"17.2.2012 ဒေါ်အောင်ဆန်းစုကြည်၏ဖျာပုံမြို့ခရီးစဉ်အားသက်ဆိုင်ရာအဏာပိုင်အဖွဲ့အစည်းများက ဖိနှိပ်ချုပ်ချယ်မှု”
 
"17.2.2012 ဒေါ်အောင်ဆန်းစုကြည်၏ဖျာပုံမြို့ခရီးစဉ်အားသက်ဆိုင်ရာအဏာပိုင်အဖွဲ့အစည်းများက ဖိနှိပ်ချုပ်ချယ်မှု ကန့်သတ်တားဆီးမှုအမျိုးမျိုးပြုလုပ်နေပါတယ်။ လူထုအစည်းအဝေးပြုလုပ်ရန်အတွက် ပြည်သူအားကစားကွင်းကို ခွင့်ပြုမိန့်တောင်းခံရာ အားကစားဝန်ကြီးက လုံးဝခွင့်မပြုခဲ့ပါဘူး။ ၀န်ကြီးဦးတင့်ဆန်းက သူ့ရဲ့မဲဆန္ဒနယ်မြောင်းမြမြို့မှတုန်းက ဘောလုံးကွင်းကိုခွင့်ပြုခဲ့ပေမဲ့ ဖျာပုံမြို့မှာတော့ ခွင့်မပြုခဲ့ပါဘူး။ အခြားကွင်းများကို တောင်းခံရမှာလည်း အာဏာပိုင်များက အမျိုးမျိုးဖိနှိပ်ဟန့်တားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မရရှိခဲ့ပါဘူး။ ဒါပေမဲ့ 17.2.2012 နေ့ ဒေါ်ဆောင်စန်းဆုကြည်ရဲ့ ခရီးစဉ်နဲ့ လူထုဟောပြောပွဲကိုတော့ ဖျာပုံ NLD ကလုံးဝအဖျက်မခံပါဘူး။ ပြီးမြောက်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖျာပုံမြို့အ၀င် ချောင်းတွင်းကျေးရွာမှ ပုဂ်ဂလိကပိုင် ကွင်းကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲကြီးကို စည်စည်ကားကား ခမ်းခမ်းနားနား ကျင်းပမှာဖြစ်ပါတယ်။ အထူးသတင်းအနေနဲ့ကတော့ 17.2.2012 နေ့တွင် ဒေါ်ဆောင်ဆန်းစုကြည် ဖျာပုံမြို့သို့ လာရောက်ပြီး လူထုဟောပြောပွဲလုပ်မည်ဆိုသောကြောင့် ရပ်ဝေးကျေးရွာများမှ ပြည်သူလူထုများမလာနိုင်အောင်ကြံခိုင်ရေးအဖွဲ့လိုင်းဝင်ကားများကိုလိုင်းပြေးဆွဲးခွင့် ပိတ်ခြင်းများကို မြို့နယ်ကြံဖွတ်များနှင့်ခရိုင်ကြံဖွတ်များခိုင်းဘက်အာဏာပိုင်းများမှဆောင်ရွက်ပေးနေကြောင်းသိရပါတယ်".

ဒေါ်အောင်ဆန်းစုကြည် ၁၇ ရက်နေ့ ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ မဲဆွယ်စည်းရုံးရေးခရီးသွားမည်....

ဒေါ်အောင်ဆန်းစုကြည်၏ ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ယခုလ ၁၇ရက်နေ့ နံနက် ခြောက်နာရီနှင့် ၇ နာရီကြားတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂) လှည်းတန်းဆိပ်ကမ်းမှ ရှပ်ပြေးရေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို ပြည်သူလူထုက သိန်းနဲ့ ချီပြီးကြိုဆိုကြပါတယ်။ဒါကဘာကိုပြနေသလဲဆိုရင် စစ်မှန်တဲ့  ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးများ ဥပဒေစိုးမိုးရေး တရားရေးမာန်ဏ္ဍိုင်ခိုင် မာစေရေး စီးပွားရေးဖွင့်ဖြိုးတိုးတက်စေရေးတို့  အတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများ အားထားကြပြီး အင်နဲ့ အားနဲ့ လာရောက်အားပေးကြသည်ကို မှတ်တမ်းဓါတ်ပုံများက သက်သေထူနေ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှ ကောက်နှုတ်တင်ပြချက်
““ကျွန်မတို့ အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက် တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ တချို့ပြည်သူတွေက တရားဥပဒေစိုးမိုးေ ရးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို ပြောပြပါရစေ။
မနေ့ကဆိုရင် ဒီထဲက ပရိသတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့အဖွဲ့ချုပ်တာဝန်ခံများ က ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကိုတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလိုစုစည်းနိုင်တာ။ ဒါ ဥပဒေစိုးမိုးရေးပဲ””
(ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်အားကစားကွင်းတွင် သိန်းနဲ့ ချီသော ပြည်သူလူထုကြီးအား ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
ကိုမြသိန်း (လူထုအော်သံ)

၃ နှစ်ကျော်ကြာ ကောက်ခံခဲ့ခြင်းမရှိခဲ့သော ရေ အခွန်အား ၂ လအတွင်းအပြီးအပြတ်ပေးဆောင်ခိုင်း

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (ရေ နှင့်သန့်ရှင်းမှုဌာန ) မှ (၁) လတစ်ကြိမ် ကောက်ခံသော ရေမီတာအခွန်အခများကို ထိုမြို့နယ် အတွင်း (၃) နှစ်ကျော်ကြာ ကောက်ခံခဲ့ခြင်း မရှိပဲ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လကုန်အတို့ တွင် (၃) နှစ်ကျော် ရေမီတာ အခွန်အခ တို့အား အပြီးပြတ်ပေးဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ (၃) နှစ်ကျော် ရေမီတာ စာရွက်များနေအိမ်သို့ (၁)လ တစ်ကြိမ်ပေးပို့ကောက်ခံခြင်းမရှိ ခြင်းကို `အထက်အရာရှိပေါ့ဆမှု ကြောင့်လား အောက်ခြေ၀န်ထမ်း များမှ တာဝန်မကြေခြင်းလား´ ဟု မေးမြန်းရာဝန်ထမ်းအင်အားမလုံလောက်ရန်ဖြစ်ကြောင်း ၀န်ထမ်းဦးရေ (၁၇) ဦးသာရှိကြောင်း အထက်အရာရှိများသို့ အသီးသီးအသိပေးခဲ့သော်လည်း ၀န်ထမ်းဦးရေ ထပ်တိုးမချပေးခဲ့ပဲ(၃) နှစ်ကျော် ရေမီတာအခွန်အခမရရှိခဲ့ခြင်းအပေါ် ၀န်ထမ်းများအား အထက်အရာရှိများမှ တစ်စုံတစ်ရာ အရေးယူခြင်းမရှိပြစ်ဒဏ်ချ မှတ်ခြင်းမရှိခဲ့ပါကြောင်း ယခင်နေထိုင်ပြောင်းရွှေ့သွားပြီး ဖြစ်သောသူများသုံးစွဲ ခဲ့သည်ေ၇အခွန်အခများကို လက်ရှိနေထိုင်သောသူများကသာ တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တာဝန်ခံ၏ အမည်ကိုမေးမြန်းရာ အမည်ကို ပြောခွင့်မရှိပါကြောင်း (ကျောက်တံတားမြို့နယ်ရပ်ကွက် တာဝန်ခံလုပ်သား ဦးအောင်မင်းထွေး) မှပြောသည်။
(ရေ နှင့် သန့်ရှင်းမှုဌာန) မှဝန်ထမ်းများ၏ ပေါ့ဆမှု ကြောင့် အခွန်ထမ်းပြည်သူများအနေနှင့် ၃ နှစ်ကျော်ကြာ ပေးဆောင်ရသည့် အခွန်အခများကို ဖေဖော်ဝါရီလ ၊ မတ်လ (၂ ) လထဲ နှင့် အကြေမပေး ဆောင်နိုင်ပါက နိုင်ငံတော် အနေဖြင့် အခွန်ထမ်းပြည်သူများအား မည်ကဲ့သို့ ကူညီဖြေရှင်းပေးမည်ကို မြို့နယ်တာဝန်ခံကျောက်တံတားမြို့နယ် (ရေ နှင့် သန့်ရှင်းမှုဌာန) နှင့် တကွ သက်ဆိုင်ရာအသီးသီးသို့ မေးမြန်နိုင်သည်။
ဒေါင်းအိုးဝေ

ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)

အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။
 * ရေးသူ သုံးမျိုးသုံးစား *
 ပညာရပ်ဆိုင်ရာ စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြုလေ့လာခဲ့သူတွေ ရှိသလို အထူးပြုလေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။ အထူးပြုလေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ ၀င်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့် ဝါသနာအလျောက် ဖတ်ရှုလေ့လာ မှုအခံရှိထားတာကြောင့် နားမလည်နိုင်လောက်အောင်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့ လေ့လာမှုအခံ လုံးလုံးရှိခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းအတိုင်း လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်”ခေါ်တဲ့ ရေပေါ်ဆီ လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ် ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချကူးယူထားတာကို “အဆိုင်းမင့်”ပေးလို့ ရေးကြတာ ဖြစ်တယ်။
 * ရေပေါ်ဆီလူတန်းစား အီလစ်များ *
 အဲဒီ တတိယအမျိုးအစားက ရေးတဲ့ စာတွေကျတော့ ဘယ်နှခေါက်ဖတ်ဖတ် နားမလည်နိုင်တာ တွေက များပါတယ်။ တကယ်သိ တကယ်တတ်လို့ ရေးတာမဟုတ်တဲ့အတွက် ပညာရပ်ဆိုင်ရာဝေါဟာရ အသုံးအနှုန်းတွေကို မြန်မာလိုရှိနေတာကိုတောင် ရှိမှန်းသိတာ မဟုတ်ပါဘူး။ ကိုယ်တိုင် ဘာသာပြန်ဖို့ လည်း အားထုတ်ကြိုးစား မလုပ်ပါဘူး။ အလွယ်လမ်းလိုက်ပြီး အင်္ဂလိပ်စာလုံးတွေ အတိုင်း အသံထွက်ပြီး ရေးလိုက်ကြတော့တာပါပဲ။ “မီးရထား”လို့ မြန်မာတိုင်းသိနေတာကို သူတို့က “ထရိန်း”လို့ ရေးချင်ကြတာ။ “နိုင်ငံရေး”ဆိုတဲ့ စကားရှိနေတာကို “ပေါ်လစ်တစ်”လို့ ရေးချင်ကြတာ။ လူအထင်ကြီးအောင် လုပ်ချင်တဲ့ သဘောဖြစ်တယ်။ တချို့များ ကွန်ပျူတာကို ကိုင်တောင်ကြည့်ဖူးတာ မဟုတ်ဘဲနဲ့ အင်တာနက်ခေတ် အကြောင်းရေးလိုရေး ဒစ်ဂျစ်တယ်ခေတ်အကြောင်း ပြောလိုပြောနဲ့ တော်တော်ကို လူအထင်ကြီးခံချင် ကြတာ။ ဒီ“အီလစ်”တွေရဲ့ အရေးအသားတွေထဲမှာ မျက်စိအနောက်ဆုံး အရေးအသားတစ်ခု ရှိပါသေး တယ်။ အဲ့ဒါကတော့ စာတစ်ပိုဒ်ရေးတိုင်း “ပညာရှင်အမြင်နဲ့ ပြောရရင်တော့”ဆိုတဲ့ စကားနဲ့စပြီး ရေးတာ မျိုးတွေပါပဲ။ အပေါ်စီးက လေသံနဲ့ စာဖတ်ပရိတ်သတ်တွေကို “နလပိန်းတုံး”လို့ သဘောထားပြီး ပြောနေ တာဖြစ်တယ်။ ကြည့်လိုက်တော့ အဲဒီလို ရေးသူတွေဟာ ပညာရပ်တစ်ခုကို တကယ်တမ်း စူးစူးစိုက်စိုက် လေ့လာဆည်းပူးခဲ့သူတွေ မဟုတ်ဘဲ နိုင်ငံခြားသံရုံးတွေက လက်သပ်မွေးပြီး ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ လွှတ်ပေးလို့ ခဏတစ်ဖြုတ် သင်တန်းသွားတက်ဖူးရုံလောက်ပါပဲ။
 * မကြွားတတ်တဲ့သူ *
 ဒီပြန်ရောက်တော့ ကိုယ့်ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် တံဆိပ်ကပ်ပြီး ပညာရှင်ဆိုတဲ့စကား ပါးစပ် က မချနိုင်အောင် ဖြစ်နေတာပါ။ စာပေ လောကထဲကပဲ မိတ်ဆွေ ကာတွန်းဆရာ တစ်ယောက်ရှိပါတယ်။ သူက အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကြီး သွားရောက်တက်ပြီး ခုခေတ် ခေတ်စားနေတဲ့ အမ်ပီအေ ဆိုတဲ့ မဟာဘွဲ့ယူပြီး ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ဟားဗတ်ပြန်လို့ တစ်ခါမှ ရေးတာ မတွေ့ဖူးပါဘူး။ သူ့ကိုယ်သူ ပညာရှင်လို့ ပြောတာလည်း မကြားဖူးပါဘူး။ သူ့ဟာသူ ကာတွန်းဘဲဆွဲတဲ့ အလုပ် ဆက်လုပ်နေတာပါပဲ။ ဘယ်သူ့ကိုမှ ဆရာလုပ်မနေပါဘူး။ နေရာတကာ လူတွင်ကျယ် လုပ်ချင်တဲ့ ရေပေါ်ဆီလူတန်းစား “အီလစ်”တွေကသာ မျက်စိနောက်စရာ ကောင်းလောက်အောင် ဝင့်ဝါနေကြတာ ဖြစ်ပါတယ်။
 “ပညာရှင်”ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အင်္ဂလိပ်လူမျိုး ဘာသာဗေဒနဲ့ ဒဿနိက ပါမောက္ခ A.C Grayling ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒါကို သတိရမိပါတယ်။ ၂၀၀၇ ခုနှစ်က ထုတ်ခဲ့တဲ့ The Form of Things ဆိုတဲ့ အက်ဆေးပေါင်းချုပ် စာအုပ်ထဲက The Role of the Intellectual ဆိုတဲ့ အက်ဆေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။
အတွေးအခေါ်ဆိုတာ သမိုင်းကိုမောင်းနှင်တဲ့ အရာဖြစ်တယ်။ အတွေးအခေါ်များဟာ ပုံသဏ္ဌာန် အမျိုးမျိုးဆောင်ပြီး ရင်းမြစ်များစွာ ရှိတယ်။ သူတို့ဟာ အကြာခဏ သူတို့ကိုယ်ပိုင် ဘဝနဲ့သူတို့ နေလေ့ရှိပြီး သူတို့သြဇာလွှမ်းမိုးတဲ့ သမိုင်းခေတ်ထက် ပိုပြီးကြီးကျယ်ကြောင်း သက်သေထူနိုင်ခဲ့ကြတယ်။
ဒါကြောင့် အတွေးအခေါ်မျာား အလွန့် အလွန် အရေးပါတဲ့ အရာဖြစ်တယ်။ သူတို့ကို သေသေချာချာ စမ်းသပ် စစ်ဆေးပြီး အခြေအတင်ဆွေးနွေးတာ၊ ရှင်းချက်ထုတ်တာ ဝေဖန် ဆန်းစစ်တာ ကောင်းရင် လက်ခံပြီး မကောင်းရင် သုတ်သင်ဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်တယ်။
 ဒါတွေလုပ်ဖို့ ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီ တာဝန်က ဒီအလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ဒီတာဝန်ထမ်းဆောင်ဖို့ အထုံပါရမီရှိသူများအပေါ်မှာသာ ကျရောက်သွားလေ့ ရှိတယ်။ အဲဒီသူများဟာ “ပညာရှင်များ” (intellectuals) ဖြစ်ကြတယ်။
ပညာရှင်ဆိုသူများဟာ အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင်စားရုံသာမက ကိုယ်ထိ လက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့တာဝန်အဖြစ် သတ်မှတ် ကြတယ်။ တချို့က ဝတ္တရားတစ်ခု အဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာ ရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက်တန်တန် အသုံးချခွင့်ရမယ်ဆိုရင် သူတို့ဟာ ခွဲခြမ်းစိတ်ဖြာဖို့၊ မေးခွန်း တွေထုတ်ဖို့၊ ရှင်းလင်းချက်တွေ လုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊ အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့ စိမ်ခေါ်ဖို့၊ စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ် အဆိုပြုချက် တင်ဖို့၊ အခြေအတင် ငြင်းခံဖို့၊ ပညာပေးဖို့၊ သဘောထား ပြောကြားဖို့၊ အကြံပြုဖို့၊ ဖြစ်နိုင်ရင် အသစ်ရှာဖွေတွေရှိဖို့ မဆုတ်မနစ် ဆောင်ရွက်ကြမှာ ဖြစ်တယ်။
 ဒီအလုပ်တွေကို သူတို့က လူ့အဖွဲ့အစည်းကြီးအတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့ အရေးကိစ္စများကို ပြောဆိုဆွေးနွေး လုပ်နေကြမှာ သူတို့ရဲ့ ပါဝင်အကျိုးပြုမှု အဖြစ် သဘောထားကြတယ်။ ဒါတင်မက လူ့အဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများ အကြောင်း သတိပေးနှိုးဆော်ဖို့ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ် ပြဋ္ဌာန်းချက်များကို မမေ့မလျော့ ရှိစေဖို့ နှိုးဆော်မှုအဖြစ်လည်း သဘောထား ခဲ့ကြတယ်။ အဲဒါကြောင့် ပညာရှင်ဆိုသူများဟာ “ဆိုကရေး တီး”က သူ့ကိုယ်သူ ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင် “တိုင်းနိုင်ငံတစ်ခုကို အစဉ်အမြဲ နိုးကြား နေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များ ဖြစ်တယ်”လို့ ဆိုရပေလိမ့်မယ်။
 ပညာရှင်များ ကြုံတွေ့ရလေ့ရှိတဲ့ အန္တရာယ်များဟာ အရာရာကို အကောင်းဆုံးကိုချည်း လိုချင် ခြင်း၊ မိုက်မဲခြင်း၊ လေကြီးမိုးကြီး ပြောတတ်ခြင်း၊ ကိုယ့်ဂုဏ်ကိုယ် ဖော်လေ့ရှိပြီး၊ အရေးမပါ အရာမရောက် တဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကိစ္စများကို စကားကြီး စကားကျယ်များ သုံးပြီး ဟောင်ဖွာဟောင်ဖွာ လုပ်ခြင်းများ ဖြစ်တယ်။
တကယ်တမ်းလည်း သူတို့ဟာ ခဏခဏ အဲဒီ အန္တရာယ်ထဲ ကျရောက်ခဲ့တာကြောင့်၊ အင်္ဂလို ဆက်ဇွန်တို့ ကြားမှာ နာမည်ဆိုး ရခဲ့ကြတယ်။ အင်္ဂလိုဆက်ဇွန်တွေက လူသာမန်တွေရဲ့ ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောတာမျိုးကို ဂေါလစ် စကားတန်ဆာတွေနဲ့ မွမ်းမံထားတဲ့ ကျင့်ဝတ်သီလအကြောင်း အတင်းအဖျင်း စကားတွေထက်ပိုပြီး တန်ဖိုးထားပြီး ရှိကြတယ်။
ဒါပေမဲ့လို့ ပညာရှင်များရဲ့ တက်ကြွတဲ့ ဆောင်ရွက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ လူ့အဖွဲ့အစည်း ကိုယ့်အကြောင်းကိုယ် သိရှိစေမှု၊ နိုးကြားမှု၊ ရှင်းလင်း ပြတ်သားမှု၊ လှုံဆော်မှု၊ ဆင်ခြင်တွေးခေါ်နိုင်မှု၊ အသိဥာဏ် ပြည့်ဝမှု၊ ဆွေးနွေး ငြင်းခံမှု၊ လှုပ်ရှား ဆောင်ရွက်မှုတို့ ဖြစ်တယ်။
 မေးခွန်းထုတ်လေ့မရှိတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကို တောက်ပတဲ့မျက်လုံးနဲ့ စုံစမ်းစစ်ဆေးကြည့် လေ့မရှိတဲ့ အကြောင်းတရား အမျိုးမျိုးကို နားလည်သိရှိဖို့ မတူခြားနားတဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစား အားထုတ်လေ့မရှိတဲ့ ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း လူ့အဖွဲ့အစည်းမျိုးဟာ ပထမတော့ ထုံထုံထိုင်းထိုင်းဖြစ်ပြီး နောက်တော့ နောက်ပြန်ဆုတ်သွားမှာ အသေအချာ ဖြစ်တယ်။
ဒီလို နည်းနဲ့ပဲ ပညာရှင်များက လူ့ဘောင် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှု မျှော်လင့်ချက်တွေ ရှင်သန်စေခြင်း၊ လူ့အဖွဲ့အစည်းရဲ့ သဘာဝတရားနဲ့ ဦးတည်ရာ ပန်းတိုင်နဲ့ ပတ်သက်ပြီး မရပ်မနား စောဒကတက်ခြင်းစတဲ့ တာဝန်များကို ထမ်းဆောင်ရင်း အကျိုးပြုနေကြပေတယ်။
 ပါမောက္ခ ဂရေးလင်းက “ပညာရှင်ဆိုသူများက အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင် စားရုံမက ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်” လို့ ဆိုခဲ့သလိုပဲ၊ ကျွန်တော်တို့ ဆီက ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကလည်း “ပညာရှင်ဆို အသစ် အသစ် တွေကို အမြဲတမ်း ရှာဖွေ ဖော်ထုတ်နေရမယ်။ ကိုယ်ရှာဖွေဖော်ထုတ်ဖို့လို့ သိရှိတဲ့ အရာတွေကိုလည်း ကိုယ်သေရာ ယူမသွားဘဲ နောက်လူတွေကို ဖြန့်ဝေပေးနေရမယ်” လို့ ပြောခဲ့ပါတယ်။ ဆရာဟာ သူ ပြောတဲ့အတိုင်း သုတေသန အလုပ်တွေကို မရပ်မနား လုပ်နေရုံမက သူ ရှာဖွေဖော်ထုတ်သိရှိခဲ့ သမျှ တွေကိုလည်း စာအုပ်တွေ၊ စာတမ်းတွေ အဆက်မပြတ် ရေးသားသွားခဲ့တာ ဖြစ်တယ်။ “အသစ် အသစ် တွေ ရှာဖွေဖော်ထုတ်မနေရင် ပညာရှင် မဟုတ်ဘူး” လို့တောင် ဆရာက သူဝသီအတိုင်း ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာပါ။ 
ကိုယ်ပိုင် အတွေးအခေါ်အသစ်တွေ၊ အမြင်သစ်တွေ၊ ရှာဖွေတွေ့ရှိမှု၊ အသစ်တွေမပြုလုပ်နိုင်ဘဲ နဲ့ သူများရေးတဲ့စာအုပ်တွေဖတ်ပြီး ပြန်ပြောတတ်ရုံ ကိုးကားရွတ်ဆို ပြတတ်ရုံနဲ့တော “ပညာရှင်”လို့ ခေါ်နိုင်မယ် မထင်ပါဘူး။ ပညာတတ်သူ၊ စာဖတ်သူလို့ပဲ ခေါ်ရမယ် ထင်ပါတယ် စဉ်းစားကြပါကုန်။
လူထုစိန်ဝင်း

အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကြလေသတည်း (မောင်ဝံသ)


အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကြလေသတည်း

ပြီးခဲ့တဲ့အပတ်ထုတ် ကျွန်တော်တို့ရဲ့ ပြည်သူ့ခေတ်ဂျာနယ်အတွဲ (၂)၊ အမှတ် (၈၀) မှာ အယ်ဒီတာချုပ်က ``မြန်မာ့ နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်း စတင်ပြီ´´ လို့ အယ်ဒီတာ့အာဘော်ကနေ ရေးလိုက်တာ ဖတ်မိကြမယ်ထင်ပါ တယ်။
အဲဒီခေါင်းကြီးပိုင်းမှာ လွတ်လပ်ရေးခေတ်ဦးကနေ ၁၉၆၂ ခုနှစ်အထိကို ပထမပိုင်း၊ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိကို ဒုတိယပိုင်းလို့ သတ်မှတ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ ပေါ်ထွက်လာချိန်ကစကာ တတိယပိုင်း စတင်နေပြီဖြစ်တယ်လို့ ဆိုလိုက်တာဖြစ်တယ်ဗျ။ ခေါင်းကြီးဆရာရဲ့ သတ်မှတ်ချက်က ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အင်မတန်မှ ထူးခြားတဲ့ သမိုင်းဆိုင်ရာ အချိုးအကွေ့ကြီးတွေကို နယ်သပ်မျဉ်း သဘောထားပြီး သတ်မှတ် ထားတာမို့ ကျွန်တော်တို့အနေနဲ့ ဘာမှသဘောမတူစရာ မရှိဘူးဗျ။

သဝေထိုးသွားတာကို ပြန်သိမ်းတာ
အားလုံးသိကြတဲ့အတိုင်း မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းဟာ ပထမပိုင်းရဲ့ အဆက်လို့ ပြောရင်လည်း မမှားဘူးထင်တယ်ဗျ။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှသည် ၁၉၆၂ ခုနှစ်အထိ ကိုယ်စွဲကျင့်သုံးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အားယူ ပြင်ဆင်လိုက်တာကြောင့် ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွန့်ခွာကျောခိုင်းပြီး တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့တဲ့ လမ်းကနေ ဂငယ်ကွေ့ ပြန်ကွေ့ပြီး ]တွင်းဟောင်းရေကြည် အေးမြသည်}ဆိုသလို ပါတီစုံစနစ်ဟောင်းကို လက်တွေ့ကျကျ ပြန်လည်ကျင့်သုံးဖို့ စိုင်းပြင်းနေတာဖြစ်တယ်ဗျ။ စက်ဝိုင်း ဆွဲနေရင်း သဝေထိုးဖြစ်သွားတဲ့ အစကို ပြန်သိမ်းပြီး စက်ဝိုင်းရဲ့ မူလအစနဲ့ ပြန်ဆုံအောင် လုပ်ပေးဖို့ စတင် ကြိုးပမ်းအားထုတ်နေခဲ့ကြတာလို့ ပုံခိုင်းချင် တယ်ဗျ။

ခွန်အားတွေ ယုတ်လာပြီ

မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဇာတ်လမ်းတွဲ ပထမပိုင်းကို ကောင်းကောင်းကြီး သိမီလိုက်သူတွေဟာ အခုဆိုရင် အသက်အရွယ်အရ အကြမ်းဖျင်းပြောရရင် ၇၀ အထက်တွေ ရောက်နေကြပြီဗျ။ အဲဒီကာလကို ဆယ်ကျော်သက်အရွယ်နဲ့ ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တောင် ]ဆံဖြူသွားကျိုး ခါးရိုးကကုန်း}လို့ မဆိုနိုင်ရင်တောင် ကိုယ်ကာယခွန်အား ရှုထောင့်က ပြောမယ်ဆိုရင် အတော်ယုတ်လျော့လာနေကြပြီဗျာ။

ပျော်စရာ ဇာတ်ပေါင်းခန်းလား
သိကြတဲ့အတိုင်း ဇာတ်လမ်းတွဲ တတိယပိုင်းက ]ပျော်ရွှင်စွာဇာတ်ပေါင်းကြ လေသတည်း} ဆိုတဲ့ ၀ါကျနဲ့ အဆုံးသတ်မယ့် ဇာတ်သိမ်းပိုင်းလည်း ဖြစ်နိုင်ချေရှိနေတာကြောင့် ဇာတ်လမ်းတစ်လျှောက်လုံး (အထူးသဖြင့် ပထမပိုင်းမှာ) ကပြအသုံးတော်ခံခဲ့ကြတဲ့ ဇာတ်ဆောင်တွေပါ ပြန်လည် ပေါ်ထွက်လာကြပြီး မိမိတို့ သက်ဆိုင်ရာ အခန်းကနေ တာဝန်ကျေအောင် ပြန်လည်ဖျော်ဖြေတင်ဆက်နေတာမို့ ဇာတ်ရုပ်တွေ တစ်ရုပ်နဲ့ တစ်ရုပ် ရောထွေးမသွားရလေအောင် ကျွန်တော်တို့လို ပထမပိုင်းကိုကြည့်ခဲ့ဖူးသူ တွေတောင် မနည်းကြိုးစားမှတ်သားနေကြရတယ်ဗျ။
အကျိုးမဖြစ် ဥပဒေတွေ ဖျက်သိမ်း
မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာ ကြည့်လေရာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတာမျိုးမရှိဘဲ လှုပ်ခတ်ရွေ့လျားနေကြတယ်ဗျာ။ ]ရှေ့တိုးနောက်ဆုတ်တွေ ရှိနေသေးပေမယ့်} အစိုးရအဖွဲ့က အုပ်ချုပ်ရေး ယန္တရားဟာ ပြည်သူတွေကို အထိရောက်ဆုံး အလုပ် အကျွေးပြုနိုင်တဲ့ ယန္တရား ဖြစ်လာအောင် ကြိုးပမ်းလုပ်ဆောင်နေတာတွေရသလို လွှတ်တော်အရပ်ရပ်က လည်း ပြည်သူတွေအတွက် အကျိုးမဖြစ်နိုင်တဲ့ ဥပဒေတွေ ဖျက်သိမ်းဖယ်ရှားပြီး ပြည်သူတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ရှာဖွေစားသောက်နေထိုင်နိုင်ရေးကို အထောက် အကူဖြစ်စေမယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အားထုတ်နေကြ တာကို တွေ့ရတယ်ဗျ။
ဒီမိုကရေစီ ပီပြင်လာအောင်
တစ်ချိန်တည်းမှာ ဒီမိုကရေစီရဲ့ သော့ချက်ကျပါဝင်ပစ္စည်းတွေ ဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသည်းနှလုံးကို ယူကျုံးဖမ်းစားနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားလုပ်ဆောင်နေကြသလို နိုင်ငံရေး လောကသားတွေပဲ ဖြစ်ကြပေမယ့် မိမိတို့ကိုယ် မိမိတို့ နိုင်ငံရေးအာဏာနဲ့ ချိတ်ဆက်ထားခြင်းမရှိကြတဲ့ (တစ်နည်း) လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပဲလုပ်ဖို့ အားသန်နေကြဆဲဖြစ်တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားအုပ်စုတို့လို နိုင်ငံရေးအင်အားစုတွေကလည်း ဒီမိုကရေစီစနစ် ပီပြင်သထက် ပီပြင်လာအောင်၊ ကမ္ဘာတည်သရွေ့ အရှည်တည်တံ့ခိုင်မြဲရလေအောင် မိမိတို့နည်း မိမိတို့ဟန်နဲ့ အားသွန်ကြိုးပမ်းနေကြတာပဲဗျ။
ကိုယ့်ကိုယ်ကိုယ် သွေးနေကြသူတွေ
ဒီအချိန်မှာ အနာဂတ်တိုင်းပြည်ခေါင်းဆောင်တွေဖြစ်လာကြမယ့် နိုးကြားတက်ကြွတဲ့ လူငယ်တွေကလည်း နောက်ချန်မနေတာကို တွေ့ရတယ်ဗျ။ ကျောင်းသားလူငယ်တွေက ဒီမိုကရေစီစနစ်ရဲ့ ကျက်သရေတစ်ပါးဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းနေကြ သလို အခြားသောလူငယ်တွေကလည်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စာတမ်း ဖတ်ပွဲတွေကတစ်ဆင့် လူငယ်ချင်း ရင်းနှီးချစ်ကြည်မှုရအောင်၊ နိုင်ငံရေးအတွေးအခေါ်တိုးတက်မြင့်မားလာအောင် ကိုယ့်ကိုယ်ကို `သွေး´ နေကြတာ တွေ့ရတယ်ဗျ။

အခွင့်အရေးတွေ မဆုံးရှုံးစေဖို့
 
နိုင်ငံတစ်နိုင်ငံရဲ့ အရေးအကြီးဆုံးအင်အားစုကြီးနှစ်ခု ဖြစ်ကြတဲ့ အလုပ်သမားတွေနဲ့ လယ်သမားတွေကလည်း ဒီမိုကရေစီ အလေ့အကျင့် တွေကို စတင်စမ်းသပ်ကျင့်သုံးလာနေကြတယ်ဗျ။ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ကို ဦးထိပ်ထား အားကိုးအားထားပြုပြီး မိမိတို့ရဲ့ တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုးပမ်းနေကြသလို မိမိတို့ လူတန်းစားကို ကိုယ်စားပြုတဲ့ သမဂ္ဂများ ဖွဲ့စည်း နိုင်ရေးအတွက် ကနဦးခြေလှမ်းများ စလှမ်းနေကြပြီဆိုတဲ့သတင်းတွေကိုလည်း ကြားနေရတယ်ဗျ။

သတင်းတွေ `လှိုင်ပေါလယ်´
 
အဲသလို မြန်မာ့နိုင်ငံရေးလောကမှာ အရာအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေး (Inclusive politics) တစ်စ တစ်စ ပီပြင်ပုံပေါ်လာနေချိန်မှာ ကျွန်တော်တို့ မီဒီယာ (အထူးသဖြင့် ပုံနှိပ်မီဒီယာ) လောကသားအားလုံးဟာလည်း တရစပ် မရပ်မနား ပြေးလွှားလှုပ်ရှားနေကြရတယ်ဗျာ။ မကြာသေးခင်အချိန်ကအထိ တစ်ပတ်ကို သတင်းသုံးလေးပုဒ်ရေးတင်နိုင်ဖို့ ခက်ခက်ခဲခဲ ရှာကြံဖန်တီးနေခဲ့ကြရတဲ့ သတင်းဂျာနယ်သတင်းထောက်လေးတွေဟာ အခုဆိုရင် သတင်းတွေ ]လှိုင်ပေါလယ်} ဖြစ်နေကြပြီ ဗျ။ ဒီချုပ်ကို သတင်းလုပ်မလား၊ ရှစ်ဆယ့်ရှစ်ကို သတင်းလုပ်မလား၊ ပြည်ခိုင်ဖြိုးကို သတင်းလုပ်မလား၊ တစညကို သတင်း လုပ်မလား။ နောက်ဆုံးကုန်ကုန်ပြောရရင် အငြိမ်းစား ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လှုပ်ရှားမှုကတောင် သတင်းဖြစ်နေပြီဗျာ။ တစ်ချိန်က သူ့ရဲ့လှုပ်ရှားမှုတွေ နေ့စဉ်လိုလို သတင်းစာမှာပါခဲ့တုန်းက သတင်းမဖြစ်ခဲ့ပေမယ့် အခုတော့ သူ့ဇာတိပြန် ဘုရားဖူးတာတောင် သတင်းဖြစ်နေပြီဗျာ။ သတင်း ဆိုတာရဲ့ အခြေခံကိုက ပြည်သူတွေ စိတ်ဝင်စားရင် သတင်းဖြစ်တာကိုးဗျ။
သတင်းထောက်တွေမှာ သတင်းတွေပေါတော့ အယ်ဒီတာတွေလည်း အရင်လို ဒူးကလေးနှံ့ပြီး `ငြိမ့်´ နေလို့၊ `နှပ်´ နေလို့ မရတော့ဘူးပေါ့ဗျာ။ ဒီမိုကရေစီဆိုတာကိုက အပြိုင်အဆိုင်ကိုးဗျ။


ဖားတစ်ပိုင်း ငါးတစ်ပိုင်းဘဝ
 
အကုန်လှုပ်နေတဲ့ မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာ ကျွန်တော်တို့လို ``ဖားတစ်ပိုင်း ငါးတစ်ပိုင်း´´ နိုင်ငံရေးသမားတစ်ပိုင်း၊ သတင်းစာဆရာတစ်ပိုင်း လူမျိုးတွေဟာ ပိုတောင် အနားမရဘူးလား မပြောတတ်ပါဘူးဗျာ။ စာတွေ မပြတ်ရေးနေရတဲ့ကြားထဲ စာပေဟောပြောပွဲ လိုက်ရ၊ နိုင်ငံရေးပညာပေးဟောပြောရ၊ အင်တာဗျူးတွေ ဖြေရ၊ စာတမ်းပြုစုရ၊ အစည်းအဝေးတွေ အခမ်းအနားတွေ တက်ရ၊ ငြင်းရ ခုံရ ဖြေရှင်းရ၊ ခေါင်းခံရ စတဲ့ များလှတဲ့ ဗာဟီရတွေကြောင့် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ``ငါဘာလဲဟ´´ ဆိုပြီး မေးခွန်းတောင် ထုတ်မိလောက်အောင် ဦးနှောက်စားရသားဗျ။ သို့ပေမယ့် ပြည်သူ့ခေတ် ခေါင်းကြီးဆရာက ရည်ညွှန်းလိုက်တဲ့ မြန်မာနိုင်ငံရေး ဇာတ်လမ်းတွဲ တတိယပိုင်းကို ``ထိုသို့ တ ပြီးကား နောက်ဆုံးတွင်မူ မြန်မာပြည်သူတိုသည် ဒီမိုကရေစီပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြလေသတည်း´´ ဆိုတဲ့ ၀ါကျနဲ့သာ အဆုံးသတ်နိုင်မယ်ဆိုရင် ပင်ပန်းရကျိုး၊ ခေါင်းစားရကျိုး နပ်ပါပြီဗျာ။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေကြမ်းပါ အချက်အချို့ကို ပြန်လည်ပြင်ဆင်တော့မည်

 ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းပါ အချက်(၃)ချက်အား ပြန်လည်သုံးသပ်သင့်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကက ဖတ်ကြား ခဲ့သည်။
 နာယကကြီး၏ ဖတ်ကြားရှင်း လင်းချက်အရ အဆိုပါဥပဒေ၏ (က)၊ အခန်း(၄)၊ ပုဒ်မ (၇)(ဂ)တွင် မူလဝန်ကြီးဌာနက လွှတ်တော်သို့ ပေးပို့သော ဥပဒေကြမ်းပါ ညှိနှိုင်းေ ရွး ချယ်ရန် စာသားကို လျှို့ဝှက်ဆန္ဒမဲ ပေးရန်ဟု ပြောင်းလဲပြဋ္ဌာန်းမှုနှင့်စပ် လျဉ်း၍ဆယ်အိမ်စုအတွင်း ကိုယ် စားလှယ်တစ်ဦးအား မျက်နှာစုံညီ ညှိနှိုင်းရွေးချယ်ပေးမှု စနစ်သည် အချိန်တိုအတွင်း ဆယ်အိမ်စုများ အတွင်း၌ အများရှေ့မှောက်တွင် မျက်နှာစုံညီညှိနှိုင်း ရွေးချယ်မှုဖြစ်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက် ညီသူ ကိုယ်စား လှယ်တစ်ဦးအားရွေးချယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံအဆင့် ရွေးချယ်မှုသည် လုပ်ငန်းတာဝန် နည်းပါးသွားစေ ခြင်း၊ မလိုလားအပ်သော အုပ်ချုပ်မှု ဖြစ်စဉ်များ အား ကာကွယ်ပေးခြင်း၊ ငွေကြေးကုန်ကျမှုမရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သကဲ့ သို့ဆန္ဒမဲပေးခြင်းကြောင့် ကြီးမား ကျယ်ပြန့်လာသည့် ရှုပ်ထွေးမှုအား လုံးကို လျော့နည်းသွားစေမည်ဖြစ် ကြောင်း။(ခ)၊ အခန်း(၁၃)၊ ပုဒ်မ(၂၉) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ်များကို လယ်ယာမြေ တွင်ကောက်ခံရရှိသည့်အခွန်အ တွက် ရရှိမည့်ခိုင်ကြေးအပေါ်မှအချိုး ကျရငွေအဖြစ် ကျခံရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် လယ်ယာမြေမရှိသည့် ရပ် ကွက်နှင့်ကျေးရွာများ အခက် အခဲရှိလာနိုင်ကြောင်း။(ဂ)၊ အခန်း(၁၃)၊ ပုဒ်မ (၃ဝ)(က)တွင် ရုံးအသုံးစရိတ်များကိုကျခံရာတွင် ရငွေဖြင့် လုံလောက်မှု မရှိပါက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းခံနိုင်သည်ဟု ပြဋ္ဌာန်း ထားပါသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး အနေဖြင့်ထုတ်ပေးနိုင်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ခွင့်ပြုမိန့်ချမှတ်ပေးထား မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ထို့ကြောင့် ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းအပေါ် အကြံပြုချက် များကို ပြည်ထောင်စုလွှတ်တော်မှ သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းများ ပြု လုပ်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁ဝ၆(က)ပါ ပြဋ္ဌာန်းချက်အရနိုင်ငံတော်သမ္မတကပြည်ထောင် စုလွှတ်တော်သို့ ပေးပို့ ခဲ့သည်။ယင်းဥပဒေကြမ်းနှင့် ပတ် သက်၍ ဥပဒေကြမ်း ပူးပေါင်းကော် မတီက ပုဒ်မ(၇)(ဂ)တွင် မူလဝန်ကြီး ဌာနက လွှတ်တော်သို့ ပေးပို့သော ဥပဒေကြမ်းပါ ညှိနှိုင်းေ ရွးချယ်၍ ဟူသောစာသားအားအခန်း(၄)၊ ပုဒ်မ(၇) ‘စ’နှင့် ‘ဆ’တို့တွင် ဖော်ပြ ထားရှိမှုနှင့်အညီပြည်ထောင်စုလွှတ် တော်၏အတည်ပြုချက်အတိုင်းသာ လျှို့ဝှက်ဆန္ဒမဲပေး ရန်ဟု ထားရှိရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အများစု၏ဆန္ဒအရ သဘောတူ ဆုံး ဖြတ်ခဲ့ကြောင်းသိရသည်။”ဒါနဲ့ပတ်သက်လို့ ကျွန်တော် အနည်းငယ် ရှင်းလင်းတ င်ပြရရင် ပြည်ထောင်စုလွှတ်တော်က အ တည်ပြုလိုက်တာက ညှိနှိုင်းရွေး ချယ်ဖို့ မဲပေးဖို့ဆိုတဲ့စာသားကို လျှို့ ဝှက်ဆန္ဒမဲပေး၍လို့ ထားရှိဖို့ ကျွန် တော်တို့ဥပဒေကြမ်းေ က်ာမတီက သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ၄င်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားသည်။”ဒုတိယအချက်အနေနဲ့ အခန်း (၁၃)၊ ပုဒ်မ(၂၉)မှာ ပါရှိတဲ့ အပိုင်းကိုလည်း ထည့်သွင်းခြင်း မပြုရန် သဘောတူညီခဲ့ပါတယ်။ဒါဟာလည်းသမ္မတကြီးရဲ့သဝဏ် လွှာကို လိုက်နာတဲ့အနေနဲ့ ထည့် သွင်ြး ခင်းမပြုဘူးလို့ သဘောတူခဲ့ တယ်။ သို့ရာတွင်ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ သဘောထားမှတ်ချက်တစ်ခု တင်ပြ ချင်တာက ဥပဒေကြမ်း အခန်း (၁၃)၊  ပုဒ်မ(၃ဝ)(က)ကိုလည်းထည့် သွင်းခြင်းမပြုရန် ညှိနှိုင်းသဘောတူ ညီခဲ့ပါတယ်။ ဒါကြောင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များအတွက် ရုံးအသုံး စရိတ် များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းမှာ မြို့နယ်အလိုက် သင့် လျော်မည့်ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ်လျာထားရမည်ဟု ဆိုပြီး တော့ ကျွန်တော်တို့ ပူးပေါင်းကော် မတီက အကြံပြုတင်ပြခဲ့ပါတယ်။ ယင်းမူရင်းပုဒ်မ(၂၉)ကိုအစားထိုး ပြင်ဆင်ရန် ကျွန်တော်တို့အဖွဲ့မှ ညှိနှိုင်းသဘောတူ ရရှိခဲ့ကြပါတယ်” ဟု ၄င်းက ဆိုသည်။ပုဒ်မ(၂၉)တွင် ခွဲဝေသတ်မှတ်ထားသည့် ရန်ပုံငွေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက ညွှန်ကြားချက်များနှင့် အညီ မြို့နယ်အုပ်ချုပ်ရေး မှူးထံ တောင်းခံပြီး စနစ်တကျ သုံးစွဲရမည် ဟု ယင်းကော်မတီက ထည့်သွင်း ထားခဲ့ကြောင်း၊ ယင်းပုဒ်မ(၃ဝ)အားအစားထိုးလိုက်သည့်အတွက် ပုဒ်မ (၃၁)ကိုပါပယ် ဖျက် ရန်ထပ်မံသဘော တူညှိနှိုင်းခဲ့ကြောင်း သိရသည်။ထို့ကြောင့် ဥပဒေကြမ်းကော် မတီ၏ သဘောထားမှတ်ချက်အရ ကော်မတီမှ တာဝန်ရှိသူက ”မူလ ဥပဒေကြမ်း၏ အခန်း(၄)၊ ပုဒ်မ (၇)(ဂ) ကိုပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့သည့်အတိုင်း ထား ရှိပြီး ပုဒ်မ(၂၉)နှင့် ပုဒ်မ (၃ဝ)တို့ကိုအစားထိုးပြင်ဆင်ရန်လည်းကောင်း၊ ပုဒ်မ (၃၁) ကို ပယ်ဖျက်ပြီး ကျန် ပုဒ်မများအား အမှတ်စဉ် ပြောင်းလဲ သင့်သည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီကသဘောထားမှတ်ချက် ပြုအပ်ပါသည်။ ထိုသို့ ညှိနှိုင်းပြင် ဆင်ခဲ့သည့်အတိုင်း ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ကအတည် ပြုသင့်ပါကြောင်း ဥပဒေ ကြမ်းပူးပေါင်းကော်မတီကထောက်ခံတင်ပြပါသည်” ဟု ၄င်းကဆက်လက်၍ပြည်ထောင် စုလွှတ်တော်တွင် ပြောသည်။အဆိုပါ ဥပဒေကြမ်းနှင့် ပတ် သက်၍ နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်အား ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် များမှ ဆွေးနွေးလိုပါကဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေတွင် နောက်ဆုံးထားကာလွှတ်ေ တာ် ရုံးညွှန်ကြားရေး မှူးထံစာရင်းပေးသွင်းသွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော် နာယကကကြေညာခဲ့သည်။
အောင်ထက်(NYK)

ပြည်သူများအပေါ် ကောက်ခံသည့် အခွန် ၅ မျိုး တစ်ဆင့်ချင်း ဖြေလျှော့မည်

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်သူများအပေါ် ကောက်ခံသည့် အခွန် ၅ မျိုးအား ခေတ်ကာလ အခြေအနေပေါ်လိုက်ကာ ဖြေလျှော့ပေးသွားလိမ့်မည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဇယား ၁ အရ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ တံဆိပ်ခေါင်းအခွန်နှင့် အောင်ဘာလေထီခွန်တို့အား ပြည်ထောင်စုအစိုးရအဖွဲ့မှ ကောက်ယူခွင့်ရှိရာ၊ ထိုအခွန်တို့အား ဖြေလျှော့မည်ဖြစ်သည်ဟု ၄င်းကပြောသည်။ “ချက်ချင်းကြီး မဟုတ်တောင် တစ်ဆင့်ချင်း သွားလိမ့်မယ်။ အခုနိုင်ငံရဲ့ စီးပွားရေး အခြေအနေ၊ လူထုရဲ့ အခြေအနေတွေကို အမြဲမပြတ် အကဲခတ် စောင့်ကြည်နေတယ်။ လိုအပ်ပြီဆိုရင် ဆောင်ရွက်ပေးမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဘဏ္ဍာ/အခွန်အောက်ရှိ ပြည်တွင်း အခွန်မှာ ယခင်က အခွန်ကောက်ယူမှု ၅ မျိုး ရှိသော်လည်း အမြတ်ခွန်ဥပဒေ ရုပ်သိမ်းမှုကြောင့် ၄ မျိုးသာ ကောက်တော့ကြောင်း၊ ၄င်းဌာနအနေဖြင့် နိုင်ငံတော်နှင့် အခွန်ထမ်းအကြား ပေါင်းကူးကြားခံပေးသည့် အဖွဲ့တစ်ခုသာ ဖြစ်လိုကြောင်း တာဝန်ရှိသူက ဆိုသည်။ “ကိုယ့်လုပ်ငန်း အခြေအနေကို ကိုယ်ပွင့်ပွင့်လင်းလင်းပြော၊ မှန်မှန်ကန်ကန် အခွန်ဆောင်၊ ဒါဆို ပြီးပြီပေါ့။ ကျွန်တော်တို့လည်း စုံစမ်းရတာတွေ မလုပ်တော့ဘူး။ အခုက အမှန်ပြောကြားတဲ့သူ နည်းတယ်။ ကိုယ့်အခြေအနေက ဒီလောက်ရှိတယ်။ သတ်မှတ် ပမာဏကို ဆောင်၊ ဒါဆိုရင် လျှော့ပေးပါဦး၊ ဖြေလျှော့ပေးပါဦးဆိုတာ တောင်းဆိုစရာတောင် မလိုဘူး” ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်

မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန် အခွင့်အလမ်း (သို့ မဟုတ်) လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းချိန်



မြန်မာ့အလုပ်သမားထု လွတ်မြောက်ရန် အခွင့်အလမ်း (သို့ မဟုတ်) လွတ်လပ်သည့် အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းချိန်
အမှတ် (၂)

မြန်မာနိုင်ငံမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက အလုပ်သမားဥပဒေသစ်တရပ်ကို ပြဌာန်းလိုက်ပြီး တပြိုင်နက် ထဲမှာပဲ ၁၉၂၆ အလုပ်သမားသမဂ္ဂ ဥပဒေကို ဖျက်သိမ်းကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့စွဲနဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည် (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပြီး မြန်မာ့အလင်းသတင်းစာမှာ ထုတ်ပြန်အတည်ပြု ပြဌာန်း ကြေညာခဲ့ပါတယ်။
 ထို ဥပဒေပါအရ အလုပ်သမားအဖွဲ့ အစည်းများဖွဲ့ စည်းခွင့်ကို တရားဝင် မှတ်ပုံတင်ခြင်းနှင့်အတူ ဖွဲ့စည်းခွင့် ပြုလိုက်တာဟာ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်က ပျောက်ဆုံးမှိတ်သုန်နေတဲ့ အခြေအနေတစ်ရပ် ပြန်လည် ဖြစ်ထွန်းလာတာဖြစ်ပါတယ်။
 သို့ သော်လည်း သမဂ္ဂများဖွဲ့စည်းပြီး တရားဝင် မှတ်ပုံတင်ခဲ့ကြသော်လည်း သက်ဆိုင်ရာက မှတ်ပုံတင်အရာရှိ မခန့်အပ်ရသေးကြောင်း အတည်ပြုချက် ပြဌာန်းချက်တွေ အတည်မဖြစ်သေးကြောင်း စတဲ့ အကြောင်း ပြချက်တွေနဲ့  မှတ်ပုံတင်ခွင့်ကို ခွင့်မပြုသေးတဲ့ကိစ္စက တဆက်တည်းဆိုသလို ဖြစ်ပေါ်လာဟာ အုပ်ချုပ်ရေး ယန္တယားမှာ ပါဝင်တဲ့သူတွေရဲ့ လှည့်ကွက်လား ကစားကွက်လား ဆိုတာကတော့ ရှင်းလင်းတဲ့ အဖြေတခု ဖြစ်ပါတယ်။
 မည်သို့ ဖြစ်စေကာမူ အခုလို ဖြစ်ပွားမှုအပေါ်မှာ စိတ်ပျက်အားလျှော့ခြင်း၊ အပြစ်တင်ထောက်ပြ ဝေဖန်ရှုတ်ချနေခြင်းနဲ့ မှတ်ပုံတင်တာ မှတ်ပုံတင်ခွင့်မပြုဘူး၊ ခွင့်ပြုမှလုပ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ တွေဝေနေမယ့်အစား မိမိတို့ အလုပ်သမားထု တောင်သူလယ်သမားထုကြီးက ကိုယ်လုပ်စရာရှိတဲ့ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖေါ်ဆောင်နေရန်လိုအပ်ပါတယ်။
 နိုင်ငံတကာစံနဲ့ လွတ်လပ်တဲ့ အရသာ -
 မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အာဏာရှင် စစ်အုပ်စု အပါအ၀င် ခေတ်အဆက်ဆက် ဗိုလ်နေ၀င်း လက်ထက်ကစပြီး မည်သည့် အစိုးရ၀န်ထမ်း လုပ်သားပြည်သူ လူတန်းစားအလွှာအသီးသီး အားလုံးဟာ စစ်မှန်တဲ့ တရားဥပဒေဘောင်အတွင်းကနေ လွတ်လပ်တဲ့အရသာကို မည်သူကမှ အခုအချိန်အထိ နှစ်ပေါင်းများစွာ မခံစားခဲ့ကြရဖူးပါဘူး။
 အဲဒီလိုပဲ အုပ်ချုပ်သူ လူတန်းစားတွေဟာလည်း မည်သည့် အခါကမျှ အပြည်ပြည်ဆိုင်ရာစံနှုန်းနဲ့  ညီတဲ့လွတ်လပ်တဲ့ တရားဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ခြင်း မရှိခဲ့ဖူးပါ။ ဒါ့ကြောင့် အခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်လည်း လွတ်လပ်ပြီးမျှတတဲ့တရားဥပဒေရဲ့ အရသာကို သူတို့ကိုယ်တိုင် မလုပ်ကိုင်ဖူး မခံစားဖူးသေးတဲ့သူတွေ ဖြစ်တာနဲ့ အတူ စိုးရိမ်စိတ်တွေနဲ့ 
ဥပဒေတွေကို စမ်းသပ် ထုတ်ပြန်ပြဌာန်းပြီး လွတ်တော်မှာ အတည်ပြုချက်တွေ လုပ်နေတာကို သတိထား နားလည်ထားရမှာ ဖြစ်ပါတယ်။
 အခု မှတ်ပုံတင်ခွင့် မပြုသေးဖူးဆိုပေယ့် ထုတ်ပြန်တဲ့ ဥပေဒပြဌာန်းချက်အညီ အလုပ်သမားသမဂ္ဂတွေကို တရားဝင် စတင်ဖွဲ့  စည်းနေနိုင်ပြီး မိမိတို့အင်အား ကြီးမားသည်ထက် ကြီးမားလာအောင် တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ ဖွဲ့ စည်းခွင့်ပြုထားပြီး ဖွဲ့စည်းထားတဲ့ သမဂ္ဂကို တရားဝင် မှတ်ပုံတင်ခွင့် လာတဲ့အခါမှ တရားဥပဒေဘောင်အတွင်းက ပြည့်ဝပြီး လွတ်လပ်တဲ့ အခြေခံအလုပ်သမား အခွင့်အရေးတွေ၊ အလုပ်သမား ဥပဒေတွေကို ဆက်လက် တင်ပြတောင်းဆိုသွားနိုင်မှာဖြစ်ပါတယ်။
 အခုချိန်အခါကတော့ အစပျိုးတဲ့ အချိန်ကာလလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာစံနဲ့  စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး လွတ်လပ်တဲ့ အရသာကို ကိုယ်တိုင် ခံစားကျင့်သုံးတတ်ဖို့  အချိန်တန်ပြီဖြစ်ပါတယ်။
 တချိန်တခါက အလုပ်သမား အခွင့်အရေး --
 မြန်မာ့အလုပ်သမားထုကြီးမှာ တရားဥပဒေနဲ့ အညီ ပြည့်ဝပြီး လွတ်လပ်တဲ့ အခြေခံအလုပ်သမား အခွင့်အရေးတွေ ရှိခဲ့တဲ့အချိန်ကာလကို ညွန်းပြရမယ် ဖေါ်ပြရမယ် ဆိုရင်တော့ မြန်မာ့သမိုင်းမှာ အရေးကြီးလှတဲ့ မြန်မာနိုင်ငံတော်ရဲ့ ပထမဦးဆုံးသော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲခဲ့တဲ့ သမိုင်းဖြစ်စဉ်အကျဉ်းကို ဖေါ်ပြလိုပါတယ်။
 မြန်မာနိုင်ငံရဲ့  အနာဂတ်အုပ်ချုပ်ရေးအတွက် ၁၉၄၇ ခုနှစ် ဧပြီလ ၇ ရက်နေ့ မှာ တိုင်းပြည်ပြုလွတ်တော် ရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ပြီး တိုင်းပြည်ပြုလွတ်တော်ရဲ့  ပထမဆုံးညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ (၉) ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။
 ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ သခင်မြက လွတ်တော်၏သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဇွန်လ (၁၁) ရက်နေ့မှာ ဦးနုအား လွတ်တော်ဥက္ကဌအဖြစ် လွတ်တော်အမတ်များအားလုံးက ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
 ၁၉၄၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှ အချက် (၇) ချက်ပါတဲ့ လမ်းညွန်ပြဌာန်းချက် အဆိုတစ်ရပ်ကို လွတ်တော်မှာ တင်သွင်းပြီး မိန့် ခွန်းစကားပြောခဲ့ပါတယ်။ အဲဒီ အချက် (၇) ချက်ဟာ လွတ်တော်က လက်ခံအတည်ပြုမယ့် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့  အခြေခံအုတ်မြစ် ဖြစ်ခဲ့ပါတယ်။ ထိုအချက်များဟာ ၁၉၄၇ ခုနှစ် မေလ (၂၃) ရက်နေ့က ဂျူဗလီဟောမှာ ကျင်းပခဲ့တဲ့ ဖဆပလ ညီလာခံကြီးက တညီတညွတ်တည်း ချမှတ်လိုက်တဲ့ အဆိုများဖြစ်ပြီး တိုင်းပြည်ပြုလွတ်တော်အား တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
 ထိုအဆိုပြုချက်များအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲရန် အမတ် (၇၅) ဦး ပါဝင်တဲ့ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ပထမညီလာခံကို ဇူလိုင် (၁၈) ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။
 အဲဒီနောက် မြန်မာနိုင်ငံတော်ရဲ့ ကံကြမ္မာကို အတိမ်းစောင်းဖြစ်စေခဲ့တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရပါတယ်။
 ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ လွှတ်တော် တတိယညီလာခံကို စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ (၂၄) ရက်နေ့မှာပဲ လွတ်တော်မှ ရေးဆွဲတင်ပြကြတဲ့ အခြေခံဥပေဒကိုအတည်ပြုခဲ့ကြပါတယ်။ တတိယအကြိမ် (နောက်ဆုံး) ညီလာခံကို စက်တင်ဘာလ (၂၄) ရက်နေ့မှာ အပြီးသတ် ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို အပြီးသတ်ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြပါတယ်။
 နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒကို တိုင်းပြုပြည်ပြုလွတ်တော်က အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီး အတည်ပြုလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်တာနှင့်အညီ ဒီမိုကရေစီကို လိုက်နာကျင့်သုံးစေတဲ့ အခြေခံဥပဒေ တစ်ရပ်ဖြစ်ခဲ့ပါတယ်။
 အခြေခံဥပေဒထဲမှာ ဒီမိုကရေစီ မူလအခြေခံ အခွင့်အရေးတွေဖြစ်တဲ့ လူတိုင်းသည် ဇာတိမရွေး ကိုးကွယ်ရာ ဘာသာမရွေး၊ ယောက်ျား/ မိန်းမ မရွေး၊ လူမျိုးမရွေး နိုင်ငံတော်တရားဥပဒေတွင် အညီအမျှသာဖြစ်သည် ဟု ပြဌာန်းထားခဲ့ပါတယ်။
 တရားဥပဒေနှင့်လည်းကောင်း ငြိမ်ဝပ်ပိပြားရေးနှင့်လည်းကောင်း ပြည်သူ့ ကိုယ်ကျင့်တရားနှင့် မဆန့်ကျင်လျှင် နိုင်ငံသားများသည်
(က) လွတ်လပ်စွာပြောဆိုပိုင်ခွင့်
(ခ) လွတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းနိုင်ခွင့်
(ဂ) လွတ်လပ်စွာစုဝေးစည်းရုံးနိုင်ခွင့်
(ဃ) လွတ်လပ်စွာနေထိုင် လုပ်ကိုင်စီးပွားရှာနိုင်ခွင့်
(င) လွတ်လပ်စွာဆက်ဆံနိုင်ခွင့် တို့ကို ရနိုင်မည်ဟုဆိုထားပါတယ်။

ထို့ နောက် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ ရာဇ၀တ်မှု စသည်တို့ကိုလည်း ဖေါ်ပြထားပါတယ်။ ထို့ အတူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲတွင် တောင်သူလယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို အတိအကျ သတ်မှတ်ပြဌာန်းထားခဲ့တာကို တွေ့ရပါတယ်။
 နိုင်ငံတော်အနေနဲ့  ဘာတွေ လုပ်ပေးခဲ့သလဲ --
 အလုပ်သမားများအချင်းချင်း ဆက်နွယ် ဖွဲ့ စည်းနိုင်ကြစေရန်အတွက် နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ကူညီမယ်လို့ ကြေငြာခဲ့ခြင်း။ ဒါ့အပြင် အလုပ်သမားများကို စည်းရုံးရန်ကူညီခြင်း၊ အလုပ်လုပ်ရန် အချိန်နာရီကို ကန့် သတ်ပေးခြင်း၊ နှစ်စဉ်အားလပ်ရက်များ ရရှိနိုင်ရန် စီမံပေးခြင်း၊ အလုပ်ရုံ အခြေအနေကို ကောင်းမွန်လာအောင်ပြင်ဆင်ပေးခြင်း၊ စတာတွေကို ဥပဒေအဖြစ် သတ်မှတ်ပြဌာန်းပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားများနေရာ ထိုင်ခင်းနှင့် ထောက်ပံ့မှု အာမခံစနစ်တို့အတွက် စီမံချက်များ ပြုလုပ်ရန် ပြဌာန်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
 ဒါတွေဟာ အလုပ်သမားတွေအတွက် နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေဖြစ်ကြောင်းကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ အတိအလင်း ဖော်ပြပြဌာန်းထားခဲ့တာတွေ ဖြစ်ပါတယ်။ စစ်မဖြစ်မီကာလ အလုပ်သမားရေးရာ အက်ဥပဒေတွေဟာ လက်ရှိခေတ်နဲ့  ဆီလျော်ခြင်း မရှိတော့တဲ့အတွက် သက်ဆိုင်တဲ့ အက်ဥပဒေ (၈) ချက်ကို ပြင်ဆင်နိုင်ရန် ပြင်ဆင်ရေးကော်မတီကို ဖွဲ့ စည်းခဲ့ပြီး ဥပဒေသစ်များနဲ့ ပြင်ဆင် ပြဌာန်းချက်တွေကိုလည်း ပြဌာန်းခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီပြင်ဆင်ချက် အက်ဥပဒေများရဲ့  အကျိုးကျေးဇူးကြောင့် အလုပ်သမားများနဲ့ အလုပ်ရှင်တို့ရဲ့ ဆက်ဆံရေးမှာ များသောအားဖြင့် ချောမောပြေပြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
 အလုပ်သမားနဲ့ အလုပ်ရှင်ပဋိပက္ခ ဖြစ်ပေါ်မှုများမှာလည်း ၀ါဏိဇ္ဇ ပဋိပက္ခ ပြင်ဆင်ချက် အက်ဥပဒေအရ ဖွဲ့စည်းထားခဲ့တဲ့ ဖြန်ဖြေရေးယန္တရားကြောင့် ပြေငြိမ်းမှုတွေဖြစ်စေခဲ့တာကို တွေ့ ရှိရပါတယ်။ ဒီ့အပြင် ဖြန်ဖြေလို့ မရတဲ့ ပဋိပက္ခတွေကို စက်မှုလက်မှု သမာဓိခုံရုံး ဆိုတာကိုဖွင့်လှစ်ထားပြီး ဖြေရှင်းပေးနိုင်ခဲ့တာတွေ ရှိခဲ့ပြီး အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုတွေကိုလည်း ပြေလည်စေခဲ့တာကိုတွေ့ ရပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်အလုပ်သမား ဆက်သွယ်ရေးရုံးနဲ့  ၁၉၄၈ ခုနှစ် ဒီဇင်ဘာလမှာ မန္တလေးမှလည်း ဖွင့်ခဲ့တာကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြားမှာ စနစ်တကျ ဆက်သွယ်မှုတွေကို လုပ်ဆောင်ပေးတာတွေကို တွေ့ ခဲ့ရပါတယ်။
 ကောင်းမွန်တဲ့ အလုပ်သမားဥပဒေတွေ --
၁၉၅၀ ခုနှစ်မှာ အလုပ်အကိုင် သင်ကြားလေ့ကျင့်ပေးရေး အက်ဥပဒေကို ပြဌာန်းခဲ့တာကြောင့် ရန်ကုန်မှာ ဖွင့်ထားတဲ့ အလုပ်သမား ဆက်သွယ်ရေးရုံးတွေဟာ ပိုပြီးတည်တန့် ခိုင်မြဲလာခဲ့တာကိုတွေ့ ရပါတယ်။ အလုပ်သမားဆက် သွယ်ရေးရုံးတွေရဲ့ လုပ်ငန်းစဉ် တစိတ်တဒေသကို ဖေါ်ပြရရင် မြန်မာနိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ အလုပ်သမားတွေကို စနစ်တကျ အလုပ်ရှာပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကို တမြို့ မှတမြို့ ဒေသတခုမှ အခြားဒေသတခုသို့ ပြောင်းရွှေ့ပေးပြီး အလုပ်ရရှိစေခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း အလုပ်သမား လျော်ကြေးဥပဒေ ထုတ်ပြန်လိုက်တဲ့အတွက် မြင့်မားတဲ့ အလုပ်သမား လျော်ကြေးနှုန်းများကို အလုပ်သမားများ ရရှိခံစားခဲ့ကြရပါတယ်။
 ဆိပ်ကမ်း အလုပ်သမားများဆိုင်ရာတွင်လည်း အလုပ်အကိုင်အဆင်ပြေစေရန် ၁၉၄၈ ခုနှစ် ဆိပ်ကမ်း အလုပ်သမားများ အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းအရ အစိုးရ ကိုယ်စားလှယ်(၃) ဦး၊ အလုပ်ရှင် ကိုယ်စားလှယ် (၃) ဦး နှင့် အလုပ်သမား ကိုယ်စားလှယ် (၃) ဦးပါဝင်တဲ့ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ တခုရပ်ကို ဖွဲ့ စည်းပြီး ၁၉၅၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စတင်ပြီး စီမံကန်းအရ ဆိပ်ကမ်း အလုပ်သမားများ အိမ်ယာဆောက်လုပ်ရေး၊ ဆေးဝါးပေးကမ်းရေး စတဲ့ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့တာကိုတွေ့ ရပါတယ်။
 အလုပ်သမားများအကျိုးနှင့် ဗဟုသုတ ရရှိစေရန် မြန်မာနိုင်ငံ အလုပ်သမားပြန်တမ်း ခေါ်စာစောင်ကို ၁၉၄၈ ခုနှစ် ညွန်ကြားရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ဝေပေးခဲ့ပါတယ်။ အလုပ်သမားများ သက်သာချောင်ချိရေး အတွက် အလုပ်သမား စောင့်ရှောက်ရေးစခန်းတွေကို ရန်ကုန်မြို့ နဲ့ အခြားမြို့တွေမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီ့ရည်ရွယ်ချက်ကတော့ အလုပ်သမားတွေနဲ့ မှီခိုနေထိုင်သူမိသားစုတွေကို ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အပန်းဖြေရေး၊ ပညာဗဟုသုတ လိုက်စားရေးတို့ကို အားပေးကူညီရန်ဖြစ်ပြီး အလုပ်သမားတွေကို ဆူပူလှုံဆော်ရန် သွေးဆောင်ပြီး ကိုယ်ကျိုးရှာသူတွေရဲ့  အန္တရယ်က ကင်းဝေးစေရန် ဖြစ်ပါတယ်။
 အလုပ်သမားစောင့်ရှောက်ရေးစခန်းတွေမှာဆိုရင် ညကျောင်၊ စာကြည့်ခန်း၊ အိမ်တွင်းအိမ်ပြင်ကစားခုန်စားမှု၊ လူနာများအတွက် အခမဲ့ဆေးခန်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့  မိခင်တွေကို သူနာပြုဆရာမများမှ အကြံဥာဏ်ပေးခြင်းနဲ့  ကလေးများ နို့ မှုန့် ဝေပေးတာတွေ။ သက်ဆိုင်တဲ့ အာမခံစနစ်အတွက် စီမံကိန်းတစ်ခုကိုလည်း နိုင်ငံပေါင်းစုံ အလုပ်သမားအဖွဲ့ ချုပ်မှ ကျွမ်းကျင်သူတွေရဲ့  အကူအညီတွေနဲ့ ရေးဆွဲခဲ့ပါတယ်။
 ထို့ ပြင် လွတ်လပ်ရေး ရသည့်နေကစပြီး စက်ရုံအလုပ်သမားများ အများဆုံး အလုပ်လုပ်ချိန် တနင်္ဂနွေ တပတ်လျှင် (၄၄) နာရီ သာရှိရမယ်လို့  ကန့် သတ်ခဲ့တဲ့ စံမံချက်ဟာ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အလားတူဥပဒေတွေထက် ပိုမိုပြီးကောင်းမွန်ခဲ့ပါတယ်။
 ရှားပါးစရိတ်ကိစ္စမှာ ဆိုရင်လည်း လစားကော်မရှင် အကြံပေးချက်တွေနဲ့ ကိုက်ည်ီအောင်သတ်မှတ်ထားရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးး အလုပ်သမားတွေကို ရက်သတ္တပတ် (၁) ပတ် မှ (၆) ပတ် အထိ လစာမပျက်ခွင့်ပေးရန်တို့ ကို အလုပ်သမားခုံရုံးက သဘောတူညီ ခဲ့ပါတယ်။ အချိန်ပို လုပ်အားခတွေကိုလည်း ရိုးရိုးနှုန်းထက် နှစ်ဆပိုတိုးပေးခဲ့ပါတယ်။
 ကုန်တင်ကုန်ချ အလုပ်သမားများ အတွက်လည်း နေ့ စားမဟုတ်ပဲ အနည်းဆုံးလစာငွေသတ်မှတ်ပေးရန် အစိုးရက ဆုံးဖြတ်ပေးခဲ့ပါတယ်။ အချုပ်ဆိုရရင် အဲ့ဒီအချိန် ၁၉၄၇ ခုနှစ်က ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ကြီးမှာ တောင်းဆိုခဲ့တဲ့ အချက်တွေအပေါ်ကို လက်တွေ့ ဆောင်ရွက်ပေးနိုင်သမျှအားလုံးကို အစိုးရက အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တာကို တွေ့ ရပါတယ်။
 မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးနောက် လအနည်းငယ်အတွင်းမှာ လုပ်သမားများ တိုးတက်ရေးအတွက် အိုင်အယ်လ်အို ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်ကြီးရဲ့ အဖွဲ့ ဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ အဲ့ဒီလို အဖွဲ့ ဝင်ဖြစ်လာပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ၁၉၅၀ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကြီးရဲ့  (၃၃) ကြိမ်မြောက် အလုပ်သမားညီလာခံကြီး၊ ၁၉၅၁ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့တဲ့ (၃၄) ကြိမ်မြောက်ညီလာခံကြီးနှင့် နောင်နှစ်စဉ်ကျင်းပခဲ့တဲ့ ညီလာခံတွေကို မြန်မာနိုင်ငံက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်တွေ လက်တွဲ တက်ရောက် ဆွေးနွေးခွင့်တွေ ရခဲ့ကြပါတယ်။
 ထို့ အတူ အလုပ်သမားရေးရာတွင် တိုးတက်ခြင်းမရှိသေးတဲ့ အာရှနိုင်ငံများအတွက် အာရှတိုက် အလုပ်သမား ကိစ္စများ သီးသန့် ဆွေးနွေးရန် အိုင်အယ်လ်အိုမှ ဦးစီးပြုလုပ်တဲ့ အာရှနိုင်ငံများဆိုင်ရာ ညီလာခံကို ၁၉၄၈ခုနှစ် နယူးဒေလီမြို့  နဲ့  သီဟိုဠ်ကျွန်း အီးလီယားမြို့ တွေမှာ ကျင်းပခဲ့တဲ့ ညီလာခံတွေကိုလည်း မြန်မာအစိုးရ ကိုယ်စားလှယ်တော်များလည်း တက်ရောက်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
 ၁၉၅၁ ခုနှစ် ဇွန်လအတွင်း ဂျီနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ (၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်များရဲ့ ကြိုးပမ်းချက်ကြောင့် အိုအယ်လ်အို အဖွဲ့ ချုပ်ရဲ့  အုပ်ချုပ်ရေးအဖွဲ့  (Governing Body) တွင် ဒုတိယတန်း အုပ်ချုပ်ရေးကော်မတီ အသင်းသားအဖြစ် ပါဝင်ရွေးချယ်ခံခဲ့ရပြီးနောက် ထိုအချိန်က မြန်မာနိုင်ငံအစိုးရက အလုပ်သမားရေးရာတွေနဲ့ ပါတ်သက်ပြီး ထူးခြားတဲ့ ဆောင်ရွက်မှုတွေကြောင့် ပဌမတန်း အုပ်ချုပ်ရေးကော်မတီ အသင်းသားအဖြစ် ပါဝင် ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။
 ၁၈၅၄ ခုနှစ် ဇွန်လ (၃) ရက်မှ (၂၄) ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ကျင်းပခဲ့တဲ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကြီးမှာ လာမည့်နှစ်အတွက် အမှုဆောင်ကော်မတီ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဟာ အဖွဲ့ ဝင် (၆၉) နိုင်ငံအနက် မဲအများဆုံးဖြင့် ရွေးကောက် တင်မြှောက်ခြင်းကို ခံခဲ့ဖူးပါတယ်။ ဒီအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ထိုအချိန်ကာလများမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားရေးရာ လုပ်ငန်းတွေကို တကမ္ဘာလုံးက လေးစားကြည်ညိုခြင်းခံခဲ့ရတာ သိသာထင်ရှားလှပါတယ်။
 ဒါ့ကြောင့် လက်ရှိအစိုးရအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ ကင်းဝေစွာနှင့် ကမ္ဘာက လေးစား ကြည်ညိုခြင်း ခံရစေခြင်း အလို့ငှာ အခု ၂၀၁၂ ခုနှစ်မှာ ကျင်းပနေတဲ့ အမျိုးသားညီလာခံကြီးမှာ အခြေခံဥပဒေတွေကို အတည်ပြုခြင်း ပြဌာန်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများလုပ်နေတဲ့နေရာမှာ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးအတွက် အခြေခံ အလုပ်သမားထု အခွင့်အရေးတွေကို အပြည်ပြည်ဆိုင်ရာ စံနူန်းနဲ့အညီ မှန်ကန်သင့်တော်တဲ့ ဥပဒေတွေ ဆက်လက် ပြဌာန်းအတည်ပြုပေးရန်လိုပါတယ်။
 အဲဒီလိုပြင်ဆင်ဖြည့်စွက်ရာမှာလည်း အလုပ်သမား ဥပဒေရေးရာတွေကို တတ်ကျွမ်းတဲ့သူတွေနဲ့  အလုပ်သမားထုအတွင်း အဓိကလိုအပ်နေတဲ့ ဥပဒေတွေကို စနစ်တကျ လေ့လာပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ထို့ အတူ အလုပ်သမားထုကြီးနှင့် တောင်သူလယ်သမားထုကြီးကလည်း မိမိတို့ရဲ့ ရပိုင်ခွင့်အခြေခံ အခွင့်အရေးနဲ့  ဥပဒေတွေကို သမဂ္ဂများ အမြန်ဆုံး ဖေါ်ဆောင်ပြီး အလုပ်သမားဥပဒေများ ပြင်ဆင် ပြဌာန်းရေးအတွက် လက်ရှိကျင်းပနေတဲ့ ညီလာခံကို တင်သွင်းပြီး ၀ိုင်းဝန်း ဖေါ်ဆောင်ဖို့ လိုအပ်ပါတယ်။
 အလုပ်သမားထုကြီး အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အတည်ပြုပြဌာန်းခဲ့တဲ့ အလုပ်သမားရေး အက်ဥပဒေတွေကို (ပူးတွဲ ဖေါ်ပြပါ) လေ့လာကာ ဖြည့်စွက် ပြင်ဆင်ခြင်းများ ပြုလုပ်ပြီး လက်ရှိအစိုးရထံသို့ တင်သွင်းရန်လို အပ်ပါတယ်။ လက်ရှိအစိုးရကလည်း ထို ဥပေဒေများအား ပြန်လည်သုံးသပ် အတည်ပြုရန် လိုအပ်ပါတယ်။
 ဒါ့ကြောင့် - ကျစ်လစ်ခိုင်မာ အင်အားကြီးတဲ့ အလုပ်သမားသမဂ္ဂများ ဖွဲ့ စည်းကြပါစို့ - ကျစ်လစ်ခိုင်မာ အင်အားကြီးတဲ့ အလုပ်သမားသမဂ္ဂတွေကို ထူထောင်ရာမှာ စည်းရုံးရေးမှုးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ စည်းရုံးရေးမှုးများ အနေနဲ့ ဘာတွေ လုပ်ဆောင်ရမလဲ၊ စည်ရုံးရေးလုပ်ငန်းတွေကို ဘယ်လို ပုံဖေါ်ဆောင်မလဲ၊ စည်းရုံးရေးမှုးတွေမှာ ဘယ်လို အရည်အချင်းတွေရှိရမယ် ဆိုတာ..……. အလုပ်သမားသမဂ္ဂ ဆိုသည်မှာနှင့် သမဂ္ဂဖွဲ့ စည်းပုံတို့အား အပိုင်း (၃) တွင် ဆက်လက် ဖေါ်ပြပါမည်။
 မြန်မာနိုင်ငံတွင် လွတ်လပ်စစ်မှန်သည့် အလုပ်သမားသမဂ္ဂ ပေါ်ထွန်းရေးကို ရည်းမှန်း၍
 ချိုမောင်  အလုပ်သမားရေးရာ လေ့လာသူ
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်။
 - ပူးတွဲ -
 အလုပ်သမားရေးရာ ဥပေဒေများ (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်)
 ၁) အလုပ်အကိုင်နှင့် သင်ကြားလေ့လာကျင့်ရေး ဥပဒေ။
၂) အလုပ်သင် ဥပဒေ။
၃) အလုပ်ခန့်ထားမှု ကန့် သတ်ရေး ဥပဒေ။
၎) အလုပ်ရုံများ အက်ဥပဒေ။
၅) လုပ်ခပေးရေး အက်ဥပဒေ။
၆) အနည်းဆုံး အခကြေးငွေ ဥပဒေ။
၇) အလုပ်သမားလျော်ကြေး ဥပဒေ။
၈) ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေ။
၉) ကလေးသူငယ်များ ခိုင်းစေမှု ဥပဒေ။
၁၀) ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေ။
၁၁) လူမှုဖူလုံရေး ဥပဒေ။
၁၂) ၀ါဏိဇ္ဇ ပဋိပက္ခ ဥပဒေ။
၁၃) အလုပ်သမားသမဂ္ဂ အက်ဥပဒေ။
၁၄) အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်း ဥပဒေ။
၁၅) ဆိပ်ကမ်းအလုပ်သမား အက်ဥပဒေ။
၁၆) ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေ။
၁၇) ဆိပ်ကမ်းများ ဥပဒေ။
၁၈) ရန်ကုန်ဆိပ်ကမ်း ဥပဒေ။
၁၉) နယ်ဆိပ်ကမ်း ဥပဒေ။
၂၀) ရေကြောင်းပြ ဥပဒေ။
၂၁) သတ္တုတွင်း ဥပဒေ။
၂၂) ရေနံမြေ ဥပဒေ။
၂၃) ရေနံမြေအလုပ်သမား သက်သာချောင်ချိရေး ဥပဒေ။
၂၄) လယ်ယာအလုပ်သမား အနည်းဆုံးအခကြေးငွေ ဥပဒေ။
၂၅) ပြည်ပသွားလာမှု ဥပဒေ။
၂၆) မီးရထား အက်ဥပဒေ။
၂၇) ပြည်တွင်းရေကြောင်း ဥပဒေ။
၂၈) မြန်မာနိုင်ငံလေယာဉ် ဥပဒေ။
၂၉) ရေကြောင်းပြ ဥပဒေ
၃၀) မြန်မာနိုင်ငံ မီးပြတိုက်များ ဥပဒေ။
………………….
Ma May ထံမှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

 
မေးထဲကို ရောက်လာပါတယ် ကြားရတာကတော့ စိတ်မချမ်းသာစရာပါပဲ ဇေယျာသော်ရှုံးပြီ တဲ့ နေပြည်တော်က လာတဲ့ သတင်းပါ ကြိုတင်မဲ စာရင်းတွေအရ ဇေယျာသော် ဘယ်လိုမှ မနိုင် နိုင်တော့ဘူးတဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှာ ကျေးရွာတချို့ နဲ့ ၀န်ထမ်းအိမ်ရာတွေပဲရှိတယ် ရွာကြီးဆိုလို့ ကျည်တောင်ကန်ရွာလားပဲရှိတာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြေကွက်ပေး အိမ်ဆောက်ပေးထားတဲ့ ရပ်ကွက်ကြီးတွေက နဲတဲ့အရေအတွက်မဟုတ်ဘူးတဲ့ အိမ်ထောင်စု စာရင်းအရ ရွာတွေအားလုံးပေါင်းထားတာထက် ၃ ဆလောက်ရှိမယ်တဲ့ အဲဒီရပ်ကွက်တွေမှာ လူမနေသေးဘူးတဲ့ ၊ အိမ်တွေ အားလုံးနီးပါးက တံခါးတွေပိတ်ထားကြတာတဲ့ ဆေးရုံလမ်းဆုံနားက လူနေတဲ့အိမ်တွေကျတော့လည်း အိမ်ငှားတွေချည်းပဲတဲ့ လူလာမနေတဲ့ အိမ်တွေအများကြီးကို ကြိုတင်မဲ အတင်းပေးခိုင်းထားတယ်တဲ့ အဲဒီစာရင်းနဲ့တင် ရွာတွေဘက်ကမဲတွေ ဇေယျာသော် ဘယ်လောက်ရရ ရှုံးပြီတဲ့ စိတ်မကောင်းပါဘူး မေးထဲက ပုဗ္ဗသီရိ မြေပုံတွေကို တင်ပေးလိုက်ပါတယ် ဓါတ်ပုံ ရရင် ထပ်ပို့ပေးပါလို့ တောင်းထားတယ် ဒီသတင်းကို ကွန်ဖန်း လုပ်ပေးကြပါအုံး နေပြည်တော်ရောက်မယ့်သူတွေ အဲဒီ ပုဗ္ဗသီရိ ကို သွားကြည့်ပေးကြပါအုံး ဒီလို လူတွေကို အနိုင်ကျင့် အတင်းမဲထည့်ခိုင်းတာတွေ မပျောက်ကြသေးဘူးလား

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု

ဧရာဝတီ အွန်လိုင်း စာမျက်နှာမှ
 ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူတွေ ပျော်ရွှင်ကြတဲ့ နေ့ ဖြစ်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ၀န်ကြီးချုပ် ဟောင်း ဦးနု ဟာ ကမ္ဘာမြေကို အပြီးတိုင် နှုတ်ဆက်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။
ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။ ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။ ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။
ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။ ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။ ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။
အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။
ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်(ထောင်ထဲမှာ ခေါ်သော နာမည်က ကြွတ်ကြွတ်အိတ်)ကို တွေ့ပါတယ်။
 ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကားပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။
 “န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။

ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။
 ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။
 သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။
 ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။
 ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။
 ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။
 ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်းနွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။ ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။
 သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း  လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။
 ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်းပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။
 အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။ အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။
 ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။ အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။
 ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။

ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။ ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။
 ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်နှင့် တရားဥပဒေစိုးမိုးမှု

လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရက်တစ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ အာဏာရှင်နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊တရားစီရင်ရေးအဖွဲ့ ၊ ဥပဒေပြုခွင့်ရသူတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေဟာ သိတ်ပြီးနီးစပ်သွားရင်၊ ပြည်သူလူထုဟာ သူတို့ရဲ့ အမှန်တရားအတွက် ရွေးချယ်နိုင်မှုအခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ကြရတယ်။ ပြောင်းလဲနေပြီ ဆိုတဲ့ကျနော်တို့နိုင်ငံမှာ “တရားဥပဒေစိုးမိုးမှု ဆိုတဲ့ဝေါဟာရ” တကယ်ပေါ်ပေါက်နေခဲ့ပါသလား။
ဒီတပတ် လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း ( ဖေဖေါ်ဝါရီ ၁၄) ရက်နေ့မှာ တင်ဆက်ခဲ့တဲ့ ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
ဆာဟာရရဲ့ တစိတ်တဒေသဖြစ်တဲ့ အာဖရိကနိုင်ငံတွေ ဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေ ကြီးစိုးရာနေရာ တခု ဖြစ်ပါတယ်။ တူနီးရှား၊ အီဂျစ် နဲ့ လစ်ဗျားနိုင်ငံတွေမှာ အာဏာရှင်စံနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေဟာ အဲ့ဒီ ဆာဟာရဒေသတွေ ဆီကို တဖြည်းဖြည်း ရိုက်ခပ်လာတော့မယ် လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆာဟာရ အာဖရိကန်အာဏာရှင်တွေ ဟာ သူတို့ရဲ့ တိုင်းပြည်တွေကို ပိုင်နိုင်စွာချုပ်ကိုင်နိုင်ခဲ့ပါတယ်။
“ ဖိနှိပ်မှုကို ဆန့်ကျင်နေတဲ့ လူ့အဖွဲ့အစည်းတွေ တလျှောက်လုံးတွေ့နေရစဉ်မှာပဲ သမိုင်းကို သင်ခန်းစာမယူတတ်တဲ့ သူတွေက ရှိနေသေးတယ်လေ။ တခါတလေကျတော့ ဒီမိုကရက်တစ်နိုင်ငံတခုလို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေဟာ အာဏာရှင်စံနစ် ဆီကို ကူးပြောင်းဖို့ကြိုးစားနေတာကိုလည်းတွေ့နေရတယ်။ ကျနော်တို့ ဆီနီကော နိုင်ငံဟာ ပြင်သစ်ဆီက လွတ်လပ်ရေးရခဲ့တယ်။ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့  “ လီယိုပိုလ်ဒ် ဆန့်ဟာ” ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပြင်သစ်နိုင်ငံမှာ ပညာကောင်းမွန်စွာသင်ကြားခဲ့တဲ့ ပညာတတ်တယောက်ဖြစ်ပြီး၊ ကဗျာဆရာ၊ အတွေးအခေါ်ဆရာတယောက်အဖြစ်ထင်ရှားခဲ့ပါတယ်။ ဆီနီကော နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို သူကိုယ်တိုင်ရေးဖွဲ့ခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ ပထမဆုံးသမ္မတဖြစ်လာခဲ့ပြီး၊ ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံ အဖြစ်တက်လှမ်းခဲ့တယ်”ဆီနီကောနိုင်ငံရဲ့သမ္မတ ဆန့်ဟာ ဆိုသူဟာ အာဖရိကန်ဝါဒီတဦးဖြစ်သလို၊အာဖရိကန်ပုံစံ ဆိုရှယ်လစ်စံနစ် ကို ဦးတည်သွားချင် သူလည်း ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ သူရွေးချယ်ခဲ့သူတဦးကို ချောမွေ့စွာ အာဏာလွှဲပြောင်းခဲ့ပါတယ်။ ဂမ်ဘီယာ နိုင်ငံနဲ့ ဖက်ဒရေးရှင်း ထောင်ဖို့ကြိုးစားခဲ့ပေမဲ့ အချိန်တိုအတွင်းမှာပဲ ပြန်လည်ခွဲထွက်ခဲ့ပါတယ်။ တောင်ပိုင်းဒေသ ‘ကဆာမန့်’ ခွဲထွက်ရေးသမားတွေ၊ လမ်းဘေး အဓိကရုဏ်းတွေကို ရံဖန်ရံခါတွေ့နေရပေမဲ့၊ ဆီနီကော နိုင်ငံဟာ ဒီမိုကရက်တစ်နိုင်ငံပီသ စွာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။ ပြည်သူလူထုတွေရဲ့ ဆန္ဒကိုအလေးထား ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ်မှာ “အ(ဗ)ဒေါ်လေ ဝိတ်” ဟာ အာဏာရယူခဲ့ပါတယ်။
ဆီနီကော သမ္မတ “ အ(ဗ) ဒေါ်လေ ဝိတ် ” လက်ထက်မှာ ပြဿာပေါင်းများစွာ စတင်လာခဲ့ပါတယ်။ သူ ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ IMF အကြီးအကဲတွေကို ဖိတ်ခေါ်၊ ညစာတည်ခင်းပြီး၊ အမေရိကန်ဒေါ်လာ နှစ်သိန်း ပါဝင်တဲ့ ငွေအိပ်တွေကို “ နှုတ်ဆက်လက်ဆောင်” အဖြစ်ပေးအပ်လေ့ရှိပါတယ်။ “ အာဖရိကန်ပြန်လည်ဆန်းသစ်မှု ပရောဂျက်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေးသွန်းရုပ်တွေကို ငွေပုံအော သုံးခဲ့သလို၊ ခရစ်တော် ရဲ့တည်ရှိမှုကို ငြင်းပယ်ခဲ့မှု့ကြောင့်လည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ သူ့ရဲ့လက်ထက်မှာ ခြစားအကျင့်ပျက်တဲ့ နိုင်ငံရေးသမားအများအပြားမွေးထုတ်ပေးခဲ့ပါတယ်။
သူ့ရဲ့ဆွေမျိုးမိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေသာ ချမ်းသာခဲ့ကြပေမဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်း အကြပ်အတည်းတွေ့လာခဲ့ပါတယ်။
“ နိုင်ငံအသီးသီးက တိုင်းပြည်မတည်ငြိမ်မျှုတွေတိုင်းမှာ တူညီတဲ့အချက်တခုတော့ ရှိတာပေါ့။ ကုန်ဈေးနှုန်းကြီးမြင့်၊ နိုင်ငံရေးစံနစ်ကို လက်ဝါးကြီးအုပ်ချယ်လှယ်မှု ဆိုတာတွေက အဓိကပါဝင် တာပေါ့။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ပေါင်မှုန့် နဲ့ စားဝတ်နေရေးဖူလုံမှု အကြောင်းတွေချည်း မဟုတ်ဘူး။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်လာတယ်။ ”
ဆီနီကော သမ္မတ “ အ(ဗ) ဒေါ်လေ ဝိတ် ” ဟာ သူ့ရဲ့ ပြည်သူလူုထုအပေါ် ဥပေက္ခာပြုမှုကြောင့် ဆုတ်ပြတ်နိမ့်ဆင်းနေတဲ့ တိုင်းပြည်ကို တစက်မှ ပြန်လည်မသုံးသပ်ခဲ့ပါဘူး။ ဆွေစဉ်မျိုးဆက် အုပ်ချုပ်မဲ့ အကြံအစည်တခုကို သွပ်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဆီနီကောနိုင်ငံဟာ  အနောက်အာဖရိက နိုင်ငံတွေအနက် စစ်အာဏာသိမ်းမှု လုံးဝကင်းလွတ်တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အ(ဗ) ဒေါ်လေ ဝိတ် ဟာ အခြေခံဥပဒေ ဆိုင်ရာ စစ်အာဏာသိမ်းမှုတခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ သမ္မတ သက်တမ်းမကုန်ခင်မှာ “ ဘုရားသခင်က ကျနော့ကို ကျန်းမာသန်စွမ်းတဲ့ အခြေအနေတွေကိုပေးနေသရွေ့ တိုင်းပြည်ကိုဆက်လက် အုပ်ချုပ်နေအုံးမှာပဲ၊” “ ကျနော်ပြန်လာ ခဲ့ပါမယ်” စတဲ့ စကားတွေကို လူထုရှေ့မှာ ပြောင်ပြောင်တင်းတင်း ထုတ်ပြောနေခဲ့ပါတယ်။ ဆီနီကော နိုင်ငံရဲ့ အခြေခံဥပဒေအရ၊ သမ္မတ သက်တမ်း၊ နှစ်ခု အဖြစ်သာ သတ်မှတ်ထားခဲ့ပေမဲ့ “အဗဒေါ်လေဝိတ်” ဟာ သူ့လက်ထက်မှာ တတိယသက်တမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နိုင်တယ် ဆိုတဲ့ အချက်ကို ပြင်ဆင်ရေးဆွဲလိုက်ပါတယ်။ သူနဲ့ အဓိက ပြိုင်ဘက် လို့ ယူဆထားခံရသူ၊ ကမ္ဘာကျော် အဆိုတော် “Youssou N’ dor” ကိုလည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပါဝင်မဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ချပစ်ခဲ့ပါတယ်။
“ ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲကတည်းက သမ္မတ ဝိတ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့ကြတယ်။  မဲမသမာမှုတွေ လုပ်မယ်ဆိုတာကို သိနေကြတာကြောင့် အဓိက အတိုက်အခံပါတီက သပိတ်မှောက်ခဲ့တယ်။ ဒီမိုကရက်တစ်နိုင်ငံဆိုပေမဲ့ ဆီနီကော သမ္မတဟာ သူ့ရဲ့ အာဏာကိုချဲ့ထွင်၊ သူနဲ့နီးစပ်တဲ့ သူတွေကို စီးပွားရေးလုပ်ကိုင်ခွင့်တွေပေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ဆီက အခွင့်အရေးမှန်သမျှကို ရအောင်ယူခဲ့ကြပြီး သူ့အသိုင်းအဝိုင်းကို ကြီးထွားအောင်လုပ်ခဲ့တယ်။ အဆိုးဆုံးကတော့ တရားဥပဒေ ရေးရာ ဋ္ဌာန ကို အိပ်ထဲထည့်ပြီး အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပစ်လိုက်မှု ပဲ ဖြစ်တယ်။ တကယ်တော့ ပြည်သူတွေက သူ ဖန်တီးခဲ့တဲ့ ဆင်းရဲကြပ်တည်းမှုတွေအောက်ကနေ ရုန်းထွက်ချင်နေကြတော့ သူ့ကို အလိုမရှိကြတော့ဘူးလေ”
ဒီမိုကရေစီနည်းကျကျ အသွင်ကူးပြောင်းရေးတွေနဲ့ချောမွေ့တည်ငြိမ်ခဲ့တဲ့ နိုင်ငံ လို့ အမည်တွင်ခဲ့တဲ့ ဆီနီကော နိုင်ငံရဲ့ အခြေအနေတွေက ပြောင်းလဲခဲ့ပါပြီ။ မြို့အသီးသီးမှာ လူထုရဲ့ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးရဲတပ်ဖွဲ့ကလည်း အကြမ်းဖက်ဖြိုခွဲကြပါတယ်။ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ တခုမှာ ပါဝင်ခဲ့သူ ဘွဲ့လွန်ကျောင်းသားတယောက်ဟာ ရဲအရာရှိတွေရဲ့ ရိုက်နှက်ပစ်ခပ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ အလောင်းပေါ်ကို လူထုဖြိုခွဲဖို့ ရောက်လာတဲ့ ရေကားကြီးတခုက ဖြတ်ကြိတ်တက်နင်းသွားပုံကို ရုပ်မြင်သံကြားသတင်းမှာ တွေ့မြင်လိုက်ရတဲ့ ပြည်သူတွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး ဆီနီကော အစိုးရကို ဆန့်ကျင်ကြဖို့ ဆော်သြလိုက်ကြပါတယ်။ မြို့တော် ဒကာ အပါအဝင် ဒေသတော်တော်များများမှာ အစိုးရရဲ့ အခြေခံဥပဒေ အာဏာသိမ်းပိုက်ရေးကြိုးပမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ ကြိုးစားနေကြပါတယ်။ ဆန္ဒပြ ခေါင်းဆောင် တဦးကတော့ “ ကျနော်တို့နိုင်ငံရဲ့ ကြေကွဲဘွယ် အပြောင်းအလဲကတော့ သမ္မတ ရဲ့
အာဏာစက်နဲ့ဥပေဒေပြုအဖွဲ့ဟာသိတ်ပြီးနီးစပ်လွန်းတယ်။  သမ္မတ နဲ့ လွှတ်တော်ရဲ့ ဆန္ဒကို ထိန်းညှိ စစ်ဆေးမဲ့ ဥပဒေအရာရှိတွေ မရှိတော့တဲ့အခါမျိုးကျ တိုင်းပြည်ဟာ အာဏာရှင်စံနစ် ဆီကို ဦးတည်သွားတော့တယ်လေ”
သောတရှင်များခင်ဗျား
မကြာသေးမီရက်များအတွင်းက ပုသိမ်ခရီးစဉ်ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်ဆန်းစုကြည်ဟာ ဥပဒေ စိုးမိုးရေးအကြောင်းကို  တခုတ်တရပြောသွားခဲ့ပါတယ်။ တခြားတဘက်မှာတော့ အာဏာရအစိုးရဟာ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အတွက်လည်း ကြိတ်ပုန်းပြင်ဆင်နေမှု တွေက ရှိနေပါတယ်။မန္တလေးမြို့နဲ့ နယ်မြို့တချို့တွေမှာ ဆိုရင်၊ ၂၀၁၀ ရွေးကောက်ပွဲတုံးကလိုပဲ၊ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ  ကြိုတင်မဲတွေကိုလိုက်လံကောက်ယူနေပါတယ်။ တရားဥပဒေ စိုးမိုးမှုကို ပိုင်ဆိုင်ဖို့ဆိုတာ၊ ခြစားအကျင့်ပျက်၊ ဘက်လိုက်မှု ရှိတဲ့  ဥပဒေပြုကောင်စီ မတည်ရှိဖို့လိုပါလိမ့်မယ်။ သောတရှင်တို့လည်း လူထုဆန္ဒ နဲ့ လူထုပါဝါ ထပ်တူကျမဲ့နေ့တွေကို ပိုင်ဆိုင်ကြပါစေ။

*****သူတို့လုပ်ပေးလိုက်ရင် မြစ်ဆုံက ပိုလှလာမယ်၊ ဒေသခံတွေက ခမ်းနားကြီးကျယ်တဲ့ စံအိမ်တွေမှာ နေနိုင်မယ် ဆိုပြီး တရုတ်မီဒီယာတွေမှာ ပြောနေ*****

မြစ်ဆုံစီမံကိန်း ကောင်းကြောင်း စာအုပ်စာတမ်းများ ကချင်ဒေသခံများတွင်းသို့ CPI ဖြန့်ဝေ
ဇန်မြတ် (ရွှေမြစ်မခ- ကချင်)


မြစ်ဆုံရေကာတာစီမံကိန်းတည်ဆောက်ရန် စာချုပ်ချုပ်ထားသည့် တရုတ်ကုမ္မဏီ((China power investment Co, -CPI)က ရေကာတာအကြောင်း အမွှမ်းတင် ရေးသားထားသော စာအုပ်စာတမ်းများကို ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်များနှင့်စာအုပ်များကို မြစ်ကြီးနားမြို့နယ် အောင်မြေသာနှင့်မလိယန် ကျေးရွာတို့ တွင် CPI ၀န်ထမ်းများက ဒေသခံတို့ကို ပေးဝေခဲ့ကြောင်း ဒေသတွင်း ဖွံဖြိုးရေးလုပ်ကိုင်နေသူများက ဆိုသည်။

“လွန်ခဲ့တဲ့နှစ်ပတ်လောက်က အဲ့ဒီရွာတွေမှာ ဝေတယ်လို့သိရတယ်၊ အထဲမှာတော့ စီမံကိန်းကြီးက ကောင်းကြောင်း၊ သေချာတည်ဆောက်မှာမို့ဘေးမများနိုင်ကြောင်းတွေကို အမွမ်းတင်ရေးထားတယ်” ဟု အမည်မဖော်လိုသည့် မြစ်ကြီးနားမြို့ခံ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက ရှင်းပြသည်။

အောင်မြင်သာနှင့် မလိယန်ကျေးရွာများမှာ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖဲရွာမှ ရွေ့ပြောင်းလိုက်ရသည့် ရွာသားများ နေထိုင်သည့် ကျေးရွာများဖြစ်ပြီး၊ မြစ်ဆုံနှင့်(၁၀)မိုင်ခန့် ကွာဝေးသည်။

မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းထားသော်လည်း အခြားစီမံကိန်းများဖြစ်သည့် ချီဗွေ၊ ပါရှဲ၊ လာခင်၊ ဖီဇော်၊ ခေါင်လန်ဖူး၊ လာဆာစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်နေကြောင်းနှင့် လက်ရှိအချိန်တွင် ချီဗွေရေအားလျှပ်စစ်ထုတ်လုပ် ရေးစီမံကိန်းအတွက် လမ်းများ ဖောက်လုပ်နေသလို ထိုဒေသသို့ တရုတ်အလုပ်သမားများ ပိုမိုဝင်ရောက်လာ ကြောင်း ၄င်းဒေသခံက ဆက်ပြောသည်။ချီဗွေရေအားလျပ်စစ်စီမံကိန်းတည်ဆောက်နေသည့် China Power Investment (CPI)ကုမ္မဏီမှာ လက်ကမ်း စာစောင်နှင့်စာအုပ်များအား ဖြန့်ချီနေသလို တဘက်တွင်လည်း စီမံကိန်းဆက်လက် လုပ်ဆောင်ရန် ဒေသခံ များအား စည်းရုံးလျက်ရှိကြောင်း သိရသည်။

“ချီဗွေမှာလဲ ရွာသားတွေကို ဘာလုပ်ပေးရမလဲ မေးတယ်၊ စီမံကိန်းကောင်းကြောင်းရေးထားတဲ့စာအုပ်တွေ မြစ်ကြီးနားမှာ လဲဝေတယ် ကျွန်တော်တို့ တောင်ရတယ်“ ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း တစ်ခုဖြစ်သည့် Eco Dev မှ ဦးဝင်းမျိုးသူက ပြောသည်။စီမံကိန်းများ၏ ကောင်းကြောင်းရေးထားသည့် အစီရင်ခံစာများနှင့် သုတေတနပြုချက် များကို တရုတ်ကုမ္ပဏီက ထုတ်ပြန်လျက်ရှိပြီး မြန်မာအစိုးရထံး စိတ်ပြောင်းလဲစေရန် လုပ်ဆောင်နေဖြင်းဖြစ်သည်ဟု လေ့လာသူများက ယူဆနေသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်းက CPIကုမ္မဏီမှ ကိုယ်စားလှယ်များက နေပြည်တော်ရှိ အစိုးရအာဏာ ပိုင်များ၊ အရပ်ဘက်လူအဖွဲ့အစည်းများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအား လျပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုးများ ပြုလုပ်ခဲ့သည်။ပြည်တွင်းတွင် လာရောက်ဆွေးနွေးရုံသာမက တရုတ်နိုင်ငံတွင်းရှိ မီဒီယာများတွင်လည်း မြစ်ဆုံရေကာတာ စီမံကိန်းများကြောင့် ကချင်လူမျိုးများရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ၀ါဒဖြန့်ဖော်ပြလျက်ရှိသည်။

“သူတို့က အပျော့နည်းနဲ့ ပြန်ဆွဲလာတာကို တွေ့ရတယ်၊ တရုတ်ရေကာတာအသင်းက တစ်ယောက်ဆိုရင်သူတို့လုပ်ပေးလိုက်ရင် မြစ်ဆုံက ပိုလှလာမယ်၊ ဒေသခံတွေက ခမ်းနားကြီးကျယ်တဲ့ စံအိမ်တွေမှာ နေနိုင်မယ် ဆိုပြီး တရုတ်မီဒီယာတွေမှာ ပြောနေတာတွေ ရှိတယ်” ဟု ဧရာဝတီမြစ်ဆုံအရေးလှုပ်ရှားသည့ှ်Spectrum အဖွဲ့မှ ကိုမော်ထွန်းအောင်က ပြောသည်။

မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် မြန်မာအစိုးရနှင့် တရုတ်ကုမ္မဏီ (China power investment Co,) တို့မှ နားလည်မှုစာချွန်လွာ ရေးထိုးခဲ့ပြီး၊ ၂၀၁၁ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ဦးသိန်းစိန်အစိုးရက စီမံကိန်း ရပ်တန့်ရန် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

မလေးရှားရဲ၏ 6P စီမံချက်ဖြင့် ဖမ်းဆီးမှုကြောင့် မြန်မာ အလုပ်သမားများ တိမ်းရှောင်နေရ

မလေးရှား အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေ (6p) စီမံချက်ဖြင့် တရားမ၀င် အလုပ် လုပ်ကိုင်နေသူ မြန်မာ နိုင်ငံသားများကို လိုက်လံဖမ်းဆီးနေမှု ကြောင့် မြန်မာအလုပ်သမားများလည်း ထွက်ပြေး တိမ်းရှောင် နေရသည်ဟု သတင်းရရှိသည်။

" 6p ဆိုတာက လုပ်ဆောင်ချက်ကို ပြောတာပါ။ မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပြစ်ဒဏ်ပေးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း ဆိုတဲ့ အချက် ၆ ချက်နဲ့ လိုက်ဖမ်းနေတာ ဖြစ်ပါ တယ်။" ဟု ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေကော်မတီ (မလေးရှား) တာဝန်ရှိသူ ကိုစိုးသန်းက နိရဉ္စရာသို့ ပြောသည်။
ယခုကဲ့သို့ မလေးရှားအစိုးရမှ လိုက်လံ ဖမ်းဆီးနေသောကြောင့် တရားမ၀င် လာရောက် လုပ်ကိုင်နေကြသော မြန်မာတိုင်းရင်းသားများမှာ အလုပ်မဆင်းရဲဘဲ တိမ်းရှောင်နေကြရသည်ဟု သူက ပြောသည်။
" အခု မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ Register ရပြီးသူရော၊ မရရှိသူတွေရော အဖမ်းအဆီးတွေ များလွန်နေတာကြောင့် လုပ်ငန်းရှင် သူဌေးတွေကလည်း တရားဝင် အလုပ်သမားတွေ အ လုပ် မခန့်တာကြောင့် အလုပ် လုပ်ဖို့ အခက်တွေ့နေရကြရသလို တရားမ၀င် လုပ်ကိုင်သူတွေကလည်း အပြင်ကို မထွက်ရဲဘဲ ပုန်းရှောင်နေကြရပါတယ်" ဟု ပြောသည်။ မလေးရှားရဲများ ဖမ်းဆီးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး မျက်မြင်တွေ့ခဲသူတစ်ဦးက ယခုကဲ့သို့ ပြော သည်။

" မနေ့ကဆိုရင် ကျွန်တော်တို့ရဲ့ ARRC- ရခိုင်ဒုက္ခသည်များကယ်ဆယ်ရေး ကော်မတီ) ရုံး MAY BANK ရှေ့ လူအသွား အလာများတဲ့ နေရာဆိုရင် Immgration က အရပ်ဝတ်တွေနဲ့ လာတဲ့လူတွေကို စစ်ဆေးနေတယ်။ ဘာမှ မရှိတဲ့လူတွေကျတော့ လက်ထိပ်ခတ်ပြီး ကားပေါ်တင်သွားတယ်။ အနည်းဆုံး လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးသွားတာ တွေ့လိုက်ရပါတယ်။"
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ လိုက်လံဖမ်းဆီးရာတွင် UN ကဒ် ကိုင်ဆောင်ထားသူ၊ အလုပ် သမားကဒ် ကိုင်ဆောင်ထားသူများကို ပြန်လည်လွှတ်ပေးပြီး တရားဝင် လက်မှတ်မရှိသော မြန်မာနိုင်ငံသား များကို ရဲစခန်းကို ပို့ပြီး မြန်မာနိုင်ငံကို ပြန်ပို့မည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ရန် လုပ်ဆောင်ရပုံကို ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ တာဝန် ရှိသူ ကိုစိုးသန်းက ယခုကဲ့သို့ ရှင်းပြသည်

" မလေးမှာ အလုပ်လုပ်နေကြတဲ့ ဒုက္ခသည်တွေအနေနဲ့ Register ရပြီးသူရော၊ မရရှိသူတွေပါ အဖမ်းခံရလို့ ရှိရင် ကျွန်တော်တို့ သတင်းအချက်အလက်တွေ၊ ဘော်ဒီနံပက်တွေ၊ နေရပ်လိပ်စာတွေ ရအောင်ယူတယ်။ ရလာတဲ့ အချက်အလက်တွေကို NGO လူမှု အဖွဲ့အစည်းကို ပို့တယ်။ အဲဒီကနေတဆင့် UN ကနေ့ ဒီစာရင်း တွေ မှက်ယူပြီးတော့ ဖမ်းသွားတဲ့လူတွေကို ထုတ်တယ်။ ဒါပေမယ် သာမာန် အိုပါစီ မပာုက်ဘဲနဲ့ ရဲတွေ ဖမ်း သွားရင်တော့ ကျွန်တော်တို့ ARRC က တိုက်ရိုက် ရဲစခန်းကို သွားပြီးထုက်တယ်။ တစ်ချို့ ထုက်လို့မရတဲ့ နေရာတွေရှိတယ်။ အဲဒီအခါကျရင် ဖမ်းသွားတဲ့လူတွေကို သွားတွေ့တယ်။ သူတို့ဆီကနေ သတင်းအချက် အလက်တွေကိုယူပြီး UNHCR သို့ Report လုပ်ပါတယ်။"

လက်ရှိ မလေးရှားနိုင်ငံတွင် တရားဝင် လာရောက်လုပ်ကိုင်သူနှင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသူ ရခိုင် အလုပ်သမား ၃ သောင်းကျော်ရှိသော်လည်း ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီတွင် Register လုပ် ထားသူ နှစ်သောင်းကျော်သာ ရှိကြောင်း သိရသည်။

ဒို့ဗမာဘယ်လဲ - ဦးဝီရသူ(မစိုးရိမ်) (အမျိုး၊ဘာသာ၊သာသနာ အား ကာကွယ်တတ်စေရန် တရားတော်)

Posted by ပန်းခင်း on January 16, 2012 at 6:04pm in ဗုဒ္ဓဘာသာ လူငယ်အသင်း
Back to ဗုဒ္ဓဘာသာ လူငယ်အသင်း Discussions
(၁)ကျောင်းတွေမှာဗုဒ္ဓဘာသာ ဗုဒ္ဓစာပေပြငှန်းဖို့ရန်အတွက် နှင့်
(၂) အမျိုးစောင့်ဥပဒေ ပြငှန်းဖို့ရန်အတွက် ကြိုးစားနေပါတယ်။
အဲ့ဒီအကြောင်းနဲ့ပတ်သတ်လို့~~ ဟိုတလောက RFA က သူတို့မေးစရာရှိတာ တယ်လီဖုန်းနဲ့မေးပါတယ်၊ အခုလို အရှင်ဘုရား တရားတွေလိုက်ဟောနေတာဟာ အရှင်ဘုရားတို့နိုင်ငံရဲ့ဥပဒေနဲ့ တခြားဆီဖြစ်မနေဘူးလား..။ အရှင်ဘုရားတို့နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်မဟုတ်ဘူးလား ဘုရား..။ ဟုတ်ပါတယ် ကျုပ်တို့နိုငံမှာ ရှိပါတယ်။ ကျုပ်တို့နိုင်ငံက လွတ်လပ်စွာကိုးကွယ်ခွင့်ကို အင်မတန်လေးစားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ လွတ်လပ်စွာကိုးကွယ်ခွင့်ကို မူစလင်တွေက စချိုးဖောက်တာလို့ ၊ အိမ်ရှင်ဖြစ်တဲ့ ကျုပ်တို့က စချိုးမဖောက်ပါဘူး။ ဘယ်လိုချိုးဖောက်သလဲ၊ အဲ့မှာ မိန်းကလေးတွေကိုယူပြီး သူတို့ဘာသာထဲ အတင်းအဓမ္မသွပ်သွင်းတာတွေ၊ နောက်ဆုံးသူတို့ဘာသာ မ၀င်တဲ့ မိန်းကလေးတွေကို နှိပ်စက်တာ၊ နောက်ဆုံး စူး*** ကလေးမလေး အသတ်ခံရတာက အစ တပည့်တော် အကုန်လုံး ပြောပြလိုက်ပါတယ်။ အဲ့ဒီအနေထားလေ၊ အိမ်ရှင်က ဧည့်သည်အပေါ်ဧည့်ဝတ်ကျေပွန်ပါလျှက်နဲ့၊ ဧည့်သည်က အိမ်ရှင်ကိုစော်ကားတာကတော့ တပည့်တော် မခံနိုင်ဘူး။ ကဲ.. အရှင်ဘုရားတို့ ဘယ်လိုသဘောရလဲ၊ ခံနိုင်ပါမလား။ (မခံနိုင်ပါဘူးဘုရား)..။ အဲ့တာကြောင့် ကျုပ်တို့နိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်ကို ကျုပ်တို့လေးစားပါတယ်။ ဒါပေမယ့် ဘာသာတရားဟာ ကိုယ်ယုံကြည်မှ ကိုးကွယ်ခွင့်ရမယ့် ဘာသာတရားတစ်ခုဖြစ်ရမယ်။ ဇွတ်အတင်း အဓမ္မကြီး ဘယ်လိုအကြပ်ကိုင်တဲ့ နည်းနဲ့ကတော့ ဘာသာတရားကို ကိုးကွယ်လို့မကောင်းပါဘူး။ အဲ့ဒီနည်းကို မွတ်စလင်တွေ ကျင့်သုံးနေတယ်။ "သမီးရယ် အပါချူ၊ ဘာသာယူ လူအစွဲ၊ သူကြိုက်လို့သူယူ၊ မဆိုင်သူ ၀င်မကပ်နဲ၊ လွတ်လပ်~ ဆိုပဲ!" ရှေးခေတ်အခါက ဘုန်းကြီးတွေက အဲ့ဒီအစဉ်လာကြီးကို ခေါင်းငုံ့ခံခဲ့ကြတယ်၊ အခုခေတ် အခုချိန်မှာ ခေါင်းငုံ့နေတဲ့ အတိုင်းတာကျော်သွားပြီ။ တွန်းလှန်ဖို့လိုအပ်နေပြီ။ ကျုပ်က အဲ့တာကြောင့် တရားလိုက်ဟောတယ်။

အဲ့တာ တပည့်တော် အဲ့အတိုင်းပဲ ပြန်ပြောလိုက်တယ်။ ~~ ဦးဝီသူရ (မစိုးရိမ်)

စင်ကာပူ စီးပွားရေးကုမ္ပဏီများ မြန်မာပြည်တွင် အခွင့်အလမ်းရှာ
by နေသွင်(DVB)


မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်နဲ့ စင်ကာပူ စီးပွားရေးကုမ္ပဏီ ၇၀ ကျော်က ကိုယ်စားလှယ်တွေ ၁၀၀ ကျော် ပါဝင်တဲ့ အဖွဲ့ဟာ အစိုးရ ရုံးစိုက်တဲ့ နေပြည်တော် ကို ရောက်နေပါတယ်။

ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မယ့် စွမ်းအင်ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ပိုင်းမှာ သမ္မတနဲ့တွေ့အပြီး နေ့လယ်ပိုင်းမှာ နေပြည်တော် ကွန်ဗင်းရှင်းစင်တာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စင်ကာပူကုမ္ပဏီတွေကို မြန်မာပြည်က စီးပွားရေး အခွင့်အလမ်းတွေကို ရှင်းပြတယ်လို့ ဒီတွေ့ဆုံပွဲကို စီစဉ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ပြောပါတယ်။

“အခုဖြစ်နိုင်တဲ့ဟာတွေပေါ့၊ ကျနော်တို့လည်း ဒီမှာတင်ပြတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်တာ၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဘယ်လို၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကတော့ စွမ်းအင်ဌာနကပေါ့။ နောက်တခါ စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ဟာကျတော့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လုပ်မယ့် စီမံကိန်းတွေ ကဏ္ဍအလိုက်တော့ ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတာပေါ့။ တနေကုန်ပဲ။”

မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံထားကြပြီး စင်ကာပူက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံနဲ့ စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

အာရှကုမ္ပဏီတွေဟာ အဓိကအားဖြင့် လျှပ်စစ်စွမ်းအား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားကြတာပါ။

ဒေါက်တာမျိုးသက်က အခု နောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့ကာလမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ဝင်လာစေချင်တယ်လို့ ပြောပါတယ်။

“အဓိက ဦးစားပေးကတော့ အလုပ်အကိုင်နဲ့ စက်မှုဇုန်တွေ တည်ထောင်အောင်လုပ်ဖို့ ကျနော်တို့က ဖိတ်ခေါ်တာပေါ့နော်။ ကျနော်တို့ဆီမှာ လူ့စွမ်းအား အရင်းအမြစ်က အများကြီး ရှိတယ်လေ။ စက်မှုလုပ်ငန်းကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း မျှပြီးဝင်လာဖို့ ကျနော်တို့ကတော့ ဖိတ်ခေါ်တာပေါ့။ သူတို့လာတဲ့ သက်ဆိုင်ရာ မြှုပ်နှံမှုပေါ် မူတည်တာပေါ့။”

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်ကို စီးပွားရေးအကြံပေးဖို့ လာရောက်ခဲ့တဲ့ စီပွားရေးပညာရှင် ဂျိုးဇက်စတစ်ကလည်း ကဏ္ဍစုံလုပ်ကိုင်မယ့် စင်ကာပူ ကုမ္ပဏီစိတ်ဝင်စားလာတာ မြန်မာပြည်အတွက် သတင်းကောင်းဖြစ်တယ်လို့ ပြောပါတယ်။

စင်ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အဖွဲ့ဟာ နောက်ထပ် သုံးရက် မြန်မာပြည်က စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေကို လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ဌါန၏ မရိုးသားမှု

မနေ့က သူငယ်ချင်းတယောက်က ပြောပြမှ သိရတာ။ အရင်က ကြားတော့ကြားမိသား။ သေချာမသိဘူး။ မနေ့ကတော့ သူငယ်ချင်းက ပြောရုံတင်မဟုတ်ဘဲ လက်တွေ့ လုပ်ပြလိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ ဟုတ်တယ်။ ဒီကိစ္စ တော်တော် မဖြစ်သင့်တဲ့ကိစ္စ။ ဘယ့်နှယ်....သုံးလာတာ နှစ်နဲ့ချီကြာမှ သိရတယ်လို့။ ကျွန်တော်တင်လားဆိုတော့...ဘယ်ဟုတ်မလဲ လူပေါင်း လေးသိန်းဝန်းကျင်လောက် ခံနေရတာ။
 ဖုန်း Miss Call ပေးတာ (သို့) ဖြစ်သွားတာကို ဖုန်းထဲက ငွေဖြတ်သွားတယ်ဆိုတာ ကျွန်တော်တော့ ဘယ်မှာမှ မကြားဖူးပါဘူးဗျာ။ လူကြီးမင်းတို့ရော ကြားဖူးကြပါသလား။ အော်.. ပြောရဦးမယ်။ Miss Call အတွက် ဖုန်းထဲက လျော့သွားတဲ့ငွေ (တနည်းအားဖြင့်) ပြည်သူကို ရှင်းရှင်းလင်းလင်း ကြောငြာပေးမထားပါဘဲနဲ့ မရိုးမသား အဖြတ်ခံလိုက်ရတဲ့ ပမာဏကလည်း Miss Call တခါဖြစ်ရင် ကျပ်ငွေ ၃၀၀ တဲ့ဗျာ။
 ကဲ... ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ....။
 ဖြစ်ပုံက ဒီလိုဗျ....
 CDMA 73.......... ဖုန်း ကိုင်နေတဲ့သူတွေ ခံနေကြရတာလေ။ ဆိုပါစို့...။ ခင်ဗျားရဲ့ 73...ဖုန်းကနေ နောက် 73..... ဖုန်းကို ခေါ်လိုက်တယ်။ ဟိုဖုန်းမှာ Miss Call ဖြစ်သွားတယ်(သို့) တဖက်က ဖုန်းကိုင်တဲ့သူက End Call ကို နှိပ်လိုက်တယ် ဆိုရင် ခင်ဗျားဖုန်းရဲ့ Balance မှာ ၃၀၀ လျော့သွားပါပြီ။ ခုမှ ထပ်သိရတာက တဖက်က Miss Call တွေ့လို့ ပြန်ခေါ်လိုက်တော့ လျော့သွားတဲ့ ၃၀၀ ပြန်ပေါင်းပေးတယ်ဗျ။ 73... ဖုန်း အချင်းချင်းဘဲ စမ်းကြည့်ရပါသေးတယ်။ ဖုန်းခကုန်မှာစိုးလို့ Miss Call ဘဲ ပေးတဲ့လူတွေက အများသားကလားဗျ။ စဉ်းစားသာ ကြည့်ကြပေတော့။
 ဆက်သွယ်ရေးက တာဝန်ရှိ လူကြီးမင်းများ မသိတာလား။ တမင် ရည်ရွယ်ချက်ရှိရှိ နဲ့ ပြည်သူကို နှိပ်စက်တာလား။ အဲဒီလောက်လုပ်ကြတာတာ့ တော်တော် မဟားဒယား ဆန်လွန်းတယ်ဗျာ။ ဆန်ကောလောက်မှ စောက်မနက်တဲ့ သူတွေဘဲ။ ဖုန်းကိုင်နေတဲ့သူ အများစုဟာ ကိုယ့်ဖုန်းထဲက ငွေလက်ကျန်ကို ခဏခဏ မစစ်ဖြစ်ကြဘူးလေ။ စစ်ကြတဲ့အခါလည်း ငွေလက်ကျန်ကိုဘဲ ကြည့်တာ။ အရင်တကြိမ်က လက်ကျန်ဘယ်လောက်ကျန်လို့ ခုတကြိမ်ပြောအပြီးမှာ ဘယ်လောက်ပဲ ရှိတော့တယ်ဆိုတာ သိတဲ့လူက မရှိသလောက်ပါ။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ပြည်သူ( ဖုန်းသုံးစွဲသူ)ဆီက အခုလို မရိုးမသားလုပ်တာကိုတော့ အလေးအနက် ရှုံ့ချပါတယ်။
 သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများခင်ဗျား....
 ခုတော့ သုံးစွဲသူ ပြည်သူများဘက်ကလည်း ရှင်းရှင်းလင်းလင်း သိသွားပြီဆိုတော့ လူကြီးမင်းများဖက်မှ တာဝန်သိစွာဖြင့် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးစေလိုပါတယ်။ ခုလိုပုံစံမျိုးနဲ့တော့ သမ္မတကြီးရဲ့ Good Governance, Clean Government ကို အထောက်အကူ မပေးကြပါနဲ့။ တိုင်းပြည်အတွက် လုပ်ပေးခွင့်ကြုံနေတုန်းမှာ ရိက္ခာအတွက် သိက္ခာနဲ့မလဲကြပါနဲ့။ မိမိတို့သမိုင်း အရိုင်းမခံကြပါနဲ့။ ပြည်သူက လေးစားအသိအမှတ်ပြုခံရတဲ့ သမိုင်းမှတ်တိုင်များ ကိုယ်စီ စိုက်နိုင်ကြပါစေ....။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...။          ရွှေပြည်စိုး

အက်စပရင် နေ့စဉ်သောက်လျှင် ကင်ဆာအမြစ်ဖြတ်နိုင်ကြောင်း ဗြိတိသျှသုတေသီများ တွေ့ရှိ


အကိုက်အခဲ ပျောက်ဆေးဖြစ်သော အက်စပရင်ကို ပုံမှန်သောက်ခြင်းဖြင့် နာတာရှည်ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်ခြင်းကို တွေ့ရှိခဲ့သည်ဟု ဗြိတိသျှ ဆေးသိပ္ပံသုတေသီများက အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကြေညာခဲ့ကြသည်။
ကင်ဆာရောဂါ ဖြစ်ပွားဖူးသည့်မျိုးနွယ်မှ ဆင်းသက်လာသူများအနက် ၆ဝ ရာခိုင်နှုန်းကို ရောဂါလျော့ကျ အမြစ်ဖြတ်နိုင်ကြောင်း နိုင်ငံ ၁၆ နိုင်ငံကို ကိုယ်စားပြု လေ့လာခဲ့ကြသော ဆေးသုတေသနအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လူနာ ၈၆၁ ဦးအားနေ့စဉ် အက်စပရင်ဆေးပြား ၂ လုံးကို ပုံမှန် ၂ နှစ်တာ တိုက်ကျွေးပြီး သုတေသနပြုခဲ့ရာတွင် အူမကြီးကင်ဆာဖြစ်ကြသူ၏ ၆၃ ရာခိုင်နှုန်း ကို လျော့ကျသွားကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ တွေ့ရှိသည့် ဆေးသုတေသနအဖွဲ့ ခေါင်းဆောင်မှာ နယူးကာဆယ်တက္ကသိုလ် ပါမောက္ခဂျွန်ဘန်း (John Burn)ဖြစ်သည်။ ဤသို့တွေ့ရှိခဲ့ခြင်းသည် နှစ် ၃ဝ အတွင်းကင်ဆာရောဂါ ၁ဝဝဝဝ ခန့်ကို တားဆီးကာကွယ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
The Lancetဆေးသိပ္ပံဂျာနယ်တွင် ဖေါ်ပြချက်အရ အူမကြီးကင်ဆာရောဂါ ၁၉ မျိုးအုပ်စုကို ၄၄ ရာခိုင်နှုန်းအထိ ပျောက်ကင်းသွားကြောင်း ၂ဝ၁ဝ တွင်တွေ့ရှိခဲ့ ကြခြင်းဖြစ်သည်။
အက်စပရင် အနည်းငယ် သောက်သုံးသူတို့မှာမူ နှလုံးရောဂါဖြစ်ပွားမှု လျော့ကျလာကြောင်း သိရသည်။
”အက်စပရင်ဟာ မကြာခင်ကာလမှာ ကင်ဆာရောဂါ ကာကွယ်ဆေးအဖြစ် အဓိက ဖြစ်လာမှာပါ”ဟု ဒေါက်တာ ဆာဂျွန်ဘန်းက ပြောသည်။ ၄င်းတို့၏ သုတေ သနပြုချက်များအရ ထိုရောဂါဖြစ်ပွားသူမှာ ၂ဝဝ၇ တွင် လူပေါင်း ၂၉၈ဝဝဝ ရှိခဲ့ပြီး ၂ဝ၃ဝ အရောက်တွင် ၄၃၂ဝဝဝ ထိရှိလာမည်ဟု မှန်းဆထားကြသည်။ အများအားဖြင့် သက်ကြီးများ ပိုမိုဖြစ်လာနေကြောင်း တွေ့ရှိရသည်။
ကြောက်စရာ ကောင်းလှသော အရေပြားကင်ဆာ ဖြစ်ပွားမှုမှာလည်း အမြင့်ဆုံးသို့ ရောက်နေပြီး ယခင်ကထက် ၅၂ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း သိရှိရ သည်။
KLMA, Ref. Reuters/ Daily Mail

အသိအမှတ်ပြုမှု ဆင်းရဲနေဆဲ မြန်မာ့ စာသင်ခန်းနှင့် လူ့အဖွဲ့အစည်း



တွေးခေါ်ပညာရှင် ဟေဂယ်လ်က “အသိအမှတ်ပြုခြင်း” ကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“လူသားများသည် သိက္ခာရှိသော လူသားများအဖြစ် အသိအမှတ်ပြုခံရခြင်းကို လိုအင်ဆန္ဒ ရှိကြပေသည်။ ၄င်းဆန္ဒသည်ပင်လျင် ဂုဏ်သိက္ခာအတွက် သွေးစွန်းသော တိုက်ပွဲများကို ပေါ်ပေါက်စေသည်။ ၄င်းတိုက်ပွဲများမှ လူ့အဖွဲ့အစည်းတွင် သခင်နှင့် ကျွှန်လူတန်းစား နှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ သခင် ဖြစ်လိုသော သူများသည် သူ့တို့အသက်စွန့်ရမည်ကို ၀န်မလေးဘဲ၊ အသက်စွန့်ရမှာကို ကြောက်သော သူများသည် ကျွှန်များဖြစ်လာကြသည် ဟု တွေးခေါ် ပညာရှင် ဟေဂယ်လ် မှတင်ပြခဲ့သည်။

ကျနော် စီဒီစီ ကျောင်းတွင် သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်သင် ဆရာ လုပ်လာခဲ့သည်မှာ တနှစ်ပြည့်တော့မည် ဖြစ်သည်။ စီဒီစီ ကျောင်း Grade 12 (c) အခန်းတွင် နိုင်ငံရေး သိပ္ပံသင်ကြားရင်း ကျောင်းသားများနှင့် အသိအမှတ် ပြုခြင်း (Recognize) ဆိုင်ရာ ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ကျောင်းသားများနှင့် ဆွေးနွေးမှု ကိုအလွယ်တကူ ဖြစ်စေမည့် ကျောင်းသူ ကျောင်းသား အသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ် များကို ပုံမှန် ဆွေးနွေး ဖြစ်ကြသည်။

ဥပမာ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုံည အမှတ် ရသည်” ဆိုသော ခေါင်းစဉ်ပင် ဖြစ်သည်။ သုံည အမှတ်ရသော အတန်းသား အားလုံး မှားသလား၊ (သို့) ၄င်းဘာသာရပ်ကို သင်သော ဆရာမှားသလား (သို့) မည်သူတွင် အားနည်းချက်ရှိသည် ဆိုသော အဆိုကို ကျောင်းသားများ တဦးချင်း ဖြေကြားရသော နိုင်ငံရေး သိပ္ပံ ဘာသာရပ် ဆွေးနွေးပွဲလေး ဖြစ်သည်။ ကျောင်းသား အများစု၏ အဖြေတွင် ဆရာမှားသည် ဆိုသော တူညီသော အဖြေကို ရရှိခဲ့သည်။ သင်ခန်းစာ ပြီးသွားသော အချိန်တွင် ဆရာတဦးဖြစ်သော ကျနော်နှင့် မိတ်ဆွေ ဆရာများ အတွက် တွေးစရာ အကြောင်း အရာတခု ပိုလာခဲ့ပါသည်။
 ကျောင်းဆရာ တဦးအဖြစ် အသက်မွေးရင်း အခါအားလျော်စွာ စာပေ ရေးသားခြင်းဖြင့် ဘ၀ ၀မ်းရေးကို ဖြေရှင်းနေရသော ကျနော်သည်လည်း အသိအမှတ်ပြုမှုကို လိုလားတောင့်တနေသော သူဖြစ်သည်ကို ၀န်ခံလိုပါသည်။ ပြည်တွင်းတွင် ကဗျာဆရာတဦး၊ အယ်ဒီတာ လုပ်ခဲ့ပြီး ယခုအခါ နယူးဇီလန်တွင် နေထိုင်သည့် ဆရာခင်လွန်း (၀ါ) ဆရာ ဘဖေငြိမ်းမှ ကျနော်ရေးသော အက်ဆေး “ အမေနေ့အတွက် မှတ်စုလေး” နှင့် ဆောင်းပါး “ ဖြေသိမ့်လိုက်” ကောင်းမွန်ကြောင်း၊ “ ခင်ဗျားက တကယ့် စာရေးဆရာ ဖြစ်သွားပြီဗျာ” လို့ပြောလိုက်သောအခါ ကျနော့်ရင်ထဲတွင် အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ပုံမှန်အားဖြင့် အချက်အလက် အခြေခံ ဆောင်းပါးများသာ ရေးသားလေ့ရှိသော ကျနော်သည် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားကာ အက်ဆေးများ၊ ရသစာပေများကို ပါရေးသား လာခဲ့သည်။ ဦးခင်လွန်း၏ အသိအမှတ် ပြုမှုသည် ကျနော့်ဘ၀၏ အချိုးအကွေ့ အချို့ကိုဖြစ်ပေါ်စေ ခဲ့ပါသည်။ အသိအမှန်ပြုခြင်း၏ အရေးပါမှု ကိုယ်တွေ့ ဖြစ်ရပ် ဖြစ်ကြောင်း တင်ပြခြင်း ဖြစ်ပါသည်။
တွေးခေါ်ပညာရှင် ဟေဂယ်လ် မှ လူသားတို့သည် အသိအမှတ်ပြုမှုကို ဆာလောင် မွတ်သိပ်နေသော သူများဖြစ်သည်။ အသိအမှတ်ပြုမှုကို  လိုလားသည့်အတွက် သွေးစွန်းသော တိုက်ပွဲများ ပေါ်ပေါက်ခဲ၊့ ပေါ်ပေါက်နေဆဲ ဖြစ်သည်ကိုတွေ့ရှိ ရပေမည်။ ဤကဲ့သို့ လူ့အဖွဲ့အစည်းအတွက် အရေးပါသော အသိအမှတ်ပြုခြင်း ဆိုင်ရာ ယဉ်ကျေးမှု မြန်မာ့ပညာရေးတွင် အဘယ်ကြောင့် မှေးမှိန်နေပါသနည်း။
ကျနော်တို့၏ မြန်မာ့ ပညာရေးလူ့အဖွဲ့အစည်းတွင် အသိအမှတ်ပြုမှု ဆိုင်ရာ ယဉ်ကျေးမှုကို မည်မျှထိ လုပ်ဆောင် နေသည် ကို ဆန်းစစ်လေ့လာသင့်ပေသည်။ ကျနော်၏ နိုင်ငံရေး သိပ္ပံအတန်းတွင် ဧည့်သည် ဆရာအဖြစ် လုပ်ခဲ့သည် အမေရိကန်နိုင်ငံက ဆရာတဦးမှ “ခင်ဗျားတို့ ကလေးတွေကို ဖြစ်သလို ပစ်ထားကြတာဘဲ၊ အသိအမှတ်ပြုမှု မရှိတဲ့ စာသင်ခန်းက ဘယ်လိုမှ ရလဒ်ကောင်းတွေ ထွက်မလာနိုင်ဘူး” ဟုကျနော့် ကိုထောက်ပြခဲ့ဘူးသည်။
အမေရိကန်တို့၏ စာပေသင်ကြားမှုဆိုင်ရာကို အသိမှတ်ပြုခြင်းနဲ့ တွဲထားကြောင်း ကလေးတွေ မိမိအပေါ် ယုံကြည်မှု ရှိလာအောင် စာသင်ခန်းတွင်းမှ လုပ်ပေးကြောင်း သူ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။ ကလေးငယ် အယောက် (၂၀) ရှိသော စာသင်ခန်းတွင် အယောက် (၂၀) လုံးအတွက် လူ့အဖွဲ့အစည်းမှ အသိအမှတ် ပြုမှု ဆိုင်ရာ ဆုတံဆိပ်များကို ချိတ်ဆွဲထားကြောင်း ပြောဆိုခဲ့သည်။
ကျောင်းသား တဦးအဖို့ စာတော်ခြင်း၊ အားကစား တော်ခြင်းသာလျင် အသိအမှတ်ပြုသော ဆုတံဆိပ် ချီးမြှင့်သင့်သည် မဟုတ်ဘဲ ဘာသာရပ်အားလုံးတွင် ညံ့နေပြီး ကျောင်းမှန်သည့်၊ အတန်းတွင်း၏ သန့်ရှင်ရေး အပါအ၀င် လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်နေသည့် ကျောင်းသားအား အသိအမှတ်ပြုသည့် ဆုတံဆိပ် ချီးမြှင့်ရန် မသင့်တော်ပေဘူးလား။
Grade 11 (A) တွင် ကျောင်းသားများနှင့် အသိအမှတ်ပြုမှု ဆိုင်ရာကို ဆွေးနွေးကြည့်သော သူတို့၏ အတွင်းစိတ် သဘောထားကို တွေ့ခဲ့ရသည်။ “စာမေးပွဲ တခုတွင် အတန်းသားအားလုံး သုံည အမှတ် ရသည်” ဆိုသော ခေါင်းစဉ် အောက်တွင် ကျောင်းသားများ၏ တုန့်ပြန်မှု ကောင်းသည်ကို တွေ့ရသည်။ ကျောင်းသား အများစု၏ သဘောထားတွင် သုံည ရသည်အထိ သူ့တို့မညံ့ကြောင်းကို အချက်အလက်များဖြင့် ထောက်ပြပြောဆိုကြသည်။ အကယ်၍ သုံည ရခဲ့လျင် ဆရာနှင့် ကျောင်းသားများ အကြားတွင် နားလည်မှု တစုံးတရာ အကြီးအကျယ် လွဲနိုင်ကြောင်းကို ပြောဆိုခဲ့သည်။
Grade 11 (A) တွင် ကျောင်းသား (၂၀) ဦးရှိသည့်အနက် နှစ်ဦးသော ကျောင်းသားသာ ဘောလုံး အားကစား ထူးချွှန်မှုအတွက် အသိအမှတ်ပြုမှု၏ တစိတ်တပိုင်း ဖြစ်သော ဆုတံဆိပ်ကို ရရှိကြောင်း ပြောဆိုခဲ့သည်။ ကျန်သော ကျောင်းသား ၁၈ ဦးသည် မည်သည့် အသိအမှတ်ပြုမှုကိုမှ လက်ခံရရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
Grade 12 (c ) အခန်းတွင် ကျောင်းသား ၂၄ ဦးရှိသည့်အနက် လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှုကို (၃) ဦးသော ကျောင်းသားသာ ရရှိခဲ့သည်။ တဦးက အမှတ်အများဆုံး ရသည့်အတွက်၊ နောက်တဦးက တပါးသူ၏ ပစ္စည်း ကောက်ရသည် ကို ပြန်လည် အပ်နှုံသည့်အတွက် အဖွဲ့အစည်း တခုမှ ချီးမြှင့်သည့် ဆုကို ရရှိခဲ့ပြီး၊ ကျန်နေသော ကျောင်းသား တဦးမှာ တရွာလုံးတွင် ဆယ်တန်းအောင်သောသူ တဦးတည်း ဖြစ်သည့်အတွက် ရွာမှပေးသည့် ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့သည်။
အသိအမှတ်ပြုခြင်း ဆိုင်ရာကို မြန်မာနိုင်ငံရေး နယ်ပယ်တွင် ထည့်သွင်းစဉ်းစားကြည့်သည့် ကျနော့်မိတ်ဆွေ ဆရာဦးဝင်းမြင့်က “ကျနော်တို့ဟာ ငယ်ငယ်ကတည်းက အသိအမှတ်ပြုမှုကို အရမ်း မက်မောခဲ့ကြတယ်၊ အသိအမှတ်ပြုခြင်း ခံရတာကို မက်မောပြီး နိုင်ငံရေး ပါတီကြားလည်း အကွဲအပြဲ ဇာတ်လမ်းတွေ ပေါ်ပေါက်နေတယ်၊ ဘယ်ရာထူး၊ ဘယ်တာဝန်မရရင် မလုပ်ဘူးဆိုတဲ့ အပြုအမှု တွေက အသိအမှတ်ပြုမှုကို မက်မောတဲ့အတွက် ပေါ်ပေါက်လာရတာဖြစ်တယ်” ဟုပြောဆိုခဲ့သည်။ ဤကဲ့သို့ မက်မောခြင်း ဖြစ်ပေါ်လာရသည်မှာ ငယ်စတည်းက အသိအမှတ်ပြုသော ယဉ်ကျေးမှု မရှိခဲ့သည့် (သို့) အာနည်းခဲ့သည့်အတွက် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
နိုင်ငံတနိုင်ငံ၏ ပညာရေး ပေါ်လစီကို မည်ကဲ့သို့ အကောင်အထည် ဖေါ်မည်၊ မည်သို့သော နိုင်ငံ့ သားကောင်းမျိုးကို မွေးထုတ်မည် ဆိုသော ရည်မှန်းချက်သည် အလွန်အရေးပါကြောင်း၊ နိုင်ငံ၏ ရည်မှန်းချက် ဘောင်အတွင်း တဦးချင်းဆိုင်ရာ အရည်အချင်းကို အသိအမှတ်ပြုမှု နည်းပါးသွားခြင်းသည် နိုင်ငံ့အနာဂါတ် မျိုးသစ်များအပေါ် ထိခိုက်နိုင်ကြောင်း ဆရာဦးဝင်းမြင့်မှ ထောက်ပြခဲ့သည်။ ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း၏ အသိအမှတ်ပြုမှု ဆိုင်ရာယဉ်ကျေးမှုကို ပြန်လည် ဆန်းစစ်သော အခါ နိုင်ငံ့၏ရည်မှန်းချက် ဘောင်အတွင်း ဖြစ်လေ့ရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် လူရည်ချွှန် ဟုခေါ်သော လူတန်းစားခွဲခြားသည့် ယဉ်ကျေးမှု တခုဖြစ်ပေါ်ခဲ့ပေသည်။
ဘောင်အတွင်းမှ အသိအမှတ်ပြုမှုကို ရရှိလိုသည့်အတွက် ကျောင်းသားများ အကြား အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ တခါက ကမ္ဘာကျော် မဂ္ဂဇင်းတခုတွင် ရေစီးထဲ စီးမျောနေသည့် ခွေးကလေးတစ်ကောင်ကို ကယ်ဆယ်ခဲ့သည်ကို သူနေထိုင်ရာ ရပ်ကွက်မှ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့် ကလေးငယ်တဦးသည် နောင်တွင်အသက်စွန့်ခဲ့သည့် မီးသတ်သမား ဖြစ်လာသည်ကို ဖတ်ခဲ့ဖူးပါသည်။ အသိအမှတ်ပြုခြင်း၏ နောက်ကွယ်တွင် ကြီးမားသော ခွန်အားရှိသည်ကို သတိပြုမိစေလိုပါသည်။
ကျနော်တို့နိုင်ငံ၏ အနာဂါတ် ကံကြမ္မာကို ဖန်တီးမည့် ကလေးငယ်များအား သုံညရမှတ်ကို ပေးမည်လော (သို့) အသက်စွန့်ရဲမည့် ခွန်အားမျိုးကို ဖြစ်စေသည့် ဂုဏ်ပြုမှုမျိုးကို ပေးမည်လော စဉ်းစားသင့်ပေသည်။
ကျနော်တို့နိုင်ငံသည် အာရှတွင်ပင် သဘ၀သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံ ဖြစ်ပါသော်လည်း ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ၊ ကျန်းမာရေးစောင့်ရှောင့်မှု အနိမ့်ဆုံးနိုင်ငံ၊ ပြည်တွင်း စစ်အရှည်ကြာဆုံးနိုင်ငံ အဖြစ်စံနှုန်း အမျိုးမျိုးဖြင့် သတ်မှတ်ခံရသော နိုင်ငံ ဖြစ်ပါသည်။ ဖောဖောသီသီ သုံး၍ရသော၊ ငွေကြေးကုန်ကျမှုနည်းသည့်  “အသိအမှတ်ပြုမှု” ဆင်းရဲသော လူမျိုး မဖြစ်စေရန် အထူးအလေးထားသင့်ကြောင်း။ ။ ။
ဘာသာရပ် တခုတွင် အတန်းသားများ အားလုံး သုံည ရသည့် အတန်းပိုင်ဆရာ၏ ရင်တွင်း ခံစားချက်များ ဖြစ်ပါသည်။
လှရွှေ

 လူသားဝါဒ နှင့် ရေရှည်တည့်တံ့မည့် ဖွံ့ဖြိုးရေး

ရေရှည်တည့်တံ့မည့် ဖွံ့ဖြိုးရေးဟူသည် စီးပွားရေးဖွံ့ဖြိုးမှု၏အကျိုးကျေးဇူးကို လူတိုင်း ကျုယ်ကျယ်ပြန့်ပြန့် မျှဝေခံစားခွင့်ရမည်။ တချိန်တည်းတွင် ကမ္ဘာကြီး၏ အရေးကြီးသော အရင်းအမြစ်တွေကိုလည်း အကာအကွယ်ပေးထားနိုင်ရမည်။ သို့တစေ လက်ရှိကမ္ဘာကြီး၏ စီးပွားရေးသည် အရှည်တည်တံ့မည်ပုံမရ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေလင့်ကစား လူဦးရေသန်းတထောင်မှာ ဆင်းရဲတွင်းထဲတွင် အဆက်ပြတ်ကျန်နေသည်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်လည်း လူသားတို့၏ပရောဂကြောင့် ဆိုးဆိုးရွားရွားပျက်စီးနေသည်။ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအတွက် နည်းပညာသစ်တွေ လိုအပ်နေသည်။ အများလက်ခံထားသည့် လူမှုတန်ဖိုးသဘောတရားတွေက ပဲ့ကိုင်ပေးသည့် နည်းပညာသစ်မျိုးဖြစ်ရန်တော့ လိုသည်။
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးသည် ကမ္ဘာ့အရေးအရာများတွင် ထိပ်ဆုံးဦးစားပေးကိစ္စဟု ကြေညာသည်၊ အလွန်မှန်ကန်သည့် လုပ်ရပ်ပင်။ ကျွန်ုပ်တို့ ကမ္ဘာကြီးသည် အလွန်အန္တရာယ်များသည့် ကာလဆီကို ချဉ်းနင်းဝင် ရောက်နေသည်။ မတန်တဆလူဦးရေပေါ်တွင် နောက်ထပ်တိုးမြဲတိုးဆဲ။ စီးပွားရေး အလျင်အမြန် တိုးတက်မှုနှင့်အတူ ကမ္ဘာ့ရာသီဥတုတွင် ကပ်ဘေးကျရောက်နိုင်လောက်သော အကြောင်းတရားများကလည်း ရှိနေသည်။ ဇီဝမျိုးစုံလောကနှင့် ရေကောင်းရေသန့်ရရှိရေး တို့တွင် ခြိမ်းခြောက်မှုများရှိလာသည်။
သိပ္ပံပညာရပ်နယ်ပယ်တွင် Anthropocene ဆိုသော စကားရပ်တခု တိုးလာသည်။ ကမ္ဘာကြီး၏ ရုပ်ပိုင်းနှင့် ဇီဝအပြောင်းအလဲတွင် လူသားတို့၏ လုပ်ရပ်သည် အဓိက အကြောင်းတရားဆိုသည့် အဓိပ္ပါယ်ပင်။
ကုလသမဂအထွေထွေအတွင်းရေးမှူး၏ ကမ္ဘာ့ကြီး အဓွန့်ရှည်စေရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာသစ်သည် ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွက် လမ်းညွန်ချက်ပင်။ ရေရှည် တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွက် အဓိက မဏ္ဍိုင်ကြီး ၃ ရပ်ရှိသည့်ကို မှန်မှန်ကန်ကန် ထောက်ပြထားသည်။
၁၊ အလွန်အမင်း ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး
၂၊ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေး၊ (အမျိုးသမီး၊ လူငယ်၊ လူနည်းစု)
၃၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေး - ရည်မှန်းချက်တွေ ပါဝင်သည်။
ပြန်ချုပ်လျှင် ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေးအတွင် စီးပွားရေး မဏ္ဍိုင်၊ လူမှုရေးမဏ္ဍိုင်၊ သဘာဝပတ်ဝန်းကျင်မဏ္ဍိုင်ဟူ၍ ဆိုနိုင်မည်။ ရေရှည်တည့်တံ့သည့် ဖွံ့ဖြိုးရေး၏ အခြေခံ အုတ်မြစ်သုံးရပ် (Triple Bottom Line) ဟု ရိုးရိုး ဆိုကြပါစို့။
ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်သော အဆိုပါအဖွဲ့က ကမ္ဘာ့ ခေါင်းဆောင်တွေကို ၂၀၁၅ ကို ရည်မှန်းချက်ထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်ကို လည်း အထောက်အပံ့ဖြစ်စေ၊ အရှည်တည့်တံ့မည့် ဖွံ့ဖြိုးရေးရည်မှန်းချက် အတွက်လည်းဖြစ်စေမည့် အစီအစဉ်သစ်တရပ် (SDG) ရေးဆွဲကြဖို့ ဆော်သြသည်။
ထောင်စုနှစ်ဖွံ့ဖြိုးရေး ပန်းတိုင်၏ မူလရည်မှန်းချက်က အလွန်အမင်း ဆင်ရဲမွဲတေမှုကို လျှော့ချနိုင်ရေး ဖြစ်လင့်ကစား အထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်သောအဖွဲ့က အလွန်အမင်း ဆင်းရဲမှု လျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးမှုအကျိုးကျေးဇူးကို လူမှုအသိုက်အမြုံတခုလုံးက ခံစားခွင့်ရရေး၊ ကမ္ဘာ့ကြီးကို ကာကွယ်ရေးဆိုသည့် အရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးမဏ္ဍိုင်ကြီးသုံးရပ်ကို မျက်ခြေမပျက်ပေ။
ရေရှည်တည့်တံမည့် ဖွံ့ဖြိုးရေး ရည်မှန်းချက် SDG ထားရှိရေးက တပိုင်း၊ ရည်မှန်းချက် အောင်မြင်ရေးက နောက်တပိုင်းဟုဆိုရမည်။ အရေးအကြီးဆုံးစိန်ခေါ်မှုဖြစ်သည့် ရာသီဥတု ပြောင်းလဲလာမှုပြဿနာကို ကြည့်ကြရအောင်။ ယနေ့ ကမ္ဘာမှာ လူဦးရေ သန်းပေါင်း ၇ ထောင်ရှိနေသည်။ တဦးချင်း၏ တနှစ်အတွင်း လေထုသို့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့် ပမာဏမှာ ၄ တန် စွန်းစွန်းရှိနေသည်။
ကျောက်မီးသွေးလောင်စာ၊ လျှပ်စစ်ဓာတ်အားအတွက် အသုံးပြုရသည် လောင်စာဓာတ်ငွေ့၊ ကားအတွက် အသုံးပြုသည့် လောင်စာ၊ အိမ်ကို အနွေးပေးရာတွင် အသုံးပြုသည့် လောင်စာ၊ စသဖြင့် အကျုံးဝင်ပါသည်။ အားလုံးခြုံ လိုက်လျှင် လူသားတွေက လေထုထဲကို တနှစ်အတွင်းထုတ်လွှင့်သော ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ အကြမ်းဖျင်း တန်ချိန် ၃၀ ဘီလီယံရှိသည်။ ကမ္ဘာကြီး၏ ရာသီဥတုကို ဆယ်စုတချို့အတွင်း သိသိသာသာပြောင်းလဲသွားနိုင်သည့် ပမာဏပင်။
သို့နှင့် လာမည့် ၂၀၅၀ အရောက်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉ ထောင်ရှိလာဖွယ်ရှိသည်။ အကယ်၍ ၂၀၅၀ က လူတွေက ယနေ့ခေတ်က ပိုချမ်းသာလာလျှင် (တဦးချင်း စွမ်းအင် အသုံးပြုမှု ပိုလာလျှင်) တကမ္ဘာလုံးက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုမှာ နှစ်ဆမှ ၃ ဆအထိ တက်သွားနိုင်သည်။ အမှန်တကယ် ကမ္ဘာကြီး၏ လိုအပ်ချက်က ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုလျှော့ချနိုင်ရေး၊ အမှတ်တကယ် ဦးတည်နေသည်က ပိုဆိုးလာမည့် လမ်းကြောင်း။ အလွန်ဂွကျသည့် ပြသနာပင်။
ထိုအခင်းအကျင်းကို အလေးအနက်ထားရမည်။ လူထောင်ပေါင်းများစွာ ဒုက္ခတွေ့ နိုင်သောကြောင့်ပင်။ ကမ္ဘာလုံးချီ ကာဗွန်ထုတ်လွှင့်မှုတိုးလာလျှင် မိုးခေါင်မှုတွေ၊ အပူလှိုင်း၊ ဟာရီကိန်း စသဖြင့် သဘာဝဘေးတွေက သေချာသလောက်ပင်။ ယခုနှစ်အတွင်းမှာပင် ဒုဗိကန္တယဘေး၊ ရေကြီးရေလျှံနှင့် အခြားရာသီဥတုနှင့် ဆိုင်သည့် ဘေးပေါင်းစုံနှင့် စိတ်ပျက်ရ လောက်အောင် ကြုံနေရပြီလေ။
ထို့ကြောင့် အထူးသဖြင့် ဆင်းရဲသားတွေအတွက် လျှပ်စစ်ဓာတ်အားနှင့် ခေတ်မီသော သယ်ယူ ပို့ဆောင်ရေးတို့မှ အကျိုးကျေးဇူးလည်းခံစားရစေ။ ကမ္ဘာကြီးကိုလည်း အပျက်မစီး ကယ်တင်ရာ ရောက်အောင် နည်းလမ်းတွေကို ရှာဖွေရတော့မည်။ သေချာသည့် အချက်က လက်ရှိ အသုံးပြုနေသည့် နည်းပညာကို အလျင်အမြန်မပြောင်းလဲနိုင်လျှင် ထိုကိစ္စလည်း ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
စွမ်းအင်ကို ပညာသားပါပါအသုံးပြုရတော့မည်။ ရုပ်ကြွင်းလောင်စာအသုံးပြုမှုအစား ကာဗွန် ထုတ်လွှင့်မှု နည်းနိုင်မည့် အရင်းအမြစ်များကို ပြောင်းလဲအသုံးပြုရတော့မည်။ ယင်းကိစ္စသည် လက်တွေ့တွင် သေချာပေါက်လည်းဖြစ်နိုင်၊ စီးပွားရေးအရလည်း တွက်ချေကိုက်သည်။
မော်တော်ကားတစီး၏ ဥပမာကိုပဲ ကြည့်ရအောင်။ လူတယောက်၊ သို့မဟုတ် လူအနည်းငယ်ကို တနေရာမှ တနေရာသို့ ပို့ဆောင်မည့် ကိစ္စတွင် စက်ယန္တယား လေးချိန် ၁၀၀၀ ကီလိုဂရမ်မှ ၂၀၀၀ ကီလိုဂရမ်ကိုလည်းလိုက်ရွှေ့ပေးနေရသည်။ လူတယောက်၏ ပျမ်းမျှ အလေးချိန်က ၇၅ ကီလိုဂရမ်ရှိပြီး သယ်ဆောင်ရေးယာဉ်ကိုယ်ထည်၏ အလေးချိန်က သိသိသာသာ ပိုများနေသည်။ မော်တော်ယာဉ်၏ စက်ယန္တယားပိုင်းမှာလည်း ထိုနည်းနှင်နှင်ပင်။ ဓာတ်ဆီလောင်ကျွမ်းပြီး ထွက်လာသောစွမ်းအင်ကို စက်ယန္တယားက အသုံးပြုသည့်က နည်းနည်း။ အများစုကို အပူစွမ်းအင် အဖြစ် ဖြုန်းတီးပစ်ရာ ရောက်နေသည်။
အကယ်၍ သေးသေး၊ ပေါ့ပေါ့၊ ဘက်ထရီအားသုံး ယာဉ်တွေ၊ အင်ဂျင်ကိုလည်း လျှပ်စစ် ဓာတ်အားသုံး မော်တာတွေနှင့် မောင်းနိုင်မည်။ နေရောင်ခြည်စွမ်းအင်လို ကာဗွန် ထုတ်လွှင့်မှု နည်းသည့် အရင်းအမြစ်မှ ဓာတ်အားဖြည့်နိုင်မည်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှင့်မှုကို အကြီးအကျယ် လျှော့ချနိုင်မည်။
နောက်ဆုံးပေါ် အိုင်တီ နည်းပညာကို အသုံးပြုထားသည့် လျှပ်စစ်မော်တော်ယာဉ်တွေ အသုံးပြုနိုင်မည်ဆိုလျှင်ပို၍ကောင်းမည်၊ ထိုထက်မက ခေတ်မှီ အိုင်တီနည်းပညာက ပို၍ စမတ်ကျသည့် စက်တွေကို အသုံးပြုနိုင်သဖြင့် လူ၏အကူအညီမပါဘဲ စက်တွေဘာသာ အလိုလျှောက်ထိန်းချုပ်ရေးစနစ်တွေ (data-processing and positioning systems) ကို အသုံးပြုနိုင်လျှင်တော့ အတိုင်းထက်အလွန်ပင်။
ယခုအချိန်အထိ အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာ၏ အကျိုးကျေးဇူးတွေက လူမှုဘ၀ နယ်ပယ်စုံမှာ ရှိနေသည်။ ဂျီပီအက်စ် စနစ်သုံးသည့် စိုက်ပျိုးရေးနည်းကောင်းတွေ၊ နည်းနည်းနှင့် ထိရောက်သည့် အပင်အားဆေးတွေ (micro-dosing of fertilizers)၊ မှန်ကုန်ပြီး တိကျသည့် ထုတ်လုပ်မှုစနစ်၊ စွမ်းအင်ချွေတာနည်းကို သိသည့် အဆောက်အဦတွေ၊ စွမ်းအင်ကို တမျိုးမှ တမျိုးပြောင်းလဲနိုင်စွမ်းတွေ၊ အင်တာနက်ဆက်သွယ်ရေးစနစ်ကြောင့် နေရာ အကွာအဝေးဟူ၍ မရှိတော့။ မိုဘိုင်း ဘရောဘန်း Mobile broadband စနစ်က အာဖရိကနှင့် အိန္ဒိယ ကျေးလက်တွေအထိ ခရီးပေါက်နေလေပြီ၊ ကိစ္စရပ်တိုင်းအတွက်၊ ခရီးထွက်နေစရာ မလိုအပ်တော့။
ဘဏ်ကိစ္စတွေကိုလည်း တယ်လီဖုန်းနှင့် ဆောင်ရွက်နိုင်လာသည်။ တယ်လီဖုန်းနှင့် ရောဂါ စမ်းသပ်စစ်ဆေး နိုင်လာသည်၊ သို့ပေမယ့် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးဟူသည် နည်းပညာတွေ တိုးတက်ရုံမျှဖြင့် မလုံလောက်ပါ။ ဈေးကွက်၏ဆွဲဆောင်မှု၊ အစိုးရ၏ ထိန်းချုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးအပေါ် လူထု၏ အထောက်အပံ့တို့လည်း လိုအပ်သည်။
အဆိုပါ ပေါ်လစီနှင့် အစိုးရတို့ထက် ပို၍ အရေးကြီးသည်မှာ ကျွန်ပ်တို့၏ တန်ဖိုးထားမှု Values ကိစ္စဖြစ်သည်။ “လူသားအားလုံး၏ ကံကြမ္မာသည် ခွဲခြား၍မရကောင်း၊ ရေရှည်တည်တံသည့် ဖွံ့ဖြိုးရေးဟူသည် လူသားအားလုံး၏ မျက်မှောက်နှင့် အနာဂတ်မှာ စောင့်ထိန်းအပ်သည့် လူမှုကျင့်ဝတ်ဖြစ်သည်” ဟူသော အချက်ကို လူတိုင်းက နားလည်လက်ခံရန်မှာ ပို၍ပင် အရေးကြီးပေသည်။
ရည်ညွန်း၊ ၊ Sustainable Humanity by Jeffrey D. Sachs
နေသွင်

စီးပွားရေးဝိညာဉ်၏ လွှမ်းမိုးမှုကို သတိထားကြရန် အာဆီယံ အတွင်းရေးမှူးချုပ်သတိပေး

အာဆီယံအထွေအထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်သူများအပေါ် စီးပွားရေးလုပ်ငန်းများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်နေမှုအပေါ် စိုးရိမ်မိပါကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။ "ဘန်ကောက်နဲ့ စင်္ကာပူမှာ စုဝေးနေကြပြီး မြန်မာ့ သယံဇာတနဲ့ အခွင့်အလမ်းအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ကြံရွယ်နေကြတဲ့ ဒီလူတွေနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မိတယ်" ဆူရင်ပစ်ဆူဝန်က Myanmar Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၁၉၆၂ ခုနှစ်မှ ၂၀၁၀ အထိ စစ်တပ်အုပ်ချုပ်ရေးအောက်တွင် ရှိခဲ့သော မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အစိုးရ ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိသည်။ နှစ်ပေါင်းများစွာ တံခါးပိတ်မူဝါဒ ကျင့်သုံးခဲ့သည့်တိုင်းပြည်တွင် ဒီမိုကရေစီစနစ်နှင့် တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်လျက်ရှိသည့်အတွက် အကောင်းမြင်မှုများရှိနေပါသည်။
 ၁၉၈၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကို ကျင့်သုံးခဲ့သည့် အနောက်တိုင်းအစိုးရများအနေဖြင့်လည်း ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများအပေါ်တွင် ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းဖြင့် ဆုပေးစနစ်ကို ပြန်လည်ကျင့်သုံးရန် စဉ်းစားနေကြပြီဖြစ်သည်။ ဖေဖေါ်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လည်ပတ်မည့် ဆူရင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလျင်စလို ၀င်ရောက်နေခြင်းသည် အကျိုးစီးပွား မညီမျှမှုများသို့ ဦးတည်နေကြောင်းဖြင့် စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။
"မြန်မာရဲ့ မိတ်ဆွေတွေအနေနဲ့ လုပ်ဖို့လိုအပ်တာကတော့ ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို မြန်မာခေါင်းဆောင်တွေကို သတိပေးသင့်တာပါ။" သူက ဆွေးနွေးခဲ့သည်။
"စီးပွားရေးစိတ်ဝိညာဉ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ၀န်ဆောင်မှုတွေ၊ ရေသန့်ရရှိမှု စတဲ့အရာတွေအပေါ်မှာ လွှမ်းမိုးမသွားဖို့ပါ။ ဒီပွင့်လင်းလာမှုဟာ မညီမျှမှုတွေနဲ့ အဖျက်အဆီးတွေ ပိုဖြစ်လာမှာကို ကျနော်တို့ မလိုလားပါဘူး။"
ရွေးကောက်တင်မြှောက်ထားသည်ဆိုသော အစိုးရမှာ စစ်တပ်နောက်ခံဖြစ်ပြီး စစ်အရာရှိဟောင်းများ ပါဝင်နေပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်ခဲ့ခြင်းကြောင့် တဖွဲဖွဲ ၀င်ရောက်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးစီးပွားကို စစ်တပ်ကသာ ခံစားခွင့်ရရှိမည့် အနေအထားဖြစ်နေသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဆူရင်၏ အာဆီယံအတွင်းရေးမှူးချုပ် ငါးနှစ် ရာထူးသက်တမ်းမှာ ယခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ တည်မြဲခိုင်မာမှုအပေါ်တွင် သူက မေးခွန်းထုတ်ထားသည်။
"ထိပ်ပိုင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အောက်ခြေအဆင့် အစိုးရဌာနတိုင်းကို သက်ရောက်မှုရှိနေတယ်ဆိုတဲ့ အထင်ကရ ပြောင်းလဲမှု မြင်ကွင်းကို ကျနော်တို့ တွေ့မြင်ချင်တာဖြစ်တယ်။ ဒီအချက်ကို ခိုင်မြဲစေသင့်တယ်၊ ဖွံ့ဖြိုးစေသင့်တယ်။ ထင်သာမြင်သာဖြစ်သင့်တယ်။" ဆူရင်က ပြောပြခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည့် မြန်မာသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခွင့်ရရှိထားသည်။ အာဆီယံ ၁၀ နိုင်ငံတွင် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဘရူးနိုင်း၊ စင်္ကာပူနှင့် မလေးရှားတို့ ပါဝင်ကြသည်။
မြတ်ပန်းရှင်
Source: DPA/ Asia-Pacific News
အယ်ဒီတာဒိုင်ယာလော့(ခ်)

ကိုကို(စက်မှုတက္ကသိုလ်) - ကိုအောင်ဇော်ရေ။ ကျွန်တော်တို့ အနေနဲ့ အခု ဝေးကွာနေတဲ့သူတွေ ပြန်လည် ဆုံတွေ့ရတယ်။ နှစ်ပေါင်း ၂ဝကျော် အတွင်းမှာ မြန်မာ နိုင်ငံကို ပထမဆုံးပြန်လာပြီးတော့ ပြန်လည်ဆုံတွေ့ရတဲ့ ခရီးလည်းဖြစ်တယ်။ အခုလိုမျိုး ပြန်ရောက်လာတဲ့အတွက် ကိုအောင်ဇော် အနေနဲ့ ဘယ်လိုမျိုး ခံစားရသလဲ၊ ဘာတွေခံစားရသလဲ ဆိုတာကို အရင်ဆုံးလေး ပြောပြပေးပါ။

အောင်ဇော် - ကျွန်တော် အပြောင်းအလဲတွေကို လေယာဉ်ပေါ်မှာ ကတည်းက မြင်ရတယ်။ လေယာဉ်ပေါ်မှာ ဒူဘိုင်းမှာ အလုပ်လုပ်ကြတဲ့သူတွေ၊ အနယ်နယ် အရပ်ရပ်ကပြန်လာတဲ့သူတွေနဲ့ တွေ့ရတယ်။ သူတို့က ကျွန်တော့်ကို သိတယ်။ ဧရာဝတီကို သိတယ်။ အွန်လိုင်း ဧရာဝတီကို သိတယ်။ TV - Programme ကို စိတ် ဝင်စားတဲ့သူတွေနဲ့တွေ့တယ်။ လေယာဉ်က ရန်ကုန်ကို ဆိုက်ကာနီးမှာ လာပြီးတော့ နှုတ်ဆက်ကြတယ်။ တံဆိပ်ထုပေးတဲ့ လူဝင်မှု ကြီးကြပ်ရေးက အရာရှိ တစ်ယောက်တောင် လာပြီးတော့ မိတ်ဆက်တာတွေ ရှိတယ်။ နောက်က စောင့်နေတဲ့ သူတွေကတောင် ငြိုငြင်တာ ခံရတယ်။ အပြင်က လာကြိုတဲ့သူတွေကတောင် စစ်ဆေးတာခံနေရပြီလို့တောင် ထင်နေတယ်။ အမှန်ကတော့ ကိုယ်ပရိသတ်နဲ့ကိုယ် ပြန်ပြီးတော့ စကားပြောတယ်။ အွန်လိုင်းကို ဘယ်လိုလုပ်သလဲ လို့၊ Story တွေ ကို ဘယ်လိုရေးလဲ၊ TV - Programme တွေကို ဘယ်လိုတွေ လုပ်လဲ ဆိုတာတွေကို မေးကြတယ်။ Very Hospital ဖြစ်တယ်လို့ ခံစားရတယ်၊ ကိုယ့်ပရိသတ်နဲ့ကိုယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ဟုတ်ပါတယ်။ အခုလိုမျိုး နှစ်ပေါင်း ၂ဝကျော် ကွဲသွားပြီးတော့ ပြန်တွေ့တော့ အပြောင်းအလဲတွေက ဘယ်လိုဖြစ်လဲ။ လူတွေကို ဆက်ဆံရတာက ဘယ်လိုမျိုးဖြစ်လဲ။ နောက်တစ်ခုကတော့ ရန်ကုန်မြို့ရဲ့ မြင်ကွင်းကရော ဘယ်လိုမျိုး ဖြစ်လဲ။

အောင်ဇော် - ရန်ကုန်ကတော့ အများကြီး ပြောင်းလဲသွားတယ်လို့ ကျွန်တော် ထင်တယ်။ အပြောင်းအလဲကိုလည်း တွေ့တယ်။ မပြောင်းလဲတာတွေလည်း တွေ့တယ်။ အကြောက်တရားကို နည်းသွားတယ်လို့ ကျွန်တော် ခံစားရတယ်။ လူတွေရဲ့ မျက်နှာ ပေါ်မှာ ပိုပြီးတော့ တက်ကြွ ရွှင်လန်းတာတွေ၊ ပိုပြီးတော့ မျှော်လင့်ချက်ရှိတယ် ဆိုတဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ တွေကို ပိုပြီးတော့မြင်ရတယ်။ တစ်ချိန်တည်းမှာပဲ လူတွေရဲ့ Doubt(သံသယ)တွေ၊ ဖြစ်နေတာတွေကိုလည်း တွေ့ရတယ်။ အဲဒါကိုလည်း သာမန်လူတန်းစားကနေ ပညာတတ် အသိုင်းအဝိုင်းမှာကို တွေ့နေရသေးတယ်။

ထူးခြားတာက ဘာလဲ ဆိုတော့ စားသောက်ဆိုင်ပဲ ဖြစ်ဖြစ်၊ တစ်နေရာကိုပဲဖြစ်ဖြစ် သွားတဲ့အခါကျရင် လာပြီးတော့ မေးမြန်းတာတွေ ရှိတယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်က ပြန်ပြီးတော့မေးတယ် - ဘာတွေဖြစ်နေလဲ၊ အခု ဘာတွေ ခံစားနေရသလဲ ဆိုတာမျိုးတွေကို ပြန်ပြီးတော့ မေးတယ်။ တချို့ ဆိုရင်တော့ အစိုးရ အနေနဲ့ကတော့ Show Business ပေါ့၊ အစိုးရကို ပြောတယ်၊ အပြောင်းအလဲ မရှိဘူး၊ သူတို့ကို စောင့်ကြည့်ပါဦး၊ ခြောက်လ စောင့်ကြည့်ပါဦး၊ တစ်နှစ် စောင့်ကြည့်ပါဦး၊ သူတို့ကို မယုံရဘူး။ တချို့ကျတော့လည်း ဒါက မျှော်လင့်ချက် ရှိတယ်၊ လမ်းမှန်ကို သွားနေပြီ စသည်ဖြင့် အမြင် အမျိုးမျိုး ရှိတယ်ဆိုတာကို တွေ့ရတယ်။ တစ်ခု သတိထားမိတာကတော့ လူတွေမှာ အကြောက်တရားတွေ နည်းလာတာကိုတော့ တွေ့ရတယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အခုလောလောဆယ် မြန်မာနိုင်ငံကို ရန်ကုန်မြို့ကို တွေ့ ရတာက Mix Feeling ပေါ့၊ အရောင်တွေ ရောထွေးနေတယ်လို့ ပြောလို့ရသလား။ အဖြူတွေ၊ အမည်းတွေ ရောထွေးနေတယ်လို့ ပြောချင်သလား။

အောင်ဇော် - အဖြူတွေ၊ အမည်းတွေရော ကာလာစုံတယ်။ ဂရေးဖြစ်တာတွေလဲ အများကြီး တွေ့ရတယ်။ ကျွန်တော် တွေ့တာတွေကို ချုပ်ရရင်တော့ ဒိုင်းနမစ်ဖြစ်တယ် လို့ ပြောချင်တယ်။ အပေါင်းလား၊ အနုတ်လား ဆိုရင်တော့ ကျွန်တော့်အနေနဲ့ အပေါင်းဘက်ကို ပြောင်းလာတယ်လို့ မြင်ရတယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အပြောင်းအလဲဖြစ်မှုကို စိုးရိမ်တာကတော့ သဘာဝကျတယ်လို့ ပြောချင်တယ်။ လူတွေက နှစ် ၂၀ ပေါ့ဗျာ။ လမ်းစဉ်ပါတီခေတ်ကို ထားလိုက်ပါဦး။ ဘာကြောင့်လဲ ဆိုတော့ နှစ် ၂ဝကျော် အုပ်ချုပ်ခဲ့တဲ့ အရင်အစိုးရ လက်ထက်တုန်းက ကောင်းမလိုဖြစ်လိုက်၊ နောက်ပြန်ရောက်လိုက်၊ တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။ လူတွေက မျှော်လင့်ချက်တွေ ဖြစ်လာလိုက်၊ ပြန်ကျသွားလိုက်နဲ့ပေါ့။ စာနယ်ဇင်းတွေ ကိုယ်တိုင်လည်း အဝေဖန်ခံရတာတွေ ရှိတယ်၊ ကျွန်တော်တို့ကတော့ အပြုသဘောနဲ့ ကောင်းလာမယ် ဆိုပြီးတော့ ရေးကြတယ်၊ တကယ် ဖြစ်မလာတော့ အဝေဖန်ခံရတယ်၊ အဲဒီ သင်ခန်းစာတွေ ရှိခဲ့တယ်။ အဲဒါကြောင့် လူတွေက အခုကောင်း လာပေမယ့် လုံးဝ စိတ်ချပြီး မယုံရဲတဲ့ သဘောမျိုး ဖြစ်နေတယ်။ ကိုအောင်ဇော် အမြင်လေးကိုလည်း ပြောပြပေးပါဦး။

အောင်ဇော် - မှန်ပါတယ်။ ကျွန်တော်ထင်တယ် - လမ်းစဉ်ပါတီခေတ်မှာရော၊ အာဏာရှင်အစိုးရခေတ်မှာရော နေခဲ့တဲ့ မြန်မာပြည်သူတွေ အနေနဲ့ကတော့ ကျွန်တော် Confirm လုပ်ကြည့်တယ်။ မြန်မာပြည်အကြောင်းကို အမြဲတမ်း လေ့လာနေတဲ့သူတွေ၊ ပညာတတ်တွေ၊ ကျွန်တော်တွေ့ခဲ့တဲ့ တက္ကသိုလ်ပါမောက္ခတွေ၊ စောင့်ကြည့်နေသူတွေကို မေးကြည့်တဲ့ အခါမှာတော့ မြန်မာလူမျိုးတွေက (Politically)မှာ အရမ်း စင်ဒီကယ် ဖြစ်တာကို တွေ့ရတယ်။ ဘာကြောင့် စင်ဒီကယ် ဖြစ်ရတာလဲလို့ မေးကြည့်တော့ - သူတို့ရဲ့အတွေ့အကြုံအရ စင်ဒီကယ် ဖြစ်အောင် သင်ကြား၊ ထုလုပ်ပေးလိုက်တယ်လို့ ကျွန်တော် နားလည်ရတယ်။

"ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး နေမယ့်အစား ဒီလောက် လှပပြီးတော့ Resources တွေ ပေါများတဲ့ မြန်မာနိုင်ငံမှာ အားလုံး တွဲပြီးတော့ လက်ချင်းယှက်ကြရင် ကောင်းမယ်လို့ ကျွန်တော်မြင်တယ်"

ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော်တို့က အရင်တုန်းက လူချင်း မတွေ့ခဲ့ရဘူး။ အခုက ဝေးနေတဲ့ ညီအစ်ကိုတွေ ပြန်တွေ့ရတယ်။ Work Shop မတိုင်ခင်မှာ တွေ့ရ တယ်။ ကျွန်တော်တို့ကတော့ စာနယ်ဇင်း ညီအစ်ကိုတွေပါပဲ။ တိုင်းပြည်ချစ်တဲ့သူတွေ ပြန်တွေ့ကြတယ်။

အောင်ဇော် - ကျွန်တော် ထင်တာကတော့ စာနယ်ဇင်းညီအစ်ကိုတွေ ပြန်တွေ့ရတဲ့ သဘောပါပဲ။ ဒါပေမဲ့ တစ်သွေး တစ်သံတစ်မိန့်တည်း မှာတော့ အတူ ရှိခဲ့တာမဟုတ်ဘူး။ လွတ်လပ်စွာ သဘောထား ကွဲလွဲနေတယ်။ အရောင်အသွေး မတူကြဘူး။ Diversity လိုမျိုးပေါ့။

ကိုကို(စက်မှုတက္ကသိုလ်) - ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ်တစ်ခုလိုပေါ့။ Harmony ဖြစ်ဖို့တော့ လိုအပ်တယ်။

အောင်ဇော် - မီဒီယာအခင်းအကျင်းနဲ့ ပတ်သက်ပြီး ဦးကိုကိုက မေးလာခဲ့ရင်တော့ အများကြီးတော့ မျှော်လင့်ချက်ရှိတယ်။ ကျွန်တော့် အထင် ဆိုရင်တော့ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ် စောင့်ရှောက်တဲ့ အခါမှာ ဆိုရင်တော့ အားလုံးကတော့ စည်းလုံးမှုရှိရမယ် လို့တော့ ထင်တယ်။ ဦးကိုကိုကရော ဘယ်လို ထင်သလဲ။

ကိုကို(စက်မှုတက္ကသိုလ်) - မှန်ပါတယ်။ Common Goalပေါ့။ မတူညီမှုအချက်တွေလည်း ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မီဒီယာ အချင်းချင်း မတူညီတွေ ကတော့ စနစ်တစ်ခုကြောင့် လို့ ထင်တယ်။ စနစ်တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့ရတယ် လို့ ထင်တယ်။

အောင်ဇော် - မှန်တယ်။ စနစ်ကလည်း ကျွန်တော်တို့ ကွဲရင် သူတို့ကြိုက်တယ်။ စည်းလုံးနေရင် မကြိုက်ဘူး။ စနစ်ရဲ့သားကောင် မဖြစ်ဖို့ အတွက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အခုကတော့ စနစ်ပြောင်းသွားပြီ။ ကိုအောင်ဇော်အနေနဲ့လည်း ဒီကို မြန်မြန် ဆန်ဆန် လာရမယ်လို့ စဉ်းစားမိမှာ မဟုတ်ဘူး။

အောင်ဇော် - မှန်တယ်။ ကျွန်တော်ကတော့ ရွှေပြည်တော်မျှော်တိုင်းဝေးပြီ လို့တောင် ထင်ထားတာ။ ဒီနေ့ ဒီကိုရောက်နေတယ်။ အိပ်ရာက နိုးလာတိုင်း ရန်ကုန်ကို ရောက်နေပါလား ဆိုတာကို ပြန်ပြီး သတိပေးနေရတယ်။ ဒီက မီဒီယာတွေ အကုန်လုံးကို Appreciate လုပ်တယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေကို ကျေးဇူး တင်တယ်။ ထပ်ပြီးလာနိုင်အောင်လည်း ထပ်ပြီးတော့ ကူညီစေချင်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အခု ကိုအောင်ဇော်အနေနဲ့ ဒီကိုလာတာက မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို လာပြီး စမ်းသပ်တာလား။

အောင်ဇော် - ကျွန်တော် အဲဒီလို မထင်ဘူး။ Visit နဲ့ Return ကို ခွဲပြီးတော့ ပြောရမယ်။ ကျွန်တော် တောင်းတာက ဂျာနယ်လစ်ဗီဇာ။ Social Visit မဟုတ်ဘူး။ ကွဲကွာနေတဲ့ ဆွေမျိုးမိသားစုနဲ့တောင် မတွေ့ရဘူး။ စာနယ်ဇင်းပိုင်းက လူတွေနဲ့ပဲ တွေ့တယ်။ နှစ်ပေါင်းများစွာမတွေ့ရသေးတဲ့ အနီးဆုံးလူတွေနဲ့တောင် မတွေ့ရသေးဘူး။ Social Visit လာဖို့ အတွက် စိတ်မဝင်စားဘူး။ အလုပ်လုပ်တဲ့ ဗီဇာနဲ့ပဲ လာချင်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အဲဒီလိုမျိုးပြန်လာရင်း ပြန်လာရင်းနဲ့ နောက်ပိုင်းမှာ အတည်တကျ ပြန်နေဖို့ ရှိမလား။

အောင်ဇော် - ကျွန်တော်အနေနဲ့ကတော့ မြန်မာပြည်မှာတော့ Professional ဖြစ်တဲ့ ဂျာနယ်လစ်ဇင်တစ်ခုကို ကျွန်တော်နဲ့ အရောင်တူ အသွေး တူတဲ့ သူငယ်ချင်းတွေနဲ့အတူလုပ်ဖို့ စိတ်ဝင်စားတယ်။ တစ်မိုးအောက်မှာ အတူနေတဲ့သူတွေလို့ သတ်မှတ်တယ်။ ခွဲခြားသတ်မှတ်ခြင်း မရှိပါဘူး။ ကျွန်တော့်ကိုကျွန်တော် Exclusive ဖြစ်တဲ့ ကလပ် တစ်ခုအဖြစ် မသတ်မှတ်ပါဘူး။ မီဒီယာ လွတ်လပ်ခွင့် ကိစ္စတွေမှာတော့ ဦးကိုကိုတို့ အပါအဝင် အားလုံးနဲ့ ပူးပေါင်း လုပ်ဖို့ ကျွန်တော်တို့က တစ်တပ်တစ်အား လုပ်ဖို့ ပါဝင်ချင်ပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ကျွန်တော်တို့ရဲ့ လက်ရှိစာနယ်ဇင်းတွေရဲ့အနေအထားကို ဘယ်လိုသုံးသပ်သလဲ။

အောင်ဇော် - တံခါးကတော့ တစ်ချပ်ပဲပွင့်သေးတယ်။ တံခါးတွေ အကုန်လုံး ဖွင့်ဖို့ လိုအပ်ပါတယ်။ အစိုးရအတွက် ပြည်သူတွေ အတွက် အားလုံးအတွက် အကျိုးရှိမယ့်ကိစ္စပါပဲ။ ကျွန်တော်တို့အရင်တုန်းက ရေးလို့မရတဲ့ စာတွေရှိ တယ်။ အွန်လိုင်း တွေကို ပိတ်ထားတယ်။ အခု ဒီလိုမျိုးမဟုတ်တော့ဘူး။ ကျွန်တော်ထင်တာကတော့ အဲဒါတွေကို ဆက်ပြီးတော့ ဒီ့ ထက်ပိုပြီးတော့ လုပ်သင့်တယ်။ ဦးကိုကိုကကော ဘယ်လိုထင်သလဲ။

ကိုကို(စက်မှုတက္ကသိုလ်) - ပွင့်လင်းမှုကိုတော့ ကျွန်တော်တို့ကြိုက်ပါတယ်။ ကျွန်တော် တစ်ခုပဲ စိတ်ပူမှုကတော့ အဲဒီ ပွင့်လင်းမှုနဲ့ အတူ မီဒီယာလောကသား တွေအနေနဲ့ကတော့ Capacity နဲ့ပတ်သက်ပြီး အဆင်သင့် ဖြစ်လောက်ပြီလို့ ထင်လား။

အောင်ဇော် - ကျွန်တော့် အထင်ကတော့ (Still long way to go ) ခရီးရှည် သွားရဦးမယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ပြဿနာ မဟုတ်ပါဘူး။ Process တစ်ခုဖြစ်ပါတယ်။ အခုမှ အစပဲရှိပါသေးတယ်။ စာနယ်ဇင်းကိစ္စကို ပြောတာပါ။ Professional Ethic ကိစ္စတွေ၊ လိုက်နာဖို့ ကိစ္စတွေမှာ ကျွန်တော်တို့ထဲမှာ အများကြီး လုပ်ရဦးမယ်။

လက်ရှိဖြစ်နေတဲ့ လွတ်လပ်ခွင့်ကိုရော Use လုပ်မှာလား၊ Abuse လုပ်မှာလား။ Abuse လုပ်မယ်ဆိုရင်တော့ ပြဿနာရှိမယ်။ Use လုပ်မယ် ဆိုရင်တော့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ရမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ မီဒီယာလွတ်လပ်ခွင့်ကိုတော့ Use လုပ်ရမယ်လို့ ထင်တယ်။ Cpacity Building တွေ၊ Human Resources တွေ အများကြီး လုပ်ရမယ်။ အဲဒီကိစ္စတွေကို အစိုးရတွေ အနေနဲ့ ထပ်ပြီးတော့ တံခါးတွေဖွင့်ပေးရမယ်။ လုပ်ပေးရမယ်။ ကျွန်တော်တို့ရဲ့ ညီနောင်ဘွား မီဒီယာသမားတွေ ကလည်း ပိုပြီးတော့ အိုးပင်းမိုင်း ဖြစ်ဖို့တော့ လိုအပ်တယ်။ ကျွန်တော်တို့ကတော့ ပရော်ဖက်ရှင်နယ် ဖြစ်တယ်ဆိုတာကို ပြဖို့ လိုအပ်တယ်။ အဲဒါမှ တိုင်းပြည်ရဲ့ နားနဲ့မျက်စိဖြစ်တဲ့ မီဒီယာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ပိုပြီး Advanced ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားဖို့ လိုအပ်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အဲဒီကိစ္စတွေမှာ ကိုအောင်ဇော်တို့ အနေနဲ့ ကျွန်တော်တို့ကို အကူအညီတွေ ဘယ်လောက် ပေးနိုင်မလဲ။

အောင်ဇော် - ကျွန်တော် အများကြီး ကူညီချင်တယ်။ ကျွန်တော်တို့ကို လုပ်ခွင့်ပေးပါ။ အားလုံးကို ကျွန်တော်တို့ သိထားတာတွေကို Share လုပ်ပေးချင်တယ်။ Lecture ပေးဖို့မဟုတ်ဘူး။ အပေါ်ကနေလာဖို့ အစီအစဉ်မရှိဘူး။ အားလုံးကို Welcome လုပ်ချင်တယ်။ ကျွန်တော်တို့သိထားတာ တွေကို ပြန်ပြီး Share လုပ်ပေးချင်တယ်။ အဲဒီတော့ လုပ်ခွင့်တွေကို ဦးကိုကို တို့က ကျွန်တော့်ကိုပေးမလား။ အခြားသူတွေပေးမလား။ အထူးသဖြင့် အစိုးရက ကျွန်တော့်ကို ပေးမလား။ အားလုံးတန်းတူ လုပ်စေချင်တယ်။ ဒီတစ်ခေါက် ငါးရက်ဗီဇာ ရတယ်။ လုံလောက်တယ်။ တစ်ခါမှ မသိတဲ့သူတွေ၊ ဖုန်းထဲမှာ ရင်းနှီးခဲ့တဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ကို လုပ်ခွင့်သာပေးပါ။ အားလုံးကို တန်းတူဖြစ်စေချင်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - အခု စောစောက ပြောခဲ့သလို ကိုအောင်ဇော်တို့ Website တွေကို ဖွင့်ပေးတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း လောက်တုန်းကလည်း မဇ္ဈိမက လာတယ်။ လာမယ့်ရက်ပိုင်းမှာလည်း အာအက်ဖ်အေက ကိုကျော်ကျော်အောင်တို့လည်း လာမယ် ဆိုတဲ့ အသံတွေကြားနေရတယ်။ ကိုအောင်ဇော်တို့လည်း ရောက်လာတယ်။ နောက်ပြီး ထပ်လာမယ့်လူတွေရဲ့ အသံလည်း ကြားနေရတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် လုပ်တယ်လို့ ထင်လဲ။

အောင်ဇော် - အစိုးရအနေနဲ့ကတော့ ကျွန်တော်ထင်တယ် - ဒီ reform မှာ အသွင်ကူးပြောင်းကာလဖြစ်တဲ့ Transition ကာလမှာတော့ Packaging မှာကော၊ Approach မှာကော၊ Strategy မှာကော လုံးဝကို ပြောင်းသွားပြီလို့ ထင်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာကကော မြန်မာပြည်သူပြည်သားတွေကပါ စပြီးတော့ သူတို့ကိုအသိအမှတ်ပြုတာတွေကော၊ စောင့်ကြည့်လေ့လာတာတွေ၊ Welcome လုပ်တာတွေကော မျှော်လင့်ချက်တွေ စပြီးရှိလာတွေကို တွေ့ရတယ်။ ကျွန်တော့်အထင် ဒါကြီးကိုတော့ သူတို့အနေနဲ့ နောက်ကိုပြန်ပြီးတော့ ဆုတ်လို့ မရတော့ဘူး။ အစိုးရထဲမှာရှိတဲ့ အဖွဲ့တချို့ကို ပြောတာ။ အားလုံးကိုတော့ ဆိုလိုတာ မဟုတ်ဘူး။ သူတို့ထဲမှာလည်း အကွဲအပြဲတွေ အများကြီး ရှိနိုင်တယ်။ နှစ်ဖွဲ့ကွဲတာတို့၊ သုံးဖွဲ့ ကွဲတာတို့တွေ ရှိနိုင်တယ်။ ကျွန်တော်တို့ အမြဲတမ်း ကြားနေရတယ်။ ကျွန်တော် ထင်တာကတော့ အခုဖြစ်နေတဲ့ Dynamism ကို ၊ Diversity ကို ကြိုဆိုရမယ်။ ဒါပေမယ့် သတိနဲ့တော့ သွားရမယ် လို့တော့ ကျွန်တော် ထင်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ဒီနေရာမှာ မီဒီယာတွေကကော အပြောင်းအလဲတွေကြားမှာ ဘယ်လို အခန်းကဏ္ဍတွေကနေ ပါဝင်ရမယ်လို့ ထင်လဲ။

အောင်ဇော် - မီဒီယာအခန်းကဏ္ဍကတော့ အစိုးရတစ်ခုတည်းကို မဟုတ်ဘဲနဲ့ ကျွန်တော် မြင်တာကတော့ မီဒီယာ အခန်းကဏ္ဍကတော့ ကျွန်တော် ခံယူတာကို ပြောတာနော်။ မီဒီယာသမားကတော့ ပြည်သူကိုInform လုပ်ရမယ်။ ပြည် သူကို သတင်း ပေးရမယ်။ ပြည်သူကို အမှန်တရားကိုပြောရမယ်။ ပြည်သူကို ဘယ်လောက်အထိ မှန်မှန်ကန်ကန်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ မီဒီယာ ဆိုတာကတော့ ဘုန်းတော်ဘွဲ့ တွေကိုရေးတဲ့ မီဒီယာ မဟုတ်ရဘူး။ ကျွန်တော်တို့ ဧရာဝတီလည်း မဟုတ်ဘူး။ ပြည်တွင်းသတင်းစာဆရာတွေလည်း မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည် ပါတယ်။ မီဒီယာကနေ ဘယ်လောက်အထိ ကောင်းတာကို ကောင်းတယ်လို့ ပြောမယ်။ ဆိုးတာကို ဆိုးတယ် လို့ ပြောမယ်။

မီဒီယာထဲမှာတော့ ကျွန်တော် စိုးရိမ်တာတစ်ခုရှိတယ်၊ ဦးကိုကိုတော့ ဘယ်လိုမြင်လဲ မသိဘူး၊ မီဒီယာထဲမှာ Crony တွေ ကြီးစိုးတဲ့ကိစ္စတွေ၊ မီဒီယာ၊ ဂျာနယ်လစ်ဇင်ကို ဘာမှ နားမလည်တဲ့သူတွေ ပါနေတဲ့ ကိစ္စတွေကိုတော့ ကျွန်တော်တို့ကတော့ ဆက်ပြီးတော့ Remind လုပ်ရမယ်။ ပြည်သူတွေကို အဆိပ်တွေ ပေးမှာလား။ မှန်ကန်တဲ့ သတင်းတွေ ပေးမှာလား။ အဲဒါတွေကိုတော့ သိဖို့တော့ လိုပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ဟုတ်ပါတယ်။ ကိုအောင်ဇော်ရေ၊ ကျေးဇူးလည်း တင်ပါတယ်။ အခုလို ဆွေးနွေးရတာလေးလည်း ကောင်းတယ်။ ကျွန်တော့်အနေနဲ့ နောက်ဆုံး ဆွေးနွေးချင်တာကတော့ အခုလာတဲ့ခရီးရဲ့ အမှတ်တရပေါ့ဗျာ။ အရင်တုန်းကတော့ ဧရာဝတီကနေပြီးတော့ Message ပေးတာပေါ့ဗျာ။ အခု ကျွန်တော့် ရန်ကုန်တိုင်းမ်ဂျာနယ်ကနေပြီးတော့ စာဖတ် ပရိသတ်တွေအတွက် ဘယ်လိုမျိုး Message လေးများ ပြောချင်လဲ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာနဲ့ နိုင်ငံရေးအမြင်လေးကို ပြောတာပါ။

အောင်ဇော် - ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က အခု အကျဉ်းသားလွတ်တဲ့ ကိစ္စတွေ၊ အထူးသဖြင့် သမ္မတကြီးရဲ့ လုပ်ဆောင်မှုတွေကလည်း သူတို့အထဲမှာ ဘယ်လောက်ပဲကွဲနေကွဲနေ၊ စစ်တပ်တစ်ပိုင်း၊ အစိုးရတစ်ပိုင်း၊ ပါတီတစ်ပိုင်း ဘယ်လိုပဲ ကွဲနေကွဲနေ သမ္မတကြီးကတော့ တိုင်းပြည်အတွက် ကောင်းအောင် လုပ်ပေးစေချင်တဲ့ စေတနာရှိတယ်လို့တော့ ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံအကြောင်းကို နှစ်ပေါင်း ၂ဝလောက် ရေးသားခဲ့ဖူးတဲ့ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ယုံကြည်ချင်ပါတယ်။ ယုံကြည်ပါတယ်။

ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့အနေနဲ့ ရှေ့ကိုပဲ ဆက်ပြီးတော့ သွားသင့်တယ်လို့ ထင်တယ်။ တိုင်းပြည်က ပမ်းနေပြီ။ ကျွန်တော်တို့ တိုင်းပြည်လောက် လှပပြီးတော့ Natural Resources တွေ ပေါများတဲ့ နိုင်ငံက အရှေ့တောင်အာရှမှာ ကျွန်တော်တို့နိုင်ငံပဲ ရှိတယ်။

မြန်မာပြည်ကို ပြန်ရောက်ပြီး မြန်မာပြည်သူပြည်သားတွေကို မြင်တွေ့ရတဲ့အခါမှာ ကျွန်တော် ဝမ်းနည်းတာတွေ အများကြီးဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုး တွေက ဒီထက်ပိုပြီးတော့ ထိုက်တန်တယ်လို့ ယူဆတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်တုန်းကလည်း ကျွန်တော်တို့က ဒေါသတွေ၊ ဝမ်းနည်းတာတွေနဲ့ လမ်းပေါ်ကို ထွက်ခဲ့ကြတယ်။ ကျောင်းသား Activist တွေ အနေနဲ့ ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ပေါင်းများစွာ အိပ်မက်တွေထဲမှာ မြန်မာပြည်ကို ဘယ်လောက် တမ်းတခဲ့ရသလဲ၊ ဘယ်လောက် ပူဆွေးခဲ့ရသလဲ၊ ဆုတောင်းပေးခဲ့ရတယ်၊ နောက်ပြီးတော့ ကွဲကွာနေတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အိပ်မက်တွေ ထောင်ပေါင်းများစွာထဲမှာ တွေ့ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်တိုင်းပြည်ကို အစိုးရက ချစ်သလို၊ အာဏာရှင်တွေက ချစ်တယ်လို့ ပြောသလိုမျိုးပေါ့ဗျာ၊ ပြည်သူတွေကလည်း တိုင်းပြည်ကို ပိုပြီးတော့ ချစ်ကြတယ်။ ကျွန်တော်တို့ တိုင်းပြည်က အများကြီးအနောက် မှာကျန်ခဲ့ပြီ။ ကိုယ့်ကိုယ်ကို မလိမ်ကြပါနဲ့။ ကျွန်တော်တို့ အများကြီး နောက်မှာ ကျန်ခဲ့ပြီ။

ကိုကို(စက်မှုတက္ကသိုလ်) - မှန်ပါတယ်။ ဒါက ကိုအောင်ဇော် မြန်မာပြည်ကိုပြန်လာလို့ ခံစားရတာ။ ကျွန်တော်က နိုင်ငံခြား တိုင်းပြည်တွေ သွားတဲ့အခါမှာ ခံစားရတာ၊ ကျွန်တော်တို့ ရန်ကုန်လေဆိပ်ကနေ ထွက်လို့ သုဝဏ္ဏဘူမိလေဆိပ် ရောက်လို့၊ ချန်ဂီလေဆိပ်ရောက်လို့ ခံစားရတာတွေကတော့ အများကြီးပဲ။ အရမ်း ဝမ်းနည်းသွားတယ်။ နိုင်ငံခြားက ပြန်ရောက်လာတဲ့ အခါမှာ မြန်မာပြည်သူတွေက အရမ်းကို ဆင်းရဲနေတယ် လို့ ခံစားရတယ်။ အဝတ်အစားတွေက စပြီးတော့ နွမ်းပါးနေတယ် လို့ ခံစားရတယ်။

ကိုအောင်ဇော် - ဟုတ်တယ်။ လူတွေက ပိန်ပြီးတော့ အရောင်တွေက မွဲနေတယ်လို့ ခံစားရတယ်။ ကျွန်တော်မြန်မာပြည်ကို ပြန်မရောက်ပေမယ့်လည်း နယ်စပ်မြို့တွေကို အများကြီး သွားခဲ့ရတယ်။ အဲဒီမှာ မြန်မာလူမျိုး တွေက ပျော်နေတယ်လို့ မခံစားရဘူး။ သူတို့ရဲ့ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေမှာ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေးတို့ ကိစ္စတွေမှာ Elite တွေရဲ့ အသုံးတော်ခံပစ္စည်းလို့ ခံစားရတယ်။ သူတို့ရဲ့ အခြေခံလို အပ်ချက်တွေတောင် မရဘူး ဖြစ်နေတယ်။ အဲဒါတွေကို ဘယ်လိုမျိုး ဖြည့်ဆည်း ပေးမှာလဲ။

ကိုကို(စက်မှုတက္ကသိုလ်) - အမှန်ကတော့ ကျွန်တော်တို့က Needs ရဲ့ အောက်ဆုံးအဆင့် ကနေ မတက်နိုင်သေးဘူး ဖြစ်နေတယ်။ ဂုဏ်သိက္ခာပိုင်း ကိစ္စတွေမှာ အပေါ်ကို မတက်နိုင်သေးဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ဆိုရှယ် ကိစ္စတွေမှာ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။

ကိုအောင်ဇော် - ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင် တာကတော့ It is no restoration of Democracy ။ ကျွန်တော် မြင်တာက တော့ restoration of Dignity လို့ မြင်တယ်။ ဒီမိုကရေစီကို ပြန်ပြီးတော့ ဖော်ဆောင်ဖို့ထက် စာရင် ဂုဏ်သိက္ခာကို ပြန်လည်ပြီးတော့ ဖော်ဆောင်တဲ့ပွဲလို့ ကျွန်တော်မြင်တယ်။ အဲဒါကိုကျွန်တော်တို့သိမယ် ဆိုရင် အစိုးရတင်မက ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်တင်မက၊ တပ်မတော်တင်မက မြန်မာပြည်သူတွေကော အတိုက်အခံ တွေကော အစိုးရတစ်ခုထဲကိုပဲ ပြောမနေကြတော့ပဲ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ မီဒီယာတွေမက အားလုံးမှာ တာဝန်ရှိတယ် လို့ ကျွန်တော်မြင်တယ်။

ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး နေမယ့်အစား ဒီလောက် လှပပြီးတော့ Resources တွေ ပေါများတဲ့ မြန်မာနိုင်ငံမှာ အားလုံး တွဲပြီးတော့ လက်ချင်းယှက်ကြရင် ကောင်းမယ်လို့ ကျွန်တော်မြင်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) - ကောင်းတယ်။ ကိုအောင်ဇော် ကျေးဇူးတင်တယ်ဗျာ၊ မကြာမီ အချိန်မှာ ရန်ကုန်ကို အမြန်ဆုံး ပြန်လာနိုင်ပါစေ လို့ ပြောချင်တယ်။

အောင်ဇော် - အမြန်ဆုံးလည်း ပြန်လာချင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဧရာဝတီ သတင်းစာ ဆိုပြီးတော့ အများကြီး ဖြစ်လာနိုင်မယ် လို့တော့ ကျွန်တော် ထင်တယ်။ အစိုးရအနေနဲ့လည်း ဒီထက်ပိုပြီးတော့ Open mind ပိုဖြစ်လာမယ် လို့တော့ မျှော်လင့်ပါတယ်။


သတ်မှတ်ချိန် အတွင်းမြန်မာအစိုးရ နှင့် တွေ့ရန် မသေချာဟု ကေအဲန်ယူပြော

ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ဆုံ ရန် သတ်မှတ် ထားသော်လည်း ယင်းသတ်မှတ်ချိန် အတွင်း တွေ့ဆုံနိုင်ခြင်း ရှိမရှိ မသေချာသေးဟု ကရင်အမျိုးသားအစည်းအ ရုံး (KNU) က ပြောသည်။

“ကျမတို့ မြန်မာအစိုးရနဲ့ ပြန်တွေ့ဖို့ ဒီ(ဖေဖော်ဝါရီ)လတော့ ပြန်တွေ့ဖို့ သိပ်မသေချာသေးဘူး။ လောလောဆယ် အစိုးရနဲ့ ထပ်မံ တွေ့ဆုံဖို့ ကိုယ်စားလှယ်လည်း ရွေးချယ်တာ မရှိသေးပါဘူး။ နောက်လ(မတ်လ)တော့ တွေ့ကောင်း တွေ့ဆုံနိုင် တယ်။”ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီသို့ ပြောသည်။

KNU သည် ၎င်းတို့အဖွဲ့အတွင်း တဆင့်ပြီးတဆင့် တိုင်ပင်ဆွေးနွေးကာ မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးသွားရန် ရှိ သည်ဟု သူမက ဆက်ပြောသည်။

ယခင်လ ဇန်န၀ါရီလ ၁၂ရက်နေ့၌ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် ပြည်နယ်အဆင့်ရှိ မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိသကဲ့သို့ ပြည်ထောင်စုအဆင့်ရှိ အစိုးရကိုယ်စားလှယ်များနှင့် ၄၅ရက်အတွင်း ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

ပဏာမ သဘောတူညီမှု အချိန်ကာလအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆)တို့တွင် မြန်မာအစိုးရစစ်တပ်ဘက်မှ ပြန်လည်ဆုတ်ခွာမှု မရှိခဲ့သည့်အပြင် တပ်အင်အားနှင့် တပ်ရိက္ခာများ တိုးချဲ့လာ လျှက်ရှိသည်။

သတ်မှတ်ထားသည့် ၄၅ရက်အတွင်း ပြန်လည်တွေ့ဆုံဆွေးနွေးရန် မသေချာခြင်းနှင့် ပတ်သက်၍ ကေအဲန်ယူ ဘက်မှ အကြောင်းပြချက် အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

ယခုလ ၈ရက်မှ ၁၀ရက်နေ့အထိ ကေအဲန်ယူ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများက နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခုကို နယ်စပ်တနေရာတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုဆွေးနွေးပွဲတွင် ပါဝင်သည့် တပ်ဖက်အရာရှိတစ်ဦးက “ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အစိုးရဆီ တောင်းဆိုထားတဲ့ ကျနော်တို့ရဲ့ အချက် ၁၁ချက်ကို အသေးစိတ် အကျေအလည် ဆွေးနွေးခဲ့ကြတယ်။ လာမဲ့ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု မျိုး ဖြစ်တာမို့ အကျိုးရှိပါတယ်။”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရပြီးနောက်ပိုင်း KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ ခေတ်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် လက်နက် ကိုင်အဖွဲ့ ဖြစ်သည်။

သို့သော် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှုစာချုပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ချုပ်ဆိုခဲ့သည်

ဗွီအိုအေ ဌာနမှူး မြန်မာပြည်ခရီး အတွေ့အကြုံ.

ဗွီအိုအေ ဌာနမှူး မြန်မာပြည်ခရီး အတွေ့အကြုံ [By VOA Burmese Fan Page ] မြန်မာပြည်မှ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း ကို ဦးကျော်ဇံသာ က လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာပြည်အခြေအနေ၊ သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေများကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ပထမ ဦးဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံက ထွက်လာတာ နှစ်ပေါင်း (၂၀) လောက်ကြာပြီးမှ ပထမဦးဆုံး ပြန်ရောက်ခဲ့တယ်။ အခုတော့ နှစ်ကြိမ်ရှိသွားပြီ။ တိုင်းပြည်ရဲ့  အပြောင်းအလဲကို နည်းနည်းပြောပြပါလား။ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ … ဟိုတုန်းကထက်။ ဦးသန်းလွင်ထွန်း ။ ။ ပထမ တခေါက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းလောက်က သွားပါတယ်။ သွားတာကတော့ ရန်ကုန် နဲ့ နေပြည်တော် ကို ရောက်ခဲ့ပါတယ်။ ဒုတိယတခေါက်ကတော့ ဇန်နဝါရီလ လကုန်ပိုင်းကနေ ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ နေခဲ့ပါတယ်။ အဲဒီတော့ ဒီ နှစ်ခေါက်မှာ ယှဉ်ပြီးပြောရရင်တော့ ပထမတခေါက်မှာတုန်းက မရောက်တာ ကြာတဲ့အတွက် နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဦးဆုံး ရောက်သွားတာဆိုတော့ အမြင်တော့ နည်းနည်းဆန်းပါတယ်။ ဗမာပြည်မှာ တွေ့ရတဲ့မြင်ကွင်းတွေက အကုန်ပြောင်းလဲသွားပြီးတော့ စိတ်ထဲမှာ တော်တော်လေး၊ မျက်စိထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပါတယ်။ ဗမာပြည်မှာရှိနေတဲ့ မြင်ကွင်းဆိုတဲ့ နေရာမှာ တိုက်တွေတာတွေ အများကြီးဖြစ်နေတယ်ဆိုပေမယ့် အဲဒီ တိုက်တွေတာတွေက သစ်သစ်လွင်လွင် မရှိဘဲနဲ့ ရှုပ်ပွညစ်ပတ်နေတဲ့ အခြေအနေမျိုးကို မြင်ရတယ်ဆိုတော့ စိတ်ထဲမှာတော့ တမျိုးတော့ တမျိုးပေါ့။ နည်းနည်း သိပ်ရှုပ်နေသလို ခံစားရပါတယ်။ ဒုတိယတခေါက်ကြတော့ နည်းနည်းလေး မျက်စိယဉ်သွားသလား မသိဘူး သိပ်ပြီးတော့ ရှုပ်သလို မခံစားရသလို။ တဖတ်က ပြန်ကြည့်ရင် လက်တွေ့အားဖြင့် တလတာ ကာလအတွင်းမှာ ရန်ကုန်မြို့ မှာ ပြင်ဆင်ပြောင်းလဲမှုလေး နည်းနည်းရှိလာတာကို ကျနော် တွေ့ရတယ်။ ဦးကျော်ဇံသာ ။ ။ လူတွေရဲ့  နေထိုင်မှုကရော ပိုပြီးပျော်ရွှင်လာတယ် ထင်ပါသလား။ ဟိုတုန်းက နှစ် ၂၀ ကျော်နဲ့ ပထမအကြိမ် သွားခဲ့တဲ့အခေါက်။ ပထမအကြိမ် သွားတဲ့တကြိမ်နဲ့ ဒုတိယတကြိမ်အခေါက်တွေမှာ လူတွေက လွတ်လပ်ပျော်ရွှင်လာတယ်လို့ မြင်မိပါသလား။ ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်မြို့ ကြီး ပိုပြီး စည်းကားလာတာတော့ အမှန်ပဲ။ နောက် သေသေချာချာ သတိပြုမိတဲ့အချက်ကတော့ ဆင်းရဲချမ်းသာ အတော်ကွာခြားနေတယ်ဆိုတာတော့ မြင်ရတယ်။ ဥပမာအားဖြင့် ညဖက်တွေ၊ ညနေပိုင်းတွေမှာ စားသောက်ဆိုင်တွေမှာ လူတွေကြိတ်ကြိတ်တိုး စားနေတာ။ အစားအသောက်ဈေးနှုန်း ဒီဆိုင်ကြီးတွေမှာဆိုရင် အတော်လေးကို ကြီးပါတယ်။ တဖတ်မှာ ကြည့်ပြန်ရင်လည်း လက်လုပ်လက်စား အသိုင်းအဝိုင်းနဲ့ တော်တော်လေးကို ခက်ခက်ခဲခဲ တိုးကြိတ်ရှာဖွေနေရတဲ့ အများစုကိုလည်း မြင်ရတယ်ဆိုတော့ သေချာတာကတော့ ဗမာပြည်မှာ ချမ်းသာတဲ့လူတွေ ချမ်းသာပြီး၊ ဆင်းရဲတဲ့လူ တော်တော်များများ ဆင်းရဲနေကြတာတော့ အမှန်ပါ။ အသိထဲကတယောက်က ဘာများပြောသလဲဆိုရင် ဒီတယောက်က တော်တော်လေး ချမ်းသာနေတော့ သူ နိုင်ငံခြားတွေ ခရီးထွက်တယ်။ ခရီးထွက်တဲ့အခါမှာ သူတို့အနေအထားအရတော့ တော်တော်လေး သုံးနိုင်ဖြုန်းနိုင်ရှိတော့ နိုင်ငံခြားနဲ့ အိမ်နီးချင်းနိုင်ငံက လူတွေကမေးတယ် ခင်များတို့ ဗမာနိုင်ငံကလူတွေ ဆင်းရဲတယ် ကြားပါတယ်လို့ ပြောတော့ - သူက ဟုတ်တယ် ငါတို့က တိုင်းပြည်က ဆင်းရဲတယ်၊ လူက ချမ်းသာတယ်လို့ ပြောခဲ့တယ်လို့ ပြန်ပြောတယ်။ ဦးကျော်ဇံသာ ။ ။ အဲဒါ သူက ချမ်းသာတဲ့ လူဆိုတော့ ပြောတာပေါ့။ ဆိုတော့ အခုလို ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ၊ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာကလည်း လက်ခုပ်တီးနေကြတာ အများကြီးပါ။ အဲဒီ လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ပိုပြီးတော့ အလှမ်းဝေးသွားမလား။ ချမ်းသာတဲ့လူတွေသာ ချမ်းသာလာပြီးတော့ ဆင်းရဲတဲ့လူတွေ ကျန်ရစ်ခဲ့မယ့် အနေအထားမျိုး ရှိပါသလား။ အခု ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ အခြေအနေ ကြားလာရတော့။ ဦးသန်းလွင်ထွန်း ။ ။ ကျနော်ကတော့ စီးပွားရေးပညာရှင် မဟုတ်တော့ ဒီ မေးခွန်းကို ဖြေဖို့တော့ အတော်ခက်တယ်။ ဒါပေမဲ့လည်း သာမန်ရိုးရိုး journalist တယောက်နဲ့ ကြည့်ရမယ်ဆိုရင်တော့ ဗမာပြည်ထဲမှာဖြစ်နေတဲ့ ဆင်းရဲချမ်းသာအပြင် လုပ်ပိုင်ခွင့် အနေအထားပေါ့။ အဲဒါက လူတဦးနဲ့တဦး၊ အသိုင်းအဝိုင်းတခုနဲ့တခု တော်တော်လေးမတူ ကွဲပြားတာကို တွေ့ရတယ်။ အဲဒီတော့ တကယ်လိုများ အခု ပွင့်လင်းမှုတွေ ဖြစ်လာပြီး၊ နိုင်ငံတကာ ပိတ်စို့အရေးယူမှုတွေ ရပ်သွားတယ်။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာတယ်ဆိုလိုရှိရင် ဒါတွေအတွက် အကျိုးခံစားခွင့်က ဘယ်သူတွေဆီမှာ ပိုရှိမလဲဆိုတာကို ကျနော်တို့ မေးစရာ ရှိလာပါလိမ့်မယ်။ အထူးသဖြင့် ချမ်းသာတဲ့လူတွေ လုပ်ပိုင်ခွင့် ရှိနေတဲ့ လူတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေကို ပိုရသွားမလားဆိုတဲ့ - အဲဒီအခါကြရင် ဆင်းရဲချမ်းသာက ပိုပြီး ကွာခြားလာမလား။ အင်္ဂလိပ်လို ပြောလို့ရှိရင် trickle-down effect ခေါ်တဲ့ ချမ်းသာတဲ့လူတွေရှိက စည်းစိမ်ဥစ္စာတွေက အောက်ဖက်ကို တဖြည်းဖြည်း ရွေလျှော့ပြီးတော့ ဆင်းရဲချမ်းသာမှုကို ညှိပေးလာမယ့် အလားအလာ ဘယ်လောက်ကြာမှ ရောက်မလဲဆိုတာတော့ ကျနော်လည်း မခန့်မှန်းတတ်ဘူး။ ဦးကျော်ဇံသာ ။ ။ ဟိုတုန်းက မြန်မာနိုင်ငံဆိုရင် သူတို့နဲ့ နီးကပ်တဲ့လူတွေ cronies တွေမှ ကြီးပွါးနိုင်မယ့် အခြေအနေရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့  စွမ်းအင်အတိုင်း ကြိုးစားနိုင်တယ့်၊ တိုးတက်နိုင်တယ့် အခြေအနေမျိုး၊ ဥပဒေမျိုး လွတ်လပ်တဲ့အဖွဲ့အစည်း အတော်များများမှာ ဖန်တီးထားတာ တွေ့ရတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး အလားအလာကို ဘယ်လို မြင်ခဲ့ပါသလဲ။ ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ တစုံတရာ ဥပဒေထုတ်တယ်၊ ညွှန်းကြားချက် စည်းကမ်းတွေ ထုတ်တယ်ဆိုတာတော့ ကျနော်လည်း မကြားမိသေးပါဘူး။ သေချာတာ တခုကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သြဇာအာဏာ ရှိသူတွေနဲ့ နီးစပ်တဲ့လူတွေ အသိုင်းအဝိုင်းတွေက ပြည်တွင်းမှာ လုပ်ကိုင်နိုင်မယ့် ခွင် (ဂွင်) မှန်သမျှကို အကုန်သိမ်းကျုံးပြီးတော့ ထိန်းချုပ်ထားပြီးသာ ဖြစ်နေတယ်ဆိုတာတော့ အသေအချာကို မြင်ရတယ်။ အလုပ်တွေ မပြောနဲ့ ကျနော်တို့ ရန်ကုန်ကထွက်ပြီး နယ်ဖက်ကို ကြည့်လိုက်ရင် ရှိရှိသမျှ မြေယာမှန်သမျှကို လက်ညိုးထိုးလိုက် ဘယ်သူပိုင်တဲ့ မြေဆိုတာကို မေးစရာမလိုပါဘူး။ ဦးကျော်ဇံသာ ။ ။ အဓိကလည်း အဲဒါပါပဲ။ လူတွေက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ ဒီမိုကရေစီ ရလာမယ်ဆိုတာ နံမည်တာ ရပြီးတော့ တကယ့် တန်တူပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ လူတိုင်းဟာ တိုးတက်ပိုင်ခွင့်၊ တန်တူ အခွင့်အလမ်းတွေ ရှိမှသာ ဖြစ်မယ်။ အခုဆိုရင် အဲဒီ အလားအလာ မတွေ့ရသေးဘူးဆိုတဲ့ သဘောပေါ့။ ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီလိုပဲ ပြောရမှာပါ။ ဒါပေမဲ့လည်း ကျနော်အနေနဲ့ သိပ်ပြီးတော့ အဆိုးမြင်ကြီးသဘောမျိုးတော့ မဖြစ်ချင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခုလည်း ဒီကိစ္စကို ပြုပြင်ဖို့ လမ်းရှာတဲ့ လူတွေက လမ်းရှာနေကြပြီ၊ စဉ်းစားနေကြပြီဆိုတော့။ အထူးသဖြင့် ဗမာပြည်မှာ အာဂတိလိုက်စားမှု ပပျောက်ရေး၊ နောက်ပြီး ဆင်းရဲချမ်းသာ ကွာခြားမှု နည်းပါးလာစေရေး။ အဲဒါအပြင်ကို ချမ်းသာကြွယ်ဝမှုတွေကို ပြန်ပြီးမျှလာစေရေး income redistribution ဆိုတဲ့ ကြွယ်ဝမှုတွေအားလုံး မျှမျှတတ ဖြစ်လာစေရေး ဒါမျိုးတွေကို ကြံစည်းနေသူတွေ ရှိနေတယ်။ စဉ်းစားနေတယ့် လူတွေ ရှိနေပြီဆိုတော့ အချိန်တော့ နည်းနည်းယူရမယ်။ ဒါပေမယ့် ဖြစ်လာစရာတွေတော့ ရှိပါလိမ့်မယ်။ ဦးကျော်ဇံသာ ။ ။ ကျနော် အချိန်တိုတိုအတွင်းမှာ မေးချင်တဲ့ မေးခွန်း နှစ်ခု ကျန်နေပါသေးတယ်။ တခုက မီဒီယာအကြောင်းနဲ့ တခုက နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ မီဒီယာအကြောင်း အရင်နည်းနည်း မေးရင်ကောင်းမယ်။ အခု မီဒီယာ ပွင့်လင်းမယ်၊ မီဒီယာ ဥပဒေတွေလုပ်မယ်။ လွတ်လွတ်လပ်လပ် ရေးခွင့်ရလာမယ်။ နည်းနည်းပါးပါး ရေးခွင့်ရလာပြီလို့ အပြင်ကနေ ကျနော်တို့ ကြားရပါတယ်။ မီဒီယာသမားတယောက်အနေနဲ့ တိုင်းပြည်အတွင်းကို ထဲထဲဝင်ဝင် ရောက်ခဲ့တယ်။ မီဒီယာနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ခဲ့တယ်။ စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေလည်း လုပ်ခဲ့တယ်ဆိုတော့ မီဒီယာ လွတ်လပ်မှုအလားအလာကို ဘယ်လိုထိတွေ့မိပါသလဲ။ ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်ကတော့ ကျနော်တို့လို ပြင်ပမှာရှိနေတဲ့ မီဒီယာအဖွဲ့အစည်းတွေ - ကျနော်တင်မကပါဘူး ဘီဘီစီ၊ အခုနောက်ပိုင်းဆိုရင် အာရ်ဖက်အေ၊ မဇ္ဈိမ၊ ဧရာဝတီ အစရှိတဲ့ ပြည်ပက မီဒီယာသမားတွေကို မြန်မာပြည်တွင်းကို ဝင်ခွင့်ပြုတယ်။ သက်ဆိုင်ရာတွေနဲ့ စကားပြောခွင့်ပြုတယ်ဆိုတော့ တနည်းအားဖြင့်တော့ လွတ်လပ်ခွင့် ဖြစ်လာသလို။ ဒါပေမဲ့ မီဒီယာ ပတ်သက်လို့ တကယ့် လုပ်ငန်းတွေကတော့ အကောင်အထည်တော့ ပေါ်မလာသေးပါဘူး။ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်၊ ဘာတွေ လုပ်ရမလဲဆိုတာတွေ။ အထူးသဖြင့် ဗွီအိုအေ ကဆိုရင် အကြောင်းအရာတခုပေါ်လာလို့ သတင်းထောက်တယောက်ကို သွားပြီးတော့ သတင်းယူခွင့်ပေးပါ တောင်းဆိုလိုရှိရင် သတင်းယူခွင့်ပေးနေတဲ့ ဘီဘီစီ ကိုလည်း အခုယူခွင့်ပေးနေတယ်။ ဒါမျိုးလေးတွေကတော့ တိုးတက်တယ်လို့ ခေါ်ရမှာပေါ့။ နောက်ပြီးတော့ ပြည်တွင်းမီဒီယာနဲ့ ပတ်သက်ရင်လည်း ပြည်တွင်းဂျာနယ်တွေမှာ အတိုက်အခံတွေရဲ့  လှုပ်ရှားမှုတွေ၊ တချို့  အာဂတိလိုက်စားမှု၊ ခြစားမှုအကြောင်းလေးတွေကို ပွင့်ပွင့်လင်းလင်း ရေးလာတာ၊ တင်ပြလာတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒါတွေကို ဆင်ဆာတည်ဖြတ်မှု မရှိဘူးလားဆိုတာတော့ မဟုတ်ဘူး။ ကျနော်လက်တွေ့ မြင်ခဲ့ရတာတွေ ရှိတယ်။ ဆင်ဆာဘုတ်အဖွဲ့အနေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးကိစ္စ၊ ဒီလိုမျိုး သတင်းကိစ္စမျိုးဆိုရင် သူတို့အခေါ် တင်ထုတ်အဆင့်မှာပဲ ရှိသေးတယ်။ တင်ပြပြီးမှ ထုတ်ရတာ။ အဲဒီတော့ ဆင်ဆာဖြတ်တာတွေကတော့ နေစဉ်နဲ့အမျှ ရှိနေသေးတယ်။ ဂျာနယ်အယ်ဒီတာတချို့ နဲ့ စကားပြောခဲ့တယ်။ သူတို့တင်ပြတဲ့ သတင်းတချို့ ကို ဖြတ်တောက်ပယ်ချလိုက်တဲ့ဟာတွေကိုလည်း ကျနော်မျက်စိနဲ့ မြင်ခဲ့ရတာတွေလည်း ရှိတယ်။ ဦးကျော်ဇံသာ ။ ။ ဒါက အချက်အလက်ပိုင်း ဖြစ်ရပ်ကို အမှန်အတိုင်း ရေးတဲ့အပိုင်းပဲ ရှိသေးတယ်။ နိုင်ငံရေး ပတ်သက်ပြီး ဝေဖန်သုံးသပ်တာ၊ သူတို့ရဲ့  လုပ်ရပ်ကို ကိုယ့်အမြင်နဲ့ နှိုင်းယှဉ်ပြီးတော့ ဝေဖန်တာ အဲဒါမျိုးကြာတော့ လွတ်လပ်မှုအတွက် ပိုပြီးတော့ ခက်ခဲမှာပေါ့။ ဦးသန်းလွင်ထွန်း ။ ။ ပိုခက်တာပေါ့။ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မြင်နေရတဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတယ့် ရန်ကုန်မျိုးက ကိစ္စ။ အထူးသဖြင့် လွှတ်တော်အမတ်လည်း ဖြစ်တဲ့ မြန်မာပြည်မှာ သူဌေးကြီးတဦးဖြစ်တဲ့ ဦးခင်ရွှေ နဲ့ တောင်သူလယ်သမားတွေကိစ္စ။ အဲဒီကိစ္စမျိုးကို တင်ပြဖို့ ဂျာနယ်တခုက ရေးထားတာတွေကို ခွင့်မပြုဘူးဆိုတဲ့ဟာတွေ ကျနော် တွေ့ခဲ့ရတယ်။ ဆိုတော့ ကျနော့်စိတ်ထဲမှာ ကိုယ့်ဘာသာ မေးခွန်းလည်း မေးကြည့်တယ်။ ဒါတွေက တကယ် ဖြစ်နေတဲ့ကိစ္စ ဘာကြောင့်များ စီစစ်ဖြတ်တောက်စရာ လိုသလဲဆိုတာမျိုး။ စာပေစီစစ်ရေးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဦးတင့်ဆွေနဲ့ တွေ့ခဲ့တဲ့အခါကြတော့လည်း ဒါတွေက တဖြည်းဖြည်းနဲ့ တင်ထုတ်စနစ်ဆိုတာလည်း ပျောက်ကွယ်သွားမှာပါ။ ဆင်ဆာအဖွဲ့ဆိုတာ နောက်ပိုင်းမှာ ရှိဖို့တောင် မလိုတော့ပါဘူး။ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ media law တခု ပေါ်ပေါက်လာခဲ့ရင် ဒီလို ကန့်သတ်မှုတွေ မရှိတော့ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ media law ဆိုတဲ့ နေရာမှာလည်း ပြဿနာက media law ကို စာပေစီစစ်ရေး ပတ်သက်လို့ သူတို့ရေးသာတင်ပြထားတာ ရှိတယ်။ လွှတ်တော်မှာ ဆွေးနွေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီတပတ် လွှတ်တော်မှာတော့ မတင်ဖြစ်ဘူးလို့ ပြောတယ်။ ကြားသိခဲ့ရပါတယ်။ ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး နိုင်ငံရေး ပတ်သက်ပြီး မေးခွန်း နှစ်ခု မေးပါမယ်။ ပထမတခုက အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံ အစိုးရက ချမှတ်ထားတဲ့ ဘောင်အတွင်းမှာ အဲဒီ ရေစီးအထဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဝင်ရောက်ပြီး လိုက်ပါမျောမယ့်သဘောရှိတော့ အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ပုံစံအမျိုးမျိုးနဲ့ ဝေဖန်နေခဲ့တယ်။ ဖွဲ့စည်းပုံကိုရော စနစ်ကိုရော။ အခုအခါမှာ အဲဒီဘောင်အတွင်းမှာ ဝင်ပေါင်းသွားတယ်ဆိုတော့ ဒီလမ်းကြောင်းဟာ လိုက်လျောညီထွေဆက်ပြီး သွားမယ်ထင်ပါသလား။ ပဋိပက္ခတခုခုနဲ့ ကွဲသွားနိုင်မယ်လို့ ထင်ပါသလား။ ဘယ်လိုတွေးမိပါသလဲ။ ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အများပြည်သူတွေကတော့ အတော်လေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်ဆိုတာကတော့ လက်တွေ့အမြင်ပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလွန်အားကြီးလို့၊ သိပ်ပြီးတက်ကြွလွန်အားကြီးလိုတောင် ပြဿနာတစုံတရာ ဖြစ်မလား စိုးရိမ်ရပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သွားတဲ့နေရာတွေမှာ လူထုက တော်တော်လေးကို အားတက်သရော ကြိုဆိုကြတယ်။ လုံခြုံရေးအရ ထိန်းရသိမ်းရ အတော်လေးခက်ရတဲ့ အခြေအနေမျိုးတွေ ရှိနေတော့ တဖက်ကကြည့်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေကို စိုးရိမ်လွန်လို့ ထိန်းရင်သိမ်းရင်နဲ့ ပြဿနာတစုံတရာ ဖြစ်သွားနိုင်မလားဆိုတဲ့ စဉ်းစားတွေးတောစရာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုပါ နက်နက်နဲနဲ့ စဉ်းစားပြီးတော့ မျှမျှတတ လုပ်ကြရင်တော့ ပိုပြီးကောင်းမယ်လို့ မြင်ခဲ့ပါတယ်။ ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ ကိုသန်းလွင်ထွန်း ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက် ဒီပုဂ္ဂိုလ်တွေဟာ အဓိကကြတဲ့ ပုဂ္ဂိုလ်တွေပါ။ နိုင်ငံရေး၊ မြန်မာနိုင်ငံရေးမှာ ဒီလမ်းကြောင်း သူတို့ စထွင်ခဲ့တာပါ။ ဒီလူတွေရဲ့  အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ သူတို့လည်း ထိန်းသိမ်းခံရကနေ နှစ်ရှည်အကျဉ်းထောင်က လွတ်လာခဲ့ပြီဆိုတော့ သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  လမ်းကြောင်းနဲ့ တပေါင်းတစည်းတည်း သွားနိုင်သလား။ သို့တည်းမဟုတ် သူတို့ရဲ့  လမ်းကြောင်းသီးသန့် ပေါ်ထွက်လာနိုင်မလား။ ဦးသန်းလွင်ထွန်း ။ ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ အစရှိတဲ့ လူတွေနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ သူတို့လည်း သူတို့ ကတိပြုထားတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးတဲ့လမ်းကြောင်းကို ဝိုင်းရံပေးမယ့်ဆိုတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကူညီပေးမယ်ဆိုတဲ့ ကတိပြုချက်အတိုင်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ အခက်အခဲလေးတွေတော့ ရှိတာပေါ့။ ဥပမာအားဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေမှာ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မလဲဆိုတဲ့ ပြဿနာလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာလည်း ပြေလည်သွားမှာပါ။ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် သူတို့ကိုယ်တိုင်အနေနဲ့လည်း သူတို့ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ရတော့မယ့် အနေအထား ရောက်လာပြီလို့ သူတို့ သိကြပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ လက်တွဲပြီးတော့ ဆက်လုပ်သွားမလား။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ဘယ်လိုဆက်လုပ်သွားမလဲ။ လူမှုရေးလုပ်ငန်းတွေ လုပ်မလား။ နိုင်ငံရေးကို ထဲထဲဝင်ဝင် နိုင်ငံရေးသမားတွေအနေနဲ့ လုပ်မလားဆိုတာကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမှာ သူတို့ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ 
 
Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment