မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၀ ရက်၊ ၂၀၁၂
*****အရေးပေါ် အကူအညီ တောင်းခံချက်*****
တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများအတွက် အရေးပေါ် အကူအညီ တောင်းခံချက်... လှိုင်သာယာ တိုင်ရီဖိနပ်စက်ရုံမှ ဆက်လက်ဆန္ဒပြနေကြသော အလုပ်သမားများအတွက် တနေ့တာ စရိတ်မှာ ငွေကျပ် ၃ သိန်းခန့် ရှိသည်ဟု ဦးဝင်းချိုနှင့် တယ်လီဖုန်း ပြောကြားချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပရှိ ညီအစ်ကို မောင်နှမများသည်လည်း တတ်နိုင်သ၍ ၀ိုင်းဝန်းပံ့ပိုး လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ကျွန်တော် (ကိုထက်အောင်) ကိုယ်တိုင်ပင် ဤပို့စ်တင်ပြီးနောက် ၁ နာရီအတွင်း အဲဒီနေရာကို ရောက်ရှိပါမည်။ လှူဒါန်းလိုသူများအနေနှင့် ရှေ့နေ ကိုဖိုးဖြူထံသို့လည်းကောင်း၊ ဦးဝင်းချိုထံသို့လည်းကောင်း၊ ကျွန်တော့်ထံသို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ အောက်တွင် ကျွန်တော်၏ ဖုံးနံပါတ်နှင့် ဦးဝင်းချို၏ ဖုံးနံပါတ်ကို ရေးပေးပါမည်။ (အကယ်၍ အခွင့်အခါပေးခဲ့လျှင် ဆွီဒင်ကျောင်းသားအဖွဲ့မှ သဘောထားထုတ်ပြန်ချက်ကို အလုပ်သမားအရေး ကိစ္စဆောင်ရွက်နေကြသော လူကြီးများမှ ခွင့်ပြုလျှင် ဖတ်ကြားပေးပါမည်) လေးစားစွာဖြင့် ထက်အောင် ဦးဝင်းချို - 09-73206838 ထက်အောင် - 09-73105071 လှိုင်သာယာ စက်မှုဇုန် (၃) ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု ဟာ.6.2.2012 မှ 20.2.2012 ထိ (၁၅) ရက်ကြာမြင့် ခဲ့ ပါပြီ/.နေ့စဉ် နံက် ၆း၃၀ မှစပြီး တားသပိတ် ကို အလုပ်သမား(၁၈၄၅) ဦး မှ ပြုလုပ်ပါသည်...တိုင်ရီ အလုပ်သမား ကိုယ်စားလှယ် (၄၆)ဦး ရှိပါတယ်..အလုပ်ပိုင်ရှင်မှ အပြင်ထွက်မည့် ရေပိုက်ကို ပိတ်လိုက်သည့်အတွက် သောက်ရေ နှင့် အစားအစာ အရေးတကြီး လိုအပ်နေ ပါတယ်... သို့ဖြစ်ပါ၍ ဆန္ဒပြ အလုပ်သမားများအတွက် အလုပ်သမား ကိုယ်စားလှယ် (၄၆) ဦးသို့ ဆက်သွယ်၍ လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ် ကူညီပေးကြပါရန် စေတနာရှင် ပြည်သူများကို နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။ မည်သူမဆို ကိုယ်စားလှယ် (၄၆) ဦးသို့ ဆက်သွယ်၍ ဖြစ်စေ၊ ကိုခင်မောင်လတ် ထံသို့ ဆက်သွယ်၍ ဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ၊လှူဒါန်းနိုင်ပါသည်။ ကိုခင်မောင်လတ် ထံသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ… 09-73146726
ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ထွန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပေး ဖို့ စစ် ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဗီအိုအေရဲ့ စတူဒီ ယိုထဲကို ဖိတ်ခေါ်ပြီး ဗီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဗီအိုအေ မြန်မာပိုင်းရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ ဒီရုပ်သံလွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အစီအ စဉ် အစအဆုံးကို ဗီအိုအေမြန်မာပိုင်း ရေဒီယိုအစီအစဉ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကနေ နှစ်ပိုင်း ခွဲပြီး လွှင့်ထုတ်တာမှာ အပိုင်း(၁)ကို တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှတော့ ကိုကျော်ကျော်သိန်းနဲ့ ဦးအောင်လင်းထွဋ်တို့ရဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း(၂)အဖြစ် ဆက်ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
ဦးကျော်ကျော်သိန်း။ ။ အခုနောက်ဆုံး လွှတ်တဲ့အထဲမှာ ဦးအောင်လင်းထွဋ် သိပြီးသားပါ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်တဲ့အထဲမှာ ပါလာပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့် လွတ်လာတဲ့ အခါမှာ ဦးအောင်လင်းထွဋ်ရဲ့ ပထမဦးဆုံးတုန့်ပြန်မှု စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ။
ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ်သက်ပြီးတော့ သူလွတ်လာတာကို ကျနော် ၀မ်းသာ တယ်ပြောရမှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ လွတ်လာပေမယ့် အများထင်ထားကြသလို ဘာမှ ပြန် မလုပ်နိုင်ပါဘူး။ လွှတ်လိုက်ကတည်းကိုကလည်း ပုဒ်မ (၄၀၁) (အလုံးစုံ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သော၊ သမ္မတ၏ လုပ်ပိုင်ခွင့်အရပေးအပ်သည့်)လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တယ်လို့ ကျနော် တို့ သဘောပေါက်တယ်။ အခုအချိန်လည်း ကျနော်တို့ အင်တာနက်တွေ၊ ဂျာနယ်တွေမှာ တွေ့ရတယ်။ အင် တာဗျူးတွေ ဖတ်ရတယ်။ နောက် ကျနော့်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီက ကျနော်သိရှိချက်တွေ အရ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဆက်ပြီးတော့ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်မရှိဘူး။ သူလုပ်ခဲ့ကိုင်ခဲ့တဲ့ အတွေ့ အကြုံတွေတော့ရှိတယ်။ သူ့အနေနဲ့ဝန်ကြီးချုပ်ဘ၀က နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံ၊ ထောက် လှမ်း ရေးအတွေ့အကြုံ၊ ငြိမ်းချမ်းရေးအတွေ့အကြုံ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ မေးလာလျှင်တော့၊ ပြန်ပြီး share လုပ်မယ့်သဘော၊ ဝေငှမယ့်သဘောတော့ ရှိပါတယ်။ သူ့အနေနဲ့ကတော့ နောင်တက်လာမယ့် မျိုး ဆက်သစ်ပေါ့လေ၊ ဘယ်သူတွေပဲဖြစ်ဖြစ် အသက်ငယ်တဲ့လူငယ်ပိုင်းတွေကို လိုအပ်တဲ့အခါ လာမေးတဲ့အခါ မှာ ပြောပြမယ်ဆိုတဲ့ အနေအထားမျိုးလောက်ပဲ ရှိပါတယ်။
ဦးကျော်ကျော်သိန်း။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ လူတွေထဲမှာ၊ အဓိကအားဖြင့် နိုင်ငံ ခြားတိုင်း ပြည်တွေက သံတမန်တွေ ရှိမယ်၊ နောက် ပညာရှင်တစ်ချို့ ရှိမယ်။ သူတို့ပြောတဲ့စကားက ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ moderate ပေါ့နော်၊ အလယ်အလတ်သမားဖြစ်တယ်။ သဘောထားအလယ်အ လတ်ရှိတယ်။ မတင်းမာဘူးပေါ့။ အဲဒီ အချက်ကို ဦးအောင်လင်းထွဋ် သဘောတူလား။
ဦးအောင်လင်းထွဋ်။ ။ ကျနော် သဘောတူပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဂျာနယ်တစ်ခုမှာ ပြောခဲ့ဖူး တယ်။ သူဟာ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ ဒါတွေ ဖြစ်ခဲ့တယ်။ သူ့ရဲ့အထက်မှာ ဘယ်သူတွေရှိတယ် ဆို တာ အားလုံး သိပါတယ်။ ဒီရဲ့ policy ကို သူက အကောင်အထည် ဖေါ်ရတဲ့လူပါ။ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ 2001 လောက်ကတည်းက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့တယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်က 1996 Visit Myanmar Year ကို သပိတ်မှောက် တယ်။ ပြီးတော့ NLD က အမျိုးသားညီလာခံကနေ ထွက် တယ်။ ထွက်ပြီးတဲ့နောက်ပိုင်း အပေါ်ဆုံးက ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရ မယ်ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်တုန်းကဆိုလျှင် အားလုံး သိကြပါတယ်။ NLD နဲ့ ပတ်သက်တဲ့လူတွေကို ဆွေမျိုးသားချင်းက အစ၊ ကလေးတွေနေတဲ့ ကျောင်းကအစ၊ ကျနော်တို့ က ပြဿနာရှာပေးရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ပြဿနာမရှာလျှင်လည်း မင်းတို့ ဘာလို့မလုပ်လဲ ဆိုတာမျိုး တွေက ရှိကြတယ်။ အဲဒီလို လုပ်လာရာကနေမှာ 1997 မှာ အာဆီယံကို မြန်မာနိုင်ငံ ၀င်တာရှိ တယ်။ အဲဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာနဲ့ထိတွေ့မှုတွေ ရှိလာပြီ။ 1999, 2000 လောက် ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ထားလိုက်ပြီးပြီ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှာ ပစ်ပယ်လို့ မရဘူး၊ ဒေါ်အောင်ဆန်းစု ကြည်မပါဘဲ လုပ်လို့မရဘူးဆိုတဲ့ conclusion တစ်ခု ချခဲ့ တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီပေါ်မူတည်ပြီး မှလည်း 2000, 2001 လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒီဆွေးနွေးချက်တွေပေါ် မူတည်ပြီးတော့မှ 2002 May မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျနော်က အမေရိကားကို ရောက်ပါတယ်။ အဲဒီအချိန်တုန်းကလည်း စနစ်တကျ ပါပဲ။ အဲဒီ အချိန်တုန်းက ကျနော်တို့ DCI (lobby ကုမ္ပဏီ) အမေရိကားမှာ ငှားတယ်။ အမေရိကားမှာ သမ္မတ Bush တက်ခါစပေါ့လေ။ ကျနော်တို့ lobby group တွေငှားပြီးတော့မှ အမေရိကန်အစိုးရနဲ့ ပြေရာပြေကြောင်း ပြော ပါတယ်။ အမေရိကန်အစိုးရကလည်း ကျနော်တို့ကို ပြောပါတယ်။ အခုလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပေါင်းပြီးမှ မင်းတို့လုပ်ပါဆိုတဲ့ အနေအထားမျိုး၊ ပေါင်းလို့ရှိလျှင် သူတို့လက်ခံမယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမိုင်းစာမျက်နှာအသစ် ပြန်ဖွင့်မယ်ဆိုပြီး ကြေညာပြီး တော့ ပြန် လွှတ်လိုက်တယ်။ ၀ါရှင်တန်မြန်မာသံရုံးကနေပြီးတော့မှ ကျနော်တို့ကိုယ်တိုင်ပဲ ဘယ်သူမှမသိခင်မှာ ကြေ ညာပေးလိုက်တာပါ။ အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ အခုလိုပဲနယ်လှည့် ခွင့် ပးတယ်။ နောက်ဆည်တွေ၊ တမံတွေ လိုက်ပြတာတွေ ရှိတယ်။ ပြီးတော့ အားလုံး ခြုံပြောရလျှင်တော့ 2003 ဒီပဲယင်း မှာ ကျနော်တို့ ဇာတ်လမ်း အဆုံးသတ်သွားပြီးတော့မှ ဒုက္ခရောက်သွားတယ်လို့ပဲ ပြောရမှာပဲ။
ဦးကျော်ကျော်သိန်း။ ။ ဒီပဲယင်းက တစ်ကဏ္ဍ ဖြစ်ခဲ့တာပေါ့လေ။ ဆိုတော့…ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ် သက်ပြီး ပြောမယ်ဆို ကျနော်တို့ fair to say (တရားမျှမျှတတ ပြောမယ်ဆိုရင်) ပေါ့နော်၊ သူပြန်လွတ်လာ ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်လင်းထွဋ်လည်း အင်တာနက်ပေါ်မှာ တွေ့မှာပါ၊ အဓိကအားဖြင့်တော့ ပြည် ပ ရောက်နေတဲ့ မြန်မာအသိုင်းအ ၀ိုင်းကြားထဲမှာ အမျိုးမျိုး ပြောကြဆိုကြတာတွေ ရှိပါတယ်။ သဘောထား အမျိုးမျိုးပေးကြတာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တွေးမိတဲ့ အတွေးလေးတစ်ခုကတချိန်တုန်း က ထောက်လှမ်းရေးယန္တယားကို ဦးဆောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ တွ၊ တစ်နည်းအားဖြင့်ဖမ်းခဲ့တာတွေ၊ ထောင်ကျခဲ့တာတွေ၊ သေ ဆုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး တစ်ချိန်က စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောလျှင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် မှာကော ဘယ်နှစ်ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ ပြောလို့ ရပါသလဲ။
ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှာလည်း တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ နောက်ဆုံး ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကိုယ်တိုင် ဒီထောက်လှမ်းရေး အဖွဲ့အစည်းထဲမှာ နေခဲ့ရတာကိုး။ ဒါပေမယ့် ခုနကပြောသလို စနစ်ပေါ့၊ စစ်အာဏာရှင် စနစ်အောက်မှာ ကျနော်တို့က သားကောင် ဖြစ်ခဲ့ကြပါတယ်။ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်တင် မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အားလုံးလည်း ပါပါတယ်။ ကျနော်တို့ အနေအထားအရလည်း ကျနော်တို့ မကောင်း တာလေးတွေ လုပ်ခဲ့ရတာရှိတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ် တိုင်မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း ဒီတိုင်းပါပဲ။ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် နှစ်ခါပြောဖူးတယ်။ သူ ထွက် ချင်တယ် ဆိုပြီး။ တစ်ခါက ၁၉၉၇ လောက်မှာ တစ်ခါပြောဖူးတယ်။ နောက်တစ်ခါက ၁၉၉၉ ကျနော် အမေရိကား မထွက်ခင်ပေါ့လေ။ ကျနော် ဒီမရောက်ခင်မှာ ပြောခဲ့ဖူးတယ်။ စိတ်ဓါတ်ပျက်တာပေါ့လေ၊ အဲဒီအချိန်မှာ သူ စိတ်မ ကောင်းစွာနဲ့ ပြောခဲ့တယ်။ ငါထွက်ချင်တယ်တဲ့၊ ငါထွက်လျှင် မင်းတို့ ဒုက္ခရောက် လိမ့်မယ်တဲ့။ မင်းတို့ကြောင့် ငါဆက် နေနေရတယ် ဆိုတဲ့ စကားတစ်ခု ပြောခဲ့ဖူးတယ်။ အလားတူပဲ အဲဒီ အချိန်တုန်းက ၀န်ကြီးတစ်ချို့ ဗိုလ်ချုပ်ခင်ညွှန့်ကို လာပြောတာတွေရှိတယ်။ ဗိုလ်ချုပ် ကျနော့်ကို ထွက် ခွင့် ပေးပါ။ ထွက်ခွင့်ဆိုတာ အေးအေးဆေးဆေး ထွက်ချင်တာ ပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားမပြောနဲ့ ကျနော်တောင် ထွက်ချင်တာ ထွက်လို့မရဘူးဆိုတဲ့ အနေအထားမျိုး ပြန် ပြောတယ်။ ဆိုတော့ ကျနော်တို့ က ၀င်ပြီးတဲ့အချိန်မှာ အရှင်ထွက် ထွက်ဖို့က မလွယ်တဲ့ အနေအထားမျိုး ရှိပါတယ်။ တာဝန်မရှိဘူးလား ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း တာဝန်ရှိတယ်။ ကျနော်တို့လည်း တာဝန်ရှိတယ်။ ကျနော် ပြောပြောနေ တဲ့ ခရစ်စတီးကျွန်းကိစ္စဆိုလျှင် ကျနော်လည်းပါသွားတော့ ကျနော့်မှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သေသွားတဲ့လူတွေအတွက်ကို ကျနော် ဘာမှ မလုပ်ပေးနိုင်ဘူး။ အခု ကျနော်ပြောခွင့်ရလို့ အဲဒီမှာ သေ သွားတဲ့လူတွေအတွက်ကို ကျနော် ပြောပြောနေ တာ။ ဒီအမှုကိစ္စပေါ်လာလို့ အစစ်ခံကြရလို့ ကျနော့်ကို ထောင်ချမယ် ဆိုလည်း ကျနော် ထောင်ကျခံရမယ့်သဘော၊ သေဒဏ်ပေးလည်း သေဒဏ် ကျခံ ရမယ့်သဘော ရှိတယ်။ ဒါပေမယ့် ကျနော့်လိုပဲ ကျနော်တို့ကို အမိန့်ပေးတဲ့ သူတွေကိုလည်း အရေးယူရလိမ့် မယ်။
ဦးကျော်ကျော်သိန်း။ ။ စောစောကပြောတဲ့ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုတဲ့ စကားလိုပေါ့။ ဒါ ၁၉၈၈ နောက်ပိုင်း ပေါ့လေ၊ တကယ်ကတော့ ၁၉၈၈ မတိုင်ခင်ကတည်းက။ သို့သော် ၁၉၈၈ နောက်ပိုင်း မှာ ပိုပြီးသိသာလာတာပါ။ ၁၉၈၈နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး၊ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းတဲ့ အချိန်ထိ ထောက်လှမ်းရေးယန္တယားဆိုတာက ဖိန့်ဖိန့် တုန် ကြောက်ခဲ့ကြရတဲ့ ယန္တယားကြီးပါ။ လူတွေကို အကြောက်တရားနဲ့ ကြီးစိုးခဲ့တာပါ။ ဒီလိုယန္တယားမျိုး ဒီနေ့ ဒီအချိန်မှာ ပြန်ကြည့်မယ်ဆိုလျှင် အနာဂတ် မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့ အလားအလာ ရှိသေး တယ်လို့၊ ဦးအောင်လင်းထွဋ် အခုအချိန်မှာ မြင်ပါသလား။
ဦးအောင်လင်းထွဋ်။ ။ ရှိသေးတယ်ဗျ။ အခုအချိန်မှာ SB(Special Branch-ရဲအထူးသတင်းတပ်ဖွဲ့)၊ စရဖ (ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) လို့ခေါ်တဲ့ စစ်ထောက် လှမ်းရေး အဖွဲ့ကော ရှိနေတုန်းပဲ။ ဒီအတိုင်းပဲ သွားတယ်။ အခု စရဖမှာ ရှိတဲ့လူတွေက ကျနော့်တပည့်တွေ ပဲ။ ကျနော် ထောက်လှမ်းရေး သင်တန်းကျောင်းမှာ (၅) နှစ် သင်တန်းဆရာ လုပ်ခဲ့တာကိုး။ နောက်ဆုံး သင် တန်းဆရာဘ၀က၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တက်တုန်းက ကျနော် သူတို့ကို lecture ပို့ချခဲ့တဲ့ကောင်ပါ။ အဲဒီတော့ အခုထိတော့ ဒီညာဉ်တွေညာဉ်ဆိုးတွေကတော့ မပျောက် သေးဘူး။ ဘယ်လိုပြောရမလဲ ဆိုတော့ တောမှာ နေပြီးတော့မှ ကျနော်တို့ စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင် တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ။ ဒီလို စည်းမရှိကမ်းမရှိ လုပ်ချင်တာလုပ်လို့ ဘာမှ မဖြစ်ဘူးဆိုတာမျိုး မရဘူး။ အခု သူတို့ လုပ်လာကြ ပါပြီ။ ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ။ ဒီလို မျိုးကိစ္စတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာဖို့ လိုတယ်။ တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်။
ဦးကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဦးအောင်လင်းထွဋ်။
ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၃) ရက်နေ့က နေအိမ် အကျယ်ချုပ်ချ ခံထားရနေရာက သမ္မတ ဦးသိန်းစိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီးလွတ်မြောက်လာခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် ကြီးဦးခင်ညွှန့်နဲ့ ပတ် သက်ပြီး ဗီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ ဗိုလ်မှူးဟောင်းဦးအောင်လင်း ထွဋ်တို့ရဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)ကို ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။
အင်တာနက်ပါ စီဒီအမ်အေဖုန်းများ ထပ်မံရောင်းချ By ထူးအောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
ငါးသိန်းတန်စီဒီအမ်အေ ၈၀၀ ဖုန်းများကို ယခုလ တတိယပတ်မှစတင်၍ ပြန်လည်ချပေးလျက်ရှိပြီး အင်တာနက် စနစ်ပါဝင်ပြီးဖြစ် သည်ဟု E-lite Tech IT Services ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု ချပေးလျက်ရှိသော CDMA 800 MHz ဖုန်းများမှာ ၀၉-၇၃၄၉ ဖြင့် စတင်ပြီး အင်တာနက် စနစ်ပါ တွဲဖက်ပါဝင်သော်လည်း ယခင် CDMA 800 MHz ဖုန်းများအတွက် အင်တာနက်စနစ် လျှောက်ထားမှုကို ပြန်လည်ခွင့်မပြုသေးကြောင်း ၎င်းက ပြောသည်။ "အင်တာနက်စနစ် တွဲဖက်ပါဝင်တဲ့ ဖုန်းတွေကို ရောင်းချပေးနေတာပါ။ သီးခြားအင်တာနက်လျှောက်ထားလို့တော့ မရသေးပါဘူး။ ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ရှိတဲ့ E-lite Tech ဆိုင်ခွဲတွေ အားလုံးမှာ ရောင်းချပေးနေတာဖြစ်ပါတယ်။ ရောင်းဈေးက ကျပ်ငါးသိန်း သုံးသောင်းခွဲနဲ့ ရောင်းတာပါ။ အင်တာနက်အသုံးပြုခကလည်း အရင်အတိုင်း တစ်မိနစ်လေးကျပ်ပါပဲ"ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီဖော်ဆောင်နေချိန်တွင် မိမိတို့ကြောင့် အဟန့်အထားမဖြစ်စေရန် ရွှေည၀ါဆရာတော် ဦးပညာသီဟ မိန့်ကြား
by-အောင်ကိုကိုလတ်(ရွှေမြစ်မခ)ဓာတ်ပုံ-ဥက္ကာကိုကို
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကြည်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်၌ ပြုလုပ်ခဲ့သော နူတ်ခွန်းဆက်အမှတ် တရပွဲတွင် မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်နေချိန်တွင် မိမိတို့ကြောင့် အဟန့်အထားမဖြစ်စေရန် တပည့်၊ သံဃာ၊ စာသင်သား၊ ဒါယိကာ၊ ဒါယိကာမများအား ရွှေည၀ါဆရာတော် ဦးပညာသီဟသည် မိန့်ကြားခဲ့သည်။
“ဘုန်းကြီးအနေနဲ့ငြိမ်းငြိမ်းချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းလေးကို တို့ကြောင့် ပြန်လည်ြ့ပီးတော့ ကွေ့မသွားပါစေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တိုင်းရင်းသားစည်းရုံးညီညွတ်ရေး အပစ်အခတ်ရပ်ဆဲတဲ့ ငြိမ်းချမ်းရေးတွေကို အကောင်အထည်ဖော်နေတဲ့ အရှိန်ကို တို့ကြောင့်မရပ်တန့်သွား ပါစေရန်မျှောလင့်သည်” ဟု အဆိုပါအခမ်းအနားတွင် ရွှေည၀ါဆရာတော် မိန့်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဘုန်းကြီး ဆိုသည်မျှမျှတတ ဘက်မလိုက်၊ ကျောသားရင်းသားမခွဲခြားဆက်ဆံ သင့်ကြောင်းကိုလည်း တပည့်သံဃာတော်များအား အကြံပေးမိန့်ကြားခဲ့သည်။
“ဆရာတော်ပြောတာမှန်ပါတယ်။ ဘုန်းကြီးဆိုတာ ပါတီဇွဲတွေဘာတွေမရှိသင့်ပါဘူး။ ဘယ်သူဖြစ်ဖြစ် ဘုန်းကြီးဆိုတာ အများပိုင်တယ်လေ။ ဘုန်းကြီးကိုတစ်ယောက်က မင်းဒီကျောင်းက မကိုးကွယ်နဲ့ မကြည်ညိုနဲ့လိုပြောလို့မရပါဘူး။ ကိုယ်ကြည်ညိုရင်ဘယ်ဘုန်းကြီးဖြစ်ဖြစ်ကိုးကွယ်လို့ရတယ်”ဟု ကြည်မြင်တိုင်မြို့နယ်မှ နူတ်ဆက်အမှတ်တရအခမ်းအနားသို့တက်ရောက်ခဲ့သူ တစ်ဦးကပြောသည်။
ဆရာတော်ဦးပညာသီဟသည် မိမိအားကျောင်းပြောင်းရွှေခိုင်းခြင်းနှင့် တရားဟောပြောခွင့်ပိတ်ပင်ခံရခြင်း အပေါ် မိမိအမြင်အား အဆိုပါအခမ်းနားတွင်မိန့်ကြားခဲ့သည်။
“ဘာကြောင့်လည်းတော့မသိပါဘူး။ ဘယ်လိုနားလည်ရမယ်မှန်းလည်းမသိဘူး။ ဘုန်းကြီးမှန်တာကိုအမှန်တိုင်းဟောခဲ့တယ်။ နံမည်ကြီးချင်လို့ပြောတာမဟုတ်ဘူး။ အန္တရာယ်ကြီးမှန်သိတယ်။ အဲဒီအန္တရာယ်ကြီးမှန်းသိတာကို ကြောက်ပြီးတော့ နောက်ဆုတ်သွားတဲ့အတွေးမျိုးကမရှိဘူး။ တည့်တည့်ဝင်တိုးတက်တယ် အဲဒါကြောင့်မလို့လားမသိဘူး အခုလိုဖြစ်တာ အခုလိုဖြစ်သွားတယ်”ဟု ဆရာတော်၏ အမြင်ကို မိန့်ကြားခဲ့သည်။ ရွှေည၀ါဆရာတော် ဦးပညာသီဟသည် သာဓုကျောင်းတိုက်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင်ထွက်ခွာ (ပြောင်းရွှေ့)ပေးခဲ့ရပြီး မှော်ဘီမြို့မှ ၅မိုင်အကွာရှိသော သီတင်းသုံးနေထိုင်မည့် နေရာသို့ ညနေ ၃နာရီဝန်းကျင်တွင်ရောက်ရှိခဲ့သည်။
“ဆရာတော်အခုသီတင်းသုံးမယ့်နေရာကလည်းကြက်ခြံအဟောင်းကြီး ဖြစ်နေတယ်။ ငှက်ပျော်ပင်ပဲရှိတယ်။သီတင်းသုံးဖို့စံကျောင်းကလည်းတဲစုတ်တစ်လုံးရှိတယ်။ စိတ်မကောင်းဖြစ်ရတယ်။အရမ်းဝမ်းနည်းရတယ်”ဟုကြည်မြင်တိုင်မြို့နယ်မှ ဆရာတော်အား လိုက်ပါပို့ဆောင်ခဲ့သူတစ်ဦးကပြောသည်။
ဝန်ကြီးဦးတင့်ဆန်း NLDပါတီကို အနှောက်အယှက်ပေးနေကြောင်း အဖွဲ့ ချုပ်မှဦးဥာဏ်ဝင်း ကထုတ်ဖော်ပြောဆို by-Myanmar News Now/သစ်ထူးလွင်
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ
အနှောင့် ယှက်ဖြစ်နေရကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ထုတ်ဖော်
ပြောကြား လိုက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ယနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို ပြောဆိုလိုက်တာပါ။
ကြားဖြတ် ရွေးကောက်ပွဲ တွင် Fair Play ဖြစ်နိုင်ရန်အတွက် ရွေးကောက်ပွဲ
ကော်မရှင်အား ဖြစ်စေ၊ အခြားသော ပါတီများကို ဖြစ်စေ လိုအပ်သလို တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပါတီစည်းရုံးရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာ
တွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး
ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်း
များကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွား
သည်။ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာသည် ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
Myanmar News Now
ရန်ကုန် မှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်နေ | ဦးဂမ္ဘီရ | လှိုင်သာယာ | ရွှေည၀ါ
ရန်ကုန်တိုင်း လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ က လုပ်ခ လစာ တိုးပေးရေး ဆန္ဒပြသူ တွေ ကို စောင့်ကြည့် ဖို့  ဒီနေ့ မနက် အစော ပိုင်း က စပြီး လုံထိမ်း ကား ၃ စီးထပ်မံ အင် အား ဖြည့် ထား တယ် လို့  သိရှိ ရပြီး ကြည့် မြင့် တိုင် သာဓု ပရိယတ္တိ ကျောင်းတိုက် အနီးမှာ
မှာ လည်း ရဲကား နဲ့  အရပ် ၀တ် စစ်ထောက် လှမ်းရေး တွေ ရောက်ရှိ နေတယ် လို့  သိရပါ
တယ်။
မနေ့  က နိုင်ငံ ရေး အကျဉ်းသား များ ကူညီရေး ကွန်ယက် က ကိုဟန်ဝင်းအောင် နဲ့  မိတ်ဆွေ
များ က ဆန္ဒပြ အလုပ် သမား တွေ ကို စားသောက် ဖွယ်ရာ တွေ သွားရောက် လှုဒါန်းပြီး တဲ့
နောက် မှာ လုံထိမ်း တပ် ဖွဲ့  တွေ ကို ဖိနပ် ချုပ် စက်ရုံ အနား မှာ တိုးမြှင့် ချထား လိုက် တာ
ဖြစ်ပါတယ်။
နောက် တစ်ခါ ဒီနေ့  မှာတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့  ရဲ့  ဖိအား ကြောင့် ကျောင်း
တိုက် ကို စွန့် ခွာ ရတော့ မယ့် ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ
သာဓု ပရိယတ္တိ ကျောင်း တိုက် အနီးမှာ လည်း အရပ် ၀တ် စစ်ထောက်လှမ်းရေး တွေ နဲ့  ရဲ
ကား တွေ ချထား သလို ဆရာတော် သီတင်း သုံးဖို့  ကြွချီမယ့် မှော်ဘီ က ခြံ အနီး မှာ လည်း
ရဲတပ် ဖွဲ့ ဝင် တွေ က မော်တော် ကား ငယ် တွေ နဲ့  အသင့် နေရာ ယူထားတယ် လို့  သိရပါ
တယ်။
မှော်ဘီ မြို့ နယ် က ဆရာတော် သီတင်း သုံးမယ့် ကျောင်း သင်္ခန်း နေရာ ကို လှုထား တဲ့ ဒါ
ယိကာ တစ်ဦး ကိုလည်း မနေ့ က ရဲတပ် ဖွဲ့  စစ်ဆေး မေးမြန်းတယ် လို့  သတင်း ရရှိ ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ က ဒီနေ့  သူ့ ရဲ့  နှုတ်ဆက် ပွဲ ကို သာဓု ပရိယတ္တိ ကျောင်း
တိုက် မှာ ကျင်း ပ ခဲ့ ရာ ဆရာ တော် ရဲ့  တပည့် ၊ တပန်း တွေ ၊ အလှု့ ရှင် ဒါယိကာ တွေ နိုင်ငံ
ရေး အကျဉ်းသားဟောင်း တွေ နဲ့  ၈၈ မျိုးဆက် ကျောင်းသား တွေ တက် ရောက် ခဲ့ ကြပါတယ်။
လှိုင်သာမြို့ နယ် တိုင်ရီ ဖိနပ် ချုပ် စက်ရုံ ကဆန္ဒပြ သူ တွေ ကို ဒီနေ့  နိုင်ငံရေး အကျဉ်းသား လွတ်
မြောက် ရေး ၊ လူ့  အခွင့် အရေး နဲ့  သဘာဝပတ်ဝန်း ကျင် ရေးရာ တက်ကြွ လှုပ်ရှားသူ ဦးဝင်း
ချို က သောက်သုံး ရေ နဲ့  စားစရာ တွေ သွားရောက် လှုဒါန်းမှာ ဖြစ်ပါတယ်။
ရွှေည၀ါ ဆရာ တော် ဦးပညာ သီဟ လက်ရှိ သီတင်း သုံးရာ သာဓု ပရိယတ္တိ ကျောင်း တိုက် အနီး
ကို လာရောက် စုံစမ်း ထောက်လှမ်း သူ တွေ ထဲ မှာ နိုင်ငံ တော် သံမဟာနယက အဖွဲ့  က ဒီနှစ်
ဆန်း ပိုင်း က လှို့ ဝှက် ဖွဲ့  စည်း ခဲ့ တဲ့ မဟန ထောက်လှမ်းရေး ဆို သူ တွေ ပါ ပါဝင် ပါတယ်။
မဟန ထောက်လှမ်းရေးမှာ ယခင် ရာထူး က ဖယ်ရှား ခံခဲ့ ရတယ် စစ်ထောက်လှမ်းရေး အကြီး
အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက် ထက် က ထောက်လှမ်း ရေး အရာရှိ တွေ ပါဝင် ပါတယ်။
ဇန်န၀ါရီလ ၁၃ ရက် နေ့  မြောင်းမြ အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာ သည့် ဦးဂမ္ဘီရ
ကိုလည်း ဓမ္မစက် ဖြင့် မရ တော့ သည့် အတွက် အာဏာ စက် ဖြင့် ဆောင်ရွက် ရမည် ဟု ယနေ့ 
ထုတ် ကြေး မုံ သတင်းစာ တွင် ဖော် ပြထားသည်။
(မနက် ဖြန် တွင် မဟန ထောက်လှမ်းရေး အကြောင်း ကို ဖော်ပြပါမည်)
မကွေးဆေးတက္ကသိုလ်ဆရာ/ဆရာမများ အိမ်ထောင်စုဇယားပြောင်းရန်အမိန့်စာထုတ်ထား BY-Myanmar News Now/သစ်ထူးလွင်
မကွေးဆေးတက္ကသိုလ်မှာ မဲပေးနိုင်သည့် အသက်ပြည့်ကျောင်းသားများ မှတ်ပုံတင်
နေရပ်လိပ်စာ ထူးခြားစွာ ကောက်ယူနေပြီး နယ်ဝေးမှဆရာများကို လည်း
အိမ်ထောင်စုဇယားပြောင်းရန်အမိန့်စာထုတ်ထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆေးတက္ကသိုလ်မှာ တက်ရောက်နေသည့်
အသက်၁၈နှစ်ပြည့် ကျောင်းသားများအား နေရပ်လိပ်စာအတိအကျနှင့်မှတ်ပုံတင်နံပါတ်များကို
အချိန်အခါမဟုတ် ဖေဖော်ဝါရီ ဒုတိယအပတ်တွင်းက လိုက်လံကောက်ယူနေသည်ဟု
အဆိုပါတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦးထံမှသိရသည်။
ထို့ပြင် အဆိုပါတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော နယ်ဝေးမှ ဆရာ
ဆရာမများကိုလည်း အဆိုပါတက္ကသိုလ်တည်ရှိရာဒေသတွင်းသို့ ပုံစံ၁၀
အိမ်ထောင်စုဇယားပြောင်းရမည်ဟုအမိန့်ထုတ်ထားသည်ဟုလည်းသိရသည်။
အထက်ပါ ကိစ္စရပ်နှစ်ရပ်ပြုလုပ်ခြင်းမှာ ဧပြီ၁ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ
ကြိုတင်မဲပေးနိုင်ရန်အတွက်ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟုလည်း အချို့က သုံးသပ်သည်။
အဆိုပါတက္ကလိုလ်တွင် ယာယီတာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာများကမူ
ကြိုတင်မဲပေး ရန်ရှိပါကလည်း မိမိအမြဲနေထိုင်သည့် ဒေသသို့သာပြန်ပြီးမဲပေးလိုပြီး
အိမ်ထောင်စုဇယားပြောင်း ရွေ့ရန် ဆန္ဒမရှိကြောင်းပြောဆိုပါသည်။
ထို့ပြင် မဲပေးသက်ပြည့်သောကျောင်းသားများရဲ့ မှတ်ပုံတင်နှင့်နေလိပ်စာ မေးမြန်းခြင်းမှာလည်း
ထူးဆန်းပေသည်။ထိုကျောင်းသားများသည် ကျောင်းဝင်ခွင့်လျောက်ထားစဉ်ကတည်းက
မှတ်ပုံတင်နှင့်နေရပ်လိပ်စာများကျောင်းဝင်ခွင့်ဖောင်တွင်ဖြည့်ခဲ့ပြီးဖြစ်သည်။
အထက်ပါကဲ့သို့ ဆရာဆရာမများအား ပုံစံ၁၀ပြောင်းခိုင်းခြင်းမှာ လည်း
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသအချို့တွင်သာ ဖြစ်ပေါ်နေသည်ဟု
သိရသည်။ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးမသမာမှုများ
မဖြစ်ပေါ်စေရန် ယခုကဲ့သို့တမူထူးခြားစွာဖြစ်ပေါ်နေသည့် ကိစ္စများကို
မီဒီယာသမားများက မျက်ခြေမပျက်စောင့်ကြည့်ရန်လိုအပ်ကြောင်း
မကွေးဆေးတက္ကသိုလ်မှဆရာတဦးက Myanmar News Now ကိုပြောပြပါသည်။
နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲမှ ကန့် သတ်ချုပ်ခြယ်မှုများ အပေါ် ဦးကျော်သူ ၏ သဘောထားအမြင်
“ကျွန်တော် တို့ လူမှုရေး အသင်းကို ဘာကြောင့် ဒီလို ချုပ်ခြယ် ပြီး ဟန့် တားတာတွေ လုပ်နေလည်း ဆိုတာ ကျွန်တော် နားမလည် နိုင်တော့ဘူး”
ဖေဖေါ်ဝါရီ လ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဆောင်းဦးလှိုင်၏ နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲတွင် သက်ဆိုင်ရာ အာဏာရှိသူများ က လာရောက် ကြည့်ရှုသော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသားများ ကို အသင်း၏ တူညီ ဝတ်စုံများ ဝတ်လာသည့် အတွက် ပွဲအတွင်း ဝင်ခွင့်မပြုပဲ အဝတ်အစားများ ပြန်လဲခိုင်းခြင်း၊ နာရေး ကူညီမှု အသင်းကို စင်ပေါ်၌ အလှူငွေ လက်ခံယူခွင့် မပြုခြင်း စသည့် ကန့်သတ် ချုပ်ခြယ်မှု တွေကို ပြုလုပ်ခဲ့ပါသည်
မဲခေါင်ဒေသတွင်းနိုင်ငံများအကြား မြန်မာ့ရေအားလျှပ်စစ်ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်သော်လည်း ဓာတ်အားဖြန့်ဖြူးနိုင်မှု အားနည်းနေသေး
မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုစွမ်းအင်ဟာ မဲခေါင်ဒေသတွင်း နိုင်ငံများအကြား အမြင့်ဆုံးရှိနေပေမယ့် တစ်နိုင်ငံ လုံးကို လျှပ်စစ်ပေးနိုင် စွမ်းမှာ အနိမ့်ကျဆုံးဖြစ်နေဆဲလို့ ဇန်န၀ါ ရီလ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ မဲခေါင်ဒေသခွဲ စွမ်းအင်ဆိုင်ရာညီလာခံမှာ ကျွမ်းကျင်သူများက ဆိုပါတယ်။မဲခေါင်စွမ်းအင်နဲ့ ဂေဟစနစ်ကွန်ရက် က ထုတ်ပြန်တဲ့ သတင်းအချက်အလက် တွေအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်လွှမ်းခြုံ နိုင်မှုပမာ ဏဟာ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ယှဉ်မယ်ဆို ရင်တောင် ကွာဟ ချက်ကြီးမားနေဆဲပါ။ လျှပ်စစ်ပေးနိုင်မှုနဲ့ ပတ်သက်ပြီး ဒီကွန်ရက်က ထုတ်ပြန်ချက်အရဆိုရင် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ၉၉ ရာခိုင် နှုန်းစီရှိနေပြီး ဗီယက်နမ်က ၉၅ ရာခိုင် နှုန်း၊ လာအိုမှာ ၆၉ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ ၂၆ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီတွက်ချက်မှုတွေဟာ ကမ္ဘာ့ဘဏ်က ၂၀၁၀ ပြည့်နှစ်အတွင်း ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံထား တာဖြစ်ပြီး တော့ အထူးသဖြင့် နိုင်ငံတိုင်းက ကျေးလက်တွေမှာ လျှပ်စစ်ရရှိမှုကို စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသတွေရဲ့ လျှပ်စစ် ပေးနိုင်မှုကို ညအခါ တွေ့မြင်ရပုံဆိုတဲ့ မြေပုံမှာတော့ မြန်မာနိုင်ငံဘက်မှာရှိတဲ့ လျှပ်စစ်ရရှိမှုဟာ မှောင်မည်းနေရခြင်းက ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်နေပါတယ်။
အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ အရှေ့တောင် အာရှဌာနခွဲ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ကိုယ်စားလှယ် မစ္စတာကင်ဂျွန်အွန်းရဲ့ စာတမ်းအရ မြန်မာ နိုင်ငံမှာ ရေအား လျှပ်စစ်ထုတ်နိုင်မှုစွမ်းအင်ဟာ မဲခေါင် ဒေသ ခြောက်နိုင်ငံအကြား အမြင့်ဆုံး အနေအထားမှာ ရှိနေတယ်လို့ ဆိုပါ တယ်။
ဒီဘဏ်ကနေ ကောက်ယူထားတဲ့ စစ်တမ်းမှာဆိုရင် မဲခေါင်ဒေသ စွမ်းအင် အရင်းအမြစ်တွေက ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်စွမ်းအင် တွေထဲမှာ ရေအား လျှပ်စစ်ကနေရတဲ့ မဂ္ဂါဝပ် ၃၃၃,၇၀၀ ရှိတဲ့အနက် မြန်မာတစ်နိုင်ငံတည်းကပဲ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော် ထုတ်လုပ်ထား နိုင်တယ်လို့ ဆိုပါတယ်။ ရေအားလျှပ်စစ်ဟာ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ လာအိုတို့အတွက် ပင်မ လျှပ်စစ်ရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တယ်လို့ မဲခေါင် ကွန်ရက်က ဆိုပါတယ်။
ညီလာခံမှာတော့ ဒေသတွင်း နိုင်ငံ တွေရဲ့ စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်မှု တွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်လေ့လာမှု တွေနဲ့ နှိုင်းယှဉ်ပြီး ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ မဲခေါင်စွမ်းအင်နဲ့ ဂေဟစနစ် ကွန်ရက်နဲ့ ထိုင်းပီဘီအက်စ်မီဒီယာဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒီ ကွန်ဖရင့်မှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်တချို့လည်း တက်ရောက်ပြီး စာတမ်းဖတ်ခဲ့ကြပါတယ်။
ဒီကွန်ဖရင့်မှာ မဲခေါင်ဒေသတွင်း နိုင်ငံတွေရဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှုနဲ့ အသုံးချမှု၊ ရေရှည်ထုတ်လုပ်သုံးစွဲနိုင်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လောက် အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကို ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေက စုပေါင်း ဆွေးနွေး ကြတာပါ။
"မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်ကနေ လျှပ်စစ်ထုတ်နိုင်တဲ့ စွမ်းအင်ရှိနေပေမယ့် တစ်နိုင်ငံလုံးကို လျှပ်စစ်ပေးနိုင် မှုနည်းနေရ တာက ရှင်းပါတယ်။ မဟာ ဓာတ်အားလိုင်းတွေက ကျေးလက်ဒေသတွေအထိ ဆက်သွယ်မထားနိုင်တာလည်း ပါတယ်"လို့ မြန်မာနိုင်ငံက ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသင်းက အထွေအထွေအတွင်းရေးမှူး ဦးအောင်မြင့်က မြန်မာတိုင်း(မ်)ကို ဘန်ကောက် မြို့မှာ ဇန်န၀ါရီ ၁၉ ရက်နေ့က ပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းကျော်က ကျေးလက်မှာနေထိုင်သူတွေ ဖြစ်တာကြောင့် လျှပ်စစ်မီးရရှိမှု နည်းပါးနေတဲ့ နေရာတွေ ကလည်း ကျေးလက်မှာ အများဆုံး ဖြစ်ပေါ်နေပါတယ်။
"မဟာဓာတ်အားလိုင်းက တစ်နိုင်ငံလုံးမှာတော့ ရောက်နိုင်မှာမဟုတ်တဲ့အတွက် အဲဒီဒေသတွေမှာ အသေးစား လျှပ်စစ်ထုတ်နိုင်တဲ့ နည်းလမ်းတွေက အထောက်အကူဖြစ်စေပါတယ်" လို့ ဦးအောင်မြင့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်တွေအနက် ရေအား လျှပ်စစ်အပြင် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံတွေ ပါဝင်ပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထိရောက်စွာမပေးနိုင်တဲ့ အနေအထားရောက် နေတာဟာ လျှပ်စစ်ဖြန့်ဖြူးရေးပိုင်းမှာ စီမံခန့်ခွဲမှု လိုအပ်နေတာလည်းတစ်ကြောင်း ပါဝင် နေတယ်လို့ သိရပါတယ်။
"လျှပ်စစ်လိုအပ်နေတဲ့ ဒေသတွေမှာ တစ်နိုင်တစ်ပိုင် လျှပ်စစ်ထုတ်လို့ရတဲ့ ရေအားလျှပ်စစ် အသေးစားလေးတွေ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ ဒါတွေက လျှပ်စစ်မီးရဖို့ အများကြီး အထောက်အကူပြုပါတယ်"လို့ ဦးအောင်မြင့်က ပြောပါတယ်။
လက်ရှိ ကျေးလက်ဒေသတွေရဲ့ လျှပ်စစ်မီးရရှိဖို့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေမှာ ဘိုင်အိုမက်စ်လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ဥပမာ- စပါးခွံ၊ နောက်ချေး စတာတွေကနေ လျှပ်စစ်မီး ထုတ်ယူလို့ ရပါတယ်။ "ဒီလိုနည်းလမ်းတွေကနေ လျှပ်စစ် ထုတ်ယူတာဟာ ကုန်ကျစရိတ်နည်း သလို သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့ အတွက် ကုန်ကြမ်းရဖို့ မပူရပါဘူး"လို့ ဦးအောင်မြင့်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိတာ ဖြစ်တဲ့အတွက် တချို့ သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ကျေးလက် ဒေသတွေမှာ ဒီဇယ် အင်ဂျင်သုံးမီးစက်တွေကို ညဘက် အလင်းရောင်ရဖို့ အသုံးပြုရပါတယ်။ "မြန်မာနိုင်ငံမှာ မဟာဓာတ်အားလိုင်း မရောက်ပေမယ့် တခြားနည်းလမ်းတွေနဲ့ လျှပ်စစ်ထုတ်ယူနိုင်တဲ့အတွက် ဒေသခံ အာဏာပိုင်တွေက ကူညီဆောင်ရွက် မယ်ဆို ရင်တော့ အကောင်းဆုံးပါပဲ"လို့ ဦးအောင်မြင့်က အကြံပြုပါတယ်။
တခြားဘက်က ကြည့်မယ်ဆိုရင်တော့ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ ဒေသတစ်ဝိုက်မှာရှိတဲ့ နိုင်ငံခြောက်နိုင်ငံမှာ မြန်မာနိုင်ငံက စွမ်းအင်သုံးစွဲမှု အနည်းဆုံးဖြစ်တာကြောင့်လည်း စွမ်းအင်အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လူမှုရေးပြဿနာတွေကို တခြားနိုင်ငံတွေလောက် မခံစားရသေးပါဘူး။ ဒါပေမယ့် အခုနှစ်ပိုင်းတွေမှာ တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံတွေကို သဘာဝဓာတ် ငွေ့တင်ပို့ရောင်းချနိုင်ဖို့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို တည်ဆောက်လာ တာဟာ လူမှုရေး ပြဿနာရပ်တွေကိုလည်း ဖြစ်ပေါ်လာစေတယ်လို့လည်း မြန်မာနိုင်ငံက နာမည်ရ သဘာဝဓာတ်ငွေ့ထုတ်ဖော် ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတစ်ဦးက စွမ်းအင်ကွန်ဖရင့်မှာ စာတမ်းတင်ပြ ဆွေးနွေးခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်စေ၊ မြန်မာနိုင်ငံရဲ့ အနာဂတ်လျှပ်စစ်စွမ်းအား သုံးစွဲနိုင်မှု အနေအထားဟာ အခုထက်ပိုပြီး မြင့်တက်လာမယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူကတော့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ ဒီဒေသတွင်း ခြောက်နိုင်ငံအတွင်းမှာ အကောင်းဆုံး အလားအလာရှိနေတဲ့ နိုင်ငံဖြစ်တယ်လို့ ဟောကိန်းထုတ်ထား ခဲ့ပါတယ်။
ဒါပေမယ့် အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ ရင်းနှီးဖို့ ထောက်ပံ့ကူညီမှုတွေကတော့ နိုင်ငံရဲ့ ထပ်မံပြောင်းလဲမယ့် နိုင်ငံရေးဖြစ်စဉ်တွေပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။
၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် လူထု ပရိသတ်များ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့် အမှုကို မိခင်ဖြစ်သူက သမ္မတထံ တိုင်ကြား
ရဲအာဏာပိုင်များ ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားသည့်အမှုကို မိခင်ဖြစ်သူက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားထားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၇၄) ဧရာလမ်းနေ ဦးမျိုးဇော်ဦးသည် နယ်မြေခံ ရဲဝန်ထမ်းတို့၏ ဖမ်းဆီးရိုက်နှက်စစ်ဆေးရမှုကြော
ယခုလ ၃ ရက်နေက ဦးမျိုးဇော်ဦး နေအိမ်တွင် ရှိနေစဉ် ရဲတပ်ကြပ် ကျော်ထွန်းသန်း၊ ရဲတပ်သားတဦးနှင့် လမ်းမှူး ဦးစံညွှန့်တို့က အမှတ် (၅) လှိုင်သာသာ ရဲကင်းသို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် တွေ့ခွင့်မရဘဲ ရုံးထုတ်သည့် နေ့ရောက်မှ ရိုက်နှက် ခံထားရသည့်ဒါဏ်ရာများကို တွေ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်ငွေသိမ်းက ပြောသည်။
“ဖမ်းသွားပြီး နောက်တနေ့မှာ စခန်းမှာ သွားတွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးထုတ်မှ တွေ့ရမယ်ဆိုပြီးပြောတယ်၊ (၆) ရက်နေ့ရုံး ထုတ်တော့ တရားရုံးမှာ တွေ့ရတော့ မျက်ခုံးတွေကွဲပြီး မျက်စိလဲ ဖူးယောင်နေတယ်၊ ပါးနှစ်ဖက်စလုံး ရောင်နေတယ်၊ နားထင်တွေကွဲနေတယ်၊ တရားက ရုံးအုပ်ဒေါ်အေးသီက ဆေးရုံချက်ချင်းသွားခိုင်းလို့ သွားပြီး ချုပ်တာ တွေလုပ်ရတာ” ဟု ဆက်ပြောသည်။
ကိုမျိုးဇော်ဦးအား တရားရုံးသို့ ပြန်ခေါ်လာပြီး ညနေပိုင်းတွင် အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်ပြီးနောက် (၇) ရက်နေ့တွင် ရပ်ကွက်အာဏာပိုင်များ အကြောင်းကြားမှ သေဆုံးသွားကြောင်း သိရသည်ဟု မိခင်ဖြစ်သူက ပြောသည်။
“မနက် (၉) နာရီလောက်မှာ သူ့သား မျိုးမင်းစိုးကို ရပ်ကွက်ရုံးက ဦးမောင်လတ်က လာခေါ်တယ်၊ ရုံးရောက်တော့ ရဲတပ်ကြပ် ကျော်ထွန်းသန်းက မင်းအဖေ ထောင်ထဲမှာ ဆုံးပြီးလို့ပြောတော့မှ သိရတာ၊ အင်းစိန်ထောင်လိုက်သွားတော့ သေဆုံးကြောင်း အကြောင်းကြားစာကို နေ့လည် ၂ နာရီကျော်လောက်မှရတယ်” ဟု ပြောသည်။
အဆိုပါသေဆုံးကြောင်း ဆေးစာတွင် (၇) ရက်နေ့ နံနက် ၃ နာရီခန့်တွင် သွေးတိုး လေဖြတ်ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသားထားသည်ဟု ဆက်ပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ညီဖြစ်သူ ဦးလှမျိုးထွန်းနှင့် ညီမဖြစ်သူတို့က (၁၉၉) သို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး အင်းစိန်ရဲစခန်းတွင် ဆေးစာများ သွားတောင်းယူရာ စခန်းမှူး ဦးအောင်မိုးက တရားရုံးရောက်မှ တောင်းယူရန် ပြောဆိုခဲ့သည်။
“စခန်းမှူးက အခုဖြစ်တဲ့ လှိုင်သာယာရဲစခန်းက နယ်ထိန်း စောနိုင်ဦးဆိုတာ သူ့သူငယ်ချင်းဘဲ၊ စခန်းက တာဝန်ရှိသူတွေက မှားခဲ့ပေမဲ့ မောင်နှမလို သဘောထားပြီး လျော့လျော့ပေါ့ပေါ့လုပ်ကြပါဆြို
ဦးဇော်မျိုးဦး သေဆုံးရခြင်းနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ယခုလုပ်ရပ်သည် ရဲလုပ်ပိုင်ခွင့်ထက်ကျော်လွန်
မြန်မာပြည်တွင်းကရင်အမျိုး သားရေးရာ ကော်မတီဖွဲ့စည်းခဲ့
ကရင်အမျိုးသားအရေးနှင့်ပတ်သက်၍ ဦးစီးဦးဆောင်နိုင်ရန် အမျိုးသားများအရေးကိစ္စကို ကိုယ်စားပြုသည့်အနေဖြင့် မြန်မာနိုင်ငံ ကရင်အ မျိုးသားရေးရာကော်မတီ (Myan-mar Karen Affair Committee-MKAC)အဖွဲ့ကို ဖေဖော်ဝါရီလ ၁၁ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှ ၁၁ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ဆေးရုံလမ်းရှိ သုမေဓာရာမ ကြားတောရကျောင်းဝင်း၌ ငြိမ်းဖောင်ဒေးရှင်းမှ ကမကထပြုလုပ် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ကရင့်ရိုးရာကောက်သစ်စားပွဲနှင့် ကရင့်ရေးရာစကားဝိုင်းတွင် ပါဝင်ခဲ့ကြသူများက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ကော်မတီ၏ အတွင်းရေးမှူး (၁) နော်စူစဲနာလှလှစိုးက အခုလို ပြောသည်။
သူမက “ကရင်အမျိုးသားတို့ရဲ့ အရေးကို လုပ်ဆောင်တဲ့ကိစ္စကို အဖွဲ့အစည်းရှိဖို့ပေါ့နော်။ အခု လွှတ်တော်မှာလည်း ကရင်အမတ်တွေ ရှိ တယ်လေ။ ဆိုတော့ ကရင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီ့ထက်ပိုပြီးတော့ လုပ်ဆောင်ဖို့ပေါ့နော်။ နောက်ပြီး ဒီကော်မတီကနေပြီးတော့ ဦးစီး လုပ်ဆောင်ပြီးတော့မှ ကရင်လူမျိုးတွေရဲ့အရေးအပြင် တခြားတိုင်းရင်းသားအရေး တိုးတက်ဖို့အတွက်ပေါ့နော်”ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါစကားဝိုင်းတွင် ကရင်အမျိုးသားရေးရာကော်မတီ၏ ဥက္ကဌအဖြစ် ဒေါက်တာစိုင်မွန်သာ၊ ဒု-ဥက္ကဌအဖြစ် စောသိန်းအောင်နှင့် စော ထွန်းအောင်ချိန်၊ အတွင်းရေးမှူးအဖြစ် စောကျော်စွာ၊ အတွင်းရေးမှူး(၁) နော်စူစဲနာလှလှစိုးနှင့် အတွင်းရေးမှူး(၂) နန်းမြင့်တင်တို့အပြင် ပြည်နယ်နှင့် တိုင်း ၆ခုမှ ကိုယ်စားလှယ်များ ပါဝင်သည့် ဗဟိုအလုပ်မှုဆောင် စုစုပေါင်း ၁၈ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကော်မတီတွင် ဥသျှောင်အဖြစ် Karen Peace Committee တွင် ပါဝင်သည့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင် ဆရာတော်သံ ဃာတော် ၉ဦး ရွေးချယ်သတ်မှတ်ထားရာ တောင်ကလေးဆရာတော် အရှင်ပညာသာမိ အပါအ၀င် တောင်ပတ်၊ ဖားပြ၊ မန်အောင်(ရေး) ဆရာတော်များ၊ ဆရာတော် Dr. James k Ban, Bishop D White Kejin, Bishop ဖိုးရ (RC), Father သိန်းခင်နှင့် SDA ဆရာတော် စောအောင်ရှိန်တို့ ပါဝင်ခဲ့ကြသည်။
ကရင်အမျိုးသားရေးရာကော်မတီကို လတ်တလောအချိန်တွင် ဗဟိုကော်မတီအဆင့်သာ ဖွဲ့စည်းထားပြီး ဆက်လက်၍ ပြည်နယ်နှင့်တိုင်းရှိ ကိုယ်စားလှယ်များကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီးပါက ရှေ့လုပ်စဉ်များ ချမှတ်ကာ ကရင်အမျိုးသားအရေးကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း နော်စူစဲနာလှလှစိုးက ဆက်ပြောသည်။
ကရင့်ရေးရာစကားဝိုင်းသို့ တက်ရောက်ခဲ့သူ ကရင်လူငယ်တစ်ဦးက “အခု ကရင့်ရေးရာကော်မတီက ကရင်လူမျိုးအတွက် ထိထိရောက် ရောက် လုပ်ပေးနိုင်ရင် ကောင်းတယ်။ ကရင်တွေက အဖွဲ့အစည်းတွေ များပေမဲ့ အမျိုးသားအတွက် ထိထိရောက်ရောက် ဘာမှ မလုပ်ပေး နိုင်ဘူး။ အခု ကရင့်ရေးရာအဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်တယ်။ ဒီအဖွဲ့ ရှိနေတဲ့အကြောင်းကို ကရင်ပြည်သူတွေ သိဖို့ အရင် ဆုံး လုပ်ရမယ်။”ဟု ပြောသည်။
ကရင်အမျိုးသားရေးရာ ကော်မတီသည် ကရင်အမျိုးသားများနှင့်သက်ဆိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင့်ရိုးရာ ကောက်သစ်စားပွဲနှင့် ကရင့်ရေးရာစကားဝိုင်းကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် တတိယအ ကြိမ်ရှိပြီဖြစ်ပြီး ကရင်ပြည်နယ် မြို့နယ် ၇မြို့နယ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လွှတ်တော်အမတ်များ၊ ဘာသာရေးခေါင်း ဆောင်များနှင့် ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းများအပြင် မွန်ပြည်နယ်မှ ကရင်ကိုယ်စားလှယ်များ၊ ကရင်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် ကရင်လူငယ်မောင်မယ်များ အပါအ၀င် စုစုပေါင်း ၁၇၅ဦး တက်ရောက်ခဲ့ကြသည်။
၎င်းစကားဝိုင်းတွင် အဓိကအားဖြင့် စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းမှုတို့မှရရှိမည့် အကျိုးကျေးဇူး၊ လူမျိုးတစ်မျိုး၏ စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေသည့် အဓိကသော့ချက်၊ စည်းလုံးညီညွှတ်ခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အရေးကြီးသည့် အခန်း ကဏ္ဍ၊ ကရင်လူမျိုးတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲမှုကို ပျက်ပြားစေနိုင်သည့် အချက်များနှင့် ၎င်းအချက်များစအပေါ် ကိုင်တွယ်ဖြေရှင်းနိုင် မည့်နည်းလမ်း စသည့် အကြောင်းအရာ ၅ခုကို အခြေခံပြီး တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။
အခြေခံကောင်းမှ နိုင်ငံကောင်းမည် byဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
လူ့အဖွဲ့အစည်း မြန်ဆန်စွာ တိုးတက်ကောင်းမွန်ဖို့ ...
လူ့အဖွဲ့အစည်းတခုကို တိုးတက်ကောင်းမွန်စေလိုလျှင် အုပ်ချုပ်ရေး၏ အထက်ပိုင်းကျသော အစိုးရအဖွဲ့ဝင်များသည် အမှန်ကို အမှန်အတိုင်း သိရှိနိုင်ရေးအတွက် ကြိုးပမ်းနေကြကြောင်း ထုတ်ဖော်ပြောဆိုနေချိန်တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ထိုအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်မည်ဆိုပါက ကျနော်တို့နိုင်ငံတွင် အခြေအနေမှာ တိုးတက်မြန်ဆန်လာလိမ့်မည်ဟု ထင်ပါသည်။
ပြုပြင်ပြောင်းလဲရေး ထိရောက်မှုရှိစေရန်
အောက်ခြေတွင် ဖြစ်ပျက်နေသမျှကို အမှန်အတိုင်းသိမှ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်မည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အဆင့်ရှိ သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်သည်ပင် အောက်ခြေပြည်သူများနှင့် ထိတွေ့ကာ နှုတ်ဆက်အားပေး စကားတွေပြောနေကြသော်လည်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ရပ်ကွက်ပြည်သူများနှင့် စိမ်းသလိုဖြစ်နေကြသည်ကိုလည်း တွေ့ရသည်။ ရပ်ကွက်သားအများစုမှာ သူတို့အုပ်ချုပ်ရေးမှူး ဘယ်သူဖြစ်သည်၊ ဘာလုပ်နေသည်ကို သေသေချာချာ မသိဘဲ ရှိနေကြသည်။ ထူးချွန်ထက်မြက်ပြီး ရပ်ကွက်ကျေးရွာနှင့် တသားတည်းရှိသော အုပ်ချုပ်ရေးမှူးများလည်း ရှိပါသည်။ သို့သော် အရေအတွက်အားဖြင့် နည်းပါးနေသေးသည်ဟု ဆိုနိုင်သည်။
အပြောင်းအလဲအစနှင့် စီးပွားရေးအခြေအနေ
ကျနော် ဆိုလိုသည်မှာ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အခြေခံအကျဆုံး နေရာများဆီသို့ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိရေးမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်ပေါ် မူတည်နေသည်ဟူသော သဘောဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးမှာ ပိတ်ဆို့မှုများ ဖွင့်ပေးလိုက်လျှင်တောင်မှ ချက်ချင်းကြီး ကောင်းလာနိုင်ဖို့ မဖြစ်နိုင်သေးပေ။ ဒါကိုလည်း ပြည်သူလူထုက နားလည်ကြမည်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားကြရမည်ဖြစ်သည်။ သို့သော် အရည်အချင်းရှိသမျှ ထုတ်သုံးပိုင်ခွင့်ရှိဖို့တော့ လိုအပ်ပါသည်။
“ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။”
လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးခြင်း
ယခုအချိန်အခါသည် အသွင်းကူးပြောင်းရေးသဘောဆောင်
ပြည်သူတွေ ခွန်အားဖြစ်စေဖို့ ...
ကျနော်တို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လောလောဆယ် အများပြည်သူ လိုအပ်နေသည်မှာ ခွန်အားပေးသည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ ဒီမိုကရေစီအစိုးရသည် နိုင်ငံသားတဦးစီ၏ အခွင့်အရေးကို အကာအကွယ်ပေးထားကြောင်း၊ နိုင်ငံသားများတွင် ရှိရမည့် အခွင့်အရေးများကို ပိုင်ဆိုင်ရမှာဖြစ်ကြောင်း ကျေးရွာ၊ ရပ်ကွက်သားများကိုလည်း သဘောပေါက်အောင် ရှင်းပြသင့်သည်။
စိုးရိမ်မှုတွေနဲ့ ခေတ်ကုန်ပြီ
ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။
အကြောက်တရား ကင်းရှင်းမှသာ ...
ချစ်၍ ကြောက်ခြင်း (ချစ်ကြောက်) သည်လည်းကောင်း၊ တခုခု ပေးမည်လောဟု မျှော်လင့်ချက်ထား၍ ကြောက်ခြင်း (မျှော်ကြောက်) သည်လည်ကောင်း၊ ရွံရှာမုန်းတီးမှုကို မြိုသိပ်၍ ကြောက်ခြင်း (ရွံကြောက်) သည်လည်းကောင်း၊ အဖြေမှန်တခုခု ရဖို့ ဝေးကွာစေသည်။ ထို့ကြောင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်လာရန် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကြားထဲမှ အမှန်ကို ရှာဖွေနိုင်မှသာ အထက်အဆင့်ဆင့်အတွက် မှန်ကန်သော မူဝါဒကို ချမှတ်နိုင်မည်ဖြစ်သည်။
ပြည်သူလူထုနှင့် အနီးကပ်ဆုံး ဆက်ဆံနေရသော အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူကို အကြောက်တရားကင်းဝေးအောင် အကောင်းဆုံး ဆောင်ရွက်ပေးပါက နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု
ဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
လူထုအကျိုးပြု အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍
ကနေ့အချိန်ထိ မြန်မာနိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရတုန်း ဖြစ်ပါတယ်။ ဘယ်အချိန်ရောက်မှ လွတ်မြောက်မယ် ဆိုတာကို မခန့်မှန်းနိုင်သေးပါဘူး။ တချိန်တည်းမှာ ပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာကတော့ ဘယ်သူမဆို အကြောက်တရားနဲ့ မလုံမခြုံဖြစ်နေတဲ့ကိစ္စပါ။ အာဏာကို အသုံးချပြီး ကိုယ်ကျိုးစီးပွားကို အကာအကွယ် ယူထားတာကနေ အဂတိလိုက်စားမှုတွေ အပါအဝင် လူထုမကျေနပ်မှုတွေအဆုံး ဖြစ်ပျက်နေသမျှဟာ တကယ်တော့ တိုင်းပြည်တခုလုံးရဲ့ အုပ်ချုပ်ရေးစနစ်ကို လူထုအကျိုးပြုအောင် မလုပ်ပေးနိုင်သေးတာကြောင့် ဖြစ်ပါတယ်။
လူထုအကျိုးပြု အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အုပ်ချုပ်ပုံမှာ အဆင့်ဆင့်ထားရှိတဲ့စနစ်ကို ပြန်လည် သုံးသပ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် (၁၄) ခုနဲ့ မြိ့နယ်တွေ ခွဲခြား သတ်မှတ်ထားတာကို လူတိုင်းက သိရှိပြီး အသားကျနေတာ ဆယ်စုနှစ်များစွာ ရှိခဲ့ပါပြီ။ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက်ဆိုပြီး ခရိုင်တွေကို ခွဲခြား သတ်မှတ်လာပါတယ်။ စုစုပေါင်းခရိုင် (၆၇) ခု ရှိနေပါတယ်။
ဒါကြောင့် အဆင့်ဆင့် ဖွဲ့စည်းပုံအရဆိုရင် တိုင်း (သို့) ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်/ကျေးရွာ ဆိုပြီး အဆင့် (၄) ဆင့် ရှိနေပြီ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးပိုင်းမှာ အဆင့်တွေ များများခွဲထားတာထက် အဆင့်နည်းနည်း ခွဲထားတာက အချိန်နဲ့ ငွေကုန်ကြေးကျ သက်သာစေတဲ့အပြင် လုပ်အားခွဲဝေမှုကိုလည်း ထိရောက်စေပါတယ်။ အဆင့်တွေကို လျှော့ချထားနိုင်လို့ အုပ်ချုပ်မှုအပိုင်းကို ပိုမိုလျင်မြန်စေပါတယ်။ နိုင်ငံ့ဘဏ္ဍာ ထောက်ပံ့မှုလည်း နည်းပါးသွားစေတဲ့အပြင် အပိုထွက်လာတဲ့ လုပ်အားတွေကို အခြားနေရာတွေမှာ အသုံးပြုလာနိုင်ဖို့လည်း ရှိပါလိမ့်မယ်။
အခုဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း (၆ဝ) ဝန်းကျင်ခန့် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်တခုမှာ ပျမ်းမျှ လူဦးရေဟာ နှစ်သောင်း (၂ဝဝဝဝ) ဝန်းကျင်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ မြို့နယ်တခုအနေနဲ့ အဲဒီ ပျမ်းမျှ ပမာဏရှိတဲ့ လူမှုရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်စရာ ရှိပါမယ်။ တချိန်ချိန်မှာ လူဦးရေ တိုးလာလို့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုများပြားလာချိန်ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဝန်ထမ်းအင်အားနဲ့ ရုံးသုံး ကွန်ပြူတာစနစ်တို့ကို တိုးချဲ့ထားရင် ကောင်းကောင်း ထိန်းသိမ်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးရုံး” လို့ နာမည်တပ်တပ်၊ အခြားနာမည်တပ်တပ် တကယ်တော့ မြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူမှုရေးရာကိစ္စတွေကိုသာ ဝန်ဆောင်မှု ပေးကြရတာ ဖြစ်ပါတယ်။ မြို့နယ် လုံခြုံရေးကိစ္စကိုတော့ မြို့နယ်အတွင်းမှာရှိတဲ့ ရဲစခန်းတွေက တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့သာ အဆင့်ဆင့် အုပ်ချုပ်မှုအပိုင်းကို ပိုမိုလျင်မြန် သွက်လက်စေချင်ရုံမက နိုင်ငံ့ဘဏ္ဍာကိုလည်း ချွေတာချင်တယ်ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ အဆင့် (၄) ဆင့်အစား တိုင်း (သို့) ပြည်နယ်၊ မြို့နယ် ဆိုတဲ့ အဆင့် (၂) ဆင့်နဲ့ ထိရောက်အောင် လုပ်နိုင်စရာ ရှိပါတယ်။
တကယ်လို့ မြန်မာနိုင်ငံ လူဦးရေက သန်းပေါင်း (၉ဝ) သို့ သန်းပေါင်း (၁၂ဝ) ထိ ရှိလာရင်တော့ ရပ်ကွက်/ကျေးရွာအသစ်တွေ၊ မြို့နယ်အသစ်တွေ တိုးချဲ့ဖွဲ့စည်းဖို့ ရှိလာတာကြောင့် တိုင်း (သို့) ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ဆိုပြီး ခွဲထားနိုင်စရာ ရှိပါမယ်။
နောင်တချိန် လူဦးရေ သန်းပေါင်း (၉ဝ) လောက်ထိ ရှိလာမယ့်အခါမှာ မြန်မာနိုင်ငံဟာလည်း အထိုက်အလျောက် ဖွံ့ဖြိုး တိုးတက်နေလောက်ပါပြီ။ အဆင့်ဆင့် အုပ်ချုပ်ရေးအတွက် နိုင်ငံ့ဘဏ္ဍာကို ပိုမို ခွဲဝေ ရယူ/ကျခံတာတွေ၊ လူမှုရေး လုပ်ငန်းဆောင်တာတွေလည်း စနစ်တကျနဲ့ အသားကျလောက်မယ့် အနေအထားကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကတော့ လာမယ့် နှစ်ပေါင်း (၂ဝ) လောက်အတွက် ကြိုတင်တွက်ချက်မှု သဘောပါ။
လူထုအကျိုးပြု အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး နောက်တပိုင်းကတော့ စီမံအုပ်ချုပ်ရေး (The Executive) မဏ္ဍိုင်မှာ ပါဝင်တဲ့ မြို့နယ်အတွက် အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက် ခန့်ထားတာမျိုး မဟုတ်ဘဲ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ် တင်မြှောက်ပေးဖို့ ဖြစ်ပါတယ်။ ဒါမှလည်း အောက်ခြေအဆင့်ထိ ဒီမိုကရေစီ ကျင့်သုံးမှု ရှိနေမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီကို ပိုမိုကျွမ်းဝင်လာစေမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုယ်တိုင်ရွေးချယ်ထားတဲ့အတွက် ပိုမိုစိတ်ချ ယုံကြည်အားကိုးရသူဖြစ်သလို မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကလည်း မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝနဲ့ ပြည်သူ့အကျိုး သယ်ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
လူထုအကျိုးပြု အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ နောက်ဆုံးတချက်ကတော့ စီမံအုပ်ချုပ်ရေး မဏ္ဍိုင်ဟာ ဥပဒေပြုမဏ္ဍိုင်၊ တရားရေးရေးမဏ္ဍိုင်တို့နဲ့အတူ အပြန်အလှန် ဆက်စပ်ထားနိုင်ဖို့ ဖြစ်ပါတယ်။ မဏ္ဍိုင် တခုနဲ့တခု အပြန်အလှန် ထိန်းကျောင်းနေရဖို့လည်း ရှိပါတယ်။ တခုနဲ့တခု ဆက်စပ်မှု မရှိရင် တကျောင်း တဂါထာ တရွာ တပုဒ်ဆန်းသလို ဖြစ်နေပြီး ဒီမိုကရေစီ ဖြစ်ထွန်းစေဖို့ အခက်အခဲ အများကြီး ရှိနိုင်ပါတယ်။ မဏ္ဍိုင် သုံးခုစလုံး ဆက်စပ်ထားနိုင်ဖို့အတွက် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို အားလုံးက လိုက်နာနေဖို့ အဓိကဖြစ်ပါတယ်။
လွင်အောင်စိုး
ရုတ်တရက် လေဖြတ်ခံရသောလူနာအတွက် သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း
ပထမအရေးကြီးဆုံးအချက်မှာ - လေဖြတ်သောလူနာကို ရေချိုးခန်း အိမ်သာစသည်ဖြင့် မည်သည့်နေရာတွင် ဖြစ်စေ၊ ဖြစ်သောနေရာမှ ရွေ့ပြောင်း သယ်မခြင်း လုံးဝမပြုလုပ်ရပါ။ထိုသို့ချက်ခြင်းရွေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း၊ လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောလေများကို ပို၍ လျင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ထို့ကြောင့် လူနာကို မည်သည့်နေရာသို့ ရွေ့ပြောင်းခြင်း မပြုလုပ်ပါနှင့်။ လူနာကို ဖြစ်သည့်နေရာ၌ပင် အသာထူမပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေး၍ ထိုင်စေရပါမည်။
လူနာကို ကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှလူတစ်ဦးက အသာမှေး၍ ထူမပေးထားပါ။ ထိုသို့ ထူမပြီးပြီးချင်း ပိုးသတ်ထားသောဆေးထိုးအပ်ဖြင့်သော်လည်းကောင်း၊ မီးရှို့ပြီးသော လက်ချုပ်အပ် ထိပ်ဖျားဖြင့်သော် လည်းကောင်း၊ လူနာ၏ လက်ချောင်း(၁၀)ချောင်းထိပ်ဖျားကို ပိုးသတ်ထားသောအပ်ဖြင့်(ပဲစေ့ခန့်) သွေးတစ်စက် တစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။
သွေးစက်ပဲစေ့ခန့် ထွက်/မထွက် ခေတ္တစောင့်ကြည့်ပါ။ အကယ်၍ သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့် ညှစ်ထုတ်ပေးပါ။ လက်ချောင်းတိုင်း သွေးတစ်စက်စီထွက်သွားပြီး မိနစ်ပိုင်းအတွင်း လူနာပြန်လည် သတိရလာပါလိမ့်မယ်။အကယ်၍ လူနာ ပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည့်တိုင်အောင် လက်ဖြင့် ပွတ်ဆွဲပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း နားပေါက်ဖောက်သည့်နေရာ၌ ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက် ၂-ချက်စီ ဖောက်ပေးရပါမည်။
နားရွက် ၂-ဖက်စလုံးမှ သွေး ၂-စက်စီ ပဲစေ့ခန့် ထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ရာမှ ပြန်တည့်သွား ပါလိမ့်မည်။လူနာကို ပုံမှန်အခြေအနေသို့ရောက်အောင် စောင့်ပြီးမှ ဆေးရုံသို့ လူနာကို ပို့ပေး၍ လိုအပ်သောဆေးကုသမှုကို ခံယူပါစေ။
ယခုကဲ့သို့ ရှေးဦးစွာပြုစုပြီးမှ ဆေးကုသမှုခံစေပါက အကြောသေခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကားမပီမသဖြစ်ခြင်းတို့မှ လုံးဝကင်းလွတ်သွားစေပါမည်။ဤနည်းမှာ လက်တွေ့ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ ဤနည်းကို လူအများလေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန်အတွက် မေတ္တာစေတနာဖြင့် ကုသိုလ်ပြုပါသည်။
ဤနည်းကို မိမိတို့နီးစပ်ရာ အသိမိတ်ဆွေများထံသို့ တဆင့်ဖြန့်ဝေခြင်းဖြင့် ကုသိုလ်ယူကြပါ။ ဤနည်းသည် ကိုယ်တွေ့ လက်တွေ့ လူနာကို ပြုစုပေးခြင်းဖြင့် ရာနှုန်းပြည့်အောင်မြင်သောနည်းဖြစ်ကြောင်း အာမခံပါသည်။ဤကုသနည်းကို တရုတ်ပြည်မှ ပေးပို့သောကုသနည်းမှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
(ရတနာမွန် စာတည်းအဖွဲ့)
လှိုင်မြို့နယ်အတွင်းရှိ ရေခဲစက်ရုံတစ်ခုမှ အမိုးနီးယားဓာတ်ငွေ့များ စက်ရုံပြင်ပသို့ ပျံ့နှံ့ထွက်ခဲ့သည့်ဖြစ်စဉ်တစ်
ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် ပေါက်ကွဲသံကြားရပြီး အမိုးနီးယားဓာတ်ငွေ့အနံ့များရရှ
မဲဆန္ဒရှင်ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ် လူထုစိန်ဝင်း
စာဖတ်ဝါသနာပါပြီး စာတော်တော်ဖတ်တဲ့ လူငယ်လေးတစ်စုနဲ့ စကားပြောရင်း ဂျာနယ်တွေမှာ စာအမြဲတမ်းရေးနေတဲ့ ကလောင်အမည်တချို့ကို ရွတ်ပြပြီး ဘယ်သူဘယ်ဝါဆိုတာ သိပါသလားလို့ မေးကြတော့ မသိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။
စာလုပ်ငန်းယဉ်ကျေးမှု
အားလုံးအံ့သြသွားကြပုံရတယ်။ တကယ်မသိလို့ မသိဘူးလို့ပြောလိုက်တာပါ။ သူတို့ပြောတဲ့ ကလောင်အမည်တွေဟာ ပရိသတ်ကစောင့်ဖတ်ကြတဲ့အမည်တြွေ
ကျောင်းဆရာနဲ့ အရက်
စည်းကမ်းကျင့်ဝတ်အဖြစ် အတိအကျရေးသားပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ဘယ်လုပ်ငန်းနယ်ပယ်မှာဆို လိုက်နာမှကောင်းတဲ့ကျင့်ဝတ်မျို
အနန္တဂိုဏ်းဝင်
အဲဒီလို ပြောသူတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် မြန်မာပြည်မှာလူဖြစ်လာရတာကိုပဲ အပြစ်တင်ပေတော့လို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျောင်းဆရာမလုပ်ဘဲ တခြားအလုပ်ပြောင်းလုပ်ပေါ့။ မြန်မာလူမျိုးတွေက ကျောင်းဆရာကို အနန္တော အနန္တငါးပါးထဲတောင် ထည့်သွင်းပြီး အလေးအမြတ်ပြုကြသလို ကျောင်းဆရာတွေဆီက တောင်းဆိုမှုကလည်း ကြီးမားများပြားတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းဆရာက ကျောင်းသူတပည့်မကို လက်ထပ်ယူတာမျိုးကို ဘယ်သူကမှ အထူးအဆန်းလုပ်ပြောမနေကြဘူး။ မြန်မာပြည်မှာလည်း ဥပဒေအရတားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ယူတာတွေ့ကြည့်ပါလား။ အများတံတွေးခွက်မှာ ပက်လက်မျောပြီးသာ မှတ်ပေရော့ပဲ။
ရိုင်းပျတဲ့အပြုအမူ
စာပေနယ်မှာလည်း သီးခြားလက္ခဏာဆောင်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။ အယ်ဒီတာက ကလောင်အမည်ကို ထုတ်ဖော်မပြောအပ်သလို၊ သတင်းပေးသူ သတင်းရေးသူ ဘယ်သူဘယ်ဝါဆိုတာလည်း ထုတ်ဖေါ်ပြောကြားခြင်းမပြုရပါဘူး
အားလုံးအသိပေးပြီး
လူတစ်ဦးတစ်ယောက်က မသိစေချင်လို့ တမင်ဖုံးကွယ်လျှို့ဝှက်ထားတာကို ဇွတ်အတင်းသိအောင် မလုပ်သင့်ဘူး။ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ (Privacy) ကို လေးစားရပါမယ်။ ဒါက ပုဂ္ဂလိကလူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောတာပါ။ နိုင်ငံရေးနယ်ပယ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ လူမျိုးတစ်မျိုးလုံးနဲ့ သက်ဆိုင်တဲ့ တိုင်ရေးပြည်ရေးကိစ္စ မှန်သမျှကို တိုင်းသူပြည်သားအားလုံးကို အသိပေးပြီး ပြည်သူအားလုံးရဲ့ အဆုံးအဖြတ်ကို တောင်းခံရပါတယ်။ ပြည်သူမသိအောင် ဘာမှမလုပ်ရပါဘူး။ အရေးကြီးတဲ့ကိစ္စ မှန်သမျှကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတင်ပြပြီး အဆုံးအဖြတ်ရယူရတယ်။ ပိုပြီးအရေးကြီးတဲ့ ကိစ္စမျိုးဆိုရင် တစ်မျိုးသားလုံးရဲ့ဆန္ဒကို ပြည့်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးတောင်းခံရပါတယ်။
ပြည်သူ့အဆုံးအဖြတ်နာခံ
ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ အရာရာမှာ အကြွင်းမဲ့ အာဏာပိုင်စိုးသူဟာ ပြည်သူလူထုသာ ဖြစ်တယ်ဆိုတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆို
သိပိုင်ခွင့်
အရေးကြီးကိစ္စအဖြစ် သတ်မှတ်တဲ့ လျှို့ဝှက်နဲ့ ကန့်သတ်စာရွက်စာတမ်း၊ မှတ်စုမှတ်ရာတွေကိုလည်း သက်တမ်း၂၅နှစ်သာ ပိတ်ပင်တားဆီးထားတယ်။ ၂၅နှစ်ပြည့်တာနဲ့ ကန့်သတ်စာရင်းက ပယ်ဖျက်ပြီး ဘယ်သူမဆို ကြည့်ရှုခွင့်ပေးတယ်။ တစ်ချို့ကိစ္စများဆိုရင် အစိုးရတွေက ကန့်သတ်ထားပေမယ့် အခြေခံဥပဒေခုံရုံးက တိုင်းသူပြည်သားများရဲ့ သိပိုင်ခွင့် (Rights to Know ) အရ ကန့်သတ်ချက်ကို ပယ်ဖျက်ရမယ်လို့ ဆုံးဖြတ်လို့ဖွင့်ပေးလိုက်ရတာေ
လေးစားဖို့အထူးလိုအပ်
ပြည်သူလူထုရဲ့ " သိပိုင်ခွင့် " ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာသိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထုမသိအပပ်တဲ့
"သိပိုင်ခွင့်" ရှိမှုကို လေးစားကြဖို့ အထူးလိုအပ်ပါတယ်။
ရာဇဝင်မှာ စာတင်ထိုက်မယ့် ရွှေညဝါ (ဆောင်းပါးရှင် နေမိုး)
ရာဇဝင်မှာ စာတင်ထိုက်မယ့် ရွှေညဝါ(ဆောင်းပါးရှင် နေမိုး)ရဟန်း၊ သံဃာတော်တွေအနေနဲ့ စာပပညာမှာ ထူးချွန်လို့ ပညာတတ်ဘွဲ့ထူးတွေ ရနေပေမယ့်လည်း တရားကျင့်ကြံမှု မပေါက်မြောက် သေးရင်တော့ သာမန်ပုထုဇဉ် လူသားတွေထဲက လူသားတယောက်အနေနဲ့ပဲ ရှိပါသေးတယ်။ အခုရွှေညဝါဆရာတော်ရဲ့ အရေးအခင်းမှာလည်း ဆရာတော်ရဲ့ အပြောအဆိုတွေမှာ ဘုန်းကြီးတပါးအနေနဲ့ မပြောသင့်တာတွေ ပြောဆိုနေရတာကို ကျနော်တို့ ကြားနေရပေမယ့် အခြေအနေအရ ဖြစ်ရတာကို ဆရာတော်ရဲ့ မေတ္တာ စေတနာ စိတ်ဓာတ်နဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ ပျမ်းမျှခြုံငုံကြည့်ပြီးတော့ ကျနော်တို့ နားလည်ပေးလို့ ရနိုင်ပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်နေတာ၊ စာသင်သားသံဃာတော်တွေကို စာပေသင်ကြားပေးတာ၊ ကျနော်တို့နိုင်ငံ ဘက်စုံတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန်ပြီး အနစ်နာခံ ဆောင်ရွက်နေကြတဲ့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေကို ရဲရဲဝံ့ဝံ့ ထောက်ခံ ကူညီပေးနေတာတွေနဲ့တင် လေးစားသင့်တဲ့ ဆရာတော်တပါးဆိုတာကို ကျနော်လက်ခံထားပါတယ်။ အခုတလောကြားနေရတဲ့ အင်တာဗျူးတွေမှာ ဆရာတော်ရဲ့ စကားလုံး အပြောအဆို နည်းနည်းလေး ကြမ်းတယ်ဆိုတာကလည်း အခုဆရာတော် ရင်ဆိုင်နေရတဲ့ ပြဿနာတွေမှာ ပျက်စီးဆုံးရှုံးရမယ့် အရင်းအနှီးတွေကလည်း များလွန်းနေတာကြောင့် မခံချိ မခံသာဖြစ်ရင်းနဲ့ စိတ်ခံစားမှု ပြင်းထန် လွန်းသွားတာနဲ့လည်း ဆိုင်ပါ့မယ်။ ကရုဏာဒေါသနဲ့ ပြောဆိုမိနေတာလို့ နားလည်ထားပါတယ်။
အခုလက်ရှိ ဆရာတော်ရဲ့ ပြဿနာတွေက အဓိက ကြည့်ရမယ်ဆိုရင် နိုင်ငံရေးမှာ ဝင်ရောက် ပြောဆိုမှုတွေကြောင့် လက်ရှိ အစိုးရအဖွဲ့ဝင်တွေနဲ့ လက်အောက်ငယ်သားတွေက မှန်တာပြော ဟုတ်တာလုပ်နေတဲ့ ဆရာတော်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အမူအကျင့်ကို မခံမရပ်နိုင် ဖြစ်ရတာလို့ သတ်မှတ်နိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကလည်း လူတယောက်ဆီတိုင်း ဘယ်ဘာသာ ဘယ်လူမျိုးမဆို ဝင်ရောက်ပံ့ပိုး ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အနေအထားပါ။ ဘာသာရေးနဲ့ နိုင်ငံရေး သီးခြားဖြစ်နိုင်ဖို့ဆိုတာ နိုင်ငံမှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွါးရေးခိုင်မာရေးတွေ အများကြီးလိုအပ်ပါတယ်။ အနိမ့်ဆုံးအဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံ အဆင့်လောက်တော့ ရှိသင့်နေပါတယ်။ ထိုင်းနိုင်ငံ အဆင့်လောက်ရှိမှပဲ နိုင်ငံရေးနဲ့ ဘာသာရေး ကင်းကင်းရှင်းရှင်း ရှိသင့်တယ်လို့ ကျနော်တို့ ပြောလို့ဆိုလို့ သင့်တော်မှာပါ။ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေပေမယ့်လည်း ဘာသာရေးအရ ထင်ပေါ်ကျော်ကြား လူကြည်ညိုမှုများနေတဲ့ ဘုန်းတော်ကြီးတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ တကယ့်တကယ်တမ်းမှာ နိုင်ငံရေးမှာ ဘုန်းကြီးအများစုကလည်း ဝင်ရောက် စွက်ဖက်လိုစိတ် ရှိကြမယ် မထင်ပါဘူး။ ကိုယ့်ဒကာ ဒယကာမတွေရဲ့ လူမှုဘဝတွေကို စာနာနားလည်မိလို့သာ အမှန်တရားကို ရင်ဆိုင်ဖော်ထုတ်ချင်လို့ နိုင်ငံရေးထဲမှာ ဘာသာရေးနဲ့ ရောယှက်ပြီး ပါဝင်နေမိတာလို့ သတ်မှတ်လို့လည်း ရနိုင်ကောင်းပါတယ်။
ဘယ်ဘာသာဝင်တိုင်းမဆို လက်ရှိ မြန်မာနိုင်ငံရေးမှာ ကိုယ်တတ်စွမ်းနဲ့ အတိုင်းအတာနဲ့ ဝင်ပါသင့်တယ်လို့ ပြောမိခဲ့ပေမယ့် တကယ့် တကယ်တမ်းကျတော့ မြန်မာနိုင်ငံရေးမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကသာ အနိုင်ကျင့် နှိပ်စက်ညှင်းပန်း ဖိနှိပ်စော်ကားခံရမယ်ဆိုတာကို သိသိကြီးနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြတာပါ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေမို့လို့ ဗုဒ္ဓဘာသာဝင်အစိုးရက ခွင့်လွှတ်သည်းခံပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာ မဟုတ်ဘူးဆိုတာ ၁၉၉ဝ နဲ့ ၂ဝဝ၇ သံဃာ့အရေးအခင်းတွေက သက်သေရှိနေပါတယ်။ ဒီထက့်အရင့်အရင် ကတည်းက သံဃာတော်တွေကို ဖိနှိပ်စော်ကားခဲ့လို့ အကျဉ်းထောင်တွေနဲ့ ပြင်ပလောကတွေမှာ နာမည်ပျက် ဘဝတွေပျက်ပြီး အသက်ပေးဆပ်သွားခဲ့ရတဲ့ သံဃာတော်တွေ သမိုင်းမှာ အများကြီးရှိပါသေးတယ်။ ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့တာကို မသိတာပဲဖြစ်ဖြစ်၊ မျက်ကွယ်ပြုတာပဲဖြစ်ဖြစ် အရေးမထားတဲ့ သဘောနဲ့ လက်ရှိ သံဃာတော်တွေကို ဘာသာရေးနဲ့ နိုင်ငံရေး မပတ်သက်သင့်ဘူးလို့တော့ အချိန်မတန်သေးဘဲနဲ့ ပြောဆိုတာမျိုးတွေကို ခဏခဏ ကြားနေရတာတော့ အတွေးအခေါ်တွေ မဟုတ်သေးဘူးလို့ ထင်မိပါတယ်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အာဏာရလာခဲ့ရင်လည်း ဘယ်ဘုန်းကြီးမှ အစိုးရအဖွဲ့ထဲ ဝင်ပါပြီး အုပ်ချုပ်ရေးပိုင်းမှာ တာဝန်တက်ယူမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ အားလုံးလိုလို ပင်ကိုယ်က အေးအေးဆေးဆေး နေချင်တဲ့ စိတ်ဆန္ဒရှိမယ်လို့ ယုံကြည်ပါတယ်။
ဒီလိုဖိနှိပ်ရက်စက်မှုတွေနဲ့ ရင်ဆိုင်ပြီး တိုင်းပြည်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အစိုးရကို အံတုရင်ဆိုင်နေကြပေမယ့် တခြားဘာသာဝင် နာမည်ကြီးပုဂ္ဂိုလ်တွေ ဘယ်အချိန် ဘယ်ကာလမှာ ဘယ်နှစ်ယောက်များ ပါဝင်ခဲ့ဖူးလို့လဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘယ်နှစ်ယောက်များ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံအဖြစ် သူတို့ဘာသာဝင်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း နှိုးဆော်တာမျိုး ကျနော်တို့ ဘယ်နှစ်ခါများ သိမိကြားမိတာ ရှိလို့လဲ။ တခြားဘာသာဝင် နာမည်ကြီးပုဂ္ဂိုလ်တွေ ဘာလုပ်လဲဆိုတော့ နိုင်ငံရေးကို မျက်ကွယ်ပြုပြီး ဘာသာရေး စည်းရုံးရေးပဲ အဓိကလုပ်ကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေကို သူတို့ဘာသာထဲ ကူးပြောင်း ဝင်ရောက်လာအောင် တရားတွေဟော၊ စည်းရုံးရေးတွေဆင်း၊ သာသနာတွေပြုရင်းနဲ့ပဲ သူတို့ရဲ့ ဘာသာရေး အကျိုးစီးပွါးအတွက်ပဲ အာရုံစိုက်နေကြတာပါ။ မြန်မာနိုင်ငံ တကယ်တမ်း တိုးတက်ချမ်းသာ လာမယ်ဆိုရင်တာ့ အလွယ်တကူ ဝင်ပြီး ခံစား စံစားဖို့ အတွက် သူတို့တွေ အဆင်သင့်ရှိနေမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သေချာပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကသာ ကိုယ့်အချင်းချင်း အမြင်တွေစောင်း၊ စကားတွေများ၊ ရန်တွေဖြစ်၊ အကွဲအပြဲတွေနဲ့ ပလူပျံပြီး စည်းလုံးညီညွတ်မှု ပျက်စီးနေတာဟာ မဖြစ်သင့်တဲ့ အမှားတွေထဲက အမှားတခုလို့ ကျနော်မြင်ပါတယ်။
ရွှေညဝါဆရာတော်ရဲ့ အခုအရေးကိစ္စမှာ ဆရာတော်တပါးတည်း ထိခိုက်နစ်နာမှာ မဟုတ်ဘဲ ဆရာတော်ကို အမီပြုနေတဲ့ စာပေသင်ကြားတာနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ သံဃာတော်တွေနဲ့ လူပရိသတ် ရာထောင်ကျော်ကိုပါ တပါတည်း ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုးအကောင်း အရေးကိစ္စကို ကျနော်တို့ ဂရုစိုက်နေရသလို လက်ရှိ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ရွှေညဝါဆရာတော်ရဲ့ အရေးကိစ္စကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပံ့ပိုးရမှာပါပဲ။ ခေတ်သစ် ဗန်းမော်ဆရာတော်တပါး ပေါ်ထွန်းလာတာပါ။ ရွှေညဝါဆရာတော်ကို မကောင်းမြင်မယ်ဆိုရင် မင်းတုန်းမင်းခေတ်က ထင်ရှားခဲ့တဲ့ အာဏာရှင် ရှင်ဘုရင်နဲ့ လွဲမှားနေတဲ့ ထင်ရှားတဲ့ ဆရာတော်တချို့ကို ပြစ်ပြစ်နှစ်နှစ် ပက်ပက်စက်စက် ဝေဖန်ရှုံ့ချရင်း နာမည်ကြီး ထင်ရှားခဲ့တဲ့ ဗန်းမော်ဆရာတော်ကို သတိရစေချင်ပါတယ်။(ဗုဒ္ဓံသရဏံ ဂစ္ဆာမိပါ)နေမိုး(အခြေအနေအရ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘာသာတွေအကြောင်း ထည့်ရေးမိတာ နားလည်ခွင့်လွှတ်ပေးပါ။ ဘာသာရေး ခွဲခြားတာ မဟုတ်ပါဘူး။
" သမိုင်းတရားခံ " - ရေးသူ-ဆရာတော်ဝီရသူ
Share မြန်မာနိုင်ငံသာသနာရေးလောက၊ဘာသာ
သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ့ ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝန့် ပြတ်သားလှပါတယ်။ ဟုတ်သည်မဟုတ်သည်မှန်သည်မှားသည်
"ကျွန်ုပ်သည် ကျွန်ပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထား အမြင်ကျဉ်းလျင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံဝင်ရောက်နေသည့် ဂီလာနသာသနာကို အချိန်မီ မကုစားပါလျင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင် ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လို့ ဆိုရင် သမိုင်း၏တရားခံအစစ် သည် သင်ကိုယ်တိုင် ဖြစ်ပလိမ့်မည်။
ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ် မပြောင်းသေးလျင် တခေါက်ဂျောင်း ရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ဗိ ခြေဦးလှည့်ခွင့်ပေးတော် မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။"
မဟန အဖွဲ့ ကြီးအတွင်း၌ မဟာယနအချိုးချိုးနေသော ပါရာဇိကဂျိုးကြီးများပါဝင်နေတယ်
လို့ ----မစိုးရိမ်ဆရာတော်က ထုတ်ထိုးအိုးပေါက် ဝေဖန်ဖွင့်ချပြခဲ့ပါတယ်။
AIT တက္ကသိုလ် မဟာတန်း အတွက် နော်ဝေအစိုးရ ပညာတော်သင်ဆု
နော်ဝေနိုင်ငံမှ အေအိုင်တီ (Asian Institute of Technology Thailand, AIT) မပာာတန်းအတွက် တစ်နှစ်ကို မြန်မာကျောင်းသား ၄၀ ယောက်နှုန်းနှင့် ၃ နှစ်စာ ပညာသင်ဆုပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ အေအိုင်တီ တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ နာမည်ရှိပြီးသား သုတေသန တက္ကသိုလ်အဖြစ် ထင်ရှားပါတယ်။
အေအိုင်တီ ကျောင်းဝင်ခွင့် စံနှုန်းစံထားများဖြင့် ကိုက်ညီသော မြန်မာနိုင်ငံသားတိုင်း နော်ဝေ AIT စကော်လားရှစ် လျှောက်ထားနိုင်ပြီး ၂၀၁၂ သြဂုတ်လ စာသင်နှစ်ကနေ စတင်မှာ ဖြစ်ပါတယ်။
ဒီပညာရေးထောက်ပံ့ဆုများတွင် မဟာဘွဲ့သင်တန်း ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုတေသနစရိတ်၊ နေထိုင်စားသောက်စရိတ်၊ လိုအပ်သော အကြိုဝင်ခွင့် ကုန်ကျစရိတ် (၄ပတ်တာ ကာလကို မြန်မာပြည်တွင်)၊ လိုအပ်သောအကြိုဝင်ခွင့် ကုန်ကျစရိတ် (AIT ကျောင်း တွင် အကြာဆုံး ၈ ပတ်တာ ကာလမျှ) နှင့် မဟာတန်း ပညာသင်ကြားမှုစရိတ်အပြင် ရန်ကုန်၊ ဘန်ကောက်လေယာဉ်လက်မှတ်တို့ ပါဝင်ပါတယ်။
ဒီပညာသင်ဆု လျှောက်ထားရန်အတွက်စာမျက်နှာ ၃ မျက်နှာရှိရမည့် မြန်မာဘာသာနှင့် ရေးသားထားသော စာစီစာကုံးကို ကျောင်းဝင် ခွင့် လျှောက်ထားချက်နှင့်အတူ တင်ပြရမှာဖြစ်ပါတယ်။
စာစီစာကုံးတွင် အေအိုင်တီကို လျှောက်ထားရသည့် အကြောင်းအရင်း၊ ဤပညာသင်ကြားမှု၊ ပညာတော်သင်ဆုမှ တဆင့် မြန်မာနိုင်ငံ အတွက် ရေတို၊ ရေရှည်တွင် မည်ကဲ့သို့သော အကျိုးသက်ရောက်မှု ရှိနိုင်မည်ဆိုသည် တို့ကို ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။ အေအို်င်တီ ကနေ မြန်မာပြည်သို့ လာရောက် လူတွေ့ စစ်ဆေးပြီး နောက်ဆုံး ရွေးချယ်မှုကို သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဋ္ဌာနများမှတဆင့် အပြီးသတ် စကာတင် စိစစ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။
မြန်မာပြည်မှာလည်း လျှောက်ထားမှု လက်ခံဆောက်ရွက်ရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး အသေးစိတ် သတင်းအချက်အလက်များ ကိုလည်း ၁ ပတ်တာ ကာလအတွင်း ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ကြေငြာချက်တွင်ပါရှိပါသည်။
ပိုမိုသိရှိလိုပါလျှင် ထိုင်းနိုင်ငံ၊ အေအိုင်တီ တက္ကသိုလ် http://pwl.ait.asia/index.php/archives/show/567See တွင် သွားရောက် လေ့လာနိုင်ပါကြောင်း။
အေအိုင်တီ AIT တက္ကသိုလ် ၀ဘ်လိပ်စာကတော့ - http://www.ait.ac.th/ ဖြစ်ပါတယ်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment