ကမ္ဘာ့သတင်းများ 20/02/2012
နိုင်ငံတကာသတင်း
ဗြိတိန်၊ ပြင်သစ် ရေနံတင်ပို့မှု အီရန် ရပ်ဆိုင်း
ဥရောပသမဂ္ဂက အီရန်ရဲ့ ပြည်ပကို ရေနံတင်ပို့မှုအပေါ် ပိတ်ပင်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံက ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကို ရေနံရောင်းချမှုကို ရပ်တန့်လိုက်ပြီလို့ ကြေညာလိုက်ကြောင်းအီရန်နိုင်ငံကနေ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေဆီ ရေနံတင်ပို့နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အီရန်ရေနံ ၀န်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပြီး ဖောက်သည် အသစ်တွေဆီကို ရောင်းချတော့မယ်လို့ ပြောဆို လိုက်ကြောင်း
ဒီလိုလုပ်လိုက်တာဟာ EU ဥရောပသမဂ္ဂက ဇူလိုင်လ ၁ ရက်နေ့ကစပြီး အီရန်နိုင်ငံကနေ ရေနံတင်သွင်းနေမှုကိုပိတ်ပင်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုလက်တုံ့ပြန်လိုက်တာဖြစ်ကြောင်းအီရန်နိုင်ငံက နျူကလီးယား အစီအစဉ်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ် ဆိုပြီး ဆန့်ကျင်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကနေ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာဖြစ်ကြောင်း
ဒီလို ရေနံမတင်ပို့ဖို့ အီရန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေ အတွက် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပေမဲ့ တခြား ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အီတလီ၊ စပိန်၊ ဂရိစတဲ့ နိုင်ငံတွေကို သတိပေးလိုက်သလို ဖြစ်စေမှာ ဖြစ်ကြောင်းအီရန်နိုင်ငံက ထုတ်တဲ့ရေနံရဲ့ ၁၈% ကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက အသုံးပြုနေပြီး အများစုကတော့ အိန္ဒိယ၊ တရုတ်နဲ့ အာရှနိုင်ငံတွေဆီ တင်ပို့နေတာ ဖြစ်ကြောင်း
အီရန်ရဲ့ နျူကလီးယား အရေးကိစ္စ တင်းမာမှု ဖြစ်နေပြီး အစ္စရေးနိုင်ငံက အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှု ရှိနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ တွမ် ဒေါ်နီလွန် ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိနေပြီး ဂျေရုဆလင်မှာ အစ္စရေးခေါင်းဆောင်တွေနဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူငယ် မီးရှို့ဆန္ဒပြ
အခုသီတင်းပတ်ထဲမှာ ကျရောက်တဲ့ တိဘက် နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ တိဘက်လူမျိုးတွေ နေထိုင်ရာ ဒေသက တရုတ်အစိုးရ ဆန့်ကျင်တဲ့ တိဘက် တက်ကြွလှုပ်ရှားသူတွေကို တရုတ် အာဏာပိုင်တွေက ဆက်ပြီး နှိပ်ကွပ် နှိမ်နင်းနေတဲ့အတွက် နောက်ထပ် တိဘက်လူမျိုးတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ သတ်သေသွားကြောင်း
အိန္ဒိယနိုင်ငံကို ထွက်ပြေး နေထိုင်နေကြတဲ့ တိဘက်လူမျိုးတွေက ဗွီအိုအေနဲ့ တွေ့ဆုံရာမှာ တနင်္ဂနွေနေ့က Ngaba ဒေသက Zamthang ဘုန်းတော်ကြီးကျောင်းမှာ တိဘက်ဘုန်းကြီးတစ်ပါး မီးရှို့ သတ်သေသွားခဲ့တယ် ဆိုတဲ့ သတင်းကို ပြောဆိုခဲ့ကြောင်း ဆန္ဒပြ သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံရဲ့ တိဘက်အပေါ် ဆန့်ကျင်တဲ့ မူဝါဒကို ဆန့်ကျင်ဆန္ဒပြသူ ဖြစ်ပါကြောင်း တနင်္ဂနွေနေ့မှာပဲ သေဆုံးသူရဲ့ အလောင်းကို တရုတ်အာဏာပိုင်တွေ လာမသိမ်းခင်မှာ လူပေါင်း ၁,၀၀၀ လောက် ဘုန်းကြီးကျောင်းမှာ စုဝေးပြီး အသုဘ အခမ်းအနား အစီအစဉ်ကို အမြန်ဆုံး လုပ်ခဲ့ကြရကြောင်း စနေနေ့က Qinghai ပြည်နယ်မှာ တိဘက် ဘုန်းကြီးတစ်ပါး တရုတ် ရဲတပ်ဖွဲ့ဝင်တွေကို ဆန့်ကျင်ဆန္ဒပြပြီး သူ့ကိုယ်သူ မီးရှို့ အဆုံးစီရင်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာ သူတို့အဆို တိဘက်တွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို ဖိနှိပ်ဖို့ တရုတ်နိုင်ငံရဲ့ အားထုတ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင် ဆန္ဒပြခဲ့တဲ့ တိဘက်လူမျိုး စုစုပေါင်း ၂၀ လောက် ရှိပြီ ဖြစ်ကြောင်း
အဲဒီလို မီးရှို့အဆုံးစီရင် ဆန္ဒပြမှုတွေ ရပ်တန်းကရပ်ကြဖို့ အကြီးတန်း တိဘက်အရာရှိတွေက တောင်းပန်ကြပါတယ်။ ခုလို မီးရှို့ အဆုံးစီရင်မှုဟာ အကြမ်းဖက်မှု ဖြစ်တယ်လို့ တရုတ် အာဏာပိုင်တွေက သတ်မှတ်ကြကြောင်း ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား (Dalai Lama) နဲ့ တခြား နိုင်ငံခြားက အဖွဲ့တွေက ခုလို တရုတ်အာဏာပိုင်တွေ အပေါ် အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်အောင် အားပေးအားမြှောက် လုပ်တယ်လို့လည်း တရုတ်ဘက်က စွပ်စွဲကြောင်း တရုတ် ရဲတပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က Sichuan ပြည်နယ်မှာနေတဲ့ တိဘက်စာရေးဆရာ Gangkye Drubpa Kyab ကို နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့လည်း ပြည်ပရောက် တိဘက်လူမျိုးတွေက ပြောဆိုကြကြောင်း သိရှိရသည်။
အီရတ် အသေခံဗုံးခွဲမှု ၁၈ ဦး သေဆုံး
အီရတ်နိုင်ငံ ဘက်ဂဒက်မြို့က ရဲသင်တန်းကျောင်းကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၈ ယောက် သေဆုံးပြီး၊ ၂၆ ယောက်ကျော် ဒဏ်ရာ ရသွားတယ်လို့ အီရတ် ရဲတပ်ဖွဲ့က ပြောလိုက်ကြောင်းဘက်ဂဒက်မြို့အရှေ့မြောက်ပိုင်းက ရဲသင်တန်းကျောင်းမှာ တနင်္ဂနွေနေ့ တုန်းက ရဲတပ်ဖွဲ့ဝင်တွေ ဂိတ်ပေါက်က ထွက်လာကြတဲ့ အချိန်မှာ ဗုံးခွဲသမားဟာ သူ့ရဲ့ကားကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရတ်ရဲဘက်က လာတဲ့ သတင်းတွေက ပြောကြောင်း သိရှိရသည်။
ဆီးရီးယားဆိုင်ရာ အီဂျစ်သံအမတ် ပြန်ရုပ်သိမ်း
အီဂျစ်နိုင်ငံက ဆီးရီးယားနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ သံအမတ်ကို အီဂျစ်နိုင်ငံကို ပြန်လည် ခေါ်ယူလိုက်ပါတယ်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းနေတာကို အဆုံးသတ်အောင် တွန်းအားပေးတဲ့အနေနဲ့ အခုလို သံတမန်ရေးအရ ထပ်ပြီး ဖိအားပေးလိုက်တာ ဖြစ်ကြောင်း
တချိန်တည်းမှာပဲ ဆီးရီးယားတပ်တွေဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တယ်လို့ဆီရီးယားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သောကြာနေ့မှာ သေဆုံးခဲ့တဲ့တဲ့ ဆန္ဒပြတဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ကျင်းပနေတုန်းမှာ အစိုးရတပ်တွေက အခုလို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောကြောင်း အဲဒီ အသုဘ အခမ်းအနားကို ဆီရီးယားပြည်သူ ထောင်ပေါင်းများစွာ ပါဝင်တက်ရောက် ခဲ့ကြပြီးတော့ အစိုးရဘက်က ပစ်ခတ်ခဲ့တာကြောင့် အသုဘ လိုက်ပါပို့ဆောင်သူ တစ်ဦး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြောင်း
တချိန်တည်းမှာပဲ ဆီရီးယားနိုင်ငံသားတွေဟာ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေကို တိုးပြီးတော့ လုပ်လာနေပြီး ဒမတ်စကက်မြို့နဲ့ အလယ်ပိုမြို့တွေမှာ ဆန္ဒပြတဲ့သူတွေ အတော်များများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment