ကမ္ဘာ့သတင်းများ 17/03/2012
နိုင်ငံတကာသတင်း
မင်းသား George Clooney ဆန္ဒပြ အဖမ်းခံရ
ဆူဒန်အရေး ဆန္ဒပြခဲ့တဲ့ အမေရိကန်အကယ်ဒမီဆုရှင် သရုပ်ဆောင် George Clooneyကို ၀ါရှင်တန်မြို့တော်၊ ဆူဒန်သံရုံးအပြင်ဘက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါကြောင်းသောကြာနေ့က မင်းသား Clooney ၊ ကွန်ကရက်အမတ်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မာတင်လူသာကင်းရဲ့ သားအကြီးဆုံးပါ ပါဝင်တဲ့ ဆန္ဒပြလူပ်ရှားတဲ့ အုပ်စု သံရုံးနားက မြေပြင်မှာ ဆန္ဒပြမူကို ဆုတ်ခွာပေးဖို့ ရဲသုံးဦးက သတိပေးပြောဆိုမှုကို မနာခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာဖြစ်ပါ ကြောင်းကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကြီးမဖြစ်ခင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမူတွေကို ဆူဒန် နိုင်ငံထဲကို စေလွှတ်ပေးဖို့ မင်းသား Clooneyက ပြောဆိုလိုက်ကြောင်းဆူဒန်အစိုးရလုပ်နေတဲ့ လက်နက်မဲ့ အပြစ်ကင်းတဲ့ကိုယ့်ပြည်သူ ပြည်သား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေကို ရပ်ဖို့ သူတို့ကို ဘလက်ကာယပြုကျင့်နေတာတွေ၊ အငတ်ဘေး ကျရောက်အောင် ပြုလုပ်နေတာတွေကို ရပ်ပစ်ဖို့ သူက တောင်းဆိုလိုက်ကြောင်းနာရီအနည်းငယ်အကြာမှာတော့ Clooneyက ဒဏ်ကြေး ဒေါ်လာ ၁၀၀ ပေးဆောင်ပြီး ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
NATO ရဟတ်ယာဉ်ပျက် တူရကီစစ်သား ၁၀ ဦးကျော် သေဆုံး
မတ်လ (၁၆) ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ် (Kabul) ပြည်နယ၊် ကာဘူးလ် မြို့တော်အနီး ဘာဂရာမီ (Bagrami) အရပ်မှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် (NATO) အဖွဲ့ဝင် တူရကီတပ်ဖွဲ့ရဲ့ ဆာကော့စကီး(Sikorsky) အမျိုးအစား ရဟတ်ယာဉ်တစ်စီး အိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့တာကြောင့် လိုက်ပါလာတဲ့ တူရကီစစ်သား (၁၂) ဦးနဲ့ မြေပြင်ပေါ်က အရပ်သား(၄)ဦး သေဆုံးသွားခဲ့တယ်လို့ တူရကီစစ်တပ်က ပြောကြားခဲ့ကြောင်းဒီရဟတ်ယာဉ်ဟာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားနေစဉ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီးတော့ အင်မတန် ပူဆွေးဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ ဖြစ်မှုပါပဲလို့ တူရကီနိုင်ငံခြားရေး ၀န်ကြီး အာမက်ဒါဗူတိုဂလူ (Ahmet Davutoglu)က၊ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ကြောင်းရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ အိမ်ထဲက ကလေးငယ် ၂ ဦးနဲ့ အနီးက အရပ်သား ၂ ဦးတို့ပါ သေဆုံးခဲ့ရတယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောကြပါတယ်။ အာဖဂန်နစ္စတန်က NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်(General John Allen) က သေဆုံးသူ တူရကီစစ်သားတွေနဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ၀မ်းနည်းခြင်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါကြောင်း သိရှိရသည်။
ကမ္ဘာပတ်လမ်းကြောင်းထဲ မြောက်ကိုရီးယား ဂြိုဟ်တုပစ်လွှတ်မည်
မြောက်ကိုရီးယားနိုင်ငံက လာမယ့် ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် သမ္မတဟောင်း ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ်နဲ့ ရှေ့လကျရင် အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်မယ်လို့ ကြေညာ လိုက်ကြောင်းကမ္ဘာပတ်လမ်းကြောင်းအတွင်း သုတေသနပြုလုပ်မယ့် ပြည်တွင်းဖြစ် အဲဒီဂြိုဟ်တုကို အန်ဟာ-၃ အမျိုးစား တာဝေးပစ် ဒုံးပျံကို အသုံးပြုပြီး ပစ်လွှတ်မှာဖြစ်ကြောင်း မြောက်ကိုရီးယားအာကာသသိပ္ပံကော်မတီက နိုင်ငံပိုင်မီဒီယာကတဆင့် ကြေညာလိုက်ကြောင်းဂြိုဟ်တုကို စိတ်ချလက်ချ လွှတ်တင်နိုင်ဖို့ အန်ဟာ-၃ အမျိုးအစား ဒုံးပျံကို အသုံးပြုရတာဖြစ်ပြီး ဒုံးပျံရဲ့ အစအနတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို သက်ရောက်စေမှု လုံးဝရှိမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြောင်း
၂၀၀၉ ခုနှစ်မှာ တကမ္ဘာလုံးကနေ မြောက်ကိုရီးယားနိုင်ငံအပေါ် ဝိုင်းဝန်းပြစ်တင် ရှုတ်ချတာကို ခံခဲ့ရတဲ့ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့အပြီး သုံးနှစ်အကြာမှာ အခု အလားတူ ဒုံးပျံကို အသုံးပြုပြီးဂြိုဟ်တုကိုပစ်လွှတ်မှာ ဖြစ်ကြောင်းဒီလိုဂြိုဟ်တုလွှတ်တင်မှုဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီယားနဲ့ ဒုံးလက်နက်ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ သတင်းပတ်တုန်းကပဲ တာဝေးပစ်ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်မှု ရပ်ဆိုင်းထားရေး အပါအဝင် သဘောတူညီမှုတရပ်ကို အမေရိကန်နဲ့ ချုပ်ဆိုပြီး တန်ချိန် ၂ သိန်း၊ ၄ သောင်းရှိတဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ အမေရိကန်ထံကနေ ရယူဖို့ သဘောတူညီခဲ့ကြောင်းဒီလို ဒုံးပျံပစ်လွှတ်မယ်ဆိုတဲ့အစီအစဉ်ဟာ ဒေသတွင်းလုံခြုံရေးကိုခြိမ်းခြောက်ရာရောက်ပြီး မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပြင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာ ရမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်ကဒီကနေ့ ကြေညာချက်ထုတ်ပြန် လိုက်ကြောင်းအမေရိကန်အစိုးရအနေနဲ့ နောက်တဆင့် မတက်ခင် နိုင်ငံတကာဆွေးနွေးဘက် နိုင်ငံတွေနဲ့ အရင် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်အုံးမယ်လို့ ဆိုကြောင်း သိရှိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment