မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ March 01, 2012
မြစ်ဆုံ ဆည် လှို့ ဝှက် တည်ဆောက်နေမှု ကို အနောက် နိုင်ငံ ထောက်လှမ်းရေး ဂြိုလ်တုများ က ထောက်လှမ်း ၍ မရ နိုင်ရန် တရုတ် က လှို့ ဝှက်ဆောင်ရွက် နေ
မြစ်ဆုံ ဆည် လှို့ ဝှက် တည်ဆောက်နေမှု ကို အနောက် နိုင်ငံ ထောက်လှမ်းရေး ဂြိုလ်တုများ က ထောက်လှမ်း ၍ မရ နိုင်ရန် တရုတ် က လှို့ ဝှက်ဆောင်ရွက် နေသည်ဟု သံတမန် သတင်း ရပ်ကွက် တွင် ပြောဆိုကြသည်။ တရုတ် ၀န်ထမ်း နှင့် အင်ဂျင်နီယာများ ထပ်မံ ရောက်ရှိ အခြေစိုက် သည် ဟု နိုင်ငံ တကာ သတင်းများ တွင် ဖော်ပြသည်။
(ပဒိုမန်းငြိမ်းမောင် အပါအဝင် ဆက်လက်ထိမ်းသိမ်းထားသော ကရင်နိုင်ငံရေးအကျဉ်းသား (၅၀)၀န်းကျင် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပါ)
ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်
ပဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် အင်းစိန်ထောင်ပိုင်နှစ်ဦးကို ဆင့်ခေါ်ပေး မည်ဖြစ်ကြောင်း ယနေ့ တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။
ယနေ့ နေ့လည် ၁၂ နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်းမောင်အမှုကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ယခင် အင်းစိန်ထောင်ပိုင် ဦးဇော်မိုးနှင့် လက်ရှိ အင်းစိန်ထောင်ပိုင် ဦးသက်ရှည်တို့ကို တရားခံပြသက်သေ အဖြစ် ခေါ်ဆောင်ပေးမည် ဖြစ်သည်။
ပဒိုမန်းငြိမ်းမောင်ဘက်က တရားခံပြသက်သေများ၏အမည်အတိအကျ မတင်ပြနိုင်ခြင်းနှင့် အမှုကြန့် ကြာနိုင်ခြင်းတို့ကြောင့် ၈ဦးအနက် ၂ ဦးကိုသာ ခေါ်ဆောင်ပေးသွားမည်ဟု တရားရုံးမှ ဆုံးဖြတ်ချက်ချ ခဲ့သည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။
“ကျနော်တို့က နေပြည်တော်က အရာရှိဆိုတာပဲပြောတော့ နာမည်အတိအကျ မဖော်ပြထားလို့ဆိုပြီး အကြောင်းပြတယ်။ ကျနော်တို့ကလဲ မပြောနိုင်ဘူးဆိုတာက သူတို့ကလည်း မပြောဘူး။ ပဒိုကလည်း မေးပိုင်ခွင့်မရှိဘူးဆိုတော့ သူတို့ပြောတဲ့ဟာကိုပဲ အတည်ပြုပြီး သက်သေစာရင်းတင်ရတာပါ။”ဟု ပြောသည်။
တရားခံပြသက်သေပြ ထောင်ပိုင်နှစ်ဦးသည် ငြိမ်းချမ်းရေးကိစ္စနှင့် ပက်သက်၍ နေပြည်တော်မှ အရာရှိ ကြီးများ ပဒိုမန်းငြိမ်းမောင်အား လာရောက်အကြံဥာဏ် တောင်းဆိုခဲ့သည်များကို ၎င်းတို့၏ မှတ်တမ်း များဖြင့် သက်သေပေးနိုင်လိမ့်မည်ဟု ရှေ့နေဦးကြီးမြင့်က ဆက်ပြောသည်။
၎င်းက “နေပြည်တော်က အရာရှိကြီးတွေ လာခဲ့တယ်ဆိုတာမှန်ရင် ကျနော်တို့ဘက်က သက်သေပြ ထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက ပိုအားကောင်းတာပေါ့ဗျာ။”ဟု ပြောသည်။
ယခင်အပတ် ရုံးထုတ်စစ်ဆေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း အပါ အ၀င် နေပြည်တော် အရာရှိ ၈ ဦးကို တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ပေးရန် ပဒိုမန်းငြိမ်းမောင် ဘက်မှ လျှောက်ထားခဲ့သည်။
ပဒိုမန်းငြိမ်းမောင် အမှုကို နောက်တစ်ပတ် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ထပ်မံ စစ်ဆေးသွားမည်ဖြစ်သည်။
လက်ရှိ KNU ဘက်မှ ပြုစုထားသည့် စာရင်းများအရ ကရင်နိုင်ငံရေးအကျဉ်းသား (၅၀)၀န်းကျင် ရှိ သေးကြောင်းနှင့် ကျန်ရှိအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကရင့်အမျိုးသားအစည်းအရုံးက ဖေဖော် ၀ါရီလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က ပဒိုမန်းငြိမ်းမောင်သည် တရုတ်လေကြောင်းလိုင်းဖြင့် ကူမင်မှ ရန်ကုန်သို့ ရောက်ရှိစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားဟု ဆိုပြီး မြန်မာအစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၆လစီ ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ချမှတ်ခဲ့သည်။
ထို့အပြင် မတရားသင်းဟု ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကုန်မှု ဥပဒေ ပုဒ်မ ၁၂၂(၁) သေဒဏ်(သို့) တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ ၁၇ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်တို့ဖြင့် ထပ်မံစွဲချက်တင် ခံခဲ့ရသည်။
ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်
ပဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် အင်းစိန်ထောင်ပိုင်နှစ်ဦးကို ဆင့်ခေါ်ပေး မည်ဖြစ်ကြောင်း ယနေ့ တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။
ယနေ့ နေ့လည် ၁၂ နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်းမောင်အမှုကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ယခင် အင်းစိန်ထောင်ပိုင် ဦးဇော်မိုးနှင့် လက်ရှိ အင်းစိန်ထောင်ပိုင် ဦးသက်ရှည်တို့ကို တရားခံပြသက်သေ အဖြစ် ခေါ်ဆောင်ပေးမည် ဖြစ်သည်။
ပဒိုမန်းငြိမ်းမောင်ဘက်က တရားခံပြသက်သေများ၏အမည်အတိအကျ မတင်ပြနိုင်ခြင်းနှင့် အမှုကြန့် ကြာနိုင်ခြင်းတို့ကြောင့် ၈ဦးအနက် ၂ ဦးကိုသာ ခေါ်ဆောင်ပေးသွားမည်ဟု တရားရုံးမှ ဆုံးဖြတ်ချက်ချ ခဲ့သည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။
“ကျနော်တို့က နေပြည်တော်က အရာရှိဆိုတာပဲပြောတော့ နာမည်အတိအကျ မဖော်ပြထားလို့ဆိုပြီး အကြောင်းပြတယ်။ ကျနော်တို့ကလဲ မပြောနိုင်ဘူးဆိုတာက သူတို့ကလည်း မပြောဘူး။ ပဒိုကလည်း မေးပိုင်ခွင့်မရှိဘူးဆိုတော့ သူတို့ပြောတဲ့ဟာကိုပဲ အတည်ပြုပြီး သက်သေစာရင်းတင်ရတာပါ။”ဟု ပြောသည်။
တရားခံပြသက်သေပြ ထောင်ပိုင်နှစ်ဦးသည် ငြိမ်းချမ်းရေးကိစ္စနှင့် ပက်သက်၍ နေပြည်တော်မှ အရာရှိ ကြီးများ ပဒိုမန်းငြိမ်းမောင်အား လာရောက်အကြံဥာဏ် တောင်းဆိုခဲ့သည်များကို ၎င်းတို့၏ မှတ်တမ်း များဖြင့် သက်သေပေးနိုင်လိမ့်မည်ဟု ရှေ့နေဦးကြီးမြင့်က ဆက်ပြောသည်။
၎င်းက “နေပြည်တော်က အရာရှိကြီးတွေ လာခဲ့တယ်ဆိုတာမှန်ရင် ကျနော်တို့ဘက်က သက်သေပြ ထားတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက ပိုအားကောင်းတာပေါ့ဗျာ။”ဟု ပြောသည်။
ယခင်အပတ် ရုံးထုတ်စစ်ဆေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း အပါ အ၀င် နေပြည်တော် အရာရှိ ၈ ဦးကို တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ပေးရန် ပဒိုမန်းငြိမ်းမောင် ဘက်မှ လျှောက်ထားခဲ့သည်။
ပဒိုမန်းငြိမ်းမောင် အမှုကို နောက်တစ်ပတ် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ထပ်မံ စစ်ဆေးသွားမည်ဖြစ်သည်။
လက်ရှိ KNU ဘက်မှ ပြုစုထားသည့် စာရင်းများအရ ကရင်နိုင်ငံရေးအကျဉ်းသား (၅၀)၀န်းကျင် ရှိ သေးကြောင်းနှင့် ကျန်ရှိအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကရင့်အမျိုးသားအစည်းအရုံးက ဖေဖော် ၀ါရီလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က ပဒိုမန်းငြိမ်းမောင်သည် တရုတ်လေကြောင်းလိုင်းဖြင့် ကူမင်မှ ရန်ကုန်သို့ ရောက်ရှိစဉ် ၎င်း၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားဟု ဆိုပြီး မြန်မာအစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၆လစီ ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ချမှတ်ခဲ့သည်။
ထို့အပြင် မတရားသင်းဟု ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကုန်မှု ဥပဒေ ပုဒ်မ ၁၂၂(၁) သေဒဏ်(သို့) တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ ၁၇ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်တို့ဖြင့် ထပ်မံစွဲချက်တင် ခံခဲ့ရသည်။
***သစ်ပင် / သစ်တော နဲ့ မြစ်ချောင်းအင်းအိုင် သဘာဝတရားကို ဖျက်ဆီးရင် ဒီလိုအဖြစ်ဆိုးတွေကြုံပါတယ်***
ယူနန် မိုးခေါင်မှု လူ သုံးသန်းကျော် သောက်ရေပြတ်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်နယ်ထဲက စိုက်ပျိုးမွေးမြူရေးကို အားထားနေရတဲ့ ဒေသခံ သုံးသန်းကျော်ဟာ သုံးနှစ်ဆက်တိုက် မိုးခေါင်ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာမို့ သောက်သုံးရေ ရဖို့တောင်အခက်တွေ့နေရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ယူနန်နယ်ထဲက သစ်တောမြေ ဟက်တာ တစ်သိန်းသုံးသောင်း ကျော်ဟာ အခုလောလောဆယ်မှာ တောမီး လောင်ကျွမ်းမှုနဲ့ ရင်ဆိုင်နေရသလို တောမီး အန္တရာယ် အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တာ တွေ့နေရတဲ့ အပြင် ကောက်ပဲသီးနှံ ဟက်တာ သိန်းကျော်ဟာလည်း ရေကောင်းကောင်း မရတဲ့အတွက် ညှိုးခြောက် လာနေတယ်လို့ ယူနန်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Weishan ပြည်နယ်ထဲက Xihe မြစ်ပြင် ခြောက်သွေ့နေတာကို တရုတ်နိုင်ငံက ရုပ်မြင်သံကြားတွေမှာ ပြနေပါတယ်။ ဒေသတွင်းက ရွာတစ်ရွာမှာရှိတဲ့ မွေးမြူရေး တောင်သူ သုံးပုံတစ်ပုံလောက်ဟာ သူတို့ မွေးမြူထားတဲ့ ကြက် ဘဲ ၀က်တွေကို ရေကောင်းကောင်း မတိုက်နိုင်တဲ့အတွက် ရောင်းပစ်ခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းက ရေလှောင်ကန် အသေး ၄၀၀ ကျော်လောက်မှာ ရေခန်းနေသလို မြစ်ချောင်းငယ်လေးပေါင်း ၂၄၀ လောက်ဟာလည်း ရေမရှိကြဘူးလို့ မိုးခေါင်ရေရှားမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး အရာရှိတွေက ပြောပါတယ်။
စစ်တပ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အီးယူကိုယ်စားလှယ်အဖွဲ့ မေးခွန်းထုတ်
မြန်မာပြည်ရောက်နေတဲ့ ဥရောပသမဂ္ဂ ပါလီမန်က အမတ် ၁၁ ယောက်ပါတဲ့ အဖွဲ့ဟာ နေပြည်တော်မှာ အမျိုးသားလွှတ်တော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။
မနက် ၉ နာရီမှ ၁၀ နာရီအထိ တွေ့ဆုံတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာပြည်က နိုင်ငံရေးအပြောင်းအလဲ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုသားလွတ်တော်ရဲ့ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို ပြန်ပြောပါတယ်။
“ပထမဦးဆုံး လာတဲ့ခရီးစဉ်ပါပဲ။ သူတို့ဘက်က မေးမြန်းတာပေါ့။ လက်ရှိ အစိုးရအပေါ်မှာ၊ ပါလီမန်ရဲ့လုပ်ငန်းတွေအပေါ်မှာ သူတို့ယူဆတာတွေကို မေးမြန်းကြတယ်။ မိတ်ဆက်တာလည်း ပါတာပေါ့။ သူတို့ ပါလီမန်အကြောင်းလည်း ရှင်းပြပါတယ်။ သူတို့ ပါလီမန်မှာ ဘယ်နှဖွဲ့ပါတယ်။ နိုင်ငံပေါင်း ဘယ်လောက်ပါတယ်။ ကျနော်တို့ ပါလီမန်အကြောင်းလည်း မေးတာပေါ့။
အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ဆက်စပ်မှုတွေ၊ ဥပဒေပြုမှုရယ်၊ အစိုးရရဲ့ ရှေ့နေပေါ့၊ နောက်ကြောင်း ပြန်မသွားဘူးဆိုတာမျိုး ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေရယ်၊ စစ်တပ်က အာဏာသိမ်းမှုတွေ၊ တပ်မတော်သားတွေ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ကိစ္စတွေ အဲဒါတွေကိုလည်း ကျနော်တို့ ရှင်းသွားပါတယ်။ နာယကကြီးကဆိုရင် လူထုက တောင်းဆိုလာတဲ့ ကာလတခုမှာတော့ ဒီရာခိုင်နှုန်းဆိုတာက ရှိချင်မှ ရှိတော့မှာပါဆိုတဲ့ သဘောမျိုးပြောသွားပါတယ်။ သူတို့မေးတဲ့ မေးခွန်းတွေပေါ်မှာ နာယကကြီးက ရှင်းပြသွားတာပါ။”
ဂျာမနီအမတ် မစ္စတာ ၀ါနာလန်ဂျင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ခရီးဟာ အီးယူအမတ်တွေရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်ပြီး ပါလီမန် အချင်းချင်း ဆက်ဆံရေးကို တရားဝင် တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ အီးယူက သတင်းထုတ်ပြန်ထားပါတယ်။
အီးယူအမတ်တွေရဲ့ ဒီခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားတာပါ။
အမတ်တွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ မြန်မာအစိုးရ ၀န်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ အီးယူပါလီမန်မှာ တက်ရောက် မိန့်ခွန်းပြောဖို့ ဖိတ်ကြားမယ်လို့ ဆိုပါတယ်။
အီးယူပါလီမန် အဖွဲ့ဟာ မြန်မာပြည်က လက်ရှိ အပြုသဘော ပြုပြင်မှုတွေအပေါ် ကြိုဆိုထားပြီး မြန်မာပြည်အပေါ် ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအပေါ်မှာ မူတည်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒီခရီးစဉ်အတွင်းမှာ မြန်မာပြည်က ဒီမိုကရေစီတည်ဆောက်နေတာကို ထောက်ခံကြောင်း၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးကို လေးစားဖို့နဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေး အောင်မြင်အောင်လုပ်ဖို့ တိုက်တွန်းသွားမယ်လို့ အီးယူက သတင်းထုတ်ပြန်ထားပါတယ်။
၂-မိနှစ်ကြာအချိန်ပေးသွားတဲ့ ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန်
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သံတွဲခရီးစဉ်တွင် မီးဘေးသင့် ဒွါရာဝတီဈေးသူဈေးသား များနှင့် နှစ်မိနစ်ကြာတွေ့ဆုံရာ၌ ဈေးသစ်ပြန်လည်ဆောက်လုပ်ပေးရန် နိုင်ငံတော်တွင်ငွေကြေးမရှိကြောင်းနှင့် ကိုယ်ထူကိုယ်ထပြန်လည်လုပ်ဆောင်ရန်ပြောကြားချက်ကို ဒေသခံများက ဝေဖန်လျှက်ရှိသည်။
ယမန်နေ့ နေ့လည် ၂း၄၅ တွင် သံတွဲမြို့သို့ရောက်ရှိ လာသောဒုတိယသမ္မတသည် ညနေ ၅း၂၀ တွင် သံတွဲမြို့နယ်ခန်းမ၌ ဒွါရာဝတီဈေးသူဈေးသားများနှင့်တွေ့ဆုံစဉ် ဒေသခံများ၏ တင်ပြချက်အပေါ် ယခုကဲ့သို့ပြန်လည်တုန့်ပြန်ခဲ့သည်ဟု ၎င်းတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူများကပြောသည်။
တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက “နှစ်မိနစ်လောက်ပဲကြာမယ်၊ရောက်လာတာနဲ့ စင်ပေါ်တောင်မတက်ဘူး။ လူတွေရှေ့ မှာပဲရပ်ပြီး ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူးလို့ပြောတယ်။ပြီးတော့ ဒီလိုမီးလောင်တိုင်းလိုက်လုပ်ပေးဖို့ နိုင်ငံတော်မှာ ငွေမရှိဘူး။ဒါကြောင့် ကိုယ်ထူကိုယ်ထလုပ်ကြဖို့၊ စည်းစည်းလုံးလုံးရှိကြဖို့ပြောပြီး ပြန်ထွက်သွား တယ်” ဟုပြောသည်။
သက်ဆိုင်ရာက ကြိုတင်စီစဉ်ထားသောကြောင့် ဈေးသူဈေးသားတစ်ရာခန့်တက်ရောက်ခဲ့ပြီး ဈေးကော်မတီမှ တာဝန်ခံသုံးဦးက ဒုတိယသမ္မတထံလက်ရှိ အခြေအနေများကို တင်ပြရန်လည်း စီစဉ်ထားခဲ့ သည်။ သို့သော် ဒုတိယသမ္မတရောက်ရှိလာသောအခါ မိနစ်အနည်းငယ်မျှသာ စကားပြောပြီး ချက်ချင်း ပြန်လည်ထွက်ခွါသွားခဲ့သည်။
“ဒီစကား(ဒုတိယသမ္မတပြောစကား)က အခုခဏလေးမှာပဲ တစ်မြို့လုံးလိုလို ပြန့်သွားပြီ။ ဈေးသူဈေးသားတွေကတော့ မကျေမနပ်နဲ့ဝေဖန်နေကြတယ်” ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
ယခုလ ၁၁ ရက်က သံတွဲမြို့၊ ဒွါရာဝတီဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်ရှိသည့်အနက် ၇၄၀ ကျော်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၅၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဋ္ဌာနများက တွက်ချက်ထုတ်ပြန်ထားသည်။
ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော
ယင်းအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၊ ပြောရသည့် အကြောင်းရင်းမှာ တိုင်းပြည်ငြိမ်းချမ်းစေချင်သည့် တခုထည်းအတွက်ဖြစ်သည်ဟုလည်း ဦးတင်ဦးကပြောဆိုသွားသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲရင်းအဖြစ်အပျက်မျိုး နောက်နောင် မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ ထပ်မံမဖြစ်ပွားရန်တော့ လိုအပ်သည်ဟုလည်း တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်း ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီရုံးခန်းဖွင့်ပွဲတွင် သဘာပတိအဖွဲ့နာယက ဦးတင်ဦး က ဖွင့်ပွဲအမှာစကားပြောကြားစဉ် ဒီပဲရင်း အဖြစ်အပျက်အကြောင်းကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒီပဲရင်း အဖြစ်အပျက်ဖြစ်ပျက်ဖြစ်သည့်နေ့က ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်ဦးက လုံခြုံရေး အခြေအနေကို အကဲခတ်ကာ မသွားဖို့ တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ဦးတင်ဦးက ယနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။
ဒေါ်အောင်ဆန်းစုကြည်က စာရေးသားရာမှ ရရှိသည့်ဝင်ငွေဖြင့် ဒီပဲရင်း အဖြစ်အပျက်ကြောင့် ဒုက္ခရောက်ခဲ့ရသူများအား ယနေ့တိုင် ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်းဦးတင်ဦးက ပြောဆိုသည်။
ဒီပဲရင်း အဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်လျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များကို ကျည်ရွာအနီးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များဟု ယူဆရသည့် အကြမ်းဖက်သူ အုပ်စုက ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ န၀တ အစိုးရ က လူ ၄ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံဘက်မှ ပြောဆိုချက်အရ လူ ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
အသေးစား/အလတ်စား စက်မှုလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် လိုအပ်သည်များ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိ
နိုင်ငံတော်၏ စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုး တိုးတက်လာစေရန် အသေးစား/ အလတ်စား စက်မှုလုပ်ငန်းများ တည်ထောင်ဖွံ့ဖြိုးလာစေရေးကို နိုင်ငံတော်မှ အထူးအားပေးလျက်ရှိပါသည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ဖက်စပ်လုပ်ငန်း အသွင်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။ လုပ်ကိုင်ဆောင်ရွက်ခွင့် မှတ်ပုံတင်ခြင်း ကိစ္စများကို အမြန်ဆုံးဆောင်ရွက်ပေးလျက် ရှိပါသည်။ ငွေကြေးဆိုင်ရာ အထူးအကူအညီများကိုလည်း မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်မှ ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ ၄င်းအပြင် စက်ပစ္စည်းကိရိယာများ တင်သွင်းခြင်းကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ရပ်ကွက်နှင့် ကျေးရွာဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရာတွင် လျို့ဝှက်မဲပေးစနစ်ဖြင့်သာရွေးချယ်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
ရပ်ကွက်နှင့်ကျေးရွာ ဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦးခန့်အပ်ရာတွင် မျက်နှာစုံညီ ညှိနှိုင်းရွေးချယ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ရောက်ရှိလာသော်လည်း လျို့ဝှက်မဲပေးစနစ်ဖြင့်သာ ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဘောတူခဲ့ကြောင်း သိရသည်။
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ဆွေးနွေးနိုင်ရန် ရောက်ရှိလာသဖြင့် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးကာ ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ''ဥပဒေကြမ်းရဲ့ အခန်း ၄ အပိုဒ် ၇ အပိုဒ် ခွဲ(ဂ)ကို နိုင်ငံတော်သမ္မတက မူလ၀န်ကြီးဌာနက လွှတ်တော်သို့ ပေးပို့သော ဥပဒေကြမ်းပါ ညှိနှိုင်းရွေးချယ်ရန် စာသားကို လျို့ဝှက်ဆန္ဒမဲပေး၍ ပြောင်းလဲပြဋ္ဌာန်းမှုနှင့်စပ်လျဉ်း၍ ဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦးအား မျက်နှာစုံညီ ညှိနှိုင်းရွေးချယ်ပေးမှုစနစ်သည် အချိန်တိုအတွင်း ဆယ်အိမ်စုများအတွင်း၌ အ များရှေ့မှောက်တွင် မျက်နှာစုံညီ ညှိနှိုင်းရွေးချယ်မှုဖြစ်၍ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ပေးနိုင်မည်ဖြစ်ပါသည်။ အခြေခံအဆင့် ရွေးချယ်မှုသည် လုပ်ငန်းတာဝန် နည်းပါးသွားစေခြင်း၊ မလိုလားအပ်သော အုပ်ချုပ်မှုဖြစ်စဉ်များအား ကာကွယ် ပေးခြင်း၊ ငွေကြေးကုန်ကျမှု မရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သကဲ့သို့ ဆန္ဒမဲပေးခြင်းကြောင့် ကြီးမားကျယ်ပြန့်လာသည့် ရှုပ်ထွေးမှုအားလုံးကို လျော့နည်းသွားစေမည် ဖြစ်ပါသည်ဟု ပြင်ဆင်ရန် သဘောထားမှတ်ချက် ပြုထားတဲ့အတွက် ဥပဒေကြမ်းရဲ့ မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း အဆိုပြုသတ်မှတ်ရမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
မှန်မှန်ကန်ကန် သတ္တိရှိရှိပြောရဲဆိုရဲတင်ပြရဲတဲ့ စိတ်ဓာတ်တွေနည်းပါး နေကြသေးတဲ့အလျောက် သူတစ်ပါးမုန်းတီးမှာ ကြောက်ရွံ့နေကြသေး တာတွေ၊ သူတစ်ပါးကို အားနာလိုက်လျောမိတာတွေ၊ သူတစ်ပါးယောင်၍ လိုက်ယောင်မိတာတွေစတဲ့ . . .
နိုင်ငံတော်သမ္မတ၏ သဘော ထားမှတ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ''နိုင်ငံတော်သမ္မတကြီးရဲ့ သဘောထားမှတ်ချက် တင်ပြချက်များဟာ လုပ်ငန်းသဘော သဘာဝအရ အကြောင်းအကျိုးဆီလျော်မှုရှိပေမယ့် သဘောထားမှတ်ချက်ပါအတိုင်း ညှိနှိုင်းရွေးချယ်မည်ဆိုပါက ကျေးရွာသူကျေးရွာသားများ၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများကြားတွင် မှန်မှန်ကန်ကန် သတ္တိရှိရှိ ပြောရဲဆိုရဲ တင်ပြရဲတဲ့ စိတ်ဓာတ်တွေ နည်းပါးနေကြသေးတဲ့အလျောက် သူတစ်ပါးမုန်းတီးမှာ ကြောက်ရွံ့နေကြသေးတာတွေ၊ သူတစ်ပါးကို အားနာလိုက်လျောမိတာတွေ၊ သူတစ်ပါးယောင်၍ လိုက်ယောင်မိတာ တွေစတဲ့ အခြေအနေဆိုးများကိုလည်း ဖြစ်ပွားလာဖွယ်ရာရှိတယ်လို့ သုံးသပ် ယူဆမိပါတယ်။ ဒါ့ကြောင့် လျို့ဝှက်စွာ မဲပေးရွေးချယ်ရတဲ့အတွက် ရွေးချယ်ပေးသူနှင့် ရွေးချယ်ခံရသူအကြား တစ်ဦးအပေါ်တစ်ဦး အာဃာတစိတ်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိမှာ မဟုတ်ပါ။ ဒါကြောင့် လျို့ဝှက်မဲပေးခြင်းသာ သဘာဝအကျဆုံး၊ ဆီလျော်မှုအရှိဆုံး၊ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ''လျို့ဝှက်ဆန္ဒမဲပေးခြင်းအားဖြင့် မလျော်သြဇာသုံးမှုတွေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ ကျေးရွာရာနှုန်းပြည့်မှာ ဆွေမျိုးအုပ်စုများကြီး စိုးလွှမ်းမိုးပါတယ်။ မိမိတို့ရဲ့ ကျေးရွာရပ်ကွက်သြဇာကို ဆွေမျိုးအုပ်စုတွေ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ကြပါတယ်။ အဲဒီလိုသြဇာလွှမ်း မိုးမှုကို မျက်နှာစုံညီရွေးချယ်ခြင်းအားဖြင့် မိမိတို့ရဲ့လွတ်လပ်တဲ့စိတ်ဆန္ဒကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ဘယ်လိုမှ သြဇာလွှမ်း မိုးမှုက ရှောင်လွဲနိုင်မှာ မဟုတ်ပါဘူး။ လျို့ဝှက်ဆန္ဒမဲပေးမှုနဲ့သာလျှင် မိမိတို့ရဲ့ စိတ်ဆန္ဒနဲ့ စိတ်ကျေနပ်စွာပေးနိုင်မှာဖြစ်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ကိုရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒီမို ကရေစီရဲ့အသက်က ကျေးရွာကစပြီး ခေါင်းဆောင်အဆင့်ဆင့်ကို ရွေးချယ်တဲ့နေရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ နည်းနဲ့ရွေးရပါမယ်။ လွတ်လပ်ပြီးတရာမျှတတဲ့ ရွေးနည်းက လျို့ဝှက်ဆန္ဒမဲပေးတဲ့ စနစ်ပါပဲ။ ဒီမိုကရေစီရဲ့အသက်ပါပဲ။ ဒီစနစ်နဲ့ သွားသင့်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
*****ထိုင်ခုံပျောက် ဦးအောင်သောင်း နဲ့ ကြံ့ဖွံ့ပါတီတွင်း ပုံရိပ်သစ် CLEAN GOVERNMENT ကို ဖျက်ဆီးနေကြသူများ*****
ဦးသိန်းစိန် ခေါင်းကိုက်နေတဲ့ ကြံ့ဖွံ့ ပါတီ
လက်ရှိ အစိုးရသစ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ပါတီမှ ၀န်ကြီးများနှင့် အတွင်းရေးမှူးများကြောင့် သမ္မတ ဦးသိန်းစိန်တစ်ယောက် ခေါင်းကိုက်နေရကြောင်း အစိုးရရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။ Clean Government ဟု ကြွေးကြော်နေသော်ငြားလည်း လက်ရှိ အစိုးရအဖွဲ့အတွင်း ကြံ့ဖွံ့ အစိုးရ၀န်ကြီးများ ဖြစ်ကြတဲ့ အမှတ် (၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဗိုလ်မှူးကြီးဟောင်း ဇော်မင်းနဲ့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း မြင့်လှိုင်တို့ဟာ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေကြကြောင်း သိရှိရပါတယ်။
သူတို့နှစ်ယောက်ထက် ဆိုးတဲ့သူကတော့ ယခင်စက်မှု (၁) ၀န်ကြီးဟောင်း ယခု ကြံ့ဖွံ့ အတွင်းရေးမှူး တောင်သာ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ အဂတိ လိုက်စားမှု ကမ်းကုန်အောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်သောင်း ပွဲစားခ သန်းနဲ့ချီပြီး ကော်မရှင်ယူဆောက်ခဲ့တဲ့ စက်မှု ၁ စက်ရုံများအနက် တ၀က်လောက်က အရှုံးပေါ်နေလို့ ၀န်ကြီးဌာနနှစ်ခုပေါင်းလိုက်ရပေမဲ့ ဦးအောင်သောင်း လူလည်ကြီးကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတယ်လို့ ပြောနေကြပါတယ်။ သမ္မတ ဦးသိန်းစိန်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၀န်ကြီးတွေကို ရွေးချယ်ဖို့ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးခဲ့ရာ ၀န်ကြီး ဦးအောင်သောင်းအား ဆက်လက် တာဝန် ပေးဖို့ မနှစ်သက်တဲ့ အတွက် ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီမှာ သုံးဖွဲ့ကွဲလျက် ရှိနေကြောင်း သတင်းရရှိပါတယ်။ အဲဒီသုံးဖွဲ့ကတော့ ယခင်ဝန်ကြီးဟောင်း ထိုင်ခုံပျောက် လွှတ်တော်အမတ်တွေရယ်က တအုပ်စု၊ ယခင်တုန်းကလည်းဝန်ကြီး၊ ယခုလည်း ၀န်ကြီးလုပ်နေတဲ့ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေက တအုပ်စု၊ အစိုးရသစ်တက်လာမှ ကြံ့ဖွံ့ပါတီကိုရောက်လာတဲ့ ၀န်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် (ဒုဗိုလ်ချုပ်ကြီးဟောင်း)တွေက တအုပ်စုဆိုပြီး သုံးဖွဲ့ ရှိပါတယ်။ ဦးအောင်သောင်းကတော့ ၀န်ကြီးဟောင်း ထိုင်ခုံပျောက် လွှတ်တော်အမတ်တွေ အုပ်စု ဖြစ်ပါတယ်။
ဦးအောင်သောင်းတို့ အငြိမ်းစားဝန်ကြီးများက လွှတ်တော်ထဲမှာ နေရာလည်းမရ ဌာနလည်းမရှိ ဖြစ်နေတော့ ယခင်ကြံ့ခိုင်ရေးအသင်းထဲက သူတို့တပည့်တွေကို ပြန်အသုံးချပြီး ကျန်အုပ်စုနှစ်စုကို တိုက်ခိုက်နေတဲ့အတွက် ကြံ့ခိုင်ရေးပါတီအတွင်းမှာ အုပ်စုလိုက်တိုက်ပွဲကြီးတွေ ပြင်းထန်နေကြောင်း သိရပါတယ်။ လက်ရှိကြံ့ဖွံ့အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေကို တိုင်စာပစ်စာတွေပလူပျံနေတာဟာ ဦးအောင်သောင်းလို လက်သက်မွေးထားတဲ့ ကြံ့ဖွံ့ပါတီထဲက နေရာမရခဲ့တဲ့ အလုပ်အမှုဆောင်တွေက လုပ်တာကြောင့် ပြင်းထန်နေရတယ်လို့ သိရပါတယ်။ ပါတီထဲမှာ ဦးအောင်သောင်းကို လူလည်ကြီးလို့ခေါ်ကြကြောင်း သိရပါတယ်။ ခမီးခမက်တော်သူ ယခင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အရှိန်အ၀ါကြောင့် သမ္မတကြီးကလည်း ဦးအောင်သောင်းကို နေရာပြန်ပေးရန် လိုအပ်နေတာမို့ လွှတ်တော်အတွင်း ပဋိပက္ခများကြောင့် နေရာထားပေးရန် အခက်ကြုံတွေ့ နေရပါတယ်။
ဒါကြောင့် ဦးအောင်သောင်းအား လွှတ်တော် အတွင်းမှာ ဆက်ထားမယ် ဆိုရင် ပြဿနာ ရှိလာနိုင်တာမို့ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ပြင်ပတာဝန်ပေးပြီး ပထုတ်ဖို့ စီစဉ်ရပါတော့တယ်။ လူလည်ကြီးကတော့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရာထူးကိုရယူပြီး စစ်တပ်ကိုပါ လွှမ်းမိုးမှုယူနေလို့ စစ်တပ်ကလည်း သူ့ကို သဘောကျ နှစ်သက်ခြင်း မရှိကြောင်း သိရပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာလည်း KIO နဲ့ဆွေးနွေးနေတာ အဆင်မပြေသေးသလိုဘဲ “၀” UWSA အဖွဲ့ကလည်းသူ့ကို မယုံကြည်ဘူးလို့ သိရပါတယ်။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေကို သမ္မတက စိတ်မချလို့ KIO နဲ့ ရွှေလီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း အောင်ကြည်အား ထပ်မံ ထည့်ခိုင်းရပါသေးတယ်။
ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နောက်တစ်ဦး ဖြစ်တဲ့ ပြည်ထောင်စု ၀န်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းကို ယခင်က ဦးအောင်သောင်း လက်အောက်ထဲသို့ ထည့်သွင်းခဲ့ပေမဲ့ အစိုးရ အဖွဲ့အတွင်း တာဝန်ရှိသူများက ထိုသို့ တာဝန်ပေးရန် မသင့်တော်ကြောင်း၊ ဝေဖန်မှုကြောင့် ပြန်လည် ဆွဲထုတ်ခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးရွှေမန်းနှင့် လည်းကောင်း၊ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် လည်းကောင်း၊ ကြံ့ဖွံ့ ပါတီထဲမှ ပါတီဝင်အချင်းချင်း တိုင်စာပစ်စာများ တက်ရောက်လာခဲ့တဲ့ ကိစ္စများ အပေါ် အကြေအလည် ဆွေးနွေးနေရပါတယ်။ နောက်ဆုံး ဦးရွှေမန်းက ကြံ့ဖွံ့ ပါတီဝင်များ အဂတိ လိုက်စားမှု သက်သေ ထင်ရှားတွေ့ခဲ့ရင် အရေးယူတော့မယ်လို့ ကြေညာလိုက်ရတဲ့အထိ ဖြစ်ခဲ့ရပါကြောင်း တင်ပြလိုက်ပါတယ်။
****စည်ပင်အရာရှိအိမ်တွေကို ၂ သိန်ပေးပြီးဖယ်ခိုင်းရင် ဘယ်လိုခံစားရမလဲ.?***
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် မီးသွေးဖိုကုန်းကျေးရွာမှာ နေထိုင်တဲ့ ရွာသားတွေကို စီမံကိန်းနယ်မြေဆိုပြီး ဖယ်ခိုင်းကာ မဖယ်ပေးတဲ့ ရွာသားတွေကို စည်ပင်သာယာက တရားစွဲဆိုပါတယ်။
တရားစွဲခံရတဲ့ ဦးချစ်ကိုဦးက “ကျနော်တို့ ရွာက စီမံကိန်းနယ်မြေ ဖြစ်တယ်ဆိုပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က လာပြီး ညွှန်ကြားသွားပြီးတော့ ကျေးရွာနေတဲ့သူတွေကို ပြောင်းရွှေ့ကြေး ၂ သိန်း ပေးတယ်။ မပြောင်းသေးတဲ့သူ၊ မဖယ်ပေးတဲ့သူတွေကို စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ နဲ့ တရားစွဲဆိုတယ်။ စီမံကိန်းဆိုတာ ကျနော်တို့ ကြားတာတော့ ကျောက်မျက် စီမံကိန်းလို့ ပြောတယ်။ မြေကွက် ပြန်ပြီးတော့ အစားမပေးဘူး။ ပြောင်းရွှေ့ကြေး ၂ သိန်းနဲ့ ဘယ်လိုလုပ် ၀ယ်ယူ နေထိုင်ရမလဲ။ တကယ်ပဲ နေစရာ မရှိတဲ့သူဆိုတော့ မဖယ်ပေးဘူး။ မဖယ်ပေးတဲ့လူတွေက တရားစွဲဆိုခံရတာပေါ့။ အခုနေစရာ၊ လုပ်စားစရာ မြေကွက်လည်း မရှိဘူး ဆိုတော့ တရားစွဲလည်းခံရုံပဲ၊ ထောင်ချလည်း ခံရရုံပဲဆိုပြီး နေထိုင် တရားရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ၁၄၅ အိမ်ရှိပြီး စည်ပင်က စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး ဖယ်ခိုင်းခဲ့တာပါ။ ဒီလို ဖယ်ခိုင်းတဲ့နေရာမှာ ရွာသား ၄၉ ဦးသာ အိမ်ခြံမြေနေရာနဲ့ ပြောင်းရွှေ့စရိတ် ၂ သိန်းရရှိပြီး ကျန်သူတွေကိုတော့ ပြောင်းရွှေ့စရိတ် ၂ သိန်းသာ ပေးပြီး မြေနေရာမပေးဘဲ ပြောင်းရွှေ့ခိုင်းတာလို့ ဆိုပါတယ်။
ဒီလို မညီမျှမှုကြောင့် မပြောင်းဘဲ တင်းခံတဲ့ ရွာသားတွေကို ဖမ်းဆီး ထောင်ချမယ်လို့ သက်ဆိုင်ရာက ပြောဆိုတာကြောင့် တချို့ရွာသားတွေ ကြောက်လန့်ပြီး ပြောင်းရွှေ့ကုန်ပေမယ့် တချို့က မပြောင်းဘဲ ဆက်လက် နေထိုင်ကြပါတယ်။မပြောင်းဘဲ ကျန်ရှိတဲ့ အိမ်ခြေ ၂၀ ကျော်ကို ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာ နေပြည်တော်စည်ပင်ဌာနက စည်ပင်ဥပဒေ ပုဒ်မ၂၆ နဲ့ တရားစွဲဆိုထားပါတယ်။ မနေ့ကတော့ ရုံးချိန်း ၄ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။တရားရင်ဆိုင်ရတဲ့ ရွာသား ဦးချစ်ကိုဦးက တရားခွင်အတွင်း စစ်ဆေးမှုနဲ့ သူ့ရဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။
“စစ်တယ်ဆိုတော့ ကျနော်တို့ကို စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ နဲ့ လယ်ဝေးမြို့နယ်တရားရုံးက တရားသူကြီးက မေးတယ်။ ခင်ဗျားတို့ကို တရားစွဲဆိုထားတယ်၊ ဒီအတွက် အပြစ်ရှိလား၊ မရှိဘူးလားပေါ့။ ကျနော်တို့ကလည်း အပြစ်မရှိပါဘူးလို့ ပြောကြားထားတယ်။ ဘာကြောင့်မရှိလဲဆိုတော့ ကျနော်တို့က ရွာမြေမှာနေထိုင်ပြီးတော့ ရွာလူကြီးရဲ့ အသိအမှတ်ပြုလက်မှတ်၊ ပုံစံ ၁၀ (က) နဲ့ ကျေးရွာရဲ့ ကိစ္စအ၀၀ဖြစ်တဲ့ သာရေးနာရေး၊ မီးဘေးနဲ့ လုံခြုံရေးတို့မှာ တာဝန်ယူပြီး ထမ်းဆောင်ခဲ့ကြတာ၊ ရွာသားဖြစ်လျက်သားနဲ့ စည်ပင်ပိုင်နယ်မြေမှာ နေတယ်ဆိုပြီး တရားစွဲဆိုတာ ဖြစ်တာကြောင့် ကျနော်တို့မှာ အပြစ်မရှိပါဘူးလို့ ပြောကြားထားတာ။
ကျနော်တို့မှာ နေစရာမရှိလို့ ဈေးတန်ဖိုးလည်းနည်းပြီး ကိုယ့်ရဲ့ လုပ်အားခနဲ့ တနိုင်တပိုင် ရရှိတဲ့ငွေကြေးနဲ့ ဒီကျေးရွာမြေမှာ ၀ယ်ယူပြီး အိမ်ဆောက်နေတာပါ။ မတရား နှင်ထုတ် တရားစွဲဆိုနေတော့ ကျနော်တို့ရဲ့ နစ်နာမှုတွေက အများကြီးပဲ။”
ရွာသားတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် အကူအညီလိုအပ်နေပြီး လက်ရှိအတိုင်းဆို ထောင်ဒဏ်ကျခံရမယ့် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ ရွာသားတွေ တရားစွဲဆိုခံရမှုနဲ့ ပတ်သက်ပြီး လယ်ဝေးမြို့နယ် စည်ပင်သာယာရေး ကော်မတီကို မေးမြန်းလို့ မရသေးပါဘူး။
အာဏာရှင်စနစ်ကို ကျနော်ဘာလို့ မုန်းသလဲ [သွန်းနေစိုး]
သင်သည် အကောင်တစ်ကောင်ကောင်၏ သား သို့မဟုတ် သမီးဖြစ်သည်ဆိုလျှင် တွေ့ရာလူကို ပါးရိုက်လို့ရ၏။လမ်းတွေ့လို မကျေနပ်လျှင် ခေါ်ဆွဲထိုးလို့ရ၏။ ဒါတင်မက ဆောင့်ကန်လို့ ရသေးသည်။အဆင်သင့်လျှင် သတ်ပစ်လို့ပါရ၏။ ဥပဒေ၏ အထက်တွင် သင်ကားယားကြီး ခွထိုင်နေလို့ ရမည်။
ဘယ်သူ့ကို တရားလက်လွတ် သင်စော်ကားသည်ဖြစ်စေ ဘာမှ မဖြစ်။ထိုသူက သင့်လို အကောင်တစ်ကောင်ကောင်နှင့် မပတ်သက်ရန်သာ အရေးကြီးပါသည်။
ယင်းမှာ ကျနော် အပိုပြောနေခြင်း မဟုတ်ပါ။တစ်ခေတ်တစ်ခါကတော့ ထိုအတိုင်းတကယ်ကြီးဖြစ်ခဲ့ဘူးပါသည်။ဥပမာလေးတစ်ချို့ကို ကျနော် တင်ပြပါမည်။
ရန်ကုန်မြို့ Sedona Hotel ဆီတွင် ဖြစ်ပါသည်။ဆူဇူကီးကားလေးတစ်စင်း ၀င်ပေါက်မှ ထွက်လာ၏။ကားလေးက သေးသေးကွေးကွေး။ ကားမောင်းသူက မျက်မှန်အထူကြီးနှင့် လေးလေးကန်ကန်။ဖြစ်ချင်တော့ ထိုစဉ် Sedona သို့ အရှိန်ပြင်းစွာ မောင်းဝင်လာသော Surfကားကြီးတစ်စီးနှင့် ထိပ်တိုက်တိုးလေတော့သည်။
ကျွီကနဲ ဘရိတ်အုပ်သံများ ဆူညံ၍သွား၏။နှစ်စင်းစလုံး ဗြုန်းကနဲ ရပ်တန့်သွား။ အနီးနားမှ လူတွေ ငေးကြည့်လိုက်ကြ၏။ကားတွေက ဘာမှ မဖြစ်ပါ။ ဘာဆို ဘာမှကို မဖြစ်လိုက်ပါ။ခြစ်မိ ပွတ်မိခြင်းကလေးမျှ မရှိ။ထိုစဉ်တွင် Surf ကားကြီးပေါ် ပါလာသူက ထင်မှတ်မထားသော အပြုအမူ တစ်ခုကို ပြုလုပ်လိုက်သည်။
ကားတံခါးကို ၀ုန်းကနဲဖွင့် ကားပေါ်မှ ဒိုင်းကနဲ ဆင်းလာခြင်းပင်။လက်ထဲတွင် ဘေ့ဘောရိုက်သော တုတ်တံကြီးနှင့်။ ဆူဇူကီးကားလေးပေါ်မှ မျက်မှန်သမားကိုလှမ်းအော်သည်။
'ဟေ့ကောင် --မသား ဆင်းခဲ့စမ်း၊ ကားမောင်းတာ မျက်စိမပါဘူးလား၊ ငါ့ဘာကောင်အောက်မေ့လဲ၊ ငါ ...'
ချက်ချင်းပင် ဖရုဿဝါစာပေါင်းစုံသွားလေတော့သည်။ ဆူဇူကီးကားပေါ်မှလူက ကြောင်နေ၏။ ဆင်းမလာ။
ထိုစဉ် ဆင်းသာလာလို့ကတော့ ဘေ့ဘောတုတ်တံကြီးနှင့် မိတ်ဆက်ခံလိုက်ရမည်မှာ မလွဲပေ။အနီးနားရှိနေသော လုံခြုံရေးဝန်ထမ်းကလေးတွေက Surf ကားကြီးပေါ်မှ ဆင်းလာသူ သကောင့်သားကို ၀ိုင်းဖြောင်းဖြကြ၏။ သို့သော် သူက မရ။ အရှိန်က တက်နေဆဲ။
လက်သီးလက်မောင်းတွေ တန်း။ ဖရုဿဝါစာတွေကို ရက်ပ်စာသားလို တတွတ်တွတ်ရွတ်။ ငါ့ ဘာကောင်အောက်မေ့နေလဲ ဟူသော စကားကိုလည်း အခွန်းချင်း ထပ်အောင်ပြောနေ၏။တကယ်တော့ သူက ဘာကောင်မှ မဟုတ်ပါ။ သို့သော် အကောင်သားတော့ ဖြစ်နေ၏။သူ့အဖေက မှုးကြီး တစ်ဦး။ သူက ဒီ Sedona မှာ Gym လာဆော့နေကျ။သူ့ကား တရှိန်ထိုးမောင်းဝင်လာရင် သိသူတွေက ဖယ်ပေးကြရမြဲ။ဆူဇူကီးကားပေါ်မှ လူက သူ့ဇနီးသည်ကို ရုံးလိုက်ပို့ခြင်းဖြစ်ပါသည်။သူ့ဇနီးရုံးက Sedona အပေါ် သုံးထပ်မှာရုန်းရင်းဆန်ခတ်အခြေအနေကို သူ့ဇနီးက မြင်တော့ သူမအဖေ၏ PSO ဆီ ဖုန်းကောက်ဆက်၏။ချက်ချင်းဆိုသလို PSO ရောက်လာသည်။သောင်းကျန်းနေတဲ့ Surf ကားရှင် သရဲကောင်းကြီးကို နားရင်းပြေးတီး၏။ပြီးတော့ ဂုတ်ကဆွဲခေါ်လာကာ သုံးထပ်အထိ ခေါ်လာ၏။ တောင်းပန်ခိုင်းသည်။ဒီလိုဆိုတော့ ရမ်းကားနေသူကြီးက သွေးအရှိသား။ ဒူးထောက်ပြီးကို တောင်းပန်လေသည်။ဘာကြောင့်ပါနည်း။ ဆူဇူကီးကားရှင်း၏ ဇနီးမှာ သူ့ထက်ကြီးသော ချုပ်တစ်ဦး၏သမီးတော် ဖြစ်နေသည်ကိုး။အကယ်၍ ထိုနေရာတွင် သာမာန်ရိုးရိုးလူတစ်ဦးသာ ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။ချုပ်သမီးနှင့် သမက်ဖြစ်လျက် အေးအေးနေသူများရှိသလို အတော်နည်းပါသည်။ယခုကဲ့သို မှုးကြီးသားလောက်ဖြစ်လျက် ရမ်းကားနေသူ အတော်တော်များများကို တွေ့ခဲ့ရဘူးသည်။
နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပါဦးမည်။
ရွှေနှင်းဆီလမ်းသို့ အေးဆေးစွာ မောင်းလာသောကားတစ်စီးအကြောင်းဖြစ်၏။၇မိုင်နားအရောက်တွင် ရှေ့မှ သွားနေသော ကားတစ်စီးကို ကျော်တက်လိုက်မိ၏။ဘာမှလည်း မဟုတ် ရိုးရိုးကျော်မိရုံပါ။ကျော်မိလိုက်ခြင်းမှာပင် နောက်ကားပေါ်က လူက ဟွန်းသံအကျယ်ကြီးကို ပြုလိုက်သည်။ပြီးတော့ လိုက်တိုက်တော့တာပါပဲ။ဟိုလူ့ခမျာမောင်းပြေးရသည်။ထိုနေ့မှ စကာ ၇မိုင်နား သူ မဖြတ်ရဲတော့။ဟိုက သူ့ကားမြင်တိုင်း လိုက်တိုက်နေသည်လေ။တိုက်သူ ဘယ်သူလဲ သူသိပါသည်။
ယင်း၏ ဖခင်ကို သွားပြောပြ၏။ ကျနော့်ကို ဒီလိုပဲ လုပ်နေပါတယ်ဆိုတော့ ...ဟိုက ရယ်၍သာ နေသည်။ဒီတော့ သူ့ခမျာ ရွှေနှင်းဆီလမ်းလာတိုင်း မြောက်ဥက္ကလာဘက်ကချည်း လှည့်လာနေရပါလေတော့သည်။
မကြာသေးခင်ကတင် သတင်းတစ်ခုကြားပါသေးသည်။ဝန်ကြီးတစ်ပါးအိမ်ကို ရှေ့ပေါက်မှ ၀င်မိလို့ အရာချခံရသည်ဆိုလား ဒီလို စိတ်ဓာတ်မျိုးတွေနှင့် ဘယ်လို အကြီးအကဲလုပ်ကြမည်နည်း။
နေရာတစ်ခုရလိုက်သည်နှင့် လူတွေက ကိုယ့်ကိုယ်ကို နေနတ်ဘုရားလိုလို ထင်သွားတော့သည်။ကျောမွဲများအပေါ် ထင်သလိုပြုကျင့်၊ အားလုံးတရားသည်ပေါ့။သူတို့ သားသမီးတွေကတော့ ပိုဆိုးပါသည်။ ဇာတ်လမ်းလေးတွေ ပြောစရာ အများကြီးရှိပါသေးသည်။
တစ်ချို့ဇာတ်လမ်းတွေက အလွယ်နှင့် ပြီးသွားပေမယ့် တစ်ချို့ဇာတ်လမ်းတွေကတော့ ရင်နာစရာ ပြန်မပြောပြနိုင်စရာ ကြေကွဲမှုဖြင် အဆုံးသတ်သွားကြရှာ၏။
ထို့ကြောင့် ...ထိုအချက်များကြောင့် ကျနော် အာဏာရှင်စနစ်ကို မုန်းပါသည်။တူးတူးခါးခါးကို မုန်းပါသည်။ဘယ်သူ အစိုးရလုပ်ပါဟု ကျနော် တောင်းဆိုနေခြင်းမဟုတ်ပါ။ဘယ်သူတက်တက် အာဏာရှင် စနစ်ကိုတော့ မပြန့်ပွားစေလိုပါ။အိမ်က ကွန်ပြူတာ ပျက်နေ၍ ဒီစာကို အင်တာနက်ဆိုင်မှာ လာရေးပါသည်။ဆိုင်သို့အလာ ကားလမ်းအကူးတွင် ကားတစ်စင်းက ၀ှီးကနဲ ဖြတ်ကျော်သွား၏။ကျနော့်မှာ အသည်းအေးကနဲ ဖြစ်သွားရသည်။ တကယ့်ကို သီသီကလေး။နောက်ထပ် ၁ပေလောက်သာနီးရင် ကျနော် ဒီလောကကြီးမှာ မရှိတော့။မျက်မှန်ကိုပင့်ကာ အပြင်းဆက်မောင်းသွားသော ကားကို လှမ်းကြည့်တော့ စတစ်ကာ အနက်တွေကပ်ထားတာကို တွေ့၏။ကားနံပါတ်ကိုလည်း ရောင်ပြန်များနှင့် လုပ်ထားတော့ ဖတ်ရခက်နေသည်။တွေ့ရိုးတွေ့စဉ် ဖောင်းကြွစာလုံးများ မဟုတ်။
ဘယ်ကားမှ စတစ်ကာ မကပ်ရဘူးလို့ စည်းကမ်းထားသည် မဟုတ်လား ကျနော် မသိတော့။
ဥပဒေဖြစ်စေ၊ အမိန့်ဖြစ်စေ၊ စည်းကမ်းဖြစ်စေ၊ထိပ်ဆုံးမှ အောက်ဆုံးအထိ တပြေးညီ တစ်ပုံစံတည်း လိုက်နာကြသော ခေတ်ကို ရောက်လိုလှပါသည်။
သွန်းနေစိုး Thorn Nay Soe
၁၉၆၂ခုနှစ်ကကော၊ ၁၉၈၈ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက် မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာယူစရာဖြစ်တဲ့၊ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်ကောင်စီဝင် ကျန်စစ်ခေါင်းဆောင်တွေ သစ္စာ ဖေါက်ပြီး၊ ၁၉၉၂ ဧပြီလ (၂၇)ရက် နေ့ မှာ စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်အကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ဦးရော်နီညိမ်း တို့ ဆွေးနွေးတင်ပြထားတာကို၊ ဒီသီတင်း ပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက် လိုက်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ န၀တ ဒုတိယ ဥက္ကဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဌ ဆိုတာကို စပြီး တော့မှ ကြေညာတာက ၁၉၈၉ ပေါ့လေ၊ ၁၉၈၉ အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေး တွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “၀ါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့အစည်းအဝေး တွေမှာဆိုရင် ဗိုလ်ချုပ် ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး (၁)၊ (၂)။ ပြီးမှ ကျန်တဲ့ member (န၀တ အဖွဲ့ဝင်) တွေက တန်းစီပြီး တော့မှ ထိုင်ရပါတယ်။ ဒါ “၀ါစဉ်” ပါပဲ။ စစ်ရေးနဲ့ပတ်သက်တဲ့ အစည်း အဝေးဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြား ရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ် အစည်းအဝေးတို့၊ စစ်တပ်အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေးကြီး ရောက်သွားပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ သူ တရားဝင် န၀တ ဒုတိယ ဥက္ကဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဌနဲ့ ဥက္ကဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာ သလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေကလွဲလို့ ကျန်တဲ့ တာဝန်ပေး တာမရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေ၀င်းက ဘာမှ ၀င်ရောက် စွက်ဖက်ခြင်း မရှိဘူး လား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်နောက်ပိုင်းမှာတော့ ဦးနေ၀င်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ်နေရာချထား မှုနဲ့ ပတ်သက်ပြီးတော့ မှ သူ့အနေနဲ့ ၀င်ရောက်စွက်ဖက်တာ မရှိတော့ပါဘူး။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တစ်ခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေ ၀င်းသည် အောက်ကတပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့အာဏာမြဲအောင် တစ်သက်လုံး လုပ် လာတာဆို တော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေ ဖြစ်နေတာ သူ့အတွက် ပိုပြီး တော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ်ဆိုလို့ရှိ ရင် ဒီသဘောမျိုးကော ရှိနေပါ သလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဆင်မပြေဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့မရဘူးခင်ဗျ။ ဘာလို့ ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ မကျေနပ်ဘူးဆိုတဲ့အမူအရာ လုံးဝမပြခဲ့ပါဘူး။ တကယ့် တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူးဆိုပြီး ပိတ် တဲ့ သဘောမျိုးတွေ ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ် ကြီးစောမောင်လူလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ)ဗိုလ်မှူးကြီးခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင် သန်းကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေ ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန် မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီး စော မောင်က “တင်ဦးကို ငါ စစ်ရုံးမှာ မမြင်ချင်ဘူး” ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ထိုအချိန်က တဦးတည်း သော ကစထမှူး) ဆိုပြီးတော့မှ ကရင်ပြည် နယ် ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင် မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း)၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင် ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း)အဖြစ် ရာထူးတက်ခဲ့ပြီး နောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါတုန်းက တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်က လုပ်တယ်ဆို တော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသ လဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီ ကကလှမ်း (ကာကွယ်ရေးဝန်ကြီး ဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) နဲ့တော့ အမြဲသွားဟယ်လာဟယ် အဆက်အသွယ်ရှိ တယ်။ ဗိုလ်ချုပ်ကြီး စောမောင်အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစော မောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့ က အမြဲတမ်း ထိတွေ့၊ ဆက်ဆံ၊ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။
(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ” အဖွဲ့ဝင် အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင် လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်း၊ ပဲခုးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃) ၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၆ တွင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရပြီး “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ”၀င် အဖြစ်မှပါ ၂၀၀၉ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနား ပေး ဖယ်ရှား ခြင်းခံခဲ့ရသူ)
ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဟာ၊ (၈၃)ရာခိုင် နှုန်းလောက်နဲ့ အပြတ်အသတ်အနိုင်ရသွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူ တကယ်ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ကလိမ်ကကျစ် လုပ် ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်းနေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေး စခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင် ရဲ့ သားအငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင်ပေါ့၊ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာနှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအရ လုံခြုံရေး) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင် ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီး နေ၀င်း အိမ်ကို မကြာမကြာ အ၀င်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golf ရိုက်တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ ၊ ဗိုလ်ချုပ်မောင်မောင်ခင်နဲ့ ဗိုလ်ချုပ်ဘုန်းမြင့်တို့ လေးယောက် ချက်ချင်းပဲ သူ တို့ golfရိုက် တာကိုရပ်ပြီးတော့၊ သူတို့ golf club ကိုပြန်ပါတယ်။ golf club ရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကားယာဉ်တန်း ၀င်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန်မြို့မှာ လမ်းမကြီးလေးသွယ်ဖောက် မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး သန်းရွှေက ရှင်းပြခဲ့ရ ပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီ အချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။
(အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် - ၁၃) = ယခု ပြည်ထောင်စုဝန်ကြီးနှင့် အဆင့် တူ၊ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ယခင် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် နိုင်ငံ ခြားရေး ဒု-၀န်ကြီး ဖြစ်ခဲ့သူ၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင် မောင် ၏ သားကြီး)
(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆) = ဒေါက်တာမောင်မောင်၏ သားငယ်)
(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့”၀င်၊ ကစထ နှစ်ခုထဲ ရှိစဉ်က၊ အောက်မြန်မာနိုင်ငံ တခုလုံး၏ စစ်ဆင်ရေးများကို ကွပ်ကဲရသူ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂)၏ ကစထမှူး နှင့် ၁၉၉၇ တွင် သစ်တောရေးရာဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)
(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး အဖွဲ့”၀င်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ၂၀၀၁ တွင် ဒုတိယ၀န်ကြီးချုပ်အဖြစ်မှ အနားပေး ဖယ် ရှားခံရသူ)
(ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” ၀င်၊ စစ်ထောက်ချုပ် နှင့် ၁၉၉၇ တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှား ခံရသူ)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထား ပြီးသား၊တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက် တွေရဲ့ pressure လည်း များပါ တယ်။ အထူးသဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲလေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော် တော်များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲ။
(ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့” အဖွဲ့ဝင်၊ အနောက်မြောက်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်တိုင်းမှူးနှင့် ၁၉၉၇တွင် ကုန် သွယ်ရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ။ ၂၀၁၀ ဇွန်လတွင် ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နှင့် "နှစ် (၅၀) ကျော် ကိုယ်တွေ့ များ" ပထမတွဲကို ရေးသားထုတ်ဝေခဲ့သူ)
(ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေး အဖွဲ့” ၀င်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLDကို အာဏာလွှဲမပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက် တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ် ဆိုတာ ဗိုလ်ချုပ်ကြီးစော မောင်တစ်ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံ ဘက်ကို ခုန်လိုက်သလဲ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ ခြံထဲဝင် သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန် သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နျုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရ သေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။
(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )မှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်၊ ထိုစဉ်က NLD ပါတီဥက္ကဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူး ကြီးကြည်မောင်အား၊ Asiaweek မဂ္ဂဇင်း သတင်းထောက် Dominique Faulder က၊ “ရွေးကောက်ပွဲ အနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ အစိုးရသစ် ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မ တော်မှ စစ်ခေါင်းဆောင်တချို့အား၊ တရားရုံးတင်ပြီး စစ်ဆေးအပြစ်ပေးဖို့ အစီအစဉ်ရှိပါသလား”ဟု မေးမြန်း ခဲ့ရာ၊ ဦးကြည်မောင်မှ “မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို၊ ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း၊ ထိုစဉ်က စစ်ခေါင်းဆောင် များမှ၊ NLD မှ သူတို့အား နုရင်ဘတ်ခုံရုံးကဲ့သို့ ရုံးတင်စစ် ဆေးဖို့ အစီအစဉ်ရှိသည်ဟု၊ တထစ်ချ မှတ်ယူခဲ့ကြသည်။)
(နုရင်ဘတ်ခုံရုံး (Nuremberg Tribunal) = ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ စစ်ရှုံး နာဇီ ဂျာမန်ခေါင်းဆောင်များ အား စစ်နိုင် မဟာမိတ်နိုင်ငံများက၊ တရားရုံးတင်ပြီး စစ်ဆေး အပြစ်ပေးခဲ့ရာ၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှ စစ်တရားခုံရုံး)
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန် တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင် ရဲ့ သြဇာအာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည် ဆောက်နိုင်တဲ့အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာ ဏာတည်ဆောက်လို့ ရမယ်။ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ် လို ဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့အကြံအစည် နဲ့ ဘယ်လိုပါလဲ ခင်ဗျ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တဘက် မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါ ပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင် မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီး စောမောင်မသိအောင်၊ အရင်က အင်္ဂလန်သံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း (ကွယ်လွန်) အဲဒီအချိန်တုန်းက တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရ တယ်လို့ သိရပါ တယ်။ တကယ့်အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်းပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ“ချုပ်” တွေ နဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တစ်ဆုပ်စာလောက်နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘော လား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီး သန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင် ပေးမယ်ဆိုတာ သူက လည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ် သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ် လို ဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာ။ ဗိုလ်မှူး ကြားသိသလောက် ပေါ့ အဲဒီအချိန်က။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ်(၁)ဖြစ်ရင်၊ သူ နံပါတ်(၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကိုမဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ)လေယာဉ် လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွား ပြီးပေးတဲ့ အဲဒီစာအိပ်လေးကို တိုင်းမှူးက ယူ လာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီး တော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀)တိုင်းရှိတယ်နော်၊ မန္တလေး(နမခ)ကို အဲဒီအချိန် တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ နော်။
(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း(၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက် ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် (လပခ - မန္တ လေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ - တောင်ငူ)မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ - တောင်ငူ)ဟု ဖြစ်လာခဲ့သည်။ ယခုအခါ ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင်၊ ၂၀၁၁ နှစ်ဆန်းတွင် အသစ်ဖွင့်ခဲ့သည့် ရှမ်းပြည်နယ် ခိုလမ်တွင် ဌာနချုပ်ထားရှိသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အပါအ၀င်၊ စုစု ပေါင်း စစ်တိုင်း (၁၄) တိုင်း ရှိသည်။)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။
ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေ လား။ နောက် တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက် စိန်တို့ အသုတ်လား ခင်ဗျ။
(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ် လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ်ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် အကျဉ်းချခံထားရသူ)
(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = န၀တအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လ မြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစား ယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သူ)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေး တယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟိုတခါ “ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ”တုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့် ကို လာပြီးစည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူး တယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီလိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံးအစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀)တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှဖြစ်မယ် ဆိုတဲ့ သဘောထားပေးခဲ့ပါသလား၊ ဒါမှမဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။
(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေး လုံခြုံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်(OTS 29)ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင်၊ ပါဝင်ရန် စည်ရုံးခံရ သူ စစ်အရာရှိကြီးတချို့က ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာမသိရသဖြင့်၊ မိမိတို့ကိုယ် တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘော ပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။
ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာလိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ် တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီဆိုတဲ့ သဘောပေါ့။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုး ထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော် တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ ရသလား”ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကို ပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြော ပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာအကြောင်းမှ မရှိတာ၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။
ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာ မှာ ထားလိုက်တာလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ်ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်း က အဲဒီမှာ ပြောင်း ပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေး ပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲ လေ၊ အဲဒီနေ့က သတင်းလည်းကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက် စရာ ရုံးမရှိတော့ဘူး။ အဲဒီလိုဖြစ်တာ။
ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေများလွန်းတဲ့အတွက် ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က စစ်ရုံး ၀င်းထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီ ၀င်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထားတယ်လို့ ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြော တဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေး လိုက်ရင် သူလည်း နံပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။
ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဘယ် လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။
ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ် သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာ ကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ဌာနနဲ့ ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း(DSA 11) (တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက် လှမ်းရေး’ ဌာနမှူး)တို့ ခရီးသွား တဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန် တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေး ပေါ့၊ နိုင်ငံခြားသံရုံးတွေ ကလာတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီးတော့ ကျနော်တခါ ၀င် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်” ဆိုတဲ့ ကြောက်ကြောက်နဲ့ ပါပဲ။ ကျနော်တို့က အဆင့် အများကြီး ကွာတဲ့ အခါကျတော့။ ၀င် သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လို ထင်လဲ” ဆိုပြီး မေးတော့၊ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရ တယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ် ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့ အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ်နဲ့ ၁၉၉၂ ဧပြီလမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီ အချိန်က “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း တင်ဆက်ခဲ့ တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်း ပါ။
ဒီမိုကရက်တစ်စံနှုန်းများကို နှောက်ရှက်ဟန့်တားနေသော အရာများ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးငြင်းခုန်ကြတဲ့အခါတိုင်း၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ နဲ့ အသွင်ကူးပြောင်းမှု ကာလမှာ ကြုံတွေ့ခဲ့ကြရတဲ့ နိုင်ငံတွေဆီမှ အခက်အခဲတွေကို လေ့လာသုံးသပ်ကြတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေ ဟာ အရပ်သားအစိုးရတရပ်ပေါ်လာအောင် ဘယ်လို အာဏာလွှဲပြောင်းခဲ့သလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဘယ်လိုအကောင်အထည်ဖေါ်ခဲ့ကြသလဲ ဆိုတဲ့အချက်တွေဟာ လူစိတ်ဝင်စားစရာအကောင်းဆုံး အရာတွေဖြစ်လာခဲ့တယ်။ အနောက်တိုင်းပညာတတ်အများစုကတော့ ချီလီနိုင်ငံရဲ့ အံ့သြဘွယ်ပြောင်းလဲမှုတွေကို စံထားအတုယူဘွယ်တွေအဖြစ် နှိုင်းယှဉ်သုံးသပ်ပြလေ့ရှိကြတယ်။ ချီလီနီုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကို သုံးသပ်မယ်ဆိုရင်၊ကာလ (၃) ခုခွဲပြီးလေ့လာရပါလိမ့်မယ်။
(က) ၁၉၈၀ အခြေခံဥပဒေ နဲ့ ပီနိုချေးရဲ့ သမ္မတ သက်တမ်း နှစ်ခု ( ၁၉၈၀-၈၈)
(ခ) ၁၉၈၈ အလွန်၊ လစ်ဘရယ်စီးပွားရေးလှိုင်းများ ( ၁၉၈၉- ၂၀၀၉)
(ဂ) ၂၀၁၀ အလွန်မှာ ကြုံတွေ့နေရသော လူမှုရေးမငြိမ်သက်မှုများ-- ဆိုတဲ့ကာလတွေပဲဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီပေးခဲ့တဲ့ ပီနိုချေး အာဏာသိမ်းစစ်အစိုးရရဲ့ အနှစ် (၂၀) စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် ချီလီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တယ် လို့ဆိုတယ်။ ဒါပေမဲ့ ၂၀၁၀ အလွန်၊ ချီလီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုရေး၊ နိုင်ငံရေး မငြိမ်သက်မှုတွေရဲ့ အဓိကအကြောင်းရင်းကို ကောက်ယူလိုက်မယ်ဆိုရင်၊ ချီလီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အနှစ် (၂၀) အတွင်းမှာ မေ့လျော့ခဲ့တဲ့ အားနည်းချက်တွေကို တွေ့ရှိနိုင်ပါတယ်။
လက်တင်အမေရိက နိုင်ငံရေးသုံးသပ်လေ့လာသူတွေကတော့ “ချီလီနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေအားလုံးဟာ ဗိုလ်ချုပ်ပီနိုချေးရဲ့ ၁၉၈၀ အခြေခံဥပဒေကြောင့်ဖြစ်တယ်” လို့ အကဲဖြတ်ကြတယ်။
“နိုင်ငံရေးပြဿနာတွေ မပြေလည် ရင် ငြိမ်းချမ်းရေးမရနိုင်ပါဘူး” တဲ့။ ပါလီမန်တွင်းကနေ၊ ၂၀၀၈ အခြေခံဥပဒေကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲယူမယ် ဆိုတဲ့ စိတ်ကူးများ ကံကောင်းနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါရစေ။
ဒီတပတ်၊ လွတ်လပ်တဲ့အာရှအသံ ရဲ့ အင်္ဂါနေ့ ( ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂) ညပိုင်းအစီအစဉ်မှာ၊ ချီလီနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုရေးမငြိမ်သက်မှုတွေရဲ့ အဓိကအကြောင်းတရားတွေကို တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
လွန်ခဲ့တဲ့ နှစ်တုံးက ချီလီနိုင်ငံရဲ့ လူမှုရေးမငြိမ်သက်မှုတွေနဲ့အတူပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ပင်ဂွင်းတော်လှန်ရေး အကြောင်းကို တင်ပြခဲ့ပြီး ချီလီနိုင်ငံရဲ့ နိုင်ငံရေးစံနစ်တခုကို မေးခွန်းထုတ် ခဲ့ဘူးပါတယ်။ ဒီ တပတ်မှာတော့ ချီလီနိုင်ငံရဲ့ အခြေခံဥပဒေကြောင့် သေအံ့ဆဲဆဲဖြစ်ခဲ့ရတဲ့ ဒီမိုကရေစီနည်းမကျဖြစ်ခဲ့ရတဲ့ ရွေးကောက်ပွဲတွေနဲ့ ပါလီမန်စံနစ်တခု အကြောင်းကို ဆွေးနွေးချင်ပါတယ်။
၁၉၈၈ ခုနှစ်ကာလတုံးက ချီလီနိုင်ငံမှာ “ပျော်ရွှင်မှုတွေ လာနေပြီ” ဆိုတဲ့ သီချင်းတပုဒ်ဟာ ပြည်သူလူထု့ရဲ့အသဲနှလုံးထဲမှာ အမြစ်တွယ်ရိုက်ခပ်ခဲ့ဘူးပါတယ်။ စစ်အာဏာရှင် ပီနိုချေးရဲ့ သမ္မတသက်တမ်း (၂) ခုအပြီးမှာ၊ သမ္မတရာထူးကို မစွန့်လွှတ်ချင်တဲ့ ပီနိုချေးဟာ ချီလီနိုင်ငံရဲ့ အခြေခံဥပဒေကို ထပ်မံပြင်ဆင်ဖို့ကြိုးစားခဲ့ပါတယ်။ နိုင်ငံတော်ကို ဆက်လက် ဦးဆောင်ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီကို လိုလားတောင့်တတဲ့ ပြည်သူတွေဟာ “ နိုး” မဟာမိတ်အဖွဲ့ကို ဖွဲ့လိုက်ကြပြီး၊ ပီနိုချေးရဲ့ ဦးဆောင်မှုကို ပယ်ဖျက်ကြဖို့ ဆော်သြခဲ့ကြပါတယ်။ လူထုဆန္ဒခံယူပွဲ တွေက တဆင့် ပီနိုချေးရဲ့ သမ္မတသက်တမ်းကို အဆုံးသတ်ပစ်ခဲ့ပါတယ်။
“ ၁၉၈၈ လူထုဆန္ဒခံယူပွဲအပြီးမှာ အာဏာရှင် ပီနိုချေးတယောက် သမ္မတရာထူးကနေ စွန့်ခွာပေးလိုက်ရပေမဲ့၊ တပ်မတော်အကြီးအကဲရာထူးအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်တယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဖမ်းဆီးအရေးယူလို့ မရအောင်၊ တသက်တာ ဆီးနိတ်တာ ဆိုတဲ့ ရာထူးတွေကို ခြီးမြှုင့် ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့်လည်း ၂၀၀၆ ခုနှစ် မှာ သူ့ကိုစွဲချက်တင်ထားတဲ့ ရာဇဝတ်မှုပေါင်း ၃၀၀ ကျော်ကို ဘယ်သူကမှ တရားဝင် ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိခဲ့ဘူး။”
တကယ်တော့ နှစ်ပေါင်း (၃၀) အတွင်းမှာ ချီလီနိုင်ငံရဲ့ ၁၉၈၀ ချီလီအခြေခံဥပဒေ ထဲက ပြဋ္ဌာန်းမှုတွေကို အချက်ပေါင်း (၅၂) ချက်နီးပါး
ပြင်ဆင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ၁၉၇၃ အာဏာသိမ်းပွဲနေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခြင်း၊ ပီနိုချေးအပေါ် ခြီးမြင့်ထားတဲ့ တသက်တာ ဆီးနိတ်တာ ဘွဲ့တွေကို ပြန်လည်ရုတ်သိမ်းခြင်း၊ စစ်အာဏာသိမ်းမှု၊ အတိုက်အခံနိုင်ငံရေးသမားများ အပေါ် ဖမ်းဆီးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဖမ်းဆီး အရေးယူခြင်း၊ -- စတဲ့အချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၀ အခြေခံဥပဒေရဲ့ အရေးပါတဲ့ အချက်အလက်တွေ ကိုတော့ ပြောင်းလဲနိုင်စွမ်းမရှိခဲ့ကြပါဘူး။
“ ပီနိုချေးရဲ့ ၁၉၈၀ အခြေခံဥပဒေအရ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးမယ် ဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲ မဲပေးပုံစံနစ်နဲ့ ပါလီမန်အတွက် ရွေးချယ်မှု စံနစ်တွေဟာ ရှုပ်ထွေးနေခဲ့တယ်။ ချီလီနိုင်ငံ ရွေးကောက်ပွဲတွေဟာ ဘိုင်နိုမီနယ် စံနစ် နဲ့ သွားတာ ဖြစ်တယ်။
ဥပမာ- ပါတီနှစ်ခု ရဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ကြတဲ့အခါ၊ ပါတီတခုခုရဲ့ ကိုယ်စားလှယ်က အပြတ်အသတ်အနိုင်ရချင်ရ၊ အပြတ်အသတ်မနိုင်ပဲ နှစ်ယောက်လုံးက မဲအရေအတွက် (၅၀) % ကျော်မှာ ရှိနေတယ် ဆိုရင်၊ ပါလီမန်မှာ ထိုင်ခုံတခုံဆီ ခွဲယူကြရတယ်။ ပီနိုချေး ဟာ သူတည်ထောင်ခဲ့တဲ့ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ပါလီမန်ထဲ မရောက်ရောက်အောင် သွင်းဖို့ကြိုးစားခဲ့တယ်။ ၁၉၈၉ မှာ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ ဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို၊ လက်ဝဲမဟာမိတ်များအဖွဲ့ကလည်း ပါလီမန်ရွေးကောက်ပွဲမှာ အများအပြားနေရာရခဲ့တယ်။ ဒါပေမဲ့ အထက်မှာ တင်ပြခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ စံနစ်အရ အာဏာရှင်ပီနိုချေးရဲ့ ပါတီကိုယ်စားလှယ်တွေဟာ မဲအများစုမရပေမဲ့ (၅၀) % ကျော်မှာ ရှိနေအောင် ကြိုးစားခဲ့ကြပြီး ပါလီမန်ထဲမှာ နေရာရခဲ့ကြတယ်။ ဒီမိုကရက်တစ်နည်းကျကျ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ကြိုးစားသူတိုင်းကို အမာခံပြီး ပိတ်ဆို့တားဆီးခဲ့တာကြောင့် ချီလီနိုင်ငံဟာ နိုင်ငံရေးနောက်ပြန်ဆုတ်မှုတွေ၊ လူမှုရေးမငြိမ်သက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်”
တကယ်တော့ အာဏာရှင်ပီနိုချေး ရဲ့ သမ္မတသက်တမ်း (၈) နှစ် အပါအဝင်၊ အစိုးရအသီးသီးဟာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် တည်ငြိမ် စေခြင်း စတဲ့အချက် (၃) ချက်ကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြပါတယ်။ ချီလီနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ဦးစားပေးပြီး အစိုးရရဲ့ လူမှုဖူလုံရေး၊ ကျန်းမာရေးနဲ့ ပညာရေး ဆိုင်ရာ အစိတ်အပိုင်းတွေအပေါ်၊တာဝန်ယူမှု နည်းပါးခဲ့တာကြောင့် လူတန်းစားကွာဟမှုတွေကလည်း ကြီးသထက် ကြီးလာခဲ့တယ်။ ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ နည်းကျကျ အသံစစ်စစ်တွေဟာ တိုင်းပြည်ခေါင်းဆောင်တွေ အပေါ် ဘာမှ သက်ရောက်မှုမရှိဘူး လို့ ထင်မြင်ယူဆ လာခဲ့ကြတယ်။
လူမှုဗေဒ ပညာရှင် မာတာ လူဂိုစ် ကတော့ “ ၁၉၉၀ ခုနှစ်မှာ ဒ်ီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုကို ထင်ဟပ်စေတဲ့ ရွေးကောက်ပွဲတွေကို စတင်တဲ့အခါ ပြည်သူလူထု ၉၀ % မှတ်ပုံတင်ပြီး၊ ၈၅ % ကျော် မဲပေးခဲ့ကြတယ်။ ဒါပေမဲ့ မဲပေးနိုင်တဲ့ ပြည်သူလူထု အရေအတွက်ဟာ ၇၀ % အောက်မှာရှိပြီး၊ သုံးပုံတပုံက မှတ်ပုံမတင်ကြဘူး။ ပြည်သူတွေဟာ သူတို့ရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို အထင်သေး ခံရတယ် လို့ ခံစားကြရတယ်။ တကယ်တော့ မကြာသေးခင်က ပေါ်ပေါက်နေခဲ့တဲ့ လူမှုရေးမငြိမ်သက်မှုတွေဟာ ၁၉၈၀ အခြေခံဥပဒေဖွဲ့စည်းပုံကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကျိုးဆက်တွေဖြစ်တယ်။ ဒီကနေ့ တည်ရှိနေတဲ့ ချီလီပါလီမန်ဟာ သူတို့ရဲ့ အသံကို ကိုယ်စားပြုပါသလား လို့ မေးကြည့်လိုက်ရင် ပြည်သူလူထုရဲ့ ၆၀ % ကျော်က နိုး လို့ ဖြေကြပါလိမ့်မယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ Guillermo Holzmann ကတော့ ပါလီမန်ရွေးကောက်ပွဲစံနစ်တခုလုံးကို အပြင်းအထန်ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရမှာ ဖြစ်သလို၊ တခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်လှုပ်ရှားနိုင်ခွင့်ကိုလည်းအားကောင်းလာအောင် ပြုလုပ်ပေးရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုတခုတည်းကိုသာ အာရုံစိုက်ခဲ့ပေမဲ့၊ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့ ထင်ရောင်ထင်မှားနိုင်ငံရေး စံနစ်တခုထဲမှာ မျောပါခဲ့တဲ့ ချီလီနိုင်ငံဟာ လူမှုရေးမငြိမ်သက်မှုတွေနဲ့အတူ မောပမ်းအသက်ငင် နေခဲ့ပါတယ်။ ချီလီပြည်သူတွေဟာ အတိတ်တုံးက လက်ခံခဲ့မိတဲ့ ၁၉၈၀ အခြေခံဥပဒေကို အန်တုငြင်းဆန်နေခဲ့ကြပါတယ်။
သောတရှင်များခင်ဗျား
ဗမာပြည်ရြဲ့ပုပြင်ပြောင်းလဲရေးတွေကို ချီလီနိုင်ငံနဲ့ နှိုင်းယှဉ်တင်ပြနေသူတွေရဲ့အသံကို မကြာခဏ ကြားမိကြပါလိမ့်မယ်။ ချီလီနိုင်ငံမှာ ဒီကနေ့ကြုံတွေ့နေရတဲ့ လူမှုရေး၊မငြိမ်သက်မှုတွေ နဲ့ နိုင်ငံရေးနှောင့်နှေးဆုတ်ယုတ်မှုတွေဟာ အထက်ပါ တင်ပြဆွေးနွေးနေသူတွေအားလုံးကို ပြန်လည်စဉ်းစားဖို့ သတိပေးနေခဲ့ပါတယ်။ တကယ်တော့ ဗမာပြည်ရဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ချီလီအာဏာရှင် ပီနိုချေး ရဲ့ နိုင်ငံရေးလက်ဝါးကြီးအုပ်မှုထက် အဆပေါင်းများစွာ ပြင်းထန်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာအားလုံးကို စစ်အုပ်စုက သိမ်းပိုက်ရယူထားခဲ့ပြီး အနာဂတ်နိုင်ငံရေးကို လွှမ်းမိုးခြယ်လှယ် ပါလိမ့်မယ်။ ချီလီနိုင်ငံရဲ့ ပါလီမန်ထဲမှာ လက်ဝဲမဟာမိတ်နဲ့ လက်ယာမဟာမိတ်များ ဆိုတဲ့အတွေးအခေါ်အားပြိုင်မှုတွေသာ ရှိခဲ့ပေမဲ့ ဗမာပြည်နိုင်ငံရေးမှာတော့ တိုင်းရင်းသားတွေရဲ့တန်းတူရေးတိုက်ပွဲတွေ၊ ဒီမိုကရေစီရေး အင်အားစုတွေရဲ့ ရုန်းကြွမှုတွေက နေရာအနှံ့အပြားမှာ ပေါ်ပေါက်နေပါတယ်။ သောတရှင်တို့လည်း ဒီမိုကရက်တစ်စံနှုန်းတွေကို ဟန့်တားနှောက်ရှက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေ နဲ့ စစ်အာဏာရှင်တွေ ချုပ်ကိုင် လွှမ်းမိုးထားတဲ့ နိုင်ငံရေးစံနစ်တခုဆီမှ လွတ်မြောက် ရုန်းထွက်နိုင်ကြပါစေ။
၅၀၀၀ တန်ဖုန်းကတ် ရရှိရေး ဆောင်ရွက်သူ အယောက် ၂၀ ထိန်းသိမ်းခံရ
တောင်ဒဂုံမြို့နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လူထုအကြား ငါးထောင်တန်ဖုန်းကတ် ရရှိရေး စာရွက်ဖြန့်ဝေသူ အယောက် ၂၀ ကို ထိန်းသိမ်းထားတယ်လို့ အဲဒီရုံးထဲရောက်နေတဲ့ ကိုထင်ကျော်က ပြောပါတယ်။
“ကျနော်တို့ တောင်ဒဂုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရောက်နေတယ်။ ကျနော်တို့အားလုံး တားခံထားရတယ်။ အခု ကျနော်တို့ ရုံးထဲမှာပိတ်ခံထားရတယ်။ ကျနော်တို့ ခွင့်ပြုချက်မရှိဘဲ လုပ်တယ်ပေါ့ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး ခိုင်းထားတယ် ပထမပိုင်းမှာ။”
ကိုထင်ကျော်အပါအဝင် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစုဝင်တွေဟာ ဒီမနက်ပိုင်းက လှိုင်သာယာမီးခွက်ဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးနဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ၅၀၀၀ ကျပ်ဖုန်းကတ်ဟာ ပြည်သူတွေ ကုန်ဈေးနှုန်း ကျဆင်းရေးကို အထောက်အကူပြုတဲ့အတွက် သုံးခွင့်ပြုရေး စတာတွေကို ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ခဲ့ပါတယ်။
တောင်ဒဂုံမှာ အဖမ်းခံရတဲ့ ဒေါ်ခင်အေးက “လက်မှတ်ထိုးခိုင်းတာကတော့ ရဲက ထိုးခိုင်းတာပါ၊ တောင်ဒဂုံစခန်းမှူး ဦးဌေးဝင်းက ထိုးခိုင်းတာပါ။ ကျမလည်း စာဖတ်ကြည့်တော့ ဝန်ခံကတိပြုပါသည်။ ဒီစာတွေဝေတဲ့ကိစ္စနဲ့ပတ်သက်လို့ သူတို့ခွင့်ပြုချက်မရှိဘူးပေါ့။ ကုမဏီအသင်းအဖွဲ့ စတာတွေ ခွင့်ပြုချက်ရှိမှသာလျင် ဝေနိုင်တယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် အမ်ဒီစီအက်ဖ်ဆိုတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအင်အားစုဆိုတဲ့ အဖွဲ့လက်မှတ်ပါတယ်။ ဒါကြောင့် အမ်ဒီစီအက်ဖ် ခေါင်းဆောင် ကိုထင်ကျော်ကိုခေါ်မယ်ဆိုပြီး ခေါ်ရာက ကိုထင်ကျော်ကိုပါ တားမြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီးကို စောင့်နေလို့ ဆိုပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုတားမြစ်မှုအပေါ် ကိုထင်ကျော်က “ဒီအခြေခံဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာကသိအောင် လုပ်ရမယ်။ သူတို့ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို သူတို့မလေးစားဘူး၊ မလိုက်နာဘူး။ အခု ကျနော်တို့ လုပ်ရမယ့်ကိစ္စတွေကို တားဆီးခံနေရတယ်။ သူတို့ရေးဆွဲထားတဲ့ အခန်း (၂) ပုဒ်မ (၃၅၄) နိုင်ငံသားပိုင်ခွင့်ကို ကျနော်တို့ ချိုးဖောက်ခံနေရတယ်။ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့လုပ်နေတာ” လို့ ပြောပါတယ်။
တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား (၂)
၂ ။ ။ ရွှေည၀ါဆရာတော်ကို သာဓုကျောင်းတိုက်က ဖယ်ရှားခဲ့တယ်။ ဆရာတော်က သံဃမဟာနယကအဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ပြီး မှော်ဘီက ခြံတခြံမှာ တဲဆောက်ပြီး သီတင်းသုံးနေတယ်။ မဟန ဥက္ကဋ္ဌ ဆရာတော်ကြီးကို နောက်ခံ အမိန့်ပေးနေတာ ဘယ်သူလဲ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာအောင် လုပ်တာ တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
“ငြိမ်းချမ်းရေးဖော်ဆောင်မယ့် ခေါင်းဆောင်တဦးဖြစ်တဲ့၊ ‘ကုန်အောင်တောင်း’ လို့ နာမည်ကြီးတဲ့ ကိုအောင်သောင်းလိုလူက ငြိမ်းချမ်းရေးစကားကို ပီပီသသ ပြောနိုင်လို့လား။ မသမာမှု၊ လာဘ်စားမှု၊ ယုတ်မာမှုနဲ့ နာမည်ကျော်တဲ့လူ ... ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းဆောင်လုပ်ခဲ့တဲ့လူရဲ့ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးစကား ပြောတာ အပ်စပ်ပါရဲ့လား။ သူ့နောက်မှာ ဘယ်သူရှိလဲ။ သူလုပ်ချင်တိုင်းလုပ်ခဲ့တာ ဘယ်သူ့အကာအကွယ်ရှိလို့လဲ။ သူဆရာတင်ထားတာ ဘယ်သူလဲ။”
၃ ။ ။ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ အရှင်ဂဓ္ဘီရကို ဓမ္မစက်နဲ့ မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းတွေ ပါလာတယ်။ အဲဒါက ဘာသဘောလဲ။ အဲဒီသံဃာကို ထောင်ထဲမှာလည်း ဥပဒေမဲ့ နှိပ်စက်ရိုက်နှက်ခဲ့ပြီးပြီ။ အခုလည်း ဘယ်ပုံနဲ့ နှိပ်စက်ချင်သေးတာလဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးလား။ နိုင်ငံရေးအကျဉ်းသားအားလုံးကို မမျှတတဲ့ ပြစ်ဒဏ်များနဲ့ မတရားတဲ့ တရားစီရင်မှု၊ ပြည်ထဲရေးက စွက်ဖက်တဲ့ အမိန့်ချမှတ်မှု၊ အငြှိုးအတေးတွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ကြတာ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့ကြတာ ခုချိန်ထိ ရှိနေတုန်းပါပဲ။ ရဲသတင်းတပ်ဖွဲ့ SB က မတရားအမှုဆင်၊ မတရား သက်သေတွေနဲ့ သူတို့တာဝန်ကျေရင် ပြီးရောဆိုပြီး ရိုက်နှက်နှိပ်စက်ပြီး ၀န်ခံခိုင်းတဲ့ လုပ်ရပ်တွေ၊ ခံခဲ့ရသူတွေ အခု တ၀က်ကျော်ကျော် ထောင်က လွတ်နေပါပြီ။ အချိန်မရွေး သွားမေးကြည့်၊ ရဲရဲကြီး ပြောပြလိမ့်မယ်။ တရားခံမဟုတ်ဘဲ တရားခံဖြစ်နေရသူတွေ အများကြီး။ အမျိုးသားလူ့အခွင့်အရေးကော်မတီ ဖွဲ့ခဲ့တာ ကြာပြီ။ ထောင်ထဲကို ဘယ်နှစ်ကြိမ် ရောက်ဖူးလို့လဲ။ ဘာတွေများ ကာကွယ်ပေးခဲ့လို့လဲ။ ဘယ်လိုများ ဖြေရှင်းကူညီခဲ့လို့လဲ။ အစိုးရအငြိမ်းစားအရာရှိကြီးတွေ အစိုးရကို တကယ်ပဲ အရေးဆိုရဲလို့လား။ ဒီလိုဖြစ်နေတာတွေက တရားခံ ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၎ ။ ။ ရန်ကုန်မြို့က ORCHID ဟိုတယ်ဝန်ထမ်းတဦးကို ဧည့်သည် ဂျပန်က ပျော်ပါးဖို့ မိန်းမခေါ်လာတာ တားမြစ်ခဲ့လို့ ပါးရိုက်ခံခဲ့ရတယ်။ အထည်ချုပ်လုပ်ငန်းရှင် ဂျပန်လူမျိုး မစ္စတာတာကရှိက ငပြူးကပြဲပြီး ဟိုတယ်ဝန်ထမ်း အမျိုးသမီး ၂ ဦးကို အကြမ်းဖက်မှုနဲ့ ပြန်ပြီး တရားစွဲထားတယ်။ အားနွဲ့တဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးက ဘယ်လို အကြမ်းဖက်မှာလဲ။ ငွေကြေးမချမ်းသာတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ၂ ဦးကို ပုဇွန်တောင်မြို့နယ် တရားသူကြီး ဒေါ်နိုင်နိုင်ထွန်းက အာမခံ ကျပ်သိန်းတရာစီ တင်ခိုင်းတယ်။ ငပြူးကပြဲတဲ့ ဒီလို ပြန်လှန်တရားစွဲတဲ့အမှုကို ဘယ်လိုစီရင်မှာလဲ။ စောင့်ကြည့်ကြတာပေါ့။ အဲဒီဂျပန်က မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ထောင်ထားတာ။ အမှုရှုံးခဲ့ရင် မြန်မာပြည်ကို ပြန်လာဖို့ ဗီဇာမရနိုင်ဘူး။ ဒါကြောင့် တရားစွဲပြီး မတရား အနိုင်လိုချင်တာ။ မြန်မာပြည် ဟိုတယ်တွေမှာ စည်းကမ်းသတ်မှတ်ချက်က ဧည့်သည်ခေါ်လာရင် အခန်းထဲကို ခေါ်သွားခွင့်မရှိဘူး။ ဧည့်ခန်းမှာပဲ စကားပြောခွင့်ရှိတယ်။ အဲဒီကိုရွှေဂျပန်က မစိတ်မွှန်ပြီး တားတဲ့လူကို ပါးရိုက်တာ။ တော်တော်ဆိုးတာပဲ။ မြန်မာဆိုတာ ပါးရယ်၊ ခေါင်းရယ်၊ ဆံပင်ရယ်ကို အမြတ်တနိုး တန်ဖိုးထားတာ။ အဲဒီ ပါးရိုက်တဲ့ကိစ္စ ပေါ့ပေါ့လေး စဉ်းစားလို့ မဖြစ်ဘူး။ လင်မယားဖြစ်ရင်တောင်မှ ပါးရိုက်ပြီး ကျူးလွန်ရင် ကွာရှင်းခွင့်ပေးရတယ်။ ကိုရွှေဂျပန်ကို မြန်မာအမျိုးသမီးတရားသူကြီး ဒေါ်နိုင်နိုင်ထွန်းက ဘယ်လိုဆုံးဖြတ်မှာလဲ။ ဂျပန်ခေတ်က ဂျပန်တွေ ပါးရိုက်ခဲ့တာ မ၀သေးလို့ ဒီလိုဖြစ်ကြတာလား။ အမျိုးသမီးတရားသူကြီးဖြစ်လို့ အမျိုးသမီးတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာမယ် ထင်ပါတယ်။ ပါးရိုက်ခံရတဲ့ မအေးအေးကြည်နဲ့ အဲဒီ ပါးရိုက်မှုကျူးလွန်တဲ့ ကိုရွှေဂျပန်ကို နပမ်းသတ်ခိုင်းမလား။ ဘယ်သူက အကြမ်းဖက်တယ်ဆိုတာ ရှင်းသွားအောင်လေ။ မြန်မာပြည် ၀င်လာတဲ့ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံရဲ့ ဥပဒေစည်းကမ်းကို လိုက်နာပါမယ်လို့ ကတိပြုဝန်ခံ လက်မှတ်ထိုးပြီးသား၊ ပြစ်မှုကျူးလွန်တာ ထင်ရှားပြီးသား၊ စစ်ဆေးဖို့ရော လိုသေးလို့လား၊ ဘယ်သူ့ကို ကြောက်နေကြတာလဲ၊ ဂျပန်နောက်မှာ ဘယ်သူရှိနေလို့လဲ၊ ပြန်လှန်တရားစွဲခွင့်ရော ရှိပါရဲ့လား၊ ဘာပဲဖြစ်ဖြစ် သိပ်မခက်ပါဘူး။ တရားခံ ဘယ်သူလဲဆိုတာ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၅ ။ ။ ကြားဖြတ်ရွေးကောက်ပွဲ လာတော့မယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ရိုးသားမှုတွေ ရှိပါ့မလား။ ကြိုတင်မဲ ဆိုတာတွေနဲ့ ကြိုတင်စီမံထားတာတွေရော ရှိဦးမှာလား။ ကော်မရှင်ကတော့ အာမခံနေပြီ၊ တရားမျှတမှု ရှိစေရမယ်တဲ့။ ကြိုတင်မဲဆိုတဲ့ လက်နက်ကြီးနဲ့ အပစ်မခံရရင် တော်ပါပြီ။ ဒါပေမယ့် နိုင်ငံတကာက လေ့လာရေးသမားတွေကိုတော့ ခွင့်ပြုသင့်တာပေါ့။ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင်ပေါ့လေ။ ၂၀၁၀ မှာတော့ လေ့လာခွင့်မပေးခဲ့ဘူး။ ဘယ်ပေးမလဲ၊ အဲဒီတုန်းက မဲလိမ် မဲခိုးခဲ့တာကိုး။ ခုတော့ လုပ်ချင်တာတွေ လုပ်ပြီးပြီ၊ လွှတ်တော်မှာ အမတ်အင်အား များနေပြီ၊ လွှတ်တော်အမတ် ၁,၁၅၄ နေရာမှာ ကြံ့ဖွတ်အမတ် ၈၈၂ ဦးနဲ့ အနိုင်ရတဲ့အပြင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ လုပ်ချင်တိုင်းလုပ်ခွင့်ရနေပြီ။ မဲခွဲရင်လည်း နိုင်ဖို့ သေချာနေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အနိုင်လိုချင်တာတွေ အနိုင်ကျင့်လို့ရနေပြီ။ ဒေါ်အောင်ဆန်းစုကြည်တရားပွဲတွေမှာ လူများများ လာရောက်မှာကို မကြည့်ချင်လို့ ရတဲ့နည်းနဲ့ နှောက်ယှက်ခွင့်တွေလည်း ရနေပြီ။ နိုင်ငံရေးသမား နိုင်ငံရေးအင်အားစုတွေ၊ အတိုက်အခံတွေ များလာတာကို မကျေနပ်နိုင်တဲ့ လူတစုကတော့ ခုချိန်ထိ နှောက်ယှက်ခွင့်တွေ ရနေတုန်းပဲ။ မတရားတဲ့ လယ်မြေယာမြေတွေကိုလည်း ခုချိန်ထိ သိမ်းခွင့်၊ လယ်သမားတွေကို ဒုက္ခပေးခွင့် ရနေတုန်း။ ဒီမိုကရေစီရဲ့ ကျင့်စဉ်နဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်နေကြတုန်း။ ကဲ ... ကဲ ဒီလို လုပ်ချင်တိုင်းလုပ်ခွင့်ရနေတဲ့ တရားခံက ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
၆ ။ ။ ဒီကနေ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်း ပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုပြီး အသံတွေ ကျယ်လောင်နေတယ်။ တကယ်ငြိမ်းချမ်းရေးရအောင် လုပ်နေတာလား၊ စစ်တပ်တွေ မရုပ်သိမ်းဘဲနဲ့ အပစ်အခတ်ရပ်စဲလို့ ရလို့လား။ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် ခေါင်းဆောင်တဦးဖြစ်တဲ့၊ ‘ကုန်အောင်တောင်း’ လို့ နာမည်ကြီးတဲ့ ကိုအောင်သောင်းလိုလူက ငြိမ်းချမ်းရေးစကားကို ပီပီသသ ပြောနိုင်လို့လား။ မသမာမှု၊ လာဘ်စားမှု၊ ယုတ်မာမှုနဲ့ နာမည်ကျော်တဲ့လူ ... ဒီပဲယင်းလုပ်ကြံမှုကို ခေါင်းဆောင်လုပ်ခဲ့တဲ့လူရဲ့ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးစကားပြောတာ အပ်စပ်ပါရဲ့လား။ သူ့နောက်မှာ ဘယ်သူရှိလဲ။ သူလုပ်ချင်တိုင်းလုပ်ခဲ့တာ ဘယ်သူ့အကာအကွယ်ရှိလို့လဲ။ သူဆရာတင်ထားတာ ဘယ်သူလဲ။ သူ့သားနဲ့ သူ့ချွေးမ စီးပွားရေးသောင်းကျန်းနိုင်တာ ဘယ်သူ့မျက်နှာကြောင့်လဲ။ ဒီပဲယင်းလုပ်ကြံမှုကို ခုချိန်ထိ စုံစမ်းစစ်ဆေးမှု မလုပ်တာ ဘာကြောင့်လဲ။ စိမ်းလဲ့ကန်သာက ၅ လောင်းပြိုင်လူသတ်မှု အခုထိ မပေါ်သေးတာ ဘာကြောင့်လဲ။ ဘယ်သူတွေ ပါနေလို့လဲ။ အသတ်ခံရတဲ့ မိသားစုက စိန်သူဋ္ဌေး၊ ကျောက်မျက်ရတနာ သူဋ္ဌေးတွေဖြစ်လို့ ဘယ်သူက စိန်တွေစီချင်လို့ ကြံစည်တာလဲ။ အဲဒီလူသတ်မှုမှာ ကပစ က ထုတ်တဲ့ ကျည်ဆံခွန်တွေ တွေ့ရတယ်ဆိုတာ မှတ်မိကြလား။ အခြားအမှုတွေမှာ ရဲက ဟုတ်ဟုတ် မဟုတ်ဟုတ် လက်စွမ်းပြပြီး ဇွတ်ဝန်ခံခိုင်းပြီး တရားခံတွေ ထုတ်ထုတ်ပြနေတာ၊ အခု ဒီလူသတ်မှုကျတော့ ဘာကြောင့်များ နှာစေးနေတာလဲ။ လူကြီးတွေရဲ့သားတွေ ပါတယ်ဆိုတာ ဟုတ်နေပြီလား။ အဲဒါတွေရဲ့ အဓိကတရားခံက ဘယ်သူလဲ။ အထက်က ပြောခဲ့တဲ့ ကိစ္စတွေရဲ့ တရားခံက ဘယ်သူလဲ ... စဉ်းစား ... စဉ်းစား ... စဉ်းစား။
“စဉ်းစားကြ အရမ်းမလုပ်နဲ့” ဆိုတဲ့ ဘိုဘိုဟန်ရဲ့ သီချင်းစာသားလေးကို သတိရမိတယ်။ ခုထိတော့ မစဉ်းစားဘဲ အရမ်းလုပ်နေတာတွေ များနေတာမို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲကို မြင်ချင်ကြသူများအတွက် မူပြောင်းနေပြီဖြစ်ပေမယ့် လူတွေက ပြောင်းမှမပြောင်းတာ။ တိုက်ပုံဝတ်၊ ခေါင်းပေါင်းပေါင်း၊ ပုဆိုးဝတ်ပြရုံနဲ့ အရပ်သားအစိုးရဖြစ်ရောလား။ နေရာတိုင်းမှာ အရင်လူတွေပဲ ကောင်းစားနေသေးတာမို့ “စဉ်းစားကြ အရမ်းမလုပ်နဲ့” ...။ ။
စိန်သံလုံး
ကျွန်ုပ်ငပျင်းအတွက် နှင်းစကား
ဒီနေ့မနက် အိပ်ယာနိုးနိုးခြင်း ကုတင်ခေါင်းရင်းက လိုက်ကာကို လှပ်လိုက်တော့ ကောင်းကင်ပေါ်ကနေ မှို့တွေကို လေမှုတ်စက် ပြင်းပြင်းနဲ့ မှုတ်ချနေသည့်အလား ပတ်ဝန်းကျင်တခုလုံး ဖွေးဖွေးလှုပ်အောင် နှင်းတွေကျနေတာကို တွေ့လိုက်ရတယ်။နှင်းဖွေးဖွေးတွေကို ကြည့်ပြီး ညစ်သွားတဲ့ စိတ်ကြောင့် ပါးစပ်က ဂျပန်လိုတွေအော်ပြီး နှင်းတွေကို မေတ္တာပို့မိတယ်။ဆိုလိုရင်းကတော့ ............ဒီလောက် နှင်းတွေကျနေတာ ဘာသွား လုပ်စားလို့ရမလဲ။
ဘယ်လို အလုပ် လုပ်လို့ရမလဲ။ချမ်းချမ်းစီးစီးနဲ့ ကွေးနေဖို့ပဲကောင်းတဲ့ ရာသီဥတုပဲ။ဒီနေ့ အလုပ်သွားရမယ်ဆိုတာ နှင်းတွေမသိကြဘူးလား၊
လူက အခုမှ နေမကောင်းရာက နလံထခါစ ရှိသေးတယ်၊ နှင်းတောထဲမှာ စက်ဘီးစီးရင်တော့ ပြန်ဖျားတော့မှာပဲ....စသဖြင့် တကယ်တည်း မြည်တွန်တောက်တီးရင်း ကုတင်ပေါ်က ဆင်းလိုက်ပြီး အိမ်အောက်ကို ငုံကြည့်လိုက်တယ်ဆိုရင်ပဲ..........ချမ်းချမ်းစီးစီး နိုင်လှတဲ့ နှင်းတွေကြားထဲမှာ နေခြည်နုလေးများ ပက်ဖြန်းပေးထားတယ်လို့ ထင်ရလောက်အောင်ကို နှင်းထုကြားထဲမှာ မညီးမငြူနဲ့ လမ်းပြင်နေကြတဲ့ လမ်းပြင်လုပ်သားတွေ.....
နှင်းကျတာကိုပဲ မပီကလာ ပီကလာ အသံလေးတွေနဲ့ သီချင်းလုပ်ဆိုပြီး တေးတကြော်ကြော်နဲ့ ကျောင်းသွားနေကြတဲ့ ကလေးငယ်လေးတွေ....မိမိပို့ရမယ့် စာတွေ၊ ပါဆယ်ထုပ်တွေကို နှင်းတွေမစိုအောင် သတိထားပြီး ကြိုးစားပမ်းစား စာလိုက်ပို့ပေးနေတဲ့ စာပို့လုပ်သားတွေ......သတင်းစာ ပို့တဲ့ လူတွေ......တလမ်းဝင် တလမ်းထွက်နဲ့ အမှိုက်လိုက်သိမ်းနေကြတဲ့ စည်ပင်ဝန်ထမ်းတွေ.....
နွေးထွေးတဲ့ သံစဉ်လေးတခုကိုဖွင့်ပြီး ရေနံဆီheaterသုံးသူတွေအတွက် ရေနံဆီ လှည့်လည်ရောင်းပေးနေတဲ့ ကားလေးတွေ....အိမ်ထဲမှာ အေးအေးဆေးဆေး နေလို့ရပါရက်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီး လမ်းသွားလမ်းလာတွေ နှင်းတွေကြောင့် ချော်မလဲရအောင် မိမိတတ်နိုင်သလောက် နှင်းထွက် ထိုးပေးနေတဲ့ ဂျပန်အဖိုးအို၊ အဖွားအိုတွေ..........
စတာတွေ စတာတွေကို ရုပ်ရှင်ရိုက်ပြသလို တကွက်ပြီးတကွက် ဆက်ခါဆက်ခါ မြင်လိုက်ရတဲ့ အချိန်မှာတော့ ကျွန်ုပ်ပါးစပ်ကြီးဟာ တားမယ့်သူမရှိဘဲ အလိုလို ပိတ်သွားပါတော့တယ်။ သြော်........သူတို့တိုင်းပြည် တိုးတက်တာလည်း မပြောနဲ့တော့လေ။
Lwin Pwin
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment