မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၄ ရက်၊ ၂၀၁၂

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို ရောက်ရှိ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို ရောက်ပါပြီ... ဒါမြစ်ကြီးနား လေဆိပ်မှာ အန်တီ့ ကိုသွားကြိုတာပါ.... လာကြို တဲ့ အထဲမှာ GTC ကျောင်းသား ကျောင်းသူ အများဆုံးဖြစ်ပါတယ်... မနက်ဖြန် ၂၄ ရက်နေ့  နံနက် ၉ နာရီမှာ ဘောလုံးကွင်း ထက် သုံးဆ လောက်ကြယ်တဲ့ နှစ်စဉ် မနောပွဲ ကျင်းပတဲ့ မနောကွင်းကြီးမှာ အန်တီ ဟောပြောမှာ ဖြစ်ပါတယ်........

နမ္မတီးကျေးရွာ ဘောလုံးကွင်းတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် တချို့

ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၃နာရီ ၄၀ မိနစ်
 (၁)
အနှစ်၂၀ကျော်အတွင်း ပြည်သူတွေချီတက်ချင်တဲ့ ဒီမိုကရေစီလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို တဆင့်ပြီးတဆင့်ဖယ်ရှားဖို့ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အပြင် အခုဆိုရင် နိုင်ငံတော်သမ္မကလည်း ၀ိုင်းဝန်းပြီး ဒီအထဲမှာ ပါဝင်လာလို့ ခရီးလမ်းတော်တော် ပွင့်လာပြီလို့ဆိုရမှာပါ။ လမ်းကပွင့်လာပြီဆိုပေမဲ့ လျှောက်ဖို့လိုပါသေးတယ်။ ဒီလမ်းကိုလျှောက်ဖို့ဆိုရင် အားလုံးကညီညွတ်ဖို့လိုတယ်။ အင်အားတောင့်တင်းဖို့လိုတယ်။ ကျွန်မအခုလာတဲ့ခရီးလမ်းမှာဆိုရင် ကလေးလေးတွေ အများကြီးတွေ့တယ်။ ဒီလောက်ကလေးအင်အားများတဲ့နေရာ ကျွန်မမရောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကလေးပါတီဝင် အန်အယ်ဒီလို့ပြောရမယ်လို့တောင်ဖြစ်နေပါတယ်။ ရွေးကောက်ပွဲခရီးစဉ်မှာ ပထမဦးဆုံးရောက်လာတဲ့ ပြည်နယ်ခရီးစဉ်ဖြစ်ပါတယ်။ ဒီမှာဆိုရင် ရှမ်း၊ဗမာ၊ ကချင် တိုင်းရင်းသားမျိုးစုံကနေ မတူညီတဲ့ပြည်နယ်ကိုရောက်လာလို့ အင်မတန်မှ ၀မ်းသာမိပါတယ်။
 (၂)
ဒီနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်ဆိုတာ မေ့လို့မရပါဘူး။ လွတ်လပ်ရေးရတာက တိုင်းရင်းသား ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။ ဒီမိုကရေစီရဖို့ဆိုတာလည်း တိုင်းရင်းသားလူမျိုးအားလုံးလုပ်နိုင်တဲ့ဘက်က လုပ်ရပါမယ်။ ဒီမိုကရေစီရဖို့မကဘူး၊ ခိုင်မြဲအောင်လုပ်ရမယ်။
ကလေးပါတီတစ်ခုအဖြစ် ကလေးတွေနားလည်အောင် ပြောချင်ပါတယ်။ ကလေးတွေက လမ်းမှာ တက်တက်ကြွကြွနဲ့ ကြိုဆိုကြတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက ဒီမိုကရေစီစိတ်ဓါတ်ဝင်တာ ကျွန်မတို့အနာဂတ်အတွက် သိပ်ကိုကောင်းပါတယ်။ ဒီစိတ်ဓါတ်တွေကို ကလေးတွေဆက်လုပ်သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံက အရှေ့မှာဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ သာယာမယ်။ ကလေးစိတ်ဓါတ်က လူကြီးတွေရဲ့ခိုင်မာတဲ့လုပ်ဆောင်ချက်တွေဖြစ်သွားမယ်။ ဒါကြောင့် ကလေးတွေကို ကျေးဇူးတင်ပါတယ်။ ကလေးတင်မကဘူး လူငယ်တွေအင်အားပါ လိုအပ်တယ်။
လူငယ်တွေက ကိုယ့်ကိုကိုယ် နိုင်ငံအတွက်၊ တိုင်းသူပြည်သားတွေအတွက် ပြုစုပျိုးထောင်သွားစေချင်ပါတယ်။ လူကြီးတွေက ဘယ်လောက်ပဲဖြစ်စေချင်ဖြစ်စေချင် ကိုယ်တိုင်လုပ်မှဖြစ်မယ်ဆိုတာသိစေချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မိုးကောင်းမြို့နယ်က ယှဉ်ပြိုင်ပါမယ်။ ယှဉ်ပြိုင်ရတဲ့အကြောင်းက ပြည်ထောင်စုစိတ်ဓါတ် ပေါ်လွင်ပါတယ်။ တစ်တိုင်းပြည်လုံး ပြည်နယ်တွေအပါအ၀င်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ချင်ပါတယ်။ ကျွန်မတို့ကိုယ်စားလယ်လောင်းအနေနဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ရတဲ့အကြောင်းကို နဲနဲရှင်းပြချင်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဘယ်လိုပုဂ္ဂိုလ်တွေကို ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေဖြစ်မလဲဆိုတာ စဉ်းစားရပါတယ်။ ကျွန်မတို့ရဲ့အခြေခံမူကတော့ ပြည်သူကလေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီကိုလေးစားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်တွေက ကျွန်မတို့ရဲ့ အဖွဲ့ထဲမှာ တော်တော်များများရှိပါတယ်။ အဲဒီများနေတဲ့လူတွေထဲကမှ ထပ်မံပြီးတော့ရွေးတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ/သားတွေကို ဦးစားပေးမယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ပြည်နယ်တွေတင်မဟုတ်ပါဘူး။ ကျွန်မတို့ မြန်မာအများစုရှိနေတဲ့ တိုင်းတွေမှာတောင် ကျွန်မတို့ဒီမူနဲ့ပဲသွားပါတယ်။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် ၆ မြို့နယ် လစ်လပ်ပါတယ်။ အဲဒီမှာ (၄) မြို့နယ်မှာ အမျိုးသမီးတွေဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေကို အားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က အမျိုးသမီးတွေရဲ့အင်အားကို မသုံးလို့ရှိရင် ဒီနိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ အမျိုးသမီးနဲ့အမျိုသားဟာ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးဦးရေက နည်းနည်းအလေးသာသွားပါတယ်။ တစ်ဝက်မကရှိတဲ့အင်အားတွေကို ထိရောက်စွာသုံးဖို့လိုပါတယ်။ ဒါကြောင့် အမျိုးသမီးကိုယ်စားလယ်တွေ တတ်နိုင်သလောက်ပါဝင်အောင်ရွေးချယ်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 (၃)
လူတွေကများ ပြည်သူတွေကများ ဆိုတော့ ကျွန်မတယောက်ထဲ ဆိုတော့ တယောက်ချင်း တယောက်ချင်းကို ကျေးဇူးတင်တယ်လို့ပြောချင်ပေမယ့် အားလုံးကို တကယ်ကို တဦးချင်း တဦျးင်းအပေါ် စေတနာအပြည့်အ၀နဲ့ ကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။
ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့လည်း အဆက်မပြတတ် နေစေချင်ပါတယ်။ အကြံပြုစာရာရှိလို့ရှိရင်လည်း ကျွန်မတို့ အဖွဲ့ချုပ်မှာ သွားပြီးအကြံပြုလို့ရပါတယ်။
ပြည်သူတွေရဲ့ ဒုက္ခတွေရှိတယ်ဆိုရင်လည်း တင်ပြလို့ရပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေ ဘယ်လောက်ထိ ပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ နားလည်ပါတယ်။
အဲဒါတွေနဲ့ ပတ်သက်လို့ အကူအညီလိုတယ်ဆိုရင် အဖွဲ့ချုပ်ရုံးက တဆင့် ဆက်သွယ်ပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ ဒုက္ခတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တာ အကောင်းဆုံးပါပဲ၊ ကျွန်မတို့ဟာဒါကြောင့်မို့ ပြည်သူတွေကို အင်အားဖြည့်ပေးရတယ်ဆိုတာ၊ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာ ကိုယ်ရင်ဆိုင်ပြီး ကိုယ်ဘာသာကိုယ် ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အင်အားတွေ ရရှိဖို့ ဖြစ်ပါတယ်။ နောက်ဆုံး ဘယ်လိုဖြစ်နိုင်လဲ ဆိုတော့ ပြည်သူတွေကို အစိုးရက ပြန်အားကိုးတဲ့ အခြေအနေကိုရောက်အောင် ပို့နေတာဖြစ်ပါတယ်။ ခုလည်းကျွန်မတို့ အားကိုးနေရတာပဲ။
 (၄)
ကျွန်မတို့ဟာ ပြည်ထောင်စုပါ၊ တိုင်းရင်းသားပေါင်းစုံ နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပါ။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း တဦးပေါ် တဦးနားလည်မှုရှိရမယ်။  တဦးပေါ် တဦး သစ္စာထားရမယ်၊ ညီညီညွှတ်ညွတ်နဲ့ ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီး တခုကို တည်ထောင်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံး လက်တွဲပြီးတော့ အားလုံး ချီတက်ကြပါစို့လို့ ကျွန်မမှာကြားချင်ပါတယ်။     ။

ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် (၁)

 ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)
နမ္မတီး-မိုးကောင်းလမ်းမှာ ကလေးလေးတွေ တော်တ်ာများတာပဲ။ လူကြီးတွေ ဘယ်ရောက်နေမှန်းတောင်မသိဘူး။ (ရယ်သံများ)
နောက်မျိုးဆက်သစ်တွေက တက်တက်ကြွကြွရှိနေတယ်ဆိုတော့ ကျွန်မတို့ အင်မတန်မှအားတက်ပါတယ်။ ကျွန်မတို့ပါတီက စပြီးထူထောင်ကတည်းက လူကြီးလူငယ် လူလတ်မရွေး အားလုံးရဲ့အင်အားတွေကို စုပြီးတော့ ဒီမိုကရေစီရဖို့လုပ်ခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုကျွန်မတို့ ကချင်ပြည်နယ်မှာဆိုရင် ဒီမိုကရေစီပြည်ထောင်စုရဲ့ တန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ လူတွေနားလည်ကြပြီထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှာပါ။ 
 အခုကချင်ပြည်နယ်မှာ မငြိမ်းမချမ်းဖြစ်နေရတာဟာ ကချင်ပြည်နယ်တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ၀မ်းနည်းကျေကွဲစရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ကိုယ်ခန္ဓာကြီးတစ်ခုလို့ပဲစဉ်းစားရမယ်။ တစ်နေရာကနာနေလို့ရှိရင် နောက်တစ်နေရာကလည်း ခံရတာပဲ။ လက်ညှိုးလေးနာရင်လည်းသိတာပဲ။ ခေါင်းနာနေရင်လည်းသိတာပဲ၊ ခါးနာနေရင်လည်းသိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပေါင်းတစ်စည်းထဲဖြစ်လို့။ ကျွန်မတို့တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်တဲ့နိုင်ငံမို့လို့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီလုပ်သွားဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ပါဝင်ပြီးဆင်နွဲတဲ့အခါမှာ အဓိက ကိစ္စသုံးခုကိုရှေ့တန်းထားပါတယ်။ အဲဒီသုံးခုကဘာလဲဆိုတော့ ပထမကတော့ တရားဥပဒေစိုးမိုးရေး။ တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ကျွန်မတို့တွေ အလေးထားရလဲဆိုတော့ မိုးကောင်းမြို့နယ် နယ်သားများအများကြီးနားလည်မှာပါ။ ဥပမာဆို လို့ရှိရင် မိုးကောင်းမှာဆိုရင် မိုးကောင်းတင်မကပါဘူး။ ဒီတစ်ဘက်လုံးမှာ လယ်မြေတွေ ယာမြေတွေကို မတရားသဖြင့် ၀ယ်ယူခဲ့တာ၊ သိမ်းဆည်းခဲ့တာဟာ ဒါဟာဥပဒေစိုးမိုးရေးမရှိခဲ့လို့။ (ဟေးးးးး)
ဥပဒေစိုးမိုးရေးရှိလို့ရှိရင် ကိုယ့်လယ်ယာပဲဖြစ်ဖြစ်၊ မြေကွက်ကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်တဲ့ပစ္စည်းကို ဥပဒေလက်မဲ့ဘယ်သူမှ မတရားသိမ်းလို့မရဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်အောင်လို့ ပြောချင်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖြစ်အောင်လို့ ကျွန်မတို့ကြိုးစားနေတာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေကို ကိုင်ပြီးတော့ ပြည်သူတွေကို စိုးမိုးဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဥပဒေက စိုးမိုးဖို့ဖြစ်ပါတယ်။ (ဟေးးးးး)  ဒါကြောင့် ကျွန်မတို့ဟာ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်တာဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုက ထူးထူးထွေထွေ ထောက်ပြနေစရာမလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်ကိုလိုအပ်တယ်ဆိုတာ ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည်မယ်လို့ထင်ပါတယ်။ (ဟေးးးး)
ပြည်တွင်းငြိမ်းချမ်းရေးရဲ့အခြေခံဟာ တစ်ဦးပေးတစ်ဦးနားလည်မှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု တစ်ဦးပေါ်တစ်ဦး လေးစားမှု။ တိုတိုပြောရမယ်ဆိုရရင် ပြည်ထောင်စုစိတ်ဓါတ်ပါပဲ။ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရယူရမယ်လို့ ယုံကြပါတယ်။ (ဟေးးးး)
 ကလေးလေးတွေအင်မတန်များတဲ့မြို့ဖြစ်လို့   ပင်လုံဆိုတာဘာလဲဆိုတာ နည်းနည်းရှင်းပြရမယ်ထင်တယ်နော်။ နို့မို့ဆိုရင် ကလေးတွေက ပင်လုံဆိုတာ ဘာပါလိမ့်လို့ ထင်နေလိမ့်မယ်။ လူကြီးတွေက ကလေးတွေအများသိအောင်လို့ ပင်လုံအကြောင်း ထပ်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လေ့လာပြီးရှင်းပြကြပါ။ နည်းနည်းလေးနဲ့ တိုတိုနဲ့ရှင်းပြရမယ်ဆိုရင် ၁၉၄၇ ခုနှစ်က ကျွန်မတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ဆိုပြီး ကျွန်မတို့တိုင်းရင်းသားတွေစုစည်းပြီး ပထမဦးဆုံးလုပ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ဗမာကတစ်မျိုး၊ ရှမ်းကတစ်ခု၊ ကချင်ကတစ်လမ်းနဲ့ အဲဒီလိုဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်မှာကျတော့ တိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာတွေနဲ့..၊ ဗမာဆိုတာလည်း တိုင်းရင်းသားထဲက တစ်ခုပါပဲ။ ဒါပေမယ့် အများစုပေါ့။ အများစုဖြစ်တဲ့ ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေလက်တွဲပြီးတော့လုပ်ရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန်ရမယ် ဆိုတဲ့ သဘောတူညီချက်အရ ပင်လုံစာချုပ်ဆိုတာ ရှမ်းပြည်မှာရှိတဲ့ ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်တဲ့ စာချုပ်ဖြစ်ပါတယ်။
 အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ပြောရမယ်ဆိုရင် ပင်လုံဆိုတာ မြို့လေးတစ်မြို့ရဲ့နာမည်ဖြစ်တယ်။ အဲဒိမြို့လေးဟာ တိုင်းရင်းသားတွေ ပထမဦးဆုံး အကြိမ်နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်ချုပ်ဆို လက်မှတ်ထိုးခဲ့တဲ့နေရာဖြစ်တယ်။ အဲဒီစာချုပ်ကို ပင်လုံစာချုပ်လို့ခေါ်တယ်။ အဲဒီတော့ ပင်လုံစိတ်ဓါတ်ဆိုတာ ဘာလဲဆိုရင် ရိုးရိုးလေးပြောရရင် ငါတို့အားလုံးလက်တွဲပြီးတော့ ငါတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ညီညွတ်မှုကို အခြေခံတဲ့စိတ်ဓါတ်ဖြစ်တယ်။ ဒါလောက်ဆိုရင် ကလေးတွေအားလုံးနားလည်သွားလောက်ပြီ။ ကြည့်ရတာ ကလေးတွေက ဉာဏ်ထက်တာချည်းပဲ။ (ဟေးးး)
 ကျွန်မတို့ လူကြီးပိုင်း လူလတ်ပိုင်း လူငယ်ပိုင်း ကလေးပိုင်း မျိုးဆက်သစ်အမျိုးမျိုးရှိတယ်။ သူ့နေရာနဲ့သူရှိတယ်။ လူကြီးတွေက မိမိတို့ သမိုင်းအတွေ့အကြုံတွေ ပညာတွေကို လက်ဆင့်ကမ်းပြီးပေးလို့ရတယ်။ လူငယ်တွေ ကလေးတွေက မိမိတို့ရဲ့အင်အားတွေ အနာဂတ်မှာ ရရှိလာမယ့် စွမ်းအင်တွေကိုပေးလို့ရတယ်။ လူငယ်မို့လို့သာတယ်၊ လူကြီးမို့လိုသာတယ် အဲဒီလိုမရှိပါဘူး။ ကလေးဆိုလို့ရှိရင်လည်း ကလေးမို့လို့အားနည်းတာမဟုတ်ပါဘူး။ ကလေးတွေအင်အားက မနည်းပါဘူး။ လမ်းမှာကလေးလေးတွေအော်လိုက်လို့ရှင်ရင် တစ်ခါတည်းကို နားအူသွားတာပဲ။ အဲဒီတော့ ကလေးတွေရဲ့အင်အားက လုံးဝကိုမနည်းပါဘူး။ သူ့အသက်အရွယ်နဲ့သူ သူ့နေရာနဲ့သူ အင်အားရှိကြပါတယ်။ အရေးကြီးတာက ဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့ပဲ။ အင်အားတွေကို မှန်မှန်ကန်ကန်မသုံးလို့ရှိရင် အန္တရာယ်အများကြီဖြစ်နိုင်တယ်။ လူအများကိုလည်း ဒုက္ခပေးနိုင်တယ်။ ဥပမာဆိုလို့ရှိရင် ခဲလုံးတစ်လုံးနဲ့ ခဲလုံးတစ်လုံးကောက်ပြီးသူများကိုပေါက်ရင် နာမှာပေါ့။ ဒါပေမယ့် အဲဒီခဲလုံးနဲ့ လဲကျမယ့် အရာတစ်ခုခုကို ခုပေးရင် အထောက်အပံ့ဖြစ်တာပေါ့။ အဲဒီတော့ ကိုယ့်ရဲ့အင်အားတွေဟာ ကောင်းအောင်သုံးမလား ဆိုးအောင်သုံးမလားဆိုတာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်။ လူများတွေကို တစ်ချိန်လုံး အပြစ်ဆိုနေလို့ မဖြစ်ဘူး။ သူတို့ကြောင့်မို့လို့ ဖြစ်တာ ဟိုလူကြောင့်ဖြစ်တာ ဒီလူကြောင့်ဖြစ်တာ။ ဟုတ်တယ် အခြေအနေကြောင့်မို့လို့ အခက်အခဲတွေအမျိုးမျိုးတွေ့ကြုံနိုင်တယ်။ မနက်ကကျွန်မ လမ်းရီးမှာပြောသွားပါတယ်။ ကျွန်မတို့ဟာ မနက်နှင်းတွေပိတ်ပြီးဖြစ်နေလို့ လေယာဉ်က ရန်ကုန်ကမထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အခါကျတော့ နှင်းတွေကွဲသွားတဲ့အထိစောင့်ရတယ်။ ဒီမြူတွေစင်သွားမှ လေယာဉ်ကထွက်လို့ရတယ်။ တစ်ခါတစ်လေ လမ်းတွေကပိတ်နေတဲ့အခါ အတိုင်းအတာတစ်ခုအထိစောင့်ရတယ်။ ဒါပေမယ့် နှင်းတို့မြူတို့ဆိုတာ သဘာဝအရဖြစ်တဲ့ကိစ္စတွေ။ လူတွေကြောင့်ဖြစ်တဲ့ ဟန့်တားမှုတွေကျ လူတွေကိုယ်တိုင်ဖယ်ရှားရမှာ။ အဲဒါကိုတော့ သဘောပေါက်ရမယ်။ (ဟေးးးးး)
 (မိန့်ခွန်း ဒုတိယပိုင်းကို ဆက်လက် ဖေါ်ပြပေးသွားပါမည်။ )

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ် by Yangon Press International

၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ဘောလုံးကွင်းတွင် ၄၅ မိနစ်ခန့် ဟောပြောပွဲ လုပ်မည်

၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။

၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ်ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊
ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။

၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။

အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၂)

၁၃၇၃-ခု တပေါင်းလဆန်း(၁)ရက်၊ (၂၂.၂.၂၀၁၂)
 (က)    ဦးပဉ္ဇင်းသည် ၁၃.၁.၂၀၁၂-ရက်နေ့တွင် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူ ဖြစ်ပါသည်။ မြစ်ကြီးနားထောင်မှ(၁၁)ယောက် လွတ်မြောက်ရာတွင် သီးသန့်(ယုံကြည်ချက်) အကျဉ်းသား(၅)ဦး ပါဝင်ခဲ့ပါသည်။ မြစ်ကြီးနားထောင်၌ လက်ရှိနိုင်ငံရေး(ယုံကြည်ချက်)အကျဉ်းသား သံဃာနှစ်ပါး ကျန်ရစ်ခဲ့ပါသည်။ တစ်ပါးမှာ ဦးဂန္ဓသာရ(မန္တလေး၊ မူလဆီးဘန်နီတိုက်)ဖြစ်ပြီး၊ ကျန်တစ်ပါးမှာ ဦးဓမ္မသာမိ(မန္တလေး၊ ရန်ကင်းတောင်) ဖြစ်ပါသည်။ နှစ်ပါးစလုံးသည် ရွှေဝါရောင်အကြိုကာလနှင့် ရွှေဝါရောင် ကာလ နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် အကျဉ်းကျခံနေရခြင်း ဖြစ်ပါသည်။
 (ခ)     မန္တလေးထောင်တွင် NLD-မှ ကိုမင်းသူ၊ ကိုဝင်းရွှေ၊ ကိုဝင်းကြည်-နှင့် ကျောက်ဆည်အဖွဲ့မှ မင်းကုန်း ကျောင်းဆရာတော်ကြီးအပါအ၀င် သံဃာလေးပါးသာ လွတ်ပါသည်။ ယုံကြည်ချက်အကျဉ်းသားများ အမြောက် အများပင် ကျန်ရှိနေခဲ့ပါသည်။ သံဃာအပါး(၂၀)နှင့် လူပုဂ္ဂိုလ်(၅၆)ယောက်။ စုစုပေါင်း(၇၆)ဦး ကျန်ခဲ့ပါ သေးသည်။
(ဂ)     ဦးပဉ္ဇင်းတို့ ထောင်မှလွတ်သော်လည်း ဦးပဉ္ဇင်းတို့၏ အမှုတွဲများ၊ ရပ်ဆွေ ရပ်မျိုးများ၊ လုပ်ဖော်ကိုင်ဖက် များ၊ တပည့်ဒကာများ-များပြားစွာ ကျန်ရစ်နေသောကြောင့် စိတ်မလွတ်လပ်သေးပါ။ ၎င်းတို့အတွက် များစွာ ကြောင့်ကြနေရပါသည်။ ၎င်းတို့၏ မိသားစုများကိုလည်း နှစ်သိမ့်နားချနေရပါသည်။ ခေါင်းတွဲနှင့် အထက်တန်း တွဲများထွက်ပြီး အထက်တန်းအချို့နှင့် ရိုးရိုးတန်းအတွဲများ ပြုတ်ကျန်နေခဲ့သော ရထားတစ်စင်းလို ဖြစ်နေသော ကြောင့် လွတ်မြောက်သူလည်း စိတ်မချမ်းသာ၊ ကျန်ရစ်သူလည်း ၀မ်းနည်းပက်လက် ဖြစ်နေရပါသည်။
          ဦးပဉ္ဇင်းအား လွတ်မြောက်သံဃာကံထပ်ပွဲသို့ ကြွရောက်ရန် ရန်ကုန်မြို့က ပင့်ဖိတ်ပါသည်။ ဦးပဉ္ဇင်း မကြွပါ။ ထောင်ထဲမှာ သံဃာတွေကျန်ရစ်နေသေးသောကြောင့် ဖြစ်ပါသည်။ ကျန်ရစ်အကျဉ်းသားများ လွတ်မြောက်ရေး campaigm-တစ်ခု ကျင်းပဖို့လည်း တိုင်ပင်ပါသည်။ ဦးပဉ္ဇင်း သဘောမတူခဲ့ပါ။ ဘုရားကြီး ငါးပါးလှုပ်ရှားမှုကြောင့် လွတ်လပ်ရေးနေ့ အစီအစဉ်ပျက်ခဲ့ရကြောင်း၊ ယခုလည်း ပြည်ထောင်စုနေ့ အစီအစဉ် ရှိလျှင် ပျက်သွားနိုင်ကြောင်း ပြောပြခဲ့ပါသည်။
 (ဃ)    ယုံကြည်ချက် အကျဉ်းသားများ ကျန်ရှိနေက စာရင်းပို့ပါ၊ လွှတ်ပေးပါမည်ဆို၍ ပြည်ထဲရေးဝန်ကြီးဌာန- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုထံသို့လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လည်းကောင်း၊ အခြားပြည်တွင်း ပြည်ပအဖွဲ့အစည်းများသို့လည်းကောင်း လက်ကျန်ယုံကြည်ချက် အကျဉ်း သားများ စာရင်းကို အရောက်ပေးပို့ခဲ့ပါသည်။
          ပြည်တွင်းပြည်ပ-အစိုးရများ၊ အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဧည့်သည်တော်များ၊ သက်ဆိုင်ရာဌာနများကလည်း လက်ကျန်ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးဖို့တောင်းဆိုနေကြသည်ကို တွေ့ရပါသည်။ ပြည်ထောင်စုနေ့ လွှတ်မည်ထင်သော်လည်း လွှတ်မပေးခဲ့ပါ။ နောက်နောင် မည်သည့်အချိန်မှာ လွှတ်ပေးမည်ဆိုသည်ကိုလည်း မသိရပါ။ လွှတ်ပေးဖို့ အစီစဉ်ရှိသေးသည်/ မရှိတော့ဘူးဆိုသည်ကိုလည်း မသိရပါ။
 ဆရာလွတ်ပြီး တပည့်မလွတ်လျှင် ဆရာကြောင့်ကြ၊ တပည့်သောက။ အဖေလွတ်ပြီး သားမလွတ်လျှင် အဖေ၀မ်းနည်း၊ သားကြေကွဲ။ လူကြီးလွတ်ပြီး လူငယ်မလွတ်လျှင် လူကြီးစိတ်မချမ်းသာ၊ လူငယ်စိတ်ဆင်းရဲ ခြင်းတည်းဟူသော ဒုက္ခအမျိုးမျိုးကို ခံစားရတတ်ပါသည်။ ဦးပဉ္ဇင်းတို့လည်း ထို့အတူ ဖြစ်ပါသည်။ လူလွတ် မြောက်သော်လည်း စိတ်မလွတ်မြောက်သေးပါ။
 ကျန်ရစ်သော ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် စာရေးစာတင် တောင်းဆိုရုံ မျှဖြင့် မရနိုင်တော့ပါ။ တောင်းဆိုမှု အဆင့်ဆင့် ပြုလုပ်ရပါတော့မည်။ သို့သော်…သမ္မတကြီး ဦးသိန်းစိန်နှင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်ကြီး မထိခိုက်စေရပါ။ ငြိမ်းချမ်းစွာ အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ဆန္ဒပြုခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးပဉ္ဇင်း၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။
 ငြိမ်းချမ်းရေးပန်းတိုင်သို့ ရှေးရှုဦးတည်လျက်
ဦးပဉ္ဇင်းဝီရသူ(မစိုးရိမ်)ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ၊
ဓမ္မသဟာယကျောင်းနာယက၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

ကချင်ဒေသ ငြိမ်းချမ်းရေး ပါဝင်ဆောင်ရွက်လိုဟု ၈၈ အဖွဲ့ ပြော

 ၈၈ မျိုးဆက်ကျောင်းသားများက ကချင်ပြည်နယ်တွင်း ခိုင်မာသည့် ငြိမ်းချမ်းရေး ပေါ်ထွန်းစေရန်ပေါင်းကူးပံ့ပိုးပေးလိုကြောင်းပြောကြားလိုက်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့်ဒေသခံပြည်သူများ၏
ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြား၍ သွားရောက်ကြသော ၈၈ မျိုးဆက် ကျောင်းသားများက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ ၈၈ က ဘာလုပ်ချင်တာလဲဆိုတော့ အထက်နဲ့အောက်ခြေကြားမှာ ပေါင်းကူးပေးချင်တယ်။ ကျနော်တို့ တံတား ထိုးပေးချင်တယ်။ အဓိက အဲဒီအလုပ်ကို ၈၈ က ကြားဝင်ပြီးတော့ ဒီကွက်လပ်ကို ၀င်ဖြည့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။
 အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်ကို ပိုမို၍ ချောမွေ့ မြန်ဆန်ရေး အတွက် အခွင့်အလမ်းရလျှင် မည်သည့် ပုံစံမျိုးနှင့် ဖြစ်စေ ပံ့ပိုးကူညီချင်ကြောင်း သူက ဆက်ပြောသည်။
ကျေးဇူးတော် အခမ်းအနားကိုစီစဉ်သူ ဒေသခံ ပြည်သူများက ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ၁၈ ဦးတို့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများ လုပ်ကိုင်နေသည့် ဦးအုန်း၊ ဒေါက်တာ ကျော်သူ၊ ဒေါ်ဒေ၀ီသန့်ဇင် အစရှိသူတို့ကိုလည်း ဖိတ်ကြားကြောင်း သိရသည်။
 ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များ၏ အခြေအနေမှန် သိရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေမှန်များသိ ရှိ ရေးတို့အတွက် ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်သားများက ကချင်ဒေသ စစ်ဘေး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး အခြေအနေမှန်များကို ဖေဖော်ဝါရီ၂၅ ရက်အထိ လေ့လာသွားရန်ရှိကြောင်းလည်း သိရသည်။
“အဓိကကတော့ တိတ်နေတဲ့ အသံတွေကို ကျနော်တို့ ကြားချင်တာပါ။ စစ်ပွဲဖြစ်ရင် ဘယ်သူနဲ့ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် မြေဇာ ပင်ဖြစ်တဲ့ ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ကိုကိုကြီးက ဆိုသည်။
အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင်များကြား ဖြစ်ပွားသည့် စစ်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များစွာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို အလေးအနက်စာနာသည့်အတွက် စေတနာရှင်များ၏ အလှူငွေထည့် ၀င် မှုများစုပေါင်း၍ ကျပ် သိန်း ၁၀၀ ကိုလည်း ၈၈ မျိုးဆက် ကျောင်းသားများက လှူဒါန်းခဲ့ကြောင်း သိရသည်။
ခိုင်မာသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြစ်ထွန်းရေးအတွက် အစိုးရ ခေါင်းဆောင်များ၊ KIA ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ လိုကြောင်း၊ သို့သော် ခရီးစဉ်အတွင်း KIA ခေါင်းဆောင်များနှင့်တွေ့ဆုံနိုင်ရေးသည် တည်ဆဲဥပဒေနှင့် ဒေသဆိုင်ရာ အာ ဏာ ပိုင် အဖွဲ့အစည်းများအပေါ် မူတည်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ က ပြောသည်။
“KIA ခေါင်းဆောင်များနဲ့ တွေ့ဖို့ မတွေ့ဖို့ဆိုတာကတော့ လက်တွေ့ပြဿနာတွေနဲ့ ဒေသရဲ့အခြေအနေပေါ် မူတည်ပါတယ်။ လက်နက်ကိုင် ခေါင်းဆောင်ချင်း စကားပြောတဲ့ ဖြစ်စဉ်တွေက အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ရှိနေတယ်။ ပိုပြီး ထိရောက် စေချင်တယ်”ဟု ကိုကိုကြီးက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ဒေသသို့ ရောက်ရှိနေကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ဖေဖော်ဝါရီ၂၆ ရက်နေ့တွင် မန္တလေးမြို့သို့ ခရီးဆက်ကာ မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိ မြို့ဘများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်းများစွာ ရွှေ့ပြောင်းပေးခဲ့ရပြီး သဘာဝ ပတ် ၀န်းကျင် ထိခိုက်မှုများ ရှိသည့်အတွက် ဧရာဝတီမြစ်ကြီး တိမ်ကောပပျောက်မည့်အရေး မြန်မာနို်င်ငံသားများက စီမံကိန်း ရပ် တန့်ရန် ညီညွတ်စွာဆန္ဒပြခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နှင့် KIA တို့ကြား စစ်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံ ပြည်သူ သောင်း ချီ ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အစိုး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည်တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်များမှ လာရောက်လေ့လာခဲ့ကြောင်း

မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည် တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များမှ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများမှ အပြည်ပြည်ဆိုင်ရာ သင်္ဘောနှင့် ဆိပ်ကမ်းများလုံခြုံမှုအတွက် လိုက်နာရမည့် ဥပဒေများ(ISPS) CODE နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုများအား လေ့လာဆွေးနွေးရန် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ လာရောက်လေ့လာခဲ့ကြောင်း သတင်း ရရှိပါသည်။
အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ် သုံးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်သို့ ရောက်ရှိခဲ့ကာ ယင်းဌာနမှ တာဝန်ရှိသူများနှင့် (ISPS) CODE နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အထူးကိုယ်စားလှယ် သုံးဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်လက်အောက်ရှိ ဆူးလေဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ MITT ၊ MIPL ၊ လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီစီမံခန့်ခွဲမှု လက်အောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း လက်အောက်ရှိ သာကေတဆိပ်ခံ တံတားတို့အား သွားရောက်လေ့လာခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အနာဂတ်ကာလတွင် ကုန်သွယ်စီးပွားဖက် နိုင်ငံများအဖြစ် ရပ်တည်နိုင်မည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ဆိပ်ကမ်းများ နိုင်ငံတကာ အဆင့်ရှိ၊ မရှိ ကြိုတင်လာရောက် လေ့လာခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှင့် အမေရိကန်နိုင်ငံသည် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အနေအထားတွင် မရှိသေးဘဲ စင်ကာပူကဲ့သို့သော ကြားခံနိုင်ငံများတွင် တစ်ဆင့် ပြန်လည်စစ်ဆေးခံရမှုများ ရှိနေရာ ယင်းအတွက် မလိုလားအပ်သည့် သယ်ယူပို့ဆောင်ခ စရိတ်များ ပိုမိုကုန်ကျနေသည်ဟု သိရသည်။
“ကျွန်တော်တို့နိုင်ငံကနေ အမေရိကန်နိုင်ငံကို တိုက်ရိုက်ကုန်တင်ပို့မှု မရှိတဲ့အတွက် ကုန်တင်ပို့ချင်ရင် စင်ကာပူလို ကြားခံနိုင်ငံတွေမှာ ကုန်ပို့သူပြောင်းလဲရတာတို့၊ ကုန်စည်ထုပ်ပိုးမှုပုံစံ ပြောင်းလဲရတာ တို့တွေ ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်တွေ ပိုမိုကုန်ကျနေပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“ပြုပြင်ဆဲကာလ ဖြစ်တဲ့အတွက် Safety ပိုင်းနှင့် ပတ်သက်ပြီး ယာယီလုပ်ဆောင်ထားတဲ့ တချို့ နေရာတွေကို မှတ်ချက်ပြု ပြောကြားခဲ့တာက လွဲရင် ဆိပ်ကမ်းတော်တော်များများရဲ့ လေ့လာမှုရလဒ်တွေ ကို ကျေနပ်သွားတာကို တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ် by Yangon Press International
၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ဘောလုံးကွင်းတွင် ၄၅ မိနစ်ခန့် ဟောပြောပွဲ လုပ်မည်

၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။

၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ်ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊
ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။

၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။

အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။
.ဦးရွေမန်းကတော့ ယခင်စစ်အစိုးရလက်ထက်ကအားနည်းချက်အဖြစ်အပျက်များအား(ယခင်စစ်အစိုးရထဲမှာသူသည် နံပါတ် -၃ မဟုတ်သကဲ့သို့) ခုနှစ်ဆွေးရှစ်ဆွေး အတိုက်အခံတစ်ယောက်ကဲ့သို့) ဘေးကနေထိုင်သုံးသပ်ပြီး သူ့မိသားစုနဲ့ငြိနှိုင်တဲ့အချက်တွေကိုအသာထားပြီးမညှာမတာထောက်ပြပြောသွားပါတယ်..၊အရင်ကမဟာလာဘ်ပေးလာဘ်ယူခဲ့တဲ့ခေတ်ကြီးမှာ (အောပွဲကြီးမှာ) ဦးရွှေမန်းကိုယ်တိုင် နံပါတ်(၃)နေရာကနေ ပါဝင်ခဲ့တယ် ဆိုတာ သတိပြုဖို့ လိုတယ်။မြန်မာနိုင်ငံမှာ ကြီးစိုးနေဆဲ ဖြစ်တဲ့ လက်ဝါးကြီးအုပ်မှုတွေ၊ နိုင်ငံ တော်စီးပွားရေးတစ်ရပ်လုံးကို လူတစ်စုတည်းက ချုပ်ကိုင်ထားတာတွေ အဓိကဖြစ်တယ်။

ဦးရွှေမန်းက ဘာဖြစ်လို့ ဒီကိစ္စကို ထည့်မပြောသလဲ ဆိုတာကို စဉ်းစားကြည့်ရင် အဖြေက ရှင်းနေတယ်။ Red Link, ဧရာရွှေဝါ၊ ဇေကမ္ဘာ ဒီအုပ်စုတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေး နယ်ပယ်အစုံကို လွှမ်းမိုးအုပ်စိုးထားတယ်။ မိသားစုစီးပွားရေးအင်ပါယာကြီး ကြီးထွားနေ တာကိုတော့ ဘာဖြစ်လို့ မပြောသလဲ။ ပြောရရင် စစ်အုပ်စုခေါင်းဆောင်တွေထဲမှာ ရှားရှား ပါးပါး Clean ဖြစ်တာ (ရိုးသားမှုရှိတာ)ဦးသိန်းစိန် ဖြစ်တယ်ဆိုတာကို ဒေါ်စုကိုယ်တိုင် ၀ါရှင်တန်ပို့စ် အင် တာဗျူးမှာ ထည့်ပြောသွားတာ တွေ့ရှိရတယ်။သမ္မတကြီးပုံစံကြည့်ရတာသားမမီးတွေကိုမုန့်ဘိုးတွေတိုးပေးလိုက်မဲ့အစားသားသမီးတွေနောင်ရေးတစ်သက်လုံးစိတ်အေးရမဲ့ပဒေသာပင်မျိုးစေ့အတွက်ကိုပိုပြီးစိတ်ဝင်တစားလုပ်နေတယ်ဆိုတာသူ့ရဲ့မိန့်ခွန်းတွေမြင့်မားမှုကသိသာပါတယ်၊

ဟုတ်ပါတယ် ဦးရွှေမန်းရဲ့သားတွေ... ဧရာဝတီတိုင်းမှာ တိုးနိုင်မန်းရဲ့ ဧရာရွှေဝါက နာဂစ်အပြီးကတည်းက လယ်သမားတွေအပေါ် စပါးပေး လယ်သိမ်းနဲ့ ဂုတ်သွေးစုတ် ချယ်လှယ်နေသလို အောင်သက်မန်းပိုင်တဲ့ Red link ကလည်း ဆက်သွယ်ရေးနဲ့ပေါင်းပြီး မိုဘိုင်းဖုန်း သန်း ၃၀ ပရောဂျက်ကို လုပ်ကိုင်နေပါတယ်..။ ၄င်းရဲ့ ခမည်းခမက် ဇေကမ္ဘာဦးခင်ရွှေကလည်း မီဒီယာတွေရဲ့အချစ်တော်ကြီးလေ၊အားလုံးကြားသိနေကြတဲ့အတိုင်းပါပဲ..။ အဲဒီ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေကို ဘာလို့ ထည့်မပြောတာပါလဲ၊

ဘဏ္ဏာအခွန်ဝန်ကြီးခင်ဗျားသူ့သားတွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းခရိုနီ(ခေတ်ပျက်သူဌေး)တွေရဲ့နိုင်ငံတော်ကိုပေးမဲ့အခွန်တွေဘယ်လောက်ရှိလို့ဘယ်လောက်ရှိပါသလဲခင်ဗျား...အဓိကမရသေးတဲ့အခွန်ငွေတွေလိုအပ်နေတာကိုလဲတင်ပြဆွေးနွေးပေးပါခင်ဗျား၊၀န်ထမ်းများကိုလစာပေးနိုင်လောက်အောင်ကိုရှိနိုင်မည်လို့ယူဆပါတယ်....
Pa Yit

ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ
( ဧရာဝတီ မှ တစ်ဆင့်ဖော်ပြသည်)


အမေရိကန်ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင့်ချက်များကို ရှင်သန်စေသော သင်္ကေတ အမ
ှတ်အသားအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။

က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက် တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်း တစ်ခု (Fear is an integral parts of everyday existence)ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး (revolution of the spirt)ဟူသော အယူအဆများကိုလည်း ယင်းဆု ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးအခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေး အတွက် စစ်အစိုးရကို အကူအညီ ပေးခဲ့ကြောင်း ရေးသားထားသည်။

၁၉၈၉-ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့်အနေနဲ့တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ်တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘောတရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုသာမက ကျောင်းသားလူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိကတွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင်နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့်ပတ်သက်၍ ဓနုဖြူဖြစ်ရပ်က သက်သေခံလျက်ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီလိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ်ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အကျင့်စရိုက် အတွေးအခေါ်အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာ တရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း က “ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တစ်လုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လိုလူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကိုလုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သည်းခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။

၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစ်စောင်ဖြစ်သည်။

ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ်ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆-နှစ် ပြည့်တော့မည့်အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်-ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟုဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃-နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် ၁-နှစ်ခွဲ ကျခံစေခဲ့သည်။

ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄-ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂-ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃-ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆-နှစ်ပြည့်ခါနီးအချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄-နှစ်ကျော်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေ ၄ ရာခိုင်နှုန်းသာ ရှိဟုဆို

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ မြို့ပြကျေးလက် အလုပ်လက်မဲ့ ပြဿနာနှင့် စပ်လျဉ်းသော မေးခွန်းနှင့် ပတ်သက်ပြီး “အလုပ်လက်မဲ့နှုန်း အရ အာဆီယံ နိုင်ငံတွေမှာ ၅ ဒသမ ၂ ရာခိုင်နှုန်း၊ တစ်ကမာလုံးမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံမှာ ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်” ဟူ၍ ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ သန်းဝင်းကမူ မြို့ပြနှင့် ကျေးလက်တွင် အလုပ်လက်မဲ့ များနေကြောင်း မြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘိလိယက်ခုံနှင့် ဘောလုံးပွဲများတွင် လူငယ်များ အချိန်ကုန် နေကြကြောင်း၊ အစွမ်းအစ ရှိသော်လည်း အလုပ်အကိုင် ရရှိရန် ခက်ခဲနေကြောင်း နိုင်ငံတော် အတွက် နာတာရှည် ရောဂါဆိုးကြီး ဖြစ်သော အလုပ်လက်မဲ့ ပြဿနာကို လျော့နည်းစေရန် ဆောင်ရွက်ရမည် ဖြစ်ကြေင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ ဦးရေ ၃ သန်းခန့် ရှိပြီး အမျိုးသမီး လုပ်သားများကိုလည်း လုံခြုံစိတ်ချ ရသော နိုင်ငံ များသို့ စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမာ့ဘဏ် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြား အဖွဲ့အစည်းများမှ အကူအညီများ ရတော့မည် ဖြစ်၍ ပြည်တွင်း၌လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း ဦးအောင်ကြည်က ဆက်လက် ပြောကြားသည်။
နေပြည်တော်အခြေစိုက် အရာထမ်းတစ်ဦးဖြစ်သူ ဦးလှဦးကလည်း “လူတစ်ချို့အလုပ်တော့ ရှိပါတယ်။ ဒါပေမဲ့ နှစ်လုံး၊ သုံးလုံး ကော်မရှင် ရောင်းတယ်။ ဘောလုံးလောင်းကစား စာရွက်တွေ ကော်မရှင်ခနဲ့ ဝေတယ်။ သိမ်းတယ်။ ဒါတွေက နေရာတိုင်းမှာ ရှိနေသေးတယ်။ ဒီလူငယ်တွေ အတွက် တခြားအလုပ်အကိုင် အခွင့်အလမ်းတွေလည်း လိုအပ်တယ်” ဟူ၍ အလုပ်လက်မဲ့ ပြဿနာအပေါ် မှတ်ချက်ပေး ပြောဆိုသည်။ 
ထူးသန့် 7Days News

မြန်မာပြည် ဝင်ခွင့်မရသေးတဲ့ သတင်းထောက်

By ဦးကျော်ဇံသာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်၊ သတင်းယူခွင့် မရသေးတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေက ခွင့်မပြုတာလို့ သူက ပြောဆိုပါတယ်။ နေပြည်တော်က သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူတွေရဲ့  အားပြိုင်ပွဲ အလားအလာကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ဟာ အခုအခါမှာ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာသမားတွေ သွားလာကြတာ အတော်လေး များလာကြပါတယ်။ Larry ကိုယ်တိုင် သွားဖြစ်ပြီလား။

Larry Jagan ။ ။ မသွားဖြစ်သေးပါဘူး။ ကျနော် ဗီဇာစောင့်နေတာ လေးလ ရှိသွားပါပြီ။ ကျနော့် ပြည်ဝင်ခွင့် လျှောက်လွှာက ဝန်ကြီးစားပွဲမှာ သောင်တင်နေပါတယ်။ ကျနော်ကို ဗီဇာ မပေးဘူးလို့လည်း မပြောပါဘူး။ ဝင်ခွင့်လည်း မပေးပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ကျနော်ကို သူနဲ့လိုက်ပြီး သူ့ခရီးစဉ်အကြောင်း သတင်းပို့ခွင့်ပေးဖို့ မြန်မာအစိုးရကို ပြောပါတယ်။ ဒါလည်းပဲ ဘာမှ အဖြေမရသေးပါဘူး။ ကျနော်ကတော့ စောင့်မြဲစောင့်လျက်ပါ။

ဦးကျော်ဇံသာ ။ ။ တခြားလူတွေကို ဒီလောက် ဝင်ခွင့်ပေးနေတာ Larry ကိုမှ ဘာကြောင့် သူတို့က မပေးတာလဲ။

Larry Jagan ။ ။ အဓိကအကြောင်းရင်လို့ ထင်တာကတော့ ကျနော်က ရတဲ့အထောက်အထားတွေအရ နေပြည်တော်မှာ ဖြစ်နေတာတွေကို ဖြစ်နိုင်သမျှ တိတိကျကျ၊ မျှမျှတတ ရေးပါတယ်။ အထူးသဖြင့် သဘောထား တင်းမာတဲ့အုပ်စုဟာ ပြုပြင်ရေးတွေကို ဟန့်တားနိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားကြတယ်လို့ ရေးပါတယ်။ အဲဒီ သဘောထား တင်းမာတဲ့ လူတွေကပဲ ကျနော်ကို မြန်မာပြည်ထဲကနေ သတင်းပို့ခွင့်၊ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦး Larry ရေ … ဗီဇာရချင်ရင်၊ ပြည်ဝင်ခွင့် ရချင်ရင် သူတို့ကို ဝေဖန်တဲ့ လေသံကို နည်းနည်းပါးပါး လျှော့ပေးရမလို ဖြစ်နေတာပေါ့။ သူတို့သဘောအရ ရေးရမလို ဖြစ်နေတာပေါ့။

Larry Jagan ။ ။ Journalist တယောက်အနေနဲ့ သူ့သတင်းကို လေသံလျှော့ပေးစရာ မရှိပါဘူး။ မြန်မာနိုင်ငံ လက်ရှိ အုပ်ချုပ်ရေးရဲ့  မကောင်းတာ၊ မတော်မလျော်တာ ဝေဖန်တဲ့အခါမှာလည်း ဘာမှ အလျှော့ပေးစရာ မလိုပါဘူး။ အာဏာပိုင်တွေရဲ့  လုပ်ရပ်တွေ ပွင့်လင်းမြင်သာမှုရှိအောင် သူတို့လုပ်ရပ်အတွက် သူတို့ တာဝန်ခံအောင် ကျနော်တို့ ပရိသတ်ကို မီဒီယာကနေ အသိပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျနော် ပြင်ဝင်ခွင့် ဗီဇာရဖို့အတွက် ဖြစ်ရပ်တွေအပေါ် ချဉ်းကပ်တဲ့ပုံစံကို ပြောင်းလဲဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်တော့ ကျနော်က မြန်မာပြည်ထဲ ဝင်ခွင့်ရရင် ကျနော်သတင်းတွေ သုံးသပ်ချက်တွေကို ပိုပြီးတိတိကျကျ၊ မှန်မှန်ကန်ကန် လုပ်နိုင်မှာပါ။ အားလုံးအတွက် အကျိုးရှိမှာပါ။ ပြည်ဝင်ခွင့် မပေးတဲ့အတွက် အစိုးရအတွက်လည်း အကျိုးမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ မီဒီယာအပေါ် တင်းကြပ်မှုတွေ လျော့ပါးလာတယ်လို့ ပြောဆိုသံတွေကို Larry ဘယ်လို သုံးသပ်မလဲ။

Larry Jagan ။ ။ ပြည်တွင်း မီဒီယာတွေအပေါ် ထိန်းချုပ်မှု လျော့ပါးလာတယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။ အခု မြန်မာတိုမ်းစ် တို့မှာ ရေးတဲ့သတင်းတွေဟာ အရင် ၁၂ လလောက်တုန်းကဆိုရင် လုံးဝ ဖြစ်နိုင်မှု မရှိခဲ့ပါဘူး။ ဒါတွေဟာ အစိုးရအနေနဲ့ အင်မတန် ကောင်းမွန်တဲ့ အစဉ်အလာကို ချပေးလိုက်တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ မီဒီယာ ကိစ္စမှာလည်း နေပြည်တော်ကအုပ်စုတွေရဲ့  အာဏာလွန်ဆွဲပွဲက ထင်ဟပ်နေပါတယ်။ သဘောထား တင်းမာနေသူတွေက ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို မနှစ်သက်ကြပါဘူး။ Liberal တွေကတော့ သူတို့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းတခုလို့ ယူဆနေကြပါတယ်။ ဒါကို ကျနော်က Gentleman Agenda - လူကြီးလူကောင်းတွေရဲ့  အစီအစဉ်လို့ ခေါ်ချင်ပါတယ်။ ဒီလို မီဒီယာ လွတ်လပ်ခွင့်ကို အကောင်အထည် ဖော်တယ်ဆိုတာ တရားမျှတပြီး လူထုအကျိုးကို ဖော်ဆောင်ပေးတာ ဖြစ်ပါတယ်။ တကယ် လိုအပ်တဲ့ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ အခုန Larry ပြောတဲ့ သဘောထား တင်းမာသူတွေဆိုတာ ဒီလူတွေဟာ မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ခုခံဆန့်ကျင်ကြလိမ့်မယ်လို့ ထင်ပါသလဲ။

Larry Jagan ။ ။ အခြေအနေက သိပ်ကို မရေမရာ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဝန်ကြီးတယောက်ရဲ့  စကားအတိုင်း ပြောရရင်တော့ ဝန်ကြီးအဖွဲ့ရဲ့  နှစ်ဆယ် ရာခိုင်နှုန်းဟာ Liberal ဖြစ်ပြီး သမ္မတဦးသိန်းစိန် နဲ့ သူ့ရဲ့  ပြုပြင်ရေးအစီအစဉ်ကို လိုလားထောက်ခံကြပါတယ်။ နောက် နှစ်ဆယ် ရာခိုင်နှုန်းကတော့ hardliner တွေ ဖြစ်ကြပြီး ပြုပြင်ရေး အရှိန်အဟုန်နဲ့ ပမာဏကို မကျေနပ်ကြပါဘူး။ စစ်အစိုးရ အုပ်စိုးတဲ့ ပုံစံဟောင်းကိုပဲ ကြိုက်နေကြပါတယ်။ ကျန်တဲ့လူတွေကတော့ ခြံစည်းရိုးပေါ် ခွထိုင်နေကြပြီး ဘယ်ဖက်က အသာရမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်လောက်က ကျနော် သတိပြုမိတာကတော့ Liberal တွေ နည်းနည်း အသာစီးရလာတယ် ဆိုတာပါ။ မကြာခင် ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်တွေက Liberal တွေကို ပိုပြီးခိုင်မြဲလာစေနိုင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးကို လူတိုင်းက စောင့်ကြည့်နေကြပါတယ်။ အခုတော့ NLD လွတ်လပ်ခွင့် ပိတ်ပင်တာတွေ၊ ကြံ့ခိုင်ရေးပါတီက အာဏာအလွှဲသုံးစား လုပ်နေတာတွေ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒါကို ပြန်ပြီး တည်မတ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ Liberal တွေ အလားအလာ ကောင်းမကောင်း စောင့်ကြည့်ရမယ့် ပထမအချက်ပါ။ ဒုတိယ စောင့်ကြည့်ရမယ့်အချက်ကတော့ အာဂတိ လိုက်စားမှု၊ ခြစားပျက်စီးမှု ဖြစ်ပါတယ်။ နေပြည်တော်ကနေ ကြားရတဲ့ကိစ္စတခုကတော့ ဝန်ကြီးဟောင်းတချို့ ၊ ကြံ့ခိုင်ရေးတချို့ ကို အာဂတိမှုနဲ့ အရေးယူဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။ ဒါ ဖြစ်မြောက်လာရင်လည်း Liberal တွေ အင်အားကောင်းလာတဲ့ အချက် ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခု လွှတ်တော်မှာ ကြံ့ ခိုင်ဖွံ့ဖြိုးရေးဟာ နေရာအများစုကို အုပ်စီးထားပြီး ဖြစ်ပါတယ်။ ဒီ ကြားဖြတ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်လို့ကော ထူးထူးခြားခြား ဘာဖြစ်လာမလဲ။ သူတို့အဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ရုပ်ပြလုပ်ပြီး နိုင်ငံတကာ ဖိအားတွေ လျော့ကျလာအောင် လုပ်ဖို့ကြိုးစားနေတယ်လို့ လူတချို့ က တွက်နေကြတာပါ။

Larry Jagan ။ ။ လွှတ်တော်သမ္မတ သူရ ဦးရွှေမန်း နဲ့ သမ္မတဦးသိန်းစိန် တို့ကတော့ ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေချင်တယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးတင်အေး ကိုလည်း သေချာပေါက် ပြောကြမှာပါ။ ဒီ ရွေးကောက်ပွဲကို free and fair ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အခြေအနေကောင်းဖို့ကိုလည်း သူတို့ လိုလားကြမှာပါ။ ဒေါ်စု တို့ အခြေအနေကောင်းလည်း အောက်လွှတ်တော်မှာ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရကြမှာပါ။ ဒါပေမဲ့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်စေချင်တာက နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့၊ ကမ္ဘာ့ဘဏ်နဲ့ IMF ပိုက်ဆံရဖို့ သက်သက်လောက်ပဲလို့ မထင်ဘူး။ Liberal တွေဟာ မှန်မှန်ကန်ကန် လည်ပတ်နိုင်တဲ့ ဒီမိုကရေစီ လွှတ်တော်တရပ် ဖြစ်လာတာကို သူတို့ တကယ်ပဲ လိုလားကြတယ်လို့ ကျနော်ထင်တယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုကြတာတွေကို မြင်ချင်ကြမယ်လို့ ထင်ပါတယ်။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီတွေ လွှတ်တော်ထဲ ရောက်လာရင် ဖြစ်လာနိုင်ပါတယ်။ သူရဦးရွှေမန်း က ဆိုရင် မြန်မာလွှတ်တော်ကို အမေရိကန် ဆီနိတ်လွှတ်တော်လို ဖြစ်စေချင်တယ်လို့ Hillary Clinton ကို ပြောခဲ့ဘူးပါတယ်။ ဒါပေမဲ့ နေပြည်တော်က သဘောထား တင်းမာသူတွေက ဒါကို မကြိုက်ကြပါဘူး။ သူတို့ ခြေကုပ်လွတ်သွားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ စစ်တပ်ရဲ့  အခြေအနေကိုလည်း သိချင်ပါတယ်။ စစ်တပ်ရဲ့  သဘောထားဟာ Hardliner တွေရဲ့  ချုပ်ကိုင်မှုအောက်မှာ ရှိနေပါသလား။ သို့တည်းမဟုတ် Liberal တွေက စစ်တပ်ကို ပိုပြီးတော့ သြဇာညောင်းနေသလား။ ဘယ်လိုထင်ပါသလဲ။

Larry Jagan ။ ။ စစ်တပ်အကြောင်းကို ပြောရရင်တော့ သဘောထားတင်းမာသလား။ Liberal လားဆိုပြီး ခွဲလို့မရဘူးလို့ ထင်ပါတယ်။ သူတို့ဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ပဲ ထင်ပါတယ်။ လက်ရှိ ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တခြား အရာရှိကြီးတွေ သူတို့ကို ကျနော်က ၈၈ မျိုးဆက် ဗိုလ်ချုပ်တွေလိုပဲ ခေါ်ချင်တယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေလည်း ရှိပါတယ်။ အခုတော့ သူတို့ လွတ်လာကြပါပြီ။ သံဃာတွေထဲမှာတော့ ၂၀၀၇ မျိုးဆက်ဆိုတာ ရှိပါတယ်။ ဒီ ၈၈ မျိုးဆက်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ဗိုလ်ချုပ်တွေတော့ အတိအကျ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ ယုတ်စွအဆုံး ဘင်္ဂလားဒေ့ရှ်မှာတောင် တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးလွန်ကာလမှာ စစ်တပ်ရဲ့  အခန်းကဏ္ဍတခု ရှိနေပါတယ်။ သူတို့ဟာ ဒီအခန်းကဏ္ဍကို သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ဒါဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ရဲ့  အခန်းကဏ္ဍပါ။ လောလောဆယ်မှာတော့ သူတို့အများစုဟာ သမ္မတဦးသိန်းစိန် ကို ထောက်ခံကြမယ် ထင်ပါတယ်။ ပြည်ပအန္တရာယ်တို့၊ ပြည်တွင်းလုံခြုံရေးတို့ ယိုးယွင်းလာမှာ သူတို့အနေနဲ့ တမျိုးတမည် တွေးတောကြံစည် လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင် တိုင်းမှူးတယောက်တလေကလွှဲရင် ဦးသိန်းစိန်ကိုပဲ ထောက်ခံကြမယ် ထင်ပါတယ်။ Hillary Clinton မြန်မာပြည်လာတုန်းက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က မြန်မာပြည်မှာ နောက်ထပ် စစ်အာဏာသိမ်းမှု မရှိစေရဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့  တကယ့် သဘောထားအမှန်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုရင် အဲဒီ Hardliner တွေရဲ့  အာဏာကျောထောက်နောက်ခံက စစ်တပ်ဆိုတဲ့ သဘောမဟုတ်ဘူးပေါ့။ ဒါဆိုရင် သူတို့ရဲ့  အာဏာနောက်ခံက ဘယ်သူလဲ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို့ ပြောနိုင်မလား။

Larry Jagan ။ ။ ရှင်းပါတယ်။ သဘောထား တင်းမာသူအုပ်စုရဲ့  အာဏာအရင်းအမြစ်၊ စိတ်ဓါတ်ရေးရာ ခွန်အားကတော့ ဦးသန်းရွှေ ပါပဲ။ ဦးသန်းရွှေ ဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်နေသေးတယ်လို့တော့ ကျနော် တပ်အပ် မပြောနိုင်ပါဘူး။ သူ အမှန်တကယ် အနားယူလိုက်ပြီဆိုတာတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာကိုတော့ စိတ်မဝင်စားဘဲ မနေပါဘူး။ သူကိုယ်တိုင် မပါဝင်ရင်သာနေမယ်။ ဒါကို သဘောထား တင်းမာနေသူတွေက အသုံးချနေကြတာပါ။ ဦးအောင်သောင်း ဟာ ဦးသန်းရွှေ ကို သွားတွေ့နေသူဖြစ်ပြီး သူ့နံမည်ကို အသုံးချပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်နဲ့ အဖိုးကြီး မကြိုက်ဘူးဆိုတာမျိုးပါ။ ဒါပေမဲ့ ဦးသန်းရွှေကိုယ်တိုင် နောက်ကွယ်က ကြိုးဆွဲနေတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ လုံးဝမတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ မကြာခင် ကျင်းပလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုပါတော့ အဲဒီက ပေါ်ထွက်လာမယ့် ရလဒ်က ဘယ်လောက်အထိ ကောင်းလာနိုင်ပါမလဲ။ Larry ကြိုတင်ခန့်မှန်း၊ သုံးသပ်ချက်ကို ပြောပါအုန်း။

Larry Jagan ။ ။ ကျနော်အမြင်မှာတော့ ဒီ ရွေးကောက်ပွဲက သိပ်ပြီး အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို ဘယ်လို လုပ်သလဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်ဆိုတာကတော့ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ အန်အယ်လ်ဒီ ဘက်က ဝင်ပြိုင်တဲ့ တခြား မဲဆန္ဒနယ်မြေတွေမှာ တရားမျှတမှု ရှိသလားဆိုတာကို စောင့်ကြည့်ရပါမယ်။ တရားမျှတသည့် တရားဝင် ရွေးကောက်ပွဲဖြစ်ခဲ့ရင် ဒေါ်စု နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပါဝင်လာခြင်းအားဖြင့် ပါလီမန် အားကောင်းလာမယ်။ Liberal တွေလည်း အားကောင်းလာပါလိမ့်မယ်။ တကယ်လို့ နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက သော့ခတ်ထားတာကို ဒေါ်အောင်ဆန်းစုကြည် က ဖွင့်ပေးနိုင်ရင် Liberal တွေ ပိုပြီး အင်အားကောင်းလာပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ခေတ်က Liberal ပြုပြင်ရေးလုပ်လည်း ဘာအကျိုးရှိလာမလဲဆိုတဲ့ ပြဿနာရှိခဲ့ပါတယ်။ ဘာပြုပြင်ရေးမှလည်း ဖြစ်မလာခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် နဲ့ပေါင်းပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့ ပြုပြင်ရေးလုပ်နိုင်ရင် တိုင်းပြည်အတွက် လက်တွေ့အကျိုး ဖြစ်ထွန်းမှာ သေချာပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဆင်းရဲနွှမ်ပါးမှု လျော့နည်းလာ၊ ပညာရေး၊ ကျန်းမာရေး တိုးတက်လာပါလိမ့်မယ်။ လူမှု့ဖူလုံရေး တိုးတက်လာပါလိမ့်မယ်။ ဆိုတော့ Liberal တွေလည်း အင်အားခိုင်မာလာမှာ ဖြစ်ပါတယ်။

အောက်ဆိုက်ရှိလား

ပထမဆုံး အလုပ် စ၀င်သူတစ်ယောက်ကို သူ့မိတ်ဆွေများက လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော ရှိသေးလား..ဟူသတတ်။
 အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့် နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် ကျွန်တော်တို့ပတ်ဝန်းကျင်၌ အောက်ဆိုက်ယဉ်ကျေးမှု ထွန်းကားခြင်း၏ အခြေခံအချက် ဖြစ်သည်။
 ထိုဘေးပေါက်ရသောဝင်ငွေကို မည်သူကစ၍ အောက်ဆိုက် ဟုခေါ်သလဲမသိပါ။ အရင်ကတော့ လက်ဖက်ရည်ဖိုးဟု ချိုချိုသာသာ ခေါ်ကြသည်။ ဖြစ်နိုင်သည်မှာ လာဘ်စယူစဉ်က အမှန်တကယ်လက်ဖက်ရည်ဖိုးလောက်သာ တောင်းခဲ့ကြဟန် တူသည်။
အခုတော့ လက်ဖက်ရည်ဖိုးဟုသုံးနှုံးသူအလွန်နည်းသွားသလို၊ လက်ဖက်ရည်ဖိုးလောက်ဖြင့် ကိစ္စပြီးကြပုံမရတော့ပါ။ ယခုအခါ လာဘ်ပေးရသည့်အခြေအနေရောက်တိုင်း ‘ ရေလောင်းသည်၊ အာရ်ကေပေးသည်၊ ကန့်တော့သည်၊ အလှူခံထည့်သည်..‘ အစရှိသဖြင့် ပြောလာကြသည်။
 ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အောက်ဆိုက်ရှာသူများ လက်ညှိုးထိုးမလွဲအောင်ရှိနေပါသည်။ အချို့မှာ လစာထက် အောက်ဆိုက်ဝင်ငွေက အဆပေါင်းများစွာ ပိုရနေတတ်ကြသည်။ သို့သော် မည်သူပဲဖြစ်ဖြစ် မည်မျှပဲအောက်ဆိုက်ရရ ပတ်ဝန်းကျင်အနေဖြင့် အလွန်ရိုးစင်းစွာ ဘာသိဘာသာနေလေ့ရှိသည်။
 အချို့မိဘများဆိုလျှင် သူတို့သားသမီးက မည်သို့မည်ပုံ အောက်ဆိုက်ရကြောင်း အရပ်ထဲမှာ တခမ်းတနား ဂုဏ်ယူတတ်သည်။ ဘယ်တုန်းကမျှ အောက်ဆိုက်ရနေသူများကို အပြစ်မြင်ကြခြင်းမရှိခဲ့။ အဘယ့်ကြောင့်ဆိုသော် အောက်ဆိုက်ရှာခြင်းကို ကိုယ်ကျင့်တရားပျက်ယွင်းခြင်းအဖြစ် နားလည်ရှုမြင်မှုအားနည်းနေသောကြောင့် ဖြစ်သည်။
 ဟိုးယခင်က လာဘ်စားခွင့်ဖန်တီးနိုင်သော အစိုးရဋ္ဌာနများမှာ လက်ချိုးရေတွက်နိုင်လောက်အောင် နည်းပါးပြီး၊ အဆိုပါဋ္ဌာနများတွင် အလုပ်ရဖို့အရေး တဖန် လာဘ်ထိုးရသေးသည်။ ယခုအခါလာဘ်ပေးသူနှင့်လာဘ်ယူသူတို့အကြား ဆက်ဆံရေးသည် ပုန်းလျှိုးကွယ်လျှိုး တိုးတိုးတိတ်တိတ်မဟုတ်တော့။ ရောင်းသူနှင့်ဝယ်သူအကြားဆက်ဆံရေးလို သမားရိုးကျဆန်လာသည်။
 တစ်ခုမပေးလျှင် တစ်ခုမရသည့်အခြေအနေမျိုးအထိ ဗြောင်ကျကျ ထင်ပေါ်လာသည်။
ပိုဆိုးသည်က အစိုးရဋ္ဌာနများတွင် လာဘ်ပေးလာဘ်ယူကိစ္စသည် ၎င်းတို့၏လုပ်ထုံးလုပ်နည်းထဲမှာပင် ပြဋ္ဌာန်းထားသလို တရားဝင်ဖြစ်မှန်းမသိ ဖြစ်လာခြင်းဖြစ်သည်။
 အင်ဒိုနီးရှားနိုင်ငံတွင် ဘေးပေါက်ဝင်ငွေရှာဖွေသောဋ္ဌာနများကို ရေလျှံသောဋ္ဌာန ( Wet Agencies ) ဟုခေါ်ပြီး၊ ရပေါက်ရလမ်း မရှိသောဋ္ဌာနများကို ရေခန်းသောဋ္ဌာန ( Dry Agencies ) ဟုခေါ်ကြသည်။ မြန်မာနိုင်ငံမှာတော့ ဆေးရုံ၊ ကျောင်းနှင့် မီးသဂြိုလ်ဌာနမကျန် နေရာတိုင်းလိုလို လာဘ်စားနေကြပြီဖြစ်သဖြင့် အစိုးရဋ္ဌာနတိုင်းအား ရေလျှံသောဋ္ဌာန ဟုခေါ်ရမလိုဖြစ်နေသည်။
 အောက်ဆိုက်ရှာခြင်း၏အကြောင်းရင်းကို ရှာဖွေသည့်အခါ စားဝတ်နေရေးမပြေလည်ခြင်းကိုအဓိကထားပြောကြသည်။ ဆင်းရဲခြင်းကြောင့်၎င်း၊ လစာနှင့်ထွက်ငွေ မလောက်ငှခြင်းကြောင့်၎င်း အောက်ခြေ၀န်ထမ်းများ လာဘ်စားကြရသည် ဟုမှတ်ချက်ချလေ့ရှိသည်။
 ထိုသို့ပြောကြကြေးဆိုလျှင် အထက်အရာရှိများ၊ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်များ မြိုးမြိုးမြက်မြက် လာဘ်စားသည်ကို မည်သို့သုံသပ်မည်နည်း။
 အမှန်တော့ လာဘ်စားသည်မှာ လောဘကြောင့်ဖြစ်သလို၊ မိမိ၏တကိုယ်ရေအကျိုးစီးပွါးကိုသာ အဓိကထားသည့် အတ္တကြောင့်လည်း ဖြစ်သည်။ တရားမ၀င်နည်းလမ်းဖြင့် မိမိရသင့်ရထိုက်သောအခွင့်အရေးထက် ပိုလိုချင်သူများ ရှိနေသရွေ့ အောက်ဆိုက်ပေးရသည့် သံသရာ လည်ပတ်နေမည် ဖြစ်သည်။
 အဂတိလိုက်စားသူတစ်ဦး၏အမြင်တွင် အောက်ဆိုက်ရှာခြင်းသည် ဘေးထွက်ဆိုးကျိုးနည်းသလောက် အကျိုးအမြတ်များသည်ဟု ယူဆမှာသေချာသည်။ ထိုအလုပ်က ပြောပလောက်အောင် အန္တာရယ်လည်းမရှိ။ အထက်လူကြီးများကိုယ်တိုင်ပါဝင်ပတ်သက်နေသဖြင့် အလုပ်ပြုတ်မှာ မစိုးရိမ်ရ။ ရပ်ထဲရွာထဲ သူသူကိုယ်ကိုယ် လုပ်စားနေကြသောကြောင့် နာမည်ပျက်ကိစ္စဟုလည်း မသတ်မှတ်နိုင်။
 အများမိုးခါးရေသောက်နေချိန်တွင် ကိုယ်ကိုယ်တိုင်ရေငတ်ပြေဖို့ကြိုးစားခြင်းသည် အာပတ်သင့်သော အကုသိုလ်မျိုးမဟုတ်ဟု ဆင်ခြေပေးပါလိမ့်မည်။
 မိမိအလုပ်ကို သန့်ရှင်းရိုးသားစွာကြိုးစားလုပ်ကိုင်ခြင်းကြောင့် နာမည်ကောင်းရမှာ မသိမဟုတ် သိကြပါသည်။ သို့သော် အိမ်အပြန်တွင် နာမည်မလို၊ ငွေသာလိုသည်ဆိုသော စိတ်ထားမျိုးကအသာစီးရနေသည်မှာ ၀မ်နည်းဖွယ်ဖြစ်သည်။
 မြန်မာနိုင်ငံသို့လာရောက်လေ့လာသောနိုင်ငံခြားသားများ မကြာခဏအံ့သြတတ်ကြသည်မှာ ကြီးမြင့်လှသောကုန်ဈေးနှုန်း၊ မစို့မပို့ ရသောလစာများဖြင့် ၀န်ထမ်းတွေ မည်သို့ရပ်တည်နေထိုင်ကြသလဲဟူသောအချက်ဖြစ်သည်။ လခစားအများစုဘက် ကြည့်လိုက်သောအခါ နေ့စဉ်ထမင်းနပ်မှန်နေကြသည်။ အချို့ဆိုလျှင် ခေတ်ကျပ်ကြီးထဲတွင် ပိုပြီးချောင်ချောင်လည်လည် ရှိနေသလို ထင်ရပြန်သည်။  
 ကုန်ဈေးနှုန်းမည်မျှပင် ကြီးနေပါစေ..အဆင်ပြေအောင် ကြံဖန်နေထိုင်စွမ်းရှိခြင်း၏နောက်ကွယ်မှာ မောင်းနှင်းအားတစ်ခုတော့ အသေအချာရှိနေသည်။ ထိုလျို့ဝှက်ချက်မှာအခြားမဟုတ်..၊ မိမိတို့၏အိတ်ထောင်ထဲသို့ အချိန်မှန်မှန်ဝင်ရောက်နေသည့် ဘေးပေါက်ဝင်ငွေများ ဖြစ်သည်။
 အစိုးရက ပြည်သူ့ဝန်ထမ်းများကို လစာပေးရုံသာပေးထားသည်။ ထိုပြည်သူ့ဝန်ထမ်များ ကုန်ဈေးနှုန်းနှင့် ကာမိအောင်နေနိုင်ဖို့အတွက် အပိုဆောင်းပေးရသည့်တာဝန်ကို ပြည်သူများက လာဘ်ပေးခြင်းဖြင့် ဆက်ထမ်းနေရသည်။ ပြည်သူလူထုအနေဖြင့် ၀န်ထမ်းများ၏စရိတ်ကို သွယ်ဝှိုက်သောနည်းဖြင့် ကျခံနေရသည်ဟုဆိုနိုင်သည်။
 ထို့ကြောင့် ပြည်သူဝန်ထမ်းများသည် အဓိပ္ပါယ်သတ်မှတ်ချက်အရ ပြည်သူ့ဝန် မထမ်းနိုင်တော့ဘဲ ပြည်သူ့ဝန်ထုပ် ဘ၀သို့ကျဆင်းသွားသည်မှာ အံ့သြစရာမရှိပေ။ တဆက်ထဲ၌ ပြည်သူ့ဝန်ထုပ်များဖြင့်ကြီးစိုးနေသော အစိုးရယန္တာရား တစ်ခုလုံးမှာ စွမ်းဆောင်ရည်ကျဆင်းလာသလို၊ ယုံကြည်စိတ်ချခံရမှုလည်း ယုတ်လျော့လာတော့သည်။
 ထရန်စပရန်စီအင်တာနေရှင်နယ်လ် အဖွဲ့က နိုင်ငံပေါင်း ၁၈၃ နိုင်ငံအား အဂတိလိုက်စားခြင်းနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ပြီးနောက် အကျင့်ပျက်ခြစားမှုသန့်ရှင်းခြင်းအလိုက်အမှတ်စဉ်ပေးသွားသောညွန်းတမ်းတစ်ခုကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။
 ထိုစာရင်းအရ မြန်မာနိုင်ငံသည် အဆိုပါ ၁၈၃ နိုင်ငံအနက် အမှတ်စဉ် ၁၈၀ ဖြင့် အဆိုးရွားဆုံးအဆင့် ရောက်နေ၏။
 မြန်မာနိုင်ငံ၏နောက်တွင် မြောက်ကိုရီယားနှင့် ဆိုမာလိယာနိုင်ငံတို့သာရှိတော့သည်။
 လာဘ်ပေးလာဘ်ယူကိစ္စကို ပထ၀ီအနေအထားဖြင့် စဉ်းစားမည်ဆိုလျှင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထဲတွင် လာဘ်အစားဆုံးနိုင်ငံဖြစ်သည်။ တကမ္ဘာလုံးအတိုင်းအတာဖြင့်ကြည့်ပါက အကျင့်ပျက်ခြစားသည့်နိုင်ငံများထဲတွင် တတိယချိတ်သည်။
 အဂတိလိုက်စားသည့်ဘာသာရပ်တွင် ၀ါရင့်ဂုရုကြီးများဖြစ်ကြသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့ဖြင့်အိမ်နီးချင်းအဖြစ် တည်ရှိနေသည်။
စီးပွါးရေးကျင့်ဝတ်ဆိုင်ရာ ချွတ်ချုံကျနေသော အခြားအင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်ခုကလည်း နယ်စပ်ကုန်သွယ်ရေး မှအစ နိုင်ငံတော်အဆင့်စီမံကိန်းများအထိ လက်သိပ်ထိုးငွေများဖြင့် လမ်းကြောင်းခင်းထားသည်။   
 ဘာသာရေးရှုထောင့်မှ ထပ်လေ့လာပါက ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံများထဲတွင် မြန်မာနိုင်ငံလောက် လာဘ်စားမှု အဆိုးဆုံးနိုင်ငံမရှိ။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကံငါးပါးကိုထိန်းကြရသော်လည်း လာဘ်စားခြင်းသည် အာဒိန္ဒဒါနကံအဖြစ် ခိုးမှုမြောက်သည်အထိ အပြစ်ကြီးမှန်း နှလုံးသွင်းနိုင်သူတွေ ရှားပါးနေပုံရသည်။ ခိုးယူခြင်း၏အကျိုးပေးမှာ ဆင်းရဲခြင်းဖြစ်သဖြင့် လာဘ်စားနေကြသရွေ့တိုင်းပြည်ဆင်းရဲနေသည်မှာ ကိုယ်စိုက်သောအပင်ကို ကိုယ်ပြန်ရိတ်သိမ်းကြရခြင်း ဖြစ်သည်။
 ယဉ်ကျေးမှုရှုထောင့်မှကြည့်မည်ဆိုလျှင် အာရှဓလေ့များဖြစ်သည့် ကြီးသူကို ငယ်သူကဂါရ၀ပြုခြင်း၊ လက်ဆောင်ပဏ္ဍာဖြင့် ကန်တော့ခြင်း၊ ဆွေမျိုးသားချင်းများကို ကြည့်ရှုစောင့်ရှောက်ခြင်းတို့သည် မြန်မာနိုင်ငံတွင် လိုအပ်သည်ထက်ပိုပြီး ထွန်းကားနေသည်ဟု ဆိုရမည်။
 ပုံမှန်ထက် ပိုမိုငွေကြေးစိုက်မြုပ်ထားသော လက်ဆောင်ပစ္စည်းများ၊ မင်္ဂလာလက်ဖွဲ့များသည် အယောင်ဆောင်ထားသော လာဘ်ပေးခြင်းများဖြစ်နေ၏။ မိမိ၏ဆွေမျိုးသားချင်းများ၊ ရင်းနှီးသောမိတ်ဆွေများကိုသာကွက်၍ အခွင့်အရေးပေးခြင်း၊ ရာထူးခန့်ထားခြင်း၊ လုပ်ပိုင်ခွင့်များချထားပေးခြင်းတို့သည်လည်း အနုနည်းဖြင့်အဂတိလိုက်စားကြခြင်းဖြစ်သည်။
 နိုင်ငံရေးရှုထောင့်မှ ပြောရလျှင် အဂတိလိုက်စားခြင်းကို အမြစ်ပါမကျန်ရှင်းလင်းပစ်မည်ဟု ခိုင်မာသောသံန္ဒိဋ္ဌာန်ရှိသည့် နိုင်ငံရေးသမားများနှင့်အဖွဲ့အစည်းမျိုး မြန်မာနိုင်ငံတွင် အစဉ်အဆက်ထဲက အားနည်းနေခဲ့သည်။
 ကုန်လွန်ခဲ့သော စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်ဥပဒေနှင့် အခြားဥပဒေကဲ့သို့အာဏာတည်သောအမိန့်များသည် အဂတိလိုက်စားခြင်းကို မည်သို့မျှ မတိုက်ဖျက်နိုင်သည့်အပြင် အလွန်အကျွံအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်မတန်တဆ ရသူများကိုသာ မွေးဖွားပေးခြင်း၊ အကာအကွယ်ပေးခဲ့ခြင်းတို့ကြောင့် လာဘ်ပေးလာဘ်ယူကိစ္စ သည်မျှဆိုးရွားစွာ အမြစ်တွယ်ခဲ့ရသည်။
 အချို့နိုင်ငံများတွင် ပြည်သူလူထုမှာ အကြောင်းကြီးငယ်ရှိတိုင်း အစိုးရအဖွဲ့အစည်းများကို ငြိုငြိုငြင်ငြင်ဖြင့် လာဘ်ပေးနေကြရသည်။ သံသရာတစ်ကျော့ပြန်လည်လာသောအခါ ထိုပြည်သူလူထုသည်ပင် ရွေးကောက်ပွဲများ၌ အမတ်လောင်းများ အပြိုင်အဆိုင်လာဘ်ထိုးသော မဲဝယ်ငွေများကို မက်မက်စက်စက် လက်ခံရယူကြပြန်သည်။
 ဤသည်မှာ အစိုးရနှင့်ပြည်သူ အပြန်အလှန်လာဘ်ပေးလာဘ်ယူလုပ်ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် တန်ဖိုးမရှိသော မဲရွေးချယ်မှုကြောင့် တန်ဖိုးမရှိသောနိုင်ငံရေးသမားများ အစိုးရယန္တာရားထဲသို့ ရောက်ရှိလာတော့သည်။ မြန်မာနိုင်ငံတွင်လည်း ထိုအနေအထားမျိုးနှင့် ကြုံလာနိုင်သည့်အန္တာရယ်များ တွေ့ရမြင်ရစပြုလာပြီဖြစ်သည်။
 ကျွန်တော်တို့သည် စင်္ကာပူနိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုကို စံထားပြီးလေ့လာနေသည့်အကြောင်းများ မကြာခဏကြားနေရသည်။စင်္ကာပူကိုနမူနာယူမည်ဆိုလျှင်အပေါ်ယံရုပ်ဝတ္ထုတိုးတက်မှုမျှလောက်ကိုသာ ပုံတူကူးယူခြင်းမျိုး မဖြစ်စေဘဲ၊ စင်္ကာပူ၏ လာဘ်စားမှုကင်းစင်အောင်ကြိုးပမ်းချက်များကိုလည်း သင်ယူဖို့လိုသည်။
လွန်ခဲ့သောနှစ်၅၀အတွင်းစင်္ကာပူသည်လာဘ်စားမှုတိုက်ဖျက်ရာတွင်အချက်၃ချက်ဟန်ချက်ညီသွားခြင်းဖြင့်အောင်မြင်မှုရခဲ့ပါသည်။
 ထို ၃ ချက်မှာ
အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ နည်းဥပဒေများပြဋ္ဌာန်းခြင်း၊
 အရည်အချင်းပြည့်ဝန်ထမ်းများ၊ သတင်းအရင်းအမြစ်များဖြင့်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကိုဖွဲ့စည်းခြင်းနှင့်
 အဆိုပါဋ္ဌာနမှ နည်းဥပဒေအတိုင်း မျှမျှတတ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
 တိုင်းပြည်စီးပွါးရေးတိုးတက်အောင်ပြုလုပ်လိုသောအစိုးရတိုင်းသည် အဂတိလိုက်စားသည့်အပြုအမူတိုင်းအား မလွဲမသွေတားဆီးကြစမြဲဖြစ်သည်။ အဂတိလိုက်စားခြင်းကို မတိုက်ဖျက်ဘဲ စီးပွါးရေးစီမံကိန်းများရေးဆွဲခြင်း၊ နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ခြင်းတို့သည် စိတ်ကူးယဉ်အိပ်မက်မက်နေသည်ထက် ဆိုးရွားပါသည်။
 အဂတိလိုက်စားခြင်းကို လျှော့ချနိုင်လေ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများလာလေဖြစ်ပြီး၊ ဂျီဒီပီတက်လာသည်အထိ အကျိုးပေးမြန်ပါလိမ့်မည်။ အကျင့်ပျက်ခြစားခြင်းကို ကင်ဆာရောဂါနှင့်တူသည်ဟု တင်စားကြပါသည်။ သို့တိုင် ကုသရန်ဆေးနည်းများစွာရှိနေပါသည်။
 အစိုးရတစ်ခုထဲမှာသာ တာဝန်ရှိသည်မဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပါဝင်ကူညီဖို့လိုအပ်ပါသည်။ဘယ်နည်းအကောင်းဆုံးလဲဟူသည်မှာ မေးရမည့်မေးခွန်းမဟုတ်ဘဲ၊ ဖြစ်နိုင်ချေရှိသည့်နည်းမှန်သမျှကို အချိန်ပြည့် လေ့လာသင်ယူကျင့်သုံးရမည်ဖြစ်သည်။ သို့သော် မည်သည့်ဖော်မြုလာများသုံးသုံး တစ်ဦးတစ်ယောက်ချင်း၏ကျင့်ဝတ်နှင့် စိတ်ဓါတ်ရေးရာအပေါ်မှာ မလွှဲမသွေ ဗဟိုပြုရပါလိမ့်မည်။
 နေ့တဓူဝ အောက်ဆိုက်ရှာခြင်းသည် နေ့စဉ်နှင့်အမျှ ခိုးယူခြင်းသက်သက်ဖြစ်ပါသည်။ ထို့ပြင် အောက်ဆိုက်များများရသည်ဟု ကြွားဝါပြောဆိုနေခြင်းမှာ များများခိုးပြီးပြီဟု ၀န်ခံနေခြင်းလည်းဖြစ်သည်။ အောက်ဆိုက်ရသောဝင်ငွေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်နေသူမှန်သမျှ သူခိုးငတက်ပြားမျက်နှာဖုံးစွပ်၍ မိသားစုကို ရှာဖွေကျွေးမွေးနေသူများဖြစ်သည်။
 ထိုသူခိုးများကို ကျွန်တော်တို့မိသားစုထဲမှာ၊ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ခံထားမည်လား၊ ဆန့်ကျင်မည်လားဆိုသည်မှာကျွန်တော်တို့၏ကျင့်ဝတ်နှင့်စိတ်ဓါတ်ရေးရာအပေါ်မှာမူတည်ပါသည်။
လာဘ်ပေးသူနှင့် လာဘ်ယူသူနှစ်ဦးတွင်ပေးသူဘက်ကစိတ်ဓါတ်ရေးရာဖြင့်ကျားကန်ထားရမည်ဖြစ်ပြီး၊ ယူသူဘက်က ကျင့်ဝတ်ဖြင့် တောင့်ခံထားရပါလိမ့်မည်။ အကျင့်ပျက်ခြစားမှုကင်းစင်သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ရန် သင်ကိုယ်တိုင် ခြတစ်ကောင်မဖြစ်ဖို့ လိုအပ်ပါသည်။
သူရိယမျိုး

`မင်းလည်း စား၊ ငါလည်း စားမယ်` ဆိုတဲ့ စနစ်ဆိုးကို ဖျက်ဖို့ ဆိုရင်...

မင်းလည်း စားကွာ၊ ငါလည်း စားမယ်ဆိုတဲ့ စနစ်ဆိုး တခုကို ကျမတို့တွေ နှစ်ပေါင်းများစွာ အမြစ်တွယ်ခံခဲ့ကြရ့ပါတယ်။
 ပြည်သူတွေကြားမှာ  လစာနဲ့မှ မလောက်တာ ဆိုတာတဲ့ စကားတခွန်းနဲ့ ဆင်ခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်လိုက်တဲ့ အစိုးရ ၀န်ထမ်းတွေ၊ တကယ်ပဲ စားဝတ်နေရေးကြပ်တည်းတဲ့ စနစ်ဆိုးကြောင့် ဖျက်ဆီးခံခဲ့ရတဲ့ အစိုးရ ၀န်ထမ်းတွေ ပြည်သူတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။ လစာနဲ့မလောက်လို့ အောက်ဆိုက်ရအောင်ရှာတဲ့အောက်ခြေ၀န်ထမ်းတွေ ရှိသလို၊ လစာထက် ပိုပြီးရနေတဲ့ အရာရှိကြီးတွေကလည်း မင်းလည်း စား၊အေး ငါစားတာလည်း စားမယ်ဆိုတာမျိုးတွေ ဖြစ်လာခဲ့တယ်။ အကိုကြီးပြီးရင် ညီလေးအလှည့်နော် ဆိုတာမျိုးနဲ့ အစိုးရဌာနတွေမှာ အလှည့်ကျ ပေးစားသလိုမြင်လာအောင်ထိ ပျက်ဆီးလာခဲ့တာတွေ၊ ၊ငါ့ကိုလည်း ပေးစားဦးကွာ ဆိုတာမျိုးတွေနဲ့က အစိုးရ၀န်ထမ်းလောကမှာ ရှက်စရာလို့တောင် မထင်တော့တဲ့ သမရိုးကျ ခေါက်ရိုးကျိုးစနစ်ဆိုးအနေနဲ့ ရှင်သန်လာခဲ့တာပါ။
ဒီလို နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးစနစ်တခုကိုအစိုးရသစ်လက်ထပ်မှာ တိုက်ဖျက်ချင်တဲ့ အရိပ်အယောင်တွေတော့ တွေ့လာရပါတယ်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန်ခွန်းကစပြီး နောက်ပိုင်း လွှတ်တော်အစည်းဝေးတွေမှာ ပြောဆိုလာခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းရဲ့ မိန့်ခွန်းတွေ၊ စကားတွေကလည်း  ကျမတို့ကို မျှော်လင့်ခြင်းတွေကို  ဖြစ်စေခဲ့ပါတယ်။
လွှတ်တော်ထဲမှာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြည်တွင်း ၈ျာနယ်အချို့မှာ ဦးသူရရွှေမန်းရဲ့ အပြောတွေကို တွေ့လာရ ကြားလာရတော့ ဦးသူရရွှေမန်းဟာ တကယ်ပဲ ဒီ စနစ်ဆိုးကြီးကို ဖျက်ချင်နေတာလားလို့လည်း ရိုးရိုးသားသား တွေးမိပါတယ်။ ဒါပေမဲ့လည်း ကျမအနေနဲ့ ရိုးရိုးသားသားပြောရရင် ဒီလိုပဲ လွှတ်တော်ထဲကနေ စကားနဲ့ပြောနေတာလောက်ကိုတော့ မယုံနိုင်ခဲ့ပါဘူး။ မယုံခြင်း၊ မယုံရဲခြင်းတွေကလည်း ကျမတို့မှာ အမြစ်တွယ်ခဲ့တာကိုး။
နောက်တော့ ဦးသူရရွှေမန်းက ၀န်ထမ်းလစာတိုးပေးရေး အဆိုကိုတင်သွင်းတော့ သူတို့  ပါတီအတွက် မဲစွယ်နေသလားဆိုတဲ့ အမြင်မျိုးနဲ့လည်း ကျမ တွေးခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းလည်းစား ငါလည်းစား စနစ်ဆိုးကို ဖျက်ဖို့  ၀န်ထမ်းတွေကို လစာတိုးပေးခြင်းက စရမယ်ဆိုတဲ့ အတွေးကို ကျမကတော့ လက်ခံ သဘောတူမိပါတယ်။
အစိုးရ၀န်ထမ်းလောကမှာ လာဘ်စားခြင်းဟာ လစာနဲ့မစားလောက်ခြင်းက စခဲ့တာပါ။ လာဘ်စားခြင်းကင်းလာရင် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရာမှာလည်း လွယ်ကူးလာလိမ့်မယ်လို့ မြင်မိပါတယ်။ ယနေ့ခေတ်မှာ ပြည်သူတွေဆီကနေ အများဆုံး လာဘ်ယူပြီး အလုပ်လုပ်နေကြတဲ့ သူတွေထဲမှာ  တရားရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ထမ်းတွေက အဆိုးဆုံးဖြစ်နေတာတွေ့ရပါတယ်။ တရားရေး ၀န်ထမ်းတွေရဲ့ လာဘ်စားခြင်း မသမာမှုတွေ၊ သတ္တိနည်းခြင်းတွေဟာ တိုင်းပြည်ကို ချောက်ထဲ ရောက်သထက်ရောက်အောင် ပို့ဆောင်ပေးနေတာလို့ပဲ မြင်မိပါတယ်။ တရားရေး ၀န်ထမ်းတွေ လာဘ်စားလာတာနဲ့အမျှ ၊ရာထူး မက်လာတာနဲ့အမျှ ငွေများတရားနိုင်စနစ်နဲ့ တရားဥပဒေ မစိုးမိုးတော့တဲ့ အဖြစ်ကို ရောက်ကြရတာပါ။
ဒုတိယ အဆိုးဆုံးကတော့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အစိုးရ၀န်ထမ်းတွေပါ၊ ဖုန်းဘယ်လ်ဆောင်တာကစ လက်ဖက်ရည်ဖိုး ထည့်မပေးရင် အလုပ်မလုပ်ချင်တော့တဲ့ ၀န်ထမ်းတွေရဲ့ ပျက်ဆီးခြင်းဟာ စားမလောက်အောင် ထားခဲ့ရာကနေ ဖြစ်လာခဲ့တဲ့စနစ်ဆိုးတခုရဲ့သားကောင်တွေလို ကျမ မြင်မိပါတယ်။
တကယ်ပဲ သူတို့ကိုလည်းလာဘ်စားစရာမလိုလောက်အောင် ပံ့ပိုးပေးနိုင်ရင် သူတို့အလုပ်သူတို့ ကောင်းကောင်းလုပ်ကြလိမ့်မယ်လို့တော့ မျှော်လင့်မိတာပါပဲ။လူတိုင်းလူတိုင်း ဟာ ကိုယ့်ကိုယ်ကို သိက္ခာရှိချင်တယ်၊ ကိုယ့်ကိုယ်ကို ပြန်လေးစားတဲ့ ဘ၀မျိုးကို လိုချင်မယ်ဆိုတာ ကျမ ယုံကြည်မိတယ်။
လာဘ်စားစရာမလိုတော့တဲ့ လုံခြုံစိတ်ချရတဲ့ အစိုးရ၀န်ထမ်းဘ၀ဟာ ခုလို ပြည်သူတွေဆီကနေ လည်ပင်းညှစ်နေရတဲ့ ဘ၀ထက်တော့ပိုကောင်းပါမယ်၊ သက်သောင့်သက်သာရှိပါမယ်။ အဲလို ဘ၀မျိုးမှာတောင် လာဘ်စားတဲ့သူတွေ၊ လာဘ်ယူသူတွေကိုတော့ ကောင်းကောင်းအရေးယူဖို့ လိုပါမယ်။ လာဘ်စားခြင်းကို တိုက်ဖျက်ဖို့အတွက် အခြေခံအဆင့်အနေနဲ့ လစာတိုးခြင်းကနေ စတာ မမှားပါဘူး။
ဒီလိုအတွေးကြားထဲမှာ နိုင်ငံတော် ဘတ်ဂျက်နဲ့ ကုန်ဈေးနှုန်းတွေကြောင့် လစာတိုးခြင်းကို နောက်ဆုတ်လိုက်မယ်လို့လည်း ကြားရော  စိတ်မကောင်းဖြစ်သွားပါတယ်။ ပြီးတော့ အော် ဦးသူရရွှေမန်းက အဆိုတင်သွင်းတယ်၊ ပြီးတော့ ဘတ်ဂျက်လိုငွေကြောင့်၊ ကုန်ဈေးနှုန်းကြောင့်စတဲ့ အကြောင်းပြချက်တွေကြောင့် ပျက်သွားတယ်ဆိုပြီး မျက်လှည့်များ ပြလေသလားဆိုတဲ့ ဗိုင်းရပ်စ် ပါတဲ့ အမြင်နဲ့လည်း ကြည့်မိ တွေးမိပါသေးတယ်။
လစာတိုးလိုက်တဲ့အတွက် နိုင်ငံတော် ဘာတွေ နစ်နာသွားမလဲ ၊ ဘယ်သူတွေ နစ်နာ ထိခိုက်ကုန်မလဲ ဆိုတာ ကျမ သေချာ်မသိပေမဲ့။နိုင်ငံတော် ဘတ်ဂျက်လိုငွေ ကိစ္စလို့ ပြောရင် ကျမမျက်စိတည်း ပြေးမြင်တာက သဘာဝဓါတ်ငွေ့ တွေနဲ့ မြန်မာ့သယံဇာတ ရောင်းထားတာတွေကို  ပြေးမြင်ပါတယ်။
အဲဒီက ၀င်ငွေတွေ နိုင်ငံခြားငွေတွေက ဘယ်လိုအနေအထားမှာ ရှိပါသလဲ။ အဲလိုရောင်းချလိုက်ရတဲ့နိုင်ငံခြားငွေတွေကို  အစိုးရသတ်မှတ်ထားတဲ့ တဒေါ်လာ ၆ ကျပ် ခွဲ ဈေးနဲ့တွက်ခဲ့တာလား၊ လက်ရှိပေါက်ဈေးအတိုင်း တွက်ထားသလားဆိုတာလည်း သေချာ မသိခဲ့ရပါဘူး။ အဲဒီရောင်းရတဲ့ငွေ၊ ထပ်ရောင်းနေတဲ့ ငွေတွေဟာ အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့အတွက် လုံလောက်မှု မရှိဘူးလား။ အဲဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုများ သုံးခဲ့ကြပါလိမ့်ဆိုတာ ကျမခေါင်းထဲမှာကျန်နေဆဲဖြစ်တဲ့ မေးခွန်းတွေပါ။
ခုလို အရပ်သားအစိုးရ ခေတ်မှာတော့ အရင်လက်ထပ်တွေထက် ပိုပြီး ရိုးသားပွင့်လင်းမှု ရှိလာမယ်လို့လည်း မျှော်လင့်မိတာပါပဲ။ နောက်ပိုင်း ဒီလိုမေးခွန်းတွေနဲ့ မေးခွင့်ရလာနိုင်မလားဆိုတာလည်း မျှော်လင့်မိပါတယ်။
ဒီနေ့ တော့ ဦးသူရရွှေမန်းရဲ့ လွှတ်တော်ထဲက သတင်းစာရှင်းလင်းပွဲ ပြီးတော့ အသံတွေ ပြန်ကြားရပါတယ်။ ဦသူရရွှေမန်းက လစာတိုးပေးဖို့ကိစ္စကို နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတဲ့သတင်းကို ကြားရတော့ ၀မ်းသာရပါတယ်။ ကျမကိုပြန်ပြောတဲ့သူကလည်း   ပြည်သူ့လွှတ်တော် ဥက်္ကဌသူရဦးရွှေမန်းက ဒီနေ့   အခမ်းအနားမှာ လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုတဲ့ စကားလုံးကိုလည်း ကြိမ်ဖန်များစွာ ပြောသွားသေးတယ်လို့ ပြန်ပြောပြတော့ ကျမ အံ့သြမိပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ခေါက်ရိုးကျိုးနေတဲ့စနစ်တခုကို ဖျက်ဖို့ ဆိုတာကတော့ သတ္တိရှိဖို့လိုတာ အမှန်ပါဘဲ။တကယ်ပဲ ဦးသူရရွှေမန်းက လစာတိုးပေးလိုတဲ့အတွက် ကြိုးပမ်းနေတယ်ဆိုရင်တော့ ကျမတို့ လက်ခုပ်တီးပြီး အားပေးပါမယ်။ သာမန်ပြည်သူ တယောက်အနေနဲ့ရော သတင်းသမားတယောက်အနေနဲ့ပါ အားပေးပါမယ်ရှင်။ တကယ်ပဲ လာဘ်စားခြင်းကို တိုက်ဖျက်ချင်ရင်တော့ လစာတိုးပေးခြင်းကနေ စရမယ်လို့ ကျမတော့ခုချိန်ထိ ယူဆထားတုန်းပါပဲ။

မှားယွင်းမှုလား ? ကြိုတင်ကြံစည်မှုလား ? (အောင်သာငယ်)

 မပြော မဖြစ် ပြောရမည် -ဟု အကြောင်း တစုံတရာအပေါ်မှာ ထင်မြင်ယူဆလာသည့်အခါ မည်သို့ မည်ပုံ ပြောဆိုရမည်လဲ-ဟု စကားလုံးများကို ရွေးချယ်စဉ်းစားရတော့သည်။
ကိုယ်ကိုယ်တိုင် ပါဝင် အမှုတော် ထမ်းခဲ့သည့် အဖွဲ့အစည်းတခုအကြောင်းကို ပြောဆိုရမည့်အခါ... ကောင်းမွန်သည့် အရာများကိုသာ ကျနော် ပြောလိုပါသည်။ သို့သော်လည်း မပြောမဖြစ် ပြောရတော့မည့် အခြေအနေမှာ ပြောစရာများက မကောင်းသည့် အရာများသာ ဖြစ်နေသည်က ကျနော့် စိတ်ဆန္ဒကြောင့်လည်း မဟုတ်ပါ။ လက်တွေ့ ပကတိ အမှန်တကယ် ဖြစ်ပျက်နေခဲ့သည်များကြောင့်သာ ဖြစ်သည်။
၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့သော ၁၃၅၀ ပြည့် အရေးတော်ပုံကြီး (သို့မဟုတ်) တနည်း ပြောရလျင် ၈-၈-၈၈ ဟု ခေါ်ဆိုခဲ့ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီး၏ သားသမီးများအဖြစ် ဗမာ့ နိုင်ငံရေးသမိုင်းမှာ အထင်ကရ ဖြစ်တည်လာခဲ့သော အဖွဲ့အစည်း ၂ ခု ရှိခဲ့သည်။ တခုကတော့ ရန်သူဖြစ်သည့် စစ်အာဏာရှင် အုပ်စုက အကန့်အသတ်ဖြင့် တည်ရှိခွင့်ပေးထားသော ဥပဒေဘောင်အတွင်းမှာ တည်ရှိလာသော ဒီ/ချုပ် ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပြီး နောက် တခုကတော့ စစ်အာဏာရှင်အုပ်စုက မတရားသင်းအဖြစ် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကြေညာခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဖြစ်သည်။ အတိုကောက် ခေါ်ရလျင် မကဒတ၊ အင်္ဂလိပ်လို အတိုကောက် ခေါ်လျင် ABSDF အတိုဆုံး ခေါ်ကြတော့ ဗမာလို အေဘီ။
အမှန်တကယ်မတော့ မြန်မာ့ သမိုင်းကိုကြည့်ကြည့်၊ ကမ္ဘာ့ သမိုင်းကိုကြည့်ကြည့် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သော သမိုင်းမှာ မည်သည့် အဖွဲ့အစည်းကမျှ အရှင်မွေး ညတွင်း ကြီးပျင်းခဲ့သည် မဟုတ်ပါ။ စစ်အာဏာရှင် စနစ်ကို မည်သို့ မည်ပုံ ဆန့်ကျင်ရမည်-ဆိုသော တစုံတရာခိုင်မာသည့် နိုင်ငံရေးအတွေးအခေါ်တခု- နိုင်ငံရေး ယုံကြည်ချက်တခု - နိုင်ငံရေး အအယူအဆ တခု အပေါ်မှာ အခိုင်အမာ အခြေခံပြီးမှသာ အဖွဲ့အစည်းတခုအဖြစ် စုစည်း ကြီးပျင်းလာခဲ့ကြသည်သာ ဖြစ်သည်။
ခက်သည်က အေဘီသည် အရှင်မွေး၊ ညတွင်းကြီး။ သည်တော့ အေဘီမှာ ရန်သူ့ လူများ အလွယ်တကူ ပါဝင်နေနိုင်သည်ကို နားလည်ယူလို့ရသည်။ မဟာမိတ်အဖွဲ့အစည်းများ၏ နယ်မြေထဲတွင် ဖွဲ့စည်း ဖြစ်တည်လာခဲ့သော အေဘီကို မဟာမိတ် အဖွဲ့အစည်းများကိုယ်တိုင်က မယုံမရဲဖြစ်ခဲ့ကြသည်ကိုလည်း အဆိုး မဆိုသာ။
တကယ်တော့ မဟာ မိတ် အားလုံး၏ လွတ်မြောက်နယ်မြေထဲတွင် စုရုံးရောက်ရှိနေသော လူပေါင်းများစွာဖြင့် ဖွဲ့စည်းခဲ့သော အေဘီသည် အမှန်တကယ်တော့ သန္ဒေ မမှန်ခဲ့။ စတင် ဖွဲ့စည်းကတည်းက အခြား နိုင်ငံရေး အဖွဲ့အစည်းများလို နိုင်ငံရေး အယူအဆ တခုအပေါ်မှာ ယုံကြည်သူများ စုရုံးဖွဲ့စည်းထားသည် မဟုတ်ခဲ့သော အေဘီသည် ချို့ယွင်းချက် များစွာ ရှိနေခဲ့သည်။
အထူးသဖြင့် ကေအိုင်အေ ခေါ် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ကိုယ်ပိုင် အကောက်ဂိတ် အုပ်ချုပ်ရေး နယ်မြေ ပေးအပ်ထားသည်ကို ရရှိခဲ့သော အေဘီ(ျေမြာက်ပိုင်း)သည် အကြီးမားဆုံးသော ချို့ယွင်းချက်များစွာ ရှိခဲ့သည်။ လက်နက် ကိုင်ထားနိုင်သော သူများက လက်နက် မကိုင်ထားနိုင်သော သူများကို နိုင်ထက်စီးနင်း အနိုင်ကျင့်ခွင့် ရှိခဲ့သည်။ အာဏာရှင် အသေးစားလေး ဖြစ်သွားသည်။ (ကျနော့် ဖော်ပြချက်ကို မည်သူမဆို ဆန့်ကျင် ကန့်ကွက်နိုင်ပါသည်)
သည့်နောက်မှာတော့ ငါနဲ့ မတူ ငါ့ရန်သူဆိုသော သဘောထားအပေါ်မှာ အဖွဲ့အစည်း ၀င် အချင်းချင်း ရန်သူများ ဖြစ်ကုန်သည်။ (ကျနော်က လျှော့ပေါ့ ပြောခြင်းသာ ဖြစ်ပါသည်။)
ရိုးရိုးသားသားမှားယွင်းမှု မဟုတ်လျင် သည် အဖြစ် အပျက်သည် စနစ်တကျ ကြိုတင် ကြံစည်မှုသာ ဖြစ်မည်။
ကျနော်ကတော့ သည်အဖြစ်အပျက်ကြီး တခုလုံးကို စနစ်တကျ ကြိုတင် ကြံစည်မှုကြီးအဖြစ် ယုံကြည်သည်။
ကျနော်ကိုယ်တိုင် မာနယ်ပလော ဗဟိုမှာ အဖမ်းခံခဲ့ရဖူးသည်။ ကျနော် အဖမ်းခံနေရကြောင်းကို ကိုယ့် ရဲဘော်များ ကြားသိအောင် ထောင်ထဲမှ အော်ဟစ်ပြောကြားခွင့် ရခဲ့သဖြင့်သာာ အသက်ဘေးမှ ကျနော် လွတ်ခဲ့ရခြင်း ဖြစ်သည်။
(atn)

အမေရိကန်မှာ မြန်မာ့စပါးကြီးလို့ အမည်တွင်နေတဲ့ ကချင်အမျိုးသား လက်ဝှေ့ကျော် အောင်လဆန်း

မြန်မာ့စပါးကြီးလို့ အမည်တွင်နေတဲ့ ကချင်အမျိုးသား လက်ဝှေ့ကျော် အောင်လဆန်းရဲ့ MMA ပွဲစဉ် ကြော်ငြာ ဖြစ်ပါတယ်။ ရှေ့လ ၁၆ ရက်နေ့ ဖီလာဒဲဖီးယားမှာ ထိုးသတ်မယ်လို့ ဆိုတယ်။ ပြိုင်ဘက်က Sam Oropeza ဖြစ်ပါတယ်။
ရုပ်သံတွေထဲမှာ တွေ့နေရတဲ့ MMA ပြိုင်ပွဲဟာ Mixed Martial Arts ဆိုတဲ့ ရောသမမွှေထိုးသတ်နည်းပါ။အင်္ဂလိပ်လက်ဝှေ့၊ ထိုင်းလက်ဝှေ့၊ နှပန်း၊ ဂျူဂျစ်ဆု၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဂျူဒို နည်းပညာတွေကို ရောသမထား ဆိုပဲ။
ဒီ သတ်ပုတ်နည်း ပေါ်လာတာတော့ ကြာပြီ၊ ဘရာဇီး၊ ဂျပန်၊ အမေရိကန်တို့မှာ ဒီပွဲတွေ ရှိတယ်၊ MMA ဆိုပြီး နာမည်ပေးလိုက်တာကတော့ နှစ် ၂၀ မပြည့်သေးပါဘူး။ ၁၉၉၅ မှ ပေးလိုက်တာပါ တဲ့http://www.thundermma.com/MMA.html မှာ ရေးထားပါတယ်။
သူ့အကြောင်း အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ ~ ၂ ဆိုပြီး ဒူကဘာက ရွှေဒေါင်းတောင် အင်တာနက်စာမျက်နှာ www.shwedaungtaung.com မှာ အခုလို ရေးသားခဲ့ဖူးပါတယ် -
အမေရိကန် နိုင်ငံမှာ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားပွဲစဉ်တွေမှာ မြန်မာ့ စပါးကြီးမြွေ ( Burmese Python ) လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လ အင်ဆန် (Aung La Nsang) ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကျောပြင် ပုခုံးနေရာမှာ “Jinghpaw” လို့ ထင်ရှားစွာ တက်တူး (Tattoo) ရေးထိုးထားတဲ့ MMA မက်ဒယ်လ်ဝိတ်တန်းရှင် အောင်လ ဟာ ရတနာ လုပ်ငန်းရှင် အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန် နန်ဘူ တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက် သားရတနာပါ။ အတန်းပညာကို ရန်ကုန် International School မှာ တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊ အင်ဒရူးတက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ၊ ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူပါ။
အရပ် ၆ ပေ ၁ လက်မ နဲ့ ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လ ဟာ အမေရိကားမှာ လူသိများတဲ့ MMA ( Mixed Martial Art ) လို့ ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး နယ်ပယ်မှာ ဝင်ရောက် ကစားနေခဲ့တာ အခုဆို သက်တမ်း ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အောင်လ ရဲ့ အားကစား ရာဇဝင်ဟာ ဂျူဒိုလို ချုပ်ကစားတဲ့ No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာ ကနေ Martial Art ကို ကူးပြောင်း လာသူပါ။ သူဟာ အမေရိကန်တွေက ဘီဂျေဂျေ (B.J.J)လို့ ခေါ်တဲ့ ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာတဲ့ ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) ကို လေ့ကျင့်ခဲ့တာ လေးနှစ်ကျော် ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့တာလည်း သုံးနှစ်ကျော် ရှိပြီလို့ သိရပါတယ်။ ယခု အချိန်မှာ အောင်လ ဟာ MMA Professional အဖြစ် ပြိုင်ပွဲဝင် ထိုးသတ်နေသူ ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကြေးစား လောကမှတ်တမ်း ကတော့ သူထိုးသတ်ခဲ့တဲ့ ပွဲစဉ် အလိုက် ၈-၅-၀ (Win-Loss-Draw) လို့ မှတ်တမ်းပြုထားခြင်း ခံရသူပါ။
၂၀၀၈ ခုနှစ်မှာ မေရီလန်င်းပြည်နယ် (Maryland) ဘော်လ်တီမိုးလ်မြို့ ကို ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 လို့ အမည်ရတဲ့ MMA ကလပ်အသင်းတခုမှာ ဝင်ရောက် လေ့ကျင့်နေခဲ့ပါတယ်။ သူအားသန်တဲ့ ဂျူဂျစ်ဆု ၊ မွေထိုင်း တိုက်ကွက်တွေနဲ့ ပရိုလောက ကို ဝင်ရောက်လာခဲ့တဲ့ အောင်လ ဟာ ၂၀၀၅ ခုနှစ် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာ ၃ပွဲ ဆက်တိုက် အနိုင်ရလာပါတယ်။ အခုချိန်မှာတော့ ၁၃ပွဲ ကစားရာ ၈ပွဲနိုင်နဲ့ အလားအလာ ကောင်းနေသူပါ၊ သူ နာမည်ရ ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲဟာ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနား ပြည်နယ် (Indiana) မှာ သူ့ထက် ပွဲအတွေ့အကြုံ များပြီး UFC ( Ultimate Fighting Champion ) မှာလည်း ထိုးသတ်ဖူးတဲ့ စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာဘဲ သူ့ရဲ့ နာမည်ကျော် Guillotine Choke နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ အဲဒီနာမည်ရ တိုက်ကွက် ကတော့ ရှေးပြင်သစ်ပြည်မှာ ရှိခဲ့တဲ့ ခေါင်းဖြတ်စက်ကြီးများလို ပမာနှိုင်းကာ သူများခေါင်းကို ကိုယ့်ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားပြီး အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်တဲ့ ဂလတင်းချုပ်ဂ် ( guillotine choke ) လို့ခေါ်တဲ့ တိုက်ကွက် တခု ဖြစ်ပါတယ်။ ကြောက်မက်ဖွယ် ကောင်းတဲ့ သူ့ရဲ့ Armbar လက်ချိုးတဲ့ တိုက်ကွက်ကလည်း လျော့ မတွက်သင့်ဖူးလို့ သူ့ ထရိန်နာ ဂျေးဆင် က ဆိုပါတယ်။
၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့ (Altantic City, New Jersey) မှာ ကျင်းပတဲ့ Ring of Combat XXXIII ပြိုင်ပွဲမှာ အောင်လ ဟာ Constantinos Philippou ကို ရှုံးနှိမ့်ခဲ့တာဟာ UFC ( Ultimate Fighting Champion ) အတန်းဆီ သူတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ အတားအဆီး တခုပါ။ “ ဒီပွဲရှုံးတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားတယ် ” လို့ အောင်လ က ပြောပြပါတယ်၊ နောက် … အိမ်တွင်းပုန်း နေမိပြီး သူငယ်ချင်းတွေ အတင်းလာခေါ် အပြင်ခေါ်ထုတ် ထွက်လည်စေတယ်။ သူ့ အမှားတွေ ကို ထရိန်နာတွေ သူငယ်ချင်းတွေနဲ့ အခုလို အဖြေရှာမိပါတယ်။ ကွန်စတန်တီနို ဖိလစ်ပေါင်း ဟာ ပွဲပေါင်း ၁၀၀ လောက် ကစားဖူးသူဖြစ်ပြီး အတွေ့အကြုံ ကြွယ်ဝသူပါ၊ ကျနော်က သူ့ ကိုနိုင်ယင် “တန်း” အပြောင်းအလဲ ရှိတယ်ဆိုတော့ စိတ်လောကြီးပြီး သူ့လက်ရည်ကို Respect မပေးဘဲ ပြေးဝင်၊ ပြေးထိုး၊ ပြေးကန် ပါတယ်၊ အခု ကစားနည်းတွေဟာ အား အလွန်ပါပြီး ဘယ်လောက် ကစားခဲ့ ကစားခဲ့ ထိချက်မှန်ရင် တချက်ထဲ လဲပါတယ်၊ ဒီတော့ ဘယ်အရာမဆို သားကောင် ချောင်းသလို စိတ်ရှည်ပြီး တဆင့်ခြင်းသွား အခြေအနေကြည့်ဖို့ လိုတယ်လို့ အောင်လ က သူ့ အတွေ့အကြုံကို တခုတ်တရ ပြောပြပါတယ်။
ဒီနှစ် ဖေဖေါ်ဝါရီ ၄ ရက် က Ring of Combat XXXIV ပွဲမှာ အောင်လ က Mitch Whitesel အား အနိုင်ယူခဲ့ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဧပြီလ ၈ရက်နေ့မှာ Uriah Hall ကို ၃ချီအကြာမှာ ရှုံးနိမ့်ခဲ့ပါသေးတယ်။ နောက်ဆုံး ပွဲစဉ်ကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ ယခင်အပါတ် သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့မှာ မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ Casey Manrique ဆိုသူနဲ့ ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီမှာ အနိုင်ရပါတယ်၊ သူ့ကို ရှုံးနိမ့်သွားသူ ချေဆီမရစ် ကတော့ စာရေးသူတို့ အော်ရီဂန် ဇာတိဖြစ်ပြီး နယူးယောက် ကလပ်တခုမှာ ထရိန်နာနဲ့ လေ့ကျင့်နေသူပါ။ အခုချိန်မှာ အောင်လ ဟာ ဘရာဇီးလီယမ်း Crazy 88 ကလပ်မှာ နည်းပြ (Instructor) ပြန်လုပ်ရင်း UFC တန်း ဝင်ထိုးဖို့ လေ့ကျင့်နေကြောင်း သိရှိရပါတယ်။ သူ့ရဲ့ မာစတာ ကတော့ ကြေးစားလောက ချန်ပီယံတဦး ဖြစ်ခဲ့ဖူးတဲ့ လွိုက် အာဗင်န် (Lloyd Irvin) ဖြစ်ပြီး၊ ထရိန်နာတွေ ကတော့ ဂျေးဆင် နဲ့ ဂျူးလီယက် တို့ ဖြစ်ပါတယ်။ Crazy 88 ကလပ် မှတ်ချက် ကတော့ အောင်လ ကို ထရိန်နင် အပြည့်ပေးယင် MMA Level ရဲ့ ထိပ်တန်းအဆင့်ကို ရောက်လာမဲ့ သူလို့ သုံးသပ်ခြင်း ခံထားရသူပါ။ အခုလည်း သောကြာနေ့ က ပွဲထိုးသတ် အပြီး တနင်္ဂနွေနေ့ မှာဘဲ လာမဲ့ နိုဝင်ဘာလ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး၊ သူ့ အားနည်းချက် ဖြစ်တဲ့ နဘမ်း သတ်နည်းကို အဓိကထား လေ့ကျင့် နေတယ်လို့ အောင်လ က ပြောပါတယ်။
ကြေးစား အားကစား လောကထဲ ဝင်ရောက်လာမဲ့ နောင်လာ နောက်သားတွေကို အောင်လ က သူ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်၊ “ ကြိုးစား၊ တဆင့်ခြင်းသွား၊ မလောနဲ့၊ မြန်မြန် အောင်မြင်ယင် ကျရှုံးဖို့လည်း မြန်ပြီး လောကမှာ မထင်တာတွေ ဖြစ်လာတတ်ကြောင်း” “နောင် … ဝိတ်တန်းတွေ တဆင့်ပြီးတဆင့် ကျော်တက် ထိုးသတ်သွားပြီး UFC လောကမှာ မှတ်ကျောက်တင်ရန် ကြိုးစားနေပါတယ်” လို့ အမှတ်တရ စကားဆိုပါတယ်။ သူ့ အောင်မြင်မှုတွေကို အကို ဖြစ်သူ ကိုဂွန်ဆန် အနေနဲ့ ဘယ်လို မြင်လဲလို့ မေးတော့ “ အံ့သြစရာဘဲ မိသားစု အတွင်းမှာ အသိမ်မွေ့ဆုံး သူက အခုလို ခက်ခဲကြမ်းတမ်းတဲ့ အားကစား လောကမှာ တဆင့်ခြင်း တက်လာ အောင်မြင်လာတော့ ဂုဏ်ယူစရာပါဘဲ” လို့ ဖြေကြားသွားပါတယ်။
သူ့လိုဘဲ ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung ) ဆိုသူလဲ MMA လို Battle Field Fight League ခေါ်တဲ့ ကနေဒါနိုင်ငံက ပွဲစဉ်တွေမှာ 1-0-0 (Win-Loss-Draw) ရလဒ်နဲ့ စတင် ဝင်ရောက် ထိုးသတ်နေကြောင်း နဲ့ အားကစား လောကထဲက ပြည်ပရောက် ရွှေမြန်မာများ အကြောင်း တင်ပြလိုက် ရပါတယ်။
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment