မြန်မာသတင်းများ ဖေဖေါ်ဝါရီလ၊ ၂ ရက်၊ ၂၀၁၂
ကချင်ဒုက္ခသည် စခန်းအချို့တွင် ဝမ်းရောဂါဖြစ်ပွားနေ
ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် ဒုက္ခသည်စခန်း အချို့တွင် ကလေးများနှင့် သက်ကြီး ရွယ်အိုများအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကြောင်း ကချင် ဒုက္ခသည်ကူညီရေး အဖွဲ့များကို စီမံခန့်ခွဲပေးနေသည့် Relief Action Network for IDP and Refugee – RANIR အဖွဲ့ထံမှ သိရကြောင်းသိရ ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ အင်ဘာပါ ဒုက္ခသည်စခန်း သုံးခုနှင့် ဝိုင်းမော်မြို့နယ်ရှိ ပါဂျောင် ဒုက္ခသည် စခန်းတို့ တွင် သောက်သုံးရေ လုံလောက်မှု မရှိခြင်းနှင့် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကလေးငယ် အယောက် ၃ဝ ကျော် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေပြီး ပါဂျောင်စခန်းတွင် ဝမ်းပျက်ရောဂါဖြင့် ကလေးတဦး သေဆုံးခဲ့သည်ဟု RANIR အဖွဲ့က ပြောကြောင်းသိရသည်။
FDB က လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လိုလား
မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု FDB က ဦးအောင်မင်းနှင့် တွေ့ဆုံလျှင် နိုင်ငံရေးအရ ပါဝင်ပတ်သက်သူ အားလုံး ပါဝင်နိုင်မည့် လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုမျိုး လိုလားကြောင်း တင်ပြမည်ဟု အဖွဲ့အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောကြောင်း သမ္မတကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံ မည်ဟု FDB အဖွဲ့ဝင် ၇ ဖွဲ့နှင့် တသီးပုဂ္ဂလများ စုစုပေါင်း ၂၀ ဦးကျော် တက် ရောက်သည့် ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှ သဘောတူညီခဲ့ကြကြောင်းသိရသည်။
နေမျိုးဇင် လွတ်မြောက်ပြီးနောက် တရားစီရင်ရေးကို အသိအမှတ်ပြု
အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ပေးလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် အစိုးရ၏ တရားစီရင်ရေး မဏ္ဍိုင်ကို ကြိုဆိုဂုဏ်ပြုကြောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းသို့ တရားမဝင် ပစ္စည်းသွင်းယူရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်အမှုကို ဗုဒ္ဓဟူးနေ့က အင်းစိန်တရားရုံးမှ စီရင်ချက်ချရာတွင် ၎င်းကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
မစ္စတာ ကွင်တားနား အား ကျန်ရှိ နိုင်/ကျဉ်းအရေး တင်ပြကြမည်
မြန်မာနိုင်ငံသို့ အင်္ဂါနေ့က ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr Tomas Quitana အား ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးရန် တောင်းဆိုသွားကြမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြောင်းရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ကရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်တို့ သုံးဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရုံး UNDP တွင် နံနက်၁၁ နာရီမှ မွန်းလွဲ ၁ နာရီထိ Mr Tomas Quitana နှင့် တွေ့ဆုံသည့်အခါ ထိုအချက် အပါအဝင် ၎င်းတို့၏ လိုလားချက်များကို တင်ပြသွားမည်ဟု သိရသည်။
မြောက်ကိုရီးယားထံမှ အနုမြူပညာရယူမှုဟာ အနောက်နိုင်ငံများရဲ့ သက်သေမရှိတဲ့ သံသယဖြစ်မှုတခုသာဖြစ်ကြောင်း သမတပြောကြား
မြန်မာသမ္မကြီးဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ ၃ ရက်ကြာ၊ စင်ကာပူအစိုးရဧည့်သည်တော်အဖြစ် ၃၀ ဇန္န၀ါရီမှ ၁ ဖေဖေါ်ဝါရီ ၂၀၁၂ အထိ နေထိုင်ခဲ့ကြပါတယ်။ စင်ကာပူအစိုးရရဲ့ The Straits Times သတင်းစာမှာတော့ S’pore supports Myanmar’s journey to democracy လို့ ရေးထားပြီး၊ စင်ကာပူသမ္မတတိုနီတန်နဲ့ဦးသိန်းစိန်တို့ဇနီးမောင်နှံ၂ဦးစင်ကာပူသမ္မတအိမ်တော်ဓါတ်ပုံကိုဖေါ်ပြထားကြောင်းအာဏာအရှိဆုံး စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ နှုတ်ဆက်တဲ့ဓါတ်ပုံလည်း ပါဝင်ကြောင်းစင်ကာပူနဲ့ နည်းပညာပိုင်းဆိုင်ရာပူး ပေါင်းဆောင်ရွက်ဖို့၊ အထူးသဖြင့် စင်ကာပူကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်အသုံးချရေးများအတွက် စာချုပ်များချုပ်ဆိုကြကြောင်းသိရသည်။
ABSDF (North) Massacre 20th Anniversary
အေဘီမြောက်ပိုင်း လုပ်ကြံမှု အနှစ် ၂၀ပြည့် ပထမဦးဆုံးအကြိမ် စုပေါင်းကောင်းမှုကုသိုလ်ပြု ဆွမ်းကျွေးပွဲ မိုးမခရွာဆော်ကြီး၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၂ လက်ခံရရှိတဲ့ ဖိတ်စာများမှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီး ၂ မြို့လုံးမှာ ပြုလုပ်မယ်လို့ ရေးသားထားကြောင်းသိရသည်။
အေဘီမြောက်ပိုင်းတွင် လုပ်ကြံခံရသူ ကျောင်းသား၊ လူငယ်များ ရည်စူးသည့် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆွမ်းကျွေးပွဲဖိတ်စာ ရှစ်လေးလုံးနောက်ပိုင်း ကျောင်းသားသမိုင်းမှာ သဏ္ဍာန်မျိုးစုံနဲ ဖြတ်သန်းခဲ့ကြတဲ့ … မသေအသက် ဆက်ခဲ့သူများ … သေဖော်ရဲဖက် လက်တွဲဖက်များ … တာဝန်တွေတွက် လျှို့ဝှက်ခဲ့သူများ … စာနာစိတ်ထား လုပ်ဖော်ဖက်များ … စုစည်းတွေ့ ဆုံလို့  ….. ရက်ရက်စက်စက် အသက်ကိုစွန့် ခဲ့ကြတဲ့ ကျောင်းသားတို့ရဲ့ သူရဲကောင်းသရုပ်ကို...
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ပေးဖို့ တောင်းဆို – to rebuild the Students’ Union
ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိ အစိုးရအား ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်ကြောင်းသိရသည်။
HKU က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မည်
ဟောင်ကောင်တက္ကသိုလ် (HKU) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်မည်ဟု သတင်းရရှိသည်။ လူမှုအဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာများတွင် ကြိုးပမ်းဆောင်ရွက်သူ၊ ထူးချွန်သော ပညာရှင်၊ လူမှုရေးနှင့် ယဉ်ကျေးမှုတွင် အကျိုးများအောင် ဆောင်ရွက်သူ ၆ ဦးကို ရွေးချယ်၍ HKU က ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရန် ရွေးချယ်ခြင်းဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ ကြေညာချက်တွင် ဖော်ပြထားကြောင်းသိရသည်။
မစ်ရှဲယိုး မြန်မာပြည်သွားဖို့ ထပ်ကြိုးစားမည်
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မစ်ရှဲယိုးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ရေး ထပ်ကြိုးပမ်းမည်ဟု သိရသည်။ ယမန်နှစ် ဇွန်လက မစ်ရှဲယိုးကို မြန်မာနိုင်ငံသို့ အဝင်မခံဘဲ အာဏာပိုင်များက ရန်ကုန်လေဆိပ်မှ ပြန်ပို့ခဲ့ကြောင်းသိရသည်။
မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူညီချက် ၅ ခုရ
မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ပြုလုပ်သည့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရ ပဏာမ သဘောတူညီချက် ၅ ခု ချမှတ်နိုင်ခဲ့ကြောင်း သဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန်၊ ဆက်ဆံရေးစခန်းဖွင့်ရန်၊ သတ်မှတ်နေရာများမှအပ တခြားဒေသများသို့ လက်နက်ဖြင့် မသွားရန်၊ နှစ်ဘက်သဘောတူညီထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် နိုင်စိုးမြင့်က ပြောကြောင်းသို့သော် ယင်းပဏာမ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီဘက်မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ပါတီဗဟိုကော်မတီသို့ တင်ပြပြီးမှသာ ဖေဖော်ဝါရီလ တတိယပတ်တွင် အတည်ပြု လက်မှတ်ရေးထိုးမည်ဟု သိရသည်။
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ
မစ္စတာကင်တားနားက အစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေပြီး ကြောင်းသိရသည်။
ရွှေဝါရောင် သံဃာများ သင်္ကန်းဆီးခွင့်ရ
ပြစ်မှု ကျူးလွန်သူများ အဖြစ် အစွပ်စွဲခံခဲ့ရတဲ့ ရွှေဝါရောင် သံဃာများကို ဒီကနေ့ တိုင်း သံဃာ့မဟာနယကအဖွဲ့က သင်္ကန်းဆီးခွင့် ပြုလိုက်ပါတယ်။ရွှေဝါရောင် လှုပ်ရှားမူကြောင့် အကျဉ်းကျခဲ့ပြီး ပြန်လွတ်လာသူ သံဃာငါးပါးကို ကျောင်းတိုက်များအတွင်း တရားမ၀င် ၀င်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ သင်္ကန်းဆီးမှု စတဲ့ စွပ်စွဲချက်တွေနဲ့ သံဃာ့မဟာနာယကအဖွဲ့က ဇန်န၀ါရီ ၂၇ ရက်က ဆင့်ခေါ်ခဲ့ပြီး ခံဝန်ချက် လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။
သံဃာတော်များဟာ ဇန်န၀ါရီလ ၂၇ ရက်မှာ ကျောင်းတိုက်များက ထွက်ပေးခဲ့ရပြီး သင်္ကန်းပြန်ဆီးခွင့် လျှောက်ထားခဲ့ရပါတယ်။ ဒီကနေ့ ရန်ကုန် တိုင်းသံဃာ့နာယကအဖွဲ့ရုံးကို ကြွရောက်ခဲ့တဲ့ ဆရာတော်များကတော့ မဂ္ဂင်ကျောင်းတိုက် ဆရာတော် ဦးဣဿရိယ၊ ရွှေတောင်ကျောင်းက ဦးပဏ္ဍ၀ံသနဲ့ သံလျင် အောင်ဗောဓိကျောင်းက ဦးပညာသီဟတို့ ဖြစ်ကြပါတယ်။
မြန်မာပြည်ကို ပြန်လာချင်ရင် ပြန်လာနိုင်တယ် ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကိုမိုးသီးဇွန် နှင့် မေးမြန်းချက်
ကိုမိုးသီးဇွန် ခင်ဗျား ဇန်န၀ါရီလ ၁၄ ရက်နေ့က ဒုတိယ ပြည်ထဲရေးဝန်ကြီး ဦးကိုကိုက ခင်ဗျားနဲ့ ဒေါက်တာစိန်ဝင်း ကို မြန်မာပြည်ကို ပြန်လာချင်ရင် လာနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြော ချင်ပါသလဲ။ဟုတ်ကဲ့။ ကျနော်ကို ပြန်လာနိုင်ပါတယ်လို့ ဖိတ်ခေါ်သွားတဲ့ ဦးကိုကို ကို ကျေးဇူးတင်ပါတယ်။ ကျနော်အပါအ၀င် ပြည်ပ ရောက် ၈၈ မျိုးဆက်များ၊ ပြည်ပရောက်မြန်မာ နိုင်ငံသား ဒီမိုကရေစီအင်အားစုများဟာ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန် လည်ထွန်းကားရေး၊ လူအခွင့်အရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့အ တွက် နှစ်ပေါင်းများစွာ ကြိုးပန်းဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ သူတို့အားလုံး ကိုယ်နိုင်ငံကိုကိုယ်ပြန်ပြီး တိုင်းကျိုးပြု ပြည်ကျိုးပြု ဆောင်ရွက်လိုသူများ ဖြစ်ပါတယ်။ အားလုံး လူ့ဂုဏ်သိကာရှိရှိ ပြန်လာနိုင်ဖို့ အတွက် လက်ရှိအစိုးရက တ ရားဝင်ဖိတ်ခေါ်မှုတွေ စီမံဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ကျနော် တိုက်တွန်းလိုပါတယ်။
ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေသူတွေ၊ ဒုက္ခသည်စခန်းမှာ တသိန်းကျော်ရှိနေတဲ့ မြန်မာပြည်သားတွေ၊မလေးရှားမှာ ဒုက္ခသည်လျောက်ထားသူ ၅ သိန်းရှိတယ်။ တသိန်းကျော်က ကုလသမဂ မဟာမင်းကြီးရုံးက တရားဝင် အသိမှတ်ပြုပြီး သားတွေလို့သိရတယ်။ ဂျပန်မှာ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေတယ်။ ဒီလူတွေဟာ သူတို့ မွေးရာနိုင်ငံကို ဘယ်တော့ ပြန်နိုင်မလဲ။ သူတို့ဟာ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်မှ တိုင်းပြည်ဟာ တိုးတက်မယ်၊ ကြီးပွားမယ် ဆိုတာကို ပြောခဲ့သူတွေ၊ လုပ်ခဲ့သူတွေ ယုံကြည်ခဲ့သူတွေပါ။ ဒီလိုပြောခဲ့သူတွေကို အစိုးရက ကျေးဇူးတင်ရမှာပါ။ သူတို့ ရဲ့ကြိုးပန်းမှု၊ စွန့်လွတ်မှုတွေကို အသိမှတ်ပြုရမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို သူတို့တတ်အားသရွေ့ ဆောင်ရွက်နိုင်သူတွေပါ။ သူတို့နဲ့ စေ့စပ်ဖို့ ပြန်လာနိုင်ဖို့ သူတို့ဘ၀တွေ ပြန်လည်တည်ဆောက် နိုင်ဖို့ စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့အစိုးရက ဖိတ်ခေါ်မှု ကမ်းလှမ်းမှုတွေလုပ်လာရင် ကိုမိုးသီးက ပြန်မှာလား။
မြန်မာပြည်က တကယ်ပဲပြောင်းလဲပြီလား၊ ပြောင်းလဲမှုလမ်းစပေါ်ရောက်ပြီလား။ တိုးတက်ပြောင်းလဲမှုဖက်ကို ဦးတည် နေပြီလားဆိုတာ ကျနော် သိချင်ပါတယ်။ရောမမြို့ကြီးကို တနေ့တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ ကျနော်မျက်စိနဲ့ မြင်ချင်တယ်။
မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်နေချိန်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်မှုရှိရေး၊ လူတိုင်း ပါဝင်နိုင်ခွင့်ရှိရေး၊ တရားဥပဒေဆိုးမိုးရေး၊ အခွင့်အလမ်းတန်းတူညီမျှရှိရေး၊ နိုင်ငံသားတိုင်း မွေးရာပါ အခွင့်အ ရေးတွေရှိရေး၊ ငြိမ်းချမ်မှု တည်တန့်ရေးတွေဟာ အခြေခံ မြန်မာပြည်ကြီးကို ပြန်လည်တည်ဆောက်တဲ့အခါမှာ လိုအပ် နေတဲ့ အုပ်သဲကျောက်တွေ ဖြစ်ပါတယ်။ ဒီ အုပ်သဲကျောက်တွေကို ကျနော် သယ်ဆောင်ပေးချင်ပါတယ်။ ကျနော် သယ် ဆောင်ခွင့်ရှိရင် ပြန်ချင်တယ်။
အခု အေဘီအက်စ်ဒီအက်ဖ်နဲ့ရော၊ အက်ဖ်ဒီပီနဲ့ရော ဦးသိန်းစိန်အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ဖိတ်ခေါ် တာတွေရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်သလဲ။
တွေ့ဆုံဆွေးနွေးတာဟာ လက်နက်ချတာ မဟုတ်ပါဘူး။ ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်တာမဟုတ်ဘဲ ဆွေးနွေးမှုနဲ့ ဖြေ ရှင်းတာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အင်အားစုတွေဟာ ကိုယ့်မူတွေအပေါ်မှာ အကောင်းဆုံးရလဒ်ကို ရှာကြတာပါပဲ။
ကျနော် အေဘီအက်စ်ဒီအက်ဖ်မှာ တာဝန်ယူစဉ်ကလဲ ဗိုလ်ချုပ်မြ တာဝန်ပေးလို့ သက်ဆိုင်ရာ အစိုးရ န၀တ၊ နအဖ အ ဆက်ဆက်နဲ့ မကြာခဏ စေ့စပ်တာ၊ စကားပြောတာတွေ လုပ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ ချင်းမိုင်မှာ သုံးလေးကြိမ် ဆွေးနွေးခဲ့ကြရပါတယ်။ ၁၉၉၁ လောက်မှာ
ပထမဆုံးအကြိမ် ကေအင်ယူ ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မောင်မောင်၊ ကေအန်ပီပီက ဥက္ကဋ္ဌ ထဲဖူးဖဲလ်၊ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ရွှေကျင်ရယ်၊ ကျနော်ရယ် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူတချို့ကို သဘောတူထားခဲ့ကြပါတယ်။
အနှစ်သာရကတော့ ကိုယ့်ပါတီအဖွဲ့စည်းတွေရဲ့ ရပ်တည်ခွင့်၊ နယ်မြေအုပ်ချုပ်ခွင့်တွေအပေါ်မှာ အာဏာပိုင်နဲ့ ဒေသဖွံ့ ဖြိုးရေးနဲ့ လူထုအကျိုးကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကိုလက်တွေ ကျင့်သုံးနိုင်ရင် ယုံကြည်မှုရပြီး အနာဂတ် မှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုရရှိစေမှာ ဖြစ်တယ်။
ဦးသိန်းစိန် အစိုးအရအနေနဲ့ ဘယ်လို ဖိတ်ခေါ်မှုတွေ၊ ဆောင်ရွက်မှုတွေကို ဆိုလိုတာလဲ။ ရှင်းပြနိုင်မလား
နိုင်ငံသားတွေအားလုံးဟာ ကန့်သတ်မှုမရှိဘဲ အချိန်မရွေး ပြန်လာခွင့်၊ သူတို့အလုပ်ကိုင်တွေ နိုင်ငံခြားမှာ သွားရောက် လုပ်ကိုင်ကြမယ်ဆိုရင်လည်း အချိန်မရွေးပြန်လည် သွားရောက်လုပ်ကိုင်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။
လူဝန်မှုကြီးကြပ်ရေးက အကျင့်ပျက်ခြစားဝန်ထမ်းတွေရဲ့ မသမာမှုတွေကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေး ဖို့ ဖြစ်ပါတယ်။ အစိုးရကို နာမည်ပျက်စေတဲ့ အထဲမှာလဲ လူဝန်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့ မသမာမှုကလဲ အကြီးမား ဆုံးအချက်ကြီးတခု ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့အခွန်ငွေတွေ ဆုံးရှုံးပြီး တိုင်းပြည်ကို နစ်နာနေပါတယ်။
တချို့သော ကျနော်တို့ မိတ်ဆွေတွေ မြန်မာသံရုံးတွေမှာ ဗီဇာသွားလျောက်တာတွေ ရှိတယ်။
ဒါက သူတို့မဖိတ်ခေါ်ခင် ကာလကတည်းကပါ။ တချို့တွေက နိုင်ငံသားမဖြစ်ဘဲ၊ သက်ဆိုင်ရာနိုင်ငံတွေက ထုတ်ပေး ထားတဲ့ ခရီးသွားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့သူတွေ ရှိတယ်။သူတို့ဟာ အကြောင်းအမျိုးအမျိုးကြောင့် ရောက်ရာ နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခဲ့ရသူတွေ၊ နိုင်ငံသားဖြစ်လာသူတွေ ရှိတယ်။ တချို့ကလဲ နယ်စပ်တွေမှာ တရားမ၀င် နေထိုင် နေရသူတွေ ဖြစ်ပါတယ်။
အစိုးရက အပေါ်ပိုင်းမှာ ပြောင်းလဲလိုတဲ့ ဆန္ဒတွေရှိပေမဲ့ အောက်ခြေအထိ ညွှန်ကြားချက်တွေ ရောက်သေးပုံမရဘူး။ ဒီ တော့ သံရုံးတွေက အခွန်ဆောင်ခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ ဥပမာ ဂျပန်မှာရှိတဲ့ ကျနော့်မိတ်ဆွေ တယောက်က ယာ ယီခရီးသွားလက်မှတ် ကိုင်ထားရသူ ဖြစ်တယ်။ သူ့ကိုအခွန် ငွေဒေါ်လာ နှစ်သောင်းခွဲကျော် ဆောင်ခိုင်းပါတယ်။ သိတဲ့ အတိုင်းပဲ နိုင်ငံတကာရောက်နေတဲ့ သူတွေဟာ ဒီလောက် မချမ်းသာကြပါဘူး။ အစိုးရက အခွန် ငွေ ၂ ရာခိုင်နှုန်းပဲ ဆောင်ရမယ်လို့ အမိန့်ထုတ်ပြန်ပေးပေမဲ့ အောက်ခြေက ဗီဇာသွားလျောက်ကို နည်းမျိုးစုံနဲ့ ကြန့်ကြာအောင် လုပ်နေကြ တုံး ဖြစ်ပါတယ်။ ကျနော်မိတ်ဆွေတယောက်က အမေရိကန်နိုင်ငံသားပါ ဗီဇာသွားလျောက်တော့ ဒေါ်လာ ၃၀၀ ထပ် တောင်းတာ ခံရတယ်။ နေပြည်တော်ကို တင်ထားဆိုပြီး အချိန်ဆွဲထားတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေက ခွင့်ရခိုက်လေးလုပြီး မြန်မာပြည်ကိုပြန်ကြဖို့ ကြိုးစားရသူတွေပါ။ အချိန်ဆွဲနေတဲ့ အခါမှာ အခက်ကြုံပြီး ဘန်ကောက်တင်ပဲ လှည့်ပြန်လာခဲ့ရတယ်။ ဒီတော့ တိုင်းပြည်က သူဆီကငွေကို မရလိုက်ဘူးပေါ့။ သူမြန်မာပြည်ရောက်ရင် သူသုံးမယ်စွဲမယ်။ ဒါဆို စီးပွားရေးကိုတဖက်တလမ်းက တိုးတက်စေနိုင်တာပဲ မဟုတ်လား။
သူက ထိုင်းမှာပဲ သုံးစွဲသွားတော့ ထိုင်းနိုင်ငံရဲ့ ၀င်ငွေပဲ တိုးတက်သွားတာပေါ့။
ဝန်ထမ်းတိုင်း ဆိုးနေတယ်လို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုဟာ ခြစားမှုတွေနဲ့ ပျက်စီးနေကြပါတယ်။ ဒါတွေကို ပြုပြင်ဖို့ အရေးယူဖို့ လိုပါတယ်။
နောက်တခုက ကျနော် မိတ်ဆွေမြန်မာနှစ်ဦးကို မေးကြည့်တယ်။ ပြန်မလားပေါ့။ သူတို့ပြောတာက မြန်မာပြည်မှာ ကြက် သားဟင်းနဲ့ ထမင်းစားနိုင်ဖို့၊ နက်စ်ကော်ဖီ သောက်နိုင်ဖို့ မလွယ်ဘူးတဲ့။ မပြန်ရဲသေးဘူးတဲ့။
သူတို့ ဒီမှာအထိုက်အလျောက် လုပ်ကိုင်စားသောက်လို့ ရနေပေမဲ့ မြန်မာပြည်ထဲ ပြန်သွားတဲ့အခါမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဒီမှာလို ရနိုင်မလားဆိုတာ မေးခွန်းရှိပါတယ်။ သူတို့က ဒီလိုအခြေအနေတွေကို စွန့်လွှတ်ပြီး ပြန်ချင် ကြပေမဲ့ အခွန်ဆောင်ခိုင်းတာမျိုးတွေလို ရှိနေတော့ ပြန်နိုင်ဖို့ခက်တယ်။
နောက်တခုက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်နေရတဲ့ ဒီမိုကရေစီအင်အားစုများ ဖြစ်ပါတယ်။သူတို့မှာ ဘာမှအထောက် ထားတွေ မရှိတော့ပါဘူး။
နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။
သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။
နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ ကိုယ့်အလုပ် ကိုယ်ရှုပ်ဆိုတော့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စာရင်းကြီးကို ဘယ်သူကမှ ခေါင်းထဲမှာ မှတ်မထားနိုင်ဘူး။
နိုင်ငံသားတွေရဲ့ အချက်အလက်တွေသိထားလို့ နိုင်ငံတော်လုံခြုံရေးကို တကယ်မကာကွယ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ ကျနော်ဆိုရင် ကျနော်အဖေမှာ ညီမတယောက်၊ အကိုတယောက်ရှိတယ်။ ကျနော် အဖေက ဖျာပုံ ကပါ။ အဒေါ်နာမည်ကလွဲလို့ ဦးလေးနာမည်ကိုတောင် ကျနော် မမှတ်မိတော့ဘူး။ သူတို့သားသမီးတွေ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲ ကျနော် မသိတော့ဘူး။ ကျနော့် မိဘတွေအိမ်ဟာ ဖျက်သိမ်းတဲ့ထဲ ပါသွားတယ်။ ဒီအိမ်မှာ ကျနော် ကြီး ပြင်းခဲ့တယ်။ ကျနော်ပြန်သွားရင် အိမ်မရှိတော့ဘူး။ အဖျက်ခံရတဲ့နေရာက မြေကွက်လပ်ကြီး ဖြစ်နေတယ်။ တခါတလေ ကျနော် ဂူဂဲလ်ကနေ ကျနော်တို့အိမ် မြေကွက်လပ်ကြီးကို ကြည့်ဖြစ်ပါတယ်။
ကျနော့် အမေပဲ ရှိတော့တယ်။ အမေ့လိပ်စာကို ကျနော်မသိဘူး။ ထောက်လှမ်းရေးကို ပြန်မေးရမလို ဖြစ်နေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျနော့် တူလေးတယောက်ရှိတယ်။ ကျနော့်လိုပဲ အေဘီအက်စ်ဒီအက်ဖ်မှာ အမှုထမ်းခဲ့တယ်။ တော ထဲမှာ သူငှက်ဖျားပို ခေါင်းထဲဝင်ပြီး သူဟာ ရူးသွားတယ်။ ဘန်ကောက်မှာ ဆေးကုနေတုံး ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေးတွေရဲ့အဖမ်းကိုခံရတယ်။ မြန်မာပြည်ကို ပြန်ပို့တယ်။ နှိပ်စက်ညှဉ်းပန်းပြီး သေခါနီးမှာ အမေ နေနေတဲ့ အိမ်ရှေ့မှာ လာချသွားတယ်။ တလလောက်အကြာမှာ သူဆုံးသွားတယ်။ ၂၀၀၂ ခုနှစ်လောက်ကပါ။
ဒီတော့ ကျနော့် အမေလိပ်စာသစ်ကို သူတို့ သိမယ်။
မြန်နှုန်းမြင့် မိုက္ကရိုဝေ့ဗ်ဆက် ကြောင်းများကို ရန်ကုန် - ပြည် - မကွေး-နေပြည်တော်၊ မကွေး - ရေနံချောင်း - ပုပ္ပါး - မြင်းခြံ - မန္တလေး၊ ရန်ကုန် - မအူပင်-မြောင်းမြ - ပုသိမ်၊ မော်လမြိုင် - ထားဝယ်၊မန္တလေး - ကလေး၊ မန္တလေး - မူဆယ်၊ မိတ္ထီလာ - တောင်ကြီး၊တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်၊ မန္တလေး - မြင်းမူ - ချောင်းဦး - မုံရွာမြို့များတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် - ပြည်-မကွေး - သစ်ရာကောက် - တောင်တွင်းကြီး - နတ်မောက် - ပျော်ဖွယ် - နေပြည်တော်ဒေသများကို မြို့ချင်းဆက် ဖိုင်ဘာဆက်ကြောင်း၊ တောင်တွင်းကြီး - ညောင်ဦး-မြင်းခြံ - တံတားဦး-မန္တလေး၊ မန္တလေး - စစ်ကိုင်း - မြင်းမူ-ချောင်းဦး - မုံရွာဒေသများကို အဆင့်မြှင့်နည်းပညာသုံး ဖိုင်ဘာဆက်ကြောင်းများ၊ထားဝယ် - မြိတ် - ကော့သောင်းမြို့များတွင် ဖိုင်ဘာဆက်ကြောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးများနှင့်ပြည် နယ်မြို့တော်များတွင် အိုင်ပီထရန်စစ် ၀င်ပေါက်ထွက်ပေါက်စခန်းများ တပ်ဆင်ရေးနှင့် မြို့ကြီးများနှင့် နယ်မြို့များရှိ ခေတ်ဟောင်းအိတ်ချိန်းများအား အစားထိုးလဲလှယ်ခြင်းများ၊ သတင်းနှင့် အချက်အလက် စုံစမ်းရေး ဗဟိုဌာနတစ်ခုကို ပုဂ္ဂလိကနှင့်ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်တာနက်သုံးစွဲမှုများတွင် ဆိုက်ဘာလုံခြုံရေး၊ မြှင့်တင်ရေးကိစ္စ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment