ကမ္ဘာ့သတင်းများ  20/03/2012

နိုင်ငံတကာသတင်း

ခမာနီ ထောင်မှူး သူ့ခေါင်းဆောင်တွေကို ဆန့်ကျင်ထွက်ဆို

ကမ္ဘောဒီးယားနိုင်ငံမှာ (၁၉၇၀) ပြည့်နှောင်းပိုင်း နှစ်တွေတုန်းက ကြီးစိုးခဲ့တဲ့ ခမာနီ လက်ထက်မှာ နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ရဲ့ အကြီးအကဲက သူ့ရဲ ခေါင်းဆောင်ဟောင်း သုံးဦး အပေါ် ဆန့်ကျင်ပြီး တရားခွင်မှာ သက်သေအဖြစ် ထွက်ဆိုသွားကြောင်း ဒွိုက်(Duch) လို့ လူသိများတဲ့ ခမာနီ ထောင်မှူး (Kaing Guek Eav) မြို့တော် ဖနွမ်းပင် က တရားခွင်မှာ တနင်္လာနေ့ က စစ်ဆေးမေးမြန်းမှုတွေ၊ ညှင်းပမ်း နှိပ်စက်မှုတွေ နဲ့ သတ်ဖြတ်မှုတွေ ကျူးလွန် ခဲ့ရာ (M-13) လို့ အများခေါ် ကြတဲ့ အကျဉ်းထောင် ရဲ့ အကြီးအကဲအဖြစ် စိတ်မပါပဲ တာဝန် ယူခဲ့ ရတာလို့ တရားခွင် မှာ အစစ်ခံရာမှာ သူက ထွက်ဆို သွားပါတယ်။ ဒီလိုပဲ လျှပ်စစ်ဓာတ် နဲ့ တို့တာ၊ ရေနှစ် တာ၊ အသက်ရှု ကျပ်အောင် လုပ်တာ စတဲ့ နည်းတွေနဲ့ စစ်ဆေး မေးမြန်းဖို့ အတွက်လည်း သူ့ရဲ့ အထက်အရာရှိ တယောက်ကပဲ ညွှန်ကြားခဲ့တာလို့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း ဒီနည်းလမ်း တွေကိုပဲ နောက်ပိုင်းမှာ ကမ္ဘောဒီးယား နိုင်ငံသား (၁၂,၀၀၀) ကျော် သေဆုံးခဲ့ရတဲ့ (S-21) လို့ ထင်ရှားတဲ့ ဖနွမ်းပင်မြို့က (Tuol Sleng) စစ်ကြောရေး အကျဉ်းစခန်းမှာ ဆက်လက် သုံးပြုခဲ့တာ ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ ကျောထောက် နောက်ခံ နဲ့ ဖွဲ့စည်းထားပြီး ခမာနီ လက်ထက်က ရာဇ၀တ်မှု တွေကို စုံစမ်းစစ်ဆေးနေတဲ့ တရားခွင်ကတော့ သေဆုံးမှုတွေအတွက် ဒွိုက်(Duch) မှာ တာဝန်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်တသက် ချမှတ် ထားတာပါ။ စီရင်ချက် ချချိန်မှာတော့ တရားခွင်က (S-21) အကျဉ်းထောင်ဟာ လူသတ် စက်ရုံတခု အဖြစ် ရည်ညွန်း ခေါ်ဆိုခဲ့ပြီး၊ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ လုပ်ရပ် တွေကို ကျူးလွန်ခဲ့သူ ဒွိုက်(Duch) ကိုလည်း အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်သင့်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်အာရှ စားကုန်ဈေးမြင့်မှု စားသုံးသူတွေကို ထောက်ပံ့ရန်လို

တောင်အာရှ ဒေသမှာ ဆန်နဲ့ ဂျုံလို အခြေခံ စားကုန်ဈေးနှုန်းတွေ တက်လာတာကြောင့် လူ သန်းပေါင်း များစွာ ဆိုးဆိုးရွားရွား ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတိပေး လိုက်ကြောင်းဒါပေမဲ့လည်း ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ အစီအစဉ်တွေနဲ့ ဒေသတွင်းက အဆင်းရဲ ဆုံးသူ တွေကို အကူအညီ ပေးသွားမယ် ဆိုရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကနေ သက်သာရာ ရနိုင်ကြောင်း
လူဦးရေဖွံ့ဖြိုးမှုနှုန်း မြင့်မားနေပြီး ဆင်းရဲမွဲတေမှု အနိမ့်ဆုံး အဆင့်အဖြစ် သတ်မှတ်ထားတဲ့ နေ့စဉ် (၁.၂၅) ဒေါ်လာနှုန်း တ၀ိုက်သာ ၀င်ငွေရှိသူ အများအပြား နေထိုင်ရာ ဒေသတခုအဖြစ် ကမ္ဘာပေါ်မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု အန္တရာယ် ကြီးကြီးမားမား ရှိနေတယ်လို့လည်း (ADB) ရဲ့ အစီရင်ခံစာ အသစ်က ဖော်ပြကြောင်း
တောင်အာရှ ဒေသက ၀င်ငွေ နည်းတဲ့ မိသားစုတွေကြားမှာ အစားအသောက်အတွက် ၀င်ငွေရဲ့ ထက်ဝက် လောက်ကို သုံးစွဲနေရတယ်လို့လည်း လေ့လာချက်မှာ တွေ့ရှိခဲ့ကြောင်းအစီရင် ခံစာကို ဦးဆောင်ပြုစုသူ (ADB) ရဲ့ စီးပွားရေးပညာရှင် ဟီရည မိုခါဟိုပါဒီဟေး (Hiranya Mukhopadhyay) ကတော့ အိန္ဒိယနိုင်ငံ လို နေရာမျိုးတွေက အဆင်းရဲဆုံးသူတွေ အခြေခံ စားသောက် ကုန်တွေ အတွက် ကုန်ကျ နေရတာတွေကို ထောက်ပံ့ ပေးနိုင်မယ်ဆိုရင် အစိုးရအတွက်လည်း ကြီးကြီး မားမား ၀န်ထုပ် ၀န်ပိုး မဖြစ်စေပဲတကယ်လိုအပ်သူတွေလည်းအကူအညီတွေရနိုင်မှာ ဖြစ်တယ်လို့ ပြောကြောင်း တောင်အာရှဒေသ စားသောက်ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာတာဟာ စိုးရိမ်စရာ ဖြစ်လာနေရတယ်ဆိုတဲ့ ADB ရဲ့ အစီရင်ခံစာမှာတော့ (၂၀၀၈) နဲ့ (၂၀၁၁) ခုနှစ်တွေမှာ ဈေးနှုန်းတွေ အမြင့်ဆုံး တက်ခဲ့ပြီးနောက် အဓိက စားသောက် ကုန်ဈေးတွေ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပေမဲ့ တောင်အာရှ ဒေသမှာတော့ ကမ္ဘာပေါ်က ကျန်ဒေသတွေထက် နှေးကွေးနေတယ်လို့လည်း သတိပေး ထားကြောင်း သိရသည်။

ဆီးရီးယားမြို့တော်တွင် တိုက်ခိုက်မှု ပြင်းထန်

ဆီးရီးယားနိုင်ငံ ဒါးမတ်စကတ် (Damascus) မြို့တော်ရဲ့ လူကုံတန် ရပ်ကွက်မှာ အစိုးရတပ်ဖွဲ့တွေ နဲ့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား သုံးဦး သေဆုံးခဲ့ရတယ် လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန ကနေ ကြေငြာလိုက်ကြောင်းအစိုးရ စစ်သား တစ်ယောက်လည်း သေဆုံးခဲ့ ရတယ် လို့ ဆိုပါတယ်။လုံခြုံရေး တပ်ဖွဲ့တွေက အဲဒီ မာဇာ ရပ်ကွက် ထဲက တိုက်ခန်း တစ်ခုကို ဝင်ရောက် စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ပွားခဲ့တာ လို့ နိုင်ငံပိုင် ဆာနား သတင်း အေဂျင်စီကလည်း ဖော်ပြကြောင်းလုံခြုံရေးတင်းကြပ်စွာချထားတဲ့ နိုင်ငံခြား သံရုံးတချို့ရှိရာ နဲ့ အစိုးရလုံခြုံရေးဋ္ဌာနတည်ရှိရာ ဒါးမတ်စကတ် (Damascus) မြို့ရဲ့ အယ် မာဇီ (Al Mezze) မြို့မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ မျက်မြင် နဲ့ အတိုက်အခံ လှုပ်ရှားသူတွေက အတည်ပြု ပြောဆိုလိုက်ကြောင်း
 ဒီတစ်ခါ ထိပ်တိုက် ရင်ဆိုင် ဖြစ်တဲ့ တိုက်ပွဲ ဟာ ဆီးရီးယားက တိုက်ခိုက်မှုတွေ ထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့လည်းဆိုကြောင်းစက်သေနတ်သံ တွေ၊RPGခေါ်ရော့ကက်ဒုံးကျည်တွေနဲ့ပစ်ခတ်သံတွေကြားနေရတယ်လို့ မျက်မြင်တွေကပြောကြောင်း သိရသည်။

အရှေ့တီမော သမ္မတ ရွေးကောက်ပွဲတွင် အရေးနိမ့်

အရှေ့တီမော သမ္မတ ဂျိုးဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) ဟာ ဒုတိယ သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်အရွေးခံရာမှာ ရှုံးနိမ့် ကြောင်း ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက်ကြောင်း မဲအရေအတွက် (၇၀) ရာခိုင်နှုန်း ကျော် ရေတွက်ပြီးချိန်မှာ သူ့ရဲ့ အဓိကပြိုင်ဘက် အတိုက်အခံ ဖက်တလင် (Fretilin) ပါတီ ရဲ့ ခေါင်းဆောင် ဖရန့်စစ်စကို ဂူတာရက်စ် (Francisco Guterres) က မဲ (၂၈) ရာခိုင်နှုန်း နဲ့ ရှေ့က ဦးဆောင် နေပါကြောင်း မစ္စတာ ဂူတာရက်စ် (Mr. Guterres) ရဲ့ နောက်က စစ်တပ်အကြီးအကဲ ဟောင်း ဂျိုဆေး မာရီယား ဒီ ဗာစကိုဆဲလက်စ် (Jose Maria de Vasconcelos) က (၂၅) ရာခိုင်နှုန်း ရရှိ ထားကြောင်း
အဲဒီ သမ္မတလောင်း တွေအနေ နဲ့ ဧပြီလ လလယ်မှာ ကျင်းပမယ့် နောက်တကျော့ ရွေးကောက်ပွဲ မှာ ထပ်ပြိုင်ရဖို့ရှိကြောင်းငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် သမ္မတ ရာမို့စ်ဟော်တာ (Ramos-Horta) ကတော့ မဲအရေအတွက် (၁၈) ရာခိုင်နှုန်း ဘဲ ရရှိ ထားကြောင်းဒုတိယအကျော့ သမ္မတရွေးကောက်ပွဲအပြီး နိုင်တဲ့သူကို သမ္မတသစ် အနေ နဲ့ မေလ (၁၉) ရက်နေ့ ညသန်းကောင်ယံ အချိန်မှာ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန် လွှဲအပ် ပေးမယ်လို့ ရာမို့စ်ဟော်တာ (Ramos-Horta) က ပြောဆိုလိုက်ကြောင်းမဲအရေအတွက် တရားဝင်ရလဒ်ကိုတော့ မနက်ဖန် အင်္ဂါနေ့မှာ ကြေညာဖို့ရှိကြောင်းအရှေ့တီမောနိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲကို အေးအေးဆေးဆေး တရားမျှတစွာ ကျင်းပ နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ၀မ်းမြောက်ပါကြောင်း တနင်္ဂနွေနေ့ကပြောဆိုလိုက်ကြောင်း(၂၀၀၂) ခုနှစ်က အင်ဒိုနီးရှား လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ ကမ္ဘာမှာ အဆင်းရဲဆုံး အရှေ့တီမောနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်ကြောင်း သိရသည်။

ပေါ်တိုရီကို (Puerto Rico) မှာ ရွန်မနီ (Romney) အနိုင်ရ

အမေရိကန်ပိုင်တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်းရဲ့ ရီပါပလစ်ကန် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲ မှာ မစ်ရွန်မနီ (Mitt Romney) က အနိုင်ရသွားပါတယ်။ လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားနဲ့ ယှဉ်ပြိုင်ဖို့ အတွက် မစ်ရွန်မနီ (Mitt Romney) ကို ရီပါပလစ်ကန် သမ္မတလောင်း အဖြစ် အရွေးခံရဖို့ အခြေအနေ ပိုပြီး ခိုင်မာလာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ က ကျင်းပခဲ့တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်း ရစ်ပါပလစ်ကန် သမ္မတလောင်း ရွေးကောက်ပွဲမှာ မဲရုံပေါင်း လေးပုံ သုံးပုံကျော်ရဲ့ ရလဒ်အရ မစ်ရွန်မနီ (Mitt Romney) က (၈၃) ရာခိုင်နှုန်း နဲ့ ဦးဆောင်နေတာလို့ ရွေးကောက်ပွဲ တာဝန်ခံတွေက ပြောပါတယ်။ သူရဲ့ ပြိုင်ဘက် ရစ်ဆန်တိုရမ် (Rick Santorum) က ရှစ် ရာခိုင်နှုန်း၊ နယူ့ဂင်းဂရှစ်ရ် (Newt Gingrich) က နှစ် ရာခိုင်နှုန်း အသီးသီး ရရှိနေပါတယ်။
မစ်ရွန်မနီ (Mitt Romney) ဟာ ပေါ်တိုရီကို (Puerto Rico) မှာ ရှိတဲ့ ရီပါပလစ်ကန် ကိုယ်စားလှယ် (၂၀) ရဲ့ ထောက်ခံမဲ ကို ရရှိလိုက်တာ ကြောင့် သမ္မတလောင်း အဖြစ် သေချာဖို့ အတွက် ကိုယ်စားလှယ်လောင်း အရေအတွက် (၁၁၄၄) ယောက် ပြည့်ဖို့ နီးစပ်လာပြီ လို့ ဆိုရမှာပါ။ မစ်ရွန်မနီ (Mitt Romney) က ပေါ်တိုရီကန် ပြည်သူတွေ နဲ့ အတူ အုပ်ချုပ်ရေးမှူး ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ သူ့ကို ထောက်ခံခဲ့တဲ့ ကိုယ်စားလှယ် (၂၀) ကိုလည်း ကျေးဇူးတင်ရှိကြောင်း အီလီနွိုင် (Illinois) ပြည်နယ်မှာ စည်းရုံးရေး ခရီး တထောက်နားစဉ် မနေ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ပိုင်တဲ့ ပေါ်တိုရီကို (Puerto Rico) ကျွန်းက ပြည်သူ တွေဟာ (Primary)  သမ္မတလောင်း ရွေးပွဲတွေမှာ မဲပေးနိုင်ပေမဲ့လို့ တကယ့် အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ မဲပေးပိုင်ခွင့် မရှိကြပါဘူး။

ဂျော့ခ်ျဝါရှင်တန် တက္ကသိုလ်က မြန်မာ့အရေး ဆွေးနွေးပွဲ

မနေ့က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှာ ပြုလုပ်တဲ့ အာဆီယံနဲ့ မြန်မာအစိုးရ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ အာဆီယံက စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု ပိုများလာမယ်ဆိုရင် မြန်မာပြည်သူတွေအကျိုး ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေရှိဖို့ လိုအပ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ ခရစ်တီးနားဖင့်ခ်က အခုလိုသတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။
လက်ရှိအနေနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ အရင်ကထက်စာရင် ပိုပြီးနီးစပ် ပွင့်လင်းလာကြောင်း၊ မြန်မာဘက်ကလည်း ဒေသဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေကိုလည်း သိသိသာသာမြင်ရပါကြောင်း၊ ဒါပေမဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သတိထားရမယ့် အချက်တွေရှိနေတယ်လို့ ခရစ်တီးနားဖင့်ခ်က အခုလိုပြောပါကြောင်း၊
"ကျွန်မ စိုးရိမ်တဲ့အချက်က အာဆီယံ စီးပွားရေးလုပ်ငန်းရှင်တွေလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လယ်ယာမြေတွေ ပိုပြီးအသိမ်းခံရပြီး လယ်သမားတွေ နစ်နာကြေးမရမယ့် ကိစ္စတွေ ပေါ်ပေါက်လာမှာကိုပါ။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းမယ့် တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်မှု အပိုင်းကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေတော့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေဟာ အဆိုးဘက်ကို ရောက်သွားစေနိုင်ပါတယ်"
ဒီဆွေးနွေးပွဲမှာ မြန်မာပြည်က အပြောင်းအလဲတွေဟာ ပြည်သူတွေအပေါ်ဘယ်လောက်ထိ အကျိုးဖြစ်မဖြစ် ဆိုတာကို ပညာရှင်တွေဘက်က သံသယနဲ့ မေးခွန်းထုတ်ခဲ့ကြတယ်လို့လည်း ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောကြောင်း၊ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးဆွေးနွေးပွဲကို အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ပါမောက္ခ Amitav Acharya နဲ့ အမေရိကန် ပါမောက္ခ David Steinberg တို့ ကလည်း မြန်မာအာဆီယံ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဦးဆောင်ဆွေးနွေးသွားကြောင်း သိရသည်။


Lwin Pwin
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  

0 comments:

Post a Comment