မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၂၅ ရက်၊ ၂၀၁၂

ဂျပန်က မြန်မာကို ငွေချေးမှု ပြန်စမည်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ချေးငွေပေးရေး အစီအစဉ်ကို ပြန်လည်စတင်တော့မည်ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ကြေညာကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆိပ်ကမ်းများ၊ မီးရထားများကဲ့သို့သော အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးအတွက် လာမည့် ဧပြီလ ထိပ်သီးဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံက ချေးငွေပေးရေး ပြန်စတင်ရန် မြန်မာနှင့် သဘောတူညီချက် ရမည်ဟု မျှော်လင့်ကြောင်း နီခဲအိသတင်းစာတွင် ဖော်ပြထားကြောင်းသိရှိရသည်။
ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည်
မြန်မာနိုင်ငံသို့ ဂျပန်ချေးငွေများ ပြန်လည်ချပေးတော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ကြောင်း  ၁၉၈၀ စုနှစ်များကတည်းက ရပ်စဲထားခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ပြန်လည်ပေးအပ်ရန် ဧပြီလ တိုကျိုတွင် ကျင်းပမည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် တရားဝင် ကြေညာဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိအား ကိုးကား၍ မအိနိချိ သတင်းစာတွင် ရေးသားထားကြောင်းဂျပန်အစိုးရ အနေဖြင့် အဆိုပါ အကူအညီများ ပြန်လည်ပေးရေး ဆုံးဖြတ်ရန်အတွက် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှု ရှိ/မရှိ အနီးကပ် စောင့်ကြည့်နေမည်ဟုလည်း ဆိုဖြစ်ကြောင်း

ပထမဦးစွာ ယခင်တည်ရှိနေသည့် အကြွေး ယန်းငွေ ၄၈၀ ဘီလီယံကို မည်သို့ပေးချေမည်ကို ညှိနှိုင်းသဘောတူရမည်
ဖြစ်ကြောင်းထို့အတွက် မတ်လအတွင်း အကြီးတန်း အရာရှိများ တွေ့ဆုံကြ ဆွေးနွေးဦးမည်ဖြစ်ကြောင်း ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ ဂျပန် အစိုးရအနေနှင့် မြန်မာအရာရှိများနှင့် ပြောဆိုမှုများ ရှိနေပြီး ဂျပန် အရာရှိများ ၂၀၁၁ နိုဝင်္ဘာလာအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောကြောင်း၂၀၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီအရေး ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ကြောင်း
လောပိတ ရေအားလျှပ်စစ် ၂ အား ပြန်လည် ပြုပြင်ရန်အတွက် နှစ်နိုင်ငံ ညှိနှိုင်းတိုင်ပင်မှုများလည်း စတင်နေပြီ
ဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေး မရဘဲ ဖွံ့ဖြိုးရေး မဖြစ်နိုင်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးမရှိရင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်မှာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ ပြောဆိုလိုက်ကြောင်း သိရှိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ် ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ အမေရိကန် တိုက်တွန်း

မြန်မာအစိုးရက အရေးယူတော့မယ်လို့ သတင်းစာမှာ ကြေညာလိုက်တဲ့ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ်မှာ ကန့်သတ် ချုပ်ချယ်ထားတွေအားလုံးကို ရုပ်သိမ်းပေးဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက် ကြောင်း သိရှိရသည်။
ဒီကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် နိုင်ငံသားအားလုံးရဲ့အခြေခံ လွတ်လပ်ခွင့်တွေကို အစိုးရ အာဏာပိုင်တွေ အကာအကွယ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မိမိတို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တုန်နာ (Mark Toner) က ပြောကြောင်း
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးခဲ့ပေမယ့် ခြွင်းချက်မရှိ လွှတ်ပေးတာ မဟုတ်ဘဲ နောက်တစ်ကြိမ် အဖမ်းခံရတဲ့အခါ အခုကျန်နေတဲ့ ပြစ်ဒဏ်တွေ ပြန်ခံရမယ်ဆိုတဲ့ အချက်နဲ့ လွှတ်ပေးတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြကြောင်းမြောင်းမြထောင်က ပြန်လွတ်လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ အရှင်ဂမ္ဘီရကိုလည်း သံဃမဟာနာယကရဲ့အဆုံးအမကို မနာခံတဲ့အတွက် အစိုးရအာဏာနဲ့ အရေးယူတော့မယ် ဆိုတဲ့အကြောင်း သတင်းစာတွေမှာ အတိအလင်း ကြေညာခဲ့ကြောင်း သိရှိရသည်။

မန်းငြိမ်းမောင်အမှု ထောင်ပိုင်နှစ်ဦးကို သက်သေဆင့်ခေါ်မည်

ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်အမှုအတွက် အင်းစိန် လက်ရှိ ထောင်ပိုင်နှင့် အငြိမ်းစား ထောင်ပိုင်တို့ကို တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ပေးမည်ဟု တရားရုံးက ဆုံးဖြတ် လိုက်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းအပါအ၀င် ၈ ဦးအား တရားခံပြ သက်သေအဖြစ် ဆင့်ခေါ်ပေးရန် လျှောက်ထားခဲ့ရာ ၎င်းတို့အနက် နှစ်ဦးကိုသာ ဆင့်ခေါ်ပေးရန် တရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

SSA-S နှင့် အစိုးရတပ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားပြီးဖြစ်သော ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S နှင့် အစိုးရတပ်များအကြား မြို့နယ် ၆ ခုအတွင်း တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေကြောင်း SSA-S ထံမှ သိရသည်။

နိုဝင်္ဘာ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း ရှမ်းတပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်း ရာမှ ခုခံတိုက်ပွဲများ စတင်ကာ ကြာသပတေးနေ့ထိ ဖြစ်ပွားခဲ့ရကြောင်း

“ကျနော်တို့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ပုံစံက SSA ရောက်ရှိတဲ့ နေရာတွေမှာ အပစ်အခတ် ရပ်စဲမယ်။ပြည်သူလူထုနဲ့ အတူနေမယ်။ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြည်သူလူထုရဲ့ ကောင်းရာကောင်းကျိုးတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ပြောထားတာပါ။ ခုကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဘက်သွားခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ဟိုမှာမနေရဘူး ဒီမှာမနေရဘူးဆိုပြီး ဖိနှိပ်ချုပ်ခြယ် လာတယ်ဆိုတော့နှစ်ဘက်တပ်တွေ ပြဿနာဖြစ်လာတာပါခင်ဗျ” ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြော
ကြောင်း

တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ကျောက်မဲမြို့နယ်တွင် အခြေစိုက်သည့် အစိုးရတပ် ခလရ ၂၃ က နယ်မြေ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းကို လက်မခံ၍ ဆိုကာ SSA တပ်မှ ဒုဗိုလ်အဆင့်ရှိ တပ်အရာရှိတဦးကို ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အောက်ခြေတပ်များ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ သူက ဆက်ပြောကြောင်း
SSA-S အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး တပါတ်အတွင်း ၎င်းတို့တပ်များအတွင်းရှိ တပ်မှူး၊ တပ်သားများ အားလုံးကို အပစ်ရပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ယခုပစ်ခတ်မှုများတွင် အစိုးရတပ်များဘက်က စစ်ရေးအရ စတင် ဖိအားပေးမှုများကြောင့် ခုခံတိုက်ခိုက်ရကြောင်း ရှမ်းတပ်ဘက်က အပြောအရ သိရသည်။

အစိုးရ တပ်များဘက်က တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ SSA-S က ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရာအောက်ခြေတပ်များ အနေဖြင့် အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို နားလည်မှု လွဲခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား သဘောထားတူညီမှု ရှိမရှိကို SSA-S အနေဖြင့် သံသယရှိနေသည်ဟု ဆိုကြောင်း

“ငြိမ်းချမ်းရေးကို အကောင်းမြင်ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ လက်မှတ် ရေးထိုးဖြစ်တာပါ။ ငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့ကလည်း လိုလားပါတယ်။ အစိုးရကလည်း လိုလားတဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် အခုပြဿနာ တက်နေတာက တပ်မတော် ဖြစ်ပါတယ်ခင်ဗျ။ အောက်ခြေက တပ်တွေဆိုရင် ဒီအကြောင်းကို သိပ်ပြီးတော့ နားမလည်တာမျိုး ရှိပါတယ်” ဟု ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောကြောင်း

နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်း အချက်အလက်ကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ပေးရန် အတွက်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းထံ လိပ်မူကာ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က စာရေးသား ပေးပို့ထားကြောင်း
SSA-S အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးတံခါး မပိတ်မချင်း ကြိုးစားဆောင်ရွက်လိုသည့် ဆန္ဒရှိသလို အစိုးရဘက်ကလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားကြောင်း

“ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အစိုးရရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ တပ်မတော်ရဲ့ သဘောထားအပေါ် မှာလည်း မူတည်ပါတယ်။ သူတို့က စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လိုတယ်ဆိုရင်တော့ သူတို့လက်ရှိ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကလည်း အောင်မြင်သွားမှာပါလို့ ကျနော်တို့ဘက်က ယုံကြည်ပါတယ်” ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။
ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုအဆင့်အဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S တို့အကြား အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို လက်မှတ် ရေထိုးနိုင်ခဲ့ကြကြောင်း

ထိုအထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံး များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်းအချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း
ဒုတိယအဆင့် ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက် တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဘက်တပ်များ ဆုတ်မပေးလိုကြသဖြင့် ယင်းအချက်ဆွေးနွေးရာတွင် ဆွေးနွေးချိန် ကြန့်ကြာမှု ဖြစ်ခဲ့သေးကြောင်း

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီး ရွက်ဆစ် က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်း အချို့ နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာ လက်ထက် တွင် MTA သည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး အဖွဲ့တခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

မြစ်ဆုံ ကျေးဇူးတင်ချီးမွမ်းပွဲ ၈၈ ခေါင်းဆောင်တွေ တက်ရောက်

မြစ်ဆုံဆည်စီမံကိန်းရပ်တန့်လိုက်တဲ့အတွက် မြစ်ဆုံဒေသက ပြောင်းရွှေ့ခံရတဲ့ ကျေးရွာသားတွေက မြစ်ဆုံအရေးအတွက် ပါဝင် ဆောင်ရွက်ခဲ့သူတွေကို ဖိတ်ကြားပြီး ဒီကနေ့ ဘာသာပေါင်းစုံ ကျေးဇူးတော် ချီးမွမ်းပွဲ ကျင်းပခဲ့ကြောင်း ဒီအခမ်းအနားမှာ ဒေသခံတွေက  သူတို့ရဲ့ မူရင်းဒေသကို ပြန်လည် နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရလိုကြောင်း  ပြောဆိုခဲ့သလို ဒီအခမ်းအနားကို တက်ရောက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကလည်း မြစ်ဆုံစီမံကိန်းကို ထပ်မံ အကောင်အထည် မဖော်ဖို့အတွက် တိုက်တွန်းကြောင်းဧရာဝတီမြစ်ရဲ့အစ မေခနဲ့ မလိခ ပေါင်းဆုံရာဒေသမှာ မြစ်ဆုံဆည် စီမံကိန်း စတင် အကောင်အထည် ဖော်တဲ့ အချိန်မှာ အဲဒီတန်ဖဲ၊ မလိဇွပ်၊ ပဒန်၊ မြစ်ဆုံ စတဲ့ ရွာ လေးရွာက  အိမ်ထောင်စု ၃၀၀ ကျော်ဟာ အဓမ္မ နေရာပြောင်းရွှေ့ စေခိုင်းခံခဲ့ရတာ ဖြစ်ကြောင်း
ဒီကနေ့မှာတော့ ရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် မြစ်ဆုံဒေသခံ ရွာသားတွေက စီမံကိန်း ရပ်တန့်ဖို့အတွက် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ ဖိတ်ခေါ်ပြီး မြစ်ဆုံရွာမှာ ဘာသာပေါင်းစုံ ကျေးဇူးတင် ချီးမွမ်းပွဲ အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ကြောင်း
ဒီအခမ်းအနားကို တက်ရောက်လာတဲ့ တန်ဖဲ ရွာသားတစ်ယောက်က နေခွင့်ရမယ်ဆို သူတို့ မူလကျေးရွာမှာ ပြန်လည် လုပ်ကိုင်စားသောက်ခွင့် ရလိုကြောင်း
“ဘာဖြစ်လဲဆိုတော့ ဒီလိုပါဗျာ။ အစိုးရ စီမံကိန်း ဆိုပြီးတော့ ရေကာတာလုပ်ဖို့ ဆိုပြီးတော့မှ ကျနော်တို့ တန်ဖဲရွာသားတွေကို အောင်မြင်သာ စံပြကျေးရွာ ဆိုတဲ့နေရာမှာ ကျနော်တို့ကို ထား ထားပါတယ်။ အိမ်တော့ ရပါတယ်။ မီးလည်းရပါတယ်။ နောက် ရေလည်း ရပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်ကိုင်စားသောက်ဖို့ရာ နေရာက မရှိဘူးဗျ။ သူတို့က မြေကွက်နှစ်ကွက်စီ ပေးထားတယ်။ အဲဒါက ဘာဖြစ်လဲဆိုတော့ ကျောက်ဆောင်တွေ ဖြစ်နေတယ်။ အဲဒီမှာ ဘာမှ စိုက်လို့လည်း မရဘူး။ ဒါကြောင့် ကျနော်တို့က အခုက ရေကာတာ မလုပ်တော့ဘူး ဆိုတော့ နေလို့ရတယ် ဆိုရင်တော့ ကျနော်တို့က တန်ဖဲမှာပဲ ပြန်နေချင်ပါတယ်။”
အခုအခါမှာ  တောင်ယာ လုပ်ကိုင်စားသောက် သူတွေဟာ သူတို့ မူရင်းဒေသကို ပြန်လာပြီး တောင်ယာပြန်ခုတ် နေကြပြီ ဖြစ်ကြောင်းပဒန်ကျေးရွာဘက်က လူတွေကတော့ သူတို့ တောင်ယာနဲ့ ဥယျာဉ်ခြံတွေကို ရေကာတာ စီမံကိန်းအတွက် တူးဖြိုလိုက်တဲ့အတွက် တန်ဖဲရွာမှာပဲ လာရောက် လုပ်ကိုင် စားနေကြတယ်လို့ တန်ဖဲရွာသားက ပြောကြောင်း
ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တာကြောင့် မြစ်ဆုံဒေသကို ကာကွယ် စောင့်ရှောက်ဖို့ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးကတော့ မြစ်ဆုံဆည် စီမံကိန်းကို ထာဝရ ရပ်တန့်ဖို့ လိုအပ်ကြောင်း ပြောကြောင်း
“သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ သူ့သက်တမ်းကာလမှာ ရပ်တန့်ထားမယ်လို့ ပြောတာကို သမ္မတကြီးကို အရမ်း ကျေးဇူးတင်ပါတယ် ဆိုတာ အရင်ပြောချင်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအတွက် အထူးလိုအပ်တဲ့ အချက်တစ်ချက်ကို သမ္မတကြီးက လိုက်လိုက်လျောလျော လုပ်ပေးလိုက်တာလို့ မြင်တယ်။ နောက် နံပတ် (၂) အချက်အနေနဲ့က ထာဝရ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားဖို့ လိုပါတယ်။ အဲတော့ ဒီဒေသမှာရှိတဲ့ လူတွေက သမ္မတကြီးသက်တမ်းမှာ ရပ်ဆိုင်းထားမယ် ဆိုတဲ့အခါကျတော့ နောက် ပြန်များလုပ်မလား ဆိုတဲ့ စိုးရိမ်ပူပင် သောကစိတ်တွေ ရှိနေပါတယ်။ အဲဒါကို အခြေခံပြီး ဒီကနေ့ ဆုတောင်းပွဲက လုပ်ရခြင်းလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားဖို့၊ ထာဝရပေါ့၊ အမြဲတမ်း ရပ်ဆိုင်းသွားဖို့ အားလုံးက သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ် ပြောသွားပါတယ်။”
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်က ညွှန်ကြားခဲ့ပေမဲ့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း ၇ ခုလောက်ကို ဆက်လက် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အခုအခါမှာ ချီဗွေ ရေကာတာကို ဆက်လက် တည်ဆောက်နေဆဲ ဖြစ်ကြောင်း
FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကတော့ ဟိမ၀န္တာက ရေခဲမြစ်တွေ အရည်ပျော်လို့ ရုတ်တရက် ရေကြီးလာလို့ မြစ်ဆုံအထက်ပိုင်းက ဆည်တွေမှာ ကျိုးပျက်ရင် မြစ်ကြီးနားအပါအ၀င် ကချင်ပြည်နယ်မှာ ရေလွှမ်းမိုးနိုင်တယ်လို့ သုံးသပ်ထားကြောင်း ထိုင်းနိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေတဲ့ မြန်မာမြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ ကတော့ မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာဖြစ် ကြောင်း သိရှိရသည်။

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော ရခိုင်မျိုးချစ်သူပုန်တဦး ကွယ်လွန် 

၂၀၁၁ ခုနှစ် မေလက အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော ရခိုင်မျိုးချစ် သူပုန်တဦးဖြစ်သူ ကိုမင်းသာထွန်း (၃၇ နှစ်)သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင်နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ကိုမင်းသာထွန်းမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ NUPA မှ ဒုဗိုလ်တဦးဖြစ်ပြီး စစ်အစိုးရအား အခြေစိုက်တော်လှန်ရန် ၁၉၉၈ ခုနှစ်က အိန္ဒိယပိုင် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်းပေါ်သို့ အရောက်တွင် အိန္ဒိယစစ်တပ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည့် NUPA နှင့် KNU ရဲဘော် ၃၆ ဦးအနက် တဦးအပါအဝင်ဖြစ်ကြောင်း

ကိုလ်ကတ္တားအကျဉ်းထောင်တွင် ၁၃ နှစ်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂ဝ၁၁ ခုနှစ် မေလတွင် အခြားရဲဘော်များနှင့် အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် နေထိုင်လာခဲ့
ကြောင်းနယ်သာလန်နိုင်ငံမှ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ရန် လက်ခံထားပြီးဖြစ်၍ ဇွန်လထဲတွင် ပြောင်းရွှေ့ အခြေချနေထိုင်ရန်ရှိစဉ် ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း

“တော်လှန်ရေးအပေါ်မှာ စိတ်ထား အပြုသဘောဆောင်ပြီး လူကောင်းတယောက် ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ ယူကြုံးမရပါဘူး။ ကျနော်တို့တအားခံစားရပါတယ်” ဟု ကိုမင်းသာထွန်းနှင့် ထောင်ကျဖက် ရခိုင်ခေါင်းဆောင်တဦးဖြစ်သူ ကိုဓညလင်းက ပြောကြောင်းကိုမင်းသာထွန်း ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မကျေးကျွန်းတွင် အဖ ဦးစံရွှေမောင် အမိ ဒေါ်သောင်းမြစိန် တို့မှ မွေးဖွားသည့် ဒုတိယမြောက် သား ဖြစ်ကြောင်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအတွင်းက အဋ္ဌမတန်း ကျောင်းသား အဖြစ် တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် NUPA တပ်မတော်သို့ ဝင်ရောက် ခဲ့ကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဆက်သွယ်ရေး-လူထုဆက်ဆံရေးနှင့် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း
ကိုမင်းသာထွန်း၏ သရဏဂုံတင်ပွဲနှင့် ဈာပန အခမ်းအနားကို နယူးဒေလီရှိ မြန်မာ့ရိပ်သာ ခန်းမ၌ သောကြာနေ့နေ့လည် ၂ နာရီတွင် ကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီအင်အားစု တရာကျော် တက်ရောက်ခဲ့ကြကြောင်းကိုမင်းသာထွန်း၏ ရုပ်ကလာပ်အား ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ 

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်
အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်းဖြစ်
ကြောင်း ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်ကြောင်း

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့
ကြောင်း
ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီးဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည် ဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က ပြောကြောင်း ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန်  ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်ကပြောကြောင်း

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်
ကြောင်း   ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်ကြောင်း

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်
ကြောင်း သိရှိရသည်။
 

နယ်စပ်ဒေသ ငြိမ်းချမ်းရေး အလေးအနက်ထားရန် တရုတ် ပြော

မြန်မာ-တရုတ် နှစ်နိုင်ငံ ရေရှည် အကျိုးစီးပွားကို ထိမ်းသိမ်း ကာကွယ်ရေး အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ငြိမ်းချမ်းရေးတို့ကိုအလေးအနက်ထားလုပ်ဆောင်ရန်တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ပြောဆိုလိုက်ကြောင်း ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၂ နေ့က ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ ပေါလစ်ဗျူရို အကြီးတန်းအဖွဲ့ဝင် တဦးဖြစ်သည့် Jia Qinglin တို့ တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိစေရေး ပြင်ပက အကဲခတ်တွေ စောင့်ကြည့်ခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောလိုက်ကြောင်းမြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကတိက၀တ် ပြုထားရာမှာ အဓိကစမ်းသပ်ချက် တစ်ခုအဖြစ် မြင်နေကြတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို လေ့လာသူတွေ ၀င်ခွင့်ပြုဖို့ ကမ်းလှမ်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambiar) က ပြောလိုက် ကြောင်းမြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရင်းနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား က ထည့်သွင်း ပြောဆိုသွားတာ ဖြစ် ကြောင်း သိရှိရသည်။
 
မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၅ ရက်၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ၁၅ မိနစ်တွင် မနောကွင်း၌ လူထုပရိတ်သတ် ဟောပြောလျက် ရှိနေကြောင်း၊ ထို့နောက် ဗန်းမော်မြို့သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


""""နအဖစစ်အာဏာရှင်အောက်က စစ်သူတောင်းစား""""

Posted on admin on March 21, 2011 // Leave Your Comment
သူရိယ သတင်းဂျာနယ်

စစ်တပ်ထဲမှာ စစ်သူတောင်းစား နှစ်မျိုး နှစ်စာရှိပြီး ခြေလက် အင်္ဂါ ချွတ်ယွင်းပြီး စစ်သူတောင်းစားကတမျိုး ခြေလက် အင်္ဂါ ပြည့်စုံရှိတဲ့ စစ်သူတောင်းစားကတမျိုး ခြေလက် အင်္ဂါပြည့်စုံပြီး အဲဒီ စစ်သူတောင်းစားက တရွာဝင် တရွာထွက် တအိမ်တက် တက်အိမ်ဆင်း ဈေးရောင်းနေတဲ့ဆိုင်တွေကို တဆိုင်ဝင် တဆိုင်ထွက် အကောက်အခွန်တွေကို ကောက်ခံပြီး တောင်းရမ်း ရှာဖွေးစားသောက်တဲ့ စစ်သူတောင်းက အဲဒီအမျိုးအစားထဲမှာပါပြီး ကျန်းတဲ့စစ်သူတောင်းစားတမျိုးက ရှေ့တန်စစ်မျက်နှာရောက်တဲ့အရပ်မှာ လုယက်တိုက်ခိုက် ရှေ့တန်မှာတွေ့တဲ့ စစ်သုံးမယားဆိုပြီး တိုင်းရင်းသားပြည်သူလူထု အိမ်ထောင်ရှိတဲ့ လင်ရှိမယားတွေကို အလွတ်မပေးပြီး မုဒိမ်းကျင့်တဲ့ သတ်ဖြတ် ရဟန်ရှင်းပြည်သူလူထုတွေကို သတ်ဖြတ်အနိုင်ကျင့်စော်ကာ အဲဒါကြောင့် ပြည်သူကျွေးသော ထမင်းနဲ့ဟင်းတွေကို ပြည်သူတွေကို နှိပ်စက်တဲ့ဒဏ်ကြောင့် ပြည်သူတွေက ဆုတောင်း ကျိမ်းဆဲလို့ ရှေ့တန်ထွက်ရင် နောက်စေ့ ကျည်ဆံ မှန်ရင်မှန် ဒါမှမဟုတ် မိုင်းတက်နင်းမိမှာသေချာပါတယ် ကိုယ်တိုင်က ဒီလိုဘ၀မျိုးဖြစ်ခဲ့လိမ့်မယ်လို့ မထင်မှတ်တဲ့အရာတွေ အခုလို စစ်သူတောင်စားဖြစ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူ အခု လက်တွေ့တောင်းရမ်းစားသောက်နေရတာ ကိုယ်တွေ့တခုပါပဲ ဒီလိုတောင်းစားရခြင်း၏ အကြောင်းရင်က စစ်တပ်ပင်စင်လစာ ထောက်ပံ့မှုလျော့်နည်းပြီး ခေတ်နဲ့အမှီ ကုန်ဈေးနှုန်းတက်လာတာကြောင့် တောင်းရမ်းစားသောက်ရတာ ကြပ်တည်လာခဲ့ပါတယ် တချို့ကတော့ (ဖြတ်လေးဖြတ်) ဖြစ်နေတာကြောင့် စွန့်ကျဲကျပါတယ် တချို့ကလဲ ဒီကောင်တွေက ရှေ့တန်ထွက်ရင်(ဖက်ဆစ်ဂျပန်ရွာထဲဝင်လာသလို) တွေ့သမျှ ပြည်သူ့တိုင်းရင်းသား သမီးပျိုတွေကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ကောင်တွေကတော့ မိုင်းထိ ကျည်ဆံမှန်တာတွေများပါတယ်။

တချို့တပ်မတော်သားတွေက စစ်ရေးလေ့ကျင့်မှုအားနည်းပြီး အတွေ့အကြုံနည်းပါမှုတွေနဲ့ ကိုယ့်ကို ခြေလက် အင်္ဂါ ချွတ်ယွင်းအောင် လုပ်ကြံတဲ့တပ်မတော်သားတွေရှိပါတယ်။ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းသွားခဲ့ပါကစစ်တပ်မှအနားယူပြီးပင်စင်လစာကိုထုတ်ယူတချို့ကပင်စင်အဖြတ်ရောင်းစာခဲ့ပြီးရတဲ့ပိုက်ဆံလေနဲ့စီးပွားရေးတခုကိုအခြေချလုပ်ကိုင်စားသောက်နေကြရပါတယ်။

ကျနော်ကိုယ်တွေ့ကြုံခဲ့တဲ့အနေနဲ့ ပြောရရင် မြန်မာပြည်ပြီးမှာ (ဖြတ်လေးဖြတ်) အမြောက်အမြားတွေ့ရှိရပါတယ် ၁၉၉၁ ခုနှစ်မှာ မာနယ်ပလောစစ်ဆင်းရေးကာလမှာ ရဟတ်ယာဉ်တွေဆိုရင် တနေ့ကို အကြိမ်း ၁၀၀ လောက်ရှိမယ်ထင်တယ် သယ်ဆောင်လာခဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံးမှာ မာနယ်ပလောက ထိခိုက်ဒဏ်ရာရလာတဲ့ တပ်မတော်သားတွေပာာ မင်္ဂလာဒုံခွဲစိတ်အခန်းမှာ ခြေ လက် ဖြတ်တောက်ဖို့ပစ္စည်းကိရိယာမစုံမလင်းတဲ့ခွဲစိတ်ခန်းပာာ လွှ ဓား ညှပ်တွေ ငရဲသားတွေကို ငရဲမင်းကြီးတွေက စီစစ်ခွဲစိတ်ကုသနေတဲ့ပုံတွေကို ကြည့်ပြီး တချို့တပ်မတော်သားတွေဆိုရင် ညီညူးအသံတွေ သွေးအိုင်တွေမှာ လူ့လိမ့်နေတာတွေ ကြည့်ချင်အားဖြင့် လောကငရဲဆိုတာ လက်တွေ့ခံစားနေရပြီးဆိုတာ တကယ်သင်ခန်းစာ ရခဲ့ပါတယ် ရေးကန်တွေဆိုရင် သွေးအနှံ့အသက်မခံနိုင်လောက်အောင် နှံစော်နေတာတွေ့ရပါတယ် အဆောင် ၁-၂-၃-၄-၅- အကုန်လုံးပာာ (ဖြတ်လေးဖြတ်) ဖြတ်ထားတဲ့အဆောင်တွေဖြစ်ပါတယ် ဒီလို (ဖြတ်လေးဖြတ်) ဖြစ်သွားခဲ့လို့တော့ လာရောက်ကြည်ရှု့မယ့်သူ တစ်ယောက်မရှိတော့ပါဘူး။

ဒီလိုဖြစ်သွားတဲ့အကြပ်တပ်သားတွေကတော့ နအဖစစ်ဗိုလ်ချူပ်မှူးကြီးတွေက မင်းတို့ကို နိုင်ငံတော်မှ တာဝန်ထမ်းဆောင်ကျေပွန်တဲ့အတွက် တပ်မတော်ကနေ မင်းတို့ရဲ့ စွန့်လွှတ်နစ်နာဆုံးရှုံးတဲ့အတွက် စစ်တပ်ကနေအနားယူပြီး မင်းတို့ရဲ့ နစ်နာဆုံးရှုံးမှုမဖြစ်ရအောင် ဆေးသက်ပင်စင်လစာတွေကို ထုတ်ပေးလိုက်ပါမယ် ပြောဆိုလိုက်ပါတယ်။ ဆိုလိုချင်က အဓိပ္ပါယ်က မင်းတို့ကို စစ်တပ်နဲ့ မသက်ဆိုင်တော့ကြောင်း တန်ရာတန်ကျေ နစ်နာကြေး လျော်ကြေးပေးချေပြီးဖြစ်တဲ့အတွက် စစ်တပ်နဲ့လာမပတ်သက်လို့ ဆိုတာဖြစ်ပါတယ်။

အဲဒီချိန်ကျရင်တော့ (ဖြတ်လေးဖြတ်)ဖြစ်သွားတဲ့စစ်သူတောင်းစားတွေပာာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်တော့တာဘဲ မိဘဆီးပြန်သွားရင်လဲ ရှက်စရာ သူငယ်ချင်းတွေ့ရင်ရှက်စရာ ချစ်သူရှိတဲ့ လူတွေဆိုရင်တော့ ဒီစစ်သူတောင်းစားကိုယူရင်တော့ ငါ့မှာ တောင်းစားတဲ့ဘ၀ရောက်သွားလိမ့်မယ် အားလုံးရဲ့လစ်လျူရှု့စွန့်လွှတ်ခံလိုက်ရပြီး နေစရာမရှိ စားစရာရှိတဲ့အဖြစ်တို့ ခွတ်ဆွဲတောင်းစာဖို့တာ နည်းလမ်းရှားဖွေးရတော့တာပါပဲ။ နအဖစစ်ထဲသွားရင်တော့ ဒီလို စစ်သူတောင်းစား ခွတ်တလုံးနဲ့ လမ်းပေါ်မှာ ဇာတ်သိမ်းသွားလိမ့်မယ်။

အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူနိုင်ရန် အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက်

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရေးအတွက် အဂတိလိုက်စားမှုများကို ထိရောက်စွာ အရေးယူနိုင်ရန် လွတ်လပ်ပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်သော အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံ တော်အစိုးရအား လွှတ်တော်မှတိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က''ကျွန်တော် ဒီအဆိုကို ဘာကြောင့်တင်သွင်းရတယ်ဆိုတဲ့အချက်ကို မတင်ပြခင် ဦးစွာတင်ပြချင်တဲ့အချက်က ဒီအဆိုဟာ ကျွန်တော်တို့နိုင်ငံ အနာဂတ်ရှေ့ရေးအတွက် အရေးကြီးတဲ့ လုပ်ကိုလုပ်ရမယ့် အချက်တစ်ချက်လို့ ရိုးသားစွာ ယုံကြည်တဲ့အတွက် ဒီအဆိုကို လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ပါတယ်''ဟု ဦးစွာပြောကြားခဲ့သည်။
''ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုကို တားဆီးဖို့ ကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီး ဥပဒေအပါအ၀င် ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း အခန်း(၉)မှာ ပတ်သတ်ပြီးတော့ ပြစ်ဒဏ်များပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီအခန်း (၉)မှာပါတဲ့ ပုဒ်မ(၁၆၁) (၁၆၂)၊ (၁၆၅)စတဲ့ စကားလုံးပါ လာဘ်ပေးလာဘ်ယူအပြင် တံစိုးဆိုတဲ့စကားကို ထည့်သွင်းထားပါတယ်။ သို့သော် အားလုံးသိတဲ့အတိုင်း အခြေအမြစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်တဲ့အတွက် ဒီဥပဒေတွေရဲ့ အာနိသင် မထိရောက်ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း တင်ပြရရင် သာမန် ၀မ်းမ၀လို့ သီလမစောင့်နိုင်တဲ့လူတွေ၊ သီလမစောင့်နိုင်တာထက်ကို ၀မ်းဝပြီး ပြည့်စုံနေတဲ့ အင်မတန်မှ ထားစရာမရှိဘဲ ရှေ့ရောက်နေတဲ့သူတွေကိုယ်တိုင်က မိမိတာဝန်ကို အာဏာအလွဲသုံးစားပြီး ပြောင်ပြောင်တင်းတင်း လုပ်လာကြတဲ့အခါမှာ ကျွန်တော်တို့ လမ်းစဉ်ပါတီခေတ်ကပင် တာဝန်ကြီးတဲ့ ခေါင်းဆောင်ကြီးတွေက ဆိုရှယ်လစ်စနစ်နဲ့ပဲသွားသွား၊ ဘာစနစ်နဲ့ပဲသွားသွား သူလည်း နိုင်ငံတကာရောက်ခဲ့တဲ့အခါမှာ လာဘ်ပေးလာဘ်ယူရှိနေရင်တော့ တို့နိုင်ငံသွားရမယ့်မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အောင်မြင်မှာမဟုတ်ဘူးလို့ယူဆပြီး ပြောယုံတင်မကဘဲ ဥပဒေ တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါက တရားမ၀င်သောနည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၉၈၆ ဖြစ်ပါတယ်။ 
ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ၃(၈၆)မှာ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ပစ္စည်းဆိုသည်မှာ ဥပဒေက ခွင့်မပြုသော စီးပွားရေးလုပ်ငန်းမှ ရတဲ့ငွေ၊ ဥပဒေနဲ့ ဆန့်ကျင်ပြီး ရရှိသောငွေ၊ ဥပဒေနှင့်အညီ အခွန်များ ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားသော အခွန်လို့ ပါပါတယ်။ အခုအားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွန်တွေမရတဲ့အတွက် နိုင်ငံတော်မှာ အင်မတန် နစ်နာဆုံးရှုံးနေပါတယ်။ အဲဒီတော့ ဥပဒေနဲ့အညီ အခွန်များကို ပေးဆောင်ခြင်းမပြုဘဲ ထိန်ချန်ထားတာတွေက အခုတည်ဆဲဥပဒေဖြစ်တဲ့ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူတဲ့ ဥပဒေနဲ့လည်း အကျုံးဝင်နေပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလည်း ဤဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုကျုးလွန်ရာမှာရသော ငွေကြေး၊ ပစ္စည်းကိုပြောင်းလဲတာ၊ လွှဲပြောင်းတာ၊ ဖုံးကွယ်တာ၊ ဖျောက်ဖျက်တာ၊ အသွင်ပြောင်းလဲတာတွေက တရားမ၀င်နည်းလမ်းနဲ့ရရှိတဲ့ ငွေကြေးဥပဒေနဲ့တူပါတယ်။ ဒီဥပဒေနဲ့ ၁၉၄၈ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေတို့နဲ့ ခြားနားချက်ကတော့ လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ ပေးသူရော၊ ယူသူရော ပြစ်မှုနယ်ပယ် ကျရောက်ပါတယ်။ အခုကျွန်တော်တို့ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းထိန်းချုပ်ရေးဥပဒေမှာတော့ ပုဒ်မ ၈(ည)အရ တရားမ၀င်နည်းလမ်းဖြင့် ရရှိတဲ့ငွေကြေးနဲ့ ပစ္စည်းများနှင့်စပ်လျဉ်းပြီး သတင်းပေးသူအား လို အပ်သော အကာအကွယ်ပေးခြင်းနှင့် ထိုက်သင့်သည့်သူများ ချီးမြှင့်ခြင်းအထိ ပြဋ္ဌာန်းပေးထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ဥပဒေမလုံလောက်တာ မဟုတ်ပါဘူး။  ပြစ်မှုအရအရေးယူရမယ့် ဥပဒေ၊ ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါပြီ။
ဝမ်းနည်းစွာတင်ပြရရင် နိုင်ငံသားတွေက အခြေခံဥပဒေကပေးထားတဲ့ အခွင့်အရေးကို ငြင်းပယ်ခံနေရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ယနေ့အချိန်ထိ ငွေများတရားနိုင်၊ ပုဒ်မလေးပေးမှလုပ်၊ ရေများများ လောင်းနိုင်ဖို့လိုတယ်ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထုနယ်ပယ်မှာ ဖြစ်ပေါ်နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြင်ရမယ်ဆိုတာ အချက်ပြသတိပေးနေတာပါပဲ . . .
သို့သော် နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောပြီး နောက်ပိုင်းအထိ ကျွန်တော်တို့နိုင်ငံမှာ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ပတ်သက်တဲ့သတင်းတွေ ကြားသိနေရပါတယ်။ ဒီဖြစ်ရပ်ကို ဘယ်လိုထိန်းချုပ် မယ်ဆိုတဲ့ အချက်ကိုပဲ အဓိကထားပြီး တင်ပြပါမယ်။ အခုဖွဲ့စည်းပုံမှာ နိုင်ငံသားတွေကို တူညီတဲ့အခွင့်အရေးရဖို့ နိုင်ငံသားအခွင့်အရေးပုဒ်မ ၃၄၉ မှာ ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်တဲ့အခါမှာ၊ အလုပ်လုပ်တဲ့အခါမှာ၊ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါမှာ၊ ကုန်သွယ်တဲ့အခါမှာ တူညီတဲ့အခွင့် အလမ်းတွေရရှိရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ သို့သော်ဝမ်းနည်းစွာ တင်ပြရရင် နိုင်ငံသားတွေကအခြေခံ ဥပဒေကပေးထားတဲ့ အခွင့်အရေး ကို ငြင်းပယ်ခံနေရပါတယ်။ အား လုံးသိတဲ့အတိုင်းပဲ ယနေ့အချိန်ထိ ငွေများတရားနိုင်၊ ပုဒ်မလေး ပေးမှ လုပ်၊ ရေများများ လောင်းနိုင်ဖို့လိုတယ် ဆိုတဲ့ ဝေါဟာရတွေဟာ ပြည်သူလူထုနယ်ပယ်မှာ ဖြစ်ပေါ်နေတာကိုက ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပြင်ရမယ်ဆိုတာ အချက်ပြ သတိပေးနေတာပါပဲ။ ဒီနေ့ နိုင်ငံတကာရဲ့ ဖွင့်ဆိုချက်မှာ ၂၀၁၀ စီပီအိုင်ကနေ ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှုကို ဖော်ပြတဲ့အခါမှာ ကျွန်တော်တို့ကို ဆိုးဆိုးရွားရွားအဆင့်မှာ သတ်မှတ်ထားပါတယ်။ အဲဒီတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့အချိန်၊ လာရောက်ဖို့ လမ်းဖွင့်ပေးထားတဲ့အချိန်မှာ ဒီအစီရင်ခံစာတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။ သူတို့လာရောက်မယ့်နိုင်ငံရဲ့ အစီရင်ခံစာတွေကိုကြည့်ပြီး လက်တွန့် နေကြပါတယ်။ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာဖို့ဆိုရင် လာဘ်ပေးလာဘ်ယူမှုကို တားရပါမယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတဲ့ကိစ္စမှာ အခုကျွန်တော်တင်ပြ ခဲ့တဲ့အဆိုက လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ အမျိုးသားကော်မရှင် ဖွဲ့စည်းရေးဆိုတာ အဓိကကွင်းဆက်ကြီးဖြစ်နေပါတယ်''ဟု ၎င်းကပြောကြားခဲ့သည်။
 ''တချို့နိုင်ငံတွေမှာတော့ သမ္မတရုံးရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကော်မရှင်တွေနဲ့ အရေးယူဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမှာတော့ သက်ဆိုင်ရာက လွတ်လပ်ပြီး အများယုံကြည်လက်ခံနိုင်တဲ့ အမျိုးသားအဂတိလိုက်စားမှု တားမြစ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ တင်ပြအပ်ပါတယ်''ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ ဦးသိန်းညွန့်၏ အဆိုကို လွှတ်တော်မှလက်ခံဆွေး နွေးရန်သင့်၊မသင့်အဆုံးအဖြတ်ရယူရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။  
    
24 February 2012ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ မြစ်ကြီးနားစည်းရုံးရေး ခရီးစဉ် ကိုလည်း သတင်းများအားရသလောက် ညစ်လိုက်သေးတဲ့ လူတွေ

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့် MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။

သတင်း...The Voice Weekly.။

ကျုပ်တို့လူမျိုးလဲ တာဝန်မဲ့တတ်ကြတာပဲ

ဒီနေ့(၂၃.၂.၂၀၁၂) ည ၁၀း၃၀ လောက်မှာ ပြည်လမ်း ကျောင်းကွေ့မှတ်တိုင်၊ ဘရာဇီးသံရုံးနားမှာ အမျိုးသားတစ်ယောက်ကို ကားတိုက်သွားပါတယ်။ ကျနော်က ညဘက်ဆိုရင် အိမ်ကတက္ကစီကို ထွက်မောင်းလေ့ရှိပြီး ရှစ်မိုင်ဘက်ကနေ ပြည်လမ်းအတိုင်း မြို့ထဲဘက်ကို မောင်းဝင်လာတယ်။
အင်းယားလေးအကျော်၊ အာစီတူးကို ၀င်တဲ့ အပေါက်နားက ပြည်လမ်းမကြီးပေါ်မှာ  လူတစ်ယောက် ကိုယ်တုံးလုံးကြီးနဲ့ သွေးအိုင်ထဲ လဲနေတာကို တွေ့လိုက်တယ်။ ကားတွေက အဲဒီလူကို ကျော်ကျော်သွားကြပြီး ဘယ်သူမှ အဖတ်လုပ် ဆင်းကြည့်ကြတာမရှိဘူး။ 
လူကြီးကတော့ လမ်းမမှာ ဒီအတိုင်းပဲ လဲနေတယ်။ အန်တီကြီး ၂ယောက်က လမ်းလျှောက်နေရင်းနဲ့ အဲဒီလူလဲနေတဲ့ လမ်းအလယ်ကိုသွားကြည့်တယ်။ ပြီးတော့ လုပ်ရက်လိုက်ကြတာနော်လို့ ပြောပြီး လမ်းဆက်လျှောက်သွားကြတယ်။ လူတွေက လမ်းဘေးကနေ ကြည့်ပြီး ထွက်ထွက်သွားကြတယ်။ ဘာတစ်ခုမှ ကူညီပေးတာမရှိဘူး။
ကျနော်လဲ အဲဒီလူကို ကြည့်လိုက်တော့ လှုပ်နေသေးတာနဲ့ အဲဒီနားမှာရှိတဲ့ ဘရာဇီးသံရုံးထဲကိုဝင်ပြီး အစောင့်တွေကို လူတစ်ယောက်ကို ကားတိုက်ထားတဲ့အကြောင်း၊ ရဲကိုအကြောင်းကြားဖို့ ဖုံးဆက်ချင်တဲ့အကြောင်း ပြောပါတယ်။
 အဲဒီသံရုံးအစောင့်ကောင်လေးတွေကို ကားတိုက်ထားတာ မသိဘူးလားလို့မေးတော့ သိတယ်တဲ့။ ရဲကိုဖုန်းဆက်ပြီးပလားမေးတော့ မဆက်ဘူးတဲ့။ ဒါပေမဲ့ ကားတိုက်တဲ့အသံကြားပြီးတော့ ကားတစ်စီးက သံရုံးရှေ့ရပ်ပြီးတော့ မောင်းပြေးသွားတယ်လို့ ပြောတယ်။ နံပါတ်မှတ်ထားလိုက်တယ်တဲ့။ ကျနော်အဲဒီကို ရောက်သွားတဲ့အချိန်က ကားတိုက်ပြီးလို့ ၁၀မိနစ်လောက် ရှိပြီပြောတယ်။
 အဲဒါနဲ့ ကျနော်လဲ သူတို့ဆီကဖုန်းနဲ့ ၁၉၉ ကိုဆက်တယ်။ ဘယ်သူမှ ဖုန်းလာမကိုင်ဘူး။ ၃ခေါက်လောက်ဆက်ပြီး မရတော့ အရေးပေါ်လူနာတင်ယာဉ် ၁၉၂ ကို ဖုန်းဆက်တယ်။ အဲဒီနံပါတ်ကလည်း ဘယ်သူမှ လာမကိုင်ဘူး။ ကျနော်လဲ စိတ်ပျက်ပြီး လှည်းတန်းက ယာဉ်ထိန်းရဲကို သွားခေါ်မယ်ဆိုပြီး အဲဒီသံရုံးထဲက ထွက်လာတော့ အပြင်မှာ ယာဉ်ထိန်းရဲတစ်ယောက် ရောက်နေတယ်။
 သူက မင်းဓမ္မလမ်းနဲ့ ပြည်လမ်းထောင့်က ပွိုင့်ကပါ။ သူ့ကို ကားတစ်စီးက လူတိုက်မိတဲံ့အကြောင်းပြောပြီး အဲဒီကားနဲ့ လိုက်ပို့သွားတယ်တဲ့။ အဲဒီ ယာဉ်ထိန်းကိုခွင့်တောင်းပြီး သွေးအိုင်ထဲလဲနေတဲ့အဲဒီလူကို ကျနော်နဲ့ တခြားတက္ကစီသမားတစ်ယောက်တို့ ခြေတစ်ဖက်လက်တစ်ဖက်ကိုင်ပြီး ပလက်ဖောင်းပေါ် မတင်လိုက်ကြတယ်။ အဲဒီလူပုံက ကရင်ရုပ်၊ အသက် ၄၀လောက် ရှိမယ်။ ခေါင်းကွဲနေပြီး နှာခေါင်းထဲကလည်း သွေးတွေထွက်နေတယ်။ ပက်လက်လှန်ထားတော့ နှာခေါင်းက ထွက်တဲ့သွေးတွေက မျက်လုံးပေါ်ကို စီးကျပြီး မျက်လုံးမှာ သွေးတွေပြည့်နေတယ်။ အရက်နံ့တွေ တထောင်းထောင်းထွက်နေပြီးတော့ ပါးစပ်က တအင်းအင်း နဲ့ ငြီးနေတယ်။
ယာဉ်ထိန်းရဲကလည်း စက်နဲ့လှမ်းပြီး လူနာတင်ယာဉ် လှမ်းခေါ်တယ်။ လူနာတင်ယာဉ် မလာခင်မှာ ဘရာဇီးသံရုံးက အစောင့်လေးတွေဆီမှာ ကားနံပါတ်မှတ်ထားတာရှိတယ်လို့ ကျနော်ပြောလိုက်တော့ သူတို့ဆီက ကားနံပါတ်ယူပြီး ရဲရုံးကို အကြောင်းကြားတယ်။ လူနာတင်ကားက ၁၅မိနစ်လောက်မှာ ရောက်လာတယ်။ အဲဒီလူကို ကျနော်တို့တွေ ၀ိုင်းမကြီး လူနာတင်ကားထဲ ထည့်ပေးလိုက်ကြတယ်။
ဟိုတလောတုန်းက တရုတ်ပြည်မှ ကလေးလေးကိုကားကြိတ်သွားတဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး တရုတ်တွေ အရမ်းအတ္တကြီးတယ်လို့ ကျနော်တို့တွေ ၀ိုင်းပြောကြတယ်။ အခုလဲ ဒီလူကို ကားတိုက်သွားတဲ့ ကိစ္စမှာလဲ ကျနော်တို့ မြန်မာလူမျိုးတွေ အတ္တကြီးတယ်လို့ ပြောချင်တယ်။
၁။ လူတစ်ယောက်လုံး ကားတိုက်ခံရပြီး သွေးအိုင်ထဲလဲနေတာကို ၁၀မိနစ်လောက် ကြာတဲ့အထိ လမ်းဘေးက ဖြတ်သွားဖြတ်လာတွေရော၊ ကားတွေရောက ဘာတစ်ခုမှ မကူညီကြဘူး။ (ပြည်လမ်းမကြီး အလယ်ကောင်မှာ လူတစ်ယောက် လဲကျနေတာ မမြင်တဲ့ကားက ထပ်ပြီး ကြိတ်မိသွားရင် ပိုမဆိုးပေဘူးလား။)
၂။ သံရုံးအစောင့် ၀န်ထမ်းတွေကလည်း လူတစ်ယောက်လုံး ကားတိုက်ခံရတာကို သိရက်နဲ့ ဘာလို့ ဒီအတိုင်း နေရက်ကြတာလဲ။( သူတို့တွေ ရှေးဦးသူနာပြု First Aid ကိုတော့ နားလည်ထားမယ်ဆိုတာ သေချာပါတယ်။ သူတို့ကို First Aid ရှိလားလို့မေးတော့ မရှိဘူးလို့ပြောတယ်။ နောက်တစ်ချက်က တာဝန်ရှိတဲ့ ရဲတွေ။ ယာဉ်ထိန်းတွေ၊ လူနာတင်ယာဉ်တွေကို ဘာလို့ အကြောင်းမကြားရတာလဲ)
၃။ ၁၉၉ ပြည်သူ့ရဲ ၊ ၁၉၂ လူနာတင်ယာဉ် စတဲ့ ၂၄နာရီ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေက ဘာလို့ ဖုန်းမကိုင်ကြတာလဲ။ တာဝန်မဲ့လွန်းပါတယ်။ ကျနော်တို့တွေ ဒီလိုစောက်သုံးမကျတဲ့ဟာတွေကို ဘယ်လို ယုံကြည်ပြီး ပုံအပ်ကြမှာတုန်း။
ဒီမိုကရေစီ၊ ဒီမိုကရေစီ နဲ့ဖင်ကွဲအောင် အော်နေတဲ့မြန်မာတွေ။
ခင်ဗျားတို့မှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လူသားချင်းစာနာတတ်တဲ့စိတ် ရှိကြလို့လား။
အဲဒီ လမ်းမပေါ်မှာ လဲနေတဲ့သူဟာ ခင်ဗျားတို့ ကျုပ်တို့ အဖေ၊ ဦးလေး၊ ဆွေမျိုးသားချင်း ဆိုရင်ရော ခင်ဗျားတို့တွေ ဒီလိုမျိုး ကိုယ်နဲ့မဆိုင်သလိုမျိုး ကြည့်နေကြမှာလား။ သွေးအိုင်ထဲမှာ လူးလှိမ့်အော်ဟစ်နေတဲ့ ဒီလူက ခင်ဗျားတို့အတွက် အထူးအဆန်းကြည့်စရာတစ်ခု ဖြစ်နေလို့လား။ ကျုပ်တို့ မြန်မာတွေ အတ္တကြီးကြတယ်ဆိုတာ ဒီနေ့ ကျုပ်ကိုယ်တွေ့ ကြုံခဲ့ရတယ်။
ကျုပ်မျက်စိထဲမှတော့ အဲဒီသွေးအိုင်ထဲက လူးလှိမ့်နေတဲ့သူကို သွားကြည့်ပြီး လုပ်ရက်လိုက်ကြတာနော် လို့ ပြောပြီး ဘာမှမကူညီပဲ ထွက်သွားခဲ့တဲ့ အန်တီကြီး ၂ယောက်ရဲ့ အသံကိုပဲ ကြားယောင်နေတယ်ဗျာ။
 ကိုသက်
ချီဖွေစီမံကိန်းဟာလဲ ဧရာဝတီကိုသစ္စာဖေါက်တဲ့စီမံကိန်းပါဘဲ ဒီကိစ္စကိုလဲပြည်သူတွေ အထူးဦးစားပေးစဉ်းစားကြပါအုံး
U Ko Ko

လိမ်ပြန်ပြီဟေ့ ဒုသမ္မတနဲ့ ၀န်ကြီးတွေ၊ အေးရှားဝေါ တရုတ်နဲ့ပေါင်းပြီး ချီဖွေ စီမံကိန်း စာချုပ်တောင်ချုပ် ပြီးသွားပြီ သမ္မတကြီးကိုယ်တိုင်ရပ်ဆိုင်းခဲံ့တာ မြစ်ဆုံမြစ်ဝန်းတခုလုံးရဲ့စီမံကိန်းပါ ဒီ ချီဖွေ စီမံကိန်းဟာလဲ ထိုစီမံကိန်းထဲကတခုပါ နားလှဲ ပါးရိုက်တဲ့လုပ်ရပ်ပါ မြန်မာလူကြီးတွေအကြိုက် ကိုပေါက်ဖေါ်ကြီးကောင်းကောင်း...သိနေပြီ မြန်မာပြည်ကိုဘယ်လို ဂုတ်သွေးစုတ်ရမလဲဆိုတာဘဲ ဒီတရုတ် စဉ်းစားနေတယ်တူတယ် ရတဲံနည်းနဲ့ကိုအမျိုးမျိုးလုပ်နေတာမြန်မာခေါင်းဆောင်တွေ ကလဲ လတ်ပေးလပ်ယူမှုကအရမ်းကြိုက် မျိုးမျိုးမြက်မြက်ရမယ်ဆိုရင် တိုင်းပြည်ပါရောင်းစား မဲ့လူတွေ ဒီလူတွေဘာလုပ်လုပ်ပြည်သူကိုအသိပေးပြီး ပြည်သူသဘောထားအရလုပ်တယ်ဆို တာမျိုး မရှိခဲ့သေးဘူး ဒီလူတွေပြည်သူတွေကိုငတုံးတွေထင်နေလားမသိဘူး ခွေမှီကောက်လို ဘဲပြန်ပြန်စွတ်တာဘဲ၊ တိုင်းပြည်ခေါင်းဆောင်တွေသိထားပါ ဆိတ်ကွယ်ရာမရှိသလိုမင်းတို ဘယ်လောက်ဘဲဖုံးဖုံးအချိန်တန်ရင်ပေါ်တာဘဲမဟုတ်လား သန်းရွှေမြေအောက်လှိုင်ခေါင်းတူး တာလဲပေါ်တာဘဲမဟုတ်လား၊ ချီဖွေစီမံကိန်းဟာလဲ ဧရာဝတီကိုသစ္စာဖေါက်တဲ့စီမံကိန်းပါဘဲ ဒီကိစ္စကိုလဲပြည်သူတွေ အထူးဦးစားပေးစဉ်းစားကြပါအုံး၊မြန်မာခေါင်းဆောင်တွေဘာကြောင့် တရုတ်ကိုဒီလောက်တောင်လုပ်ပေးချင်နေကြတာတုံးကြာလာရင်တရုတ်ကစီးပွားရေးနဲ့မြန်မာပြည်ကိုဝါးမျိုတောမယ် ကုလားကလဲနယ်ချဲ့၊ အနာဂါတ်မှာ ဒို့မြန်မာပြည်ရှိပါဦးမလား ဒါတွေကို အမေဆု ကယ်နိုင်ပါ့မလားကယ်နိုင်ပါစေလိုဆုတောင်းပါတယ်ဗျာ၊၊
အရေးကြီးဆုံးက ပြည်သူတွေ စိတ်ချမ်းသာဖို့ပဲ                                                           လူထုစိန်ဝင်း

အခုရက်ပိုင်းအတွင်း ဖုန်းဆက်သူတွေအထူးများတယ်။ ဆက်သမျှတွေရဲ့အများစုက လူပြောသိပ်များနေတဲ့ ငါးထောင်တန်ဖုန်းကိစ္စချည်းဖြစ်နေတယ်။ ဆယ်ယောက်ဖုန်းဆက်ရင် ခုနှစ်ယောက်က ဖုန်းကိစ္စပဲ။ သူတို့အတွက်ရေးပေးပါဦး။ ပြောပေးပါဦးလို့ အားလုံးက တိုက်တွန်းကြတယ်။
 ဆန္ဒမှန်တွေတင်ပြဖို့
အများက တောင်းဆိုနေတာကို လျစ်လျူရှုလို့ မဖြစ်ဘူး။ သတင်းသမားဆိုတာ ပြည်သူလူထုရဲ့ ခံစားချက်အမှန်တွေ၊ ဆန္ဒအမှန်တွေကို တင်ပြပေးရမှာ မဟုတ်လား။ ဒါကြောင့် သေသေချာချာ လေ့လာရတယ်။ ပြည်သူလူထုကတော့ ငွေငါးထောင်နဲ့ တယ်လီဖုန်းရမယ်ဆိုတာ ၀မ်းသာကြတာပေါ့။ ကုမ္ပဏီဘက်ကလည်း သေချာပေါက် အခိုင်အမာပြောဆိုနေတာကိုး။ နိုင်ငံတော်သမ္မတကြီးဆီ တင်ပြထားတယ်။ သမ္မတကြီးဆီက ခွင့်ပြုချက်ရတာနဲ့ ချက်ချင်း အကောင်အထည်ဖေါ်နိုင်တယ်လို့ စာနယ်ဇင်းရှင်းလင်းပွဲတွေ ဘာတွေလုပ်ပြီးတောင် အတိအလင်းပြောထားတာမို့ သေချာလောက်တယ်လို့ ထင်ကြတယ်။
 ကလေးမုန့်ဖိုးနဲ့
တယ်လီဖုန်းဆိုတာ ဒီခေတ်လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်တဲ့ပစည်းတစ်ခုဖြစ်နေပါပြီ။ သူဌေးသုံးဇိမ်ခံပစ္စည်း မဟုတ်တော့ဘူး။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမဆို၊ ကလေးတွေတောင် သူတို့ရတဲ့ မုန့်ဖိုးနဲ့ဝယ်သုံးနိုင်ကြတယ်။ လမ်းဘေးဈေးသည်လည်း ဖုန်းနဲ့ အော်ဒါလက်ခံပြီး ၀ယ်သူဆီ အရောက်သွားပို့ပေးနိုင်ကြတယ်။ ဒါတွေကိုသိနေတော့ မြန်မာတွေလည်း သုံးချင်ကြတာပေါ့။ ဒါပေမဲ့ မကပ်နိုင်ကြဘူး။ ဆယ်လူလာဖုန်းဆိုပြီး စပေါ်လာတော့ အပြင်ဈေးက သိန်းသုံးဆယ် လေးဆယ်ထိရှိတယ်။ မူလတန်းဆရာမလေးတစ်ယောက်ရဲ့ အနှစ် နှစ်ဆယ်လောက်လုပ်စာပါ။ အခုငါးထောင်နဲ့ရမယ်ဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။
 မဖြစ်နိုင်ဘူးတဲ့
အဲဒီလို အမျှော်ကြီးမျှော်ပြီး အပျော်ကြီးပျော်နေဆဲမှာ ငါးထောင်တန်ဖုန်းကိစ္စလုံးဝမဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေက ပြောကြားတဲ့အကြောင်း သတင်းစာတွေထဲဖတ်လိုက်ရတော့ " ဟင် ဘယ်လိုဖြစ်ရတာလဲ " ဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားရှာကြတယ်။ ဒီကိစ္စဟာ နည်းပညာအရရော၊ တည်ဆဲဥပဒေအရရော ဖြစ်နိုင်ချေမရှိဘူးလို့ ဆက်သွယ်ရေးကပြောပေမယ့် အသေးစိတ်တိတိကျကျတော့ မပြောဘူး။ အားလုံးကို ခြုံပြီးပဲပြောသွားတယ်။ ဆက်သွယ်ရေးရဲ့ပြောကြားချက် သတင်းစာထဲပါလာပြီး နောက်တစ်ရက်ကျတော့ ဖုန်းရောင်းမယ်ဆိုတဲ့ ကုမ္ပဏီက စာနယ်ဇင်းတွေနဲ့ တွေ့ဆုံပြီးရှင်းလင်းပွဲ လုပ်ပြန်တယ်။
 စေတနာပေါ်မူတည်
ကုမ္ပဏီဘက်ကတော့ သူတို့အနေနဲ့ အားလုံးပြင်ဆင်တွက်ချက်ပြီး လုပ်နိုင်တယ်သေချာလို့ လူသိရှင်ကြားထုတ်ဖေါ်ပြောကြားခဲ့တာ ဖြစ်ကြောင်း၊ ဆိုင်ရာက ခွင့်ပြုချက်ရတာနဲ့ ချက်ချက်လုပ်ငန်း စနိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကိုလည်း တင်ပြထားကြောင်း၊ လုပ်နိုင် မလုပ်နိုင်ဆိုတာက ဆက်သွယ်ရေးနဲ့ ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာပေါ်မှာ မူတည်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ဒီကိစ္စမှာ ကိုယ်နားမလည်တဲ့ နည်းပညာကိစ္စတွေ ပါဝင်နေတာကြောင့် ၀င်မပြောချင်ဘူး။ ဒါပေမဲ့ ပြည်သူအများက ပြောပေးစေချင်တဲ့အတွက် တာဝန်အရ ပြောမှဖြစ်ပါတော့မယ်။
 စမ်းသပ်လုပ်ပိုင်ခွင့်
မြန်မာ့ဆက်သွယ်ရေးက နည်းပညာအရမဖြစ်နိုင်ဘူး ပြောပေမယ့် ကုမ္ပဏီဘက်က သေချာပေါက်ဖြစ်နိုင်တယ်လို့ အခိုင်အမာပြောကြားနေပါတယ်။ ပြင်ပက တတ်သိနားလည်တဲ့ ပညာရှင်အများအပြားကလည်း မဖြစ်နိုင်စရာအကြာင်းမရှိဘူးလို့ ပြောကြတယ်။ အဲဒီတော့ သာမန်ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဒီငါးထောင်တန်ဖုန်း စီမံကိန်းကို ဖြစ်နိုင်တယ်လို့ အာမခံတဲ့ ကုမ္ပဏီကို အစမ်းသဘောပဲဖြစ်ဖြစ်၊ တိကျခိုင်မာတဲ့ ပဋိညာဉ်စာချုပ်နဲ့ လုပ်ပိုင်ခွင့်ပေးလိုက်ရင် မကောင်းပါလားလို့ တွေးမိပါတယ်။ ဒီလိုလုပ်ပိုင်ခွင့် ပေးလိုက်တဲ့အတွက် တိုင်းပြည်ကို ထိခိုက်နစ်နာစရာအကြောင်း တစ်ခုမှမရှိပါဘူး။
 လုပ်ချင်တဲ့ဆန္ဒရှိရင်
ဥပဒေအရ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကလည်း သဘာဝမကျပါဘူး။ ဥပဒေဆိုတာ တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ဖို့ ပြဌာန်းထားတာ ဖြစ်တယ်။ ငါးထောင်တန်ဖုန်း လုပ်ခွင့်ပေးတာက ပြည်သူတွေရဲ့ အကျိုးစီးပွါးကို ထိခိုက်နစ်နာသွားစေတဲ့ကိစ္စ မှမဟုတ်တာ။ ပြည်သူ့အကျိုးအတွက်လုပ်တာပဲ တည်ဆဲဥပဒေအရ မဖြစ်နိုင်ဘူးဆိုရင် အဲဒီဥပဒေကို ပြင်ပစ်၊ ဒါမှမဟုတ် လိုအပ်ရင် အဲဒီဥပဒေကို ရုတ်သိမ်းပစ်ရမှာပေါ့။ လုပ်ချင်တဲ့ဆန္ဒရှိရင် မဖြစ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိပါဘူး။ အရေးကြီးဆုံးက ပြည်သူတွေ စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။

မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး

 ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ကိုလိုနီ လက်အောက်နဲ့ စစ်အစိုးရ အဆက်ဆက်အောက် နေခဲ့ရပြီးနောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံရဲ့ ပါရမီ၊ ဝီရိယ၊သံန္နိဋ္ဌာန်တို့ကို အသုံးချနိုင်တော့မယ့် အခွင့်အလမ်းတခု ယခု အချိန်မှာ ရပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်တွေ့အသုံးချနိုင်ဖို့ဆိုရင် လူထုအားလုံး ပါဝင်လက်ခံနိုင်တဲ့ တိုင်းပြည်ရှေ့ရေး၊ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုနဲ့ မျှတတဲ့ အရင်းအမြစ်ခွဲဝေမှု အားကောင်းစေမယ့် လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ၊ စီးပွားရေး နိုင်ငံရေး လူမှုရေးအပြင် ဖွံ့ဖြိုးမှုကဏ္ဍများမှာ ပြည်ပနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်မယ့် ကျွမ်းကျင်မှု၊ ဗဟုသုတ အတွေ့အကြုံတို့ တိုးတက်လာစေသင့်ပါတယ်။
အထီးကျန်ဘ၀နဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ ကျော် နေနေချိန်မှာ တိုင်းပြည်အသီးသီးက စစ်ပွဲအလွန် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထောက်ပံ့သူအဖြစ်နဲ့ရော အထောက်ပံ့ခံ အဖြစ်နဲ့ပါ အတွေ့အကြုံ အများကြီးရှိသွားခဲ့ပါပြီ။ အဲဒီအတွေ့အကြုံတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှု သင်ခန်းစာတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့၊ ချမ်းသာကြွယ်ဝတဲ့၊ နိုင်ငံတကာအသိုင်းအ၀န်းနဲ့ အောင်မြင်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို တွန်းတင်ရာမှာ အသုံးချနိုင်မယ့် အခွင့်အလမ်း ရှိနေပြီဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကျနော် မြန်မာနိုင်ငံ ပြန်လည်ခွင့် ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက အော်ခဲ့ကြားခဲ့ရတဲ့ ဒီမိုကရေစီအရေး တောင်းဆိုသံတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသူများကို ပစ်ခတ်တဲ့ သေနတ်သံတွေ၊ စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို နေ့ရောညပါ ခွဲစိတ်ကုသပေးခဲ့ရပုံတွေကို ကျနော် ပြန်ပြောင်း သတိရနေခဲ့သလို လတ်တလော ပြည်တွင်းမှာ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေပေါ်မှာ လူထုတွေရဲ့ စိတ်လှုပ်ရှားနေမှုတွေကိုလည်း ကျနော် လှိုက်လှိုက်လှဲလှဲ ရင်ထဲမှာ ခံစားနိုင်ခဲ့တယ်။
ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အပြောင်းအလဲတွေက မရေရာမှုများ၊ စိုးရိမ်မှုများနဲ့ ရောပြွန်းနေတယ်။ တရုတ်၊ ရုရှတို့လို အင်အားကြီးနိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့ လက်စောင်းထက်ချင်ကြတဲ့ သဘောထားတင်းမာသူတွေရဲ့ မျက်စိဒေါက်ထောက် ကြည့်နေမှုအောက်မှာ လက်ရှိတိုးတက်မှုတွေ ဘယ်လောက်အထိ ဆက်သွားနိုင်မှာလဲဆိုတဲ့ စိုးရိမ်တာတွေ၊ မရေရာမှုတွေကို ပွင့်ပွင့်လင်းလင်းပြောတာ ကြားခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်သွားဖို့လိုတယ်၊ လာမယ့်ဘေး ပြေးတွေ့ရုံပဲလို့လည်း အတော်များများက ပြောကြပါတယ်။
ကျနော့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် (ဒေါ်စု) နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်စုက အရင်အတိုင်း မြန်မာနိုင်ငံကို  ငြိမ်းချမ်းပြီး သာယာဝပြောသော ဒီမိုကရက်တစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ မနားမနေ ကြိုးစားအားထုတ်ဆဲ၊ နိုင်ငံတကာမိသားစုမှာ မြန်မာနိုင်ငံ ပြန်ပါဝင်လာနိုင်ရေး ကိုယ်ထူကိုယ်ထ အားထုတ်နိုင်ဖို့ ဘယ်လိုအကူအညီကိုမဆို ကြိုဆိုမြဲပါ။
နိုင်ငံတကာအနေနဲ့ လတ်တလော စိတ်လှုပ်ရှားဖွယ် စိန်ခေါ်ချက်များအောက်က ဒေါ်စုနဲ့ မြန်မာပြည်သူများကို ဘယ်လိုကူညီပေးကြမလဲ။ အထောက်အပံ့တွေက ဒေါ်စုအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြုပြင်ပြောင်းလဲမှု လိုလားသော စစ်တပ်ခေါင်းဆောင်များ၊ စီးပွားရေးကဏ္ဍနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ဦးစီးဦးဆောင်တဲ့ ဘက်စုံပါဝင်မှုရှိပြီး ထိရောက်မယ့် တိုင်းပြည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဖြစ်သင့်တယ်လို့ မြင်မိပါတယ်။
ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်ဖူးသူ တဦးအနေနဲ့ ကျနော် အကြံပြုချင်တာက နိုင်ငံတကာမိသားစုဝင်များ မြန်မာနိုင်ငံ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ကူညီရာမှာ အောက်ဖော်ပြပါ နယ်ပယ်သုံးရပ်ကို ဦးစားပေးသင့်ပါတယ်။
ပထမဦးဆုံးအနေနဲ့ တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့များအကြား တိုင်းပြည်ရှေ့ရေး ဦးတည်ရာနဲ့ ပတ်သက်ပြီး အများသဘောတူ ဘုံအမြင်တခု တည်ဆောက်သင့်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအဖွဲ့၊ ဘာသာရေးအဖွဲ့၊ လူငယ်အဖွဲ့များမှ ခေါင်းဆောင်များအပါအဝင် ကျောင်းဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူ့ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးပါတီများ၊ တပ်မတော်သားများ၊ အစုအဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်ကာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းအစီအစဉ်များ မြန်မာနိုင်ငံအ၀ှမ်း စတင်သင့်ပါတယ်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီအစိုးရများအဖြစ်သို့ အသွင်ကူးပြောင်းသွားကြတဲ့ တိုင်းပြည်တွေ (ဥပမာ – တောင်အာဖရိက၊ ချီလီနဲ့ အင်ဒိုနီးရှား) ဆီက သင်ခန်းစာနဲ့ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အကူအညီများ ပေးသင့်ပါတယ်။ တိုင်းပြည် ဦးတည်ချက်အတွက် ဘုံသဘောတူညီချက်တခု ပေါ်ထွက်ဖို့ဆိုတာ လွယ်ကူတဲ့လုပ်ငန်းစဉ်တော့ မဟုတ်ပါ။ သို့သော် စိတ်စေတနာကောင်းမှု၊ တည်ငြိမ်တဲ့ပံ့ပိုးမှု၊ ထိရောက်တဲ့ အားပေးကူညီမှုတွေရှိရင် ရေရှည်မှာ အောင်မြင်နိုင်ပါတယ်။
ဒုတိယကတော့ ရပ်ရွာမိသားစု အသိုင်းအဝိုင်းနဲ့ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ပြန်လည်တည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ တရားရေးစနစ်၊ သတင်းနှင့် ဆက်သွယ်ရေးမီဒီယာ၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေး ကျန်းမာရေးဝန်ဆောင်မှု စတဲ့ နေရာတွေမှာ အရည်အချင်းမြှင့်တင်မှုများ လုပ်ဆောင်သင့်ပါတယ်။ လိုအပ်ချက်နဲ့ ကွာဟချက်ကို အခြေခံပြီး ကျွမ်းကျင်မှု၊ လုပ်ဆောင်နိုင်မှုအဆင့်ကို မူတည်ကာ အရည်အချင်း မြှင့်တင်ပေးသင့်ပါတယ်။ အရည်အချင်းမြှင့်တင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများမှာ အမျိုးသမီးခေါင်းဆောင်မှုကို နေရာပေးတာတွေ လုပ်ဆောင်ရပါမယ်။
တိုင်းပြည်ထူထောင်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ လူမှုအသိုင်းအ၀န်းက အကြံပြုချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို မြန်မာလုပ်သားထုရဲ့ ဗဟုသုတ၊ အတွေ့အကြုံ၊ ရည်မှန်းချက်များနဲ့ ပေါင်းစပ်ရပါမယ်။ အခြေခံအဆင့်၊ နိုင်ငံတော်အဆင့် အလုပ်သမားတွေကို အဓိကတာဝန်တွေ၊ ခေါင်းဆောင်မှု အခွင့်အရေးတွေ ပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ သင်တန်းတွေ ပေးရပါမယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ နိုင်ငံတကာပညာရှင်များရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေဟာ ဒီလုပ်ငန်းမှာ သိပ်အသုံးဝင်ပါတယ်။
ဒါပေမယ့် အရည်အချင်းမြှင့်တင်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်း လုပ်ငန်းအစီအစဉ် အားလုံးမှာ နိုင်ငံတကာဝန်ထမ်းတွေက မြန်မာဝန်ထမ်းတွေဆီ ၃ နှစ်အတွင်း ဦးဆောင်မှု လွှဲပြောင်းပေးဖို့ အစီအစဉ် ပါဝင်စေခြင်းဖြင့် တိုင်းပြည်မူလပိုင်ရှင် ဒေသခံများ ခေါင်းဆောင်မှု အရှည်တည်တံ့စေရေး အားပေးသင့်ပါတယ်။
တတိယအနေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံတွေရလာဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေကို ကူညီဖန်တီးပေးသင့်ပါတယ်။ နိုင်ငံတကာ လွှတ်တော်အမတ်တွေ၊ ထိပ်တန်းအစိုးရအရာရှိတွေ ဦးဆောင်တဲ့ ယုံကြည်မှု တည်ဆောက်ရေးအဖွဲ့တွေ မြန်မာနိုင်ငံကို စဉ်ဆက်မပြတ် လာနေခြင်းဖြင့်လည်း ထိတွေ့ဆက်ဆံနေသင့်ပါတယ်။ စစ်တပ်ခေါင်းဆောင်မှုအတွင်း သဘောထားတင်းမာသူများ အာဏာသိမ်းနိုင်တဲ့ အခြေအနေ၊ တိုးတက်မှုကို နှေးကွေးသွားစေနိုင်တဲ့ အခြေအနေမျိုး မဖြစ်ရအောင် ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန်တို့နှစ်ဦး ထိထိရောက်ရောက် ဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်ဖို့ ကူညီပံ့ပိုးစေလိုပါတယ်။
ထိပ်တန်း အမေရိကန်တာဝန်ရှိသူများနဲ့ နိုင်ငံတကာအသိုင်းအ၀န်းရဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည် တနံတလျားနဲ့ နယ်စပ်တရိုးမှာ နေထိုင်နေကြတဲ့ ပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနဲ့ ကျန်းမာရေး ပညာရေးဝန်ဆောင်မှုများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဖြစ်သင့်ပါတယ်။ နိုင်ငံတကာ ထောက်ပံ့ကူညီသူများအနေနဲ့ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ် အကူအညီပေးရာမှာ လုပ်ငန်းထပ်နေခြင်းများ လျော့နည်းစေရန်နဲ့ ပိုမိုသက်ရောက်မှုရှိစေရေး နိုင်ငံတကာနဲ့ အာရှဒေသတွင်း လုပ်ဖော်ကိုင်ဖက်များ ပူးပေါင်းပြီး စီမံကိန်းတရပ် ရေးဆွဲချမှတ်သင့်ပါတယ်။ သာဓကအားဖြင့် တိုင်းရင်းသားဒေသတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အရ ထိခိုက်မခံနိုင်တဲ့ ဒေသများမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ လိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မီ ကျင့်ဝတ်သိက္ခာနဲ့ လူ့အခွင့်အရေး အခြေခံစည်းမျဉ်းတွေကို လေးစားလိုက်နာလာစေဖို့ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြံဉာဏ်ရယူမှု ပိုမိုအားကောင်းလာစေမယ့် ဘက်စုံချဉ်းကပ်မှုတခု အမေရိကန်အစိုးရက ဆောင်ရွက်သင့်ပါတယ်။
မြန်မာပြည်သူတွေဟာ အလုပ်ကြိုးစားပြီး ထက်မြက်သော၊ ဂုဏ်ယူတတ်သော၊ လွတ်လပ်မှုကို ချစ်မြတ်နိုးသော လူမျိုးများဖြစ်ကြပါတယ်။ စစ်အစိုးရအဆက်ဆက် အနိုင်ကျင့်နှိပ်စက်မှုများ ရှိခဲ့သော်ငြား လူ့ဂုဏ်သိက္ခာ၊ ဟာသဉာဏ်နဲ့ တိုင်းပြည်ချစ်စိတ် သူတို့ရင်ထဲ အမြဲရှိနေကြတယ်။ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ (ပြည်တွင်း သို့မဟုတ် နိုင်ငံခြားမှ) ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ကာကွယ်ပေးရေး၊ တိုင်းပြည်အနာဂတ် ဦးဆောင်ရာမှာ တက်တက်ကြွကြွ ပါဝင်ခွင့်တို့လိုကြောင်း သူတို့က ထုတ်ဖော်ပြောဆိုကြပါတယ်။
နိုင်ငံတကာက ထောက်ပံ့တဲ့ စီမံကိန်းတွေမှာ နယ်မြေခံတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိတယ်လို့ ခံယူတာကို တွေ့ကြုံဖူးပါတယ်။ နိုင်ငံတကာအေဂျင်စီတွေကလည်း အစီအစဉ်များကို အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိကြောင်း လိုအပ်ချက်ကို အဓိကထားကြတယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာနဲ့  နိုင်ငံတကာ အဖွဲ့အစည်းအားလုံးက တိုင်းပြည်ကို ထိထိရောက်ရောက် ကူညီပေးလိုကြသော်ငြားလည်း တခါတရံ တင်းမာမှုများ ရှိပါတယ်။ အထူးသဖြင့် လုပ်ငန်း အလွန်ကြီးမားခြင်း သို့မဟုတ် ငွေကြေးပမာဏ များပြားတဲ့ အခါများမှာ ပိုဖြစ်တတ်ပါတယ်။
နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ စိတ်ကောင်းစေတနာတွေ၊ ကျွမ်းကျင်မှုတွေ ယူဆောင်လာနိုင်ပါတယ်။ နို်င်ငံတကာအေဂျင်စီတွေ၊ အဖွဲ့အစည်းတွေကလည်း ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အနောက်နိုင်ငံအစိုးရများ၊ ဖောင်ဒေးရှင်းများထံမှ ငွေကြေးအကူအညီများယူပြီး မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကူညီ ပေးလိုနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ကိုယ့်ခြေကိုယ့်လက်နဲ့ အပြည့်အ၀ လုပ်ကိုင်နိုင်ဖို့၊ နောင်မျိုးဆက်တွေ နိုင်ငံခြား အထောက်အပံ့အပေါ် အမှီသဟဲပြုမနေရဖို့ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့  မြန်မာနိုင်ငံသားတိုင်းက နိုင်ငံတကာ မိတ်ဆွေများနဲ့ ထောက်ပံ့သူများအကြား ဂရုတစိုက်ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ခွင့် အာဏာရှိသူများက မြန်မာပြည်သူများရဲ့ အမြင်နဲ့အာဘော်တွေကို ထိရောက်စွာ ရှာဖွေနားထောင်သင့်ပါတယ်။
စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာမှာ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ တက်ကြွတဲ့ ပါဝင်မှုကို ကြိုဆို အသိအမှတ်ပြု ပံ့ပိုးရမယ်။
မြန်မာနိုင်ငံဟာ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်၊ ဂျွန် ကယ်ရီ၊ မက်ကိန်းတို့အပါအ၀င် အမေရိကန် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အထိ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍနှစ်ခုစလုံးက ထောက်ခံမှုရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု စီးပွားရေး၊ နည်းပညာနဲ့ လူမှုရေးခေါင်းဆောင်များရဲ့ အကူအညီကို မြန်မာတို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေ ထိထိရောက်ရောက် လက်ခံရရှိနေစေဖို့ နေပြည်တော်အစိုးရကလည်း လက်ရှိ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆက်လက် ဖြစ်ထွန်းနေစေသင့်ပါတယ်။
တိုင်းပြည် ပြန်လည်ထူထောင်ရေး အောင်မြင်ဖို့ လူတိုင်းရဲ့ အကူအညီလိုတယ်လို့ ဒေါ်စုက ပြောခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့အသိုင်းအဝိုင်းက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပြီး တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ဆိုရင် မြန်မာနိုင်ငံ အောင်မြင်နိုင်ဖို့ အလားအလာ  ပိုများလာနိုင်ပါတယ်။
သို့မဟုတ်ပါက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အရင်ပုံစံအတိုင်း နောက်ထပ် ဆယ်စုနှစ်များစွာကြာ မြန်မာပြည်သူတို့ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များကို ဖျက်ဆီးပစ်နေတဲ့ အာဏာရှင်စနစ်ကိုသာ ဆက်လက် မြင်တွေ့နေရဦးမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ ဒီမိုကရက်တစ်တိုင်းပြည်အဖြစ် တည်ဆောက်ရေးနဲ့  ကမ္ဘာ့မိသားစုမှာ တာဝန်ထမ်းဆောင်ရေး  ပြန်လည်အဆင်သင့်ဖြစ်လာနိုင်စေဖို့ ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့  ဆန္ဒပြုလိုက်ပါတယ်။
Myat Htoo Razak ၏  Building Country Ownership in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment