ကမ္ဘာ့သတင်းများ  19/03/2012

နိုင်ငံတကာသတင်း

လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖမ်းမိ

ကွယ်လွန်သူ လစ်ဗျား ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်သူကို မော်ရစ်တေးနီးယား နိုင်ငံမှာ ထိန်းသိမ်းလိုက်ပြီးတဲ့နောက် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က သူ့ကို ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့နိုင်ဖို့ ကြိုးပမ်းနေကြောင်းလစ်ဗျားနိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ Abdullah al-Senoussi ကို ဖမ်းဆီးဖို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်တဲ့အကြောင်း
လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်းကို ပြည်သူပိုင် ငွေကြေး အလွဲသုံးစားမှု၊ ကိုယ်ကျိုး စီးပွားအတွက် အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့ အလိုရှိနေတဲ့အကြောင်း Interpol ပြင်သစ်နဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) တို့ကလည်း လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် သူ့ကို အလိုရှိနေကြောင်း
လစ်ဗျား ခေါင်းဆောင်ဟောင်း ဂဒါဖီ ကို ရာထူးကဖယ်ရှားခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က အုံကြွမှုတွေအတွင်း သူ ထွက်ပြေးသွားတာလို့လည်း အများက ယုံကြည်ထားကြတာ ဖြစ်ကြောင်းမာလီနိုင်ငံကူး ပတ်စ်ပို့အတု ကိုင်ဆောင်ပြီး Casablanca ကလာတဲ့ လေယာဉ်နဲ့ စနေနေ့က မော်ရစ်တေးနီးယား နိုင်ငံကို ရောက်အလာမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာလို့ ပြောကြောင်းလစ်ဗျားနိုင်ငံက အုံကြွမှုတွေကို နှိမ်နင်းချိန်မှာ သူပါဝင်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စွပ်စွဲချက်တွေနဲ့ ICC ကလည်း ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်းဒီမတိုင်ခင်မှာလည်း ပြင်သစ်တရားရုံး တခုက ၁၉၈၉ ခုနှစ်တုန်းက နိုင်ဂျာနိုင်ငံပေါ်မှာ လေယာဉ်တစင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်းကို မျက်ကွယ်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ထားကြောင်း သိရသည်။

မီးရှို့သတ်သေသူ ဈာပန တိဘက်လူမျိုး ထောင်ချီဆန္ဒပြ

တိဘက်ဒေသ အပေါ် ထားရှိတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်သွားတဲ့ လယ်သမား တစ်ဦးကို အောက်မေ့တဲ့ အနေနဲ့ တနင်္ဂနွေနေ့က နိုင်ငံအနောက်ပိုင်းမှာ Qinghai ပြည်နယ်မှာ ထောင်ဂဏန်းချီရှိတဲ့ တိဘက်လူမျိုးတွေ စုဝေး ဆန္ဒပြခဲ့ကြကြောင်း
 ဆန္ဒပြသူတွေက တိဘက်ဒေသ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး ရရှိရေးနဲ့ အဝေးရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နေရပ်ပြန်ခွင့် ရရေးတွေကို တောင်းဆိုခဲ့ကြတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောကြောင်း
အသက် ၄၄ နှစ်အရွယ်၊ ကလေး ၃ ယောက်ရဲ့ဖခင် လယ်သမားတစ်ဦးဖြစ်သူ ချင်ဟိုင်း ပြည်နယ်ထဲက Rongwo မြို့လယ်က ခမ်းမအနီးမှာ စနေနေ့တုန်းက မီးရှို့ပြီး အဆုံးစီရင်သွားခဲ့ ကြောင်း
 ဒီမတိုင်မီမှာလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက တိဘက်လူမျိုး အများအပြား နေထိုင်ရာ ဇီချွမ်ပြည်နယ်မှာ ဘုန်းတော်ကြီးတစ်ပါး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မီးရှို့အဆုံးစီရင်သွားခဲ့တာ ဖြစ်ကြောင်း
ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် တိဘက်လွတ်မြောက်ရေး အဖွဲ့ကတော့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲဟာ ဒီဒေသမှာ တွေ့ဖူးသမျှထဲ အကြီးဆုံး တစ်ခုလို့ မျက်မြင်တစ်ဦးကို ကိုးကားပြီး ပြောဆိုခဲ့ကြောင်း
 တိဘက်ဒေသ လွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း အရေးပါတဲ့ နှစ်ပတ်လည် အခမ်းအနားတွေ ကျရောက်ရာ မတ်လထဲမှာ တိဘက်ဒေသတွင်း တရုတ်အစိုးရနဲ့ တင်းမာမှုတွေလည်း အချိန်အတော်ကြာ ကြီးထွားနေခဲ့ကြောင်းတိဘက်ဘာသာရေးနဲ့ ယဉ်ကျေးမှုအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိတယ်ဆိုပြီး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး အများစု အပါအ၀င် ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် ဆန္ဒပြကြရာက ပြီးခဲ့တဲ့နှစ်အတွင်း သေဆုံးသူ တိဘက်လူမျိုး ၂၉ ယောက်အထိ ရှိနေပါပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde ဟာ ၂ ရက်တာ တရုတ်ပြည်ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို ချီးကျူးသွားပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထမှုနဲ့ ပတ်သတ်ပြီး သတိပေး ပြောဆိုသွားကြောင်း ကမ္ဘာ့စီးပွားရေးဟာ ချောက်ကမ်းပါးထဲ ကျခါနီးအခြေအနေကနေ နောက်ပြန် ဆုတ်လာပြီဆိုပေမဲ့ ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေသေးတယ်လို့ အခမ်းအနား တက်ရောက်လာတဲ့ စီးပွားရေးခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ ပီကင်းမြို့တော်မှာ ပြောဆိုသွာ်းကြောင်း
ဥရောပ ခေါင်းဆောင်တွေအနေနဲ့ နိုးနိုးကြားကြား ရှိကြဖို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို မှန်မှန်အကောင်အထည်ဖော်ရေး အာရုံစိုက် လုပ်ဆောင်သွားဖို့ နဲ့ ဂရိနိုင်ငံက စီးပွားရေး အခြေအနေကို သေချာ စောင့်ကြည့်ကြဖို့လည်း ပြောသွား ကြောင်းတရုတ်နိုင်ငံဟာ မသေချာမရေရာတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေထဲမှာ လင်းလက်နေတဲ့ နေရာလေးတခု ဖြစ်ပါတယ်၊ တရုတ်နိုင်ငံဆီကသာ စီးပွားဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေ မရဘူးဆိုရင် ကမ္ဘာ့စီးပွားရေး အခြေအနေက အများကြီး ပိုဆိုးမယ်လို့ မစ္စ Lagardes က ပြောသွားကြောင်း
တရုတ်အနေနဲ့ ကမ္ဘာ့မူဝါဒ ဆွေးနွေးမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်ပြီးရပ်တည်သွားဖို့၊ တရုတ်စီးပွားရေး အသွင်ကူးပြောင်းမှု အရှိန်မြင့်အောင် ဆက်ပြီး အားထုတ် လုပ်ဆောင်သွားဖို့လည်း သူက တိုက်တွန်းသွားကြောင်း မစ္စ Lagardes က သူ တရုတ်နိုင်ငံကို ရောက်ရှိနေခိုက်မှာ တရုတ် ဒုဝန်ကြီးချုပ် Wang Qishan၊ တရုတ် ပြည်သူ့ဘဏ် အုပ်ချုပ်ရေးမှူး Zhou Xiaochuan နဲ့ တခြား အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်းသိရသည်။

အမေရိကန်စစ်သားဟောင်းကို အီရတ် စစ်သွေးကြွတွေ ပြန်လွှတ်

အီရတ်နိုင်ငံက Shi'ite ဘာသာရေးခေါင်းဆောင် Moqtada al-Sadr အပေါ် သစ္စာခံတဲ့ စစ်သွေးကြွအုပ်စုတွေ ပြန်ပေးဆွဲထားတဲ့ အမေရိကန်စစ်သားဟောင်း တစ်ဦးကို ၉ လကျော် ဖမ်းဆီး ထိန်းသိမ်းထားရာက စနေနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီး အီရတ်မှာရှိတဲ့ ကုလသမဂ္ဂရုံးကို လွဲပေးလိုက်တယ်လို့ ပြောကြောင်းအီရတ်လွှတ်တော်အမတ် ၂ ယောက်နဲ့အတူ အဲဒီ Randy Michael Hultz ဆိုတဲ့ အမေရိကန်နိုင်ငံသားကို al-Sadr အဖွဲ့က အီရတ် ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပါတယ်။ Hultz ကို ကန့်သတ်ချက် တစ်ခုမှမပါဘဲ လွှတ်ပေးလိုက်တာလို့ လွှတ်တော်အမတ် ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Maha al-Douri ဆိုသူ အမျိုးသမီးက ပြောကြောင်းHultz ကို အခုလို လွှတ်ပေးလိုက်တာဟာ သူ့မိသားစုအတွက် လက်ဆောင်အဖြစ်နဲ့ရော စစ်မှန်တဲ့ အစ္စလာမ်ဘာသာတရားကို ပြသလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြောင်းHultz ကတော့ သူ့အနေနဲ့ အီရတ်မှာ ၂၀၀၃ ခုနှစ်တုန်းက စစ်သားအဖြစ် ၁၅ လ တာဝန်ကျခဲ့တယ်လို့ ဘက်ဂဒတ်မြို့က Green Zone လို့ ခေါ်တဲ့ လုံခြုံ စိတ်ချရတဲ့ ဒေသရဲ့အပြင်မှာ တက်သုတ်ရိုက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ကြောင်း အဲဒီနောက် သူ့ကို အမေရိကန် ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Moqtada ရဲ့ Mahdi တပ်ဖွဲ့နဲ့ လက်အောက်ခံ အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့ ၂၀၁၁ ခု ဇွန်လအထိ အရပ်သားအဖြစ်နဲ့ တခြားလုပ်ငန်းတွေ အီရတ်မှာပဲ လုပ်ဆောင်နေခဲ့တယ်လို့ ဆိုကြောင်း သိရသည်။


အင်ဒိုနီးရှား အစိုးရအဖွဲ့၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်ကို ကန့်ကွက်မှု ကြီးထွားလာသောကြောင့်  အဆိုပါ အစီအစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီး Jero Wacik က ပြောကြားခဲ့သည်။
''အစိုးရ ထောက်ပံ့ပေးထားတဲ့ လောင်စာဈေးနှုန်းနဲ့ ဓာတ်အားဈေး နှုန်းနှစ်ခုလုံးကို တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဖိစီးမှု အများကြီး ဖြစ်လာလိမ့်မယ်။ လွှတ်တော် ကော်မရှင်ရဲ့ အဖွဲ့ဝင် အများစုကလည်း လျှပ်စစ်ဓာတ် အားခ တိုးမြှင့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ သဘောတူမယ့်ပုံ ပေါ်တယ်'' ဟု ဂျာကာတာတွင် ကော်မရှင် အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ၎င်းက ပြောကြားခဲ့သည်။
ဓာတ်အားခ တိုးမြှင့်အစီအစဉ်ကို ဆန့်ကျင်ရန် ကြိုးပမ်းမှုတွင် စီးပွားရေး လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
''လောင်စာဈေးနှုန်းတွေ တိုးမြှင့်ပြီး တစ်နှစ်ထဲမှာပဲ ဓာတ်အားခတွေ တိုးမြှင့်မယ့် မူဝါဒကို အကောင်အထည်ဖော်မယ်ဆိုရင် စက်မှုလုပ်ငန်းတွေ၊ အသေးစားနဲ့ အလယ်လတ်စား လုပ်ငန်းတွေ ပြိုလဲမယ့်ဆဲဆဲ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ဈေးနှုန်းမြှင့်မယ့် အစီအစဉ်ကို အနည်းဆုံး နောက်နှစ်အထိ ရွှေ့ဆိုင်းရမယ်'' ဟု အင်ဒိုနီးရှား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ Sofjan Wanandi က ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားခများကို ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်မှုသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ၇ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သူများအသင်းမှ Yeane Keet က ပြောကြား ခဲ့သည်။စက်မှုလုပ်ငန်းများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၁၀ မှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း Cosmetic and Herbal Medicine အသင်းမှ Putri K.Ward-hani က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ထုတ်လုပ်မှုစရိတ် မြင့်တက်မှုကြောင့် ထိုင်းနှင့်မလေးရှားမှ တင်သွင်းသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရာတွင် အင်ဒိုနီးရှား ထုတ်ကုန်များအတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ဂျပန်တွင် ကျောင်းသားများ သတ်သေမှုသည် ၂၀၁၁ ခုနှစ်၌ စံချိန်တင် မြင့်တက်ခဲ့ပြီး သတ်သေသူ ၁၀၂၉ ဦးအထိရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ NPAက မတ်လ ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ အရေအတွက် ထက်လည်းများပြားခဲ့ပြီး ၁၉၇၈ ခုနှစ်နောက်ပိုင်း သတ်သေသူ ၁၀၀၀ ကျော်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။  နိုင်ငံတစ်ဝန်း သတ်သေသူစုစု ပေါင်းမှာ ၃၀၀၀၀ ကျော်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ၁၄ နှစ်ဆက်တိုက် ဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် သတ်သေသူ ၃၀၆၅၁ ဦးရှိရာ ၂၀၁၁ ခုနှစ်တွင် ၁၀၃၉ ဦး လျော့နည်းခဲ့ကြောင်း NPA က ထုတ်ပြန်ခဲ့သည်။ 
တက္ကသိုလ်ကျောင်းသားသတ် သေမှုမှာ ၅၂၉ ဦးအထိ ရှိခဲ့ပြီး အထက်တန်း ကျောင်းသားသတ်သေမှုမှာ ၂၆၉ ဦးအထိ ရှိခဲ့သည်။ ကျောင်းများတွင် ရလဒ်မကောင်းသောကြောင့် သတ်သေသူ ကျောင်းသား ၁၄၀ ဦးရှိခဲ့ပြီး ကျောင်းအပြီး အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကြောင့် သတ်သေသော ကျောင်းသား ၁၃၆ ဦးရှိကြောင်း NPA ထုတ်ပြန်ချက်အရ သိရသည်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment