မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ၊ ၃ ရက်၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလျှင်လည်း ကြံ့ခိုင်ရေးပါတီက ကြိုဆိုမည် 

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ပြိုင်မည်
ဖြစ်သော်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပါက ၎င်းတို့ ပါတီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးက ဦးဌေးဦးက ပြောကြား လိုက်ကြောင်းသိရသည်။

ဇိုမီးအဖွဲ့ ZRO ကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှု မရှိသေး

ဇိုမီးအမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် တိုက်ပွဲဝင်နေသည့် ဇိုမီး
သွေးစည်းညီညွှတ်ရေး တပ်ဦး Zomi Re-unification Organisation (ZRO) အား မြန်မာအစိုးရ က ငြိမ်းချမ်းရေး ကမ်းလှမ်းလာခြင်း မရှိသေးကြောင်းအိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လက်နက်ကိုင် လှုပ်ရှားနေကြသည့် ချင်းအမျိုးသားတပ်ဦး နှင့် ရခိုင်လွတ်မြောက်ရေးပါတီတို့အား မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ကမ်းလှမ်းမှုများ ရှိခဲ့ပြီးဖြစ်သော်လည်း ZRO အား ယခုချိန်ထိ ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ZRO နယူးဒေလီရုံး ပြန်ကြားရေးတာဝန်ခံ ဦးမင်းထန် က ပြောကြောင်းသိရသည်။

မြန်မာ့ဆန် တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ 

မြန်မာ့ဆန် တန်ချိန် နှစ်သိန်း (တင်းပေါင်း သန်း ၁၄၀) ကို အင်ဒိုနီးရှားနိုင်ငံသို့ တနှစ်အတွင်း
ရောင်းချပေးရန် စာချွန်လွှာကို ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် နှင့် INLA ဥက္ကဋ္ဌ ဆူတာတို လယ်လီမိုဆို Mr. Sutarto Alimoeso တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး Mr Sebastianus Sumarsono တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရွှေ့ဆိုင်းလိုက်ရ

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း
ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် အစီအစဉ်ကို ဟောပြောရန်နေရာမရသည့်အတွက် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင် က ပြောကြောင်းသိရသည်။

မြောက်ကိုရီးယားထံမှ အနုမြူပညာရယူမှုဟာ အနောက်နိုင်ငံများရဲ့ သက်သေမရှိတဲ့ သံသယဖြစ်မှုတခုသာဖြစ်ကြောင်း သမတပြောကြား

သတင်းစာဆရာများနဲ့ မိနစ် ၃၀ အင်တာဗျူးကိုဖြေရာမှာ မြောက်ကိုးရီးယာထံမှအနုမြူပညာရယူခြင်း မရှိပါဘူး။ ဦးသိန်းစိန်က ထိုသတင်း ဟာ အနောက်နိုင်ငံများက သက်သေမရှိတဲ့၊ သံသယဖြစ်မှုပါလို့ ဖြေပါတယ်။ Straits Times သတင်းထောက်များနဲ့ အင်တာဗျူးအကြောင်း ဆောင်းပါးတိုမှာတော့ ဒီမိုကရေးစီနိုင်ငံကို သွားနေကြောင်း၊ နိုင်ငံငြိမ်းချမ်းသာယာရေးကိုဦးစားပေးရင်း၊ စီးပွားတိုးတက်ရေးကို ဒုတိယဦးစားပေးအနေနဲ့ဆောင်ရွက်နေကြောင်းသိရသည်။

မြန်မာနိုင်ငံ အကြွေး ဒေါ်လာ ၁၁ ဘီလီယံ တင်နေ

မြန်မာနိုင်ငံက တခြားနိုင်ငံများသို့ ပေးဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ (၁၁ ဘီလီယံ) ကျော် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဇန်နဝါရီလ ၃၁ ရက်နေ့က လွှတ်တော်တွင် တင်ပြသွားသည်။ ၁၉၈၈ ခုနှစ်မတိုင်ခင်က အကြွေးမှာ ဒေါ်လာ ၈၄၀၈ သန်းကျော် ဖြစ်ပြီး အများဆုံး ပေးဆပ်ရမည့် နိုင်ငံမှာ ဂျပန်ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း အကြွေးမှာ ဒေါ်လာ ၂၆၁၄ သန်းဖြစ်ပြီး အများဆုံး ပေးဆပ်ရမည့်နိုင်ငံမှာ တရုတ်ဖြစ်ကြောင်း သိရသည်။

e-Visa စနစ် မြန်မာ စတင် မိတ်ဆက်မည်

ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြည်ဝင်ခွင့် e-Visa စနစ်ကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်ဟု မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။ လတ်တလောတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်မှ ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ရရှိစေရန် လေကြောင်းလိုင်းများက စီစဉ်ပေးနေသည်။ ၂၀၁၁ ခုနှစ် နှစ်ကုန်နှင့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသည်ဝင်ရောက်မှုနှုန်း မြင့်တက်လာသော်လည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာတွင် မလုံလောက်များ၊ အားနည်းမှုများ ရှိနေသေးကြောင်း ခရီးသွားလာရေး အေဂျင်စီများက ဆိုကြောင်းသိရသည်။

 

နိုင်/ကျဉ်း လွတ်မြောက်ရေး စာကပ်ခဲ့သူများ ငွေဒဏ်စီရင်ခံရ


နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်သံစာများ လိုက်လံကပ်ခဲ့သည့် အတွက် အဖမ်းဆီးခံရသည့် လူငယ် နှစ်ဦးကို ပြည်မြို့နယ် တရားရုံးမှ ငွေဒဏ်စီရင်ချက်ချမှတ်ခဲ့ကြောင်း ပြည် အဝေးသင် တက္ကသိုလ်ကျောင်းသား ကိုဇာနည်ထွန်း၊ ကိုဝေဖြိုးတို့သည် ပြီးခဲ့သည်နှစ် သြဂုတ်လက ပြည်မြို့မဈေးကြီး၊ ရွှေ ဘုန်းပွင့်ဘုရားနှင့် နည်းပညာတက္ကသိုလ်တို့တွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာများကို ကပ်ခဲ့သည့်အတွက် ပုံနိုပ် အက်ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ကိုဇာနည်ထွန်းနှင့် ကိုဝေဖြိုးတို့ကပ်ခဲ့သော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာများမှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) က ရိုက်နှိပ်ထုတ်ဝေခြင်း ဖြစ်ပြီး ယင်း လူငယ်နှစ်ဦးမှာ GW အဖွဲ့နှင့် ဆက်သွယ် လုပ်ဆောင်နေခဲ့ကြ သူများ ဖြစ်ကြောင်း
ကိုဇာနည်ထွန်းက “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးသင့်တယ် ထင်လို့ ပိုစတာ ကပ်ရတာပါ” ဟု ဆိုကြောင်း ဖမ်းဆီး စစ်ဆေးစဉ်အတွင်း အာဏာပိုင်များက ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးခြင်း မရှိသော်လည်း၊ ညလုံးပေါက် အစား အစာနှင့်ရေ မပေးခဲ့ဘဲ နှစ်ရက်ခန့် စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော

နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ် ရက်ရွှေ့

မန္တလေးတိုင်းကို ဖေဖေါ်ဝါရီ ၄ ရက်နဲ့ ၅ ရက် သွားရောက်မယ့် ပါတီစည်းရုံးရေး ခရီးစဉ်မှာ လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်ရက်ကို မနေ့ညက ရွှေ့ဆိုင်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောကြောင်းသိရသည်။

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

အဖမ်းခံရသူ မိသားစုဝင်တွေက အကူအညီ တောင်းတဲ့အတွက် ကချင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရတပ်က ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားက ရှေ့နေ ဦးမာခါးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉၉ ဦးရှိပြီး အကျဉ်းထောင် အသီးအသီးမှာ ဆက်လက် ချုပ်နှောင်ခံထားရဆဲ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၇၀၀ လောက်ရှိတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ကြောင်းသိရသည်။

မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ

အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောကြောင်းသိရသည်။

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုနဲ့တွေ့ဆုံမယ့် အစီအစဉ်မှာ လူထုစည်းဝေးပွဲလုပ်ဖို့ ကွင်းနေရာ မရတဲ့အခက်အခဲကြောင့် ခရီးစဉ် ဖျက်လိုက်ရကြောင်းသိရသည်။

ကင်တားနား မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တာနား နေပြည်တော်မှာ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါကြောင်းသိရသည်။

ဒေါ်စု မန္တလေးလူထုနဲ့တွေ့ဆုံဖို့ နေရာအခက်အခဲရှိ

ဗထူကွင်းပိုင်ရှင်ဘောလုံးအဖွဲ့ချုပ်နဲ့ မန္တလေးရွေးကောက်ပွဲကော်မရှင် ကြားငှားရမ်းခွင့်ကို အပြန်အလှန် လွှဲနေကြတယ်လို့ NLD က ပြောကြောင်းသိရသည်။

ကချင်ဒုက္ခသည်တချို့ ဆောင်တွင်း အအေးဒဏ်ကြောင့်သေဆုံး

ကချင်စစ်ပြေးဒုက္ခသည်တွေ အအေးဒဏ်ကြောင့် ကျန်းမာရေး အခြေအနေဆိုးဝါးနေပြီး အချို့သေဆုံးကြကြောင်းသိရသည်။


မြန်မာအပြောင်းအလဲ စိတ်မချရသေး

အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ တက်ကြွ လှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာဟာ လုံးလုံးလျားလျား ပြောင်းလဲသွားတာ မဟုတ်သေးဘဲ ပြောင်းလဲဖို့ အစပျိုးတဲ့ အခြေအနေမှာသာ ရှိနေတာဖြစ်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေက ထင်နေသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲတာမျိုးလည်း မဟုတ်သေးဘူးလို့ ဖေဖော်ဝါရီလ ၂ ရက်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
National Endowment for Democracy အဖွဲ့ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အနုပညာရှင် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့်တို့နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် အမေရိကန်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲ အကြောင်းကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။
ဒီအခမ်းအနားကို ရောက်လာတဲ့ ကိုဇာဂနာက သူ့ရဲ့ အမေရိကန်ကိုလာရင်း ရည်ရွယ်ချက်ကို ဗွီအိုအေကို အရင်ဆုံး အခုလို ရှင်းပြပါတယ်။
“ကျနော်ဒီကိုလာတာ နံပါတ် ၁ - အလည်လာတာ မဟုတ်ဘူးပေါ့။ နောက်တခုက မြန်မာပြည်မှာ ခေတ်စားနေကြသလို shoping ထွက်တာလည်း မဟုတ်ဘူး၊ နောက် တတိယတချက်ကတော့ ကျနော် ဒီကိုလာတာ ဖျော်ဖြေပွဲလုပ်ဖို့ လာတာလည်း မဟုတ်ဘူးပေါ့။ ရောက်တဲ့နေ့ကတည်းက ပြောလိုက်၊ ဆိုလိုက်၊ ဆွေးနွေးလိုက်ရတာတွေ အားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက်ပဲ ကျနော် ပြောနေရတာပါ”
ဒီကနေ့ပြုလုပ်တဲ့ပွဲမှာ မကြာခင်က မြန်မာနိုင်ငံကို ၂ ခေါက်သွားရောက်ခဲ့ဖူးတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စနာလည်း တက်ရောက်ခဲ့ပါတယ်။ မစ္စတာ ပို့စနာက မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဇာဂနာအပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို သူတွေ့ခဲ့ဖူးကြောင်းနဲ့ သူ့အနေနဲ့ အရင်က မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းမသိခဲ့ဘဲ ဝန်ကြီး ဟီလာရီကလင်တန်နဲ့တခေါက်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နဲ့တခေါက် သွားရောက်ခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံ အခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ကြောင်းတွေ ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးကို ဆက်ပြီးပံ့ပိုးသွားမယ်လို့ အခုလို ဆိုပါတယ်။
“ဒီမိုကရေစီစနစ်ကို ပြောင်းလဲရာမှာ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နမူနာတွေ ကျနော်တို့ တွေ့ခဲ့ကြရပါပြီ။ အီဂျစ်နိုင်ငံသားတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ ပိုင်ဆိုင်ဖို့နဲ့ သူတို့ရဲ့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြတာ မလွယ်ကူဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ကြရပါပြီ။ ထိုနည်းတူပဲ မြန်မာနိုင်ငံဟာလည်း အီဂျစ်တို့လို၊ အာရပ်နိုင်ငံတွေနဲ့မတူ ကွဲပြား ခြားနားစွာနဲ့ ဒီမိုကရေစီ အခင်းအကျင်းတွေ ခက်ခက်ခဲခဲ တည်ဆောက်နေတာကို ကျနော်တို့က ပံ့ပိုး အားပေး ထောက်ခံသွားကြရပါမယ်”
ဒီပွဲကို တက်ရောက်လာကြတဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ သိလိုသမျှ မေးမြန်းကြတာကို တက်ကြွ လှုပ်ရှားသူတွေက ပြန်လည်ဖြေကြားကြပါတယ်။
ကချင်အမျိုးသမီးရေးရာတွေကို ဆောင်ရွက်နေတဲ့ ဒေါ်ဘောက်ဂျာက တနိုင်ငံလုံး ပြောင်းလဲကုန်ပြီလို့ ပြည်ပက ထင်နေကြမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း အခုလို ပြောပြပါတယ်။
“တိုင်းရင်းသားဒေသတွေမှာ မဖွံ့ဖြိုးမချင်း၊ မအေးချမ်းမချင်းကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဘယ်လိုပဲ ပြောင်းလဲပါတယ်လို့ ပြောနေပေမယ့် ပြောင်းလဲနေတာက နေပြည်တော်နဲ့ မြို့ပေါ်ဖြစ်တဲ့ ရန်ကုန်မြို့လောက်ပဲ ပေါ့နော်- အဲလောက်ပဲ နည်းနည်းလေး လှုပ်တာပါ။ ကြီးကြီးကျယ်ကျယ် ပြောင်းလဲခြင်း ဆိုတာတွေလည်း မရှိခဲ့ပါဘူး။
အဲဒါကြောင့် ကျမတို့ရဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်နေတဲ့ အဓိက လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးလည်း ဖြစ်သလို တိုင်းရင်းသားဒေသမှာ သူတို့တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိမယ်ဆိုရင် ကျန်တာက အလိုလိုနေရင်းနဲ့ ပြောင်းလဲသွားနိုင်မယ်လို့လည်း ကျမယုံကြည်ပါတယ်”
အရေးယူပိတ်ဆို့ ဒဏ်ခတ်တာတွေကို သူ့အနေနဲ့ မထောက်ခံပေမယ့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာ့အရေးမှာ လက်နက်ကိရိယာတခု ဖြစ်တယ်ဆိုတာကိုတော့ သူ သဘောတူကြောင်းကိုလည်း ကိုဇာဂနာက ဒီပွဲမှာ ပြောပါတယ်။ ဘာကြောင့် သူမထောက်ခံရသလဲဆိုတာ ဗွီအိုအေကို ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။
“ပိတ်ဆို့ခြင်းကို ကျနော့ရဲ့ တဦးတည်း ပုဂ္ဂလိကဆန္ဒအရ ပြောရမယ်ဆိုရင် နည်းမျိုးစုံ လျှောက်ရှာ နေရတဲ့အတွက် အခြား မလိုလားအပ်တဲ့ထွက်ပေါက်တွေ ဖြစ်ကုန်မယ်။ အဲလိုမျိုး အလားသဏ္ဍန်နဲ့ ကျနော် နမူနာရှင်းတာပါ။ ကျနော် ဘယ်လိုပိတ်ပိတ်မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ပိတ်တာမှန်ရင် ဘယ်ပိတ်တာကိုမှ ကျနော်မကြိုက်ဘူး ဆိုတဲ့ သဘောနဲ့ပြောတာပါ”
ကိုဇာဂနာအနေနဲ့ နယ်ပယ်အနှံ့ကလူတွေနဲ့ ထိတွေ့ဆက်ဆံနေသူဖြစ်တာကြောင့် အတွေ့အကြုံ၊ အကြားအမြင် အားလုံးအပေါ်မှာ ခြုံငုံပြီး မြန်မာနိုင်ငံမှာ တကယ်ပဲ ပြောင်းလဲနေပါပြီလားလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -
“ကျနော်က အပြောင်းအလဲကို လုံးလုံးလျားလျား ပြောင်းလဲနေပြီလို့ ကျနော် မပြောနိုင်ဘူး။ သေချာတယ်။ မပြောင်းလဲသေးဘူး၊ ပြောင်းလဲမှုရဲ့ အစပျိုးနေတုန်းပဲ ရှိသေးတယ်။ ရောင်နီသန်း လာစလေးပဲ။ သို့သော် အဲဒီကနေ အမှောင်ထဲ ပြန်မရောက်သွားအောင် ရှေ့လျှောက်ပြီးတော့ အလင်းထဲပဲ ဆက်သွားမယ်။ အခုမှ ကျနော်တို့ ရောင်နီသန်းတာကို။
ရောင်နီသန်းပြီး နေ့ခင်း အလင်းရောင်ကို ကျနော်တို့ သွားရမယ်ဆိုရင် အဲဒီအချိန်မှာ တယောက်ကို တယောက် အညှိုးအတေးတွေ မရှိအောင် ဒီလူတွေကို network စမယ်။ ဒီလူတွေကို စုပြီးတော့ ရွှေ့သွားရင် တဖြည်းဖြည်းချင်းနဲ့ အလင်းထဲရောက်သွားရင် ကျနော်တို့တိုင်းပြည် ကောင်းလာမှာပေါ့။ ကျနော်တို့က သစ်ပင်ပေါ် မတက်ရဲတဲ့ရှင်လောင်း၊ ရေထဲတောင် မဆင်းရဲတဲ့ရှင်လောင်းလို ဖြစ်နေတယ်။ သိပ်ဂရုစိုက်ပြီး သိပ် fragile ဖြစ်နေတယ်။ အချိန်မရွေး ကျကွဲနိုင်တယ်”
ကိုဇာဂနာနဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုက တခြားသောမြို့ကြီးတွေမှာလည်း သွားရောက်ပြီးတော့ အလားတူ မြန်မာနိုင်ငံအကြောင်း မေးမြန်းဆွေးနွေး ဟောပြောပွဲတွေ တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

 

0 comments:

Post a Comment