မြန်မာသတင်းများ    ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ၂၀၁၂

ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်

ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ် ကြောင်း

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည်များကိုပြင်ဆင်ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံအတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက ပြော ကြောင်း အဆိုပါ အပြောင်းအလဲများအတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ မူတည်မနေဘဲ တည်ငြိမ်သည့် အပြောင်းအလဲများ ဖြစ်ရန်၊ ယခုထက် ပိုမိုတိုးတက်ရန်တို့အတွက် လူအများ၏ ပညာအရည်အချင်းနှင့် အရည်အသွေး များလည်း မြှင့်တင်ပေးရန်လိုသည်ဟု ဦးအောင်သူငြိမ်းက ယူဆကြောင်း ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက်၍ သင်တန်းများ ပေးနေ ကြောင်း

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) တွင်လည်း ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေ ကြောင်း  ဗဟုအဖွဲ့တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ ကြောင်းသိရသည်။

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသား တပ်မတော်) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အကြိုတွေ့ဆုံဆွေးနွေးပွဲကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း    ၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူခဲ့ပြီးမှ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြောင်း သိရသည်။

တစည ၏ အဓိကပြိုင်ဖက် ကြံ့ခိုင်ရေးနှင့် NLD ဖြစ်

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အတွက် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးနှစ်ခုမှာ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့
ဖြစ်ကြောင်း သောကြာနေ့ မနက်က ပြုလုပ်သည့် တစည ပါတီ၏ ပြည်ထောင်စုနေ့ အကြို အခမ်းအနားတွင် သတင်းထောက်များ ကို တစည တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အရှင်ဂန္ဘီရကို အာဏာပိုင်များက ကျောင်းသို့ ပြန်ပို့

လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း၊  ယခုအခါ မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရသည်။ အရှင်ဂန္ဘီရ ပြန်လည်လွတ်မြောက်လာခြင်း မရှိမီ၊ ထိုနေ့နေ့လည်ပိုင်းက ချိတ်ပိတ်ခြင်းခံထားရတဲ့ကျောင်းတိုက်လေးခုအနက်မှမဂ္ဂင်ကျောင်းတိုက်၊ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များက  ပြန်လည်ဖွင့်လှစ် ပေးလိုက်ကြောင်း သာသနာ့သိပ္ပံကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အခြေအနေ အမေရိကန်တွင် ဒေါ်ဘောက်ဂျာ ရှင်းပြ

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော NDF ပါတီ၏ ကချင်ပြည်နယ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာ က နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့် ဖေဖေါ်ဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ က ၀ါရှိန်တန်ဒီစီတွင်တွေ့ဆုံ ခဲ့စဉ် လက်ရှိ ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်နှင့် အခြား အခြေအနေအရပ်ရပ်ကို ရှင်းပြခဲ့ကြောင်းသိရသည်။

 

“အဖြူရောင် တွဲလက်များ” ကချင် ဒုက္ခသည်များ အတွက် ရန်ပုံငွေပွဲ

ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များ အကူအညီပေးရန်“အဖြူရောင် တွဲလက်များ” အမည်ဖြင့် ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခြံတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကျင်းပမည် ဖြစ်သည်။ ယင်းအစီအစဉ်ကို နိုင်ငံရေးအကျဉ်းသား ဟောင်းများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ ၁၀ ပါတီ ကျင်းပမည်

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက် ခဲ့ သည့် ၁၀ ပါတီ မဟာမိတ်အဖွဲ့က ရန်ကုန်မြို့ရှိ တာမွေ ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ပြီး ၁၀ ပါတီ မဟာမိတ် အဖွဲ့တွင်ပါဝင်သည့် တိုင်းရင်းသား ၅ ပါတီကလည်း အခမ်းအနား သီးသန့် ကျင်းပသွားမည်ဟု သိရသည်။ ၁၀ ပါတီ မဟာမိတ်အဖွဲ့၌ ဒီမိုကရက် တစ်ပါ တီ(မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ကရင်ပါတီ စသည် တို့ပါဝင်ကြောင်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ မဲဆွယ်ခရီး သွားမည်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်သို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစု ကြည်သည် ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း) ကျဆုံးရဲဘော်များ အမှတ်တရနေ့ ကျင်းပ

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)(မြောက်ပိုင်း) ကျဆုံး ရဲဘော်များ အမှတ်တရနေ့ အခမ်း အနားကို ယနေ့ ရန်ကုန်မြို့ အလုံမြို့နယ်ရှိ မိုးကုတ် ၀ိပဿနာရိပ်သာ ရွှေအိုးစည် ကျောင်းတိုက်တွင် ကျင်းပမည် ဖြစ်ကြောင်း ဖေ ဖော်ဝါရီ ၁၂ ရက်နေ့၌ မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ မြ၀တီမင်းကြီး ကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

ဖိလစ်ပိုင် သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး Hon. Mr. Albert F. Del Rosario သည် ယမန်နေ့က မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးနှင့် အဖွဲ့သည် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကိုလည်း တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားကြောင်း သိရသည်။


SSA တောင်ပိုင်းနှင့် အစိုးရတပ်များ တိုက်ပွဲ ပြန်ဖြစ်

အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှမ်ပြည်တပ်မတော် (SSA) တောင်ပိုင်းနှင့် အစိုးရတပ်များ ယခုတပတ် အင်္ဂါနေ့မှ စ၍ ၂ ရက်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် မိုင်းတုံမြို့နယ်ရှိ အစိုးရတပ်များ တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောကြောင်းသိရသည်။

KNLA ငြိမ်းချမ်းရေးအဖွဲ့ ဒေါ်စုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံက တိုင်းရင်းသားပြဿနာတွေ ပြေလည် ငြိမ်းချမ်းဖို့အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စတွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တစ်ခု ဖြစ်တဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

NLD နဲ့ ပူးပေါင်းဖို့ အပစ်ရပ် ကရင်ခေါင်းဆောင် ပြောကြား

ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို Madanjeet Singh ဆု ချီးမြှင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို UNESCO က ၂၀၀၂ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Madanjeet Singh ဆုကို ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက လာရောက် ပေးအပ်ကြောင်းသိရသည်။

လယ်သမား အခွင့်အရေး စာတမ်းဖတ်ပွဲ

ရန်ကုန်မြို့က ဥပဒေပညာရှင်တွေ ဦးစီးပြီး လယ်သမား အခွင့်အရေး ဥပဒေတွေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နေ့လယ်က ရန်ကုန်မြို့က တော်ဝင်နှင်းဆီခြံမှာ ကျင်းပခဲ့ကြကြောင်းသိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com  

0 comments:

Post a Comment