မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၁၇ ရက်၊ ၂၀၁၂
မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို
နိုင်ငံတော် ပုန်ကန်မှုအပါအဝင် ပြစ်မှုကြီးများဖြင့် တရားစွဲဆိုခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် အမှုအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းကို သက်သေအဖြစ် ခေါ်ဆိုပေးရန် ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေက တရားရုံးသို့ ကြာသပတေးနေ့က လျှောက်ထားလိုက်သည်။
ဝန်ကြီး ဦးအောင်မင်း နှင့်တကွ နေပြည်တော်မှ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)မှ ထိပ်တန်း အရာရှိကြီးများ၊ တပ်မှူးများ စုစုပေါင်း ၈ ဦးတို့အား အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေးရန် ကြာသပတေးနေ့ ရုံးချိန်းကြားနာမှု အတွင်း လျှောက်ထားခြင်းဖြစ်သည်ဟု မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် ကပြောကြောင်း သိရသည်။
ဝန်ကြီး ဦးအောင်မင်း နှင့်တကွ နေပြည်တော်မှ စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)မှ ထိပ်တန်း အရာရှိကြီးများ၊ တပ်မှူးများ စုစုပေါင်း ၈ ဦးတို့အား အင်းစိန် အထူးတရားရုံးသို့ ဆင့်ခေါ်ပေးရန် ကြာသပတေးနေ့ ရုံးချိန်းကြားနာမှု အတွင်း လျှောက်ထားခြင်းဖြစ်သည်ဟု မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့် ကပြောကြောင်း သိရသည်။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန် အထူးတရားရုံး၌ ကြာသပတေးနေ့က ကြားနာစစ်ဆေးခဲ့ရာတွင် ပဒိုမန်းငြိမ်းမောင်ကို တရားလို ရှေ့နေများက ၃ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်၏ရှေ့နေက ပြောသည်။ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန် အထူးတရားရုံး၌ ကြာသပတေးနေ့က ကြားနာစစ်ဆေးခဲ့ရာတွင် ပဒိုမန်းငြိမ်းမောင်ကို တရားလို ရှေ့နေများက ၃ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု ပဒိုမန်းငြိမ်းမောင်၏ရှေ့နေက ပြောသည်။
ပဒိုမန်းငြိမ်းမောင်က သူသည် KNU ဗဟိုကော်မတီဝင် ဖြစ်ကြောင်းနှင့် အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ် ထားသည်ဟုဆိုကာ အစိုးရ အာဏာပိုင် များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။
မူလစွဲဆို အမှုများမှ လွတ်မြောက်ရန် ၂၂ ရက် အလို ဇန်နဝါရီလ ၂ ရက်နေ့တွင် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့်နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲ ဆိုထားခြင်း ဖြစ်သည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင် အပါအဝင် ဖမ်းဆီးထားသူများကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ ကြောင်းသိရသည်။
ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း
နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။
ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀၀ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားကြောင်း သိရသည်။
ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀၀ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း ရွာ ၄၀ ကျော်တွင် ဝမ်းရောဂါ ကူးစက်ပျံ့နှံနေ
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်အတွင်းက ဒေသချင်း ထိစပ်နေသည့် ရွာ ၄၀ ကျော်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း အဆိုပါမြို့နယ် ၃ ခုအတွင်း ဇန်နဝါရီလထဲက စတင်ဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားနေကာ အသက် ၅၀ အထက် လူကြီးများလည်း ဖြစ်ပွားလျက် ရှိသည်။ ဆေးရုံမှတ်တမ်းများအရဖေဖေါ်ဝါရီ တလထဲတွင်ပင် သေဆုံးသူ အနည်းဆုံး ကလေး ၃ ဦး နှင့် လူကြီး ၂ ဦး ရှိနေကြောင်း သက်ဆိုင်ရာ မြို့နယ်ဆေးရုံကြီးများထံမှ စုံစမ်းသိရှိရသည်။
သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု ဦးအောင်မင်း ပြော
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးများကို သုံးလအတွင်း ပြုလုပ် ပြီးစီးသွားမည်ဟု ဗုဒ္ဓဟူးနေ့က နိုင်ငံခြားသတင်းဌာနနှင့် ပထမဆုံးအကြိမ် အင်တာဗျူးရာတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်(ဟောင်း) ဦးအောင်မင်း က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၆၀ နာတာရှည်ဝေဒနာကြီးအား ယခင်အစိုးရ အဆက်ဆက်ကဆေးမမှန်၍ မကုစားနိုင်ခဲ့ကြောင်းလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၉ ဖွဲ့နှင့် အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မကြာမီ လအနည်းငယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)အပါအ၀င် ၆ ဖွဲ့နှင့် အပစ်ရပ်နိုင်လိမ့်မည် ဖြစ်ကြောင်း မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မည်ဖြစ်ကာ လက်နက်ကိုင်အဖွဲ့ငယ် ၅ ခုကလည်း လက်နက်ချရန် အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဦးသိန်းစိန်အနေဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသုံးရပ် ချမှတ်ထားသည်။ ပထမဦးစွာ အပစ်ရပ်ပြီးနောက်နိုင်ငံရေးသဘောတူညီချက်များနှင့် နေရာပြန်ချရေးများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနောက် ပါလီမန်တွင်း အထူးညီလာခံ ကျင်းပ၍ အဖွဲ့အသီးသီးနှင့် ရေရှည်သဘောတူညီချက်များ အခိုင်အမာ ချမှတ်သွားရန်ဖြစ်သည်ဟုဆိုကြောင်း
ဤအစီအစဉ်အားလုံးမှာ၂၀၀၈အခြေခံဥပဒေအောက်မှဆောင်ရွက်သွားရန်ပြီးတိုင်းရင်းသားအဖွဲ့များတောင်းဆိုထားကြသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ကြောင်းသိရသည်။
၂၀၁၄ တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်မည်
၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ဆွေးနွေးကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
ကျိုက်ထော်နှင့် ဖျာပုံသို့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ခရီးထွက်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် နံနက်တွင် ရန်ကုန်တိုင်း ကျိုက်ထော်ကျေးရွာနှင့် ဧရာဝတီတိုင်း ဖျာပုံမြို့သို့ ရေလမ်းခရီးမှ ရှပ်ပြေးယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။ နံနက်စောစော ရန်ကုန်မြို့မှ ထွက်ခွာရန် စီစဉ်ထားသော်လည်း မြစ်ကြောင်းအတွင်း ရာသီဥတုအခြေအနေ အနည်းငယ် ဆိုးရွားသည့်အတွက် ၈ နာရီခန့်တွင် ထွက်ခွာရန်စီစဉ်ထားသည်ဟု နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ဇေကမ္ဘာ ဦးခင်ရွှေကို လယ်သမားများ တရားစွဲတော့မည်
ဇေကမ္ဘာ ကုမ္ပဏီ ၏ ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးခင်ရွှေကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှ လယ်မြေ အသိမ်းခံထားရသော လယ်သမားများက တရားစွဲဆိုမည်ဟု သိရသည်။ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာများမှ လယ်သမား ၇၀ ကျော် ၏ လယ်မြေဧက ၁၀၀၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်း သိမ်းယူထားခဲ့ပြီး လျော်ကြေးငွေ တဧကလျှင် ကျပ် ၃ သိန်းသာ ပေးခဲ့ကြောင်း
ယင်းလယ်မြေများအား နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် နိုင်ငံတော်က သိမ်းယူခြင်းဖြစ်၍ လျော်ကြေး ပေး ရန် မလိုအပ်ဟု ဦးခင်ရွှေက ပြောဆိုကြောင်း၊ သို့သော် ၎င်းက သဒ္ဒါကြေးအဖြစ် ကျပ် ၃သိန်း ပေးခြင်းဖြစ်သည်ဟုလည်း ပြော ဆိုခဲ့ကြောင်း လယ်သမားများ က ပြောပြသည်။ ဦးခင်ရွှေအား လယ်မြေ သိမ်းယူမှု၊ နိုင်ငံတော်၏ အခွင့်အာဏာ အလွဲသုံးစား လုပ်ဆောင်မှုတို့ဖြင့် တရားစွဲဆိုရန် ပြင်ဆင် နေကြောင်း ကြောင်း လယ်သမား ၇၀ ကျော်အနက် လတ်တလော တွင် ၃၅ ဦး၏ လယ်မြေဧက ၈၁၅ ဧက အတွက် တရားစွဲဆိုနိုင်ရန် ဥပဒေ ကျွမ်း ကျင်သူများနှင့် ညှိနှိုင်းနေပြီဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်မည်ဟု ဦးနေမျိုးဝေ က ဆိုကြောင်း ထိုအမှုကို ရှေ့နေများကွန်ရက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုသည်များ၏ လွှဲအပ် ညွှန်ကြားချက်အပေါ် အခြေခံ ၍ တရားစွဲဆိုလွှာ ရေးသားပြီး ဥပဒေလမ်းကြောင်းအရ ကူညီပေးသွားမည်ဟု ရှေ့နေ ဦးအောင်သိန်း က ပြောကြောင်း လယ်သမားများသည် မိမိတို့ လယ်မြေများအား လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့်ကပင် လုပ်ကိုင်စားသောက်၍ အ သက် မွေးဝမ်းကျောင်း ပြုနေကြကြောင်း၊ လယ်မြေများ အသိမ်းခံလိုက်ရခြင်းကြောင့် အနာဂတ်စားဝတ်နေရေးအတွက် စိုးရိမ်ကြောင်း လယ် ၁၄ ဧကနှင့် ဥယျာဉ်ခြံပါ အသိမ်းခံလိုက်ရသည့် ဒေါ်အုန်းမြင့်က ပြောကြောင်း လယ်ကွင်းထဲရှိ ၎င်းတို့ မိသားစုနေထိုင်ရာ တဲအိမ်အား ဖျက်သိမ်း၍ ပြောင်းရွှေ့ကြရန် ဇေကမ္ဘာ ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော် ကိုယ်တိုင် လာရောက်၍ ဖိအားပေးခြင်း ဖြစ်သည်ဟု ဒေါ်အုန်းမြင့်က ပြောပြကြောင်း သိရသည်။ဦးခင်ရွှေသည် လယ်သမားများထံမှ တဧကလျှင် ကျပ် ၃ သိန်းနှင့်ရယူထားသည့် လယ်မြေများအား နိုင်ငံခြား ကုမ္ပဏီများထံ ကျပ်သိန်း ပေါင်းများစွာဖြင့် ပြန်လည် ရောင်းချရန် စီစဉ်နေခြင်းကြောင့် လယ်သမားများက ကျေနပ်မှု မရှိကြောင်းလည်း ၎င်း၏ လယ် ၁၄ ဧက အတွက် ရရှိထားသည့် ငွေဖြင့် ပြန်ဝယ်ယူမည် ဆိုပါက လယ် တဧက ခန့်သာ ရတော့မည်ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လယ်မြေ အများစုမှာလည်း ဦးခင်ရွှေ၏ အဓမ္မ သိမ်းယူခံထားရ၍ လယ်မြေရှားပါးနေကြောင်း အသိမ်းခံ လယ်မြေများသည် တဧက လျှင် ကာလပေါက်ဈေး ကျပ် သိန်း ၃၀၊ ၄၀ ၀န်းကျင် ရှိနေကြောင်း ၂၀၁၁ ခုနှစ်အတွင်းကလည်း ဇေကမ္ဘာ ဦးခင်ရွှေသည် ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် မွန်ပြည်နယ်အတွင်းရှိ လယ်သမားများ၏ လယ်ယာမြေများကို လျှော်ကြေးငွေ အနည်းငယ်ပေး၍ သိမ်းယူခဲ့ရာ အစိုးရထံ တိုင်ကြားသော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း
ဦးခင်ရွှေသည် ယခင် န၀တ၊ နအဖ စစ်အစိုးရ နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး စစ်အစိုးရ ၏ တတိယ အဆင့် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း နှင့် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် ခမည်း ခမက် တော်စပ် သူ လည်း ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင် လျှောက်လွှာ ၅သိန်းကျော် ရောင်းပြီး
ပါတီဝင် လျှောက်လွှာ စတင် ရောင်းချသည့်နေ့မှ ၃၅ ရက်အတွင်း လျှောက်လွှာစောင်ရေ ၅ သိန်းကျော် ရောင်းထားပြီး ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ပြောသည်။ဇန်န၀ါရီလ ၉ ရက်နေ့က ပြည်နယ်နှင့်တိုင်း အသီးသီးသို့ ပါတီဝင် လျှောက်လွှာ ၁ သန်း ဖြန့်ဝေခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် နေ့ အထိ ရောင်းချ ရမှု ဖြစ်ကြောင်း သို့သော် စာရင်း မပြုစုရသေးသဖြင့် လျှောက်လွှာဖြည့်သွင်းပြီး ပါတီဝင်အဖြစ် လျှောက်ထားလာသူအရေအတွက်ကိုအတိအကျမထုတ်ပြန်နိုင်သေးကြောင်း၊ လျှောက်လွှာတစောင် ကျပ် ၁၀၀ ဖြင့် ၀ယ်ယူသူ အားလုံး ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း NLDမှ ခွဲထွက်သွားသူ၊ ထုတ်ပယ်ထားသူနှင့် နုတ်ထွက်ထားသူများ ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာပါက လျှောက်လွှာတွင် ကိုယ်ရေးရာဇ၀င်ပါ ရေးသားဖော်ပြရန် သတ်မှတ်ထားပြီး ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ် ရေး ကော်မတီမှ စိစစ် လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး နှင့် လသာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်တို့မှာ NLD ပါတီဝင်ရန် လျှောက်လွှာ တင်ထားသည်။NLD သည် ၁၉၉၀ ရွေးကောက်ပွဲကာလက ပါတီဝင် အင်အား ၁ သန်းခန့် ရှိကြောင်း သိရသည်။
လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် အင်အား၂၅ သန်းခန့်ရှိသည်ဟု တရားဝင်ပြုစုထားသည့် စာရင်းများ၌ ဖော်ပြ ပါရှိသည်။
အမည်မဖော်သူမြို့နယ်မှလူတဦးကြောင့် လှိုင်မြို့နယ် အင်တာနက်ဆိုင်များ ည ၁၀နာရီ ပိတ်ရမည်
အင်တာနက်ပေါ်တွင် လူပြောများနေသော မြန်မာကြံ့ဖွံ့အစိုးရ၏ ရုံးစာတခုအရ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ၎င်းမြို့နယ်အတွင်းရှိ အင်တာနက်ဂိမ်းဆိုင်များကို ည၁၀နာရီ နောက်ပိုင်း မဖွင့်ရန် ညွှန်ကြားလိုက်သည်ကို တွေ့ရသည်။ ကျောင်းချိန်များတွင်လည်း ဆိုင်များတွင် ကစားခွင့်မပြုရေးကိုလည်း ခန်ဝံကတိများထိုးရမည်ဟု ညွှန်ကြားစာတွင် ရေးထားကြောင်း သိရသည်။
အဆိုပါ ရုံးစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တခုအတွင်း နေထိုင်သူတဦး၏ တိုင်ကြားစာအရ အရေးယူသည့်သဘော ရေးထားရာ အဆိုပါ ပြည်သူတဦး၏ တင်ပြချက်ကို မြို့နယ်အုပ်ချုပ်ရေးမှုးက တိုက်ရိုက် လက်ခံ အရေးယူရာရောက်နေပြီး၊ နိုင်ငံတော်၏ ခွင့်ပြုချက်နှင့် ဖွင့်ထားသော အင်တာနက်ဆိုင်များ၏ အခွင့်အရေးကို မြို့နယ်က တိုက်ရိုက်စွက်ဖက်သည့် သဘောဖြစ်နေကြောင်း သိရသည်။
ပညာရေးနှင့် ကျန်းမာရေး မူဝါဒရွေးချယ်ရေး ညီလာခံကျင်းပ
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍအတွက် မူဝါဒရွေးချယ် သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့် ညီလာခံကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည်။ယင်းဆွေးနွေးပွဲသို့ ဝန်ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ NGO များ၊ သံတမန်များအပြင် ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးနိုဘယ်လ်ဆုရှင် ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ်ဇ်၊ သမ္မတ၏ စီးပွားရေးအကြံပေးခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအ၀င် ပြည်တွင်းပြည်ပမှ ထင်ရှားသော ပညာရှင်များ တက်ရောက်ကြောင်း သိရသည်။
မဲဆောက်ဈေးအတွင်းရှိ မြန်မာများကို ထိုင်းရဲ ဝင်ဖမ်း
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီး၌ အလုပ် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက် ၅ နာရီ ခန့်တွင်ဝင်ရောက် ဖမ်းဆီးကြောင်း ယခုတကြိမ် ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ်အတွက် ပထမဆုံး ဖြစ်ကြောင်းအဖမ်းခံရသူများသည် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း မည်သည့် ပုဒ်မများဖြင့် အရေးယူဆောင်ရွက် ခံရမည်ကို မသိရသေးကြောင်း၊ဈေးကို လမ်းပိတ်၍ ဖမ်းဆီးခဲ့သောကြောင့် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများ ဖွင့်လှစ်ထားသည့် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များ ခေတ္တ ပိတ်ခဲ့ရကြောင်းအဖမ်းခံရသည့် လက်မှတ်ကိုင်ဆောင်ထားသူ တချို့ကို အလုပ် ပိုင်ရှင် သူဌေး၏ အာမခံနှင့် ပြန်လည်လွှတ်ပေးခဲ့ပြီး တရားမ၀င် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး (လ၀က) အချုပ်သို့ ပို့ဆောင်ထားကြောင်းမန်မာ အလုပ်သမားများမှာ အဓိကအားဖြင့် သိုးမွှေးစက်ရုံ၊ အထည်ချူပ် စက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် ရာသီ အလိုက် လုပ်ကိုင်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
ကချင်လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်စုံစမ်းဖို့ ခက်ခဲ
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်ပြောဆိုနေကြတဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ရာ အခြေအနေမပေးတာကြောင့်၊ အခုအချိန်မှာ စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်သေးဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြောကြောင်း သိရသည်။
ဒေါ်စုကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက်မထွက်သေး
ဒီကန့်ကွက်လွာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က မှာ ပယ်ချခဲ့ပေမယ့် ကန့်ကွက်သူ ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံဆက်ဝင်နေတာကြောင့် ဖြစ်ကြောင်း
ကားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာ (၆)နေရာအတွက် ဝင်ပြီး ပြိုင်မယ့် NLDပါတီက ကိုယ်စားလှယ်လောင်း တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ အမည်စာရင်းတွေ အတည်ပြုချက် ထွက်နေပြီ ဖြစ်ကြောင်း ဒါကြောင့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်က နေဝင်ပြိုင်မယ့်NLDပါတီကကိုဖြိုးမင်းသိန်းကဆိုရင်ကြိုတင်မဲကိစ္စတွေအတွက်စပြီးလုပ်ဆောင်နေပြီလို့ ပြောကြောင်း သိရသည်။
ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ
မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း
မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ဟာ ဖေဖေါ်ဝါရီလ ၁၆ ရက် နေ့ ညနေ ၅ နာရီကျော် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတဲ့အကြောင်းအပြည့်အစုံကို အခုမပြောပြနိုင် သေးပေမယ့် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တဲ့ အကြောင်း မစ္စတာ Vijay Nambia ပြောကြောင်း သိရသည်။
နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား
ရွှေည၀ါ ဆရာတော်အနေနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စေလွှတ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒါယကာတစ်ဦး ရောက်လာပြီး လျှေက်ထားခဲ့တာဖြစ်ကြောင်း ဆရာတော်က မိမိအနေနဲ့ ပါတီနိုင်ငံရေး လုပ်နေတာ မဟုတ်ကြောင်း လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကူညီဖို့ မိမိ သာဓုကျောင်းတိုက်က မထွက်ခွာခင်မှာ ဆွမ်းခံကြွနေတာသာဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ဥပဒေ စိုးမိုးရေးအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ၀င်ပြိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထိုင်းကုမ္ပဏီနဲ့ မြန်မာ Forever Group ဖက်စပ်လုပ်မည်
ထိုင်းနိုင်ငံရဲ့ မီဒီယာနဲ့ ဖျော်ဖြေရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ BEC-Tero ကုမ္ပဏီဟာ မြန်မာနိုင်ငံက Forever Group နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြကြောင်း သိရသည်။မြန်မာနိုင်ငံကို ပြန်ထောက်ပံ့တော့မယ် ကမ္ဘာ့ဘဏ် ပြော
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို အားပေးကူညီဖို့ ပြန်လည်ထိတွေ့ ဆက်ဆံတော့မှာဖြစ်ပြီး ထောက်ပံ့ကူညီမှုတွေ ပြန်ပေးတော့မယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ကြောင်း သိရသည်။ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ
လက်ရှိ တည်ဆောက်ဆဲနဲ့ တည်ဆောက်ပြီး မြစ်ရေတင် စီမံကိန်းနဲ့ ရေလွှဲဆည် စီမံကိန်းတချို့ဟာ လက်တွေ့မှာ အကျိုးအမြတ် မရှိတဲ့အတွက် ရပ်ဆိုင်းဖို့ သို့မဟုတ် အမြတ်ရအောင် လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်က ပြီးခဲ့တဲ့အပတ်မှာ တင်ပြခဲ့တာကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲအများစု ရရှိသွားကြာင်း သိရသည်။NLABR
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment