မြန်မာသတင်းများ        မတ် ၁၉ ရက်၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် သိန္နီမှာ ပင်လုံစိတ်ဓာတ်ဟောပြော

ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သိန္နီမြို့ကို သွားရောက်ခဲ့ပြီး ကမ္ဘောဇ ကျောင်းဆိုင်ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေကို သွားရောက်ဖူးမျှော်ပြီး ဒေသခံပြည်သူတွေကို ပင်လုံစိတ်ဓါတ်အကြောင်း ဟောပြောခဲ့ကြောင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ မိုင်းရယ်၊ တန့်ရန်း စတဲ့(၅)မြို့နယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တနေရာ လစ်လပ်နေတာကြောင့် NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းမြင့်မောင်က အဲဒီ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါကြောင်းပြန်ကြားရေးနှင့်ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်းနှင့် မဇ္ဈိမ အင်တာဗျူး သိန္နီမြို့မှာဟောပြောအပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လားရှိုးမြို့ကို ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းမှာ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါခဲ့တယ်လို့သိရပါတယ်။

ပထမဆုံး အမျိုးသားသတင်းဆုပေးပွဲကျင်းပ

အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်းဆုံး(၅)ဆု ချီးမြှင့်ကြောင်း အကောင်းဆုံး သတင်းဆုကို ကုမုဒြာဂျာနယ်က သတင်းထောက်(၄)ဦးရေးတဲ့ (နိုင်ငံအနာဂတ်အတွက် အစပျိုးခြင်း) သတင်းက ရရှိသွားပြီး ၊ 7 Dayဂျာနယ် အမှုဆောင်အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင် ရေးတဲ့ (လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ် ရောက်ပြီလား)ဆိုတဲ့ဆောင်းပါးက အကောင်းဆုံး သတင်းဆောင်းပါးဆုကိုရရှိသွားကြောင်းဒါ့အပြင် အကောင်းဆုံး သတင်းဓါတ်ပုံဆုအတွက် အငြိမ်းစားပင်စင်စားများ သတင်းဓါတ်ပုံကို ရိုက်ကူးသူ ပေါ်ပြူလာ နယူးစ် ဂျာနယ်က ကိုအောင်နိုင်စိုးက ဆွတ်ခူးရရှိသွားပြီး၊ အကောင်းဆုံး သတင်းကာတွန်းဆုကိုတော့ True Newsဂျာနယ်မှာ လပ်ပေးလပ်ယူအကြောင်း သရော်ပြီးရေးထားတဲ့ ကာတွန်းရေးသူ သီဟ(စခန်းသစ်)က ရရှိသွားပါကြောင်း တနှစ်တာ အတွင်း အထူးခြားဆုံး ဓါတ်ပုံဆုကိုတော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် စတွေ့တဲ့နေ့က သမ္မတရုံးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံကို ဆုပေးအပ်ခဲ့ပါကြောင်းပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင် တက်ရောက်တဲ့ ဒီ အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ ထင်မြင်ချက်အာဘော် သတင်းခေါင်းကြီးဆု ချီးမြှင့်ဖို့ အစောပိုင်းမှာ ရာထားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ (ရာမယန) ဆောင်းပါးနဲ့ပတ်သက်လို့ ဆုကော်မတီအတွင်း အငြင်းပွါးဖွယ်တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

မွန်အမျိုးသားဒီမိုကရေစီပါတီ ပြန်မှတ်ပုံတင်မည်

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ(MNDF)ဟာ မတ်လအကုန်ပိုင်းမှာ ပါတီကို ပြန်လည် မှတ်ပုံတင်တော့မှာ ဖြစ်ကြောင်း မြန်မာအစိုးရက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တချို့ ပြန်လည်ပြင်ဆင်ပေးခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများကို အစိုးရက ပြန်လွှတ်ပေးခဲ့တာတွေအပေါ် အခြေခံပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ဖို့အတွက် မွန်အမျိုးသား ဒီမိုကရေစီပါတီကို မှတ်ပုံတင်ဖို့ စဉ်းစားရတာဖြစ်ကြောင်း MNDFပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောကြောင်းမွန်ပြည်နယ်မှာတော့ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီ (MNDF)နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) (၂)ပါတီရှိပြီး၊ ဒီ(၂)ပါတီကို တပါတီထဲ အဖြစ်ပူးပေါင်းဖို့ မွန်ဒေသခံတွေက တိုက်တွန်းနေကြကြောင်း(၂)ပါတီ ပူးပေါင်းရေးကို ပါတီခေါင်းဆောင်တွေ ဆွေးနွေးနေဆဲဖြစ်ပြီး ပူးပေါင်းဖြစ်မယ်ဆိုရင် ပါတီအတွက် နာမည် အသစ်တခု ရွေးမှာဖြစ်ကြောင်းသိရပါတယ်။

နိုင်ငံရေးအပြောင်းအလဲ တည်ငြိမ်ဖို့ တပ်မတော်ရဲ့ ပါဝင်မှု လိုအပ်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့လည်း ပြောပါတယ်။


မြန်မာစာနယ်ဇင်းသမဂ္ဂ  (Myanmar Journalists Union) ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ဒုတိယအကြိမ်လုပ်ငန်း အကြိုညှိနှိုင်း အစည်းအဝေးကိုမတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။အဆိုပါ လုပ်ငန်းအကြိုညှိနှိုင်း ဆွေးနွေးပွဲသို့ ပုဂ္ဂလိက စာနယ်ဇင်းနယ်ပယ်မှ စာနယ်ဇင်းသမား ၃၄ ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ ကိုဇော်သက်ထွေးက အမှာစကား ပြောကြားခဲ့ပြီး ဆရာမာဂျေက အစည်းအဝေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါ်အေးအေးဝင်းက စာနယ်ဇင်းသမဂ္ဂ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများထဲမှ ဦးချစ်ဝင်းမောင်(အယ်ဒီတာချုပ်၊ တက်လမ်းဂျာနယ်)၊ အကြည်တော်(စီစဉ်သူ၊ ဟားခလုတ်)၊ ကိုဝေဖြိုး(အယ်ဒီတာချုပ်၊ Weekly Eleven News ဂျာနယ်)၊ ကိုမျိုး(မြန်မာစာ) (အယ်ဒီတာချုပ်၊ ပေါ်ပြူလာ အနုပညာဂျာနယ်)၊ ကိုသူရအောင် (တာဝန်ခံအယ်ဒီတာ၊ Messanger  ဂျာနယ်) စသူတို့နှင့်အတူ ပန်းချီမြင့်မောင်ကျော်၊ ဦးမျိုးမြင့်ညိမ်းတို့က ပြန်လည် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းခဲ့သည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ  ဖြစ်မြောက်ရေး ယာယီကော်မတီတွင် မူဝါဒရေး ဆွဲရေးအဖွဲ့၊သတင်းပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ဘဏ္ဍာရေးနှင့် ရုံးအဖွဲ့တို့ပါဝင်ပြီး တက်ရောက်လာသော စာနယ်ဇင်းသမား ၃၀ကျော်ဖြင့်သာ ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သောကြောင့် လာမည့်ရက်သတ္တ ပတ်၌ ပြုလုပ်မည့် တတိယအကြိမ် အစည်းအဝေး၌ ယာယီကော်မတီအဖွဲ့ဝင်များကို ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု သိရသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေး တတိယအကြိမ် အစည်းအဝေးကို မတ်လ ၂၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပါသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးကို ကိုဇော်သက်ထွေးမှ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး လွတ်လွပ်စွာ စာပေရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ရန် (freedom of expression) နှင့် ဂျာနယ်လစ်များ၏ အကျိုးစီးပွားနှင့် ဂျာနယ်လစ်များကို ကာကွယ်စောင့်ရှောက်ရန် (Protection  of Journalists) အစရှိသော ရည်ရွယ်ချက် နှစ်ခု ထားရှိပြီး လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ 
မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းပေါ်ပေါက်ရန် စာရေးဆရာ အကြည်တော်က ငွေကျပ် ၁၅ သိန်း Eleven Media Group၊ Myanmar Media Group နှင့် ဦးအောင်စိုးသူ (အယ်ဒီတာချုပ်၊First Music Journal)တို့က ငွေကျပ်ငါးသိန်းစီ လှူဒါန်းထားကြောင်းလည်း သိရသည်။ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ပထမအကြိမ် အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့က SS Food Center ၌ ကျင်းပခဲ့သည်။

ထားဝယ်ဖက်မှာ ကြိုတင်မဲ အဓမ္မထည့်ခိုင်းနေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့ နယ်မှာ ကြံ့ခိုင်ရေးပါတီက ဌာနဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေနဲ့  ပူးပေါင်းပြီး ဒေသခံတွေနဲ့  ၀န်ထမ်းတွေဆီက ကြိုတင်မဲတွေ အဓမ္မကောက်ယူနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့ တဲ့  ၁၇ ရက်နေ့က လောင်းလုံပညာရေးရေးမှုးရုံးကို ထားဝယ်မှာ သင်တန်းတက်ရမယ့် ဆရာဆရာမ ၇၀ ခန့်ကို သင်တန်းတက်ရမယ့် ရက်ရွှေ့ဆိုင်းပြီး ကြိုတင်မဲထည့်ခိုင်းတယ်လို့  လောင်လုံမြို့  နယ် NLD အောင်နိုင်ရေးအဖွဲ့ ဝင် ကိုဇော်ကြီးက ပြောပါတယ်။အလားတူပဲ ဒီလ ၁၅ ရက်နေ့ ကလဲ ထားဝယ်ပညာရေး ကောလိပ် ပထမ နဲ့ ဒုတိယနှစ် ကျောင်းသူ ကျောင်းသား တွေ ကို လောင်းလုံ ဒေသခံရော ဒေသခံမဟုတ်သူတွေရော အားလုံးကို ကြိုတင်မဲ အဓမ္မ ထည့်ခိုင်းတာ ၊ ကဒက်ကြီး ရွာလဲ မဲရုံမှုးလုပ်မဲ့  ကျောင်း အုပ်ဆရာမကြီး ဒေါ်ကေသီက ကြံ့ခိုင်ရေးပါတီကို မဲ ထဲ့ရမယ်လို့  ခြိမ်းချောက် ပြောဆို တာတွေရှိတယ်လို့  ဒေသခံ တဦး က ပြောပါတယ် ။
အခုလို လောင်းလုံမြို့ နယ်မှာကြံ့ခိုင်ရေးပါတီကကြိုတင်မဲအဓမ္မထည့်ခိုင်းနေတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ပြီး လောင်း လုံ NLD အဖွဲ့  က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ထံကို အကြောင်းကြားထား တယ်လို့  သိရပါတယ်။

Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment