ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်သပိတ်မှောက်ခဲ့သော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။
မြန်မာသတင်းများ မတ် ၀၃ ရက်၊ ၂၀၁၂
တိုင်ရီ အလုပ်သမားများကို တနာရီ ၁၂၀ ပေးရန် ဝါဏိဇ္ဇခုံရုံးဆုံးဖြတ်
လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အခြေခံလစာ ၅၁,ဝဝဝ ပေးရန် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်လိုက်ခြင်းကြောင့် တနာရီလုပ်ခ ၁၂ဝ ကျပ် ရရှိမည်ဖြစ်ကြောင်းအလုပ်သမားများ ၁,၈ဝဝ ကျော်ကို ကိုယ်စားပြု အလုပ်သမားခေါင်းဆောင် ၄၅ ဦးက တနာရီလျှင် ၁၅ဝ ကျပ် ပေးရန်တောင်းဆိုထားသော်လည်း ယခုဆုံးဖြတ်ချက်သည် သင့်တင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကိုဖိုးဖြူက ပြောကြောင်း
ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေ ၂ဝ,ဝဝဝ ခန့် တိုးလာသော်လည်း အလုပ်သမားများ နှစ်ကုန်လျှင် တလစာ ရရှိမည့် ရက်မှန်ကြေးနှင့် လုပ်သက်ကြေးတို့မှာ ရရှိတော့မည်မဟုတ်ကြောင်းလူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်းကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောကြောင်းဆန္ဒပြအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိအောင် လုပ်ငန်းခွင်အတွင်းမှ ဆက်လက်တောင်းဆို သွားမည်ဟု ဆိုကြောင်းတိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေးကို အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြားခံစားခွင့်မပါ အနည်းဆုံး လစာငွေ ငါးသောင်း တစ်ထောင် သတ်မှတ်ပြီး မနေ့ ညနေက ဆုံးဖြတ်ချက်ချပေးလိုက်ကြောင်း ဒီကိစ္စနဲ့ပတ်သက်လို့ တောင်းဆိုထားတာတွေ တစ်ခုမှ လိုက်လျောတာ မတွေ့ရတာကြောင့်ရော၊ မူရင်း လစာငွေထက် နှစ်သောင်းကျော်ကျော် နည်းသွားတာကြောင့်ရော အလုပ်သမားတွေက မကျေနပ်ကြောင်း အလုပ်သမားတွေက လုပ်ခ တစ်နာရီနှုန်းထား ၇၅ ကျပ်ကနေ ၁၅၀ ကျပ်ထိ တိုးပေးဖို့ တစ်လလုံး အလုပ်ပျက်ရက်မရှိဘဲ အလုပ်ဆင်းလို့ရတဲ့လုပ်ခကို ခြောက်ထောင်ကျပ်ကနေ ရှစ်ထောင်ကျပ်ကို တိုးပေးဖို့ စတဲ့အချက်တွေ အပါအဝင် စုစုပေါင်း ခုနစ်ချက် တောင်းဆိုခဲ့ကြောင်း ဒါပေမယ့် အလုပ်ရှင်က လုပ်ခ တစ်နာရီနှုန်းထားကို ၂၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ကျပ်တစ်ထောင် တိုးပေးမယ်လို့ ညှိခဲ့ပေမယ့် အလုပ်သမား သုံးပုံနှစ်ပုံက လက်မခံဘဲ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးကို တိုင်ကြားခဲ့ကြောင်းအခုဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် အဆင့်ဆင့် ဆက်လက် တိုင်ကြားမယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေကပြောကြောင်း သိရှိရသည်။
ကချင်ပြည်နယ်က စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းတဲ့ ကျပ်ငွေသိန်း ၁၀၀ ကို မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးခေါင်းဆောင် ဒေါ်ဝင်းမြမြနဲ့အဖွဲ့ သွားရောက် ပေးအပ်ခဲ့ကြောင်း ဒေါ်ဝင်းမြမြနဲ့အဖွဲ့ဟာ မြစ်ကြီးနားကနေတစ်ဆင့် မိုင်တိုင် ၄ စခန်းနားက နယ်ခြားစပ်တပ် (၁၀၀၃) တည်ရှိရာဒေသက ဒုက္ခသည်စခန်းကို သွားရောက်ပြီး တခြားစခန်းတွေအတွက်ပါ ကူညီခဲ့ကြောင်းကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ စုစုပေါင်း စစ်ပြေးဒုက္ခသည် ၃ သိန်း ၉ သောင်းလောက် ရှိနေတယ်လို့ ဒေါ်ဝင်းမြမြက ပြောကြောင်းတချို့နေရာတွေကို တရုတ်နိုင်ငံဘက်ကနေ ပြန်လှည့်ဝင်ရတဲ့အတွက် အဲဒီဒေသတွေကို ကူညီရေးအဖွဲ့တွေရောက်ဖို့ ခက်ခဲသလို တရုတ်အာဏာပိုင်တွေကလည်း ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေဆိုရင် ဝင်ခွင့်မပြုဘူးလို့ သိခဲ့ရကြောင်း ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည် တသိန်းခန့် မှာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မတ်လခြောက်ရက်နေ့တွင် ထုတ်ပြန်ရန်ရှိသည့် အစီရင်ခံစာတစောင်က ဆိုထားကြောင်း
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Seeking Refuge အစီရင်ခံစာက အိန္ဒိယ ဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ် အစိုးရတို့အား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်၍ ဒုက္ခသည်များအား အကာအကွယ်ပေးရန်နှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် တောင်းဆိုထားကြောင်းမီဇိုရမ်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးတယူ အာရုံစိုက်မှု မခံရကြောင်းနှင့် ထိုကဲ့သို့ ဖြစ်ရသည်မှာ အချိန်ကြာမြင့်စွာ ကတည်းက တည်ရှိနေခဲ့သည့် ထိုဒေသသို့ ခရီးသွားလာမှု အကန့်အသတ်များအပြင် UNHCR မှ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက်ကြောင့်ဖြစ် ကြောင်း ၁၃၄ မျက်နှာ ရှိသည့် ထိုအစီရင်ခံစာအရ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများမှာ ထိုပြည်နယ် လူဦးရေ၏ ဆယ်ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်လျက်ရှိကြောင်း
မြန်မာနိုင်ငံမှ အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်သို့ လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများအား အကာအကွယ်ပေးရန် လိုအပ်နေမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေမှုကို ဖော်ပြ ထားခြင်း ဖြစ်ကြောင်း---------အစီရင်ခံစာအတွက် အထောက်အပံ့ ပေးခဲ့ကြသည့် အဖွဲ့အစည်းများမှာ Jesuit Refugee Service/USA၊ Lutheran Immigration and Refugee Service၊ U.S. Conference of Catholic Bishops၊ Women's Refugee Commission နှင့် World Relief တို့ဖြစ်ကြောင်းအမေရိကန် အခြေစိုက် ဒုက္ခသည်ကောင်စီ (USA) ကလည်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အာရုံ စူးစိုက်မှုများ ရှိနေလင့်ကစား ဘာသာရေးနှင့် လူမျိုးအရ အနည်းစုဖြစ်နေသည့် ချင်းတိုင်းရင်းသားများအရေးကိုလည်း အာရုံစူးစိုက်ကြစေလိုကြောင်း
၁၉၆၂ ခုနှစ်မှ စတင်၍ ချင်းလူမျိုးများ မြန်မာနိုင်ငံတွင်းမှ အတင်းအကြပ် မောင်းထုတ်ခံရမှုများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သလို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုမိုများပြားသည့် ချင်းလူမျိုးများ မီဇိုရမ်သို့ ခိုလှုံလာကြခြင်း ဖြစ်ကြောင်းမြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းတွင် ဖြစ်ပွါးခဲ့သည့် အနိုင်ကျင့်မှု များထဲတွင် လုပ်အားပေးရန် အတင်းအကြပ် ခိုင်းစေမှု၊ နှိပ်စက်မှုနှင့် ဘာသာရေး နှိပ်ကွပ်မှုများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုကြောင်း ထို့အပြင် လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးအဖွဲ့များ ဖွံ့ဖြိုးရေးအဖွဲ့များနှင့် နိုင်ငံတကာ အန်ဂျီအိုများ ပါဝင်သည့် အမေရိကန် အခြေစိုက် အကြီးဆုံး ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Humanitarian Policy and Practice of InterAction ၏ ဒုဥက္ကဋ္ဌ Joel Charny ကလည်း မြန်မာနိုင်ငံမှာ ရေရှည်အတွက် ဘယ်လိုပြောင်းလဲမှု တွေပဲ ဖြစ်ပေါ်လာပါစေ၊ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်က ချင်းလူဦးရေ တသိန်းခန့်လို မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူနည်းစု ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အရေးတကြီး လိုအပ်နေပါကြောင်း သိရှိရသည်။
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းမှာ အကျုံးဝင်တဲ့အတွက် နေရပ်ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေဟာ မူလကျေးရွာဟောင်းတွေမှာ ပြန်နေထိုင်ဖို့ ခွင့်ပြုချက် မရပေမယ့် စားရေး သောက်ရေး အခက်အခဲကြောင့် ပြီးခဲ့တဲ့လမှာ နေရပ်ကို ပြန်ကြတယ်လို့ KDNG ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ကြောင်း ဧရာဝတီမြစ်မှာ ဆည်တွေ လုပ်နေတာ အပြီးအပိုင်ရုပ်သိမ်းပြီး မူရင်းနေရပ်မှာ တရားဝင် ပြန်လည်နေထိုင်ခွင့်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ နေရပ် ပြန်ကြတာလို့ KDNG က ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားကြောင်း
သက်ဆိုင်ရာက နေရာချထားပေးတဲ့ စံပြကျေးရွာတွေမှာ ဆောက်ထားတဲ့အိမ်တွေ တစ်နှစ်တောင် မရှိသေးခင်မှာ ပျက်စီးကုန်ကြောင်း၊ လုပ်ကိုင် စားသောက်ဖို့နေရာ တစ်ခုမှ မရှိကြောင်း၊ သွားလာရခက်ခဲလို့ ထောင်လိုဖြစ်နေကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းမယ်လို့ ဦးသိန်းစိန်က ပြောခဲ့ပေမယ့် ၀ိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာမှာ လျှပ်စစ်ထရန်စဖော်မာစက်ရုံ ဆောက်လုပ်နေတာ ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြကြောင်း ဒီစီမံကိန်းကို အေရှားဝေါလ်နဲ့အတူ လုပ်ကိုင်တဲ့ တရုတ် အစိုးရပိုင် CPI- China Power Investment Corporation တရုတ် လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်းက အလုပ်သမားတွေဟာ မြစ်ကြီးနား ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရှိနေတဲ့အကြောင်း၊ ကချင်ပြည်နယ်မှာ ရေကာတာတွေရှိရာ ဆက်သွယ်နိုင်မယ့် လမ်းတံတားတွေ ဆောက်လုပ်နေတဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ မြစ်ဆုံရေကာတာလိုပဲ ဧရာဝတီမြစ်ကို ထိခိုက်တဲ့ မေခနဲ့ မေလိခ မြစ်တွေပေါ်က တခြားရေကာတာစီမံကိန်းတွေကို ထုတ်ဖော် ပြောကြားတာ မရှိတဲ့အကြောင်းလည်း
KDNG က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း သံလျင်မြို့နယ်က အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေမယ်ဆိုရင် စာသင်နှစ်တွေမှာ အခွင့်အရေးပေးမယ်လို့ ခေါ်ယူ ပြောဆိုနေကြောင်း ဒါ့အပြင် သံလျင်မြို့နယ် အထက (၁) မှာလည်း ဆယ်တန်းဖြေမယ့် ကျောင်းသားတွေကို စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ထုတ်ပေးနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲအတွက် ကောက်ခံထားတဲ့ ငွေ ၁၅၀၀ မပေးသေးတဲ့ ကျောင်းသားတွေကို ကတ်ပြားထုတ်မပေးကြောင်း လာမယ့် မတ် ၁၂ ရက်ကစပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုကြရမှာကြောင့် အခုလို ငွေ ၁၅၀၀ ပေးမှ စာဖြေခွင့်ကတ်ပြား ထုတ်ပေးတဲ့အတွက် ငွေကြေးချို့တဲ့ တဲ့ကျောင်းသားတွေ အခက်တွေ့နေတယ်လို့ ဆိုကြောင်း
သံလျင်မြို့နယ်က တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီးတဲ့နောက် အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ အဆင့်အထိ အရေးယူမယ်လို့သိရပါတယ်။
စတင် လည်ပတ်ရန် ပြင်ဆင်နေသည့် ကော့သောင်းမြို့ရှိ ၈ မဂ္ဂါဝပ် ကျောက်မီးသွေး
လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စက်ရုံဝန်းကျင်တွင် နေထိုင်သူများ စိုးရိမ်ကြပြီး ကန့်ကွက်မှုများလည်း ရှိကြောင်း ကော့သောင်းမြို့ မြောက်ဘက် အေးရိပ်ငြိမ်း နှင့် ရွှေပြည်သာ ရပ်ကွက်ကြားရှိ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄ဝ ခန့်သာ မြင့်ကာ စက်ရုံနှင့် ၂ ဖာလုံကျော်တွင် ကော့သောင်းမြို့မှသောက်သုံးရေအဖြစ် ရယူနေသည့် ရေလှောင်ကန်လည်း ရှိသည့်အတွက် မြို့ခံများအနေနှင့် စိုးရိမ်ခြင်း ဖြစ်ကြောင်း
ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်လက်ထက်က ခွင့်ပြုချက် ရရှိပြီး၊ ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂ဝ၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်းခန့် ပြီးစီးပြီ ဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် စတင်လည်ပတ်မည်ဟု ဒေသခံများက ပြောကြောင်း
စက်ရုံလည်ပတ်နိုင်ရန်အတွက် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှ ကျောက်မီးသွေးကို တူးဖော်ကာ စက်ရုံ အတွက် လိုအပ်မည့်ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်ရေကို စုတ်ယူသုံးစွဲမည်
ဖြစ်ကြောင်း ဓါတ်အားပေးစက်ရုံမှ ရရှိမည့် အကျိုးကျေးဇူးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် စက်ရုံ မန်နေဂျာ ဦးလှမော်က မြို့ခံများကို ဖိတ်ကြားကာ ဟောပြောခဲ့ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ထောက်ပြပြောဆိုခြင်းကြောင့် ဟောပြောပွဲကို ဖျက်သိမ်းခဲ့ကြောင်း
စက်ရုံတည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ကော့သောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) က စက်ရုံဆောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် မန်နေဂျာထံ သွားရောက် ကန့်ကွက်ခဲ့သေးကြောင်း ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည်ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုးရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့ကြောင်း ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်ဒေသ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းကို စိတ်ကြွဆေးပြား လေးသန်း ခိုးပြီးတင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းမိကြောင်း ထိုင်းအစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံက မူးယစ်ဆေးဝါးအများအပြား ထိုင်းနိုင်ငံအတွင်းကို ခိုးယူ တင်သွင်းဖို့ရှိတယ်လို့ ထိုင်း မူးယစ်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေက သတင်းရခဲ့တဲ့အတွက် မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးက ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေ ချထားပြီး မနေ့ညက စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့ကြောင်း မနေ့ည ညဥ့်နက်ပိုင်းက ကားတစ်စီးနဲ့ မော်တော်ဆိုင်ကယ်နှစ်စီးဟာ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ မရပ်ဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းမူးယစ်တပ်ဖွဲ့တွေက လိုက်လံ ဖမ်းဆီးရာက ကားကို မိခဲ့ကြောင်းကားမောင်းသမားနဲ့ ဆိုင်ကယ်မောင်းသူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်းဖမ်းဆီးမိတဲ့ ပစ်ကပ်ကားပေါ်မှာ စိတ်ကြွဆေးပြား လေးသန်းကျော် ထည့်ထားတဲ့ အိတ်ပေါင်း ၃၄ အိတ်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၏ တိုးပွားလာမည့် လူဦးရေ သန်း ၁၀၀ အတွက် စားနပ်ရိက္ခာ ဖူလုံရေးသာမက ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်း လုပ်ကိုင်ရန် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျရောက်သည့် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် ပေးပို့သော သ၀ဏ်လွှာတွင် တိုက်တွန်း ပြောကြားလိုက်သည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူလယ်သမားများအနေဖြင့် ပညာတတ်ပြီး လယ်လုပ်သူများ ဖြစ်ရန် စီမံဆောင်ရွက် ပေးလျက်ရှိသည်ဟုလည်း ဦးသိန်းစိန်က သ၀ဏ်လွှာတွင် ဆိုထားကြောင်း သိရှိရသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ထိုင်း ဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Itthaporn Subhawong တို့ နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံသည်။ တွေ့ဆုံရာ၌ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ရင်းနှီးပွင်းလင်း စွာ ဆွေးနွေးသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားကြောင်း သိရှိရသည်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group-ICG) ဥက္ကဌ Ms.Louise Arbour သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်သူ့ လွှတ်တော် ဒု - ဥက္ကဌ ဦးနန္ဒကျော်စွာနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လက်ရှိ မြန်မာအစိုးရကို ထောက်ခံအားပေးရန် ကမ္ဘာ့နိုင်ငံများသို့ တိုက်တွန်း ထားကြောင်း သိရှိရသည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် မဲဆွယ်စည်းရုံးခရီးစဉ်တွင် လူထုဟောပြောပွဲပြုလုပ်မည့် နေရာအား အာဏာ ပိုင်များက ခွင့်ပြုချက်မပေးကြောင်း သိရသည်။ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော်ရှိ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ ၄ မြို့နယ်တွင် NLD ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် သည် နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီး သွားရောက်မည်ဖြစ်ကြောင်းသိရှိရသည်။
အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၅ ရက်မှာ ဟောပြောမယ့် မိတ္ထီလာမြို့က လူထုဟောပြောပွဲအတွက် လွတ်လပ်ရေးကွင်းကို သုံးခွင့်မပြုကြောင်း ဒီကနေ့ ခရိုင်ကော်မရှင်ရုံးက အကြောင်းပြန်ကြားတယ်လို့ မိတ္ထီလာမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်က ပြောပါတယ်။မိထ္တီလာမြို့မှာ အောင်မင်္ဂလာကွင်းမှာ ဟောပြောခွင့်ရဖို့ ထပ်မံ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် လေးခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
မဟာအောင်မြေမြို့နယ်ထဲက မဟာမြိုင်၊ ဗောဓိကုန်း၊ စိန်ပန်း၊ ဒေးဝန်း ရပ်ကွက်တွေမှာ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲတွေကို အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်တို့ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကား ပြောကြားခဲ့ကြကြောင်း ဒါ့အပြင် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က တံတားဦးလေဆိပ်ကို မနက်ဖြန် ရောက်ရှိလာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စီစဉ်ထားတဲ့ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါ အလှပြယာဉ်နဲ့ မန္တလေး ဆယ်မြို့နယ်အတွင်း လှည့်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူထုကို ရှင်းပြကြကြောင်း သိရပါတယ်။
အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ခဲ့လျှင် ဝန်ကြီးရာထူး တနေရာကို လက်ခံမည်လော၊ သို့မဟုတ်လွှတ်တော်တွင်း အားကောင်းသည့် အတိုက်အခံအဖြစ် ရပ်တည်မည်လော ဆိုသည်ကို ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းတွင် ပြောဆိုနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က အစိုးရဝန်ကြီး နေရာကို လက်ခံနိုင် မခံနိုင်၊ အစိုးရဘက်ကလည်း ဤသို့ ကမ်းလှမ်းနိုင်ခြင်း ရှိမရှိနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မည်သို့သော ဝန်ကြီးဌာနမျိုး ဖြစ်နိုင်ဖွယ်ရှိသည်တို့ကို ဆွေးနွေးကြခြင်းဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် ပညာရေးဝန်ကြီးဌာနတို့တွင် တာဝန်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက Reuters သတင်းဌာသို့ ပြောကြားရာတွင် ယခုအချိန်အထိ ထိုသို့ ဝန်ကြီးဌာန နေရာယူရန် အစိုးရဘက်မှ ကမ်းလှမ်းဆွေးနွေးခြင်းမျိုး မရှိသေးကြောင်းသိရှိရသည်။
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုပ်သိမ်းခင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံက အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC က ဗြိတိသျှ အစိုးရကို တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့တာ မှန်ပေမဲ့ နေရာအနှံ့ အလုပ်ကြမ်း ခိုင်းစေမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ရှိနေတုန်းပဲလို့ TUC ရဲ့ အထွေထွေ အတွင်းရေးမှူး Brendan Barber က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ထံ ပေးပို့တဲ့ စာမှာဖော်ပြထားကြောင်း
မကြာသေးခင်တုန်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲတာ စတဲ့ အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ EU က မြန်မာအရာရှိ ၉ဝ လောက်အပေါ် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ထားတာကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ကြောင်း
EU ဝန်ကြီး တချို့ကလည်း မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်အဖြစ် ဧပြီလမှာ ချမှတ်တဲ့အခါ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဆန္ဒရှိနေကြတာမို့ ဒါဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုရာ ကျတယ်လို့လည်း TUC က ထောက်ပြထားကြောင်း EU နဲ့ မြန်မာနိုင်ငံအပေါ် အလားတူ ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု တို့ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာဟာလည်း ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရာမှာ ထည့်သွင်းစဉ်းစားမယ့် ကိစ္စဖြစ်တယ်လို့ ပြောဆိုထားကြ ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့ လျော်ညီမှု မရှိတော့တဲ့အတွက် မူဝါဒအသစ်တွေ ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံစက်မှုဝန်ကြီးလည်းဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုးသိန်းက ပြောလိုက်ပါတယ်။ သင့်လျော်တဲ့ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒသစ်တွေကို မကြာခင်မှာ ထုတ်ပြန်နိုင်တော့မှာဖြစ်လို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံကြဖို့ ဝန်ကြီးဦးစိုးသိန်းက ကမ္ဘာတဝှမ်းက လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီအကြီးအကဲတွေပါဝင်တဲ့ Young President Organization နဲ့ ကြာသာပတေးနေ့ညက တွေ့ဆုံတုန်းက ပြောခဲ့ကြောင်းမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြချင်သူတွေအတွက် ဘယ်လိုအာမခံချက်တွေ ပေးခဲ့လဲဆိုတာကို ကိုဝင်းမင်းက တင်ပြပေးထားကြောင်း ကမ္ဘာတဝှမ်းက သက်လတ်ပိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာရှိတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံရာမှာ ဝန်ကြီးဦးစိုးသိန်းက အခုလို ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်တဲ့ ဥပဒေတွေနဲ့ မူဝါဒအသစ်တွေကို ပြင်ဆင်နေကြောင်း
ဘာကြောင့် အခုလိုပြင်ရတာနဲ့ ဘယ်တော့ ဥပဒေသစ်တွေ ဖြစ်လာနိုင်သလဲဆိုတာကိုလည်း ဦးစိုးသိန်းက -
“အရင်ကရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေက ရင်းနှီးမြှုပ်နှံမှုတွေအတွက် အားပေးသလို မဖြစ်ခဲ့ပါဘူး။ အဲဒါက မကောင်းပါဘူး။ ဒါကြောင့် အခု ဂျပန်ကုမ္ပဏီတွေနဲ့ တိုင်ပင်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တခုကို ပြင်ဆင်နေပါတယ်။ အဲဒီတော့ တကယ့်ကို မကြာခင်ကာလမှာပဲ ပါလီမန်ကနေ ဒီ ဥပဒေသစ်ကို အတည်ပြုပေးတော့မှာပါ”
“အဓိကအချက် နံပါတ် ၁ သတ်မှတ်ချက်ကတော့ ကျနော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးကို ပေးရမှာပါ။ နောက် ဒုတိယ အဓိကအားထားချက်ကတော့ ပတ်ဝန်းကျင်အပေါ် အကျိုးဆက်တွေကို လေ့လာပေးရမှာပါ။ ဒါ့အပြင် လူမှုရေးအရ အကျိုးဆက်တွေကိုလည်း ထည့်သွင်း သုံးသပ်သွားရမှာ ဖြစ်ပါတယ်။ နောက် ငွေကြေးကဏ္ဍကလည်း မဖုံးကွယ်ဘဲ ထင်သာမြင်သာ ရှိအောင်နဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိအောင် လုပ်ပေးရမှာပါ။”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့လက်ရှိငွေကြေးမူဝါဒက မကောင်းပါဘူး။ IMF နဲ့ ကမ္ဘာ့ဘဏ်က နည်းပညာအကူအညီပေးတာတွေ၊ နောက် နော်ဝေအစိုးရကလည်း ကမ္ဘာ့ဘဏ် ကျွမ်းကျင်မှုဆိုင်ရာတွေ ကူညီတာတွေနဲ့ ဆွေးနွေးနေတာတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် တကယ့်ကို မကြာခင်မှာ အကောင်းဆုံး ငွေကြေးမူဝါဒနဲ့ ရသုံးမှန်းခြေ မူဝါဒတွေ၊ အဲဒါအပြင် ဒေသတွင်း တန်းတူ ဘဏ်စနစ်တွေ ဖြစ်လာတော့မှာပါ။”
အဲဒါကြောင့် ဒီဥပဒေအသစ်တွေထွက်လာရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအတွက်ရော အလုပ်အကိုင်နည်းပြီး ဆင်းရဲတဲ့ မြန်မာနိုင်ငံ အတွက်ပါ ၂ ဘက်လုံးအကျိုးရှိမှာမို့ စိုက်ပျိုးရေးကဏ္ဍကို အခြေခံတဲ့ ကဏ္ဍတွေမှာ အသေးစားနဲ့အလတ်စား စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပိုလုပ်ကြဖို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်းလိုက်ကြောင်း ဒါ့အပြင် ဦးစိုးသိန်းကပဲ လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူပြုမယ့် လက်ကိုင်ဖုန်းသုံးနိုင်တာက ခန့်မှန်းခြေအားဖြင့် ၅ % ပဲ ရှိသေးတာမို့ အရှေ့တောင်အာရှ နိုင်ငံတွေအကြားမှာ အနိမ့်ဆုံးသုံးနိုင်တဲ့ နိုင်ငံဖြစ်နေတယ်၊ တချိန်ကျရင် ၇၅ % ကနေ ၁၀၀ % ထိအောင် လက်ကိုင်ဖုန်းသုံးနိုင်အောင် ပြင်ဆင်နေတာမို့ ဒီတယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍမှာလည်း ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ကို ဖိတ်ခေါ်လိုက်ပါကြောင်း မကြာသေးခင်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အပေါ် နော်ဝေးနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ပိတ်ပင်ထားတာကို ပြန်ပြီးရုပ်သိမ်းအပြီးမှာ နော်ဝေးနိုင်ငံရဲ့ တယ်လီနာ လက်ကိုင်ဖုန်းကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကို သွားရောက် လေ့လာခဲ့ပြီး ဦးစိုးသိန်းနဲ့လည်း တွေ့ဆုံရာမှာ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ်ပေးဖို့နဲ့ ဥပဒေတွေကို ခဏ ခဏ ထင်သလိုပြောင်းတာ လုပ်မှာမဟုတ်ဘူးလို့ အာမခံချက်ပေးခဲ့ကြောင်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ပြောရာမှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်နေသူတွေက ပုဂ္ဂိုလ်ရေးအရ ကျောသားရင်သားခွဲပြီး ထင်ရာစိုင်းတာမျိုးမဟုတ်ဘဲ ဥပဒေအရသာ ဆုံးဖြတ်တဲ့ RuleorLawရှိမှသာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အကျိုးရှိပါတယ်လို့ ပြောလေ့ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပ ပါလီမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရွေးကောက်ပွဲ ၀င် နိုင်ငံရေး ပါတီတချို့နဲ့ တွေ့ဆုံခဲ့ပြီး - မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတမှု ရှိနိုင် - မရှိနိုင်ဆိုတဲ့အပေါ် ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် လွှတ်တော်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းနိုင်ငံရေး ပါတီတွေဘက်ကတော့ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် တော့ ပိုပြီး လွတ်လပ်မျှတမှုရှိနိုင်တဲ့အကြောင်း
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအပြောင်းအလဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေ၊ ပြီးတော့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိနေကြတဲ့ ၁၁ ဦးပါ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့ မနက်ကပဲ ရန်ကုန်မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံခဲ့ကြကြောင်းအဓိကကတော့ - ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ - မရှိ ဆိုတာနဲ့ မဲဆွယ်စည်းရုံးရေးကာလ တွေ့ကြုံရတဲ့ အခြေအနေတွေ အပါအ၀င် - ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်တွင်း နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး ဥရောပ ပါလီမန်ကိုယ်စားလှယ် အဖွဲ့က - နိုင်ငံရေးပါတီတွေကို မေးမြန်းခဲ့ကြောင်း
ဒီအပေါ် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုကတော့ - လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလမှာ ပြဿနာတချို့ ကြုံတွေ့ရပေမဲ့ - အရင် ရွေးကောက်ပွဲထက်တော့ ပိုပြီး မျှတမှု ရှိနိုင်ကြောင်း
“ယေဘုယျကြည့်မယ်ဆိုရင်တော့ ၂၀၁၀ ထက်တော့ ပိုပြီးတော့ လွတ်လပ်မျှတလိမ့်မယ်လို့ ယူဆကြောင်းပေါ့- ကျနော်ပြောပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အခါမယ် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ၊ NLD အပါအဝင်ပေါ့၊ လွှတ်တော်ထဲ ရောက်လာလို့ရှိရင်ရော၊ လွှတ်တော်အခင်းအကျင်းက ပြောင်းသွားမလားလို့ပေါ့၊ ကျနော်ကဖြေပါတယ်- ဒါ Drastic change ပေါ့။ သိသိသာသာပြောင်းသွားဖို့ကတော့ မဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တဘက်မှာ အနိုင်ရထားတဲ့ လူများစုပါတီက လူဦးရေ များစွာရှိနေတဲ့အခါကျတော့ကာ အနည်းစုအင်အားနဲ့ တခါတည်း ပြောင်းလဲပစ်လိုက်ဖို့တော့ မလွယ်ပါဘူးလို့။ သူတို့ကလည်း ပြည်သူလူထုကို အကျိုးမပြုမယ့် ကိစ္စမျိုးတွေကိုတော့ဖြင့်ရင် ကျနော်တို့ဘက်က အတိုက်အခံလုပ်သွားမှာပဲ။ သို့သော်လည်း ပြည်သူလူထု အကျိုးရှိမယ့်ဟာတွေကို တင်တဲ့အခါမှာ ဆန့်ကျင်မယ်ဆိုရင်တော့ အဲလိုဆန့်ကျင်သူမျိုးဟာ ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ အောင်မြင်မှာမဟုတ်ဘူး။ ဒါကို ကျနော်တို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မှာဖြစ်ပါတယ်ဆိုတာကိုတော့ ကျနော် သဘောထားပေးလိုက်ပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံဟာတိုင်းရင်းသားလူမျိုးစုတွေနေထိုင်တဲ့ နိုင်ငံတခုဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှု တော်တော်များများ လုပ်ဆောင်ပြီးလို့ ငြိမ်းချမ်းရေးရရှိတဲ့အခါမှာ - ပြည်ထောင်စုစနစ် (ဒါမှမဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဖက်ဒရယ်စနစ်ဘယ်လိုပုံစံမျိုးကိုလိုလားသလဲလို့လည်းဥရောပပါလီမန်အမတ်တွေက မေးခဲ့ကြောင်း
ဒါနဲ့ပတ်သက်လို့လည်း -
“ကျနော်ကတော့ ဖက်ဒရယ်ပုံစံမျိုး ရှိမှဖြစ်မယ်၊ ဖက်ဒရယ်ပုံစံမျိုးရှိမှ တိုင်းရင်းသားကိစ္စတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်လိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့နေရာတွေမှာ သူတို့ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်တွေ ရရှိတဲ့အခါမှာ နိုင်ငံရေးသဘောထား မျှတပြီးတော့ အရှည်သဖြင့် ပြည်ထောင်စုတည်တံ့ရေးဖြစ်သွားနိုင်ပါတယ်”
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။
ဒီကနေ့ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF၊ ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပါဝင်ကြောင်း
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြီးတော့ ရှမ်းတိုင်းရင်းသားများတိုးတက်ရေး (ကျားဖြူ)ပါတီ နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ကတော့ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်းဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ၅ ရက်ကြာခရီးစဉ်အတွင်း - မြန်မာသမ္မတ ဦးသိန်းစိန်အပါအ၀င်အစိုးရခေါင်းဆောင်တွေ၊ပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း
ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ - ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့မယ် ဆိုရင် - မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးမှာ သေချာတယ်လို့ EU ပါလီမန်ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ကြောင်း
လာမယ့် ဧပြီလ ၂၃ ရက်နေ့ကျရင်လည်း ဒီအရေးယူဒဏ်ခတ်မှုတွေနဲ့ပတ်သက်ပြီး EUနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး ကြဖို့ ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်မို့ - ၁၉၉၆ ခုနှစ်က စပြီး EU ကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ထားတာ ၁၅ နှစ်ရှိခဲ့ပါပြီ။ ဒီအထဲမှာ လက်နက် ရောင်းဝယ်မှုပိတ်ပင်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုတွင် အသုံးပြုသည့် ကိရိယာများပိတ်ပင်ခြင်း၊ ပစ်မှတ်ထားသည့် ငွေကြေးအရေးယူမှုများ ချမှတ်ခြင်း၊ စစ်အစိုးရခေါင်းဆောင်များနှင့် မိသားစုဝင်များ ဥရောပတွင် ခရီးသွားလာခွင့် ပိတ်ပင်မှုတွေပါဝင်သည်။ အဲ့ဒီဒဏ်ခတ်မှုတွေထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းကပဲ မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးခဲ့တာဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Index စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆုအတွက် ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင် အမည်လျာထားချက် စာရင်းမှာ မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပါဝင်ကြောင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ဇာတ်ကားတိုပြိုင်ပွဲ ဖြစ်မြောက်အောင် ပူးတွဲ ဦးဆောင်စီစဉ် ကျင်းပခဲ့သူတစ်ဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့ Index ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်းသိရှိရသည်။
0 comments:
Post a Comment