ကမ္ဘာ့သတင်းများ  24/02/2012

နိုင်ငံတကာသတင်း

ကိုရန်(Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်

အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရန်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောကြောင်း သိရသည်။
အဖြစ်အပျက်နဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ နိုင်ငံအရှေ့ပိုင်းမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ တယောက်ရဲ့ပစ်ခတ်မှုကြောင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားခဲ့ကြောင်းလည်း NATO တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောခဲ့ကြောင်းNangarhar ပြည်နယ်မှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ စစ်စခန်း တခုရဲ့ပြင်ပမှာ ကြာသပတေးနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း မူဆလင်တွေ အထွဋ်အမြတ်ထားရာ ဘာသာရေးကျမ်းစာကို စော်ကား ဖျက်ဆီးတယ်ဆိုပြီး နိုင်ငံခြား ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ကြဖို့ တာလီဘန်တွေက ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ထားတာ ဖြစ်ကြောင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတဲ့ အာဖဂန် ကိုယ်စားလှယ်အဖွဲ့ကတော့ အာဖဂန်လူထုအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားကြဖို့၊ ဆန္ဒပြပွဲတွေအပေါ် ရန်သူတွေက အခွင့်ကောင်းယူတာမျိုး မဖြစ်စေဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း
ဆန္ဒပြပွဲတွေ အင်္ဂါနေ့က စတင်ဖြစ်ပွားချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အမေရိကန် မြောက်ကိုရီးယား အချိန်ပို ဆွေးနွေး

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်လို့ အကျေအလည် လေးလေးနက်နက် ဆွေးနွေးဖြစ်တယ်လို့ ပြောဆိုခဲ့အပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ အချိန်ပို ဆက်လက် ညှိနှိုင်းနေကြကြောင်း သိရသည်။
အမေရိကန် စေ့စပ်ဆွေးနွေးရေးမှူး Glyn Davies ကတော့ ၂ ဘက်အကြား ဆွေးနွေးမှုတွေ ခရီးတဝက် ရောက်နေပြီး ၂ ဘက် ကိုယ်စားလှယ်တွေ ညစာ အတူစားကြပြီး သောကြာနေ့မှာ ဆက်ဆွေးနွေးဦးမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်ကြောင်း ၂ ဘက် ကိုယ်စားလှယ်တွေ ကိစ္စရပ် အတော်များများကို ဆွေးနွေးဖြစ်တယ်လို့ ဆိုပေမဲ့ နျူကလီးယား သန့်စင်တဲ့ လုပ်ငန်းလို ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရတာတွေနဲ့ ပတ်သက်လို့ အသေးစိတ် ပြောဆိုဖို့ ကိုတော့ အမေရိကန် ကိုယ်စားလှယ်က ငြင်းဆန်သွားကြောင်း ဒါဟာဆိုရင် ၂ ဘက်အကြား ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ တတိယအကြိမ် ဆွေးနွေးပွဲတွေ ဖြစ်ပေမဲ့လည်း မြောက်ကိုရီးယား ခေါင်းဆောင်သစ် Kim Jong Un က ကွယ်လွန်သူ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး နောက်ပိုင်းမှာတော့ ပထမဆုံးအကြိမ် ဖြစ်ကြောင်း
အမေရိကန် ကိုယ်စားလှယ်နဲ့ မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းသူ Kim Kye-gwan တို့ ၂ ဦးဟာ သူတို့ရဲ့လက်ထောက်တွေနဲ့အတူ မြောက်ကိုရီးယား သံရုံးမှာ ကြာသပတေးနေ့ မနက်ပိုင်းက ၂ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ အမေရိကန် သံရုံးမှာ ဆက်လက် ဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

ဆိုမာလီအရေး ကူညီဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဆွေးနွေး

ဆိုမားလီးယားနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ တာရှည်တဲ့ နိုင်ငံမတည်ငြိမ်မှုတွေနဲ့ ပတ်သတ်ပြီး အတူတကွ ပူးပေါင်း ကူညီနိုင်ဖို့ ရည်ရွယ်တဲ့ ညီလာခံတရပ်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ စုဝေး ရောက်ရှိ နေကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Ban Ki-moon တို့ အပါအဝင် နိုင်ငံ (၄၀) က ကိုယ်စားလှယ်တွေ ဒီညီလာခံကို တက်ရောက်ကြမှာ ဖြစ်ကြောင်းနိုင်ငံမှာ တည်ငြိမ်မှုရှိခဲ့တဲ့ အစိုးရ ၁၉၉၁ ခုနှစ်က ပြုတ်ကျသွားပြီးကတည်းက နှစ်ပေါင်း (၂၀) ကျော် ပြည်တွင်းစစ်ရဲ့ ဒဏ်တွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ကြုံနေရတဲ့ ဆိုမားလီးယားနိုင်ငံအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှု တွေရရှိရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဒီတရက် တာ ညီလာခံမှာ ဆွဲဆောင်စည်းရုံးကြမှာဖြစ်ကြောင်း
လတ်တလော ဆုံးရှုံးမှုအကြီးအကျယ်ဖြစ်နေရတဲ့ ငတ်မွတ် ခေါင်းပါးမှုနဲ့ ဒေသလုံခြုံရေးကို အန္တရာယ်ပေးနေတဲ့ ပင်လယ်ဓါးပြနဲ့ အစ္စလာမ်သူပုန်တွေ ပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ လက်ရှိအသွင်ကူးပြောင်းလဲရေးအစိုးရက မနည်းကြိုးစားနေရကြောင်းဆိုမားလီးယား အသွင်ကူးပြောင်းရေး အစိုးရကို အနောက်နိုင်ငံတွေက ကျော ထောက် နောက်ခံပေးနေရကြောင်း သိရသည်။



Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment