည်။

Lwin Pwin
Blog:                 http://wanna23-23.blogspot.com/
Web-site:           www.nlabr.com

0 comments:

Post a Comment