ကမ္ဘာ့သတင်းများ  06/03/2012

 

နိုင်ငံတကာသတင်း


အီရန်အရေး သံတမန်နည်းနဲ့ ဖြေရှင်းဖို့ အခွင့်အလမ်း မကုန်သေး

အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး ဆောင်ရွက်ချက်တွေ ရပ်တန့်စေဖို့ အရေးယူ ပိတ်ဆို့မှု လုပ်ဆောင်ပါလို့ အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန် သမ္မတက ပန်ကြားသွားကြောင်း အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က အစ္စရေး နိုင်ငံရဲ့ လုံခြုံရေးအတွက် သူက အခိုင်အမာ လုပ်ဆောင်ပါမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ယာဟူး (Benjamin Netanyahu) ကို ပြောကြောင်း
အီရန်နိုင်ငံ နျူကလီးယား လက်နက် မပိုင်ဆိုင်နိုင်ရေး အတွက် အမေရိကန်နဲ့ အစ္စရေး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အီရန် ရဲ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ အစ္စရေး တို့ ပူးပေါင်း တုံ့ပြန်သွားမှာ ဖြစ်တဲ့အလျှောက် ဒီနှစ်အတွင်းမှာ ခက်ခဲတဲ့ လတွေနဲ့ ဆက်တိုက်ကြုံတွေ့ရဖို့ သူ ခန့်မှန်းထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော်မှာ တနင်္လာနေ့က သီးသန့် တွေ့ဆုံဆွေးနွေးပွဲ မစမီမှာ မစ္စတာ အိုဘားမား က ပြောသွားကြောင်း အီရန် ကတော့ သူတို့က အနုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ နျူကလီးယား ကိစ္စရပ်တွေကို ဆောင်ရွတ်တာပါ ဆိုပြီး ငြင်းဆိုကြောင်း အီရန်ရဲ့ နျူကလီးယား ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းနိုင်ဖို့ အခြေအနေ မျိုးလုပ်ဆောင်ပေးဖို့ မစ္စတာ နာတန်ယာဟူး ရော သူရောက လိုလားပါတယ်လို့ အိုဘားမား က ပြောသွားကြောင်း
တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ဆီးရီးယားကို လေကြောင်းကတိုက်ခိုက်ဖို့ တောင်းဆိုသွားကြောင်း ပြည်သူလူထုကို အကာအကွယ်ပေးတဲ့အနေနဲ့၊ ပြီးတော့ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့ ဒီလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုကြောင်း သိရှိရသည်။


တရုတ်စစ်တပ်စွမ်းရည် ဆက်လက် တိုးမြှင့်သွားမည်

တရုတ်နိုင်ငံ စစ်တပ်ရဲ့ကဏ္ဍအသီးသီးမှာ အဆင့်အတန်း တိုးမြှင့်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်း ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ခေတ်မီအောင် ပြုလုပ်မှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် က ပြောဆိုလိုက်ကြောင်း
စစ်တပ်ရဲ့တာဝန်တွေဟာ စစ်ရေးအရ ခုခံကာကွယ်ရေးအပြင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းရေး၊ သဘာဝ ဘေးအန္တရာယ်တွေ အရေးပေါ်အကူညီတွေ ပံ့ပိုးပေးရမယ့် တာဝန်တွေပါ အပ်နှင်းထားတာ ဖြစ်ကြောင်းတနင်္ဂနွေနေ့တုန်းက တရုတ်နိုင်ငံရဲ့ အခုနှစ် စစ်ရေးဘတ်ဂျက် အသုံးစားရိတ်ကို ၁၁.၂ ရခိုင်နှုန်း တိုးမြှင့် သုံးစွဲမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၆ ဘီလျံ အသုံးပြုမယ်လို့ ကြေညာကြောင်း ဒါဟာ အမေရိကန်ပြီးရင် တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေးအတွက် ငွေကြေးအသုံးပြုမှု အများဆုံး နိုင်ငံဖြစ်ကြောင်းတရုတ်နိုင်ငံရဲ့စီးပွားရေး တိုးချဲ့နိုင်ရေးအတွက် ပြည်တွင်း ၀ယ်ယူသုံးစွဲမှု မြင့်မားအောင် လုပ်ဆောင်ကြဖို့ တရုတ်ဝန်ကြီးချုပ်က ပါတီ နှစ်ပတ်လည် ညီလာခံအဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားကြောင်း ဒီရည်မှန်းချက်တွေဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ တချိန်တည်းမှာပဲ တဘက်ကလည်း တည်ငြိမ်မှုရှိအောင် အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို ပြသလိုက်တာပဲလို့ ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ပြောကြောင်း
အစိုးရအနေနဲ့လည်း မြေယာပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးတာ၊ ကုန်ဈေးနှုန်းတွေ ထိန်းချုပ်ပေးတာနဲ့ လုပ်ငန်းခွင် စိတ်ချလုံခြုံမှုရှိအောင် လုပ်ဆောင်ပေးတာ စတဲ့ကဏ္ဍတွေမှာ လက်ရှိထက် တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာကို ၀န်ကြီးချုပ်က ၀န်ခံပြောဆိုသွားကြောင်း သိရှိရသည်။

အိုဘားမားနဲ့ Netanyahu အီရန် နျူကလီးယားအရေး ဆွေးနွေးမည်

အီရန် နျူကလီးယားအရေး အင်အားသုံးတာထက် သံတမန်ရေးနဲ့ ဖြေရှင်းဖို့ကိုသာ ပိုပြီးလိုလားတယ်လို့ အမေရိကန် သမ္မတအိုဘားမားက ပြောဆိုပြီး တစ်ရက်အကြာမှာ အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu နဲ့ အီရန်အရေး ဒီကနေ့ ဆွေးနွေးဖို့ရှိကြောင်း
အီရန် နျူကလီးယား အစီအစဉ်အပေါ် ကမ္ဘာတ၀န်းက စိုးရိမ်မှုနဲ့အတူ အစ္စရေးက ကြိုတင်ပြင်ဆင် တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေ အလားအလာတွေ ရှိနေချိန်မှာ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ တွေ့ဆုံမှာဖြစ်ကြောင်း
မနေ့က တနင်္ဂနွေနေ့က ၀ါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာ ကော်မတီ အစည်းအဝေးမှာ သမ္မတအိုဘားမားက အီရန် နျူကလီးယားအရေး အင်အားသုံးတာထက် သံတမန်ရေးနဲ့ ဖြေရှင်းဖို့ကိုသာ ပိုပြီးလိုလားတယ်လို ပြောဆိုလိုက်ကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အီရန်နိုင်ငံက နျူကလီးယား လက်နက် မထုတ်လုပ်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် အရှည်သဖြင့် ဖိအားတွေ တိုးပေးကြဖို့ အချိန်တန်ပြီလို့ ပြောဆိုလိုက်ကြောင်း
အီရန်အပေါ် စစ်ရေးအရ အရေးယူရေးနဲ့ ပတ်သက်ပြီး ပြောနေသံတွေ အများကြီး ကြားနေရကြောင်း၊ ဒီလိုအပြောမျိုးတွေကြောင့် အီရန်က ရေနံဈေးတက်တဲ့ အကျိုးသာရှိပြီး၊ အဲဒီအကျိုးအမြတ်ကနေရတဲ့ ရန်ပုံငွေနဲ့ အီရန်က နျူကလီးယား အစီအစဉ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ထောက်ပြလိုက်ကြောင်း
တချိန်တည်းမှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အီရန်အပေါ် အရေးယူရေး ဘက်ပေါင်းစုံက စဉ်းစားနေတာ သိရလို့ သမ္မတအိုဘားမားရဲ့ ဒီမှတ်ချက်ကို လေးစားပါကြောင်း၊ ဘယ်လိုအန္တရာယ်မျိုးကိုမဆို အစ္စရေးနိုင်ငံ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိပါတယ်လို့ ပြောဆိုလိုက်ကြောင်း သိရှိရသည်။

Putin အနိုင်ရရှိမှု ရွေးကောက်ပွဲအကဲခတ် ဝေဖန်

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရုရှား သမ္မတ ရွေးကောက်ပွဲဟာ ၀န်ကြီးချုပ် Vladimir Putin အပြတ်အသတ် အနိုင်ရအောင် အသာပေးဖို့ ကျင်းပခဲ့တယ် ဆိုတာ ရှင်းပါတယ်လို့ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ အကဲခတ် လေ့လာရေးအဖွဲ့က ပြောဆိုလိုက်ကြောင်း OSCE ခေါ် ဥရောပ လုံခြုံရေနဲ့ ပူပေါင်းဆောင်ရွက်ရေး အဖွဲ့က တကယ့် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ကြောင်း ရွေးကောက်ပွဲမှာ အစိုးရပိုင် အရင်းအမြစ်တွေကို အလွဲသုံးစား လုပ်ပြီး မစ္စတာပူတင် အနိုင်ရအောင် ကြိုတင်ပြင်ဆင် ခဲ့တယ်ဆိုတာကို သံသယဖြစ်စရာ မလိုဘူးလို့ OSCE ရဲ့ ကြေညာချက်မှာ ဖော်ပြကြောင်း
Vladimir Putin သမ္မတအဖြစ် ပြန်အရွေးခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ရုရှားအတိုက်အခံတွေက ကရင်မလင် (Kremlin) ရင်ပြင်အနီးမှာ ဆန္ဒပြကြဖို့ စီစဉ်နေကြောင်း
မဲအားလုံးနီးပါး ရေတွက်ပြီးတဲ့နောက် တနင်္ဂနွေနေ့က သမ္မတရွေးကောက်ပွဲမှာ မစ္စတာပူတင် ဟာ မဲအရေအတွက် ၆၄% ရရှိခဲ့တာကြောင့် အနိုင်ရရှိသွားတယ်လို့ ရုရှား တာဝန်ရှိသူတွေက ပြောကြောင်း သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက် ကွန်မြူနစ်ပါတီ အကြီးအကဲ Gennady Zyuganov က ၁၇% နဲ့ နောက် သမ္မတလောင်း ၃ ဦးကတော့ ၁၀% အောက်မှာပဲ မဲရခဲ့ကြကြောင်း
အတိုက်အခံ ခေါင်းဆောင်တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး မဲခိုးမဲလိမ်မှုတွေ ရှိခဲ့တယ်လို့ ပြောနေကြကြောင်း Golos ခေါ် သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ အကဲခတ်အဖွဲ့ကတော့ မဲပေးမယ့်သူတွေကို ဘက်စ်ကားပေါ်တင်ပြီး မဲရုံ တစ်ရုံပြီးတစ်ရုံ မဲထည့်ခိုင်းတာတွေ အပါအ၀င် မသမာမှုပေါင်း ၃,၀၀၀ ကို မှတ်တမ်း တင်ခဲ့ရတယ်လို့ ပြောကြောင်း တကယ်လို့သာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခဲ့မယ်ဆိုရင် မစ္စတာ ပူတင် အနေနဲ့ ရွေးကောက်ပွဲ နောက်တကျော့ ထပ်ပြိုင်ရမှာ သေချာတယ်လို့ Golos အကဲခတ်အဖွဲ့ ပြောခွင့်ရသူ Grigory Melkonyants က ဗွီအိုအေကို ပြောကြောင်း
ဒါပေမဲ့ မစ္စတာ ပူတင် ကတော့ ပွင့်လင်း ရိုးသားစွာနဲ့ သူ ရုန်းကန်ခဲ့လို့ အနိုင်ရခဲ့တာလို့ ဆိုကြောင်း မစ္စတာ ပူတင် က ၀မ်းသာလွန်းလို့ မျက်ရည်လည်စွာနဲ့ ကရင်မလင်ရင်ပြင်မှာ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း၊ တိုင်းပြည်ကို ကျူးကျော်မယ့် ရန်သူတွေ လက်ထဲမကျအောင် တားဆီးနိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ကြောင်း ကွယ်လွန်သူ ရုရှားသမ္မတဟောင်း Boris Yeltsin က ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ မစ္စတာ ပူတင် လက်ထဲ အာဏာလွှဲအပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သမ္မတအဖြစ် မစ္စတာ ပူတင် သမ္မတအဖြစ် ပြန်အရွေးခံရကြောင်း ရုရှား အခြေခံဥပဒေအရ ၃ ကြိမ်ဆက်တိုက် သမ္မတ အရွေးခံခွင့် မရှိတာကြောင့် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ၀န်ကြီးချုပ်တာဝန် ယူထားရတာ ဖြစ်ကြောင်းသိရှိရသည်။



Lwin Pwin
Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment