မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၂၄ ရက်၊ ၂၀၁၂
အုန်းဖျံ ဒုက္ခသည် စခန်းမီး လူလေးထောင်ကျော် အိုးအိမ်မဲ့ဖြစ်ကုန်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာဒုက္ခသည်များ ခိုလှုံနေထိုင်သော အုန်းဖျံ ဒုက္ခသည်စခန်းတွင် ရပ်ကွက် ၆ ခုကို ကြာသပတေးနေ့က နှစ်နာရီကျော်ကြာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပြီးနောက် လူဦးရေ လေးထောင်ကျော် အိုးအိမ်မဲ့ ဖြစ်သွားရကြောင်း
ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိသော အဆိုပါ ဒုက္ခသည်စခန်းထဲရှိ အမှတ် ၉ ရပ်ကွက်မှ မုန့်ကြော်နေသည့် မီးဖိုမှ တဆင့် မွန်းတည့်ချိန်မှ မွန်းလွဲ နှစ်နာရီခွဲချိန်ထိ အပြင်းအထန် လောင်ကျွမ်းခဲ့ပြီး စခန်းတွင်းရှိ ဇုန် A ရပ်ကွက် ၆၊ ၇ နှင့် ဇုန် B ရပ်ကွက် ၆၊ ၇၊ ၈ တို့မှ အိမ်ခြေ ၅၆၆ လုံး မီးထဲပါသွားပြီး လူဦးရေ ၄၄၁၀ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု စခန်း ဥက္ကဋ္ဌ စောဝါးထီး က ပြောကြောင်း ဖုတ်ဖရာ့မြို့မှ မီးသတ်ကားများသည် မွန်းလွဲ နှစ်နာရီခွဲမှ ရောက်ရှိလာကြရာ မီးညွှန့်ကျိုးခဲ့ကြောင်း အုန်းဖျံ ဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့နှင့် ကီလိုမီတာ ၈၀ ကျော် ကွာဝေးကြောင်း မီးလောင်နေမှုကို မူလက စခန်းသူ၊ စခန်းသားများဖြင့် ငြှိမ်းသတ်နေကြပြီး မီး မကူးစက်မီ ကြိုတင်တားဆီးရန်အတွက် အိမ်အလုံး ရေ ၅၁၅ လုံးကိုလည်း ဖြိုဖျက်ပစ်ခဲ့ရကြောင်း မီးလောင်နေစဉ် အမျိုးသမီးများ၊ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများက အိုးအိမ်များ စွန့်ကာ အသက်လု ပြေးခဲ့ကြရကြောင်း
“မြင်နေရတာ တကယ့် ငရဲပါပဲဗျာ။ အမှိုက်ပုံကို မီးရှို့တော့ အောက်က ပုရွက်ဆိတ်တွေ ထွက်ပြေးကြသလိုပဲဗျာ။ မီးနဲ့လွတ်တဲ့ ကွင်းတွေ၊ ဘေးလွတ်ရာတွေကို ပြေးကြတာ။ လေကလည်းတိုက် နေကလည်းပူဆိုတော့။ မီးက အရမ်းမြန်တယ်။ ကျုပ်တို့လည်း ဘာမှ ယူမလာခဲ့နိုင်ဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာ” ဟု အမှတ် ၉ ရပ်ကွက်တွင်နေထိုင် သူ ဒုက္ခသည် တဦးက ပြောကြောင်းဒုက္ခသည် စခန်းတွင်းရှိ အိမ်များသည် သစ်၊ ဝါးနှင့် မြက်သက်ကယ် အမိုးများဖြင့် ဆောက်လုပ်ထားသည့် အိမ်များဖြစ်သဖြင့် မီးလောင်အား ပိုမိုအားကောင်းစေခဲ့ကြောင်း
“မီးလောင်တာ တွေ့တာနဲ့ အိမ်ခန်းထဲမှာ အဝတ်အထည်တွေနဲ့ အစားအသောက်တွေ သယ်ဖို့ လုပ်တယ်။ ခဏပဲ မီးခိုးလုံးတွေ အိမ်ထဲကိုဝင်လာတာနဲ့ မိန်းမနဲ့ ကလေးတွေကို ဆွဲပြီး ဘေးလွတ်ရာ ပြေးရတာပဲ။ ဘာမှကို ယူချိန် မရလိုက်ဘူး” ဟု ရပ်ကွက် ၇ တွင်နေထိုင်သူ တဦးကပြောကြောင်း
မီးလောင်မှု ဖြစ်ပွားခဲ့သည် ရပ်ကွက် ၅ ခုတွင် မွတ်စလင် ဘာသာဝင်များ အများဆုံး နေထိုင်ပြီး မီးစွဲလောင်ခဲ့သည့် အိမ် ၅၆၆ လုံး အနက် ၈ လုံးမှာ ကရင်နှင့် အခြား တိုင်းရင်းသား အိမ်များဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက မီးလောင်စဉ်၌ အိမ်များအပြင် ဗလီ နှစ်ခု၊ မူကြိုကျောင်း နှစ်ကျောင်းနှင့် မွတ်ဆလင် အမျိုးသမီးများအသင်းရုံးတို့ ဆုံးရှုံးခဲ့ရသည်။
မီးဘေးသင့် ဒုက္ခသည်များကို စခန်းတွင်းရှိ ရပ်ကွက်များမှ အခြားဒုက္ခသည်များ၏ အိမ်များ၊ ဗလီနှင့် နေရာလွတ်များ တွင် ခေတ္တ ခိုလှုံထားစေပြီး အစားအသောက်၊ အဝတ်အထည်၊ စောင်နှင့် ဖျာအချို့ကို Thailand Burma Border Consortium (TBBC)နှင့် မဲဆောက်အခြေစိုက် မြန်မာ NGO အဖွဲ့စည်းအချို့က လာရောက် ပို့ဆောင်ပေးကြသည်ဟု သိရသည်။ အုန်းဖျံစခန်းတွင် မြန်မာဒုက္ခသည် ၁၆,၀၀၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ အကူအညီပေးရေး အဖွဲ့ TBBC ၏ ၂၀၁၁ ခုနှစ် မေလ စာရင်းအရ သိရသည်။

စစ်မှန်သည့် ပြည်ထောင်စုအတွက် NLD ရွေးကောက်ပွဲဝင်ဟုဆို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားများ ညီညီညွတ်ညွတ်နှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့ ကချင်ပြည်နယ် နမ္မတီးမြို့ ဟောပြောပွဲတွင် ပြောကြားလိုက်ကြောင်း
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင်လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်။ အဖွဲ့ချုပ် စဖွဲ့ထားစဉ် ကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်းညီညွတ်ရေးကို ဦးတည်ရန် ဖြစ်တယ်”ဟု လူထုပရိသတ် ငါးသောင်းခန့်အား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း
မိုးကောင်းမြို့နယ်အတွင်းရှိ လူငယ်များ အလုပ်လက်မဲ့ပြဿနာမှာ ကြီးမားပြီး လူငယ်များနှင့် ထိုက်တန်သည့် အလုပ်အကိုင်များ နည်းပါးနေကြောင်း ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မိုးကောင်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန်လည်း မဲဆွယ်စည်းရုံးခဲ့ကြောင်းဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် NLD ပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်းလည်း ပြောကြားကြောင်း
“အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက (အမျိုးသားဦးရေထက်) နည်းနည်းလေး သာပါသေးတယ်။ ထိရောက်အောင် အမျိုးသမီးတွေကို တဝက်မက အသုံးပြုဖို့လိုတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တတ်နိုင်သလောက်ရွေးချယ်တာ ဖြစ်တယ်”ဟု ပြောကြောင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်မည် ဖြစ်သည်။
နမ္မတီးမြို့တွင် ဟောပြောပြီးနောက် မိုးကောင်းမြို့ အိုးတန်းဘောလုံးကွင်းတွင်လည်း ဆက်လက် ဟောပြောခဲ့သေး သည်။ မိမိဒေသတွင် လာရောက် စည်းရုံးသည့် မည်သည့် ပါတီ ကိုယ်စားလှယ်လောင်းကိုမဆို မေးခွန်းမေးရန် လိုအပ်သလို၊ ကိုယ်စားလှယ်လောင်း ဘက်ကလည်း မဲဆန္ဒရှင်များအား ထောက်ခံခိုင်းသည့် အကြောင်းအရင်းကို ရှင်းပြနိုင်ရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့တွင် ထည့်သွင်း ဟောပြောခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိုးကောင်းမြို့မှ ကြာသာပတေးနေ့ ညနေ ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ညစာစားပွဲ ကျင်းပခဲ့ကြောင်း
မြစ်ကြီးနားမြို့ရှိ Unity ဟိုတယ်တွင် တည်းခိုမည်ကာ သောကြာနေ့ မနက် ၈ နာရီ အချိန်တွင် မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ဟောပြောဦးမည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်ကြောင်း
၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၈၈ မျိုးဆက်ကျောင်းသားများလည်း သောကြာနေ့တွင် ကျင်းပမည့် “မြစ်ဆုံ၏ ကျေးဇူး ပဲ့တင်သံ” အမည်ပေးထား
သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ တက်ရောက်ရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

DKBA ၏ လက်နက်များ ပြန်အပ်ဖို့ သမ္မတ ညွှန်ကြားဟုဆို
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ထံမှ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ရယူထားသည့် လက်နက်များ ပြန်အပ်ရန် သမ္မတဦးသိန်းစိန်မှ ညွှန်ကြားချက် ပေးလိုက်ပြီဟု DKBA
ပြန်ကြားရေး တာဝန်ခံ စောလုံးလုံက ပြောကြောင်း
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က DKBA စခန်းတခုမှ လက်နက်များကို BGF အဖွဲ့မှ သိမ်းယူသွားသဖြင့် ထိုလက်နက်များပြန်မအပ်ပါက ငြိမ်းချမ်းရေး ပျက်ပြယ်မည် ဖြစ်ကြောင်း DKBA က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား တင်ပြပြီးနောက် ယခုကဲ့သို့ သမ္မတညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း
"ဒီနေ့ ၁၁ နာရီလောက်မှာ ကျနော်တို့ ဗဟိုကို သတင်းရောက်ပါတယ်။ သမ္မတ သိန်းစိန်အမိန့်နဲ့ လက်နက်တွေကိုပြန်အပ်ပေးပါလို့ သတင်းရပါတယ်။ ကျနော်တို့က ဒီအမိန့်စာ ရတဲ့အတွက် ကျနော်တို့ လက်နက်ပြန်ရမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက ပိုနေမြဲ ကျားနေမြဲရှိမယ့် အနေအထားပါခင်ဗျာ့" အဆိုပါ သတင်းစကားကို DKBA နှင့် အစိုးရကြား ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုးမှ တဆင့် ပေးပို့ရရှိခြင်းဟုလည်း စောလုံလုံက ကြောင်း
အစိုးရ၏ နယ်ခြားစောင့်တပ်ရင်း ၁ဝ၁၁ နှင့် ၁ဝ၁၉ တပ်ရင်း နှစ်ခု ပေါင်းတို့မှ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းရှိ လက်နက် အလက် ၃ဝ ကျော် ဝင်သိမ်းမှုခဲ့ရမှတင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းအဆိုပါ ဖြစ်ရပ်နှစ်ပတ်သက်၍ DKBA ဗိုလ်ချုပ်စောလားဘွယ် က ဗိုလ်မောင်လေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ဘားအံသို့ စေလွှတ်ကာ နယ်ခြားစောင့်တပ်မှ ဗိုလ်ဖားနွီးနှင့်နယ်ခြားစောင့်တပ်များကိုကွပ်ကဲသူဗိုလ်ချုပ်မောင်မောင်အုန်းတို့နှင့် တွေ့ဆုံစေခဲ့ကြောင်း
တွေ့ဆုံမှုအတွင်း DKBA ကိုယ်စားလှယ်အဖွဲ့မှ "ခင်ဗျားတို့ သေနတ်ကို လိုချင်သလား ငြိမ်းချမ်းရေးကို လိုချင်သလား လို့ ပြောလိုက်ပါပေါ့။ ငြိမ်းချမ်းရေး လိုချင်ရင်တော့ သေနတ် ပြန်ပေးပေါ့။ သေနတ် လိုချင်ရင်တော့ ငြိမ်းချမ်းရေးတော့ မရဘူး" ဟု ဗိုလ်ချုပ် စောလားဘွယ်၏ ဆန္ဒကိုလည်း တင်ပြခဲ့သည်ဟုလည်း စောလုံလုံက ပြောကြောင်းထိုအခြေအနေတွင် ဗိုလ်မှူးမောင်မောင်အုန်း က လက်နက်များကို ပြန်မအပ်လိုသည့် သဘောထားပေးမှုကြောင့် “ဒါက သေနတ်ကို ယူတဲ့သဘောပေါ့။
၂၁ ရက်နေ့ ဆွေးနွေးပွဲအတွင်း DKBA ဘက်မှ တောင်းဆိုသည်မှာ လက်နက် ပြန်အပ်ရေးအပြင်၊ ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသကို လက်နက် ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရေး၊ မြိုင်ကြီးငူဆရာတော်ကို စောင့်ရှောက် ဝေယျာဝိစ္စ လုပ်ပေးရန် DKBA နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၄ ဦး ရွေးချယ်ပေးနိုင်ရေးတို့ကို တောင်းဆိုထားသည်ဟုလည်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကိုပါ ပြေလည်အောင် ဖြေရှင်းပေးရန် ရှိနေသည့်အတွက် ကြန့်ကြာမှုများ ရှိနေသည်ဟု လည်း ငြိမ်းချမ်းရေးကိုယ်စားလှယ် စောခင်စိုးထံမှ သတင်းစကားပါးသည်ဟု စောလုံလုံက ပြောသည်။ “သူတို့ အတတ်နိုင်ဆုံး အပြေလည်ဆုံးလုပ်ပေးနေတယ်လို့ ကျနော်တို့ကို အကြောင်းပြန်တယ်ခင်ဗျာ့။ အမြန်ဆုံး ပြေလည် သွားမယ်လို့ ကျနော်တို့ ယုံကြည်တယ်ခင်ဗျာ့" ဟု ပြောကြောင်း DKBA နှင့် အစိုးရကိုယ်စားလှယ်တို့အကြား အပစ်ရပ်စဲရန် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း
၁၉၉၄ ခုတွင် ကရင် အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်များ အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းခဲ့ကြကြောင်း သိရသည်။

HIV ပိုးရှိ ၈၅,၀၀၀ ART ဆေးလိုအပ်နေ
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ ရှစ်သောင်းခွဲခန့်မှာ ART ဆေးဝါးများ လုံလောက်စွာ မရရှိကြကြောင်း ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာ တရပ်ကဆိုကြောင်းမြန်မာနိုင်ငံတွင် ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ
အဖွဲ့ MSF ၏ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစံခံထားရသူ၏ သုံးပုံနှစ်ပုံမှာ ကုသရန် ဆေးဝါး မရရှိကြသေးကြောင်း ။ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သောမြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီးနှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။
ရောဂါကြီး သုံးမျိုးဖြစ်သည့် AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့ကြီး၏ ထောက်ပံ့မှု များ ဖြတ်တောက်ခံရပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်
ကြောင်းလည်း MSF ၏ ‘မရေမရာ ဘဝများ’ အစီရင်ခံစာက ဆိုသည်။ အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်ခွဲတမ်းကို တိုးမြှင့်ပေးလိုက်သော်လည်း စုစုပေါင်း အမျိုးသား ဝင်ငွေ GDP ၏ ၂ ရာခိုင်နှုန်းသာ သုံးစွဲရန် ခွင့်ပြုထားသည်။
“တိုင်းပြည်မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ ဆေးကုသမှု ခံယူဖို့ လိုအပ်နေသူတွေကတော့ ကုသမှုခံယူဖို့ လိုအပ်နေမှာပဲ” ဟု MSF အဖွဲ့ခေါင်းဆောင် Peter Paul de Groote က အေပီသတင်းဌာနသို့ ပြောကြောင်း အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း HIV နှင့် တီဘီပိုး ကူးစက်ခံရသူများ (အထူးသဖြင့် တီဘီပိုး ဆေးမတိုးသူများ) အကြောင်း ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အရေးပေါ် ကူညီထောက်ပံ့မှုများ တောင်းဆိုထားကြောင်း အစီရင်ခံစာအရ ဆေးမတိုးသည့် တီဘီရောဂါပိုး ကူးစက်ခံရသူ ၉,၀၀၀ ကျော် အနက် ၃၀၀ သာ ကုသမှု ခံယူရရှိနေသေးကြောင်းလည်း ဖော်ပြပါရှိကြောင်း MSF အနေဖြင့် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၃,၀၀၀ ကျော်အား ဆေးဝါးထောက်ပံ့ပေးနေပြီး ၂၀၁၂ ခုနှစ်တွင် ၆,၀၀၀ ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေလီမြို့မှ အလုပ်သမများ အကာအကွယ်ပေးရေး BWU ထုတ်ပြန်
တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် မြန်မာရွှေ့ပြောင်းအမျိုးသမီးလုပ်သားများ ခေါင်းပုံဖြတ်ခံနေရသော လုပ်ငန်းခွင်အခြေအနေနှင့် တရားဥပဒေပိုင်းဆိုင်ရာ အကာအကွယ်မဲ့သော အခြေအနေများကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က လေ့လာ၍ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရွှေလီမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော် ရှိကြောင်း၊ လိင်ဖျော်ဖြေရေး၊ အိမ်ဖော်၊ ဈေးရောင်း၊ ဆောက်လုပ်ရေးနှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေရကြောင်းသိရသည်။
ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီရေး ဈေးရောင်းခန်း ဖွင့်
အကျဉ်းထောင်များအတွင်း ဆက်လက်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့နိုင်ရေးအတွက် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများက စည်းချက်ညီ ရန်ပုံငွေဈေးရောင်းချမှုကို ရွှေတိဂုံဘုရားပွဲဈေးတွင် ယမန်နေ့မှ စတင် ရောင်းချနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် ဆေးဝါး၊ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရန် ဈေးရောင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုမင်းဟန်က ပြောကြောင်းသိရသည်။
မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို
ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောကြောင်းသိရသည်။အခင်းဖြစ်ပွားတဲ့ညက ဧည့်သည် ဂျပန်အမျိုးသားဟာ ပြင်ပက မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာစဉ်မှာ ဟိုတယ်ဝန်ထမ်းတွေ တားမြစ်ရာက အခုလို ဖြစ်ပွားခဲ့တာပါ ။
အရိုက်ခံရသူ Orchid Hotel ဝန်ထမ်း မအေးအေးကြည်က ပုဇွန်တောင်ရဲစခန်းမှာ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်အမျိုးသား Mr. Okahashi Takashi ကလည်း သူ့ကို ဟိုတယ်ဝန်ထမ်းတွေက အကြမ်းဖက် တားဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် တရားစွဲခဲ့ ကြောင်း
လောလောဆယ်မှာ Orchid Hotel ဝန်ထမ်း မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ အာမခံ တင်ထားရပြီး ဂျပန်အမျိုးသားကလည်း ကျပ်သိန်း ၁၀၀ အာမခံ တင်ထားရကြောင်း သိရပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ထပ်မံကြားနာမှာ ဖြစ်ကြောင်းသိရသည်။
မန်းငြိမ်းမောင်အမှု ပြည်ထောင်စုဝန်ကြီးကို သက်သေတင်တာ ပယ်ချခံရ
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုနဲ့ပတ်သက်ပြီး သက်သေများအဖြစ် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော် အရာရှိကြီး လေးဦးကို ခေါ်ယူဖို့ တရားခံဘက်က တင်သွင်းခဲ့တာကို အင်းစိန် အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ကြောင်းသိရသည်။ပြီးခဲ့တဲ့ ကြာသာပတေးနေ့ အမှုချိန်းမှာ ဖဒိုမန်းငြိမ်းမောင်ရဲ့ရှေ့နေက ၀န်ကြီး ဦးအောင်မင်း၊ နေပြည်တော်က အရာရှိကြီးလေးဦး၊ အင်းစိန်ထောင်ပိုင် နှစ်ဦးနဲ့ တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိတို့ကို သက်သေအဖြစ် တင်ခဲ့ကြောင်းတရားရုံးက အင်းစိန်ထောင်ပိုင် နှစ်ဦးကိုသာ ခွင့်ပြုပြီး ကျန်တရားခံပြသက်သေ ခြောက်ဦးကို လက်မခံဘဲငြင်းပယ်လိုက်ကြောင်းအခုပယ်ချလိုက်တဲ့ သက်သေတွေဟာ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖဒိုမန်းငြိမ်းမောင်ဆီက အကြံဉာဏ်များ ရယူ ညှိနှိုင်းခဲ့တဲ့ အရာရှိတွေလို့ မန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောကြောင်း
သက်သေတွေကို ပယ်ချတာနဲ့ပတ်သက်ပြီး အမူကြန့်ကြာမှာ စိုးရိမ်တာရယ်၊ တရားခံဘက်က ခေါ်ယူတဲ့ သက်သေတွေအနက် နေပြည်တော်က လာရောက်ပြီး အင်းစိန်ထောင်တွင်းမှာ မန်းငြိမ်းမောင်ကို တွေ့ဆုံခဲ့တယ် ဆိုတဲ့ အရာရှိကြီးများရဲ့အမည်ကို မန်းငြိမ်းမောင် ကိုယ်တိုင်မသိလို့ သက်သေအမည် ဖော်ပြပြီး လျှောက်ထားနိုင်ခြင်း မရှိတာရယ်ကြောင့် ဖြစ်တယ်လို့ ဦးကြီးမြင့်က ပြောကြောင်း ပယ်ချလိုက်တဲ့ သက်သေတစ်ဦးဖြစ်တဲ့ တောင်လေးလုံး ဆရာတော်ကိုတော့ မိမိအစီအစဉ်နဲ့ ခေါ်ယူနိုင်ရင် ခေါ်ယူဖို့ ခြွင်းချက်နဲ့ ခွင့်ပြုတယ်လို့ ဦးကြီးမြင့်ကပြောကြောင်း ဒါ့အပြင် အင်းစိန်ထောင်ပိုင်ကြီးနှစ်ဦးကို သက်သေခေါ်ခွင့်ပေးတာကြောင့် မတ်လ ၁ ရက် အမှုချိန်းမှာ စစ်ဆေးမှာဖြစ်ပြီး နေပြည်တော်က အရာရှိများ ဖဒိုမန်းငြိမ်းမောင်ကို လာတွေ့ကြောင်း ထောင်မှတ်တမ်း စာအုပ်များကို ယူလာဖို့လည်း မိမိတို့ဘက်က မှာကြားလိုက်ကြောင်း
ဖဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ မတရားသင်းနဲ့ ဆက်သွယ်မှုပုဒ်မများနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင် အထူးတရားမရုံးမှာ စစ်ဆေးနေကြောင်းသိရသည်။
ဧရာဝတီမြစ်ဆုံအရေးကိစ္စများ တွင် ပါဝင်ကူညီခဲ့သော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား တွေ့ဆုံနိုင်ရန် ရည်ရွယ်ပြီး မြစ်ကြီးနားမြို့နယ် တန်ဖဲရွာသားများ စီစဉ်ကျင်းပသော "မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ" အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအနီးရှိ တန်ဖဲရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြာင်း သတင်းရရှိပါသည်။
အဆိုပါအခမ်းအနားသို့ မြစ်ဆုံနှင့် ဧရာဝတီအရေးကိစ္စများတွင် အဘက်ဘက်မှ ပါဝင်ကူညီခဲ့သော အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား ဖိတ်ကြားထားပြီး ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါအခမ်းအနားဖြစ်မြောက်ရန် စီစဉ်ရာတွင် ပါဝင်ကူညီခဲ့သူကိုမုံတိုင်က ပြောကြားကြောင်း
"ဒီပွဲမှာ မိန့်ခွန်းပြောဖို့ သီးခြားစီစဉ်ထားတာမရှိပါဘူး။ ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြစ်ဆုံအရေးကိစ္စမှာ ဆောင်ရွက်ခဲ့သူတွေ အချင်းချင်း တွေ့ဆုံနှုတ်ဆက်စေချင်လို့ပါ"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
Eleven Media Group မှ ကိုမင်းကိုနိုင်အား ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရန်ကုန်လေဆိပ်တွင် တွေ့ဆုံရာ၌ မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားတွေအဖွဲ့ကို မြစ်ဆုံအနီးက တန်ဖဲရွာမှာပြုလုပ်မယ့် အခမ်းအနားကို ဖိတ်ထားပါတယ်။ အခု ဒီပွဲတက်ရောက်ဖို့ လေဆိပ်ကိုလာခဲ့တာပါ"ဟု ပြောကြားသွားခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ပြုလုပ်သော ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ညစာစားပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၈ နာရီခွဲတွင် ပြုလုပ်ပြီး ၁၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ယင်းညစာစားပွဲသို့ ပင်လုံညီလာခံ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေမျိုးများပါ တက်ရောက်ခဲ့ကြောင်း ညစာစားပွဲသို့ တက်ရောက်သော စားပွဲဝိုင်းများတွင် ထိုင်သူဦးရေ ၁၄၉ ဦးအပြင် ကချင်တိုင်းရင်းသားများပါ လာရောက်ကြကြောင်း ယင်းပွဲအား NLD ပါတီမှ စီစဉ်ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိကို မနောကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကားပြောကြားမည်ဖြစ်ပြီး ယင်းသို့အမှာစကားပြောကြားပြီးနောက် ဗန်းမော်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရပါသည်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ က ပိုက်လိုင်းဖြတ်သန်းရာတွင် ပါဝင်သည့် လယ်မြေများအတွက် လျော်ကြေးငွေပေးရန် အမြဲသိမ်း မြေနေရာများအတွက် ငါးနှစ်တာလျော်ကြေး၊ ယာယီသိမ်း မြေနေရာများအတွက် သုံးနှစ်တာ လျော်ကြေးပေးမည်ဖြစ်ပြီး အဆိုပါနေရာများတွင် လယ်မြေ၊ ဥယျာဉ်ခြံ၊ ငါးပုစွန်ကန်များအတွက် အချိုးအစားလိုက် သတ်မှတ်ပေးမည် ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း
“အစည်းအဝေးမှာ သတ်မှတ်တဲ့ ဈေးနှုန်းတွေကတော့ တစ်နှစ်တာ အတွက် လယ်တစ်ဧကကို ကျပ် ၁၇ သိန်း၊ ဥယျာဉ်ခြံမြေတစ်ဧကကျပ် ၃၄ သိန်း၊ ငါး၊ပုစွန်ကန်တွေ အတွက် တစ်ဧကကျပ် ၃၃ သိန်း၊ ဓနိတစ် ဧကကျပ် ၁၈ သိန်း၊ သီဟိုဠ်တစ်ပင် သီဟိုဠ်သီးထွက်နှုန်း ၁၅ ပိဿာ ကျပ် ၁၅၀၀၊ နာနတ်သီး တစ်ပင် ကျပ် ၃၀၀၊ မန်ကျည်းသီးတစ်တင်း ကျပ် ၆၀၀၊ မရမ်းသီးတစ်တင်း ကျပ် ၄၈၀၀၊ ကွမ်းတိုင်နှစ်တိုင်ကို တစ်ပိဿာကျစီသတ်မှတ်ပြီး ကွမ်း တစ်ပိဿာကျပ် ၅၀၀၀ ဆိုပြီး ဈေးနှုန်းသတ်မှတ်တယ်။ ပျဉ်းကတိုးနဲ့ သစ်ထုတ်ယူလို့ရတဲ့ တခြားသစ်ပင်တွေ အတွက်တော့ သစ်တောဦးစီးဌာန က ခွင့်ပြုချက်ရတယ်ဆိုရင် ဈေးနှုန်း သတ်မှတ်ပြီးလျော်ကြေးငွေပေးမယ် ပြောတယ်”ဟုအစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောကြောင်း
အဆိုပါ ညှိနှိုင်းဆွေးနွေးမှုတွင် CNPC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ကလည်း လျော်ကြေးပေးမည့်အပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ပိုက်လိုင်းဖြတ်သန်းရာတွင် ပိုက်လုံးလမ်းကြောင်း ဧရိယာအတွင်းတွင် ပါဝင်သော မြေနေရာများအတွက် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ငါးနှစ်အတွက် လျော်ကြေးပေးမည် ဖြစ်ပြီး ချဉ်းကပ် လမ်းကြောင်းတွင် ပါဝင်သည့်မြေနေရာကို သုံးနှစ်အတွက် လျော်ကြေးငွေပေး မည်ဟု သိရသည်။
မြေအောက်ပိုက်လိုင်း မြှုပ်နှံပြီးပါက ရာသီပေါ်သီးနှံများ စိုက်ပျိုး နိုင်ပြီး ပိုက်လုံးများပြုပြင်မည် အဆိုပါ သီးနှံများပျက်စီးသွားလျှင် လျော်ကြေးငွေမရနိုင်ကြောင်းကို စွမ်းအင်ဝန်ကြီးဌာန အထူးအရာရှိ၊ ဗိုလ်မှူး သန်းနိုင်(ငြိမ်း)က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ထို့အပြင်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီးသည့်အခါ ပိုက်လိုင်းပေါ်တွင် မီးရှို့ခြင်း၊ မိုင်းခွဲခြင်းများ မပြုလုပ်ပါရန် အဖွဲ့ဝင်တစ်ဦး က ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် ပြည်ပမှလာရောက် အလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်မှု လုပ်ငန်း စဉ်နှင့် တရားဝင် အလုပ်လုပ်ကိုင်နိုင် ရေးအတွက် ၂၀၀၉ ခုနှစ်မှစတင်၍ မူဝါဒချမှတ် ဆောင်ရွက်ခဲ့ရာတွင် မူဝါဒအရ လုပ်ငန်းစဉ်များ မပြီးပြတ်မှု ကြောင့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့သို့ သက်တမ်းတိုးပြင် ဆင်သတ်မှတ်ပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ်များ အပြီးအပြတ် ဆောင်ရွက်ရန်အချိန် ကာလ လိုအပ်ချက်အရ ယခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း
ထိုကဲ့သို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များ ကြန့်ကြာနေရခြင်းနှင့် ပတ်သက်၍ စာရေး ဆရာဝင်းနိုင်ထွန်းက “လုပ်ငန်းစဉ် တွေသတ်မှတ်ရက်အတွင်း မပြီးပြတ် ရတဲ့ အကြောင်းရင်းက ဒီလုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ဖို့ အလုပ်သမားတွေ ကိုယ်တိုင် မသိရှိခြင်း၊ သိရှိနားလည်တဲ့ အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ခွင့်မရှိဘဲ သက်ဆိုင်ရာ အလုပ်ရှင်တွေက လိုက်ပါကူညီ ဆောင်ရွက်ပေးရခြင်းမှာ အားနည်းခြင်း၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုထားတဲ့ အကျိုးဆောင်တွေက တစ်ဆင့် ဆောင်ရွက်ရလို့ ကုန်ကျစရိတ် ပိုမိုများပြားခြင်းတို့ကြောင့် ဖြစ်နေတာကိုတွေ့ရတယ်”ဟု ပြောကြားကြောင်းသိရသည်။
“အခုနောက်ဆုံး ပြင်ဆင်သတ်မှတ်လိုက်တဲ့ အလုပ်လုပ်ခွင့် သက်တမ်း လေးလ တိုးမြှင့်လိုက်တဲ့ ကာလ အတွင်းမှာပဲ မြန်မာအလုပ်သမားတွေ အတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နဲ့ ယာယီနိုင်ငံကူး လက်မှတ် အချိန်မီရရှိရေး အတွက် ထိုင်းအလုပ်သမား ၀န်ကြီးဌာန အပါအ၀င် အလုပ်သမားတွေ၊ အလုပ်ရှင်တွေနဲ့ အကျိုးဆောင်တွေ လွတ်လွတ်လပ်လပ် ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု စာရေးဆရာ ၀င်းနိုင်ထွန်းက ဆက်လက်ရှင်းပြပါသည်။
နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များ အချိန်မီ အပြီးအပြတ် ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေး နိုင်ရေးစခန်းငါးခုကို (Bangkok၊ Samut Sakhon၊ Samut Prakan၊ Surat Thani၊ Chiang Mai) မြို့တို့တွင် လာမည့် မတ်လဆန်းအတွင်း ထပ်မံဖွင့်လှစ် ပေးထားရန်နှင့် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနှင့် ရနောင်းတို့ ဆက်လက်ဖွင့်လှစ် ပေးသွားရန် ရှိကြောင်း၊ ယာယီနိုင်ငံကူး လက်မှတ်ကိုလည်း ယခင်(Manual) စနစ်မှ ကွန်ပျူတာစနစ်သို့ ပြောင်းလဲ လုပ်ဆောင်သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း ထပ်မံသိရှိရသည်။
တိုင်းရင်းသားများ ညီညွတ်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အတွက် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုရှိရန် ကချင်ပြည်နယ် နမ္မတီးကျေးရွာအားကစားကွင်း၌ မိနစ်၂၀ခန့် ပြုလုပ်သည့် လူထုဟောပြောပွဲတွင် ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ ပြည်ထောင်စုကို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ကျမ တို့ အချင်းချင်း တဦးအပေါ်တဦး နားလည်မှုရှိရမယ်၊ တဦးကိုတဦးလေးစားရမယ်၊ တဦးကိုတဦးသစ္စာထားရမယ်၊ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်လို့ ယုံကြည်ချက်နဲ့ လက်တွဲဆောင်ရွက်ကြပါစို့”ဟု ကချင်ပြည်နယ် လူထုကိုပြောကြား သည်။မိမိတို့ NLD ပါတီအနေဖြင့် ဒေသခံပြည်သူများ အကျိုးကို ဆောင်ရွက်ပေးစေချင်လျှင် မိမိတို့ ပါတီအား မဲထည့်ခြင်းအားဖြင့် ကူညီ စေလိုကြောင်း၊ သို့မှသာ ပြည်သူလူထုကို ကူညီနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မြို့နယ် NLD ပါတီရုံးသို့ ဆက် သွယ် အကူအညီတောင်းခံနိုင်ကြောင်းလည်း ပြောဆိုသည်ဟု NLD အသိုင်းအ၀ိုင်းက ပြောပြသည်။
“ကျမတို့က ပြည်သူတွေကို အင်အားဖြည့်ပေးချင်တယ်၊ ကိုယ်ဘာသာကိုယ် ကျော်လွှားနိုင်တဲ့ အင်အားတွေ၊ အခွင့်အရေးတွေရဖို့
ကျိုးစားရမယ်၊ ဘယ်သူ့ကိုမှ အားမကိုးရဘူးပေါ့၊ နောက်ဆုံး ပြည်သူတွေကို အစိုးရကအားကိုးရတဲ့အခြေအနေကို ကျမတို့ကပို့ပေး ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။ ထို့အပြင် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့်လည်း ဒီမိုကရေစီအတွက် တံခါးဖွင့်ဖော်ဆောင်ပေးနေကြောင်းလည်း ထည့်သွင်းပြောကြား သွားသည်။
ဒေါ်အောင်ဆန်းစုကြည်အား နမ္မတီးကျေးရွာနှင့်အနီးဝန်းကျင်ရှိ ပြည်သူ သောင်းနှင့်ချီ၍ သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း နမ္မတီး NLD လူငယ် ကိုဝင်းနိုင်က ပြောသည်။
“နယ်တိုင်း က လာပြီး တအားတိုးနေတာ၊ လုံခြုံရေးအတွက်စိုးရိမ်ပေမယ့် နိုင်နိုင်နင်းနင်း ထိန်းနိုင်တယ်လို့ ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။
မူလက ယခုခရီးစဉ်ကို ဒေသအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် တားမြစ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည် ရုပ်သိမ်း၍ ခွင်းပြုခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မိုးကောင်းမြို့သို့ ဆက်လက်ထွက်ခွာသွားရာ လမ်းခရီးတွင် လူထုကြိုဆိုမှုများပြားသည့် အတွက် ယာဉ်တန်းကို ဖြေညင်းစွာ မောင်းနေရကြောင်း ကိုဝင်းနိုင်က ဆက်ပြောသည်။
မိုးကောင်းမြို့၌ လူထု စည်းရုံးရေးဟောပြောပွဲ ပြုလုပ်အပြီးတွင် မြစ်ကြီးနားသို့ ပြန်လည် ညအိပ်နားနေမည် ဖြစ်သည်ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာလာရာ မြစ်ကြီးနားမြို့သို့ ၁၂နာရီ ကျော်ကျော်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။မြစ်ကြီးနားလေဆိပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား လူထုကသောင်းသောင်းဖြဖြကြိုဆိုကြောင်း၊မြစ်ကြီးနားမနောကွင်းတွင်မနက်ဖြန်နံနက်၉နာရီခန့်တွင်လူထုအားဟောပြောမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ NLD ပါတီမှ ဦးနေ၀င်းကပြောကြောင်းသိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment