မြန်မာပြည်မှပေးပို့သောနောက်ဆုံးဖြစ်ရပ်မှန်သတင်း ဆောာင်းပါးများ
ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၁၂
လမ်းဘေးဈေးသည်နှင့် ဆိုင်တွင်းဈေးသည်
ယနေ့ခေတ်မှာ မြန်မာပြည်ရဲ့ရှိရှိသမျှ မြို့ကြီးပြကြီး၊ခရိုင်တိုက်နယ်၊ကျေးလက်တောရွာတွေပါမကျန် မမြင်ဖူးသူမရှိသလောက် ပေါများနေတဲ့အရာတွေကတော့ လမ်းဘေးဈေးသည်နဲ့ ကြွတ်ကြွတ်အိတ်ခွံတွေပဲဖြစ်ပါတယ်။ လူတန်းစားအချိုးကျတွက်ကြည့်ရင် အခြေခံလူတန်းစားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ လမ်းဘေးဈေးဆိုင်တွေဟာ မရှိမဖြစ်အပြန်အလှန်အမှီသဟဲပြုနေရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ လမ်းဘေးဈေးဆိုင်ဆိုတဲ့နေရာမှာ မုန့်ဟင်းခါးဆိုင်ကစပြီး ကွမ်းယာဆိုင်အလယ် စာအုပ်အဟောင်းအရောင်းဆိုင်အဆုံး တိုလီမုတ်စ၊ကရေကရာ၊စုံစီနဖာ လမ်းဘေးပလက်ဖောင်းဝဲယာတွေမှာ မှိုလိုပေါက်ပြီး တန်းစီနေကြတာ နေ့စဉ်လိုလိုမြင်တွေ့နေရပါတယ်။ မြို့ကြီးတွေမှာ အဓိကကုန်ကြမ်းတင်ပို့သူတွေရဲ့ အကြီးဆုံးဈေးကွက်ဟာ လမ်းဘေးဈေးဆိုင်တွေဆိုရင်လည်းမမှားပါဘူး။ အရေအတွက်နည်းနည်းစီနဲ့ပမာဏများများပေါင်းလိုက်တဲ့အခါ ဒီဆိုင်တွေရဲ့ဝယ်လိုအားကလည်း မသေးလှပါဘူး။ နားဖာကလော်ကအစ၊ အဆာပြေ ကောက်ညှင်းပေါင်းလေးဖြစ်ဖြစ်၊ အကင်လေးဖြစ်ဖြစ်၊ ဘောလုံးကန်ဖို့ ဖိနပ်၊အင်္ကျီလိုချင်ရင်ပဲဖြစ်ဖြစ် လက်တကမ်းမှာလိုချင်တာရတဲ့ဝန်ဆောင်မှုကိုပေးနေတာက လမ်းဘေးဈေးဆိုင်တွေပဲဖြစ်ကြပါတယ်။ ၀န်ဆောင်မှုဆိုတဲ့နေရာမှာ ဈေးနှုန်းချိုသာမှုသည်ပထမ၊ ဆက်ဆံရေးပြေပြစ်မှုသည် ဒုတိယ၊ အဲဒီနှစ်ချက်လောက်ပြည့်စုံရင်လုံလောက်ပြီလို့ သဘောထားကြတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံလူတန်းစားတွေဟာ တခြားနိုင်ငံသားတွေလို Complaint တက်ဖို့ဆိုတာကို အရမ်းအားနာတတ်ကြပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ်အိုကေမှာစိုပြည်နေကြပေမယ့် ဒီကိစ္စဟာ ရှုထောင့်ပေါင်းစုံကနေသုံးသပ်ကြည့်ရင် လက်ညှိုးထိုးစရာ ကုဋေကုဋာနဲ့တင်းကြမ်းပြည့်နေတာကိုတွေ့နေရပါတယ်။
ကျန်းမာရေးရှုထောင့်ကနေ ပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ပဲ သာမန်လူတစ်ယောက်အနေနဲ့ သုံးသပ်ရင်တောင် လမ်းဘေးဈေးဆိုင်တွေကနေရောင်းချနေတဲ့ စားသောက်ဖွယ်ရာ၊မုန့်ပဲသရေစာတွေဟာ ကျန်းမာရေးနဲ့ဘယ်လိုမှညီညွတ်မှုမရှိဘူးဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် အခြေခံလူတန်းစားထဲက လူတစ်ယောက်အနေနဲ့ ဘယ်ရှုထောင့်၊ညာရှုထောင့်ကနေသုံးသပ်နေချိန်မရပဲ လက်ထဲမှာရှိတာလေးနဲ့ ဟာနေတဲ့ဗိုက်ကို နီးစပ်ရာလမ်းဘေးဆိုင်ကနေ မြိန်ရည်ရှက်ရည်ဝင်ဖြည့်နေရတာ ခုထိပါပဲ။ ဆူးလေတ၀ိုက်မှာ လူတွေအုံခဲနေတဲ့ လမ်းဘေးဈေးဆိုင်တွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော့်လိုလူတွေ ဘယ်လောက်များသလဲဆိုတာ သိနိုင်ပါတယ်။ ရောင်းချတဲ့ဈေးနှုန်း၊ဆိုင်ခင်းရတဲ့ နေရာအနေအထား၊ စားသုံးသူစတာတွေနဲ့ သဟဇာတကျဖို့အတွက် လမ်းဘေးဈေးသည်တွေခမျာဟာ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးနဲ့ညီညွှတ်မှုစတာတွေကို အလေးထားဖို့ သူတို့မှာ စဉ်းစားနေချိန်မရှိပါဘူး။ စားပြီးပန်းကန်တွေကို အရင်ဆေးထားပြီးသား ဆီတွေဝေ့နေတဲ့ ရေဇလုံမှာပွတ်သပ်လှုပ်ဆေးပြီးရင် နောက်တစ်ယောက်အတွက် ပွဲအသစ်ထပ်ပြင်လိုက်တာပါပဲ။ ရောင်းလို့မကုန်တဲ့စားစရာတွေကို နောက်တစ်နေ့ပြန်ရောင်းချနိုင်ဖို့ နွေးတန်နွေးလုပ်ရုံကလွဲရင် အအေးခန်းတို့၊ရေခဲသေတ္တာတို့ဆိုတာဟာ အများစုနဲ့ မသက်ဆိုင်တဲ့အရာတွေပါ။ တစ်ခါတရံမှာ လမ်းဘေးဈေးသည်တွေဘ၀က ညောင်သီးစားရင်း လေးသံလည်းနားစွင့်ရင်း ရပ်တည်နေရရှာတာပါ။ တရားဝင်ခွင့်ပြုချက်နဲ့ရောင်းချနေရတာမျိုးမဟုတ်တော့ ရံဖန်ရံခါ အဖမ်းအဆီးထိသွားရင် တနေ့လုံးကုန်းရုန်းရှာထားသမျှ အကုန်ပါသွားပြီး နောက်တစ်နေ့ဈေးရင်းစရာမရှိလို့ ရှိတာလေးပေါင်တန်ပေါင်၊ ရက်ပြန်တိုးလေးဆွဲတန်ဆွဲ ဘ၀ကို တရွတ်တိုက်ဆွဲပြီး သွားနေရတာ လမ်းဘေးဈေးသည်တွေပဲဖြစ်ကြပါတယ်။ ပလက်ဖောင်းဘေးဘယ်ညာတလျှောက် နေပူကျဲတဲထဲမှာ အသံတစာစာအော်၊ မိုးရွာရင် တခြမ်းစို၊ လေလာရင် ချမ်း၊ ယင်ကြမ်းတွေ တလောင်းလောင်းနဲ့ မြောင်းပုတ်နံ့တွေကြား ကြွက်တွေလိုရှာစားနေရတဲ့ သူတို့ဘ၀ဟာ စိတ်ပျက်စရာဆိုတာထက် ဂရုဏာသက်စရာ တကယ်ကောင်းလှပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှု၊ ပျံကျလူတန်းစားအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျမှုတွေကြားမှာ အများစုက ကျီးလန့်စာစားရပ်တည်နေရတယ်ဆိုပေမယ့် လမ်းဘေးဈေးဆိုင်လေးကရတဲ့ဝင်ငွေနဲ့ တိုက်ဆောက်ကားစီးသွားကြတဲ့ လူတွေလည်းရှိနေကြပါတယ်။ အခြေခံလူတန်းစားတွေကို အကျိုးပြုနေတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ နိုင်ငံတော်ကိုရော ဘယ်လောက်များအကျိုးပြုနိုင်ပါသလဲ။ စဉ်းစားကြည့်ကြရအောင်ပါ။
ကျွန်တော်တို့သိထားတာက မြို့နယ်စည်ပင်ကနေ လမ်းဘေးဈေးသည်တွေဆီမှာ အခွန်ကောက်တယ်ဆိုတာပါပဲ။ အခွန်ထမ်းလူတန်းစားတစ်ရပ်အနေနဲ့ သူတို့ကို တခါတလေလိုက်ဖမ်းတယ်ဆိုတာ သိပ်သဘာဝမကျပါဘူး။ ရောင်းချခွင့်မရှိဘူးဆိုရင် အခွန်လည်းကောက်နေစရာမလိုပဲ တွေ့တာနဲ့ ဥပဒေအရအရေးယူရမှာဖြစ်ပါတယ်။ စဉ်းစားကြည့်ရင် ဒီကိစ္စဟာ သေသေချာချာ တမင်ဟထားတဲ့ စားကွက်တစ်ခုလို့ သုံးသပ်လို့ရပါတယ်။ အခွန်ကောက်တဲ့ဝန်ထမ်းတွေဖက်က ဒီလမ်းတွေရဲ့သန့်ရှင်းရေးအတွက် အခွန်ကောက်ရတာပါလို့ ထောက်ပြလို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ နည်းလမ်းတကျဆောင်ရွက်ထားတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ အခွန်ထမ်းပြည်သူတွေအခွန်ဆောင်ရကျိုးနပ်အောင် ယနေ့ချိန်ထိစည်ပင်ဖက်က ဘာတွေစနစ်တကျဆောင်ရွက်ပေးနိုင်ပြီးပြီလဲဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။ လမ်းတွေအများစုကတော့ ညစ်ပတ်မြဲညစ်ပတ်နေဆဲဆိုတာ လူတိုင်းအမြင်ပါ။ ဒီနေရာမှာ မေးစရာရှိလာတာက မြို့တော်စည်ပင်အနေနဲ့ ဒီလမ်းဘေးဈေးသည်တွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ ကြိုးစားတဲ့နေရာမှာ လိုက်လံဖမ်းဆီးဒဏ်ရိုက်ရုံကလွဲပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေ မရှိကြတော့ဘူးလား။ ဒီနေ့ဖမ်း၊မနက်ဖြန်ပြန်ရောင်းနေတာကို မြင်နေရတာ ကျွန်တော့်တသက်ရှိပါပြီ။ ဖမ်းဆီးဒဏ်ရိုက်လို့ရလာတဲ့ ဒဏ်ငွေ၊ နေ့စဉ်အခွန်ဆောင်နေရတဲ့ငွေတွေကို မြို့တော်စည်ပင်က ဘယ်နေရာမှာပြန်လည်သုံးစွဲပါသလဲ။ သူ့နေရာနဲ့သူတော့ရှိမှာပါ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို မှန်းကြည့်ရုံနဲ့ မသိနိုင်တဲ့လူတွေ ပြည်သူတွေကြားထဲမှာ ကျွန်တော်အပါအ၀င်တော်တော်များများရှိနေမယ်ထင်ပါတယ်။ လမ်းဘေးဈေးသည်ပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့အတွက် မြို့တော်စည်ပင်အနေနဲ့ အနာဂတ်မှာ ဘယ်လိုအစီအမံတွေဆောင်ရွက်ဖို့ပြင်ဆင်ထားပါသလဲ။ စနစ်တကျ စည်းကမ်းကြပ်မတ်ဆောင်ရွက်တာမျိုးမရှိတဲ့အပြင် လာဒ်ပေးလာဒ်ယူမှုကို အသက်ဆက်ပေးနေပြီး ကျန်းမာရေးနဲ့လည်းမကိုက်ညီ၊ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပုံရိပ်ကိုလည်း ကျဆင်းစေတဲ့ ဒီလမ်းဘေးဈေးဆိုင်တွေကို သူတို့ရဲ့ဘ၀ရပ်တည်မှုတွေလည်းမထိခိုက်ရအောင်၊ မြို့တော်အင်္ဂါရပ်နဲ့လည်း ကိုက်ညီသွားအောင် ဌာနဆိုင်ရာနဲ့ သက်ဆိုင်ရာပညာရှင်တွေလက်တွဲပြီး နည်းလမ်းကောင်းတွေကို စနစ်တကျစီမံကိန်းရေးဆွဲဖော်ဆောင်ဖို့ အချိန်တန်ပြီလို့ ထင်မြင်ယူဆမိပါတယ်။
ယနေ့ခေတ်မှာ ကမ္ဘာတ၀ှန်းလုံးက လူတန်းစားအမျိုးမျိုးဟာ လမ်းဘေးဈေးဆိုင်တွေနဲ့မကင်းနိုင်ပါဘူး။Food and Agriculture Organizationရဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးက လမ်းဘေးဈေးဆိုင်တွေမှာ နေ့စဉ်ဝင်ထွက်စားသောက်နေတဲ့လူဦးရေ ၂.၅ဘီလျှံရှိနေတယ်လို့သိရပါတယ်။ အဲဒီတော့ လမ်းဘေးဈေးဆိုင်တွေကိုအပြန်အလှန်မှီခိုနေကြရတဲ့ အခြေခံလူတန်းစားအများစုမှီတင်းနေထိုင်ရာ ကျွန်တော်တို့နိုင်ငံမှာ ဒီလမ်းဘေးဈေးသည်တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာဖြစ်သလို မလုပ်သင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့ကိုပြန်လည်နေရာချထားပေးခြင်းသာလျှင် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အသင့်တော်ဆုံးနည်းလမ်းလို့ ကျွန်တော်မြင်ပါတယ်။ ဘယ်လိုနေရာချထားမလဲဆိုတဲ့ မေးခွန်းကိုတော့ ကျွန်တော့်အနေနဲ့ ဖြေနိုင်စွမ်းမရှိဘူးဆိုတာဝန်ခံပါရစေ။ လက်ရှိဗြိတိန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နည်းစနစ်တစ်ခုကို ပထမဆုံးမိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့နိုင်ငံရဲ့ အစားအသောက်ကွပ်ကဲရေး (နာမည်မှားကောင်းမှားနိုင်ပါတယ်)ဌာနလိုမျိုး သူတို့ဆီမှာ FSA(Food Standards Agency) ဆိုတာရှိပါတယ်။ သူကစားသောက်ကုန်အကြီးစားထုတ်လုပ်ရေးလုပ်ငန်းတွေကနေစပြီး လမ်းဘေးဈေးဆိုင်သေးသေးမွှားမွှားတွေအထိ ၀င်ထွက်စစ်ဆေးကြီးကြပ်နေပါတယ်။ ကျွန်တော်တို့ဆီမှာတော့ တလောက အကြော်သည်တွေသုံးတဲ့ဆီတွေမှာ အကြော်ခံအောင် ပလတ်စတစ်ရေသန့်ဗူးတွေထည့်ကြော်တယ်လို့ မီဒီယာမှာအုတ်အော်သောင်းနင်းပါလာတော့မှ ထအရေးယူတာမျိုးကြားဖူးလိုက်ပါတယ်။ အရေးယူပြီးနောက်ပိုင်း ပြန်လည်ကြပ်မတ်မှုဆက်မလုပ်တာကြောင့် ရောင်းတဲ့လူကဆက်ရောင်းနေပြီး စားတဲ့လူကဆက်စားနေကြတုန်းပါပဲ။ ဗြိတိန်နိုင်ငံမှာတော့ အဲဒီအေဂျင်စီဝန်ထမ်းတွေဟာ စားသောက်ဆိုင်ကြီးတွေကနေ လမ်းဘေးရေခဲမုန့်ဆိုင်အဆုံး အမြဲလိုလိုရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အစားအသောက်တွေရဲ့ အရည်အသွေးကို လာဒ်ပေးလာဒ်ယူမှုကင်းကင်းနဲ့ ကြပ်မတ်ပေးနေကြပါတယ်။ နောက်တစ်ချက်က သက်ဆိုင်ရာအာဏာပိုင်တွေ ခွင့်ပြုထားတဲ့နေရာမှာသာ လမ်းဘေးဈေးဆိုင်တွေရောင်းချခွင့်ရှိပြီး ခွင့်မပြုတဲ့နေရာမှာသွားရောင်းရင် တည်ဆဲဥပဒေအရပြင်းထန်စွာအရေးယူတဲ့အတွက် ဘယ်သူမှမချိုးဖောက်ရဲကြပါဘူး။ ကျွန်တော်တို့နိုင်ငံမှာတော့ သက်ဆိုင်ရာဌာနခွင့်ပြုချက်တောင်းစရာမလိုပဲ ဆိုင်ဖွင့်မယ့်ပလက်ဖောင်းနေရာက မြေပိုင်ရှင်ကိုလစာပေးပြီး ထီးလေးမိုး၊ဆိုင်တည်လိုက်ရုံပါပဲ။ လူကြီးလမ်းကြောင်းရှိလို့ လိုက်ဖမ်းရင် ရှိတာလေးမပြီးထွက်ပြေးရုံပါပဲ။ ပိုက်ဆံယူထားတဲ့မြေပိုင်ရှင်ကလည်း ဘာမှမလုပ်ပေးပါဘူး။ ဆူးလေတ၀ိုက်က တိုးရစ်ဧရိယာတွေမှာ စည်ပင်တွေလိုက်ဖမ်းလို့ လမ်းဘေးဈေးသည်တွေအူယားဖားယားထွက်ပြေးကြတဲ့မြင်ကွင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေရှေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာတက်လာစရာအကြောင်း တစ်စက်မှမရှိဘူးလို့မြင်ပါတယ်။ ဒီအခြေအနေတွေကိုဘယ်လိုဖြေရှင်းရင်ကောင်းမလဲ။ အိမ်နီးချင်းနိုင်ငံတွေဆီ လိုက်ကြည့်ကြရအောင်ပါ။
စင်္ကာပူနိုင်ငံက China Town Food Court ဖြစ်ပါတယ်။ မလေးရှား၊တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေမှာ ဒီ Food Court တွေဟာအင်မတန်ရေပန်းစားပြီး လူတန်းစားပေါင်းစုံဝင်ထွက်စားသောက်နိုင်တဲ့ နေရာဖြစ်သလို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ရောင်းချပေးနေပါတယ်။ Food Court တွေဟာ စားသောက်ဆိုင်ကြီးကြီး ဒါမှမဟုတ် နေရာတစ်ခုမှာ ဆိုင်ခွဲသေးသေးလေးတွေစုပေါင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီစနစ်ကို မြန်မာပြည်မှာ ယုဇနပလာဇာမှာလက်ရှိကျင့်သုံးနေပါတယ်။ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ မတွင်ကျယ်နိုင်သေးပါဘူး။ ဒီစနစ်ကိုသုံးစွဲတာကြောင့် အဲဒီနိုင်ငံတွေမှာ လမ်းဘေးဈေးသည်တွေကို ဆိုင်တွင်းဈေးသည်အဖြစ်ပြောင်းလဲနိုင်ခဲ့သလို နိုင်ငံအတွက်အခွန်ငွေကိုလည်း တိတိကျကျကောက်ယူနိုင်တဲ့ အားသာချက်တွေရှိလာခဲ့ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကိုရောင်းချနိုင်လို့ ပြည်သူတွေအတွက်အကျိုးရှိလာစေပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခုဖန်တီးနိုင်ခဲ့ခြင်းပါပဲ။ ဒီစနစ်ရဲ့ထူးခြားချက်တစ်ခုက Food Court တွေမှာဖွင့်လှစ်ထားတဲ့ဆိုင်ခွဲလေးတွေမှာ ရောင်းချတဲ့အစားအသသောက်အမယ်တွေဟာ တစ်ဆိုင်နဲ့တစ်ဆိုင်မတူရပါဘူး။ အဲဒီအတွက် စားသုံသူတွေအနေနဲ့ကြိုက်နှစ်သက်ရာအစားအသောက်ရှိတဲ့ဆိုင်မှာ မှာယူစားသောက်နိုင်ပြီး သက်ဆိုင်ရာဆိုင်ခွဲရဲ့စားပွဲထိုးတွေကနေ ၀န်ဆောင်မှုပေးကြပါတယ်။ တချို့ဆိုင်တွေမှာ ဇွန်း၊ပန်းကန်စတာတွေကို ဘုံစနစ်ထားပြီး တချို့ဆိုင်တွေမှာတော့ သီးသန့်စီထားပါတယ်။ တချို့ဆိုင်တွေက ချက်ပြုတ်တာကို သူ့ဆိုင်ခွဲနဲ့သူ ချက်ပြုတ်ရောင်းချပြီး တချို့ဆိုင်တွေကတော့ Kitchen မှာ အအေးခန်းတွေ၊မီးဖိုတွေကို သူ့အကန့်နဲ့သူခွဲပေးပြီး ချက်ပြုတ်တာမျိုးတွေရှိနေပါတယ်။ လမ်းဘေးဆိုင်တွေလိုပဲ အများစုဟာ အလွယ်တကူချက်ပြုတ်ရောင်းချနိုင်တဲ့ အစားအသောက်တွေကိုရောင်းချပြီး တချို့နေရာတွေမှာ ဆိုင်ကြီးတစ်ခုလုံးရဲ့ပိုင်ရှင်က အအေးနဲ့အဖျော်ယာမကာတွေကို သူ့အလုပ်သမားနဲ့သူ ရောင်းချပါတယ်။ ဆိုင်ဧရိယာတစ်ခုလုံးရဲ့သန့်ရှင်းရေးကို ဆိုင်ပိုင်ရှင်ရဲ့အလုပ်သမားတွေက တာဝန်ယူပြီး စားသုံးသူတွေစားသောက်ပြီး သန့်ရှင်းရေးလုပ်တာကိုတော့ သက်ဆိုင်ရာဆိုင်ခွဲလေးတွေရဲ့ အလုပ်သမားတွေက တာဝန်ယူဆောင်ရွက်ကြပါတယ်။ ဆိုင်တွေရဲ့လျှပ်စစ်ဓာတ်အားသုံးစွဲမှုနဲ့ရေသုံးစွဲမှုကို ဆိုင်ပိုင်ရှင်က ထိန်းချုပ်ထားပြီး သုံးစွဲသလောက်ကုန်ကျငွေကို လစဉ်ကောက်ခံယူပါတယ်။ ဆိုင်ခွဲတွေဟာ မူရင်းဆိုင်ပိုင်ရှင် စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်းလိုက်နာဖို့ သဘောတူရပါတယ်။ လုံခြုံရေးဝန်ထမ်းကိုဆိုင်ပိုင်ရှင်ကခန့်ထားပြီး အဲဒီဝန်ဆောင်မှုအတွက်က ဆိုင်ခန်းငှားရမ်းခထဲမှာပါပြီးသားဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ စည်ပင်စနစ်က အများအားဖြင့် ပုဂ္ဂလိကကန်ထရိုက်စနစ်ဖြစ်တဲ့အတွက် အစိုးရပိုင်းက လစဉ်ပုံမှန်လာရောက်စစ်ဆေးရုံကလွဲပြီး သိပ်တာဝန်မကြီးလှပါဘူး။ နောက်ပြီး အစိုးရအစားအသောက်စစ်ဆေးရေးဌာနက ဒီ Food Court တွေကို သန့်ရှင်းသပ်ရပ်မှုရှိမရှိနဲ့ ရောင်းချတဲ့အစားအသောက်တွေ ကျန်းမာရေးနဲ့ညီညွတ်မှု ရှိမရှိကိုရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး သတိပေးတာမျိုး၊ဒဏ်ရိုက်တာမျိုးတွေကို ဥပဒေနဲ့အညီဆောင်ရွက်လေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့နှိုင်းယှဉ်ကြည့်ရင် ဒီနိုင်ငံတွေမှာရှိနေတဲ့ လမ်းဘေးဈေးသည်အရေအတွက်ဟာ မရှိသလောက်နီးပါးနည်းပါတယ်။ Food Court စနစ်တွင်ကျယ်လာတာနဲ့အမျှ တဖက်ကလည်းဥပဒေနဲ့တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာရယ် ၊ဘဏ်စနစ်ခိုင်မာတဲ့အတွက် ဒီလုပ်ငန်းလုပ်ချင်သူတွေကို တဖက်တလမ်းကချေးငွေထုတ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်တာကြောင့် လမ်းဘေးဈေးသည်အရေအတွက် သိသိသာသာလျှော့ကျသွားတယ်လို့ အကြမ်းဖျဉ်းသုံးသပ်နိုင်ပါတယ်။
စင်္ကာပူနိုင်ငံ Little India ဆိုတဲ့နေရာက ဆိုင်ခွဲလေးတစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ခွဲလေးတွေဟာ Stainless Steel နဲ့ပြုလုပ်ထားတဲ့အတွက် နိုင်ငံတကာအဆင့်မှီ သန့်ရှင်းသပ်ရပ်မှုရှိတဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာဆိုရင်တော့ သူ့ရဲ့တန်ဖိုးကမသေးလှပါဘူး။ မြန်မာပြည်က သစ်သားနဲ့ပြုလုပ်ထားတဲ့ဆိုင်တွေဟာ ဈေးသက်သာပေမယ့် Hygiene ပိုင်းမှာ အဆင့်မမှီနိုင်ပါဘူး။ ဒီ Food Court စနစ်ကို မြန်မာပြည်မှာအကောင်အထည်ဖော်ရင် အခြေအနေမဲ့တဲ့လမ်းဘေးဈေးသည်တွေကို အခြေအနေရှိတဲ့ ဆိုင်တွင်းဈေးသည်တွေအဖြစ်ပြောင်းလဲနိုင်မလား ဆိုတဲ့မေးခွန်းတစ်ရပ်ရှိနေပါပြီ။ လမ်းဘေးဈေးသည်ဆိုတဲ့နေရာမှာ ပလက်ဖောင်းမှာအုတ်ခဲကျိုးဖင်ခုထိုင်ပြီးရောင်းနေတဲ့ ဈေးသည်တင်မဟုတ်ပါဘူး။ ရပ်ကွက်တွေထဲမှာ မောင်းလေးထုပြီး လှည်းလေးနဲ့လည်ရောင်းနေတဲ့ ဈေးသည်တွေလည်းအကျုံးဝင်ပါတယ်။ သူတို့ကိုရော ဘယ်လိုထိန်းချုပ်နိုင်မလဲ။ ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် ဒီမေးခွန်းကိုကျွန်တော်မဖြေနိုင်ဘူးဆိုတာ ရိုးသားစွာဝန်ခံပါရစေ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ခန့်မှန်းပြီးပြောရရင် အစိုးရပိုင်းကနေ စီမံကိန်းတစ်ခုကိုဦးဆောင်ရေးဆွဲပြီး မြေနေရာတွေတိတိကျကျ သတ်မှတ်ပေးဖို့လိုတဲ့အပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ဘဏ်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေပါမကျန် တိုးတက်လာနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမယ့် ရိုးရာအစားအသောက်နဲ့ အသီးအနှံတွေကို သင့်တင့်လျှောက်ပတ်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်မယ့် Food Court တွေကို စနစ်တကျအကောင်အထည်ဖော်ပေးရင် နိုင်ငံတော်အတွက်ရော လမ်းဘေးဈေးသည်တွေအတွက်ပါ အကျိုးရှိနိုင်မယ်လို့ယူဆမိပါတယ်။
မလေးရှားနိုင်ငံ China Town ရဲ့ မိုးလုံလေလုံ လမ်းဘေးဈေးတန်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများစွာကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ အစားအသောက်အပြင် အမှတ်တရပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ ဆိုင်ခွဲသေးသေးလေးတွေနဲ့ ရောင်းချနေတာတွေ့ရပါတယ်။ တိုးရစ်တွေနဲ့အမြဲစည်ကားနေတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ နောက်ထပ် Food Court တွေရဲ့ထူးခြားတဲ့စနစ်ကို သုံးစွဲနေတဲ့အကြီးဆုံးနေရာတစ်ခုကတော့ မလေးရှားနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်ကာစီနိုတည်ရှိရာ Genting Highland တောင်ပေါ်အပန်းဖြေစခန်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ကပိုင်ဆိုင်ထားပြီး ဟိုတယ်လေးငါးခုရှိပါတယ်။ ဒီနေရာမှာထူးခြားတာတစ်ခုက မူလဟိုတယ်ပိုင် စားသောက်ဆိုင်တွေပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေငှားရမ်းထားတဲ့ စားသောက်ဆိုင်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွေဟာ တစ်ဆိုင်နဲ့တစ်ဆိုင် ရောင်းချတဲ့ပစ္စည်းနဲ့ အစားအသောက်စာရင်းမတူညီရပါဘူး။ သန့်ရှင်းရေးနဲ့ လိုအပ်တဲ့ လျှပ်စစ်မီး၊ရေ၊အဲယားကွန်းစတာတွေကို ကုမ္ပဏီကနေတဆင့်ကန်ထရိုက်ပေးထားတဲ့ လုပ်ငန်းတွေကနေ ဖြည့်ဆည်းပေးထားပါတယ်။ဒါ့အပြင် ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းလိုက်နာမှုရှိမရှိ အပတ်စဉ်လိုလို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး စားသုံးသူတွေ Complaint တက်လာရင်လည်း စစ်ဆေးအရေးယူတာမျိုး လုပ်ဆောင်နေပါတယ်။
ခုအပေါ်မှာကျွန်တော်တင်ပြထားတဲ့ အကြောင်းအရာတွေအားလုံးဟာ သာမန်လူတစ်ယောက်ရဲ့ရှုထောင့်ကနေ သုံးသပ်တင်ပြထားတာဖြစ်တဲ့အတွက် အားနည်းချက်တွေ၊လိုအပ်ချက်တွေ အမြောက်အမြားရှိနေမှာပါ။ ကျွန်တော်လေ့လာမိသလောက် မြန်မာမီဒီယာတွေမှာ လမ်းဘေးဈေးသည်တွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်တွေကိုတင်ပြဆွေးနွေးတာမျိုး မရှိသလောက်နည်းပါးပြီး အစိုးရပိုင်းရဲ့အားနည်းချက်တွေကို ထောက်ပြဝေဖန်တာမျိုးတွေကိုပဲ များများစားစားတွေ့မြင်ဖူးပါတယ်။ ခုကျွန်တော်တင်ပြထားသလောက်ကို ဘယ်သူမဆိုစိတ်ဝင်စားရင် တွေးမိနိုင်လောက်တဲ့အနေအထားမှာရှိမယ်လို့ထင်မိပါတယ်။ ဒီဆောင်းပါးနဲ့ဆက်နွယ်ပြီး ဖေ့ဘွခ်ပေါ်မှာရှိနေတဲ့ ပညာရှင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စိတ်ပါဝင်စားသူတွေ ဆွေးနွေးနိုင်ဖို့ အစတစ်စဆွဲထုတ်လိုက်တဲ့သဘောလောက်ပဲ ကျွန်တော့်အနေနဲ့ကြိုးစားလိုက်တာပါ။ ဒီပို့စ်အောက်မှာ ဖတ်ရှုသူတွေဆီက ဝေဖန်အကြံပြုချက်တွေကို ဖိတ်ခေါ်ပါရစေ။ အားလုံးရဲ့အကြံဥာဏ်တွေကို စုပေါင်းပြီး ကျွန်တော်တို့နိုင်ငံက လမ်းဘေးဈေးသည်တွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ရိုးသားစွာမျှော်လင့်မိကြောင်း ပြောကြားရင်းနိဂုံးချုပ်ခွင့်ပြုပါ။ ကျေးဇူးတင်ပါတယ်။
လေ့လာဖို့အတွက် link တွေရှာဖွေပေးတဲ့ သူငယ်ချင်း မောင်ဆိုး(Soe Win Maung Soe) စင်္ကာပူနဲ့ လိုအပ်တဲ့ဗဟုသုတအထွေထွေကို မျှဝေပေးကြတဲ့ မလေးရှားမှ သူငယ်ချင်းများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
မြတ်သိန်းထွန်း(၂၇.၂.၂၀၁၂)
လမ်းပေါ်က ဆရာဝန်တဦးရဲ့ စိတ်ကူး
ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ပထမပတ်အတွင်း ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာနရှိ အစိုးရဆရာဝန်တွေကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ပြင်ပဆေးခန်းထိုင်ခြင်းနဲ့ အခြားလုပ်ငန်းတွေ မလုပ်ဆောင်ကြဖို့ သတိပေးတားမြစ်ခြင်းပါ။
မော်ဒန်သတင်းဂျာနယ်ပါ ဆရာဝန်ကြီးတွေရဲ့ အသံကို နားထောင်ကြည့်ပါ။
၁။ နိုင်ငံ့ဝန်ထမ်းမို့လို့ ရှစ်နာရီ အလုပ်လုပ်ရတာကို မပြောပါဘူး။ ဒါပေမယ့် အစိုးရဆေးရုံတွေမှာ လိုအပ်လာရင် အရေးပေါ် ခွဲစိတ်ကုသပေးတာတွေကို သတ်မှတ်အလုပ်ချိန်မဟုတ်လည်း လုပ်ရတာပဲ။ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်မယ်ဆိုရင်လည်း ခံစားခွင့်တွေပါ ပေးရမယ်။ အခုဟာက တုတ်ပဲပေးပြီး မုန့်တော့မပေးဘူး ဖြစ်နေတယ်။
၂။ တားမြစ်ချက်အရ ကျနော်တို့ဟာ အလုပ်ချိန်အတွင်း အပြင်မှာ ဆေးခန်းထိုင်လို့ မရတော့ဘူး။ အပြင်မှာ ထိုင်လို့မရတော့ လူနာတွေက အထူးကုဆရာဝန်တွေရှိမယ့် အစိုးရဆရာဝန်တွေရှိမယ့် အစိုးရဆေးရုံတွေပဲ အားကိုးလာမယ်။ အဲဒီအခါကျရင် အစိုးရဆေးရုံတွေမှာ Overload (လူနာများ) ဖြစ်လာနိုင်မယ်။ တဘက်က ပြန်ကြည့်ရင်လည်း ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ တိုးတက်အောင်လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မလဲ။
၃။ ဆရာဝန်တွေကို အစိုးရ၀န်ထမ်းအဖြစ်က ထွက်ဖို့ တွန်းအားပေးသလို ဖြစ်နိုင်ပြီး လူနာရှင်အနေနဲ့လည်း ပြင်ပပုဂ္ဂလိက ဆေးခန်းကုသမှုစရိတ်တွေလည်း မြင့်တက်လာနိုင်တယ်။
ဆရာဝန်ကြီးတွေ ပြောပြသွားတာ အားလုံးမှန်ပါတယ်။ ကျနော်သာ ၀န်ကြီးဆိုရင် ဒီညွှန်ကြားချက်ကို မထုတ်ပါ။ ၀န်ထမ်းတိုင်း နားလည်ပြီးသား။ ဆရာဝန်တွေက ပိုတောင် နားလည်နေသေးတယ်။
ကျနော်သာဆိုရင် ဆရာဝန်တွေကို ခေါ်ပြီး မေတ္တာရပ်ခံခြင်း အရင်လုပ်ပါ့မယ်။ အလုပ်ချိန် ပြင်ပဆေးခန်းမထိုင်ဖို့။ ဘယ်လိုသဘောရလဲပေါ့။ စည်းကမ်းဖောက်ရင် ဘယ်လို အရေးယူကြမလဲပေါ့။
ကျနော့် စိတ်ကူးယဉ် ခဏထားပြီး ဒီတားမြစ်ချက် ဘာကြောင့် ပေါ်လာသလဲဆိုတာ မှန်းကြည့်ကြစို့ (ပြည်သူတွေ ဆင်းရဲမွဲတေနေတာတွေဟာ ၀န်ထမ်းတွေကြောင့်မဟုတ်ဆိုတဲ့ ခံယူချက်ရှိမှ ဆက်ဖတ်ပါ)။
အခုနှစ်တွေမှာ ထူးထူးဆန်းဆန်း စစ်တပ်ဆရာဝန်တွေလည်း ဆေးခန်းငယ်လေးတွေ ဖွင့်ထားတာ တွေ့တွေ့နေရတယ်။ ရှေးကာလများက စစ်တပ်ဆရာဝန်တွေ ဆေးခန်းဖွင့်လေ့မရှိ။ ကဲ ... ကြည့်၊ တပ်ဆရာဝန်တွေတောင် စားမလောက်လို့ ဆေးခန်းထိုင်နေကြပြီ။ အစိုးရဆရာဝန်တွေလည်း ငါ့ဝမ်းပူဆာ မနေသာဆိုတော့ ထမင်းစားနားချိန်လေးမှာ ဆေးခန်းပြေးထိုင်ကြတာပါ။ အခုက ထမင်းစားချိန် မပေးတော့ဘူး ဆိုတဲ့သဘောပေါ့။ နောက်ဆုံး ဆရာဝန်တွေ စီးပွားရေးသောင်းကျန်းတယ်ဆိုပြီး မြန်မာပြည်ကြီးကို ပြောင်းလဲအောင် ကြံဆောင်နေတဲ့ အပေါ်ပိုင်းတွေက မျက်စိစပါးမွေးစူးကုန်ကြလို့ နေမှာပေါ့။
ထား ...။ အစိုးရဆရာဝန်တွေ ဘာဖြစ်လို့ ဆေးခန်းထိုင်ကြသလဲ။ သဌေးဖြစ်ဖို့လား။
No !!!
ထမင်းငတ်မှာ စိုးလို့ဗျို့။ (အခုဆို ဆေးခန်းတွေ အလုအယက် ထိုင်နေရတယ်။ ဂျီပီထိုင်တာတောင် ထမင်းနပ်မမှန်ချင်) စာရေးသူကိုယ်တိုင် အစိုးရဆရာဝန် လုပ်ခဲ့တုန်းက တနေ့ မြန်မာငွေ ကျပ်၂၅၀ ရတယ်ဗျာ။ (၂၀၀၁ မှ ၂၀၀၆ အထိ) လက်ဖက်ရည်ဆိုင် ထိုင်တာနဲ့ ကုန်ရော။ နို့ ... ခင်ဗျား ဘယ်လို အသက်ရှင်နေတုန်း မေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ Duty ပြီးတဲ့အချိန်မှာ ဆေးခန်းပြေးထိုင်ပါတယ်။ မိဘတွေက ထောက်ပံ့တယ်။ အဖေက ကျနော့ထက် ၀င်ငွေကောင်းတယ်။ ကျနော့် တလစာက သူ့တရက်ဝင်ငွေ။ အဖေ့ပိုက်ဆံကို ၀န်ထမ်းဘ၀အထိ တောင်းသုံးနေရတုန်း။ ဆရာဝန်လည်း ဖြစ်ခါစကိုး။ အဲ ... အရေးပေါ်လာတဲ့ အချိန်တွေဆို ဆေးခန်းမထိုင်ရတော့ နောက်နေ့ ဆန်ဝယ်ဖို့ မရှိ။ အခုမှ အိမ်ထောင်လည်းကျခါစဆိုတော့ မိန်းမကို အားနာလိုက်တာဗျာ။ သူမျာဆီ ချေးငှား ဖြေရှင်းလိုက်တာပဲ။
ကျနော့်လိုပဲ ဆရာဝန်အားလုံး ဒီဘ၀တွေကို ဖြတ်သန်းရမှာပါ (မိဘ ချမ်းသာပြီးသားတွေ မပါ၊ မိုးပေါ်ကျတွေမပါ)။ လူဆိုတော့ ဘီယာလေးဘာလေး သောက်ချင်တယ်ဗျ။ သူငယ်ချင်း စီးပွားရေးသမားတွေ တိုက်မှ သောက်ရတာပါ။ ဘီယာဝယ်သောက်လိုက်ရင် မိန်းမကို ဆန်ဖိုး ဘယ်လို ပေးနိုင်မှာတုန်း။
ဝန်ထမ်းတိုင်းလည်း ဒီလိုဘ၀မျိုးတွေ ကြုံကြမှာပါ။ ဒါတောင် လက်ဖက်ကြက်ဆူဖိုးတွေကလည်း ကုန်သေးတယ် (အာဏာရှင်ခေတ်က)။ အခု ကျန်းမာရေးဌာနရဲ့ သတိပေးချက်က ဘာဖြစ်နေသလဲဆိုတော့ ဆရာဝန်တွေကို စိတ်ညစ်အောင် လုပ်နေသလိုပဲ။ တခြားဌာန၀န်ထမ်းတွေဆို ဆရာဝန်ထက် ပိုဆိုးပါတယ်။ ထား ...။
အခုတလော ကြားနေရတဲ့ သတင်းကတော့ ၀န်ထမ်းတွေ လစာတိုးတော့မယ်ဆိုတဲ့ သတင်းပါ။ မပြောကောင်း မဆိုကောင်း ...
- လက်ထောက်ဆရာဝန်က ၅ သိန်း
- လက်ထောက်ဆရာဝန် (အထူးကု) က ၆သိန်း
- အထူးကုဆရာဝန်ကြီး (အငယ်) က ၇ သိန်း
- အထူးကုဆရာဝန်ကြီးက ၈ သိန်း
- ဆေးရုံအုပ်ကြီးတွေက ၁၀ သိန်း
- ပြည်နယ်မှူးက ၁၅ သိန်း ( ၁၄ ယောက်လောက်ပဲ ရှိတယ်)
- ၀န်ကြီးက ၂၅ သိန်း
- ကျန်ဝန်ထမ်းတွေက အောက်ထစ် ၃ သိန်း ရကြမယ်ဆိုရင်ပေါ့ (သမ္မတလည်း သိန်း ၅၀ ယူပေါ့)။
သတိပေးတားမြစ်ချက်တွေ မလိုတော့ပါ။ ဆရာဝန်တွေကို ဆေးရုံပေါ်က ကုတ်နဲ့ ကော်ချတာတောင် ဆင်းမှာ မဟုတ်တော့။ ကျနော်သာ မတော်တဆ သမ္မတဖြစ်ခဲ့ရင် ပေးမယ့် အစီအစဉ်ပါ (ထမင်းငတ်ဖူးလို့ ကိုယ်ချင်းစာတာပါ။ ကျနော့ကို မဲပေးကြနော်။ အဟဲ ...)။
အထက်ပါ အကြောင်းအရာများကို တင်ပြခြင်းမှာ ၀န်ကြီးဌာနကိုရော အစိုးရကိုရော ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါ။ ဖြစ်ချင်တာတွေ စိတ်ကူးယဉ်ကြည့်တာပါ။ အမိုက်အမဲလမ်းပေါ်က ဆရာဝန်သေးသေးလေးကို ဗွေမယူကြစေလို။ လွန်တာရှိ ၀န္ဒာမိပါခင်ဗျား ...။
နောက်ဆုံးတင်ပြချင်တာက လစာတိုးခြင်း ကိစ္စတခုတည်းနဲ့ ၀န်ထမ်းတွေရဲ့ ပြဿနာကို ဖြေရှင်းခြင်းသည် မှန်ကန်သော ဖြေရှင်နည်းမဟုတ်ကြောင်းပါ။
(၁) ၀န်ထမ်းတိုင်း အာမခံချက်ရှိနိုင်တဲ့ ဥပဒေ အရင်ပြဌာန်းရမယ်။
ဥပမာ -
- လစာအနေအထားပေါ် မူတည်ပြီး အစိုးရဆီမှ ငွေကြေး ချေးဌားနိုင်ရန်။
- လုပ်ဆောင်မှုတွေ အပေါ်မူတည်ပြီး ထပ်ဆောင်းချီးမြှင့်ငွေ ပေးကမ်းနိုင်ရန်။ ၀န်ထမ်းစုငွေထားရန်။
- (ဆရာဝန်များ) လျော်ကြေးပေးရပါက မည်သို့ ပေးဆောင်ရန်။ အာမခံစနစ်ရှိရန်။
(၂) လူထုဆီမှ မေတ္တာလက်ဆောင် ခံယူပါက ဘယ်လောက်တန်ဖိုးအထိ ယူလို့ရသလဲ။
ဥပမာ - ကျပ် ၁၀၀၀ ( မရှိတဲ့ လူဆီက မယူရန်)။
(၃) တချို့ အစိုးရပဲ ချုပ်ကိုင်ထားတဲ့ ဌာနတွေကို ပုဂ္ဂလိကနှင့် တရားဝင် ဖက်စပ်လုပ်ပေးခြင်း။
ဥပမာ - ကညနမှ ယာဉ်နဲ့ ယာဉ်မောင်းလိုင်စင် လုပ်ဆောင်ရာတွင် ၀န်ဆောင်မှု Service များ ခွင့်ပြုပေးခြင်း။ ၀န်ထမ်းများကို ပြန်လည်ထောက်ပံ့မှုပေးခြင်း။
Transaction cost လျှော့ချမှုကို နေရာတကာ မသုံးသင့်ပါ။ ပိုက်ဆံရှိလို့ ကားဝယ်စီးကြတာပါ။ လစာတိုးကာ တပွဲထိုး ဖြေရှင်းနည်းထက် ခိုင်မာပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းများကို စဉ်းစားသင့်ပါတယ်။ အပေါ်ပိုင်းက ပြောင်းနေပြီ၊ အောက်ပိုင်းက မပြောင်းသေးဘူး ပြောနေကြတဲ့ တယူသန်သမားများကိုလည်း စကားလက်ဆောင်ပါးပါရစေ။ များများခိုင်းချင်ရင် များများကျွေးပါလို့ ...။
အောက်ချည်းထောင်းနေလို့ကတော့ ဒီမိုကရေစီမဟုတ်သေး။ ၀န်ထမ်းတွေလည်း ပြည်သူတွေပဲခင်ဗျ။ သနားကြပါ။ ကလေးကျောင်းစရိတ်လေးလိုလို့ Passport ရုံးဝန်ထမ်းတွေ စာရွက်စာတမ်းဖိုး ကျပ် ၅၀၀ လောက် တောင်းတာ တိုင်တောစရာလို့ မထင်ပါ။ ပေးသင့်တယ်။ ရဲတယောက် လစာ ဘယ်လောက်ရလို့လဲ။ ထား ...။
ကျနော်သာ ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့ရင် ကိုယ့်ဝန်ထမ်းတွေကို ဖိမထောင်းချင်ပါ။ အစိုးရက မကျွေးနိုင်ရင် ချဲပေါက်အောင် ထိုးပြီး ၀န်ထမ်းတွေကို မျှမယ်။ ဘောလုံးပွဲလောင်းမယ်။ အဲ ... ဖုန်း Company သာပိုင်ရင် တလုံး ၃ သိန်းနဲ့ ရောင်း။ ဖုန်းအလုံး သန်း၃၀ လောက် ရောင်းပြီး နောက်ပိုင်း အမြတ်ငွေတွေနဲ့ ၀န်ထမ်းတွေကို ပေးမယ်လို့ စိတ်ကူးယဉ်နေမိတော့တယ်။
လမ်းပေါ်က ဆရာဝန်တဦး
ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး စာရင်းအား ထုတ်ပြန်ကြေညာမည်
ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် အခွန်အရပ်ရပ် ပေးသွင်းသူများထဲမှ အများဆုံး ပေးသွင်းသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦး၊ အမြတ်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦးနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေ ခွန်အများဆုံး ပေးဆောင်ခဲ့သည့် အခွန်ထမ်းကုမ္ပဏီ ၁၀ ခုအား အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
“တစ်နိုင်ငံလုံးမှာ အခွန်အများဆုံး ပေးဆောင်တဲ့ ထိပ်ဆုံး ၁၀ ဦးပဲ အရင်က ထုတ်ပြန်ဖူးတယ်။ အခုနှစ်ကုန်ရင်တော့ ၁၀၀ ဦးအထိ ထုတ်ပြန်သွားဖို့ ရှိတယ်။ သတင်းစာထဲမှာတောင် ထည့်ကြေညာဖို့ အထိ လောလောဆယ် စီစဉ်ထားတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အခွန်ထမ်းစာရင်း မှ ထိပ်ဆုံး ၁၀၀ ဦးအား စိစစ်ရမည်ဖြစ်၍ ၂၀၁၂ ခုနှစ် မေလရောက်ရှိမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်အတွက် မြန်မာတစ်နိုင်ငံလုံး အခွန်ထမ်းစာရင်းမှ အခွန်အရပ်ရပ်အတွက် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး စာရင်းအား ထုတ်ပြန်ကြေညာမည်၊ မြန်မာနိုင်ငံတွင် နှစ်စဉ်အခွန်အရပ်ရပ်မှ ကျပ်ဘီလျံ ၁၀၀၀ကျော်သာ ရှိနေ
ဦးတေဇ ထူး...
ဦးဇော်ဇော် (Max Myanmar)
ဦးတိုးနိုင်မန်း ဧရာရွှေဝါ
ဦးခင်ရွှေ.. ဇေကမ္ဘာ..
ဦးထွန်းမြင့်နိုင်(စတီဗင်လော) Asia World တရုတ်
ဦးကိုထွေး (တော်ဝင်ဆောက်လုပ်ရေး / တော်ဝင်မိသားစု)
နိုင် Group (ဘင်္ဂလီစီးပွားရေးအုပ်စုများ)
ဦးတင့်ဆန်း (ACE ဆောက်လုပ်ရေး)- လက်ရှိဟိုတယ်ခရီး/အားကစားဝန်ကြီး (ပြည်သူ့လွှတ်တော်ကို ဆောက်လုပ်သူ)
ဦးကျော်ဝင်း (ရွှေသံလွင်ကုမဏီ)
မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်
(၁၀၀ ရာခိုင်နှုန်း တပ်မတော်သားရှယ်ယာပိုင်ဆိုင်မှု)
(စားအုန်းဆီတင်သွင်းမှု၊ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ(ပါရမီ၊ ရျွေမန်းသူ၊) ကားတင်သွင်းမှုလုပ်ငန်းများ အပါအ၀င် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအများစုကို လွှမ်းမိုးချုပ်ကိုင်ထားသော မြန်မာနိုင်ငံတွင် လုပ်ငန်းအများဆုံး ကုမဏီကြီး)
လက်ရှိ မြန်မာနိုင်ငံရဲ့ လုပ်ငန်းကြီးတွေအားလုံးမှာ တကယ်ရင်းနှးမြုပ်နှံပြီး ရပ်တည်ဝင်ငွေကောင်းနေတဲ့ ကုမဏီတွေ တစ်ခုမှ အခွန်ထမ်းစာရင်းထဲမှာ ထိပ်တန်းမရောက်တာ သူတို့တွေကြောင့်လာ.. တာဝန်ရှိသူတွေကြောင့်လားဆိုတာ..နားလည်သူများ ဖြေပေးကြပါ..အဲဒါကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များစွာနစ်နာပြီး နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်သူတွေအပေါ် အတိုင်းအတာတစ်ခုအထိ အကျေိုးသက်ရောက်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမရပါဘူး..။
(ခရိုနီကုမ္ပဏီများ အခွန်ထမ်းရန် ဖိအားပေးကြပါစို့..။)
ဦးတေဇ ထူး...
ဦးဇော်ဇော် (Max Myanmar)
ဦးတိုးနိုင်မန်း ဧရာရွှေဝါ
ဦးခင်ရွှေ.. ဇေကမ္ဘာ..
ဦးထွန်းမြင့်နိုင်(စတီဗင်လော) Asia World တရုတ်
ဦးကိုထွေး (တော်ဝင်ဆောက်လုပ်ရေး / တော်ဝင်မိသားစု)
နိုင် Group (ဘင်္ဂလီစီးပွားရေးအုပ်စုများ)
ဦးတင့်ဆန်း (ACE ဆောက်လုပ်ရေး)- လက်ရှိဟိုတယ်ခရီး/အားကစားဝန်ကြီး (ပြည်သူ့လွှတ်တော်ကို ဆောက်လုပ်သူ)
ဦးကျော်ဝင်း (ရွှေသံလွင်ကုမဏီ)
မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်
(၁၀၀ ရာခိုင်နှုန်း တပ်မတော်သားရှယ်ယာပိုင်ဆိုင်မှု)
(စားအုန်းဆီတင်သွင်းမှု၊ ကျောက်စိမ်းကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ(ပါရမီ၊ ရျွေမန်းသူ၊) ကားတင်သွင်းမှုလုပ်ငန်းများ အပါအ၀င် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအများစုကို လွှမ်းမိုးချုပ်ကိုင်ထားသော မြန်မာနိုင်ငံတွင် လုပ်ငန်းအများဆုံး ကုမဏီကြီး)
လက်ရှိ မြန်မာနိုင်ငံရဲ့ လုပ်ငန်းကြီးတွေအားလုံးမှာ တကယ်ရင်းနှးမြုပ်နှံပြီး ရပ်တည်ဝင်ငွေကောင်းနေတဲ့ ကုမဏီတွေ တစ်ခုမှ အခွန်ထမ်းစာရင်းထဲမှာ ထိပ်တန်းမရောက်တာ သူတို့တွေကြောင့်လာ.. တာဝန်ရှိသူတွေကြောင့်လားဆိုတာ..နားလည်သူများ ဖြေပေးကြပါ..အဲဒါကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များစွာနစ်နာပြီး နိုင်ငံတော်တည်ဆောက်ရေးနဲ့ ပြည်သူတွေအပေါ် အတိုင်းအတာတစ်ခုအထိ အကျေိုးသက်ရောက်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမရပါဘူး..။
(ခရိုနီကုမ္ပဏီများ အခွန်ထမ်းရန် ဖိအားပေးကြပါစို့..။)
မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော
ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များအားလုံး ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က အင်တာနက်ဆိုင်များကို လိုက်လံ အကြောင်းကြားလျက်ရှိသည် ဟု အင်တာနက်ဆိုင်ရှင်များနှင့် အင်တာနက်သုံးစွဲသူများက ဆိုသည်။
“ကျွန်တော်တို့ အင်တာနက်ဆိုင်ပိုင်ရှင်တွေကို ည ၁၀ နာရီမှာ ဆိုင်ပိတ်ကြဖို့နဲ့၊ နောက်အကျဆုံး ဆိုင်ပိတ်ချိန် ၁၁ နာရီထက် မကျော်ဖို့ ရပ်ကွက်ရုံးက တာဝန်ရှိသူတွေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လာပြောသွားပါတယ်” ဟု အလုံမြို့နယ် ငုဝါလမ်းရှိ အင်တာနက်ဆိုင်ရှင်က ပြောသည်။
ရပ်ကွက်ရုံးက သတိပေးချက်ကို သိရှိပြီး ဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းတဲ့ အတွက် လက်မှတ်ထိုးပေးလိုက်ရသည်ဟု လည်း သူက ဆိုသည်။
“အင်တာနက် ကော်နက်ရှင်တွေက သိကြတဲ့ အတိုင်းပဲ နေ့ခင်းပိုင်းတွေမှာ သိပ်မကောင်းတဲ့ အတွက် တစ်ချို့က ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီကျမှ ဆိုင်ကို လာကြတာတွေ ရှိပါတယ်၊ ကျွန်တော်တို့လည်း အားနာနာနဲ့ပဲ ဆိုင်ပိတ်ပြီ ဆိုတဲ့ အကြောင်း ပြောလွှတ်လိုက်ရပါတယ်” ဟု သူက ပြောသည်။
မင်္ဂလာ တောင်ညွှန့် မြို့နယ် ဗညားဒလလမ်းပေါ်ရှိ အင်တာနက်ဆိုင်ရှင်ကလည်း “ကျွန်တော်တို့ လည်း သတိပေးခံရပါတယ်၊ ဆိုင်ကို ၁၁ နာရီထက် နောက်မကျဘဲ ပိတ်ပေးဖို့ကို မပိတ်ရင် ဘယ်လို ဥပဒေနဲ့ အရေးယူမည် ဆိုတာကိုတော့ မပြောသွားပါဘူး” ဟု ဆိုသည်။
ည ၁၂ နာရီနောက်ပိုင်း မိမိ မိသားစု သန်းခေါင်စာရင်းရှိရာ နေအိမ်တွင် နေထိုင်ခြင်း မရှိပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ငွေဒဏ်ဖြစ်စေ၊ ၁၄ ရက်အထိ ပြစ်ဒဏ်ဖြစ်စေ ဖမ်းဆီးထောင်ချခွင့် ရှိသည်ဟု သိရှိရပြီး၊ မြို့နယ်တာဝန်ရှိသူများအပေါ် မူတည်ကာ ပြစ်ဒဏ်များကို အတိုးအလျော့ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
“ကျွန်တော်တို့ အင်တာနက်ဆိုင်တွေကိုတော့ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ခိုင်းတယ်၊ ကျွန်တော်တို့ မြို့နယ် အတွင်းမှာပဲ ရှိတဲ့ မင်္ဂလာဈေးဝင်းထဲက စားသောက်ဆိုင်တွေ၊ ညကလပ်တွေကိုတော့ သန်းခေါင်ကျော် ၃ နာရီလောက်အထိ ဖွင့်ခွင့် ပေးထားပါတယ်၊ ဒါက မတရားဘူးထင်တယ်” ဟု အထက်ပါ အင်တာနက်ဆိုင်ရှင်က ဆိုသည်။
တာမွေမြို့နယ်အတွင်းနေထိုင်သော ဘာသာ စကားသင်တန်းကျောင်းမှ ဆရာတစ်ဦးကလည်း “ကျွန်တော် ဂျပန်မှာ ၁၀ နှစ်လောက် အလုပ်လုပ်ပြီး ပြန်လာတာပါ၊ သူတို့ နိုင်ငံတွေမှာ သန်ခေါင်းစာရင်း တိုင်ရတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး၊ ဂျပန်မှာဆိုရင် စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ အလုပ်ရုံတွေက နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး လည်ပတ်နေတာပါ၊ တိုးတက်တဲ့ နိုင်ငံမှာတောင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေကြတာ၊ ကျွန်တော်တို့ လိုနိုင်ငံမှာ ဒီလို ချုပ်ချယ်မှုတွေ ရှိရင် နိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းဖို့ ဆိုတာ အိပ်မက် တစ်ခုလိုပဲ ဖြစ်နေမှာပါ” ဟု ဆိုသည်။
အလွတ်တန်း သတင်းထောက် အောင်နိုင် ရေးသားပေးပို့သည်။
အစိုးရအဖွဲ့အနေနဲ့ ငွေတကျပ်ကိုမှ ဥပဒေမဲ့ မသုံးစွဲမိစေရန် သတိပေး by အံ့ဘုန်းမြတ်
၂၀၁၀ ရွေးကောက်ပွဲ ကနေ ပေါ်ပေါက် လာတဲ့ လွှတ်တော် အရပ် ရပ်က ဖွဲ့စည်း ပေးလိုက်တဲ့ သမ္မတ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ အနေနဲ့ ငွေတကျပ် ကိုမှ ဥပဒေမဲ အသုံးမပြုဖို့ အမျိုးသား လွှတ်တော်ရဲ့ အစိုး ရရဲ့ အာမခံ ချက်တွေ၊ ကတိ တွေနဲ့ တာဝန်ခံ ချက်တွေ စိစစ်ရေး ကော်မတီက သတိပေး ပြောကြားလိုက်ပါ တယ်။
ဒီ ကော်မ တီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ၁၄ ရက်မြောက် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး အတွင်း ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေး အတွက် နောက်ဆုံး ပြုပြင်ပြီး ဘဏ္ဍာ ငွေခွဲ သုံးဆွဲရေး ဆိုင်ရာ ဥပဒေ ကြမ်းကို မဲခွဲ ဆုံးဖြတ် အပြီး အစိုးရ အဖွဲ့ကို သတိပေး ပြောကြား လိုက်တာ ပါ။
လွှတ်တော်က ဥပဒေပြု မပြ ဌာန်းခင် အစိုးရ အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်ပြီး တိုင်းပြည် ဘဏ္ဍာငွေကို အသုံး မပြုဖို့ သ တိပေး ပြောကြား လိုက်တာ လည်း ဖြစ်ပါ တယ်။
“ဥပဒေ မပြဌာန်းရဘဲနဲ့ ဥပဒေမဲ့ ဘတ်ဂျတ်ကို တကျပ်သုံးစွဲလျှင် ဥပဒေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီးကာမှ သုံးမိတဲ့ ငွေစာ ရင်း ဖြစ်သွားပါလိမ့်မယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ ကဏ္ဍ။ အဲဒီတော့ ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့ဝင်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်သမ္မတကြီးပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ထိန်းရိုသေလိုက်နာပါမယ်ဆိုပြီး ကျန်းကျိမ်ထားတာ ရှိပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၀ နဲ့ စီမံကိန်းတွေကို တင်ပါ။ စိစစ်ပါလို့ ကျနော်တို့ကို တာဝန်ပေးထားတယ်။ အဲဒီလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ ကျနော်တို့ကို အပ်နှင်းထားတဲ့ တာဝန်အရ ကျနော်တို့ လွှတ်တော်က အတည်မပြုရင်၊ အဆိုပြုတဲ့ ဥပဒေတခုက ဥပဒေ မပြဌာန်းပြီးခင်မှာ ငွေတကျပ်ကိုမှ မသုံးစွဲမိဖို့ အင်မတန်မှ အရေးကြီးပါတယ်။”
လက်ရှိ အခြေအနေမှာတော့ သမ္မတရုံးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေဟာ အရင် စစ်အုပ်ချုပ်ရေးတုန်းက လိုပဲ အသုံးစရိတ် ဘတ်ဂျက်တွေကို ကြိုတင် အသုံးပြုတာတွေရှိနေပြီး ဒါတွေ ပြောင်းလဲဖို့ လိုတယ်လို့လည်း ဒေါက်တာအေးမောင်က ထောက်ပြဝေဖန်ထားပါတယ်။
“အခု ကျနော်တို့ကြည့်ရတာက ကြိုတင် သုံးနှင့်ပြီးသားတွေ ဆိုတော့ ဟိုတုန်းကပုံစံလေးတွေ မပျောက်သေးဘူး ဖြစ်နေတယ်။ ကြိုတင် မသုံးမိဖို့ လိုတယ်။ အဲဒီလို ကြိုတင်မသုံးမိဖို့အတွက် အချိန်မီ ဥပဒေကြမ်းကို တင်ပြီးကာမှ ဥပဒေပြဌာန်းပြီးမှ သုံးစွဲရအောင် အလုပ်လုပ်ဖို့တော့ လိုတာပေါ့ အစိုးရအဖွဲ့မှာ ဘတ်ဂျက်ကို ကြိုတင်ပြီးသား ဖြစ်နေပါပြီ။ အတည်ပြုပေးပါဆိုရင် ကျနော်တို့ လွှတ်တော်က အစိုးရအဖွဲ့ရဲ့ နောက်လိုက်ပဲ ဖြစ်သွားမှာပေါ့။ အဲတော့ အစိုးရအဖွဲ့က အစိုးရအဖွဲ့လို သွားရမယ်။ လွှတ်တော်က လွှတ်တော်ရဲ့ လမ်းကို မားမားမတ်မတ် ရပ်တည်ရမယ်။ ဒီလိုမျိုး ဖြစ်မှ ကျနော်တို့နိုင်ငံက လူထုက ယုံကြည်တဲ့ ပန်းတိုင်ကို ရအောင်သွားနိုင်မှာကိုး။ check in balance ဆိုတာ လည်း အဲဒီကျမှ ပီပြင်လာမှာပေါ့။”
ဒီလိုသာ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိလာခဲ့ရင်လည်း နောက်ဆုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ တွေ့ကြရမှာလည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်က “နောက်ဆုံး မပြေလည်မှု များလာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ရောက်သွားမှာပေါ့။ ခုနလို ဘတ်ဂျတ်ကို ကြိုတင် သုံးစွဲခွင့်ရှိလား။ သုံးစွဲပြီးပြီဆိုရင် ဒါနဲ့ ပတ်သက်တဲ့ ခုံရုံးကို မေးရတော့မယ်။ သုံးတဲ့ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ သုံး စွဲ တာ ဟုတ်မဟုတ် ခုံရုံးကို မေးရင် ပြည်ထောင်စုအဆင့်က ပုဂ္ဂိုလ်တွေကို သုံးတာ ဟုတ်မဟုတ် ဆိုပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်က ခုံရုံးမှာ ပြန်ပြီး ရင်ဆိုင်ကြဦးမှာပေါ့ဗျာ။ ကျနော်တို့နဲ့ အစိုးရအဖွဲ့နဲ့က အားပြိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ပြည်သူတွေကိုယ်စား ဥပဒေကြောင်းအရ သွားတဲ့ အစိုးရအဖွဲ့တခု ဖြစ်အောင် ဖန်တီးနေကြတာပါ။ ငွေကြေးသုံးစွဲတာက အစပေါ့ဗျာ။”လို့ ရှင်းပြပါတယ်။
လက်ရှိကျင်း ပနေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း မကြာခင်မှာ ကုန်ဆုံးတော့မယ့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အ တွက် နောက်ဆုံးပြုပြင်ပြီး ဘဏ္ဍာငွေရသုံးမှန်းချေငွေစာရင်း ဥပဒေတွေကို ဆွေးနွေး အတည်ပြုပြီး လွှတ်တော်ဥပဒေပြဌာန်းနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေ ငွေစာရင်း ဥပဒေတွေကို စတင် မဆွေးနွေးရသေးပါဘူး။
(၅၀၀၀) ကျပ်တန် GSM နှင့် ဥပဒေ
ဂျာနယ်များတွင်အ တွေ့ရများသည့် သတင်း(၁)ပုဒ်မှာ GSM တယ်လီဖုန်းများသတင်းဖြစ်သည်။ ကုမ္ပဏီ (၁)ခုက GSM ဖုန်းကဒ်များကို (၁)ခုလျှင် မြန်မာငွေ (၅၀၀၀)ကျပ်နှင့် ရောင်းချပေးနိုင်ကြောင်း ကြေညာသည်။ မြန်မာ့ဆက်သွယ်ရေးက နည်းပညာအ ခက်အခဲ၊ တိုင်ထောင်ရသည့် ကုန်ကျငွေ နှင့်အချိန်တို့ကြောင့်မဖြစ်နိုင်သေးကြောင်း ငြင်းဆိုသည်။
နောက်တဖန် အထက်ပါကုမ္ပဏီက တိုင်မထောင်လည်း ဖြစ်နိုင်ကြောင်း၊ အ ထပ်မြင့်အဆောက်အဦးများတွင် တပ် ဆင်၍ဖြစ်ကြောင်း ထပ်မံရှင်းလင်းခဲ့ပြန် သည်။ ထိုအခါဆက်သွယ်ရေးဝန်ကြီး ကိုယ်တိုင်က ဥပဒေများမပြင်ဆင်ရသေး သဖြင့် လက်တလောမဖြစ်နိုင်သေး ကြောင်း ပြောဆိုခဲ့သလို၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းကလည်း မြန်မာငွေ (၅၀၀၀) ကျပ်တန်ဖုန်းမှာ လက်တလော မဖြစ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့သည်။ ထို့ကြောင့် ယင်းကိစ္စအပေါ် ဝေဖန်မှုမျိုးစုံထွက်ပေါ်ခဲ့သည်။ ဂျာနယ် (၁)စောင်တွင် ဆိုလျှင်(၅၄)သန်းသော ပြည်သူလူထုမျက်နှာကိုကြည့်မလား၊ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ် ဆောင်နေသော ကုမ္ပဏီ(၂၃)ခုမျက်နှာ ကိုပဲကြည့်မလားဟု မေးခွန်းထုတ်ခဲ့သည်။
ထို့ကြောင့် GSM ဖုန်းနှင့်ပတ်သက် သည့်ကျွန်တော့်ဗဟုသုတ အနည်းငယ် ကိုတင်ပြလိုက်ရပါသည်။ ပထမဆုံး GSM ဖုန်းသမိုင်းကိုမှတ်မိသလောက်ပြန် တွေးမိသည်။ ကြိုးဖုန်းမှ လက်ကိုင်ဖုန်း ပြောင်းစ ကာလများတွင် တိုးတက်လာ သောနည်းပညာကို ပြည်သူတွေတော် တော်အံ့သြခဲ့ရသည်။ လွန်ခဲ့သော(၁၀) နှစ်ဝန်းကျင်က အလွန်ထူးဆန်းသည့် ပစ္စည်းကလေးများကို ကျွန်တော်တို့စမြင် ဖူးခဲ့သည်။ ကိုယ့်ဖုန်းကို လှမ်းခေါ်သည့် ဖုန်းနံပါတ်ကို သိရှိနိုင်တာ၊ သွားလေရာ သယ်ဆောင်နိုင်တာ၊ ကြိုးဖုန်းနှင့်တော် တော်ကွာသွားသည်။ GSM ဖုန်းထုတ်ဈေးနှင့် ပြင်ပဈေး ကွာဟလွန်းသဖြင့် အပြင်မှဝယ်ကိုင်ရန် မလွယ်။ ထို့ကြောင့်မိမိနာမည်နှင့်သုံးစွဲ ခွင့် ရရှိရန် လျှောက်လွှာတွေ အကြိမ်ကြိမ် တင်ခဲ့ရသည်။ နောက်ဆုံးကျပ် (၅)သိန်း တန် GSM တွေမပေါ်မီ (၁)နှစ်ခန့်အလို မှ ကိုယ့်အလှည့်ရောက်သည်။ သုံးစွဲခွင့် ရခဲ့သည်။ သုံးစွဲခကြိုတင်သွင်းငွေ (၅) သောင်းကျပ်ကို ဖယ်ထားလျှင်ပင်တရား ၀င်ဆက်သွယ်ရေးဌာနသို့ (၁၅)သိန်းနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရန်ပုံငွေ (၁)သိန်း၊စုစုပေါင်းမြန် မာငွေကျပ် (၁၆)သိန်းတန် GSM ဖြစ်ပါ သည်။
ထိုစဉ်က ကျွန်တော်နှင့်အတူတူ GSM သုံးစွဲခွင့်ရသော သူငယ်ချင်း(၁) ယောက်စကားကို ပြန်လည်ကြားယောင် မိသည်။ သူသည် “လောက်ကိုင်မြို့”တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။သုံးစွဲ ခွင့်ရလို့သာလိုက်ထုတ်ရမှာ၊ မန္တလေးမှ တခြားရွေးချယ်စရာကလည်း မရှိပဲကိုး။ ကျွန်တော့အမြင်တော့ တန်တယ်မထင် ဘူး။ မတရားဈေးတင်ထားတာပဲ။ တရုတ် နယ်စပ်မှာဆိုရင် မြန်မာငွေ (၂) သောင်းကျပ်ခန့် နှင့် GSMကဒ်(၁)ခုရ တယ်။ ၀ယ်ကာစမှာ (၂)လကျော်ကျော် လောက်က နောက်ထက်ငွေမသွင်းပဲသုံး လို့ရသေးတယ်။ တရုတ်နိုင်ငံက ဒီဖက်မှာ ဖုဒ်းကဒ်ရောင်းစားလို့ရအောင် တာဝါ တိုင်တွေ (၁၀)မိုင်ကို (၁)ခု၊ နယ်စပ်တ လျှောက်တန်းစီစိုက်ထားလို့ ဖုန်းလိုင်းက လည်းအလွန်ကြည်လင်တာပဲ””ဟုပြောပြ ခဲ့သည်။
ပြီးခဲ့သော (၁)နှစ်ခန့််က အိန်္ဒိယနိုင် ငံနယ်စပ် ချင်းပြည်နယ်တွင်းရှိ နာမည် ကျော် ရိဒ်ရေကန်သို့အလည်ရောက်ခဲ့ပါ သည်။ အသဲနှလုံးပုံ သဘာဝတောင်ပေါ် ရေကန်မို့ အလွန်လှပါသည်။ ယင်း““ရိဒ်”” မြို့တွင် ညစောင့်၊ အလုပ်သမားကအစ GSM ဖုန်းများ ကိုင်စောင်ထားကြပါ တယ်။ ကျွန်တော်က မြို့ခံမိတ်ဆွေအား ၄င်းတို့မြို့က စီးပွားရေးအဆင်ပြေပုံရ ကြောင်း။ လူတိုင်းချမ်းသာပုံရကြောင်း၊ GSM ဖုန်းကိုယ်စီတွေ့ရကြောင်းပြောရာ မိတ်ဆွေဖြစ်သူက GSM ဖုန်းကဒ်(၁)ခု လျှင် မြန်မာငွေ (၆၀၀၀)ကျပ်ပင်မပေးရ ကြောင်း၊ အိန်္ဒိယနိုင်ငံအတွင်းရှိအချို့မြို့ များတွင် (၂၀၀၀)ကျပ်ခန့်နှင့်ရကြောင်း ရှင်းပြခဲ့၍ ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်းရှိ ပြည်သူများအတွက်စိတ်မကောင်း ဖြစ်မိပါသည်။
လွန်ခဲ့သော (၁)လခန့်ကကျွန်တော့် သူငယ်ချင်း(၁)ယောက် ထိုင်းနိုင်ငံဘန် ကောက်မြို့သို့ အလုပ်ကိစ္စဖြင့်ခေတ္တသွား ရောက်ခဲ့ပါသည်။ ဘန်ကောက်တွင် လည်း GSM ဖုန်းကဒ်သည် မြန်မာငွေ (၁)သောင်းကျပ်ခန့်သာ ပေးရကြောင်း သူငယ်ချင်းကပြောပြခဲ့ပါသည်။
ထို့ကြောင့် ငွေကျပ် (၁၅)သိန်းတန် GSM ဖုန်းကိုင်တွယ်သုံးစွဲသူများသည် ကျပ်(၁၄)သိန်းကျော်၊ ငွေကျပ်(၅)သိန်း တန် GSM ဖုန်းများသုံးစွဲနေသည့်ပြည်သူ များသည် (၄)သိန်းကျော်ပို့ပေးခဲ့ပါသည်။ နစ်နာခဲ့ရပါသည်။ အိမ်နီးချင်းနိုင်ငံများ နှင့်နှိုင်းယှဉ်ကြည့်လျှင် ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ ပုံမှန်ဈေးနှုန်းထက်ပိုပေး ခဲ့ရသော ပြည်သူများ၏ငွေများမည်သည့် နေရာသို့ ရောက်သွားသလဲ၊ မည်သို့သုံး စွဲလိုက်သလဲ သိရှိချင်ပါသည်။ နိုင်ငံ့ ဘဏ္ဍာထဲသို့ ရောက်ရှိပြီးနိုင်ငံနှင့်ပြည်သူ လူထုအတွက် အကျိုးရှိသည့်လုပ်ငန်းများ တွင် သုံးစွဲခဲ့လျှင် ကျေနပ်ပါသည်။ ယခင် အစိုးရနှင့် ပူးပေါင်းလုပ်နေသည့် ဆက် သွယ်ရေးကုမ္ပဏီများမှ အကျိုးအမြတ် အများစုရယူခဲ့သည်ဆိုလျှင် ရယူထားခဲ့ လျှင် GSM ဖုန်းသုံးစွဲလျှက်ရှိသူပြည်သူ များ အနေဖြင့် ကြည်ဖြူနိုင်လိမ့်မည်မ ဟုတ်ပါ။
ထပ်မံဆွေးနွေးလိုသည်မှာ ဥပဒေ ကိစ္စဖြစ်ပါသည်။ ဥပဒေမပြင်လျှင် မြန် မာငွေ (၅၀၀၀)ကျပ်တန် GSM ဖုန်းကိစ္စ မဖြစ်နိုင်သေးကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ကြေညာထားခဲ့ပါသည်။ မည်သည့် ဥပဒေကို ဆိုလိုကြောင်းမသိ သော်လည်း ကျွန်တော်မှတ်သားဖူးသည့် ဥပဒေ(၁)ခုအကြောင်းပြောပြချင်ပါသည်။ ပြည်သူအများစု ကြားဖူးနေသော အက် ဥပဒေပုဒ်မ ၆ (၁)ဖြစ်ပါသည်။ ပြည်သူ ပိုင်ပစ္စည်းများ ကာကွယ်စောင့်ရှောက် ရေးအက်ဥပဒေဖြစ်ပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ရောက် ခဲ့စဉ်က ယင်းဥပေဒတွင် လျှပ်စစ်မီတာ သြထ များလည်း အကျုံးဝင်ကြောင်းသိရ ပါသည်။ ဆိုလိုသည်မှာ မီတာ သြထသည် အိမ်များတွင် တပ်ဆင်ထားသော်လည်း အိမ်ရှင်မပိုင်ပါ။ ရောင်းချခွင့်၊ ဖျက်ဆီးခွင့် မရှိပါ။ အလွဲသုံးစားလုပ်ခွင့်မရှိပါ။ ပြုလုပ် ခဲ့လျှင် ပုဒ်မ-၆(၁)အရ အရေးယူခံရမည် ဖြစ်ပါသည်။ အလားတူပင် GSM ဖုန်းကဒ် အတွက်ကျွန်တော်တို့(၁၆)သိန်း ကုန်ကျခဲ့သော်လည်း ကျွန်တော်တို့မပိုင် ပါ။ ဖျက်ဆီးခဲ့လျှင် ပုဒ်မ-၆(၁)ဖြင့်ရေး ယူခံရမည်ဖြစ်ပါသည်။ ဖုန်းကဒ်ကိုရောင်း ချခြင်းမဟုတ် ငှားရမ်းသုံးစွဲခွင့်သာပြုခြင်း ဖြစ်ပါသည်ဟု ဆိုပါသည်။
တစ်ဖက်က ပြန်စဉ်းစားလျှင်လည်း အိမ်(သို့မဟုတ်) ပစ္စည်း(၁)ခုခုကို စပေါ် တင်၍ ငှားရမ်းသကဲ့သို့ ဖြစ်ပါသည်။ အိမ်လခကဲ့သို့ ဖုန်းပြောဆိုခကိုလစဉ် ကျွန်တော်ပေးဆောင်နေရပါသည်။ အိမ် ငှားက အိမ်ပြန်အပ်လျှင် စပေါ်ငွေပြန် အမ်းရပါသည်။ ယခု GSM တယ်လီဖုန်း ကိစ္စတွင်လည်း ကျွန်တော်တို့စပေါ်ငွေ ပြန်မရသင့်ဘူးလား၊ မရနိုင်ဘူးလားစဉ်း စားသင့်ပါသည်။ ပြည်သူများထံပြန်မ အမ်းနိုင်လျှင်လည်း (၁၀)နှစ်ခန့်မတရား ယူထားသော ထိုပိုငွေများကို နိုင်ငံတကာ အကြွေးအမေရိကန်ဒေါ်လာ (၁၁)ဘီလီ ယံတင်ရှိနေသော နိုင်ငံတော်သို့ပြန်လည် ပေးသွင်းသင့်ပါသည်။ ဆက်သယ်ရေး ကုမ္ပဏီကြီး (၁)ခုကိုပိုင်ဆိုင်သောစီးပွား ရေးလုပ်ငန်းရှင်ကြီး (၁)ဦးက မီဒီယာများ သို့ပြီးခဲ့သော (၁)နှစ်အတွင်းပြောခဲ့ဖူးပါ သည်။ သူလည်းနိုင်ငံကို ချစ်မြတ်နိုး ကြောင်း၊ နိုင်ငံနှင့် လူမျိုးအတွက်လိုအပ် လာလျှင် သူ့အသက်ကိုပင်ပေးလှူနိုင် ကြောင်း ဖတ်ရှုခဲ့ရပါသည်။
ယခုကဲ့သို့ ၄င်းတို့လိုသည်ထက်ပိုယူ ထားသော ငွေကြေးများကို (အတိုးငွေမ ပါဘဲ) နိုင်ငံတော်သို့ပြန်လည်ပေးသွင်း ခြင်းသည် အသက်ကိုပင်ပေးလှူနိုင်သော မျိုးချစ်ပုဂ်္ဂိုလ်များအတွက် အခက်အခဲရှိ မည်ဟု မယူဆပါ။
နောက်ဆုံးအနေဖြင့် အကြံပေးလို သည်မှာ ပြည်သူများ (၅၀၀၀)ကျပ်တန် GSM တယ်လီဖုန်းများသုံးစွဲနိုင်ရန်ဥပဒေ များကို အမြန်ပြုပြင်ပေးသင့်ပါသည်။ ဥပဒေမပြုပြင်နိုင်သေးမီ ကြားကာလတွင် ထပ်မံထုပ်ပေးသည့် Hand ဖုန်းများအ တွက်လည်း ဆက်သွယ်ရေးကုမ်္ပဏီများ က(၁)သောင်းကျပ်ထက် ပိုမယူသင့်ပဲ ပိုငွေအားလုံးသည်တရားဝင်နိုင်ငံဘဏ္ဍာ သို့သာ ပေးသွင်းသင့်ကြောင်း နိုင်ငံနှင့် ပြည်သူများ၏ အကျိုးကိုရှေးရှုလျှက် တင်ပြလိုက်ပါသည်။
ဒေါက်တာ ထူးထူး
ဗုဒ္ဓမြတ်စွယ်တော် လှူဒါန်းငွေများ မြန်မာနိုင်ငံသို့ ပြန်လှူဒါန်းမည်
မြန်မာနိုင်ငံတွင် ၄၈ ရက်ကြာ ဖူးမြော်အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ထံ လှူဒါန်းငွေများကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ ဗုဒ္ဓမြတ်စွယ်တော်စေတီ မွမ်းမံတည်ဆောက်ရေးနှင့် ဗုဒ္ဓဘာသာနှင့် ကုသိုလ်ကောင်းမှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော် Ming Sheng က အတည်ပြု ပြောကြားသည်။ “ပူးပေါင်းလုပ်ဆောင်ရမယ့် အသေးစိတ်ကို နောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ပေးသွားပါမယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားသည်။ ပုံတူပွားထားသည့် မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်၌ အပူဇော်ခံရန်အတွက် ပုံတူပြုထားသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ အခြေခံ၊ အလယ်တန်း၊ အထက်တန်း စာသင်းကျောင်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကုသိုလ်ဖြစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်နိုင်ငံရေး သာသနာရေး ဗျူရို ဒုတိယဝန်ကြီး မစ္စတာ Zhang Lebin က ရှင်းပြသည်။ အဆိုပါ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ ဗုဒ္ဓမြတ်စွယ်တော်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သာသနာရေး ဗျူရိုမှ ကိုယ်စားလှယ်ကိုးဦး စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးတို့ တက်ရောက်ခဲ့ကာ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ လင်ကွမ်းစီးဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ ချစ်ကြည်ရေး ဘုရားကျောင်း ထူထောင်ရေးဆိုင်ရာကို မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတအတည်ပြု
ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်းကြေးအဖြစ်သော်လည်းကောင်း ငွေကြေးကောက်ခံမှုများရှိခဲ့ြေ
ယခင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှု ငွေကြေးမှာ ကွဲ ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင် ကျပ် ၂၀ဝမှ ၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ''အခုအချိန်ထိ ဧည့်စာရင်းတိုင် ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင်ပြောပြီးမတောင်းတော့ဘူး။ စာရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ'' ဟု တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကိုေ ပြာသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
KIO နှင့် အပစ်အခတ်ရပ်စဲရေး ဘာကြောင့် မလုပ်နိုင်သနည်း
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIOနှင့် အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ယခုနှစ် ဇန်နဝါရီ လကုန် ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့၌ ဒုတိယအကြိမ်တွေ့ဆုံခဲ့အပြီး နောက်တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးရန် ကြန့်ကြာနေသည် ။
နှစ်ဘက်တွေ့ဆုံမည့် နေရာသတ်မှတ်ရန် ခက်ခဲနေသဖြင့် ဆွေးနွေးပွဲကြန့်ကြာနေသည်ဟု ဆိုသော်လည်း အမှန်တ ကယ်မှာ အစိုးရဘက်မှ ဆွေးနွေးလိုသည့်ဆန္ဒမရှိသေး၍ ဖြစ်ဖွယ်ရှိသည် ။
KIOနှင့် အစိုးရတို့ ရွေလီမြို့၌ တွေ့ဆုံစဉ်က နှစ်ဘက်စစ်ရေးအရှိန်အဟုန်လျှော့ချသွားမည်ဟု တရားဝင် ထုတ်ပြန်ကြေ ညာခဲ့သော်လည်း ယနေ့တိုင် တိုက်ပွဲများဆက်ဖြစ်နေသည်မှာ စဉ်းစားစရာဖြစ်သည် ။
အစိုးရတပ်မှ KIA တပ်ဖွဲ့များရှိရာ ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) ဒေသများရှိ ၄င်းတို့တပ်စခန်းများသို့ ရိက္ခာ နှင့်ခဲယမ်းများ ပို့ဆောင်နေဆဲဖြစ်ပြီး အဆိုပါဒေသအတွင်း ၀င်ရောက်ထားသော အစိုးရတပ်များလည်း ပြန်လည် ရုပ်သိမ်း ခြင်း မရှိသေးပေ ။
KIO အနေဖြင့် အစိုးရတပ်စခန်းများသို့ ရိက္ခာပေးပို့သည်ကို လက်ခံနိုင်သော်လည်း ခဲယမ်းများပေးပို့သည်ကို နားလည်ရန် ခက်ခဲစေမည် ဖြစ်သည် ။
နှစ်ဘက်ဆွေးနွေးပွဲကိုယ်စားလှယ်များက စစ်ရေးအရှိန်လျှော့ချရန် တရားဝင် ထုတ်ပြန်ချက်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ(ကာလုံ)နှင့် တပ်မတော်တို့ဘက်မှ လက်မခံနိုင်သောကြောင့် နောက်ဆက်တွဲ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေ သည်ဟု သုံးသပ်ရမည်ဖြစ်သည် ။
လွန်ခဲ့သည့်နှစ် ဇွန်လ ၉ ရက်နေ့ တိုက်ပွဲစဖြစ်ချိန်မှ ယနေ့အထိ တိုက်ပွဲများအတွင်း အစိုးရတပ်ဘက်မှ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပြီး ထိုအခြေအနေကို လက်မခံနိုင်သည့် အစိုးရတပ်မှ KIOနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရန် လက်တွန့်နေသည်ဟု ယူဆရမည် ဖြစ်သည် ။
အစိုးရတပ်က KIO အပေါ် အကောင်အထည်ရှိသည့် စစ်ရေးအသာစီးရချင်နေပုံရပြီး စစ်ရေးအသာစီးရမှာသာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲ လက်ခံမည့်ပုံပေါ်နေသည် ။
၎င်းမှာ KIO အား မြန်မာစစ်တပ်က ပြစ်ဒဏ်ခတ်ချင်သည့် ဆန္ဒသဘောထားဖြစ်ပြီး ရွှေလီ ဆွေးနွေးပွဲကာလအတွင်း နှစ်ဘက် သေနတ်သံများမြည်နေခြင်းက ထိုအချက်ကို ထင်သာမြင်သာရှိစေခြင်း ဖြစ်သည် ။
နောက်တစ်ခုမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပြတ် သားသည့် ပိုင်းဖြတ်ချက်ရှိမှသာလျှင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်ပေါ်ရန် အလားအလာ မြင်တွေ့ရမည် ဖြစ် သည်
နိုင်ငံခြားကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံကို ဘယ်သူတွေက ဆပ်ကြရမှာလည်း
မြန်မာနိုင်ငံမှာ ယခု နိုင်ငံခြားကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံ ရှိနေတယ်လို့  ဘဏ္ဍာရေးနဲ့  အခွန်ဝန်ကြီးဌာန ၀န်ကြီး လှထွန်းကနေ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။ ဒီလို တင်ရှိနေတဲ့ အကြွေးမြီ စုစုပေါင်း ဒေါ်လာ (၁၁) ဘီလီယံထဲက (၈) ဘီလီယံကျော်ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အုပ်ချူပ်ခဲ့တဲ့ နေ၀င်း အာဏာရှင်အစိုးရလက်ထက်ကပါလို့  ပြောဆိုလိုက်ပါတယ်။ ကျန်တဲ့ ကြွေးမြီ (၃) ဘီလီယံခန့် ကတော့ သန်းရွှေ အုပ်ချူပ်မှုကာလအတွင်းက ဖြစ်တယ်လို့  ပြောဆိုပါတယ်။ ဒီ နိုင်ငံခြားကြွေးမြီတွေကို International Monetary Fund (IMF)၊ World Bank၊ International Financial Corporation (IFC)၊ International Development Association (IDA) နဲ့  Asian Development Bank (ADB) တို့ ထံကနေ ရယူခဲ့တဲ့ ကြွေးမြီတွေ ဖြစ်ပါတယ်။
ယခု နိုင်ငံခြားကြွေးမြီတင်ရှိမှုေ
တိုင်းပြည်ရဲ့  တောတောင်ရေမြေ သဘာသယံဇာတတွေကို မောင်ပိုင်ဆီးပြီး ပြည်သူဘဏ္ဍာတွေ တိုင်းပြည်ပိုင်တွေကို ကိုယ့်အိတ်ထဲထည့် ကိုယ့်မိသားစုဆွေမျိုးအဆက်ဆက် ကြီးပွားချမ်းသာအောင် မတရားသိမ်းကျူံးပြီး ကြီးပွားအောင်လုပ်ခဲ့ကြတဲ့ အာဏာရူးအုပ်စုရော ခေတ်ပျက်မှာ အချောင်ဝင်နှိုက်တဲ့ ခေတ်ပျက်သူဌေးအဖြစ် စီးပွားရေးသောင်းကျန်းခဲ့သူများ
၁၉၆၂ ခုနှစ်ကစလို့  ယခုကာလအထိ မကြာခဏဆိုသလို တူးဖေါ်ရရှိတဲ့ ကျောက်မျက်ရတနာ ပတ္တမြား ကျောက်စိမ်းတုံးကြီးတွေ၊ ပေါလျှံလှတဲ့ သဘာဝဓါတ်ငွေ့ တွေနဲ့  ရေနံ လောင်စာတွေ၊ တောတောင်ရေမြေရဲ့  အရင်းအမြစ် ကျွန်းသစ် သစ်မာတွေ၊ ရေအားလျှပ်စစ်တွေကို ရောင်းချ ရောင်းတုတ်လို့  ရရှိတဲ့ များပြားလှစွာသော ဒေါ်လာငွေ သန်းပေါင်းမြောက်မြားစွာဟာ ဘယ်များရောက်လို့  သွားခဲ့ပါသလည်း သွားပါသလည်း။ သီချင်းစာသားထဲကလို ဆိုရရင်တော့ “ဘယ်များရောက်သွားသလည်း၊ ဘယ်သူများ ယူသွားသလည်း” လို့  မေးရပါလိမ့်မယ်။
တိုင်းပြည်ရဲ့  ကျန်းမာရေး ပညာရေး လူမှုရေးလုပ်ငန်းတွေအတွက် မကောင်းတတ်လို့ သုံးစွဲပြတဲ့ မရှိသလောက် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်လေးထဲမှာတောင် အဆင့်ဆင့် ဖြတ်စားလဘ်စားလုပ်တာမို့  ပြည်သူတွေအတွက် အသုံးစရိတ် တိုင်းပြည်အတွက် ကုန်ကျစရိတ်ဟာ နေ၀င်း သန်းရွှေတို့  အာဏာရူးတစ်သိုက်ရဲ့  သားသမီးတွေ ဘုံးဘောလအော သုံးဖြုံးနေတဲ့ မုန့် ဖိုးလောက်တောင် မရှိပါဖူး။
နိုင်ငံခြားကြွေးမြီ စုစုပေါင်း ၁၁ ဘီလီယံကို ၅၆ သန်း လူဦးရေရှိတဲ့ မြန်မာနိုင်ငံသားတွေ သက်ဆိုင်တယ်လို့  ဆိုလိုက်ရင်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ပြည်သူပြည်သားတစ်ဦးအနေနဲ့  ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံကို ဆပ်ဖို့  ၁၉၇ ဒေါ်လာ (ကျပ် တစ်သိန်းခွဲကျော်) ပေးပေးရမလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ တင်နေတဲ့ နိုင်ငခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံတင်ရလောက်အောင် ဘယ်သူတွေ လုပ်ခဲ့သလည်း၊ တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ (၁၁) ဘီလီယံကို တိုင်းပြည်နဲ့  လူမျိုးအတွက် အကျိုးရှိစွာ အသုံးချခဲ့ပါရဲ့ လား၊ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ ပမာဏ တန်ဖိုးရှိတဲ့ ငွေတွေ ဘယ်သူတွေ လက်ထဲရောက်သွားခဲ့သလည်း၊ ဒီ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဟာ ဘယ်သူတွေနဲ့  သက်ဆိုင်ပတ်သက်ပြီး ဘယ်သူတွေက ဆပ်ကြရမှာလည်းဆိုတာ အင်မတန်အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
အာဏာရူးအုပ်စုတွေ ၄င်းတို့ ရဲ့  မိသားစုဆွေတစ်သိုက် မျိုးတစ်သိုက်တွေ ခေတ်ပျက်သူဌေး အချောင်နှိုက် ကိုယ်ကျိုးရှာ အတ္တသမား လောဘသား စီးပွားရေးသမားကြီးတွေက ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံကို ဆပ်ကြမှာလား၊ မရှိဆင်းရဲ မွဲတေငတ်ပြတ်နေကြရတဲ့ တိုင်းသူပြည်သားတွေက ခါးဆီးခံပြီး ဆပ်ပေးကြရမှာလား။ တိုင်းပြည်ရဲ့  ကြွယ်ဝချမ်းသာတဲ့ တောတောင်ရေမြေ သယံဇာတတွေ ရောင်းချမှုနဲ့ ရရှိတဲ့ သန်းပေါင်းမြောက်မြားစွာသော ငွေတွေက ဘယ်ကိုရောက်ကုန်လို့  တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီတွေ ပုံမှန်ပြန်မဆပ်နိုင်ဘဲ လည်ပင်းထိ တက်နင်ရလောက်အောင် ကြီးမားသွားစေရတာလည်း။ တိုင်းပြည်ရဲ့  ရသုံးငွေ နှစ်စဉ် နိုင်ငံတော်အသုံးစရိတ်ကို ပြည်သူလူထုထံ မှန်ကန်စွာ မတင်ပြဘဲ တိုင်းပြည်ဝင်ငွေတွေ ပျောက် သုံးစွဲမှုတွေ ဖျောက်ပြီး ယခုအချိန်ကြမှ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံရှိပါတယ်လို့  ချက်ချင်းထုတ်ပြောတဲ့ပုံစံဟာ ဒီကြွေးမြီတွေရဲ့  အဓိကတရားခံတွေလည်း ပျောက် လက်ရှိအုပ်ချူပ်သူတွေနဲ့  မပတ်သက်လို့  ပြောတဲ့ပုံစံဖမ်းတာမို့  ဒါဟာ တိုင်းပြည်နဲ့  လူမျိုးအပေါ် စော်ကားရုံမက အကြွေးဆပ်ပေးရမှာက မဆီမဆိုင်သူတွေက ဆပ်ကြပေတာ့လို့  လုပ်တဲ့ အချိုးပါဘဲ။
ဒီ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကို ပြန်ဆပ်နိုင်ဖို့ အတွက် အဓိကတရားခံတွေဖြစ်တဲ့ တစ်ပါတီအာဏာရှင် နေ၀င်း (သေဆုံး) ရဲ့  ပိုင်ဆိုင်မှုတွေ မှန်သမျှကို သူရဲ့  လက်ရှိ မိသားစုဝင် ဆွေမျိုးတစ်သိုက်ရဲ့  မတရား ချမ်းသာကြွယ်ဝမှုတွေကို ပြန်သိမ်းပိုက်ပြီး ပြန်ဆပ်စေရပါမယ်၊ ထို့ အတူ သေကာနီးဆဲဆဲ အာဏာရူးကြီး မှူးကြီးသန်းရွှေနဲ့  သူရဲ့  စိန်ရောင်တောက်ပြောင်နေကြတဲ့ မိသားစုဆွေမျိုးတစ်သိုက်လုံးရဲ့  တိုင်းပြည်ဘဏ္ဍာငွေ ဘုံးထားသမျှဟာတွေ ပိုင်ဆိုင်မှုမြောက်မြားစွာကို ပြန်လည်သိမ်းပိုက်ပြီး ယခု နိုင်ငံခြားကြွေးမြီတွေကို လျော်ပြစ်လိုက်ရမှာ ဖြစ်ပါတယ်။ နေ၀င်း သန်းရွှေတို့ သာမက ယခုလက်ရှိ နေ၀င်း သန်းရွှေ အာဏာယူထားစဉ် ခေတ်အဆက်ဆက်မှာ အတူလုပ်ဆောင်ခဲ့ကြတဲ့ မဆလ န၀တ နအဖ၀င် ဗိုလ်ချူပ်တွေ ၀န်ကြီးတွေအားလုံးရော လက်ရှိ သိန်းစိန်အစိုးရအပါ စီးပွားရေးသျောင်းကျန်းသူ ခေတ်ပျက်သူဌေး အတ္တသမားကြီးတွေပါ ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံ ပြန်ဆပ်ရေးမှာ အဓိက တရားခံတွေ ဖြစ်ပါတယ်။
၁။ နေ၀င်း မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊
၂။ စောမောင် မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊
၃။ သန်းရွှေ မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊
၎။ မောင်အေး မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊
၅။ ခင်ညွှန့်  မိသားစုနှင့် ဆွေမျိုးတစ်သိုက်၊
၆။ မဆလ န၀တ နအဖ အဖွဲ့ ဝင် ဗိုလ်ချူပ်များ ၀န်ကြီးများနှင့် မိသားစုတွေမျိုးတစ်သိုက်၊
၇။ ခေတ်ပျက်မှာ အချောင်ဝင်နှိုက်တဲ့ ခေတ်ပျက်သူဌေးအဖြစ် စီးပွားရေးသောင်းကျန်းခဲ့သူတွေ ဖြစ်ကြတဲ့ တေဇ (Htoo Trading Company)၊ ဇော်ဇော် (Max Myanmar Group of Companies)၊ တင်မြင့်နိုင် (Asia World Co)၊ မိုက်ကယ်မိုးမြင့် (Myint & Associates Group)၊ အောင်သက်မန်း (Ayer Shwe Wah Company)၊ ပြည်အောင် နဲ့  နေအောင် (Aung Yee Phyo Co Ltd and IGE Co Ltd)၊ ခင်ရွှေ (Zaykabar Company)၊ နေ၀င်းထွန်း (Ruby Dragon Jade & Gems Co Ltd)၊ ဌေးမြင့် (Yuzana Company)၊ အိုက်ထွန်း (Olympic Construction Co)၊ ချစ်ခိုင် (Eden Group)၊ စပ်ထွန်း (Serge Pun & Associates (Myanmar) Limited)၊ ကျော်ဝင်းရွှေ (Kyaw Win Shwe Than Lwin Company)၊ ၀င်းအောင် (Dagon International Ltd)၊ မောင်ဝိတ် (Maung Weik & Family Company) နဲ့  အောင်မြတ် (Mother Trading Company Ltd) အစရှိတဲ့ စီးပွားရေးသောင်းကျန်းသူများဟာ ဒီ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံ ပြန်ဆပ်ရေးမှာ အဓိက တရားခံတွေ ဖြစ်ပါတယ်။ ကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံကို ပြန်ဆပ်နိုင်ဖို့ ဟာ ဘယ်သူတွေက အဓိကတာဝန်ရှိလည်းဆိုတာ သိကြတာမို့  မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စကို ထိထိရောက်ရောက် ဖေါ်ထုတ်ဆောင်ရွက်ကြဖို့  လိုပါတယ်။ တိုင်းပြည်က မွဲ လူမျိုးက ဆင်းရဲတဲ့ကြားထဲ နိုင်ငံခြားကြွေးမြီ (၁၁) ဘီလီယံအရေးကတော့ ရင်လေးစရာပါဘဲ။
စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး byဦးစိန်ကျော်လှိုင်
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။ အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦးသာပါပြီး ကျန်တာက ယူနီဖောင်း ၀တ်တာ မ၀တ်တာသာ ကွာခြားပြီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပြီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။
အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။
အရပ်သားအစိုးရဆိုပေမယ့် ကျွမ်းကျင်တဲ့ ပညာတတ်အရပ်သားတွေကို တာဝန်ပေးဖို့ မယုံစားတဲ့ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့ အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမည်ကျော် အီးအိုင်ယူမဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ် ... စတဲ့ နိုင်ငံတကာအဖွဲ့တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း သမ္မတဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမည်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို့ မတ်လထုတ် အီးအိုင်ယူမဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
“ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ့ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာရ်အက်ဖ်အေကို ပြောပြပါတယ်။”
အလားတူပဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဖို့ဆိုရင် လက်ရှိအရပ်သား သမ္မတဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေးပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလည်း ဝေဖန်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်ကလည်း စီးပွားရေးပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်၊ ရာသီဥတုကလည်း ပုံမှန်အနေအထားရှိမယ်လို့ ယူဆပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။
အရပ်သားအစိုးရသစ် လုပ်ရမယ့် စီးပွားရေးပြုပြင်မှုတွေထဲမှာ ...
- ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင် လုပ်ပေးရေး၊
- လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး၊
- အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး၊
- ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး၊
- မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး၊
- လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေ၊
... စတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ်။ ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလည်း အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။
၃ နှစ်အတွင်း စီမံကိန်းသစ်တွေ စတင် မလည်ပတ်ခင် ဓာတ်ငွေ့ထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း ... စတဲ့ အချက်တွေကြောင့် ဓာတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာ ရှိပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့ရောင်းလို့ရတဲ့ ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပြီး အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅ % ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။
လာမယ့် ၂ နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလည်း ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက်၊ ကမ္ဘာ့လောင်စာဈေး အစားအစာဈေးတွေ တက်လာမယ့် အချက်တွေနဲ့အညီ ၈ % ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။ ဓာတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရန်နိုင်ငံခြားငွေ တိုးလာစေပေမယ့် တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပြီး အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ်။ ဓာတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့ တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။
ယူနက်စကို ... စတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပညာရေးအတွက် ဂျီဒီပီရဲ့ ၁.၃ % သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။
မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်းပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄ % သာ သုံးခဲ့တယ်။ အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက် ပျမ်းမျှ ဂျီဒီပီရဲ့ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ ဆ ပိုပြီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။
သောတရှင်များခင်ဗျား ...
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
(အာရ်အက်ဖ်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
သက်သတ်လွတ်စားတဲ့ကျား ရှိသလား လူထုစိန်ဝင်း
ဒီနှစ် မရမ်းသီးပေါ်တာနောက်ကျတယ်။ ဇန်န၀ါရီ တစ်ဝက်ကျိုးမှစပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာ မကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၅၀၀ တဲ့။ မနှစ်ကထက် ၅၀၀ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာပဲ ကလေးတွေဝယ်လာကြတယ်။ ဈေးထဲမှာ ရှိသေးသလား မေးတော့ ရှိတော့ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။
ပေါ်ဦးပေါ်ဖျား
အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေးနဲ့ ၃၈လမ်းဈေး တစ်ခုခုမှာစရောင်းတဲ့နေ့ကို ပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပဲ ပေါ်ပေါ်၊ သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျား မန္တလေးက ဒေါ်ဒေါ် လူထုဒေါ်အမာဆီပို့မြဲဖြစ်လေတော့ ဒီဝတ္တရားကို မပျက်ကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေးမှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်းမပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင်သရက်သီးဆိုလည်း နှစ်စဉ်ပျက်တယ် မရှိရပါဘူး။ ဒေါ်ဒေါ်မရှိတော့လည်း သမီးတွေက ၀တ္တရား မပျက်ရှာကြဘူး။ သမီးကြီးက ပို့လိုက်၊ သမီးငယ် နှစ်ယောက်က ပို့လိုက်နဲ့ တစ်လနှစ်ကြိမ်လောက် ကတော့ အနည်းဆုံး အောင်ဆန်းကွင်းကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေး ပေါ်ဦးပေါ်ဖျားတစ်နှစ် တစ်ခါလောက်ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တာလေ။
တုံ့လှယ်မေတ္တာ
ဒီကြားထဲ လူကြုံကောင်းလို့ထည့်ပေးလိုက်တာမျိုးတွေကလည်း ပြတ်တယ်မရှိဘူး။ နှမတွေဆီပို့ရင်းနဲ့ တစ်လက်စတည်း ယုန်သားကင်ပို့ပေးတဲ့ မိတ်ဆွေအတွက်ပါ ထည့်ပေးလိုက်ရသေးတယ်။ တုံ့လှယ် မေတ္တာဆိုတဲ့ သဘောရှိတယ်မဟုတ်လား။ မြန်မာပီပီ မေတ္တာတန်ခိုးတော့ ကောင်းကောင်းယုံတယ်။ ကိုယ်ကသူတစ်ပါးအပေါ် စစ်မှန်တဲ့ မေတ္တာထားရင် ကိုယ့်အပေါ် စစ်မှန်တဲ့မေတ္တာထားသူတွေလည်း ရှိလာမြဲဖြစ်တယ်။ အခုဒီစာရေးရင်းတောင် မန္တလေး VEC ကျောင်းက ဆရာမကြီး ဒေါ်ဝင်းဝင်းမေပို့လိုက်တဲ့ ငချိတ်ထမနဲ စားရင်း ကော်ဖီသောက်နေတာ။ အဲဒီ ဆရာမကြီးကလည်း လူကြုံရှိတိုင်း စားသောက် ဖွယ်ရာလေးတွေပို့နေကျ။ သူတို့တင်မကပါဘူး။ တစ်ခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ စာဖတ်ပရိသတ်များ ဆီကလည်း သူတို့ဒေသထွက် စားကောင်းသောက်ဖွယ်တွေ မကြာခဏရောက်လာတတ်ပါတယ်။ အညာဒေသ ကျောက်ပန်းတောင်းက ရောက်လာလိုက်၊ မကွေးက ရောက်လာလိုက်၊ ရှမ်းပြည်တောင်ကြီးက ရောက်လာလိုက်၊ ပြင်ဦးလွင်နဲ့သီပေါ၊ ကျောက်မဲကရောက်လာလိုက်နဲ့ သိပ်မပြတ်လှပါဘူး။
မေတ္တာတွေအနန္တကြောင့်
"မေတ္တာကို ကိုက်စားလို့မရဘူး။ ပိုက်ဆံရှိမှ ၀မ်းဝတာ " လို့ တချို့ပြောတတ်ကြတယ်။ ပိုက်ဆံရှိလို့ ဗိုက်ဝပေမယ့် အသက်ရှည်အောင်တော့ လုပ်မပေးနိုင်ဘူး။ မေတ္တာနဲ့ထမင်းမ၀ပေမယ့် အသက်ရှည်ပြီး စိတ်ချမ်းသာအောင်တော့တတ်နိုင်တယ်လို့ ပြောချင်တယ်။ ကိုယ်တွေ့ပါ။ ကိုယ်တိုင်က သုံးကြိမ်သုံးခါ သေရွာပြန်ပါ။ အပယ်ကဖြစ်တာတွေကတော့ မရေတွက်နိုင်တော့ဘူး ပြောရမှာပါ။ တစ်သက်လုံး သတင်းစာ အလုပ်ထဲ စွဲမြဲနေတာကြောင့် ဘာရာထူးအာဏာမျိုးမှလည်း မရှိခဲ့ဖူးပါဘူး။ လူတိုင်းသေမယ်လို့ ထင်ခဲ့ကြတဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ ဒါပေမဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ တစ်နေ့ဆေးအမျိုးပေါင်း ၁၇မျိုး သောက်ပြီးနေလာခဲ့တာ အခုအသက် ၇၀ ထဲရောက်ပါပြီ။ မှန်တာပြောရရင် ဆေးတွေကြောင့် အသက်ရှင် နေတာလို့ ကိုယ့်ဘာကိုယ်တော့မထင်ဘူး။ မေတ္တာ၊ မေတ္တာတွေ အနန္တကြောင့် ခုထိအောင် အသက်ရှည်နေတာ လို့ထင်ပါတယ်။
ကဲ ဘာလိုသေးလဲ
ကြည့်လေ။ အထူးကုသမားတော် ဆရာဝန်မလေးက ပင်ပန်းမှာစိုးလို့ဆိုပြီး သူအနားယူတဲ့ တနင်္ဂနွေနေ့တိုင်း အိမ်အရောက်လာပြီး ကြည့်ပေးတာ။ ခွဲဖို့စိတ်ဖို့ ကိစပေါ်လာတော့လည်း ခွဲစိတ်ဆရာဝန်ကြီးက တစ်ပြား တစ်ချပ်မှမယူဘဲ မေတ္တာနဲ့ခွဲကုပေးတာ။ သွေးစစ်၊ သလိပ်စစ်၊ စတဲ့ စစ်ဆေးမှုတွေလုပ်ဖို့ လိုတော့လည်း စာရေးဆရာမောင်ညိုပြာက လူလွှတ်ယူခိုင်းပြီး အားလုံးလုပ်ကိုင်ပြီးမှ အိမ်တိုင်ရာရောက် လာပို့သေးတယ်။ ဓါတ်မှန်ရိုက်ဖို့လိုတော့လည်း ဖုန်းဆက်လိုက်တာနဲ့ အိမ်အရောက်လာရိုက်ပေးသူက အသင့်၊ ဒီကြားထဲ ဆင်းရဲသားများရဲ့ မိတ်ဆွေ၊ စာရေးဆရာများရဲ့ ဇီဝက ဆရာလေးတင်စံဦးကလည်း ပြတ်တယ်လို့မရှိ။ ကဲ ဘာလိုသေးလဲ။ အနယ်နယ် အရပ်ရပ်က စာဖတ်ပရိသတ်များကလည်း ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်ဖုံ မေတ္တာ စေတနာတွေ အလျှံပယ်ပို့ပေးနေကြတာ ကြည်နူးပီတိဖြစ်စရာတွေချည်းပါပဲ။
ရွှေနဲ့စက်ဝယ်လို့မရဘူး
ဒီလိုကြည်နူးပီတိမျိုးတွေကို ပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်သလား။ ရာထူးအာဏာအရှိန်အ၀ါနဲ့ ဖန်တီးယူလို့ ရနိုင်သလား။ ဈေးကွက်စီးပွားရေးခေတ်မှာ ဘာမဆို ပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်ပေမယ့် မေတ္တာစေတနာကိုတော့ ရွှေနဲ့စက်ဝယ်လို့လည်း မရပါဘူး။ အတင်းအဓမ္မပေးခိုင်းလို့လည်း မရပါဘူး။ မေတ္တာကို မေတ္တာနဲ့သာ ဖလှယ် လို့ရပါတယ်။ စေတနာကို စေတနာနဲ့သာ တုံ့ပြန်ရိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ မေတ္တာဝါဒီကြီး၊ သူတော်စင်ကြီး လို့တော့ မထင်ပါနဲ့။ မေတ္တာရဲ့ တန်ခိုးစွမ်းအားကို ယုံကြည်ပေမယ့် လူ့လောကမှာ မေတ္တာဆိုတာ ဘာမှန်းမသိ၊ စေတနာဆိုတာ နားမလည်၊ ကရုဏာဆိုတာ မကြားဖူးတဲ့ မေတ္တာနဲ့ မထိုက်တန်သူမျိုးတွေလည်း ရှိတယ်ဆိုတာ ယုံကြည်လက်ခံထားသူ ဖြစ်ပါတယ်။
ကြောက်ရမ်း ရှက်ရမ်း
စာသင်ကျောင်းတွေပေါ် ဗုံးမကြဲဖို့ အီရတ်နဲ့ အာဖဂန်နစတန်က မိခင်တွေက အသနားခံ တောင်းပန် နေကြပေမယ့် အချည်းနှီးပဲ မဟုတ်လား။ မူလတန်းကျောင်းသူကျောင်းသားငယ်လေးတွေ နေ့စဉ်နဲ့ အမျှ သေဆုံးနေကြဆဲပါပဲ။ လူမပါတဲ့ လေယာဉ်တွေနဲ့တော့ ကြောက်ရမ်းရှက်ရမ်း ရမ်းပြီး ဗုံးမကြဲပါနဲ့လို့ မဟာမိတ် အာဖဂန်သမ္မတကိုယ်တိုင်က တောင်းပန်ပေမယ့်လည်း ဂရုမစိုက်ပါဘူး။ " မကောင်းသူထိပ် ကောင်းသူထိပ်" ဆိုတဲ့ သဘောနဲ့ မောင်းသူမဲ့ လေယာဉ်တွေပေါ်ကနေပြီး ဗုံးတွေဒလကြမ်းကြဲချနေကြဆဲပါပဲ။ သေနတ် ပြောင်းဝက ထွက်တဲ့ ဘာသာစကားကလွဲပြီး ဘယ်လိုဘာသာစကားမျိုးကိုမှ နားမလည်တဲ့ အဲဒီလို အရိုင်းအစိုင်း ကောင်းဘွိုင် လူစားမျိုးကိုတော့ သွားပြီး မေတ္တာပို့နေလို့ မရပါဘူး။ လောကမှာ သက်သတ်လွတ် စားတဲ့ ကျားမရှိပါဘူး။ အလားတူပါပဲ လူကြီးလူကောင်းစကားနားလည်တဲ့ ကောင်းဘွိုင်သေနတ်သမားမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ နောင်လည်း ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။
သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေ
မေတ္တာတရားကိုယုံတယ်။ ဒါပေမဲ့ ကျားက သက်သတ်လွတ်စားတယ်ဆိုတာတော့ မယုံပါဘူး။ ဒါကြောင့် ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲ တုံ့ပြန်ရမှာပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေး မဆွတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားက ကျားနေရာနေ၊ လူကလူ့နေရာနေရင် ပြီးတာပဲ။ ကျားကလူသား စားချင်လို့ စည်းဖောက်ပြီး လူ့ရပ်လူ့ရွာထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ ဘယ်သည်းခံနိုင်မှာလဲ။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲ လုပ်သင့်တာတော့ လုပ်ရမှာပဲ။ သက်သတ်လွတ်စားတဲ့ ကျားရှိပါတယ်လို့တော့ မပြောနဲ့၊ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။ မေတ္တာတရားကိုတော့ ယုံတယ်။ ဒါပေမဲ့ ကျားကိုတော့ မယုံဘူး။
ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ
လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။
ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---
(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။
(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။
(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။
(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး
လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။
(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်
ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။
(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်
လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။
(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်
၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။
(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်
လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။
ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။
(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...
(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်
လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။
ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။
မူရင်း--
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Lwin Pwin
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment