မြန်မာသတင်းများ ဖေဖေါ်ဝါရီလ ၂၀ ရက်၊ ၂၀၁၂
အရှင်ဂမ္ဘီရကို ထိရောက်စွာ အရေးယူတော့မည်ဟု နိုင်ငံပိုင်သတင်စာရေး
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင်ဟု လူသိများသည့် အရှင်ဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖေါက်ခြင်း၊ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းများကို ထိပါးစော်ကားခြင်းတို့ကြောင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်ခံခဲ့ရသည့် သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း၊ ဗဟန်းမြို့နယ်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကို ခွင့်ပြုချက် မရဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ သော့များကို ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟုလည်း သတင်းစာက စွပ်စွဲရေးသားထားသည်။
ထို့အပြင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အရှင်ဂမ္ဘီရမှ နိုင်ငံတော် သံဃာ့ မဟာနာယကသို့
ပေးပို့လျှောက်ထားစာတွင် ကြည့်မြင်တိုင်မြို့နယ် သာဓု ဗုဒ္ဓတက္ကသိုလ်၏ နာယက ဆရာတော် ဦးပညာသီဟ ခေါ် ရွှေညဝါဆရာတော်ကို ကျောင်းတိုက်မှ နှင်ထုတ်ခြင်းကို "ကန့်ကွက်ကြောင်း"နှင့် လက်ရှိအကျဉ်းထောင်များအတွင်း အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော သံဃာ ၄၃ ပါးအား နိုင်ငံတော် သံဃာ့မဟာနာယကမှ လွှတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း မရှိသည်ကို အလေးအနက် "ရှုတ်ချကြောင်း"ပါရှိသည်ဟု သတင်းစာတွင် ရေးသာထားသည်။
အရှင်ဂမ္ဘီရ၏ အဆိုပါ လျှောက်ထားစာများတွင် ပါဝင်သည့် "ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများသည် နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ထိပါးစော်ကားမှုပြုပြီး ဆရာတော်ကြီးများအား ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်ခြင်းဟုလည်း သတင်းစာကရေးသားထားသည်။
"ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမို အတင့်ရဲစေနိုင်သည့် အလားအလာရှိနေကြောင်းလည်း သတင်းစာတွင်
ရေးသားထားသည်။
အသက် ၃၃ နှစ်ရှိ အရှင်ဂမ္ဘီရသည် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသူဟု စွပ်စွဲရေးသားထားပြီး မဟန အနေဖြင့် ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ
ဆောင်ရွက်တော့မည်ဟုလည်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။
အရှင်ဂမ္ဘီရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါးဖြစ်သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။ ထိုသို့ အဖမ်းခံရပြီးနောက် ဆရာတော် အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၃ နှစ် ကျခံနေရာမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်ခံခဲ့ရသည့် သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း၊ ဗဟန်းမြို့နယ်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကို ခွင့်ပြုချက် မရဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ သော့များကို ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟုလည်း သတင်းစာက စွပ်စွဲရေးသားထားသည်။
ထို့အပြင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အရှင်ဂမ္ဘီရမှ နိုင်ငံတော် သံဃာ့ မဟာနာယကသို့
ပေးပို့လျှောက်ထားစာတွင် ကြည့်မြင်တိုင်မြို့နယ် သာဓု ဗုဒ္ဓတက္ကသိုလ်၏ နာယက ဆရာတော် ဦးပညာသီဟ ခေါ် ရွှေညဝါဆရာတော်ကို ကျောင်းတိုက်မှ နှင်ထုတ်ခြင်းကို "ကန့်ကွက်ကြောင်း"နှင့် လက်ရှိအကျဉ်းထောင်များအတွင်း အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော သံဃာ ၄၃ ပါးအား နိုင်ငံတော် သံဃာ့မဟာနာယကမှ လွှတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း မရှိသည်ကို အလေးအနက် "ရှုတ်ချကြောင်း"ပါရှိသည်ဟု သတင်းစာတွင် ရေးသာထားသည်။
အရှင်ဂမ္ဘီရ၏ အဆိုပါ လျှောက်ထားစာများတွင် ပါဝင်သည့် "ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများသည် နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ထိပါးစော်ကားမှုပြုပြီး ဆရာတော်ကြီးများအား ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်ခြင်းဟုလည်း သတင်းစာကရေးသားထားသည်။
"ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမို အတင့်ရဲစေနိုင်သည့် အလားအလာရှိနေကြောင်းလည်း သတင်းစာတွင်
ရေးသားထားသည်။
အသက် ၃၃ နှစ်ရှိ အရှင်ဂမ္ဘီရသည် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသူဟု စွပ်စွဲရေးသားထားပြီး မဟန အနေဖြင့် ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ
ဆောင်ရွက်တော့မည်ဟုလည်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။
အရှင်ဂမ္ဘီရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါးဖြစ်သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။ ထိုသို့ အဖမ်းခံရပြီးနောက် ဆရာတော် အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၃ နှစ် ကျခံနေရာမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူတော့မှာ ဖြစ်တဲ့အကြောင်း မနေ့က သတင်းစာထဲမှာ တရားဝင် ထည့်သွင်း သတိပေးလိုက်ပါတယ်။ အရှင်ဂမ္ဘီရနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေနဲ့ ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အရှင်ဂမ္ဘီရဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ လာချင်းပဲ သင်္ကန်း ချက်ချင်း ပြန်ဝတ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့က မဂ္ဂင်ကျောင်းတိုက်မှာ သတင်းသုံးနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို သင်္ကန်း ပြန်ဝတ်တဲ့နေရာမှာ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ခြင်း မရှိတာနဲ့ ခွင့်ပြုချက်မရဘဲ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်မှာ ၀င်ရောက် သီတင်းသုံးတာတွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က ယူဆပြီး အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ့်အကြောင်း သတင်းစာထဲမှာ တရားဝင် ထုတ်ဖော် ရေးသားလာတာပါ။
ဒီကိစ္စနဲ့ပတ်လို့ အရှင်ဂမ္ဘီရကို ဗွီအိုအေက တိုက်ရိုက် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရနိုင်တဲ့အတွက် အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ပြန်လွတ်လာတဲ့အခါမှာ သံဃာတွေ သီတင်းသုံးစရာကျောင်း မရှိတဲ့အတွက် ကျောင်းတိုက်ကို ဖွင့်ပြီးတော့ နေလိုက်ကြတာပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ ပြဿနာ ရှိတာပေါ့။ ပြဿနာရှိတော့ တဘက်နဲ့ တဘက်က သည်းခံရမယ့် အတိုင်းအတာတွေ ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တဘက်နဲ့ တဘက်က သည်းခံပြီး သွားရမယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ လက်နက်မကိုင်တဲ့ ပဋိပက္ခတွေ။ ပဋိပက္ခပေါင်း မျိုးစုံဟာ အခုချိန်မှာ ထိန်းသိမ်းသင့်ပါပြီ။ အဲဒီတော့ တဘက်နဲ့တဘက် ရင့်သည်းမိတာတွေ ပြောဆိုမိတာတွေ အစရှိသဖြင့်ပေါ့လေ ရှိကြပါလိမ့်မယ်။ သူတို့ကလည်း လွန်ချင်လွန်မယ်။ ဒီဘက်ကလည်း လွန်ချင်လွန်မယ်ပေါ့။ အဲဒါတွေကို အာဃာတမယူဘဲနဲ့ အပြစ်မယူဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သည်းခံပြီးတော့မှ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းကောင်း ရလာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ဗျ။”
အာဏာပိုင်တွေက အရှင်ဂမ္ဘီရကို အခုလ ၁၀ ရက်နေ့တုန်းက ထိန်းသိမ်းသွားခဲ့ပြီး နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့နဲ့ တွေ့ဆုံပေးတဲ့ အချိန်မှာလည်း ဆရာတော်ကြီးတွေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း အရှင်ဂမ္ဘီရက ၀န်ခံလက်မှတ် ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ဦးအောင်ကျော်ကျော်က ဆက်ပြောပြပါတယ်။
“၁၀ ရက်နေ့ည ၂ နာရီလောက်က ခေါ်သွားတုန်းက နောက်တစ်နေ့ ညနေမှာ မဟန ဆရာတော်ကြီးတွေနဲ့ တွေ့ပေးတယ်လို့ ပြောပါတယ်။ တွေ့ပေးတဲ့အခါမှာ မဟန ဆရာတော်ဘုရားကြီးတွေက ရဟန်းက ၀ိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကို လက်မှတ်ထိုးခိုင်းပါတယ်တဲ့။ အဲဒါကို ဆရာတော် ဦးဂမ္ဘီရက လက်မှတ်ထိုးခဲ့ပါတယ်။ အခြား ဥပဒေအညီ ဘာညာ ဆိုတဲ့ကိစ္စတွေ မပါပါဘူးတဲ့။ လူ ဥပဒေကိစ္စတွေ မပါပါဘူးတဲ့။ ရဟန်းဟာ ၀ိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကိုပဲ လက်မှတ်ထိုးခဲ့တာလို့ ပြောပါတယ်။ နောက်တစ်ချက် လက်မှတ်ထိုးခိုင်းတာက ရဟန်းဝတ်ခွင့် ပြန်လည် လျှောက်ထားဖို့ဆိုတဲ့ အချက်ကိုတော့ လက်မှတ် မထိုးခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီလို မထိုးခဲ့ရတာကလည်း သူတို့ဟာ ထောင်ထဲကိုဝင်မသွားခင် တုန်းကလည်း ရဟန်းတွေဖြစ်တယ်၊ ၀င်သွားတော့လည်း ရဟန်းတွေပဲ။ ထောင်ထဲက ပြန်ထွက်လာတော့လည်း ရဟန်းတွေပဲလေ။ နောက် သူ မှတ်မှတ်ရရ ပြောတာကတော့ ရဟန်းဆိုတာဟာ စိတ်ထဲမှာ ရဟန်းဝတ်ချင်တဲ့ ရဟန်းဖြစ်နေတဲ့ အာသရ မပျက်သေးဘူးဆိုရင် ရဟန်းပါပဲလို့ သူ ပြောဖူးပါတယ်။ ဆရာတော်ကြီးတွေကလည်း အဲဒါကို လက်ခံပါတယ်။ ဒီ မဟန ဆရာတော်ဘုရားကြီးတွေ ကလည်း သူ့ရဲ့ လျှောက်ထားချက်ကို လက်ခံပါတယ်။ အဲဒီမှာ အခု သတင်းစာကနေမှ ဒီ ရဟန်းဝတ်ခွင့်ကို လက်မှတ်မထိုးလို့ ဆိုပြီး ဒါကို ပြဿနာတစ်ခု အနေနဲ့ ကျနော်တို့ ဖတ်ရတာပါ။”
နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒကို ခံယူခဲ့ပေမဲ့ သံဃာ့နာယက အဖွဲ့က သူ့ထံ အကြောင်းကြားတဲ့ စာထဲမှာ “ခွင့်ပြုချက်မရှိဘဲ ပြစ်မှု ကျူးလွန်နေသော” ဆိုတဲ့အချက်ကို အရှင်ဂမ္ဘီရက ကန့်ကွက်ကြောင်း ပြန်လည် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတဲ့ အကျဉ်းသား ၄၁၅ ဦးထဲမှာ ပါလာတဲ့ သံဃာ ၄၃ ပါး ပြန်လည် လွတ်မြောက်ရေး အတွက် သံဃာ့နာယက အဖွဲ့က တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိခဲ့တာ၊ ရွှေည၀ါဆရာတော် ဦးပညာသီဟ သီတင်းသုံးနေတဲ့ သာဓု ဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်ခွာသွားဖို့ သံဃာ့နာယကအဖွဲ့က အမိန့်ထုတ်ခဲ့တဲ့ အပေါ် ကန့်ကွက်တာ အပါအ၀င် ကန့်ကွက်ချက် ၁၀ ချက်ကို သံဃာထုတစ်ရပ်လုံး ကိုယ်စား အရှင်ဂမ္ဘီရက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အရှင် ဂမ္ဘီရဘက်က အခုလို ကန့်ကွက်စာ တင်သွင်းခဲ့တာနဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်ကို လိုက်နာခြင်း မရှိတာတွေက သံဃာထုတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်တာ ဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း သတင်းစာထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။
''တချို့ဂျာနယ်တွေမှာတော့ ပြေလည်သွားပြီလို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ အလုပ်သမားတွေဘက်က စက်ရုံကပေးတဲ့အချက်ကို သဘောတူပါတယ်လို့ လက်မှတ်မထိုးရသေးပါဘူး''ဟု စက်ရုံ အလုပ်သမား များ၏ကိုယ်စား လုပ်သက်ရှစ်နှစ်ရှိ မမိုးဝေက ပြောပြခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ အလုပ်သမားများ၊ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး လစာ တစ်နာရီ ၇၅ကျပ်မှ ၁၀၀ကျပ်သို့ လည်းကောင်း၊ အချိန်ပိုကြေး တစ်နာရီ ၁၀၄ ကျပ်မှ ၂၁၈ ကျပ်သို့ လည်းကောင်း တိုးမြှင့် ပေးခဲ့ကြောင်းနှင့် ယင်းနှုန်းထားအား သဘောတူညီသူများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ကြောင်း၊ သဘောမတူသူများ အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း တရုတ်ထိုင်ဝမ် တိုင်ရီစက်ရုံမှ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း
'' ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ။ အခုသူတို့ တိုးပေးတာက အခြားကြေးတွေမှာ ဖြစ်ပါတယ်။ အိုတီကြေးကလည်း အိုတီရှိမှ ရပါတယ်။ ကျန်တဲ့ တာဝန်ကျေကြေး၊ ရက်မှန်ကြေးနဲ့ ဆုကြေးတွေက ပုံမှန်တွက်ချက်ထားလို့ မရပါဘူး။ ဒီပုံမှန်တွက်လို့မရတဲ့ ကြေးတွေအားလုံးပေါင်းပြီးမှ လစာက တစ်သောင်းတိုးပေးတယ်လို့ ပြောနိုင်တာပါ။ ဒီကြေးတွေဆိုတာကလည်း သူဌေးနဲ့ မန်နေဂျာပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ လိုချင်တာက အခြေခံလစာ တိုးမြှင့်ပေးဖို့ပါ''ဟု မမိုးဝေက ပြောကြားခဲ့သည်။ စက်ရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ''ဒီဘက်က တိုးပေးနိုင်တာ အကုန်ပါပဲ။ သူဌေးက ဒီထက်ပိုပြီးမတိုးပေးနိုင်ဘူးလို့ ပြောပါ တယ်''ဟု စက်ရုံမန်နေဂျာဆိုသူက ဖြေကြားခဲ့ပါသည်။ တရုတ်ထိုင်ဝမ် တိုင်ရီဖိနပ်စက်ရုံသည် လုပ်သားအင်အား ၂၀၀၀ ၀န်းကျင်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံဖြစ်ပြီး လုပ်ခလစာအဆင်မပြေမှုနှင့် အခြားသော ဖိအားများကြောင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် မတ်လတွင် တစ်ကြိမ် အလုပ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
တိုင်ရီစက်ရုံမှပေးအပ်သည့် အခြေခံလစာသည် အခြားသောစက်ရုံများမှ ပေးအပ်သည့် လစာများထက် နည်းပါးနေပြီး လုပ်သားတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပိုင်းတွင်လည်း အလုပ်မြန်မြန်ပြီးစေရန်၊ အရေအတွက် ပိုမိုပြီးစေရန် ဖိအားပေးစေခိုင်းမှုများ အခြား စက်ရုံများနှင့် နှိုင်းယှဉ်ပါက များပြားနေကြောင်း လက်ရှိအချိန်တွင် အလုပ်သမားအများစု လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ၎င်းတို့ဘက်မှ တောင်းဆိုသည့်အချက်များ ညှိနှိုင်းမှုမရရှိပါက မြို့နယ်ဝါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြပြီး ရရှိလာသည့် ညွှန်ကြားချက်အရ ဗဟိုဝါဏိဇ္ဇပဋိပက္ခကော်မတီခုံရုံးသို့ တင်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားများဘက်မှ ဆောင်ရွက်ပေးမည့် ရှေ့နေကိုဖိုးဖြူ၏ ပြောကြားချက်အရ သိရသည်။
မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)
မဲဆောက်သားလေး
မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီးလုပ်ဆောင်တယ်ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ဆိုရင် ထောင် ၆ လ ကျခံရပါတယ်) ယခု ဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုဖို့လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း
ဖျက်သိမ်းမည်ဆိုသည့် FEC က ဒေါ်လာထက် တန်ဖိုးတက်
မြန်မာအစိုးရက FEC (Foreign Exchange Certificate) ငွေကြေး ဖျက်သိမ်းမည်ဟု တရားဝင် ထုတ်ဖော်ပြောဆို ထားသော်လည်း လက်ရှိတွင် FEC သည် အသုံးပြုမှုကျယ်ပြန့်နေပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာထက် ပိုမိုတန်ဖိုးမြင့်ကာ ၀ယ်ယူစုဆောင်းသူ များပြားကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတခုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက FEC ဖျက်သိမ်းရန် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ အစိုးရကိုယ်တိုင်က FEC ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လက်ခံသုံးစွဲလျက် ရှိနေခြင်းကြောင့် FEC တန်ဖိုး မြင့်မားလာခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးအသိုင်းအ၀န်းမှ သိရှိရသည်။
မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်
မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောကြောင်းပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေနဲ့ မြန်မာစီးပွားရေး ပညာရှင်တွေ ဆွေးနွေးပွဲမှာ သုံးသပ်ရာမှာ မြန်မာနိုင်ငံ ပိုမို ပွင့်လင်းလာတာနဲ့ အတူ မြန်မာ့စီးပွားရေးဟာ ရှေ့ဆက်ပြီး ပိုလမ်းစ ဖွင့်ပေးသလို ဖြစ်လာလိမ့်မယ်လို့ သဘောတူကြကြောင်း
မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ ရှိနေတာရယ်၊ ပွင့်လင်းလာပြီ ဆိုတာနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာဖို့ ရှိတာကြောင့် အားသာချက်တွေ အများကြီး ရှိပါတယ်လို့ နေပြည်တော် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz က ပြောကြောင်း
မြန်မာနိုင်ငံမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း စီးပွားရေး လုပ်ငန်းတွေအပြင် ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်း အောင်မြင်လာဖို့ အလားအလာ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံကြီးတွေက သူတို့ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ စတင် ပြောဆိုနေကြပြီ ဖြစ်တာကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ့် အလားအလာ ရှိနေတယ်လို့လည်း သုံးသပ်ကြကြောင်း သိရှိရသည်။
ရွှေညဝါဆရာတော် သာဓုကျောင်းတိုက်က ထွက်ခွာ
ရွှေညဝါဆရာတော် ဦးပညာသီဟ ဟာ သီတင်းသုံးနေထိုင်ရာ ဗုဒ္ဓတက္ကသိုလ် သာဓုကျောင်းတိုက်ကနေ ဒီကနေ့ မွန်းလွဲပိုင်းက စတင် ထွက်ခွာပြီး မှော်ဘီမြို့ သဲအင်းဂူအနီး ကျောင်းမြေမှာ ခေတ္တ သီတင်းသုံးနေပြီ ဖြစ်ကြောင်းပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ သံဃာ့ မဟာနာယက အဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ ဆရာတော်ကို သာဓုကျောင်းတိုက်ကနေ တလအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့ကြောင်းဆရာတော်အနေနဲ့ မှော်ဘီ သဲအင်းဂူအနီး မြေပြင်မှာ ယာယီတဲကျောင်း ဆောက်လုပ်ပြီးသီတင်းသုံးမှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ကြောင်း
ရွှေညဝါဆရာတော်ဟာ မထွက်ခွာခင်မှာ ဒါယိကာ၊ ဒါယိကာမ အပေါင်းရဲ့ နှုတ်ဆက်ပူဇော်ပွဲ အခမ်းအနားကို သာဓုကျောင်းတိုက်မှာ မနက်ပိုင်းက ကျင်းပပါကြောင်းအဲဒီ အခမ်းအနားကို ရဟန်းသံဃာ တော်တွေ၊ သီလရှင်တွေနဲ့ ဧည့်ပရိသတ် ထောင်နဲ့ချီပြီး တက်ရောက်ခဲ့သလို ဆရာတော် ကျောင်းက ထွက်ခွာတဲ့အချိန် လမ်းတလျှောက်မှာလည်း လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြတယ်လို့ ကိုယ်တိုင် ပို့ဆောင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျက ပြောကြောင်း ရွှေညဝါဆရာတော် ခေတ္တ သီတင်းသုံးနေထိုင်မယ့် မှော်ဘီကျောင်းဝင်း အနီးမှာအရပ်ဝတ် ထောက်လှမ်းရေးတွေကမနက်ကတည်းက စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောကြောင်း သိရှိရသည်။
ရွှေညဝါဆရာတော်ဟာ မထွက်ခွာခင်မှာ ဒါယိကာ၊ ဒါယိကာမ အပေါင်းရဲ့ နှုတ်ဆက်ပူဇော်ပွဲ အခမ်းအနားကို သာဓုကျောင်းတိုက်မှာ မနက်ပိုင်းက ကျင်းပပါကြောင်းအဲဒီ အခမ်းအနားကို ရဟန်းသံဃာ တော်တွေ၊ သီလရှင်တွေနဲ့ ဧည့်ပရိသတ် ထောင်နဲ့ချီပြီး တက်ရောက်ခဲ့သလို ဆရာတော် ကျောင်းက ထွက်ခွာတဲ့အချိန် လမ်းတလျှောက်မှာလည်း လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြတယ်လို့ ကိုယ်တိုင် ပို့ဆောင်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျက ပြောကြောင်း ရွှေညဝါဆရာတော် ခေတ္တ သီတင်းသုံးနေထိုင်မယ့် မှော်ဘီကျောင်းဝင်း အနီးမှာအရပ်ဝတ် ထောက်လှမ်းရေးတွေကမနက်ကတည်းက စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောကြောင်း သိရှိရသည်။
နယ်ခြားစောင့်တပ်နဲ့ DKBA တိုက်ခိုက်မှုဖြစ်
ကရင်ပြည်နယ်မှာ မြန်မာအစိုးရက ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့်တပ်နဲ့ မကြာသေးခင်ကမှ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဖော ဗျုဟာတို့ မြိုင်ကြီးငူဒေသမှာ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြန်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓသာသာတပ် ဒီကေဘ်ီအေ ကလိုထူးဖော ဗျုဟာ ဟာ မြိုင်ကြီးငူ ဒေသမှာ အခြေစိုက် လှုပ်ရှားခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ သူတို့နေရာကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ်တွေက လက်နက်တွေ လာသိမ်းတဲ့အတွက် ပစ်ခတ်မူတွေ ဖြစ်ခဲ့ပြီး သူတို့လက်နက်တွေ ပါသွားခဲ့တယ်လို့ ဆိုကြောင်း
ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက၊
“လက်ရှိ မြိုင်ကြီးငူဒေသမှာ နယ်ခြားစောင့်တပ်က (၁၀၁၁) ကပေါ့နော် ကျနော်တို့ သေနတ်တွေကို ငါးနေရာ ၀င်သိမ်းတာ။ ကျနော်တို့ဘက်ကလည်း ခုခံပစ်တယ်။ သူတို့စီးလာတဲ့ကားကို ပစ်လိုက်တယ်။ သူတို့ အလောင်းတစ်လောင်း ကျန်တယ်ပေါ့။ သူတို့က ကျနော်တို့လက်နက် ၀င်သိမ်းတဲ့အချိန်မှာ ကားနဲ့လာတာ သူတို့ ကျနော်တို့ကို ပစ်တဲ့အခါကျတော့ ကျနော်တို့ တပ်ကလည်း သူတို့ကို ခုခံပစ်တယ်။”
နယ်ခြားစောင့်တပ်တွေကို မြန်မာအစိုးရဘက်က ဗိုလ်ချုပ်တစ်ဦး ဦးဆောင်ပြီး ဖွဲ့စည်း ပေးခဲ့ ကြောင်းအခုလို လက်နက်သိမ်းတဲ့ကိစ္စဟာ မြန်မာအစိုးရဘက်က မရိုးသားမှုအဖြစ် ဒီကေဘီအေ ဘက်က ပြောကြောင်း
“ကျနော်တို့ နားလည်သွားတာက ဒီ နိုင်ငံတော်က ညွှန်ကြားလို့ သူတို့လုပ်တယ်။ ကျနော်တို့ သိရတာကတော့ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဗိုလ်ချုပ် မြင့်အောင်လှိုင် ဒီဘက်ဒေသကို ရောက်လာတယ်။ ဒီဥစ္စာက ကျနော် ထင်တယ်၊ မြင့်အောင်လှိုင်က အမိန့်ပေးတယ် လို့ပဲ ကျနော် သုံးသပ်တယ်။ ဘာကြောင့်လဲဆိုတော့ တပြိုင်တည်း သေနတ် ငါးနေရာကို သူတို့က သိမ်းပြီးပြီကို။ ကျနော့်အမြင်ကတော့ မရိုးသားသလို ဖြစ်တာပေါ့။ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူ အမိန့်ပေး ညွှန်ကြားစရာ မလိုဘူး။ ဦးသိန်းစိန်ရဲ့ သဘောထား တစ်မျိုး၊ မြင့်အောင်လှိုင်ရဲ့ သဘောထား တစ်မျိုး ဖြစ်နေလို့ ဖြစ်တာပဲ။ သူတို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်လို့ ကျနော်တို့ လာတာပဲ။”
ဒီကေဘီအေ ဘက်က လက်နက်သိမ်းခံထားရတဲ့ နေရာတွေကတော့ မြိုင်ကြီးငူ၊ သကြားစက်၊ ပန်းကုန်းတောင်ခြေ ၀ကလယ်ကုန်း၊ တောင်စွန်း၊ ရေပန်းတံတား ဆိုတဲ့နေရာတွေမှာ ဖြစ်ပြီး သူတို့လက်နက်တွေ ပြန်မရဘူးဆိုရင် ပိုပြီး ပြဿနာ ကြီးထွား လာနိုင်တယ်လို့လည်း ဒီကေဘီအေဘက်က ပြောကြောင်း
မြန်မာအစိုးရနဲ့ ဒီကေဘီအေ တို့ဟာ ၁၆ နှစ်ကြာ အပစ်ရပ်ပြီး ၂၀၁၀ ခုနှစ်မှာ တစ်နှစ်ကြာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၆ ရက်နေ့မှာ အပစ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်ကိုင်ဆောင် သွားလာတဲ့အခါ တဘက်နဲ့တဘက် အသိပေးသွားလာရေး၊ နယ်မြေသမှတ်ရေး စတာတွေကို သဘောတူ ထားခဲ့ပါတယ်။ အခုလို လက်နက်တွေကို သိမ်းယူတဲ့ ကိစ္စတွေကိုတော့ သဘောတူထားတာ မရှိကြောင်းအခုဆိုရင် အပစ်ရပ်ပြီး ၃ လကျော် ကြာတဲ့အချိန်မှာ ပထမဦးဆုံး တင်းမာမှုလည်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့( SGED) မှ ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး Day Care Centre ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ထို့နောက် Day Care Centre ၏ ကြေးကမ္ဗည်းစာတမ်းနှင့် အခန်းသော့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ထံသို့ ပေးအပ်ခဲ့ကြောင်းလက်ရှိ Day Care Centre တွင် အသက် ၇၀ နှစ်နှင့်အထက် ဆရာဝန်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် အခြား ပြင်ပမှ သက်ကြီးများကိုပါ လက်ခံ သွားရန် စီစဉ်ထားကြောင်း
Day Care Centre တွင် အခမဲ့ ဆေးစစ်ဆေးမှု (Physical Examination, B.P Check)လုပ်ပေးခြင်း၊ ပုံမှန်ဈေးဖြင့် ECG Blood Sugar စစ်ဆေးခြင်းနှင့် Physiotherapy ပြုလုပ်ပေးခြင်း စသည့် ကျန်းမာရေး ၀န်ဆောင်မှုများအပြင် တီဗီ၊ ဗီဒီယိုများ ထားရှိပေးခြင်းတို့ကို စီစဉ်ပေးထားမည်ဖြစ်ကြောင်း အမှတ်(၁၄) မြေညီထပ် တောင်မြင်းပြိုင်ကွင်း လမ်း တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားပြီး စင်တာတွင် လိုအပ်သည့် ပစ္စည်းများကို ဆက်သွယ်လှူဒါန်းနိုင် ကြောင်း မြန်မာနိုင်ငံတွင် အသက်၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုအ ရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း သာရှိရာမှ ၂၀၁၀ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း(ငါးသန်းကျော်) ထိ တိုးတက်လာကြောင်း သိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment