ကမ္ဘာ့သတင်းများ  25/02/2012

နိုင်ငံတကာသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် အာဆဒ်ကို အမေရိကန် သတိပေး

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြကြောင်း ဆီးရီးယားနိုင်ငံမှာ အပစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် ကိစ္စအားလုံးကို အမေရိကန်နဲ့ မဟာမိတ်တွေက စဉ်းစားရမှာဖြစ်ပြီး ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ ပြတ်ပြတ်သားသား ပြောရမယ့် အနေအထား ရောက်နေပြီလို့ သမ္မတ အိုဘားမားက ပြောကြောင်း
ဆီးရီးယား နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်နေမှုတွေနဲ့ အတိုက်အခံတွေကို မချေမုန်းဖို့အတွက် နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို လစ်လျူရှုနေတဲ့ ဆီးရီးယားသမ္မတ အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြောင်း ဆီးရီးယားမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ထောင်နဲ့ချီ သေဆုံးရမှုတွေ အဆုံးသတ်စေဖို့အတွက် ထပ်မံကြိုးစားတဲ့အနေနဲ့ တူနီးရှားနိုင်ငံမှာ သောကြာနေ့က နိုင်ငံပေါင်း ၇၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပွဲမှာ ၀န်ကြီးကလင်တန်က ပြောသွားကြောင်း
Friends of Syria လို့ခေါ်တဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေ ဦးဆောင်တဲ့ အဖွဲ့ဟာ တူနီးရှားနိုင်ငံ တူးနစ် မြို့မှာ စုဝေး တွေ့ဆုံကြပြီး ဆီးရီးယား အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ အားလုံးကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့နဲ့ ဆိုးဆိုးရွားရွား ထိခိုက်မှုရှိနေတဲ့ ဒေသတွေအတွက် နိုင်ငံရပ်ခြားက လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့အတွက် တောင်းဆိုလိုက်ကြောင်း တကယ်လို့ မစ္စတာ အာဆဒ် အစိုးရအနေနဲ့ ဆီးရီးယား ပြည်သူတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တင်ပြချက်ကို လိုက်နာဖို့ ငြင်းဆန်နေမယ်ဆိုရင် အတိုက်အခံအဖွဲ့ကို လက်နက် တပ်ဆင်ပေးဖို့ကိုလည်း တက်ရောက်လာတဲ့ နိုင်ငံတွေက စဉ်းစားကြဖို့ ဆီးရီးယား အမျိုးသားကောင်စီက တိုက်တွန်းခဲ့ကြောင်းသိရှိရသည်။

အီရန် ပြဿနာကြောင့် ကမ္ဘာ့ ရေနံဈေးတက်

ရေနံထုတ်လုပ်တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေ ရပ်ဆိုင်းအောင် အနောက်နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာပဲ ရေနံဈေးနှုန်းကတော့ ကမ္ဘာ့ဈေးကွက်မှာ ထပ် တက်သွားကြောင်း အမေရိကန် ရေနံစိမ်းဟာ နယူးယောက်ဈေးကွက်မှာ နှစ်ကြိမ်ဆက်တိုက် မြင့်တက်လာပြီး အခု သတင်းပတ်ကုန်ချိန်မှာတော့ တစ်ပီပါကို ၁၀၉.၇၄ ဒေါ်လာနှုန်းနဲ့ ၉ လအတွင်း အမြင့်ဆုံး ဖြစ်သွားကြောင်း ဘရန့် ရေနံစိမ်းဟာလည်း လန်ဒန်ဈေးကွက်မှာ တစ်ပီပါကို ၁၂၅.၄၇ ဒေါ်လာအထိ မြင့်တက်သွားကြောင်း အမေရိကန် ရေနံအကဲခတ်တစ်ဦး ဖြစ်တဲ့ စတီဖင်ရှော့ ကတော့ ဈေး ဆက်တက်လိမ့်မယ်၊ အီရန် နျူကလီးယား အစီအစဉ်ကို အမေရိကန်၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေက ကြိုးပမ်းနေရင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲသစ်တစ်ရပ် ဖြစ်လာမယ့်အရေးကိုလည်း ကုန်သည်တွေ စိုးရိမ်နေကြတဲ့အကြောင်း
အီရန်နိုင်ငံကတော့ သူ့ရဲ့ နျူကလီးယား ဟာ အရပ်ဖက်မှာ သုံးဖို့အတွက်သာ ဖြစ်တယ်၊ စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုထားတာပါ။ အီရန်အစိုးရဟာ ဗြိတိန်နဲ့ ပြင်သစ်တို့ကို ရေနံရောင်းချမှု ဒီတပတ် အစောပိုင်းမှာပဲ ဖြတ်တောက်ခဲ့တာ ဖြစ်ကြောင်း တခြား ဥရောပနိုင်ငံတွေဆီ ရောင်းချတာတွေကိုလည်း ရပ်ဆိုင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာလည်း ဖြစ်ကြောင်းသိရှိရသည်။

ဆီးရီးယားအရေး ကမ္ဘာ့ခေါင်းဆောင်တွေ တိုင်ပင်

ဆီးရီးယား အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ နိုင်ငံတကာရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေခွင့်ပြုရေး တောင်းဆိုမှုတွေ လုပ်ဖို့အတွက် တူနီးရှားနိုင်ငံမှာ စုဝေးနေကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ပြင်ဆင်နေပါကြောင်း ဒီကနေ့ ဆီးရီးယား ပြည်သူတွေရဲ့ မိတ်ဆွေများအဖွဲ့ အစည်းအဝေးမှာ တင်ပြဖို့ရှိတဲ့ ကြေညာချက် မူကြမ်းထဲမှာ ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ်အာဆဒ်ကို ၁၁ လကြာ လူထုဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ သံတမန်တွေက တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရသလို ဒါမှသာ ၄၈ နာရီအတွင်း ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေခွင့်ရမှာ ဖြစ်ကြောင်း
အတိုက်အခံ ဆန္ဒပြသူတွေရဲ့အချက်အချာနေရာတွေကို ၀န်းရံထားတဲ့ သမ္မတ အာဆဒ် လိုလားတဲ့ တပ်ဖွဲ့တွေက သီတင်းပတ် သုံးပတ်နီးပါး အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဆီးရီးယားရဲ့ အချက်အချာကျတဲ့ ဟုမ်းစ် မြို့က ဒေသခံပြည်သူတွေ အတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးထောက်ကူ ပစ္စည်းတွေဟာ စိုးရိမ်ရတဲ့ အခြေအနေအထိ နည်းပါးလာနေတာ ဖြစ်ကြောင်း ဆီးရီးယားရဲ့ မိတ်ဆွေများအဖွဲ့ က ဆီးရီးယား အစိုးရအပေါ် အတိအကျ မသတ်မှတ်ရသေးတဲ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်သွားဖို့ သန္နိဌာန် ချထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဆီးရီးယားကနေ ရေနံဝယ်ယူသူတွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်တာ၊ ဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ ပါဝင်မှာဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံပေါင်း ၇၀ ကျော်က အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တူနီးရှားနိုင်ငံက စုဝေးမှုကို တက်ရောက်ကြမှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း ပါဝင်ကြောင်း ရုရှားနဲ့ တရုတ်နိုင်ငံတို့ကတော့ ကျူးနစ်မြို့က ဒီ အစည်းအဝေးကို သူတို့ တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုကြကြောင်း နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို လုံခြုံရေး ကောင်စီအနေနဲ့ ၀င်ရောက် စွက်ဖက်တာ မလုပ်သင့်ဘူးလို့ သူတို့က ဆိုပြီး ဆီးရီးယား အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ဟန့်တားခဲ့တဲ့ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်ကြောင်းသိရှိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment