မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ ဖေဖေါ်ဝါရီလ ၂၀ ရက်၊ ၂၀၁၂
"(၈၈) မျိုးဆက် ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲကို ဟင်္သာတမြို့ ဦးအောင်မြတ်ကျော်ခန်းမတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တနင်္လာနေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး အဲ့ဒီပွဲသို့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် (၈၈) ကျောင်းသားများ တက်ရောက်မှာ ဖြစ်ပါတယ်။ ဟင်္သာတ ခရိုင်အနီးရှိ ရွာများအားလုံးသို့လည်း ဖိတ်ကြားထားကြောင်းကို ပွဲဖြစ်မြောက်ရေးစီစဉ်သူတစ်ဦြး
မင်္ဂလာဒုံမြို့နယ် အတွင်း လယ်မြေများပေါ်တွင် ဇေကမ္ဘာစက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုများ ဆက်လက် ဆောင်ရွက်ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ် အရေးယူမည်ဟုသိရ
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်မြေ ၈၁၅ ဧက အား ဇေကမ္ဘာကုမ္ပဏီမှ တစ်ဧက လျှင် ကရုဏာကြေး ကျပ်သုံးသိန်းစီ ပေး၍လယ်သမားများထံမှ လက်မှတ်ထိုးကာ သိမ်းယူခဲ့ကြောင်းနှင့် ယင်း နှစ်မိုးစပါးရိတ်သိမ်းပြီးချိန်မှ စတင်ကာ အဆိုပါ လယ်စိုက်ဧက ၈၁၅ ဧက ၏ လယ်ကန်သင်းရိုးများ ဖြတ်သိမ်းခြင်း၊ ရေစီးမြောင်းများပိတ်ခြင်း၊ ကုန်ထုတ်လမ်းများ ဖြတ်စီးခြင်းကို စတင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ယင်းလယ်မြေများပေါ်၌ သီးစားချထားမှုကို ဇေကမ္ဘာကုမ္ပဏီမှ ရရှိခဲ့ပြီး လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းများ အစား စက်မှုဇုန်အဖြစ် အသွင်ပြောင်းမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီလယ်မြေတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်မှာ ဇေကမ္ဘာကုမ္ပဏီကို အပိုင်း(၄)ပိုင်းခွဲပြီး လုပ်ပိုင်ခွင့်ချထားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဆင့်ပြီးမှ တစ်ဆင့်သွားရမယ်ဆိုတဲ့ ကန့်သတ် ချက်ပါပါတယ်။ ဒါကို ဇေကမ္ဘာ ကုမ္ပဏီက အဆင့်ကျော်ပြီး အရှေ့ပိုင်းအဆင့်တွေ မအောင်မြင်သေးဘဲနဲ့ အဆင့်(၄)လယ်မြေတွေ သိမ်းယူခြင်းကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရတယ်”ဟု ကြေးတိုင်နှင့်မြေစာရင်း ရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရုံးမှ အထက်ပါ ညွှန်ကြားချက်စာသားအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း လယ်သမားများထံသို့ ၂၀၁၂ ခုနှစ်၊ ဖေ ဖော်ဝါရီလဆန်းပိုင်းမှသာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညွှန်ကြားချက်၌ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာအုပ်စုဇေကမ္ဘာ ကုမ္ပဏီ၏ လက်ရှိစက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအဖြစ် သီးစားချထားပေးခြင်းသာ ဖြစ်၍ စပါးကိုသာစိုက်ပျိုးခွင့်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းမပြုပါက သီးစားချထားခြင်းကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
အုတ်တစ်ချပ်နိုင်သူများ သဲတစ်ပွင့် မသယ်စေလို။
By..... malaykanthar
ဗိုလ်ချုပ်မွေးနေ့ကား ပြီးသွားလေပြီ။ ယနေ့ထက်တိုင် ဗိုလ်ချုပ်ကို မမေ့နိုင်ကြသူတွေက ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲများ၊ ဗိုလ်ချုပ်ရေးခဲ့သောစာများ၊ ပြောခဲ့သောစကားများ၊ ဟောခဲ့သောမိန့်ခွန်းများကို စုစည်းဝေမျှခဲ့ကြတာလည်း ပီတိဖြစ်စရာကောင်းလှပါတယ်။ ခေတ်ရေစီးကြောင်းထဲမှာ မျောပါရင်း အိပ်မောကျနေတဲ့ ကျွန်မတို့ရဲ့မျိုးချစ်စိတ်ဓါတ်
အဲဒီလို ၀မ်းသာစရာတွေထဲကမှ စိတ်မကောင်းစရာဖြစ်ရပ်လေးကို ရင်ဖွင့်ပါရစေ။ ရက်အတန်ကြာဖြေဖျောက်နေခဲ့ပေမယ့် ရင်ထဲမှာ လိပ်ခဲတည်းလည်းနဲ့ ဘယ်လိုမှ ဘ၀င်မကျနိုင်ခဲ့ပါဘူး။
တစ်နေ့မှာ ကျွန်မဆီကို အိမ်နားက တတိယတန်းကျောင်းသူလေးတစ်ယောက်ေ
“အန်တီလေး သမီးကို ဒီသီချင်းလေးသင်ပေးပါ”
တတိယတန်း မြန်မာဖတ်စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာရှိတဲ့ “ဗိုလ်ချုပ်အောင်ဆန်း” သီချင်းကို ဖွင့်ပြရင်းပြောလာပါတယ်။
“အင်း ရတာပေါ့ သမီးရဲ့၊ ဒါနဲ့ သမီးက ဗိုလ်ချုပ်ကို သိသလား” အစပြုတဲ့မေးခွန်းနဲ့ ကျွန်မက ဗိုလ်ချုပ်အကြောင်းကိုစပြောပါေ
ဗိုလ်ချုပ်ရဲ့ မိဘအကြောင်းကစလို့ လွတ်လပ်ရေးရဖို့ ကြိုးစားခဲ့ပုံတွေ၊ ဗိုလ်ချုပ်ရဲ့သဘောထားကြီးပုံတွေ
“အန်တီလေး သမီးကို ဒီသီချင်းကိုပဲ မြန်မြန်သင်ပေးပါ။ မနက်ဖြန်ကျရင် သမီးတို့လေးစုခွဲပြီးပြိုင်ရမှာ
ကျွန်မ တခမ်းတနားပြောနေတာကို စိတ်မရှည်ပုံနဲ့ပြောလာပါတယ်။ သီချင်းအလိုက်ကလေးတောင်မရသေးတဲ့
“ဒါနဲ့ သမီးတို့ကျောင်းကဆရာမက ဆိုမပြဘူးလား”
စိတ်ထဲခုတုတုဖြစ်လာတာနဲ့ သူမတို့ဆရာမဘက်ကို ကျွန်မက ပြန်ပတ်လိုက်ပါတယ်။
“ဟင့်အင်း ဆရာမက မဆိုတတ်ဘူးတဲ့။ အဲဒါ မနက်ဖြန်အကောင်းဆုံးဆိုပြနိုင်
နော်ချင်းထပ်အောင် ပူဆာနေတဲ့ကောင်မလေးကို ကျွန်မကပဲ သံနေသံထားမှန်မှန်နဲ့ အလွတ်ဆိုနိုင်တဲ့အထိ မမောနိုင်မပန်းနိုင် သင်ပေးလိုက်ပါတော့တယ်။
ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးပါ။ ကျောင်းတိုင်းမှာ multimedia room ထားဖို့မတတ်နိုင်ပါ။ ခုချိန်ထိနိုင်ငံတော်သီချင်းကိုအော်ဂင်နဲ့တောင်ကျောင်းတိုင်းမဆိုနိုင်သေးပါ။ကျ
လူ့စွမ်းအားအရင်းအမြစ်တွေ အကုန်အစင်ထုတ်သုံးနိုင်မှသာ ကျွန်မတို့ရဲ့မျိုးဆက်တွေဟာ ပိုမိုကောင်းမွန်တဲံ အနာဂါတ်ကို ဖန်တီးနိုင်လိမ့်မယ်လို့ စဉ်းစားတွေးမောရင်း သက်ပြင်းမောကိုသာ မှုတ်ထုတ်လိုက်မိပါတော့တယ်။ ။မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ရန် နောက်ထပ် ၂ ဆ ကြိုးပမ်းရမည်ဟု ဗီဂျေနမ်ဘီးယား တိုင်းရင်းသား ခေါင်းဆောင်များကိုပြော
စနေနေ့၊ ဖေဖေါ်ဝါရီလ 18 ရက် 2012 ခုနှစ် နိရဉ္စရာ သတင်း - နိရဉ္စရာ သတင်းဌာန
မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်နေသော်လည်း ယခုပြောင်းလဲနေသည်ထက် နောက်ထပ် ၂ ဆခန့် ကြိုးပမ်း ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားက တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်ဟု သိရသည်။
ယခုကဲ့သို့ ပြောဆိုခြင်းကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃နာရီခွဲတွင် ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီ အစဉ် UNDP ရုံး၌တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။
" နမ်ဘီးယား ပြောတာက ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်နေပြီ။ အဲဒီအပြောင်းအလဲကနေ တကယ့် စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် ၂ ဆ ကြိုးပမ်းဖို့လိုတဲ့အကြောင်း ပြောသွားတယ်။"
၎င်းအပြင် “ တွေ့ဆုံဆွေးနွေးရေးကနေ တဆင့် အပြောင်းအလဲဖြစ်ဖို့ဆိုတာကိုလည်
ထိုတွေ့ဆုံဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SLND) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီး အမျိုးသား ကွန်ကရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်နှင့် အတူ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် နှစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရန် ဆွေးနွေးခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။
" မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ အခု လုပ်နေတဲ့ အပစ် အခတ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိနေသလို န၀တ၊ နအဖ ခေတ်တွေမှာလည်း ဆွေးနွေးခဲ့တာ တွေ ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ ပျက်သွားတယ်။ ဘာကြောင့် ပျက်သွားရသလဲ ဆိုရင် တိုင်းရင်းသား တွေက မျှော်လင့် လိုလားနေတဲ့ နိုင်ငံ ရေးအရ ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အခု လည်း အပစ်အခတ် ရပ်စဲရုံနဲ့ မပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ မပြီး၊ နိုင်ငံရေး အရ ဖြေရှင်းဖို့လိုတယ်။ အဲဒီလို နိုင်ငံရေးအရ ဖြေရှင်းတဲ့ အခါမှာ ပင်လုံမူ၊ တန်းတူမူ၊ ပြည် ထောင်စုမူနဲ့ ဖြေရှင်းမှသာ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်ဖို့ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား သည် မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ရောက်ရှိလာပြီး နိုင်ငံတော်သမ္မတအပါအ၀င် လွတ်တော် ဥက္ကဌများနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များကိုလည်း သွားရောက် လေ့လာခဲ့သည်။
၎င်းအပြင် ဗီဂျေနမ်းဘီးယားသည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား၏ ယခုခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သည်။
ကချင်ပြည်နယ် စည်းရုံးရေး ၃ရက်ကြာခရီး ဒေါ်အောင်ဆန်းစုကြည် သွားမည်
အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်းနှင့် ဗန်းမော်မြို့များသို့ ၃ ရက်ကြာ စည်းရုံးရေးနှင့် မဲအောင်နိုင်ရေး ခရီးစဉ် သွားရောက်မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီရုံးမှ ပြောသည်။
ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် လေယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ယင်းနေ့တွင် မိုးကောင်းမြို့သို့ နေ့ချင်းပြန် သွားရောက်မည် ဖြစ်သည်။
၂၄ ရက်နေ့ည မြစ်ကြီးနားမြို့တွင် ညအိပ်မည်ဖြစ်ပြီး ယင်း ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။ ယင်းနောက် ဗန်းမော်မြို့သို့ ခရီးဆက်ကာ ဗန်းမော်မြို့မှ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရန် စီစဉ်ထားရှိသည်ဟု မြစ်ကြီးနား အန်လယ်လ်ဒီ ရုံးမှ ပြောဆိုချက်အရ သိရှိရသည်။
သတင်း... (Yangon Press International)
နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသား ဖြစ်စေ မည်သူမဆို ပြစ်မှုကျူးလွန်ပါက တူညီသော ပြစ်ဒဏ် ချမှတ်ခံရမည်
နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသား ဖြစ်စေပြစ်မှု ကျူးလွန်ပါက တူညီသော ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရပါသည်။
ရာဇသတ်ကြီးတွင် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁ ခု ပြဋ္ဌာန်းထားပြီး ယင်းပုဒ်မများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တိုင်း၌ မည်သူမ ဆိုပြစ်မှုထင်ရှားပါက သက်ဆိုင်ရာ ပြစ်မှုများ၏ ပြစ်ဒဏ်များအတိုင်း အရေးယူခံရမည်ကို ပြဋ္ဌာန်းထားသည်ဖြစ်ရာ နိုင်ငံခြားသားဖြစ်စေ နိုင်ငံသားဖြစ်စေ ပြစ်မှုကျူးလွန်ပါက တူညီသော ပြစ်ဒဏ်ချမှတ်ခံရမည်ကို တွေ့ရှိရပါသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁ ခုတွင် ပါဝင်သော ပြစ်မှုအမျိုးအစားများမှာ ပြစ်မှုဆိုင်ရာများတွင် အားပေးကူညီမှုများ၊ ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုများ၊ မမှန်သက်သေခံမှုများ၊ ဖြောင့်မှန်စွာ တရားစီရင် ရေးကို ဆန့်ကျင်သော ပြစ်မှုများ၊ ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာစောင့်စည်းမှု၊ ကိုယ်ကျင့်တရားရှိမှုများကို ထိခိုက်စေသော ပြစ်မှုများပါဝင်ပါသည်။
ဥပဒေရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ ပြစ်မှုအမှန်တကယ် ကျူးလွန်သူဟာ နိုင်ငံခြားသားဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာဖြစ်သလို ပြစ်မှု အမှန်တကယ် ကျူးလွန်သူဟာ နိုင်ငံသား ဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာပါ။ နိုင်ငံခြား သားဖြစ်လို့ လျော့ပေါ့စဉ်းစားလို့ မရပါဘူး။ မြန်မာနိုင်ငံမှာရှိတုန်း မြန်မာနိုင်ငံ က ဥပဒေကို ချိုးဖောက်ရင် မြန်မာနိုင်ငံက ဥပဒေအတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်
ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မအချို့ မှာ ၃၂၃ တုံးသော လက်နက်ဖြင့် သာမန်နာကျင်စေမှု၊ ၃၂၄ ချွန်ထက်သော လက်နက်ဖြင့် သာမန်နာကျင် စေမှု၊ ၂၉၄ ဆဲမှု၊ ၅၀၀ အသေရေဖျက်မှု၊ ၅၀၄ ငြိမ်ဝပ်ရေးပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း၊ ၅၀၆ ရာဇ၀တ်မကင်းသော ခြောက် လှန့်မှု ၅၀၉ မိန်းမတို့ ကာယိနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကား သို့တည်းမဟုတ် ကိုယ်အမူအရာ သို့တည်းမဟုတ် ပြုလုပ်မှု၊ ၃၅၂ လက် ရောက်မှု၊ ၄၂၆ အကျိုး ဖျက်ဆီးမှု၊ ၄၉၇ မယားခိုးမှုတို့ ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ပြစ်မှုမှုခင်းတစ်ခုတွင်လည်း နိုင်ငံခြားသားရော နိုင်ငံသားပါ တရားစွဲဆိုသူ နှင့် တရားစွဲဆိုခံရသူအဖြစ် ပါဝင်နေပြီး အပြန်အလှန် တရားစွဲဆိုထားကြကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့်ဂျပန်နိုင်ငံ
Orchid Hotel သို့ အဆိုပါ ဂျပန်နိုင်ငံသား တစ်ဦးက ညပိုင်းတွင် ပြင်ပမှမြန်မာအမျိုးသမီးငယ် တစ်ဦး ခေါ်ဆောင်လာသည့်အတွက် ဟိုတယ် ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးက ပြင်ပမှ ခေါ်ဆောင်လာသည့် အမျိုးသမီးငယ်နှင့် ပတ်သက်၍ ဟိုတယ် မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါ ဂျပန်နိုင်ငံသားက အမျိုးသမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက် ရိုက်ခဲ့သည့်အတွက် ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ဂျပန်နိုင်ငံသား ဘက်မှလည်း ဖေ ဖော်ဝါရီလ ၁ ရက်နေ့တွင် ပုဇွန်တောင်ရဲစခန်း၌ အဆိုပါ မြန်မာအမျိုးသမီးဝန်ထမ်းကို မတရားတားဆီးကန့်ကွက် ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့်ထားကြောင်း တိုင်ကြား ချက်တွင် ဖော်ပြထားချက်များအရ သိရသည်။
Orchid Hotel မှ ၀န်ထမ်း၏ တိုင်ကြားချက်မှာ ဇန်န၀ါရီလ ၂၈ ရက်န့ ည ၁၁ နာရီအချိန် ဒေါ်...... (၂၄) နှစ်၊ Orchid Hotel ဧည့်လက်ခံ ကောင်တာ ကြီးကြပ်ရေးမှုး၊ ကမာ ရွတ်မြို့နယ်နေသူသည် ပုဇွန်တောင် မြို့နယ် (၁)ရပ်ကွက်၊ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်း ထောင့်ရှိ Orchid Hotel ဧည့်လက်ခံ ကောင်တာတွင် ရှိနေစဉ် Hotel အခန်းအမှတ် (၄၀၂) တွင် ဇန်န၀ါရီလ ၂၃ နေ့မှ လာရောက်တည်းခိုသူ ဂျပန် နိုင်ငံသား ၅၇ နှစ်သည် အမျိုးသမီး ငယ်တစ်ဦးအား ဟိုတယ်သို့ ခေါ်ဆောင်လာသဖြင့် ဒေါ်....... ၂၄ နှစ်မှလုံခြုံရေးအရ စစ်ဆေးမေးမြန်းရာ ဂျပန် နိုင်ငံသားမှ ရိုင်းပျစွာပြုမူပြောဆို ခဲ့ပြီး လူအများ ရှေ့တွင် ပါးရိုက်ခဲ့ရာ ၀ဲပါးနာကျင်ဒဏ်ရာရရှိ၍ ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသရသောကြောင့် ဂျပန်နိုင်ငံသား အပေါ်အရေးယူပေးရန် တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင်ရဲစခန်း (ပ)၁၈/၁၂၊ ပုဒ်မ- ၃၂၃/၃၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားမှ လည်း တိုင်ကြားခဲ့သည့်ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၈ ရက် နေ့အထိ Orchid Hotel အခန်းအ မှတ်- ၄၀၂ တွင် အခန်းငှားခပေး ပြီးနေထိုင်သူ ဂျပန်နိုင်ငံသား (၅၇) နှစ်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၁၁ နာရီအချိန်အပြင်မှ ဟိုတယ် သို့ ပြန်လာစဉ်ဟိုတယ်ဧည့်ကြိုခန်း တွင်ပေးအပ်ထားသော အခန်းသော့ အားတောင်းရာ ဧည့်ကြို ဒေါ်......... (၂၄)နှစ်နှင့် ဟိုတယ်မန်နေဂျာတို့မှ အခန်းသော့အား မပေးသည့်အပြင် ၀ိုင်းဝန်းကြိမ်းမောင်းခြိမ်ြးေ
အဆိုပါဖြစ်စဉ်နှင့်ပ တ်သက်၍ Orchid Hotel မှ ၀န်ထမ်းဖြစ် သူ ဒေါ်......(၂၄)နှစ်က “ အဲဒီဂျပန် နိုင်ငံသားက အပြင်မှာလုပ်စားနေတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို ဟိုတယ်ကို ခေါ်လာတဲ့အတွက် ဟိုတယ် ရဲ့စည်းကမ်းအရ အဲဒီလိုမိန်းကလေး တွေကို တည်းခိုခွင့်မပြုထားတဲ့ အတွက် ကျွန်မအနေနဲ့ စစ်ဆေးမေးမြန်းခဲ့တာပါ။ ပြီးတော့ အဲဒီ မိန်းကလေးမှာပါလာတဲ့ မှတ်ပုံတင်က ဓာတ်ပုံကလည်း ၀ါးနေတယ်။ ပါတဲ့ အကြောင်းအရာကလည်း ပျက်နေတဲ့ အတွက်ကြောင့်မလို့ မိန်းကလေး ကို လက်မခံဘူးလို့ ပြောလိုက်ပါတယ်။ အဲဒီတော့ ဂျပန်နိုင်ငံသားက ပြန်ထွက်သွားတဲ့ အမျိုးသမီးအနောက် ကို လိုက်သွားတယ်။ ပြီးတော့ ကျွန် မဆီ ပြန်လာပြီးတော့ ဆဲဆိုတယ်။ လူအများရှေ့မှာ ပါးရိုက်ခဲ့ပါတယ်။ သူကျွန်မကိုပါးရိုက်ခဲ့တဲ့ မှတ်တမ်း တွေကိုလည်း CCTV ကင်မရာ သုံးလုံးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ပြီးတော့ အပြင်ကိုထွက်မဲ့ ဂျပန်နိုင်ငံသားက သူရဲ့အခန်းသော့ကိုတောင်းလို့ မပေးတာက ဟိုတယ်ရဲ့စည်းကမ်းပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ပေးလိုက်ရင် သော့ခဏခဏပျောက်တဲ့ ဖြစ်စဉ်တွေ ရှိတဲ့အတွက်ကြောင့် မလို့ ကောင်တာမှာ သိမ်းပေးထားတာပါ “ ဟု ၄င်းကြုံတွေ့ခဲ့ရတဲ့ဖြစ် စဉ်ကို ပြောကြားခဲ့သည်။
Orchid Hotel မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးဌေးအောင်က “ကျွန်တော့်အနေနဲ့ ဟိုတယ်ဝန်ထမ်းဘဲဖြစ်ဖြစ် လာရောက်တည်းခိုတဲ့ ဧည့်သည်တွေဘဲဖြစ်ဖြစ် ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ရှင်းပေးရမဲ့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ အခုကိစ္စမှာ တရားလိုက တရားခံဖြစ်တယ်။ တရားပြိုင်အဖြစ်နဲ့ သွားရမယ်ဆို တော့ တရားဥပဒေပိုင်းက တစ်ခုခု မှားယွင်းနေတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်သိထားတာက တရားရုံးမှာ အဲဒီဂျပန်နိုင်ငံသားက ကျွန်တော်ရဲ့ဝန်ထမ်းကို ပြန်တောင်းပန်မယ်။ ကျွန်တော်တို့ဘက်က သည်းခံပေးဖို့ စီစဉ်ပြီးသွားခဲ့တဲ့အခါ မှာ တရားရုံးရောက်တော့ ကျွန်တော် တို့ဘက်ကို ပြန်ပြီး တရားဆွဲထားတယ်”ဟု ပြောပြခဲ့သည်။
ပုဇွန်တောင်ရဲစခန်းမှ တာဝန်ရှိသူက “ဒီအမှုကို ကျွန်တော်အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တရားရုံးကို ပို့လိုက်ပါပြီး ဘယ်သူ မှန်တယ်။ ဘယ်သူမှားတယ် ဆိုတာ ကိုတော့ တရားရုံးက စစ်ဆေးသွား မှာပါ။ အမှုရင်ဆိုင်နေတဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံသားရဲ့ ပတ်စ်စပို့ ကိုတော့ ခတ္တသိမ်းဆည်းထားပါတယ်”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
“ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ တရားရုံးဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ဥပဒေရှုထောင့်အရ ကြည့်မယ်ဆိုရင်တော့ ပြစ်မှု အမှန်တကယ်ကျူးလွန် သူဟာ နိုင်ငံခြားသားဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာဖြစ်သလို ပြစ်မှုအမှန် တကယ် ကျူးလွန်သူဟာ နိုင်ငံသား ဖြစ်လည်း ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာပါ။ နိုင်ငံခြားသားဖြစ်လို့ လျော့ပေါ့ စဉ်းစားလို့မရပါဘူး။ မြန်မာနိုင်ငံမှာရှိတုန်း မြန်မာနိုင်ငံက ဥပဒေကိုချိုးဖောက်ရင် မြန်မာနိုင်ငံက ဥပဒေအတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်”ဟု ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်အတွင်းက နိုင်ငံခြားသူနှစ်ဦးက မြန်မာအမျိုးသမီး လေးဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကမာရွတ်မြို့နယ် လှည်းတန်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့ကဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး လှည်း တန်းဈေးအနီးတွင် ဈေးသည်အမျိုး သမီးတစ်ဦးနှင့်နောက်ထပ် အမျိုးသမီး တစ်ဦးအား နိုက်ဂျီးရီးယားလူမျိုး အမျိုးသမီးနှစ်ဦးက ပါးရိုက်ခဲ့ပြီး ကွမ်းခြံဈေးတွင်လည်း အမျိုးသမီး နှစ်ဦးအား ထပ်မံပါးရိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ အဆိုပါ နိုက်ဂျီးရီးယား အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာရဲတပ် ဖွဲ့စခန်းမှ ခေတ္တခေါ်ယူ ထိန်းသိမ်းခဲ့ ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နောက်ပိုင်းကာလများတွင် မိမိတို့နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး ပိုမိုပွင့်လင်းလာနိုင်သည့် အားလျော်စွာ နိုင်ငံခြားသားများလည်း ပိုမိုဝင်ရောက်လာနိုင်ကြောင်း ထိုအချိန်၌ နိုင်ငံခြားသားနှင့် နိုင်ငံသားတို့အကြား အမှုအခင်းများလည်း ရှိလာနိုင်ကြောင်း ထိုသို့ရှိလာပါက နိုင်ငံခြားသားဖြစ်စေ နိုင်ငံသားဖြစ်စေ ပြစ်မှုကျူးလွန်ပါက မည်သူ့မည်သူကိုမျှ မငဲ့ညှာဘဲ ဥပဒေနှင့်အညီ တူညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေးမှာ များစွာ အရေးပါကြောင်း သို့မှသာ တရားဥပဒေစိုးမိုးရေး ပိုမိုပီပြင် လာမည်ဖြစ်ကြောင်း လေ့လာသူများ က အကြံပြုခဲ့ကြပါသည်။
အစိုးရကစားကွက်တွေတဖြည်းဖြည်းနဲ့ သွေးပျက်လာပါပြီ....
ခွေးဇာတ်ခင်းချင်နေပါတယ်....
ဖိလာပါတယ် ဖိလာပါတယ် ဖိလာပါတယ်......
ကစားနေပါပြီ ဗျောင်းဆန်နေပါပြီ သွေးခွဲနေကြပါပြီ.....
ပိတ်ဆို့ မှုတွေလာနေပါပြီ ခွေးရုပ်ပေါ်လာပါပြီ....
ကဲသမ္မတကြီးလို့ ခေါ်တဲ့ သူတွေ.....အခုဘယ်လိုခေါ်မလဲ?
လွတ်လပ်စွာကို ခေါင်းအုံးအိပ်ခွင့်မရတဲ့ မြန်မာပြည် ဒီမိုကရေစီကို ဘယ်လိုခေါ်မလဲ?
ကျကွဲတော့ပါမယ် ကျကွဲတော့ပါမယ် ကျကွဲတော့ပါမယ်....
စည်းချက်ညီတဲ့ လူထုအင်းအားနဲ့ အတိုက်အခံကစားကွက်ကို လန့် နေပါပြီ....
အာဏာဖီဆန်ရေးကို ၀ါရင်းတုတ်ပြပြီးသွေးတိုးစမ်းေ
ကုလားဗမာတရုတ်......များစွာအရု
လူထုညီညွှတ်မှုကိုစဖြိုနေပါပြီ..
ဆူပူမှုလေးတွေလဲစလာပါပြီ.....
ဖင်ထိုင်ခုံလဲနဲနဲလှုပ်လာပါပြီ.
ဒီခွေးစုတ်တွေ ဒီအချိန်မှာ ဘာလုပ်မလဲ?
တရားဥပဒေစိုးမိုးရေးလုပ်မယ့် သူကို ပိတ်ပင်နေပါပြီ....
ဟာမိုနီဖြစ်သွားမယ့် အရေးကိုကြိုတွေးနေပါပြီ....
(လွှ
လာသမျှကို အံတုပြမယ့်လူထုကိုလဲနဲနဲကြောက်
လှီုင်သာယာကလဲထနေပြီ ရွှေည၀ါဆရာတော်ကြီးလဲဒေါသထွက်လာ
အခု ၅၀၀၀ တန်စာချုပ်လဲပျက်သွားပါပြီ....
ဘုရားတရင်းမေးကြည့် ပါသူ အနှီသူတို့ ခွေးဇာတ်ခင်ဦးမည်လား?
ဒေါင်းခေတ်
ကိုဆောင်းဦးလှိုင်ရဲ့ ပွဲမှ ဖြစ်ရပ်မှန်ကိစ္စ
ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုစောစောသွားခဲ့ပါတယ်.
ကျွန်တော်တို့အသင်းသားစုစုပေါင်
(ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်း
အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်
ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါ
ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ. ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်. ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်
ကျွန်တော်တို့အသင်းကယူနီဖောင်း
ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)
အကြောင်းအရာ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံခြင်း
၁။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းရပ်ကွက်ရှိ ဧရာမင်းဈေး ကို ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ပြန်လည်နေရာချထားရေး စီမံကိန်းတွင် တိုင်းမှူးဗိုလ်ချူပ်မြင့်အောင် လက်ထက်မှ ဧရာမင်း ရပ်ကွက်နှင့်အတူ ဈေးမြေအား ကွင်းအမှတ် ၁၁၉ မဟာဗောဓိ၊ ဦးပိုင်အမှတ် --/၁၆၄ - အလျှား ၄၀၀ပေx အနံ ၁၂၀ပေ (၁.၁၀ ဧက) အကျယ်အ၀န်းအဖြစ် အခိုင်အမာချထားခဲ့ပါသည်။
၂။ ၂၀၁၀/၂၀၁၁ ခုနှစ်တွင် အမှတ်(၈) နယ်မြေ အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော ဦးရဲနီမှ အာဏာပိုင်အဖွဲ့များ နှင့် မြေစာရင်းအဖွဲ့တို့ ပူးပေါင်းကာ ဧရာမင်းဈေးဆိုင်ခန်းများကပ်လျှ
၃။ အဆိုပါဈေးမြေကွက်အား ၀ယ်ယူထားသောသူများအနက်မှ ဒေါ်စန်းစန်းဌေး အမည်ခံပိုင်ဆိုင်သူ ဦးရဲနီမှ (၈.၁၂.၂၀၁၁) တွင် ခြံများ အခိုင်အမာကာရံပြီး မိုးကောင်းကင် ကေတီဗွီ(KTV) ဖျက်သိမ်းခံအဆောက်အဦအား ရွှေ့ပြောင်း ဆောက်လုပ်လာပါသဖြင့် ဈေးသူဈေးသားများမှ ၁၂.၁၂.၂၀၁၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီး ချူပ်အား လည်းကောင်း၊ တိုင်းစည်ပင်၊ မြို့နယ်စည်ပင် အသီးသီးအားတိုင်ကြားခဲ့ပါသည်။
၎။ ၁၆.၁၂.၂၀၁၁ တွင် မြို့နယ်စည်ပင်မှ ဒေါ်စန်းစန်းဌေးအား အဆောက်အဦဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားရန် ခေါ်ယူတား မြစ်ခဲ့သော်လည်း ဦးရဲနီမှ နေ့ဆိုင်း၊ ညဆိုင်း အလုပ်သမားများ အသုံးပြု၍ အပြီးသတ် အချောကိုင် ဆောက်လုပ်ခဲ့ရာ ၄.၂.၂၀၁၂ ရက်နေ့တွင် ဦးရဲနီသမီးမှ ပြောင်းရွှေ့နေထိုင်လာပြီး ၈.၂.၂၀၁၂ တွင် (E.P.C)မှ မီတာများ တပ်ဆင်လာသည်အထိ မည်သည့်အဖွဲ့အစည်းမှ ဟန့်တားနိုင်ခြင်းမရှိ၍ ဈေးသူ ဈေးသားများမှ တိုင်းဒေသကြီးအား ၂၅.၁.၂၀၁၂ တွင် တစ်ကြိမ်၊ ၄.၂.၂၀၁၂ တွင် တစ်ကြိမ်၊ ၉.၂.၂၀၁၂ တွင် တစ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးပါ၍ နိုင်ငံတော် သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့များ သိရှိနိုင်စေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း အကူအညီတောင်းခံအပ်ပါသည်။
(တင်ပြအစီရင်ခံသူ)
ဦးကံရှိန်
ခေတ်၊ စနစ် နဲ့ လူတွေ ဟာ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုတယ်
Changes require actions on the ground, not on media or speeches.
The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power. Burma’s new constitution (2008) ensures that the military cannot be excised from the legislative process, and therefore little can be expected from the document on this front.
( Asian Society: Current Realities and Future Possibilities in Burma)
မြန်မာနိုင်ငံ ရှိ စက်ရုံ အလုပ်ရုံတွေ မှာ လုပ်ငန်းခွင် အတွင်း မီးလောင်မှု၊ ပေါက်ကွဲမှုတွေ ကြောင့် သေကြေ ပျက်ဆီးဆုံးရှုံးမှုတွေ ကို သတင်းတွေထဲမှာ မကြာခဏ ဆိုသလို ဖတ်ရှု့ ကြရပါလိမ့်မယ်။ တချို့ဖြစ်စဉ်တွေ မှာ အလုပ်သမားတွေရဲ့ ပေါ့ဆမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ
မြန်မာနိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲ အုပ်ချုပ်သူများ အနေနဲ့ တခြားသော စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာ ဒီလို ဖြစ်ရပ်ဆိုးတွေ နည်းပါးလာအောင် ဘယ်လို လုပ်ဆောင် နေကြသလဲဆိုတာ လေ့လာဆည်းပူးပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ကို အတုယူ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။
မြန်မာနိုင်ငံ မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေချင်ရင်၊ ကမ္ဘာ့အဆင့်မှီ ကုန်ထုတ်လုပ်မှု အရည်အသွေးတွေ မြင့်မားလာစေချင်တယ် ဆိုရင် လုပ်ငန်းခွင် အတွင်း အလေ့အကျင့် နည်းလမ်း ကောင်း တွေ ကို တော့ အခြေခံကျကျ ကျင့်သုံးဖို့လိုပါလိမ့်မယ်။ ခေတ်မှီ ဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်လာစေဖို့ လည်း လုပ်ငန်းခွင်၊ စီးပွားရေးနယ်ပယ် တွင် သာမက နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွေ မှာ ပါ နိုင်ငံတကာ က အလေ့အကျင့် နည်းလမ်းကောင်း တွေ ကို အတုယူ ကျင့်သုံးဖို့ လိုပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ခေတ်၊ စနစ် နဲ့ လူတွေဟာ အံဝင်ခွင်ကျ ဖြစ်လာစေဖို့ ကမ္ဘာ့အဆင့်မှီ အလေ့အကျင့်ကောင်းတွေ၊ လက်တွေ့ကျတဲ့ အတွေးအခေါ်တွေ တည်ဆောက်ဖို့ လိုပါတယ်။
ယနေ့ စက်မှုဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံလောက ၊ စီးပွားရေး လုပ်ငန်း ပိုင်း ဆိုင်ရာတွေ မှာ ရေပန်းစား အသုံးဝင် နေတဲ့ 5 S အလေ့အကျင့် ပုံစံ ကို နည်းလမ်း ပုံစံ ကောင်း တခု အဖြစ် ဥပမာပေး ပြီး ဝေမျှပေးချင်ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု နှင့် ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို နှိုင်းယှဉ်ပြီး ဘယ်လို ဆက်နွယ်မှုတွေ ရှိသလဲဆိုတာ သုံးသပ်တင်ပြသွားပါမယ်။
ကမ္ဘာ့အဆင့်အတန်း မှီ ဖို့ဆိုရင် ကမ္ဘာမှာ ကျင့်သုံးနေတဲ့ အလေ့အကျင့် ကောင်း တွေ ကို အတုယူပါ
ယနေ့ 5 S ကို စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံများရှိ စက်ရုံ၊ အလုပ်ရုံကြီးတွေမှာ သာမက စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ အစိုးရ ဌာနကြီးတွေ၊ လူမှု့ရေးနယ်ပယ်တွေ မှာ ပါ တွင်ကျယ်စွာ လေ့ကျင့် သင်ကြား အသုံးချလာတာတွေ ကို တွေ့လာရတယ်။ 5 S ကို စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့နို
အမေရိကန် နိုင်ငံရှိ တိုယိုတာ၊ ဟွန်ဒါ ၊ ဂျီအမ်၊ ဖို့ဒ်၊ ခရိုက်စလာ စတဲ့ မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေ ၊ သံမဏိ စက်ရုံကြီးတွေ၊ ကော်ပိုရေးရှင်း ကြီးတွေ မှာ 5 S ဆိုင်းဘုတ်ကြီးတွေကို လူမြင်တဲ့ နေရာတွေ မှာ ချိတ်ဆွဲထားကြတာ တွေ့ကြရပါလိမ့်မယ်။ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ကိုယ်စီရှိကြတယ်။ ဥပမာ- တိုယိုတာမှာ TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ဆိုတာမျိုးပေါ့။ ၁၉၉၀ ခုနှစ် မှာ လူသိများလာတဲ့ စက်ရုံလုပ်ငန်း နှင့် စီးပွားရေးနယ်ပယ် တွေမှာ ခေတ်စားလာတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ “Lean” ဆိုတာလည်း TPS ဆိုတဲ့ Toyota Production System တိုယိုတာ ကုန်ထုတ်လုပ်မှု နည်းလမ်းပုံစံ ကို အခြေခံထားတာ ဖြစ်တယ်။ “Lean” ကုန်ထုတ်လုပ်မှု နည်းလမ်း ပုံစံ ကို မဟာ အင်အားကြီး နိုင်ငံ ဖြစ် တဲ့ အမေရိကန်နိုင်ငံရဲ့ စစ်တပ် မှာတောင် လက်တွေ့ ကျင့်သုံးနေကြတာပါ။ 5 S ဟာ “Lean” ကုန်ထုတ်လုပ်မှု ပုံစံရဲ့ အစိတ်အပိုင်း တခု လည်းဖြစ်တယ်။ ကုမ္ပဏီတွေ မှာ ကိုယ်ပိုင် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာတွေ ဘယ်လိုပဲ ရှိကြစေကာမှု၊ 5 S ကို အခြေခံကျတဲ့ နည်းလမ်းပုံစံ တပုံစံတည်း အဖြစ် ကုမ္ပဏီတိုင်း၊ နယ်ပယ် အသီးသီး မှာ လက်ခံ ကျင့်သုံးလာခဲ့ကြတယ်။
ဆိုလိုတာက လူထုကို အကျိုးပြုစေမဲ့ အလေ့အကျင့် ကောင်းတွေ ဘယ်နိုင်ငံ၊ ဘယ်သူ့ဆီ က လာ လာ လက်ခံကျင့်သုံးဖို့ လိုတဲ့ စိတ်မွေးမြူ ကြရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ် တခေတ် နဲ့ တ ခေတ် မှာ လူသားတွေရဲ့ လိုအပ်ချက်၊ လုပ်ဆောင်ချက်တွေ ဟာ အသွင်မတူကြသလို၊ ဒီ လိုအပ်ချက်တွေ၊ လုပ်ဆောင်မှုတွေ ကို ဖြည့်ဆည်းပေးရာမှာ လူသားတွေရဲု့လုပ်ထုံးလုပ်နည်း အလေ့အကျင့်တွေဟာလည်း ခေတ်သစ်၊ စနစ် သစ် နဲ့ အညီ တိုးတက် ပြောင်းလဲလာမှုတွေ ရှိလာရမယ် ဆိုတဲ့ အချက်ပါ။
ဆက်ဖတ်ရန်-
5 S ရဲ့ သမိုင်းကြောင်း
5 S နည်းလမ်း ပုံစံ ကျင့်သုံးမှု ကို ဂျပန် နိုင်ငံက စတင်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မှာ ဂျပန်နည်း ဂျပန် ဟန်တွေနဲ့ လုပ်ဆောင်ခဲ့တယ်။ တချို့ ဂျပန်နည်း၊ ဂျပန် ဟန်တွေကို ကမ္ဘာ့ က အသိအမှတ်ပြုခြင်း ခံခဲ့ရတယ်။ ဒီလို လုပ်ငန်းခွင် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာအောင် ကျိုးပမ်းလုပ်ဆောင်မှုတွေထဲမှာ 5 S ဟာ လူသိများလာတဲ့ နည်းလမ်းပုံစံ တခုဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ တိုင်းမှာ ဒီနည်းလမ်းကို အခြေခံ သဖွယ် တွင်ကျယ်စွာ လက်တွေ့ အသုံးချလာတာတွေ့ရတယ်။
ဂျပန်လို မှုရင်း 5 S ကို Seiri, Seiton, Seiso, Seiketsu and Shitsuke အဖြစ် ရည်ညွှန်းထားတယ်။ အင်္ဂလိပ် လို ဘာသာပြန်ဆိုမှု ပြုရာမှာတော့ -
၁) Sort
၂) Set in Order
၃) Shine
၎) Standardize
၅) Substain
လို့ ရည်ညွှန်းခဲ့ကြတယ်။ တချို့ စက်မှုနိုင်ငံတွေက မှုရင်းပုံစံ ကို ပြန်လည်မွမ်းမံပြီး၊ နောက်ထပ် 3 S Safety၊ Security၊ Satisfaction အဆင့် ကို ထပ်ထည့်ခဲ့ကြပြန်တယ်။ 5 S နည်းလမ်း ကို စတင် လက်တွေ့ ကျင့်သုံး တဲ့ ကုမ္ပဏီ တိုင်း မှာတော့ လက်တွေ့ကျင့်သုံးမှု ကို အဆင့် သုံးဆင့်ခွဲပြီး လုပ်ဆောင် လေ့ရှိတယ်။ Sort, Set in Order, Shine ကို ပထမ အဆင့် အနေဖြင့် လုပ်ဆောင်တယ်။ ပထမ အဆင့် ဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် ဒုတိယ အဆင့် Standardize နဲ့ Substain ဖြစ်လာဖို့ လုပ်ဆောင်ကြတယ်။ တတိယ အဆင့်မှာတော့ လုပ်ငန်းခွင် အတွင်း 5 S အလေ့အကျင့် ကို ပိုမိုကောင်းမွန်အောင် စစ်ဆေးရေး၊ ပြန်လည်သုံးသပ်ရေး အဖြစ် အဆင့်ဆင့်လုပ်ဆောင်ကြတယ်။
လုပ်ငန်းခွင်မှာ မြန်မာ လို 5 S ကို လိုလိုနှင့် တိုတို အနက်အဓိပ္ပါယ်ပြန်ရရင်တော့ -
၁) အသုံး မလိုတဲ့ အရာတိုင်း ကို ရှင်းထုတ်ပါ။
၂) အသုံးပြုနေတဲ့ အရာတိုင်းဟာ လည်း စနစ်တကျပုံစံ အတိုင်းရှိပါစေ၊
၃) သန့်ရှင်း ပြောင်လက် နေပါစေ၊
၎) လုပ်ပုံ ကိုင်ပုံတွေဟာ တပုံစံ ထဲရှိရမယ်။
၅) ဒီ နည်းလမ်း ကို အလေ့အကျင့် (သို့) ဓလေ့ထုံးစံ လို ကျင့်သုံးပါ လို့ အနက်အဓိပ္ပွယ် ရပါတယ်။
5 S အကျိုးသက်ရောက်မှု (သို့) လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလေ့အကျင့် နည်းလမ်းကောင်း
5 S က ဘာတွေ အကျိုးဖြစ်ထွန်းစေသလဲလို့ သိချင်သူတွေလည်းရှိပါလိမ့်မယ်။ အကျိုးဖြစ်ထွန်းစေတာ တွေကတော့ Scrap၊ Waste လို့ဆိုတဲ့ အလေအလွှင့်ဖြစ်မှု နည်းပါးလာစေမယ်။ ကုန်ထုတ်လုပ်မှု အားကောင်းလာမယ်၊ လုပ်ငန်းခွင် အတွင်း ထိခိုက်ဆုံးရှုံးမှုနည်းပါးစေမယ်
အမေရိကန်နိုင်ငံ အတွင်း မော်တော်ကာထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ မှာတော့ လူအားလုံးမြင်နိုင်တဲ့ နေရာတွေမှာ 5 S ရဲ့ အကျိုးတွေ ကို အခုလိုဖွင့်ဆိုရေးသားထားလေ့ရှိ
Benefits from 5 S
* Lead Time Reduction
* Productivity Increase
* WIP Reduction
* Quality Improvement
* Space Utilization
တကယ်တော့ 5S ရဲ့ နည်းလမ်းပုံစံဟာ ကုန်ထုတ်လုပ်နေကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အတွက် သာ အကျိုးရှိတာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ပါ 5 S ရဲ့ အခြေခံကျတဲ့ တွေးခေါ်ယူဆနည်းလမ်းပုံစံ ဟာ အသုံးချလို့ရပါတယ်။ ယနေ့ ကမ္ဘာ့နိုင်ငံရေးလောက မှာ တောင် 5 S လို အခြေခံကျတဲ့ ကုန်ထုတ်လုပ်မှု နည်းလမ်း တွေ ကို ကျင့်သုံးလာတာတွေ့ရတယ်။ နိုင်ငံရေး နှင့် ကုန်ထုတ်လုပ်မှုနည်းလမ်းပုံစံ ဘာဆိုင်သလဲလို့ မေးလာမည့် သူတွေလည်း ရှိကြမှာပါပဲ
ခရီးသွားဆောင်းပါး - မျှော်လင့်ခြင်းကွင်းပြင်
[By Yangon Press International ]မွန်မွန်မြတ်ရေးသားသည်
ပတ်ကြားအက်နေတဲ့လယ်ကွင်းပြင်ကြီ
၁၇၊ဖေဖေါ်ဝါရီ၊၂၀၁၂၊ ဖျာပုံ (YPI) - နာဂစ်ကာလကတည်းကရင်းနှီးပြီးသား
လက်ကိုလာဆွဲလို့ကြည့်လိုက်တော့ ဖျာပုံကနေ ကားတစ်တန် ပဲ့ထောင်တစ်တန် စီးသွားရင်တောင်မှ အနည်းဆုံးလေးနာရီလောက်သွားရတဲ့ ပင်လယ်အစပ်နားက တမာပင်ရွာက ဦးလေးကြည်လွင်တို့သားအဖ၊ ညီညီ့လက်မောင်းမှာ အနီရောင်ခွပ်ဒေါင်းလက်ပတ်နဲ့၊ ဦးကြည်လွင်က အနီရောင် NLD ဦးထုပ်နဲ့ သားအဖနှစ်ယောက်လုံးနေပူကျဲကျဲေ
ဘိုကလေး၊ကျိုက်လတ်၊ ကျုံပျော်တို့လို အိမ်နီးချင်းမြို့တွေကတွင်မကပဲ ဒေါ်ငြိမ်း သမိန်ထော နေ့ပြန်တိုး တို့လို ဖျာပုံတစ်ဖက်ကမ်းရွာတွေက လာတဲ့သူတွေကလည်း ပွဲတော်ကြီးတမျှ ကြိတ်ကြိတ်တိုး… ။
ဒေါ်အောင်ဆန်းစုကြည်နဲ့NLD အဖွဲ့တွေတောင် ကျိုက်ကော်ကမထွက်ရသေးဘူး “အမေစုကျန်းမာပါစေ”လို့လူအုပ်ြ
ဖျာပုံကိုဖြတ်သွားဖြတ်လာလုပ်တို
“ဘောလုံးကွင်းမရလို့ ဖျာပုံမြို့အ၀င်တံတားကြီးအောက်က လယ်ကွင်းထဲမှာ သဲတွေဖို့ပြီးလုပ်ထားတဲ့ကွင်းဗျ
ဖျာပုံကို NLD အဖွဲ့ရဲ့ရှပ်ပြေးသဘောင်္ဆိုက်လာတာ
အလံတွေ လက်တွေ ဦးထုပ်တွေသာ ကင်မရာရှေ့ပြေးပြေးဝင်လာလို့ ကင်မရာကိုင်ထားတဲ့လက်ကိုမြှောက်
ထောင်ပေါင်းများစွာသောလူအုပ်ကြီ
NLD ပါတီ ဥက္ကဌကတော့ “ပုဂ္ဂိုလ်သစ် အဖွဲ့အစည်းသစ် စနစ်သစ် လိုချင်ရင် ကျွန်မတို့ NLD ကိုမဲပေးကြပါ”လို့ တောသူတောင်သား လူထုပရိသတ်များကို ပရိယာယ်မပါ ကတိက၀တ် မပေးပဲ ဘွင်းဘွင်းရှင်းရှင်းမဲဆွယ်ခဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးေ
“ဖျာပုံမြို့ကိုလာတဲ့အခါမှာ စိတ်မကောင်းစွာနဲ့ကြားလိုက်ရတာ
“အေးလေ ပြည်သူပိုင် ကစားကွင်းကိုများ ခွင့်မပြုဘူးတဲ့ သူတို့ပိုင်တာလားကျနေတာပဲ”
ဒေါ်အောင်ဆန်းစုကြည်က မြို့ပြင်ကသဲကွင်းကိုလိုက်မှာလာ
ခြစ်ခြစ်တောက် မွန်းတိမ်းနေအောက်မှာ လူထုအုံကြွမှုလည်းမဟုတ်၊ စီတန်းဆန္ဒပြကြပွဲလည်းမဟုတ်ပါပဲ
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွေကတည်
ဆရာဇော်ဂျီလို ဇာတိမာန်ထက်သန်သူတွေ အများကြီးမွေးထုတ်ပေးခဲ့တဲ့ ဇာတိပုည ဂုဏ်မန္တ မသေးသိမ်တဲ့ မြစ်ဝကျွန်းပေါ်သားတွေကို ၁၉၄၇ခုနှစ် ဧပြီလမှာ ဖဆပလပါတီအတွက် ဗိုလ်ချုပ်အောင်ဆန်း မဲဆွယ်စဉ် မှာပြောခဲ့တဲ့ “ဖဆပလပါတီက နိုင်မှသာလျှင် လွတ်လပ်ရေးအတွက်စိတ်ချရမယ် မဲပေးမမှားကြပါနဲ့” ဆိုတဲ့စကားအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကစည်းရုံးခဲ့
“ဒီ ၄၈နေရာဟာ ဒီမိုကရေစီစနစ်ကို အနှစ်၂၀ကျော်ကျင့်သုံးပြီးတော့ ဒီမိုကရေစီစနစ်အတွက် အနှစ်၂၀ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်မတို့အမျိုးသားဒီမိုကရေစီ
လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့
“အနှစ် ၆၀ကျော်ကာလအတွင်းကမျှော်မှန်းချ
ပုဂ္ဂိုလ်သစ် အဖွဲ့အစည်းသစ် စနစ်သစ်လိုချင်လို့ ၁၉၈၈ခုနှစ်ကတည်းကတောင်းဆိုခြဲ့
ဒါဆိုရင် သူတို့မျှော်လင့်နေတဲ့အဖြေဟာ ဘာများဖြစ်လိမ့်မလဲ…….
ပတ်ကြားအက်နေတဲ့လယ်ကွင်းပြင်ကြီ
ပြည်သူတွေ အဆင်သင့်ဖြစ်ပြီလား
[By ကမ္ဘာစိုးမင်း (Kabar Soe Min)]
တိုင်းပြည်မှာတော့ အပြောင်းအလဲတွေဟာ နေ့စဉ်ရက်ဆက် ဆိုသလိုကို ဖြစ်ပေါ်နေပါတယ်။ သက်ဆိုင်ရာက ပြောခဲ့သလို ၂၀၁၁ မှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ အခု ၂၀၁၂ နှစ်ဆန်းပိုင်းအထိလည်း သံတမန်အဝင်အထွက်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေ၊ နိုင်ငံရေးအကျဉ်းသားအမ...ျားစု လွတ်မြောက်လာတာ၊ အခွန်ငွေကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ စတဲ့ သတင်းတွေဟာ မြန်မာ့မီဒီယာတွေမှာသာမက ကမ္ဘာ့မီဒီယာမှာပါ ဦးစားပေးသတင်းအနေဲ့ ဆက်တိုက်ဆိုသလို ဖော်ပြပေးနေကြပါတယ်။ မကြာသေးတဲ့ ၂၀၁၀ တုန်းက အခြေအနေနဲ့ ပြန်ယှဉ်ထိုးကြည့်ရင် အခြေအနေတွေဟာ အကောင်းဘက်ကို အနည်းနဲ့အများဦးတည်လာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ စနစ်အပြောင်း၊ ခေတ်အပြောင်းမှာ ကျွန်တော်တို့ရော လိုက်ပါပြောင်းလဲခဲ့ကြရဲ့လား။ ကျွန်တော်တို့ စိတ်ဓာတ်တွေရော ၂၀၁၀ တုန်းကလိုပဲလား။
လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့မိန့်ခွန်းတွေကို ပြန်ကြည့်တဲ့အခါ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေပြင်ဖို့၊ လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်တဲ့ နိုင်ငံနဲ့ ဆီလျော်အောင် နေထိုင်နိုင်ဖို့ တဖွဖွ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးတဲ့အခါ အားလုံးသိကြတဲ့အတိုင်း မညီညွတ်ကြတာကြောင့် ထိပ်တန်းနိုင်ငံကြီးအဆင့်ကနေ နောက်တန်းကျတဲ့ နိုင်ငံတစ်ခုအဆင့်ကို ဆယ်စုနှစ် ခြောက်ခုလောက်အတွင်းမှာ ဆင်းသက်ခဲ့ရပါတယ်။ အခုလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ပြည်သူတွေ ညီညွတ်ကြဖို့၊ အများအားနဲ့ စုပေါင်းကြံဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါတလဲလဲ မှာကြားနေပြန်ပါတယ်။ အစိုးရကိုတော့ ဟိုဟာပြောင်းပေး၊ ဒီဟာဖွင့်ပေး၊ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး စသည်ဖြင့် တောင်းဆိုတတ်ကြပေမယ့် ကျွန်တော်တို့ အချင်းချင်းရော ဘယ်လောက်ညီညွတ်ကြပြီလဲ။ လိုက်နာသင့်တဲ့ စည်းကမ်းတွေကိုရော လိုက်နာနေကြပြီလား။
"ညီညွတ်တယ်" ဆိုတာကို ကျွန်တော်က "တူညီတဲ့ ရည်ရွယ်ချက် (Vision) တစ်ခုအတွက် စုပေါင်းလုပ်ဆောင်တယ်" လို့ နားလည်ပါတယ်။ အဲဒီရည်ရွယ်ချက်တစ်ခု အောင်မြင်ဖို့ ဘက်ပေါင်းစုံက မတူညီတဲ့ အရည်အချင်းမျိုးစုံရှိတဲ့ လူတန်းစားပေါင်းစုံက အားကြိုးမာန်တက် စုပေါင်းကြိုးစားကြရမှာပါ။ ဒီလိုကြိုးစားကြရာမှာ အကြိုက်တော့တူချင်မှတူမယ်ဆိုတာ ကို သတိထားသင့်ပါတယ်။ ကျွန်တော်ဆိုလိုတဲ့ “အကြိုက်” ဆိုတာ အမြင် (Point of view)၊ လမ်းစဉ် (Mission) နဲ့ ချဉ်းကပ်ပုံ (Approach) စတာတွေပါ။ အကြိုက်မတူတာဟာ မညီညွတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အဓိက အားနည်းချက်တစ်ခုအနေနဲ့ ညီညွတ်ရေးကို အတားအဆီးဖြစ်နေစေတာက အဲဒါပါပဲ။ လားရာ (Direction to vision) တူသည့်တိုင်အောင် အမြင်မတူတာကြောင့် ရန်သူလို သတ်မှတ်ခံရတဲ့ ဥပမာတွေ ကျွန်တော်တို့ သမိုင်းမှာ အများကြီးရှိခဲ့ပါပြီ။ ကျွန်တော်တို့ အဲဒီအချက်ကို အချိန်မီပြင်ဆင်ပြီး အကြိုက်မတူကြသည့်တိုင်အောင် ရည်ရွယ်ချက်တူမယ်ဆိုရင် နားလည်မှုရှိရှိနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အားေ တွ မွေးသင့်ပါပြီ။
အခုချိန်မှာ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်လုပ်နေသူတွေရှိသလို အင်တာနက်စာမျက်နှာတွေကနေ စာနဲ့မှတ်ချက်တွေရေးနေကြတဲ့ Facebook နိုင်ငံရေးသမားတွေ၊ Blog နိုင်ငံရေးသမားတွေလည်း အများကြီးရှိပါတယ်။ သူတို့ရဲ့ ရေးသားချက်တွေဟာ တခါတရံမှာ အင်မတန်အကျိုးရှိသလို တခါတလေတော့လည်း တော်တော်လေး အကျိုးမဲ့တာ၊ လက်တွေ့မဆန်တာလွန်းတွေ ရှိတတ်ပါတယ်။ တခါတလေကျတော့လည်း အမြင်မတူတာကို နားလည်မပေးနိုင်ဘဲ ငြင်းခုန်ကြရင်း မိုက်မိုက်ရိုင်းရိုင်းတွေပြော၊ ငယ်ကျိုးငယ်နာတွေဖော်နဲ့ မူလရည်ရွယ်ချက်ကနေ အတော်လေးသွေဖယ်သွားတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးမဆိုထားနဲ့ - အားပေးတဲ့ ဘောလုံးအသင်းမတူလည်း ဆဲဆိုဖို့ ဝန်မလေးကြသလို၊ Rapper နဲ့ Rocker ကွဲလည်း အမေနှစ်မ မဖတ်ရဲအောင် ရေးတတ်ကြပါတယ်။ ကျွန်တော်တို့တွေ အင်တာနက်ပေါ်မှာတောင် ညီညီညွတ်ညွတ် မရှိဘဲ ငါ့စကားနိုင်ပြီးရော လုပ်နေကြရင် တိုင်းပြည်အတွက် တကယ်အရေးကြီးတဲ့ အခြေအတင်ဆွေးနွေးပွဲတွေမှာ ရည်ရွယ်ချက်တူသူတွေ အမြင်မတူတာကို ဘယ်လိုများ ဆွေးနွေးကြမလဲ။ ကျွန်တော်တို့ ပြင်ကြရပါလိမ့်မယ်။
နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် ပြည်တွင်းမှာ စာပေစီစစ်ရေး မထားသင့်ဘူး၊ မီဒီယာလွတ်လပ်ခွင့် အပြည့်ပေးသင့်တယ်လို့ ကြွေးကြော်နေသူတချို့တွေရဲ့ Blog တွေ၊ website မှာကျတော့ Comment မှတ်ချက်တွေ လွတ်လွတ်လပ်လပ်ပေးခွင့် မရှိတာက အတော်လေး ဟာသဆန်ပါတယ်။ Comment ရေးပြီးတဲ့အခါ Blog ပိုင်ရှင်ရဲ့ ခွင့်ပြုချက်စောင့်ပြီးမှ ကိုယ်ရေးတဲ့ Comment ကို မြင်ရပါတယ်။ တခါတလေကျတော့လည်း အပယ်ခံရပြန်ပါတယ်။ ကိုယ့် Blog မှာတောင် မကောင်းပြောခံရမှာ၊ အမြင်မတော်တာရေးသွားမှာစိုးရင် ပြည်တွင်း ပုံနှိပ်မီဒီယာကို အစိုးရကြောက်တာ အပြစ်မဟုတ်သလိုဖြစ်နေပါတယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ ရလာတဲ့အခါလည်း လွတ်လပ်ပြီပဲဆိုပဲ အဆိပ်သင့်စာပေတွေ၊ စာဖတ်သူကို အတွေးချော်စေတဲ့စာပေတွေ၊ ရုပ်ရှင်တွေ မထုတ်လုပ်မိအောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။
စည်းကမ်း (ဒီထက်မြင့်ရင် ဥပဒေ) နဲ့ ပတ်သတ်လာရင်လည်း ကျွန်တော်တို့မှာ လိုက်နာမှုအားနည်းကြပါတယ်။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ စသည်ဖြင့် အတိအလင်းတားမြစ်ထားတဲ့ စည်းမျဉ်းတွေထက် အသိစိတ်နဲ့ ထိမ်းရမယ့် စည်းကမ်းတွေ (Unspoken Rules) ကို ပိုမိုသတိပြုသင့်ပါတယ်။ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်က နေရာတိုင်းမရှိပေမယ့် အမှိုက်ကို စည်းကမ်းမဲ့ မပစ်သင့်ဘူးဆိုတဲ့ အသိကတော့ လူတိုင်းခေါင်းထဲမှာ ရှိနေသင့်ပါတယ်။ ဒီလိုပဲ လမ်းကျဉ်းလေးထဲမှာ ကားကိုမလွတ်မလပ်ရပ်ခဲ့တာ၊ ကွမ်းတံတွေးနေရာတိုင်းထွေးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓိပ္ပာယ်မဲ့ ဖျက်ဆီးပစ်တာ၊ မိန်းကလေးတွေကို ပါးစပ်သရမ်း စနောက်တာတွေဟာ အကျင့်ဆိုးတွေဖြစ်ပြီး ကိုယ်ကစ ပြင်လိုက်ရင် မကြာခင်မှာ အားလုံးကောင်းသွားနိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ စနစ်တွေ၊ မူတွေသာ ပြောင်းခိုင်းနေတယ် - ကိုယ်တိုင်ပြောင်းလဲဖို့ကျတော့ စိတ်ဝင်စားမှု နည်းနေပါသေးတယ်။ မကြာသေးမီကပဲ အမျိုးသမီးသီးသန့်လိုင်းကားတွေ စမ်းသပ်ပြေးဆွဲနေတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ လုံခြုံသွားတယ်လို့ ရုတ်တရက်ဆို ထင်ရပေမယ့် စေ့စေ့စပ်စပ်ပြန်တွေးကြည့်ရင် အတော်လေး ရုပ်ဆိုးတဲ့ လုပ်ရပ်ပါပဲ။ လူဖြူ၊လူမည်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားတဲ့ခေတ်က ကျန်ခဲ့တာကြာပါပြီ။ ခြေထောက်နဲ့ ဖိနပ်မတော်တာကို ဖိနပ်အကြီးလဲမစီးဘဲ ခြေထောက်ကို လှီးဖြတ်လိုက်သလိုပါပဲ။ တကယ်တော့ လက်သရမ်းတဲ့လူတွေ၊ ကိုယ်ချင်းမစာနာသူတွေကို ထိထိရောက်ရောက် စုပေါင်းနှိမ်နင်းတာမျိုး၊ နောင်ကြဉ်သွားအောင် အရေးယူတာမျိုး၊ ပညာပေးတာမျိုးလုပ်သင့်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကိုယ့်ကျင့်သိက္ခာကို ထိမ်းသိမ်းကြရမှာပါ။
ကမ္ဘာမှာ ဒီမိုကရေစီအပြည့်အဝရတဲ့ နိုင်ငံတွေ၊ သယံဇာတပေါတဲ့ နိုင်ငံတွေ အများကြီးပါ။ ဒါပေမယ့် အဲဒီနိုင်ငံတိုင်း မချမ်းသာကြပါဘူး။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ဖြစ်မလာကြပါဘူး။ ကမ္ဘာလှည့်ခရီးသည်တွေလည်း မလာကြပါဘူး။ အိမ်မသာတော့ ဧည့်မလာပါဘူး။ မြန်မာပြည်ကတော့ ဒီမိုကရေစီထွန်းကားတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံအဆင့်ပြန်ရော က်ဖို့ အခြေအနေကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အာရှထိပ်တန်းနိုင်ငံကြီး အဆင့်မှာရှိခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာ သယံဇာတတွေကို ရောင်းချခဲ့သည့်တိုင် ဒုနဲ့ဒေး ကျန်နေသေးတယ်။ မျိုးချစ်စိတ်ရှိတဲ့ ပညာတတ်တွေ အများကြီးရှိတယ်။ နိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ လူတွေ အများကြီးရှိတယ်။ အကူအညီပေးချင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရှိတယ် ။ ရာသီဥတုမျိုးစုံနဲ့ တောင်ပေါ်၊ မြေပြန့်၊ ကမ်းခြေမျိုးစုံရှိတယ်။ တိုးပွားလာမယ့် လူဦးရေအတွက် နေရာလွတ်တွေရှိတယ်။ ရေချိုမြစ်တွေ မြောက်ကတောင် စီးနေတယ်။ ပထဝီနိုင်ငံရေးမှာ အချက်အခြာကျတဲ့ နေရာမှာရှိတယ်။ ဘာသာမျိုးစုံရဲ့ သာဿနိက အဆောက်အဦးတွေရှိတယ်။ စိတ်ထားဖြူစင်တဲ့ တိုင်းရင်းသားမျိုးစုံရှိတယ်။ ကျွန်တော်တို့မှာ လိုအပ်နေတာကတော့ ညီညွတ်မှုနဲ့ စည်းကမ်းပါပဲ။ ဒီမိုကရေစီရအောင် ကြိုးပမ်းသူတွေ ကြိုးပမ်းနေကြချိန်မှာ ကျွန်တော်တို့ကလည်း ဒီမိုကရေစီနဲ့အညီ နေထိုင်နိုင်တဲ့၊ ဒီမိုကရေစီကို အလွဲသုံးစားမလုပ်တဲ့ ညီညွတ်ပြီး စည်းကမ်းရှိတဲ့ ပြည်သူတွေဖြစ်အောင် ကြိုးပမ်းပြင်ဆင်သင့်ပါပြီ။ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်းရောက်နေပြီလို့ ပြောသံကြားတိုင်း ကျွန်တော်ပြန်တွေးနေမိတာကတော့ ပြည်သူတွေရော အဆင်သင့်ဖြစ်နေပြီလား....
လေးစားစွာဖြင့်
ကမ္ဘာစိုးမင်း
[By ကမ္ဘာစိုးမင်း (Kabar Soe Min)]
တိုင်းပြည်မှာတော့ အပြောင်းအလဲတွေဟာ နေ့စဉ်ရက်ဆက် ဆိုသလိုကို ဖြစ်ပေါ်နေပါတယ်။ သက်ဆိုင်ရာက ပြောခဲ့သလို ၂၀၁၁ မှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ အခု ၂၀၁၂ နှစ်ဆန်းပိုင်းအထိလည်း သံတမန်အဝင်အထွက်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေ၊ နိုင်ငံရေးအကျဉ်းသားအမ...ျားစု လွတ်မြောက်လာတာ၊ အခွန်ငွေကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ စတဲ့ သတင်းတွေဟာ မြန်မာ့မီဒီယာတွေမှာသာမက ကမ္ဘာ့မီဒီယာမှာပါ ဦးစားပေးသတင်းအနေဲ့ ဆက်တိုက်ဆိုသလို ဖော်ပြပေးနေကြပါတယ်။ မကြာသေးတဲ့ ၂၀၁၀ တုန်းက အခြေအနေနဲ့ ပြန်ယှဉ်ထိုးကြည့်ရင် အခြေအနေတွေဟာ အကောင်းဘက်ကို အနည်းနဲ့အများဦးတည်လာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ စနစ်အပြောင်း၊ ခေတ်အပြောင်းမှာ ကျွန်တော်တို့ရော လိုက်ပါပြောင်းလဲခဲ့ကြရဲ့လား။ ကျွန်တော်တို့ စိတ်ဓာတ်တွေရော ၂၀၁၀ တုန်းကလိုပဲလား။
လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့မိန့်ခွန်းတွေကို ပြန်ကြည့်တဲ့အခါ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေပြင်ဖို့၊ လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်တဲ့ နိုင်ငံနဲ့ ဆီလျော်အောင် နေထိုင်နိုင်ဖို့ တဖွဖွ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ပြီးတဲ့အခါ အားလုံးသိကြတဲ့အတိုင်း မညီညွတ်ကြတာကြောင့် ထိပ်တန်းနိုင်ငံကြီးအဆင့်ကနေ နောက်တန်းကျတဲ့ နိုင်ငံတစ်ခုအဆင့်ကို ဆယ်စုနှစ် ခြောက်ခုလောက်အတွင်းမှာ ဆင်းသက်ခဲ့ရပါတယ်။ အခုလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ပြည်သူတွေ ညီညွတ်ကြဖို့၊ အများအားနဲ့ စုပေါင်းကြံဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါတလဲလဲ မှာကြားနေပြန်ပါတယ်။ အစိုးရကိုတော့ ဟိုဟာပြောင်းပေး၊ ဒီဟာဖွင့်ပေး၊ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး စသည်ဖြင့် တောင်းဆိုတတ်ကြပေမယ့် ကျွန်တော်တို့ အချင်းချင်းရော ဘယ်လောက်ညီညွတ်ကြပြီလဲ။ လိုက်နာသင့်တဲ့ စည်းကမ်းတွေကိုရော လိုက်နာနေကြပြီလား။
"ညီညွတ်တယ်" ဆိုတာကို ကျွန်တော်က "တူညီတဲ့ ရည်ရွယ်ချက် (Vision) တစ်ခုအတွက် စုပေါင်းလုပ်ဆောင်တယ်" လို့ နားလည်ပါတယ်။ အဲဒီရည်ရွယ်ချက်တစ်ခု အောင်မြင်ဖို့ ဘက်ပေါင်းစုံက မတူညီတဲ့ အရည်အချင်းမျိုးစုံရှိတဲ့ လူတန်းစားပေါင်းစုံက အားကြိုးမာန်တက် စုပေါင်းကြိုးစားကြရမှာပါ။ ဒီလိုကြိုးစားကြရာမှာ အကြိုက်တော့တူချင်မှတူမယ်ဆိုတာ
အခုချိန်မှာ နိုင်ငံရေးထဲ ထဲထဲဝင်ဝင်လုပ်နေသူတွေရှိသလို အင်တာနက်စာမျက်နှာတွေကနေ စာနဲ့မှတ်ချက်တွေရေးနေကြတဲ့ Facebook နိုင်ငံရေးသမားတွေ၊ Blog နိုင်ငံရေးသမားတွေလည်း အများကြီးရှိပါတယ်။ သူတို့ရဲ့ ရေးသားချက်တွေဟာ တခါတရံမှာ အင်မတန်အကျိုးရှိသလို တခါတလေတော့လည်း တော်တော်လေး အကျိုးမဲ့တာ၊ လက်တွေ့မဆန်တာလွန်းတွေ ရှိတတ်ပါတယ်။ တခါတလေကျတော့လည်း အမြင်မတူတာကို နားလည်မပေးနိုင်ဘဲ ငြင်းခုန်ကြရင်း မိုက်မိုက်ရိုင်းရိုင်းတွေပြော၊ ငယ်ကျိုးငယ်နာတွေဖော်နဲ့ မူလရည်ရွယ်ချက်ကနေ အတော်လေးသွေဖယ်သွားတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးမဆိုထားနဲ့ - အားပေးတဲ့ ဘောလုံးအသင်းမတူလည်း ဆဲဆိုဖို့ ဝန်မလေးကြသလို၊ Rapper နဲ့ Rocker ကွဲလည်း အမေနှစ်မ မဖတ်ရဲအောင် ရေးတတ်ကြပါတယ်။ ကျွန်တော်တို့တွေ အင်တာနက်ပေါ်မှာတောင် ညီညီညွတ်ညွတ် မရှိဘဲ ငါ့စကားနိုင်ပြီးရော လုပ်နေကြရင် တိုင်းပြည်အတွက် တကယ်အရေးကြီးတဲ့ အခြေအတင်ဆွေးနွေးပွဲတွေမှာ ရည်ရွယ်ချက်တူသူတွေ အမြင်မတူတာကို ဘယ်လိုများ ဆွေးနွေးကြမလဲ။ ကျွန်တော်တို့ ပြင်ကြရပါလိမ့်မယ်။
နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် ပြည်တွင်းမှာ စာပေစီစစ်ရေး မထားသင့်ဘူး၊ မီဒီယာလွတ်လပ်ခွင့် အပြည့်ပေးသင့်တယ်လို့ ကြွေးကြော်နေသူတချို့တွေရဲ့ Blog တွေ၊ website မှာကျတော့ Comment မှတ်ချက်တွေ လွတ်လွတ်လပ်လပ်ပေးခွင့် မရှိတာက အတော်လေး ဟာသဆန်ပါတယ်။ Comment ရေးပြီးတဲ့အခါ Blog ပိုင်ရှင်ရဲ့ ခွင့်ပြုချက်စောင့်ပြီးမှ ကိုယ်ရေးတဲ့ Comment ကို မြင်ရပါတယ်။ တခါတလေကျတော့လည်း အပယ်ခံရပြန်ပါတယ်။ ကိုယ့် Blog မှာတောင် မကောင်းပြောခံရမှာ၊ အမြင်မတော်တာရေးသွားမှာစိုးရင် ပြည်တွင်း ပုံနှိပ်မီဒီယာကို အစိုးရကြောက်တာ အပြစ်မဟုတ်သလိုဖြစ်နေပါတယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ ရလာတဲ့အခါလည်း လွတ်လပ်ပြီပဲဆိုပဲ အဆိပ်သင့်စာပေတွေ၊ စာဖတ်သူကို အတွေးချော်စေတဲ့စာပေတွေ၊ ရုပ်ရှင်တွေ မထုတ်လုပ်မိအောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။
စည်းကမ်း (ဒီထက်မြင့်ရင် ဥပဒေ) နဲ့ ပတ်သတ်လာရင်လည်း ကျွန်တော်တို့မှာ လိုက်နာမှုအားနည်းကြပါတယ်။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ စသည်ဖြင့် အတိအလင်းတားမြစ်ထားတဲ့ စည်းမျဉ်းတွေထက် အသိစိတ်နဲ့ ထိမ်းရမယ့် စည်းကမ်းတွေ (Unspoken Rules) ကို ပိုမိုသတိပြုသင့်ပါတယ်။ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်က နေရာတိုင်းမရှိပေမယ့် အမှိုက်ကို စည်းကမ်းမဲ့ မပစ်သင့်ဘူးဆိုတဲ့ အသိကတော့ လူတိုင်းခေါင်းထဲမှာ ရှိနေသင့်ပါတယ်။ ဒီလိုပဲ လမ်းကျဉ်းလေးထဲမှာ ကားကိုမလွတ်မလပ်ရပ်ခဲ့တာ၊ ကွမ်းတံတွေးနေရာတိုင်းထွေးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓိပ္ပာယ်မဲ့ ဖျက်ဆီးပစ်တာ၊ မိန်းကလေးတွေကို ပါးစပ်သရမ်း စနောက်တာတွေဟာ အကျင့်ဆိုးတွေဖြစ်ပြီး ကိုယ်ကစ ပြင်လိုက်ရင် မကြာခင်မှာ အားလုံးကောင်းသွားနိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ စနစ်တွေ၊ မူတွေသာ ပြောင်းခိုင်းနေတယ် - ကိုယ်တိုင်ပြောင်းလဲဖို့ကျတော့ စိတ်ဝင်စားမှု နည်းနေပါသေးတယ်။ မကြာသေးမီကပဲ အမျိုးသမီးသီးသန့်လိုင်းကားတွေ စမ်းသပ်ပြေးဆွဲနေတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ လုံခြုံသွားတယ်လို့ ရုတ်တရက်ဆို ထင်ရပေမယ့် စေ့စေ့စပ်စပ်ပြန်တွေးကြည့်ရင် အတော်လေး ရုပ်ဆိုးတဲ့ လုပ်ရပ်ပါပဲ။ လူဖြူ၊လူမည်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားတဲ့ခေတ်က ကျန်ခဲ့တာကြာပါပြီ။ ခြေထောက်နဲ့ ဖိနပ်မတော်တာကို ဖိနပ်အကြီးလဲမစီးဘဲ ခြေထောက်ကို လှီးဖြတ်လိုက်သလိုပါပဲ။ တကယ်တော့ လက်သရမ်းတဲ့လူတွေ၊ ကိုယ်ချင်းမစာနာသူတွေကို ထိထိရောက်ရောက် စုပေါင်းနှိမ်နင်းတာမျိုး၊ နောင်ကြဉ်သွားအောင် အရေးယူတာမျိုး၊ ပညာပေးတာမျိုးလုပ်သင့်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကိုယ့်ကျင့်သိက္ခာကို ထိမ်းသိမ်းကြရမှာပါ။
ကမ္ဘာမှာ ဒီမိုကရေစီအပြည့်အဝရတဲ့ နိုင်ငံတွေ၊ သယံဇာတပေါတဲ့ နိုင်ငံတွေ အများကြီးပါ။ ဒါပေမယ့် အဲဒီနိုင်ငံတိုင်း မချမ်းသာကြပါဘူး။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ ဖြစ်မလာကြပါဘူး။ ကမ္ဘာလှည့်ခရီးသည်တွေလည်း မလာကြပါဘူး။ အိမ်မသာတော့ ဧည့်မလာပါဘူး။ မြန်မာပြည်ကတော့ ဒီမိုကရေစီထွန်းကားတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံအဆင့်ပြန်ရော
လေးစားစွာဖြင့်
ကမ္ဘာစိုးမင်း
ဖဲမော့
ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးတဲ့နောက်ပို
အစိုးရနဲ့ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်
နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိုင်း-မြန်မာနယ်စပ်တနေရာ
တွေ့ဆုံပွဲမှာ သဘောတူဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းမရှိသေးပေမယ့် KNPP မှတင်ပြဆွေးနွေးတဲ့ စစ်တပ်စခန်းတည်ဆောက်နေတဲ့ ကိစ္စနဲ့ ပြည်သူပိုင်မြေယာတွေသိမ်းဆည်းေ
“ကျနော်တို့အနေနဲ့ လူထုတွေ လုပ်ကိုင်စားသောက်တဲ့ တောင်ယာ၊ စပါးခင်း၊ လယ်ယာမြေကို သိမ်းပြီးတော့ သူတို့စစ်တပ် စခန်း တည် ဆောက်တာ။ နောက် စက်မှုဇုံတည်ဆောက်ဖို့ လုပ်တဲ့ ကိစ္စတွေမျိုးလည်း ကျနော်တို့ တင်ပြတယ်။ အဲဒီဟာကိုတော့ သူတော်တော် လေး ကို စိတ်ဝင်စား နားထောင်ပြီး သူမှတ်သားသွားတာပဲ။ သူဘာမှတော့ မပြောဘူး။ သို့သော် ဒီကိစ္စနဲ့ ပက်သက်ပြီး သူပြန်ကြည့် ပေးပါ အုံး မယ်လို့ ပြောသွားတယ်။ အရေးယူဆောင်ရွက်ပေးမယ်လို့တော့ တချက်တည်းနဲ့ သူမပြောဘူး”
အစိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဆံ
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း ကရင်နီပြည် ဖရူဆိုမြို့နယ် လောဂျာ၊ မားပရိုရှေ့နဲ့ ဒေါလောခူရွာက ပြည်သူပိုင် လယ်မြေ ဧက ၂၇၀၀ ကို အမှတ် ၁၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကွ
၂၀၀၈-၂၀၀၉ ခုနှစ်မှာလည်း ဘောလခဲမှ ဧက ၆၀၊ ဖရူဆိုမှ ဧက ၅၀၊ ဒီးမော့ဆိုနဲ့ငွေတောင်မှ ဧက ၈၀ အပြင် လွိုင်ကော်မြို့ စက်မှုဇုံတို့ကိုလည်း အာဏာပိုင်တွေကသိမ်းဆည်းခဲ့ပါတယ်
ယခု ၂၀၁၂ ခုနှစ်မှာလည်း လွိုင်ကော်မြို့ အရှေ့မြောက်ဖက်ရှိ ပကျဲရွာဟောင်းမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ တရုတ် ကုမ္ပဏီ တ ခုမှ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြေဧက ၁၂၀၀ ခန့်ကို ဒေသခံတွေမသိဘဲ သိမ်းဆည်သွားနိုင်တယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး KNYO ကဆိုထားပါတယ်။
“အဲဒီရွာမှာ အိမ်ဟောင်း၊ ရွာဟောင်း ဖြစ်သွားပြီ။ ဒါပေမယ့် ကွင်းတော့ ရှိတယ်။ အဲဒီနေရာကို သူတို့ သိမ်းပြီး သူတို့ ကုမ္ပဏီနဲ့ ဆက်စပ် ပြီး ဘိလပ်မြေစက်ရုံ ထောင်ဖို့လုပ်တယ်” လို့ KNYO ဥက္ကဌ ထွေးရယ်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပဏာမတွေ့ဆုံပွဲမှာ KNPPဘက်မှ အတွင်းရေးမှူး -၁ ခူဦးရယ် ဦးဆောင်ပြီး အတွင်းရေးမှူး -၂ ဆရာအောင်ဆန်းမြင့်၊ KNPP အရံဗဟိုကော်မီဝင် ဆရာ ပလုရယ်နဲ့ ကရင်နီပြည်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးတို့ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်ပြီး အကျိုးတော်ဆောင်များ ဖြစ်တဲ့ ဦး လှမောင်ရွှေ၊ ဦးတင်မောင်သန့်နဲ့ ကယားဖူးမှ ဦးကြည်စိန်တို့ ပါဝင်ခဲ့ပါတယ်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment