ကမ္ဘာ့သတင်းများ 17/02/2012
နိုင်ငံတကာသတင်း
ဆီးရီးယားသမ္မတ နှုတ်ထွက်ဖို့ ကုလတောင်းဆို
ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ရာထူးက ဆင်းပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တခဲနက် အတည်ပြု ဆုံးဖြတ်လိုက် ကြောင်းနိုင်ငံပေါင်း ၁၃၇ နိုင်ငံက အဆိုကို ထောက်ခံခဲ့ကြပြီး ၁၂ နိုင်ငံကသာ လက်မခံဘဲ နေခဲ့ကြကြောင်း
၁၇ နိုင်ငံကတော့ ကြားနေခဲ့ကြပကြောင်း လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့ တရုတ်နဲ့ရုရှား ၂ နိုင်ငံကတော့ ကန့်ကွက်တဲ့ နိုင်ငံတွေထဲ ပါဝင်ခဲ့ကြကြောင်း
အထွေထွေညီလာခံရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ဟာ မလိုက်နာမဖြစ် လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်ပေမဲ့ ဆီးရီးယားနိုင်ငံက အခြေအနေတွေအပေါ် ကမ္ဘာတဝှမ်းက သဘောထားတွေကိုတော့ ထင်ဟပ်ပြသခဲ့တာ ဖြစ်ကြောင်း
ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သမ္မတ အာဆဒ် အစိုးရဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုမျိုးတွေ ကျူးလွန်နေတဲ့အကြောင်း စွပ်စွဲပြောဆိုခဲ့ကြောင်း အရပ်သားတွေအပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ၊ အင်အားသုံး နှိမ်နင်းနေတာတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ကြောင်း
လန်ဒန်မြို့ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့ကတော့ ဒါရာ(Daraa) မြို့က လူ ၄ ယောက်နဲ့ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဟာမာ့(Hama) မြို့အနီးက ၁၄ ယောက် အပါအဝင် ကြာသပတေးနေ့ နိုင်ငံအနှံ့က ပဋိပက္ခတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၄ ယောက် ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
စကော့တလန်ခွဲထွက်ရေး ဗြိတိန်ဝန်ကြီးချုပ် ကန့်ကွက်
ဗြိတိန်နိုင်ငံကနေခွဲထွက်ဖို့ စကော့တလန်က စိတ်ကူးနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်တဲ့ အကြောင်း Edinburgh ကို အလည်အပတ် ရောက်သွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် (David Cameron) ကပြောကြောင်း ဗြိတိန်နိုင်ငံအဖြစ် တစုတစည်းတည်းရှိနေစေဖို့ စကော့တလန်အနေနဲ့ အင်္ဂလန်လိုပဲ ကိုယ့်ဖာသာ အုပ်ချုပ်ကောင်း အုပ်ချုပ်သွားနိုင်မှာဖြစ်ပေမဲ့ အတူတကွတည်ရှိတာက ပိုကောင်းမယ်လို့လည်း ဝန်ကြီးချုပ်က ပြောသွားကြောင်း ၂ဝ၁၆ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွေ မတိုင်မီ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလထဲ ခွဲထွက်ရေး အတွက် လူထုဆန္ဒခံယူပွဲတရပ်ကျင်းပရေး တွန်းအားပေးနေတဲ့ စကော့တလန်က အမျိုးသားပါတီရဲ့ ခေါင်းဆောင် Alex Salmond နဲ့လည်း ဝန်ကြီးချုပ်ကင်မရွန်း ကြာသပတေးနေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ်ကတော့ ခွဲထွက်ရေးအစီအစဉ်ဟာ အန္တရာယ်များလှတဲ့ လုပ်ရပ်တခုအဖြစ် စကော့တလန် ဥပဒေပြုအမတ်တွေကို နားချနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်း စကော့တလန် အမျိုးသားပါတီခေါင်းဆောင် Salmond ကတော့ နှစ်ပေါင်း ၃ဝဝ ဗြိတိသျှ အုပ်ချုပ်မှုအောက်က အပြည့်အဝ လွတ်မြောက်လာမယ့် စကော့တလန်ဟာ လေအားလျှပ်စစ် ထုတ်လုပ်ရေးလို ပြန်လည် အစားထိုးနိုင်တဲ့ စွမ်းအင်ကဏ္ဍကတဆင့် ပိုပြီး သာယာဝပြောလာနိုင်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်ကြောင်း
ဝန်ကြီးချုပ် ကင်မရွန်း ကတော့ ဝေလနယ်၊ အင်္ဂလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ပါ ပါဝင်တဲ့ ဗြိတိန်နိုင်ငံထဲမှာ ဆက်ရှိနေတာကသာ စကော့တလန် အတွက်ပိုမို ကြွယ်ဝလုံခြုံမယ်လို့ ပြောသွားကြောင်း သိရသည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အာရှ အဓိကကျ
အာရှ ပစိဖိတ်ဒေသဟာ ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ထိန်းသိမ်းရာမှာ ထိပ်တန်းဒေသတခု ဖြစ်နိုင်တယ်လို့ ADB အာရှဖွံ့ဖြိုးမှုဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရသည်။ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာသစ်ကို ကျင့်သုံးဖို့
အာရှ-ပစိဖိတ်ဒေသဟာ ၁၉၉ဝ နှစ်တွေက စပြီး ကမ္ဘာမှာ သယံဇာတ အသုံးစွဲဆုံး ဒေသတခု ဖြစ်ခဲ့တာမို့ ဒီအတိုင်း ဆက်သွားနေရင် လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုဟာ ၂,ဝ၅ဝ ခုနှစ်လောက်မှာ အခုထက် ၃ ဆတိုးလာပြီး ကမ္ဘာ့ သဘာဝဂေဟစံနစ် ခံနိုင်ရည်မရှိဘဲ ပျက်ပြားသွားနိုင်တယ်လို့ ဆိုကြောင်း
အစားထိုး လောင်စာစွမ်းအင် ထုတ်လုပ်သုံးစွဲရာမှာ ငွေကြေးကုန်ကျမှု များပေမယ့် အာရှ-ပစိဖိတ် ဒေသဟာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဦးဆောင်နေတာ တွေ့ရတယ်လို့ ဖိလစ်ပိုင်အခြေစိုက် ADB အဖွဲ့က ပြောကြောင်းကာဗွန်ထုတ်လုပ်မှု လျော့နည်းအောင်နဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံနေသူတွေကို နိုင်ငံအစိုးရတွေကဆုပေးတဲ့အနေနဲ့ အခွန်ပြင်ဆင် ကောက်ယူတာလိုမျိုး မူဝါဒတွေ ချမှတ်ဖို့ စဉ်းစားသင့်တယ်လို့လည်း အစီရင်ခံစာက တိုက်တွန်းကြောင်းအာရှ-ပစိဖိတ်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အောင်မြင်နေတာဟာ ဆင်းရဲချို့တဲ့ သူတွေကို ကူညီတာနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အကျိုးအမြတ်ရှိအောင် လုပ်ပေးနေတာတွေကြောင့်လို့ ADB က ပြောကြောင်းသိရသည်။
အလားအလာရှိနိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် တာလီဘန်များက အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အာဖဂန်သမ္မတဟာမစ်ကာ ဇိုင်းအစိုးရနှင့်မူ ဆွေးနွေးမှုမလုပ်လိုကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်းအမေရိကန် အဓိကကျသည်ဆိုသည့် သတ်မှတ်ချက်တစ်ခုကို ပယ်ချခြင်းသည် စေ့စပ်ညှိနှိုင်းရေးအားထုတ်ကြိုးပမ်းမှုများကို ကမောက်ကမဖြစ်စေနိုင်ကြောင်း ရုပ်သေးအစိုးရနှင့် ဆွေးနွေးခြင်းသည် အကျိုးမရှိနိုင်ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် Zabiullah Mujahid ကပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျတွင် ကာဇိုင်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တာလီဘန်များက ဖိတ်ကြားခဲ့သည်ဆိုသည့် ယခင်သတင်းဖော်ပြချက်များကို ငြင်းဆိုခဲ့ကြောင်း သိရသည်။ |
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment