ကမ္ဘာ့သတင်းများ  03/03/2012

 

နိုင်ငံတကာသတင်း


အီရန်ဘာသာရေးခေါင်းဆောင် မဲပေးဖို့တိုက်တွန်း


အီရန်ပါလီမန်ရွေးကောက်ပွဲတွေကို ဒီကနေ့ ပြုလုပ်နေတာမှာ သဘောထားတင်းမာသူ ရှေးရိုးစဉ်လာသမားတွေ ကြားမှာပဲ သမ္မတ မာမွတ်အမာဒီနီဂျတ် (Mahmoud Ahmadinejad) ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ အားပြိုင်ပွဲအဖြစ် တွေ့မြင်နေကြရကြောင်း
အီရန်ပါလီမန်ရဲ့ အမတ်နေရာ ၂၉၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြသူ ကိုယ်စားလှယ်လောင်း ၃,၄၀၀ ထဲမှာ အပြောင်းအလဲလိုလားသူတွေ အနည်းငယ်တော့ ပါဝင်နိုင်ကြောင်း၂၀၀၉ ခုနှစ် က သမ္မတ အမာဒီနီဂျတ် ပြန်ပြီး အရွေးခံတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှုတွေကို ရှေးရိုးဝါဒီတွေရဲ့ အစိုးရနဲ့ အီရန်ကို တကယ်တမ်း လွှမ်းမိုးချုပ်ကိုင်ထားကြတဲ့ ဘာသာရေးခေါင်းဆောင်တွေက ဖြိုခွင်းနှိပ်ကွပ်ခဲ့ကြကြောင်း
ပါလီမန်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသူပေါင်း ၄၈ သန်းကျော် ရှိကြောင်းအီရန်ရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ဒီကနေ့ ရွေးကောက်ပွဲမှာ လူထုကို မဲလာပေးကြဖို့ မေတ္တာ ရပ်ခံလိုက်ပြီးတော့ အခုလို အင်နဲ့အားနဲ့ မဲလာပေးခြင်းဖြင့် အီရန်ရဲ့ စီးပွားရေးကိုထိခိုက်စေဖို့ အီရန်ရဲ့ရန်သူ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အံတုပြသရာရောက်တယ်လို့ ပြောဆိုလိုက်ကြောင်း
အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်အတွက် လုပ်ဆောင်နေမှုကနေ နျူကလီးယားလက်နက်တွေ ထုတ်လုပ်လာမှာကို စိုးရိမ်တဲ့အတွက် နျူကလီးယားအစီအစဉ်တွေ ရပ်ဆိုင်းစေရေး ဖိအားပေးတဲ့အနေနဲ့ အနောက်နိုင်ငံတွေက အီရန်ကို စီးပွားရေးအရ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ကြောင်း သိရှိရသည်။


ဒဏ်ခတ်မှုမရုပ်သိမ်းခင် အဓမ္မလုပ်အားစေခိုင်းမှုရပ်ပါ


မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုပ်သိမ်းခင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံက အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC က ဗြိတိသျှ အစိုးရကို တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့တာ မှန်ပေမဲ့ နေရာအနှံ့ အလုပ်ကြမ်း ခိုင်းစေမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ရှိနေတုန်းပဲလို့ TUC ရဲ့ အထွေထွေ အတွင်းရေးမှူး Brendan Barber က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ထံ ပေးပို့တဲ့ စာမှာဖော်ပြထားကြောင်းမကြာသေးခင်တုန်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲတာ စတဲ့ အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ EU က မြန်မာအရာရှိ ၉ဝ လောက်အပေါ် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ထားတာကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ကြောင်း
EU ဝန်ကြီး တချို့ကလည်း မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်အဖြစ် ဧပြီလမှာ ချမှတ်တဲ့အခါ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဆန္ဒရှိနေကြတာမို့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုရာ ကျတယ်လို့လည်း TUC က ထောက်ပြထားကြောင်းEU နဲ့ မြန်မာနိုင်ငံအပေါ် အလားတူ ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု တို့ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာဟာလည်း ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရာမှာ ထည့်သွင်းစဉ်းစားမယ့် ကိစ္စဖြစ်တယ်လို့ ပြောဆိုထားကြတာ ဖြစ်ကြောင်း သိရှိရသည်။







တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီလ ၂၈ နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၄ ဦးသေဆုံးကာ လူ ၄၃ ဦးဒဏ်ရာရရှိခဲ့သည်။ယင်းစက်ရုံသည် ဟီပေပြည်နယ် မြို့တော်ရှီကျားရွှမ်တွင်တည်ရှိပြီး အဆိုပါပေါက်ကွဲမှုသည် အနီးဝန်းကျင် ရှိ ရွာပေါင်းသုံးရွာအထိပါ ပျံ့နှံခဲ့သည်ဟု ဆင်ဟွာသတင်းဌာနမှ ထုတ်ပြန်ခဲ့၍ ဓာတ်ပုံများတွင်လည်း ပေါက်ကွဲ မှုဖြစ်ပွားရာအနီးဝန်းကျင်တွင် အပျက်အစီးများဖုံးလွှမ်းနေခဲ့ကြောင်း
တရုတ်အစိုးရသည်အလုပ်ခွင် စည်းမျဉ်းများ၊ မတော်တဆဖြစ်မှုများ လျော့ကျလာအောင် လုပ်ဆောင်ပေးမည်ဟု ကတိများအထပ်ထပ်အခါခါ ပေးခဲ့သော်လည်း နိုင်ငံအတွင်းရှိ အလုပ်ခွင်လုံခြုံရေး အဆင့်အတန်းသည် ဆက်လက်နိမ့်ကျလျက်ရှိသည်။ ၂၀၁၁ ပထမကိုးလပတ်အတွင်း လုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုများကြောင့် လူ ၅၀၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်များက အစောပိုင်းက ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။




ဒမတ်စကတ်အစိုးရအဖွဲ့အတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများပေးရန်အတွက် နိုင်ငံတကာက တောင်းဆိုနေစဉ်တွင် ဆီးရီးယားအစိုးရအဖွဲ့၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၇၅၀၀ ကျော်ထိမြင့်တက်လာကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း
ကန့်ကွက်ဆန္ဒပြမှုများဖြစ်နေသည့် မြို့အတွင်း ကယ်ဆယ်ရေး အကူအညီပေးရန်နှင့် သွေးထွက်သံယိုဖြစ်မှုများကို ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ခုကို ရုရှားနှင့်တရုတ်နိုင်ငံက ထောက်ခံရန် ပြင်သစ်နိုင်ငံကတိုက်တွန်းခဲ့ကြောင်းဆီးရီးယားအရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သော်လည်း ယခုအချိန်တွင် ၎င်းတို့၏ရပ်တည်ချက်များမှာ ပျော့ပျောင်းလာသည်ဟု ထင်မှတ်ရကြောင်းဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်အုပ်ချုပ်မှုကို အဆုံးသတ်ရန် ၁၁ လကြာ ဆန္ဒပြမှုများ ပြုလုပ်စဉ်အတွင်း လူ ၇၅၀၀ ကျော် သေဆုံးခဲ့ကြောင်း လူအစုလိုက်အပြုံလိုက် သတ်မှုကို ရပ်တန့်ခိုင်းမှုတွင် နိုင်ငံတကာအသိုင်းအ၀န်းက မပါဝင်ခြင်းသည် ဆီးရီးယားအစိုးရအဖွဲ့ကို အားပေးတိုက်တွန်းမှု ဖြစ်ခဲ့ကြောင်း၊ လူအစုလိုက် အပြုံလိုက်သတ်မှုအတွက် ဒဏ်မခတ်ခံရဟု ထင်မှတ်သွားစေကြောင်း
''အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် အရပ်သားတွေသေဆုံးမှုနှုန်းဟာ အခုဆိုရင် တစ်ရက်တည်းမှာကို ၁၀၀ဦးထက် ကျော်လွန်လာပါပြီ။ စုစုပေါင်း သေဆုံးမှုနှုန်းဟာ ၇၅၀၀ ကျော်လာပါပြီ''ဟု Pascoe က လုံခြုံရေးကောင်စီသို့ တင်ပြခဲ့ကြောင်း
ဒုက္ခသည် ၂၅၀၀၀သည် ဆီးရီးယားအနီးရှိ ကုလသမဂ္ဂနိုင်ငံတွေမှာ စာရင်းသွင်းခဲ့ကြောင်းနှင့် ဆီးရီးယားနိုင်ငံအတွင်းတွင် အခြေနေမဲ့ဖြစ်နေသူ တစ်သိန်းနှင့် နှစ်သိန်းကြားရှိကြောင်း ဆီးရီးယားစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆန္ဒပြမှုများထဲတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများအပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများပြု လုပ်ခဲ့ဆိုသည့် အစီရင်ခံစာများ ရရှိထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ Navi Pillay က ပြောကြားခဲ့ကြောင်းသိရှိရသည်။







လွန်ခဲ့သည့်နှစ်က လူထုအုံကြွမှုကြောင့် ဟို့စနီမူဘာရက် ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲကိုမေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်း အီဂျစ်ရွေးကောက်ပွဲများ ကော်မတီအကြီးအကဲ ဖာရပ်စူလတန်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း

ပြည်ပ၌ ရောက်ရှိနေသူများကိုလည်း မေလ ၁၁ ရက်မှ မေလ ၁၇ ရက်နေ့အတွင်း မဲပေးခွင့်ပြုမည်ဖြစ်ပြီး ဒုတိယအကျော့ ရွေးကောက်ပွဲများကို ဇွန်လ ၁၆ ရက်နှင့် ၁၇ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း

"မဲရလဒ်တွေကိုတော့ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်"ဟု စူလ်တန်က ပြောကြားခဲ့ကြောင်း
ဇွန်လမကုန်မီ ရွေးချယ်ခံရသော သမ္မတတစ်ဦးသို့ စစ်ဘက် အုပ်ချုပ်သူများက အာဏာလွှဲပေးရန် ချမှတ်ပေးသည့် အချိန်ဇယားတစ်ခုအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ရွေး ကောက်ပွဲများကိုမူ နိုင်ငံတကာမှ စောင့်ကြည့်မှုရှိလိမ်မည်မဟုတ်ကြောင်း တည်ငြိမ်မှုမရှိသည့် အသွင်ကူးပြောင်းရေးကာလ တစ်ခုအတွင်း ရွေးကောက်ပွဲကျင်းပမည့် ရက်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းအုံ့ကြွမှုအတွင်း မူဘာရက်ကို မထောက်ခံသည့် အတွက် အမွှန်းတင်ခံရသော စစ်တပ်သည် ယခုအခါတော်လှန်ရေးကို ဦးဆောင်သူတို့၏ ပစ်မှတ်ဖြစ်နေ ကြောင်းသိရှိရသည်။







ထိုင်းတွင် ရှပ်ဝါလှုပ်ရှားမှု တည်ထောင်ခဲ့သော မီဒီယာလုပ်ငန်းရှင်ဆွန် ဒီလင်သောင်ကူးကို ထိုင်းတရားရုံးတစ်ခုက ဖေဖော်ဝါရီ ၂၈ ရက်နေYတွင် ကော်ပိုရေးရှင်းမသမာမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်းဆွန်ဒီသည် ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်ဟောင်း သက်ဆင်ပြုတ်ကျစေခဲ့သော ထိုင်းနိုင်ငံ၏ အရောင်နိုင်ငံရေးပဋိပက္ခတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော ရှပ်ဝါလှုပ်ရှားမှုကို တည်ထောင်ခဲ့သူဖြစ်ကြောင်း၁၉၉၀ ပြည့်လွန်နှစ်များက အမှုတစ်ခုတွင် ဆွန်ဒီသည် အာမခံနှင့် နိုင်ငံခြားငွေလဲလှယ်ရေးအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဘန်ကောက်ရှိ ရာဇ၀တ်မှုရုံးက ဆုံးဖြတ်ခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ် ၂၀ ချ မှတ်ခဲ့ကြောင်း ဆွန်ဒီသည် ဘတ် ၁ ဒသမ ၁ ဘီလျံနီးပါးတန်ဖိုးရှိသော ချေးငွေအတွက် စာရွက်စာတမ်း အထောက်အထားများ အတုပြုလုပ်ခဲ့ကြောင်း ထိုင်းစတော့အိတ်ချိန်းကော်မရှင်က စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း
အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်သော ဆွန်ဒီသည် ထိုင်းနိုင်ငံတွင် အငြင်းပွားမှုအများဆုံးဖြစ်ရသော နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်ပြီး ယခုစီရင်ချက်ကို အယူခံဝင်သွားမည်ဖြစ်ကြောင်း
ဆွန်ဒီသည် လောလောဆယ်တွင် ဘတ် ၁၀ သန်းဖြင့် အာမခံရရှိထားကြောင်း ဆွန်ဒီသည် ရာထူးမှဖြုတ်ချခံထားရသည့် ၀န်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ရန်ဘက်အဖြစ် သတ်မှတ်ခံရပြီး  ASTV/Manager   မီဒီယာအင်ပါယာကြီး ဦးဆောင်သူဖြစ်ကြောင်းဆွန်ဒီသည် သက်ဆင်ကို အသရေဖျက်မှုဖြင့် ၂၀၁၀ ပြည့်နှစ်က ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရဖူးကြောင်း၂၀၀၈ ခုနှစ်က ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စီးနင်းခဲ့ပြီးနောက် ရှပ်ဝါတို့၏ လှုပ်ရှားမှုမှာ မှေးမှိန်သွားခဲ့ကြောင်းသိရှိရသည်။


Lwin Pwin
Blog:                         http://wanna23-23.blogspot.com/
Web-site:                   www.nlabr.com

0 comments:

Post a Comment