တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် ချုပ်ဆိုရာတွင် ပါဝင်သော ဒေသများ
ဖိမော် - ဂေါ်ဖော် - ကန်ဖန် ဒေသပြပုံ
တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်
( ၁ )
၁၉၃၇ ဂျုလိုင် ၇ ရက်နေ့ မှာဂျပန်က တရုတ်ပြည်ကိုကျုးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေရဲ့ 
ကျုးကျော်စစ်ကိုခုခံတိုက်ခိုက်နေတဲ့ တရုတ်အစိုးရကို အမေရိကန်နဲ့  အင်္ဂလန် တို့ မှထောက်ခံ
အားပေးခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား( ယခုဗီယက်နမ် )ပိုင်ဟိုင်ဖုန်ဆိပ်ကမ်း( Hai Phong )မှတ
ဆင့်၎င်း၊ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှတဆင့် လားရှိုးနဲ့  တရုတ်ပြည်၊ယူနန်ပြည်နယ်၊ ကူမင်း
ကိုဖြတ်သန်းသွားတဲ့ နာမည်ကျော်မြန်မာလမ်းမကြီးမှတဆင့်၎င်း လက်နက်ခဲယမ်းနဲ့  အခြား
ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ ၁၉၄၁ မှာပြင်သစ်ဗီချီအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဂျပန်စစ်တပ်ဟာ
ပြင်သစ်အင်ဒိုချိုင်းနားဒေသကို ဝင်ရောက်ခဲ့ပြီး ဟိုင်ဖုန်ဆိပ်ကမ်းကိုပိတ်လိုက်ပါတယ်။ ၄င်းဆိပ်
ကမ်းပိတ်လိုက်ခြင်းဟာ တရုတ်ပြည်ကို ထောက်ပံ့မှုတွေ ဆက်လုပ်နိုင်ဖို့ မြန်မာလမ်းမကြီး
( Burma Road )ဟာ မဟာမိတ်တွေအတွက်အသက်သွေးကြောဖြစ်လာသလို မြန်မာလမ်းမကြီး
ကိုပိတ်ရန်ကြိုးစားနေတဲ့ဂျပန်တို့ အတွက်မြန်မာနိုင်ငံကို ကျုးကျော်ဖို့ အကြောင်းပြချက်တရပ်
လည်းဖြစ်ခဲ့ပါတယ်။ မြန်မာပြည်၊ လားရှိုးမှ တရုတ်၊ ယူနန်ပြည်နယ်၊ ကူမင်းကိုဆက်သွယ်ထား
တဲ့ ၇၁၇ မိုင်ရှည်လျားတဲ့မြန်မာလမ်းမကြီးကို ၁၉၃၇ မှာစတင်ဖောက်လုပ်ခဲ့ရာ ၁၉၃၈ မှာပြီးစီးခဲ့
ပါတယ်။ လားရှိုးမှတရုတ်ပြည်နယ်စပ်အထိကို စက်အား၊ လူအားနဲ့ ဖောက်လုပ်ခဲ့ပြီး ကူမင်းမှမြန်
မာနယ်စပ်ထိကို တရုတ်လုပ်သား ၂ သိန်းနဲ့ လူအားသက်သက်ဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါ
တယ်။ ၁၉၄၂ ဂျပန်တို့ မြန်မာနိုင်ငံကိုသိမ်းယူနိုင်ပြီးနောက် မဟာမိတ်တို့ အနေနဲ့  တရုတ်ပြည်ကို
ဆက်လက်ထောက်ပံ့နိုင်ဖို့  အိန္ဒိယနိုင်ငံ၊ လီဒိုမှတဆင့် မြန်မာနိုင်ငံ ရှင်ဘွေယံ၊ မြစ်ကြီးနား၊
ဗန်းမော် နဲ့  နမ်းခမ်းတို့ ဖြတ်သန်းထားတဲ့ ကမ္ဘာကျော်လီဒိုလမ်းမကိုဖောက်လုပ်ခဲ့ရပါတယ်။
လီဒိုလမ်းဟာ စစ်သုံးလမ်းဖြစ်လို့ ဖောက်လုပ်စဉ်က နှစ်နိုင်ငံနယ်နိမိတ်များအားဂရုစိုက်ခဲ့ခြင်းမရှိ
ပါဘူး။ Birtish Burma ပိုင်ဗန်းမော်မှနမ်းခမ်းကိုသွားမယ်ဆိုရင် တရုတ်ပိုင်နယ်နိမိတ်အချို့ ကိုဖြတ်
သန်းသွားရမှာဖြစ်ပါတယ်။
( ၂ )
၁၉၆ဝ ဇွန်လ မှာတရုတ်-မြန်မာနယ်နိမိတ်တိုင်းတာသတ်မှတ်ရေးနှင့်နယ်ခြားကျောက်တိုင်များ
စိုက်ထူရေးအတွက် စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ပါတယ်။ ထိုစစ်ဆင်ရေးကို ဘဘစစ်ဆင်ရေး
( Burma Boundary Operation )ဟု ခေါ်တွင်ခဲ့ပါတယ်။ အဆိုပါ ဘဘစစ်ဆင်ရေးကိုမြန်မာ
နိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးစီးခဲ့ပြီးတပ်မတော်တပ်ရင်းများ နှင့် ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာန တို့ အပြင်စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့်နည်းပြအရာရှိကြီးများ၊
ဥစတ အပတ်စဉ် ၁၂ မှသင်တန်းသားအရာရှိကြီးများပါအထူးတာဝန်အဖြစ်ပါဝင်ခဲ့ ကြပါတယ်။
တရုတ်နိုင်ငံဘက်မှ တရုတ်တပ်မတော် နှင့် မြေတိုင်းအဖွဲ့ များပါဝင်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသအချို့ မှာ တရုတ်ဖြူအကြွင်းကျန်များတပ်စွဲနေဆဲဖြစ်သောကြောင့်
နယ်နိမိတ်တိုင်းတာသတ်မှတ်ရာ၌ အခက်ခဲရှိသောကြောင့် ၄င်းတို့ ကိုတိုက်ထုတ်ဖို့ မြန်မာ့တပ်
မတော်မှ မဲခေါင်စစ်ဆင်ရေးကိုပါပူးတွဲဆင်နွဲခဲ့ပါတယ်။
၁၉၆ဝ အောက်တိုဘာ ၁ ရက်နေ့ မှာ တရုတ်-မြန်မာနယ်နိမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်အရ
ကချင်ပြည်နယ်ဖိမော်-ဂေါလမ်-ကန်ဖမ်ဒေသ( Hpimaw-Gawlum-Kangfang စုစုပေါင်း ၅၉ စတု
ရန်းမိုင် ) နှင့် ယခုဝဒေသမြောက်ပိုင်းပန်းဟုန်း-ပန်လောင်းဒေသ( Panhung - Panlao စုစုပေါင်း
၇၃ စတုရန်းမိုင် )တို့ ကိုတရုတ်ပြည်ကိုပေးလိုက်ရပြီး နမ်ဝမ်ဒေသ( Namwan စုစုပေါင်း၈၅ စတုရန်း
မိုင် )အားအပြန်အလှန်အနေနဲ့ တရုတ်ပြည်မှပြန်ရခဲ့ပါတယ်။
တနည်းအားဖြင့် ၁၃၂ စတုရန်းမိုင်အားပေးလိုက်ရပြီး ၈၅ စတုရန်းမိုင်သာပြန်ရတဲ့အတွက် ၄၇ စတုရန်း
မိုင်နစ်နာခဲ့ပါတယ်။ ဒါပေမယ့် နမ်ဝမ်ဒေသကိုရရှိတာကြောင့် ဗန်းမော်မှနမ်းခမ်းကိုသွားရင် မြန်မာနယ်နိ
မိတ်အတွင်းမှသွားလာနိုင်ခဲ့ပါတယ်။
ဗမာ့သွေး@BamarBlood
( ကျနော်ဖိုရမ်တခုထဲမှာ ၀၉-၀၃-၂၀၀၉ နေ့ တုန်းက ရေးဖြစ်ခဲ့တဲ့စာစုလေးပါ )
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
0 comments:
Post a Comment